← Chapters

အားတောက်၏ ကလဲ့စား

Vol. 4 Ch. 36

အားတောက်၏ ကလဲ့စား

Vol. 4 Ch. 36

တရားဥပဒေစိုးမိုးရေး အားကောင်းသော လူအဖွဲ့အစည်းမျိုးတွင် ရဲတပ်ဖွဲ့ဝင်များအနေနှင့် တာဝန်ထမ်းဆောင်ရာတွင် ကန့်သတ်ချက်များစွာ ပေါ်ပေါက်လာတတ်၏။ ဤကန့်သတ်ချက်များသည် ဥပဒေကိုလိုက်နာသော နိုင်ငံသားများ၏ ကိုယ်ရေးကိုယ်တာနှင့်အခွင့်အရေးများကို အာမခံပေး၏။ သို့သော် ဥပဒေကိုချိုးဖောက်သော ရာဇဝတ်သားများကို ဖမ်းဆီးအရေးယူရာတွင်တော့ အခက်အခဲများ ဖြစ်ပေါ်စေတတ်လေသည်။ တစ်ခါတစ်ရံတွင် ဥပဒေသည် သင့်အတွက် တရားမျှတမှုကို မပေးနိုင်။ ထိုအခါ တရားမျှတမှုကို ကိုယ့်နည်းလမ်းနှင့်ကိုယ် ဖော်ဆောင်ရသည့် အခိုက်အတန့်မျိုး ကြုံလာရနိုင်၏။

ဝေစင်း၏ ဈာပနအခမ်းအနားပြီးဆုံးပြီး နောက်တရက်တွင် ဖြစ်သည်။ အားမင်သည် သူ့လူငယ်လေးဦးနှင့်အတူ အကြမ်းဖက်သမား၏ အခန်းကို ရှာတွေ့သွားတော့၏။

"မင်းမဆိုးဘူး ကစားပွဲရဲ့စည်းမျဥ်းတွေကို ကောင်းကောင်းသိနေတဲ့ပုံပဲ"

အားမင်က ထိုလူ၏ ဆံပင်က်ို ပွတ်သပ်ဆော့ကစားရင်း ပြောလိုက်သည်။ ထိုအချိန်တွင် ထိုလူသည် အားမင်၏လူငယ်များလက်ထဲတွင် စင်းစင်းကြီးအချုပ်ခံနေရလေပြီ။

"မင်း... မင်းတို့ ငါ့ကို ဘာလုပ်နေတာလဲ"

ထိုလူ သွေးရူးသွေးန်းနှင့် မေးနေ၏။ အားမင်ကို သူ မမှတ်မိ။ သို့မဟုတ် အင်တာနက်ကဖေးဆိုင်ဖြစ်ရပ်တွင် အာမင် ပါမနေခဲ့သည်လည်း ဖြစ်နိုင်၏။

"အော် မင်းက ကိုယ့်ကိုယ်ကို သောက်ရမ်းအကြောတင်းတဲ့ကောင်လို့ ထင်နေတယ်ပေါ့လေ ဟုတ်လား"

ပြောပြောဆိုဆို အားမင်က ထိုလူ၏ပါးစပ်ကို အားရပါးရ ထိုးထည့်လိုက်၏။ ထိုလူ၏ သွားအတော်များများ ပြုတ်ထွက်ကုန်ပြီး ပါးစပ်မှ သွေးများပန်းထွက်လာလေသည်။

"အခုတော့ သိပ်အကြောမတင်းနိုင်ဘူးမလား"

ထိုလူ၏ မျက်နှာကိုကြည့်ပြီး အားမင်က မေးလိုက်၏။ ထို့နောက် သူကထိုလူ၏ဆံပင်ကို ဆုပ်ဆွဲကာ ပြောလိုက်ပြန်သည်။

"ဘယ့်နှယ်လဲ အရှုံးပေးချင်စိတ်ပေါ်လာပြီလား"

စကားဆုံးသည်နှင့် သူက ထိုလူ၏ နှာခေါင်းကို လက်သီးနှင့် ပိတ်ထိုးလိုက်ပြန်သည်။

"အစ်ကိုမင် ဖုန်းခေါ်ဆိုမှုက အစ်ကိုလုံဆီက ဖုန်းလာနေတယ် ဒီကောင် မိန်းကလေးတွေကို မုဒိမ်းကျင့်ခဲ့တဲ့နေရာ သူတွေ့ပြီတဲ့"

အားမင်၏ လူငယ်တဦးက ဝင်လာသောဖုန်းကို ပြန်ဖြေပြီး အစီရင်ခံလိုက်သည်။

"ကောင်းပြီ"

အားမင်က လက်သီးကို ပွတ်သပ်ရင်း ဝမ်းသာအားရ ပြောလိုက်သည်။ ထို့နောက် သူ ထိုလူ၏ နားထင်ကို ပစ်ထိုးလိုက်လေရာ ထိုလူ ခေါင်းစိုက်သွား၏။ သတိလစ်သွားမှန်း မြင်ရုံနှင့် သိသာနေသည်။

"ဒီကောင့်ကို ခေါ်သွား ပြီးရင် အစ်ကိုတောက်ကို ဖုန်းခေါ်ပြီး ဒီကောင် ငါတို့လက်ထဲရောက်နေပြီလို့ ပြောလိုက်"

အားမင်က ညွှန်ကြားလိုက်သည်။ ထို့နောက် ထိုလူ ငှားရမ်းထားသောအိမ်ကို ညွှန်ပြပြီး သူ အမိန့်ပေးလိုက်၏။

"အကုန်ဖျက်စီးပြီး မီးရှို့လိုက် ဘာမှအစအန မကျန်စေနဲ့"

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်သည်။ လူငယ်ဆယ်ကျော်သက်များ စုရုံးနေကြ၏။ အားမင်နှင့် အားလုံတို့သည် အားတောက်၏ဘေးတွင် ရပ်နေကြပြီး ကြမ်းပြင်ရှိ ရွံစရာလူ့တိရိစ္ဆာန်ကို ဝိုင်းကြည့်နေကြသည်။

"မင်းမှာ အသက်ကိုးချောင်းတော့ မပါဘူးနဲ့တူတယ်"

အားတောက်က ကြမ်းပြင်ပေါ်ရှိ ထိုလူကို ကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူသည် ပြောင်နေသောခေါင်းကို လက်ဖြင့်ပွတ်သပ်ပြီး ထိုလူ၏ဝမ်းဗိုက်ကို ဖိနပ်ဦးဖြင့် အသားကုန်ကျုံးလိုက်လေသည်။

"အား"

ထိုလူ ညည်းညူသံထွက်ပြီး ပြန်သတိရလာ၏။

"မင်း... မင်းတို့... ငါ့ကို မသတ်ရဲပါဘူးကွာ"

သူ့အသံမှာ မပီမသဖြစ်နေ၏။ အကြောင်းမှာ အားမင်က သူ့နှုတ်ခမ်းများကို တွဲချုပ်ထားသောကြောင့်ပင်။

"ကြိုက်ပြီ ငါကလဲ ခေါင်းမာတဲ့ကောင်မျိုးကိုမှ သဘောကျတာ"

စကားဆုံးသည်နှင့် အားတောက်သည် ထိုလူ၏ အောက်မေးရိုးကို ဆောင့်ကန်လိုက်၏။ ထိုလူ ဒလိန့်ကောက်ကွေး လွင့်စင်သွား၏။ သူ ပါးစပ်မဟနိုင်တော့။ သူ့အောက်မေးရိုးမှာ သွင်သွင်ကျိုးသွားလေပြီ။

"အသံထွက်အုံးလေကွာ ဘာဖြစ်တာလဲ မင်းလျှာ ကြောင်စားသွားလို့လား"

ပြောပြောဆိုဆို အားတောက်သည် ထ်ိုလူ၏ ရင်ဘတ်ကို အားရပါးရပင် ဆောင့်ကန်လိုက်၏။ အရိုးကျိုးသံများ တကျွတ်ကျွတ် ထွက်ပေါ်လာသည်။ ထိုလူ၏ နံရိုးများပါ ကျိုးသွားလေပြီ။

"ခွေးမသား"

အားတောက်သည် ဆဲဆိုပြီး ထိုလူ၏ လည်မြိုကို ဘယ်ပြန်ညာပြန် လိမ်ညှစ်တော့သည်။ ထိုလူ၏ လည်ပင်းမှ သွေးပြန်ကြောများကို အတိုင်းသား မြင်တွေ့နေရ၏။

​သေခြင်းတရားကို အနံ့ခံမိသော ထိုလူ၏မျက်နှာတွင် ကြောက်လန့်ဟန်၊ မျှော်လင့်ချက်ကင်းမဲ့ဟန်များ ထင်ဟပ်လာ၏။ သူ့အဖို့ ဤယနေ့ အဆုံးသတ်ပြီမှန်း သူသိလိုက်ပေပြီ။

"ဒီခွေးသားကို ဆွဲထူလိုက်စမ်း"

အားတောက်က အမိန့်ပေးလိုက်သည်။

"ဒီကောင်ကို အေးအေးဆေးဆေး မြှင်းပြီးသတ်ရမယ်"

အားတောက်၏ လူများသည် ထိုလူကို မိန်းကလေးများ မုဒိန်းကျင့်ခံရသည့်ပုံစံအတိုင်း ချည်နှောင်လိုက်ကြ၏။ သူ့လူများ ပြီးသွားသည်နှင့် အားတောက်က ထိုလူဆီသို့လျှောက်သွားပြီး ကျောကို ခြေနှင့်ဆောင့်နင်းပြီး လက်မောင်းများကို ဆွဲကာ အော်လိုက်သည်။

"ချည်ထားတာ မတင်းသေးဘူးကွ"

ပြင်းထန်သောနာကျင်မှုကြောင့် ထိုလူ၏ လည်ချောင်းထဲမှ ငြီးငြူသံများ ထွက်လာ၏။

သေစမ်း တကယ်မတင်းသေးဘူးကွ ​ကြိုးတွေထပ်ပေးစမ်းဟေ့"

ပြောပြောဆိုဆို သူက ထိုလူအား ကြမ်းပေါ်ပစ်ချပြီး အရွတ်များကို ဘွတ်ဖိနပ်ဖြင့် ဆောင့်နင်းနေလေသည်။ မကြာမီ အားတောက်၏လူများ ကြိုးများနှင့် ပြန်ရောက်လာ၏။ ထိုလူမှာ ကြိုးတင်းအားကြောင့် အရေပြားမှ သွေးများပင် စိမ့်ထွက်လာလေသည်။ ထို့နောက် အားတောက်က ပြောလိုက်၏။

"ခွေးမသားကို မှောက်ထားလိုက်စမ်းကွ ပျော်စရာလေးနည်းနည်းပါးပါးလုပ်ရအောင်"

ထို့နောက် ယောကျာ်းမုဒိန်းကျင့်ပွဲကြီးကား စလေပြီ။ ထိုလူသည် အသံမျိုးစုံနှင့် အော်ဟစ်ငြီးငြူနေ၏။ သူ့အနေနှင့် မည်သို့တောင်းပန်သည်ဖြစ်စေ သူ့အသက်မှာ သူ့လက်ထဲတွင် မရှိတော့။ သူ့အသက်သည် ဒါဇင်နှင့်ချီသော လူငယ်များ၏ လက်ထဲတွင် ရောက်နေခဲ့လေပြီ။ ယနေ့ညတွင် အနှီလူငယ်များသည်ပင် တမန်တော်များဖြစ်သလို နတ်ဆိုးများ ဖြစ်ကြ၏။ သူတို့အနေနှင့် ရဲများမလုပ်နိုင်သည့်အလုပ်တခုကို ဆောင်ရွက်နေခြင်း ဖြစ်သည်။မည်သို့ဆိုစေ နတ်ဆိုးများက နတ်ဆိုးတကောင်အား အပြစ်ပေးနေသည့်မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

နောက်တနေ့မနက်တွင် ဝေစင်း၏အုတ်ဂူအနီး၌ အလောင်းတစ်လောင်း ရှိနေ၏။ ဖားတကောင်ပုံသဏ္ဍာန် ချည်နှောင်ထားသော ထိုအမျိုးသားတစ်ဦး၏အလောင်းမှာ တကိုယ်လုံး ဒဏ်ရာများနှင့်မွစာကျဲနေပြီး အရိုးများစွာ ကျိုးနေလေသည်။

ယောက်ထန်းယုနှင့် ကျန်းကျင်းခိုင်တို့သည် တခြားရဲအရာရှိများနှင့်အတူ ရဲဂူဗိမာန်သို့ ရောက်လာကြ၏။ရဲများအနက် မည်သူမှ အနှီလူသတ်မှုကို စုံစမ်းစစ်ဆေးရန် စိတ်မပါကြချေ။ ထိုလူ မည်သူမည်ဝါဟူသည်ကိုလည်း သူတို့ ဂရုမစိုက်။ ပြည်သူများက မိန်းကလေးများအား အကြမ်းဖက်နေသူတဦးကို ဖယ်ရှားလိုက်ပြီဟုသာ သူတို့နားလည်လိုက်ကြ၏။ အခြားတစ်ဖက်တွင်လည်း အကြောင်းရင်းကို ကျန်းကျင်းခိုင်တဦးသာ ကောင်းကောင်းနားလည်ထားလေသည်။

အလောင်းကို ဖယ်ရှားပြီးနောက် ယောက်ထန်းယုနှင့်ကျန်းကျင်းခိုင်တို့ ကားပေါ်ပြန်တက်လိုက်ကြ၏။

"ထိပ်ပြောင်ဝံပုလွေလက်ချက်ပဲကွ"

ကားနောက်ခန်းမှ ယောက်ထန်းယု၏အသံ ထွက်ပေါ်လာသည်။

"ဒီလိုရက်စက်တဲ့နည်းလမ်းမျိုးကိုသုံးတတ်တာ သူပဲရှိတယ်"

ကျန်းကျင်းခိုင် ဘာမှမပြောပဲ ခေါင်းညိတ်ပြပြီး ဌာနချုပ်ဆီသို့ မောင်းထွက်လာခဲ့လေသည်။

ကျန်းကျင်းခိုင် ထိုနေ့တွင် အလုပ်မှ စောပြန်လာ၏။ သို့သော် ညစာမချက်သလို စားလဲမစားချေ။ ဧည့်ခန်းဆိုဖာပေါ်မှာ စိတ်ပျက်လက်ပျက်နှင့် ငုတ်တုတ်ထိုင်လျက်ရှိသည်။ အိမ်တွင် သူ ဘယ်တော့မှ ညစာမစားတတ်။ အကြောင်းမှာ သူ့ဇနီးနှင့်သမီးလေးတို့သည် ဆိုဖာတခြားဖက်နံရံရှိ ဓာတ်ပုံဘောင်ထဲမှနေ၍ သူ့ကိုအမြဲတမ်းပြုံးပြနေသောကြောင့်ပင်။

လွန်ခဲ့တဲ့ငါးနှစ်က ကျန်းကျင်းခိုင်တွင် ပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်ခဲ့ဖူး၏။ သူ့ဇနီးစုကျင်းသည် မူလတန်းကျောင်းဆရာမတစ်ဦးဖြစ်ပြီး သမီးလေးကျန်းရှင်ရီမှာ ထိုစဥ်က သုံးနှစ်အရွယ်ရှိနေခဲ့ပေပြီ။ သူမသည် စုကျင်းအလုပ်သောကျောင်းမှာပင် မူကြိုတက်နေ၏။ ကျန်းကျင်းခိုင်အတွက် ထိုကာလမှာ ပျော်စရာအကောင်းဆုံးကာလများပင်။ သို့သော် တခါတရံတွင် ကံဆိုးမှုများသည် အဖော်အပေါင်းနှင့် ရောက်လာတတ်၏။

"ကျန်းကျင်းခိုင် ကျုပ်တို့အဖွဲ့ဝင်ကျိုးဟာ အစာအိမ်အနာပြန်ဖြစ်နေတယ် ဒီတော့ မင်း သူ့နေရာကို အစားဝင်ပေးနိုင်မလား"

အင်စပက်တာယောက်ထန်းယုက ကျန်းကျင်းခိုင်၏ ရုံးခန်းထဲ ဝင်လာပြီး မေးလိုက်သည်။

"ရပါတယ်အင်စပက်တာ"

ထို့နောက် ကျန်းကျင်းခိုင်က စုကျင်းကိုဖုန်းဆက်ကာ အလုပ်နောက်ကျမည့်အကြောင်း လှမ်းပြောလိုက်၏။

ထို့နေညမှာပင် ကြီးမားလှသောထောင်ချောက်တခုနှင့် သူတို့ ရင်ဆိုင်လိုက်ရတော့သည်။

ဒုစရိုက်ခေါင်းဆောင်ရှူဝမ်ချွန်းကို ဖမ်းဆီးရန်ပြင်ဆင်နေသော ရဲများ၏ စစ်ဆင်ရေးမှာ နောက်ဆုံးအဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ ရဲသတင်းပေးများ၏ သတင်းပေးချက်အရ ရှူဝမ်ချွန်းတယောက် ရေချိုးအိမ်သို့ လာမည်ဟု သတင်စအတိအကျ ရထားသည်။ အနှီပုဂ္ဂိုလ်သည် အလွန်အန္တရာယ်များပြီး အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။ သူ့ကို လူသတ်မှု၊ ဓားပြမှု၊ မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတို့အပါအဝင် ပြစ်မှုများစွာအတွက် ရဲများမှ အလိုရှိနေ၏။

စစ်ဆင်ရေးမှာ ထိပ်တန်းလဝဖြစ်သည်။ စစ်ဆင်ရေးမှာပါဝင်သည့် ရဲအရာရှိများပင် သူတို့ ထမ်းဆောင်ရမည့်တာဝန်၏သဘောသဘာဝကို မသိကြချေ။ ကျန်းကျင်းခိုင်အဖို့ကား ဤစစ်ဆင်ရေးတွင် မထင်မှတ်ပဲ ပါဝင်လိုက်ရသည့် အခြေအနေမျိုး ဖြစ်သည်။

ည၁၂နာရီထိုးသည်နှင့် စစ်ဆင်ရေးကို စတင်ခဲ့သည်။ သိပ်မကြာမီ ရေချိုးအိမ်ထဲတွင် သေနတ်ပစ်ခတ်မှုများ ပြင်းထန်စွာ ဖြစ်ပွားလာတော့၏။ ရှူဝမ်ချွန်းနဲ့သူ့လူများကလည်း အလျော့မပေးပဲ ပြင်းပြင်းထန်ထန်ပင် ခုခံကြလေသည်။ နောက်ဆုံးတွင် ရှုဝမ်ချွန်းနှင့်သူ့လူနှစ်ယောက်သည် ရဲများ၏ ဝန်းရံထားမှုကို ထိုးဖောက်ထွက်ပြေးသွားနိုင်ခဲ့၏။ သူတို့သုံးယောက် ရေချိုးအိမ်၏ နောက်တံခါးပေါက်သို့ ရောက်လာကြသည်။ ထိုအချိန်မှာပင် အဲဒီမှာတော့ ကျန်းကျင်းခိုင်၏ညွှန်ကြားမှုကြောင့် ပုန်းခိုစောင့်ဆိုင်းနေသည့် ရဲ၆ဦးနှင့် ရင်ဆိုင်တိုးမိတော့သည်။

"လက်မြှောက်ထားလိုက်"

ရဲအရာရှိကျန်းစုန်းနန်က အော်ဟစ်အမိန့်ပေးလိုက်သည်။ သို့သော် သေနတ်သံတချက်ထွက်ပေါ်လာပြီး သူ့နဖူးကို ကျည်တတောင့်ဖောက်ဝင်သွား၏။

ရဲများဘက်မှ ကျည်ဆန်မိုးရွာသွန်းမှုကြောင့် ရှူဝမ်ချွန်းသည် ချက်ချင်းပင် တိုင်ကြီးတတိုင်နောက်တွင် ပုန်းအောင်းလိုက်သည်။ သူ့လူနှစ်ဦးကတော့ ကံမကောင်းရှာ။ ကျန်ဆန်အများအပြား ထိမှန်ခံရပြီး နေရာမှာပင် အသက်ပျောက်ကုန်ကြလေသည်။

"ရှူဝမ်ချွန်း မင်းကိုဝိုင်းထားပြီးပြီ ပြေးမလွတ်တော့ဘူး"

ဒုခေါင်းဆောင်ကျောက်ယုကျွန်းက ပုန်းခိုနေသောနေရာမှ လှမ်းအော်လိုက်သည်။ သို့သော် သေနတ်သံ၂ချက်နှင့် ရှုဝမ်ချွန်းက တုံ့ပြန်လိုက်၏။

ထိုအချိန်တွင် ကျန်းကျင်းခိုင်သည် တိုင်ကြီး၏ နောက်တဖက်ခြမ်းသို့ရောက်နေပြီး ရှူဝမ်ချွန်းကို နောက်ပိုးသိပ်ရန် အသင့်ဖြစ်နေ၏။ သူက ကျောက်ယုကျွန်းကိုအချက်ပြလိုက်သည်။

ကျောက်ယုကျွန်းကလည်း ကျန်းကျင်းခိုင်၏စိတ်ကူးကို နားလည်သွားပြီး ယောင်ပြပစ်ခတ်မှုများ ဖန်တီးလိုက်၏။ ထိုအချိန်မှာပင် ကျန်းကျင်းခိုင်က ရှုဝမ်ချွမ်းထံသို့ လှိမ့်ဝင်လာပြီး ၎င်း၏ပေါင်ကို ပစ်ခတ်လိုက်လေသည်။

"သူဌေး"

ရှုဝမ်ချွမ်းကိုကယ်တင်ရန် ရေချိုးအိမ်ထဲမှ သူ့လူအများအပြား ပြေးထွက်လာကြသည်။ သို့သော် ရဲများ၏ပစ်ခတ်မှုကြောင့် အတုံးအရုံး လဲကျကုန်ကြ၏။

ထိုအချိန်မှာပင် ရှုဝမ်ချွမ်း၏ ပစ်ခတ်မှုကြောင့် နောက်ထပ်ရဲတဦး လဲကျသွားပြန်သည်။

"ဆရာကျန်း အဲဒီခွေးမသားကို ပစ်ချလိုက်တော့"

ကျောက်ယုကျွန်း၏ အော်သံထွက်ပေါ်လာ၏။ အော်သံနှင့်အတူ ကျန်းကျင်းခိုင်၏သေနတ် မီးပွင့်သွားသည်။ ကျည်ဆန်သည် ရှုဝမ်ချွမ်း၏အသက်ကို တခါတည်း နှုတ်ယူသွားလေ၏။

All Chapters