← Chapters

အခန်း (၁၇၃၆-၁၇၄၀)

Vol. 70 Ch. 1736-1740

အခန်း (၁၇၃၆-၁၇၄၀)

Vol. 70 Ch. 1736-1740

အပိုင်း (၁၇၃၆)

လီမင်ဟိုင်နှင့် ကုကျန်းရှင်တို့ အကြည့်ချင်း ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။ မကြာခင် လီမင်ဟိုင် မျက်မှောင်အနည်းငယ် ကြုံ့သွားခဲ့သည်။

ကုကျန်းရှင်၏ အရှိန်အဝါသည် သူယခင်တစ်ခေါက် တွေ့ခဲ့စဉ်ကထက် ပိုသိပ်သည်းနေကြောင်း တွေ့ရှိလိုက်ရသည်။

သခင်လေး ကုကျန်းရှင်သည် နောက်သုံးနှစ်မှငါးနှစ်အတွင်း တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားလိမ့်မည်ဟူသော ကောလဟာလများသည် အခြေအမြစ်မရှိဘဲ ထွက်ပေါ်လာခြင်း မဟုတ်ချေ။

သူသာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်သွားသည်နှင့် သူပိုင်ဆိုင်ထားသော မဟာဓါးခန္ဓာကိုယ်နှင့်တကွ လက်ဝဲ၊ လက်ယာ ဓါးအစေခံတို့၏ အကူအညီနှင့်ဆိုပါက မည်သည့် တန်ခိုးရှင်ဘုရင် ပထမအဆင့်မှ သူ့ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။ တန်ခိုးရှင်ဒုတိယအဆင့် အချို့ကိုပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပေလိမ့်မည်။

တကယ်ကို မွန်းစတား တစ်ကောင်ပင်… ဒုခေါင်းဆောင် ဝေချန်းဇုန် သူ့အား အလွန် သတ်ချင်နေသည်မှာလည်း အထူးအဆန်း မဟုတ်တော့။ ကုကျန်းရှင်၏ ပါရမီသည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းနေသည်ကိုး။

ကံကောင်းစွာဖြင့် ရှားပါးသော အခွင့်အရေးတစ်ခု ယနေ့၌ ဆိုက်ဆိုက်မြိုက်မြိုက် သူ့ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ကုကျန်းရှင်သာ သေသွားပြီဆိုလျှင် ဓါးအဖွဲ့အစည်း၏ အနာဂတ်သည် အနှေးနှင့်အမြန်ဆိုသလို ဒုခေါင်းဆောင်၏ လက်ထဲသို့ ရောက်ရှိလာပေလိမ့်မည်။ တကယ်တော့ ပါရမီရှင် တစ်ဦး မည်မျှပင် ထူးချွန်နေစေကာမူ သေသွားသည်နှင့် မည်သို့မှ အသုံးဝင်တော့လိမ့်မည် မဟုတ်ပေ။

“လီမင်ဟိုင်၊ ဒီသခင်လေး မေးချင်တာ တစ်ခုပဲရှိတယ်” ကုကျန်းရှင်သည် လက်နောက်ပစ်လျက် ရပ်နေရင်း “ဒီသခင်လေး ဒီနေရာကို ဖြတ်သွားလိမ့်မယ်လို့ မင်းဘယ်လို သိတာလဲ”

လီမင်ဟိုင်က မျက်လုံးမှေးစဉ်းလျက် အေးစက်စက် လေသံဖြင့် “သခင်လေး သိနေပြီပဲကို ဘာလို့ မေးနေသေးတာလဲ”

ကုကျန်းရှင်က အသာအယာ ခေါင်းညိတ်လျက် “ကြည့်ရတာ ဒီသခင်လေးဘေးမှာ သစ္စာဖောက်တွေ ရှိနေတာပဲ။ အဲ့လိုဆိုမှတော့ ဒီကိစ္စကြီးပြီးရင် ရှင်းလင်းလေး လုပ်ရတော့မှာပေါ့”

“သခင်လေးက သေရတော့မှာပဲကို၊ ဘာလို့ ဒီကိစ္စတွေကို စိတ်ပူနေသေးတာလဲ” လီမင်ဟိုင်က လက်ဝှေ့ရမ်း၍ အော်ပြောလိုက်သည် “အကုန်လုံးကို သတ်ပစ်ကြ။ တစ်ယောက်မှ လွတ်မသွားစေနဲ့”

တစ်ယောက်ယောက်သာ လွတ်မြောက်သွားခဲ့လျှင် ပြဿနာ အကြီးကြီး တက်နိုင်ပေလိမ့်မည်။ ထို့ကြောင့် မျက်မြင်သက်သေ အကုန်လုံးကို ရှင်းပစ်ရန် လီမင်ဟိုင် စီစဉ်ထားခြင်း ဖြစ်သည်။

လီမင်ဟိုင်မှ အမိန့်ပေးလိုက်သည်နှင့် သူ့နားတွင် ရှိနေသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး ကြယ်သင်္ဘောပေါ်တွင် ရှိနေသော ကျင့်ကြံသူများကို ပြေးဝင် တိုက်ခိုက်ကြလေသည်။

ကုကျန်းရှင် ရပ်နေသည့် ရပ်ကြယ်သင်္ဘောပေါ်မှ ကျင့်ကြံသူပေါင်းများစွာ ထွက်လာပြီး လီမင်ဟိုင်တို့ အဖွဲ့အား ပြန်၍ ခုခံတိုက်ခိုက်ကြသည်။

ချက်ချင်းဆိုသလို ငြိမ်သက်တိတ်ဆိတ်နေလေ့ရှိသော ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ကြီးထဲ အော်ဟစ်သံများနှင့်အတူ အလင်းရောင်များ ဖြိုးဖြိုးဖျက်ဖျက် တောက်ပလာလေတော့သည်။

လီမင်ဟိုင်တို့အဖွဲ့တွင် လူနည်းနည်းသာ ရှိသော်လည်း အကုန်လုံးသည် တန်ခိုးရှင်ဒုတိယအဆင့်နှင့် အထက်ချည်းများ ဖြစ်ကြသည်။ ကုကျန်းရှင်တို့မှာမူ လူနှစ်ရာထက်မက ရှိသော်ငြား အဆင့်မြင့် ကျင့်ကြံသူ အရေအတွက်မှာတော့ လီမင်ဟိုင်တို့ထက် ပိုနည်းပေသည်။

အရေးအကြီးဆုံးမှာ လီမင်ဟိုင်ကိုယ်တိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေခြင်းပင်။ ထို့ကြောင့် ကုကျန်းရှင်တို့ အဖွဲ့အတွက် အလွန်ကိုမှ ဖိအားများနေရသည်။

သို့ဖြစ်သည့်အတွက် တိုက်ပွဲစသည်နှင့် ကုကျန်းရှင်တို့ဘက်မှ တစ်ယောက်ပြီးတစ်ယောက် ကျသွားသော်ငြား လီမင်ဟိုင်တို့ အဖွဲ့မှာတော့ အကောင်းအတိုင်းသာ ရှိနေကြသေးသည်။

တိုက်ပွဲစသည့်အချိန်မှစ၍ လီမင်ဟိုင်တို့ အဖွဲ့သည် အသာစီးဖြင့် ဖိတိုက်ခဲ့ပေသည်။

တိုက်ပွဲမှာ စနေပြီဖြစ်သော်လည်း လီမင်ဟိုင်သည် နည်းနည်းလေးမှ မလှုပ်ရှားသေးချေ။ ကုကျန်းရှင်နှင့် သူ့ဘေးရှိ အမျိုးသမီး နှစ်ဦးကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေသည်။

ထိုသုံးယောက်အတွဲသည် လီမင်ဟိုင်ပင် ဂရုပြုရမည့် ပြိုင်ဘက်များ ဖြစ်သည့်ပုံပင်။

သူမလှုပ်ရှားသေးသော်ငြား ကုကျန်ရှင်းတို့ သုံးယောက် ပို၍ အားနည်းသည်မှာ သိသာလှသည်။ ထို့ကြောင့် မဆင်မခြင် မလှုပ်ရှားရဲသေးဘဲ သူ့လက်အောက်ငယ်သားများ တစ်ဦးပြီးတစ်ဦး အသတ်ခံရနေရသည်ကိုသာ ရပ်ကြည့်နေရလေသည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် လီမင်ဟိုင်က မေးလိုက်လေသည် “သခင်လေး၊ ကိုယ့်ဘာသာ သက်သေမလား၊ ဒါမှမဟုတ် ဒီလူအိုကြီး လုပ်ပေးရမလား”

“ခွေးအိုကြီး၊ ခင်ဗျား ကျုပ်ကို နိုင်ပြီ ထင်နေတာလား” ကုကျန်းရှင် အေးစက်စက် အမူအရာဖြင့် ပြန်အော်ပြောသည်။

လီမင်ဟိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒီလီ ဒီမှာ ပေါ်လာရဲတယ်ဆိုမှတော့ လုံးဝ ပြင်ဆင်ထားပြီးလို့ပေါ့။ သခင်လေးက ပါရမီရှင်တွေကြားမှ ပါရမီရှင်တစ်ဦးပဲ။ ပြီးတော့ သခင်လေးနဲ့အတူ ငယ်ငယ်လေးထဲက ကျင့်ကြံလာတဲ့ လက်ဝဲ၊ လက်ယာ ဓါးအစေခံတွေလည်း ရှိသေးတယ်။ ပုံမှန်သာဆိုရင် သခင်လေးက တကယ်ကို ရင်ဆိုင်ရခက်မယ့်လူ။ ဒါပေမယ့်… အခု သခင်လေးက တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်သေးတာ မဟုတ်ဘူး။ သခင်လေးသာ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေရင်တော့ ဒီလူအိုကြီး ကျိန်းသေ သခင်လေးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးပေါ့။ ကံမကောင်းစွာနဲ့ သခင်လေးမှာ အဲ့လို အခွင့်အရေးမျိုး ရှိမနေဘူး”

“ဟုတ်လား၊ အဲ့ဒါဆို စမ်းကြည့်ရတာပေါ့” ပြန်အော်ပြောလိုက်ပြီးနောက် လီမင်ဟိုင်သည် အဖြူရောင် ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။ ဓါးအလင်းများနှင့်အတူ ကုကျန်းရှင်၏ ခန္ဓာကိုယ်သည် သင်္ဘောကုန်းပတ်ပေါ်မှ တဖြည်းဖြည်း ပျံဝဲတက်လာခဲ့သည်။

ကုကျန်းရှင်အား ဝန်းရံထားသည့် ဓါးအလင်းမှာ ကမ္ဘာမြေအား အလင်းရောင် ဆောင်ကျဉ်းပေးနေသော နေအလင်းရောင်နှယ် မြင့်မြတ်ကြီးကျယ် တောက်ပနေ၏။

သူလှုပ်ရှားသည်နှင့် တစ်ပြိုင်နက် သူ့နောက်တွင် ရပ်နေသော အမျိုးသမီးနှစ်ဦးလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြသည်။ ကုကျန်းရှင်ကဲ့သို့ပင် အမျိုးသမီးနှစ်ဦးသည်လည်း တောက်ပသော ဓါးနှစ်ချောင်းကို အသီးသီး ထုတ်လိုက်ကြသည်။

အမျိုးသမီးနှစ်ဦးဆီမှလည်း ဓါးအလင်းရောင်များ ထွက်ပေါ်လာကြသည်။ ကုကျန်းရှင်နှင့် မတူသည်မှာ အမျိုသမီး နှစ်ဦး၏ ဓါးအလင်းရောင်သည် လစန္ဒာနှင့် ကြယ်တာရာကောင်းကင်ကဲ့သို့ သိမ်မွေ့ထက်ရှနေခြင်း ဖြစ်သည်။

ဓါးအလင်းတန်းသုံးခု အတူတကွ ပေါင်းစည်းသွားခဲ့သည်။ တန်ခိုးရှင်အဆင့်များ ထုတ်လွှတ်နိုင်သော စွမ်းအားထက်ကို ကျော်လွန်သည့် အရှိန်အဟုန်ဖြင့် ဓါးအလင်းတန်းသည် ဟင်းလင်းပြင်ကို ပိုင်းဖြတ်ကာ လီမင်ဟိုင်ဆီသို့ တိုးဝင်သွား၏။

ထိုစွမ်းအားကို မြင်ပြီးနောက် လီမင်ဟိုင်က အံ့အားသင့်နေသည့် အမူအရာဖြင့် “နေ၊လ၊ကြယ်၊ သုံးရောင်ခြယ်ဓါးသိုင်း ဆိုတဲ့အတိုင်းပါပဲလား။ ဒီလောက်နဲ့ဆို တန်ခိုးရှင် အဆင့်ထဲမှာ သခင်လေးကို ဘယ်သူမှ နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် သခင်လေးရဲ့ ဓါးအစေခံနှစ်ယောက်က သခင်လေးလောက် အားမကောင်းတာ ဆိုးတာပဲ။ ပြီးတော့ သခင်လေး ကိုယ်တိုင်ကလည်း တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်သေးတာ မဟုတ်ဘူး။ ဒီလိုဆိုမှတော့ တန်ခိုးရှင်အဆင်နဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဘယ်လောက် ကွာခြားလဲ ဒီလူအိုကြီးကိုယ်တိုင် သခင်လေးကို ပြပေးရတာပေါ့”

ပြောပြီးသည်နှင့် မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် လီမင်ဟိုင်ဆီမှ ဖြာထွက်လာခဲ့လေသည်။

နယ်ပယ်ပင်…

လီမင်ဟိုင်သည် လွန်ခဲ့သော နှစ်ငါးရာလောက်ကတည်းက တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ထားသူ တစ်ဦး ဖြစ်သည်။ သူ့အနေဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ဆက်လက် မချိုးဖျက်နိုင်တော့လျှင်ပင် သူ့နယ်ပယ်သည် အတော့်ကိုမှ အားကောင်းနေသေးသည်။

သူ့နယ်ပယ်ထဲ ရောက်ရှိသွားသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူများအဖို့ ကျိန်းသေ ဖိနှိပ်ခံရပေလိမ့်မည်။

သို့သော်လည်း လီမင်ဟိုင်၏ နယ်ပယ်သည် ဓါးအလင်းတန်းကို တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ ဓါးအလင်းတန်း သုံးခုဆီမှ အားအသစ်တစ်ရပ် ရုတ်တရက် ထွက်ပေါ်လာပြီး လီမင်ဟိုင်၏ နယ်ပယ်ကို အလွယ်တကူ ချိုးဖျက်သွားခဲ့သည်။

လီမင်ဟိုင်က အံ့အားသင့်နေသည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏ “ရေပြင်ခြားနတ်ကြေးမုံ၊ အဖွဲ့အစည်းခေါင်းဆောင်က သခင်လေးကို ဒီလို ရတနာတောင် ပေးထားတာပဲ”

ရေပြင်ခြားနတ်ကြေးမုံသည် နယ်ပယ်၏ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ဖယ်ရှားပစ်နိုင်သော တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာမျိုး ဖြစ်သည်။ အားနည်းသည့် နယ်ပယ်သာ ဆိုလျှင် ထိုကြေးမုံကြောင့် တစ်ခါတည်း ပျက်စီးသွားနိုင်သည်။

နယ်ပယ်အား ခုခံနိုင်သည့် စွမ်းရည်ကြောင့် ရေပြင်ခြားနတ်ကြေးမုံသည် ကြယ်စီရင်စုထဲ အတော့်ကိုမှ ကျော်ကြားပေသည်။

ထိုမှော်ရတနာ၏ အကူအညီဖြင့် ကုကျန်းရှင်တို့ သုံးဦး လီမင်ဟိုင်နယ်ပယ်၏ ဖိနှိပ်မှုမှ ရုန်းထွက်နိုင်ခဲ့လေသည်။

လီမင်ဟိုင်အနေဖြင့် ဓါးအလင်းတန်းအား ပေါ့ပေါ့ဆဆ မမှတ်ရဲ။ ချက်ချင်းပဲ ရန်ကိုင်အား တိုက်ခိုက်ခဲ့သည့် လှံရှည်ကို ထုတ်၍ လှံရှည်ထဲသို့ သူတော်စင်ချီ ထည့်သွင်းလိုက်၏။ လှံရှည်ထိပ်ဖျားထက် ထိတ်လန့်ဖွယ်ရာ အားတစ်ရပ် စုစည်းလာပြီးနောက် ဓါးအလင်းတန်းဆီသို့ တိုးဝင်သွားလေ၏။

ဓါးနှင့်လှံအရိပ်တို့ ထိပ်တိုက်တွေ့သွားသည့်အခိုက် မျက်စိကျိန်းမတတ် အလင်းတန်းများ ထွက်ပေါ်လာပြီး လီမင်ဟိုင်နှင့် ကုကျန်ရှင်းတို့ သုံးဦးစလုံးကို လွှမ်းခြုံသွားခဲ့သည်။

ရန်ကိုင်သည် ထိုမြင်ကွင်းကို အံ့အားသင့်တကြီး ထိုင်ကြည့်နေခဲ့သည်။

တန်ခိုးရှင်အဆင့်လေးဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ယှဉ်ပြိုင် တိုက်ခိုက်ဖို့သည် သာမန် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ လုပ်နိုင်သည့် အရာမျိုး မဟုတ်ချေ။ သို့သော်လည်း ကုကျန်းရှင်က လုပ်ပြသွားခဲ့သည်။ သူ့နောက်ဘက်ရှိ အမျိုးသမီးနှစ်ဦး၏ အကူအညီကြောင့် ယခုထိ တောင့်ခံနိုင်သေးသော်လည်း အနှေးနှင့်အမြန်ဆိုသလို သူရှုံးနိမ့်သွားရပေလိမ့်မည်။

ထို့အပြင် အမျိုသမီးနှစ်ဦး၏ ကျင့်ကြံခြင်းမှာလည်း တန်ခိုးရှင်ဒုတိယအဆင့်လောက်သာ ရှိသေးသည်။ လီမင်ဟိုင်လို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများနှင့် အချိန်အကြာကြီး ယှဉ်ပြိုင်တိုက်ခိုက်ဖို့ရာ ကုကျန်းရှင်တို့တွင် စွမ်းအင် အလုံအလောက် ရှိမနေခဲ့ပေ။

ဓါးအဖွဲ့အစည်းက သခင်လေးက တကယ် အထင်ကြီးဖို့ ကောင်းတာပဲ

တိုက်ပွဲစသည့်အချိန်တွင် ရန်ကိုင်သည် ပုန်းနေရာမှ ထွက်၍ တိုက်ပွဲကွင်းပြင်ဆီသို့ တိုးတိုးတိတ်တိတ် ချဉ်းကပ်သွားခဲ့သည်။

သူ့အာရုံ အလုံးစုံနီးပါးသည် လီမင်ဟိုင် အပေါ်တွင်သာ ကျရောက်နေခဲ့သည်။

လီမင်ဟိုင်ကဲ့သို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူကို ချောင်းမြောင်းတိုက်ခိုက်လိုလျှင် ချိန်သားကိုက်ဖို့သည် အလွန်ကိုမှ အရေးကြီးသည်။ အလျင်စလို လှုပ်ရှားလိုက်လျှင် ရန်သူကို သတိပေးသလိုသာ ဖြစ်သွားလိမ့်မည် ဖြစ်သည့်အတွက် ရန်ကိုင်သည် စိတ်ရှည်ရှည်ဖြင့်သာ စောင့်ဆိုင်းနေခဲ့လေသည်။

အစကမူ ကုကျန်းရှင်နှင့် အခြားသူများ တစ်ကွက်တည်းဖြင့် အနိုင်ယူခံရမည်ကို စိုးရိမ်နေသေးသည်။ သို့ရာတွင် လက်ရှိ သူထုတ်ပြသွားသည့် စွမ်းအားကို မြင်ပြီးနောက် ကုကျန်းရှင် အနေဖြင့် လီမင်ဟိုင်အား အချိန် အတော်ကြာသည်အထိ ပြန်လည် တိုက်ခိုက်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်မိသွားသည်။

လီမင်ဟိုင်တို့ တိုက်ပွဲကို စောင့်ကြည့်နေစဉ်အတွင်း အလင်းတန်းအချို့ ဂြိုလ်သိမ်ဂြိုလ်မွှားပင်လယ်ထဲသို့ ထွက်ပြေးနေသည်ကို တွေ့ရှိလိုက်ရသည်။

အချို့သည် တိုက်ခိုက်နေကြချိန် အချို့မှာတော့ ထွက်ပြေးရန် ကြိုးစားကြသည်။ ဂြိုလ်သိမ်ဂြိုလ်မွှားများစွာဖြင့် ပြည့်နေသော ဤနေရာသည် ထွက်ပြေးရန် အကောင်းဆုံးနေရာ ဖြစ်ပေသည်။

အားနည်းသော ကျင့်ကြံသူနှစ်ဦး ထွက်ပြေးနေခဲ့သည်။ ကြည့်ရသလောက် ထိုနှစ်ဦးသည် အမျိုးသမီးများ ဖြစ်ကြ၏။ တစ်ချိန်တည်းတွင် လီမင်ဟိုင်ဘက်မှ လူတစ်ဦးသည် ထိုအမျိုးသမီးနှစ်ဦးနောက်သို့ လိုက်နေလေသည်။

သူတို့ဆီမှ ထွက်ပေါ်နေသော စွမ်းအင် အရှိန်အဝါအရ အမျိုးသမီး နှစ်ဦးသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိကြသေးသည်။ ထိုကျင့်ကြံခြင်းသည် ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သူတို့နောက်သို့ လိုက်နေသည့် ကျင့်ကြံသူမှာတော့ တန်ခိုးရှင်ဒုတိယအဆင့် ဖြစ်ပေသည်။ ကျင့်ကြံခြင်းအဆင့် ဤမျှ ကွာခြားနေလေရာ အမျိုးသမီးနှစ်ဦး အသက်ရှင်လျက် ထွက်ပြေးနိုင်လျှင်ပင် တကယ်ကို အံ့အားသင့်စရာ ကောင်းနေလေပြီ။

လီမင်ဟိုင်သည် ခွေးတစ်ကောင် ကြောင်တစ်မြီးပင် မလွတ်စေရန် အမိန့်ပေးထားသည့်အတွက် တန်ခိုးရှင်အဆင့် ကျင့်ကြံသူသည် ထိုအမျိုးသမီးနှစ်ဦးကို လုံးဝ အလွတ်မပေးခဲ့ပေ။ အလျင်စလို လိုက်ဖမ်းနေခဲ့ရာ အမျိုးသမီးနှစ်ဦးကို တဖြည်းဖြည်း လိုက်မှီလာခဲ့လေသည်။

ထိုအမျိုးသမီးနှစ်ဦးကို ကြည့်ရင်း ရန်ကိုင် စိတ်ညစ်လာရ၏။ အကြောင်းမှာ အမျိုးသမီးနှစ်ဦး ထွက်ပြေးနေသည့်ဘက်သည် သူပုန်းနေသည့်ဘက် ဖြစ်နေသောကြောင့်ပင်။

ဘာမှမဖြစ်ခဲ့လျှင် အမျိုးသမီးနှစ်ဦးသည် တစ်ခဏအတွင်း သူရှိနေရာကို ရောက်ရှိလာပေလိမ့်မည်။

သက်ပြင်းတစ်ချက်ချလျက် ရန်ကိုင်သည် အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်ထားလိုက်လေသည်။

ခဏအကြာတွင် အမျိုးသမီးနှစ်ဦးသည် ရန်ကိုင် ပုန်းနေသည့် ဂြိုလ်သိမ်အား ဖြတ်ကျော်သွားခဲ့လေသည်။ အနီးကပ် ဖြစ်နေသည့် အတွက် ရန်ကိုင်လည်း အမျိုးသမီးနှစ်ဦး၏ မျက်နှာကို သေချာ မြင်လိုက်ရသည်။

အကြည့်ချင်း ဆုံသွားသည့်အခိုက်တွင် ရန်ကိုင် ကြောင်သွားခဲ့သလို အမျိုးသမီးနှစ်ဦးမှာလည်း မှင်သက်သွားခဲ့၏။

ချက်ချင်းဆိုသလို အမျိုးသမီးနှစ်ဦးကို လိုက်ဖမ်းနေသည့် တန်ခိုးရှင်ဒုတိယအဆင့် လိုက်မှီလာပြီး မှင်သက်နေသည့် အမျိုးသမီးနှစ်ဦးဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

ပုံမှန်သာဆိုလျှင် ထိုလက်ဝါးချက် အရိုက်ခံလိုက်ရလျှင် အမျိုးသမီးနှစ်ဦးစလုံး အပြင်အထန် ဒဏ်ရာရသွားမည် ဖြစ်သော်ငြား လက်ဝါးချက်သည် ပစ်မှတ်ဆီသို့ မရောက်သေးခင်မှာပဲ ပျက်စီးသွားခဲ့လေသည်။

“ဘာဖြစ်သွားတာလဲ” ဘာတွေဖြစ်လို့ ဖြစ်နေမှန်း မသိခင်မှာပဲ ရွှေရောင်အလင်းတစ်ချက် လက်သွားသည်ကို တန်ခိုးရှင်ဒုတိယအဆင့် လှမ်းမြင်လိုက်ရလေသည်။

သူ့ကိုယ်သူ ကာကွယ်ရန် သုံးထားခဲ့သော သူတော်စင်ချီသည် ထိုရွှေရောင်အလင်းတန်းရှေ့တွင် စက္ကူဖြူတစ်ရွက်နှယ် အလွန်ကိုမှ စုတ်ပြဲလွယ်နေခဲ့လေသည်။ တဆစ်ဆစ် နာကျင်မှုနှင့်အတူ တန်ခိုးရှင်ဒုတိယအဆင့် ကျင့်ကြံသူ၏ မြင်ကွင်းတစ်ခုလုံး အမှောင်ဖုံးသွားခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၇)

ရန်ကိုင်သည် အမျိုးသမီးနှစ်ဦးကို ကြောင်ကြည့်နေခဲ့၏။

အမျိုးသမီးနှစ်ဦးသည် ရန်ကိုင်ထက်ပင် ပို၍ အံ့အားသင့်နေသည်။ သူတို့အား လိုက်ဖမ်းနေသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ သေသွားသည်ကိုမြင်သော် အမျိုးသမီးနှစ်ဦးစလုံး အလန့်တကြား ထအော်ပြီး သူတို့အား မည်သူ ကယ်လိုက်သလဲ သိရအောင် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

သို့သော်လည်း သူမတို့ အဖွဲ့သား တစ်ယောက်ကိုမှ မတွေ့ရသဖြင့် ရန်ကိုင်ဆီသို့ ပြန်လှည့်ကြည့်လိုက်ကြ၏။ ဘာတွေဖြစ်ပျက်သွားသလဲ သူတို့ နားလည်သွားခဲ့လေပြီ။ သို့တိုင် သူမစိတ်ထဲ အလွန်ကိုမှ ထိတ်လန့်မိနေသေးသည်။

“နင်တို့ ဘာကြောင်ကြည့်နေတာလဲ။ ဒီကို မြန်မြန်လာခဲ့” ရန်ကိုင်က လက်ယပ်ခေါ်ရင်း လေသံတိုးတိုးဖြင့် လှမ်း၍ အော်ပြောလိုက်သည်။

ထိုအခါမှပဲ အမျိုးသမီးနှစ်ဦး အသိပြန်ဝင်လာပြီး အကြည့်ချင်း ဖလှယ်လျက် ရန်ကိုင်နှင့် ဆယ်မီတာအကွာဆီသို့ အလျင်အမြန် ပြေးသွားလေသည်။ ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် တစ်ချိန်လုံး စိုက်ကြည့်နေလေသည်။

ရန်ကိုင်သည် ထိုနှစ်ဦးအား ပြုံးဖြဲဖြဲဖြင့်ကြည့်ကာ ပြောလိုက်လေသည် “ဘာလဲ၊ နည်းနည်းလောက် ကြာသွားတာနဲ့ ငါ့ကို မမှတ်မိတော့တာလား”

ထိုစကားကို ကြားမှပဲ အမျိုးသမီးနှစ်ဦး ရန်ကိုင် ဘယ်သူမှန်း သိသွားကြလေသည်။ အမျိုးသမီးနှစ်ဦးအနက် အရပ်ရှည်ရှည်နှင့် အမျိုးသမီးက သူမပါးစပ်ကို အုပ်လျက် တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ရန်ကိုင်လား”

“တကယ်ပဲ နင်လား။ အဲ့လူကို နင်သတ်လိုက်တာလား။ နင်ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းလာတာလဲ။ ပြီးတော့ နင်ဘာလို့ ဒီကို ရောက်နေတာလဲ” အငယ်မ ဖြစ်ဟန်တူသော အမျိုးသမီးက မေခွန်းများကို သေနတ်ပစ်သလို တရစပ်မေးလွှတ်တော့လေသည် “နင်လီမင်ဟိုင်နဲ့ တစ်ဖွဲ့တည်းလား”

အကြီးမဖြစ်ဟန်တူသူမှာမူ ရန်ကိုင်အား ခဏကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ခေါင်းတရမ်းရမ်းဖြင့် “ညီမလေး၊ နင်ဘာတွေ ပြောနေတာလဲ။ သူသာ လီမင်ဟိုင်နဲ့ တစ်ဖွဲ့တည်းဆိုရင် ငါတို့ကို ကယ်ပါဦးမလား”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် အငယ်မအားကြည့်ကာ ပြောလိုက်လေသည် “ဟဲမြောင်၊ နင်ကတော့ တကယ်ကို အရင်အတိုင်းပဲ။ နည်းနည်းမှကို ပြောင်းလဲမသွားဘူး”

ထိုစကားကို ကြားသည့်အခါ ဟဲမြောင် ရှက်သွားခဲ့လေ၏။ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်၍ ပြောလိုက်လေ၏ “ငါ အရမ်းကြောက်နေတာကိုး”

“ဘာမှမဖြစ်ဘူး” ရန်ကိုင်က ပြုံးလျက် အမျိုးသမီးနှစ်ဦးကို ကြည့်ကာ ပြောလိုက်လေသည် “နင်တို့ကို ဒီလို နေရာမျိုးမှာ နောက်တစ်ကြိမ် ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး”

ထိုအမျိူးသမီးနှစ်ဦးသည် ရန်ကိုင် ကြယ်စီရင်စုထဲသို့ စဝင်လာစဉ်က ပထမဆုံးတွေ့ခဲ့သည့် ဟဲကျောင်နှင့် ဟဲမြောင်တို့ ညီအစ်မနှစ်ဦးပဲ ဖြစ်ကြလေသည်။

လွင့်မျောတိုက်ကြီးမှ လွတ်မြောက်လာပြီးနောက် သူတို့ တစ်ဦးနှင့်တစ်ဦး တစ်ခါမှ ထပ်မတွေ့ဖြစ်တော့ချေ။ ထို့ကြောင့် သူမတို့ နှစ်ဦးအား ဤနေရာ၌ မြင်လိုက်ရသည့်အခါ ရန်ကိုင် အတော်လေး အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ပြန်စဉ်းစားကြည့်လိုက်သည့်အခါမှပဲ ထိုအမျိုးသမီးနှစ်ဦးမှာ ဓါးအဖွဲ့အစည်း၏ အဖွဲ့သားများဖြစ်ကြောင်း ပြန်သတိရလိုက်သည်။ သူမတို့အား ဤနေရာ၌ လာတွေ့သည်မှာ အရမ်းကြီးတော့ အထူးအဆန်း မဟုတ်ချေ။

သို့သော် ဤကဲ့သို့ အဖြစ်အမျိုးထဲ ဝင်ပက်သက်မိရသည်ကို ထောက်ရှုကြည့်လျှင် ထိုအမျိုးသမီးနှစ်ဦးသည် တကယ်ကို ကံဆိုးလှကြပေသည်။

“ဟုတ်တယ်။ ငါတို့ မတွေ့တာ အတော်ကြာနေပြီ” ဟဲကျောင်က သက်ပြင်းချလျက် “နင်ဒီလောက်အထိ အားကောင်းနေလိမ့်မယ်လို့ မထင်ထားဘူး။ ခုဏတုန်းကလူကို နင်သတ်လိုက်တာမလား”

“အင်း”

ရန်ကိုင် ဝန်ခံသည်ကို ကြားသည့်အခါ သူမစိတ်ထဲ ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု တွေးထားသည့်တိုင် ညီအစ်မ နှစ်ဦးစလုံး အနည်းငယ် ဆွံ့အသွားခဲ့ကြပေသေးသည်။

ရန်ကိုင်နှင့် ပထမဆုံးအကြိမ် စတွေ့စဉ်က ရန်ကိုင်သည် သူတော်စင်ပထမအဆင့် ကျင့်ကြံသူသာ ဖြစ်သေးသည်။ သူတို့ နှစ်ဦး၏ ကျင့်ကြံခြင်းသည်ပင် ရန်ကိုင်ထက် ပိုမြင့်ပေသေးသည်။ အကြီးမသည် သူတော်စင်တတိယအဆင့် ဖြစ်ပြီး အငယ်မမှာ သူတော်စင်ဒုတိယအဆင့် ဖြစ်သည်။

နှစ်သုံးဆယ်ကြာပြီးနောက်တွင် ညီအစ်မနှစ်ဦးသည် သူတို့ တတ်စွမ်းသမျှ စွမ်းရည်ကိုသုံး၍ ကြိုးစားခဲ့ရာ သူတော်စင်ဘုရင် တတိယအဆင့်သို့ ရောက်ရှိနိုင်ခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်နှင့် ယှဉ်လိုက်သည့်အခါတွင်မူ လုံးဝကို မျက်နှာငယ်စရာ ဖြစ်သွားရတော့လေသည်။

တန်ခိုးရှင်ဒုတိယအဆင့်ကို တစ်မုဟုတ်ချည်း သတ်ပစ်နိုင်သည်ကို ထောက်ရှုကြည့်လျှင် ရန်ကိုင်ကိုယ်တိုင်သည် အနည်းဆုံး တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦ ဖြစ်သည်ဟု သက်သေပြနေခဲ့သည်။ တန်ခိုးရှင်အဆင့် ဆိုလျှင်ပင် တန်ခိုးရှင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ချေမှာ အလွန်များ၏။

ရန်ကိုင် သူ့ခွန်အားကို ထုတ်ပြလိုက်စဉ်က သူ့ဆီမှ ဖြာထွက်လာသော စွမ်းအင်လှိုင်းသည် သခင်လေး ကုကျန်းရှင်ဆီမှ ဖြာထွက်လာသော စွမ်းအားအောက် နိမ့်ကျခြင်း လုံးဝ မရှိချေ။

ညီအစ်မနှစ်ဦးစလုံးကို တကယ်ကို မှင်သက်နေကြသည်။

ရုတ်တရက် ဟဲကျောင်၏ အမူအရာ ပြောင်းလဲသွားပြီး အလေးအနက်အမူအရာဖြင့် မေးလိုက်လေသည် “ရန်ကိုင်၊ ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါလား”

“ဘာကို ကူညီရမှာလဲ”

“ငါတို့ ဆရာကို ကူညီပေးဖို့ပြောတာ”

“နင်တို့ဆရာ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။ အလျင်အမြန်ပဲ ဟဲကျောင်းသည် ရွယ့်ရှီဟုခေါ်သော အမျိုးသမီးကို ပြောနေမှန်း ရန်ကိုင် မှတ်မိသွားလေသည်။

လွင့်မျောတိုက်ကြီးတွင် ပိတ်မိနေစဉ်က ဟဲကျောင်နှင့် ဟဲမြောင်တို့၏ ဆရာဖြစ်သူနှင့် ရန်ကိုင် တွေ့ခဲ့ဖူးသည်။ သို့ရာတွင် သူတို့ကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်ခြင်း မရှိချေ။ ရန်ကိုင်၏ မွေးဖွားရာအရပ်သည် နိမ့်ကျသလို သူ့ကျင့်ကြံခြင်းမှာလည်း မြင့်မားခြင်း မရှိသည့်အတွက် ရွယ့်ရှီသည် သူ့အား အထင်သေး၏။

ထို့အပြင် ရန်ကိုင်သည် ရွယ့်ရှီ၏ တပည့်ကိုလည်း သတ်ခဲ့သေးဖြင့် ရွယ့်ရှီသည် ရန်ကိုင်အပေါ် အလွန်ကိုမှ အမြင်မကြည် ဖြစ်ခဲ့လေသည်။

သို့သော်လည်း နောက်ပိုင်းတွင် ရွယ့်ရှီနှင့် ရန်ကိုင်ကြားရှိ ဆက်ဆံရေးမှာ အမျိုးမျိုးသော အကြောင်းများကြောင့် အတော်လေး တိုးတက်လာခဲ့လေသည်။ ရန်ကိုင်၏ အကူအညီဖြင့် ရွယ့်ရှီသည် သူမ၏ တပည့်နှစ်ဦးနှင့်အတူ လွင့်မျောတိုက်ကြီးမှ အောင်မြင်စွာ လွတ်မြောက်လာနိုင်ခဲ့သည်။

“ရွယ့်ရှီလည်း ဒီရောက်နေတာလား” ပြောနေရင်း ရန်ကိုင်သည် တိုက်ပွဲကွင်းရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ တိုက်ပွဲကွင်းပြင်တစ်ခုလုံး တလက်လက် တောက်ပနေသော အရောင်မျိုးစုံတို့ဖြင့် ပြည့်နေသဖြင့် ရန်ကိုင်အဖို့ ရွယ့်ရှီ မည်သူလဲ ခန့်မှန်းရ ခက်နေခဲ့သည်။

ဟဲကျောင်း စိုးရိမ်လာခဲ့လေသည် “ငါတို့ ဆရာ ရန်သူတွေကို တားထားပေးလို့ ငါတို့ လွတ်လာနိုင်ခဲ့တာ။ ဒါပေမယ့် ဆရာ အခြေအနေက သိပ်မကောင်းဘူး။ ငါတို့သာ သွားမကယ်နိုင်ရင် အနှေးနဲ့အမြန် ဆရာ အသတ်ခံရတော့မှာ။ ရန်ကိုင်၊ နင်…”

သူမ၏ တောင်းဆိုမှုသည် အနည်းငယ် လွန်ကဲနေမှန်း သူမ နားလည်ပေသည်။ လက်ရှိအချိန်၌ တိုက်ပွဲ ကွင်းပြင်တစ်ခုလုံးမှာ အလွန်ကိုမှ ပရမ်းပတာ ဖြစ်နေပြီး တန်ခိုးရှင်ဘုရင်အဆင့်ပင် ဝင်ရောက်တိုက်ခိုက်နေသည်။

သို့သော်လည်း ဟဲကျောင်းသည် သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည့်အတွက် ရွှယ့်ရှီအား လုံးဝ မကူညီပေးနိုင်ချေ။ ထို့ကြောင့် ရှက်ရွံ့စိတ်ကို မျိုသိပ်၍ ရန်ကိုင်ဆီမှသာ အကူအညီ တောင်းရတော့လေသည်။

“အစ်ကိုရန်…” ဟဲမြောင်ကလည်း သနားစဖွယ် အသံလေးဖြင့် အနူးအညွှတ် တောင်းဆိုလိုက်လေသည်။ တန်ခိုးရှင်ဒုတိယအဆင့်အား မျက်စိတစ်မှိတ်အတွင်း သတ်ပြသွားသော ရန်ကိုင်၏ စွမ်းရည်ကြောင့် အမျိုးသမီးနစ်ဦး စလုံး ရန်ကိုင်သာ လှုပ်ရှားလျှင် သူမတို့၏ ဆရာကို ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြသည်။

ရွှယ့်ရှီသည် ရန်ကိုင်ကို သိပ်ကြည့်မရသော်လည်း သူ့တပည့် နှစ်ဦးအပေါ်တော့ တကယ်ကို ကောင်းပေသည်။ မဟုတ်လျှင် သူမ၏ တပည့်နှစ်ယောက် ထွက်ပြေးရန်အတွက် ရန်သူအား အချိန်ဆွဲထားလိမ့်မည် မဟုတ်ချေ။

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သည့်အခါ အမျိုးသမီးနှစ်ဦးစလုံး ရန်ကိုင်အား ဆက်မတောင်းဆိုရဲကြတော့ဘဲ စိုးရိမ်တကြီးဖြင့်သာ ရပ်စောင့်နေလိုက်ကြလေသည်။

တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က မျက်ခုံးပင့်၍ အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည် “ငါဒီမှာ ပုန်းနေတာက လီမင်ဟိုင်ကို အလစ်ချောင်း တိုက်ခိုက်ဖို့ပဲ”

ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ဦးစလုံး ရန်ကိုင်အား ရုတ်တရက် အလန့်တကြား ကြည့်လိုက်ကြလေသည်။

တန်ခိုးရှင်အဆင့်လေး တန်ခိုးရှင်ဘုရင်အဆင့်အား ချောင်းတိုက်ခိုက်ရန် ကြိုးစားခြင်းမှာ ပုရွက်ဆိတ်မှ ဆင်အား နင်သတ်ရန် ကြိုးစားသကဲ့သို့ပင်၊ တကယ်ကို မဖြစ်နိုင်သည့် လုပ်ရပ်မျိုး ဖြစ်သည်။

“ငါတကယ် ပြောနေတာ။ ငါဒီနားက ဖြတ်သွားတုန်က ငါ့ကို တိုက်ခိုက်ထားလို့ မကျေနပ်လို့ ဒီမှာ ပြန်စောင့်နေတာ” ရန်ကိုင်က ပြောလိုက်သည် “ဒါကြောင့် ငါအခုချက်ကြီး ထွက်လာဖို့က အဆင်မပြေသေးဘူး”

အမျိုးသမီးနှစ်ဦး၏ မျက်နှာများ ညိုးကျသွားခဲ့သည်။

“ဒါပေမယ့် ဟဲမြောင်က ငါ့ကို အစ်ကိုကြီးလို့ ခေါ်နေမှတော့ ငါလည်း ဘယ်ထိုင်ကြည့်နေလို့ ဖြစ်ပါ့မလဲ” ရန်ကိုင်က ရယ်သွမ်းသွေးလိုက်လေသည်။

ဟဲမြောင်သည် ရန်ကိုင်အား အံ့အားသင့်တကြီး မော့ကြည့်လာ၏။ ညိုးလျော်နေသည့် သူမ၏ မျက်နှာလေးမှာလည်း ပန်းရောင် သန်းလာခဲ့လေသည်။

“ထွက်လာခဲ့” ရန်ကိုင်က ရုတ်တရက် အော်ခေါ်လိုက်၏။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ အနီရောင်စွမ်းအင်တို့ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူသားပုံရိပ်တစ်အဖြစ်သို့ လျင်မြန်စွာ သိပ်သည်းသွားခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်း ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦး ဟဲမြောင်နှင့်ဟဲကျောင်တို့ရှေ့ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့လေသည်။

ထိုအမျိုးသမီးသည် အလွန်ကိုမှ လှပသည့် မီးတောက် ကဲ့သို့သော အနီရောင်ဆံပင်များကို ပိုင်ဆိုင်ထားပြီး သွေးနီရောင် အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ ထိုအမျိုးသမီးဆီမှ အန္တရာယ်များသည် စွမ်းအင်အရှိန်အဝါတို့ ဖြာထွက်နေသည်ကို ဟဲကျောင်နှင့် ဟဲမြောင်တို့ နှစ်ဦးစလုံး ခံစားမိလိုက်ကြသည်။

“သခင်၊ ဘာများ အမိန့်ရှိလို့လ မသိဘူး” အမျိုးသမီးသည် ပေါ်လာသည်နှင့် ရန်ကိုင်အား လေးလေးစားစားဖြင့် မေးလိုက်၏။ ဟဲကျောင်နှင့် ဟဲမြောင်တို့အား တစ်ချက်ဖြင့် လှဉ့်မကြည့်ပေ။

“သူတို့နောက် လိုက်သွားပြီး သူတို့ကို ကာကွယ်လေိုက်” ရန်ကိုင်က ဟဲကျောင်နှင့် ဟဲမြောင်ကို လက်ညိုးထိုးပြလိုက်သည်။

အမျိုးသမီးသည် ညီအစ်မနှစ်ဦးအား ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ရန်ကိုင်၊ သူက…” ဟဲကျောင်းသည် အမျိုးသမီးကို ကြည့်ရင်း တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်သည်။

“ငါ့မိတ်ဆွေပဲ၊ သူ့ကို လျှို့ယန်လို့ ခေါ်လို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

လျို့ယန်အား ညီအစ်နှစ်ဦးဖြင့် မိတ်ဆက်ပေးလိုက်သည့် အချိန်တွင် လျို့ယန်၏ မျက်ဝန်းအစုံး မသိမသာလေး တဖျက်ဖျက် တောက်ပသွားသည်ကို ရန်ကိုင် လုံးဝ သတိမပြုမိလိုက်ချေ။

“ဒီတော့ အစ်မလျို့ယန်ပေါ့။ ဒါဆိုရင် အစ်မကိုပဲ အလုပ်ရှုပ်စေရတော့မှာပေါ့နော်” လျို့ယန်တွင် ခန္ဓာရုပ်သွင် မရှိသော်ငြား တစ်ဖက်လူသည် အတော်လေး အသိဥာဏ် မြင့်မားသည့် သက်ရှိတစ်ဦး ဖြစ်နေသည့်အတွက် ဟဲကျောင်လည်း လောကဝတ်ကို နည်းနည်းလေးမှ မလျှော့ချရဲခဲ့ပေ။

“လျို့ယန် သခင်အမိန့်အတိုင်း လုပ်လိုက်ပါမယ်” လျို့ယန်သည် မည်သည့်အပိုစကားမှ ဆက်ပြောမနေခဲ့ချေ။

“အင်း၊ သွားတော့” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ လျို့ယန်သည် ခေါင်းညိတ်လိုက်ပြီး အနက်ရောင်အလင်းတန်း တစ်ခုအသွင်သို့ ပြောင်း၍ ဟဲကျောင်ကိုယ်ထဲသို့ တိုးဝင်သွားခဲ့လေသည်။

စစချင်း ဟဲကျောင် ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းပဲ အံ့အားသင့်သွားခဲ့လေသည်။

အကြောင်းမှာ သူမကိုယ်ထဲ ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ်ကို ခံစားမိလိုက်သည့် အတွက်ကြောင့် ဖြစ်ပေသည်။ ထိုစွမ်းအားသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေသည့် အပြင်ကိုမှ သူမအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသော်လည်း ထိုစွမ်းအား၏ အကူအညီဖြင့်သာ ဆိုပါက သူမဆရာအား ကျိန်းသေ ကယ်တင်နိုင်လိမ့်မည်ဟု ယုံကြည်နေလေသည်။

ချက်ချင်းပဲ ရန်ကိုင်ဘက်သို့လှည့်၍ ကျေးဇူးတင်စကား ဆိုလိုက်လေသည် “ကျေးဇူးပဲ”

“သတိထားဦးနော်” ရန်ကိုင်က ပြုံးလျက် သတိပေးလိုက်သည်။

ဟဲကျောင်နှင့် ဟဲမြောင်သည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ချက်ချင်း တိုက်ပွဲဖြစ်နေသည့်ဘက်ဆီသို့ ပြန်လှည့်ပြေးလေ၏။

လျို့ယန် ရှိနေပြီဖြစ်သည့်အတွက် ညီအစ်မနှစ်ဦး၏ လုံခြုံရေးကို စိတ်ပူနေစရာ မလိုတော့ချေ။ မီးတောက်ဂိုဏ်းမှ အာကာယံမိုးကြိုးမီးတောက်ကို စုပ်ယူပြီးသည့် အချိန်မှစ၍ လျို့ယန်၏ အသိဥာဏ်မှာ သာမန် လူတစ်ယောက်၏ အသိဥာဏ် အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့သလို သူမ၏ ခွန်အားကိုမှာလည်း မြင့်မားလာခဲ့လေသည်။

အာကာယံမိုးကြိုးမီးတောက်ကို မဝါးမြိုခင်ကတည်းက လျို့ယန်သည် တန်ခိုးရှင်တတိယအဆင့်များကို ယှဉ်တိုက်နိုင်ခဲ့သည်။ အာကာယံမိုးကြိုးမီးတောက်ကို စုပ်ယူပြီးနောက်တွင်တော့ ပြောနေစရာပင် မလိုတော့။ တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်နေလေပြီ။

တိုက်ပွဲတွင် တန်ခိုးရှင်ဘုရင်အဆင့်ဆို၍ လီမင်ဟိုင် တစ်ဦးတည်းသာ ရှိသည့်အတွက် မည်သူမှ လျို့ယန်၏ ပြိုင်ဘက် မဖြစ်နိုင်တော့ချေ။ လျို့ယန်နှင့်အတူ ပြန်ရောက်လာသော ဟဲကျောင်နှင့် ဟဲမြောင်သည် တိုက်ပွဲ အခြေအနေကို လုံးဝ အထက်အောက်ပြောင်းပြန် လှန်ပစ်နိုင်ပေလိမ့်မည်။

အတွေးများကို ပြန်စုစည်းလိုက်ပြီးနောက် ရန်ကိုင်သည် လီမင်ဟိုင်နှင့် ကုကျန်းရှင် တိုက်ပွဲအား ပြန်အာရုံစိုက်လိုက်၏။

သူတို့နှစ်ဦးကြား တိုက်ပွဲသည် အားလုံးထဲတွင် အပြင်းထန်ဆုံး ဖြစ်သည်။ ကုကျန်းရှင်နှင့် လက်ဝဲ၊ လက်ယာ ဓါးအစေခံတို့သည် သူတို့ကိုယ်သူ နေ၊လ၊ကြယ်ပုံရိပ်များဖြင့် ရစ်ပတ်လျက် သိပ်သည်းသော ဓါးလှိုင်းများကို ထုတ်ကာ လီမင်ဟိုင်အား တိုက်ခိုက်နေခဲ့ကြသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၈)

လီမင်ဟိုင်နှင့် တိုက်ပွဲတွင် ကုကျန်းရှင် အခက် တွေ့လာနေခဲ့လေပြီ။

တိုက်ပွဲစစဉ်က ကုကျန်းရှင်နှင့် အမျိုးသမီးနှစ်ဦး ထုတ်သုံးခဲ့သည့် နေ၊လ၊ကြယ်တို့၏ ရောင်စဉ်သုံးခုမှာ အလွန်ကိုမှ တောက်ပပေသည်။ သို့သော်လည်း ယခုမူ ထိုပုံရိပ်သုံးခု၏ အရောင်အဝါမှာ တဖြည်းဖြည်းချင်း မှိန်ကျလာနေခဲ့သည်။

လီမင်ဟိုင်၏ ခွန်အားမှာမူ နည်းနည်းလေးမှ လျော့ကျသွားခြင်း မရှိချေ။

မည်သည့် အပြောင်းအလဲမှသာ ဖြစ်မလာခဲ့လျှင် ကုကျန်းရှင် ကျိန်းသေ ရှုံးနိမ့်သွားရပေတော့မည်။

နှစ်ဦးသား တိုက်ပွဲအပေါ်တွင် အာရုံစိုက်နေသည်ကို အခွင့်ကောင်းယူလျက် ရန်ကိုင်သည် တိုက်ပွဲ ဖြစ်နေရာဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားလေသည်။

လက်ရှိ အချိန်ကြာသည်အထိ တန်ခိုးရှင်တတိယအဆင့်ဖြင့် တန်ခိုးရှင်ဘုရင်ပထမအဆင့်သို့ ရောက်နေသော လီမင်ဟိုင်အား ယှဉ်တိုက်နိုင်သည်မှာ တကယ်ကို အထင်ကြီးစရာ ကောင်းပေ၏။ နောက်ဆုံးအချိန်သို့ ရောက်သည်ထိတိုင်အောင် ကုကျန်းရှင် အနေဖြင့် လီမင်ဟိုင်အား ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားရအောင် မလုပ်နိုင်လျှင်ပင် အနည်းဆုံး လီမင်ဟိုင်၏ ခွန်အားကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်ပေလိမ့်မည်။

လီမင်ဟိုင်သာ ကုကျန်းရှင်အပေါ် အာရုံစိုက်နေသရွေ့ ရန်ကိုင် အနေဖြင့် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူနိုင်၏။

မကြာမီ ရန်ကိုင်သည် တိုက်ပွဲနှင့် ဆယ်မိုင် အတွင်းသို့ ရောက်လာခဲ့သည်။ ဤအကွာအဝေးသည် သူလာနိုင်သည့် အကန့်အသတ် ဖြစ်သည်။ သူသာ ဆက်တိုးသွားလျှင် လီမင်ဟိုင် ကျိန်းသေ သူ့အား သတိပြုမိသွားပေလိမ့်မည်။

ရန်ကိုင် သူ့ကိုယ်သူ နောက်တစ်ကြိမ် ပုန်းကွယ်လိုက်စဉ်မှာပဲ လီမင်ဟိုင်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည် “သခင်လေး၊ မင်းဒီလောက်ပဲ တတ်နိုင်တာဆိုရင်တော့ နှုတ်ဆက်ပါတယ်”

ကုကျန်းရှင်ကမူ ဘာမှပြန်မပြောခဲ့ဘဲ တိုက်ပွဲအပေါ်၌သာ အာရုံစိုက်နေခဲ့သည်။ သူနှင့် လက်ဝဲ၊ လက်ယာ ဓါးအစေခံတို့ဆီမှ ထွက်ပေါ်နေသော ဓါးအလင်းတန်းသည် ရုတ်ချည်း တောက်ပလာပြီး မီတာထောင်နှင့်ချီ ရှည်လျားသော ဓါးတစ်ချောင်း အဖြစ်သို့ အသွင်ပြောင်းကာ လီမင်ဟိုင်၏ ဦးခေါင်းကို ခုတ်ပိုင်းချလေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ လီမင်ဟိုင်က အေးစက်စက် ရယ်မောလျက် “မတောက်တခေါက်လေးတွေ၊ အခုထိတောင် သခင်လေးက အကျိုးမဲ့တဲ့ အလုပ်ကို လုပ်ချင်နေသေးတာပဲ”

သူ့စကားသံ ဆုံးသွားသည်နှင့် ဝိဥာဉ်ဖျက်လှံသည် လီမင်ဟိုင်၏ လက်ထဲမှ ပျောက်ကွယ်သွားပြီး မီတာ ထောင်နှင့်ချီ ရှည်လျားသော ဓါးအလင်းတန်းအား သွားရောက် တားဆီးလေ၏။

အဖြူရောင်နှင့် အနက်ရောင်တို့ ထိပ်တိုက်တွေ့ရာမှ အားကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။ ထိုစွမ်းအင်လှိုင်းများကြောင့် အနီးအနားတွင် တိုက်ခိုက်နေကြသော တန်ခိုးရှင်အဆင့် ပညာရှင်များ နောက်သို့ ဆုတ်သွားကြရလေသည်။

စွမ်းအင်နှစ်ခုသည် မျှခြေ အခြေအနေတွင် ရှိနေခဲ့သော်ငြား မကြာမီတွင် မျှခြေမှာ ကျိုးပျက်သွားခဲ့လေသည်။

လီမင်ဟိုင်၏ ဝိဥာဉ်ဖျက်လှံ၏ စွမ်းအားမှာ ရုတ်ချည်း မြင့်တက်လာခဲ့ပြီး ဓါးအလင်းတန်းကို ဖိနှိပ်သွားခဲ့လေသည်။

ဘုန်း…

ဓါးအလင်းတန်း တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီး ပုံရိပ်သုံးခုသည် အဘက်ဘက်သို့ လွင့်ထွက်သွားကြ၏။

ကုကျန်းရှင်၏ မျက်နှာမှာ ဖြူလျော်နေပြီး သွေးစက်များ သူ့ပါးစပ်ထောင့်စွန်းမှ စီးကျနေခဲ့သည်။

လက်ဝဲ၊ လက်ယာ ဓါးအစေခံနှစ်ဦး၏ အခြေအနေမှာတော့ ပို၍ပင် ဆိုးသေးသည်။ နှစ်ဦးစလုံး အဆက်မပြတ် သွေးအန်နေကြရရာ သူတို့၏ ဝတ်ရုံများပင် သွေးချင်းနီသွားတော့လေသည်။

လီမင်ဟိုင်၏ မျက်ဝန်းထဲ ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းတို့ တဖျက်ဖျက် လက်သွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ကုကျန်းရှင်အား တိုက်ခိုက်ရန် မကြိုးစားဘဲ လက်ဝဲဘက်တွင် ရှိနေသော ဓါးအစေခံကိုသာ တိုက်ခိုက်လိုက်လေသည်။

လက်ရှိ အချိန်သည် ကုကျန်းရှင်အား သတ်နိုင်မည့် အခွင့်အရေးကောင်း တစ်ခုဖြစ်သော်လည်း ကုကျန်းရှင်သည် သာမန် ကျင့်ကြံသူတစ်ဦး မဟုတ်။ ထို့အပြင် သူ့တွင် ပင်လယ်ခြားနတ်ကြေးမုံကဲ့သို့သော အသက်ကယ်ရတနာတစ်ခု ရှိနေသေးသည်။ ထို့ကြောင့် ကုကျန်းရှင်အား တစ်ချက်တည်းဖြင့် သတ်နိုင်ဖို့ သိပ်မသေချာချေ။

သို့ဖြစ်သည့်အတွက် လက်ဝဲဓါးအစေခံကို တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်လေသည်။ လက်ဝဲ ဓါးအစေခံသာ သေသွားသည်နှင့် ကုကျန်းရှင် အနေဖြင့် နေ၊လ၊ကြယ် ဓါးအလင်းတန်းကို ထုတ်သုံးနိုင်တော့လိမ့်မည် မဟုတ်ချေ။ ထိုအခါ အောင်ပွဲသည် အနှေးနှင့်အမြန် ဆိုသလို လီမင်ဟိုင်၏လက်ထဲ ရောက်လာပေလိမ့်မည်။

လီမင်ဟိုင် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို သတိပြုမိလိုက်သည်နှင့် လက်ယာဓါးအစေခံသည် ချက်ချင်းပဲ သူတော်စင်ချီကို ကမန်းကတန်း စုစည်းလျက် ဓါးအလင်းတန်းကို ထပ်မံ စုစည်းကာ လက်ဝဲ ဓါးအစေခံဆီသို့ ပြေးသွားလေသည်။

ကုကျန်းရှင်ကလည်း အလျင်စလို လှမ်းအော်ဟစ်လိုက်၏ “လင်းယွဲ့၊ သတိထား”

တစ်ချိန်တည်းတွင် လက်ဝဲဓါးအစေခံဆီသို့ ပြေးသွားလေ၏။

ပုံရိပ်သုံးခုသည် လက်ဝဲဓါးအစေခံဆီသို့ တစ်ပြိုင်တည်း ပြေးဝင်သွားကြလေသည်။

လီမင်ဟိုင်၏ မျက်နှာထက် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အချိန်ကိုက်လောက်ပြီဟု ထင်သည်နှင့် ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်ပြီး ဝိဥာဉ်ဖျက်လှံအား လက်ယာဓါးအစေခံဆီသို့ ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။

အကုန်လုံး ကြောင်သွားခဲ့သည်။

ယခုမှပဲ လီမင်ဟိုင်၏ ပစ်မှတ်သည် လက်ဝဲဓါးအစေခံ မဟုတ်ဘဲ လက်ယာဓါးအစေခံသာဖြစ်မှန်း အကုန်လုံး နားလည်သွားကြသည်။

ဝိဥာဉ်ဖျက်လှံသည် လီမင်ဟိုင်၏ လက်ထဲမှ လွတ်သွားသည်နှင့် တစ်ပြိုင်နက် ဧရာမမြွေကြီး တစ်ကောင်အဖြစ်သို့ ပြောင်းကာ လက်ယာဓါးအစေခံကို ပြေးကိုက်လေသည်။

ဤလက်နက်သည် အစစ်အမှန် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာတစ်ခုဖြစ်ကာ လက်ယာဓါးအစေခံ ခုခံနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူမသာ ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရလျှင် ကျိန်းသေ သေသွားပေလိမ့်မည်။

ထိုစဉ် ကုကျန်းရှင်၏ ခန္ဓာကိုယ် တဖျက်ဖျက် တောက်ပလာခဲ့ပြီး မူလနေရာမှ ပျောက်သွားကာ လက်ယာ ဓါးအစေခံရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် အကြွေးခွံလေးများဖြင့် ဖွဲ့စည်းထားသော မိုးပြာရောင်ကိုယ်ကြပ် အကာအကွယ်တစ်ခုသည် ကုကျန်းရှင်၏ ခန္ဓာကိုယ်ထက် ထွက်ပေါ်လာခဲ့လေသည်။

ထိုအကာအကွယ်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ကုကျန်းရှင်ပတ်လည်၌ စွမ်းအင် အကာအကွယ် တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ဧရာမမြွေကြီးသည် ကုကျန်းရှင်၏ အကာအကွယ်ကို ဝင်ရောက်တိုက်ခိုက်လေသည်။

အကာအကွယ်သည် အသက်နှစ်ရှိုက်စာသာ တောင်ခံနိုင်ခဲ့ပြီး ချက်ချင်း ပျက်စီးသွားခဲ့လေသည်။ မြေကြီး၏ လက်ကျန်စွမ်းအင်မှ လာရောက်ရိုက်ခတ်သည့်အတွက် ကုကျန်းရှင်သည် သွေးအပွက်ပွက်အန်ကာ လက်ယာအစေခံနှင့်အတူ လွင့်ထွက်သွားခဲ့လေသည်။

“သခင်လေးရဲ့စိတ်နေစရိုက်ကို ဒီလူအိုကြီး လေးစားမိတာတော့ အမှန်ပဲ။ ဒါပေမယ့် သခင်လေး… အခု အဲ့တစ်ယောက်ကို ကယ်လိုက်နိုင်ပေမယ့် နောက်တစ်ယောက်ကိုကော ကယ်နိုင်ဦးမှာလား” လီမင်ဟိုင်၏ လှောင်ပြောင်သံ ထွက်ပေါ်လာခဲ့လေသည်။

လွင့်ထွက်နေသော ကုကျန်းရှင်သည် ခေါင်းမော့၍ လှည့်ကြည့်လိုက်ရာ လီမင်ဟိုင်သည် သူ့လက်ဝါးထက် သူတော်စင်ချီကို စုစည်းရင်း လက်ဝဲဓါးအစေခံဆီသို့ ပျံသန်းသွားနေကြောင်း တွေ့လိုက်ရသည်။

ထိုလက်ဝါးဆီမှ အားကောင်းသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။

ဝဲကတော့၏ စွမ်းအားနှင့်တကွ နယ်ပယ်၏ စွမ်းအားကြောင့် လက်ဝဲဓါးအစေခံမှာ နည်းနည်းလေးမှပင် မလှုပ်ရှားနိုင်သည်အထိ ဖိနှိပ်ခံလိုက်ရလေသည်။

သို့သော် သေခြင်းတရား ရောက်လာနေသည့်တိုင် လက်ဝဲဓါးအစေခံသည် နည်းနည်းလေးမှ တုန်လှုပ်သွားခြင်းမရှိ။ ကုကျန်းရှင်ဆီသို့သာ စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ ကုကျန်းရှင် မသေသေးမှန်း တွေ့လိုက်ရမှပဲ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ကုကျန်းရှင်၏ အသံကို မကြားရသော်ငြား သူမအား ထွက်ပြေးရန် လှမ်းပြောနေကြောင်း သိပေသည်။

“လီမင်ဟိုင်” ကုကျန်းရှင်သည် ဒဏ်ရာရထားသည့် သားရဲ တစ်ကောင်နှယ် လှမ်းအော်ဟစ်လိုက်သည်။ သူ့မျက်လုံးများ ဆိုလျှင်လည်း လုံးဝကို သွေးနီရောင်လွှမ်းနေခဲ့လေပြီ။

“သခင်လေး မြန်မြန် ထွက်ပြေးပေတော့” ကုကျန်းရှင်၏ လက်မောင်းထဲတွင် ရှိနေသော ဓါးအစေခံသည် ကုကျန်းရှင်၏ လက်မောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လျက် ဝမ်းနည်းတကြီး တောင်းဆိုလိုက်လသည် “လင်းယွဲ့က သခင်လေးကို ဒီမှာ သေစေချင်မှာ မဟုတ်ဘူး။ သခင်လေးသာ လွတ်သွားခဲ့ရင် လင်းယွဲ့လည်း သူသေတာကို နောင်တရမှာ မဟုတ်ဘူး။ မဟုတ်ရင် သူသေသွားခဲ့တာတောင် သခင်လေးကို မကာကွယ်နိုင်ခဲ့လို့ ဆိုပြီး နောင်တရနေမှာ”

ကုကျန်းရှင်လည်း ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့၏။ သို့သော် ထိုစဉ် ဒေါသထွက်နေသည့် သူ့မျက်နှာထက် အံ့အားသင့်နေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ သူ့အကြည့်သည် ချက်ချင်းဆိုသလို လီမင်ဟိုင်နောက်ဘက်သို့ ရောက်သွားခဲ့လေသည်။

ဘယ်အချိန်ကတည်းကမှန်းမသိ လီမင်ဟိုင် နောက်ဘက်၌ ပုံရိပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် တစ္ဆေသရဲ တစ်ကောင်နှယ် လီမင်ဟိုင်ပင် သတိမပြုမိဘဲ လီမင်ဟိုင်နှင့် ဆယ်မီတာအတွင်းသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။

ချက်ချင်းဆိုသလို ထိုလူငယ်လေးသည် သူ့လက်အား လေထဲ ဖြတ်ပိုင်းချလိုက်၏။ အနက်ရောင် လခြမ်းကွေးများစွာ အလျင်အမြန် ထွက်ပေါ်လာပြီး လီမင်ဟိုင်ဆီသို့ တိုးဝင်သွား၏။

အဝေးတွင် ရှိနေသည့်တိုင် ထိုဓါးသွားများဆီမှ ထူးခြား ဆန်းကြယ်သော စွမ်းအင်တစ်ရပ်ကို လီမင်ဟိုင် ခံစားမိနေခဲ့သည်။

ရန်ကိုင်မှ တိုက်ခိုက်လိုက်သည်နှင့် လီမင်ဟိုင်လည်း ချက်ချင်း သတိပြုမိသွားခဲ့လေသည် “ဘယ်သူလဲ”

ချက်ချင်းပဲ နောက်လှည့်၍ သူ့လက်ဝါးနှစ်ဖက်ကို ရှေ့တည့်တည့်သို့ ရိုက်ချလိုက်လေသည်။

ကုကျန်းရှင် အလွန်ကိုမှ ထိတ်လန့်စိတ်လှုပ်ရှားလာခဲ့သည်။ လီမင်ဟိုင်သည်၏ လက်ဝါးသည် ထိုလခြမ်းကွေးဓါးသွားများ၏ တိုက်ခိုက်မှုကို အပြည့်အဝ မတားဆီးနိုင်ခဲ့ချေ။ တားဆီးရင်း ခွေးအိုကြီးလီမင်ဟိုင်၏ လက်မောင်းမှ အသားစများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

သူ့လက်မောင်း တစ်စိတ်တစ်ပိုင်းသည် ဟင်းလင်းပြင်၏ အပြည့်အဝ ဝါးမြိုခြင်း ခံလိုက်ရလေသည်။

နာကျင်မှုကြောင့် အသိပြန်ဝင်လာချိန် လီမင်ဟိုင်သည် ဒေါသတကြီး အော်ဟစ်လျက် ဘာမှမဖြစ်သေးသော သူ့လက်အား ဆန့်ထုတ်၍ ဝိဥာဉ်ဖျက်လှံကို ပြန်ဆင့်ခေါ်လိုက်လေသည်။ သူ့အား တိုက်ခိုက်လိုက်သည့် လူငယ်လေးအား မီးတောက်မကြည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည် “ဂျူနီယာ၊ မင်းသေဖို့ ပြင်ထားပေတော့”

“ခင်ဗျားမှာ အဲ့လို အခွင့်အရေး မရှိတော့ဘူး” လူငယ်လေးသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် အသွားမဲ့ အစိမ်းရောင်ဓါးရှည်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ဓါးရှည်သည် တဝှီဝှီ မြည်ဟည်းလာပြီး အစိမ်းရင့်ရောင့် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလျက် လီမင်ဟိုင်အား ခုန်အုပ်လေသည်။

နဂါးဟိန်းသံသည် အာကာယံတစ်ခွင် မြည်ဟည်းသွား၏။ လီမင်ဟိုင်လည်း ထူးထူးဆန်းဆန်း အော်ဟစ်ရင်း သူတော်စင်ချီကို အသည်းအသန် လှည့်ပတ်၍ ဝိဥာဉ်ဖျက်လှံအား ဧရာမမြေကြီး တစ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။

မွန်းစတားနှစ်ကောင် ထိပ်တိုက်တွေ့သွားခဲ့သည်။ သို့သော်ငြား မြွေပေါက်တစ်ကောင်မှ နဂါးတစ်ကောင်အား မည်ကဲ့သို့ ယှဉ်ပြိုင်အံတုနိုင်မည်နည်း။ အသက်တစ်ရှိုက်စာ အတွင်းမှာပင် မြွေကြီးသည် နဂါးလက်ချက်ကြောင့် တစ်စစီ ပျက်စီးသွားခဲ့ရလေသည်။

ယခုမှပဲ လီမင်ဟိုင် စတင် ကြောက်ရွံ့လာလေတော့သည်။ သူ့အား တိုက်ခိုက်လိုက်သည့်လူကို လိုက်ရှာသော်ငြား မည်သို့မှ ရှာမတွေ့ခဲ့ချေ။ ထူးဆန်းသော နဂါးမှော်ရတနာကို ထုတ်ယူပြီးသည်နှင့် လူငယ်လေးသည် တစ္ဆေတစ်ကောင်နှယ် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

ရုတ်တရက် သူ့နောက်ဘက်မှ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာသဖြင့် လီမင်ဟိုင် ရင်ထိတ်သွားပြီး တိုးဝင်လာနေသည့် ဘာမှန်းမသိရသော တိုက်ခိုက်မှုကို တားဆီရလိုရငြား နယ်ပယ်စွမ်းအားကို အလိုလို ထုတ်လွှတ်လိုက်လေသည်။

တိုက်ခိုက်မှုမှာ တစ်ခဏတာ ဖြစ်သော်ငြား သူ့အား တိုက်ခိုက်လူသည့် လူငယ်လေးမှာ တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးကြောင်း လီမင်ဟိုင် သတိပြုမိလိုက်သည်။ ထိုကဲ့သို့သော တန်ခိုးရှင်အဆင့်များနှင့် ရင်ဆိုင်ရသော် နယ်ပယ်သည် အကောင်းဆုံး ရွေးချယ်မှုတစ်ရပ် ဖြစ်သည်။

အကုန်လုံးသည် ကုကျန်းရှင်ကဲ့သို့ ရေပြင်ခြားနတ်ကြေးမုံကို ပိုင်ဆိုင်ထားသူများ မဟုတ်ချေ။

လီမင်ဟိုင်သည် အကောင်းဆုံး တန်ပြန်တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သော်ငြား သူ့နယ်ပယ်ကို ဖြန့်ကျက်လိုက်သည့် အချိန်မှာပဲ အားကောင်းသော ရှီစွမ်းအင်နှင့် သွားရင်ဆိုင်ရလေသည်။ ထိုစွမ်းအင်ကို သူ့နယ်ပယ်စွမ်းအင်မှ မဖိနှိပ်နိုင်ခဲ့ဘဲ ယှဉ်ပြိုင် တိုက်ခိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ထိုရှီစွမ်းအင်ထဲ ဆန်းကြယ်သော စွမ်းအင်တစ်ရပ် ပေါင်းစပ်ပါဝင်နေခဲ့သည်။

ပတ်ပတ်လည် လေဟာနယ်တစ်ခုလုံး ပြိုကျလာခဲ့ပြီး မရေမတွက်နိုင်သော ဟင်းလင်းပြင် အက်ကွဲကြောင်းလေးများ ဖြစ်ပေါ်လာကာ လီမင်ဟိုင်လည်း ထိုအက်ကြောင်းများထဲ အလိုလို ပိတ်မိသွားခဲ့ရလေသည်။

“လေဟာနယ်စွမ်းအား” လီမင်ဟိုင် အလန့်တကြား ထအော်လေသည်။

ထိုစဉ် မြွေပေါက်စကို ကြိတ်ချေပြီးသော အစိမ်းရောင် နဂါးသည် လီမင်ဟိုင်အား ကိုက်ချလာခဲ့လေသည်။

တစ်ချိန်တည်းတွင် သူ့ကျောဘက်မှ အားကောင်းသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသော အေးစက်မှုတစ်ခုသည် ဒီရေလှိုင်းလုံးများနှယ် လီမင်ဟိုင်အား လာရောက် ရိုက်ခတ်လေသည်။

လီမင်ဟိုင် ပြေးပေါက်ပိတ်သွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၃၉)

“ခွေးအိုကြီး” ကုကျန်းရှင်သည် နေမီးလျှံနှယ် တလက်လက် တောက်ပနေသော ဓါးအလင်းတန်းကို ကိုင်စွဲရင်း လီမင်ဟိုင်ဆီသို့ ပြေးဝင်လာလေသည်။

တစ်ချိန်တည်းတွင် ရွှေရောင်အလင်း တဖျက်ဖျက် တောက်ပလာပြီး ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ဝိုက်တွင် ရွှေရောင်သွေးမျှင်များ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

လီမင်ဟိုင်၏ ခန္ဓာကိုယ်အား ဝန်းရံထားဟော လေဟာနယ် အက်ကွဲကြောင်းတို့မှာလည်း ပို၍ ကြီးမားလာခဲ့သည်။ ရုတ်ချည်း ဆိုသလို လီမင်ဟိုင် ရှိနေသည့် နေရာတစ်ခုလုံး ချောက်ခြားဖွယ်ရာ သေမင်းတမန် တိုက်ခိုက်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

လီမင်ဟိုင် ရှိနေသည့် နေရာမှ မျက်စိကျိန်းမတတ် အလင်းတန်းများနှင့်အတူ အလွန်အားကောင်းသော အဖျက် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။

ကုကျန်းရှင်သည် ယခင်တစ်ကြိမ်ထက်ပင် ပိုမို မြန်ဆန်သော အရှိန်ဖြင့် လွင့်စင်ထွက်လာခဲ့သည်။ လက်ယာ ဓါးအစေခံသည် ထိုကဲ့သို့ ဖြစ်မည်ကို ကြိုသိထားသည့်အလား စောင့်ကြို၍ ကုကျန်းရှင်ကို လှမ်းဖမ်းထားလိုက်လေသည်။

“သခင်လေး” လက်ယာဓါးအစေခံသည် စိုးရိမ်တကြီးဖြင့် ကုကျန်းရှင်အား ကြည့်လိုက်သည်။

ကုကျန်းရှင်ကမူ ပြန်မဖြေသေးဘဲ လီမင်ဟိုင် ရှိနေသည့် နေရာတည့်တည့်သို့သာ စိုက်ကြည့်နေခဲ့သည်။

လီမင်ဟိုင် သေသွားသလား၊ မသေဘူးလား ဆိုသည်ကို သူမသိသော်ငြား သူ့ဓါးဖြင့် လီမင်ဟိုင်၏ ခန္ဓာကိုယ်အား ထိုဖောက်မိလိုက်သည်မှာတော့ သေချာပေသည်။

သို့ရာတွင် လီမင်ဟိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။ သူ့တစ်သက်နှင့်တစ်ကိုယ် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှင့် ပထမဦးဆုံး သူသေကိုယ်သေ တိုက်ပွဲကို ဆင်နွှဲဖူးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူ့မျက်စိနှင့် မမြင်ရသေးသရွေ့ လီမင်ဟိုင် သေပြီဟု မယုံကြည်ရဲသေးချေ။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ကုကျန်းရှင်၏ မျက်လုံးများ မှေးစဉ်းသွားခဲ့လေသည်။

လီမင်ဟိုင် မသေသေးချေ။

ဤမျှ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ခံလိုက်ရသည့်တိုင် လီမင်ဟိုင် သေမသွားခဲ့ပေ။ သို့ရာတွင် အားကောင်းသော တိုက်ကွက်များကို တရစပ် ဆင့်ခံလိုက်ရသည့်အတွက် လီမင်ဟိုင် အတော်လေး ဒုက္ခရောက်သွားသည်ဟု ပြော၍ရပေသည်။ အရေးကြုံမှ သူကောက်ထုတ်သုံးလိုက်သည့် အကာအကွယ် မှော်ရတနာ ဆိုလျှင် ပျက်စီးခါနီးပင် ဖြစ်နေခဲ့လေပြီ။

ကုကျန်းရှင် ဝမ်းသာသွားရသည့် အချက်မှာ လီမင်ဟိုင်သည် မသေသေးသော်ငြား သူရထားသည့် ဒဏ်ရာများမှာ ပေါ့သေးသေး မဟုတ်သည့် အချက်ပင်။ ခန္ဓာကိုယ်အနှံ့မှ သွေးများ အဆက်မပြတ် စီးကျနေပြီး အရိုးထိနက်သော ဒဏ်ရာများစွာလည်း ခန္ဓာကိုယ်အနှံ့ ရှိနေခဲ့သည်။

လီမင်ဟိုင်မှာမူ ဒေါသလည်းထွက်၊ ကြောက်လည်း ကြောက်မိနေခဲ့သည်။

သေမင်းနှင့် လက်တစ်ကမ်း အကွာကို ရောက်သွားခဲ့သဖြင့် သူတကယ်ကို ကြောက်လန့်သွားခဲ့ခြင်း ဖြစ်သည်။

သေမင်းတမန် တိုက်ခိုက်မှုများမှ လွတ်လာသည်နှင့် လီမင်ဟိုင်သည် ကုကျန်းရှင်နှင့် လက်ယာဓါးအစေခံအား တစ်ချက် လှမ်းကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကို စတင် စစ်ဆေးလေ၏။

“ဂျူနီယာ၊ မင်းနဲ့ငါတစ်နေ့ ပြန်တွေ့ကြတာပေါ့ကွာ” ပြောပြီးသည်နှင့် လီမင်ဟိုင်သည် နောက်ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်း လှည့်ထွက်ပြေးလေသည်။

“သူလွတ်သွားလို့ မဖြစ်ဘူး” ကုကျန်းရှင်သည် အမောတကော အသက်ရှူရင်း လှမ်းအော်ပြောလိုက်သည်။

သူ့အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ထဲမှ အရောင်ငါးသွယ်ချီစွမ်းအင်တို့ ပေါက်ကွဲထွက်လာပြီး ဓါးတစ်ချောင်း အသွင်သို့ပြောင်းကာ လီမင်ဟိုင်ဆီသို့ တိုးဝင်သွားလေသည်။

လီမင်ဟိုင်လည်း ကြောက်လန့်တကြားနှင့် အကာအကွယ် ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်သည်။

သို့ရာတွင် လက်ရှိ လီမင်ဟိုင်သည် လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သော မြှားတစ်ချောင်းသဖွယ် ဖြစ်နေသဖြင့် သူဖန်တီးလိုက်သည့် အကာအကွယ်သည် အရောင်ငါးသွယ်ဓါးအား တစ်ခဏသာ တားဆီးလိုက်နိုင်ခဲ့သည်။ ဓါးသည် အကာအရံကို ချိုးဖျက်ပြီးသည်နှင့် လီမင်ဟိုင်၏ ခန္ဓာကိုယ်ကို ဆက်လက် ထိုးဖောက်ကာ ဟင်းလင်းပြင်ထဲ တိုးဝင် ပျောက်ကွယ်သွား၏။

လီမင်ဟိုင်၏ မျက်လုံးအပြူးသား ဖြစ်နေသော ခန္ဓာကိုယ်သည်သာ မလှုပ်မယှတ် ကျန်ရစ်ခဲ့လေသည်။

အသက်စွမ်းအင်တို့ ယုတ်လျော့ပျောက်ကွယ်သွားခဲ့ပြီး မျက်လုံးထဲရှိ အလင်းရောင်မှာလည်း မှိန်ကျသွားခဲ့သည်။

အစစ်အမှန်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဤနေရာ၌ သေဆုံးသွားခဲ့ရလေပြီ။

ကုကျန်းရှင်မှာတော့ အခြေအနေကို သေချာမသိသေး။ ဒဏ်ရာမှာ အတော်လေး ပြင်းထန်သဖြင့် အလျင်စလို မလှုပ်ရှားရဲဘဲ လီမင်ဟိုင်၏ ခန္ဓာကိုယ်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ မကြာမီ တုန်တုန်ရီရီ ဖြစ်နေသော လက်ယာဓါးအစေခံသည် လီမင်ဟိုင်၏ ခန္ဓာကိုယ်ကို သွားစစ်ဆေးပြီး ကုကျန်းရှင်အား ဝမ်းသာတကြီးဖြင့် ပြန်လာပြောပြလေသည်။

“ဘယ်လိုလဲ”

“လီမင်ဟိုင် သေသွားပြီ” လက်ယာဓါးအစေခံက ပြန်ပြောလိုက်သည်။

ထိုအခါမှပဲ ကုကျန်းရှင် သက်ပြင်း အမောကြီး ချလိုက်နိုင်လေသည်။ နောက်ဆုံး အားတင်းခံထားသော သူ့ခန္ဓာကိုယ်သည် လက်ယာဓါးအစေခံပေါ်သို့ လဲကျသွား၏။ အမောတကော အသက်ရှူရင်းမှ ဖြည်းဖြည်းချင်း ပြောလိုက်၏ “ကောင်းတယ်၊ ကောင်းတယ်၊ သူသေသွားတာ တကယ် ကောင်းတယ်”

“သခင်လေး၊ ခုဏတုန်းကလူက…” လက်ယာဓါးအစေခံက သင်္ကာမကင်း အမူအရာဖြင့် မေးလိုက်သည်။

“ငါတို့ ဓါးအဖွဲ့အစည်းက မဟုတ်ဘူး” လီမင်ဟိုင်သည် ဆေးလုံးအချို့ကို ပါးစပ်ထဲ ပစ်ထည့်ရင်းမှ “သူ့ကိစ္စ ခဏ ထားလိုက်ဦး။ ငါတို့လူတွေကို အရင်သွားကူရမယ်။ လီမင်ဟိုင် ခေါ်လာတဲ့ ပညာရှင်တွေက နည်းတာမဟုတ်ဘူး။ ငါတို့သာ သွားမကူရင် သူတို့…”

တိုက်ပွဲဖြစ်နေရာဆီသို့ အကြည့်ရောက်သွားသည့် အခိုက် ကုကျန်းရှင်၏ ပြောလက်စစကားများ လည်ချောင်းဝတွင် တစ်ဆို့သွားခဲ့လေသည်။

တိုက်ပွဲသည် သူထင်ထားသလို ဟုတ်မနေခဲ့ပေ။ သူ့ဘက်မှ ကျင့်ကြံသူများစွာမှာ အသက်ရှင်နေသေးသော်ငြား လီမင်ဟိုင် ခေါ်လာသည့် ပညာရှင်များစွာမှာတော့ သေသူကသေ၊ ဒဏ်ရာ အကြီးအကျယ်ရသူကရနှင့် ဒုက္ခရောက်နေကြသည်။ အစောပိုင်းက လီမင်ဟိုင်နှင့် တိုက်ခိုက်ရာတွင်သာ အာရုံစိုက်နေခဲ့သဖြင့် လက်ရှိ တိုက်ပွဲရလဒ်သည် သူ့အား အတော့်ကိုမှ အံ့အားသင့်စရာ ဖြစ်နေခဲ့သည်။

လီမင်ဟိုင်သည် သူ့အား ချုံခိုတိုက်ခိုက်ရန် ရည်ရွယ်ထားသဖြင့် အားလုံးကို ကြိုတင်ပြင်ဆင်ထားလောက်၏။ သူ့အနေဖြင့် လီမင်ဟိုင်ကို ကံကောင်းပြီး သတ်နိုင်ခဲ့ခြင်းမှာ သူစိမ်းလူ၏ အကူအညီကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် သူလည်း သေနေလောက်ပြီ။

သို့သော်လည်း တိုက်ပွဲကို ကြည့်နေရင်းမှ ဘာကြောင့် ထိုကဲ့သို့ ဖြစ်နေရသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။

ရွှယ်ရှီနှင့် သူ့တပည့်နှစ်ဦးကြောင့် တိုက်ပွဲရလဒ် ဤကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။

ရွှယ်ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ကို ကုကျန်းရှင် တွေ့ဖူးပေသည်။ ရွှယ့်ရှီသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပေသည်။

လက်ရှိတွင် ဆရာတပည့်သုံးဦးသည် ရန်သူအားလုံးအား သူတို့ တစ်ဖွဲ့တည်းဖြင့် ပြန်လှန် တွန်းလှန်တိုက်ခိုက်နေခဲ့သည်။ ပုံမှန်အားဖြင့် ရန်သူများသည် သူတို့ထက် ပိုမို အားကောင်းသင့်သော်ငြား ကြည့်ရသလောက်တော့ တိုက်ပွဲ တစ်ခုလုံးသည် ဆရာတပည့်သုံးဦး၏ ထိန်းချုပ်မှုအောက်တွင်သာ အပြည့်အဝ ရှိနေခဲ့လေသည်။

တိုက်ပွဲစသည်နှင့် ဟဲကျောင်၏ ခန္ဓာကိုယ်ဆီမှ အနီရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ကျင့်ကြံသူ တစ်ဦး ရှင်းပြမရစွာ သေဆုံးသွားလေသည်။

အဲ့အနီရောင်အလင်းတန်းက ဘာကြီးလဲ သူ့လက်အောက်ငယ်သားများထဲတွင် ထိုကဲ့သို့ စွမ်းနိုင်သော ကျင့်ကြံသူတစ်ဦး ရှိနေလိမ့်မည်ဟု ကုကျန်းရှင် မထင်ထားခဲ့ပေ။

လီမင်ဟိုင်လည်း သေသွားပြီ ဖြစ်သဖြင့် လက်ရှိ အခြေအနေအရ တိုက်ပွဲရလဒ်မှာ ဆုံးဖြတ်ပြီးသွားလေပြီ။ လီမင်ဟိုင် ခေါ်လာသည့် ကျင့်ကြံသူများမှာ လက်ရှိတွင် ခြေဦးတည့်ရာ ထွက်ပြေးနေကြပြီး လီမင်ဟိုင်၏ လက်အောက်ငယ်သားများမှာမူ ထိုလူများကို လိုက်လံ တိုက်ခိုက်သတ်ဖြတ်နေကြလေသည်။

လက်ရှိ တိုက်ပွဲရလဒ်ကို မြင်ပြီးနောက် ကုကျန်းရှင် စိတ်သက်သာရာ ရသွားခဲ့သည်။ လက်သီးဆုပ်၍ လှမ်းကာ အော်ပြောလိုက်လေသည် “ရောင်းရင်းရဲ့ နာမည်ကို သိလို့ရမလား။ အခုလို ကျုပ်အသက်ကို ကယ်ပေးတဲ့အတွက် ဒီကု အရမ်းကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေရင် ထွက်လာပြီး ကျုပ်နဲ့ တွေ့လို့ရပါလား”

“ဟားဟား၊ အဖွဲ့အစည်းသခင်လေးက အရမ်း ယဉ်ကျေးနေတာပါပဲလား” အနီအနားမှ ရယ်မောသံတစ်သံ ထွက်ပေါ်လာသဖြသ်ြ လှည့်ကြည့်လိုက်ရာ အစောပိုင်း တိုက်ပွဲက မြင်ဖူးလိုက်သလို ထင်ရသော်ငြား စိတ်ထဲ မမှတ်မိနိုင် ဖြစ်နေသော လူငယ်လေးကို တွေ့လိုက်ရလေသည်။

လက်ဝဲ၊ လက်ယာ ဓါးအစေခံနှစ်ဦးသည် ရန်ကိုင်အား ကျေးဇူးတင်တကြီး ကြည့်လိုက်သည်။

ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး လီမင်ဟိုင် လက်ထဲ သေသွားလောက်ပေပြီ။ ထို့ကြောင့် တိုက်ပွဲ အခြေအနေကို ပြောင်းလဲပေးခဲ့သော ရန်ကိုင်အား လက်ဝဲ၊ လက်ယာ ဓါးအစေခံနှစ်ဦးစ အလွန်ကိုမှ ကျေးဇူးတင်နေကြ၏။

ကုကျန်းရှင်သည် ရန်ကိုင်အား သေသေချာချာ လေ့လာကြည့်နေသည်။ ရန်ကိုင်သည် သူအာရုံခံမိလိုက်သလိုပင် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးသည်။ သို့သော်လည်း ထိုလူငယ်လေး ပြသသွားသော တိုက်ပွဲစွမ်းရည်မှာ တန်ခိုးရှင် တတိယအဆင့်ထက်ကို အများကြီး ကျော်လွန်ပေသည်။

လက်ဝဲ၊ လက်ယာအစေခံနှင့် ပူးပေါင်းလိုက်လျှင်ပင် ထိုလူငယ်လေး၏ ပြိုင်ဘက် မဟုတ်လောက်ဟု စိတ်ထဲ အလိုလို တွေးမိလိုက်သည်။ ထိုအတွေး ခေါင်းထဲ ပေါ်လာသည်နှင့် ကုကျန်းရှင် အလွန်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။

ဓါးအဖွဲ့အစည်း၏ သခင်လေးတစ်ဦး ဖြစ်သည်နှင့်အညီ သူသည် ငယ်စဉ်ကတည်းက သာမန်လူများ အိမ်မက်မက်ရုံသာ တတ်နိုင်သော အရင်းအမြစ်များ၊ လေ့ကျင့်မှုများကို ရရှိခဲ့သည်။ ထို့အပြင် သူသည် ပျော်ပါးသောက်စားဖို့သာ သိသော လူပျက် သခင်လေးတစ်ဦး မဟုတ်၊ သူ့တွင် မြင့်မားသော ရည်မှန်းချက်တို့ ရှိသည်။ ငယ်စဉ်ကတည်းက ကျင့်ကြံရာတွင်လည်း တစ်ခါမှ ပျင်းရိခဲ့ခြင်း မရှိပေ။

ကြယ်စီရင်စုထဲတွင် တန်ခိုးရှင်အဆင့်ချင်း အတူတူကို သူ့အား ယှဉ်နိုင်သည့်လူ အနည်းငယ်လောက်သာ ရှိလိမ့်မည်ဟု ယုံကြည်ထားသည်။

ယနေ့တွင် တစ်ယောက် တွေ့ခဲ့လေပြီ။ အဆင့်တူချင်းတွင် သူ့အား အလွန်ပြင်းထန်သော ဖိအားကို ခံစားရစေသည့် ကျင့်ကြံသူ တစ်ဦးပင်။

“တတိယသခင်လေးရွှယ့်ယွယ်လား မသိဘူး” ကုကျန်းရှင်က မယုံသင်္ကာဖြင့် မေးလိုက်သည်။

ရန်ကိုင်မျက်နှာ မဲ့သွားခဲ့လေသည် “ကျုပ်က အဲ့မိန်းမလျာလို ကောင်နဲ့ တူလို့လား”

ကုကျန်းရှင် ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ လက်ဝဲလက်ယာဓါးအစေခံတို့မှာ ဝါးလုံးကွဲ အော်မရယ်လိုက်သော်ငြား လက်ဝဲဓါးအစေခံမှာတော့ ပါးစပ်လေးကို လက်ဖြင့်အုပ်လျ် တခစ်ခစ် ရယ်မောနေလေ၏။

“တောင်းပန်ပါတယ်။ ဒီကု၊ သခင်လေးရွှယ့်ယွယ်နဲ့ မတွေ့တာကြာတော့ သူ့မျက်နှာကို‌ သေချာ မမှတ်မိတော့ဘူး ဖြစ်သွားတယ်” ကုကျန်းရှင်က ရှင်းပြလိုက်သည် “ရွှယ့်ယွယ် မဟုတ်ဘူးဆိုရင် ကျိတုန်လား”

“ကျိတုန်က ဘယ်သူလဲ” ရန်ကိုင်က နားမလည်နိုင်ဟန်ဖြင့် ပြန်မေး၏။

“ခရမ်းကြယ်ရဲ့ သခင်လေးလေ…” ကုကျန်းရှင် စဉ်းစားရနေလေပြီ။

“ကြည့်ရတာ အဖွဲ့အစည်းသခင်လေးက အခြား အင်အားစုကြီးတွေက သခင်လေးတွေကိုပဲ အဆင့်တူအဖြစ် သတ်မှတ်ထားတာနဲ့ တူတယ်” ရန်ကိုင်က ကုကျန်းရှင်အား ပြုံးလျက် ကြည့်လိုက်လေသည်။

“မဟုတ်ပါဘူး” ကုကျန်းရှင်က အလေးအနက် အမူအရာဖြင့် “ပုံမှန်ဆိုရင် အင်အားစုကြီးတစ်ခုရဲ့ အကူအညီမပါဘဲ ဒီလောက်ထိ အားကောင်းနိုင်တဲ့လူက မရှိသလောက်ကို ရှားတာ။ ဒါကြောင့် မသင့်တော်သလို ဖြစ်သွားရင် တောင်းပန်ပါတယ်”

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “ကျုပ်က ဘယ်အင်အားစုကြီးကမှ မဟုတ်ဘူး။ ကျုပ်နာမည်က ရန်ကိုင်ပဲ”

ရန်ကိုင်ဆိုသည့် နာမည်ကို ကုကျန်းရှင် တစ်ခါမှ မကြားဖူးချေ။ ရန်ကိုင်သည် မည်သည့် အင်အားစုကြီးကမှ မဟုတ်မှန်း သိလိုက်ရသည့်နောက်တွင် ကုကျန်းရှင် ပို၍ အံ့အားသင့်သွားခဲ့လေသည်။

အလေးအနက်အမူအရာဖြင့် လက်သီးဆုပ်၍ ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်လေသည် “ဒီတော့ ရောင်းရင်းရန်ပေါ့”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး အဆုံးသတ်သွားပြီဖြစ်သော တိုက်ပွဲအား လှမ်းကြည့်လိုက်သည်။ လျို့ယန်၏ အကူအညီဖြင့် လီမင်ဟိုင်၏ လက်အောက်ငယ်သားအားလုံး တမလွန်ဘဝသို့ အလကား ရောက်ရှိခွင့် ရသွားခဲ့လေပြီ။ အသက်ရှင်ကျန်ရစ်ပြီး လွတ်မြောက်သွားသည့်လူ တစ်ယောက်မှ မရှိချေ။

“ရောင်းရင်းရန်၊ ဒီကု မေးခွန်းတစ်ခုလောက် မေးချင်လို့၊ အဆင်ပြေမလားမသိဘူး” ကုကျန်းရှင်က ရုတ်တရက် ပြောလိုက်သည်။

“ကျုပ်ဒီနားက ဖြတ်သွားတုန်းက အဲ့လီမင်ဟိုင်ဆိုတဲ့လူက ဘာမပြောညာမပြောနဲ့ ဗြုန်းစားကြီး ပေါ်လာပြီး ကျုပ်ကို သတ်ဖို့ လုပ်တယ်။ ဒါကြောင့် မကျေနပ်တာနဲ့ ကျုပ်လည်း ဒီနားမှာ ပုန်ပြီး သူ့ကို ပြန်သတ်ဖို့လုပ်တာပဲ” ရန်ကိုင်က ကုကျန်းရှင် ဘာကို မေးချင်နေလဲ သိသည့်အလား တန်းပြောလိုက်လေသည်။

“ရောင်းရင်းရန်က သတ္တိရှိတာတင် မဟုတ်ဘူး။ တကယ်ကိုလည်း အားကောင်းတာပဲ” ကုကျန်းရှင် မျက်ခုံးပင့်သွားခဲ့သည်။

သာမန် တန်ခိုးရှင်အဆင့်တစ်ဦးသာ ဆိုလျှင်တော့ တန်ခိုးရှင်ဘုရင်အဆင့်တစ်ဦး၏ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံလိုက်ရသည့်အချိန်တွင် ထွက်ပြေးရန်သာ ရွေးချယ်ပေလိမ့်မည်။ မကျေနပ်လျှင်ပင် အံကြိတ်ပြီး ဒေါသကို မြိုသိပ်ကာ ခေါင်းလှည့်၍ ထွက်သွားမည်သာ။ ရန်ကိုင်ကဲ့သို့ ပြန်လာပြီး တိုက်ခိုက်ရန် ကြိုးစားသည့်လူဆို၍ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထိုကဲ့သို့ လုပ်ရဲသည့်လူများသည် ဘာဆိုဘာမှ မကြောက်သည့် လူများဖြစ်လျှင်ဖြစ် မဖြစ်လျှင် သူတို့တွင် အားကိုးအားထား ပြုစရာ တစ်ခုခု ရှိနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရန်ကိုင်သည် ဒုတိယအမျိုးအစားထဲတွင် ပါဝင်ပေသည်။ ကြည့်ရသလောက် ယခင်တိုက်ပွဲတွင် သူ့ခွန်အားကုန်ကို ထုတ်မသုံးသွားသည့်ပုံပင်။

ထို့အပြင် ရန်ကိုင်သည် မကျေနပ်ချက်ရှိလျှင် ကျိန်းသေ လက်စားပြန်ချေတတ်သည့် လူစားမျိုးလည်း ဖြစ်ကြောင်း လီမင်ဟိုင်နှင့် ကိစ္စက သက်သေပြသွားခဲ့လေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၄၀)

“ချောင်းတိုက်ဖို့ဆိုမှတော့ ရောင်းရင်းရန် ဘာလို့ နည်းနည်းလောက် ထပ်မစောင့်တာလဲ။ ဥပမာ၊ ခွေးအိုကြီးလီ ဒီကုကို သတ်ပြီး သတိလျော့သွားတဲ့ အချိန်မျိုးလေ၊ အဲ့အချိန်မှာသာ သူ့ကိုသတ်မယ်ဆိုရင် ဒီလောက်ထိ ခက်ခဲလောက်မှာ မဟုတ်ဘူး” ကုကျန်းရှင်က မေးလိုက်သည်။

“ပိုပြီး အားစိုက်ရဖို့ လိုတယ်ဆိုတာက ကျုပ်သူ့ကို မသတ်နိုင်ဘူးလို့ ပြောတာ မဟုတ်ဘူး” ရန်ကိုင်က ယုံကြည်ချက် အပြည့်ဖြင့် ပြုံးလျက် “ကျုပ်ဘာလို့ အဖွဲ့အစည်းသခင်လေးကို ကယ်လိုက်တာလဲလို့ မေးချင်နေတာမလား”

ကုကျန်းရှင် ခေါင်းညိတ်လိုက်သည်။

“ကိုယ့်မိန်းကလေးအတွက် အသက်ကိုစတေးရဲတဲ့ ယောကျာ်းတစ်ယောက် အခုလိုမျိုး သေသွားရမှာ နှမြောစရာမို့လို့ပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

အစောပိုင်းက ကုကျန်းရှင်သည် လီမင်ဟိုင်၏ တိုက်ကွက်ကို လက်ယာဓါးအစေခံအစား ဝန်ခံပေးသည်။ ထိုသို့ လုပ်ခြင်းသည် မည်မျှ အန္တရာယ်များကြောင်း ရန်ကိုင် သိပေသည်။ တစ်ခုခုသာ မှားယွင်းသွားခဲ့လျှင် ကုကျန်းရှင်နှင့် လက်ယားဓါးအစေခံ နှစ်ဦးစလုံး တစ်ခါတည်း သေပွဲဝင်သွားကြရပေလိမ့်မည်။

ရန်ကိုင်သည် လော့ဟိုင်ကဲ့သို့ ပညာရှင်မျိုးအား စုယန်နှင့် လက်တွဲကာ ယှဉ်တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ကုကျန်းရှင်၏ လုပ်ရပ်အပေါ် အတော်လေး လေးစားမိသည်။

ကိုယ်ချစ်ရသူအတွက် ဤကဲ့သို့ ပေးဆပ်ရဲသည့် ယောကျာ်း တစ်ဦးသည် ဥာဏ်နီဥာဏ်နက်များပြီး ကောက်ကျစ်သည့် လူတစ်ယောက် လုံးဝ မဟုတ်ချေ။

ကုကျန်းရှင် ကြောင်သွားခဲ့၏။

လက်ဝဲနှင့် လက်ယာဓါးအစေခံတို့သည်လည်း ရန်ကိုင်၏ စကားကြောင့် ရှက်သွေးဖြာသွားပြီး ကုကျန်းရှင်ဆီ ချစ်ရိပ်တို့ လွှမ်းနေသည့် မျက်ဝန်းများဖြင့် လှမ်း၍ ကြည့်လိုက်ကြသည်။

မကြာမီ ကုကျန်းရှင် သည်းလှိုက်အူလှီုက် ထရယ်တော့လေသည်။ စိတ်အားတက်ကြွနေဟန်ဖြင့် “ရောင်ရင်းရန်က ယောကျာ်းဆိုမှ တကယ် အာဂယောကျာ်းပဲ။ ရောင်းရင်းရန်လို လူမျိုးနဲ့ လာတွေ့ရတာ ဒီကုအတွက် တကယ်ကို ဂုဏ်ယူစရာပဲ”

ရန်ကိုင်က နှာခေါင်းကိုပွတ်၍ ပြန်ပြောလိုက်လေသည် “အခြား အကြောင်းအရင်တစ်ခုကတော့… သခင်လေးကုရဲ့ ဓါးအဖွဲ့အစည်းက တစ်ယောက်ယောက်နဲ့ ကျုပ်သိနေလို့ပဲ”

“အို၊ ကျုပ်တို့ အဖွဲ့အစည်းက တစ်ယောက်ယောက်နဲ့ ရောင်းရင်းရန် သိတာလား” ကုကျန်းရှင် ပျော်သွားခဲ့သည်။

ရန်ကိုင် သူ့အား ကယ်ထားသည်ကို ထည့်မတွက်လျှင်ပင် ကုကျန်းရှင်သည် ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ချင်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင်သည် ဓါးအဖွဲ့အစည်းမှ တစ်ယောက်ယောက်နှင့် သိနေကြောင်း ကြားလိုက်ရသည့်အခါမှ ကုကျန်းရှင် အလွန် ပျော်သွားခဲ့ခြင်း ဖြစ်သည်။

“ရောင်းရန်းရန် ဘယ်သူနဲ့ သိနေတာလဲ”

“ဟိုမှာ သူတို့ လာနေပြီ” ရန်ကိုင်က မေးငေါ့ပြလိုက်၏။

ကုကျန်းရှင်လည်း ရန်ကိုင် ညွှန်ပြသည့်ဘက်သို့ လှမ်း၍ ကြည့်လိုက်ရာ ရွယ်ရှီတို့ ဆရာတပည့်သုံးဦး သူတို့ဆီသို့ ပျံသန်းလာနေသည်ကို တွေ့လိုက်ရလေသည်။

“သူတို့လား” ကုကျန်းရှင် အမှန်တကယ်ကို အံ့အားသင့်သွားခဲ့သည်။

ရန်ကိုင်သိသည့်လူသည် သူ့လက်အောက်ငယ်သားများ အနက် ထိပ်တန်းပညာရှင်တစ်ဦးဦး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား ထိုသုံးယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

မကြာမီ ရွယ်ရှီ၊ ဟဲကျောင်းနှင့် ဟဲမြောင်တို့ ရောက်လာခဲ့သည်။ ကုကျန်းရှင်အား ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် သူ့အခြေအနေကို မေးမြန်းကြည့်လေသည်။ အဖွဲ့အစည်းသခင်လေး အဆင်ပြေနေကြောင်း သိလိုက်ရမှပဲ အကုန်လုံး စိတ်သက်သာရာ ရသွားခဲ့ကြသည်။

“အစ်ကိုရန်” ဟဲကျောင်နှင့် ဟဲမြောင်သည် ရန်ကိုင်ဘက်သို့ လှည့်လိုက်သည်။ ယခုတစ်ကြိမ်တွင် ရန်ကိုင်၏ အကူအညီဖြင့် သေဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင်အား အပြင်လူတစ်ဦးအဖြစ် သဘောမထား၊ တရင်းတနှီးပင် အစ်ကိုရန်ဟု ခေါ်လိုက်လေသည်။

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး လက်ကို ဆန့်ထုတ်၍ ဟဲကျောင်၏ ခန္ဓာကိုယ်ထဲမှ အနီရောင်အလင်းကို သူ့ကိုယ်ထဲသို့ ပြန်၍ စုပ်ယူလိုက်လေသည်။

“ကျေးဇူးပဲ ရန်ကိုင်၊ နင့်ကြောင့်သာ မဟုတ်ရင် ငါတို့ အကုန်လုံး ဒီမှာ သေသွားပြီ။ ငါနဲ့ငါ့တပည့်‌ နှစ်ယောက်စလုံး နင့်အပေါ် ကျေးဇူးကြွေးတင်သွားပြီ” ရွယ့်ရှီသည် ရန်ကိုင်အား ကျေးဇူးတင်စကား ပြောလိုက်သည်။

ရန်ကိုင်ကမူ ဘာမှပြန်ပြောမနေခဲ့ဘဲ ခေါင်းသာ ညိတ်ပြလိုက်လေသည်။

“ရောင်းရင်းရန်က မိန်းကလေးရွယ့်တို့နဲ့ သိနေတာလား။ တကယ်ကို ရေစက်ဆုံသွားတာပဲ” ကုကျန်းရှင်က အကျယ်ကြီး အော်ရယ်မောလျက် “ရောင်းရင်းရန် စိတ်မရှိရင် ဒီကုရဲ့ ကြယ်သင်္ဘောပေါ် တက်ခဲ့ပါလား။ ဒီကု ရောင်းရင်းရန်ကို ကောင်းကောင်း ဧည့်ခံချင်လို့”

ရန်ကိုင်ကမူ ချက်ချင်း လက်မခံခဲ့။

သူဤနေရာတွင် နေနေရခြင်းမှာ လီမင်ဟိုင်အား ချောင်းမြောင်းသတ်ဖြတ်လိုသည့် အတွက်ကြောင့် ဖြစ်သည်။ ယခု လီမင်ဟိုင် သေသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဤနေရာတွင် ဆက်နေစရာ မလိုတော့ချေ။

ရန်ကိုင် တိတ်သွားသည်ကို မြင်သော် ကုကျန်းရှင်သည် ရန်ကိုင်အား ဆက်၍ တွန်းအားမပေးခဲ့ပေ။ ဟဲကျောင်နှင့် ဟဲမြောင်ကမူ ရန်ကိုင်အား မျှော်လင့်တကြီး မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြလေသည်။

“အဖွဲ့အစည်းသခင်လေး ဘယ်ကို ဆက်သွားဖို့လုပ်နေလဲ ဒီရန် သိလို့ရမလား” ခဏစဉ်းစားနေပြီးနောက် ရန်ကိုင်က မေးလိုက်သည်။

“ရောင်းရင်းကုလို့ပဲ ခေါ်ပါ ရောင်းရင်းရန်၊ အဖွဲ့အစည်း သခင်လေးကို ခေါ်နေတာကို ကြားရတာက နားထဲ နည်းနည်း တစ်မျိုးပဲ” ကုကျန်းရှင်က ပြုံးလျက် “ဘယ်ကို ဆက်သွားမလဲ ဆိုတော့ ကျုပ်အခု မိုးပြာသစ်ပင်ကြယ်ဆီ သွားမလို့ လုပ်နေတာ”

“မိုးပြာသစ်ပင်ကြယ်”

“ဟုတ်တယ်။ ကျုပ်တို့ ဓါးအဖွဲ့အစည်းရဲ့ လက်အောက်မှာ ရှိနေတဲ့ ကြယ်တွေထဲက တစ်လုံးပဲ။ ပုံမှန်အတိုင်းသွားရင် ဒီကနေ တစ်လလောက် သွားရတယ်”

“အဲ့လိုကိုး…” ရန်ကိုင်သည် ခဏလောက် ထပ်စဉ်းစားပြီးနောက် “အစ်ကိုကုက ဖိတ်ခေါ်နေမှတော့ ဒီရန်လည်း လိုက်ရတာပေါ့”

ရန်ကိုင် သဘောတူလိုက်သည်ကို မြင်သော် ကုကျန်းရှင်၏ မျက်ဝန်အစုံ တောက်ပသွားခဲ့လေသည်။ ချက်ချင်းပဲ ငယ်ပေါင်းကြီးဖော် မိတ်ဆွေများနှယ် ရန်ကိုင် ပခုံးပေါ် လက်တင်၍ သူ့အား ကြယ်သင်္ဘောထဲသို့ ခေါ်သွားလေသည်။

လီမင်ဟိုင်၏ တိုက်ခိုက်မှုကြောင့် ကြယ်သင်္ဘောသုံးစင်း အနက် တစ်စီ လုံးဝဥဿုံ ပျက်စီးသွားပြီး ကျန်းတစ်စီးမှာ ဆက်၍ မောင်းမရတော့ချေ။ အကောင်းအတိုင်း ကျန်သေးသည့် ကြယ်သင်္ဘောဆို၍ အလယ်တစ်စီးသာ ရှိတော့သည်။ ဤကြယ်သင်္ဘောသည်လည်း ထိခိုက်သွားခဲ့သော်လည်း အရမ်းကြီး မဆိုးသည့်အတွက် အနည်းငယ်လောက် ပြန်ပြင်လိုက်ရုံဖြင့် ပြန်မောင်း၍ ရပေပြီ။

သင်္ဘောပေါ်သို့ ရောက်သော် ကုကျန်းရှင်သည် ရန်ကိုင်အတွက် နေစရာ စီစဉ်ပေးလိုက်သည်။ ထို့နောက် သူ့ဒဏ်ရာများကို ကုလိုက်ဦးမည်ဟူသော အကြောင်းပြချက်ဖြင့် ထွက်သွားလေသည်။ လီမင်ဟိုင်နှင့် တိုက်ပွဲတွင် ကုကျန်းရှင် အတော်လေး ဒဏ်ရာရသွားခဲ့သည်။ သေလောက်သည့် ဒဏ်ရာများ မဟုတ်သော်ငြား အတော့်ကို ပြင်းထန်သည့် ဒဏ်ရာများ ဖြစ်သည်။ ထိုကဲ့သို့သော ဒဏ်ရာများကို အချိန်ကြာကြာ မထားသင့်ဘဲ မြန်မြန် ကုသသင့်ပေသည်။

ရန်ကိုင်လည်း ထိုအချက်ကို နားလည်ထားသည့်အတွက် စိတ်ထဲ ထားမနေခဲ့ချေ။

တစ်ရက်ခန့်ကြာအောင် ပြန်ပြင်ပြီးနောက် ကြယ်သင်္ဘော နောက်တစ်ကြိမ် ခရီးပြန်ခရီးဆက်နိုင်သွား၏။

ကုကျန်းရှင်သည် ရန်ကိုင်အတွက် အလွန်ကိုမှ ခမ်းနားသော အခန်းတစ်ခန်းကို ပြင်ဆင်ပေးထားသည်။ အခန်းသည် အရမ်းကြီး မကျယ်သော်ငြား အမျိုးမျိုးသော အဆင်တန်ဆာများဖြင့် လှပတင့်တယ်စွာ တန်ဆာဆင်ထားခဲ့သည်။ ထို့အပြင် အခန်းထဲ၌ စိတ်ကို ငြိမ်းအေးစေနိုင်သော အမွှေးနံ့သာအိုးလည်း ရှိနေခဲ့သည်။

ရန်ကိုင်တွင် ကုကျန်းရှင်၏ ဖိတ်ခေါ်မှုကို လက်ခံရသည့် အကြောင်းအရင်း ရှိပေသည်။

ခရီးတောက်လျှောက်သွားပြီး ဟင်းလင်းပြင်အစီအရင်များ တစ်ခုပြီးတစ်ခု ခင်းကျင်းလာခဲ့သော်ငြား ကြယ်သေများပေါ်၌သာ ရှိသေးသည်။ အစစ်အမှန် ကျင့်ကြံရေး ကြယ်တစ်လုံးပေါ်၌ မခင်းကျင်းရသေးချေ။

ကြယ်မြေပုံထဲမှ ကြည့်ရသလောက် မိုးပြာသစ်ပင်ကြယ်သည် အတော်လေးကောင်းသည့် ကျင့်ကြံရေးကြယ်တစ်လုံး ဖြစ်သည်။

ရီရှီယွင်နှင့် အခြားသူများသာ သူခင်းကျင်းထားသော ဟင်းလင်းပြင်အစီအရင်များမှတစ်ဆင့် မိုးပြာသစ်ပင်ကြယ်သို့ လာရောက်နိုင်လျှင် အရိပ်ကြယ်၏ ဖိနှိပ်မှုမှ လွတ်မြောက်ကာ တန်ခိုးရှင်ဘုရင်အဆင့်၏ နက်နဲဆန်းကြယ်မှုများကို ထိတွေ့နိုင်ပေလိမ့်မည်။

နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ သူ့တွင် လေဟာနယ်သလင်းကျောက် များများစားစား မကျန်တော့သည့် အတွက်ကြောင့် ဖြစ်ပေသည်။

ရီရှီယွင်နှင့် အခြားသူများသည် အရိယ်ကြယ်၌ လေဟာနယ် သလင်းကျောက်များကို ရသလောက် စုဆောင်းခဲ့သော်လည်း ကမ္ဘာခြားဟင်းလင်းပြင်အစီအရင်တစ်ခု တည်ဆောက်ရန် လိုအပ်သည့် လေဟာနယ်သလင်းကျောက် ပမာဏမှာ အလွန်ကိုမှ များပြားလွန်းသည်။

သူ့တွင် ကျန်သေးသည့် လေဟာနယ်သလင်းကျောက် ပမာဏသည် နောက်ထပ် ကမ္ဘာခြားဟင်းလင်းပြင် အစီအရင် တစ်ခု ထပ်ဆောက်ရုံလောက်သာ လုံလောက်တော့သည်။

ထို့ကြောင့် နောက်ထပ် လေဟာနယ်သလင်းကျောက်များ ထပ်ရှာရပေတော့မည်။

မိုးပြာသစ်ပင်ကြယ်၏ အရိပ်ကြယ်၏ လက်အောက်တွင် ရှိနေသော ကြယ်တစ်လုံးဖြစ်သည်။ ယခု ရန်ကိုင်သည် ကုကျန်းရှင်နှင့် ရင်းနှီးနေခဲ့လေပြီ။ ထို့ကြောင့် ဤအခွင့်အရေးကို သုံးကာ လေဟာနယ်သလင်းကျောက်များကို ထပ်မံ ရှာဖွေနိုင်၏။

ထိုသို့မလုပ်ခင် သတ္တုကြယ်ဆီပြန်ပြီး ချင်းတုန်၊ ရီရှီယွင်တို့ လေဟာနယ်သလင်းကျောက်တွင်း တစ်တွင်းလောက် ရှာတွေ့မတွေ့ သွားမေးမြန်းကြည့်ရပေဦးမည်။ တကယ်ကြီးသာ ရှာတွေ့ခဲ့မည်ဆိုလျှင်တော့ သူ့အတွက် အတော်လေး ပြဿနာ နည်းသွားပြီဟု ပြော၍ရသည်။

အခန်းထဲသို့ ရောက်သည့်နောက် ရန်ကိုင်သည် တိုက်ပွဲမှ ရလာသည့် ပစ္စည်းများကို ထုတ်ကြည့်လိုက်သည်။

လူသုံးယောက်ကိုသာ သတ်ခဲ့သည့်အတွက် အများကြီးတော့ မရခဲ့ပေ။ ကျန်းဖုနှင့် လျိုတုန်း၏ သိုလှောင်လက်စွပ်ထဲတွင် ရန်ကိုင် စိတ်ဝင်စားလောက်မည့် မည်သည့် ပစ္စည်းမှ ရှိမနေခဲ့ပေ။ ထိုပစ္စည်းအားလုံး အထက်စကြာဝဠာဂိုဏ်း၏ ရတနာဂိုဒေါင် ထဲသို့သာ ရောက်သွားပေလိမ့်မည်။

လီမင်ဟိုင်၏ သိုလှောင်လက်စွပ်ထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိနေခဲ့သည်။

အသိသာ အထင်ရှားဆုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ဖြစ်သော ဝိဥာဉ်ဖျက်လှံပင် ဖြစ်သည်။

ကြယ်စီရင်စုကြီး တစ်ခုလုံးတွင်ပင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာများသည် ဝယ်ချင်တိုင်း ဝယ်၍မရသော မှော်ရတနာများ ဖြစ်ကြသည်။ သို့သော်လည်း ဤမှော်ရတနာနှင့် ပက်သက်၍ ရန်ကိုင် အရမ်းကြီး စိတ်လှုပ်ရှားမနေခဲ့ချေ။ သူ့အသိများထဲတွင် ဤမှော်ရတနာကို သုံးနိုင်သည့်လူ တစ်ဦးမှ ရှိမနေခဲ့ချေ။

ထို့ကြောင့် ထိုမှော်ရတနာကို ခဏ ဘေးဖယ်ထားလိုက်၏။

သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို စစ်ဆေးနေစဉ် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ခဏအကြာ၌ ရန်ကိုင်က လှမ်းပြောလိုက်၏ “ဝင်လာခဲ့”

တံခါးပွင့်လာပြီးနောက် မိန်းမလှလေးနှစ်ဦး ဘေးချင်းယှဉ် လမ်းလျှောက်ဝင်လာခဲ့သည်။

“အစ်ကိုရန်” ဟဲမြောင်သည် ရန်ကိုင်အား တက်ကြွစွာ နှုတ်ဆက်လိုက်ပြီးနောက် သယ်လာသည့် လင်ဗန်းအချို့ကို စားပွဲပေါ်တွင် ချလိုက်လေသည်။

လင်ဗန်း တစ်ခုလုံး စားစရာမှား၊ ဝိုင်းများဖြင့် ပြည့်နေသည်။ ရန်ကိုင် စိတ်ဝင်စားသည့် အရာများတော့ မဟုတ်။ သူ့လက်ရှိ အဆင့်အရ အစားအစာများသည် အရသာခံစားနိုင်ရုံမှအပ သူ့ခန္ဓာကိုယ်အား မည်သည့် အကျိုးကျေးဇူးမှ မဖြစ်စေတော့ပေ။ အချို့သော အစားအသောက်များသည်သာ သူ့ခွန်အားကို တိုးတက်စေနိုင်တော့သည်။

“အစ်ကိုရန်ကို နှောင့်ယှတ်မိသလို ဖြစ်သွားလား” ဟဲကျောင်သည် ဟဲမြောင်ထက် ပို၍ ရင့်ကျက်သူပီပီ ရန်ကိုင်၏ ပုံမှန် အသွင်အပြင်ကိုမြင်သော် စိုးရိမ်တကြီး မေးလိုက်လေသည်။

“မဖြစ်ပါဘူး” ရန်ကိုင်က ပြုံးလျက် “ထိုင်ပါဦး”

“မရဘူး” ဟဲကျောင်က လက်ဝှေ့ရမ်း၍ “ကျွန်မတို့က အစ်ကိုရန်ရဲ့ ဝေယျာဝစ္စကိစ္စတွေကို လုပ်ပေးဖို့ လာခဲ့တာ။ အစ်ကိုရန် လုပ်ခိုင်းချင်တာရှိရင် အားနာမနေနဲ့၊ ပြောသာ ပြောလိုက်”

“ကုကျန်းရှင် လာခိုင်းလိုက်တာလား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။

“အင်း” ဟဲကျောင်သည် မျက်ဝန်းလေးချလျက် လေးလေးစားစား ပြန်ပြောလိုက်သည်။ ဟဲမြောင်ကမူ ပတ်ဝန်းကျင်ကိုသာ စိတ်ဝင်တစား လိုက်ကြည့်နေ၏။ ဤကဲ့သို့ ခမ်းနားကြီးကျယ်သည့် အခန်းမျိုး တစ်ခါမှ မမြင်ဖူးသည့်ပုံပင်။

“အဲ့ဒါဆို အရင်ထိုင်ဦး။ ဒါအမိန့်ပဲ” ရန်ကိုင်က ပြုံးလိုက်သည်။

ဟဲကျောင်သည် ခဏတာ တုန့်ဆိုင်းနေပြီးနောက် သူ့ညီမနှင့်အတူ ထိုင်ချလိုက်လေသည်။ သူမမှာတော့ လိုက်လျောညီထွေဖြစ်အောင် ထိုင်နေသော်ငြား ဟဲမြောင်၏ ဂနာမငြိမ် ဖြစ်နေသော အမူအရာကို မြင်သော် ဟဲမြောင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

ဟဲမြောင်သည် လျှာလေးတစ်လစ်တစ်လစ် ထုတ်လျက် ထိုင်ချလိုက်လေသည်။

“ငါနင်တို့ကိုတွေ့တိုင်း တစ်ခါမှ အဆင်ပြေနေတယ်ဆိုတာ မရှိဘူးနော်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။

ပထမအကြိမ် တွေ့စဉ်က ညီအစ်မနှစ်ဦးသည် ခရမ်းကြယ်မှ ကျင့်ကြံသူများ လိုက်ဖမ်းသဖြင့် ထွက်ပြေးနေခဲ့ရသည်။ ယခု တစ်ကြိမ်တွင်လည်း လီမင်ဟိုင်တို့၏အဖွဲ့၏ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရပြန်သည်။

ရန်ကိုင်၏ စကားကိုကြားသော် ဟဲကျောင် ရှက်သွားခဲ့၏။ ဟဲမြောင်ကမူ “အဲ့စကားကို ကျွန်မတို့က ပြောရမှာပါနော်”

“ဟဲမြောင်” သူမ အစ်မက စူးရဲစွာ စိုက်ကြည့်နေသည်ကို မြင်သော် ဟဲမြောင်က နှုတ်ခမ်းလေး ဆူပုပ်ပုပ်ဖြင့် “ဘာဖြစ်လို့လဲ။ အစ်ကိုရန်က အဲ့လောက်ကို ဂရုစိုက်နေမှာမှ မဟုတ်တာ”

ဟဲကျောင်းလည်း ကူကယ်ရာမဲ့သွားဖြင့် ရန်ကိုင်အား ကြည့်၍ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည် “ကျွန်မ ညီမလေးကို ခွင့်လွှတ်ပေးပါ အစ်ကိုရန်၊ သူက ငယ်ငယ်လေး ကတည်းက အလိုလိုက်ခံထားရလို့ပါ”

“ဘာမှမဖြစ်ပါဘူး။ ဒီလောက်ကြီး စိုးရိမ်မနေစမ်းပါနဲ့” ရန်ကိုင်က လက်ဝှေ့ရမ်းလိုက်၏။ ပထမအကြိမ် တွေ့စဉ်က သူ့ခွန်အားသည် ညီအစ်မနှစ်ဦးနှင့် မတိမ်မယိမ်း ဖြစ်သည့်အတွက် ပုံမှန်စကားပြောသလို ပြောဆိုနိုင်ခဲ့သည်။ ယခုမူ သူတို့ကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားနေခဲ့သဖြင့် ဟဲကျောင်အဖို့ ရန်ကိုင်နှင့် စကားပြောရာတွင် အတော်လေး အခက်တွေ့နေခဲ့ရလေသည်။

တကယ်တော့ သူတို့၏ ဆရာသည်ပင် တန်ခိုးရှင် ပထမအဆင့်သို့သာ ရောက်သေးသည် မဟုတ်လော။ ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သို့ ရောက်နေရုံမက သူတို့၏ သခင်လေးနှင့်လည်း ရင်းနှီးနေခဲ့သည်။

ဟဲကျောင်း၏ ကသိကအောက် ဖြစ်နေသည့် အမူအရာကို မြင်သော် ရန်ကိုင်လည်း ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်ကာ အရင်နှစ်များအတဝွင် သူတို့ မည်ကဲ့သို့ အခြေအနေရှိသလဲ မေးမြန်းကြည့်လေသည်။

ဟဲကျောင်လည်း ချက်ချင်းပဲ ရှင်းပြလိုက်သည်။

လွင့်မျောတိုက်ကြီးမှ လွတ်မြောက်လာပြီးနောက် ရွယ်ရှီသည် သူမတို့ ညီအစ်မနှစ်ဦးကို ဓါးအဖွဲ့အစည်းကို ပြန်ခေါ်လာခဲ့သည်။ သို့ရာတွင် ပေးလိုက်သည့် တာဝန်ကို ကျရှုံးလာခဲ့ရုံမက ကြယ်သင်္ဘောပါ ပျက်စီးပြီး အဖွဲ့သားများစွာ သေကြေခဲ့ရသည့် အတွက် ခေါင်းဆောင်ဖြစ်သော ရွယ်ရှီ ဒုက္ခရောက်လုနီးပါး ဖြစ်သွားခဲ့ရသည်။ သို့ရာတွင် ကံကောင်းထောက်မစွာဖြင့် ရာထူးမြင့် အကြီးအကဲတစ်ဦးမှ ဝင်ပြောပေးသည့်အတွက် သေဘေးမှ လွတ်မြောက်ခဲ့ရပေသည်။

ထို့ကြောင့်ပင် ရွယ်ရှီနှင့် သူမ တပည့်နှစ်ဦးသည် ကုကျန်းရှင်နောက်သို့ စလိုက်ခဲ့ကြလေသည်။ အကြောင်းမှာ သူတို့ဘက်မှ ဝင်ပြောပေးခဲ့သော စီနီယာသည် ကုကျန်းရှင်တို့ အဖွဲ့ဘက်မှ ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

All Chapters