← Chapters

အခန်း (၁၀၈၇-၁၀၈၉)

Vol. 73 Ch. 1087-1089

အခန်း (၁၀၈၇-၁၀၈၉)

Vol. 73 Ch. 1087-1089

အခန်း(၁၀၈၇)

ဖုန်းချင်းရီ၏ အေးစက်စက်စကားသံသည် ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက်တွင် ဖုန်းချင်းရီသည် သူ၏လက်နှစ်ဖက်ကို ရင်ဘတ်နားတွင် ထားကာ ထူးဆန်းသော လက်ဟန်တချို့ကို ပြုလုပ်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ဖုန်းချင်းရီ၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်လာခဲ့ပြီး မျက်နှာက ရုတ်တရက် သွေးကဲ့သို့ နီရဲလာခဲ့၏။

ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများကလည်း ပိုမို၍ ပြင်းထန်လာခဲ့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်းချင်းရီ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် နယ်ပယ်အဆင့်ငယ် နှစ်ဆင့်ကို တိုက်ရိုက်ဖြတ်ကျော်သွားပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့်အထိ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။

"ဒါက ရှန်းဖုန်းမြို့တော်ရဲ့ ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ ဖုန်းရှန်းယဇ်ပူဇော် နည်းစနစ်ပဲ"

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အားလုံး၏ မျက်လုံးများသည် အနည်းငယ် ကျုံ့သွားကြသည်။

ဖုန်းရှင်းရီသည် ကျန်းချန်၏ ကြောက်မက်ဖွယ် ဖိအားပေးမှုကြောင့် ဖုန်းရှန်း ယဇ်ပူဇော် နည်းစနစ်ကိုပင် ထုတ်သုံးရသည်အထိ ဖြစ်သွားခဲ့သည် မဟုတ်ပါလော။

သူတော်စင်မြို့တော် ငါးမြို့တွင် မျက်စိတစ်မှိတ်အတွင်း ခွန်အားကို တိုးမြှင့်ပေးနိုင်သည့် လျှို့ဝှက်နည်းစနစ်များ ရှိကြသည်။

ဥပမာအားဖြင့် ဖုန်းချင်းရီ အသုံးပြုလိုက်သည့် ဖုန်းရှန်းယစ်ပူဇော် နည်းစနစ်သည် ရှန်းဖုန်းမြို့တော်၏ နာမည်ကျော် ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ် ဖြစ်သည်။

သို့သော်လည်း လျှို့ဝှက်နည်းစနစ်တိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြ၏။

အချို့သော လျှို့ဝှက်နည်းစနစ်များသည် အသုံးပြုပြီးနောက်တွင် ခန္ဓာကိုယ်ကို သိသိသာသာပင် ထိခိုက်မှု ရှိစေသည်။

ထို့ကြောင့် သေရေးရှင်ရေး အခြေအနေ မဟုတ်လျှင် မည်သူကမှ လျှို့ဝှက် နည်းစနစ်များကို အလွယ်တကူ အသုံးမပြုလိုကြပေ။

ယခုအခါတွင် ဖုန်းချင်းရီသည် ဖုန်းရှန်း လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးခဲ့ပြီ ဖြစ်ရာ ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့သည်။

"ကျန်းချန်.. မင်းငါ့ကို လျှို့ဝှက်နည်းစနစ် ထုတ်သုံးလာတဲ့အထိ ဖိအားပေးနိုင်ခဲ့တာ မင်းအတွက် ဂုဏ်ယူစရာပဲ.. သွားသေလိုက်တော့"

ဖုန်းချင်းရီက လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်ပြီးနောက်တွင် အပြာရောင် လေစွမ်းအင်များသည် သူ၏ လက်ဝါးထဲတွင် ပြင်းထန်စွာ စုစည်းလာခဲ့ပြီး နှိုင်းယှဥ်၍ မရအောင် ကြောက်မက်ဖွယ်ကောင်းသော အပြာရောင်မုန်တိုင်း တစ်ခုသည် ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာခဲ့သည်။

ထိုအပြာရောင် လေမုန်တိုင်းသည် ကျန်းချန်ဆီသို့ ပြင်းထန်စွာတိုက်ခတ်သွားခဲ့၏။

"ဒါက လျှို့ဝှက်နည်းစနစ်လေးပဲ မဟုတ်လား.. မင်းတစ်ယောက်တည်းပဲ လျှို့ဝှက်နည်းစနစ် တတ်ထားတယ် ထင်နေတာလား.. ဟက်.. မင်းက လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးရင်တောင် ငါမင်းကို ချေမှုန်းနိုင်ပါသေးတယ်"

ကျန်းချန်က ကောင်းကင်ကိုပင် လွှမ်းမိုးနေသော အပြာရောင်လေမုန်တိုင်းကို ကြည့်ရင်း အေးစက်စက် ကြုံးဝါးလိုက်သည်။

"တိမ်တိုက်ဝါးမျိုနည်းစနစ်"

စကားဆုံးသည်နှင့်ကျန်းချန်၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်စွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့ပြီး ပေတစ်ရာ ပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို စုစည်းလိုက်သည်။

သူ၏ ခန္ဓာကိုယ်အရှိန်အဝါက တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့ပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ် တတိယအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့သည်။

"ဖျက်ဆီးစမ်း"

ကျန်းချန်က မထီတရီ အမူအရာဖြင့် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကိုပင် ဖောက်ထွင်းနိုင်သော ဓားစွမ်းအင်သည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး သူ့ဆီသို့ တိုက်ခိုက်လာသော အပြာရောင်လေမုန်တိုင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ ချေမှုန်းပစ်လိုက်သည်။

ဓားကွက်တစ်ကွက်တည်းဖြင့် အပြာရောင် လေမုန်တိုင်းကို ဖျက်ဆီးလိုက်ပြီးနောက်တွင် ကျန်းချန်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်၏။

သူ၏ ဓားစွမ်းအင်သည် လေထုကို တိုက်ရိုက် ဖောက်ထွင်းသွားခဲ့ပြီး ဖုန်းချင်းရီ၏ နဖူးဆီသို့ တန်းတန်းမတ်မတ်ပင် ရောက်လာခဲ့သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မြင်လျှင် ဖုန်းချင်းရီသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အသက်စွမ်းအင်များကို သူ၏ ရှေ့တွင် လေနံရံ အဖြစ် လျင်မြန်စွာ စုစည်းလိုက်ပြီး ဓားစွမ်းအင်ကို အသည်းအသန်ပင် ခုခံလိုက်ရသည်။

သို့သော်လည်း ဖုန်းချင်းရီ အသက်ရှူရန် အချိန်မရသေးမီမှာပင် ကျန်းချန်သည် သူ၏ လက်ထဲမှ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင် တစ်ခုသည် ဖုန်းချင်းရီဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိလာခဲ့သည်။

"ဘန်း.. ဘန်း.. ဘန်း.."

သွေးနဂါးဓားမှ ထုတ်ဖော်လိုက်သော ဓားစွမ်းအင်သည် မိုးသီးမိုးပေါက်များ ကျဆင်းလာသကဲ့သို့ ဖုန်းချင်းရီ၏ ရှေ့မှလေနံရံကို ဆက်တိုက်ဆိုသလို လှုပ်ခတ်စေခဲ့သည်။

ခဏအကြာတွင် လေနံရံသည် ဝုန်းဟူသော အသံနှင့်အတူ အဆုံးသတ်၌ ပေါက်ကွဲထွက်သွားခဲ့သည်။

"ဖူး.."

လေနံရံ ပေါက်ကွဲသွားပြီးနောက်တွင် ဖုန်းချင်းရီသည် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ကာ ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လွင့်စင်သွားခဲ့သည်။

ဖုန်းချင်းရီက လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် လုံးဝ ချေမှုန်းခံလိုက်ရသည်ကို မြင်လျှင် ခန်းမတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် ကျန်းချန်ကို တအံ့တသြဖြင့် စူးစိုက်ကြည့်နေမိကြ၏။

သူတို့၏ အမူအရာများသည် အံ့အားသင့်မှု၏ အဆုံးစွန် အနေအထားအထိ ရောက်ရှိနေခဲ့သည်။

"ဒီကောင်လေးက တကယ်ကို ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်ပဲ"

----------------

"ကျန်းချန် မင်းငါ့ကို အတင်းအကြပ် ဖိအားပေးခဲ့တယ်.. အပြစ်တင်ချင်ရင် မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့"

ဖုန်းချင်းရီက‌ ဒေါသတကြီး အမူအရာဖြင့် မြေပြင်ကနေ ဒယိမ်းဒယိုင် ထရပ်လိုက်သည်။

ထိုခဏတွင် သူ၏ မျက်နှာထက်၌ ကောက်ကျစ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ထို့နောက် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ကျောက်စိမ်း တံဆိပ်ပြား တစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့သည်။

အခန်း(၁၀၈၇)ပြီး၏။

အခန်း(၁၀၈၈)

"ဝုန်း"

ဖုန်းချင်းရီက ကျောက်စိမ်းတံဆိပ်ပြားကို အားထည့်၍ ဖိညှစ်လိုက်ရာ ကျောက်စိမ်းတံဆိပ်ပြားသည် ချက်ချင်းဆိုသလိုပေါက်ကွဲထွက်သွားခဲ့သည်။

ထို့နောက်တွင် ကျောက်စိမ်းတံဆိပ်ပြားထဲကနေ အားကောင်းသောဝိညာဥ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ထိုခဏတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်ဆန္ဒသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များသည်လည်း လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။

ဖုန်းချင်းရီ၏ ဦးခေါင်းအထက်တွင် ခန့်ညားထည်ဝါသောအပြာရောင်ပုံရိပ် တစ်ခုသည် လျင်မြန်စွာ စုစည်းသွားခဲ့၏။

ထိုအပြာရောင်ပုံရိပ်သည် ကြီးမားသော အစိမ်းရောင်ကြာပန်း ရောင်ခြည်များဖြင့် ဝန်းရံနေသဖြင့် နတ်ဘုရားတစ်ပါး ဆင်းလာသကဲ့သို့ ဖြစ်နေခဲ့သည်။

"ဒါက ရှန်းဖုန်းမြို့တော်ရဲ့ မြို့စား၊ ကြာပန်းနတ်ဘုရားဧကရာဇ် ဖုန်းချင်းယာ မဟုတ်လား.. ဖုန်းချင်းရီက ရှန်းဖုန်းမြို့စား ဖုန်းချင်းယာရဲ့ ဝိညာဥ်ကိုယ်ပွားကို ဆင့်ခေါ်လိုက်တာလား"

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းကြောင့် ခန်းမထဲရှိ လူတိုင်း၏ မျက်နှာအမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူတို့အားလုံးသည် သူတော်စင်မြို့တော် ငါးမြို့မှ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြ၍ သူတို့၏ နောက်ကွယ်မှ အင်အားကြီးမားသော ကျင့်ကြံသူများ ပေးအပ်ထားသည့် ဝှက်ဖဲများကို ကိုယ်စီ ပိုင်ဆိုင်ထားခဲ့ကြသည်။

အင်ပါယာအမွေအနှစ် နယ်မြေထဲတွင် ပကတိအင်ပါယာတစ်ပိုင်း၏ ဥပဒေသများ ရှိသည်။

ထိုဥပဒေသသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို လုံးဝ တားမြစ်ထားခဲ့သည်။

ကျန်းချန်နှင့် ဖုန်းချင်းရီ တို့သည်ပင် အင်ပါယာ အမွေအနှစ်နယ်မြေထဲကို ဝင်ရောက်ပြီးမှသာ နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို အဆင့်တက်သွားကြ၍ ထိုဥပဒေသမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်၏ စွမ်းအားကို ကျော်လွန်သော ဝှက်ဖဲများသည် ဤအမွေအနှစ် နယ်မြေတွင် ကန့်သတ်ခံထားရပြီး လုံးဝ အသုံးပြုနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် ဖုန်းချင်းရီသည် ရှန်းဖုန်းမြို့စား ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွားကို အသုံးပြုနေခဲ့သည်။

"ချင်းရီ.. မင်းကို ငါပေးခဲ့တဲ့ ကျောက်စိမ်းတံဆိပ်ပြားကို မင်းအသုံးပြုစရာ မလိုလောက်ဘူးလို့ ငါအစက ထင်နေခဲ့တာ.. ဒါပေမဲ့ သူတော်စင်မြို့တော် ငါးမြို့ထဲမှာ မင်းကို ချေမှုန်းနိုင်တဲ့သူ ရှိနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး"

လူတိုင်း အံ့အားသင့်နေစဥ်မှာပင် ဖုန်းချင်းယာ၏ အသံသည် ခန်းမထဲတွင် ပျံ့နှံ့လာခဲ့သည်။

ဖုန်းချင်းရီက တလေးတစားဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်.. ချင်းရီက ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ် အတွက် တိုက်ခိုက်ရာမှာ ပြဿနာအချို့ ကြုံတွေ့နေရပါတယ်.. ခေါင်းဆောင်က ချင်းရီကို အကူအညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်လား"

ဖုန်းချင်းယာက ခန်းမ အလယ်ရှိ သွေးအဆီအနှစ်ကို ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

"ပကတိအင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်က ရဖို့မလွယ်ကူဘူး ဆိုပေမဲ့ ငါဒီနေရာမှာရှိနေတဲ့ အတွက် မင်းကို ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမယ်"

ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်သည် ရွှယ်မင်ကျောင်းဆောင်၏ စတုတ္ထထပ်တွင် အမြဲတစေ ရှိနေခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ အတွင်း အင်ပါယာ အမွေအနှစ်နယ်မြေသည် နှစ်တစ်ရာတွင် တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ပြီး သူတော်စင်မြို့တော်ငါးမြို့မှ စတုတ္ထထပ်သို့ ရောက်ရှိခဲ့သော ပါရမီရှင်များသည် မရေမတွက်နိုင်အောင် ရှိ၏။

သို့သော်လည်း မည်သူကမှ ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ် တစ်စက်ကို ရယူနိုင်ခြင်း မရှိသေးပေ။

ဤသည်ကို ကြည့်လျှင် ပကတိ အင်ပါယာတစ်ပိုင်း၏ သွေးအဆီအနှစ်ကို ရယူရန် မည်မျှခက်ခဲသည်ကို နားလည်နိုင်ပေသည်။

"အဘိုးကြီး.. ငါကျန်းချန်က ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ်ကို စိတ်ဝင်စားတယ်.. မင်းဒီကောင့်ကို ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ် အတွက် အကူအညီပေးမယ်ဆိုရင် ငါသဘောတူမတူ အရင်မေးရလိမ့်မယ်"

ကျန်းချန်က လေထဲရှိ ဖုန်းချင်းယာကို စူးစိုက်ကြည့်ကာ အေးစက်စက် ရေရွတ်လိုက်သည်။

ကျန်းချန်၏စကားကို ကြားလျှင် ခန်းမထဲရှိ လူတိုင်းသည် အံ့သြမှင်တက်ကာ ပါးစပ်အဟောင်းသားများပင် ဖြစ်သွားကြ၏။

ဖုန်းချင်းယာ ဆိုသည်မှာ ရှန်းဖုန်းမြို့တော်၏ မြို့စား ဖြစ်ပြီး ယနေ့ ရှန်းဝူတိုက်ကြီးတွင် ထိပ်တန်းနေရာ၌ ရှိသည့် နတ်သန္ဓေအင်ပါယာများ​ထဲမှ တစ်ပါး ဖြစ်သည်။

ဤသည်က ဖုန်းချင်းယာ၏ ဝိညာဥ်ကိုယ်ပွား တစ်ခုမျှသာ ဖြစ်နေလျှင်ပင် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခု ဆိုလည်းမမှားပေ။

"ဒီကောင်က ပကတိအင်ပါယာ တစ်ပိုင်းရဲ့ သွေးအဆီအနှစ် အတွက် ရှန်းဖုန်းမြို့စားနဲ့တောင် ရန်ဖြစ်ရဲတယ်ဟ.. ဒီနို့နံ့‌တောင် မစင်သေးတဲ့ ကောင်လေးက တကယ်ကို မိုက်ရူးရဲဆန်တာပဲ"

--------------

"ဟားဟား.. မင်းက နှလုံးလောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီရဲ့ တပည့်ဖြစ်ဖို့ တကယ်ပဲ ထိုက်တန်ပါပေတယ်.. ဖုန်းချင်းရီတောင် မင်းရဲ့ ပြိုင်ဘက်မဖြစ်နိုင်ခဲ့ဘူး.. ကောင်လေး.. မင်းရဲ့ပါရမီက မင်းရဲ့ဆရာထက်တောင် ပိုပြီး နတ်ဆိုးဆန်နေသေးတယ်.."

ဖုန်းချင်းယာက ကျန်းချန်ကို စူးစိုက်ကြည့်လိုက်၏။

သူ၏ ခပ်ထေ့ထေ့ ရယ်သံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ကောင်လေး မင်း ငါဘယ်သူလဲဆိုတာသိလား.. ငါက ရှန်းဖုန်းမြို့တော်ရဲ့ မြို့စားပဲ.. သူတော်စင်မြို့တော် ငါးမြို့မှာ ဘယ်သူမှ ငါ့ကို မခန့်လေးစား မလုပ်ရဲဘူး.."

ဖုန်းချင်းယာက သက်ပြင်းချ၍ လေးနက်စွာ ပြောလိုက်သည်။

"မင်းရဲ့ပါရမီက ငါမှန်းဆထားတာထက် ပိုပြီး ကြောက်စရာကောင်းလိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး.. မင်းက အချိန်တိုအတွင်းမှာ ဒီအဆင့်ထိ ကြီးထွားလာခဲ့တာပဲ"

အခန်း(၁၀၈၈)ပြီး၏။

အခန်း(၁၀၈၉)

ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီသည် ယန်ဒီမြို့သို့ ပြန်ရောက်လာပြီးနောက်တွင် ကျန်းချန် အမည်ရှိ ပါရမီရှင် တပည့်တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

ထိုကိစ္စကို ရှန်းဖုန်းမြို့စား ဖုန်းချင်းယာသည် ကောင်းစွာသိထားခဲ့သည်။

ရှောင်တုလီ၏ တပည့်က အလွန်ပင် ပါရမီ ထူးချွန်သော်လည်း ကျင့်ကြံခြင်းအဆင့်သည် သူတော်စင်မြို့တော် ငါးမြို့၏ ထိပ်တန်း ပါရမီရှင်များနှင့် များစွာ ကွာဟမှု ရှိနေခဲ့သည်။

အင်ပါယာ အမွေအနှစ်နယ်မြေ မဖွင့်လှစ်မီက ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သိုင်းသခင်နယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိခဲ့၏။

ထိုကဲ့သို့ စွမ်းအားမျိုးသည် သိုင်းသခင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ပါရမီရှင်များ သို့မဟုတ် ခြေလှမ်းတစ်ဝက် ပါရမီရှင်များနှင့် လုံးဝ အဆင့်တူ မဟုတ်ပေ။

ထို့ကြောင့် ဖုန်းချင်းယာအပါအဝင် သူတော်စင်မြို့တော် ငါးမြို့မှ လူတိုင်းနီးပါးသည် ကျန်းချန်ကို လျစ်လျူရှုထားခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်သည် အင်ပါယာ အမွေအနှစ် နယ်မြေထဲကို ဝင်ရောက်ပြီးနောက်တွင် ကျင့်ကြံခြင်းအဆင့်သည် အလွန် လျင်မြန်စွာပင် ခုန်ပေါက်တိုးတက်လာခဲ့မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ပေ။

ဆယ်ရက်ပင် မပြည့်သေးသောအချိန်တွင် ကျန်းချန်သည် သိုင်းသခင်နယ်ပယ်ဆဋ္ဌမအဆင့်ကနေ နတ်ဝိညာဥ်ဘုရင်နယ်ပယ်ပထမအဆင့်အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ်ပါရမီရှင် ဖုန်းချင်းရီပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

"အဘိုးကြီး သိပ်ပြီး ဟိတ်ဟန်လာထုတ်မနေနဲ့.. ပကတိ အင်ပါယာတစ်ပိုင်းရဲ့ သွေးအဆီအနှစ် အတွက် ဖုန်းချင်းရီကို ကူညီချင်ရင်လည်း စပြီးတိုက်ခိုက်လို့ရပြီ"

"ကောင်လေး မင်းတကယ်ပဲ ငါနဲ့ တိုက်ချင်နေတာလား"

ဖုန်းချင်းယာ၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။

"မင်းက ပါရမီထက်သန်လွန်းပြီး နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်ကို ထိုးဖောက်ထားရင်တောင် ငါနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမပြည့်မီမှာ ငါစိုးရိမ်မိတယ်”

"အဘိုးကြီး.. အင်ပါယာ အမွေအနှစ်နယ်မြေထဲမှာ သိုင်းသခင်နယ်ပယ်အထက်ကို ကျော်လွန်တဲ့ စွမ်းအင်အားလုံးကို ကန့်သတ်ထားတယ်.. ဒီမှာ ထွက်ပေါ်လာနိုင်တာက မင်းရဲ့ ဝိညာဥ်ကိုယ်ပွားဖြစ်ပြီး အများဆုံး သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့် ခွန်အားလောက်ပဲရှိလို့ပဲ.. သိုင်းသခင်နယ်ပယ်အထွတ်အထိပ်ဝိညာဥ်ကိုယ်ပွားတစ်ဦးကို ငါကဘာလို့ ဘာအကြောင်းနဲ့ ကြောက်နေရမှာလဲ.."

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏လက်ထဲရှိ သွေးနဂါးဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ဓားစွမ်းအင်သည် သူ့ရှေ့ရှိ လေဟာနယ်ကို ချက်ချင်းပင် ထိုးဖောက် ဝင်ရောက်သွားပြီး ပြင်းထန်သော အရှိန်အဝါဖြင့် ကမ္ဘာကြီးကို အစိတ်စိတ်အမွှာမွှာ ခုတ်ပိုင်းတော့မည်အလား ဖြစ်နေခဲ့သည်။

"ဟမ့်.. သေချင်နေပြီလား"

ကျန်းချန်က သူ့ကို စတင် တိုက်ခိုက်ရဲသည်ကို မြင်လျှင် ဖုန်းချင်းယာသည် အေးစက်စက် ရေရွတ်လိုက်ပြီး ဆန်းကြယ်သော ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"

ကျန်းချန်၏ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ဓားစွမ်းအင်သည် ချက်ချင်းဆိုသလိုပင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

"ထိပ်တန်းဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်၊ မဟာအဆင့်ဓားစိတ်ဆန္ဒ၊ ကြယ်ကိုးပွင့်အင်ပါယာ သွေးစွမ်းအားနဲ့ ယှဥ်နိုင်တဲ့ ရှေးဟောင်းသားရဲ သွေးစွမ်းအား.. ဖုန်းချင်းရီ မင်းလက်ထဲမှာ ရှုံးနိမ့်တာ ဘာမှအံ့သြစရာ မဟုတ်တော့ဘူး"

ဖုန်းချင်းယာ၏ မျက်လုံးထဲတွင် အေးစက်သော လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

"ဒါပေမဲ့ မင်းဘယ်လောက်ပဲ နတ်ဆိုးဆန်နေပါစေ.. ငါ့ရဲ့‌ရှေ့မှာ မောက်မာဖို့အထိတော့ အရည်အချင်းမရှိသေးဘူး"

ဤကောင်လေးသည် နှစ်သန်းပေါင်းများစွာတွင် တစ်ကြိမ်သာပေါ်ထွက်လာသည့် ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

သူ့ကိုကြီးထွားဖို့သာ အချိန်အလုံအလောက် ပေးလိုက်မည်ဆိုလျှင် သူတော်စင်မြို့တော်ငါးမြို့၏ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာမည်မှာ သေချာသလောက် ဖြစ်၏။

ထိုကဲ့သို့ ဖြစ်တည်မှုသည် သူတို့ ရှန်းဖုန်းမြို့တော် အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ကောင်းကင်လောင်ကျွမ်း ဓားအင်ပါယာ ရှောင်တုလီနှင့် ပြဿနာ ဖြစ်ရလျှင်ပင် သူတို့ ရှန်းဖုန်းမြို့တော်၏ အနာဂတ် ခြိမ်းခြောက်မှုကို ယနေ့မှာပင် အမြစ်ဖျက်ရပေမည်။

ဖုန်းချင်းယာက စိတ်ထဲကနေ တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏စွမ်းအားများကို ထုတ်ဖော်လိုက်ရာ ကောင်းကင်တွင် အပြာရောင်အလင်း‌ရောင်များ ပေါက်ကွဲ၍ ထွက်လာခဲ့သည်။

ထို့နောက်တွင် ထိုအပြာရောင်အလင်းများသည် အပြာရောင်စွမ်းအား နယ်မြေ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပေတစ်ရာပတ်လည်ကို လွှမ်းခြုံသွားခဲ့သည်။

"ကျန်းချန်.. ငါ့မှာ သိုင်းသခင်နယ်ပယ် အထွတ်အထိပ်ရဲ့ စွမ်းအားရှိပေမဲ့ ငါက နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူ ဖြစ်တဲ့အတွက် အင်ပါယာ ပိုင်နက်စွမ်းအားကို တစ်စိတ်တစ်ဒေသ ထုတ်သုံးနိုင်တယ်.. ဒီအင်ပါယာပိုင်နက်စွမ်းအားထဲမှာ ငါက အရှင်သခင်ပဲ.. မင်းရဲ့ခွန်အားလောက်နဲ့ ငါ့ရဲ့ အင်ပါယာပိုင်နက် စွမ်းအားကို ဘယ်လို ထိုးဖောက်မလဲ ကြည့်ရသေးတာပေ့ါ"

ဖုန်းချင်းယာက အပြာရောင်စွမ်းအား နယ်မြေထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး မထီတရီဟန်ဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။

"ဟုတ်လို့လား.."

ဖုန်းချင်းယာ၏ ကြောက်မက်ဖွယ် အင်ပါယာပိုင်နက် စွမ်းအားကို ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲမသွားဘဲ တည်ငြိမ်မှု ရှိနေခဲ့သည်။

"အဘိုးကြီး.. မင်းရဲ့ ခန္ဓာကိုယ်အစစ်နဲ့သာ အင်ပါယာပိုင်နက်စွမ်းအားကို အသုံးပြုခဲ့မယ်ဆိုရင် ငါမင်းကို တကယ်ပဲ မယှဥ်နိုင်ဘူး.. ဒါပေမဲ့ အခု ငါ့ရှေ့မှာ ရှိနေတာက သိုင်းသခင်နယ်ပယ် အထွတ်အထိပ်အဆင့်ပဲ ရှိတဲ့ မင်းရဲ့ ကိုယ်ပွားပဲ.. ဒီလောက်ကတော့ ဓားကွက် တစ်ကွက်တည်းနဲ့တင် သတ်ဖြတ်ဖို့လုံလောက်တယ်"

စကားဆုံးသည်နှင့် ကျန်းချန်သည် သူ၏ သွေးနဂါးဓားကို ကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်ရာ အပြာရောင် ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။

အခန်း(၁၀၈၉)ပြီး၏။

All Chapters