← Chapters

အခန်း (၁၇၀၁-၁၇၀၅)

Vol. 69 Ch. 1701-1705

အခန်း (၁၇၀၁-၁၇၀၅)

Vol. 69 Ch. 1701-1705

အပိုင်း (၁၇၀၁)

ရန်ကိုင် မည်သူမည်ဝါမှန်း မသိရသည့်အတွက် ရှန်းအောင် စိတ်ထဲ အနည်းငယ် စိုးရိမ်မိသွားသော်ငြား အရမ်းကြီး စိတ်ပူနေခြင်းတော့ မရှိချေ။

ပင်လယ်ကလန်သည် သူတို့ကိုယ်သူတို့ လူမျိုးကြီးမျိုးနွယ်စုဟု အထင်ရောက်နေသည့် မောက်မာသူများ ဖြစ်ကြကာ အခြားမျိုးနွယ်စုများ အထူးသဖြင့် လူသား မျိုးနွယ်စုများကို အဆင့်နိမ့် မျိုးနွယ်စုဟု သတ်မှတ်ထားသူများ ဖြစ်ကြသည်။

သူတို့ မောက်မာချင်လည်း မောက်မာချင်စရာပင်။ မွေးကတည်းကတည် ရေဓါတ်စွမ်းအင်ကို အသုံးပြုနိုင်သည့် အရည်အချင်းနှင့် မွေးဖွားလာပြီး မွေးရာပါ သိုင်ကွက်များ၊ လျှို့ဝှက်ပညာရပ်များကိုလည်း အသုံးပြုနိုင်ကြသည်ကိုး။ လူသားများသည် မွေးကတည်းက မည်သည့် သိုင်းပညာရပ်ကိုမှ တတ်မြောက်လာခြင်း မရှိသည့် အပြင်ကိုမှ အများစုမှာလည်း ကျင့်ကြံနိုင်ခြင်း မရှိကြဘဲ သေသွားကြသေး၏။

ရှန်းအောင်ဘေးနားတွင် ရပ်နေသည့် အမျိုးသမီးက အောက်ကို ငုံ့ကြည့်၍ ပြောလိုက်လေသည် “ကျွန်းသခင်ဖုန်းနဲ့ ကျွန်မတွေ့ဖူးတာ တစ်ကြိမ်မကတော့ဘူး။ ဒီတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ကျွန်မတို့ ပင်လယ်ကလန်က အရေးကြီးတဲ့ လူတစ်ယောက် ရောင်နီကျွန်းနားမှား ပျောက်သွားတယ်။ သူ့ကို ရောင်နီကျွန်းကလူတွေ ပြန်ပေးဆွဲသွားတယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်းသခင်ဖန်ကို ပြန်ပေးဖို့ ပြောနေတာ”

အမျိုးသမီးသည် လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်း၍ ပြောနေသော်ငြား သူမ မည်မျှ စိုးရိမ်နေသလဲ ဆိုသည်ကို သူမ၏ မျက်နှာကို ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

အမျိုးသမီး၏ စကားကို ကြားသော် ဖန်ကျန်းသည် မျက်မှောင်ကြုတ်၍ “ပင်လယ်ကလန်က အရေးကြီးတဲ့ လူတစ်ယောက်။ ဘယ်သူလဲ”

ပျောက်နေသည့် ပင်လယ်ကလန်မှလူ မည်သူလဲ ဆိုသည်ကို ဖန်ကျန်း အလွန်ကိုမှ သိချင်နေမိသည်။ ရှန်းအောင်နှင့် ဤအမျိုးသမီးတို့ အလွန် စိုးရိမ်နေသည့် အမူအရာဖြင့် လူကိုယ်တိုင် လာရောက်ရသည်ကို ကြည့်လျှင် ပျောက်နေသည့် လူ၏ အဆင့်အတန်းမှာ အလွန်ကိုမှ မြင့်မားသည်မှာ သေချာပေသည်။

မည်သို့ပင် ဖြစ်စေကာမူ လက်ရှိ အခြေအနေကိုတော့ သေချာအောင် ရှင်းလင်းရပေမည်။

ဖန်ကျန်းက လှောင်ပြုံးပြုံးလျက် “ဗိုလ်ချုပ်မို၊ ခင်ဗျား လာနောက်နေတာတော့ မဟုတ်ပါဘူးနော်။ ခင်ဗျားတို့ စိတ်ထင်ရုံ သက်သက်လေးနဲ့ ဒီလောက်လူတွေ ခေါ်လာပြီး ကျုပ်တို့ကို လာဖိအားပေးတယ်ဆိုတော့ ခင်ဗျားတို့က ကျုပ်တို့ ပင်လယ်ကျောင်းတော်ကို အထင်သေးတာလား”

ဖန်ကျန်း၏ စကားကို ကြားသည့်အခါ ချန်မိုဆိုသည့် အမျိုးသမီး မျက်မှောင်ကြုတ်သွားပြီး ခဏ တုန့်ဆိုင်းနေပြီးနောက် “ကျွန်မ ထင်ချင်လို့ ထင်တာမဟုတ်ဘူး။ ပျောက်သွားတဲ့လူက ရောင်နီကျွန်းနားမှာ ပျောက်သွားတာကိုး”

ပင်လယ်နတ်ဘုရားနန်းတော်၏ တော်ဝင်မိသားစုတစ်ဦး ဤနေရာတွင် တကယ်ကြီး ပျောက်သွားခြင်းလား။ ဤကိစ္စသည် ပေါ့သေးသေး ကိစ္စ မဟုတ်ချေ။ ဤပြဿနာ မည်မျှကြီးမားလဲ ဖန်ကျန်း နားလည်သွားခဲ့သည်။ သာမန် ပင်လယ်ကလန်သား တစ်ဦးသာ ပျောက်သွားခဲ့ခြင်း ဖြစ်လျှင်တော့ ဖန်ကျန်း ခေါင်းရှောင်သွား၍ ရပေသည်။ သူမှ ဘာမှမလုပ်လေဘဲ။ သို့သော် ယခုတစ်ကြိမ် ပျောက်သွားသည့်လူမှာ တော်ဝင်မျိုးနွယ်ဝင်တစ်ဦး ဖြစ်နေသည့်အတွက် သူခေါင်းရှောင်ချင်လျှင်ပင် ခေါင်းရှောင်၍ မရတော့ချေ။ ဤကိစ္စကို သေချာ ကိုင်တွယ်မှ ရတော့ပေမည်။

ဤကိစ္စကိုသာ သေချာ မကိုင်တွယ်နိုင်လျှင် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်ကြား၌ တိုက်ပွဲမီးစများ လောင်မြိုက်လာနိုင်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၌ ဖန်ကျန်းက အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ဒါပေမယ့် ငါတို့ ရောင်နီကျွန်းနားမှာ ဘယ်ပင်လယ်ကလန်သားကိုမှ မတွေ့မိဘူး။ ခင်ဗျား အထင်မှားနေတာများ ဖြစ်နေမလား ဗိုလ်ချုပ်မို”

ချန်မိုက အလျင်အမြန်ပဲ ပြန်ပြောလိုက်၏ “ကျွန်းသခင်ဖန်း အဆင်ပြေမယ်ဆို ကျွန်မတို့ကို ရောင်နီကျွန်းကို ရှာခွင့် ပေးပါလား”

“ရှာရုံပဲလား” ဖန်ကျန်းက ချန်မိုအား မယုံသင်္ကာဖြင့် ကြည့်လိုက်သည်။ လက်ရှိ အခြေအနေနှင့် ယှဉ်လိုက်လျှင် ချန်မို၏ တောင်းဆိုချက်မှာ သိပ်မလွန်ကဲပေ။ အခြားကိစ္စတစ်ခုသာ ဆိုလျှင်တော့ ဖန်ကျန်း လုံးဝ သဘောတူမည်မဟုတ်။ သို့သော် ယခုကိစ္စမှာ ပင်လယ်ကလန်၏ တော်ဝင်မျိုးနွယ်ဝင် ပါဝင်နေသဖြင့် သူသာ သဘောမတူလိုက်လျှင် ရှန်အောင် သူတို့အပေါ် ပို၍ သံသယ ဝင်လာနိုင်ပေသည်။

“ဟုတ်တယ်။ ရှာရုံပဲ” ချန်မိုက ပြောလိုက်သည် “အဲ့လူကို ကျွန်မ တော်တော်လေး ရင်နှီးတယ်။ သူသာ ရောင်နီးကျွန်းပေါ်မှာဆို ဘယ်သူပဲ သူ့ကိုဝှက်ထားဝှက်ထား ကျွန်မ ကျိန်းသေ ရှာလို့ရတယ်”

ပြောပြီးသည်နှင့် ချန်မို၏ မျက်ဝန်းအစုံ အေးစက်သွားခဲ့၏။ သူမ ထင်ထားသလိုသာ ဖြစ်မည်ဆိုလျှင် ရောင်နီကျွန်းတော့ ကျိန်းသေ ဒုက္ခရောက်ပေပြီ။

ဖန်ကျန်း တုန့်ဆိုင်းသွားခဲ့သည်။ တစ်ဖက်လူသည် လုံးဝကြီး သူတို့ မှန်သည်ဟု တစ်ထစ်ချ ပြောလာနေသဖြင့် ဖန်ကျန်း သူ့ကိုယ်သူပင် မယုံကြည်ချင် ဖြစ်လာသည်။ သူသည် ကျွန်းသခင် တစ်ဦး ဖြစ်သော်ငြား ကျွန်းပေါ်တွင် နေနေသည့် လူအရေအတွက်မှာ နည်းနည်းနောနောမဟုတ်။ အကြောင်းမသိသည့် ငကြောင်တစ်ယောက်ယောက်သာ ပင်လယ်ကလန်မှ အရေးကြီးသည့် လူတစ်ဦးဦးကို သူမသိဘဲ ဖမ်းဆီးထားခဲ့လျှင်…

“ကောင်းပြီလေ။ ရှာရုံပဲဆိုရင်တော့ အဆင်ပြေတယ်” ဖန်ကျန်း အလျင်အမြန် ပြန်ပြောလိုက်သည်။ ရှာခွင့်မပေးလျှင် တိုက်ပွဲဖြစ်ရမည် ဖြစ်လျှင် ရှာခွင့်ပေးလိုက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။

“ကျွန်းသခင်ဖန်ကို ကျေးဇူးအများကြီး တင်ပါတယ်” ပြောပြီးနောက်တွင် ချန်မိုသည် သူမ၏ ကောင်းကင်စိတ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်လေသည်။ အကုန်လုံးသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေသည်။

ရှန်းအောင်သည်လည်း စိုးရိမ်တကြီး အမူအရာဖြင့် ချန်မိုကို ကြည့်လိုက်၊ ဖန်ကျန်းကိုကြည့်လိုက် လုပ်နေခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ချန်မို မျက်လုံး ပြန်ပွင့်လာခဲ့လေသည်။

ဖန်ကျန်းသည် ချန်မိုကို သေချာ စိုက်ကြည့်နေသည်။

“ဘယ်လိုလဲ” ရှန်းအောင်က အလျင်စလို မေးလိုက်သည်။

ချန်မိုက စိတ်ပျက်သွားသည့် အမူအရာဖြင့် ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒီမှာ မရှိဘူး”

“မဖြစ်နိုင်ဘူး” ရှန်းအောင် ထအော်လေသည် “သူရောင်နီကျွန်းနားမှာ ပျောက်သွားတာ လုံးဝ သေချာတာကို ဘယ်လိုလုပ်ပြီး ဒီမှာ မရှိတာလဲ။ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်။ သူ့ကို တစ်ယောက်ယောက် ဒီကနေ ခေါ်ထုတ်သွားတာ ဖြစ်ရမယ်”

“ရှန်းအောင်၊ မင်းတိုက်ချင်တယ်ဆို တိုက်လိုက်၊ လှည့်ပတ်ပြီး အကြောင်းပြချက်တွေ ပေးမနေနဲ့” ဖန်ကျန်းက ဒေါသတကြီး ပြန်ပြောလိုက်လေသည်။

ရှန်းအောင်သည် အစကတည်းက ဒေါသထွက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ကျန်း၏ စကားကို ကြားသည့်နောက် တိုက်ခိုက်တော့မည့်ဟန်ဖြင့် သူတော်စင်ချီကို ချက်ချင်း လှည့်ပတ်လိုက်လေ၏။

နှစ်ယောက်သား ထတိုက်တော့မည်ကို မြင်သော် ချန်မို အလျင်အမြန် ဝင်တားရတော့လေသည် “ကျွန်းသခင်ဖန်ကို မှားပြီး စွပ်စွဲသလို ဖြစ်သွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်။ နောက်ပိုင်းကျ ဒီကိစ္စအတွက် ကျိန်းသေ ပြန်တောင်းပန်ပါ့မယ်”

သူမ စကားကို ကြားသည့်အခါ ဖန်ကျန်း မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့၏။

ပင်လယ်ကလန်သည် လူသားများအပေါ် အမြဲတစေ အထင်သေးခဲ့ခြင်း ဖြစ်သည်။ သူမ ပြောနေသည့်ပုံအရ သူမစိတ်ထဲ အလွန်ကိုမှ စိုးရိမ်နေသဖြင့် ယခင်ကဲ့သို့ပင် မမောက်မာနိုင်တော့ပေ။ နောက်ပိုင်းတွင် ကျိန်းသေ တောင်းပန်မည်ဟု ပြောသော်ငြား သူမ တောင်းပန်ပန်၊ မပန်ပန် ကိစ္စမရှိချေ။ ယခု တောင်းပန်လိုက်သည်နှင့်ပင် သူ့စိတ်ထဲရှိ ဒေါသ ပြေသွားလေပြီ။

ဖန်ကျန်းသည် အခြေအနေကို သိတတ်နားလည်သူ လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူအပေါ် ဆက်၍ ဖိအား ပေးမနေတော့ဘဲ “အဲ့လိုဆိုမှတော့ ဒီဖန်လည်း ဘာမှ ထပ်ပြောမနေတော့ဘူး။ ခင်ဗျားတို့ဘာသာပဲ သွားကြပေတော့”

ပင်လယ်ကလန်သည် ဘာမှ ပြောမနေတော့ဘဲ အကုန်လုံး အလျင်အမြန် ပြန်ထွက်သွားကြလေသည်။ ရှန်းအောင် တစ်ယောက်သည်သာ ဖန်ကျန်းအား အတော်ကြာအောင် မကျေမချမ်း စိုက်ကြည့်နေပြီးမှ မသွားချင်သွားချင်ဖြင့် ထွက်သွားလေ၏။

ပင်လယ်ကလန်မှလူများ မိုင်တစ်ထောင်လောက် အကွာသို့ ရောက်သွားသည့် အခါမှပဲ ဖန်ကျန်း သက်ပြင်း အမောကြီး ချနိုင်တော့သည်။

ရောင်နီကျွန်းပေါ်ရှိ အခြား အကြီးအကဲများသည်လည်း အချင်းချင်း အကြည့်ချင်းဖလှယ်ရင်း ခါးသက်စွာ ပြုံးလိုက်ကြ၏။ သူတို့၏ ကျောပြင်ဟာတော့ ချွေးများဖြင့် စိုရွဲနေတော့၏။

သူတို့ မည်မျှပင် မကြောက်ဟန် ပြနေစေကာမူ စိတ်ထဲတွင်တော့ လန့်နေမိ၏။ တန်ခိုးရှင်အဆင့် အယောက်(၁၀၀)၏ ခွန်အားကို သူတို့ လက်ရှိ လူအင်အားဖြင့် ခုခံနိုင်ဖို့ရာ တကယ်ကို မလွယ်ကူပါချေ။

ကံကောင်းစွာဖြင့် ဤကိစ္စသည် မည်သည့် သွေးထွက်သံယိုမှ မဖြစ်ဘဲ ပြီးဆုံးသွားခဲ့သည်။

“ကျွန်းသခင်၊ ပင်လယ်ကလန်က ဘယ်သူ ပျောက်သွားတယ်လို့ ထင်လဲ။ ရှန်းအောင်နဲ့ ချန်မိုတို့ ဒီလောက် စိုးရိမ်နေတာကို ကြည့်ရတာ တော်တော်လေး အဆင့်မြင့်တဲ့လူ ဖြစ်လောက်တယ်”

ဖန်ကျန်းသည် ထိုလူကို ကို အချက်ပြလိုက်၏။ ထို့နောက် ချက်ချင်း ပြန်မဖြေသေးဘဲ ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးကာ “ဂိုဏ်းချုပ်ရန်တော့ မမြင်သင့်တာတွေ မြင်ကုန်ပြီဗျာ။ ကျုပ်အခုပဲ ဠာနချုပ်ကနေ သတင်းရလိုက်တယ်။ ကိုယ်စားလှယ်က နောက်သုံးရက်အတွင်း ရောက်မယ်တဲ့။ ဂိုဏ်းချုပ်ရန် နည်းနည်းလောက် ဆက်စောင့်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ”

ရန်ကိုင်က ပြုံးလျက် “ကျွန်းသခင်ဖန်ရဲ့ သဘောထားကို ဒီရန် နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ ပင်လယ်ကျောင်းတော်က ကျုပ်နဲ့ မပူပေါင်းချင်လောက်ဘူး ထင်တယ်”

ဖန်ကျန်း ပါးစပ်ဟ၍ တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား မည်သို့ ပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။

သူအမြင်အရသည် ပင်လယ်ကျောင်းတော်သည်၏ လုပ်ရပ်သည် ရန်ကိုင်နှင့် ပူးပေါင်းလုပ်ဆောင်လိုသည့်ပုံ လုံးဝ ပေါ်မနေခဲ့ချေ။ ထို့ကြောင့် သူလည်း ခါးသက်စွာ ရယ်မောရုံသာ တတ်နိုင်တော့လေသည်။

စကားနည်းနည်းပါးပါး ပြောပြီးနောက်တွင် ရန်ကိုင်သည် ဖန်ကျန်းအား ဂရုစိုက်မနေတော့ဘဲ ပင်လယ်ကလန်အား အာရုံစိုက်လိုက်လေသည်။

ပင်လယ်ကလန်သည် ပင်လယ် အရင်းအမြစ်များကို စုဆောင်းရာ၌ သူတို့ထက် ပိုသာသည်ဟု ဖန်ကျန်းကိုယ်တိုင် ဝန်ခံထား၏။ ထို့ကြောင့် သူသာ ပင်လယ်ကလန်နှင့် ပူးပေါင်း လုပ်ဆောင်နိုင်မည်ဆိုလျှင် ပင်လယ်ကျောင်းတော်နှင့် ပူးပေါင်းခြင်းထက်ပင် ပို၍ အကျိုးအမြတ် များနိုင်ပေသည်။

သို့သော်ငြား ပင်လယ်ကလန်နှင့် သဘောတူညီချက်ရရန် အလွန်ကိုမှ ခဲယဉ်းပေလိမ့်မည်။

သူ့ခွန်အားကိုသာ ထုတ်မပြလျှင် အောင်မြင်နိုင်ချေ လုံးဝ မရှိသလောက်ပင်။

ညသန်းခေါင်အချိန်တွင် ရန်ကိုင် ရုတ်တရက် မျက်လုံး ဖွင့်လာခဲ့သည်။ ယခုလေးတင် ဖန်ကျန်းနှင့်တကွ ရောင်နီကျွန်းပေါ်ရှိ ပညာရှင်များ တိုးတိုးတိတ်တိတ် ထွက်သွားသည်ကို ရန်ကိုင် အာရုံခံမိလိုက်သည်။

ဖန်ကျန်းသည် ပင်လယ်ကလန်မှ အရေးကြီးသည့်လူအား သွားရှာနေပြီမှန်း ရန်ကိုင် ချက်ချင်း နားလည်လိုက်သည်။

ရှန်းအောင်နှင့် ချန်မိုတို့ပင် အလွန်ကိုမှ စိုးရိမ်နေရသည့် လူသည် ပင်လယ်ကလန်တွင် အတော့်ကို အဆင့်အတန်း မြင့်မားသည့် လူတစ်ဦး ဖြစ်ပေလိမ့်မည်။ သူသာ ထိုလူကို ရှာတွေ့နိုင်လျှင် ပင်လယ်ကျောင်းတော်အတွက် ကြီးကြီးမားမား အကျိုးရှိအောင် လုပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုလူကိုကိုသုံး၍ ပင်လယ်နတ်ဘုရားနန်းတော်နှင့် သဘောတူညီချက် အချို့လည်း ရေးထိုးနိုင်ပေလိမ့်မည်။

ပင်လယ်ကလန်မှ ပညာရှင်များ ရောင်နီကျွန်းမှ ထွက်မသွားသေးမှန်း ရန်ကိုင် သိနေသည်။ ထိုလူများသည် ရောင်နီကျွန်းမှ မိုင်သုံးထောင်လောက် အကွာခန့်တွင်သာ ရစ်ဝဲရစ်ဝဲ လုပ်နေကြခြင်း ဖြစ်သည်။

သူတို့လူသည် ရောင်နီကျွန်းနားတွင် ပျောက်သွားသည်ဟု လုံးဝ ယုံကြည်နေသည့်ပုံပင်။

ထိုနှစ်ဖွဲ့သာတွေ့လျှင် ဘယ်လိုတွေဖြစ်လာမလဲ ရန်ကိုင် အမှန်တကယ်ကို ခသျင်နေမိသည်။ သို့သော်ငြား သူတွေးနေသည့် အတိုင်း ဖြစ်လာဖို့ရာ သိပ်မဖြစ်နိုင်လှပေ။ ပင်လယ်ကလန်မှ ဖြစ်စေ၊ ရောင်နီကျွန်းမှ ကျင့်ကြံသူများဖြစ်စေ၊ နှစ်ဖွဲ့စလုံးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အချင်းချင်း မတွေ့မိအောင် အတတ်နိုင်ဆုံး ရှောင်ရှားနေကြသည်။

ရုတ်တရက် အရှိန်အဝါတစ်ရပ်သည် ရန်ကိုင်၏ အာရုံခံစက်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် နောက်ထပ် အရှိန်အဝါတစ်ခု ထပ်ပျောက်သွားပြန်သည်။ ဤသို့ဖြင့် တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ ပျောက်သွားကြ၏။

အချိန်တိုအတွင် အရှိန်အဝါများစွာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သည်။ အရှိန်အဝါ ပျောက်ကွယ်သွားသည့်ပုံမှာ ကျင့်ကြံသူတစ်ဦး သေသွားသဖြင့် ဖြည်းဖြည်းချင်း မှေးမှိန် ပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ ချက်ချင်းကြီး အပြီးတိုင် ပျောက်ကွယ်သွားသည့်ပုံစံမျိုး ဖြစ်သည်။

ရန်ကိုင် ကြောင်သွားခဲ့လေသည်။

အရိပ်ကြယ်၏ ကြယ်သခင်တစ်ဦး ဖြစ်သည့်အလျောက် သူသာ ဆန္ဒရှိလျှင် အရိပ်ကြယ်၏ မည်သည့်နေရာရှိ မည်သူ့ကိုမဆို သေချာ စောင့်ကြည့်နိုင်ပေသည်။ သို့သော်ငြား ယခုမှ သူ့အကြည့်အောက်မှာပင် တစ်ယောက်ပြီးတစ်ယောက် ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ပျောက်ကွယ်သွားကြ၏။

ရှင်းရှင်းပြောရလျှင် ထိုလူများ ပျောက်ကွယ်သွားသည်ကို သူတို့၏ အဖော်များပင် သတိမပြုမိကြသေးချေ။

အစပိုင်းတွင် ပင်လယ်ကလန်းမှ လူသားသာ ပျောက်ကွယ်နေခြင်း ဖြစ်ပြီး မကြာခင်တွင်တော့ ရောင်နီကျွန်းမှ လူများပါ ပျောက်ကွယ်လာကြလေသည်။ တစ်ခုခု မှားယွင်းနေမှန်း လက်ကျန်လူများ သတိပြုမိသွားချိန်တွင်တော့ အကုန်လုံး နောက်ကျလွန်းနေခဲ့လေပြီ။ ထိုအချိန်တွင် အင်အားစု နှစ်ခုပေါင်းမှ တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ရာ၊ နှစ်ရာလောက်သာ ကျန်ရစ်တော့ပေသည်။ မကြာခင် ထိုအနည်းငယ်သည်လည်း‌ ပျောက်ကွယ်သွားကုန်ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၀၂)

ရန်ကိုင်လည်း ချက်ချင်း ထိုင်နေရာမှ ထရပ်လိုက်ပြီး ထူးဆန်းသည့် ပျောက်ကွယ်မှုများ ဖြစ်နေသည့် နေရာဆီသို့ ပျံသန်းသွားလိုက်လေသည်။ ရောက်သည့်အခါ လေထဲတွင် ဝဲလျက် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။

ဤကဲ့သို့သော ပုံမှန်မဟုတ်သည့် ဖြစ်ရပ်သည် ရန်ကိုင်အား ဇဝေဇဝါ ဖြစ်သွားစေလို အလွန်ကိုမှလည်း ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။

သေချာစစ်ဆေးကြည့်သည့်တိုင် မည်သည့် သဲလွန်စကိုမှ ရန်ကိုင် ရှာမတွေ့ခဲ့ပေ။ ဤပတ်ဝန်းကျင် တစ်ခုလုံးသည် အလွန်ကို ဆန်းကြယ်နေခဲ့သည်။ ရုတ်တရက် ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပဲ တစ်ဖက်ဆီသို့ လှမ်းကြည့်လိုက်၏။

သူလှည့်ကြည့်လိုက်သည့် နေရာတွင် အရိပ်များဖြင့် လွှမ်းခြုံနေသော ကျွန်းတစ်ကျွန်း ထူးဆန်းစွာ ရှိနေသည်။ ကျွန်း၏ အပြင်ပန်း သဏ္ဍာန်သည် ရေထဲအရိပ်ထင်သလို ဝိုးတဝါးတား ဖြစ်နေသဖြင့် ကျွန်း၏ တကယ့် အစစ်အမှန်ပုံစံကို ခန့်မှန်းကြည့်ရန် ခက်ခဲနေခဲ့သည်။ ပိုဆိုးသည်ကား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော်ငြား စစ်ဆေး၍ မရခြင်းပင်။ ထိုကျွန်းသည် အစစ်လား၊ အတုလား ဆိုသည်ကို ရန်ကိုင် မခွဲခြားနိုင်ခဲ့ပေ။

ထိုကျွန်းသည် အမှန်တကယ် ရှိသလိုလို မရှိသလိုလို ထင်ရဿည့် အပြင်ကိုမှ သူ့အနီးတွင် ရှိနေသလိုလို မရှိနေသလိုလိုလည်း ထင်မှတ်ရသေးသည်။

အနက်ရောင် အက်ကွဲကြောင်းတစ်ခုသည် ရန်ကိုင်၏ နောက်ကွယ်၌ တိတ်တဆိတ် ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်မှ ထိုအက်ကွဲကြောင်းကို သတိပြုမိသွားသည့် အချိန်တွင် အက်ကွဲကြောင်းသည် သားရဲကြီးတစ်ကောင်နှယ် ရန်ကိုင် တစ်ကိုယ်လုံးကို ဝါးမြိုသွားခဲ့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် ပျောက်ကွယ်သွားခဲ့လေ၏။

……

စိုထိုင်းထိုင်း ပင်လယ်ကမ်းခြေတစ်ခုတွင် ရန်ကိုင် ပြန်ပေါ်လာခဲ့သည်။ မည်သည့်နေရာသို့ ရောက်နေလဲ အဖြေ မရှာနိုင်သေးခင်မှာပဲ သူ့နောက်ဘက်မှ တိုက်ခိုက်သံများကို ကြားလိုက်ရလေသည်။

အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ ဖန်ကျန်း၊ ရှန်းအောင်နှင့် ချန်းမိုတို့ အဖွဲ့သည် ဘယ်ကမှန်း မသိရသော ကျင့်ကြံသူတစ်အုပ်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းအား ခံနေရသည်ကို တွေ့ရှိလိုက်ရလေသည်။

ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်ကြသော်ငြား မည်သည့် အချိန်တွင် မည်ကဲ့သို့ ပြုမူရမည်လဲ ဆိုသည်ကို ကောင်းကောင်း နားလည်ကြသည်။ ထူးဆန်းသော နေရာတစ်ခုသို့ ရုတ်တရက် အပို့ခံလိုက်ရသည့် အချိန်တွင် ယခင်က သူတို့ကြားရှိ ရန်ငြိုးရန်စများကို မေ့လျော့လိုက်ပြီး အချင်းချင်း အတူတူ ပူးပေါင်းကြတော့လေသည်။

သူတို့အား ဝိုင်းဝန်းတိုက်ခိက်နေကြသည့် လူအရေအတွက်မှာ များများစားစား မဟုတ်ဘဲ သုံးဆယ်လောက်သာ ဖြစ်လေသည်။

သို့သော်ငြား ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရား နန်းတော်မှ ကျင့်ကြံသူများမှာတော့ ပြန်မတိုက်ခိုက်နိုင်ကြဘဲ အောက်စည်းမှနေ၍သာ ခုခံနေကြသည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို ခဏကြာအောင် စိုက်ကြည့်နေပြီးနောက် တိုက်ခိုက်နေသူအားလုံးသည် မည်သူမှ သူတော်စင်ချီကို အသုံးမပြုကြဘဲ သူတို့ ကာယခွန်အား သီးသန့်ကိုသာ အသုံးပြုနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ရှန်းအောင်သည် တုတ်ခိုင်ပြီး ထွားကြိုင်းသည်။ ပင်လယ်ကလန် မျိုးနွယ်ဝင်တစ်ဦး ဖြစ်သည့်အလျောက် သူ့ကာယ ခွန်အားသည် အလွန်ကိုမှ မြင့်မားလှသည်။ ထို့ကြောင့် ရန်သူ လေးငါးယောက်လောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံနေရသည့်တိုင် သူ့ကိုယ်သူ ခုခံကာကွယ်နိုင်သေး၏။

သို့သော်ငြား ဖန်ကျန်းမှာမူ ထိုကဲ့သို့မဟုတ်။ ပုံမှန်အားဖြင့် ဖန်ကျန်းနှင့် ရှန်းအောင်သည် လက်ရည်ညီသော်ငြား သူတော်စင်ချီ အသုံးပြုခွင့် မရတော့သည့်အချိန်တွင် ဖန်ကျန်း၏ ခွန်အားသည် ရှန်းအောင်ထက် သိသိသာသာကို လျော့ကျသွားတော့သည်။

အခြား လူသား ကျင့်ကြံသူများအတွက်လည်း အတူတူပင်။ သူတို့တွင် ပင်လယ်ကလန်ဝင်များကဲ့သို့ အားကောင်းသော ခန္ဓာကိုယ် မရှိသည့်အတွက် အတော်လေးကိုမှ ဒုက္ခ ရောက်နေကြလေသည်။

ရန်ကိုင်လည်း သူ့သူတော်စင်ချီကို လှည့်ပတ်ရန် ကြိုးစားကြည့်လိုက်သော်ငြား မည်သို့မှ လှည့်ပတ်၍ မရကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ကြောင့် ရန်ကိုင် အလွန်ကိုမှ အံ့အားသင့်သွားခဲ့သည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည့် အခါ၌လည်း အများဆုံးမှ မီတာငါးဆယ်လောက်သာ ရောက်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ဒါဘယ်နေရာကြီးလဲ။ ဘာလို့ ငါ့သူတော်ချီနဲ့ ကောင်းကင် စိတ်အာရုံက ဒီလောက်တောင် ဖိနှိပ်ထားခံရတာလဲ ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

ရန်ကိုင် အတွေးထဲနစ်မြောနေသည်ကို မြင်သော် သူ့အနီး၌ ရှိနေသော ကျင့်ကြံသူနှစ်ဦးသည် သူ့ဆီသို့ ပြေးဝင်လာလေ၏။

လက်ရှိ အခြေအနေကို မသိရသေးခင်အထိ အရမ်းကြီး သူ့ကိုယ်သူ မထင်ပေါ်စေချင်သည့်အတွက် ရန်ကိုင်သည် ထိုနှစ်ယောက်ကို ထိန်းထားရင်း ပတ်ဝန်းကျင်ကို တိတ်တဆိတ် စစ်ဆေးကြည့်နေလေသည်။

ကာယခွန်အားပိုင်း ယှဉ်လျှင် ရန်ကိုင်၏ ခွန်အားသည် ထိပ်တန်းအဆင့်ထဲ ပါပေသည်။ ရန်ကိုင်သည် ဧကရာဇ်ဥယျာဉ်ထဲ၌ အသက်ရေစင်များစွာကို စုပ်ယူခဲ့သဖြင့် သူ့ကိုယ်ထဲရှိ ရွှေရောင်သွေးစက် ပမာဏမှာ သိသိသာသာ တိုးများလာခဲ့လေသည်။ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာကိုယ်ပါ ကျင့်ကြံထားလိုက်သည့်အတွက် ကာယခွန်အားချင်း လာယှဉ်မည် ဆိုပါက မည်သည့် တန်ခိုးရှင်ဘုရင်အဆင့်ကိုမှ ရန်ကိုင် မကြောက်ချေ။

ဤနေရာသည် အရိပ်ကြယ် မဟုတ်ဘဲ သီးခြားနေရာတစ်ခု ဖြစ်မှန်း ရန်ကိုင် သေချာသွားခဲ့လေပြီ။

အရိပ်ကြယ်ကို သူမည်ကဲ့သို့မှ ဆက်သွယ်၍ မရတော့ချေ။ ကြယ်သခင် တစ်ပါး၏ စွမ်းရည်များကိုလည်း အသုံးပြု၍ မရတော့သည့်အတွက် ဤနေရာသည် သီးခြား နေရာလပ် တစ်ခု ဖြစ်မှန်း ရန်ကိုင် သေချာသွားခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲမှာ အဆက်မပြတ် ဖြစ်ပွားနေသော်ငြား ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများမှာ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရကာ ဘေးသို့ ပုံထားခံနေခဲ့ရသည်။ ရှန်းအောင်နှင့် အခြားသူများမှာမူ ဆက်လက် ခုခံထားနိုင်ပြီး ရန်သူများကိုပင် ပြန်၍ ထိခိုက်အောင် တိုက်ခိုက်နိုင်နေခဲ့သည်။

တိုက်ပွဲအား ရပ်စောင့်ကြည့်နေသော ပိန်ပိန်လူကြီးသည် သူ့လက်အောက်ငယ်သားများ ရန်သူအားလုံးအား မဖမ်းနိုင်သေးသည်ကို မြင်သော် ဝင်ပါရန် ဆုံးဖြတ်လိုက်လေ၏ “အရိပ်လဝိဥာဉ်ထဲကို ဝင်လာလိုက်ပြီဆိုတာနဲ့ ကောင်းကင်နဲ့ မြေပြင် ဘယ်လောက်ကွာခြားလဲ ဆိုတာကို မင်းတို့ နားလည်ရတော့မယ်။ ဆက်ပြီး ခုခံတိုက်ခိုက်မနေတော့နဲ့။ အညံ့ခံပြီး ဒီဘုရင်နဲ့ ကျွန်းသခင်ကို လိုက်တွေ့လိုက်။ မင်းတို့သာ နာခံမယ်ဆိုရင် ကျွန်းသခင်က မင်းတို့ကို အရှက်ရအောင် လုပ်မှာ မဟုတ်ဘူး”

“အရိပ်တိဥာဉ်ကျွန်း” ဖန်ကျန်း၊ ရှန်းအောင်နှင့် ချန်မိုတို့ အားလုံး ဖြူဖတ်ဖြူလျော် အမူအရာဖြင့် အလန့်တကြား ထအော်ကြလေသည်။ ရန်ကိုင်ပင်လျှင် ထိတ်လန့်သွားခဲ့၏။

ဤနေရာသည် တကယ်ကြီး အရိပ်ဝိဥာဉ်ကျွန်း ဖြစ်နေ၏။

အရိပ်ဝိဥာဉ်ကျွန်းအကြောင်း ရန်ကိုင် ကြားဖူးပေသည်။ အရိပ်ဝိဥာဉ်ကျွန်းသည် အရိပ်ကြယ်၏ တားမြစ်နေရာ သုံးခုထဲမှ တစ်ခုဖြစ်ပေသည်။

တားမြစ်နယ်မြေများအနက် သဲမီးတောက်နယ်မြေသည် နှစ်ရာနှင့်ချီပြီတိုင်း တစ်ခါဖွင့်၏။ ဧကရာဇ်ဥယျာဉ်သည် ကြယ်တာရာကောင်းကင် မဟာဧကရာဇ် နေထိုင်ခဲ့သည့် နေရာ ဖြစ်သည့်အတွက် အလွန်ကိုမှ ကျော်ကြားပေသည်။

သဲမီးတောက်နယ်မြေနှင့် ဧကရာဇ်ဥယျာဉ်များကို အရိပ်ကြယ်ရှိလူများ မြင်ခဲ့ဖူးသော်ငြား အရိပ်ဝိဥာဉ်ကျွန်းကိုမူ မည်သူမှ မတွေ့ခဲ့ဖူးချေ။ တားမြစ်နယ်မြေ သုံးခုအနက် ပထမ နှစ်ခုသည် အခွင့်အရေးများကို ရှာဖွေနိုင်သည့် နေရာနှစ်ခု ဖြစ်သော်ငြား အရိပ်ဝိဥာဉ်ကျွန်းသည် သေမင်းနယ်မြေတစ်ခု ဖြစ်ပေသည်။

အရိပ်ဝိဥာဉ်ကျွန်းသည် အဆုံးမဲ့သမုဒ္ဒရာထဲတွင် တည်ရှိသည်ဟု ကောလဟာလများ ရှိသည်။ သိုသော်ငြား အရိပ်ဝိဥာဉ်ကျွန်းကို တွေ့ဖူးသူ တစ်ဦးမှ မရှိကြပေ။ အကြောင်းမှာ တွေ့ဖူးသူတိုင်း မည်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ယခု ပိန်ပိန်လူကြီးမှ ဤနေရာအား အရိပ်ဝိဥာဉ်ကျွန်းဟု ခေါ်လိုက်သည်ကို ကြားသည့်အခါ ဖန်ကျန်း၊ ရှန်းအောင်နှင့် အခြားသူများအားလုံး အံ့အားသင့် ထိတ်လန့်သွားကုန်ကြလေ၏။ အဆုံးမဲ့သမုဒ္ဒရာတွင် နေကြသူများ ဖြစ်ကြသည်အတွက် အရိပ်ဝိဥာဉ်ကျွန်းကို မမြင်ဖူးသော်ငြား ဤကျွန်းနှင့် ပက်သက်သည့် ကောလဟာလများကိုတော့ ကြားဖူးပေသည်။ ထို့ကြောင့် အရိပ်ဝိဥာဉ်ကျွန်းဟူသော နာမည်ကို ကြားလိုက်ချိန် အကုန်လုံး သွေးဆုတ်ဖြူလျော်သွားကြခြင်း ဖြစ်သည်။

ဤနေရာသည်သာ အရိပ်ဝိဥာဉ်ကျွန်း ဖြစ်သည်ဆိုပါက ကောလဟာလများသည် အခြေအမြစ်မရှိသည့် သတင်းများ မဟုတ်တော့ချေ။ ဆိုလိုသည်ကား အဆုံးမဲ့သမုဒ္ဒရာဆီသို့ သူတို့ ဘယ်တော့မှ ပြန်နိုင်တော့မည် မဟုတ်ချေ။

“ဟုတ်တယ်။ ဒီနေရာက အရိပ်ဝိဥာဉ်ကျွန်းပဲ” ပိန်ပိန်နှင့် လူကြီးက ပြန်ပြောလိုက်သည်။ အကုန်လုံး၏ ဖြစ်ပျက်သွားသည့် အမူအရာဖြင့် ပက်သက်၍ ပိန်ပိန်နှင့်လူကြီး အလွန်ကိုမှ ကျေနပ်နေမိသည်။ သူသည်လည်း ဤနေရာသို့ ရောက်စဉ်က အတော်လေးကိုမှ ဒုက္ခတွေ့ခဲ့ရသည်။ ယခုဆိုလျှင် သူဤနေရာသို့ ရောက်သည်မှာ မည်မျှပင် ကြာသွားခဲ့လေပြီနည်း။

ရှန်းအောင်နှင့် ဖန်ကျန်းသည့် အကြည့်ချင်း ဖလှယ်လျက် ပြိုင်တူ အော်ပြောလိုက်လေသည် “အရူးပဲ မင်းပြောတာကို ယုံလိမ့်မယ်”

“ဟန့်၊ ခေါင်းမာနေတဲ့ သောက်ရူးတွေ” ပိန်ပိန်နှင့် လူကြီးသည် နှာခေါင်းရှုံ့လျက် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။ မျက်စိဖမ်းစားဖွယ်ရာ အရှိန်အဝါတစ်ရပ်သည် သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေသည်။

ထို့နောက် သူ့လက်ကို အသာအယာ ဝှေ့ရမ်းလိုက်ရာ သူ့လမ်းအား တားဆီးနေသော လူသားကျင့်ကြံသူနှင့် ပင်လယ်ကလန်မှ ပညာရှင်များ မည်သို့မှပင် မခုခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရလေသည်။ ထိုလူကြီးသည် မည်သည့် သူတော်စင်ချီကိုမှ အသုံးမပြုဘဲ ကာယခွန်အား သက်သက်ကို အသုံးပြုသွားခဲ့ခြင်း ဖြစ်သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရှန်းအောင်၏ မျက်ဝန်းအစုံ မှေးစဉ်းသွားခဲ့ပြီး သူ့မျက်နှာအမူအရာ လေးနက်သွားခဲ့လေ၏။ ပိန်ပိန်နှင့်လူကြီး အလွန်ကိုမှ အားကောင်းကြောင်း သူပြောနိုင်၏။

ထိုလူကြီးသည် ခြေလှမ်းအနည်းငယ်လောက်သာ လှမ်းပြီး ရှန်းအောင်ရှေ့သို့ ရောက်လာခဲ့လေသည်။

ထိုလူကြီး၏ လှုပ်ရှားမှုများထဲ မည်သည့် လှည့်ကွက်မှ ပါဝင်မနေခဲ့။ သူ့လက်သီးချက်သည်ပင် အကြည့်ရဆိုးလှ၏။ သို့လျှင်ပင် သူ့လက်သီးချက် ထွက်ပေါ်လာသည့် အချိန်၌ လေထုပင်လျှင် ကွဲအက်သွားတော့မလို ထင်ရ၏။

ရှန်းအောင်သည် လက်နှစ်ဖက်ကို သူ့ရှေ့ အလျင်အမြန် ပိတ်ကာလိုက်လေသည်။

ဘုန်း…

အရိုးကျိုးသံနှင့်အတူ ရှန်းအောင်၏ ခန္ဓာကိုယ်ကြီးသည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့၏။ ပြန်ထလာနိုင်သည့်အချိန်တွင် ရှန်းအောင်၏ မျက်လုံးနှင့် နှာခေါင်းများ သွေးများ တောက်လျှောက် ယိုစီးကျနေခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်အခိုက် လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့လေသည်။

တိုက်ခိုက်နေကြသေးသည့် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ပညာရှင်အားလုံးသည်လည်း ဆက်၍ မတိုက်ခိုက်ကြတော့ဘဲ ထိုမြင်ကွင်းကိုသာ ကြောင်ကြည့်နေကြတော့၏။

ရှန်းအောင်ကိုပင် လက်သီးတစ်ချက်ဖြင့် အမှောက် သိပ်နိုင်လေရာ ကျန်လူအားလုံးကို သတ်ဖို့ရာဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။ ဖန်ကျန်းသည် အနည်းငယ် တုန့်ဆိုင်း တွေဝေနေပြီးနောက် ပင်လယ်ကျောင်းတော်မှ လူများကို ဆက်မတိုက်တော့ရန် အမိန့်ပေးလိုက်လေသည်။

တစ်ဖက်လူ၏ ခွန်အားသည် သူတို့ထက် အပြတ်အသတ် သာလွန်အနေလေရာ သူတို့အနေဖြင့် ဆက်၍ တိုက်နေလျှင်လည်း ဘာမှ ထူးခြားလာလိမ့်မည် မဟုတ်ချေ။

ထိုအခြင်းအရာကို မြင်သည့်အခါ ပိန်ပိန်နှင့် လူကြီးသည် ကျေနပ်သွားသည့် အမူအရာဖြင့် အကျယ်ကြီး အော်ရယ်လျက် “လူတော်တွေဆိုတာ အခြေအနေကိုလိုက်ပြီး သိတတ် နားလည်တတ်ရတယ်။ စိတ်ပူမနေနဲ့၊ ငါမင်းတို့ကို သတ်မှာ မဟုတ်ဘူး။ အရိပ်ဝိဥာဉ်ကျွန်း သွေးမစွန်းတာတောင် အတော်လေး ကြာနေပြီ။ ပြီးတော့ ကျွန်းသခင်က သူ့အမိန့်မပါဘဲ ဘယ်သူ့ကိုမှ လက်လွတ်စပယ် မသတ်ခိုင်းဘူး။ မင်းတို့သာ နာခံနေရင် နောက်ပိုင်း ငါတို့အချင်းချင်း ရဲဘော်ရဲဘက်တွေတောင် ဖြစ်လာနိုင်တယ်။ မင်းတို့ ဒီမှာနေတာ ကြာသွားရင် အရိပ်ဝိဥာဉ်ကျွန်းဆိုတာ ဘယ်လိုကျွန်းမှန်း မင်းတို့ သိလာလိမ့်မယ်”

ပိန်ပိန်နှင့်လူကြီးသည် ပျော်ရွှင်စွာ ပြုံးလိုက်လေ၏။ လူသားနှင့် ပင်လယ်ကလန်မှ ပညာရှင်များမှာတော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကုန်ကြလေသည်။

ရန်ကိုင်သည်လည်း မျက်မှောင်ကြုတ်နေခဲ့သည်။ ခဏကြာပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ မည်သို့ပင် ဖြစ်စေကာမူ တစ်ဖက်လူ ပြုသည့်နုသည့်ဘဝသို့ အရောက်ခံမည် မဟုတ်ချေ။ ဤနေရာသည် အရိပ်ဝိဥာဉ်ကျွန်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ့ဘက်က ဦးအောင် လုပ်ရပေမည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက်တွင် သူ့အား ဝိုင်းထားသည့် လူများကို ဖြတ်ကျော်၍ ချက်ချင်း ထွက်ပြေးသွားလေ၏။

ရန်ကိုင်၏ လုပ်ရပ်ကို ပိန်ပိန်နှင့်လူကြီး သတိပြုမိသွား၏။ ရန်ကိုင် ထွက်ပြေးနေသည်ကို မြင်သော် ပိန်ပိန်နှင့်လူကြီး မျက်နှာ ပျက်သွားပြီး အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် “ဘယ်အချိန် အညံ့ခံလို့ခံရကောင်းမှန်းမသိတဲ့ အရူး တစ်ယောက် ရှိနေသေးတာပါလား”

ရန်ကိုင်၏ လုပ်ရပ်သည် သူ့အား အမှန်တကယ်ကို ဒေါသထကွက်သွားစေခဲ့၏။ ထို့ကြောင့် သူ့လက်အောက်ငယ်သား နှစ်ဦးအား ရန်ကိုင်ကို သတ်ပစ်ရန် အမိန့်ပေးလိုက်လေသည်။

အမိန့်ရလိုက်သည်နှင့် ထိုလူနှစ်ယောက်သည် ရန်ကိုင် နောက်သို့ ပြေးလိုက်လေသည်။

ရန်ကိုင် မည်သူမှန်း ပင်လယ်ကလန်မှ တစ်ယောက်မှ မသိကြ။ ရန်ကိုင်အား ပင်လယ်ကျောင်းတော်မှ လူတစ်ဦးဟုသာ မှတ်ယူထားကြသည်။ ထို့ကြောင့် ရန်ကိုင်အား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အာရုံမစိုက်ကြတော့ချေ။ သို့သော် ဖန်ကျန်းကမူ ရန်ကိုင်ကို မြင်ပြီးနောက် အတော်လေး ထိတ်လန့် အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင် မည်ကဲ့သို့များ ဤနေရာသို့ ရောက်လာလဲ အတွေးများမိသွား၏။

သို့သော် လောလောဆယ်ဤ သူ့ကိုယ်သူပင် မကာကွယ်နိုင်သေးရာ ရန်ကိုင်အား အာရုံစိုက်နေချိန် မရှိချေ။ ထို့ကြောင့် ရန်ကိုင်အား အာရုံစိုက်မနေတော့ဘဲ မှုန်ကုတ်ကုတ် အမူအရာဖြင့် ရပ်နေလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၀၃)

ပိန်ပိန်နှင့်လူကြီးမှ အမိန့်ပေးလိုက်သည်နှင့် သူ့လက်အောက်ငယ်သားများသည် လက်ကျန်လူများကို ချက်ချင်း ကြိုးတုပ်နှောင်လိုက်လေသည်။ ခုခံသူများမှာတော့ အညိုအမဲ စွဲအောင် တီးခံရလေသည်။

သူတို့၏ ကျင့်ကြံခြင်း မည်သို့ပင် ဖြစ်စေကာမူ ဤနေရာရှိ လူများ၏ ခန္ဓာကိုယ်သည် အသစ်ရောက်လာသူများထက် အများကြီး ပိုသန်မာပေသည်။ ထို့ကြောင့် ပင်လယ်နတ်ဘုရား နန်းတော်နှင့် ပင်လယ်ကျောင်းတော်မှ ပညာရှင်များမှာ အလျင်အမြန်ပဲ ဖိနှိပ်ခံလိုက်ရလေသည်။

ပိန်ပိန်နှင့် လူကြီးက လူအုပ်ကြီးကို ကြည့်၍ ညစ်ကျယ်ကျယ် ပြုံးလျက် “အေးအေးဆေးဆေးနေရင် မင်းတို့အတွက် အမြတ်ချည်းပဲ။ ဒါပေမယ့် သောင်းကျန်းမယ်ဆိုရင်တော့… ဟင်းဟင်း၊ အရိပ်ဝိဥာဉ်ကျွန်းမှာ နျစ်တိုင်း သေနေတဲ့လူတွေ နည်းတာ မဟုတ်ဘူးနော်”

ပိန်ပိန်နှင့်လူကြီး၏ စကားကို ကြားလိုက်သည့်အခိုက် ဖန်ကျန်းနှင့် ချန်မိုတို့ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်လေသည်။

……

မိုင်တစ်ရာခန့်အကွာ၌၊ ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ သူ့ရှေ့ရှိ အလောင်းနှစ်ခုကို ကြည့်နေခဲ့သည်။ ရောက်ရောက်ချင်း ဖြစ်သဖြင့် မဆင်မခြင် လူမသတ်ချင်သော်ငြား ထိုနှစ်ယောက်သည် သူ့နောက်သို့ မရပ်မနား လိုက်နေသဖြင့် ရန်ကိုင်လည်း မတတ်သာတော့ဘဲ ရက်စက်လိုက်ရ၏။

သူတော်စင်ချီ အသုံးမပြုဘူးဆိုပါက ဤကြယ်စီရင်စုကြီးထဲ၌ ရန်ကိုင်အား ယှဉ်နိုင်သည့်လူ အနည်းငယ်သာ ရှိလေရာ ထိုကဲ့သို့ လက်အောက်ငယ်သား နှစ်ယောက်အနေဖြင့် ရန်ကိုင်၏ ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်မည်နည်း။

နှစ်ကွက်သုံးကွက်လောက် တိုက်ခိုက်ပြီးနောက်တွင် နှစ်ယောက်စလုံး ရန်ကိုင် လက်ချက်ဖြင့် အသက်ထွက်သွား၏။ ရန်ကိုင်သည် သူတို့၏ သိုလှောင်လက်စွပ်များကို ယူလိုက်ပြီး ကြုံရာလမ်းကြောင်း တစ်ခုသို့ ထွက်ပြေးလာလိုက်လေသည်။

နာရီဝက်ကြာပြီးနောက်တွင် နောက်ထပ် ကျင့်ကြံသူတစ်ဦး ထပ်ရောက်လာခဲ့သည်။ မြေပြင်ထက် လဲလျောင်းနေသော အလောင်းနှစ်လောင်းကို မြင်ပြီးနောက် မျက်နှာပျက်သွားပြီး ချက်ချင်း ပြန်လှည့်ထွက်သွားလေသည်။

လက်ရှိတွင် ရန်ကိုင်သည် မိုင်တစ်ရာခန့်အကွာ၌ ရောက်နေခဲ့လေပြီ။

သဘာဝအတိုင်း ဖြစ်တည်နေသည့် စိုထိုင်းထိုင်း လှိုင်ဂူတစ်လုံးထဲ၌ ရန်ကိုင် တင်ပလင်ခွေ ထိုင်နေခဲ့သည်။ လှိုင်ဂူ၏ အနေအထားသည် လူနေရန် မသင့်တော်သော်ငြား လက်ရှိအချိန်၌ ရန်ကိုင်အနေဖြင့် ထိုကိစ္စများကို အာရုံ စိုက်မနေနိုင်ချေ။

မြေပြင်ပေါ်တွင်ထိုင်လျက် သူတော်စင်ချီကို လှည့်ပတ်ရန် ကြိုးစားရင်း အရိပ်ကြယ်နှင့် ဆက်သွယ်ကြည့်နိုင်ရန် ကြိုးစားကြည့်သည်။ သို့သော်ငြား အချည်းနှီးသည်သာ။

ဤနေရာသည် သူနှင့် အရိပ်ကြယ်ကြားရှိ ဆက်သွယ်ချက်ကို လုံးဝ ဖြတ်တောက်ပစ်နိုင်သဖြင့် ရန်ကိုင်၏ အားသာချက်ကြီးကို လုံးဝ ဆုံးရှုံးလိုက်ရတော့လေသည်။

ရန်ကိုင်မျက်နှာ အရုပ်ဆိုးသွား၏။

ကံကောင်းစွာဖြင့် ဤနေရာ၌ သူ့ကောင်းကင်စိတ်အာရုံသည် အကြီးအကျယ် ဖိနှိပ်ထားခြင်း ခံရသော်ငြား သုံးမရသည့် အဆင့်ထိတော့ မရောက်ခဲ့ပေ။ မဟုတ်လျှင် သူ့သိုလှောင် လက်စွပ်ထဲရှိ ပစ္စည်းများကို အပြင်သို့ ထုတ်ယူလို့ ရတော့မည် မဟုတ်ချေ။

ခဏလောက် စဉ်းစားပြီးနောက် ရန်ကိုင်သည် သူသတ်ခဲ့သည့် လူများ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ထုတ်ယူ စစ်ဆေးကြည့်လိုက်လေသည်။

ပုံမှန်အားဖြင့် သူ့လက်ရှိ ကြွယ်ဝမှုအရ သာမန်လူများ၏ သိုလှောင်လက်စွပ်များကို ရန်ကိုင် စိတ်မဝင်စားတော့သော်ငြား သူသတ်ခဲ့သည့် လူနှစ်ယောက်၏ သိုလှောင် လက်စွပ်ထဲရှိ ပစ္စည်းများမှာမူ အရိပ်ဝိဥာဉ်ကျွန်း၏ အခြေအနေကို စစ်ဆေးရန် အသုံးပြုနိုင်သည့်အတွက် ယူထားခဲ့ခြင်း ဖြစ်သည်။

သူသတ်ခဲ့သည့် လူနှစ်ယောက်၏ ကျင့်ကြံခြင်းသည် သိပ်ပြီး မြင့်မားလှခြင်း မရှိသည့်အတွက် သူတို့ သိုလှောင်လက်စွပ်ပေါ်ရှိ စည်းတံဆိပ်များကို ရန်ကိုင် အလွယ်တကူ ဖျက်စီးပစ်နိုင်ခဲ့သည်။

သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် ထိုလူနှစ်ယောက်သည် အလွန်ကိုမှ ဆင်းရဲကြောင်း တွေ့ရှိလိုက်ရသည်။ အစာ အနည်းငယ်၊ အဆင့်နိမ့် မှော်ရတနာအချို့၊ လျှို့ဝှက်ကျင့်စဉ် အနည်းငယ်၊ သိုင်းပညာရပ်အချို့နှင့် ကျောက်စိမ်းပုလင်း အနည်းငယ်သာ ရှိသည်။

ဤနေရာတွင် သူတော်စင်ချီကို အသုံးမပြုနိုင်သဖြင့် သူတော်စင်သလင်းကျောက်များသည် လုံးဝ အသုံးမဝင် ဖြစ်သွားတော့လေသည်။ ထို့ကြောင့် ထိုလူများ၏ သိုလှောင် လက်စွပ်များထဲ မည်သည့် သူတော်စင်သလင်းကျောက်ကိုမှ မတွေ့ရခြင်း ဖြစ်သည်။

ရန်ကိုင်သည် မှော်ရတနာများ၊ သိုင်းပညာရပ်များကို တစ်ချက်မှ မကြည့်ခဲ့ချေ။ ကျောက်စိမ်းပုလင်း နှစ်ပုလင်းကိုသာ ယူ၍ အထဲရှိ ဆေးလုံးများကို သူ့လက်ဝါးပေါ်သို့ သွန်ချလိုက်၏။

ဆေးလုံးများကို မြင်ပြီးနောက်တွင် ရန်ကိုင် အထင်တသေး နှာခေါင်းရှုံ့လိုက်လေသည်။

တန်ခိုးရှင့်ဘုရင်အဆင့်ဟူသော သူ့ဆေးပညာ အဆင့်အတန်းအရ ထိုဆေးလုံးများသည် အပြည့်အဝ သန့်စင်ပြီးသော ဆေးလုံးများ မဟုတ်မှန်း ရန်ကိုင် ပြောနိုင်၏။ လုံးဝ အသုံးမဝင်သည့် ဆေးလုံးများ မဟုတ်သော်ငြား ဆေးလုံးများကို ဖော်စပ်ရာတွင် အသုံးပြုသော ဆေးအမယ်များ၏ အာနိသင်ကို အပြည့်အဝ အသုံးမပြုနိုင်ခဲ့ချေ။ ထို့အပြင် ဆေးလုံးများကို ဖော်စပ်ရန် အသုံးပြုသည့် နည်းလမ်းမှာလည်း အလွန်ကိုမှ အကြမ်းထည် ဆန်လွန်းနေခဲ့သည်။ ထို့ကြောင့် ဆေးအမယ်များ၏ ဆေးအာနိသင်များကို‌ ကောင်းမွန်စွာ မပေါင်းစပ်ထားနိုင်ခြင်း ဖြစ်သည်။

ဤဆေးလုံးများသည် ဆေးလုံးဟုပင် မခေါ်နိုင်တော့ဘဲ ဆေးပင်များကို ကြုံသလို ရောနှယ်ထားသည့် အလုံးလေးတစ်လုံးဟုသာ ခေါ်နိုင်ပေတော့သည်။ သို့သော်ငြား သူတော်စင်ချီကို ဤနေရာ၍ အသုံးမပြုနိုင်သည့်အကြောင်း ပြန်စဉ်းစားမိလိုက်သည့်အခါ ရန်ကိုင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့လေသည်။

သူတော်စင်ချီ မရှိသည့်အတွက် ဆေးပညာရှင်များ အနေဖြင့် ဆေးအရည်ကို သိပ်သည်းနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဆေးလုံးများသည် တစ်ပိုင်းတစ်စသာ ပြီးပြတ်ထားသည့် ဆေးလုံးများ ဖြစ်နေကြခြင်းပင်။

ထိုဆေးလုံးများကို သူအထင်သေးမိသော်ငြား ဆေးလုံးများ၏ ရည်ရွယ်ချက်ကိုတော့ သိချင်မိသေးသည်။ သူကျွမ်းကျင်ထားသည့် ဆေးလုံးများအနက် သူ့ရှေ့ရှိ ဆေးလုံးများနှင့် ကိုက်ညီသည့်‌ ဆေးလုံး တစ်လုံးမှ ပါဝင်မနေခဲ့ချေ။

ဆေးလုံးအား နည်းနည်းပါးပါး နမ်းရှုံ့ဆန်းစစ်ကြည့်ပြီး အဆိပ်ဆေးလုံး မဟုတ်မှန်း သေချာသွားသည့်နောက် ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

ခဏအကြာတွင် ရန်ကိုင် မျက်ခုံးပင့်လျက် အံ့အားသင့်နေသည့် လေသံဖြင့် “အဲ့လိုကိုး။ ဒီမှာရှိနေတဲ့လူတွေ ဒီလောက် ကာယခွန်အားကောင်းနေတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ လတ်စသတ်တော့ ဒီဆေးလုံးတွေကြောင့်ကိုး”

ဆေးလုံးအား သောက်ကြည့်လိုက်ပြီးနောက် ဆေးလုံး၏ အာနိသင်ကို နားလည်သွားခဲ့သည်။

ဤဆေးလုံးသည် ခန္ဓာကိုယ်သန့်စင်ရန်အတွက် ဖော်စပ်ထားသော ဆေးလုံး ဖြစ်ပေသည်။

ဆေးလုံးကို သောက်လိုက်ပြီးနောက် အပူစွမ်းအင် တစ်မျိုးသည် သူ့ဝမ်းဗိုက်မှနေ၍ ခန္ဓာကိုယ်အစိတ်အပိုင်း အနှံ့နှံ့ဆီသို့ ပျံ့နှံ့သွားကြောင်း တွေ့ရှိလိုက်ရသည်။ သို့သော်လည်း ရန်ကိုင်၏ ကာယခွန်အားသည် အလွန်ကိုမှ မြင့်မားနေပြီ ဖြစ်သည့်အတွက် ဆေးလုံးသည် သူ့အပေါ် အကျိုးသက်ရောက်မှု မရှိပါချေ။

သို့ရာတွင် ခန္ဓာကိုယ်ကို မလေ့ကျင့်ထားသည့် လူများ အတွက်မူ ဤဆေးလုံးသည် အလွန်ကိုမှ အသုံးဝင်ပေသည်။ ဤဆေးလုံးများကိုသာ နှစ်ပေါင်းများစွာကြာအောင် မှီဝဲသုံးစွဲမည် ဆိုပါက သူတို့၏ ကာယခွန်အားသည် ကျိန်းသေ မြင့်မားလာပေလိမ့်မည်။

ထို့ကြောင့်ပင် အရိပ်ဝိဥာဉ်ကျွန်းပေါ်တွင် နေထိုင်ကြသည့် ကျင့်ကြံသူများ၏ ကာယခွန်အားမှာ အလွန်ကိုမှ မြင့်မားနေရခြင်း ဖြစ်သည်။ ထိုလူများသည် ဤဆေးလုံးများကို သောက်ထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

အရိပ်ဝိဥာဉ်ကျွန်းပေါ်တွင် သူတော်စင်ချီကို မသုံးနိုင်ပေ။ ကောင်းကင်စိတ်အာရုံသည်လည်း ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခြင်း ခံရ၏။ ထို့ကြောင့် ဤနေရာတွင် နေထိုင်သည့် ကျင့်ကြံသူများသည် သူတို့၏ ကာယခွန်အားကို တိုးမြှင့်နိုင်သည့် နည်းလမ်းတစ်မျိုးကို ရှာထားကြခြင်း ဖြစ်သည်။

ရန်ကိုင်သည်လည်း ဤဆေးလုံးကို အတော်လေး စိတ်ဝင်စားမိ၏။

သို့သော်လည်း ဆေးညွှန်းနှင့် ဆေးအမယ်များကို မသိသည့်အတွက် ဤကိစ္စကို ဘေးဖယ်ထားရုံသာ တတ်နိုင်၏။

လိုဏ်ဂူအပြင်သို့ လှမ်းကြည့်လိုက်သည့်အခါ ကျွန်း၏ အလယ်ဗဟိုလောက် နေရာတွင် မြို့တစ်မြို့ ရှိနေသည်ကို လှမ်း၍ မြင်လိုက်ရသည်။ မြို့အလယ်တွင်မူ တိမ်ယံထိတိုင် ထိုးထွက်နေသော အဆောက်အဦးကြီးတစ်ခု ရှိနေခဲ့သည်။

ရန်ကိုင်သည် ငြိမ်သက်နေသော ပင်လယ်ပြင်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် တုန့်ဆိုင်းမနေတော့ဘဲ ရေခဲထဲသို့ ဒိုင်ဗင်ထိုး ခုန်ချလိုက်လေသည်။

သူတော်စင်ချီ မရှိသည့်အတွက် သမားရိုးကျ ရေကူးနည်းကို သုံး၍သာ ရေကူးရတော့သည်။

အရိပ်ဝိဥာဉ်ကျွန်းသည် လွင့်မျောတိုက်ကြီးကဲ့သို့သော ကိုယ်ပိုင် လောကဥပဒေသများ ပိုင်ဆိုင်ထားသည့် သီးခြား ကမ္ဘာကြီးတစ်ခုဖြစ်မှန်း ရန်ကိုင် ပြောနိုင်သွားလေပြီ။

ဤနေရာသည် သီးခြား ကမ္ဘာတစ်ခု ဖြစ်မှဖြင့် ဤနေရာ၌ နယ်နိမိတ်ရှိသင့်ပေသည်။ ဤနေရာ၏ နယ်နိမိတ်ကို ရှာပြီး ဤနေရာမှ ထွက်သွားနိုင်မလား ဆိုသည်ကို ရန်ကိုင် သိချင်မိ၏။

မထွက်သွားနိုင်လျှင်ပင် အရိပ်ဝိဥာဉ်ကျွန်းအလယ်ဗဟိုရှိ မြို့ဆီသို့သွားပြီး ကျွန်းသခင်ဆိုသည့်လူကိုရှာကာ ဤနေရာ၏ အခြေအနေအကြောင်း မေးမြန်းနိုင်ပေသည်။ ကျွန်းသခင်ဆိုသည့် လူသည် ဤနေရာအကြောင်း ရန်ကိုင်ထက် ပိုသိပေသည်။

ပင်လယ်ရေသည် အေးစက်နေသော်ငြား ရန်ကိုင်၏ အရှိန်သည် အလွန်ကိုမှ မြန်ပေသည်။

လမ်းတစ်လျှောက်တွင် ရန်ကိုင်သည် ရက်စက်သော ပင်လယ်သားရဲများစွာကို ကြုံတွေ့ခဲ့ရသော်ငြား အကုန်လုံးသည် ရန်ကိုင် လက်ချက်ဖြင့်သာ အသက်ထွက်သွားကုန်ကြသည်။

ရက်ပေါင်းများစွာကြာပြီးနောက်တွင် ဤနေရာရှိ ပင်လယ်သားရဲများသည် အပြင်ဘက်ရှိ ပင်လယ်သားရဲများနှင့် မတူမှန်း တွေ့ရှိလိုက်ရသည်။ ဤနေရာရှိ ပင်လယ်သားရဲများ၏ ခွန်အားသည် အပြင်ဘက်ရှိ သားရဲများ၏ ခွန်အားထက် အများကြီး ပိုကောင်းပေသည်။ ရန်ကိုင် အနေဖြင့်ပင် ထိုသားရဲများကို သတ်ဖြတ်ရန် အတော်လေး အားစိုက်လိုက်ရပေသည်။

ကူးခတ်နေရင်းမှ ပင်လယ်ပြင်ထက်တွင် သင်္ဘောအချို့ သွားလာနေသည်ကိုလည်း ရန်ကိုင် တွေ့ရှိလိုက်ရသေးသည်။ သင်္ဘောများကို ကြည့်ရသည်မှာ တစ်ခုခုကို ရှာနေသည့်ပုံမျိုး ဖြစ်သည်။

ရန်ကိုင်သည် သူ့ကိုယ်သူ လူလုံး ထွက်မပြချင်သေးသည့် အတွက် တတ်နိုင်သလောက် ပုန်းရှောင်၍သာ နေခဲ့သည်။

ထိုသင်္ဘောများသည် ကျွန်းအနီးတစ်ဝိုက်တွင်သာ လှည့်ပတ်၍ သွားလာနေကြခြင်းဖြစ်ပြီး ကျွန်းနှင့် ခပ်ဝေးဝေးကိုတော့ မသွားရဲကြပေ။ ကျွန်းမှ ခပ်ဝေးဝေးသို့သွားလေ သူတို့ ကြုံတွေ့ရမည့် ပင်လယ်သားရဲများမှာလည်း ပို၍ အားကောင်းလာလေပင်။ ထိုပင်လယ်သားရဲများသည် ရန်ကိုင်အတွက် ပြဿနာတစ်ရပ် မဟုတ်သော်ငြား သူတို့အတွက် မဟုတ်ဟုတော့ မဆိုလိုပေ။

ရက်ပေါင်းများစွာကြာသွားသည့်နောက်တွင် သတိပြုစရာ ဘာကိုမှ ရန်ကိုင် ရှာမတွေ့ခဲ့ချေ။ ကျင့်ကြံသူများကိုပင် တဖြည်းဖြည်း မတွေ့လာရတော့။ သို့တိုင် အလျှော့မပေးဘဲ ဆက်၍သာ စူးစမ်းလေ့လာနေပေသည်။

တစ်နေ့တွင် ရှေ့ဘက်ဘက်စူးစူး၌ ရောင်စဉ်များ ထွက်ပေါ်နေသည်ကို ရန်ကိုင် တွေ့ရှိလိုက်ရလေသည်။ ဘာတွေများ ဖြစ်မလဲ တွေးတောလျက် ထိုနေရာသို့ အလျင်အမြန် ကူးခတ်သွားလိုက်လေ၏။

ပြောင်းလဲခြင်းမရှိသော ပင်လယ်ပြင်ကြီးထက် ထိုထူးဆန်းသည့် အရောင်များသည် ပို၍ စိတ်ဝင်စားစရာ ကောင်းမည်မှာ သေချာပေသည်။ ခဏအကြာတွင် ထိုနေရာသို့ ရန်ကိုင် ရောက်လာခဲ့သည်။

သို့သော်ငြား မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

ပင်လယ်ပြင်ထက်၌ မျောလွင့်နေသော ကြာပန်းများ ရှိနေခဲ့သည်။ တစ်ပွင့်တည်း မဟုတ်ဘဲ အပွင့်ပေါင်းများစွာ ရှိနေခြင်း ဖြစ်သည်။ အချို့ ကြာပန်းများသည် ပန်းရောင်ဖြစ်ပြီး အချို့မှာ မိုးပြာရောင်ဖြစ်ကာ၊ အချို့မှာ ရွှေရောင်၊ ငွေရောင်များ ဖြစ်ကြသည်။

“ပင်လယ်ကြာပန်းတွေလား” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။

ထိုကြာပန်းများသည် သာမန် ပင်လယ်ကြာပန်းများ မဟုတ်ကြဘဲ အဖိုးတန်သည့် ဆေးအမယ်များ ဖြစ်ကြသည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပလာပြီး ချက်ချင်း ကြာပန်းများဆီသို့ ကူးခတ်သွားကာ ကြာပန်းတစ်ပွင့်ကို ခူး၍ သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

မကြာမီ ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပလာပြီး သည်းလှိုက်အူလှိုက် ထရယ်မောတော့လေသည် “လတ်စသတ်တော့ ဒီဟာက အဲ့ဆေးလုံးရဲ့ အဓိက ဆေးအမယ် ဖြစ်နေတာကိုး”

ပင်လယ်ပြင်ထဲ ကြုံသလို ရေကူးခတ်သွားလာရင်းဖြင့် သူသိချင်နေသည့် ဆေးညွှန်း၏ အဓိက ဆေးအမယ်ကို ရှာတွေ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

အစောပိုင်းက သူကြုံတွေ့ခဲ့သည့် သင်္ဘောများသည် ပင်လယ်ကြာပန်းကို ရှာဖွေနေခြင်း ဖြစ်လောက်သည်။

ကံမကောင်းစွာဖြင့် ထိုလူများသည် အရိပ်ဝိဥာဉ်ကျွန်း အနီးတစ်ဝိုက်တွင်သာ သွားနိုင်သည့်အတွက် ဤဝိဥာဉ်ကြာပန်းကို ရှာမတွေ့နိုင်ခဲ့ပေ။

ရန်ကိုင် ပင်လယ်ကြာပန်းများကို ပျော်ရွှင်စွာဖြင့် တစ်ပွင့်ပြီး တစ်ပွင့် ထိုင်ခူးနေတော့ပေသည်။ ဤကြာပန်းအုပ်ကြီးထဲ ပွင့်လန်းနေသည့် ရွှေရောင်ကြာပန်းတစ်ပွင့်သာ ရှိနေခဲ့လေသည်။

ငွေရောင်ကြာပန်းများလည်း သိပ်မရှိဘဲ စုစုပေါင်းမှ ခြောက်ပွင့်သာ ရှိသည်။

ထိုဝိဥာဉ်ကြာပန်းများသည် ရန်ကိုင်အတွက် အလွန်ကိုမှ အသုံးဝင်ပေသည်။ ထိုကြာပန်းများဖြင့်သာ ဆိုပါက ရန်ကိုင် အနေဖြင့် ဆေးညွှန်းကို ကိုယ့်ဘာသာ အဖြေရှာ၍ ရပေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၀၄)

ကြာပန်းများကို ခူးရင်း ပျော်မြူးနေစဉ် ရေပွက်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ တစ်မီတာခန့် အရှည်ရှိသော လင်းပိုင် တစ်ကောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ လင်းပိုင်လေးသည် မိုးပြာရောင်ပင်လယ်ကြာပန်းရှေ့သို့ ရောက်လာပြီး ပါးစပ်ကိုဟ၍ ကြာပန်းတစ်ခုလုံးကို တစ်ကိုက်တည်း မျိုချပစ်လိုက်လေသည်။

လင်းပိုင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးသည် ရေထဲ မြုပ်နေသဖြင့် အပြည့်အဝ မမြင်ရသော်ငြား အတော်လေး ချစ်စရာကောင်းသည့် လင်းပိုင်တစ်ကောင် ဖြစ်လိမ့်မည်ဟု ပြောနိုင်၏။

ရန်ကိုင် သူ့အား ကြည့်နေသည်ကို မြင်သော် လင်ပိုင်းလေသည် ရန်ကိုင်ဆီသို့ လှည့်ကြည့်လာပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ ကြောက်လန့်သွားခြင်းပင် မရှိဘဲ အမြီးဖြင့် ရေအား ရိုက်လျက် နောက်ထပ် ပန်းရောင် ပင်လယ်ကြာပန်းဆီ ဖြည်းဖြည်းချင်း ကူခတ်သွားလေ၏။

မကြာမီ ပန်းရောင်ကြာပန်းကိုလည်း စားလိုက်ပြန်သည်။

လင်းပိုင်လေးသည် အတော်လေး ပျော်နေဟန်ရ၏။ အမြီးလေးကို ပို၍မြန်မြန်ခတ်ရင်း နောက်ထပ် ပင်လယ်ကြာပန်း တစ်ပွင့်ဆီ ထပ်မံ ကူးခတ်သွားပြန်လေသည်။

အစကမူ လင်းပိုင်လေးကို မောင်းထုတ်ပစ်ချင်သော်ငြား ခဏတာ တုန့်ဆိုင်းတွေဝေနေပြီးနောက် ထိုကဲ့သို့ မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ပင်လယ်ထဲသို့ ရောက်ကတည်းက သူတွေ့ရသည့် သားရဲအားလုံးသည် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာသော သားရဲများ ဖြစ်ကြကာ အကုန်လုံးသည် သူ့အား တွေ့သည်နှင့် ချက်ချင်းကို တိုက်ခိုက်ကြသည်။

သို့ရာတွင် လင်းပိုင်လေးမှာမူ ရန်ကိုင်အား လုံးဝ ရန်မူခြင်း မရှိခဲ့ပေ။ သူ့အား ပြဿနာ လာရှာသူကို ရန်ကိုင်လည်း သွားပြီး ပြဿနာ မရှာချင်ချေ။

ဤသို့ဖြင့် လူတစ်ယောက်နှင့် လင်းပိုင်တစ်ကောင်သည် ဤနေရာ တစ်ဝိုက်ရှိ ပင်လယ်ကြာပန်းများကို အလျင်အမြန် စုဆောင်း စားသုံးနေတော့လေသည်။

ငွေရောင်ကြာပန်း ခြောက်ပွင့်နှင့် ရွှေရောင်ကြာပန်း တစ်ပွင့်ကို ရန်ကိုင်မှ ခူးယူသွားပြီး လင်းပိုင်လေးမှာမူ အပြင်ဘက် အစွန်ပိုင်းရှိ အဆင့်နိမ့်ကြာပန်း အချို့ကိုသာ စားသုံးနိုင်ခဲ့၏။ ပင်လယ်ပြင်ထက်ရှိ ကြာပန်းများ ကုန်သွားပြီးနောက် ရန်ကိုင်၏ ဘေးဘက်သို့ ရဲတင်းစွာ ကူးခတ်လာပြီး ရန်ကိုင်အား ဝိုင်းကြီး ပတ်ပတ် ပတ်ကာ ကူးခတ်ရင်း အော်မြည်လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ နောက်ဆုံး မကြည့်ရက်တော့သည့်အဆုံး ရန်ကိုင်သည် သူ့သိုလှောင်လက်စွပ်ထဲမှ မိုးပြာရောင် ကြာပန်း တစ်ပွင့်ကို ထုတ်ပေးလိုက်လေသည်။

ရန်ကိုင်မှ မိုးပြာရောင်ကြာပန်းအား ထုတ်ယူလိုက်သည်ကို မြင်သည့်အခါ လင်းပိုင်လေး၏ မျက်ဝန်းများ တောက်ပလာပြီး ချက်ချင်းပဲ အစာတောင်းနေသည့် ကလေးလေးနှယ် အကြိမ် အနည်းငယ်ထပ်၍ အော်မြည်လိုက်လေသည်။

ရန်ကိုင်မှ ကြာပန်းလေး ပါးစပ်နားသို့ တေ့ပေးလိုက်သည့် အခါ လင်ပိုင်လေးသည် ကြာပန်းအား တစ်ကိုက်တည်း မျိုချပစ်လိုက်လေသည်။

မျိုးပြာရောင်ကြာပန်းအား စားပြီးသည်နှင့် လင်းပိုင်လေးသည် ရန်ကိုင်အပေါ် ပို၍ ရင်းနှီးလာပြီး သူ့ဘေးပတ်လည် ဝိုင်းကြီးပတ်ပတ် ပတ်၍ ကူးခတ်နေတော့လေသည်။

ရုတ်တရက် ပင်လယ်ပြင်ထက် လှိုင်းခုံးတစ်ခု ထွက်ပေါ်လာ၏။ ထိုလှိုင်းခုံးသည် ရန်ကိုင်နှင့် လင်းပိုင်လေး ဆီသို့ အလျင်အမြန် တိုးဝင်လာနေလေသည်။ လှိုင်းခုံးမှာ အခြား မဟုတ်ဘဲ ပင်လယ်သားရဲတစ်ကောင်သာ ဖြစ်ပေသည်။

ထိုလှိုင်းခုံးကို မြင်သည်နှင့် လင်းပိုင်လေးသည် ချက်ချင်း ရန်ကိုင်နောက်သို့ ပြေးပုန်းလေတော့သည်။ ထို့နောက် ခေါင်းလေး ပြူတစ်ပြူတစ်ဖြင့် ချောင်းကြည့်လိုက်၏။

ရန်ကိုင်သည် လင်းပိုင်ခေါင်းကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် တိုးဝင်လာနေသည့် ပင်လယ်သားရဲအား မျက်လုံးမှေးစဉ်း၍ စိုက်ကြည့်လိုက်လေသည်။

မကြာမီ ဧရာမရေပွက်ကြီးနှင့်အတူ ကြောက်မက်ဖွယ်ရာ ငါးမန်းပုံစံ ပင်လယ်သားရဲတစ်ကောင် ရန်ကိုင်ပေါ်သို့ ခုန်အုပ်လာ၏။ လင်းပိုင်လေးလည်း အမြီးကို တဖျတ်ဖျတ်ခတ်ကာ ထအော်တော့လေသည်။

ရန်ကိုင်ကမူ ပင်လယ်သားရဲ သူ့အနားသို့ ရောက်သည်အထိ စောင့်နေသည်။ ရောက်တော့မှ ပင်လယ်သားရဲ၏ နဖူးတည့်တည့် လက်သီးတစ်ချက် ပစ်ကျွေးလိုက်၏။ ဘုန်းဆိုသော မြည်သံနှင့်အတူ ရန်ကိုင်ကို ဗဟိုပြု၍ လှိုင်းလုံးများ အဘက်ဘက်သို့ ဖြာထွက်သွားလေသည်။

ပင်လယ်သားရဲ၏ နဖူးသည်လည်း အထဲသို့ ကျွံဝင်သွားခဲ့ပြီး ခန္ဓာကိုယ်ကြီးမှာတော့ မီတာရာပေါင်းများစွာသို့ လွင့်စင်ထွက်သွားခဲ့လေသည်။

ခဏအကြာ၌ ပင်လယ်သားရဲ လွင့်ထွက်သွားသည့် နေရာ တစ်ခုလုံး သွေးချင်းနီသွားခဲ့သည်။ ရန်ကိုင်၏ လက်သီးစာ မိသွားသော ပင်လယ်သားရဲသည်လည်း မှောက်လျက်လှန်လျက် ရေပေါ် ပြန်ပေါ်လာခဲ့လေသည်။ သို့ရာတွင် အသက်မရှိတော့။

ထိုမြင်ကွင်းကိုကြည့်ရင်း လင်ပိုင်လေး မှင်သက်သွား၏။ စိတ်ဓါတ်တက်ကြွနေသည့် မျက်ဝန်းအစုံသည် ရန်ကိုင်ကို ကြည့်လိုက်၊ ပင်လယ်သားရဲကို ကြည့်လိုက် လုပ်နေ၏။

အကောင်သေးသေးလေးသာ ရှိသော ရန်ကိုင်သည် ထိုမျှ ကြီးမားလှသော ပင်လယ်သားရဲကြီးကို လက်သီး တစ်ချက်တည်းဖြင့် မည်ကဲ့သို့ သတ်လိုက်နိုင်သလဲ ဆိုသည်ကို စဉ်းစားမရ ဖြစ်နေသည့်ပုံပင်။

သို့သော်လည်း ထိုအကြောင်းကို အချိန်ကုန်ခံ တွေးမနေဘဲ ရန်ကိုင်အား လေးစားတကြီး ကြည့်၍သာ ပျော်ရွှင်စွာ အော်ဟစ်လိုက်လေသည်။ ထို့နောက် ရန်ကိုင်ပတ်လည် လှည့်ပတ်ပျံသန်းပြီး ရန်ကိုင်အား ခေါင်းတငုံ့ငုံ့ လုပ်ပြလေ၏။

ရန်ကိုင်သည် လင်းပိုင်လေးအား နားမလည်နိုင်စွာဖြင့် ပြန်၍ စိုက်ကြည့်လိုက်သည်။ လင်ပိုင်လေးသည် လက်ယပ်ခေါ်သည့် ပုံစံမျိုးဖြင့် ရန်ကိုင်ကိုသာ သူ့ခေါင်းကို ငုံ့ပြနေခဲ့သည်။

ခဏကြာ စဉ်းစားပြီးမှသာ လင်းပိုင်လေး ဘာပြောချင်နေလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ လင်းပိုင်လေး၏ ကျောပြင်ကို လက်ညိုးထိုးပြ၍ “ငါ့ကို တက်စေချင်တာလား”

လင်ပိုင်းလေးက ခေါင်းညိတ်ပြလိုက်သည်။

ရန်ကိုင်က သိပ်နားမလည်နိုင်သည့် အမူအရာဖြင့် တစ်မီတာလောက်သာ ရှည်သော လင်းပိုင်လေးကို လက်ညိုးထိုးရင်း တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် “ဖြစ်ပါ့မလားဟ၊ မင်းခန္ဓာကိုယ်က သေးသေးလေး”

လင်းပိုင်လေး သူ့အား သယ်ပြီး မသွားနိုင်မှာကို စိတ်ပူနေခြင်း ဖြစ်သည်။

လင်းပိုင်လေးသည် ဘာမှ ထပ်မေးမနေတော့ဘဲ ရေထဲသို့သာ ငုပ်ရှိုးသွားလေ၏။ ခဏအကြာ၌ သူ့အား ရေအောက်ထဲရှိ တစ်ခုခုမှ ပင့်မထားသလို ရန်ကိုင် ခံစားလိုက်ရသည်။ မကြာမီ လင်းပိုင်၏ ခန္ဓာကိုယ်တစ်ဝက် ရေပေါ်သို့ ရောက်လာခဲ့သည်။ ပျော်ရွှင်စွာ အော်မြည်လိုက်ပြီးနောက် ရှေ့သို့ လျင်မြန်စွာ စတင် ကူးခတ်တော့လေသည်။

လင်းပိုင်ပေါ် စီးနေရင်း ရန်ကိုင် ရေရွတ်လိုက်လေသည် “ကြည့်ရတာ ငါမင်းကို အထင်သေးမိသွားတဲ့ပုံပဲ”

လင်းပိုင်လေး ရေထဲ ကူးခတ်သွားသည့် အမြန်နှုန်းသည် သူရေကူးသည့်နှုန်းထက် ဆယ်ဆ ပိုမြန်ပေသည်။

လင်းပိုင်လေးသည် ရန်ကိုင်အား “ထပ်ချီးကျူးပါဦး” ဟု ပြောနေသည့်နှယ် သူ့အား ကြည့်လျက် ခေါင်းကို ထပ်ခါထပ်ခါ ညိတ်ပြလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင် အကျယ်ကြီး အော်ရယ်မိလိုက်သည်။

လင်းပိုင်လေးသည် မည်ကဲ့သို့သော သားရဲ ဖြစ်သလဲ ဆိုသည်ကို သူမသိသော်ငြား အစောပိုင်းက လင်းပိုင်လေး၏ အပြုအမူအရ လင်းပိုင်လေးအဖို့ ဤနေရာတွင် ရှင်သန်ရန် အတော်လေး ခဲယဉ်းမည်မှန်း ရန်ကိုင် ပြောနိုင်သည်။ သို့သော် လင်းပိုင်လေး၏ သူ့စကားကို နားလည်ဟန်ရသော အပြုအမူအရ လင်းပိုင်လေး၏ အသိဥာဏ်သည် အတော်လေး မြင့်မားသည်ဟု ပြောနိုင်သည်။ အနည်းဆုံး ခုနှစ်နှစ်သား၊ ရှစ်နှစ်သား ကလေး၏ အသိဥာဏ်အောက် နိမ့်ကျခြင်း မရှိချေ။

လင်းပိုင်လေး ရှိနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် အနေဖြင့် သူ့ကိုယ်သူ ရေစိုခံနေစရာ မလိုတော့ချေ။ ပင်လယ်ပြင်ထဲ အေးအေးဆေးဆေး လှည့်ပတ်သွားလို့ ရလေပြီ။

လင်းပိုင်လေး သူ့အပေါ် ဘာကြောင့် အရမ်း တရင်းတနှီး ပြုမူနေရသလဲ ဆိုသည်နှင့် ပက်သက်၍မူ ဤပင်လယ်ကြီးထဲ သူ့ဘာသာ အသက်ရှင်နိုင်ရန် အတော်လေး ခဲယဉ်းသည်ကို နားလည်ထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရန်ကိုင်အား တင်ခေါ်သွားလိုက်ခြင်းသည် နှစ်ဖက်စလုံး အတွက် အကျိုးအမြတ်ရှိသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

အစကတော့ လင်းပိုင်လေးကို စီးရာတစ်ခုလောက် အဖြစ်သာ အသုံးပြု၍ရမည်ဟု ရန်ကိုင် ထင်ခဲ့သော်ငြား မကြာခင်မှာပဲ သူ့အထင် မှားယွင်းနေကြောင်း တွေ့ရှိလိုက်ရသည်။ နည်းနည်းလေး မှားနေခြင်းပင် မဟုတ်ဘဲ အကြီးအကျယ်ကို မှားယွင်းနေခြင်းပင်။

လင်းပိုင်လေးသည် ပင်လယ်ပြင်ထဲ ဦးတည်ရာမဲ့ သွားလာနေသည်ဟု ထင်ရသော်ငြား တကယ်တော့ ထိုကဲ့သို့ မဟုတ်။ လင်းပိုင်လေးပေါ် လိုက်စီးလာရင် မကြာမီ ပင်လယ်ကြာပန်းများ အုံလိုက် ပေါက်ရောက်နေသည့် နေရာ တစ်နေရာသို့ ရန်ကိုင် ရောက်လာခဲ့သည်။

ပင်လယ်ကြာပန်းများကို ပထမဆုံးအကြိမ် တွေ့သည်မှာ ကံကောင်းသွားသည့် အတွက်ကြောင့်ဟု ပြော၍ရသော်ငြား နှစ်ရက်ကြာပြီးနောက် နောက်တစ်ကြိမ် ထပ်တွေ့သည်ကိုတော့ ကံကြောင့်ဟု ပြော၍ မရတော့ချေ။ လင်းပိုင်လေးတွင် ပင်လယ်ကြာပန်းများကို မိုင်ပေါင်းများစွာအကွာမှ အနံ့ခံနိုင်သည့် အစွမ်းရှိသည့်ပုံပင်။

လင်းပိုင်လေးပေါ် လိုက်စီးလာရင်း ရန်ကိုင် အကျိုးအမြတ် ကြီးကြီးမားမား ရသွားခဲ့လေသည်။

ပထမဆုံးအကြိမ်၌ တွေ့ခဲ့သော ပင်လယ်ကြာပန်းများစွာ အပြင် နောက်ရက်အနည်းငယ်အတွင်း နောက်ထပ် ရာနှင့်ချီသော ပင်လယ်ကြာပန်းများကို ထပ်ရခဲ့ပေသေးသည်။

အများစုမှာ ပန်းရောင်နှင့် မိုးပြာရောင် ပင်လယ်ကြာပန်းများ ဖြစ်ကြပြီး ငွေရောင်မှာတော့ အတော်လေး ရှားပါးကာ ရွှေရောင် ကြာပန်းကိုတော့ သုံးပွင့်သာ ရှာတွေ့ခဲ့၏။

ထိုကြာပန်းများသည် အရိပ်ဝိဥာဉ်ကျွန်းတွင်သာ ပေါက်သော ကြာပန်းများ ဖြစ်ကြသည်။ ထိုကြာပန်းများဖြင့် ဆိုပါက ခန္ဓာသန့်စင် ဆေးလုံးများစွာကို ဖော်စပ်နိုင်မည်ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို ပို၍ အားကောင်းလာအောင် လုပ်နိုင်မည့်အပြင် သူ့မိတ်ဆွေ၊ မိသားစုဝင်များ၏ ခွန်အားကိုလည်း ပိုမို တိုးတက်လာအောင် ကူညီပေးနိုင်ပေလိမ့်မည်။

ထို့ကြောင့် ပင်လယ်ကြာပန်း များများရလေ သူ့အတွက် ပိုကောင်းလေပင်။

လင်းပိုင်လေးသည် ဗိုက်ပြည့်သည်အထိ ထိုင်စားသည်။ ပင်လယ်ကြာပန်းများကို လင်းပိုင်လေးမှ ရှာတွေ့ခြင်း ဖြစ်သည့် အတွက် ရန်ကိုင်သည် ထိုကောင်လေးအား ဗိုက်ပြည့်သလောက် ထိုင်စားခိုင်းထား၏။

ဤအတိုင်း သွားနေလိုက်ရာ မကြာမီ လဝက် ပြည့်သွားခဲ့၏။ ယခုဆိုလျှင် ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲ၌ အနည်းဆုံး ပင်လယ်ကြာပန်း အပွင့်ငါးရာ ရှိနေခဲ့လေပြီ။ ထိုကြာပန်းများ မည်မျှ အဖိုးတန်လဲဆိုသည်ကို သူမသိသော်ငြား သူသွားခဲ့ရသည့် ခရီးကို ထောက်ချင့်ကြည့်မည်ဆိုပါက ထိုကြာပန်းများသည် အရိပ်ဝိဥာဉ်ကျွန်း၌ လိုတိုင်းမရနိုင်သည့် ပစ္စည်းများဖြစ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။

အရိပ်ဝိဥာဉ်ကျွန်းသာ အားကောင်းသော ပညာရှင်များကို စုစည်ပြီး ပင်လယ်ပြင်တစ်လျှောက် လိုက်ရှာမည်ဆိုလျှင် ပင်လယ်ကြာပန်းများစွာကို ရှာတွေ့နိုင်မည်ဖြစ်သော်ငြား ထိုကဲ့သို့ မလုပ်ဘူးဆိုပါက ကျွန်းနားသို့ မျောလာသော ပင်လယ်ကြာပန်း အချို့ကိုသာ ရိတ်သိမ်းယူနိုင်ပေလိမ့်မည်။

ယနေ့တွင် လင်းပိုင်လေးသည် ရန်ကိုင်အား ကျွန်းတစ်ကျွန်းဆီသို့ ခေါ်လာခဲ့လေသည်။

ဤကျွန်းလေးသည် အတော်လေးကိုမှ သေးကာ အရိပ်ဝိဥာဉ်ကျွန်း၏ တစ်ရာပုံတစ်ပုံလောက်သာ ကျယ်၏။

သို့သော်ငြား ဤကျွန်းသည် အရိပ်ကျွန်းမှအပ ပင်လယ်ပြင်ကြီးထဲ သူရှာတွေ့သည့် ပထမဆုံးကျွန်း ဖြစ်သဖြင့် ရန်ကိုင် အတော်လေး စိတ်ဝင်စားမိသွားလေသည်။ ကျွန်းနားသို့ ရောက်လာပြီးနောက် ကျွန်းအတွင်းပိုင်းဆီသို့ ဦးတည်နေသော မြစ်တစ်စင်း ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

လင်းပိုင်လေးသည် ထိုမြစ်ကြောင်းအတိုင်း ကူးခတ်လျက် ကျွန်းအတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့လေသည်။

မကြာမီ ရေကန်တစ်ကန် ရန်ကိုင်ရှေ့ ထွက်ပေါ်လာသည်။ ဤရေကန်သည် အပြင်ဘက်ရှိ ပင်လယ်နှင့် ဆက်နေပြီး ကျွန်း၏ ငါးပုံတစ်ပုံလောက်ကို ပိုင်ဆိုင်ထား၏။ အရေးအကြီးဆုံးမှာ ကန်ထဲ၌ ပွင့်လန်းနေသည့် ပင်လယ်ကြာပန်းများစွာ ရှိနေခြင်းပင်။ သေချာ တွက်မကြည့်ရသော်ငြား အကြမ်းဖျင်း အပွင့် တစ်ထောင်ကျော်တော့ ရှိပေသည်။

ရန်ကိုင်၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွား၏။

လွန်ခဲ့သော လဝက်အတွင်း ပင်လယ်ကြာပန်းများစွာ ရခဲ့သည့်တိုင် သူ့ရှေ့ရှိ ပင်လယ်ကြာပန်းများကို မြင်ပြီးနောက် ရန်ကိုင် ပါးစပ်နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးသွား၏။

“မင်းတော်တယ်” ရန်ကိုင်သည် လင်းပိုင်လေးပေါ်ထိုင်ရင်း လင်းပိုင်လေး၏ ခေါင်းအား ဖွဖွလေးပုတ်လျက် ချီးကျူးလိုက်သည်။

လင်းပိုင်လေးသည်လည်း ပျော်ရွှင်နေခဲ့သည်။

ရန်ကိုင်နှင့် ရက်ပေါင်းများစွာ အတူသွားလာပြီးနောက်တွင် လင်းပိုင်လေးသည် ရန်ကိုင်ကို ပိုပို၍ မှီခိုလာခဲ့သည်။ အထူးသဖြင့် ရန်ကိုင်မှ ပင်လယ်သားရဲများစွာကို သတ်ပြလိုက်သည့် အခါတွင် ဖြစ်သည်။

ပင်လယ်သားရဲများသည် သားကောင်တွေ့ပြီ အထင်ဖြင့် သူတို့အား လာရောက် တိုက်ခိုက်ကြသော်ငြား ရန်ကိုင်၏ လက်သီးချက်စာ မိပြီးတော့သာ ပြန်အသက်ပျောက်သွားကြ၏။

မကြာမီ လူတစ်ယောက်နှင့် လင်းပိုင်တစ်ကောင်သည် ရေကန်ဆီသို့ ရောက်လာလေသည်။ ရောက်သည်နှင့် ရန်ကိုင်သည် လင်းပိုင်ပေါ်မှ ကန်ထဲသို့ ချက်ချင်း ခုန်ဆင်းသွားကာ ရောင်စုံကြာပန်းများ ရှိရာဆီသို့ ကူးခတ်သွားလေသည်။ ထို့နောက် ပင်လယ်ကြာပန်းများအား တစ်ပွင့်ပြီးတစ်ပွင့်ခူးကာ သူ့သိုလှောင်လက်စွပ်ထဲသို့ ထိုးထည့်တော့သည်။ လင်းပိုင်လေးသည်လည်း ကြာပန်းများအား တစ်ပွင့်တစ်ပြီး စားသုံးတော့လေသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင် ကန်ထဲရှိ ပင်လယ်ကြာပန်း သုံးပုံနှစ်ပုံခန့်သည် ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်သွားခဲ့လေပြီ။

နောက်ဆုံး လက်ကျန် ပင်လယ်ကြာပန်းများကို ဆက်ခူးရန် လုပ်နေစဉ်မှာပဲ ဒေါသတကြီးအော်ဟစ်သံတစ်သံကို ရန်ကိုင် ကြားလိုက်ရလေ၏။

“ဘယ်ခွေးသူတောင်းစာတွေ ငါ့အရိပ်ကောင်းကင် ကြာပန်းတွေကို လာခူးရဲတာလဲကွ”

ထိုစကားသံ ဆုံးသွားသည်နှင့် ပုံရိပ်တစ်ခုသည် သွေးနီရောင် ရဲနေသည့် မျက်ဝန်းအစုံ ရန်ကိုင်အား စိုက်ကြည့်ရင်း သူ့ဆီသို့ ခုန်ဝင်လာခဲ့လေသည်။ မြေပြင်ပေါ် အားယူပြီး ခုန်လိုက်သည့် အဟုန်ကြောင့် မြေပြင် အက်ကွဲသွားခဲ့ရ၏။

ထိုလူသည် လေထဲမှာတွင်ပင် ရန်ကိုင်ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေသည်။

ထိုလက်သီးချက်သည် ပုံမှန်အားဖြင့် ဘာမှ အားမပါဘူးဟု ထင်ရသော်ငြား လက်သီးချက်ကို မြင်လိုက်ချိန် ရန်ကိုင် မျက်နှာ တည်ကြည်သွားခဲ့သည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် မာန်သွင်းအော်ဟစ်ကာ ရေထဲခုန်ထွက်ပြီး လက်သီးတစ်ချက် ပြန်ပစ်သွင်းလိုက်လေသည်။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သွားချိန် လှိုင်းတွန့်လေးများ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။ အချိန်သည် ရုတ်တရက် ရပ်တန့်သွားသည့်အလား။

မကြာမီ နားကွဲမတတ် ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သော စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင် နောက်ပျံလွင့်ထွက်သွားပြီး သူအား လာရောက် တိုက်ခိုက်သည့် ကျင့်ကြံသူလည်း ကျွမ်းသုံးလေးငါးပတ် ထိုးလိုက်ရလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၀၅)

ရန်ကိုင်သည် ကြာပန်းရွက်တစ်ရွက်ပေါ် အသာအယာ ဆင်းသက်လိုက်ပြီး သူ့အား တိုက်ခိုက်လိုက်သည့်လူအား မော့ကြည့်လိုက်သည်။ ယခုမှပဲ သူ့အား တိုက်ခိုက်သည့်လူ မည်သူမှန်း သိရတော့သည်။

သူ့အား တိုက်ခိုက်လိုက်သူမှာ အရပ်ပုပု လူအိုကြီးတစ်ယောက် ဖြစ်သည်။ လူအိုကြီးမှာ အတော့်ကို အရပ်ပုကာ ခါးဆန့်ပြီး ရပ်မည်ဆိုလျှင်ပင် သူ့ပခုံးလောက်သာ ရှိပေလိမ့်မည်။ ထို့အပြင် လူအိုကြီး၏ မျက်နှာမှာလည်း အတော်လေး မည်း၏။ ရတနာစံအိမ်မှ ယန်ပေးနှင့် အတူတူလောက်ရှိသည်။ သို့ရာတွင် ဒေါသထွက်နေသည့် အတွက်ကြောင့်လားမသိ၊ သူ့မျက်နှာမှာ ယခင်ထက်ပို၍ မည်းနေသယောင် ထင်ရသည်။

လူအိုကြီးသည် သားရဲအရေပြားဖြင့် လုပ်ထားသော ရိုးရှင်းပြီး ဟိုပြဲဒီပြဲ ဖြစ်နေသော အင်္ကျီတစ်စုံကို ဝတ်ဆင်ထားသည်။ လူအိုကြီးမှာ အရပ်သာ ပုသော်ငြား အတော်လေး တုတ်ခိုင်၏။ အသက်ကြီးနေပြီ ဖြစ်လင့်ကစား ကြွက်သားအမြောင်းမြောင်းနှင့် ဖြစ်သည်။

ရန်ကိုင်သည် သူ့လက်သီးချက်ကို ခုခံနိုင်လိမ့်မည်ဟု မထင်ထားသည့်အလား လူအိုကြီးသည် မြေပြီးပေါ် ပြန်ဆင်းပြီးသည်နှင့် မျက်မှောင်ကြုတ်၍ ယခင်ထက် ပိုမြန်သော အမြန်နှုန်းဖြင့် ပြေးရင်း အော်ပြောလိုက်လေသည် “ကောင်လေး၊ ဒီနေ့ မင်းသေရင်သေ၊ မသေရင် ငါသေပဲ”

ရန်ကိုင်သည် သူ၏ အဖိုးတန် ကောင်းကင်အရိပ်ကြာပန်း၏ စုစုပေါင်း၏ သုံးပုံနှစ်ပုံကို ခူးယူသွားသဖြင့် လူအိုကြီးမှာ အလွန်ကိုမှ ဒေါသထွက်နေခဲ့သည်။

ပုံမှန်ဆိုလျှင်တော့ ဤလူအိုကြီးနှင့် ရန်ကိုင် မတိုက်ချင်ပေ။ သို့သော်ငြား တစ်ဖက်လူ၏ သဘောထားအရ ယနေ့ ကိစ္စအား မည်သည့်နည်းနှင့်မျှ အေးအေးချမ်းချမ်း အဆုံးသတ်၍ ရလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိလိုက်သည်။ ထို့အပြင် သူနှင့် ကာယ ခွန်အားချင်း ယှဉ်ပြိုင်နိုင်သည့် ရှားရှားပါးပါး ပြိုင်ဘက်တစ်ဦးကို တွေ့လိုက်ရသည့် အတွက်ကြောင့်လည်း ရန်ကိုင်သည် အခြား ဘာကိုမှ တွေ့မနေတော့ဘဲ အကျယ်ကြီး အော်ရယ်လျက် လူအိုကြီးနှင့် ထိပ်တိုက် ပြေးတွေ့လေသည်။

ဘုန်း… ဘုန်း.. ချက်ချင်းဆိုသလို ကန်ပတ်ဝန်းကျင် တစ်ခုလုံး မိုးခြိမ်းသံမျှ ကျယ်လောင်သည့် ပေါက်ကွဲသံတို့ဖြင့် ပြည့်နှက်သွားလေတော့သည်။

လင်းပိုင်လေးသည် ကန်ထဲတွင် ပုန်းအောင်းလျက် တိုက်ပွဲအား ရင်တမမဖြင့် ချောင်းကြည့်နေခဲ့လေသည်။

တိုက်ပွဲသည် တဖြည်းဖြည်းနှင့် ကန်နားဆီမှ ကျွန်း၏ အခြားဘက်ခြမ်းဆီသို့ ရောက်သွားခဲ့လေသည်။ ရန်ကိုင်နှင့် လူအိုကြီးတို့ နှစ်ဦးစလုံးသည် ပင်လယ်ကြာပန်းများကို မထိခိုက်စေချင်သည့်အတွက် တိုက်ခိုက်သည့် နေရာအား အခြားနေရာသို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။

လက်ဖက်ရည် တစ်ခွက်ကြာပြီးနောက် နှစ်ယောက်သား တိုက်ခိုက်နေသည့် နေရာသည် ပင်လယ်ပြင်ထက်၌ ဖြစ်နေခဲ့လေပြီ။

ဘာမှ နောက်ဆံတင်းစရာ မရှိတော့သဖြင့် ရန်ကိုင်လည်း ခွန်အားကုန် ထုတ်သုံးတော့လေသည်။ ဤကဲ့သို့ ကြမ်းကြုတ်သည့် တိုက်ခိုက်ရေးပုံစံသည် ရန်ကိုင် ကိုယ်ထဲရှိ တိုက်ခိုက်လိုစိတ်ကို တဖြည်းဖြည်း နိုးကြွလာစေခဲ့သည်။ အကျယ်ကြီး ရယ်မောရင်း ရထားသည့် ဒဏ်ရာများကို လျစ်လျုရှု၍ လူအိုကြီးနှင့်သာ စိတ်နှစ်ကာ တိုက်ခိုက်နေတော့လေသည်။

လူအိုကြီးကလည်း နည်းနည်းလေးမှ အလျှောမပေးဘဲ အားကုန်သုံးကာ ပြန်၍ တိုက်ခိုက်သည်။

သို့သော် လူအိုကြီး၏ အမူအရာမှာ အတော်လေး တည်ကြည်နေခဲ့သလို စိတ်ထဲတွင်လည်း ထိတ်လန့်နေခဲ့မိ၏။

ဤနေရာသို့ သူရောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာနေခဲ့လေပြီ။ ခန္ဓာကိုယ်ကို နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်လာခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်သည် ကြယ်စီရင်စုထဲရှိ ခန္ဓာသန့်စင်သည့် ပညာရှင်များနှင့် ယှဉ်ပြိုင်လာခဲ့ပြီဟု ထင်ခဲ့သည်။ သို့သော်ငြား ယခုမူ ဘယ်ကမှန်း မသိရသော လူငယ်လေးတစ်ဦးသည် သူနှင့် ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်နိုင်နေ၏။

လူငယ်လေး၏ ခန္ဓာကိုယ်သည် သူ့အောက် လုံးဝ မနိမ့်ကျချေ။ အရိုးကျိုးသံများ တောက်လျှောက် ထွက်ပေါ်နေပြီး သွေးများမှာ အဆက်မပြတ် စီးထွက်နေခဲ့သည်။

သို့ရာတွင် လူအိုကြီး အံ့အားသင့်သွားရသည်မှာ လူငယ်လေး၏ သွေးသည် အနီရောင်မဟုတ်ဘဲ ရွှေရောင် ဖြစ်နေခြင်းပင်။

ထိုရွှေရောင်သွေးဆက်များထဲ ထွတ်မြတ်ရတနာများနှင့် ယှဉ်ပြိုင်နိုင်သော အံ့အားသင့်ဖွယ် အသက်ဓါတ်တို့လည်း ပါဝင်နေသေး၏။

“ကောင်လေး၊ မင်းရဲ့ ကောင်းတဲ့ကံတွေ ဒီနေ့ ဒီမှာပဲ အဆုံးသတ်ပြီသာမှတ်” လူအိုကြီးသည် မျက်လုံးမှေးစဉ်းလျက် ရန်ကိုင်၏ လက်သီးချက်ကို ခုခံလိုက်ရင်း တူတစ်လက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် တူကို ဝှေ့ရမ်းလျက် ရန်ကိုင်၏ ခေါင်းတည့်တည့်သို့ ထုချလိုက်သည်။

သူတော်စင်ချီကို အသုံးမပြုနိုင်သည့်အတွက် တူ၏ စွမ်းအား အပြည့်ကို မထုတ်သုံးနိုင်သော်ငြား လူအိုကြီး ထုလိုက်သည့် ထုချက်စာကိုသာ မိသွားခဲ့လျှင် ရန်ကိုင်ခေါင်းလည်း ခံနိုင်လိမ့်မည် မဟုတ်ချေ။

လူအိုကြီး ဤမျှ ဥာဏ်များလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အနီးကပ် ဖြစ်နေသဖြင့် ရန်ကိုင်လည်း သူ့ခေါင်းကိုသာ ဘေးသို့ တိမ်းရှောင်လိုက်နိုင်၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်မှ ရောင်စဉ်ငါးရောင် ပေါက်ကွဲထွက်လာခဲ့လေသည်။

ထိုငါးရောင်သည် အညိုရောင်အဖြစ်သို့ တဖြည်းဖြည်း သိပ်သည်းသွားပြီး ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေ၏။

ထိုအညိုရောင်စွမ်းအင်မှာ ဒြပ်ကြီငါးပါးအကြွင်းမဲ့ဓါး ကျင့်စဉ်ထဲမှ မြေဓါးချီပင် ဖြစ်လေသည်။

မြေဓါးချီအား ဒြပ်ပြယ်ကျောက်တုံးကို သုံးပြီး ကျင့်ကြံထားခြင်း ဖြစ်သည့်အတွက် ခုခံရေးပိုင်းတွင် အလွန်ကိုမှ အားကောင်းသည်ဟု ပြော၍ရသည်။

ရန်ကိုင်သည် မြေဓါးချီအား ကောင်းကင်စိတ်အာရုံဖြင့် ထိန်းချုပ်၍ ဒိုင်းတစ်ခုအသွင် ဖန်တီးလိုက်ပြီး တိုးဝင်လာနေသည့် တူရှေ့တည့်တည့်၌ ကာထားလိုက်လေသည်။

ဘုန်း…

အညိုရောင်ဒိုင်း တစ်စစီ ဖြစ်သွားပြီး တူသည် ရန်ကိုင်၏ ပခုံးအား လာရောက်ထိမှန်လေသည်။ ထိုရိုက်ချက်ကြောင့် ရန်ကိုင်၏ ပခုံ အနည်းငယ် ကျွံ့ဝင်သွားခဲ့သည်။ သို့ရာတွင် ရန်ကိုင်သည် နာကျင်ဟန်မပြဘဲ ပြုံးဖြီး၍သာ လူအိုကြီး၏ မေးစေ့တည့်တည့်ဆီ လက်သီး ပြန်ထိုးချလိုက်လေသည်။

ထိုအလစ်အငိုက် တိုးဝင်လာသော လက်သီးချက်ကို အမြန် တိမ်းရှောင်လိုက်သော်ငြား အချိန်မမှီခဲ့ပေ။ လက်သီးချက်ကြောင့် လူအိုကြီး၏ခေါင်း နောက်ပြန် လန်ထွက်သွားခဲ့လေသည်။ အားကောင်းလှသော သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ထိုလက်သီးချက်သည် သူ့အား ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားအောင် လုပ်နိုင်ပေလိမ့်မည်။

သို့တိုင် လူအိုကြီး၏ မြင်ကွင်းတစ်ခုလုံး ကြယ်လ ဝေဝေစည်ကာ သတိလစ်လုမတတ် ဖြစ်သွားခဲ့သည်။

မီတာများစွာအကွာသို့ ဒယိမ်းဒပါး ပြန်ဆုတ်သွားရပြီး နောက်မှပဲ ကောင်းကောင်း ပြန်ရပ်နိုင်တော့သည်။ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေပြီးနောက်တွင် လူအိုကြီး ချက်ချင်း ထွက်ပြေးတော့လေသည်။

ရန်ကိုင်ကမူ မျက်မှောင်သာ ကြုတ်သွားခဲ့ပြီး လိုက်တော့ မဖမ်းခဲ့ချေ။ လူအိုကြီး သူ့မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် အခါမှပဲ တူဖြင့် ထုခံလိုက်ရသော သူ့ပခုံးကို လက်ဖြင့် သေချာ ကိုင်လျက် အနည်းငယ် လှည့်လိုက်၏။

ခရက်ဟူသော အသံနှင့်အတူ လွဲနေသောအဆစ် အကောင်းအတိုင်း ပြန်ဖြစ်သွားလေသည်။

“ဟာ၊ ငါမမေးလိုက်မိဘူးကွာ…” ထိုလူအိုကြီး မည်သူလဲ၊ ဘာကြောင့် ဤနေရာတွင် နေနေသလဲ ဆိုသည့် အကြောင်းကို ရန်ကိုင် မမေးလိုက်မိချေ။

ထိုစဉ် လင်းပိုင်လေး၏ အော်မြည်သံများ ထွက်ပေါ်လာ၏။ လှည့်ကြည့်လိုက်ရာ လင်းပိုင်လေးသည် သူ့အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

ရန်ကိုင်လည်း သူဘာမှမဖြစ်ကြောင်း အချက်ပြပြီးနောက် ကျွန်းဆီသို့ ပြန်လျှောက်သွားလေသည်။

ကန်ထဲတွင် ခူးစရာ ပင်လယ်ကြာပန်းများ ရှိနေပေသေးသည်။

လူအိုကြီးသည် ထိုကြာပန်းများကို ကောင်းကင်အရိပ်ကြာပန်းဟု ခေါ်သွားခဲ့သည်။ အပြင်ဘက်တွင် ထိုကဲ့သို့သော ကြာပန်းမျိုးလည်း တစ်ခါမှ မကြားဖူးသည့် အတွက် ထိုကြာပန်းသည် ဤနေရာတွင်သာ ပေါက်ရောက်သည့် ကြာပန်းမျိုး ဖြစ်လောက်ပေသည်။ ထို့အပြင် ကြာပန်း၏ အာနိသင်မှာလည်း ခန္ဓာကိုယ်ကို အားကောင်းအောင် လုပ်ပေးသည့် အာနိသင်မျိုး ဖြစ်နေသည်။ ထိုအချက်အားလုံးကို ပေါင်းစပ်ကြည့်လိုက်လျှင် ဤကြာပန်းသည် ဤနေရာတွင်သာ ပေါက်ရောက်သည့် ကြာပန်မျိုးမှန်း ပြောနိုင်ပေလိမ့်မည်။

ခဏအကြာတွင် လက်ကျန် ကြာပန်းအားလုံးကို ရန်ကိုင် ခူးပြီးသွားခဲ့လေပြီ။

အကြည့်စူးစူးတစ်ခုကို ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ လူအိုကြီးသည် မိုင်အနည်းငယ်ခန့် အကွာမှ သူ့အား မကျေမချမ်းဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူနှစ်ပေါင်းများစွာ ပိုးပန်းနေသည့် မိန်းကလေးကို ရန်ကိုင်မှ လုယူသွားသည့် အကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်သည်။

ရန်ကိုင်ကမူ ပြန်၍သာ ပြုံးလိုက်သည်။

ရန်ကိုင်က ထီမထင်ဟန် အပြုံးကြောင့် လူအိုကြီး သွေးတက်ချင်သလို ဖြစ်သွားသည်။ ဆက်ကြည့်နေလျှင်လည်း ပို၍သာ ဒေါသထွက်လာမည် ဖြစ်သည့်အတွက်ကြောင့် ကြည့်မနေတော့ဘဲ ခြေဆောင့်၍သာ ထွက်သွားလေသည်။

အနီးတွင် လူအိုကြီး ဆောက်လုပ်ထားဟန် ထင်ရသည့် သစ်သားအိမ်လေးတစ်လုံးကို ရန်ကိုင် တွေ့လိုက်ရသည်။

ထိုအိမ်ဆီသို့ လျှောက်သွားပြီး ရန်ကိုင်သည် လူအိုကြီး နေသည့်အိမ်ကို တစ်ခါတည်း မောင်ပိုင်စီးပစ်လိုက်လေသည်။

သုံးရက်ကြာပြီးနောက်၊ ကောင်းကင်အရိပ်ကြာပန်းနှင့် ခန္ဓာသန့်စင်ဆေးလုံး၏ အာနိသင်ကို လေ့လာနေစဉ်၊ အပြင်ဘက်မှ ခြေသံများကို ရန်ကိုင် ကြားလိုက်သည်။ ပြုံးလျက် လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ပြီး ငြိမ်သက်စွာ စောင့်နေလိုက်၏။

မကြာမီ သစ်သားတံခါးပွင့်လာပြီး အပြင်ဘက်တွင် ရပ်နေသည့် လူအိုကြီး ပေါ်လာခဲ့သည်။ ရန်ကိုင်နှင့် မီတာ အနည်းငယ်ခန့်အကွာတွင် ရပ်လျက် ရန်ကိုင်အား အချိန် အတော်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ အချိန် အတော်ကြာပြီးသွားသည့် အခါမှပဲ သက်ပြင်းချ၍ “မင်းက မင်ယွဲ့ရဲ့ လူမဟုတ်ဘူးလား”

ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်လေသည် “မင်ယွဲ့၊ မင်ယွဲ့က ဘယ်သူလဲ”

ထိုအခါ လူအိုကြီး ကြောင်သွားပြီး ရန်ကိုင်အား သေချာ နောက်တစ်ခါ ပြန်ကြည့်လိုက်လေသည်။ ရန်ကိုင်သည်လည်း လူအိုကြီးအား နားမလည်နိုင်ဟန်ဖြင့် ပြန်ကြည့်လိုက်၏။

အတော်ကြာသွားမှ လူအိုကြီးက ခေါင်းညိတ်၍ ယခင်ကလောက် ဒေါသမထွက်တော့သည့် အမူအရာဖြင့် ပြောလိုက်၏ “မင်းယွဲ့ကို မသိဘူးဆိုတော့ မင်းဒီကို ရောက်တာ မကြာသေးဘူးပေါ့”

“ဒီတစ်ခါတော့ ခင်ဗျား မှန်သွားပြီ” ရန်ကိုင်က ပြန်ပြောလိုက်၏ “ကျုပ်ဒီကိုရောက်တာ တစ်လပဲ ရှိသေးတယ်”

“အဲ့ဒါကြောင့်ကိုး” လူအိုကြီးသည် အားတင်းဖျစ်ညစ်ပြုံးလျက် “မင်းက မင်ယွဲ့လူ မဟုတ်မှတော့ ငါတို့ စကားပြောလို့ရပြီ”

“ကျုပ်လည်း အဲ့လိုမျိုး ဖြစ်ချင်နေတာ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။ သူ့၌ ဤလူအိုကြီးနှင့် ဆွေးနွေးစရာ ရှိသည့်အတွက်ကြောင့် မဟုတ်လျှင် အစောကြီး ကတည်းက ကျွန်းမှ ထွက်သွားလိုက်လေပြီ။

အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်သည်မှာ မကြာသေးသည့် အတွက်ကြောင့် ဤနေရာအကြောင်း သိပ်မသိသေး။ အရိပ်ဝိဥာဉ်ကျွန်းဆီသို့ သွား၍ မေးလို့လည်း မဖြစ်ပြန်။ ယခု အကြာကြီးနေမှ ဤနေရာတွင် နေနေသည်မှာ ကြာပြီဖြစ်သည့် ရှားရှားပါးပါး လူတစ်ယောက်ကို လတွေ့ေ၏။ ဤကဲ့သို့ အခွင့်အရေးမျိုးကို ရန်ကိုင် မည်ကဲ့သို့ လက်လွှတ်ခံနိုင်မည်နည်း။

“ငါလာပြီး စကားပြောလို့ရတယ်မလား” လူအိုကြီးက စိတ်ဓါတ်ကျနေသည့် လေသံဖြင့် မေးလိုက်သည်။

“ရတာပေါ့။ ဒါက ခင်ဗျားအိမ်ပဲဟာကို” ရန်ကိုင်က ပြန်ပြောလိုက်သည်။

လူအိုကြီး မျက်ခုံးတွန့်လိုက်ပြီး တုန့်ဆိုင်းမနေတော့ဘဲ အထဲသို့‌ ဝင်သွားလိုက်လေသည်။ သူ့အနေဖြင့် ရန်ကိုင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်ပင်၊ မနိုင်သည့်တိုင် ထွက်ပြေးနိုင်သည်ဟု ယုံကြည်နေလေသည်။

ရန်ကိုင်သည်လည်း အကြောင်းမရှိဘဲ သူနှင့် တိုက်ခိုက်လိမ့်မည်ဟု မထင်ပါချေ။

လူအိုကြီး သူ့ရှေ့တွင် ထိုင်လိုက်ပြီးနောက် ရန်ကိုင်က မေးလိုက်လေသည် “ခင်ဗျားပြောတဲ့ မင်ယွဲ့က ဘယ်သူလဲ”

လူအိုကြီးက နှာခေါင်းရှုံ့လျက် “သောက်ကျင့်မကောင်းတဲ့ အယုတ်တမာကောင်ပေါ့ကွာ”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ စိတ်ထဲတွင်လည်း ဒီလူအိုကြီးနဲ့ မင်ယွဲ့ကြားမှာ တော်တော်ကြီးတဲ့ ရန်ငြိုးတွေ ရှိနေတာပါလားဟု တွေးမိလိုက်သည်။ ထို့ကြောင့်သာ မဟုတ်လျှင် လူအိုကြီး အနေဖြင့် တစ်ဖက်လူအား အံကြိတ်၍ အပုပ်ချ ပြောဆိုလိမ့်မည် မဟုတ်ချေ။

“သူက လက်ရှိ အရိပ်ဝိဥာဉ်ကျွန်းရဲ့ ကျွန်းသခင်ပဲ” လူအိုကြီးက ထပ်ပြောလိုက်လေသည်။

“မင်ယွဲ့က ကျွန်းသခင်လား” ရန်ကိုင် မျက်ခုံးပင့်လိုက်၏။

“ဟုတ်တယ်”

ရန်ကိုင်က ပြုံးလျက် ထပ်မေးလိုက်လေသည် “မင်ယွဲ့ အခုလက်ရှိ ကျွန်းသခင်ဆိုတော့ အရင်က အခြား ကျွန်းသခင် တစ်ယောက် ရှိခဲ့သေးတာပေါ့”

လူအိုကြီးက ရန်ကိုင်အားကြည့်၍ ဂုဏ်ယူဝံ့ကြွားသည့် လေသံဖြင့် “ဟုတ်တယ်။ အရင်ကျွန်းသခင်က ငါပဲ”

ကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သော်လည်း ချက်ချင်းပဲ လက်သီးဆုပ်၍ “ကြည့်ရတာ ကျုပ်မလေးမစား လုပ်မိသွားတဲ့ပုံပဲ”

“ဟန့်၊ အဲ့လိုတွေ လုပ်နေစရာ မလိုတော့ဘူး။ ငါက အခုဆို ခွေးလေခွေးလွင့်တစ်ကောင် ဖြစ်နေပြီ” လူအိုကြီးက သူ့ကိုယ်သူ လှောင်ပြောင်လိုက်လေ၏ “အခုက ဒီမှာပဲ ပုန်းနေရတော့တယ်။ လူမြင်ကွင်းတောင် ထွက်ရဲတော့တာ မဟုတ်ဘူး။ ပြီးတော့ မင်းလည်း ငါ့ကို အနိုင်ယူခဲ့သေးတာ မဟုတ်ဘူးလား။ ဘာတွေ လေးစားနေစရာ လိုသေးလို့ပဲ”

“အဲ့ဒါက ကံကောင်းသွားလို့” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ပြန်ပြောလိုက်၏။

လူအိုကြီးသည် ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ ရန်ကိုင်အား သေချာစိုက်ကြည့်၍သာ မေးလိုက်လေသည် “မင်း ခန္ဓာကျင့်စဉ်တစ်မျိုးမျိုး ကျင့်ကြံထားတာလား”

All Chapters