အခန်း (၁၇၀၆-၁၇၁၀)
Vol. 69 Ch. 1706-1710
အပိုင်း (၁၇၀၆)
ရန်ကိုင်နှင့် တိုက်ခိုက်စဉ်က ရန်ကိုင်သည် ဒြပ်ကြီးငါးပါး အကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ်ကို ထုတ်သုံးခဲ့သည်။ အရိပ်ဝိဥာဉ်ကျွန်း၌ သူတော်စင်ချီကို အသုံးပြု၍ မရချေ။ ထို့ကြောင့် အဖြေတစ်ခုသာ ရှိတော့သည်။ ရန်ကိုင် ထုတ်သုံးလိုက်သည့် ငါးရောင်ခြယ် ရောင်စဉ်သည် ခန္ဓာကျင့်စဉ် တစ်ခု ဖြစ်နေသည် ဆိုသော အချက်ပင်။ ထို့ကြောင့်သာ အသုံးပြု၍ ရခြင်းဖြစ်သည်။
“ဟုတ်တယ်” ရန်ကိုင်က မဖုံးမကွယ်ဘဲ ပြန်ပြောလိုက်၏။
လူအိုကြီး၏ မျက်နှာထက် မီးတောက်လောင်မတတ် အကြည့်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
ခန္ဓာကျင့်စဉ်များသည် ကြယ်စီရင်စုထဲတွင်ပင် အလွန်ကိုမှ ရှားပါးလှပြီး အဆင့်မြင့်သည့် ခန္ဓာကျင့်စဉ်များဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။
ခန္ဓာကျင့်စဉ်များမှာ ရှားပါးသော်ငြား အဖိုးတန်သည်ဟုတော့ မဆိုလိုပေ။
ခန္ဓာကျင့်စဉ်များသည် သာမန် ကျင့်စဉ်များသည် ပို၍ ကျင့်ကြံရ ခက်ခဲပေသည်။ ထို့ကြောင့် အဆင့်မြင့်မြင့်ထိ ရောက်အောင် ကျင့်ကြံဖို့ရာ မလွယ်ကူလှပေ။ ကျင့်ကြံသူတိုင်း၏ သက်တမ်းမှာ အကန့်အသတ်ရှိသလို အရင်းအမြစ်မှာလည်း အကန့်အသတ်သာ ရှိကြသည်။ ထို့ကြောင့် ကျင့်ကြံသူ အများစုသည် အားကောင်းသော ခန္ဓာကိုယ် ရှိထားခြင်း၏ အကျိုးကျေးဇူးကို သိထားကြသည့်တိုင် သူတော်စင်ချီနှင့် စိတ်စွမ်းအင်ကိုသာ ကျင့်ကြံကြခြင်း ဖြစ်သည်။
သို့ရာတွင် အရိပ်ဝိဥာဉ်ကျွန်းတွင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။
ဤနေရာတွင် သူတော်စင်ချီကို စိတ်စွမ်းအင်ကို လုံးဝ အသုံးပြု၍ မရပေ။ ထို့ကြောင့် ခန္ဓာကျင့်စဉ်များက စတင် အသုံးဝင်လာသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဤနေရာတွင် ကျင့်ကြံသူပေါင်းများစွာ ပိတ်မိခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် ခန္ဓာကျင့်စဉ် အချို့ဟာလည်း ထိုလူများနှင့် အတူ ရောက်လာခဲ့ကြသည်။
လူအိုကြီး ကျင့်ကြံထားသည်မှာ ထိုကဲ့သို့သော ခန္ဓာကျင့်စဉ် တစ်မျိုး ဖြစ်သည်။ သို့သော် သူ့ခန္ဓာသန့်စင်ကျင့်စဉ်သည် အခြေခံ အဆင့်လောက်သာ ဖြစ်ပြီး ရန်ကိုင်၏ ခန္ဓာကျင့်စဉ်နှင့် လုံးဝ မယှဉ်ပြိုင်နိုင်ချေ။
ရန်ကိုင်၏ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီ အားကောင်းရခြင်းမှာ ကျင့်စဉ်ကြောင့် မဟုတ်ဘဲ အသုံးပြုထားသည့် ပစ္စည်းများကြောင့် ဖြစ်ပေသည်။
လူအိုကြီးကတော့ သူသာ ရန်ကိုင်၏ ခန္ဓာကျင့်စဉ်ကို ရလိုက်လျှင် အားကောင်းသော ခန္ဓာကိုယ်တစ်ခုကို ကျင့်ကြံနိုင်မည်ဟု ထင်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်တွင် အဆင့်မြင့် ခန္ဓာကျင့်စဉ်တစ်ခု ရှိနေသည်ဟု ကြားလိုက်ချိန် လိုချင်စိတ်တို့ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား တစ်ဖက်လူ၏ ကျင့်စဉ်ကို သွားတောင်သည်မှာ မသင့်တော်သည်က တစ်ကြောင်း၊ ရန်ကိုင်ကိုလည်း မနိုင်သည်က တစ်ကြောင်း တို့ကြောင့် လိုချင်စိတ်ကို ပြန်၍ ဖိနှိပ်ထားလိုက်၏။
“ငါ့ကိုယ်ငါ အရင်မိတ်ဆက်ပေးမယ်။ ငါ့နာမည်က ရှဟူပဲ” လူအိုကြီးသည် ရန်ကိုင်မှ သူ့နာမည်အား ကြားဖူးမည် အထင်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့် နှုတ်ဆက်လိုက်လေသည်။
ကံမကောင်းစွာဖြင့် လက်တွေ့သည် သူထင်ထားသလို ဖြစ်မလာခဲ့ချေ။ ရန်ကိုင်က ခေါင်းညိတ်၍သာ သူ့ကိုယ်သူ ပြန်မိတ်ဆက်ပေးလိုက်လေသည် “ဒီတော့ လူအိုကြီးရှပေါ့။ ဂျူနီယာနာမည်က ရန်ကိုင်ပါ”
ရှဟူက မျက်မှောင်ကြုတ်လျက် “မင်းငါ့နာမည်ကို တစ်ခါမှ မကြားဖူးဘူးလား”
ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “လူအိုကြီးရှက အဆုံးမဲ့ သမုဒ္ဒရာမှာ မွေးတာမလား”
ရှဟူက တစ်ခုခုကို နားလည်သွားသည့်အလား ခေါင်းတညိတ်ညိတ်လုပ်လျက် “မင်းက ကုန်းတွင်းပိုင်းကလား”
“ဟုတ်တယ်”
အရိပ်ကြယ်ကြီးသည် ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပိုင်း ဟူ၍ နှစ်ပိုင်းကွဲထွက်နေမှန်း ရှဟူသိသည်။ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ပိုင်းမှ ကျင့်ကြံသူများကြား အဆက်အသွယ် အနည်းငယ် ရှိသော်ငြား နှစ်ဖက်စလုံးသည် ကိုယ့်ကိစ္စကိုသာ အာရုံစိုက်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ကုန်းတွင်းပိုင်းမှ ကျင့်ကြံသူများ ပင်လယ်ပိုင်းမှ နာမည်ကျော် ပညာရှင်များကို မသိသည်မှာ အထူးအဆန်း မဟုတ်ချေ။
ထိုအခါမှ ရှဟူက စိတ်သက်သာသွားသည့် အမူအရာဖြင့် ရယ်သွမ်းသွေးလျက် “ငါဒီမှာ ပိတ်မိနေတာ နှစ်သုံးရာကျော်နေပြီ။ ဒါပေမယ့် အရင်းတုန်းက ငါက ပင်လယ်ကျောင်းတော်ရဲ့ ဒုကျောင်းသခင် ဖြစ်ခဲ့တာ။ အခု ပင်လယ်ကျောင်းတော် ဘယ်အခြေအနေ ရှိလဲ မင်းသိလား”
“ပင်လယ်ကျောင်းတော်ရဲ့ ဒုကျောင်းသခင်လား” ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည် “အမှန်အတိုင်း ပြောရင် ဂျူနီယာ ဒီကို ပင်လယ်ကျောင်းတော်ရဲ့ ရောင်နီကျွန်းကနေ ရောက်လာတာ။ ပင်လယ်ကျောင်းတော်ရဲ့က အခုအချိန်မှာ အရမ်း အားကောင်းနေပြီ။ အဆုံးသမုဒ္ဒရာရဲ့ အားအကောင်းဆုံး ဂုဏ်ပုဒ်ကို ပင်လယ်နတ်ဘုရားနန်းတော်နဲ့ တွဲပြီးတော့တောင် ရယူထားသေးတယ်”
ရန်ကိုင် ပြောသည်ကို နားထောင်ပြီးနောက် ရှဟူက ကျေနပ်သွားသည့် အမူအရာဖြင့် “အဲ့ကောင်လေးတွေက မဆိုးဘူးပဲ။ အနည်းဆုံးတော့ ဘိုးဘေးတွေ မျက်နှာ မပျက်ပျက်အောင် မလုပ်ခဲ့ဘူး။ ဒါပေမယ့် မင်းနဲ့ ပင်လယ်ကျောင်းတော်က ဘယ်လို ပက်သက်တာလဲ။ ရောင်နီကျွန်းမှာ မင်းဘာသွားလုပ်နေတာလဲ”
“ဘာမှမလုပ်ပါဘူး။ ဒီအတိုင်း ဖြတ်သွားတာ” ရန်ကိုင်က ရယ်ရယ်မောမောနှင့် ပြန်ပြောလိုက်သည်။
ပင်လယ်ကျောင်းတော် အတော့်ကို အခြေအနေ ကောင်းနေမှန်း သိလိုက်ရသည့် အတွက်ကြောင့်လား မသိရာ ရှဟူ အတော်လေး ပျော်လာပုံရ၏။ နှစ်ယောက်စလုံးသည် အစောပိုင်းက ရှက်စရာတိုက်ပွဲအကြောင်း မေ့ထားပြီး တရင်းတနှီး စကားပင် စပြောနေကြတော့လေသည်။
ရန်ကိုင်သည် အရိပ်ဝိဥာဉ်ကျွန်းအကြောင်း သိချင်သလို ရှဟူသည် ပင်လယ်ကျောင်းတော်အကြောင်း သိချင်သည်။ အချိန်အတော်ကြာအောင် စကားပြောပြီးနောက် နှစ်ဦးစလုံး သူတို့ သိချင်နေသည့် အကြောင်းအရာများကို သိလိုက်ရလေသည်။
အရိပ်ဝိဥာဉ်ကျွန်းသည် သီးခြား ဖြစ်နေသည့် နေရာလပ် တစ်ခုဖြစ်ပြီး ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရမည်လဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ ဤနေရာတွင် နေနေသည်မှာ ကြာပြီ ဖြစ်သော ရှဟူပင်လျှင် ဤနေရာမှ မည်ကဲ့သို့ ထွက်သွားရမလဲ မသိချေ။
မင်ယွဲ့ဆိုသည့် လူမှာမူ၊ ထိုလူသည် အစက အရိပ်ဝိဥာဉ်ကျွန်း၏ ဒုကျွန်းသခင် ဖြစ်သည်။ သို့သော်ငြား တစ်နေ့တွင် သူ့ခွန်အားသည် ရုတ်ချည်း မြင့်တက်လာပြီး ရှဟူကို အနိုင်ယူကာ အရိပ်ဝိဥာဉ်ကျွန်း၏ ကျွန်းသခင် ရာထူးကို အပိုင်သိမ်းလိုက်လေ၏။ ရှဟူလည်း တိုက်ပွဲပြီးနောက် ဤနေရာသို့ ထွက်ပြေးလာခဲ့ရလေသည်။
ထိုအဖြစ်အပျက်များသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်လောက်က ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း၌ ရှဟူသည် အရိပ်ဝိဥာဉ်ကျွန်းဆီသို့ သွားကာ လက်စားနိုင်မည့် အခွင့်အရေးကို မျှော်တွေးရင်း သူ့ခွန်အားကို တဖြည်းဖြည်း မြှင့်တင်နေခဲ့သည်။
ကံမကောင်းစွာဖြင့် သူ့ခွန်အားသည် အဆင့်တစ်ခုသို့ ရောက်ပြီးနောက် အဆစ်တစ်ဆို့သည် အခြေအနေနှင့် ကြုံလိုက်ရခြင်းပင်။
ကံကောင်းသွားသည်မှာ ဤကျွန်းလေးသည် အရိပ်ဝိဥာဉ်ကျွန်းနှင့် တော်တော်ဝေးဝေးတွင်း ရှိနေခြင်း ဖြစ်သည့် အတွက် သာမန်အားဖြင့် မည်သူမှ ဤနေရာသို့ မလာနိုင်ကြချေ။ ရန်ကိုင် တစ်ယောက်သည်သာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ဤနေရာသို့ ပထမဆုံး လာဖူးခြင်း ဖြစ်သည်။
ဤနေရာလပ်ကြီး မည်မျှ ကျယ်သလဲ ဆိုသည်ကိုတော့ သူလည်း မသိပါချေ။ တစ်ခါက ရှဟူသည် ဤကျွန်းလေးမှ ထွက်ကာ ပင်လယ်ပြင်ထဲ ကူးခတ် စူးစမ်းဖူးသည်။ သို့သော် ပင်လယ်ပြင် အနက်ပိုင်းထဲသို့ သွားလေသွားလေ၊ သူရင်ဆိုင်ရသည့် ပင်လယ်သားရဲများမှာ ပိုပို၍ အားကောင်းလာလေ ဖြစ်နေခဲ့သည်။ နောက်ပိုင်းတွင် သူရင်ဆိုင်လာရသည့် ပင်လယ်သားရဲများမှာ သူ့ခွန်အားဖြင့်ပင် အနိုင်မယူနိုင်တော့သည့်အတွက် ရှဟူလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဤကျွန်းလေးဆီသို့သာ ပြန်လာရတော့လေသည်။
“အရိပ်ဝိဥာဉ်ကျွန်းကနေ ထွက်လို့တဲ့ နည်းလမ်း မရှိဘူးလား” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ရှိရင်လည်း ရှိမှာပေါ့။ ဘယ်သူမှ အတိအကျ ပြောနိုင်တာမှ မဟုတ်တာ” ရှဟူက ခေါင်းခါလျက် “အနည်းဆုံးတော့ ဒီမှာတော့ မရှိဘူး”
“လူအိုကြီးရှ ပြောချင်တာက…”
ရှဟူက မျက်မှောင်ကြုတ်၍ ခဏမျှ စဉ်းစားနေပြီးနောက် “အခုပြောတာက ငါ့အထင် သက်သက်ပဲနော်။ မှန်လား မမှန်လား ဆိုတာကိုတော့ ငါလည်း သေချာ မပြောနိုင်ဘူး”
“ရတယ်ပြော”
“ဒီကနေ ထွက်သွားနိုင်မယ့် နည်းလမ်းကို ရှာချင်တယ်ဆို အရိပ်ဝိဥာဉ်ကျွန်းမှာပဲ သဲလွန်စ ရှိလိမ့်မယ်။ အဲ့ကျွန်းပေါ်မှာ နေရာတစ်ခုရှိတယ်။ ငါကျွန်းသခင် ဖြစ်တုန်းက ဝင်ဖို့ လုပ်ခဲ့ပေမယ့် မဝင်နိုင်ခဲ့ဘူး” ရှဟူက ရှင်းပြလိုက်လေသည်။
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
ရှဟူက ရယ်မောလျက် “ငါတို့သာ အတူပူးပေါင်းမယ်ဆိုရင် အရိပ်ဝိဥာဉ်ကျွန်းကို အပိုင် သိမ်းနိုင်လောက်တယ်။ ဒါပေမယ့် ဒါက ဖြစ်နိုင်ချေပဲ ရှိသေးတာ။ နှစ်တွေ ဒီလောက်ကြာပြီးတဲ့နောက်ပိုင်း မင်ယွဲ့ ဘယ်လောက်အထိ အားကောင်းလာပြီလဲ ငါမပြောနိုင်ဘူး။ သူ့ခွန်အားက ငါ့လိုပဲ တစ်ဆို့နေတာလဲ ဖြစ်နိုင်သလို အရင်ထက် ပိုပြီး မြင့်လာာတာလဲ ဖြစ်နိုင်တယ်။ သူသာ အရင်ထက် အများကြီး ပိုအားကောင်းနေရင်တော့ ငါတို့ ထောင်ချောက်ထဲ လမ်းလျှောက် ဝင်သွားသလိုပဲ ဖြစ်နေမှာ”
ရန်ကိုင်ကမူ ဘာမှ ပြန်မပြော။
မင်းယွဲ့ ဘာကောင်ဖြစ်ဖြစ် သူဂရုမစိုက်ချေ။ ရှဟူနှင့် တိုက်တုန်းကပင် သူ့ခွန်အားအကုန်ကို ထုတ်သုံးခဲ့ခြင်း မဟုတ်။ ထို့အပြင် သူ့တွင် မသုံးရသေးသော ဝှက်ဖဲတစ်ခု ရှိသေးသည်။ ရှောင်ရှောင်ပင်။
ကာယခွန်အားချင်း ယှဉ်လျှင် မည်သူကများ ရှောင်ရှောင်ကို ယှဉ်နိုင်မည်နည်း။
ရှောင်ရှောင်သာ လှုပ်ရှားမည်ဆိုလျှင် အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ မည်သူမှ သူ့အား အံတုနိုင်လိမ့်မည် မဟုတ်ချေ။
ရန်ကိုင်၏ ရှဟူ စကားကို စဉ်းစားကြည့်နေခြင်း ဖြစ်သည်။ လူအိုကြီးသည် ရိုးသားပုံရသော်ငြား သူဟန်ဆောင်နေလျှင်ကော။ နောက်ဆုံးကျမှ လူအိုကြီးက သူ့အား အသုံးချနေမှန်း သိသွားခဲ့လျှင် သူရလိုက်သည်မှာ ရင်းလိုက်ရသည်နှင့် မကာမိ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သည် မလှုပ်ရှားခင် သေချာ စဉ်းစားနေခြင်း ဖြစ်သည်။
ရန်ကိုင် တိတ်ဆိတ်သွားသည်ကို မြင်သော် ရှဟူက ခေါင်းစဉ် ပြောင်းလိုက်လေသည် “ခုဏတုန်းက အရိပ်ဝိဥာဉ်ကြာပန်းနဲ့ ဆေးလုံးကို မင်းလေ့လာနေတာလား”
ရန်ကိုင်က ခေါင်းညိတ်၍ “ဟုတ်တယ်။ အဲ့ဒါတွေက အရိပ်ဝိဥာဉ်ကျွန်းမှာပဲ ရတာမလား”
“ဟုတ်တယ်။ အရိပ်ဝိဥာဉ်ကြာပန်းက ဒီမှာပဲ ပေါက်တာ။ အပြင်မှာ လုံးဝ မပေါက်ဘူး။ ဒီမှာနေတဲ့ ကျင့်ကြံသူတွေ အကုန်လုံး အရိပ်ဝိဥာဉ်ဆေးလုံးတွေကိုသုံးပြီး သူတို့ ခွန်အားကို မြှင့်တင်ကြတာ။ ဒါပေမယ့် ငါက ဆေးပညာမတတ်တော့ ပြဿနာ လုံးလုံးတက်ရော။ ကြာပန်းတွေကို ဒီအတိုင်း စားလိုက်မယ် ဆိုရင်လည်း ငါ့အတွက် ဘာမှ အကျိုးမရှိပြန်ဘူး။ ဒီတော့ အဲ့ကြာပန်းတွေ အကုန်လုံးကို အဲ့အတိုင်းပဲ ထားလိုက်ရတော့တယ်။ မဟုတ်ရင် ဒီလောက် ကြာပန်း အများကြီး ဒီအတိုင်း ရှိနေမှာ မဟုတ်ဘူး”
ပြောနေရင်း ရှဟူ တဖြည်းဖြည်း နာကျင် ဝမ်းနည်းလာ၏။
ကောင်းကင်အရိပ်ကြာပန်းတစ်ထောင်… အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ လူအားလုံး နှစ်ပေါင်းများစွာ လိုက်လံရှာဖွေလျှင်ပင် မတွေ့နိုင်သည့် ပမာဏဖြစ်သည်။ သို့သော်ငြား ထိုကြာပန်း အားလုံးတွင် လက်ရှိတွင် ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲသို့ ရောက်သွားခဲ့လေသည်။
ရန်ကိုင်က ရုတ်တရက် မေးလိုက်၏ “လူအိုကြီးရှ၊ ခင်ဗျားမှာ ကောင်းကင်အရိပ်ဆေးလုံးရဲ့ ဆေးညွှန်းရှိလား”
“ရှိတာပေါ့” ရှဟူက ရယ်သွမ်းသွေးလျက် ဂုဏ်ယူစွာဖြင့် “ငါအခု ဘယ်လိုပဲဖြစ်နေဖြစ်နေ တစ်ချိန်က ကျွန်းသခင် ဖြစ်ခဲ့တဲ့ လူတစ်ယောက်ပဲ၊ မရှိစရာလား”
ပြောပြီးသည့်နောက် ရှဟူ၏ မျက်ဝန်းအစုံ တောက်ပသွားပြီး ရန်ကိုင်အား တုန်တုန်ရီရီဖြင့် စိုက်ကြည့်လျက် “မင်းက ဆေးပညာရှင်လား”
ရန်ကိုင်သာ ဆေးပညာရှင်မဟုတ်လျှင် ဆေးညွှန်းအကြောင်း လာမေးနေစရာ အကြောင်း မရှိချေ။
ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ဟုတ်တယ်”
“မင်းတကယ်ကြီး ဆေးပညာရှင်လား”
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
ရှဟူ မှင်သက်သွားပြီး ခဏကြာသည်အထိ စကား မပြောနိုင် ဖြစ်သွားခဲ့သည်။ ထို့နောက် အကျယ်ကြီး အော်ရယ်မောလျက် “ကောင်းကင်က ငါ့ကို ပစ်ပယ်မထားဘူးပဲကွ။ ဟားဟားဟား”
သူ့ခွန်အားကို ထပ်မံ မမြှင့်တင်နိုင်တော့ခြင်းမှာ သူ့တွင် အရိပ်ကောင်းကင်ဆေးလုံးများ မရှိတော့သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ကြာပန်းကို အစိမ်းလိုက် စားဖို့ပြန်ကျတော့လည်း သူ့အတွက် အကျိုးမရှိ။
ထို့ကြောင့် ရန်ကိုင်သည် ဆေးပညာရှင်တစ်ယောက် ဖြစ်ကြောင်း ကြားလိုက်သည့်အခါ ရှဟူ အလွန်ကိုမှ စိတ်လှုပ်ရှားသွားခြင်း ဖြစ်သည်။
သို့သော်ငြား ခဏအကြာတွင် မျက်မှောင်ကြုတ်၍ သက်ပြင်းချလိုက်ပြန်၏။
“ဘာဖြစ်လို့လဲ” ရန်ကိုင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရှဟူသည် အခုလေးတင် ဝါးလုံးကွဲ အော်ဟစ်ရယ်မောနေပြီး ချက်ချင်းကြီး စိတ်ဓါတ်ကျသွားပြန်လေသည်။
“မင်းက ဆေးပညာရှင် ဖြစ်တယ်ဆိုရင်တော့ မြေမီးတောက် မရှိဘဲ ဆေးဖော်စပ်နိုင်မှာ မဟုတ်ဘူး” ရှဟူက စိတ်ဓါတ်ကျကျဖြင့် “အရိပ်ဝိဥာဉ်ကျွန်းပေါ်မှာ ဆေးပညာရှင်တွေက အရမ်း ရှားတယ်။ လူတစ်ထောင်လောက်မှာ နှစ်ယောက်သုံးလောက်ပဲ ရှိတာ။ ဒါပေမယ့် အဲ့ဆေးပညာရှင်တွေ အကုန်လုံး ဆေးဖော်စပ်နိုင်ဖို့ မြေမီးတောက်ကို အားကိုးရတာချည်းပဲ။ ဒီမှာ ဘာမြေမီးတောက်မှ မရှိဘူး။ ဒီတော့ မင်းဆေးပညာရှင် ဖြစ်နေတယ်ဆိုရင်တောင် ဆေးဖော်စပ်လို့ ရမှာမဟုတ်ဘူး”
“ကျုပ်ဆေးဖော်စပ်ဖို့ မြေမီးတောက် လိုတယ်လို့ ဘယ်သူပြောလဲ” ရန်ကိုင်က ရယ်မောလျက် ပြန်ပြော၏။
“ဘာလို့ မလိုရမှာလဲ” ရှဟူက နှာခေါင်းရှုံ့လျက် “မြေမီးတောက်မရှိဘဲ မင်းဘယ်လို ဆေးဖော်စပ်မှာလဲ။ အပြင်မှာလည်း ဒီအတိုင်းပဲ။ ဒါပေမယ့် ဒီနေရာမှာက သူတော်စင်ချီကို သုံးလို့မရတော့ မြေမီးတောက်က တစ်ခု….”
ရှဟူ၏ ပြောလက်စကားများ သူ့လည်ချောင်းဝတွင် ရုတ်ချည်း တစ်ဆို့သွားခဲ့လေသည်။
အကြောင်းမှာ ရန်ကိုင်၏ ခန္ဓာကိုယ်မှ သူတော်စင်ချီ မဟုတ်သော ချစ်ချစ်တောက် ပူလောင်သည့် စွမ်းအားတို့ ဖြာထွက်လာသည်ကို ခံစားမိလိုက်သည့် အတွက်ကြောင့် ဖြစ်၏။
“တေဇောဓါတ် အသိစိတ်ပင်လယ်” ရှဟူ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။
ရန်ကိုင်က ယဲ့ယဲ့လေးသာ ပြန်ပြုံးပြလိုက်သည်။
အပြင်လောကကြီးတွင်ပင် ဆေးဖော်စပ်ရန် သူတော်စင်ချီကို သုံးစရာ မလိုလေရာ ဤနေရာတွင်ကော ဘာကြောင့်များ လိုအပ်ရဦးမည်နည်း။
ထို့အပြင် သူ့တွင် လျိုယန် ရှိပေသေးသည်။ လျိုယန်သည် မြေမီးတောက်ထဲတွင် အဆင့်အမြင့်ဆုံး မီးတောက်တစ်မျိုး ဖြစ်၏။
နောက်ဆုံး ဘာမှ လုပ်မရတော့ဘူး ဆိုလျှင်ပင် ကမ္ဘာငယ်လေးထဲသွားပြီး ဆေးဖော်စပ်၍ ရပေသေးသည်။ ကမ္ဘာငယ်လေးသည် ကိုယ်ပိုင် နိယာမများနှင့် လည်ပတ်နေသော လောကကြီး တစ်ခုဖြစ်လေရာ အရိပ်ဝိဥာဉ်ကျွန်း၌ သူတော်စင်ချီကို အသုံးမပြုနိုင်သည့်တိုင် ထိုနေရာတွင်တော့ အသုံးပြု၍ ရပေသည်။
သူ့တွင် ထုတ်သုံးနိုင်သည့် နည်းလမ်းများစွာ ရှိနေလေရာ ဘာကြောင့် ဆေးမဖော်စပ်နိုင်မည်ကို စိုးရိမ်နေရဦးမည်နည်း။ သို့တိုင် မည်သို့ပင် ဖြစ်စေကာမူ သူ့လျှို့ဝှက်ချက်များအား ရှဟူကိုတော့ ထုတ်ပြောပြလိမ့်မည် မဟုတ်ချေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၀၇)
ရန်ကိုင်သည် ဆေးပညာရှင်တစ်ယောက် ဖြစ်သည့်အပြင် တေဇောဓါတ်အသိစိတ်ပင်လယ်ကိုပါ ပိုင်ဆိုင်ထားကြောင်း သိလိုက်ရသည့်နောက် ရှဟူ စိတ်အားတက်သွားခဲ့သည်။ ရန်ကိုင်၌ တေဇောဓါတ် အသိစိတ်ပင်လယ် ရှိနေပြီ ဖြစ်သည့်အတွက် သူ့အနေဖြင့် ဆေးဖော်စပ်ရန်အတွက် သူတော်စင်ချီကို အသုံးပြုနေစရာ မလိုတော့ချေ။
သူသာ ရန်ကိုင်နှင့် ရင်းနှီးအောင် လုပ်ထားလျှင် နောက်ပိုင်း အရိပ်ကောင်းကင်ဆေးလုံးများ မရမည်ကို စိတ်ပူစရာ မလိုတော့ပေ။ သူ့ခွန်အားကို မမြှင့်တင်နိုင်တော့မည်ကိုလည်း စိုးရိမ်နေစရာ မလိုတော့ချေ။ နှစ်ပေါင်းများစွာကြာအောင် မျှော်လင့်ချက်မဲ့စွာ နေထိုင်လာခဲ့ရပြီးနောက်တွင် မျှော်လင့်ချက် အလင်းရောင်ကို တစ်ဖန်ပြန်လည် မြင်တွေ့လိုက်ရလေပြီ။
ရှဟူသည် ချက်ချင်းပဲ ရန်ကိုင်အား အရိပ်ကောင်းကင်ဆေးလုံး၏ ဆေးညွှန်း ပေးလိုက်လေသည်။
“မင်းဒီဆေးညွှန်းကို လေ့လာပြီးသွားလို့ ဆေးစဖော်စပ်တော့မယ့် အချိန်ကျရင် ငါမင်းဆီကနေ တောင်းဆိုစရာ တစ်ခုရှိတယ်” ရှဟူသည် အတတ်နိုင်ဆုံး ဖော်ရွေအောင်ပြုံးလျက် ပြောလိုက်လေသည်။
“ရတယ်လေ” ရှဟူအား အပြင်လိုက်ပို့ပြီးနောက် အရိပ်ကောင်းကင်ဆေးလုံး၏ ဆေးညွှန်းကို စတင် လေ့လာတော့လေသည်။
အစကမူ ဆေးလုံးသာရှိပြီး ဆေးညွှန်း မရှိသဖြင့် တိုင်ပတ်ခဲ့ရသေးသည်။ ယခုမှ သူ့တွင် ဆေးညွှန်းအပြည့်အစုံပါ ရှိနေပြီ ဖြစ်သဖြင့် အများကြီး ပိုလွယ်ကူသွားခဲ့လေပြီ။
ထို့အပြင် သူ့ဆေးပညာစွမ်းရည်သည် ကြယ်စီရင်စုကြီးထဲ ထိပ်တန်းအဆင့်ထဲ ပါဝင်ပေသည်။ သူ့လက်ရှိ ဆေးစွမ်းရည်ဖြင့် ဤဆေးညွှန်းလောက်ကို နားမလည်နိုင်စရာအကြောင်း မရှိပေ။
ထိုသို့ နားလည်နိုင်သည်မှာလည်း သိပ်တော့ မထူးဆန်းလှ။ ဤဆေးညွှန်းကို အရိပ်ဝိဥာဉ်ကျွန်းတွင် ပိတ်မိနေသည့် ဆေးပညာရှင်များမှ ဖန်တီးထားခြင်း ဖြစ်လေရာ ဆေးညွှန်း အဆင့်မှာ မည်ကဲ့သို့များ မြင့်မားနိုင်မည်နည်း။
ရန်ကိုင် အနေဖြင့် ဤဆေးညွှန်းကို လေ့လာ၍ သူ့ဘာသာ ဆေးညွှန်းတစ်ခုပင် ဖန်တီးနိုင်ပေသည်။
ငါးရက်ကြာပြီးနောက်တွင် သူ့ကိုယ်ပိုင် ဆေးညွှန်း အသစ်တစ်ခုကို ရန်ကိုင် ဖန်တီးလိုက်နိုင်ခဲ့သည်။ သူဖန်တီးထားသည့် ဆေးညွှန်း အသစ်သည် ဆေးညွှန်း အဟောင်းထက် အများကြီး ပိုသာပေသည်။
ဆေးညွှန်းကို ဖန်တီးသွားပြီးပြီ ဖြစ်သဖြင့် ဆေးလုံးကို စတင် ဖော်စပ်ရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။ သို့သော် ဆေးဖော်စပ်ရန် ဆေးအမယ်အချို့ လိုနေသေးသည်။
အရိပ်ကောင်းကင်ကြာပန်း၏ ဆေးအာနိသင်မှာ အတော်လေးကို ပြင်းထန်လှသည့်အတွက် ကြာပန်းအား အစိမ်း စားလိုက်မည်ဆိုလျှင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ပိုမို အားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်သော်ငြား သင့်တော်သည့် ဆေးပင်များနှင့် တွဲဖက်မစားသုံးလျှင် ပြင်းထန်လှသော ဆေးအာနိသင်ကို ခန္ဓာကိုယ်ကို မထိခိုက်စေဘဲ ပျက်ပြယ်သွားအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ အကျိုးဆက် အနေဖြင့် အချိန်အတော်ကြာအောင် စောင့်ပြီးမှသာ နောက်ထပ် ကြာပန်းတစ်ပွင့်ကို ထပ်စားနိုင်ပေလိမ့်မည်။ ထိုသို့မဟုတ်ဘဲ ကြာပန်းတစ်ပွင့်အား စားပြီးပြီးချင်း နောက်ထပ် တစ်ပွင့်ကို ထပ်စားပါက ခန္ဓာကိုယ်ကို အားကောင်းလာစေမည့်အစား ပြန်၍သာ ထိခိုက်စေပေလိမ့်မည်။
ရန်ကိုင်သည် ရှဟူအား အမြန် လှမ်းခေါ်လိုက်သည်။
ရှဟူသည် လွန်ခဲ့သည့် ရက်များကတည်းက သစ်သားအိမ် အပြင်ဘက်တွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်၏ ခေါ်သံကို ကြားလိုက်သည်နှင့် ချက်ချင်း အိမ်ထဲသို့ ပြေးဝင်သွားပြီး ရန်ကိုင်အား အားတက်တကြီး ကြည့်လိုက်သည်။
“ကျုပ် ငါးရေညှိအချို့လိုတယ်…”
ရန်ကိုင် ထိုပစ္စည်းများကို လိုမည်မှန်း သိထားသည့်အလား ရှဟူသည် ပြုံးလျက် ငါးရေညှိအပုံလိုက် ထုတ်ပေးလိုက်လေသည်။
ထိုငါးရေညှိဟုခေါ်သော ခရမ်းရောင်ရေညှိများသည် လက်တစ်ဝါးစားလောက်သာ ရှိပြီး အရိပ်ဝိဥာဉ်ကျွန်းတွင်သာ မဟုတ်၊ အဆုံးမဲ့သမုဒ္ဒရာ၏ နေရာတိုင်းလိုလိုတွင် ပေါက်ပေသည်။ ထိုကြောင့် တန်ကြေးမှာ သိပ်မြင့်မားခြင်း မရှိလှဘဲ အင်အားစုကြီးများ ဖြစ်ကြသည့် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်ကဲ့သို့သော အင်အားစုများသည် ထိုရေညှိများကို ခူးပင်မခူးချင်ကြချေ။
သို့သော်ငြား ငါးရေညှိ၏ အာနိသင်သည် အရိပ်ကောင်းကင် ကြာပန်း၏ အာနိသင်ကို ချေဖျက်ရန်အတွက် အကောင်းဆုံး ဖြစ်သည်။
သူ့ရှေ့ရှိ ငါးရေညှိ အပုံလိုက်ကြီးကို မြင်မြင်ချင်း ရန်ကိုင် ကြောင်သွားခဲ့ပြီး ရှဟူဘက်သို့လှည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလျက် “လူအိုကြီးရှက ကြိုပြင်ထားတာပဲ”
ရှဟူက သူ့လက်ကို ပွတ်၍ “ရန်ကိုင်၊ ငါ့ကို အရိပ်ကောင်းကင် ဆေးလုံး နည်းနည်းလောက် ဖော်စပ်ပေးပါလား။ ငါ့မှာသာ အဲ့ဆေးလုံး နည်းနည်းလောက် ထပ်ရှိရင် ငါ့ခွန်အားကို ထပ်ပြီး တိုးတက်အောင် လုပ်လို့ရပြီ။ အဲ့လိုဆို ငါတို့ ကျွန်းဆီ သွားနိုင်မယ့် အခွင့်အရေး ပိုများလာလိမ့်မယ်”
ရန်ကိုင် ပြုံးလိုက်လေ၏။ ရှဟူ၏ စကားသည် သူ့အား ဆေးဖော်စပ်ပေးချင်လာအောင် ပြောခြင်း ဖြစ်သော်ငြား ထိုမျှလောက်သာ လှည့်ကွက်လေးကိုတော့ ဂရုစိုက်မနေခဲ့ချေ။ ထို့ကြောင့် “ဖော်စပ်ပေးတာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမယ့် ခင်ဗျားမှာ အရိပ်ကောင်းကင်ကြာပန်းကော ရှိသေးလို့လား”
ကန်ထဲရှိ ကြာပန်းတစ်ထောင်ခန့်သည့် သူ့သိုလှောင် လက်စွပ်ထဲ ရောက်နေပြီ ဖြစ်သည့်အတွက် သူ့အပိုင် ဖြစ်သွားလေပြီ။ ထိုကြာပန်းများကို သုံး၍တော့ ရှဟူအတွက် ဆေးလုံး ဖော်စပ်ပေးမည် မဟုတ်ချေ။
“မင်းငါ့ကို အရမ်း အထင်သေးနေတာလဲ” ဟူရှသည် မြေခွေးအိုကြီးတစ်ကောင်နှယ် ပြုံးလျက် သိုလှောင်လက်စွပ်ထဲမှ ငွေရောင် ကြာပန်း ဆယ့်ခုနှစ်ပွင့်ကို ချက်ချင်း ထုတ်ပြလိုက်၏။
ရန်ကိုင် ကြောင်သွားခဲ့လေသည်။
ရှဟူက ရယ်သွမ်းသွေးလျက် “မင်းကလည်း၊ ငါ့ပစ္စည်းတွေ အကုန်လုံးကို တစ်နေရာတည်းမှာပဲ သိမ်းထားမယ် ထင်နေတာလား။ ပြီးတော့ ဒီကျွန်းပေါ်မှာ တစ်ချိန်လုံး ဒီအတိုင်း အေးဆေး ထိုင်နေတာ မဟုတ်ဘူးကွ။ အခွင့်အရေး ဘာလေးများ ရှိမလားလို့ ဟိုစူးစမ်းဒီစူးစမ်း လိုက်စူးစမ်းနေတာ။ အရိပ်ကောင်းကင် ကြာပန်းတွေတင် မဟုတ်ဘူး။ အခြား လိုအပ်လောက်မယ့် ဆေးအမယ်တွေပါ ထပ်ရှိသေးတယ်။ ကြည့်ကြည့်လိုက်၊ မင်းလိုအပ်တာ ရှိမရှိ”
ပြောပြီးသည့်နောက်တွင် ရှဟူသည် နောက်ထပ် ဆေးပင် အပြုံလိုက်ပြီး ထပ်ထုတ်ပြလိုက်ပြန်သည်။
ရန်ကိုင်လည်း ငြင်းမနေဘဲ ဆေးပင် အပြုံလိုက်ကြီးထဲမှ သူလိုအပ်မည့် ဆေးပင်များကို ရွေးလိုက်ပြီး “ဆေးလုံးကို ဖော်စပ်ပေးလို့တော့ ရတယ်။ ဒါပေမယ့် အလကားတော့ မရဘူး”
“ငါးဆယ်ငါးဆယ်ဆို အဆင်ပြေတယ်မလား” ရန်ကိုင် ဆက်မပြောရသေးခင်မှာပဲ ရှဟူက ဖြတ်ပြောလိုက်လေသည် “ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပင်တွေ အကုန်လုံးကို ငါပေးမယ်ကွာ။ မင်းငါ့ကို ဆေးပဲ ဖော်စပ်ပေး”
“ရတယ်” ရန်ကိုင်လည်း ချက်ချင်း သဘောတူလိုက်၏။ ရှဟူဘက်က ထိုမျှ လိုက်လျောပေးသည်ကို သူကသာ ဆက်ပြီး ငြင်းနေဦးမည်ဆိုလျှင် သဘောထား သေးသိမ်ရာ ရောက်သွားပေလိမ့်မည်။
ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် ရှဟူ ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
ချက်ချင်းပဲ ရှဟူသည် ပင်လယ်ထဲ လိုအပ်သည့် ဆေးပင်များကို သွားရှာလေသည်။ ရန်ကိုင်အား ပစ္စည်းအချို့ ပေးထားသော်ငြား ထိုဆေးပင်များသည် ဆေးလုံး အများကြီး ဖော်စပ်ရန်အတွက် မလံဒလောက်ချေ။ ထို့ကြောင့် ဆေးပင်များကို ထပ်သွားရှာရခြင်း ဖြစ်သည်။
ရှဟူ ကျွန်းပေါ်မှ ထွက်သွားပြီးနောက် ရန်ကိုင်သည် သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။
အနီရောင်မီးတောက်တစ်ခု သူ့လက်ဝါးပေါ်မှ ထွက်ပေါ်လာပြီး မီးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျော့ရှင်းသည့် အမျိုးသမီးတစ်ဦး အဖြစ်သို့ အသွင် ပြောင်းလဲသွားခဲ့လေသည်။ ထိုအမျိုးသမီးမှာ မှော်ရတနာ စိတ်ဝိဥာဉ်ဖြစ်သည့် လျိုယန်မှလွဲ၍ အခြားမ ဟုတ်ချေ။
လက်ရှိတွင် သူမအား မီးငှက်ဟု ခေါ်၍ မရတော့ချေ။ သူမတွင် ကိုယ်ပိုင် အသိဥာဏ်ရှိနေပြီ ဖြစ်သလို လူသား အသွင်ကိုလည်း ပြောင်းလဲလို့ ရနေပြီ ဖြစ်သည့် အပြင်ကိုမှ သူမအား နာမည်လည်း ပေးထားပြီးသွားခဲ့လေပြီ။
“သခင် ဘာများ အမိန့်ပေးချင်လို့လဲမသိဘူး” အပြင်သို့ ရောက်သည်နှင့် လျို့ယန်က မေးလိုက်လေသည်။
“ငါဆေးဖော်စပ်ဖို့ နင့်အကူအညီ လိုနေလို့”
လျို့ယန်သည် ဘာမှပြန်ပြောမနေဘဲ ခေါင်းညိတ်၍သာ သူမကိုယ်သူမ ဆေးမီဖိုတစ်လုံး အဖြစ်သို့ ပြောင်းလဲလိုက်၏။ ဆေးမီးဖိုသည် သူမအား မွေးဖွားပေးခဲ့သည့် ပန်းပဲမီးဖိုနှင့် တစ်ပုံစံတည်းပင်။ ကွာခြားသွားသည်ကား သူမ ပြောင်းလဲသွားသည့် ဆေးမီးဖိုသည် မီးတောက်များဖြင့် ဖွဲ့စည်းထားသည့် ဆေးမီးဖို ဖြစ်နေခြင်းပင်။
ရန်ကိုင်သည် ဆေးမဖော်စပ်ခင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ လိုအပ်သည့် ဆေးအမယ်များကို ပြင်ဆင်ပြီးနောက် ကောင်းကင်စိတ်အာရုံသုံး၍ လျိုယန်နှင့် ဆက်သွယ်ကာ မီးတောက်ကို စတင် ထိန်းချုပ်လေသည်။
နေ့ဝက်ကြာပြီးနောက် သစ်သားအိမ်ထဲ ဆေးသင်းရနံ့တို့ ထွက်ပေါ်လာခဲ့သည်။ ဆေးဖော်စပ်ခြင်း၏ နောက်ဆုံး အဆင့်သို့ ရောက်သော် အကြံတစ်ခုကို ရန်ကိုင် စဉ်းစားမိလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ဆေးမီးဖိုထဲသို့ ပို့လွှတ်၍ အစစ်အမှန် ဆေးပညာကျမ်းထဲ မှတ်တမ်းတင်ထားသော ဆေးလုံး သိပ်သည်းသည့် နည်းလမ်းအတိုင်း ဆေးလုံးကို သိပ်သည်းကြည့်ရန် လုပ်လိုက်သည်။
ခဏအကြာတွင် ဆေးမီးဖိုထဲမှ မီးတောက်သုံးခု အပြင်သို့ ပျံထွက်လာခဲ့လေသည်။
ရန်ကိုင်သည် ထိုမီးတောက်သုံးခုကို ဆတ်ခနဲ ဖမ်းယူလိုက်ပြီး ကျောက်စိမ်းပုလင်းထဲ တန်းထည့်လိုက်လေသည်။ ကျောက်စိမ်း ပုလင်းသည် အတန်ကြာသည်အထိ လှုပ်ခါနေပြီးနောက်မှပဲ ငြိမ်သက်သွားတော့သည်။
အစစ်အမှန်ဆေးပညာကျမ်းထဲတွင် မှတ်တမ်းတင်ထားသော ဆေးလုံးသိပ်သည်းသည့် နည်းလမ်းသည် အမှန်တကယ်ကို နက်နဲ ဆန်းကြယ်လှသည်။ ထိုဆေးလုံးကို တတ်ကျွမ်းသွားလျှင် ဆေးလုံး တစ်လုံးတည်းမက တစ်ပြိုင်တည်း ဖော်စပ်နိုင်ပေလိမ့်မည်။
ယခင် ဆေးဖော်စပ်စဉ်ကလည်း ဤနည်းလမ်းကို သုံးကြည့်ခဲ့သည်။ သို့သော် အမြဲတမ်း မအောင်မြင်ခဲ့ဘဲ တစ်ခါတစ်လေမှသာ အောင်မြင်၏။ ကြိုးစားဖန် များလာသော် အတွေ့အကြုံလည်း တဖြည်းဖြည်းများလာ၏။
ယခုမှ ဆေးလုံးသုံးလုံးကို တစ်ပြိုင်တည်း သိပ်သည်းနိုင်ခဲ့လေပြီ။
ကျောက်စိမ်းပုလင်းထဲမှ ဆေးတစ်လုံးကိုထုတ်၍ အရင် စမ်းစားကြည့်လိုက်သည်။ ဆေးအာနိသင်အား မြည်းစမ်းပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ဆေးလုံးများကို ထပ်မံ ဖော်စပ်လေသည်။
နောက်ထပ် နေ့ဝက်ကြာသော်၊ ဆေးလုံး နောက်တစ်သုတ်အား အောင်မြင်စွာ ထပ်မံ ဖော်စပ်နိုင်ခဲ့၏။ ယခုတစ်ကြိမ်တွင်မူ ဆေးလုံးလေးလုံးအား တစ်ပြိုင်တည်း သိပ်သည်းနိုင်ခဲ့၏။
ထိုနည်းလမ်းအတိုင်း ကြိုးစားဖန် များလာသည်နှင့်အမျှ တစ်ကြိမ်တည်း၌ ရန်ကိုင် သိပ်သည်းနိုင်သည့် ဆေးလုံး ပမာဏဟာလည်း တဖြည်းဖြည်း များပြားလာခဲ့သည်။ ထို့အပြင် အရိပ်ကောင်းကင်ဆေးလုံးများကို ဖော်စပ်ရသည့် အချိန်ဟာလည်း ပိုပို၍ တိုတောင်းလာခဲ့လေသည်။ ယခုဆိုလျှင် ဆေးတစ်အိုး ဖော်စပ်ရန်အတွက် နေ့တစ်ဝက်ပင် မလိုတော့ဘဲ တစ်နာရီနှင့်ပင် လုံလောက်နေခဲ့လေပြီ။
ရုတ်တရက် တဖျတ်ဖျတ် မြည်သံများ ထွက်ပေါ်လာသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းပိုင်လေးသည် ဘယ်အချိန် ကတည်းကမှန်းမသိ သစ်သားအိမ်လေထဲသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။ လင်းပိုင်လေးသည် အမြီးအား တဖျတ်ဖျတ် ခတ်ရင်း ရေထဲတွင် ကူးခတ်နေသလို လေထဲ၌ ပျံဝဲနေခဲ့၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် မှင်သက်သွားခဲ့၏။
ဤနေရာတွင် သူတော်စင်ချီကို အသုံးမပြုနိုင်သဖြင့် သူ့ကဲ့သို့ အားကောင်းသော လူပင်လျှင် လေပေါ်မပျံနိုင်ဘဲ ကာယခွန်အားကို သုံး၍သာ ခုန်ကျော်သွားလာနိုင်၏။ သို့ရာတွင် လင်းပိုင်လေးမှာပင် မြေပြင်ထက်တွင် ယုတ္တိမရှိစွာ ပျံသန်းသွားလာနေခဲ့လေသည်။
လင်းပိုင်လေးသည် ဆေးရနံ့ကြောင့် အထဲ ရောက်လာခြင်း ဖြစ်ရပေမည်။ နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း ရန်ကိုင်ရှေ့ရှိ ဆေးမီးဖိုကို မမှိတ်မသုံ စိုက်ကြည့်နေလေသည်။
လင်းပိုင်လေး၏ နှုတ်ခမ်းထောင့်စွန်းထက် သရေအချို့ တွဲလောင်း ကျနေသည်ကိုပင် ရန်ကိုင် လှမ်းမြင်နေရသည်။
လင်းပိုင်လေး ဘယ်လို ပျံဝဲနေမှန်း သိရအောင် ရန်ကိုင်လည်း လင်းပိုင်လေးကို ချက်ချင်း သေချာစစ်ဆေးကြည့်လေသည်။
ထို့နောက်တွင် လင်းပိုင်လေးသည် အသည်းငယ်စွာ အော်ဟစ်ရင်း ရန်ကိုင်အား သူ့ခေါင်းနှင့် အတင်း တိုးဝှေ့တော့၏။ ရန်ကိုင်လည်း နားထင်ကို ပွတ်၍သာ အရိပ်ကောင်းကင်ဆေးလုံးများ ထည့်ထားသည့် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ပေးလိုက်ရတော့သည်။
လင်းပိုင်လေးသည် ဆေးပုလင်းကို ရလိုက်သည်နှင့် အလွန် ပျော်သွားပြီး ရန်ကိုင်အား နှစ်ကြိမ်တိုင်တိုင် ဝိုင်းကြီးပတ်ပတ် ပျံဝဲပတ်ပြီးနောက် ဆေးပုလင်းကို ကိုက်ကာ အိမ်လေးထဲမှ ပြန်ထွက်သွားလေသည်။
ရန်ကိုင်ကမူ ဆက်၍သာ ဆေးဖော်စပ်နေ၏။
သုံးရက်ကြာပြီးနောက်တွင် ဆေးပင် အမြောက်အမြားနှင့်အတူ ရှဟူ ပြန်ရောက်လာခဲ့သည်။ သို့သော် အိမ်လေးထဲသို့ တန်းမဝင်သွားသေးဘဲ အပြင်ဘက်တွင်သာ စောင့်နေ၏။
အိမ်လေးထဲမှ ထွက်လာသော ဆေးရနံ့ကို ရှုရှိုက်မိလိုက်ချိန် အနှစ်တစ်ရာလောက် ပြန်ငယ်သွားသလို ရှဟူ ခံစားလိုက်ရ၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၀၈)
“ဒါတွေ အကုန်လုံးက ငါ့အတွက်လား” ရှဟူသည် သူ့ရှေ့ရှိ ကျောက်စိမ်းပုလင်းများကိုကြည့်ရင်း အံ့အားသင့်တကြီး မေးလိုက်၏။
“ဟုတ်တယ်” ရန်ကိုင်က ပြုံး၍ ခေါင်းညိတ်လိုက်၏။
“ငါတို့ တစ်ယောက်တစ်ဝက်လို့ သဘောတူထားတာ မဟုတ်ဘူးလား”
“ဟုတ်တယ်လေ။ ဒါက တစ်ယောက်တစ်ဝက်လေ”
ရှဟူ လုံးဝကို မှင်သက်သွားခဲ့လေသည်။
ရန်ကိုင်အား သူစုထားသည့် ငွေရောင်ကြာပန်း အပွင့် တစ်ရာလုံးနီးပါးကို ပေးပစ်ခဲ့သည်။ အရိပ်ကောင်းကင်ဆေးလုံး အလုံးနှစ်ရာလောက် ရလျှင် တကယ်ကို ကောင်းမည်ဖြစ်သော်ငြား သူ့ရှေ့ရှိ ကျောက်စိမ်းပုလင်းများသည် သူ့အား တစ်မူကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေခဲ့သည်။
သူ့ရှေ့တွင် ကျောက်စိမ်းပုလင်း ငါးဆယ်၊ ခြောက်ဆယ်လောက် ရှိနေ၏။ တစ်ပုလင်းချင်းစီတိုင်းတွင် ဆေးလုံး ဆယ်လုံးကျစီ ရှိနေသည်။
ဤမျှ များပြားလှသော အရိပ်ကောင်းကင်ဆေးလုံးများကို သူမည်ကဲ့သို့ ဖော်စပ်ခဲ့သနည်း။ အရိပ်ဝိဥာဉ်ကျွန်း၏ ယခင် ကျွန်းသခင်ဖြစ်သည့်အလျောက် ဤနေရာရှိ ဆေးပညာရှင်များ အရိပ်ကောင်းကင်ဆေးလုံးများအား ဖော်စပ်သည်ကို သူမြင်ဖူး၏။ သို့သော်လည်း သူတို့ ဖော်စပ်နိုင်မှ အရိပ်ကောင်းကင်ကြာပန်း တစ်ပွင့်လျှင် ဆေးလုံး တစ်လုံးနှစ်လုံးလောက်သာ။ ထိုသို့ ဖြစ်လေရာ ဤမျှ များပြားလှသော ဆေးလုံးများကို ရန်ကိုင် မည်ကဲ့သို့ ဖော်စပ်ခဲ့လေသနည်း။
အကြောင်းအရင်း တစ်ခုသာ ရှိတော့သည်။ ရန်ကိုင်၏ ဆေးစွမ်းရည်သည် ထိုဆေးပညာရှင်များထက် အဆပေါင်းများစွာ ပိုမို သာလွန်သည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
ရှဟူသည် ရန်ကိုင်ဘက်သို့ လှည့်၍ အလေးအနက် အမူအရာဖြင့် “ငါတို့ ဒီကနေ တစ်နေ့ ထွက်သွားနိုင်ခဲ့ရင် မင်းကြိုက်တဲ့အချိန် ငါတို့ ပင်လယ်ကျောင်းတော်ဆီ လာလည်လို့ရတယ်။ ပင်လယ်ကျောင်းတော်က မင်းအတွက် အမြဲ တံခါးဖွင့်ထားပေးတယ်”
ရန်ကိုင်၏ ရိုးသားမှုအပေါ် ရှဟူ အလွန်ကို ကျေနပ်မိသွား၏။ ထို့အပြင် ရန်ကိုင်၏ ခွန်အားမှာလည်း တကယ်ကို အထင်ကြီးစရာ ကောင်းလှ၏။ ထိုကဲ့သို့သော လူတစ်ယောက်သည် မိတ်ဆွေ ဖွဲ့သင့်ဖွဲ့ထိုက်သည့် လူတစ်ဦး ဖြစ်ပေသည်။
ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောလိုက်လေသည် “လူအိုကြီးရှက အဲ့လို ပြောမှတော့ ကျုပ်ဘက်က ငြင်းရင် ရိုင်းရာ ကျသွားမှာပေါ့”
ဤကဲ့သို့သော လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားနိုင်သည်မှာ တကယ်ကို ကောင်းမွန်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။ အနည်းဆုံး သူ့ဘာသာ တစ်ယောက်တည်း ခြေဦးတည့်ရာ သွားနေရခြင်းထက် အများကြီး ပိုသာပေသည်။ ထို့အပြင် ရှဟူသည် သာမန် လူတစ်ယောက်ပင် မဟုတ်ဘဲ အရိပ်ဝိဥာဉ်ကျွန်း၏ ယခင် ကျွန်းသခင် ဖြစ်သည့်အတွက် သူ့တွင် သာမန်လူများထက် ပိုမိုစုံလင်သည့် သတင်း အချက်အလက်များ ရှိနေလောက်ပေလိမ့်မည်။
ရှဟူက အကျယ်ကြီး အော်ရယ်မောလျက် “ဒီမှာ ဝိုင်မရှိတာ ဆိုးသွားတယ်။ မဟုတ်ရင် တစ်ခွက်တစ်ဖလား သောက်ချင်တာ။ ထားလိုက်တော့ကွာ။ ဆေးလုံးတွေကိုပဲ အရင် သွားစမ်းတော့မယ်”
အရိပ်ကောင်းကင်ဆေးလုံးများကို နှစ်တစ်ရာလောက် မသောက်လိုက်ရသဖြင့် ရှဟူသည် အချိန် အတော်ကြာသည်အထိ အဆင့် တစ်ဆို့ခြင်း အခြေအနေနှင့် ရင်ဆိုင်လိုက်ရ၏။ ယခု သူ့တွင် အရိပ်ကောင်းကင်ဆေးလုံးများစွာ ရှိနေပြီ ဖြစ်သဖြင့် သူ့ခွန်အား မည်သည့် အတိုင်းအတာအထိ တိုးတက်လာမည်လဲ စမ်းသပ်ကြည့်ချင်နေလေပြီ။
ဆေးပုလင်းတစ်ပုလင်းကို ကောက်ယူလိုက်ပြီး ဆေးလုံးကို လက်ထဲ သွန်ကာ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ထို့နောက်တွင် ရှဟူ၏ ခန္ဓာကိုယ် တုန်ရင်လာပြီး အံ့အားသင့်နေလေသည့် လေသံဖြင့် “တန်ခိုးရှင်အဆင့် ဆေးလုံး၊ ရန်ကိုင်၊ မင်းက တန်ခိုးရှင်အဆင့် ဆေးပညာရှင်လား”
ယခုတစ်ကြိမ်တွင်တော့ ရှဟူ လုံးဝကို မှင်သက်မိသွားခဲ့လေပြီ။
ရန်ကိုင်သည် သူ့ကိုယ့်သူ ဆေးပညာရှင်တစ်ဦး ဖြစ်ကြောင်း ပြောစဉ်က ရန်ကိုင်သည် သာမန် အဆင့်နိမ့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်လောက်မည် ထင်လျက် ရှဲ့ဟူ အရမ်းကြီး ခေါင်းထဲ မထည့်ခဲ့ချေ။ ယခု ရန်ကိုင် ဖော်စပ်ထားသည့် ဆေးလုံးကို သောက်လိုက်သည့် အခါမှပဲ သူအကြီးကြီး လွဲသွားမှန်း ရှဟူ နားလည်သွားတော့သည်။
ရန်ကိုင် ဖော်စပ်ထားသည့် အရိပ်ကောင်းကင်ဆေးလုံးများသည် အခြား ဆေးပညာရှင်များ ဖော်စပ်ထားသည့် ဆေးလုံးများနှင့် လုံးဝကို ကွာခြားပေသည်။ ဤဆေးလုံးများသည် တန်ခိုးရှင်အဆင့်နိမ့် ဆေးလုံးများပင် မဟုတ်လောက်ဘဲ အနည်းဆုံး တန်ခိုးရှင် အလယ်အလတ် အဆင့်လောက် ရှိသည့် ဆေးလုံးများ ဖြစ်ကြသည်။
ဤသည်ကကိုပင် ရန်ကိုင်သည် အနည်းဆုံး တန်ခိုးရှင် အဆင့်မြင့် ဆေးပညာရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေခဲ့၏။
ရန်ကိုင်အား တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးဟု မထင်ခဲ့ခြင်းမှာ အရိပ်ကြယ်ပေါ်တွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဟူ၍ မရှိသည့် အတွက်ကြောင့် ဖြစ်ပေသည်။
ဆေးလုံးသည် သူ့ပါးစပ်ထဲ ရောက်သည်နှင့် ပျော်ဝင်သွားပြီး အပူစီးကြောင်းတစ်ခုသို့ ပြောင်းလျက် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေ၏။
ရှဟူ၏ မျက်နှာအိုကြီး တစ်မုဟုတ်ချည်း နီရဲလာခဲ့သည်။ ကြွက်သားများ ကြွတက်လာပြီး သွေးကြောများဟာလည်း ထောင်တက်လာခဲ့လေသည်။ ရန်ကိုင်အား စကားပြောနေချိန်ပင် မရှိတော့ဘဲ ချက်ချင်း ထိုင်ချလိုက်ကာ ဆေးအာနိသင်ကို စတင် စုပ်ယူတော့လေသည်။
ရန်ကိုင်လည်း ဘာမှဆက်ပြောမနေတော့ဘဲ ပြုံးလျက် အိမ်လေးထဲမှ ထွက်သွားလိုက်သည်။ တိတ်ဆိတ်သည့် နေရာတစ်ခု ရှာပြီးနောက် တင်ပလင်ခွေထိုင်ကာ အရိပ်ကောင်းကင် ဆေးလုံးကို သောက်လိုက်လေသည်။
ရန်ကိုင် သန့်စင်ထားသည့် အရိပ်ကောင်းကင် ဆေးလုံးသည် သူသတ်ခဲ့သည့် လူနှစ်ဦးဆီမှ ယူလာသည့် ဆေးလုံးများနှင့် လုံးဝ ကွဲပြားပေသည်။
ရန်ကိုင် ရရှိခဲ့သည့် အရိပ်ကောင်းကင်ဆေးလုံးများမှာ ကောင်းကောင်းမွန်မွန် မဖော်စပ်ထားရသည့်အတွက် ဆေးအာနိသင်မှာ ထင်သလောက် ကောင်းမွန်ခြင်း မရှိချေ။ သို့သော် အရိပ်ဝိဥာဉ်ကျွန်းတွင် ဖြစ်နေသဖြင့် ဆေးအာနိသင် ထိုကဲ့သို့ ဖြစ်နေသည်ကို သွားအပြစ်ပြော၍ မရချေ။ သူတော်စင်ချီကို အသုံးပြု၍ မရသဖြင့် အဆင့်နိမ့် မြေမီးတောက်ကိုသာ အသုံးပြုရသည်။ အကျိုးဆက် အနေဖြင့် သူတို့ ဖော်စပ်ရသည့် ဆေးလုံးများ၏ အရည်အသွေးမှာလည်း အလွန်ကိုမှ ထိုးကျသွားရတော့သည်။
ရန်ကိုင်သည် ဆေးညွှန်းနှင့် ပက်သက်သော ပြဿနာအားလုံးကို ရှင်းထုတ်ပစ်ပြီး သူ့ကိုယ်ပိုင် ဆေးညွှန်အသစ်တစ်ခုကို ဖန်တီးခဲ့၏။ ထိုမျှ လုပ်ပြီးသည့်တိုင် သူ့ဆေးလုံး ပိုမကောင်းနေမှသာလျှင် ထူးဆန်းနေမှာ ဖြစ်ပေသည်။
သုံးရက်ကြာအောင် စမ်းသပ်ပြီးနောက်တွင် ငွေရောင် ကြာပန်းများဖြင့် တန်ခိုးရှင်အဆင့် အရိပ်ကောင်းကင် ဆေးလုံးများကို ဖော်စပ်နိုင်ပြီး မိုးပြာရောင်ကြာပန်းဖြင့် သူတော်စင် ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ကာ ပန်းရောင်ကြာပန်းများနှင့်တော့ အများဆုံးမှ သူတော်စင်အဆင့် ဆေးလုံးများကိုသာ ဖော်စပ်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
ရွှေရောင်ကြာပန်းများမှာမူ ရန်ကိုင်တွင် ဆယ်ပွင့်သာ ရှိသဖြင့် ထုတ်မသုံးခဲ့ချေ။ သို့သော် စဉ်းစားကြည့်ရသလောက် ရွှေရောင် ကြာပန်းကိုသာ အသုံးပြုလျှင် တန်ခိုးရှင်ဘုရင်အဆင့် အရိပ်ကောင်းကင်ဆေးလုံးကို ဖော်စပ်နိုင်မည်မှာ သေချာသလောက် ရှိပေသည်။
ဆေးအာနိသင်သည် သွေးကြောတစ်လျှောက် စီးဆင်းလျက် ရန်ကိုင်၏ ခန္ဓာကိုယ်ကို ပိုမို အားကောင်းလာအောင် ပြုပြင်ပေးနေခဲ့သည်။
ထို့အပြင် ရန်ကိုင်သည် ယခင်က အသက်ရေစင်များစွာကို သောက်သုံးခဲ့သည့်အတွက် သူ့ခန္ဓာကိုယ်သည် အလွန်ကိုမှ အားကောင်းနေခဲ့ပြီ ဖြစ်လေခဲ့ရာ အရိပ်ကောင်းကင်ဆေးလုံး၏ ဆေးအာနိသင်ကိုလည်း ပို၍ မြန်မြန် စုပ်ယူနိုင်တော့လေသည်။
နာရီဝက်ကြာပြီးနောက်တွင် တန်ခိုးရှင်အဆင့် အရိပ်ကောင်းကင်ဆေးလုံး၏ ဆေးအာနိသင်ကို စုပ်ယူပြီးသွားခဲ့၏။ ထို့နောက် နောက်တစ်လုံးကို ထပ်ထုတ်သောက်လိုက်လေသည်။
အရိပ်ဝိဥာဉ်ကျွန်းတွင် သူတော်စင်ချီကို သုံးကာ ကျင့်ကြံ၍ မရသည့်အတွက် ဤနေရာရှိ ကျင့်ကြံသူများသည် အရိပ်ကောင်းကင် ဆေးလုံးများကို သောက်၍သာ သူတို့၏ ခွန်အားကို တိုးမြှင့်ရတော့သည်။
သုံးရက်ကြာပြီးနောက်တွင် သစ်သားအိမ်ဘက်ဆီမှ ဝါးလုံးကွဲ ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကန်ထဲ၌ ရေကူးနေသော လင်းပိုင်လေးသည် ရယ်မောသံကြားရာဆီသို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဆက်၍ အာရုံမစိုက်တော့ဘဲ သူ့ဘာသာ ရေဆက်ကူးနေလေသည်။
သစ်သားအိမ်လေးဆီမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရန်ကိုင် ရှိနေသည့် နေရာဆီသို့ အလျင်အမြန် ပြေးသွားလေသည်။
မကြာမီ ရန်ကိုင်ရှေ့သို့ ရှဟူ ရောက်လာခဲ့သည်။
ရန်ကိုင်က မျက်လုံးဖွင့်၍ ရှဟူအား ပြုံးကာကြည့်လျက် ပြောလိုက်လေသည် “နောက်တစ်ဆင့် တက်သွားပြီပေါ့”
ရှဟူက ရန်ကိုင်အား ကျေးဇူးတင်တကြီးကြည့်လျက် ခေါင်းညိတ်ပြလိုက်၏ “ဟုတ်တယ်။ နောက်တစ်ဆင့် ရောက်သွားပြီ။ နှစ်တစ်ရာကြာပြီးတဲ့ နောက်မှာတော့ ငါနောက်တစ်ဆင့်ကို ထပ်တက်နိုင်ခဲ့ပြီကွ။ ငါထပ်ပြီး တိုးတက်နိုင်သေးတယ်လို့လည်း ခံစားနေရသေးတယ်။ ကျေးဇူးပဲကွာ ရန်ကောင်လေး”
“မလိုပါဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ရန်ကိုင်၊ ငါတို့ လက်ရည်ဖလှယ်ကြည့်မလာား” ရှဟူက ပြုံးလျက် မေးလိုက်သည်။ သူ့ခွန်အား ဘယ်လောက် တိုးတက်လာလဲ ဆိုသည်နှင့် ပက်သက်၍ စမ်းသပ်ကြည့်ရန် အလွန်ကိုမှ စိတ်ဓါတ်ပြင်းပြင်နေသည့်ပုံပင်။
“ရတယ်လေ” ရန်ကိုင်ကလည်း ချက်ချင်း သဘောတူလိုက်၏။
ရှဟူသည် တုန့်ဆိုင်းမနေခဲ့ဘဲ မာန်သွင်းအော်ဟစ်လျက် မြေကြီးကို ဆောင့်ကန်ကာ လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
ရန်ကိုင်မှ ထိုင်လျက်သာ ထိုင်နေ၏။ နည်းနည်းလေးမှ မလှုပ်။ ရှဟူ သူ့ဆီသို့ လက်သီးလက်မောင်းတန်းလျက် ပြေးဝင်လာနေသည်ကို သတိမပြုမိသည့်အလား မူလအတိုင်း ထိုင်လျက်သာ ထိုင်နေခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် ရှဟူ ကြောင်သွားပြီး ဒေါသတကြီး လှမ်းအော်လေသည် “ရန်ကောင်လေး၊ မင်း ဒီလူအိုကြီးကို အထင်သေးနေတာလားကွ”
“လူအိုကြီးရှ ဘာမှစဉ်းစားမနေနဲ့။ လုပ်စရာရှိတာသာလုပ်” ရန်ကိုင်က ပြန်ပြောလိုက်၏။
လူအိုကြီးရှ၏ မျက်နှာ အနည်းငယ် မဲ့သွားခဲ့သည်။ ရန်ကိုင်အား ကျေးဇူးတင်သည်မှာ မှန်သော်ငြား ယခုကဲ့သို့ တည့်တိုးကြီး အထင်သေးခံရသည့်အတွက် အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့သည်။ ရန်ကိုင် ပြောသည်ကို ကြားသည့်အခါ အံကြိတ်၍ ခွန်အားကုန် ထုတ်သုံးတော့လေသည်။
ရှဟူ၏ လက်သီးသည် ဥက္ကာခဲတစ်စင်းနှယ် ပြင်းစွာသော အဖျက်စွမ်းအားကို သယ်ဆောင်လျက် ရန်ကိုင်ဆီသို့ တိုးဝင်သွားလေ၏။ ဤလက်သီးချက်သာ မိသွားလျှင် မီတာတစ်ထောင် အမြင့်ရှိသည့် တောင်သည်ပင်လျှင် ဖွတ်ဖွတ်ညက်ညက် ကြေသွားနိုင်၏။
သို့ရာတွင် ရန်ကိုင်ကမူ လက်ဝါးတစ်ဖက်ကို တိုးဝင်လာနေသည့် လက်သီးချက်ရှေ့ လှမ်းကာထားလိုက်၏။
ထို့နောက်တွင် လက်သီးနှင့်လက်ဝါး ထိပ်တိုက်တွေ့သွား၏။
ရန်ကိုင်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားခဲ့သော်ငြား ယခင်အတိုင်း ထိုင်လျက်သာ ရှိနေသေး၏။
ရှဟူမှာပင် ပြန်ထွက်လာသည့် ပြန်ကန်အားကြောင့် ကျွမ်းပစ်လျက် နောက်သို့ လွင့်ပျံထွက်သွားလေ၏။
ရှဟူ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားပြီး သူ့မျက်နှာထက်ရှိ မကျေနပ်ချက်တို့မှာလည်း ယူပစ်လိုက်သလို ပျောက်ကွယ်သွားခဲ့လေသည်။ လဲကျရာမှ ပြန်ထလာပြီးနောက် ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် မှင်သက်စွာ မော့ကြည့်လိုက်၏။
ပထမတစ်ကြိမ် ရန်ကိုင်နှင့် တိုက်ခိုက်စဉ်က အောက်စည်းသို့ ရောက်ခဲ့သော်ငြား ရုပ်ပျက်ဆင်းပျက် မရှုံးနိမ့်ခဲ့ချေ။ သို့ရာတွင် ယခု သူ့ခွန်အားပါ တိုးတက်လာခဲ့သော်ငြား ရန်ကိုင်၏ ခန္ဓာကိုယ်ကို လှုပ်ခါသွားအောင်သာ လုပ်လာခဲ့သည်။
ထိုသို့ ဘာကြောင့် ဖြစ်သွားရသနည်း။ သူ့ခွန်အား တိုးတက်လာသလို ရန်ကိုင်၏ ခွန်အားလည်း တိုးတက်လာနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ ထို့အပြင် ရန်ကိုင့်ခွန်အား တိုးတက်လာသည့်နှုန်းသည် သူ့ထက် အများကြီး ပိုမို မြန်ဆန်သည့် အတွက်ကြောင့် ဖြစ်ပေသည်။
“မင်းအရိပ်ကောင်းကင်ဆေးလုံး ဘယ်နှစ်လုံး သောက်ပြီးသွားပြီလဲ” ရှဟူ သူ့အမူအရာကို ပြန်ထိန်းလိုက်ပြီးနောက် မေးလိုက်၏။
“တစ်ရာလောက်ရှိမယ်” ရန်ကိုင်က တွေးတွေးတောတောဖြင့် ပြန်ဖြေလိုက်၏။
“တစ်ရာတောင်။ အဲ့လောက်ကြီးကို မင်းခန္ဓာကိုယ်က ခံနိုင်တယ်လား” ရှဟူ သက်ပြင်းရှိုက်မိသွား၏။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အရိပ်ကောင်းကင်ဆေးလုံး ဆယ်လုံးသာ သူသောက်နိုင်ခဲ့သည်။ ရန်ကိုင် ဖော်စပ်ထားသည့် ဆေးလုံးများမှာ ဤနေရာရှိသာမန် ဆေးလုံးများထက် အများကြီး ဆေးစွမ်း ပိုထက်သဖြင့် တစ်လုံးတစ်လုံးကို အာနိသင်ချေဖျက်ရန် အတော်လေး အချိန်ယူရပေသည်။ တစ်ကြိမ်တည်းနှင့် အများကြီး သောက်လိုက်လျှင် ခန္ဓာကိုယ်ကို အားမကောင်းလာစေသည့်အပြင် ပြန်၍ပင် ထိခိုက်စေနိုင်သေးသည်။ အဆိုးဆုံး ဆိုလျှင်တော့ ခန္ဓာကိုယ်ပင် ပေါက်ကွဲသွားနိုင်ပေသည်။
တစ်ရက်ဆယ်လုံးသည် ရှဟူ၏ အကန့်အသတ် ဖြစ်သည်။ သို့သော် ရန်ကိုင်ကမူ အလုံးတစ်ရာ…
“ဘာလို့ မခံနိုင်ရမှာလဲ” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်လေသည်။
သူသောက်ခဲ့သည့် အလုံးတစ်ရာသည် ဆေးသွေးကြောပါသည့် ဆေးလုံးများ ဖြစ်သည်ဆိုသည်ကိုပင် ထည့်ပြောမသွားချေ။ ဆေးသွေးကြောပါသည့် ဆေးလုံးများ၏ ဆေးအာနိသင်သည် သာမန်ဆေးလုံးများထက် နှစ်ဆမျှ ပိုပြင်းပေသည်။
ရှဟူသည် ကျောက်ရုပ်ကြီးတစ်ရုပ်နှယ် ရပ်နေပြီးနောက် ခေါင်းကို အဆက်မပြတ်ခါရင်း ရေရွတ်လိုက်လေ၏ “မင်းက တကယ့် မွန်းစတားပဲ”
အချိန်ကြာလာသည်နှင့် သူနှင့် ရန်ကိုင်ကြားရှိ ခွန်အား ကွာခြားချက်သည် ပိုပို၍ ကြီးမားလာလိမ့်မည် ဆိုသည်ကို ရှဟူ လုံးဝ ယုံကြည်သွားခဲ့လေသည်။
ခန္ဓာကျင့်စဉ် ကောင်းကောင်းလေးတစ်ခုလောက် ရှိတာ တကယ် ကောင်းတာပဲ ရှဟူ သက်ပြင်းချလိုက်၏။
အရိပ်ကောင်းကင်ဆေးလုံး အလုံးတစ်ရာကို အချိန်တိုအတွင်း သောက်နိုင်ခြင်းမှာ သူသောက်ခဲ့သည့် အသက်ရေစင်များကြောင့် ဖြစ်သည်ဆိုသည်ကိုတော့ ရှဟူ မသိခဲ့ချေ။
တန်ခိုးရှင်အဆင့် ဆေးပညာရှင်၊ ပြိုင်ဘက်ကင်း ပါရမီရှင်၊ သူ့ကျေးဇူးရှင်လည်း ဖြစ်နေသေး၏။ ထိုကဲ့သို့သော လူတစ်ဦးနှင့် မိတ်ဆွေမဖွဲ့လျှင် သူ့လောက် ရူးမိုက်သည့်လူ ရှိတော့လိမ့်မည် မဟုတ်ချေ။
အရိပ်ဝိဥာဉ်ကျွန်းမှ ထွက်သွားနိုင်နိုင်၊ မနိုင်နိုင် ရန်ကိုင်နှင့် ကျိန်းသေ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရမည်ဟု ရှဟူ ယတိပြတ် စိတ်ဆုံးဖြတ်ချက် ချလိုက်လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၀၉)
အရိပ်ဝိဥာဉ်ကျွန်းမှ မိုင်သုံးထောင်အကွာရှိ ပင်လယ်ရေပြင်၌ သင်္ဘောလေးတစ်စင်းသည် တအိအိ ရွေ့လျားရင်း အဖိုးတန် အရိပ်ကောင်းကင်ကြာပန်းများကို ရှာဖွေနေခဲ့သည်။
သင်္ဘောပေါ်တွင် ကျင့်ကြံသူ အယောက် နှစ်ဆယ်ကျော်သာ ပါလာခဲ့ပြီး အနည်းစုသည် ကုန်းပတ်ပေါ်တွင် ရပ်လျက် ကြာပန်းများကို ပင်လယ်ပြင်တစ်လျှောက် လိုက်ရှာနေခဲ့သည်။
သင်္ဘောပေါ်ရှိ လူအများစုမှာ မျက်နှာ မသာမယာ ဖြစ်နေကြကာ ခေါင်းကိုလည်း ငိုက်ငိုက်စိုက်ထားကြ၏။ ထိုလူများသည် တစ်ခါတစ်ရံ အကြည့်ချင်း ဖလှယ်ကြ၏။ သူတို့၏ အကြည့်ထဲ မနေချင်သည့်ဘဝတွင် နေနေရသည့် လူတစ်ယောက်၏ အကြည့်မျိုးကို မြင်တွေ့နိုင်ပေသည်။
ရောင်နီကျွန်းမှ ဖန်ကျန်းနှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ချန်မိုတို့သည်လည်း ထိုလူများထဲတွင် ရှိနေပေသည်။ သူတို့ နှစ်ဦးမှာ တစ်ချိန်က အရိပ်ကြယ်ပေါ်တွင် နာမည်ကျော်ကြားသည့် ထိပ်တန်းအဆင့် တန်ခိုးရှင်တတိယအဆင့် ပညာရှင်များ ဖြစ်ကြသော်လည်း အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်လာပြီးနောက် အားအနည်းဆုံးလူများ ဖြစ်သွားကြရလေသည်။
အရိပ်ကြယ်ပေါ်တွင် ကာယခွန်အားကိုသာ အသုံးပြု၍ ရသည့်အတွက် ဖန်ကျန်းနှင့် ချန်မိုတို့၏ တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံခြင်းတို့မှာ အသုံးမဝင် ဖြစ်သွားကုန်ကြလေသည်။
အရိပ်ဝိဥာဉ်ကျွန်းသို့ ရောက်လာခဲ့သည်မှာ အတော်လေး အချိန်ကြာနေပြီ ဖြစ်သည့်အတွက် ဖန်ကျန်းနှင့် ချန်မို့တို့လည်း ဤနေရာရှိ အခြေအနေကို အကြမ်းဖျင်း နားလည် သဘောပေါက်သွားခဲ့ကြလေပြီ။
ရုပ်ဆိုးဆိုး၊ သွားခေါခေါ၊ မျောက်နားရွက်နှင့် ကျင့်ကြံသူ တစ်ဦးသည် ရုတ်တရက် ချန်မိုဆီသို့ လမ်းလျှောက်လာပြီး လက်ပိုက်၍ မေးစေ့ကိုပွတ်ရင်း ရာဂမီးတောက်နေသည့် အကြည့်ဖြင့် ချန်မို တစ်ကိုယ်လုံးကို သိမ်းကျုံး ကြည့်လိုက်၏။
ချန်မို ခေါင်းမော့ကြည့်လိုက်ချိန် ထိုလူကို မြင်လိုက်သည့် အခိုက် ချက်ချင်း မျက်နှာပျက်သွားလေသည်။
“မိန်းကလေးချန်မို၊ နင်သေချာ စဉ်းစားပြီးသွားပြီလား။ နင်သာ ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် နင့်လုံခြုံရေးကို ငါအာမခံပေးလို့ရတယ်။ ဒီလို အန္တရာယ်များတဲ့ အလုပ်တွေ လုပ်နေစရာမလိုဘဲ အရိပ်ဝိဥာဉ်ကျွန်းထဲကို ချက်ချင်း တန်းဝင်လို့ရမယ်။ အဲ့ဒါအပြင်ကိုမှ အရိပ်ကောင်းကင် ဆေးလုံးအချို့လည့် ရနိုင်ဦးမယ်။ ဒီအခွင့်အရေးက အမြဲတမ်း ရနိုင်မှာမဟုတ်ဘူးနော်။ ငါမို့လို့ အတော် လျှော့ပေးထားတာ။ အခြားသူတွေဆို ငါ့လောက် သဘောကောင်းမယ် မထင်နဲ့” သွားခေါနှင့်လူသည် ချန်မို၏ ရင်မို့မို့အား မမှိတ်မသုံ စိုက်ကြည့်ရင်း တံတွေးတစ်လုတ် မျိုချလျက် ပြောလိုက်သည်။
အရိပ်ဝိဥာဉ်သို့ ရောက်လာသည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းလှကာ လက်ရှိတွင် အရိပ်ဝိဥာဉ်ကျွန်း၏ စုစုပေါင်း လူဦးရေသည် တစ်သောင်းလောက်သာ ရှိသည်။
မိန်းမ အရေအတွက်ဆိုလျှင်တော့ ပို၍ပင် နည်းသေး၏။ အထူးသဖြင့် မိန်းမချောလေးများပင်။
ချန်မိုသည် ကျိန်းသေကို မိန်းမချောလေးတစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူမအား သွားခေါမှ မျက်စိကျသွားခြင်း ဖြစ်သည်။ သွားခေါသည် ချန်မိုအား ချော့လည်းချော့၊ ခြောက်လည်းခြောက်သည့် နည်းလမ်းကိုသုံး၍ ဆွဲခေါ်နေခြင်း ဖြစ်သည်။ သူမကိုသာ ရသွားနိုင်လျှင် သူ့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် အသုံးချနိုင်သလို အရိပ်ကောင်းကင် ဆေးလုံးများအတွက် အခြားသူများနှင့်လည်း လဲလှယ်နိုင်၏။
သို့ရာတွင် သူစိတ်ညစ်နေရသည်မှာ သူမည်သို့ပင် ဆွဲဆောင် စည်းရုံးပါစေ၊ ချန်မိုသည် ခေါင်းမာနေခြင်းပင်။
မည်သို့ပင် ဖြစ်စေကာမူ၊ ပင်လယ်နတ်ဘုရားနန်းတော်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ၊ ဤအစုတ်အပျက် နေရာသို့ ရောက်လာသည့်တိုင်၊ ချန်မိုသည် သွားခေါအား မျက်လုံးထဲ မထည့်ပေ။ ဤနေရာတွင်သာ မဟုတ်ဘဲ အပြင်မှာသာဆိုလျှင် ထိုသွားခေါအား သူမ လက်ဝါးတစ်ချက် အဝှေ့နှင့်ပင် အသက် ပျောက်သွားအောင် လုပ်နိုင်ပေသည်။
သွားခေါမှ မဆုတ်မနစ်နှင့် ထိုစကားကို ထပ်ခါတလဲလဲ လာပြောနေသော် ချန်မိုလည်း ဒေါသထွက်လာပြီး အော်လွှတ်လိုက်လေ၏ “ထွက်သွားစမ်း”
“နင်…” သွားခေါ ဒေါသပုန်ထသွားပြီး ချန်မိုအား ထရိုက်ချင်နေသည့်အလား လက်ညိုးငေါက်ငေါက်ထိုးလျက် တနင်နင် လုပ်နေတော့လေသည်။
လှေပေါ်တွင် ရပ်နေသော လူတစ်ဝက်လောက်သည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သွားခေါအား မှင်သေသေ အကြည့်ဖြင့် စိုက်ကြည့်လိုက်ကြလေသည်။
ထိုလူများသည် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရား နန်းတော်မှ ရောက်လာသူများ ဖြစ်ကြ၏။ အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အမြင်မကြည် ဖြစ်နေကြသော်ငြား ဤနေရာသို့ ရောက်လာပြီးနောက်တွင် အချင်းချင်း စည်းလုံးသွားကြလေသည်။ ထို့ကြောင့် ချန်မိုအား သွားခေါမှ လာအရှက်ခွဲနေသည်ကို မြင်သော် အကုန်လုံး ချက်ချင်း ပြန်တိုက်ကြရန် ပြင်လိုက်ကြခြင်း ဖြစ်သည်။ သွားခေါသာ သူတို့အား တိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် သူတို့လည်း ချက်ချင်း ပြန်တိုက်ခိုက်ကြပေမည်။
နောက်ဆုံးတွင်တော့ သွားခေါ သူ့လက်ကို ပြန်ရုတ်လိုက်၏။ ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ပညာရှင်များကို မကြောက်သော်လည်း တကယ်တမ်းသာ တိုက်ခိုက်ကြမည်ဆိုလျှင် သူနိုင်မည်မှန်း သေချာသော်လည်း သူ့အမိန့်မရဘဲ မည်သူမှ အချင်းချင်း သတ်ခွင့်မရှိဟု ကျွန်းသခင် မင်ယွဲ့မှ အမိန့်ထုတ်ထား၏။ သူ့အမိန့်ကို လွန်ဆန်သူတိုင်း ချွင်းချက်မရှိ အသတ်ခံရပေလိမ့်မည်။
ဤသို့ အမိန့်ထုတ်ထားရခြင်းမှာ ကျွန်းသခင် မင်ယွဲ့သည် ကြင်နာသဘောကောင်းသည့် လူတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့် မဟုတ်ဘဲ အရိပ်ဝိဥာဉ်ကျွန်း၌ ရှိနေသည့် လူအရေအတွက်မှာ အလွန်ကိုမှ နည်းသောကြောင့် ဖြစ်သည်။
ထိုလူနည်းနည်းလေးသာ သေသွားခဲ့လျှင် သူ့တွင် အမိန့်ပေးစရာ လူအရေအတွက် တဖြည်းဖြည်း နည်းလာပေလိမ့်မည်။ ထိုအခါ အလုပ်များလည်း လုပ်ရ ခက်လာပေလိမ့်မည်။
အရိပ်ဝိဥာဉ်ကျွန်းတွင် လူသတ်ချင်တိုင်း သတ်လို့ရသည့် လူများမှာ ကျွန်းသခင်နှင့် သူနှင့် အနီးစပ်ဆုံး လူများသာ ဖြစ်ကြသည်။ အခြားသူများအတွက်မူ သူတို့ မည်သူဖြစ်ပါစေ၊ သူတို့၏ အဆင့်အတန်း မည်သူဖြစ်ပါစေ၊ အခြားသူများကို သတ်ခွင့်မရှိချေ။
ဖန်ကျန်း၊ ချန်မိုနှင့် အခြားသူများ ဤနေရာသို့ ရောက်စဉ်က သူတို့အားလုံးသည် အရိပ်ဝိဥာဉ်ကျွန်း၏ တရားဝင် နေထိုင်သူများ မဖြစ်ကြသေးချေ။ စည်းမျဉ်းများ၏ ကာကွယ်ပေးမှု မရှိသည့် အတွက်ကြောင့် ပိန်ပိန်နှင့်လူကြီးမှ သူတို့အား သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုမူ အခြေအနေ မတူတော့ချေ။ ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူအများစုမှာ အရိပ်ဝိဥာဉ်ကျွန်း၏ တရားဝင်နေထိုင်သူများ မဖြစ်ကြသေးသော်ငြား သူတို့၏ နာမည်များကို ကျွန်း၏ စာရင်းသွင်းသည့် နေရာတွင် မှတ်တမ်းတင်ထားပြီးသွားလေပြီ။ ထို့ကြောင့် သွားခေါမှ ထိုလူများကို မသတ်ရဲခြင်း ဖြစ်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်” သွားခေါက “အဲ့လိုမှတော့ ငါလည်း မင်းတို့ကို နောင်တရအောင် လုပ်ပေးရတာပေါ့ကွာ။ ခွေးမ၊ နင်ဒီအဖေကို အရမ်း အထင်သေးတယ်မလား၊ ငါနင့်ကို ရတဲ့နေ့အထိ နင်အဲ့အတိုင် ခေါင်းမာနိုင်မလား ကြည့်ရသေးတာပေါ့။ ဘာမှပြန်မလုပ်နိုင်တဲ့ မိန်းမပျက်မတစ်ယောက်ကို တွန်းအားပေးရတာ တကယ်ကို လဲလှယ်လို့မရတဲ့ အရသာတစ်မျိုးပဲ”
ထိုစဉ် အရိပ်ဝိဥာဉ်ကျွန်းသား တစ်ဦးက ရုတ်တရက် အော်ပြောလိုက်လေသည် “ဆရာ၊ ဖျံလိုမျိုး သားရဲတစ်ကောင် သုံးမိုင်အကွာကနေ ကျုပ်တို့ဆီ ဦးတည်လာနေတယ်”
“တကယ်လား” သွားခေါသည် တဖျက်ဖျက် တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် ပင်လယ်ပြင်သို့ လှမ်းကြည့်လိုက်၏။ သူ့လက်အောက်ငယ်သား တင်ပြသည့် အတိုင်းပင်၊ မီတာများစွာ ရှည်လျာသေား သားရဲတစ်ကောင်သည် သူတို့ဆီသို့ အလျင်အမြန် ဦးတည်လာနေခဲ့လေသည်။
သွားခေါသည် ချန်မိုတို့အဖွဲ့အား ညစ်ကျယ်ကျယ် အကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် သူရှေ့တွင် ရပ်နေသည့် လူအား ပြောလိုက်လေသည် “အရိပ်ဝိဥာဉ်ကြာပန်းကို ရှာတဲ့ အချိန်မှာ အန္တရာယ်အများဆုံးက ပင်လယ်သားရဲတွေပဲ။ ဒါမင်းတို့ အရိပ်ဝိဥာဉ်ကြာပန်းကို ပထမဆုံးအကြိမ် ရှာဖူးတာမလား။ ဒီလို အခက်အခဲတွေကို မကြုံဖူးဘဲ အရိပ်ဝိဥာဉ်ကြာပန်းကို ရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ချန်မိုကလွဲပြီး ကျန်တဲ့လူတွေ အကုန်လုံး အဲ့ပင်လယ်သားရဲကို သွားတိုက်ခိုက်ကြ။ ငါ့ကို စိတ်မပျက်စေနဲ့နော်”
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများ၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွား၏။
အပြင်ဘက်တွင်သာ ဆိုလျှင်တော့ ထိုသားရဲကို သူတို့ လုံးဝ မျက်လုံးထဲ ထည့်မည်မဟုတ်ချေ။ သို့သော်ငြား အရိပ်ဝိဥာဉ်ကျွန်းပေါ်တွင်တော့ သူတို့အားလုံးပေါင်းလျှင်ပင် ထိုသားရဲကို သတ်နိုင်လောက်လိမ့်မည် မဟုတ်ချေ။
ထို့အပြင် ဤသည်မှာ အရိပ်ကောင်းကင်ကြာပန်းကို သူတို့ ပထမဆုံးအကြိမ် လာရှာဖူးခြင်းဖြစ်ကာ သူတို့ထဲက မည်သူမှ အရိပ်ကောင်းကင်ဆေးလုံးကို မသောက်ဖူးသေးချေ။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်မှာလည်း အရမ်းကြီး အားကောင်းခြင်း မရှိချေ။
သွားခေါသည် ဤအခွင့်အရေးကို အကျိုးရှိရှိ အသုံးချနေခြင်း ဖြစ်သည်။ ထိုလူများသာ သားရဲသတ်သဖြင့် သေသွားခဲ့လျှင် ကျွန်းသခင်၏ အမိန့်ကို လွန်ဆန်ရာ မကျတော့ချေ။
“မင်းတို့ ဘာကြောင်ကြည့်နေတာလဲ။ နားပင်းနေတာလား။ ဒီအဖေပြောတာကို မင်းတို့ မကြားတာလား” သွားခေါသည် ဖန်ကျန်းနှင့် အခြားသူများကို ထီမထင်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ ထိုလူများကို ကြည့်ရင်း သူ့စိတ်ထဲ အလွန်ကိုမှ ကြည့်နူးပျော်ရွှင်နေမိ၏ “ကောင်းပြီလေ။ မင်းတို့က ကိုယ့်ဘာသာ မဆင်းချင်မှတော့ ငါကပဲ ပစ်ချပေးရတာပေါ့။ ပင်လယ်သားရဲနဲ့ ကိုယ်တိုင် မတိုက်ခိုက်ရသေးခင်အထိ အရိပ်ကောင်းကင်ကြာပန်းတွေ ဘယ်လောက် အဖိုးတန်လဲ မင်းတို့ နားလည်မှာ မဟုတ်ဘူး”
သွားခေါ၏ လက်အောက်ငယ်သားများသည် ခေါင်းညိတ်၍ အသစ်ရောက်လာသူများကို ဆွဲခေါ်ကာ ပင်လယ်ထဲသို့ ပစ်ချလေ၏။
ဖန်ကျန်းနှင့် အခြားသူများမှာ ပြန်တိုက်ခိုက်သော်ငြား ထိုလူများ၏ ပြိုင်ဘက် မည်သို့များ ဖြစ်နိုင်မည်နည်း။
အရိပ်ဝိဥာဉ်ကျွန်းသားများသည် ဖန်ကျန်းတို့ထက် ကျင့်ကြံခြင်း နိမ့်ကျသော်ငြား ထိုလူများသည် အရိပ်ကောင်းကင် ဆေးလုံးများကို သောက်သုံး၍ နှစ်ပေါင်းများစွာကြာအောင် သူတို့၏ ခန္ဓာကိုယ်ကို အားကောင်းလာအောင် လုပ်လာခဲ့ကြသူများ ဖြစ်ကြသည်။
အသက် သုံးရှိုက်စာ ကြာပြီးနောက်တွင် ဖန်ကျန်းနှင့် အခြားသူများအားလုံး အညိုအမဲစွဲအောင် တီးခံလိုက်ရလေ၏။
သူတို့ဆီသို့ ပြေးဝင်လာနေသော ပင်လယ်ဖျံသည် သွေးနံ့ကို ရလိုက်သည့်နောက် ပို၍ စိတ်လှုပ်ရှားသွားသည့်အလား ပင်လယ်ထဲသို့ ပစ်ချခံလိုက်ရသော ဖန်ကျန်းနှင့် အခြားသူများဆီ ပို၍ လျင်မြန်သည့် အမြန်နှုန်းဖြင့် ပြေးလာလေသည်။
“မိန်းမပျက်မ” ရုန်းကန်းနေသည့် ဖန်ကျန်းနှင့် အခြားသူများကို ကြည့်နေရင်းမှ ချန်မိုဘက်သို့ လှည့်၍ “သူတို့ ဒီနေ့သေသွားရင် နင့်အပြစ်ပဲ။ နင်သာ ငါပြောတကို လက်ခံလိုက်ရင် သူတို့ အခုလိုမျိုး ကြုံရမှာမဟုတ်ဘူး။ ဒါပေမယ့်… အခုမှတော့ နောက်ကျသွားပြီ။ ငါသူတို့ကို ကယ်ပေးမယ်။ ဒါပေမယ့် နင်ငါ့ကို ဒူးထောက်ပြီး တောင်းပန်မှ ရမယ်။ အဲ့ပင်လယ်ဖျံလောက်တော့ ဒီအဖေအတွက် ဘာမှ မဟုတ်ဘူး”
ချန်မိုသည် အံကြိတ်၍သာ သွားခေါအား ပြန်၍ စိုက်ကြည့်လိုက်၏။
ဖန်ကျန်းနှင့် သူမသည် ရင်းနှီးသူများ မဟုတ်ကြပေ။ ပင်လယ်ကျောင်းတော်နှင့် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများသည် သူတို့ကြားရှိ ရန်ငြိုးများကို ခဝါချ၍ အချင်းချင်း ပူးပေါင်းထားကြသော်ငြား ချန်မိုသည် ဖန်ကျန်းတို့ အသက်ကို ကယ်ပေးရန်အတွက် အခြားသူတစ်ယောက်၏ အရုပ်ဘဝ အရောက်ခံရလောက်အောင် မြင့်မြတ်ကြင်နာသည့် လူတစ်ဦး မဟုတ်ချေ။
သို့သော်ငြား ရေထဲ ပစ်ချံလိုက်ရသည့် လူများထဲတွင် ပင်လယ်နတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများလည်း ပါနေ၏။
“သောက်ကျင့်မကောင်းတဲ့ကောင်” ချန်မိုက ဒေါသတကြီး အော်ပြောလိုက်လေသည်။
သွားခေါသည် နည်းနည်းလေးမှ ရှက်သွားဟန်မရဘဲ ရယ်ပင်ရယ်မောလျက် “သောက်ကျင့်မကောင်းတော့ကော ဘာဖြစ်လဲ။ ဒီနေရာကို နင်တို့ ပင်လယ်နတ်ဘုရားနန်းတော် မှတ်နေလား။ နင့်ကိုယ်နင် ပင်လယ်နတ်ဘုရားနန်းတော်ရဲ့ ဗိုလ်ချုပ်လို့ ထင်နေသေးတာလား။ ကျွတ်၊ ကျွတ်… အဲ့ဒါတွေ အကုန်လုံး အတိတ်မှာ ကျန်ခဲ့ပြီ မိန်းမပျက်မရဲ့။ အပြင်မှာသာ ဆိုရင်တော့ ဒီအဖေ နင်တို့ကိုကြောက်ရင်ကြောက်မယ်။ ဒါပေမယ့် ဒီမှာတော့ မရဘူး။ ငါ့အကူအညီ လိုချင်ရင် ငါ့ကို ဒူးထောက် တောင်းပန်မှပဲရမယ်၊ ဟားဟားဟား”
ချန်မို၏ ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီလာပြီး လက်သည်း အသားထဲ နစ်ဝင်သွားသည်အထိ လက်သီးကို တင်းတင်း ဆုပ်လိုက်လေသည်။
“နင့်မှာ အချိန်အများကြီး မကျန်တော့ဘူးနော်။ နင်ဆက်ပြီး တုန့်ဆိုင်းနေရင် သူတို့အားလုံး သေကုန်တော့မှာ” သွားခေါနှင့် လူက ရှေ့သို့ မျက်စပစ်ပြရင်း ပြောလိုက်သည်။
ချန်မို လှည့်ကြည့်လိုက်ချိန်တွင် ပင်လယ်သားရဲသည် သင်္ဘောနှင့် မီတာတစ်ရာလောက်သာ ကွာတော့ပေသည်။ ဖန်ကျန်းနှင့် အခြားသူများသည် အတတ်နိုင်ဆုံး ထွက်ပြေးရန် ကြိုးစားကြသော်ငြား ရေထဲတွင် ပင်လယ်ဖျံအား မည်ကဲ့သို့ ယှဉ်ပြေးနိုင်မည်နည်း။ သွားခေါသာ ဝင်မကယ်လျှင် သူတို့အားလုံး ပင်လယ်ဖျံ သတ်သဖြင့် သေကုန်ကြရပေလိမ့်မည်။
ချန်မို ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်သွားလေသည်။
“ဒူးထောက်လိုက်စမ်း” သွားခေါသည် ချန်မိုအား နောက်တစ်ကြိမ် ထပ်၍ ဖိအားပေးလိုက်သည်။ ချန်မို တုန်တုန်ရီရီ ဖြစ်နေသည်ကို သွားခေါ သတိပြုမိသည်။ ယခုအချိန်သည် သူမအား ဖိအားပေးရန် အကောင်းဆုံး အချိန် ဖြစ်သည်။
အရိပ်ဝိဥာဉ်ကျွန်းသားများကမူ ပြပွဲကောင်းကို တိတ်တဆိတ် ရပ်စောင့်ကြည့်နေကြ၏။
ပင်လယ်နတ်ဘုရားနန်းတော်၏ ဗိုလ်ချုပ်ဆိုသူမှာ မည်ကဲ့သို့သော လူမျိုး ဖြစ်သနည်း။ အပြင်မှာသာဆိုလျှင် သူတို့ အနေဖြင့် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်ကို မော့ကြည့်ရုံသာ တတ်နိုင်၏။ ယခုမူ သူတို့စိတ်ကြိုက် နှိပ်စက်အရှက်ခွဲလို့ ရနေ၏။
ချန်မိုမှာ လုံးကြီးပေါက်လှ ခန္ဓာကိုယ်နှင့် မိန်းမချောလေးတစ်ဦး ဖြစ်နေသည့်အခါ သူမ၏ နှိပ်စက်ရသည့် အရသာမှာ ပို၍ ကောင်းမွန်လာ၏။ သူမ သူတို့ရှေ့ ဒူးထောက် တောင်းပန်နေသည့် မြင်ကွင်းကို မြင်ယောင်ကြည့်ရုံနှင့်ပင် အကုန်လုံး အလွန်ကိုမှ စိတ်လှုပ်ရှားလာကြ၏။
ချန်မို၏ ခန္ဓာကိုယ် တုန်ရီသွားပြီး ဒူးလည်း အနည်းငယ် ကွေးလာ၏။ သို့သော်လည်း သူမကိုယ်သူမ ချက်ချင်း ပြန်မတ်လိုက်ပြီး အံကြိတ်၍ အော်ပြောလိုက်လေသည် “အိမ်မက်သာ မက်နေလိုက်”
သွားခေါမျက်နှာထက်ရှိ လှောင်ပြုံးပြုံးနေသည့် အမူအရာ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေ၏။ လက်တွေ့သည် သူထင်ထားသည်နှင့် တလွဲစီ ဖြစ်နေခဲ့သည်။ သူထင်ထားသလို ဖြစ်မလာသည့်အတွက် ဒေါသလည်း ထွက်သွားမိလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၁၀)
စိတ်ထဲ အလွန်ကိုမှ ဒေါသထွက်နေမိသော်လည်း အေးစက်စက်သာ ပြုံးလျက် “ငါ့အရည်အချင်း၊ ငါ့အဆင့်အတန်း၊ ငါ့အလှတရားနဲ့၊ နင့်ဆီလာမယ့်အစား ကျွန်းသခင်မင်ယွဲ့ဆီပဲ သွားလိုက်မှာပေါ့။ သူ့ဆီ သွားလိုက်ရင် အရိပ်ကောင်းကင် ဆေးလုံးတွေဆိုတာ ငါ့အတွက် စိတ်ပူစရာ လိုတော့မှာ မဟုတ်ဘူး။ ပြီးတော့ နင်လည်း ငါ့အမိန့်ကို နာခံလာရလိမ့်မယ်။ အဲ့အခါကျ ငါနင့်ကို မနှိပ်စက်ဘူးလို့ နင်ထင်လား”
ထိုစကားကို ကြားလိုက်သည့်အခါ သွားခေါနှင့်လူ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားလေသည်။
ထိုသို့သာ ဖြစ်သွားခဲ့လျှင် သူ့ဘဝကြီးသည် သေသည်ထက်ပင် ပို၍ ဆိုးရွားသွားပေလိမ့်မည်။
ချန်မို အနေဖြင့် အရိပ်ကောင်းကင်ကြာပန်းကို လာခူးနေရခြင်းမှာ အရိပ်ဝိဥာဉ်ကျွန်း၏ ထိန်းချုပ်မှုကို မခံလိုသည့် အတွက်ကြောင့် ဖြစ်သည်။ သို့သော်ငြား သူမ ပြောသည့်စကားထဲ အမှားမပါချေ။ သူမကိုယ်သူမသာ ကျွန်းသခင်မင်ယွဲ့ထံ ပုံအော ပစ်ဝင်လိုက်လျှင် ကျွန်းသခင်လည်း သူမ၏ အလှတရားကို ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခါ ချန်မို၏ အဆင့်အတန်းသည် သူ့ထက် အများကြီး ပိုမြင့်လာပေလိမ့်မည်။
သွားခေါအနေဖြင့် ထိုကဲ့သို့ လုံးဝ ဖြစ်ခွင့်မပေးနိုင်ချေ။ အနာဂတ် ကျွန်းသခင်မ ဖြစ်လာနိုင်သည့် လူတစ်ယောက်အား ရန်စလိုက်မိပြီ ဖြစ်သည့်အတွက် သူ့အနာဂတ် မည်မျှပင် ဆိုးရွားလေမလဲ တွေးကြည့်နိုင်ပေသည်။
သွားခေါ၏ မျက်လုံးထဲ ရက်စက်သည့် အရိပ်အယောင်တို့ ရုတ်ချည်း ဖြတ်ပြေးသွား၏။ ထို့နောက် အေးစက်စက် အမူအရာဖြင့် အံကြိတ်၍ “မိန်းမပျက်မ၊ နင်ငါ့ကို တွန်းအားပေးနေတာပဲ”
ပြောပြီးသည်နှင့် ခက်ထန်သည့် အမူအရာဖြင့် ချန်မိုဆီ လမ်းလျှောက်သွားလေ၏။
ထိုကဲ့သို့ အဖြစ်မျိုး သူလုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်နည်းသာ ရှိတော့သည်။ ချန်မိုအား ဤနေရာတွင် တစ်ခါတည်း သတ်ပစ်ရန်ပင်။ ချန်မိုသာ သေသွားခဲ့လျှင် သူ့အနေဖြင့် ဘာမှ စိတ်ပူနေစရာ မလိုတော့ချေ။ သူမကဲ့သို့ အလှဂဟေးတစ်ဦးအား ဆုံးရှုံးသွားရမည်မှာ နာကျင်စရာကောင်းလှသော်ငြား သူ့အသက်နှင့် ယှဉ်လိုက်လျှင် ဘာမှ ပိုအရေးကြီးမနေတော့ပေ။
ချန်မိုသည်လည်း ထိုကဲ့သို့ ဖြစ်မည်ကို ကြိုတင် ခန့်မှန်းမိသည့်အလား ပျာယာခတ်သွားခြင်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ လှောင်ပြုံးပြုံးလျက် ပြန်ပြောလိုက်၏ “နင်လုပ်နေစရာ မလိုဘူး”
ပြောပြီးသည်နှင့် လှေပေါ်မှ ခုန်ချသွားလေသည်။ ထိုလူလက်အောက် အညံ့ခံမည့်အစား သေသာ သေလိုက်ပေမည်။ မင်ယွဲ့ဆီသို့ သူမကိုယ်သူမ ပစ်ဝင်လိုက်လျှင်ဟု ပြောခဲ့ခြင်းမှာလည်း သွားခေါနှင့်လူအား ခြိမ်းခြောက်ရန်အတွက် သက်သက်သာ ဖြစ်သည်။ သို့သော် ထိုအကြံအစည် အလုပ် မဖြစ်သဖြင့် ပင်လယ်ထဲသို့ ခုန်ချရန်သာ ရှိတော့ပေသည်။
ပင်လယ်ထဲသို့ ရောက်သည်နှင့် ချန်မိုနှင့် ဖန်ကျန်းသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ဆန့်ကျင်ဘက် အရပ်ဆီ အသီးသီး ကူးခတ်ကြတော့လေသည်။
ဤအခြေအနေမျိုးတွင် ဘာမှ လုပ်နေ၍မရ။ ထွက်ပြေးရန်သာ ရှိသည်။ ပင်လယ်သားရဲနှင့် သွားခေါလက်မှ လွတ်အောင် ပြေးရန်မှာ မလွယ်ကူသော်ငြား အနည်းဆုံးတော့ ကြိုးစားကြည့်ရပေမည်။
ပင်လယ်ထဲတွင် ပင်လယ်ကလန်သားများသည် လူသားများထက် ပို၍ လျင်မြန်စွာ ကူးခတ်သွားလာနိုင်ပေသည်။ သူတို့သည် ရေထဲတွင် မွေးဖွားလာသည့် မျိုးနွယ်စုတစ်ခု မဟုတ်ပေလော။
ဘုန်း… ဘုန်း.. ဘုန်း…
တစ်ယောက်ယောက်မှ ရေပြင်နှာပြင်အား ရိုက်ခတ်နေသည့် အသံများ ခပ်လှမ်းလှမ်းတစ်နေရာမှ စည်းချက်ညီညီ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် လှိုင်းတွန့်များသည်လည်း ရေမျက်နှာပြင်တစ်လျှောက် အလျင်ညီစွာ ပျံ့နှံ့လာခဲ့လေသည်။
တဘုန်းဘုန်း မြည်သံသည် အချိန်နှင့်တကွ ပိုပို၍ ကျယ်လောင်လာခဲ့သလို လှိုင်းတွန့်များမှာလည်း ပိုပို၍ ကြီးမားလာခဲ့သည်။
အကုန်လုံး ကြောင်သွားခဲ့ပြီး အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ကြလေသည်။ ပင်လယ်သားရဲသည်ပင် ဘာဖြစ်မှန်း မသိသဖြင့် ရေထဲခေါင်းမြုပ်လျက် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။
ပင်လယ်ရေလှိုင်းလုံးကြီးသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် မြင့်တက်လာနေသည်ကို အကုန်လုံး မြင်လိုက်ရသည်။ ရေလှိုင်းလုံးကြီးများပေါ်တွင်မူကား လက်နောက်ပစ်လျက် ရပ်နေသော လူတစ်ယောက် ရှိနေခဲ့သည်။ တဘုန်းဘုန်း မြည်သံများမှာ ရေပြင်ပေါ် ချလိုက်သည့် ထိုလူ၏ ခြေထောက်အားကြောင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုလူ ခြေထောက် ရေပြင်ပေါ်သို့ ကျသွားတိုင်း ဘုန်းခနဲ မြည်သံကြီးနှင့်အတူ ရေလှိုင်းလုံးကြီးတစ်လုံး ထွက်ပေါ်လာ၏။ ထိုလူသည် အသက် ငါးဆယ်၊ ခြောက်ဆယ်လောက်ရှိသည့် လူကြီးတစ်ဦး ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်သည့်အခိုက် သွားခေါနှင့် အရိပ်ဝိဥာဉ်ကျွန်းမှ ကျင့်ကြံသူအားလုံး မျက်စိပျက်မျက်နှာပျက် ဖြစ်ကုန်ကြလေသည်။
ပင်လယ်ပြင်ထက် မည်သည့်စွမ်းအားကိုမှ မသုံးဘဲ ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် လမ်းလျှောက်ရန်မှာ မည်မျှ ခက်ခဲကြောင်းကို သူတို့ နားလည်ထားကြသည်။ သူတို့လည်း ပင်လယ်ပြင်ထက် လမ်းလျှောက်ပြနိုင်သော်ငြား ထိုလူကြီး လုပ်သလိုတော့လုပ်မပြနိုင်ချေ။
ထိုလူကြီးမှာပင် အပျင်းပြေ လမ်းလျှောက်ထွက်သလို ရေပြင်ပေါ်၌ လမ်းလျှောက်ပြနေခဲ့သည်။ သို့တိုင် နည်းနည်းလေးမှ ပင်ပန်းနွမ်းနယ်သည့်ပုံမရ။ သူသာ ဆန္ဒရှိလျှင် တစ်သက်လုံး ရေပြင်ပေါ်တွင် လမ်းလျှောက်နေနိုင်သလိုလို။
ဤသို့ လုပ်နိုင်ရလောက်အောင် သူ့ခန္ဓာကိုယ် မည်မျှပင် အားကောင်းလိုက်သနည်း။
အရိပ်ဝိဥာဉ်ကျွန်း တစ်ခုလုံးကို ထည့်တွက်ကြည့်လျှင်ပင် အနည်းစုသာ ထိုလူကြီးကဲ့သို့ လုပ်နိုင်ပေသည်။
ထိုလူကြီးဘေးတွင်မူ လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။ လူငယ်လေးသည် ပို၍ အေးဆေးသော အမူအရာဖြင့်ပင် ပင်လယ်ပြင်ထက် တင်ပလင်ခွေ ထိုင်နေလိုက်သေးသည်။ ဘာမှ လုပ်မနေဘဲ ထိုင်သာ ထိုင်နေသော်ငြား လူအိုကြီးနောက်သို့ အေးအေးဆေးဆေး လိုက်နေနိုင်၏။
တဖြည်းဖြည်း နီးလာသည့်အခါမှပဲ လူငယ်လေးအောက်တွင် ပင်လယ်သားရဲတစ်ကောင် ရှိနေမှန်း သွားခေါ တွေ့လိုက်ရသည်။
“ဒါက…” သွားခေါ ကြောင်သွားခဲ့လေသည်။ အရိပ်ဝိဥာဉ်ကျွန်းပေါ်ရှိ လူများသည် ပင်လယ်သားရဲများကို တက်စီးရန် ကြိုးစားခဲ့ကြသော်ငြား မည်သူမှ မအောင်မြင်ခဲ့ပေ။ ကျွန်းသခင်ပင် ချွင်းချက်မဟုတ်။ ပင်လယ်သားရဲများသည် သူတို့၏ ခွန်အား မည်သို့ပင် ဖြစ်နေပါစေ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်ကာ သေရမည်ဆိုလျှင်ပင် သူတို့၏ အမိန့်ကို လုံးဝ နာခံခြင်း မရှိပေ။
ထို့ကြောင့် ပင်လယ်သားရဲအား တက်စီးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည့်အခါ သွားခေါ အလွန်ကိုမှ အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးနှင့် လူငယ်လေးတို့ လုပ်လိုက်သည့် အသံကို ချန်မိုနှင့် အခြားသူများလည်း သတိပြုမိပေသည်။
“နေပါဦး၊ အဲ့လူက…” ဖန်ကျန်းသည် သေချာ စိုက်ကြည့်နေပြီးနောက် ပင်လယ်သားရဲပေါ်တွင် ထိုင်နေသည့် လူသည် ရန်ကိုင်မှန်း ချက်ချင်း သတိပြုမိသွား၏။
ချန်မိုကမူ မည်သူ့ကိုမှ ကြည့်မနေဘဲ ရန်ကိုင် စီးလာသည့် သားရဲကိုသာ သေချာစိုက်ကြည့်နေ၏။ ခဏအကြာ၌ အလွန်ကိုမှ ပျော်သွားသည့် အမူအရာဖြင့် ချက်ချင်း ရန်ကိုင်ဆီသို့ ပြေးသွားလေသည်။
ချန်မိုသည် လူအိုကြီးကဲ့သို့ ရေပြင်ပေါ်တွင် အေးအေးဆေးဆေး မသွားနိုင်သလို အချိန်အကြာကြီးလည်း မသွားနိုင်ချေ။ ထို့ကြောင့် ခြေလှမ်း သုံးလေးငါးလှမ်းလောက် လှမ်းပြီးသွားသည်နှင့် အားကုန်ကာ ချက်ချင်း ရေထဲသို့ ပြန်ပြုတ်ကျလေ၏။
သို့တိုင် ရန်ကိုင်ဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ကူးခတ်သွားနေသေး၏။
“လူအိုကြီးရှ၊ အဲ့အမျိုးသမီးကို ခင်ဗျား သိလား” လင်းပိုင်လေးပေါ်တွင် ထိုင်နေသည့် ရန်ကိုင်က ရှဟူဘက်သို့ လှည့်၍ နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
ရှဟူက ရယ်မောလျက် “ဒီလူအိုကြီး အပြင်လူတွေနဲ့ မတွေ့ရတာ နှစ်ရာနဲ့ချီနေပြီကို ဘယ်လိုလုပ်ပြီး သူ့ကို သိမှာပဲ။ သူမင်းဆီ လာနေတာ မဟုတ်ဘူးလား”
“ကျုပ်ဆီ” ရန်ကိုင်က ပြုံးလျက် “ဘယ်ကသာဗျာ။ သူက ပင်လယ်နတ်ဘုရားနန်းတော်ရဲ့ ဗိုလ်ချုပ်ဗျ။ ကျုပ်သူနဲ့ တစ်ခါမှ စကားပြောဖူးတာ မဟုတ်ဘူး… နေပါဦး၊ သူ့ကြည့်ရတာ တကယ်ကြီး ကျုပ်ဆီ လာနေသလိုပဲ”
ချန်မိုနှင့် သူတို့ တဖြည်းဖြည်း နီးကပ်လာသည့်နောက်တွင် တစ်ခုခု မှားယွင်းနေမှန်း ရန်ကိုင် သတိပြုမိလိုက်၏။
ချန်မိုဆိုသည့် အမျိုးသမီးသည် သူတို့ဆီ ရေကူးလာနေရင်း အလွန်ရင်းနှီးသည့်ဟန်ဖြင့် သူ့လက်ကို အဆက်မပြတ် ဝှေ့ရမ်းပြနေခဲ့သည်။
ထိုမြင်ကွင်းကိုကြည့်ရင်း နားမလည်နိုင်စွာ ရန်ကိုင် ခေါင်းကုတ်မိလိုက်လေသည်။ ဘာပြန်ပြောလို့ ပြောရမှန်းမသိသဖြင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။
သူစီးနေသည့် လင်းပိုင်လေးကမူ ပျော်ရွှင်စွာ အော်မြည်လျက် ချန်မိုဆီသို့ အရှိန်တင် ကူးခတ်လေတော့သည်။
ခဏအကြာတွင် ရန်ကိုင်တို့ရှေ့သို့ ချန်မို ရောက်လာခဲ့၏။ သို့သော် ရန်ကိုင်တို့အား မရှိသလို သဘောထားလျက် လင်းပိုင်လေးဘက်သို့ လှည့်၍သာ စိတ်သက်သာရာရသွားသည့် အသံဖြင့် လှမ်းခေါ်လိုက်လေ၏ “မင်းသမီးလေး”
“မင်းသမီးလေး” သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ကြောင်သွားခဲ့၏။
လင်းပိုင်လေးသည် စိတ်လှုပ်ရှားစွာ အော်မြည်ရင်း ချန်မိုအား ဝိုင်းကြီးပတ်ပတ် ပတ်နေပြီးနောက် အမေကို ပြန်ရှာတွေ့သည့် ကလေးလေး တစ်ဦးနှယ် သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေ၏။
လင်းပိုင်လေး၏ ခေါင်းကြောင် ချန်မို၏ ရင်ဘတ် အိကျသွားသည်ကို ရန်ကိုင် သေချာ မြင်နေရသည်။
ရှဟူကမူ လက်နောက်ပစ်လျက် ချန်မိုကိုကြည့်လိုက်၊ လင်းပိုင်လေးကို ကြည့်လိုက်လုပ်ရင်း ပြောလိုက်သည် “အဲ့လင်းပိုင်က နည်းနည်း ထူးခြားနေပါတယ်လို့ ခံစားနေရတာ၊ လတ်စသတ်တော့ လင်းပိုင်ရေနဂါးကလန်က ဖြစ်နေတာကိုး”
ရှန်းဟူ ပြောသည်ကို ကြားပြီးနောက် ရန်ကိုင် ချက်ချင်း သဘောပေါက်သွားသည်။ ချန်မိုသည် လင်းပိုင်လေးအား မင်းသမီးလေးဟု ခေါ်လိုက်သည်။ ရှန်ဟူကလည်း လင်းပိုင်လေးသည် နဂါးရေနဂါးကလန်မှ ဖြစ်သည်ဟု ပြော၏။ ထို့ကြောင့် ထိုလင်းပိုင်လေးသည် ချန်မိုနှင့် ရှန်းအောင်တို့ ရောင်နီကျွန်းဆီသို့လာပြီးရှာသည့် တော်ဝင်မျိုးနွယ်ဝင်မှန်း ရန်ကိုင် ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
ချန်မိုနှင့် ရှန်းအောင်တို့ မလိမ်ခဲ့ချေ။ သူတို့ ကလန်၏ မင်းသမီးလေးသည် ရောင်နီကျွန်းအနီးတွင် တကယ်ကြီး ပျောက်သွားခဲ့သည်။ သို့သော် မည်သူမှ ထင်မထားသည်မှာ သူတို့၏ မင်းသမီးလေးကို လူသားမျိုးနွယ်မှ ဖမ်းသွားခြင်း မဟုတ်ဘဲ သူတို့၏ မင်းသမီးလေး ကိုယ်တိုင်ကိုယ်က အရိပ်ဝိဥာဉ်ကျွန်းထဲသို့ လမ်းမှားပြီး ရောက်လာခဲ့ခြင်းပင် ဖြစ်သည်ကိုပင်။
သူမတို့ ရှာနေသည့် လူကို ပြန်ရှာတွေ့လိုက်သည့်နောက် ချန်မို အတော်လေးကို တည်ငြိမ်သွားခဲ့သည်။ ပင်လယ်သားရဲကိုပင် ဂရုစိုက်မနေတော့ချေ။ လင်းပိုင်လေးနှင့်သာ ခဏတာလောက် ဆော့ကစားနေလိုက်၏။ မကြာမီ ရန်ကိုင်ဘက်သို့ လှည့်၍ ဒေါသတကြီး ပြောလာလေသည် “ယုတ်ညံ့တဲ့လူသား၊ နင်ငါတို့ မင်းသမီးလေးကို ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရန်ကိုင်ကမူ ရယ်သွမ်းသွေးလျက် “ငါဘာလုပ်လို့လဲ”
ချန်မို၏ ရုတ်ရင်းကြမ်းတမ်းသည့် စကားကြောင့် ရန်ကိုင် ဒေါသထွက်သွားခြင်း မရှိခဲ့ပေ။ လင်းပိုင်လေးသည် သူမတို့ ကလန်၏ မင်းသမီးလေး တစ်ဦး ဖြစ်သည့်အတွက် သူမ ဒေါသထွက်သည်မှာ သဘာဝသာ ဖြစ်သည်။
“နင်ဘာလို့ မဆင်းသေးတာလဲ” ချန်မိုက ဒေါသတကြီး ပြန်အော်ပြောလေသည်။
ရန်ကိုင်ကမူ မဲ့ပြုံးပြုံးလျက် “အဲ့ဒါ ငါ့ကို လာပြောမနေနဲ့။ နင့်မင်းသမီးလေးကို သွားပြော။ သူဆင်းစေချင်ရင် ငါဆင်းပေးပေမယ်။ ကဲပြော၊ နင်ငါ့ကို ဆင်းစေချင်လား”
ရန်ကိုင်သည် လင်းပိုင်လေး၏ ခေါင်းကိုပုတ်လျက် မေးလိုက်လေသည်။
ရန်ကိုင်၏ လုပ်ပုံကိုကြည့်ရင်း ချန်မို၏ ရင်အစုံ ဖားဖိုကြီးနှယ် နှိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။ မင်းသမီးလေးသည် ငယ်ငယ်လေးသာ ရှိသေးသော်ငြား ပင်လယ်ကလန်ရှိ သူမ၏ အဆင့်အတန်းသည် အလွန်ကိုမှ မြင့်မားလှသည်။ သူမအား ပင်လယ်ကလန်သားအားလုံး လေးလေးစားစားဖြင့် ဆက်ဆံရ၏။ သို့သော်လည်း ယနေ့တွင် လူသားတစ်ယောက်သည် သူမတို့ကလန်၏ အထွတ်အမြတ်ထားရာ မင်းသမီးလေး၏ ခေါင်းကို အရှက်မရှိ ပုတ်နေခဲ့လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်အား တစ်စစီဖြစ်အောင် လုပ်ပစ်ချင်စိတ်များ ချန်မို၏ရင်ထဲ တဖွားဖွား ထွက်ပေါ်လာ၏။
ချန်မိုပို၍ ဒေါသထွက်သွားရသည်မှာ သူမတို့ကလန်၏ မင်းသမီးလေးသည် ရန်ကိုင် ခေါင်းပုတ်ပေးနေသည်ကို ပျော်နေသည့်ပုံ လုပ်ပြနေခြင်းပင်။ အမြီးလေးကိုခတ်၍ ပါးစပ်ထဲမှ ရေပူပေါင်းလေးများပင် မှုတ်ထုတ်ပြလိုက်သေး၏။
“ကြည့်…” ရန်ကိုင်က သူဘာမှမတတ်နိုင်သည့် ပုံစံဖြင့် “ငါသူ့ကို ဘာမှ အတင်းမခိုင်းဘူး”
ရန်ကိုင်၏ မျက်ခွက်ကိုကြည့်ရင်း ပြေးထိုးပစ်ချင်စိတ်များ ချန်မိုစိတ်ထဲ ထွက်ပေါ်လာခဲ့ပြန်သည်။
ထိုစဉ် လင်းပိုင်လေးသည် ထူးထူးဆန်းဆန်း အသံဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။ ချန်မိုသည် ရန်ကိုင်ကို အာရုံ မစိုက်တော့ဘဲ လင်းပိုင်လေး၏ အော်သံကို သေချာ အာရုံစိုက်၍ နားထောင်လိုက်သည်။ အချိန်အတော်ကြာသွားပြီးနောက်တွင် ချန်မို၏ ဒေါသများ တဖြည်းဖြည်း လျော့ပါးလာခဲ့၏။ ရန်ကိုင်အား ယခင်ကလောက် ဒေါသမထွက်တော့သော်ငြား “မင်းသမီးလေး နင့်ကို မှီခိုလာအောင် နင်ဘာလှည့်ကွက်တွေ သုံးလိုက်လဲတော့ ငါမသိဘူး။ ဒါပေမယ့် နင်မှတ်ထားလိုက်၊ ဒီကိစ္စက ဒီမှာတင် မပြီးသွားဘူး”
ရန်ကိုင်ကမူ လုပ်ချင်တာလုပ် ဟူသော ပုံစံဖြင့် ပခုံးသာ တွန့်ပြလိုက်လေသည်။
ဖန်ကျန်းသည် ရန်ကိုင်ဆီသို့ ရေကူးလာပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏ “ဂိုဏ်းချုပ်ရန်”
“ဒီလောကကြီးက တကယ် ကျဉ်းတာပဲနော် ကျွန်းသခင်ဖန်၊ ဒီလို ပုံစံနဲ့ ထပ်တွေ့ရလိမ့်မယ်လို့ ကျုပ်မထင်ထားဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ဖန်ကျန်းသည် ကိုးယိုးကားယား အမူအရာဖြင့် ချက်ချင်း ခေါင်းငုံ့လိုက်သည်။
ကံကောင်းစွာဖြင့် ရန်ကိုင်က ချက်ချင်း စကားလမ်းကြောင်း ပြောလိုက်လေ၏ “ခင်ဗျားတို့အားလုံး ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ။ အဲ့လှေက ခင်ဗျားတို့ ပင်လယ်ကျောင်းတော်နဲ့ ပင်လယ်နတ်ဘုရားနန်းတော်က လူတွေရဲ့ လှေမဟုတ်ဘူးလား”