← Chapters

ထိပ်ပြောင်ဝံပုလွေ၏ ဒဏ္ဍာရီ

Vol. 4 Ch. 37

ထိပ်ပြောင်ဝံပုလွေ၏ ဒဏ္ဍာရီ

Vol. 4 Ch. 37

ဤစစ်ဆင်ရေးသည် ရဲတပ်ဖွဲ့တစ်ခုလုံးကို စိတ်လှုပ်ရှားစေရုံသာမက ထိတ်လန့်ခြောက်ခြားစေခဲ့သည့်တိုက်ပွဲကြီးဖြစ်သည်။ ရှုဝမ်ချွမ်းကို ဖမ်းဆီးနေသည့်အချိန်မှာပင် မြို့တစ်ဝှမ်းရှိ ရှုအဖွဲ့၏ လုပ်ငန်းများအားလုံးကို ရဲများက ဝင်ရောက်စီးနင်းခဲ့ကြ၏။ ထိုညတွင်ရှုအဖွဲ့ဝင်၃၈ဦးခန့် အသတ်ခံခဲ့ရလေသည်။ သို့သော် ထိုအထဲတွင် ရှုဝမ်ချွမ်း၏ ညာလက်ရုံးရှုကွမ်းလျန်မှလွဲ၍ အားလုံးပါဝင်ခဲ့၏။ ရှုကွမ်းလျန်ကို တချို့က ထိပ်ပြောင်ဝံပုလွေဟု ခေါ်ကြသည်။

ခမ်းနားကြီးကျယ်သော အောင်ပွဲကြောင့် ရဲများအနေနှင့် တဦးတလေလောက် လွတ်မြောက်သွားသည်ကို စိုးရိမ်နေရန် အကြောင်းမရှိ။ သို့သော် ထို တဦးတည်းသောသူက သူတို့အား ဘယ်သောအခါမှ မေ့မရနိုင်သည့် လက်ဆောင်တစ်ခု ချန်ထားခဲ့မည်ကို ထိုအချိန်က မည်သူမှ သတိမမူမိကြချေ။

ရှုဝမ်ချွမ်းအမှုပိတ်သိမ်းပြီးနောက် တစ်လအကြာတွင် လူတိုင်းနီးပါး ထိုအဖြစ်အပျက်များကို မေ့လျော့ကုန်ကြပြီ ဖြစ်သည်။ မည်မျှပင် စိတ်ဝင်စားဖွယ်ကောင်းသည့် အမှုတစ်ခုဖြစ်စေကာမူ ယခုတွင် အရာအားလုံးမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီ မဟုတ်ပါလား။ သို့သော် တစ်နေ့တွင်တော့ ရဲဌာနချုပ်ရှေ့လမ်းပေါ်တွင် အလောင်းတလောင်းရောက်နေကြောင်း လူတိုင်း မြင်လိုက်ရလေသည်။

ထိုအလောင်းသည် ယောက်ျားကြီးတစ်ဦး၏ အလောင်းဖြစ်သည်။ အလောင်းမှာ မီးလောင်ကျွမ်းထားပြီး အရိုးအများစု ကျိုးနေကာ အသားဟူ၍အစအနသာ ကျန်တော့၏။ ခြေလက်များကို ကြိုးနှင့်တုပ်နှောင်ထားပြီး ဦးခေါင်းခွံမှာလည်း ပျက်စီးနေ၏။ ထိုလူသည် သေဆုံးခါနီးအချိန်ထိ ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရကြောင်း သိသာနေ၏။ အားရပါးရနှိပ်စက်ပြီးမှ လူကို မီးရှို့လိုက်ခြင်းပင်။

ခရိုင်ခွဲရဲတပ်ဖွဲ့၏ ဒုခေါင်းဆောင်ကျောက်ယုကျွန်းသည်လည်း ထိုနေ့မှစ၍ ပျောက်ဆုံးသွားခဲ့လေသည်။ အချိန်အတော်ကြာမှ ထိုအလောင်းသည် ကျောက်ယုကျွန်း၏ အလောင်းဖြစ်ကြောင်း ရဲများ သဘောပေါက်လာ၏။ နောက်ရက်အနည်းငယ်အကြာတွင်တော့ ရှုဝမ်ချွမ်းကို လိုက်လံဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရဲအများအပြား တစ်ဦးပြီးတစ်ဦး အသတ်ခံရတော့သည်။ ကံကောင်းသည်မှာ ကျန်းကျင်းခိုင်တယောက် တခြားမြို့သို့ရောက်နေ၍ မည်သည့်အန္တရာယ်မှ မကြုံခဲ့ရပေ။

သို့သော် လွတ်မြောက်သွားသူလူဆိုးသည် ကျန်းကျင်းခိုင်အား အခြားတနည်းဖြင့်တော့ လက်စားချေနိုင်ခဲ့၏။ ပြစ်မှုကျူးလွန်သူအနေနှင့် ကျန်းကျင်းခိုင်၏မိသားစုအား အန္တရာယ်ပြုနိုင်ကြောင်း သတိထားမိချိန်တွင် စုကျင်းနှင့် ကျန်းရှင်ရီတို့နှစ်ယောက် အသက်ပျောက်နေခဲ့ရှာလေပြီ။

မှုခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သည့် ရဲများကိုယ်တိုင် မြင်ကွင်းမှာ စိတ်ထ်ိခိုက်စရာကောင်းလွန်း၍ စကားမဟနိုင်ကြချေ။ ကျန်းကျင်းခိုင်၏ ဇနီးနှင့်သမီးကို ဓာတ်ဆီပေပါကြီးအတွင်း ထည့်ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ကလေးသည် စုကျင်းရင်ခွင်ထဲတွင် ကြိုးတုပ်လျက်သားအသက်ပျောက်နေ၏။ မီးခိုးများကြောင့် အသက်ရှုကျပ်ပြီး သေဆုံးသွားပုံရသည်။ အကြောင်းမှာ ကလေးငယ်ကျန်းရှင်ရီအနေနှင့် သိပ်များများစားစား မီးလောင်ထားခြင်းမရှိ။ သို့သော်စုကျင်း၏အခြေအနေမှာ ကွဲပြားလှ၏။ သူမ၏ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး မီးလောင်ကျွမ်းသွားပြီး အရိုးသာကျန်တော့၏။ ကြည့်ရသည်မှာ ဓာတ်ဆီပေပါသည် အပြည့်မဟုတ်ပဲ ပုံးအောက်ခြေတွင်သာ ဓာတ်ဆီများ ရှိနေဟန်တူ၏။ လူဆိုးသည် စုကျင်းအား ဓာတ်ဆီပေပါအတွင်း မတ်တပ်ရပ်စေပြီး ဓာတ်ဆီများကို မီးရှို့လိုက်သည့် သဘောပင်။

သူမခြေထာက်များကို မီးလောင်နေစဥ် အပြင်းအထန် နာကျင်သည့်တိုင် စုကျင်းတယောက် မတ်တပ်ရပ်နေခဲ့ပုံရသည်။ နာကျင်မှုကြောင့် သတိမလစ်ခင်အထိ ထ်ိုအနေအထားကို သူမ ထိန်းသိမ်းထားနိုင်ခဲ့သည့် သဘောပင်။ထိုသို့မဟုတ်ပဲ သူမသာလဲကျသွားပါက ကျန်းရှင်ရီသည်လည်း မီးလောင်ကျွမ်းသွားပေလိမ့်မည်။ နောက်ဆုံးတော့ စုကျင်းတယောက် မ်ိဘမေတ္တာကို အဆုံးစွန်သောအနေအထားထိ ပြသနိုင်ခဲ့သည်ဟု ဆိုရပေလိမ့်မည်။

ဓာတ်ဆီပေပါဘေးတွင် စာရွက်တရွက်ကို ဓားနှင့်ထိုးစိုက်ထား၏။ စာရွက်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

"သွေးကြွေးဆပ်ပြီးပြီ"

ကျန်းကျင်းခိုင်ပြန်လာချိန်တွင် ဇနီးနှင့်သမီး၏ အလောင်းများ မီးသင်္ဂြိုဟ်ပြီးလေပြီ။ သူ့ဇနီးနှင့်သမီး မည်သို့သေဆုံးခဲ့သည်ကို ကျန်းကျင်းခိုင်အား ပြောပြရန် မည်သူမှ သတ္တိမရှိကြချေ။ သို့သော် နောက်ဆုံးတွင် မှုခင်းဓာတ်ပုံများကို ကျန်းကျင်းခိုင် ရှာတွေ့သွား၏။ ဝမ်းနည်းမှု၊နာကျင်မှုများကို သူ မည်သို့ကျော်လွန်နိုင်ခဲ့သည်ကို မည်သူမှ မသိကြ။ သို့တည်းမဟုတ် လက်စားချေလိုသည့်စိတ်ကြောင့် သူ အသက်ရှင်နေခြင်းလည်း ဖြစ်နေနိုင်၏။

ကျန်းကျင်းခိုင်၏ ဇနီးနှင့်သမီး သေဆုံးသွားပြီးနောက် အကြမ်းဖက်မှုများ ရပ်တန့်သွား၏။ မြို့မှာလည်း ယခင်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလေသည်။ အထောက်အထားအားလုံးက တရားခံသည် ရှုကွမ်းလျန်ဖြစ်ကြောင်း ညွှန်ပြနေ၏။ သို့သော် ထိုလူမှာ လေကဲ့သို့ ပျောက်ကွယ်သွားခဲ့လေပြီ။

သို့သော် နှစ်နှစ်အကြာတွင် ထိပ်ပြောင်ဝံပုလွေသည် စစ်ပွဲများအလယ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ရှုဝမ်ချွမ်း ၏သားကို ပြိုင်ဘက်အဖွဲ့မှ စွေ့တိကန်းက သတ်ဖြတ်ခဲ့၏။ ရလဒ်အနေဖြင့် စွေ့တိကန်း၏ မိသားစုဝင်အားလုံးအပါအဝင် စွေ့တိကန်းကိုပါ ထိပ်ပြောင်ဝံပုလွေကပြန်လည်သတ်ဖြတ်ခဲ့ခြင်းပင်။သို့သော် ဤတစ်ကြိမ်တွင် ရဲများက မြန်မြန်ဆန်ဆန် ပြန်လည်တုံ့ပြန်နိုင်ခဲ့၏။ သို့သော် နောက်ဆုံးတွင် ထိပ်ပြောင်ဝံပုလွေသည် ဗိုက်တွင်သေနတ်ဒဏ်ရာကြီးနှင့် ထွက်ပြေးလွတ်မြောက်သွားပြန်၏။

ထိုစဉ်က ဖမ်းဆီးရေး တာဝန်ခံမှာ ကျန်းကျင်းခိုင်ပင်။ ထိုစစ်ဆင်ရေးတွင် သူသည် ထိပ်ပြောင်ဝံပုလွေကို ဖမ်းဆီးနိုင်ရန် အနီးစပ်ဆုံး အနေအထားထိ ရောက်ခဲ့၏။ သို့သော် သူ ထိုလူကို တရားစီရင်ရန် မစွမ်းဆောင်နိုင်ခဲ့။ ထို့ကြောင့် သူ့ဝိညာဥ်မှာပဲ အမြဲတစေ ပူလောင်နေရလေသည်။

ယခုတော့ နှစ်များစွာကြာပြီးမှ ထိပ်ပြောင်ဝံပုလွေ ပြန်လည်ပေါ်ထွက်လာခဲ့ပြန်ချေပြီ။ မိန်းကလေးများကို အကြမ်းဖက်မုဒိန်းကျင့်နေသည့် လူယုတ်မာကို သူ ဘာကြောင့် သတ်ပစ်ခဲ့လေသနည်း။ ဝေစင်းသည် ရှုဝမ်ချွမ်းနှင့် ဆက်နွယ်နေလေသလော။ သို့မဟုတ်အားကျောက်နှင့် ဖန်းလီနာ နှစ်ဦးအနက် တဦးဦးပေလော။

ကျန်းကျင်းခိုင်သည် ဇနီးနှင့်သမီး၏ဓာတ်ပုံကို ငေးကြည့်ရင်း ထိုင်နေ၏။ သို့သော် သူ့ဦးနှောက်အတွင်းဝယ် အတွေးများ အရှိန်အဟုန်ဖြင့် လည်ပတ်နေလေသည်။

နောက်ဆုံးတော့ သူ မတ်တပ်ရပ်ပြီး ရေရွတ်လိုက်၏။

"ဟန်နီရေ ကျုပ် လမ်းလျှောက်ထွက်လိုက်အုံးမယ်ကွာ ကျုပ်စိတ်တွေ ရှုပ်နေပြီ ဒါပေမယ့် စိတ်ချပါ ငလက်စားရမဲ့ရက်က မဝေးတော့ဘူးကွာ"

ထိပ်တန်းစားသောက်ဆိုင်တစ်ခုကို သူ ဖြတ်သွားစဉ် သူ အရူးအမူးရှာဖွေနေသည့် လူနှစ်ဦး ဆိုင်ထဲတွင် ပါတီကျင်းပနေလိမ့်မည်ကို သူ ဘယ်တော့မှ မျှော်လင့်မိမည်မဟုတ်ချေ။

"ကမ်ပိန်း"

လိမ္မော်ရည်ခွက်ကို မြှောက်ရင်း အားကျောက် ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အစ်ကိုတောက်"

အားတောက်ကိုယ်တိုင်သည်လည်း ပြုံးဖြဲနေ၏။ ထို့နောက် သူက မတ်တပ်ရပ်ပြီး အား​ကျောက်ကို ခွက်ပြန်တိုက်လိုက်လေသည်။ သူတို့နှစ်ဦး မတ်တတ်ရပ်ကာ ခွက်တိုက်နေသည်ကို မြင်သည်နှင့် စားပွဲရှိ လူအားလုံးလည်း ထလိုက်ကြ၏။

"ကမ်ပိန်း"

"ဒီတစ်ခါ မင်းတို့ ကောင်းကောင်းလုပ်ခဲ့တယ် မင်းတို့တစ်ယောက်ချင်းစီကို ဆုချီးမြှင့်မယ်"

အားတောက်က အားရပါးရ ပြုံးရင်း ပြောလိုက်၏။

"ကဲ အားလုံးသွားပြီး ပျော်ပျော်နေကြ ဟုတ်ပြီလား"

"အစ်ကိုတောက် ကျွန်တော်တို့ မိန်းကလေးခေါ်လို့ရမလား"

အားဖျောက်က ပြောင်စပ်စပ်ဟန်ဖြင့် မေးလိုက်သည်။

"ဟားဟား ရတာပေါ့ကွာ ဒါပေမယ့် ဒီတစ်ယောက်တော့ မဟုတ်ဘူး"

အားကျောင်၏ ပုခုံးပေါ် ညင်သာစွာလက်တင်ရင်း အားတောက်က ပြောလိုက်၏။

"အိပ်မက်မက်မနေနဲ့"

အားကျောက်က နှာခေါင်းရှုံ့ရင်း အားတောက်ကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။

"ရှင်တို့ထဲက ဘယ်သူများ ကျွန်မနဲ့ကစားဖို့ သတ္တိရှိမလဲ စမ်းကြည့်မလား"

စားပွဲပေါ်ရှိ လူငယ်များ တယောက်မျက်နှာတယောက်ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ကြ၏။

"ဟေ့ အားဖျောက် မင်း အရင်စမ်းကြည့်"

အားမင်က အားဖျောက်ကို ဝက်နံရိုးနှင့်ပေါက်ပြီး နောက်လိုက်၏။

"တစ်သက်မှာတစ်ခါပဲ ရမဲ့အခွင့်အရေးနော် ဟေ့ကောင်"

"ဟ မင်းစိတ်ဝင်စားရင် မင်းကိုယ်တိုင် သွားစမ်းကွာ ငါကတော့ ကြောက်တယ်"

အားဖျောက်က ဝက်နံရိုးကို ကောက်ကိုက်ပြီး ပြောလိုက်သည်။

ရယ်မောသံများ နောက်တကြိမ် ထွက်ပေါ်လာပြန်၏။

"ကဲ တော်ကြစမ်းဟေ့ ပျော်စရာတွေ လုံလောက်ပြီ ခုကစပြီး အားလုံး သတိနဲ့နေရမယ် ဒီကိစ္စဟာမပြီးသေးဘူးလို့ ငါထင်တယ်"

အားတောက် သူ့လူများကို သတိပေးလိုက်၏။

"ပြီးတော့ ရဲအရာရှိကျန်းဆိုတဲ့ကောင်ဟာ သိပ်ပြီးလျှော့တွက်လို့ရတဲ့ကောင်မျိုးမဟုတ်ဘူး"

အားတောက်၏စကားကိုကြားသည်နှင့် အားကျောက် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ သို့သော် သူမအံ့အားသင့်သွားကြောင်းကို မည်သူမှ သတိမထားမိလိုက်ချေ။ ထိုအစား သူမက အချိုရည်သောက်ကာ အားတောက်စကားများကို နားစွင့်နေ၏။

"သူနဲ့ငါ့ကြားမှာ သမိုင်းကြောင်းရှိတယ် ငါတို့သတ်ပစ်ခဲ့တဲ့ကောင်ကနေတဆင့် သူ ငါတို့နောက်ကို လိုက်လာနိုင်တယ်"

အားတောက်က ပြောင်နေသောခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"ကျွန်တော် ညီအစ်ကိုတစ်ချို့ကိုခေါ်သွားပြီး ဒီဝက်ကို သတ်ပစ်လိုက်မယ်လေ"

အားဖျောက် ဝက်နံရိုးကို ပစ်ချပြီး ပြောလိုက်၏။

"မင်းဦးနှောက်ထဲမှာ မစင်ပဲရှိတာလား"

အားလုံက အားဖျောက်၏ ခြေသလုံးကို ကန်ပြီး ဆူလိုက်သည်။

"ဒါ စားသောက်ဆိုင်ကွ ငါတို့အိမ်မဟုတ်ဘူး မင်းအော်သံကို တဆိုင်လုံး မကြားရဘူးများ ထင်နေတာလား"

"တော်ပြီ တော်ပြီ"

အားတောက်က လက်ကာရင်း ပြောလိုက်သည်။ "ငါနဲ့သူ့ကြားက ကိစ္စဟာ မင်းတို့နဲ့ မဆိုင်ဘူး မင်းတို့ထဲက ဘယ်သူမဆို ဒီရဲအရာရှိကျန်းကို ပြသနာသွားရှာရင် အဲဒီကောင်ကို ငါကိုယ်တိုင် သတ်ပစ်မယ် နားလည်လား"

"ဟုတ်ကဲ့ အစ်ကို Tao!" အားလုံးက တစ်ပြိုင်နက်တည်း ဖြေကြားခဲ့ကြသည်။

"ကောင်းပြီ အားကျောက်ရေ မင်း စားပြီးပြီလား"

အားတောက်က သူမဘက် လှည့်မေးလိုက်သည်။

"အင်း ပြီးပြီ"

အားကျောက်က ခွက်ကို ဆက်ကိုင်ထားရင်း ဖြေလိုက်သည်။ သူတို့ ဆက်ပြောမည့်စကားများကို သူမ နားထောင်လိုနေသည် မဟုတ်ပါလား။

"ကောင်းပြီ အားမင် မင်းက သူ့ကို အိမ်ပြန်ပို့ပေးလိုက်"

အားတောက်က အားမင်ကို အမိန့်ပေးလိုက်သည်။

"ဟိုဟာလေ... အစ်ကိုတောက် ဒီရဲကို မသတ်ပါနဲ့လား...တော်ကြာ...ကျွန်မ မေတ္တာရပ်ခံပါတယ်"

အားကျောက် ရင်တုန်ပန်းတုန်ဖြင့် မေးလိုက်သည်။ ထိုသို့ နောက်တကြိမ် မေးခွင့်မရမည်က်ို သူမ စိတ်ပူနေသည် မဟုတ်ပါလား"

"စိတ်မပူနဲ့ကွာ ကျုပ်အဲဒီလောက် မိုက်မဲတဲ့လူမျိုး မဟုတ်ဘူး ဘာပဲဖြစ်ဖြစ် အိမ်ပြန်လိုက်တော့ ကျုပ်ကို စိတ်မပူတော့နဲ့ ဟုတ်ပြီလား"

အားတောက်၏ လေသံမှာ ညီမဖြစ်သူအား စောင့်ရှောက်နေသည့် အစ်ကိုကြီးတယောက်လေသံနှင့် ခပ်ဆင်ဆင်ပင်။

"အင်း ရှင်ကတိပေးပြီးပြီနော်"

အားကျောက် နောက်တကြိမ် သတိပေးလိုက်ပြန်သည်။

"အေးပါကွာ အေးပါ မိန်းမတွေများနော် တလေသံတည်းပဲ ကျုပ်မှာ အစ်မတစ်ယောက်ကောက်ရတာလား အမေတစ်ယောက်ရတာလား မဆိုနိုင်ဘူး"

"ဘာလဲ ရှင်က ကျွန်မကို ဆရာကြီးလုပ်တယ်လို့ ပြောနေတာလား"

အားတောက်၏ နားရွက်ကို သူမ လိမ်ဆွဲလိုက်၏။

"ထပ်ပြောစမ်းပါ"

"နောက်တစ်ခါမပြောတော့ဘူးအမေရာ အခု အိမ်ပြန်ပါတော့လား"

"အင်း ကောင်းပြီ ဒါဆို ကျွန်မပြောတာကို မမေ့နဲ့နော်"

နောက်ဆုံးတကြိမ် သတိပေးပြီး အားတောက်၏ နားရွက်ကို သူမ လွှတ်ပေးလိုက်လေသည်။

အားတောက် သူ့နားကို ပွတ်သပ်ရင်း သူ၏လူများဘက်သို့ ပြန်လှည့်လိုက်သည်။

"ဟေ့ကောင်တွေ မင်းတို့ ဘာကြည့်နေတာလ"

သူ့ပုံစံမှာ အဖွဲ့ခေါင်းဆောင်တယောက်၏ ဟန်ပန်သို့ ချက်ချင်းပြောင်းသွားလေသည်။

"ကောင်းပြီ ခုနက စကားပြောနေတာ ဘယ်ရောက်သွားပြီလဲ"

All Chapters