စုန့်ရွှမ်၏ အကောက်ကြံမှု
Vol. 162 Ch. 2424
ကြိုးကြာက အလွန်တကာမြန်ဆန်ပြီး ၁၅ မိနစ်မကြာခင် သူတို့သုံးယောက်ကိုတင်ဆောင်ကာ ခမ်းနားထည်ဝါသော နန်းတော်တစ်ခုသို့ ရောက်ရှိလာ၏။
ဘေးပတ်ဝန်းကျင်က လေများတိုက်ခိုက်နေသော ကျောက်သားလမ်းသွယ်များ၊ ရှေးကျသောသစ်ပင်များ၊ စိမ်းလန်းသောဝါးပင်နှင့် နွယ်ပင်များနှင့်အတူ ဥယျာဥ်တစ်ခုဖြစ်ပေါ်နေ၏။ နေရာတိုင်းက အသက်ဓာတ်နှင့် အစိမ်းရောင်ဖြင့် ပြည့်နှက်နေပြီး ရှုခင်းများက လှပတင့်တယ်နေသည်။
စုန့်ရွှမ်သည် သူတို့နှစ်ယောက်ကိုခေါ်၍ ဥယျာဥ်ကိုဖြတ်ကျော်လာခဲ့၏။ အဲဒီမှာ နေရာတိုင်းမှာ တောင်တန်းအတုများ၊ ရေများစီးဆင်းနေသော ခြံဝန်းများရှိလေသည်။ မကြာမကြာဆိုသလို... ရွှေရောင်ကြေးခွံနှင့် ငါးများက ရေထဲကနေ ထခုန်လာတတ်၏။ သူတို့က တစ်မူထူးခြားဆန်းပြားနေ၏။
သိပ်မကြာခင် သူတို့သုံးယောက်သည် ခြံဝန်းတစ်ခုထဲသို့ ရောက်ရှိလာပြီး စုန့်ရွှမ်က ညင်သာစွာပြုံးပြလိုက်၏။
“အခုဆိုရင်... အင်မော်တယ်မက်မွန်စားသောက်ပွဲက ကျင်းပတော့မယ်...အဲဒါကို ကျောက်စိမ်းမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ ရှားရှားပါးပါးပွဲတော်တစ်ခုလို့ ဆိုနိုင်တယ်... ကောင်းကင်အဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲရောက်လာတာနဲ့ ပြိုင်စံရှားနဲ့ ပြန်ဝင်စားမွန်းစတားတွေက တစ်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်ရဖို့က မလွဲမသေပဲ... မင်းတို့နှစ်ယောက်ရောက်လာတာ အချိန်မှန်ပဲ မင်းတို့တွေကဒီမှာ ရက်အနည်းငယ်လောက်အနားယူကြပါလား”
ဆူဇီမိုနှင့် လင်းလောက အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့သည် တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်နိုင်ပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
စုန့်ရွှမ်က ပြုံးပြလိုက်၏။
“မပူပါနဲ့... ဒါက မြို့တော်အရှင်ရဲ့ဂေဟာပဲ... ဘာအန္တရာယ်မှကျရောက်မှာမဟုတ်ဘူး မင်းတို့တွေ အေးအေးဆေးဆေးနားနေလို့ရတယ်”
လင်းလောက ပြုံးပြလိုက်၏
“စီနီယာအစ်ကိုစုန့်... အခုလိုစေတနာထားတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်က အခြားလုပ်စရာတွေရှိသေးတဲ့အတွက် ထွက်ခွာဖို့ လန့်ဖုန်းမြို့တော်က ပို့ဆောင်ရေးဝင်္ကပါကို အသုံးချလိုပါတယ်”
“ဘာလို့လောနေရတာလဲ”
စုန့်ရွှမ်က ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က ဒီနေ့ထွက်သွားမယ်ဆိုရင် ငါက မင်းတို့ကို ကောင်းကောင်းဧည့်မခံလိုက်ရတဲ့အတွက် ဧည့်ဝတ်မကျေပွန်ရာကျနေမှာပေါ့”
ထို့နောက် သူက လင်းလောကိုကြည့်ကာ ပြောလိုက်၏။
“နောက်ပြီး ဒီနှစ်တွေထဲမှာ ငါက ရှားရှားပါးပါး ဗီဇကွဲသွေးမက်မွန်ပင်တစ်ပင်ကို ပြုစုပျိုးထောင်ထားတယ်... အဲဒီသွေးမက်မွန်တွေက သိပ်မကြာခင် ရင့်မှည့်တော့မှာ”
“အဲဒါက ကျောက်စိမ်းမိုးကောင်းကင်နန်းတော်ရဲ့ အင်မော်တယ်မက်မွန်တွေကို မယှဥ်နိုင်ပေမယ့် အဲဒါက အရမ်းကိုရှားပါးတဲ့ အရည်အသွေးမြင့်ပစ္စည်းတစ်ခုပဲ... ငါက အဲဒါကိုမြည်စမ်းဖို့ ညီကိုလင်းလီကိုလည်း ဖိတ်ခေါ်ထားတယ်”
“အင်မော်တယ်မက်မွန်စားသောက်ပွဲ ပြီးဆုံးသွားတာနဲ့ မင်းတို့မောင်နှမနှစ်ယောက်က အတူပြန်လို့ရတာပဲ”
လင်းလောက ရင်တစ်ချက်ထိတ်သွား၏။
“ကျွန်မအစ်ကိုကရော ဒီကိုလာမှာလား”
စုန့်ရွှမ်က ပြန်ပြောလိုက်၏။
“ငါက... သူ့ဆီကို ဖိတ်ခေါ်စာတစ်စောင်ပို့ပြီးသွားပြီ... သူသိပ်မကြာခင် ရောက်လာလိမ့်မယ်”
လင်းလောက တွေဝေတုံ့ဆိုင်းစွာဖြင့် သူမ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
သူမ၏ နှလုံးသားအနက်ပိုင်းထဲမှာ သူမသည် အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ အခုချက်ချင်းပြန်သွားချင်နေ၏။ သို့သော်လည်း သူမအနေဖြင့် စုန့်ရွှမ်၏ ဖိတ်ခေါ်မှုကို ယခုအချိန်မှာ ငြင်းပယ်ဖို့ကလည်း ခက်ခဲနေ၏။
“ကောင်းပါပြီ”
လင်းလောကအတန်ကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ဝန်လေးစွာဖြင့် သဘောတူလိုက်၏။
ဆူဇီမိုက ဘေးကနေတိတ်ဆိတ်ငြိမ်သက်နေ၏။
လန့်ဖုန်းမြို့တော်၏ မြို့တော်အရှင်က တစ်ခုခုမူမမှန်သည်ကို သူက ခံစားမိနေ၏။ သို့သော်လည်း အဲဒါက ဘာဆိုတာကို သူက ထောက်မပြနိုင်ပေ။
သူက မည်သည့်တုံ့ပြန်မှုမှမပြုလုပ်ဘဲ စုန့်ရွှမ်၏ စီစဥ်နေရာချမှုအောက်မှာ သူကလောလောဆယ် လင်းလောနှင့်အတူ ဤနေရာမှာနေရပေမည်။
စုန့်ရွှမ်သည် ဆူဇီမိုနှင့် လင်းလောကို အထိုင်ချပေးပြီးနောက် သူ၏ ကြိုးကြာနှင့်အတူ ထွက်ခွာသွား၏။ သူက သိုလှောင်အိတ်ထဲကနေ သတင်းပို့အဆောင်တချို့ကို ထုတ်ယူပြီး ပစ်ထုတ်လိုက်၏။
ကောင်းကင်ထက်ရှိ အဖြူရောင်ကျောက်စိမ်းနန်းတော်၊ မြို့တော်ငါးမြို့နှင့် နန်းမြင့်မျှော်စင်၁၂ခု...။
နန်းမြင့်မျှော်စင် ၁၂ ခုဆိုသည်မှာ တကယ့်အစစ်အမှန် မျှော်စင်များမဟုတ်ပေ။ ထိုအစား သူတို့သည် ခမ်းနားထည်ဝါသောနန်းတော်များနှင့် ပို၍တူနေ၏။ ထို့ကြောင့်ပင် လူအချို့က သူတို့ကို နန်းတော် ၁၂ခုဟု ရည်ညွှန်းခေါ်ဆိုကြခြင်းဖြစ်သည်။
ဤနေ့မှာ သတ္တမမြောက်နန်းတော်၏ ပို့ဆောင်ရေးဝင်္ကပါက ဖျတ်ခနဲလက်သွားပြီး ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။ အဲဒါက လန့်ဖုန်းမြို့တော်မှ စုန့်ရွှမ်ဖြစ်လေသည်။
“မင်္ဂလာပါ မြို့တော်အရှင်”
ဤနေရာကို စောင့်ကြပ်နေသော အစောင့်တပ်သားများက စုန့်ရွှမ်ကို တွေ့မြင်သောအခါ ဦးညွှတ်လိုက်ကြ၏။
သူတို့ထဲမှတစ်ယောက်က မေးလိုက်၏။
“မြို့တော်အရှင်... ခင်ဗျားဒီကိုဘာလို့ရောက်လာတာလဲ”
“ငါက ငါ့ဆရာကို လာတွေ့တာပဲ”
စုန့်ရွှမ်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
အစောင့်တပ်သားတစ်ယောက်က ပြန်ပြောလိုက်၏။
“နန်းတော်အရှင်က တံခါးပိတ်ကျင့်ကြံနေတယ် ကျုပ်တို့ သူ့ကိုအနှောက်အယှက်မပေးရဲဘူး... မြို့တော်အရှင် ကျေးဇူးပြုပြီး...”
“ငါ့မှာအရေးကြီးကိစ္စရှိတယ်”
စိတ်မရှည်နိုင်ဖြစ်နေသောအမူအရာဖြင့် စုန့်ရွှမ်က သူ၏ လက်ကို ဝေ့ယမ်းကာ ဖြတ်ပြောလိုက်၏။
“ငါ့ကို နန်းတော်ထဲကို ခေါ်သွားပေးမယ်ဆိုရင် ငါတာဝန်ယူပေးနိုင်တယ်”
အစောင့်တပ်သားတချို့က အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့ထဲမှ တချို့က စုန့်ရွှမ်ကို သတ္တမမြောက်နန်းတော်၏ အနက်ပိုင်းထဲသို့ ခေါ်ဆောင်သွား၏။
အတန်ကြာပြီးနောက်....။
အက်ကွဲနေသောအသံတစ်သံက သတ္တမမြောက်နန်းတော်၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာ၏။
“မင်းက ငါ့ရဲ့ကျင့်ကြံမှုကို နှောက်ယှက်ရအောင် ဘာများဖြစ်ခဲ့လို့လဲ”
“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဆရာ”
စုန့်ရွှမ်က ရင်ပြင်ပေါ်မှာ နာခံစွာဒူးထောက်ချပြီး လေးနက်စွာဖြင့် ပြောလိုက်၏။
“တိုက်ပွဲဘုရင်ရဲ့ သမီးလင်းလောနဲ့ တခြားကောင်းကင်အင်မော်တယ်တစ်ယောက်က အခုဆိုရင် လန့်ဖုန်းမြို့တော်မှာ ရောက်ရှိနေတယ်... ကျုပ်က သူတို့တွေကို အရင်ဆုံး ထိန်းသိမ်းပေးထားတယ်”
“အို...”
သတ္တမမြောက်နန်းတော်အရှင်က တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား တီးတိုးရေရွတ်လိုက်၏။
“ဆက်ပြောပါဦး”
စုန့်ရွှမ်က ပြောလိုက်၏။
“တိုက်ပွဲဘုရင်က ဒဏ်ရာအပြင်းအထန်ရထားပြီး အခုဆိုရင် ဒုက္ခိတတစ်ယောက်ဖြစ်နေပြီ... ဒီနှစ်တွေထဲမှာ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရဲ့ တိုက်ပွဲနိုင်ငံက အတွင်းရေးအပြင်ရေး ပဋိပက္ခတွေနဲ့ လဲပြိုကျတော့မယ့်ဆဲဆဲအခြေအနေမှာရှိနေတယ်”
“အခုဆိုရင်... အင်မော်တယ်ဘုရင်မလင်းလုံတစ်ယောက်တည်းကပဲ အကုန်လုံးကို ဦးဆောင်ထိန်းချုပ်နေရတယ်... သူက တိုက်ပွဲဘုရင်ကို နေ့စဥ်နဲ့အမျှ ကာကွယ်စောင့်ရှောက်နေရသလို တိုက်ပွဲနိုင်ငံကိုလည်း လဲပြိုကျမသွားအောင် ထိန်းသိမ်းပေးနေရတယ်”
“မင်းပြောတာမှန်တယ်”
သတ္တမမြောက်နန်းတော်အရှင်က ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ထောင်ဂဏန်းတချို့က ဘာမှန်းမသိရတဲ့ အကြောင်းအရင်းတချို့ကြောင့် လင်းလုံက တိုက်ပွဲနိုင်ငံကနေ ရုတ်တရက်ထွက်ခွာသွားတယ်... အဲဒါက သိပ်မကြာလိုက်ပေမယ့် တိုက်ပွဲနိုင်ငံမှာ ပုန်ကန်မှုတစ်ခုဖြစ်ပွားလာပြီး ရန်သူတွေက ကျူးကျော်ဝင်ရောက်လာခဲ့တယ်... အဲဒါကသူတို့ကို လဲပြိုကျစေလုနီးပါးပဲ”
ကံကောင်းတာကတော့... လင်းလုံက နောက်ဆုံးမှာ အချိန်မီပြန်ရောက်လာပြီး ပုန်ကန်သူတွေကိုနှိမ်နှင်းနိုင်ခဲ့တယ်... သန်မာတဲ့ရန်သူတွေကိုလည်း မောင်းထုတ်နိုင်ခဲ့တယ်”
“အဲလိုဆိုရင်တောင် အဲဒီတိုက်ပွဲအပြီးမှာ တိုက်ပွဲနိုင်ငံက အတော်လေးကြီးကြီးမားမားထိခိုက်ဆုံးရှုံးခဲ့ရတယ်... လင်းကျန့်နဲ့ လင်းလောရဲ့ ညာလက်ရုံးလူတွေကလည်း အဲဒီတိုက်ပွဲမှာ သေဆုံးသွားကြတယ်”
ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်၏။
“ဟဲဟဲ... အဲဒီမတော်တဆဖြစ်ရပ်ပြီးကတည်းက လင်းလောက တိုက်ပွဲနိုင်ငံရဲ့နန်းတော်ထဲကနေ တစ်ခါမှထွက်မသွားတော့ဘူး”
စုန့်ရွှမ်ကလည်း ပြုံး၍ပြောလိုက်၏။
“အဲဒါကြောင့်... အင်မော်တယ်ဘုရင်မလင်းလုံက တိုက်ပွဲနိုင်ငံနန်းတော်ကနေ နောက်တစ်ခေါက်ထွက်ခွာတာနဲ့ တိုက်ပွဲနိုင်ငံက သေချာပေါက်ကျဆုံးတော့မှာပဲ”
“အင်း”
သတ္တမမြောက်နန်းတော်အရှင်က ပြောလိုက်၏။
“အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ အခြားအင်မော်တယ်နိုင်ငံတွေက တိုက်ပွဲနိုင်ငံကို လုယက်ပြီး ခွဲဝေသိမ်းပိုက်ချင်နေကြတာ ကြာပြီ... အဲဒါက တကယ့်ကို အခွင့်အလမ်းကောင်းတစ်ရပ်ပဲ”
“ငါက.. အဲဒီအင်မော်တယ်ဘုရင်တွေနဲ့ ဆက်သွယ်လိုက်တာနဲ့ ဒီကိစ္စပြီးရင် ငါတို့တွေက အကျိုးအမြတ်များများစားစား ရရှိနိုင်လိမ့်မယ်”
စုန့်ရွှမ်က ပြောလိုက်၏။
“ဟုတ်ပါတယ်... တိုက်ပွဲဘုရင်နဲ့ အင်မော်တယ်ဘုရင်မလင်းလုံက အစကတည်းက နိမ့်ကျတဲ့နောက်ခံတွေနဲ့လာခဲ့ကြတာပဲ.. အထက်ဘုံနဲ့အောက်ဘုံလောကကြား တန်းတူညီမျှရရှိရေးဆိုတဲ့ သူတို့ရဲ့ အဓိပ္ပါယ်မရှိတဲ့ တိုက်ခိုက်မှုနဲ့ဆိုရင် သူတို့တွေက သေဆုံးသွားသင့်တာကြာခဲ့ပြီ”
“တိုက်ပွဲနိုင်ငံအတွင်းမှာတောင် သူတို့ကို ဆန့်ကျင်နေတဲ့ပညာရှင်တွေ အများကြီးရှိတယ်”
“မင်းမှာ ဘာအစီအစဥ်ရှိလို့လဲ”
သတ္တမမြောက်နန်းတော်အရှင်က မေးလိုက်၏။
စုန့်ရွှမ်က လေးနက်စွာပြောလိုက်၏။
“ကျုပ်က လန့်ဖုန်းမြို့တော်မှာ လင်းလောကိုထားခဲ့ပြီး သူ့ကိုစောင့်ကြည့်နေဖို့ လူတချို့ပို့ထားတယ်... သူက လုံးဝထွက်ခွာသွားနိုင်မှာ မဟုတ်ဘူး”
“ကျုပ်က နောက်ပြီးကျရင် လင်းလေဆီကို စာတစ်စောင်ပို့လိုက်မယ်... သူက သူ့ညီမ ကျုပ်ဆီမှာရောက်နေတာသိမယ်ဆိုရင် သေချာပေါက်ရောက်လာမှာပဲ”
“အဲဒီအချိန်ကျရင် ကျုပ်တို့တွေက သူတို့မောင်နှမကို ဒီနေရာမှာထိန်းသိမ်းထားဖို့ အကြောင်းပြချက်တစ်ခုခုရှာလို့ရတယ်... အင်မော်တယ်ဘုရင်မလင်းလုံက သူတို့ကို ဒုက္ခရောက်နေတဲ့အချိန်မှာ ပစ်ထားမှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ်”
“အင်မော်တယ်ဘုရင်မလင်းလုံက လန့်ဖုန်းမြို့တော်မှာပေါ်လာတာနဲ့ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက အဖွဲ့အစည်းကြီးတချို့က တိုက်ပွဲနိုင်ငံကို တိုက်ခိုက်ကြလိမ့်မယ်... အဲဒီအချိန်ကျရင် သူတို့တွေက တိုက်ပွဲနိုင်ငံရဲ့ ပညာရှင်တွေနဲ့ပူးပေါင်းပြီး အတူတကွပူးပေါင်းလုပ်ကြံကြလိမ့်မယ်... တိုက်ပွဲနိုင်ငံက ချေမှုန်းဖျက်ဆီးခံရမယ်”
“ဒါပေမဲ့... အင်မော်တယ်ဘုရင်မလင်းလုံက လန့်ဖုန်းမြို့တော်မှာ ပေါ်ထွက်လာခဲ့မယ်ဆိုရင်...”
စုန့်ရွှမ်က ခဏမျှရပ်တန့်လိုက်၏။
“မပူပါနဲ့ “
သတ္တမမြောက်နန်းတော်အရှင်က မှင်သေသေဖြင့်ပြောလိုက်၏။
“လန့်ဖုန်းမြို့တော်ကို အင်မော်တယ်ဘုရင်တစ်ပါးဆင်းသက်လာမယ်ဆိုရင် ငါကအဲဒါကို အရင်ဆုံးအာရုံခံမိလိမ့်မယ်.. အဲဒီအချိန်ကျရင် ငါတို့နန်းတော်အရှင်တချို့က ပူးပေါင်းထားမယ်ဆိုရင် အင်မော်တယ်ဘုရင်မလင်းလုံက နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းတွေနဲ့တောင်မှ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး”
“ဆရာ... ခင်ဗျားက ဉာဏ်ပညာကြီးမားပါပေတယ်”
စုန့်ရွှမ်က အလောတကြီးမြှောက်ပင့်ပြောဆိုလိုက်၏။
“အဲဒါက အကြံကောင်းတစ်ခုပဲ”
သတ္တမမြောက်နန်းတော်အရှင်ကပြောလိုက်၏။
“ပြန်သွားပြီးတော့ အခြေအနေကို ထိန်းချုပ်ထားလိုက်... ငါက အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက အင်မော်တယ်ဘုရင်တချို့ကို သတင်းပေးလိုက်မယ်... ပြီးရင် တိုက်ခိုက်ဖို့အတွက်အခွင့်အလမ်းတစ်ရပ်ကို စောင့်ဆိုင်းရမယ်... မှတ်ထား ဒီကိစ္စမှာ ဘာအမှားအယွင်းမှဖြစ်လို့ မရဘူး”
“အဲဒါကို ကောင်းကောင်းလုပ်... မင်းအောင်မြင်မယ်ဆိုရင် အဲဒါက မဟာအကျိုးဆောင်မှုတစ်ရပ်ဖြစ်လာမယ်”
စုန့်ရွှမ်က စိတ်လှုပ်ရှားတက်ကြွလာပြီး ယုံကြည်မှုရှိရှိပြောလိုက်၏။
“မပူပါနဲ့ဆရာ... ကျုပ်က ရှုထောင့်ပေါင်းစုံကို ထည့်သွင်းတွက်ချက်ထားတယ် အပြောင်းအလဲဖြစ်စေတဲ့အရာမှန်သမျှကို သတ်ပစ်မယ်”
“ကောင်းပြီလေ”
ရုတ်တရက် သတ္တမမြောက်နန်းတော်အရှင်က မေးလိုက်၏။
“လင်းလောရဲ့ဘေးမှာ တခြားလူတစ်ယောက်ပါလာတယ်လို့ မင်းပြောခဲ့တယ်မလား သူက...”
စုန့်ရွှမ်က အဲဒါကို စိတ်ထဲမှာ ထည့်မထားပေ။
“အဲဒီသူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတစ်ယောက်... သူက အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်ပါပဲ... သူက ပြဿနာကောင်းကောင်းရှာနိုင်မှာမဟုတ်ဘူး သူ့ကိုစိုးရိမ်နေစရာမလိုဘူး”
“ငါသိပြီ... ကောင်းတယ် ဆက်လုပ်”