← Chapters

သတင်းထောက်၏ ရှာဖွေတွေ့ရှိမှု

Vol. 4 Ch. 40

သတင်းထောက်၏ ရှာဖွေတွေ့ရှိမှု

Vol. 4 Ch. 40

သာမာန်ရပ်ကွက်တခုအတွင်း လှမ်းဝင်သွားသည့် အားကျောက်ကို ကျန်းကျင်းခိုင် ငေးကြည့်နေ၏။ ဤကမ္ဘာပေါ်တွင် မျက်နှာတစ်ထပ်တည်းတူညီပြီး ပတ်သက်မှုမရှိသော လူနှစ်ယောက်ဟူ၍ ရှိနိုင်သလား။ သို့မဟုတ် အားကျောက်ကို အလွန်အမင်း လွမ်းဆွတ်နေ၍ သူ့မျက်စိမှောက်မှားနေခြင်းပေလား။ အားကျောက်၏ အရိပ်သည် လမ်းထောင့်တစ်ခုကို လမ်းချိုးတခုအရောက်တွင် ပျောက်ကွယ်သွား၏။ ထိုအခါ ကျန်းကျင်းခိုင်ကလည်း ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။

ဝုရွှီပင်းသည် တစ်နေကုန် အပြင်ထွက်လှုပ်ရှားပြီး တိုက်ခန်းသို့ ပြန်လာခဲ့၏။ တစ်နေကုန် အပြင်ထွက်နေခဲ့သော်လည်း သူဘာတခုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိ။ ဤယနေ့တွင် သူက ကုမ္ပဏီတခုနှင့်ချိန်းဆိုထားရာ အကြောင်းကြောင့်ကြောင့် ဆွေးနွေးပွဲ ပျက်သွားခဲ့သည်။ စိတ်မကောင်းစရာမှာ ထိုအကြောင်းကို မည်သူမျှ သူ့အား အကြောင်းကြားခဲ့ခြင်း မရှိခြင်းပင်။ ထို့ကြောင့် ဝုရွှီပင်းသည် မြို့ပြင်ရှိ ကုမ္ပဏီရုံးချုပ်သို့ ဘတ်စ်ကားစီးပြီး သွားခဲ့ရ၏။ တဖန် ထိုနေရာမှ သူ့တိုက်ခန်းရှိရာ လမ်းကြားသို့ ပြန်လာခဲ့ရသည်။ ထိုအတွက် တနေ့လုံး အချိန်ကုန်ခဲ့ရသည် မဟုတ်ပါလား။

ရာသီဥတုမှာ ပို၍ ပူပြင်းလာပြီ ဖြစ်သည်။ ဝုရွှီပင်းသည် ရေအေးအေးဖြင့် ရေချိုးပြီး သူ၏ကွန်ပျူတာကို ဖွင့်လိုက်၏။ အချိန်ပိုရသည့်အခါတိုင်း ဝုရွှီပင်းသည် သတင်းဝက်ဘ်ဆိုက်များကို လေ့လာခြင်း သို့မဟုတ် စာပေဘလော့ဂ်များတွင် ရေးသားခြင်းများ ပြုလုပ်လေ့ရှိသည်။ သူသည် သတင်းထောက်တစ်ဦးဖြစ်သော်လည်း၊ စာအုပ်ဆရာတဦးအဖြစ် ပြောင်းလဲရန် စိတ်အားထက်သန်နေလေသည်။

ဟောင်းနွမ်းသော လက်တော့ပ်လေး အသက်ဝင်လာအောင် အချိန်တခနတော့ စောင့်ရသေးသည်။ ထိုအချိန်တွင် ဝုရွှီပင်းသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့၏။ ပြတင်းပေါက်မှကြည့်လျင် လမ်းကြားတခုလုံး၏ ရှုခင်းကို သူ မြင်နိုင်လေသည်။ သူ ပြတင်းပေါက်ကို အနည်းငယ်ဖွင့်ကာ အားရပါးရ သန်းလိုက်၏။ တစ်နေကုန် ပြေးလွှားလုပ်ကိုင်နေရခြင်းသည် အလုပ်ကြိုးစားသည့် သူ့လိုလူတယောက်အတွင်ပင် ပင်ပန်းနွမ်းနယ်စေသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် သူ့အိမ်နှင့် မျက်နှာချင်းဆိုင်ရှိ အဆောက်အဦးတစ်ခုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ မူမမှန်သောလှုပ်ရှားမှုတချို့ကိုသူ မြင်တွေ့လိုက်ရသည်။ ဤလမ်းကြားတွင် အမျိုးသားနှင့် အမျိုးသမီးများ လိင်ဆက်ဆံနေခြင်းသည် လမ်းကြားနေတခြာပြည်သူများအတွက် သမားရိုးကျဖြစ်နေပြီဖြစ်သော်လည်း ဝူရွှီပင်း မြင်လိုက်ရသည်ကတော့ ခြားနားနေ၏။ အမျိုးသမီးအပေါ်မှ အမျိုးသး၏ခန္ဓာကိုယ်မှာ အလွန်အမင်း တုန်ခါနေသည်။ အမျိုးသမီးမှာ အမျိုးသားတွင် တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိပုံရသည်။ သူမ ပါးစပ်ကိုဟကာ အော်ဟစ်ရန် ကြိုးစားနေ၏။ သို့သော် အသံတစက်ကလေးမှ ထွက်မလာချေ။

"မြတ်စွာဘုရား နောက်ထပ် လူသတ်မှုတစ်ခုပါလား"

အသားကျနေသာလက်များက ဝုရွှီပင်းကို ချက်ချင်းအလုပ်များသွားစေသည်။ သူသည် ကင်မရာကို ချက်ချင်းကောက်ယူကာ မှုခင်းဖြစ်ပွားရာ ပြတင်းပေါက်ဆီသို့ အားကြိုးမာန်တက်ပင် ဓာတ်ပုံရိုက်လိုက်တော့သည်။

နောက်ဆုံးတော့ သူသည်

"အား ကယ်ကြပါအုံးရှင်"

ဟူသော အမျိုးသမီး၏ အော်သံကို ကြားလိုက်ရသည်။ အမျိုးသမီးသည် ရုတ်တရက် အသံထွက်လာနိုင်ပုံရ၏။ သူမသည် အိပ်ရာပေါ်တွင် လဲလျောင်းနေဆဲဖြစ်သော်ငြား ယခုတော့ အသံကုန် အော်ဟစ်အကူအညီတောင်းနေလေသည်။

"ကယ်ကြပါ ကယ်ကြပါအုံးရှင်"

သို့သော် နောက်ပိုင်းတွင် အမျိုးသမီး၏အော်သံတွင် ရယ်သံများပါ ရောယှက်ပါဝင်လာ၏။စိတ်နောက်သွားပုံရလေသည်။

ထိုအချိန်တွင် ရဲများသည် အမျိုးသမီး၏အော်ဟစ်သံကို ကြားသည်နှင့် စတင်လှုပ်ရှားနေကြပြီ ဖြစ်သည်။ မကြာမီ အခင်းဖြစ်ပွားရာအခန်းတွင် လူများဖြင့် ပြည့်နှက်သွား၏။ ဝုရွှီပင်းသဘောပေါက်လိုက်သည်မှာ မည်သည့် အဝတ်အစားပင် ဝတ်ထားသည်ဖြစ်စေ ထိုအခန်းထဲရှိ လူတိုင်းသည် ရဲများဖြစ်ကြသည် ဟူ၍ပင်ဖြစ်သည်။ ထို့နောက် သူသည် အလွန်ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုလုံးကို ဓာတ်ပုံရိုက်မိကြောင်း သတိထားမိလာ၏။ ကြည့်ရသည်မှာ ဝေစင်းသည် ကောင်းကင်ဘုံမှ သူ့အား စောင့်ကြည့်နေပုံရသည်။ သူ့အား ဂုဏ်သိက္ခာရှိသော လူတယောက်အဖြစ် ရိုးသားဖြောင့်မတ်မှုကို ပြသခဲ့သည့်အတွက် ကျေးဇူးဆပ်နေခြင်းလည်း ဖြစ်နိုင်၏။

ထိုအချိန်တွင် အလွန်စိတ်ညစ်ညူးနေသော ကျန်းကျန်းခိုင်သည် ကျူအန်းလမ်းအပြင်ဘက်တနေရာတွင် ဆေးလိပ်သောက်လျက်ရှိသည်။ ထိုအချိန်မှာပင် ကျန်းနန်က သူ့ကို ဖုန်းခေါ်လာ၏။

"အင်စပက်တာကျန်း"

စိတ်လှုပ်ရှားနေဟန်ရှိသော ကျန်းနန်၏အသံကို သူ ကြားလိုက်ရသည်။

"လူသတ်မှု ထပ်ဖြစ်ပြန်ပြီ ယောကျာ်းသေတယ် မိန်းမကတော့ အသက်ရှင်နေသေးတယ် ပြီးတော့ ဒီတခေါက်မှာ မျက်မြင်သက်သေတစ်ယောက်ပါရထားတယ် အင်စပက်တာ"

"ဟာ ဟုတ်ပါ့မလား"

ကျန်းကျင်းခိုင်တယောက် ကျန်းနန်၏စကားကို ယုံကြည်ရန် ခက်ခဲနေ၏။ မည်သို့ဆိုစေ သူ စိတ်ဓာတ်တက်ကြွလာခဲ့ပေပြီ။

"ကျုပ် ခုပဲ အရောက်လာခဲ့မယ်"

စကားဆုံးသည်နှင့် ကျန်းကျင်းခိုင်က ကားစက်နှိုးပြီး တလကြမ်းမောင်းထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် အခင်းဖြစ်ပွားရာနေရာသို့ ကျန်းကျင်းခိုင်သာမက ယောက်ထန်းယုပင် ရောက်လာ၏။ သူတို့ရှေ့တွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ရှိနေသည်။ အမျိုးသားသည် အရိုးခြောက်တခုအဖြစ် ပုံပြောင်းသွားပြီး အမျိုးသမီးမှာ အသက်ရှင်နေသေးသည်။ သို့သော် သူမကား စိတ်နောက်သွားခဲ့လေပြီ။ သူမ၏ပါးစပ်မှ ငိုကြွေးသံများ၊ရယ်မောသံများ မျိုးစုံထွက်ပေါ်နေ၏။ ပို၍ထူးဆန်းသည်မှာ ယခုအချိန်ထိ သူတို့နှစ်ဦး လိင်ဆက်ဆံရင်းတန်းလန်းအနေအထားအတိုင်း ရှိနေခြင်းပင်။

မှုခင်းဆေးအဖွဲ့ဝင်နှစ်ဦးသည် အမျိုးသား၏အလောင်းနှင့် အမျိုးသမီး၏ခန္ဓာကိုယ်ကြားတွင် ရပ်နေပြီး အသက်ရှင်နေသေးသော ခန္ဓာကိုယ်မှ အလောင်းကို ခွဲထုတ်ရန် ကြိုးစားနေကြ၏။ သို့သော် ၎င်းမှာအလွန်ခက်ခဲနေပုံရသည်။

အမျိုးသား၏အလောင်းသည် အသွေးအသားဟူ၍မရှိတော့ပဲ အရိုးပေါ်အရေတင်ရုံသာကျန်တော့သော်လည်း ဘာကြောင့်မှန်းမသိ သူ၏လိင်အင်္ဂါမှာ မာကျောကာ အလွန်ကြီးထွားနေ၏။ သူတို့နှစ်ဦးအား ခွဲထုတ်ရန်ကြိုးစားနေကြသည့် မှုခင်းဆေးအဖွဲ့ဝင်နှစ်ဦးမှာလည်း ချွေးပြန်နေခဲ့လေပြီ။ယောက်ထန်းယုရောက်လာချိန်တွင် သူတို့နှစ်ဦး ကြိုးစားနေကြသည်မှာ နာရီဝက်ကျော်သွားလေပြီ။

"ကဲ မျက်မြင်သက်သေဆီ သွားကြည့်ရအောင်"

ယောက်ထန်းယုက အခင်းနေရာကို ကြည့်ပြီးနောက် ကျန်းနန်ကို လှည့်ပြောလိုက်သည်။

"ပြီးတော့ ဒီအမျိုးသမီးကို ရဲအစောင့်အရှောက်နဲ့ ထားပါ"

ထို့နောက် သူက ကျန်းကျင်းခိုင်နှင့်အတူ ဝုရွှီးပင်၏ တိုက်ခန်းသို့ လျှောက်သွားလိုက်၏။

"အော် မျက်မြင်သက်သေက မင်းပဲလား"

မျက်မြင်သက်သေမှာ ဝုရွှီးပင် ဖြစ်နေသည်ကို တွေ့ရ၍ ယောက်ထန်းယု အနည်းငယ် အံ့အားသင့်သွားသည်။ ကမ္ဘာကြီးမှာ ကျဥ်းမြောင်းလှချေသည်တကား။

"မင်္ဂလာပါ ကော်မရှင်နာယောက်"

ဝုရွှီပင်းက နှုတ်ဆက်လိုက်သည်။သူ့ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။ စိတ်လှုပ်ရှားမှုကြောင့်လား၊ သို့မဟုတ် ကြောက်ရွံ့မှုကြောင့်ပင်လားဟူသည်ကို ဝုရွှီးပင်ကိုယ်တိုင် မသိချေ။ လက်ရှိအချိန်တွင် ဝုရွှီးပင်ကိုကာကွယ်ရန် ရဲအစောင့်လေးယောက်လည်း ရှိနေ၏။

"ကဲ ဘာတွေမြင်ခဲ့လဲ ပြောပြပါအုံး"

ယောက်ထန်းယူက နှစ်သိမ့်ဟန်ဖြင့် ပြုံးပြလိုက်သည်။၊ ထို့နောက် သူက ရဲတစ်ဦးကို လက်ညိုးထိုး အမိန့်ပေးလိုက်ပြန်၏။

"ဟေ့ မင်း ဆရာဝုအတွက် ရေတစ်ခွက်လောက် ယူခဲ့စမ်းပါအုံး"

"ရပါတယ် ကော်မရှင်နာ"

ဝုရွှီပင်းက ကျေးဇူးတင်စကားပြောလိုက်သည်။

"ဒီလိုပါ..."

ဝုရွှီပင်းက သူမြင်ခဲ့ရသည်များကို အသေးစိတ် ရှင်းပြခဲ့၏။ ထို့နောက် သူက ယောက်ထန်းယုကို ကြည့်ပြီး ပြောလိုက်၏။

"ဒါနဲ့ ကော်မရှင်နာ ကျွန်တော် ဓာတ်ပုံပါရိုက်ထားလိုက်တယ် ပုံတွေကောင်းမကောင်းတော့ မပြောတတ်ဘူး"

မှောင်မိုက်သောညကာလဖြစ်လေရာ ပုံများကောင်းမကောင်း ဝုရွှီပင်း တကယ်ပင် မသိချေ။

"ဓာတ်ပုံတွေ ကျွန်တော်တို့ကို ပေးလို့ရမလား"

ယောက်ထန်းယုက မေးလိုက်၏။ သတင်းထောက်တစ်ဦးအနေဖြင့် ဤဓာတ်ပုံများသည် ဝုရွှီပင်းအတွက် အလွန်အရေးကြီး၏။ ထို့ကြောင့် ယောက်ထန်းယုက တလေးတစား တောင်းလိုက်ခြင်းပင်။

"ရပါတယ်ဗျာ"

ဝုရွှီပင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက မန်မိုရီကတ်ကို ယောက်ထန်းယုလက်ထဲ ထည့်ပေးလိုက်။

"ဒီမှာပါကော်မရှင်နာ"

"ကျေးဇူးပါပဲကွာ"

ထို့နောက် သူက ဝုရွှီပင်းကို စိတ်ရင်းမှန်နှင့် ပြုံးပြလိုက်၏။

"တကယ်ကို ကျေးဇူးတင်ပါတယ်မစ္စတာဝု"

သူက ဝုရွှီပင်းကို လက်ဆွဲနှုတ်ဆက်ရင်း ထပ်ပြောလိုက်ပြန်သည်။

"တစ်ခုခု လိုအပ်ရင် ကျွန်တော်တို့ကို ဖုန်းဆက်ဖို့ မမေ့ပါနဲ့"

"ကျေးဇူးတင်ပါတယ် ကော်မရှင်နာ"

ဝုရွှီပင်းက ယောက်ထန်းယု၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆွဲနှုတ်ရင်း ပြန်ပြောလိုက်သည်။ ဉာဏ်ရှိသူများသည် စကားများများ မပြောတတ်ချေ။ ယောက်ထန်းယုပြောလိုက်သည့်စကား၏အဓိပ္ပာယ်မှာ ဝုရွှီပင်းအတွက် ရှင်းလင်းနေသည်။ မြို့တော်ရဲတပ်ဖွဲ့၏ အမြဲတမ်း ထောက်ခံမှုကို သူ ရရှိခဲ့လေပြီ။ ထိုထောက်ခံမှုသည် ယောက်ထန်းယုတယောက် ရဲတပ်ဖွဲ့၏ ကော်မရှင်နာအဖြစ် ရှိနေသရွေ့ ဆက်လက်တည်ရှိနေပေလိမ့်မည်။

အမျိုးသမီး မည်သူမည်ဝါဖြစ်ကြောင်းအမြန်ဆုံး အတည်ပြုနိုင်ခဲ့၏။ သူမ၏အမည်မှာ အားလျန်ဖြစ်ပြီး လိင်လုပ်သားတစ်ဦးဖြစ်သည်။ ယောက်ျား၏ သက်သေခံကတ်ပြား မှာ အတုဖြစ်နေ၍ မည်သူမည်ဝါမှန်း ဂဃနဏမသိနိုင်တော့။ သို့သော် ဖုန်းမှတ်တမ်းများမှတဆင့် ထိုလူကို စသ်ဆေးနိုင်ပေသည်။ ဝုရွှီပင်း၏ဓာတ်ပုံများမှာ အနည်းငယ် မှုန်ဝါးနေသော်လည်း မှုခင်းဖြစ်ပွားနေချိန်တွင် ထိုအခန်းထဲ၌ လူနှစ်ဦးသာ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ထို့အပြင် ယောက်ထန်းယုနှင့် ကျန်းကျင်းခိုင်တို့သည် ဓာတ်ပုံထဲတွင် မှုန်ဝါးဝါး အမည်းစက်များစွာကို သတိပြုမိကြ၏။ ထိုအမည်းစက်များသည် အမျိုးသား၏နောက်ကျောမှ စတင်ကာ ပြတင်းပေါက်ဆီသို့ ရွေ့လျားသွားကြောင်း သူတို့ တွေ့နေရသည်။ သူတို့၏အတွေ့အကြုံအရ ထိုအမည်းစက်များမှာ လူတစ်ဦးဖြစ်နိုင်ခြေ မရှိပေ။ ထိုအမည်းစက်များသည် လေထုထဲရှိ အရာဝတ္ထုတစ်ခုနှင့် ပို၍တူနေသည်။ နောက်ဆုံးတော့ ထိုအမည်းစက်များသည် အလင်းရောင်နည်းပါးမှုကြောင့် ဖြစ်ပေါ်လာသည့် အမှတ်များသာ ဖြစ်သည်ဟု သူတို့ ယူဆလိုက်ကြသည်။ သို့သော်ငြား ထိုအမည်းစက်များကို နောက်ထပ်စစ်ဆေးရန် သက်သေအထောက်အထား ဌာနရှိ သူတို့၏လုပ်ဖော်ကိုင်ဖက်များထံ ဓာတ်ပုံများ ပို့ပေးလိုက်ကြ၏။

တနင်္လာနေ့မနက်တွင် ဆေးရုံမှ စိတ်ပျက်စရာသတင်းတစ်ခု ရောက်ရှိလာခဲ့သည်။ ၎င်းမှာ စိတ်ရောဂါဆရာဝန်များက အားလျန်အမည်ရှိ အမျိုးသမီးသည် အသက်ရှင်ကျန်ရစ်သော်လည်း ရူးသွပ်သွားပြီဖြစ်ကြောင်း အတည်ပြုလိုက်သောကြောင့်ပင်။ သူမအနေနှင့် မည်သို့မှ သက်သေခံနိုင်စွမ်းမရှိတော့။

နောက်ဆုံးတော့ သဲလွန်စအသစ်များသည် ကျန်းကျင်းခိုင်နှင့်ယောက်ထန်းယုအတွက် ပို၍စိတ်ရှုပ်စရာဖြစ်လာသည်ဟု ဆိုနိုင်ပေသည်။ အခန်းထဲတွင် ဘာကြောင့် လူသတ်သမားကို မတွေ့ရလေသနည်း။ လူသတ်သမားသည် အဝေးမှနေ၍ လူများကို သတ်နိုင်သောစွမ်းရည် ရှိနေသလား။သို့ဆိုလျှင် ထိုအမည်းစက်များသည်ပင် လက်နက်တမျိုးမျိုး ဖြစ်နေသလား။

ခြောက်နာရီအကြာတွင် ကျန်းကျင်းခိုင် ရုံးဆင်းလာ၏။ ရုံးပြင်အရောက်တွင် ယင်ကျီးယွမ်ကို သူ ဖြတ်ခနဲ သတိရလိုက်သည်။ ဘာကြောင့် သူမအကြောင်း စဥ်းစားမိမှန်း သူ မသိ။ စိတ်ရှုပ်နေသောကြောင့် ဖြစ်ပေလိမ့်မည်။ မိန်းကလေးနှစ်ဦးလုံးသည် ဆင်တူသော်ငြား ကွဲပြားခြားနားသော ကမ္ဘာနှစ်ခုမှ ဖြစ်နေကြသည် မဟုတ်ပါလား။

ထို့နောက် ကျန်းကျင်းခိုင် ရဲကားပေါ်တက်ပြီး ဦးလေးကိုင်၏ခေါက်ဆွဲဆိုင်သို့ မောင်းထွက်လာခဲ့သည်။ ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲတွင် မရိုးမရွ ဖြစ်နေသည်ကတော့ အမှန်ပင်။

All Chapters