အခန်း (၁၇၄၁-၁၇၄၅)
Vol. 70 Ch. 1741-1745
အပိုင်း (၁၇၄၁)
ယခုတစ်ကြိမ် မိုးပြာသစ်ပင်ကြယ်သို့ ကုကျန်းရှင် လာသည့်အခါ ရွှယ့်ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့လည်း လိုက်လာခဲ့ကြလေသည်။ သို့သော်လည်း သူတို့ လိုက်လာသည့် အခါမှပဲ ချောင်တိုက်ခိုက်ခံရလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
သူမအကြောင်း ပြောပြပြီးနောက် ဟဲကျောင် တိတ်သွားခဲ့၏။ ရန်ကိုင်အကြောင်းကို ဆက်မမေးခဲ့ချေ။ သူမ၏ အဆင့်အတန်းဖြင့် ရန်ကိုင်အကြောင်းကို သွားမမေသင့်မှန်း သိနေသည်။
ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်သည် “ဒါနဲ့ နင်တို့ အဖွဲ့အစည်းသခင်လေး ကုကျန်းရှင်အကြောင်း ဘယ်လောက်သိလဲ”
“အဖွဲ့အစည်းသခင်လေးလား” ဟဲကျောင် ကြောင်သွားခဲ့၏ “အဖွဲ့သခင်လေး ကုကျန်းရှင်အကြောင်း အစ်ကိုရန် ဒီထက် ပိုသိချင်တာလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လျက် “နင်ပြောလို့ရမယ် ထင်သလောက် ပြောပြ”
ဟဲကျောင်က ပြုံးလျက် “အရမ်းကြီးတော့ သိပ်မသိဘူး။ သိထားတဲ့ဟာတွေကလည်း လူတော်တော်များများ သိထားတဲ့ ဟာတွေချည်းပဲဆိုတော့ ပြောပြလို့ ဘာမှမဖြစ်ပါဘူး။ အဖွဲ့အစည်း သခင်လေးက ဓါးအဖွဲ့အစည်းရဲ့ နှစ်ထောင်နဲ့ချီ သမိုင်းကြောင်းမှာ ပါရမီအမြင့်ဆုံးသူလို့ ပြောလို့ရတယ်။ အခု အသက်(၆၀)တောင် မရှိတတ်သေးဘူး၊ တန်ခိုးရှင်အဆင့်ရဲ့ အထွဋ်အထိပ်အဆင့်ကို ရောက်နေပြီ။ ပြီးတော့ နောက်သုံးလေးငါးနှစ်ဆို တန်ခိုးရှင်ဘုရင် အဆင့်ကို ချိုးဖျက်တော့မယ်လို့တောင် ကောလဟာလတွေ ထွက်နေသေးတယ်”
ရန်ကိုင်သည် ရေနွေးကြမ်းသောက်ရင်း ဟဲကျောင်း ပြောနေသည်ကို ထိုင်နားထောင်နေခဲ့သည်။
ထိုအကြောင်းကို လျိုတုန်းဆီမှ သိသွားပြီလေပြီ။
“သခင်လေးက ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တယ်။ တစ်ဖက်သူကိုလည်း လေးစားတယ်။ ရိုးသားဖြောင့်မတ်မှုလည်း ရှိတယ်။ အဖွဲ့အစည်းခေါင်းဆောင်က အဖွဲ့အစည်းသခင်လေးကို အရမ်း မျှော်လင့်ထားတာ။ သခင်လေးက ကျင့်ကြံခြင်းတင် မြင့်တာမဟုတ်ဘူး။ တိုက်ပွဲစွမ်းရည်ကလည်း အရမ်း မြင့်တယ်။ သိရသလောက် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ တတိယသခင်လေး ရွှယ့်ယွယ်နဲ့ ခရမ်းကြယ်ရဲ့ ကျိတုန်တို့လောက်ပဲ သူနဲ့ ယှဉ်နိုင်တယ်တဲ့”
“အွန်း၊ အွန်း…” ဟဲကျောင် ပြောပြသည်ကို နားထောင်ရင်း ရန်ကိုင်စိတ်ထဲ နောက်ထပ်နာမည်တစ်ခု ပေါ်လာခဲ့သည်။
ရှုပင်းပိုင်…
ထိုလူငယ်လေးကို သွေးအကျဉ်းထောင် အပြင်ဘက်၌ တွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုလူငယ်လေးသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သော ဝူတောက်၏ တပည့်ဖြစ်သည်။ ဝူတောက် ဆိုသည့်လူသည် တောင်စိမ်းကြယ်သခင်ဖြစ်သော လော့ဟိုင်ပင် စီနီယာဟု တလေးတစား ခေါ်ရသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ထို့ကြောင့် ဝူတောက်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှာ သံယသရှိစရာ မလိုချေ။
သူပျိုးထောင်ထားသည့် တပည့်မှာလည်း ကုကျန်းရှင်၊ ရွှယ့်ယွယ်နှင့် ကျိတုန်တို့အောက် နိမ့်ကျလိမ့်မည် မဟုတ်ဘဲ ပို၍ပင် သန်မာနိုင်သေးသည်။ သို့သော်လည်း ရန်ကိုင်သည် ထိုအကြောင်းကို စိတ်ထဲတွင်သာ တွေးလိုက်ပြီး အပြင်သို့ ထုတ်မပြောခဲ့ပေ။
ဟဲကျောင်သည် ဓါးအဖွဲ့အစည်းတွင် အတော်ကြာအောင် နေလာခဲ့သော်ငြား သူမ၏ နိမ့်ကျသော ကျင့်ကြံခြင်းကြောင့် သိခွင့်ရထားသည့် သတင်းအချက်အလက်မှာ အကန့်အသတ်နှင့် ရှိပေသည်။ ထို့ကြောင့်ပင်လျှင် အပြင်လောကကြီးအကြောင်းကို သိပ်ပြီး နားလည်လိမ့်မည် မဟုတ်။ သူမစိတ်ထဲ အဖွဲ့အစည်း သခင်လေးသည်သာ အတော်ဆုံး၏ ထင်လျှင် ထင်နေနိုင်၏။
“ဓါးအဖွဲ့အစည်းမှာလည်း အဖွဲ့အစည်းသခင်လေးက တကယ့် နာမည်ကျော်ပဲ။ အဲ့ဒါကြောင့်သာမဟုတ်ရင် ဆရာလည်း သခင်လေးနောက်ကို လိုက်ခဲ့ဖို့ ရွေးချယ်ခဲ့မှာ မဟုတ်ဘူး။ အင်း၊ ပြီးတော့ အဖွဲ့အစည်းသခင်လေးက လက်ဝဲလက်ယာ ဓါးအစေခံတို့နဲ့ အမြဲ ရှိနေတတ်တယ်။ သိရသလောက်တော့ သူတို့က ငယ်ငယ်လေးကတည်းက ညီအစ်ကိုမောင်နှမတွေလို အတူနေလာခဲ့ကြတယ်ဆိုလားပဲ”
“ညီအစ်ကိုမောင်နှမထက် ပိုလောက်တယ်” ရန်ကိုင်က ရယ်သွမ်းသွေး၍ ပြောလိုက်သည်။
လက်ဝဲလက်ယာဓါးအစေခံ ကုကျန်းရှင်အား ကြည့်သည့် အကြည့်သည် မောင်နှမဆက်ဆံရေးထက် အများကြီးပိုသည့် အကြည့်မျိုး ဖြစ်သည်။
ဟဲကျောင်၏ ပါးပြင် ပန်းရောင် သန်းသွားလေသည်။ ရန်ကိုင် အပြောကို ပြန်မပြောဘဲ အင်္ကျီစကို ဆုပ်ကိုင်၍သာ ဆက်ပြောလိုက်၏ “လက်ဝဲဓါးအစေခံကို လင်းယွဲ့လို့ခေါ်ပြီး လက်ယာဓါးအစေခံကို အန်ရှင်းလို့ ခေါ်တယ်။ သခင်လေးနဲ့ သူတို့ နှစ်ယောက်က နေလကြယ်ဆိုတဲ့ ကျင့်စဉ်တစ်မျိုးကို ကျင့်ကြံထားကြတယ်။ အဲ့ကျင့်စဉ်နဲ့ဆိုရင် သူတို့ ကျင့်ကြံခြင်းထက် ပိုမြင့်တဲ့စွမ်းအင်ကိုတောင် ထုတ်သုံးနိုင်တယ်။ ဒါပေမယ့် လက်ဝဲလက်ယာဓါးအစေခံတွေ မရှိတောင်မှ သခင်လေးက အရမ်းကို အားကောင်းနေတုန်းပဲ။ သာမန် ဘယ်တန်ခိုးရှင်တတိယအဆင့်မှ သခင်လေးရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”
ရန်ကိုင် ခေါင်းညိတ်လိုက်သည်။
ကျင့်ကြံသူတစ်ဦး အားကောင်းမကောင်းကို အကြည့် တစ်ချက်ဖြင့်ပင် သိနိုင်ပေသည်။ ကုကျန်းရှင်သည် ရန်ကိုင်အား အားကောင်းသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
ထို့ကြောင့် ကုကျန်းရှင်သည် လက်ရွေးစင်ထဲတွင်ပင် လက်ရွေးစင်တစ်ဦးမှန်း သိနိုင်ပေသည်။
“ကျွန်မသိတာ အဲ့ဒါအကုန်ပဲ” ပြောပြီးသွားသည်နှင့် ဟဲကျောင်သည် ရန်ကိုင် ဘာဆက်ညွှန်းကြားမလဲ ဆိုသည်ကို လေးလေးစားစားဖြင့် စောင့်ဆိုင်းနေလိုက်သည်။
“ကုကျန်းရှင် ဘာလို့ မိုးပြာသစ်ပင်ကြယ်ဆီသွားလဲ နင်သိလား”
“မသိဘူး။ ကျွန်မတို့က သူတို့ ခိုင်းတဲ့အတိုင်းပဲ သိရတာ။ ဘယ်ကို သွားမယ်ဆိုတာတောင်ကိုတောင် အဖွဲ့အစည်း သခင်လေးက တစ်ခါမှ ပြောတာ မဟုတ်ဘူး” ဟဲကျောင်က ခေါင်းခါလိုက်သည်။
“အစ်ကိုရန်၊ အစ်ကိုရန် အဖွဲ့အစည်းသခင်လေးအကြောင်း ဒီလောက် မေးနေတာ အဖွဲ့အစည်းသခင်လေးနဲ့ ရန်သူ လုပ်ချင်လို့လား” ဟဲမြောင်က စိုးရိမ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
ရန်ကိုင်က ရယ်မောလျက် ခေါင်းခါကာ “မလုပ်ပါဘူး။ ငါတို့ကြားမှာ ဘာရန်ငြိုးမှ ရှိတာမှ မဟုတ်တာ။ ပြီးတော့ ကုကျန်းရှင်က လူကောင်းတစ်ယောက်ပဲလေ၊ မဟုတ်ဘူးလား။ အခုလို မေးတယ်ဆိုတာကလည်း ငါက သူ့သင်္ဘောပေါ် ရောက်နေတာလေ။ ဒီတော့ သူ့အကြောင်းလေး ပိုသိအောင် နည်းနည်းပါးပါး မေးမြန်းထားရတာပေါ့။ နင်တို့ ဒီလောက် စိုးရိမ်နေစရာ မလိုပါဘူး”
“အို” ထိုအခါမှပဲ ဟဲမြောင်သည် စိတ်သက်သာရာ ရသွားသည့် ပုံစံဖြင့် သူ၏ လက်ကလေးကို ရင်ဘတ်ပေါ်တင်လျက် သက်ပြင်း အမောကြီး ချလိုက်လေသည်။
ဟဲကျောင်နှင့် ဟဲမြောင်သည် သူတော်စင်ဘုရင် တတိယအဆင့်များသာ ရှိကြသေးသည်။ နှစ်ယောက်စလုံးမှာ အတော်လေး ငယ်ကြသေးသည့်အတွက် အနာဂတ်တွင် ဓါးအဖွဲ့အစည်း၏ အားကိုးအားထားရာများ ဖြစ်လာနိုင်သော်ငြား ထိုအရာမှာ အနာဂတ်အတွက်သာ ဖြစ်သည်။ လက်ရှိ လောလောဆယ်အရ သူတို့၏ အဆင့်အတန်းဖြင့် မည်သည့် အဖိုးတန် သတင်းအချက်အလက်ကိုမှ သိရဦးလိမ့်မည် မဟုတ်ချေ။
လက်ရှိ သူတို့၏ ဘဝကို စကားလုံးဖြင့် ဖော်ပြရသော်…
ပေးသည့်အမိန့်အတိုင်းလုပ်…
ဘာမှ မေးနေစရာမလိုသလို ဘာမှ တွေးနေစရာလည်း မလိုချေ။ အထက်မှ ပေးလာသည့် အမိန့်အတိုင်း လုပ်ရုံပင်။ အသက်အန္တရာယ်များသည့် တာဝန်ဖြစ်လျှင်ပင် ရွေးချယ်ခွင့်မရှိဘဲ လုပ်ရမည်သာ။
ဤသည်မှာ အင်အားကြီးများ၏ အောက်ခြေတွင် ရှိသော ကျင့်ကြံသူများ၏ သနားစရာ ကံကြမ္မာဖြစ်သည်။ ထိုကျင့်ကြံသူများသည် အားကောင်းသော မှီခိုရာ တစ်ခုခုကို ရလိုက်သော်ငြား အပြန်အလှန်အနေဖြင့် သူတို့၏ လွတ်လပ်ခွင့်ကို ဆုံးရှုံးလိုက်ရသည်။ ရန်ကိုင်သာ ကုကျန်းရှင်နှင့် ရန်သူ ဖြစ်လိုလျှင် ဟဲကျောင်နှင့်ဟဲမြောင်တို့ ကွတီးကွကျ အခြေအနေထဲ ရောက်သွားပေလိမ့်မည်။
ထို့နောက် ရန်ကိုင်သည် ဟဲကျောင်၊ ဟဲမြောင်တို့နှင့် စကားနည်းနည်း ဆက်ပြောပြီးနောက် သူတို့အား ပြန်သွားခိုင်းလိုက်လေသည်။
“အစ်ကိုရန်…” မထွက်သွားခင်တွင် ဟဲကျောင်သည် ရုတ်တရက် ပြန်လှည့်ကာ ရန်ကိုင်နာမည်ကို ခေါ်လိုက်သည်။
“ဘာကိစ္စရှိလို့လဲ” ရန်ကိုင်က မေးလိုက်သည်။
ဟဲကျောင်သည် သူမ၏ နှုတ်ခမ်းလေးကိုကိုက်၍ ခဏမျှ တုန့်ဆိုင်းနေပြီးနောက် “ဘာမှမဟုတ်ပါဘူး။ သာယာသော ညချမ်းလေး ဖြစ်ပါစေ၊ လိုအပ်တာ တစ်ခုခုရှိရင် ကျွန်မတို့ကို ခေါ်လိုက်နော်။ ကျွန်မတို့ ဒီအတန်းရဲ့ ဆယ်းငါးခန်းမြောက် အခန်းမှာ ရှိနေမယ်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ညီအစ်မနှစ်ဦးကို ပြန်လွှတ်လိုက်ပြီးနောက် ရန်ကိုင်သည် မတ်တပ်ကြီးရပ်လျက် စဉ်းစားနေလိုက်သည်။ ဟဲကျောင်တွင် သူ့အား ပြောစရာတစ်ခုခု ရှိနေသည့်ပုံပင်။ ပြောမထွက်ခဲ့ခြင်းသာ။
ထိုညီအစ်မနှစ်ဦးနှင့် နှစ်ကြိမ်သာ တွေ့ခဲ့ဖူးသော်လည်း လွန်ခဲ့သော နှစ်များစွာခန့်က လွင့်မျောတိုက်ကြီးမှ အတွေ့အကြုံအရ သူတို့ကြားရှိ ဆက်ဆံရေးမှာ အတော့်ကို နီးကပ်သည်ဟု ပြော၍ရသည်။
ယခုတစ်ကြိမ် ပြန်တွေ့ပြီးနောက်တွင် သူတို့၏ ဆက်ဆံရေးမှာ ပိုမို ကောင်းမွန်လာခဲ့လေသည်။
ဟဲကျောင်သာ သူ့ဆီမှ အကူအညီလိုလျှင် သူလည်း ငြင်းဆန်နေမည် မဟုတ်ချေ။ သို့သော်လည်း ဟဲကျောင်သည် သူ့ဆီမှ အကူအညီတောင်းရန် တွန့်ဆုတ်နေသည့်ပုံပင်။
“အစ်မက အစ်ကိုရန်ကို ကျွန်မတို့အစား ပြောပေးစေချင်တာလား” အခန်းကို ပြန်ရောက်သည့်အခါ ဟဲမြောင်က ဟဲကျောင်ကို မေးလိုက်လေသည်။
“အင်း” ဟဲကျောင်က ခေါင်းညိတ်၍ “အခု၊ အစ်ကိုရန်ပဲ ငါတို့ကို ကူညီပေးနိုင်မှာပဲ။ ဆရာတောင် ဘာမှမလုပ်နိုင်ဘူး”
“ဒါဆို ဘာလို့ အကူအညီ မတောင်းလိုက်တာပဲ။ အစ်ကိုရန်က လူကောင်းတစ်ယောက်ပဲဟာကို၊ ကျွန်မတို့ အကူအညီလိုနေရင် ကျိန်းသေ ရပ်ကြည့်နေမှာမဟုတ်ဘူး”
“ငါလည်း အဲ့လိုထင်တာပဲ” ဟဲကျောင်သည် ကုတင်ပေါ်တွင် ထိုင်၍ “ဒါပေမယ့် အခုကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူးလေ”
“အစ်မ…” ဟဲမြောင်သည် ဟဲကျောင်ပေါင်ပေါ်တွင် ခေါင်းတင်လဲလျောင်းလျက် ဝမ်းနည်းစွာဖြင့် တိုးတိုးလေး ပြောလိုက်သည် “ကျွန်မတို့သာ ဘာမှမလုပ်ရင်.. အဲ့လူနဲ့…”
ဟဲကျောင်သည် ဟဲမြောင်၏ ဆံပင်အား နားသယ်နောက်သို့ သပ်တင်ပေးရင်း ဝမ်းနည်းနေသည့်လေသံဖြင့် “ဟုတ်တယ်။ စီနီယာချင်း ကူညီပေးလို့ပဲ ဆရာ ဒီနေ့ထိ အသက်ရှင်နိုင်ခဲ့တာ။ အဲ့ဒါကြောင့်ပဲ စီနီယာချင်းရဲ့ ကမ်းလှမ်းချက်ကို ဆရာ မငြင်းရက် ဖြစ်နေတာ။ ဒီတစ်ခါတော့ ငါတို့ ပြန်ပေးရမယ့် အလှည့်ပဲနဲ့ တူတယ်။ ငါတို့ စီနီယာချင်းဆီက အကူအညီတွေ ယူခဲ့တာ အရမ်း များနေပြီ”
“ဒါပေမယ့် ညီမ သူ့ကို မကြိုက်ဘူး” ဟဲမြောင်က ရုတ်တရက် ထထိုင်လျက် ခက်ထန်သည့် အမူအရာဖြင့် လက်သီးဆုပ်ကာ အခိုင်အမာ ပြောလိုက်လေသည် “အဲ့နေ့ရောက်ရင် အဲ့ချင်းချီယန်ဆိုရင် ကောင်စုတ်ကို ညီအ အရင်ဆုံး သတ်ပစ်မယ်”
ဟဲကျောင်သည် ဟဲမြောင်အား ထိတ်လန့်နေသည့် အမူအရာဖြင့် စိုက်ကြည့်ရင်း အလျင်အမြန် အော်ပြောလိုက်၏ “နင်ဘာတွေ လျှောက်ပြောနေတာလဲ”
ဟဲမြောင်သည် နှုတ်ခမ်းလေး ဆူတူတူလုပ်လျက် ဘာမှ ဆက်မပြောတော့ပေ။ သူမ အစ်မ၏ ပေါင်ပေါ်တွင်သာ ပြန်၍ လဲလျောင်းနေလိုက်၏။
ရန်ကိုင်သည် ညီအစ်မနှစ်ဦး ထွက်သွားပြီးနောက် ပြန်၍ ကျင့်ကြံတော့မည်အပြု တံခါးခေါက်သံကို ကြားလိုက်ရလေသည်။
မျက်မှောင်ကြုတ်လျက် မှုန်ကုတ်ကုတ် အမူအရာဖြင့် တံခါးကို သွားဖွင့်လိုက်သည့်အခိုက်၊ အနည်းငယ် ပျာယာခတ်နေသော မျက်နှာကို မြင်တွေ့လိုက်ရ၏။
ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“ငါဝင်လာလို့ရလား” တံခါးဝရှိလူက ဘေးပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက် လှည့်ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ဘာဖြစ်နေတာလဲ ရန်ကိုင်ပို၍ နားမလည်နိုင် ဖြစ်နေ၏။ သို့သော်လည်း တစ်ဖက်လူ၏ စိုးရိမ်ပူပန်နေသည့် အမူအရာကို မြင်သော် ငြင်းမနေခဲ့ဘဲ အထဲသို့ ဖိတ်ခေါ်လိုက်လေသည်။ ရန်ကိုင်မှ ခွင့်ပြုပေးလိုက်သည်နှင့် အမျိုးသမီးသည် ချက်ချင်းပဲ အိမ်ထဲသို့ ပြေးဝင်သွားလေ၏။
တံခါးကို ပြန်ပိတ်ပြီးနောက် ရန်ကိုင်သည် အမျိုးသမီးအား ကြည့်၍ သင်္ကာမကင်း အမူအရာဖြင့် မေးမြန်းလိုက်လေသည် “မိန်းကလေးယွဲ့၊ ကျုပ်နဲ့ ဆွေးနွေးစရာရှိလို့လား”
ရောက်လာသည့်လူမှာ ဟဲမြောင်နှင့် ဟဲကျောင်တို့၏ ဆရာဖြစ်ဟူ ယွဲ့ရှီပဲ ဖြစ်လေသည်။
ရန်ကိုင် အတော်လေး ခေါင်းရှုပ်နေခဲ့သည်။ ညီအစ်နှစ်ဦး ထွက်သွားပြီး မကြာသေးခင်မှာပင် သူတို့၏ ဆရာ ဗြုန်းစားကြီး ရောက်ချလာခဲ့သည်။ အပြင်လူများသာ ဤမြင်ကွင်းကို မြင်သွားခဲ့လျှင် သူနှင့် ဆရာတပည့်သုံးဦးကြား မဟုတ်တရုတ် ဇာတ်လမ်းတစ်ခု ဖြစ်နေသည်ဟု ထင်ကုန်ကြပေလိမ့်မည်။
“သခင်လေးရန်ကို နှုတ်ဆက်ပါတယ်” ယွဲ့ရှီသည် အရင်ဦးစွာ ကျော့ရှင်းစွာ ဦးညွှတ်နှုတ်ဆက်လိုက်လေသည် “ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် သခင်လေးရန်ကို ကျေးဇူးတင်ပါတယ်”
“လိုရင်းကိုပြော” ရန်ကိုင်က ပြောလိုက်သည်။
ယွဲ့ရှီမျက်နှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ မကြာမီ ခါးသက်စွာပြုံးလျက် တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက်တွင် ရှင်းရှင်းလင်းလင်း ပြောပြလိုက်လေသည် “သဘောထားကြီးကြီးနဲ့ ဟဲကျောင်နဲ့ ဟဲမြောင်တို့ကို ကယ်ပေးဖို့ သခင်လေးရန်ကို ကျွန်မ တောင်းဆိုချင်လို့ပါ”
“သူတို့ ဘာဖြစ်နေလို့လဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏ “ကျုပ်ကြည့်ရသလောက်တော့ သူတို့ အခြေအနေက အကောင်းကြီးပါ။ ဘာဒဏ်ရာမှလည်း ရထားတာ မရှိပါဘူး”
“သူတို့ ဒဏ်ရာရထားတာ မဟုတ်ပါဘူး” ယွဲ့ရှီက ခေါင်းခါလျက် “ပြဿနာက… သူတို့ နှစ်ယောက်ထဲက တစ်ယောက်က လူတစ်ယောက်နဲ့ လက်ထပ်ရမှာမို့လိုပါ။ ပြီးတော့ အဲ့လူက သာမန်လူလည်း မဟုတ်လို့ပါ”
ရန်ကိုင် ယွဲ့ရှီအား မျက်လုံးမှေးစဉ်း၍ ကြည့်လိုက်သည်။
ရန်ကိုင်၏ အကြည့်အောက်တွင် ယွဲ့ရှီ ပို၍ နေရထိုင်ရ ခက်လာခဲ့သည်။ ရှက်လည်း ရှက်မိသလို လိပ်ပြာမလုံသလိုလည်း ခံစားလာရသည်။ သို့သော် မကြာမီတွင် ခေါင်းမော့၍ ရန်ကိုင်အား မျက်လုံးချင်းတည့်တည့် ပြန်စိုက်ကြည့်လိုက်လေသည်။
“အရင် ထိုင်လိုက်ဦး။ ထိုင်ပြီးမှ ပြောကြတာပေါ့” ရန်ကိုင်က ယွဲ့ရှီအား ထိုင်ရန် ပြောလိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။
“ကျေးဇူးအများကြီး တင်ပါတယ်” ယွဲ့ရှီသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလျက် ထိုင်ချလိုက်သည်။
“အသေးစိတ်လေး တစ်ချက်လောက် ပြောပြပါလား” ရန်ကိုင်က ယွဲ့ရှီနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်၍ မေးလိုက်သည်။
ယွဲ့ရှီက ခေါင်းညိတ်လျက် “ကျွန်မ ပြောပြမှာပါ။ ဖြစ်သွားတာက ဒီလိုပါ”
ယွဲ့ရှီ ရှင်ပြသည်ကို နားထောင်ပြီးနောက် အကြောင်းစုံကို ရန်ကိုင် နားလည်သွားခဲ့လေသည်။
ယခုကိစ္စသည် ထိုနှစ်က ကိစ္စနှင့် သွားပက်သက်နေခဲ့သည်။ ယွဲ့ရှီနှင့် ရန်ကိုင် စတွေ့စဉ်က၊ ယွဲ့ရှီသည် သူတော်စင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောကို မောင်းနှင်၍ အဖွဲ့အစည်းမှ ပေးအပ်သော တာဝန်တစ်ခုကို လုပ်ဆောင်နေခဲ့သည်။
ထိုနှစ်က အဖြစ်အပျက်ကြောင့် ဓါးအဖွဲ့အစည်းသည် အဆုံးအရှုံးများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတွင် ယွဲ့ရှီ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့သာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဓါးအဖွဲ့အစည်းသို့ ပြန်ရောက်လာသည့်အခါ ကြီးလေးသည့် ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၄၂)
အဖွဲ့အစည်း၏ စည်းမျဉ်းအရ ပုံမှန်အပြစ်ဒဏ်မှာ သေဒဏ် ဖြစ်သည်။ သို့မှသာ အခြားသူများလည်း နမူနာယူနိုင်မည် ဖြစ်၏။ ထိုသို့မဟုတ်လျှင် ကျင့်ကြံခြင်းကို ဖျက်စီး၍ အဖွဲ့အစည်းမှ နှင်ထုတ်ရန် ဖြစ်သည်။ ဟဲကျောင်နှင့် ဟဲမြောင်တို့ကမူ ကျွန်ဘဝသို့ ရောက်သွားကြရပေလိမ့်မည်။
သို့သော်လည်း ချင်းဝူဟိုင်ဆိုသော အကြီးအကဲ၏ ဝင်ရောက် ပြောဆိုပေးမှုကြောင့် ထိုအဖြစ်အပျက်မှ ယွဲ့ရှီ အသက်ရှင်နိုင်ခဲ့၏။
ချင်းဝူဟိုင်သည် ကုကျန်းရှင်၏ နောက်လိုက်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့လည်း ကုကျန်းရှင်၏ နောက်လိုက်များ ဖြစ်လာခဲ့ကြလေသည်။
သို့သော်လည်း ချင်းဝူဟိုင်တွင် သားတစ်ယောက် ရှိလေသည်။ အဖေ၏ ရာထူးအဆင့်အတန်းကို မှီခို၍ ထိုကောင်လေးသည် ဆိုးချင်တိုင်း ဆိုးသည်။ လုံးဝကြီး စည်းလွတ်ဝါးလွတ် ဆိုးနေခြင်း မဟုတ်သော်ငြား လူကောင်းတစ်ယောက် မဟုတ်သည်မှာတော့ လုံးဝ သေချာပေသည်။
ချင်းဝူဟိုင်မှာ အမြဲတမ်းလိုလို ကုကျန်းရှင်၏ ကိစ္စများကို ကူညီပေးနေရသဖြင့် သူ့သားအပေါ် သိပ်ပြီး အာရုံမစိုက်ဖြစ်ခဲ့ပေ။
ဓါးအဖွဲ့အစည်း၏ ပင်မကြယ်ပေါ်တွင် ချင်းဝူဟိုင်ကဲ့သို့ အဆင့်အတန်း မြင့်မားသည့်လူ အများကြီး ရှိပေသည်။ တစ်နေ့တွင် ချင်းချီယန်သည် ရန်မစသင့်သည့် လူတစ်ဦးကို သွားရန်စမိကာ တစ်ဖက်လူ၏ ထောင်ချောက်ထဲ ရောက်သွားခဲ့၏။ ကံကောင်းပြီး အသက်ရှင်ခဲ့သော်ငြား ဝိဥာဉ် ဒဏ်ရာရသွားသဖြင့် အရူးတစ်ယောက်အဖြစ်သို့ လုံးလုံး ပြောင်လဲသွားခဲ့လေသည်။
သူ့သားသည် ဆန်ကုန်မြေလေးတစ်ဦး ဖြစ်သော်ငြား ထိုကောင်လေးမှာ သူ၏ တစ်ဦးတည်းသောသား ဖြစ်သည်။ ချင်းချီယန် အရူး ဖြစ်သွားသည့်အခါ ချင်းဝူဟိုင် အလွန်ကိုမှ စိတ်ညစ်သွားခဲ့ရလေသည်။ သို့သော်လည်း ထိုကောင်လေးသည် ရူးသွားပြီးနောက်ပိုင်း ယခင်ထက် ပိုလိမ္မာလာခဲ့သည်။
နှစ်များစွာကြာပြီးနောက်တွင် မျိုးဆက် မပြတ်စေရန်အတွက် ချင်းဝူဟိုင်သည် သူ့သားအတွက် မိန်မရှာပေးရန် စဉ်းစားတော့၏။
သို့သော်လည်း အရူး တစ်ယောက် ဖြစ်နေသည့် ချင်းချီယန်ကို မည်သူကများ လက်ထပ်ချင်မည်နည်း။ ဆိုးရွားလှသည့် သူ့ယခင် ဂုဏ်သတင်းကိုပါ ထည့်ပေါင်းလိုက်သော် သူ့အား လက်ထပ်ချင်သည့် အမျိုးသမီး တစ်ဦးကိုမှ ရှာမရတော့ပေ။
ချင်းဝူဟိုင်၏ အဆင့်အတန်းမှာ မနိမ့်ကျသည့်အတွက် သူ့သားအား သာမန် မိန်းကလေးနှင့်လည်း လက်မထပ်စေချင်ပေ။
နောက်ဆုံး မိန်းမရှာမရသည့်အဆုံး ဟဲမြောင်နှင့် ဟဲကျောင်တို့ကိုသာ ပစ်မှတ်ထားရလေတော့သည်။ ညီအစ်မ နှစ်ဦးထဲမှ တစ်ဦးသာ ချင်းချီယန်နှင့် လက်ထပ်ပြီး မျိုးဆက် ချန်ထားပေးနိုင်ခဲ့မည်ဆိုလျှင် ချင်းဝူဟိုင် စိတ်သက်သာရာ ရပေပြီ။
ထို့အတွက်နှင့် ချင်းဝူဟိုင်သည် အလွန်ကိုမှ ရက်ရောသော လျော်ကြေးကိုပင် ပြင်ဆင်ပေးထားသေးသည်။
ထိုကိစ္စအတွက် ချင်းဝူဟိုင်သည် ယွဲ့ရှီဆီသို့ တိုက်ရိုက် မသွားခဲ့ဘဲ ကုကျန်းရှင်ကို သွားအပူကပ်လေသည်။
ပုံမှန်အားဖြင့် သူ့လုပ်ရပ်မှာ အောက်တန်းကျသည်ဟု ပြော၍ရသော်ငြား မျိုးဆက်မပြတ်ရေးအတွက် ချင်းချီဟိုင်သည် သူ့မျက်နှာပျက်ရမည်ကိုပင် ဂရုစိုက်မနေတော့ပေ။
ချင်းချီဟွေသည် နှစ်ပေါင်းများစွာကြာအောင် ကုကျန်းရှင်နောက် လိုက်ခဲ့ပြီး ကုကျန်းရှင်အတွက်လည်း ကြိုးကြိုးစားစား လုပ်ဆောင်ပေးခဲ့သည်။ ယခု မျိုးဆက် မပြတ်ရန်အလို့ငှာ သူ့သားအတွက် မိန်းမတစ်ယောက် လိုချင်သည်ဟု ပြောလာသည့်အခါ ကုကျန်းရှင် အနေဖြင့် မည်သို့များ ငြင်းဆန်နိုင်မည်နည်း။ ထို့ကြောင့် ကုကျန်းရှင်သည် ယွဲ့ရှီကို ဆင့်ခေါ်၍ ဟဲကျောင်နှင့် ဟဲမြောင်တို့အနက် မည်သူက လက်ထပ်မည်လဲ ဆိုသည်နှင့်ပက်သက်၍ ညီအစ်မနှစ်ဦးနှင့် ဆွေးနွေးကြည့်ရန် အမိန့်ပေးလိုက်လေသည်။
ကုကျန်းရှင်၏ အမိန့်ကြောင့် ယွဲ့ရှီလည်း ဘာမှ မတတ်နိုင် ဖြစ်ရတော့သည်။
ယွဲ့ရှီ ထိုကိစ္စအား အချိန်ဆွဲနေခဲ့သည်မှာ တစ်နှစ်ကျော်နေခဲ့လေပြီ။ သူ့လုပ်ရပ်သည် အတော်လေး လွန်မှန်း သိသည့်အတွက်ကြောင့်လား မသိရာ ချင်းဝူဟွေသည် ယွဲ့ရှီအား တွန်းအားမပေးခဲ့ချေ။
သို့ရာတွင် အချိန်ဆွဲနေခြင်းသည် အဖြေတစ်ခု မဟုတ်ချေ။ တစ်နေ့နေ့တွင် ဟဲကျောင် သို့မဟုတ် ဟဲမြောင်သည် သူ့သားနှင့် လက်ထပ်ရပေလိမ့်မည်။
ရန်ကိုင်၏ ပေါ်ထွက်လာမှုသည် ယွဲ့ရှီအတွက် မျှော်လင့်ချက် တစ်ခု ဖြစ်လာခဲ့သည်။ ကုကျန်းရှင်အား ထိုကိစ္စကို ပယ်ဖျက်ပေးရန် သွားမတောင်းဆိုနိုင်ချေ။ ချင်းဝူဟွေသည် သူတို့ သုံးဦးအပေါ် အတော်လေး ကောင်းခဲ့သည် မဟုတ်လော။ ထို့ကြောင့် ငြင်းပယ်ခြင်းသည် ရွေးချယ်စရာတစ်ခု မဟုတ်။
သို့သော် ရန်ကိုင်ကတော့ မတူချေ။ ရန်ကိုင်သည် ဓါးအဖွဲ့အစည်းမှ မဟုတ်သလို ကုကျန်းရှင်သည်လည်း ရန်ကိုင်နှင့် မိတ်ဆွေဖွဲ့ချင်နေသည်။ ရန်ကိုင်ဆီမှ အနည်းငယ်သော စကားလုံး အချို့သည် သူ့တပည့်နှစ်ဦး ကြုံရမည့် အနာဂတ် ပြဿနာများကို ဖြေရှင်းသွားပေးနိုင်ပေသည်။
ထို့ကြောင့် ယွဲ့ရှီသည် ရန်ကိုင်ဆီသို့ တိုးတိုးတိတ်တိတ် လာကာ သူ့ဆီမှ လာအကူအညီတောင်းခြင်း ဖြစ်သည်။
ယွဲ့ရှီ ပြောသည်ကို နားထောင်ပြီးနောက် ရန်ကိုင်က ခေါင်းညိတ်လျက် “ကျုပ်သိပြီ”
ဟဲကျောင် မပြန်ခင် ဘာပြောချင်နေလဲ ဆိုသည်ကိုလည်း ရန်ကိုင် နားလည်သွားခဲ့လေပြီ။ သူ့ဆီမှ ဤကိစ္စနှင့် ပက်သက်၍ အကူအညီ တောင်းလိုခြင်း ဖြစ်သည်။
“သခင်လေးရန် ကျေးဇူးပြုပြီး အဲ့မိန်းကလေးနှစ်ဦးကို ကူညီပေးလို့ရမလား။ သူတို့က မွေးကတည်းက အဖေအမေမရှိတဲ့ ဘဝမှာ နေလာရတာ။ ကျွန်မကပဲ သူတို့ကို မွေးစားခဲ့တာဆိုတော့ သူတို့ နှစ်ယောက်စလုံးက ကျွန်မအတွက် သားသမီးတွေလိုပဲ။ သူတို့ မီးတွင်းထဲ ခုန်ချရမှာကို ကျွန်မ တကယ် မကြည့်ရက်လို့ပါ” ယွဲ့ရှီက ငိုကြွေးရင်း တောင်းဆိုလိုက်လေသည် “စီနီယာချင်းက ကျွန်မတို့အပေါ် အရမ်းကောင်းခဲ့တာ။ သူသာ အခြားနည်းနဲ့ အကူအညီတောင်းမယ်ဆိုရင် ကျွန်မ လုံးဝ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုကိစ္စက အဲ့မိန်းကလေးနှစ်ဦးနဲ့ အနာဂတ်နဲ့ ပက်သက်နေတာဆိုတော့ ကျွန်မ လုံးဝ လက်မခံနိုင်လို့ပါ”
“အင်း၊ ဒီကိစ္စက ခင်ဗျားအမှား မဟုတ်ပါဘူး” ရန်ကိုင်က ပြောလိုက်သည်။ ယွဲ့ရှီ၏ တောင်းဆိုချက်ကို ကြားကြားချင်း အထင်လွဲမိသွားခဲ့သော်ငြား သူမ ရှင်းပြသည်ကို နားထောင်ပြီးနောက် ဤကိစ္စသည် သူတို့ တတ်နိုင်သည်ထက် ကျော်လွန်နေမှန်း ရန်ကိုင် နားလည်သွားခဲ့လေသည်။
ကုကျန်းရှင်က ပြောနေမှဖြင့် ယွဲ့ရှီ မည်ကဲ့သို့များ ငြင်းနိုင်တော့မည်နည်း။
ကုကျန်းရှင်အတွက် ချင်းဝူဟွေ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့သည် အဓိကဖြစ်သည်။ ညီအစ်မနှစ်ဦး၏ ဘာဖြစ်ဖြစ် သူဂရုစိုက်လိမ့်မည် မဟုတ်ချေ။ ညီအစ်မနှစ်ဦးသည် သူ့အတွက် သူစိမ်းများသာ ဖြစ်ကြသလို ချင်းဝူဟွေကလည်း လျော်ကြေးအများကြီးပင် ပြန်ပေးဦးမည် မဟုတ်လော။
တန်ခိုးရှင်တတိယအဆင့် ပညာရှင်ဟူသော သူ့အဆင့်အတန်း အရ၊ သူပေးမည့် လျော်ကြေးသည် တကယ်ကို မက်လောက်စရာ လျော်ကြေး ဖြစ်ပေလိမ့်မည်။ သာမန် မိန်းကလေးတစ်ဦးအတွက် ချင်းမိသားစုထဲ ဝင်နိုင်ခြင်းသည် ငှက်ဘဝမှ ဖီးနစ်ငှက်ဘဝသို့ ရောက်သွားခြင်းနှင့် တူပေသည်။
လက်ရှိ ကိစ္စနှင့်ပက်သက်၍ ကုကျန်းရှင်၏ ဆုံးဖြတ်ပုံသည် သိပ်ပြီး သင့်တော်မှုမရှိသော်ငြား သူ့အဆင့်အတန်းနှင့် ရာထူးအရ ဤကဲ့သို့ ဆုံးဖြတ်သည်မှာ ပုံမှန်သာ ဖြစ်သည်။
သို့သော်လည်း သူ့အဖို့ ဤကိစ္စထဲ မဆင်မခြင် ဝင်ပါဖို့သည် သိပ်ပြီး မသင့်တော်သဖြင့် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့၏။
“သခင်လေးရန်…” ရန်ကိုင် စားပွဲခုံအား တတောက်တောက် ခေါက်နေသည်ကို မြင်သော် ယွဲ့ရှီအနေဖြင့် တိတ်နေချင်သော်ငြား မတိတ်နိုင်တော့သဖြင့် “သခင်လေးရန်သာ အဖွဲ့အစည်းသခင်လေးကို ဒီလက်ထပ်ကို ဖျက်ပေးဖို့ တောင်းဆိုပေးနိုင်မယ်ဆိုရင် ကျွန်မ သေရမယ်ဆိုရင်တောင် ဒီအကြွေးကို မဖြစ်ဖြစ်အောင် ပြန်ဆပ်ပါမယ်လို့ ကျိန်ရဲပါတယ်”
“အဲ့လောက်ကြီး မလိုပါဘူး” ရန်ကိုင်က လက်ဝှေ့ရမ်း၍ “ကျုပ်သာ ဒီကိစ္စကို ဝင်ဖြေရှင်းမယ်ဆိုရင် ခင်ဗျား ဘာဆက်လုပ်မှာလဲ”
ထိုစကားကို ကြားသည့်အခါ ယွဲ့ရှီ မှင်သက်သွားခဲ့လေသည်။ တစ်ခဏကြာသည်အထိ ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ခင်ဗျားက ချင်းဝူဟွေကို အကြွေးတင်တယ်။ ဒီတော့ ကျုပ်သာ ဒီကိစ္စမှာ ဝင်ပါလိုက်ရင် ခင်ဗျားတို့ သုံးယောက်က ကျေးဇူးမသိတတ်တဲ့လူတွေ ဖြစ်မသွားဘူးလား။ ဒီပုံစံနဲ့ ဓါးအဖွဲ့အစည်းထဲမှာ ခင်ဗျားတို့ ဘယ်လို ဆက်နေမှာလဲ”
မည်သူမှ အမှန်တရားကို ဂရုမစိုက်ကြ။ အကုန်လုံးသည် အပေါ်ယံကိုသာ မြင်ကြသည်။ ရန်ကိုင် ပြောနေသည်မှာ နောက်ဆက်ဖြစ်မည့် ကိစ္ဏပင်။
“အဲ့ဒါက..” ကျေးဇူးမသိတတ်တဲ့ လူတစ်သိုက်ဟု အများ၏ ပြောဆိုခံရမှု၊ နောက်ဆက်ကြုံရမည့် လူများ၏ အေးစက်စက် တုန့်ပြန်မှုများအကြောင်းကို တွေးရင်း ယွဲ့ရှီ ရင်လေးမိသွားသည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားကာ အံကြိတ်၍ ပြောလိုက်၏ “သခင်လေးသာ စိတ်ထဲမထားဘူးဆိုရင် အဖွဲ့အစည်းသခင်လေး ဆီကနေ အဲ့မိန်းကလေးနှစ်ယောက်ကို တောင်းလိုက်လို့ရတယ်။ သူတို့က သူတော်စင်ဘုရင် တတိယအဆင့်ပဲ ရှိသေးတာဆိုတော့ အဖွဲ့အစည်းသခင်လေးလည်း ငြင်းမှာ မဟုတ်ဘူး။ နောက်ပိုင်း သူတို့ကို အိမ်ဖော်ဖြစ်ဖြစ်၊ ကိုယ်ုလုပ်တော်ဖြစ်ဖြစ် ထားချင် ထားလိုက်ရင် အဆင်ပြေတာပဲမလား”
“ခင်ဗျား တကယ်ကြီးလား” ရန်ကိုင် ကြောင်သွားခဲ့သည်။
ယွဲ့ရှီက ပြုံးလျက် “အဲ့မိန်းကလေးနှစ်ယောက် သခင်လေးရန်ကို တော်တော်လေး နှစ်သက်မှန်း ကျွန်မသိတယ်။ ဒီတော့ သူတို့ ငြင်းလောက်မှာ မဟုတ်ဘူး။ ပြီးတော့ သခင်လေးရန်က ပါရမီရှင်တွေထဲက ပါရမီရှင်တစ်ဦးပဲဟာကို”
“ခင်ဗျားက သူတို့ရဲ့ ဆရာလေ။ ဘယ်လိုလုပ်ပြီး…” ရန်ကိုင် မျက်နှာ ရှုံ့မဲ့နေခဲ့သည်။
“အဲ့လိုဆိုရင် အခုကိစ္စကို သခင်လေးရန်…” ယွဲ့ရှီသည် ရန်ကိုင်အား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ရန်ကိုင်၏ အဖြေကို မရခင်အထိ သူမ စိတ်မအေးနိုင်သေးချေ။
“ဒီကိစ္စက သိပ်မလွယ်ဘူး” ရန်ကိုင် မျက်မှောင်ကြုတ်လိုက်၏။
ရန်ကိုင် စကားကိုကြားသော် ယွဲ့ရှီ စိတ်ပူသွားခဲ့သည်။
“ကျုပ်ကို အရင်ဆုံး ချင်းချီယန်ရဲ့ အခြေအနေကို ပြောပြ။ ချင်းဝူဟွေက ဘယ်သူလဲ၊ သူဘယ်လိုလူမျိုးလဲ။ ကုကျန်းရှင် လူတွေထဲမှာ သူ့အဆင့်အတန်း ဘယ်လောက်ထိ မြင့်လဲ”
…
နာရီဝက်ကြာပြီးနောက်တွင် ရန်ကိုင်၏ အခန်းထဲမှ ယွဲ့ရှီ ပြန်ထွက်လာခဲ့သည်။ ရန်ကိုင်ဆီသို့ မလာခင် သူမ မျက်နှာထက် ထင်ရှိနေသော စိုးရိမ်မှုတို့သည် နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားကုန်ခဲ့လေပြီ။
နောက်နှစ်ရက်အတွင်းတွင် ကြယ်သင်္ဘောသည် မိုးပြာသစ်ပင်ကြယ်ဆီသို့ ဖြည်းဖြည်းနှင့်မှန်မှန် ခုတ်မောင်းနေခဲ့၏။
ရန်ကိုင်သည် ဆေးလုံးများကို ဖော်စပ်ရင်း အခန်းထဲတွင်သာ ငြိမ်သက်တိတ်ဆိတ်စွာ ကျင်ကြံနေခဲ့သည်။
နှစ်ရက်ကြာပြီးနောက် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့၏။
ရန်ကိုင်၏ ခွင့်ပြုချက်ရပြီးနောက် ဟဲကျောင်နှင့် ဟဲမြောင်တို့ ညီအစ်မနှစ်ဦး အခန်းထဲသို့ ဝင်လာခဲ့လေသည်။
“အစ်ကိုရန်၊ သခင်လေးရန်က စားသောက်ပွဲတစ်ခု စီစဉ်ထားလို့ အစ်ကိုရန်ကိုလည်း လာခဲ့ပါဦးလို့ ဖိတ်လိုက်ပါတယ်” ဟဲကျောင်က ပြောလိုက်သည်။
“ကောင်းပြီ” ရန်ကိုင်သည် ခေါင်းညိတ်၍ မတ်တပ်ရပ်ကာ “သွားကြတာပေါ့”
ကြယ်သင်္ဘော၏ စင်္ကြန်လမ်းအတိုင်း လျှောက်လာပြီးနောက် ခမ်းနားကြီးကျယ်သော ခန်းမတစ်ခုရှေ့သို့ ရန်ကိုင်တို့သုံးဦး ရောက်လာခဲ့လေသည်။ ခန်းမထဲ၌ စားကောင်းသောက်ဖွယ်များဖြင့် ပြည့်နေသော ခုံတန်းရှည်ကြီး တစ်လုံး ရှိနေပြီး ကျင့်ကြံသူများစွာတို့သည် ခုံတန်းရှည်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ထိုင်နေခဲ့ကြလေသည်။
ကုကျန်းရှင်သည် စားပွဲခုံ၏ ထိပ်ဆုံးနေရာ၌ ထိုင်နေပြီး လက်ဝဲနှင့်လက်ယာ ဓါးအစေခံသည် သူ့နောက်ဘက်တွင် မတ်တပ်ရပ်နေကြလေသည်။
ရက်အတော်ကြာအောင် ကုသပြီးနောက်တွင် ကုကျန်းရှင်၏ ဒဏ်ရာများ အတော့်ကို ပြန်လည် သက်သာနေခဲ့လေပြီ။
ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါ ကုကျန်းရှင်သည် ချက်ချင်း ထရပ်၍ ပြုံးကာ နှုတ်ဆက်လိုက်သည်။ အခြား ကျင့်ကြံသူများသည်လည်း အလျင်အမြန် မတ်တပ်ရပ်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေသည်။
တော်တော်များများမှာ ရန်ကိုင်သည် လီမင်ဟိုင်အား သတ်ခဲ့သည့် ကျင့်ကြံသူတစ်ဦးဟုသာ သိထားကြပြီး ရန်ကိုင်အား လူချင်းတော့ လာမနှုတ်ခဲ့ပေ။ ကုကျန်းရှင်ကပင် ရန်ကိုင်အား အားတက်သရောဖြင့် သွားရောက် နှုတ်ဆက်နေသည်ကို မြင်သော် သူတို့လည်း ထိုင်မနေရဲတော့ဘဲ ချက်ချင်းပဲ သွားရောက် နှုတ်ဆက်ကြလေ၏။
ရန်ကိုင်သည် ဝတ်သဘောအတိုင်း ပြုံးကာ ပြန်၍ နှုတ်ဆက်လိုက်လေသည်။ ရန်ကိုင်၏ ဖော်ရွေရင်းနှီးသည့် အပြုံးကြောင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာဆီ၌ အထင်ကောင်းတစ်ရပ်ကို ကျန်ရစ်အောင် လုပ်နိုင်ခဲ့လေသည်။ ပုံမှန်အားဖြင့် အားကောင်းသော ပါရမီရှင် ကျင့်ကြံသူများသည် မောက်မာတတ်ကြသည် မဟုတ်လေလော။ သူတို့၏ သခင်လေး ထိုလူငယ်လေးနှင့် ဘာကြောင့် မိတ်ဆွေ ဖွဲ့ချင်နေရသလဲ ဆိုသည်ကိုလည်း အကုန်လုံး နားလည်သွားကြ၏။
“အစ်ကိုရန်၊ ဒီကိုလာခဲ့” ကုကျန်းရှင်က လက်ယပ်ခေါ်လိုက်သည်။
ဟဲကျောင်နှင့် ဟဲမြောင်သည် ရန်ကိုင်အား စားပွဲခုံတန်း၏ ကုကျန်းရှင် ထိုင်နေသည့် ထိုင်ခုံဘေးတွင် ရှိနေသော ထိုင်ခုံဆီသို့ ခေါ်သွားပေးလေသည်။
ရန်ကိုင် ထိုင်ပြီးသွားသည်နှင့် ကုကျန်းရှင်က ပြုံးလျက် “ဒီရက်ပိုင်း ကျုပ်ဒဏ်ရာတွေကို ပြန်ကုနေတာနဲ့ ရောင်းရင်းရန်ကို ကောင်းကောင်း မဧည့်ခံမိလိုက်ဘူး ဖြစ်သွားတယ်။ စိတ်မရှိပါနဲ့နော် ရောင်းရင်းရန်”
“ဘယ်ကသာ ရောင်းရင်းကုရာ၊ ဒဏ်ရာတွေက ဒီလောက် ပြင်းတာကို ဒဏ်ရာကိုပဲ အရင်ဦးစားပေး ကုရမှာပေါ့” ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။
“အခုလို နားလည်ပေးတဲ့အတွက် ရောင်းရင်းရန်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီစားသောက်ပွဲလေးက ကျုပ်တို့ အသက်ကို ကယ်ပေးတဲ့အတွက် ရောင်းရင်းရန်ကို ကျေးဇူးတင်ချင်လို့ လုပ်ပေးတာ။ ရောင်းရင်းရန်ကြောင့်သာ မဟုတ်ရင် လင်းယွဲ့၊ အန်းရှင်နဲ့ ကျုပ်တို့ အားလုံး ခွေးအိုကြီးလက်ထဲ သေနေလောက်ပြီ။ အခုကနေစပြီး ရောင်းရင်းရန်ရဲ့ ဒီကုရဲ့ မိတ်ဆွေပဲ။ ကျေးဇူးရှင်ဆိုလည်း မမှားဘူး”
စားပွဲတန်းဘေးတွင် ထိုင်နေကြသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။
ကုကျန်းရှင်သည် သူ့သက်တမ်းတစ်လျှောက်လုံး ‘မိတ်ဆွေ’ ဟူသော စကားလုံးကို မည်သည့်အခါမှ ပေါ့ပေါ့တန်တန် မပြောခဲ့ပေ။
သူ့မိတ်ဆွေဟု ပြောလိုက်ခြင်းမှာ အမှန်တကယ်ကို မိတ်ဆွေ အဖြစ် တန်ဖိုးထားသည့် အတွက်ကြောင့် ဖြစ်ပေသည်။
မိတ်ဆွေဟူသော စကားအပြင် ကျေးဇူးရှင်ဟူသော စကားလုံးကိုပါ ထည့်သုံးနှုန်းသွားခဲ့သည်။ ကုကျန်းရှင် ဘာပြောချင်နေလဲ ထိုတန်ခိုးရှင်အဆင့် ကျင့်ကြံသူအားလုံး နားလည်ကြပေသည်။
“ဒီတစ်ခွက်က ရောင်းရင်ရန်ကို လေးစားတဲ့အတွက်ပဲ” ကုကျန်းရှင်သည် အရက်တစ်ခွက်ကို တစ်ထိုင်တည်း မော့သောက်ချလိုက်သည်။
ဟဲကျောင်သည် ချက်ချင်းပဲ ရန်ကိုင်၏ အရက်ခွက်ကို သွားဖြည့်ပေးပြီး အရက်ကရားကို ကိုင်လျက် နောက်တွင် ပြန်ရပ်နေလိုက်လေသည်။
ရန်ကိုင်သည်လည်း သူ့အရက်ခွက်ကို မြှောက်လျက် ပြုံးကာ ပြောလိုက်သည် “အဲ့လိုဆိုမှတော့ ဒီရန်လည်း ကိန်းကြီးခန်းကြီးတွေ လုပ်မနေတော့ဘူး”
ပြောပြီးသည်နှင့် ရန်ကိုင်သည်လည်း ဝိုင်ခွက်ကို မော့ချလိုက်လေသည်။
“ကောင်းတယ်။ ဒီနေ့ ဘယ်သူမှ မမူးမချင်း မပြန်ရဘူး” ကုကျန်းရှင်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
သီချင်းသံ စတင်လာပြီး ကချေသည် မိန်းကလေးများ တစ်ယောက်ပြီးတစ်ယောက် လှပတင့်တယ်စွာ ခန်းမထဲသို့ ဝင်လာကြကာ သီဆိုကခုန်ကြလေသည်။ ထိုစဉ် စားပွဲထိုးများသည် စားသောက်စရာ အသစ်အသစ်များကို တစ်ပွဲပြီးတစ်ပွဲ ယူဆောင်လာပေးလေ၏။
ခန်းမတစ်ခုလုံး ရုတ်ချည်း အသက်ဝင်လာခဲ့လေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၄၃)
ခန်းမထဲတွင် စုဝေးနေကြသော ကျင့်ကြံဿူများသည် အဆက်မပြတ် ခွက်မြှောက်ကာ ဂုဏ်ယူနေကြသည်။ ရန်ကိုင်သည် မည်သူ့ကိုမှ မငြင်းဆိုခဲ့ချေ။ ပြုံးလျက် တည်တည်ငြိမ်ငြိမ်ဖြင့် လူတိုင်းနှင့် ခွက်ချင်းဖလှယ်ခဲ့၏။
မကြာခဏဆိုသလို ကုကျန်းရှင်နှင့် စကားပြော ရယ်မောလိုက်လုပ်ရင်း လှသချေ ကချေသည်လေးများ ကပြဖော်ဖြေနေသည်ကို ခံစားကြည့်ရှုနေလေသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေသလို အရက်များမှာလည်း တတိတိဖြင့် ကုန်ဆုံးနေခဲ့သည်။ အချိန် ကြာလာသည်နှင့် ခန်းမတစ်ခုလုံးမှာ ပိုပို၍ အသက်ဝင်လာခဲ့လေသည်။
လူတိုင်းသည် အရက်ခွက်များကိုယ်စီ ကိုင်စွဲမော့သောက်ရင်း ကချေသည် မိန်းမလှလေးများ၏ ကပြဖော်ဖြေမှုကို ရှုစားလျက် သည်းလှိုက်အူလှိုက် ရယ်မောပျော်ရွှင်နေကြသည်။
ရန်ကိုင်ကဲ့သို့ ပါရမီရှင်တစ်ဦး ကြယ်စီရင်စုထဲ ရုတ်တရက် ထွက်ပေါ်လာမှုသည် ကုကျန်းရှင်၏ အာရုံကို ဆွဲဆောင်သွား၏။ ထို့ကြောင့် ဤစားသောက်ပွဲကို အသုံးချကာ ရန်ကိုင်အကြောင်း ပိုသိအောင် ကြိုးစားလေသည်။
သို့ရာတွင် စိတ်ပျက်စရာကား ရန်ကိုင် ဘာမှသိပ်ပြီး မသိလိုက်ရခြင်းပင်။
ရန်ကိုင်သည် မိန်းမချောလေးများကို အရက်သောက်ရင်း ကြည့်နေသော်ငြား သူ့မျက်ဝန်းထဲ အရက်ရိပ်လွှမ်းနေသည့် အရိပ်အယောင် နည်းနည်းလေးမှ မရှိချေ။ ကုကျန်းရှင်၏ လက်အောက်ငယ်သားများနှင့် စကားပြောနေသည့် အခါတွင်ပင် တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေ၏။
တစ်နည်းဆိုရသော် ရန်ကိုင်သည် ကုကျန်းရှင်အတွက် အလွန်ကို ဆန်းကြယ်လှသည်။ သို့သော် ထိုကဲ့သို့သော လူမျိုးနှင့် မိတ်ဆွေဖွဲ့ရခြင်းမှာ ပို၍ အဖိုးထိုက်တန်ပေသည်။
အချိန်ခဏကြာပြီးနောက်တွင် ကုကျန်းရှင်က ရုတ်တရက် ပြောလိုက်သည် “ရောင်းရင်းရန်၊ ကျုပ်မင်းဆီက အားနာနာနဲ့ တောင်းဆိုချင်တာလေးရှိလို့ အဆင်ပြေမလား မသိဘူး”
ကုကျန်းရှင်၏ စကားသံ ထွက်လာသည်နှင့် ခန်းမကြီး တစ်ခုလုံး ရုတ်ချည်း တိတ်ဆတ်သွားခဲ့လေသည်။ အချင်းချင်း စကားစမြည် ပြောနေကြသော ကျင့်ကြံသူများသည် ကုကျန်းရှင်၏ စကားကို ကြားသည့်အခိုက် ချက်ချင်း ကုကျန်းရှင်အား လှမ်း၍ ကြည့်လိုက်ကြလေသည်။
“ပြောကြည့်လေ” ရန်ကိုင်သည် အရက်ခွက်ကိုချ၍ ပြုံးကာ ပြန်ပြောလိုက်သည်။
ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်နေခဲ့သည်။ ဤစားသောက်ပွဲမှတစ်ဆင့် ဟဲကျောင်နှင့် ဟဲမြောင်တို့အကြောင်း ဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ခုကို ရှာရန် စဉ်းစားထားသော်ငြား သူဘာမှ မပြောနိုင်သေးခင်မှာပဲ ကုကျန်းရှင်က စကား စပြောလာခဲ့သည်။
ကုကျန်းရှင် မည်သို့သော အားနာစရာ တောင်းဆိုမှုမျိုးကို လုပ်ချင်နေလဲ ရန်ကိုင် နားမလည်ချေ။
“ဒီလို ရောင်းရင်းရန်ရဲ့” ကုကျန်းရှင်က အလေးအနက် အမူအရာဖြင့် “ဒီကုကို ခွေးအိုကြီးလီက ချောင်းတိုက်ခဲ့တယ်လေ။ အဲ့ဒါကြောင့် ခွေးအိုကြီးလီ သေသင့်တယ်ဆိုပေမယ့် သူက ဓါးအဖွဲ့အစည်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်နေတုန်းပဲလေ။ သူကိုင်တဲ့ တန်ခိုးရှင်ဘုရင်အဆင့် လက်နက်က ကျုပ်တို့ ဓါးအဖွဲ့အစည်းရဲ့ အဖိုးတန်ပစ္စည်းတွေ အများကြီးသုံးပြီး တန်ခိုးရှင်ဘုရင်အဆင့် ပန်းပဲပညာရှင် တစ်ဦးကိုတောင် ခေါ်ပြီး လုပ်ထားရတဲ့ လက်နက်ပဲ။ အဲ့လက်နက်ကို ခွေးအိုကြီးလီရဲ့ ပိုင်ဆိုင်မှုလို့ ပြောရမယ့်အစား ဓါးအဖွဲ့အစည်းရဲ့ ပိုင်ဆိုင်မှုလို့ ပြောရင် ပိုမှန်တယ်။ အခု သူသေသွားပြီဆိုတော့ အဲ့ဝိဥာဉ်ဖျက်လှံကို ပင်မကြယ်ဆီ ပြန်သယ်သွားပြီး အဖွဲ့အစည်း ခေါင်းဆောင်ကို ဘာတွေ ဖြစ်ပျက်သွားလဲ ဆိုတာ ပြန်ပြောရမယ့် တာဝန်က ဒီကုတာဝန် ဖြစ်လာရော”
ပြောနေရင်း ရန်ကိုင်အား အားတုံ့အားနာဖြင့် ကြည့်လိုက်သည်။
ကုကျန်းရှင် ဘာပြောချင်နေလဲ ရန်ကိုင် နားလည်သွားခဲ့လေပြီ။
“ရောင်းရင်းကုက ဝိဥာဉ်ဖျက်လှံကို ပြန်လိုချင်တာလား”
“ဟုတ်တယ်” ကုကျန်းရှင်က ကသိကအောက် အမူအရာဖြင့် ပြုံးလျက် “ဒီတောင်းဆိုချက်က သိပ်ပြီး အရှက်မရှိရာကျမှန်း ဒီကု သိတယ်။ ခွေးအိုကြီးလီကို ရောင်းရင်းရန်က သတ်လိုက်တာ ဆိုတော့ ဒီလက်နက်ကို ပိုင်ဆိုင်သင့်တဲ့လူက ရောင်းရင်းရန်ပဲ ဖြစ်သင့်တာ။ ဒါပေမယ့် ဝိဥာဉ်ဖျက်လှံမပါဘဲ ဒီကု ပြန်သွားရင် နည်းနည်း ပြဿနာတက်မှာ။ ဒါကြောင့် ရောင်းရင်းရန်ကို အခုလို တောင်းဆိုရတာ။ စိတ်မပူနဲ့။ အဲ့ဒါကို အလကား ပြန်မယူဘူး။ ဒီကု ရောင်းရင်းရန်ကို သင့်တင့်တဲ့ လျော်ကြေး ပြန်ပေးမှာ။ ခွေးအိုကြီးလီ ပိုင်ဆိုင်ထားတဲ့ အခြား ပစ္စည်းတွေကိုတော့ ရောင်းရင်းလီပဲ ယူထားလိုက်လို့ရတယ်။ အဲ့ဝိဥာဉ်ဖျက်လှံလေး တစ်ခုပဲ”
“အဲ့လိုကိုး” ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အတွေးနက်သွား၏။
ကုကျန်းရှင်သည် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ခန်းမတစ်ခုလုံးသည် အပ်ကျသံပင် ကြားရသည်အထိ တိတ်ဆိတ်နေခဲ့သည်။ အကုန်လုံး၏ အကြည့်သည် စားပွဲတန်း၏ ထိပ်ဆုံး နေရာသို့သာ ရောက်နေခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ။ ဝိဥာဉ်ဖျက်လှံက တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာဆိုတော့ သူ့တန်ဖိုးက မသေဘူး။ ကျုပ်ဘက်က ဒီလှံကို ပြန်ပေးမယ်ဆိုရင် ဓါးအဖွဲ့အစည်းက ဘာနဲ့ အလျော် ပြန်ပေးမှာလဲ”
“ဝိဥာဉ်ဖျက်လှံတဲ့ တန်ဖိုးကို မကျော်သရွေ့ အဆင်ပြေတဲ့ဟာ တောင်းဆိုလို့ရတယ်။ ဒီကု ကျိန်းသေ ရအောင် လုပ်ပေးမယ်” ကုကျန်းရှင်က အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်က ရယ်မောလျက် “ရောင်းရင်းကုက အခုလို ပြောလာမှတော့ ဒီရန်လည်း လက်ခံရတော့မှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလှံက ဒီရန်အတွက်မှ အသုံးမဝင်တာ”
သူသည် လှံသမား တစ်ဦး မဟုတ်ချေ။ သူ့အသိများထဲ လှံကို သုံးသည့်လူလည်း တစ်ယောက်မှမရှိ။ ထို့ကြောင့် ဝိဥာဉ်ဖျက်လှံကို ပြန်ပေးလိုက်ပြီး တန်ခိုးတူညီသည့်အရာ တစ်ခုခု ပြန်ယူဖို့ရာ ရန်ကိုင်အတွက် ပြဿနာ မရှိချေ။
ပြောပြီးသည်နှင့် ရန်ကိုင်သည် ဝိဥာဉ်ဖျက်လှံကို ထုတ်ကာ ကုကျန်းရှင်ရှေ့ ချပေးလိုက်လေသည်။
ကုကျန်းရှင်က အချက်ပြလိုက်ရာ လက်ဝဲအစေခံ လင်းယွဲ့သည် ချက်ချင်းရှေ့သို့ တက်လာပြီး လှံကို လာသိမ်းသွားလေသည်။
“အခုလို သိတတ်နားလည်ပေးတဲ့အတွက် ရောင်းရင်းရန်ကို ဒီကု တကယ် ကျေးဇူးတင်ပါတယ်။ လျော်ကြေး အနေနဲ့ ရောင်းရင်းရန် ဘာပြန်လိုချင်လဲ။ ဓါးအဖွဲ့အစည်းက ကြယ်စီရင်စုထဲမှာ အားအကောင်းဆုံး မဟုတ်ပေမယ့် အားနည်းတဲ့ အင်အားတစ်ခုလည်း မဟုတ်ဘူး။ ဓါးအဖွဲ့အစည်းမှာ ဆေးလုံးတွေ၊ အခြား အဖိုးတန်ပစ္ဏည်းတွေ အများကြီးပဲ။ အားကောင်းတဲ့ ကျင့်စဉ်တွေ လိုချင်လည်း ရတယ်နော်။ ဒီကု နည်းလမ်းရှာပြီး ရောင်းရင်းရန်အတွက် ရအောင် ယူပေးမယ်”
ရန်ကိုင်မှ ဝိဥာဉ်ဖျက်လှံအား တုန့်ဆိုင်းခြင်းမရှိ ပြန်ပေးလာသည့်အတွက် ကုကျန်းရှင် အတော်လေးကိုမှ စိတ်သက်သာရာ ရသွားခဲ့သည်။
ရန်ကိုင်က ပြုံးလျက် ပြောလိုက်လေသည် “လျော်ကြေးက အဲ့လောက်ကြီး အလျင်လိုစရာ မလိုပါဘူး”
“အလျင် မလိုဘူးလား” ကုကျန်းရှင် အံ့အားသင့်သွားခဲ့သည်။
“ဒီရန် မေးချင်တာလေး တစ်ခုရှိလို့။ စီနီယာ ချင်းဝူဟွေဆိုတာ ဘယ်သူလဲ မသိဘူး”
ခန်းထဲတွင် ထိုင်နေသာ လူအားလုံးအကြည့်သည့် တစ်ခုသော နေရာဆီသို့ ရောက်သွားခဲ့လေသည်။ ရန်ကိုင်၏ အကြည့်သည့် ကုကျန်းရှင်၏ ဘေးတစ်ဖက်တွင် ရှိသော ထိုင်ခုံတွင် ထိုင်နေသည့် မီးခိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူအိုကြီးဆီသို့ ရောက်သွားခဲ့လေသည်။
ဤနေရာ၌ ထိုင်နိုင်ပုံကို ထောက်ရှုကြည့်လျှင် ထိုလူ၏ အဆင့်အတန်း မည်မျှ မြင့်မားကြောင်း သိနိုင်ပေသည်။
ရန်ကိုင်မှ ရုတ်တရက် သူ့နာမည်ကို ခေါ်လိုက်သည့် အခိုက် ချင်းဝူဟွေ ကြောင်တောင်တောင် ဖြစ်သွားခဲ့လေသည်။ အလျင်အမြန် မတ်တပ်ရပ်၍ လက်သီးဆုပ်လျက် လူအိုကြီးက ပြောလိုက်လေသည် “ဒီလူအိုကြီးက ချင်းဝူဟွေပါ။ ဒီလူအိုကြီးကို စီနီယာလို့ ခေါ်စရာ မလိုပါဘူး။ သခင်လေးရန် ဒီလူအိုကြီးကို ဘာများ ပြောချင်လို့လဲ မသိဘူး”
“စီနီယာ အခုလို ယဉ်ကျေးနေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံး၍ “တကယ်တော့ ကျုပ်မှာ စီနီယာကို ပေးစရာတစ်ခုရှိလို့၊ စီနီယာ မငြင်းဆိုဖို့ မျှော်လင့်ပါတယ်”
“ဒီလူအိုကြီးကို ပေးစရာရှိတယ်” ချင်းဝူဟွေ လုံးဝကို နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်ကို သူတစ်ခါမှ မတွေ့ဖူးသည်မှာ သေချာပေသည်။ ထိုသို့ဆိုလျှင် ဤလူငယ်လေးသည် ဘာကြောင့် သူ့အား တစ်ခုခု ပေးချင်လာသနည်း။ ရန်ကိုင်၏ အပြုအမူကြောင့် ချင်းဝူဟွေ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေရလေပြီ။
ချင်းဝူဟွေ နားမလည်နိုင်သေးခင်မှာပဲ ရန်ကိုင်သည် ပုလင်းတစ်ပုလင်းကို လှမ်းပစ်ပေးလိုက်လေသည်။
ချင်းဝူဟွေက ပုလင်းကို လှမ်းဖမ်းလျက် အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည် “သခင်လေးရန်၊ ဒါက…”
“စီနီယာ ဖွင့်ကြည့်လိုက်” ရန်ကိုင်က ပြုံးလျက် “ဖွင့်ကြည့်ပြီးသွားရင် သိလိမ့်မယ်”
ချင်းဝူဟွေသည် မျက်မှောင်ကြုတ်၍ ကုကျန်းရှင်အား လှမ်းကြည့်လိုက်သည်။ ကုကျန်းရှင်က ရယ်ရယ်မောမောဖြင့်သာ “အကြီးအကဲချင်းကို ပေးနတာဆိုတော့ အကြီးအကဲချင်း ဖွင့်ကြည့်လိုက်ပေါ့။ ဒီသခင်လေးလည်း ရောင်းရန်းရင် အကြီးအကဲချင်းကို ဘာပေးလို့ လုပ်နေတာလဲ တော်တော်လေး သိချင်နေတာ”
ချင်းဝူဟွေသည် ခေါင်းညိတ်၍ ပုလင်းအဖုံးကို ဖွင့်ကာ အထဲရှိ ဆေးလုံးကို လက်ဝါးပေါ် သွန်ချလိုက်လေသည်။
ဆေးလုံးသည် နှင်းဖြူရောင် တောက်နေပြီး ပဲစေ့ တစ်စေ့စာမျှသာ ရှိသည်။ သို့သော်လည်း ထိုဆေးလုံး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချင်းဝူဟွေ၏ သံသယရိပ်တို့ ပြည့်နေသည့် မျက်နှာထက် စိတ်လှုပ်ရှားမှု၊ အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုတို့က အစားထိုး ဝင်ရောက်လာလေသည်။
ချက်ချင်းပဲ ဆေးလုံးကို နှာခေါင်းနားကပ်၍ ရှူကြည့်လိုက်၏။ လျှာဖြင့်ပင် တို့ကြည့်လိုက်သေးသည်။
မကြာမီ တအံ့တဩ ပြောလိုက်လေသည် “ဒါ… ဒါ ဒွါရခုနှစ်ပေါက် သန့်စင်ဆေးမလား”
“ဘာ” ခန်းမထဲတွင် ရှိနေကြသည့် ကျင့်ကြံသူအားလုံး အလန့်တကြား ဖြစ်ကုန်ကြလေသည်။ အကုန်လုံးသည် ချင်းဝူဟွေ လက်ထဲှရိ ဆေးလုံးအား အံ့အားသင့်တကြီး လှမ်း၍ ကြည့်လိုက်ကြပြီးနောက်တွင် ရန်ကိုင်ဆီ၏ အကြည့် လှည့်လိုက်ကြ၏။
ကုကျန်းရှင်သည်လည်း ရန်ကိုင်ဆီး လှမ်းကြည့်၍ တုန့်ဆိုင်းတုန့်ဆိုင်းဖြင့် မေးလိုက်လေသည် “ရောင်းရင်းရန်၊ ဒါတကယ်ကြီး ဒွါရခုနှစ်ပေါက် သန့်စင်ဆေးလား”
“စီနီယာချင်းက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ဟုတ်တယ်။ ဒါဒွါရခုနှစ်ပေါက် သန့်စင်ဆေးပဲ”
ရန်ကိုင်ဆီမှ အတည်ပြုစကားကို ကြားလိုက်ရသည့်အခါ ချင်းဝူဟွေ ပျော်လွန်းသဖြင့် ထပင် ခုန်ချင်မိသွားသည်။
ကုကျန်းရှင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ အလျင်အမြန် ပြောလိုက်လေသည် “ရောင်းရင်းရန်က တကယ်ကို အံ့အားသင့်ဖို့ကောင်းတာပါပဲလား”
“ဆေးလုံးလေး တစ်လုံးပဲဟာကို၊ ဘာမှ ဒီလောက်ကြီး မဟုတ်ပါဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“သခင်လေးရန်၊ ကျုပ်ကိုဘာလို့…” အသိ ပြန်ဝင်လာပြီးနောက်တွင် ချင်းဝူဟွေသည် ဆေးပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
“အားကောင်းတဲ့ ပြိုင်ဘက်နဲ့ တိုက်ခိုက်ရင်းနဲ့ စီနီယာချင်းရဲ့သား ဝိဥာဉ် ထိခိုက်သွားတယ်လို့ ကြားလို့ပါ။ ဒီဒွါရခုနှစ်ပေါက်သန့်စင်ဆေးလုံးက ဝိဥာဉ်တွေကို ကုတဲ့ နေရာမှာ တော်တော်လေး အသုံးဝင်တယ်။ စီနီယာချင်းသားရဲ့ ဒဏ်ရာ ချက်ချင်းကြီးကို ပျောက်သွားမယ်လို့ မပြောနိုင်ပေမယ့် သေသေချာချာလေး ဆက်ပြီး ကုသပေးလိုက်မယ်ဆိုရင် စီနီယာချင်းရဲ့သား အရင်အတိုင်း ပြန်ကောင်းလာလိမ့်မယ်” ရန်ကိုင်က ချင်းဝူဟွေအား ပြုံးကာ ပြောပြလိုက်သည်။
ချင်းဝူဟွေသည် ရန်ကိုင်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
ချင်းချီယန် ကိစ္စသည် ချင်းဝူဟွေအတွက် အလွန်ကိုမှ စိတ်ဓါတ်ကျစရာ ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။ သူ၏ ဆန်ကုန်မြေလေးသားအား ကုသပေးနိုင်မည့် ဆေးလုံးကို လိုက်ရှာခဲ့ပါသော်လည်း ရှာမတွေ့ခဲ့ချေ။ သူ့အဆက်အသွယ် ကုကျန်းရှင်၏ အကူအညီနှင့်ပင် မရှာနိုင်ခဲ့ပေ.
ဝိဥာဉ်အား ကုသဖို့သည် ခန္ဓာကိုယ်အား ကုသခြင်းထက် အများကြီး ပိုခက်ခဲပေသည်။ အထူးဆေးလုံးများသည်သာ ဝိဥာဉ်အား ကုသပေးနိုင်၏။ ပုံမှန် ဒဏ်ရာလောက်ဆိုလျှင်တော့ ကုသရန် မခက်သော်ငြား ချင်းချီယန်မှာမူ ပြင်းပြင်းထန်ထန် ထိခိုက်သွားခြင်း ဖြစ်သည့်အတွက် သူ့ဒဏ်ရာမှာ တကယ်ကို ကုသဖို့ မလွယ်ကူတော့ပေ။
သူရှာရသလောက် သူ့သား၏ ဒဏ်ရာကို ကုသပေးနိုင်သည့် ဆေးလုံးအချို့ ရှိသော်ငြား ထိုဆေးလုံးများသည် ပျောက်ကွယ်သွားကုန်ကြလေပြီ။
ဒွါရခုနှစ်ပေါက်သန့်စင်ဆေးသည် ထိုဆေးလုံးများအနက် တစ်လုံးအပါအဝင် ဖြစ်ပေသည်။ ချင်းဝူဟွေ အနေဖြင့် ဤဆေးလုံးကို မြင်မြင်ချင်း ဘာဆေးလုံးမှန်း သိလိုက်ခြင်းမှာ ဤဆေးလုံးသည် သူလိုက်ရှာနေသည့် ဆေးလုံးများအနက် တစ်လုံးအပါအဝင် ဖြစ်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။ ဤဆေးလုံးကို သန့်စင်ရန်အတွက် ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြူတေကို လိုအပ်ပေသည်။
ခုနှစ်ရောင်ခြယ်သမင်များသည် ကြယ်စီရင်စုထဲ ဟိုးနှစ်ပေါင်းများစွာကတည်းက မျိုးတုန်း ပျောက်ကွယ်သွားခဲ့သော မွန်းစတားသားရဲများ ဖြစ်ကြသည့်အတွက် ယနေ့ခေတ်တွင် ထိုသမင်များကို မည်သည့်နေရာတွင်မှ သွားရှာ၍ မရတော့ပေ။
ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတားအမြူတေကို ကံကောင်းပြီး ရှာတွေ့ခဲ့လျှင်ပင် နှစ်တစ်သောင်းအမွှေးနံ့သာကို ဖော်စပ်ရာတွင်သာ အသုံးပြုကြလိမ့်မည် ဖြစ်သည်။ မည်သူကများ ခုနှစ်ရောင်ခြယ် သမင်၏ အမြူတေကို ဒွါရခုနှစ်ပေါက်သန့်စင်ဆေး ဖော်စပ်ရာ၌ ဖြုန်းတီးပစ်မည်နည်း။
သို့သော် ယခု ရန်ကိုင်သည် ဒွါရခုနှစ်ပေါက်သန့်စင်ဆေးကို ရုတ်တရက် ထုတ်ပေးလာခဲ့သည်။
ကျောက်စိမ်းဆေးပုလင်းကို ကိုင်ထားသည့် ချင်းဝူဟွေ၏ လက်များ တဆတ်ဆတ် တုန်ရီနေခဲ့သည်။ ဝမ်းသာလွန်းသဖြင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်နေခဲ့လေသည်။
“ရောင်းရင်းရန်၊ ဒွါရခုနှစ်ပေါက်ဆေးက ကျင့်ကြံသူတစ်ဦးရဲ့ နားလည်နိုင်စွမ်းနဲ့ အရည်အချင်းကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ အမှန်ပဲလား” ကုကျန်းရှင်က ရုတ်တရက် မေးလိုက်သည်။
ပုံမှန်အားဖြင့် အရည်အချင်းနှင့် ပါရမီဟူသော အရာများမှာ မွေးရာပါများဖြစ်ကြာသဖြင့် ပြောင်းလဲ၍ ရလေ့မရှိပေ။ အခွင့်အလမ်း တစ်ခုခုနှင့် ကြုံရမှသာ ပြောင်းလဲသွားနိုင်ပေသည်။
ထို့ကြောင့် ကုကျန်းရှင်၏ စကားကို ကြားလိုက်သည့်အခါ ခန်းမထဲတွင် ရှိနေသည့် ကျင့်ကြံသူအားလုံး ဆေးလုံးဆီသို့ ထိတ်လန့်တကြီး လှမ်း၍ ကြည့်လိုက်ကြလေသည်။ ထိုသို့သာဆိုလျှင် ဤဆေးလုံး၏ တန်ဖိုးသည် တန်ခိုးရှင်ဘုရင် အဆင့် ဝိဥာဉ်ဖျက်လှံထက်ပင် ပိုကြီးသွားလေပြီ။
မှော်ရတနာသည် ပြင်ပရတနာတစ်ခုသာ ဖြစ်ပြီး ကျင့်ကြံသူတစ်ဦး၏ ပါရမီနှင့် အရည်အချင်းကို မပြောင်းလဲပေးနိုင်ပေ။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၄၄)
ရန်ကိုင်က အကျယ်ကြီး အော်ရယ်လျက် “အဲ့လို ကောလဟာလတွေကို ရောင်းရင်းကု တကယ် ယုံတာလား။ ဒွါရခုနှစ်ပေါက်ဆေးက တကယ်ကို ကောင်းတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲ့လောက်အထိတော့ မဟုတ်ဘူး။ ကျုပ်သိသလောက်ဆို ဒွါရခုနှစ်ပေါက်ဆေးက လူတစ်ယောက်ရဲ့ အရည်အချင်းနဲ့ နားလည်နိုင်စွမ်းကို တိုးတက်လာအောင် ဘာမှ လုပ်မပေးနိုင်ဘူး။ ဝိဥာဉ်တွေကို ကုသတဲ့ နေရာမှာပဲ အသုံးဝင်တာ”
“အဲ့လိုကိုး။ ဆေးပညာအကြောင်းကို တော်တော်လေး နှံ့နှံ့စပ်စပ် သိထားပုံထောက်ရင် ရောင်းရင်းရန်က ဆေးပညာရှင် တစ်ယောက်လား” ကုကျန်းရှင်၏ တောက်ပသည့် မျက်ဝန်းအစုံဖြင့် မေးလိုက်သည်။
ရန်ကိုင်က ရယ်သွမ်းသွေးရင်း ခေါင်းခါလျက် “ရောင်းရင်းကု ထင်နေသလို မဟုတ်ဘူး။ ဒီဆေးလုံးကို ဧကရာဇ်ဥယျာဉ်ထဲကနေ ကျုပ်မတော်တဆ ရခဲ့တာ”
ဆေးလုံးအား မည်သည့်နေရာမှ ရလာသလဲ ဆိုသည်နှင့် ပက်သက်၍ ဤနေရာသို့ မလာခင်ကတည်းက အကြောင်းအရင်း ရှာထားပြီးသွားလေပြီ။
“ဧကရာဇ်ဥယျာဉ်” ချင်ဝူဟွေ သက်ပြင်းရှိုက်လိုက်သည်။ ဤဆေးလုံး မည်မျှအဖိုးတန်လဲ သူထပ်မံ နားလည်သွားရလေပြီ။
“အဲ့လိုကိုး” ကုကျန်းရှင်က အနည်းငယ် စိတ်သက်သာရာ ရသွားဟန်ဖြင့် “ဧကရာဇ်ဥယျာဉ်လို နေရာမျိုးမှာပဲ ဒီလို ဆေးလုံးမျိုး ရှိနိုင်တာ အထူးအဆန်းတော့ မဟုတ်ပါဘူးလေ။ ဒီတော့ ရောင်းရင်ရန်လည်း ဧကရာဇ်ဥယျာဉ်ထဲကို သွားခဲ့သေးတယ်ပေါ့”
“ဟုတ်တယ်”
အနည်းငယ် နောင်တရနေသည့် လေသံဖြင့် ကုကျန်းရှင်သည် သက်ပြင်းအမောကြီးချလျက် “ဧကရာဇ်ဥယျာဉ် ဖွင့်တုန်းက ဒီကု တံခါးပိတ်ကျင့်စဉ် ဝင်နေလိုက်တာ ဆိုးသွားတယ်။ မဟုတ်ရင် ရောင်းရင်းရန်နဲ့ အစောကြီးကတည်းက တွေ့နိုင်ခဲ့မှာ”
“အခုမှလည်း နောက်မကျသေးပါဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ဟုတ်တယ်” ကုကျန်းရှင် မျက်နှာထက်ရှိ နောင်တရနေသည့် အမူအရာ ပျောက်ကွယ်သွားပြီး အပြုံးတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့လေသည်။
“သခင်လေးရန်…” ချင်ဝူဟွေက တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် ကြားဖြတ်မေးလိုက်လေသည် “ဒီလက်ဆောင်က ဒီချင်းအတွက် အရမ်း တန်ဖိုးကြီးလွန်းတယ်”
“စီနီယာ အဲ့လို ပြောစရာမလိုဘူး” ရန်ကိုင်က ဖြတ်ပြောလိုက်သည် “ဒွါရခုနှစ်ပေါက်သန့်စင်ဆေးကို ပေးတယ်ဆိုတာ ကျုပ်စီနီယာဆီက တစ်ခုခု အကူအညီ တောင်းချင်လို့ပဲ”
“ပြောပါသခင်လေးရန်” ချင်းဝူဟွေက အလျင်စလို ပြန်ပြောလိုက်သည်။ ရန်ကိုင် သူ့ဆီမှ တစ်ခုခု ပြန်မတောင်းမည်ကို အတော်လေး လန့်နေခဲ့သည်။ ဤလောကကြီး၌ မည်သည့်အရာကိုမှ အလကား မရနိုင်ပေ။ အကုန်လုံးသည် တန်ရာတန်ကြေးတစ်ခုနှင့် လာ၏။ ဤဒွါရခုနှစ်ပေါက် သန့်စင်ဆေးသည် သာမန်ကာလျှံကာ လက်ဆောင် ပေးပစ်နိုင်သော တန်ဖိုးမဲ့ပစ္စည်းတစ်ခု မဟုတ်။ ထို့ကြောင့် ရန်ကိုင် သူ့ဆီမှ အကူအညီတောင်းစရာ တစ်ခုခု ရှိသည့်အကြောင်း ကြားလိုက်ရမှပဲ ချင်းဝူဟွေ စိတ်သက်သာရာ ရနိုင်လေသည်။
“ဒီလိုဗျ” ရန်ကိုင်က စပြောလိုက်သည် “စီနီယာလည်း သိတာပဲ။ ဟဲမြောင်၊ ဟဲကျောင်တို့နဲ့ ကျုပ်က ဟိုအရင် နှစ်တော်တော်အကြာတုန်းက တွေ့ခဲ့တဲ့ အသိတွေလေ။ မတွေ့ကြာပြီးမှ အခုလို နောက်တစ်ကြိမ် ပြန်တွေ့နိုင်တာ ရေစက်လို့ ပြောရမှာပေါ့။ ဒါပေမယ့် မကြာသေးခင်ကပဲ သူတို့နဲ့ သခင်လေးချင်းကြားမှ နည်းနည်း ရှုပ်ထွေးတဲ့ ဆက်ဆံရေး တစ်ခု ရှိနေတယ်လို့ ကြားလိုက်ရတယ်…”
သူဘာပြောချင်နေလဲ ကုကျန်းရှင်နှင့် ချင်းဝူဟွေတို့ နားလည်နိုင်ပြီ ဖြစ်သဖြင့် ရန်ကိုင် ဆက်၍ မပြောတော့ချေ။
ရန်ကိုင် အနောက်တွင် ရပ်နေသော ဟူညီအစ်မ နှစ်ဦးသည် ရန်ကိုင်၏ စကားကို ကြားပြီးနောက် မျက်လုံးပြူးသွားခဲ့ကြ၏။ တစ်ချိန်တည်းတွင် သူတို့၏ အသက်ရှူသံများ တဖြည်းဖြည်း မြန်ဆန်လာခဲ့ကြလေသည်။
“အဲ့လိုကိုး” ကုကျန်းရှင် အဓိပ္ပါယ်ပါပါ ပြုံးလိုက်လေသည်။
ချင်းဝူဟွေက အပြစ်မကင်းသည့် အမူအရာဖြင့် “ဒီကိစ္စက ဒီလူအိုကြီး တစ်ကိုယ်ကောင်းဆန်လို့ ဖြစ်လာခဲ့တာ။ ဒါကြောင့်ပဲ ဟဲမြောင်နဲ့ ဟဲကျောင်တို့ ကျဉ်းထဲကြပ်ထဲ ရောက်သွားရတာ။ အခု သခင်လေးရဲ့ မြင့်မြတ်တဲ့ စိတ်နေစိတ်ထားကို မြင်ပြီး ဒီလူအိုကြီး ကိုယ့်ကိုယ်ကိုတောင် ရှက်ချင်သွားပြီ။ စိတ်မပူနဲ့ သခင်လေး၊ ကျုပ်ဆန်ကုန်မြေလေးသားအတွက် ဒီဆေးလုံး ရှိနေပြီ ဆိုမှတော့ အရင် သဘောတူညီချက်ကို ဘာမှ စိတ်ပူနေစရာမ လိုတော့ဘူး။ အဲ့သဘောတူညီချက်ကို ဒီလူအိုကြီး ဖျက်ပစ်လိုက်တော့မယ်”
“စီနီယာကို ကျေးဇူးအများကြီး တင်ပါတယ်” ရန်ကိုင်သည် သူ့အရက်ခွက်ကို ကောက်ကိုင်ပြီး မတ်တပ်ရပ်ကာ ပြုံးလျက် “စီနီယာရဲ့ ရိုးသားပွင့်လင်းမှုကို လေးစားတဲ့အနေနဲ့ ဒီဂျူနီယာ တစ်ခွက် သောက်ပါမယ်”
“ကျုပ်လက်မခံရဲပါဘူး” ချင်းဝူဟွေသည် သူ့အရက်ခွက်ကို အလျင်စလို မြှောက်လိုက်ပြီး အလေးအနက် အမူအရာဖြင့် ဦးညွှတ်ကာ “ကျုပ်သားက အရင်က မိုက်မဲနုံအခဲ့တဲ့အတွက် အခုလို ဖြစ်ခဲ့ရတယ်၊ ဒါပေမယ့် ကျုပ်သားကို အခုလို ဒုတိယ အခွင့်ရေးပေးတဲ့အတွက် သခင်လေးရန်ကို ဘယ်လို ကျေးဇူးတင်လို့ ကျေးဇူးတင်ရမှန်းတော့ မသိတော့ဘူး။ အခုကစနေပြီး သခင်လေးရဲ့ ကြင်နာမှုကို အလဟဿ မဖြစ်ရအောင် ကျုပ်သားကို ကောင်းကောင်း ဆုံးမသွန်သင်ထားပါ့မယ်”
နှစ်ယောက်စလုံး သူတို့၏ အရက်ခွက်အသီးသီးကို မော့သောက်လိုက်ကြသည်။ ခန်းမ၏ထောင့်တွင် ထိုင်နေသော ယွဲ့ရှီသည် ရန်ကိုင်အား ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်သည်။
ရန်ကိုင် ဤကိစ္စကို ဤမျှ အလွယ်တကူ ဖြေရှင်းလိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ပုံမှန်အားဖြင့် သူမ စဉ်းစားထားရသလောက် ဤကိစ္စအား ငြိမ်ငြိမ်ချမ်းချမ်းဖြင့် ဖြေရှင်းဖို့သည် ကုကျန်းရှင် ရန်ကိုင်အား မည်သည့် အတိုင်းအတာထိ တန်ဖိုးထားသလဲအပေါ် မူတည်နေသည်။ ရန်ကိုင်အား ကူညီလိုက်ခြင်းသည် ချင်းဝူဟွေကို ပစ်ပယ်သလို ဖြစ်သွားမည် ဖြစ်သဖြင့် သူတို့ အောင်မြင်နိုင်ချေ ရာခိုင်နှုန်း အတော်လေး နည်းပေသည်။
သို့သော်လည်း ရန်ကိုင်သည် ထိုပြဿနာကို ချင်းဝူဟွေ မျက်နှာမပျက်စေရအောင် ဆေးလုံး တစ်လုံးတည်းဖြင့် ဖြေရှင်းသွားခဲ့သည်။ ရန်ကိုင်၏ ဖြေရှင်းပုံ ဖြေရှင်းနည်းကြောင့် နှစ်ဖက်စလုံး ပျော်ရပေသည်။
တစ်ခုသာရှိသည်… ရန်ကိုင် ထုတ်သွားသည့် ဆေးလုံး၏ တန်ဖိုးမှာ ပိုက်ဆံ၊ အဆင့်အတန်း ရှိနေလျှင်ပင် မရနိုင်သည့် ဆေးလုံးတစ်လုံး ဖြစ်နေခြင်းပင်။
“ဟဲကျောင်၊ ဟဲမြောင်” ချင်းဝူဟွေသည် ချက်ချင်း မထိုင်သေးဘဲ ညီအစ်မနှစ်ဦးဆီ တစ်ခုခုအား လှမ်း၍ ပစ်ပေးလိုက်လေသည်။
ညီအစ်မနှစ်ဦးမှာ စိတ်လှုပ်ရှားနေရာမှ အသိ ပြန်မဝင်လာသေးသည့် အတွက်ကြောင့် ချင်းဝူဟွေ ပစ်ပေးလိုက်သည့် အရာကို မသိစိတ်အရသာ လှမ်း၍ ဖမ်းမိလိုက်၏။
“ဒီအတောအတွင်း ဒီလူအိုကြီး နင်တို့အပေါ် မတရားသလို လုပ်ခဲ့မိတာတွေအတွက် လျော်ကြေး ပေးတာလို့ သဘောထားပြီး ယူထားလိုက်။ နောက်ပိုင်းလည်း သခင်လေးရန်ကို ကောင်းကောင်း ခစားပြီး ဒီလူအိုကြီးကို အငြိုးမထားဖို့ မျှော်လင့်ပါတယ်” ချင်းဝူဟွေက ပြောလိုက်သည်။
“တပည့် မလုပ်ရဲပါဘူး။ အခုလို ဆုလာဒ်အတွက် အကြီးအကဲချင်းကို တပည့် ကျေးဇူးတင်ပါတယ်” ဟဲကျောင်နှင့် ဟဲမြောင်သည် ပြိုင်တူဦးညွှတ်လျက် တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
သူတို့ လက်ထဲတွင် ကိုင်ထားသည့် အရာမှာ တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာများ ဖြစ်ကြသည်။ မှော်ရတနာ နှစ်ခုမှာ နှစ်ခုအတူပေါင်စည်းလိုက်လျှင် ဓါးရှည်တစ်ချောင်း အဖြစ်သို့ ပြောင်းလဲသွားနိုင်သော ဓါးမောက်နှစ်ချောင်း ဖြစ်၏။
ပုံမှန်ဆိုလျှင် သူတို့၏ အဆင့်အတန်းဖြင့် လက်ဆောင် မရသရွေ့ ဤကဲ့သို့သော မှော်ရတနာမျိုးကို မရနိုင်ပေ။ ယွဲ့ရှီ ကိုယ်တိုင်သည် ချမ်းသာသူတစ်ဦး မဟုတ်သဖြင့် သူမတို့အား ဤကဲ့သို့သော မှော်ရတနာမျိုး လက်ဆောင် မပေးနိုင်ပေ။ ချင်းဝူဟွေကဲ့သို့သော လူသည်သာ ဤကဲ့သို့သော တန်ခိုးရှင် အလယ်အလတ်အဆင့် မှော်ရတနာမျိုးကို လက်ဆောင် ပေးနိုင်၏။
ဤကဲ့သို့ မှော်ရတနာမျိုးကို ရနိုင်ခြင်းမှာ ရန်ကိုင်ကြောင့်မှန်း ညီအစ်မနှစ်ဦးစလုံး ကောင်းကောင်း သိထားသည်။ ရန်ကိုင်ကြောင့်သာ မဟုတ်လျှင် ချင်းဝူဟွေ အနေဖြင့် သူမတို့အား ဤကဲ့သို့သော မှော်ရတနာမျိုး အလကား လာပေးလိမ့်မည် မဟုတ်ပေ။
ညီအစ်မနှစ်ဦးစလုံး ရန်ကိုင်၏ ကျောပြင်အား သူမတို့၏ ကျေးဇူးတော်သကာရည်တို့ ဖိတ်စင်ရွှန်းလဲ့နေသော မျက်ဝန်း လှလှလေးများဖြင့် စိုက်ကြည့်နေလိုက်ကြ၏။
“ရောင်းရင်းရန်…” ဘေးတွင်ရှိနေသာ ကုကျန်းရှင်က ခါးသက်စွာပြုံးလျက် နဖူးကိုပွတ်ရင်း “မင်းလုပ်တာကိုမြင်ပြီး ငါမင်းကို ဘယ်လို အလျော်ပြန်ပေးလို့ ပေးရမလဲတောင် မသိတော့ဘူး”
ဝိဥာဉ်ဖျက်လှံအတွက် ရန်ကိုင်အား လျော်ကြေး မပေးရေးသခင်မှာပင် ရန်ကိုင်သည် ချင်းဝူဟွေအား နောက်ထပ် လက်ဆောင်ထပ်တစ်ခု ထပ်ပေးလိုက်ပြန်သည်။ ရန်ကိုင်နှင့် ချင်းဝူဟွေကြားရှိ အလဲအလှယ်မှာ အပေါ်ယံအားဖြင့် မျှတသည်ဟု ထင်ရသော်ငြား တကယ် ရှုံးသွားသည့်လူမှာ ရန်ကိုင်သာ ဖြစ်သည်။
ချင်းဝူဟွေ၊ ဟဲမြောင်နှင့် ဟဲကျောင်တို့ အားလုံးသည် ဓါးအဖွဲ့အစည်း၏ လူများသာ ဖြစ်ကြသည်။ ရန်ကိုင်သည် ဆေးလုံး တစ်လုံး ပေးလိုက်သော်ငြား ဘာမှ ပြန်မရခဲ့ချေ။ ထို့အပြင် သူပေးလိုက်သည့် ဆေးလုံးသည် ဤခေတ်တွင် မရနိုင်တော့သည့် ဆေးလုံးမျိုး ဖြစ်သည်။
ထို့ကြောင့် ရန်ကိုင်အပေါ် အကြွေးကြီးကြီး တင်သွားသလို ကုကျန်းရှင် ခံစားလိုက်ရလေသည်။
“ရောင်းရင်းရန်၊ မင်းဘယ်လိုဟာမျိုး ပြန်လိုချင်လဲ။ အားနာမနေနဲ့နော်၊ ပြောသာပြောလိုက်၊ ဒီကု အရှုံးခံရမယ် ဆိုရင်တောင် ရအောင် ရှာပေးမယ်” ကုကျန်းရှင်က ပြက်လုံး ထုတ်လိုက်သည်။
“အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံးလျက် “တကယ်တော့ ငါလိုချင်တဲ့အရာကို စဉ်းစားပြီးသွားပြီ။ ရောင်းရင်းကုအတွက်လည်း အဲ့ရာကို ရအောင်ယူပေးဖို့က ဘာမှ သိပ်မခက်လောက်ပါဘူး”
“အို၊ ရောင်းရင်းရန် ဘာလိုချင်တာလဲမသိဘူး” ကုကျန်းရှင်သည် အလေးအနက် အမူအရာဖြင့် ရန်ကိုင်အား မေးလိုက်လေသည်။ ခန်းမထဲတွင် ရှိနေသူများသည်လည်း ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ရန်ကိုင် မည်သို့သော အရာမျိုးအား တောင်းဆိုမည်လဲ ဆိုသည်ကို အကုန်လုံး သိချင်နေကြသည်။
“ငါတို့ အခုသွားမှာ မိုးပြာသစ်ပင်ကြယ်မလား” ရန်ကိုင်က မေးလိက်သည်။
“ဟုတ်တယ်”
“အဲ့မိုးပြာသစ်ပင်ကြယ်ရဲ့ ဓါးအဖွဲ့အစည်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာမလား”
“ဟုတ်တယ်၊ မိုးပြားသစ်ပင်ကြယ်က ငါတို့ ဓါးအဖွဲ့အစည်းရဲ့ လက်အောက်မှာရှိတာ” ကုကျန်းရှင်က ဂုဏ်ယူစွာဖြင့် “ငါတို့ ဓါးအဖွဲ့အစည်းမှာ မိုးပြာသစ်ပင်ကြယ်လိုကြယ်မျိုး သုံးလုံးရှိတယ်”
“အဲ့ဒါဆို ပြီးသွားပြီ” ရန်ကိုင်က ပြုံးလျက် “မိုင်တစ်သောင်း အကျယ်အဝန်းရှိတဲ့ မြေနေရာတစ်ခု ငါလိုချင်တယ်။ မိုးမြေစွမ်းအင် အရမ်း ကြွယ်ဝစရာမလိုဘူး။ ဖုန်းဆိုးမြေကြီး မဖြစ်ရင် အဆင်ပြေပြီ”
“မိုင်တစ်သောင်း” ကုကျန်းရှင် မျက်မှောင်ကြုတ်သွား၏။
“မိုင်ငါးထောင်လည်း အဆင်ပြေတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး၊ ရောင်းရင်းရန်ရဲ့၊ မိုင်တစ်သောင်းက တော်တော်လေး နည်းနေလို့။ မိုင်တစ်သိန်းဆိုရင်တောင် ဘာမှ မဖြစ်ဘူး” ကုကျန်းရှင်က ရယ်မောလျက် ရန်ကိုင်ပခုံးကို ပုတ်ကာ “မိုးပြာသစ်ပင်ကြယ်ပေါ်မှာ မိုင်တစ်သောင်းဆိုတဲ့ အကျယ်အဝန်းက ဘာမှ မဟုတ်ဘူး။ ဒါဆိုရင် ဒီလိုပဲ ဆုံးဖြတ်လိုက်တာ့မယ်နော်။ မိုးပြာသစ်ပင်ကြယ်ဆီ ရောက်ရင် ငါမင်းအတွက် နေရာတစ်ခုရှာပေးမယ်။ ဘယ်လို နေရာမျိုးကို လိုချင်လဲ ဆိုတာတော့ ရောင်းရင်းရန် ကိုယ်တိုင်ပဲ ရွေးလိုက်ပေါ့”
ရန်ကိုင်သည် ခဏကြာ ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပြီး ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ မကြာမီမှသာ ပြုံးလျက် ခေါင်းညိတ်လိုက်၏ “ရောင်းရင်ကု ဒီလောက် ပြောမှတော့ ဒီရန်လည်း သဘောတူရမှာပေါ့”
အရိပ်ကြယ်၏ ကြယ်သခင်ဖြစ်သည့် သူ့အတွက်တော့ မိုင်တစ်သိန်းဟူသော အကျယ်အဝန်းသည် ဘာမှ မပြောပလောက်ချေ။
“အချင်းချင်းတွေပဲဟာကို၊ အခုလိုတွေ ယဉ်ကျေးနေစရာ မလိုဘူး” ကုကျန်းရှင်က လက်ယပ်ပြလိုက်ရာ လင်းယွဲ့သည် ချက်ချင်း ရှေ့တက်လာပြီး ရန်ကိုင်၏ ဖန်ခွက်ထဲ အရက် ဖြည့်ပေးလိုက်လေသည်။
“ရောင်းရင်းရန် အဲ့နေရာကို ဘာလုပ်ချင်နေတာလဲ ဒီကု သိလို့ရမလား။ ရောင်းရင်းရန် မိုးပြာသစ်ပင်ကြယ်မှာ နေဖို့များ စီစဉ်းထားတာလား” ကုကျန်းရှင်က အနည်းငယ် မျှော်လင့်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
ရန်ကိုင်သာ မိုးပြာသစ်ပင်ကြယ်၌ ခြေချရန် စဉ်းစားနေသည် ဆိုလျှင်တော့ သူ့အတွက် သတင်းကောင်းပင်။ ရန်ကိုင်အား သူ့ဘက်သို့ ဆွဲခေါ်နိုင်မည့် အခွင့်အလမ်းတစ်ခုကို ရှာနေခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သာ မိုးပြာသစ်ပင်ကြယ်၌ အခြေချမည်ဆိုလျှင် သူ့နှင့် မကြာခဏ တွေ့နိုင်တော့မည် ဖြစ်သည်။
“အခြေချဖို့ မဟုတ်ဘူး၊ ဒီအတိုင်း ယာယီနေစရာ တစ်ခု လုပ်ထားမလို့ပဲ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ရောင်းရင်းရန်က ရည်မှန်းချက် ကြီးမားတဲ့လူပဲ”
“ရောင်းရင်းကု၊ ငါမင်းနဲ့ စီးပွားရေးလေး တစ်ခုလောက် လုပ်ချင်တယ်”
“ပြောလေ ရောင်းရင်းရန်”
“ငါအခု လေဟာနယ်သလင်းကျောက် အများကြီး လိုအပ်နေလို့ ရောင်းရင်ကုမှာ ရှိမလားမသိဘူး။ ဘာနဲ့ ပေးမလဲ ဆိုတာကတော့ သူတော်စင်သလင်းကျောက် ဒါမှမဟုတ် မင်းတို့ ဓါးအဖွဲ့အစည်းဘက်က အဆင်ပြေလောက်တဲ့ဟာ တစ်မျိုးမျိုးနဲ့ပေါ့”
“အဲ့ဒါလား။ အဆင်ပြေပါတယ်။ ကုန်သွယ်တာပဲဟာကို ဒီကု ဘာလို့ ငြင်းရမှာလဲ။ ဒါပေမယ့်… သူတော်စင်သလင်းကျောက် တွေက ကြယ်စီရင်စုထဲမှာတော့ တော်တော်လေး ရှာထားတာဆိုတော့ ဟိုမှာလည်း ရပါ့မလားတောင် မသိဘူး။ မိုးပြာသစ်ပင်ကြယ်ရောက်ရင် ရောင်းရင်းရန်အတွက် ငါတစ်ချက် မေးကြည့်ပေးမယ်”
“အဲ့ဒါဆို ရောင်းရင်ကုကိုပဲ ဒုက္ခပေးတော့မယ်နော်”
…
တစ်နေ့လုံးဆက်တိုက် စားသောက်ပွဲ ကျင်းပပြီးနောက် အကုန်လုံး မူးမူးဖြင့် အခန်းကိုယ်စီသို့ ပြန်သွားကြလေသည်။
ရန်ကိုင်သည်လည်း သူ့အခန်းဆီသို့ ပြန်လာပြီးနောက် ရေမိုးချိုးသန့်စင်လိုက်သည်။
မကြာမီ ယွဲ့ရှီ၊ ဟဲကျောင်နှင့် ဟဲမြောင်တို့ သူ့ဆီ လာရောက် လည်ပတ်ကြလေသည်။
ရန်ကိုင်အတွက်သည် ထိုကိစ္စသည် ဘာမှမဟုတ်ပါချေ။ ဒွါရခုနှစ်ပေါက်သန့်စင်ဆေးကို ဖော်စပ်ရာ၌ အသုံးပြုခဲ့သော အဖိုးတန် ဆေးအမယ်များမှာ ခုနှစ်ရောင်ခြယ်သမင်၏ မွန်းစတား အမြူတေသာ ဖြစ်သည်။
ထိုမွန်းစတားအမြူတေကို ရထားသည်မှာ အတော့်ကို ကြာနေပြီ ဖြစ်သော်ငြား သုံးစရာရှာမတွေ့သေးဖြင့် ဤအတိုင်း ပစ်ထားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ခုနှစ်ရောင်ခြယ် သမင်၏ မွန်းစတားအမြူတေကို ဆေးအဖြစ် ဖော်စပ်လိုက်ရခြင်းသည် ရန်ကိုင်အတွက် အရှုံးကြီးရှုံးသွားသည်ဟု မဆိုလိုပေ။
ရန်ကိုင်အတွက် ဘာမှမဟုတ်သော်ငြား ဆရာတပည့် သုံးဦးအတွက်တော့ အလွန်ကို အရေးကြီးသည့် ကိစ္စတစ်ခု ဖြစ်သည်။ ဤကိစ္စသည် သူတို့ သုံးဦး၏ နောင်ရေးအပေါ် သက်ရောက်မှုရှိနိုင်ပေသည်။
သူတို့ ကျေးဇူးလာတင်နေသည်ကို ကြည့်ရင်း ရန်ကိုင် စိတ်ထဲ အတွေးတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။
အဆင့်အတန်းနှင့် စွမ်းအာတို့ ကွာခြားလာသည်နှင့် လူတစ်ယောက်၏ လုပ်နိုင်စွမ်းဟာလည်း ကွာခြားလာခဲ့သည်။ ပုရွတ်ဆိတ်တစ်ကောင်အဖို့ မည်မျှပင် ကြိုးစားစေကာမူ သံချောင်းတစ်ချောင်းကို လှုပ်သွားအောင်ပင် လုပ်နိုင်လိမ့်မည် မဟုတ်သော်ငြား သာမန် လူသားသေမျိုးတစ်ဦးကမူ ထိုသံချောင်းကို အလွယ်တကူ မနိုင်ပေသည်။
ဆရာတပည့်သုံးဦး ပြန်ထွက်သွားပြီးနောက် ရန်ကိုင်သည် အမျိုးမျိုးသော ပညာရပ်များကို ကျင့်ကြံရန်အတွက် တံခါးပိတ် ကျင့်စဉ် ဝင်လေသည်။
ရွှေရောင်သွေးမျှင်များ၊ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာနှင့် လေဟာနယ်စွမ်းအားတို့သည် အချိန်ယူကာ ကျင့်ကြံရသော ပညာရပ်များနှင့် နည်းစနစ်များ ဖြစ်ကြပေသည်။
မိုးပြာသစ်ပင်ကြယ်သို့ သွားသည့်ခရီးသည် အလွန်ကိုမှ အန္တရာယ်ကင်းသည်။ လီမင်ဟိုင်တို့၏ ပြဿနာပြီးနောက် ကြယ်သင်္ဘောသည် မည်သည့် တိုက်ခိုက်မှုနှင့် ထပ်ပြီး မကြုံရတော့ဘဲ ရက်နှစ်ဆယ်ကြာပြီးနောက်တွင် မိုးပြာသစ်ပင်ကြယ်သို့ ဘေးကင်းကင်းဖြင့် ရောက်ရှိလာနိုင်ခဲ့၏။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၇၄၅)
ကွဲပြားခြားနားသော လောကနိယာမများကြောင့် ကျင့်ကြံရေးကြယ်များမှာလည်း အမျိုးမျိုး ကွဲပြားသွားကြသည်။
မိုးမြေစွမ်းအင် ကြွယ်ဝမှုဖြစ်စေ၊ ဂြိုလ်ပေါ်တွင် ထွက်သော တွင်းထွက်သဘာဝပစ္စည်းများ ဖြစ်စေ၊ ဂြိုလ်ပေါ်တွင် နေထိုင်ကြသော ကျင့်ကြံသူများ၏ အမြင့်ဆုံး တက်လှမ်းနိုင်သည့် အဆင့်ဖြစ်စေ မတူညီကြတော့ပေ။
ဥပမာပြရသော် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်မှာ အလွန်ကိုမှ ပါးလျသည့်အတွက် ထိုနေရာတွင် နေသူများသည် အမြင့်ဆုံးမှ သူတော်စင်အဆင့်ကိုသာ ရောက်နိုင်ကြသည်။
ကျင့်ကြံရေးကြယ်များပေါ် မူတည်၍ ကျင့်ကြံသူများ တက်လှမ်းနိုင်သည့် ကျင့်ကြံခြင်းအဆင့်၏ အကန့်အသတ်မှာ ကွဲပြားသွားကြသည်။
အရိပ်ကြယ်၏ မိုးမြေစွမ်းအင်သည် ကျင့်ကြံသူများ တန်ခိုးရှင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်သည်အထိ ကြွယ်ဝသော်ငြား လောကနိယာမများ၏ ဖိနှိပ်မှုကြောင့် မည်သည့် ကျင့်ကြံသူမှ အရိပ်ကြယ်၌ တန်ခိုးရှင်ဘုရင်အဆင့်သို့ မချိုးဖျက်နိုင်ကြချေ။
ကျင့်ကြံရေးကြယ်များစွာအနက် မိုးမြေစွမ်းအင် အသိပ်သည်းဆုံး ကြယ်များမှာ အင်အားစုကြီးများ၏ ပင်မကြယ်များ ဖြစ်ကြပေသည်။
ဥပမာပြရသော် ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သော ရေလကြယ်၊ ဓါးအဖွဲ့အစည်း၏ ဓါးကြယ်နဲ့ ခရမ်းကြယ်အဖွဲ့အစည်း၏ ခရမ်းကြယ်တို့ ဖြစ်ကြသည်။
ထိုပင်မကြယ်များသည် အခြားသော ကျင့်ကြံရေးကြယ်များထက် အစစအရာရာ အားလုံးနီးပါးတွင် သာလွန်ပေသည်။
မိုးပြာသစ်ပင်ကြယ်သည် မိုးမြေစွမ်အင် သိပ်သည်းမှုအရ အရိပ်ကြယ်နှင့် ယှဉ်နိုင်သော သာမန်ကြယ်တစ်လုံးသာ ဖြစ်သည်။
ကုကျန်းရှင်၏ ကြယ်သင်္ဘောသည် ဓါးအဖွဲ့အစည်းမှ ကျင့်ကြံသူများ စောင့်ဆိုင်းနေကြသည့် မိုးပြာသစ်ပင်နန်းတော် အရှေ့တွင် ရှိနေသော မြေကွက်လပ်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။
လာကြိုသည့် ကျင့်ကြံသူအဖွဲ့၏ ခေါင်းဆောင်မှ မှင်သက်ဖွယ် ကောင်းလှသော မျက်နှာပေါက်နှင့် ကျော့ရှင်းတင့်တယ်သော ခန္ဓာကိုယ် အချိုးအစားအား ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ဦး ဖြစ်ပေသည်။ ထိုအမျိုးသမီးသည် ခုန်ပေါက်ထွက်တော့မည့်နှယ် အတင်းဖိနှိပ်ထားရသော ရင်မို့မို့ အစုံကို ပိုင်ဆိုင်ထားပြီး အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပေသည်။ သေးကျဉ်သော ခါးလေးနှင့် သွယ်လှသော ခြေတံရှည်များသည် ပုရိသယောကျ်ားများအတွက် သရေယိုချင်စရာ ဖြစ်နေခဲ့သည်။ ရင့်ကျက်တည်ငြိမ်သော အမျိုးသမီးတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်လျက် တောက်ပရွှန်းစိုသော မျက်ဝန်းလေးများနှင့် လိုက်ဖက်စွာ နွေးထွေးသော အပြုံးတစ်ပွင့်ကို ဆင်မြန်းထားခဲ့သည်။
ကြယ်သင်္ဘောပေါ်မှ ဆင်းလာသည်နှင့် ကုကျန်းရှင်သည် ထိုအမျိုးသမီးကို သွားရောက်နှုတ်ဆက်လေသည် “ဒေါ်လေးလန်၊ မတွေ့ရတာတောင် ကြာပြီနော်”
ဒေါ်လေးလန်ဟု ခေါ်သော အမျိုးသမီးက ပြုံးလျက် ပြန်ပြောလိုက်၏ “အဖွဲ့အစည်းသခင်လေးကို နှုတ်ဆက်ပါတယ်။ သခင်လေး ရောက်လာမှာကို လက်အောက်ငယ်သား စောင့်နေတာပါ”
ပြောပြီးသည်နှင့် ကျော့ရှင်းတင့်တယ်စွာ အသာအယာ ဦးညွှတ်လိုက်လေသည်။ သူမနောက်တွင် ရှိနေကြသော ကျင့်ကြံသူများသည်လည်း လိုက်၍ ဦးညွှတ်နှုတ်ဆက်ကြ၏။
“အပြင်လူတွေမှ မရှိတာ။ ဒီလို အစဉ်အလာတွေ လုပ်နေစရာ မလိုဘူး ဒေါ်လေးရန်” ကုကျန်းရှင်က ပြုံးလျက် ပြန်ပြောသည်။ ဒေါ်လေးလန်ဆိုသူနှင့် အတော်လေး ရင်းနှီးသည့်ပုံပင်။
“လောကဝတ်နဲ့ အစဉ်အလာဆိုတာ စွန့်ပစ်သင့်တဲ့ အရာမျိုး မဟုတ်ပါဘူး အဖွဲ့အစည်းသင်လေး” ချိုသာပြုံးလျက် ကုကျန်းရှင် နောက်သို့ လှမ်းကြည့်လိုက်သည့်အခိုက်၊ ဒေါ်လေးလန်သည် ချင်းဝူဟွေအား တစ်ချက် ခေါင်းညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်ဆီသို့ အကြည့်ရောက်သွားခဲ့လေသည်။ ရန်ကိုင်အား မြင်လိုက်သည့် အချိန်တွင် ဒေါ်လေးလန်ဆိုသူ၏ မျက်လုံးထဲ သံသယရိပ်တို့ ဖြတ်ပြေးသွားလေ၏။
ကုကျန်းရှင်၏ အရေးကြီးသည့် နောက်လိုက်များကို သူမ သိပေသည်။ သို့သော်လည်း ယနေ့ ရောက်လာသည့် လူများထဲပ မျက်နှာသစ် ရန်ကိုင်တစ်ယောက် ပါနေခဲ့သည်။ ထို့ကြောင့် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ ရန်ကိုင်သည် တန်ခိုးရှင်တတိယအဆင့်သာ ရှိသေးကြောင်း တွေ့ရှိလိုက်ရသည့်အတွက် သူမစိတ်ထဲ ပို၍ နားမလည်နိုင် ဖြစ်သွားခဲ့လေသည်။
“အပြင်မှာ လေတိုက်တယ်။ အထဲသွားပြီး ပြောကြတာပေါ့” ကုကျန်းရှင်သည် ရန်ကိုင်အား ဒေါ်လေးလန်ဆိုသူနှင့် ချက်ချင်း မိတ်မဆက်သေးဘဲ အထဲသို့ အရင်သွားရန်သာ ပြောလိုက်သည်။
ဒေါ်လေး၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ ချက်ချင်းပဲ ပြုံးလျက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည် “ကောင်းပြီလေ။ ဒီလမ်းအတိုင်းကြွပါ အဖွဲ့အစည်းသခင်လေး”
ပြောပြီးသည်နှင့် ရှေ့မှ ဦးဆောင်သွားလေသည်။
မိုးပြာသစ်ပင်နန်းတော်သည် မိုးပြာသစ်ပင်ကြယ်၏ မျက်နှာစာ အဆောက်အဦးတစ်ခု ဖြစ်ကာ မိုးပြာသစ်ပင်ကြယ်၏ ဓါးအဖွဲ့အစည်း တည်ရှိရာ ဠာနချုပ်လည်း ဖြစ်ပေသည်။
ရန်ကိုင်သည် ဒေါ်လေးလန်ဆိုသော အမျိုးသမီးအား လေ့လာရင်း လိုက်လာခဲ့သည်။
ကောင်းကင်စိတ်အာရုံဖြင့် မစစ်ဆေးကြည့်ရသော်ငြား အမျိုးသမီးဆီမှ ခံစားရသည့် အရှိန်အဝါအရ သူမသည် ကျိန်းသေ တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်တစ်ဦး ဖြစ်ပေသည်။
မိုးပြာသစ်ပင်ကြယ်သည် ဓါးအဖွဲ့အစည်းအတွက် အရေးကြီးသော ကြယ်တစ်လုံး ဖြစ်သည့်အတွက် ဤနေရာတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ အစောင့်အဖြစ် ချထားသည်မှာ သဘာဝသာ ဖြစ်ပေသည်။ ဒေါ်လေးလန် ဆိုသော အမျိုးသမီးသည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လောက်သည်။ အကြောင်းမှာ သူမ၏ အရှိန်အဝါမှာ လီမင်ဟိုင်၏ အရှိန်အဝါနှင့် ဆင်တူနေသည့် အတွက်ကြောင့် ဖြစ်ပေသည်။ တန်ခိုးရှင်ဒုတိယအဆင့်သို့ ရောက်ရှိထားသော လော့ဟိုင်ကို မှီဖို့ရာတော့ အဝေးကြီး လိုပသေးသည်။
မိုးပြာသစ်ပင်နန်းတော်သည် အလွန်ကိုမှ ကျယ်ပြောပေသည်။ နန်းတော်ထဲသို့ ဝင်လာပြီး လူအသီးသီးကို ပြန်လွှတ်လိုက်ပြီးနောက် ကုကျန်းရှင်သည် စတင် မိတ်ဆက်ပေးတော့လေသည်။
ကုကျန်းရှင်၏ မိတ်ဆက်ပေးမှုဖြင့် ဒေါ်လေးလန် ဆိုသူသည် လော့လန်ဟုခေါ်သည့် တန်ခိုးရှင်ဘုရင် ပထမအဆင့်သို့ ရောက်နေသော ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ရန်ကိုင် သိလိုက်ရသည်။
“ဒေါ်လေးလန်က ဒီမိုးပြာသစ်ပင်ကြယ်ရဲ့ ကြယ်သခင်လေ။ ဒီမှာရှိတဲ့ ဓါးအဖွဲ့အစည်းရဲ့ ကိစ္စတွေ အကုန်လုံးကို သူပဲ ကိုင်တွယ်တာ” ကုကျန်းရှင်က ပြောလိုက်သည်။
“ကြယ်သခင်” ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
“ဒီကြယ်သခင်က ဟိုကြယ်သခင်ကို ပြောတာ မဟုတ်ဘူးနော် ရောင်းရင်းရန်” ကုကျန်းရှင်သည် ရန်ကိုင် ဘာတွေးနေသလဲ ဆိုသည်ကို သိသည့်အလား ချက်ချင်းပဲ ရှင်းပြလိုက်လေသည် “ဒီကြယ်သခင်က ဂုဏ်ပုဒ်သက်သက်ပဲ”
“ဂုဏ်ပုဒ်သက်သက်ပဲလား” ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ သူသိထားသလောက် ကြယ်သခင်တိုင်း လိုလိုသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
လော့ဟိုင် တောင်စိမ်းကြယ်၏ ကြယ်သခင် ဖြစ်လာခြင်းမှာ ကံကြောင့်သာ ဖြစ်ပြီး ရန်ကိုင်အနေဖြင့် အရိပ်ကြယ်၏ ကြယ်သခင် ဖြစ်လာရခြင်းမှာလည်း ယန်ယန်၏ အကူအညီကြောင့် ဖြစ်ပေသည်။
လော့လန်သည် တန်ခိုးရှင်ဘုရင် ပထမအဆင့်သာ ရှိသေးရာ သူမသည် တကယ့် ကြယ်သခင်ဆိုလျှင် ရန်ကိုင်လည်း မည်သို့ ပြောရမှန်း သိတော့လိမ့်မည် မဟုတ်ချေ။
သို့သော် ဂုဏ်ပုဒ်သက်သက်ကတော့ ဘာမှ စဉ်းစားနေစရာ မလိုပေ။ ဓါးအဖွဲ့အစည်းမှ မိုးပြာသစ်ပင်ကြယ်ကို စောင့်ကြပ်ရန် စေလွှတ်ထားခံရသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ဤဂုဏ်ပုဒ်ကို ရရှိကြပေလိမ့်မည်။
ဤဂုဏ်ပုဒ်သက်သက်သာ ဖြစ်သော ကြယ်သခင်တွင် အစစ်အမှန်ကြယ်သခင်တစ်ဦး၌ ရှိသည့် စွမ်းရည်များ ရှိမနေချေ။
“မောင်လေး ကြည့်ရတာ တော်တော် အံ့ဩသွားတဲ့ပုံပဲ။ အရင်က ကြယ်သခင်တွေကို တွေ့ဖူးတာလား” လော့လန်သည် ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကို မြင်ပြီးနောက် ချက်ချင်း မေးခွန်းတစ်ခု ကောက်မေးလိုက်လေသည်။
“အင်း… လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက တောင်စိမ်းကြယ်မှာ လူကြီးမင်းလော့ဟိုင်နဲ့ ကံကောင်းပြီး တွေ့ခွင့်ရခဲ့တယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
“လူကြီးမင်းလော့ဟိုင်…” လော့လန် ရေရွတ်လိုက်သည် “လွန်ခဲ့တဲ့ နှစ်ပိုင်းလောက်ကဆိုတော့ မောင်လေးက သွေးအကျဉ်းထောင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ခဲ့တာလား”
“ဟုတ်တယ်”
“ရောင်းရင်းရန်လည်း သွေးအကျဉ်းထောင်စမ်းသပ်ပွဲမှာ ဝင်ပြိုင်ခဲ့တယ်ပေါ့” ကုကျန်းရှင်သည် ရန်ကိုင်အား အံ့ဩတကြီး ကြည့်လိုက်သည်။
ရန်ကိုင်သည် ဧကရာဇ်ဥယျာဉ်အပြင်ကိုမှ သွေးအကျဉ်းထောင် စမ်းသပ်ပွဲသို့လည်း ရောက်ဖူးနေသဖြင့် ကုကျန်းရှင် အတော်လေး အံ့အားသင့်နေခဲ့သည်။
ထိုကဲ့သို့သော နေရာနှစ်ရာမှ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ရာ ကံကိုချည်း အားကိုး၍ မဖြစ်၍ မိမိကိုယ်ကိုလည်း အားကိုရပေမည်။
“အထင်ကြီးစရာပဲ” ကုကျန်းရှင်က လက်သီးဆုပ်၍ လေးစားတကြီး ပြောလိုက်သည်။
“ဟဲဟဲ” ရန်ကိုင်လည်း ကသိကအောက်ဖြင့် ရယ်မောလိုက်လေသည်။
“ဒါပေမယ့် ကံဆိုးတာက သွေးအကျဉ်းထောင်ဖွင့်ပြီး နှစ်နှစ်အကြာမှပဲ လူကြီးမင်းလော့ဟိုင် အသတ်ခံလိုက်ရတာပဲ။ အဲ့အဖြစ်အပျက်ကြောင့် ကြယ်စီရင်စုကြီး တစ်ခုလုံး ဂယက်ရိုက်သွားသေးတယ်” လော့လန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီသခင်လေးလည်း ကြားတယ်။ လော့ဟိုင်လို လူကိုတောင် သတ်နိုင်တယ်ဆိုတော့ အဲ့လူ ဘယ်သူများဖြစ်မလဲ”
ရန်ကိုင်သည် တိတ်တိတ်လေးသာ နေခဲ့သည်။
“ဒါနဲ့ ဒေါ်လေးရန်၊ ကျုပ်လာတဲ့လမ်းမှာ လီမင်ဟိုင်တို့ ချုံခိုတိုက်ခိုက်တာ ခံလိုက်ရသေးတယ်” ကုကျန်းရှင်က ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်သည်။
“ဘာ” လော့လန်၏ မျက်နှာလေး ဖြူလျော်သွား၏ “နင်ဒဏ်ရာရသွားသေးလား”
“ရတယ်၊ ဒါပေမယ့် ပြန်ကုပြီးသွားပြီ။ ရောင်းရင်းရန်ရဲ့ ကျေးဇူးကြောင့်လို့ပဲ ပြောရမယ်။ သူ့ကြောင့်သာ မဟုတ်ရင် လီမင်ဟိုင် လက်ချက်နဲ့ ကျုပ်သေနေလောက်ပြီ”
“သူလား” လော့လန်သည် ရန်ကိုင်အား သင်္ကာမကင်း အမူအရာဖြင့် လှည့်ကြည့်လာခဲ့သည်။ ဘာတွေ ဖြစ်သွားခဲ့လဲ ဆိုသည်ကို မသိသော်ငြား ရန်ကိုင်အား ကုကျန်းရှင်၏ အသက်ကို ကယ်ခဲ့သူတစ်ဦး ဖြစ်သဖြင့် သူ့အား မေးခွန်းထုတ်မနေခဲ့ဘဲ အလေးအနက် အမူအရာဖြင့်သာ ပြောလိုက်သေလည် “အခုလို ကူညီပေးခဲ့တဲ့အတွက် မောင်လေးကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီဘုရင်မ ဒီအတွက် ကျိန်းသေ ပြန်ကျေးဇူးဆပ်ပါမယ်”
“စီနီယာ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ရောင်းရင်ကုနဲ့ ကျုပ်က မိတ်ဆွေတွေပဲဟာကို။ အခုလို ကူညီပေးတာ ဘာမှမဟုတ်ဘူး” ရန်ကိုင်က ပြန်ပြော၏။
“ဘာမှမဟုတ်ဘူး…” လော့လန်၏ အမူအရာ ထူးဆန်းသွားခဲ့လေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းသည် ပေါ့သေးသေးကိစ္စတစ်ခု မဟုတ်ချေ။ တစ်ချက်ကလေးသာ မှားသွားခဲ့လျှင် ကုကျန်းရှင် အနေဖြင့် သူမရှေ့တွင် ရှိနေတော့လိမ့်မည် မဟုတ်ဘဲ ကြယ်စီရင်စုထဲရှိ တစ်နေရာရာတွေင် အရိုးဆွေးနေပေလိမ့်မည်။
“အခု အဲ့ခွေးကောင် လီမင်ဟိုင် ဘယ်မှာလဲ” လော့လန်သည် ကုကျန်းရှင်ဘက်သို့လှည့်၍ သတ်ဖြတ်လိုစိတ် လွှမ်းနေသည့် အေးစက်စက် မျက်ဝန်းအစံဒဖြင့် ပြောလိုက်လေသည် “အဖွဲ့အစည်းသခင်လေးကိုတောင် လုပ်ကြံရဲတာ သူ့ကျိန်းသေ သေဖို့ ပြင်ဆင်ထားသင့်တယ်”
“သူသေသွားပြီ” ကုကျန်းရှင်က အလျင်အမြန် ပြောလိုက်၏။
ဒေါသထွက်နေသည့် လော့လန် ရုတ်ချည်း ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့၏။ ခဏကြာ တိတ်နေပြီးမှသာ ပြန်၍ မေးလိုက်လေသည် “ဘယ်လိုသေသွားတာလဲ”
ကုကျန်းရှင်သည် ရန်ကိုင်အား လှမ်းကြည့်လိုက်လေသည်။
လော့လန်သည် ရန်ကိုင်အား သင်္ကာမကင်း မျက်ဝန်းအစုံဖြင့် နောက်တစ်ကြိမ် ထပ်ကြည့်လာခဲ့သည်။
ရန်ကိုင်က ပြုံးလျက် “သူ ရောင်းရင်းကုကို တိုက်နေတုန်း ကျုပ်အနောက်ကနေ ချောင်းတိုက်လိုက်တာ”
လော့လန် ဆွံ့အသွားခဲ့လေသည်။ ခဏအကြာမှပဲ ပြုံးလျက် ပြောလိုက်လေသည် “မောင်လေးက ကိုယ့်ကိုယ်ကို အရမ်း နှိမ့်ချနေတာပဲ”
“အဲ့တုန်းက ရောင်းရင်ကုကို သတ်နိုင်ပြီထင်ပြီး သူ့ကိုယ်သူ အထင်ကြီးနေတာလေ။ အဲ့ဒါကြောင့် သူ့ကို အလစ်ချောင်း တိုက်ခိုက်တာ အောင်မြင်သွားခဲ့တာ” ရန်ကိုင်က ပခုံးတွန့်ပြလိုက်၏။
ရန်ကိုင်၏ အမူအရာကိုမြင်သော် တစ်ဖက်လူ ထိုအကြောင်း ဆက်မပြောချင်မှန်း လော့လန် သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ အခြား အကြောင်းအရာတစ်ခုဆီ ပြောင်းလိုက်၏ “လီမင်ဟိုင်တောင် သေသွားတယ်ဆိုတော့ ဒီကိစ္စ ပြီးသွားပြီလို့ ပြောလို့ရတယ်။ ဒီတစ်ကြိမ် မောင်လေးရန်နဲ့ တွေ့လို့ သခင်လေး ကံကောင်းသွားခဲ့တာ။ အခုတစ်ကြိမ် လွတ်တယ်ဆိုပြီး နောက်ပိုင်း မဆင်မခြင်နဲ့ သွားချင်တိုင်း လျှောက်သွားလို့ မရဘူးနော်”
“ကျုပ်သိတယ်” ကုကျန်းရှင်က အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏ “အိုဒါနဲ့၊ ဒေါ်လေး၊ ကျုပ်ရောင်းရင်းရန်ကို ဒီခေါ်လာတာ ဒေါ်လေးလန်နဲ့ တစ်ခုခု ဆွေးနွေးချင်လို့ပဲ”
“အို၊ ဘာကိစ္စလဲ”
“ရောင်းရင်းရန်က နန်းတော်ဆောက်ဖို့ မိုင်တစ်သောင်း အကျယ်လောက်ရှိတဲ့ မြေနေရာတစ်ခု လိုချင်တယ်။ ဒေါ်လေးလန်မှာ သင့်တော်တဲ့ နေရာတွေရှိလား”
“မိုင်တစ်သောင်း…” လော့လန်သည် ခဏမျှ စဉ်းစားပြီးနောက် ပြန်၍ ပြောလိုက်၏ “မိုင်တစ်သောင်း အကျယ်လောက် ရှိတဲ့ နေရာတွေကတော့ အများကြီးပဲ။ သူဘယ်လိုနေရာမျိုး လိုချင်လဲ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ ဒီအကြောင်းကို နောက်နေ့ မိုးပြာသစ်ပင်ကြယ်ရဲ့ ကြယ်မြေပုံနဲ့မှ ဆွေးနွေးကြည့်ရင်ကော”
“ကောင်းတယ်။ အဲ့ဒါဆို စီနီယာကိုပဲ အားကိုးတော့မယ်နော်”
“မောင်လေး ယဉ်ကျေးနေစရာ မလိုပါဘူး။ မောင်လေးရန်က သခင်လေးရဲ့ အသက်ကို ကယ်ထားတာပဲ။ မြေပိုင်နက် မိုင်တစ်သောင်းလောက်က ဘာမှ မပြောပလောက်ဘူး”
“ဒါဆို ဂျူနီယာ အရင်သွားလိုက်ပါဦးမယ်။ မနက်ကျမှ တွေ့ကြတာပေါ့ စီနီယာ” ကုကျန်းရှင်တွင် ဒေါ်လေးလန်ဆိုသူနှင့် ဆက်ပြီး ဆွေးနွေးစရားများ ရှိနေဦးမည်မှန်း သိသည့်အတွက် ရန်ကိုင်သည် သူ့ကိစ္စကို အပြီးသတ်ပြီးသည်နှင့် ချက်ချင်း ထိုနေရာမှ ထွက်ခွာရန် ပြင်လိုက်လေသည်။
“ငါလမ်းပြဖို့ လူလွှတ်ပေးလိုက်မယ်” ကုကျန်းရှင်က ပြောလိုက်သည်။
ကုကျန်းရှင်သည် ရန်ကိုင် နေမည့် နေရာဆီသို့ အစေခံ မိန်းကလေးတစ်ဦးအား လိုက်ပို့ခိုင်းလိုက်လေသည်။
ရန်ကိုင် ထွက်သွားပြီးနောက် လော့လန်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ အခန်းပတ်လည်ရှိ အစီအရင်များကို အသက်သွင်းလိုက်လေသည်။ ထို့နောက် အလေးအနက် အမူအရာဖြင့် မေးလိုက်၏ “သခင်လေး… အဲ့ရန်ကိုင်ဆိုတဲ့လူ ယုံကြည့်ရလို့လား”
“ရလောက်ပါတယ်။ ကျုပ်သိသလောက် သူက ဓါးအဖွဲ့အစည်းနဲ့ ဘာမှ မပက်သက်ဘူး။ လီမင်ဟိုင် ကျုပ်ကို ချောင်းတိုက်မယ့် နေရာမှာ ပေါ်လာတာကလည်း တိုက်ဆိုင်မှု သက်သက်ပဲ။ လီမင်ဟိုင်ကကို သူ့ကို သွားချောင်းတိုက်ခိုက်လို့ သူက ပြန်ပြီး ချောင်းတိုက်ခိုက်ခဲ့တာ”
“လီမင်ဟိုင် အလစ်ချောင်းတိုက်ခိုက်တာကနေ အသက်ရှင်နိုင်ခဲ့တယ်ပေါ့” လော့လန်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့၏။
“သူဘယ်လိုလုပ်သွားလဲတော့ ကျုပ်လည်း မသိဘူး” ကုကျန်းရှင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “ဒါပေမယ့် သူ့ခွန်အားကိုတော့ ဘာမှမေးနေစရာ မလိုဘူး။ သူခုဏတုန်းက ပြောသွားတက ကျုပ်ကို မျက်နှာသာပေးနေလို့ပဲ။ တကယ်တမ်း လီမင်ဟိုင် သေသွားတာ သူ့ကြောင့်ချည်းပဲ။ ချောင်းမြောင်း တိုက်ခိုက်တာကြောင့်လို့ ပြောသွားပေမယ့်… ဒေါ်လေးလန်လည်း နှစ်တွေအများကြီး နေလာခဲ့တာပဲ။ တန်ခိုးရှင်အဆင့်က အလစ်ချောင်းပြီး တိုက်ခိုက်လိုက်လို့ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး သေသွားတယ်ဆိုတာမျိုး ကြားဖူးလို့လား”