သနားစရာအမျိုးသမီး
Vol. 4 Ch. 33
မြို့တော်တွင် နွေဦးကား နီးလုပေပြီ။ တလအတွင်း မည်သည့်လူသတ်မှုမှ ဖြစ်ပွားခြင်းမရှိလေရာ လမ်းကြားဝယ် ပြည့်တန်ဆာများ၊ ဖောက်သည်များနှင့် ပြန်လည်စည်ကားလာ၏။ စီးပွားရေးလုပ်ငန်းများကား စတင်ရန်အရှိန်ယူနေခဲ့လေပြီ။
ရဲဌာနချုပ်၏ အစည်းအဝေးခန်းတွင် ဖြစ်သည်။ ယောက်ထန်းယုအနေနှင့် ပြည့်တန်ဆာလုပ်ငန်းများ အကြီးအကျယ် လုပ်ကိုင်နေကြခြင်းကို လုံးဝသဘာမကျ။ ဤလုပ်ငန်းကို ရဲများအနေနှင့်သေချာပေါက် နှိပ်ကွပ်ထားရမည် မဟုတ်ပါလား။ သို့သော် ပြည်သူများ၏ အသက်က်ိုကာကွယ်ရန် ဤလုပ်ငန်းကို သူ မဖြစ်မနေ မျက်ကွယ်ပြုထားရမည်သာ။
"ကော်မရှင်နာယောက် ကျုပ်အနေနဲ့ လမ်းကြားထဲတာဝန်ချထားတဲ့ရဲတွေကို ပြန်ဆွဲထုတ်ဖို့ အကြံပြုချင်တယ်"
ဒုကော်မရှင်နာကျန်းယွဲ့ရှန်က ပြောလိုက်၏။
"ဌာနအတော်များများအနေနဲ့ နေ့စဥ်လုပ်ငန်းတာဝန်တွေ ဆောင်ရွက်တဲ့နေရာမှာ လူမရှိတဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်"
"ကျန်းကျင်းခိုင် မင်းဘယ်လိုထင်သလဲ"
ကော်မရှင်နာယောက်က မေးခွန်းကို တိုက်ရိုက်မဖြေပဲ ကျန်းကျင်းခိုင်အား လွှဲချလိုက်သည်။
"ကျုပ်အနေနဲ့ကတော့ လမ်းကြားတာဝန်ကို မဖျက်သိမ်းသင့်သေးဘူးလို့ မြင်တယ်"
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်၏။
"ပြီးခဲ့တဲ့တလအတွင်း ဘာလူသတ်မှုမှ မဖြစ်ဘူးဆိုတာ ကျုပ်တို့ရဲတပ်ဖွဲ့ဝင်တွေရဲ့ကြိုးပမ်းအားထုတ်မှုက သက်ရောက်မှုရှိတယ်ဆိုတာကို သက်သေပြနေတယ်"
ကျန်းယွဲ့ရှန် တွေခနဲ ဖြစ်သွား၏။
"ဒါမှမဟုတ် ဒီလိုလုပ်ရင်ကော ကျုပ်တို့ နောက်တလလောက် ဒီအတိုင်းပဲ ဆက်သွားမယ် လာမဲ့တလအတွင်းမှာ ဘာလူသတ်မှုမှ မဖြစ်ဘူးဆိုရင် အင်အားကို တဖြည်းဖြည်း လျှော့သွားကြမယ်"
ဒုကော်မရှင်နာကျန်းအနေနှင့်လည်း မြို့တော်တဝှမ်းရှိ ပြည့်တန်ဆာလုပ်ငန်းကို နှိမ်းနှင်းရန် တာဝန်ရှိလေရာ သူ့အနေနှင့်လည်း ဖိအားမှာ မသေးလှချေ။
"ကောင်းပြီ ကျုပ် သဘောတူတယ်"
ယောက်ထန်းယု သဘောတူလိုက်၏။ ထို့နောက် အစည်းအဝေးကို သူ တန်းဖြုတ်လိုက်လေသည်။ တခနအကြာတွင် ယောက်ထန်းယုက ကျန်းကျင်းခိုင်အား သီးသန့်ခေါ်ပြောပြန်၏။
"ကျန်းကျင်းခိုင် မင်းလူတွေကို လာမဲ့ရက်တွေအတွင်း ပိုပြီးဂရုစိုက်ခိုင်း မကောင်းတာတခုခု ဖြစ်တော့မယ်လို့ ကျုပ် ခံစားနေရတယ်"
ကျန်းကျင်းခိုင် ခေါင်းညိတ်ပြလိုက်သည်။ ယောက်ထန်းယုကဲ့သို့ပင် သူကိုယ်တိုင်လည်း ခံစားနေရသည် မဟုတ်ပါလား။ လူသတ်မှုများသည် ဘာရည်ရွယ်ချက်မှမရှိပဲ ကြုံသလိုသတ်ဖြတ်နေသည်ဟု ထင်ရသော်လည်း လူသတ်သမားအနေနှင့် သားကောင်များကို ကျပန်းရွေးချယ်နေခြင်းမဟုတ်ဟု ကျန်းကျင်းခိုင် ယူဆထားသည် မဟုတ်ပါလား။
အားကျောက်ကား ပုံမှန်အလုပ်တခုနှင့် နေသားကျနေပြီ ဖြစ်သည်။ သူမသည် အချိန်တိုင်းလိုလိုတွင် ကလေးများနှင့်အတူ အချိန်ဖြုန်းနေရ၏။ တနေကုန် အလုပ်လုပ်ပြီးသကာလ သူမအနေနှင့် အနားယူရန်ပင် အချိန်မရချေ။ သို့သော် သူမ ပျော်နေ၏။ ဤအလုပ်သည် သူမအတွက် ရှင်သန်ခြင်း၏ အဓိပ္ပါယ်ကို ပေးစွမ်းနေသည် မဟုတ်ပါလား။
အသစ်ဖွင့်လှစ်လိုက်သော အနုပညာသင်တန်းကတော့ သူမအတွက် အောင်မြင်မှုတရပ်ပင်။ ယနေ့ခေတ်တွင် မိဘများသည် သားသမီးများ၏ ပညာရေးကို ရင်းနှီးမြှုပ်နှံမှုတရပ်သဖွယ်သဘောထားကြလေရာ ထိုအတွက် ငွေထုတ်ရန် လက်မတွန့်ကြတော့ချေ။ ထို့ကြောင့် ငွေကြေးထက် အဆင့်မှီပြီး ထူးချွန်သော ဆရာများရရှိရန်သာ အရေးကြီးလာတော့၏။
ဖန်းလီနာသည် ထိုသို့သော မိဘမျိုး ဖြစ်သည်။ အားကျောက်၏ သင်တန်းတွင် တက်ရောက်နေသည့် သမီးတယောက် သူမတွင် ရှိ၏။ သူမ၏သမီးလေး တရက်တခြား ထူးချွန်လာသည်ကိုကြည့်ရင်း သူမမှာ ပျော်မဆုံးမော်မဆုံး ဖြစ်နေ၏။
ဖန်းလီနာသည် ဟိုတယ်မန်နေဂျာတဦး ဖြစ်သည်။ ယနေ့တွင် ယောက္ခမနေမကောင်းကြောင်း ယောကျာ်းလုပ်သူမှ ဖုန်းဆက်လာ၍ သမီးအား မူကြိုတွင် သွားကြိုရန်မှာ သူမ၏ တာဝန်ဖြစ်လာတော့သည်။ အိမ်နှင့် မူကြိုကျောင်းမှာ သိပ်မဝေးလှလေရာ ၎င်းမှာ ပြသနာကြီးတော့ မဟုတ်။ သို့သော် အိမ်နှင့်မူကြိုကျောင်းအား ဆက်သွယ်ထားသည့်လမ်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များရှိနေသည့် လမ်းတလမ်းထဲသာရှိနေသည်။ ထို့ပြင် ထိုလမ်းသည် အတိုဆုံးလမ်း ဖြစ်နေ၏။
ဖန်းလီနာသည် ကလေးတယောက်အမေဖြစ်သော်ငြား ပုံမှန်လေ့ကျင့်ခန်းယူထားလေရာ အရွယ်တင်၏။ နုပျို၏။ သွယ်လျလျကိုယ်ခန္ဓာနှင့် အပျိုများရှုံးလောက်အောင် ချောမောသူလေး ဖြစ်လေသည်။ ထို့ကြောင့် ဆောက်လုပ်ရေးလမ်းသွယ်အား ဖြတ်လာချိန်တွင် လူတချို့က သူမအား မျက်လုံးကျွတ်ကျမတတ် ဝိုင်းငမ်းနေကြ၏။
နောက်ကျောမလုံတော့၍ ဖန်းလီနာ ခြေလှမ်းကို မြန်လိုက်၏။ တလမ်းလုံး သူမ၏ ဒေါက်ဖိနပ်သံ တခွပ်ခွပ်သာ ထွက်ပေါ်နေလေသည်။ လမ်းသွယ်ကို ဖြတ်ပြီးသွားမှ သူမ စိတ်သက်သာရသွား၏။ ငါတော့ အောင်အောင်မြင်မြင် ဖြတ်လာနိုင်ပြီဟုတွေးရင်း လှမ်းမြင်နေရသော မူကြိုကျောင်းဆီ သူမ ဦးတည်လိုက်သည်။
ဖြစ်ချင်တော့ သူမ၏ ဒေါက်ဖိနပ်ခွာတဖက်ကို ပြုတ်ထွက်လုနီးပါး ဖြစ်လာ၏။ ရှေ့ကိုကား နောက်ထပ် မီတာ၂၀၀ခန့် လျှောက်ရပေအုံးမည်။ ထိုအခါ ဖန်းလီနာသည် အနီးရှိ အဆောက်အဦးတခု၏ နံရံကို မှီကာ ပြုတ်လုနီးပါးဖြစ်နေသော ခွာတဖက်ကို ပြန်တပ်ရန် ကြိုးစားလိုက်လေသည်။ ကြည့်ရသည်မှာ ဆောက်လုပ်ရေးလမ်းကြားကို ဖြတ်သန်းနေစဥ် ခွာတဖက် ထိသွားပုံရ၏။
"ဟူး"
သူမ သက်ပြင်းချလိုက်၏။ ဒေါက်မြင့်ဖိနပ်စီးရသောဒုက္ခပါလားဟု သူမ တွေးမိလေသည်။ ထိုအချိန်မှာပင် လူတယောက်က သူမ၏ခေါင်းကို ဘက်တံတခုနှင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။
--------------
"အစ်မယင် မာမီ ဘာလို့ ခုထိမလာသေးတာလဲဟင်"
မိခင်အား စောင့်ဆိုင်းနေသည့် ကလေးမလေးက စိတ်ပူလာဟန်ဖြင့် အားကျောက်ကို မေးလိုက်သည်။
"စိတ်မပူပါနဲ့ကွယ် သူ ခနနေရောက်လာမှာပါ"
အားကျောက်က ပြန်ဖြေလိုက်သည်။
"ဟော ကြည့်စမ်း အစ်မမှာ ချောကလက်တခုရှိတယ် သမီးစားမလား"
"အစ်မယင်ပဲ ပြောတယ် ချောကလက်တွေအများကြီးစားတာ မကောင်းဘူးဆို"
ယွမ်ယွမ်က ပြောလိုက်၏။
"ဒီနေ့ပဲ အစ်မ သမီးကို ချောကလက်လေးခု ကျွေးပြီးပြီလေ"
"ဒါဆို အစ်မက သမီးကို ပုံပြင်တပုဒ် ပြောပြရမလား"
အားကျောက်က ကလေးမလေး၏ အာရုံကို ပြောင်းရန် ကြိုးစားလိုက်သည်။
"မကြိုက်ပါဘူး"
ယွမ်ယွမ်က ခေါင်းခါလိုက်သည်။
"သီချင်းဆိုတာ နားထောင်ချင်တယ် သမီးအမေက သမီးကို ခနခန သီချင်းဆိုပြတယ်"
"သီချင်း ဟုတ်လား"
အားကျောက် စဥ်းစားလိုက်၏။
"ဟုတ်ပြီ သမီးလဲ အစ်မနဲ့ အတူတူ ဆိုရမယ်နော် သမီး အသေးလေးဘန်နီအရူး အရူးဆိုတဲ့သီချင်းကိို ရတယ်မလား"
ထို့နောက် သူတို့နှစ်ယောက်သည် မူကြိုကျောင်းရှေ့အုတ်ခုံတွင်ထိုင်ကာ သီချင်းဆိုနေကြလေသည်။ ထိုအချိန်တွင် သနားစရာကလေးမလေး၏ မိခင်ကား လူမဆန်သည့်ကြမ်းကြုတ်မှုမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရရှာလေပြီ။
--------------------
ထိုလူသည် ဖန်းလီနာအား ဝေစင်းကိုဖမ်းဆီးခေါ်ဆောင်သွားသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ပင် ဖမ်းဆီးခေါ်ဆောင်သွား၏။ ထို့နောက် သူက သူမကို ဖားတကောင်ကဲ့သို့ ကြိုးနှင့်တုပ်လိုက်လေသည်။ တဖန် သူသည် သူမ၏ တကိုယ်လုံးက်ို ထုံးစံအတိုင်း စမ်းသပ်ပြန်၏။
တခနအကြာ ထိုလူထံမှ ရေရွတ်သံ ထွက်ပေါ်လာသည်။
"ထွီ ဒီကောင်မက အပျိုမဟုတ်ပါလားဟ"
ဝေစင်းအား အကြမ်းဖက်ပြီး ထိုလူ ပို၍အကောင်းကြိုက်လာသည်မှာ သေချာနေ၏။
ကြိုးများဖြင့် တင်းကျပ်စွာ တုပ်နှောင်ခံထားရသည့် ဖန်းလီနာတယောက် ထိုနေရာမှ လွတ်မြောက်နိုင်စွမ်းမရှိတော့သည်မှာ သေချာနေ၏။ မှိန်ဖျော့ဖျော့လရောင်အောက်ဝယ် ထိုလူ၏ ကိုယ်ခန္ဓာသည် ရှေ့တိုးနောက်ငင် လှုပ်ရှားနေသည်ကို မြင်နေရ၏။ ထိုလူအောက်မှ ဖန်းလီနာအား မသဲမကွဲနှင့် ငြီးငြူလျက်ရှိလေသည်။
ထိုနေ့ညတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ပတ်ပတ်လည်သည် တိတ်ဆိတ်လှ၏။ ဖန်းလီနာ၏ ငြီးတွားငိုကြွေးသံများသည် ညအမှောင်ကို ဖောက်ထွင်းကာ အဝေးဆီသို့တိုင် ပျံ့လွင့်သွားလေသည်။ သို့သော် ပတ်ဝန်းကျင်တခုလုံး တစပြင်ပမာ တိတ်ဆိတ်ခြောက်ကပ်လျက်ရှိရာ မည်သူမှ သူမ၏အသံကို မကြားကြချေ။
-----------------
"ဟူး အချိန်တော်တော်တော်လင့်သွားပြီ သူ ဘာလို့ ခုထိနောက်ကျနေတာပါလိမ့်"
ဖုန်းစကရင်ပေါ်မှ အချိန်ကိုကြည့်ရင်း အားကျောက် ရေရွတ်လိုက်သည်။ ည၁၁နာရီပင် ရှိလေပြီ။
သူ့အမေတခုခုများ ဖြစ်နေသလား မသိဘူး..
အားကျောက် စိတ်မသက်မသာနှင့် တွေးလိုက်မိသည်။ ယွမ်ယွမ်ပင်လျင် အိပ်မောကျသွားပြီ ဖြစ်သည်။ အားကျောက် မူကြိုကျောင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။ မီးများပိတ်သွားလေပြီ။ အားကျောက်၏ လုပ်ဖော်ကိုင်ဖက်များ ပြန်သွားပြီဖြစ်ကြောင်း သိသာနေသည်။ ဤအချိန်တွင် သူမ လုပ်နိုင်သည်မှာ ယွမ်ယွမ်၏မိဘများထံ ဖုန်းခေါ်ရန်သာဖြစ်ကြောင်း အိပ်ပျော်နေသော ယွမ်ယွမ်ကိုကြည့်ရင်း အားကျောက် တွေးမိ၏။ယ
----------------
အဆောက်အဦးလုပ်ငန်းခွင်တွင်တော့ ထိုလူသည် ဟောဟဲလိုက်လျက်ရှိသည်။ သူ့ဘေးနားတွင် ဖန်းလီနာ လဲနေ၏။ သို့သော် ကိစ္စဝိစ္စမှာ မပြီးသေး။ အတန်ကြာသော် ထိုလူ၏ စိတ်ထဲတွင် ယုတ်မာသောအကြံတခုကို တွေးမိပြန်၏။
ဒီကောင်မက အပျိုလဲမဟုတ်တော့ဘူး...ငါ နောက်တမျိုး စမ်းကြည့်အုံးမယ်...
သိပ်မကြာမီ လူမဆန်သောဆက်ဆံမှုကြောင့် အပြင်းအထန် နာကျင်နေသည့် ဖန်းလီနာ၏ အော်သံ ထွက်ပေါ်လာ၏။ ထိုလူကား ကောင်းကောင်းကြီး အရသာခံလျက်ရှိလေသည်။