← Chapters

အခန်း (၁၇၇၆-၁၇၈၀)

Vol. 72 Ch. 1776-1780

အခန်း (၁၇၇၆-၁၇၈၀)

Vol. 72 Ch. 1776-1780

အပိုင်း (၁၇၇၆)

“ဒါနဲ့ ရန်ကောင်လေး” ခုနှစ်ရောင်ခြယ်အလင်းတန်း ပြန်ဆုတ်သွားမည်ကို စောင့်ဆိုင်းရင်း ကွေ့ဇူက မေးကြည့်လိုက်၏ “မင်း ဆေးပင်အကြောင်းတွေ တော်တော်လေး သိတာ ငါတွေ့တယ်။ မင်းဆေးပညာကို လေ့လာထားတာလား”

လက်ရှိအချိန်ထိ နီဗားနားသီးနှင့် နတ်ဆိုးချွေအိုင်းရစ်ပန်းတို့ကိုသာ သူတို့ ရထားသေးသော်လည်း ရန်ကိုင်သည် ထိုဆေးပင်နှစ်မျိုးအား မြင်မြင်ချင်း တန်းအမျိုးအစား ခွဲနိုင်၏။ ဆေးပင်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်၊ ထိုဆေးပင်များကိုသုံး၍ မည်သည့် ဆေးလုံးများအား ဖော်စပ်နိုင်သလဲ ဆိုသည်ကို ယုံကြည်ချက်အပြည့်ဖြင့် ပြောနိုင်၏။ ထို့ကြောင့် ကွေ့ဇူ သင်္ကာမကင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“အို” ကွေ့ဇူသည် ရန်ကိုင်အား အံ့ဩတကြီးကြည့်လျက် “နှစ်သုံးဆယ်၊ လေးဆယ်လောက်နဲ့ သူတော်စင်အဆင့်ကနေ တန်ခိုးရှင်တတိယအဆင့် ရောက်လာတာကိုတောင် ဒီလူအိုကြီး အံ့အားသင့်လို့မဆုံးဘူး။ အခု မင်းက ဆေးပညာပါ ထပ်ပြီး လေ့လာခဲ့သေးတာလား။ ဆေးပညာကို လေ့လာနေလိုက်လို့ မင်းကျင့်ကြံခြင်း နှောင့်နှေးသွားမှာ မင်းမကြောက်ဘူးလား”

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည် “ဆေးပညာကို လေ့လာတာ ကျုပ်ကျင့်ကြံခြင်းအတွက် အကူ သက်သက်လောက်ပဲ။ ကျုပ်ရဲ့ အဓိက ပန်းတိုင်က အမြဲ သိုင်းတာအိုပဲ ဖြစ်နေမှာ”

“ကောင်းတယ်” ကွေ့ဇူက ချီးကျူးလိုဟန်ဖြင့် ကြည့်လျက် “ဆေးပညာတွေ၊ ပန်းပဲပညာတွေ၊ အစီအရင်ပညာတွေက သူ့နယ်ပယ်နဲ့သူ အရေးကြီးတယ်ဆိုပေမယ့် ကျင့်ကြံခြင်းကတော့ အားလုံးထဲမှာ အရေးအကြီးဆုံးပဲ။ ကျင့်ကြံခြင်းသာ မမြင့်ရင် ကျန်တာတွေလည်း လိုက်မြင့်နိုင်မှာ မဟုတ်ဘူး။ ကျန်တဲ့ဟာတွေ အကုန်လုံးက ကျင့်ကြံခြင်းအတွက် အထောက်အကူ သက်သက်ပဲ”

ရန်ကိုင်လည်း သဘောတူ ထောက်ခံလိုက်သည်။

“ဒါပေမယ့် ပြောသာပြောရတာ၊ အဲ့နယ်ပယ် တစ်ခုခုလောက်ကို အဆင့်မြင့်မြင့်ထိ တတ်ကျွမ်းထားရင်လည်း တော်တော်လေး တော်တယ်လို့ ပြောလို့ရတယ်” ရန်ကိုင်၏ သဘောထားနှင့် ပက်သက်၍ ကွေ့ဇူ အတော်လေး ကျေနပ်နေမိ၏။ ပြုံးလျက် ထပ်မေးလိုက်လေသည် “မင်းအခု ဘယ်အဆင့် ဆေးလုံးတွေ သန့်စင်နိုင်နေပြီလဲ”

ထိုမေးခွန်းကိုကြားသော် ရန်ကိုင်သည် သေချာ စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်၏ “စီနီယာက‌ မေးလာတယ် ဆိုမှတော့ ဂျူနီယာလည်း လိမ်မနေတော့ဘူး။ အမှန်အတိုင်းပဲ ပြောတော့မယ်။ တကယ်တော့ ဂျူနီယာက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေပြီ”

ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် ကွေ့ဇူသည် အာစေးမိနေသည့်နှယ် စကားပင် ပြန်မပြောနိုင်တော့ဘဲ ရန်ကိုင်အား မျက်လုံးကြီးပြူးလျက်သာ စိုက်ကြည့်နေတော့၏။

“စီနီယာ” ကွေ့ဇူ၏ ဖြစ်ပျက်သွားသည့် ပုံစံကို မြင်သော် ရန်ကိုင်လည်း ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေသည်။ ထိုကဲ့သို့ ဖြစ်မည်မှန်း သူမျှော်လင့်ထားပြီးသားပင်။ တကယ်တော့ ဤကြယ်စီရင်စုထဲပင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် မည်မျှ ရှိလို့နည်း။ ရှိသည့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် အားလုံးဟာလည်း ဆံဖြူသွားကျိုး သက်ကြားအိုကြီးများသာ ဖြစ်ကြပြီး ရန်ကိုင်ကဲ့သို့ အသက်ငယ်ငယ်နှင့် တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင် ဖြစ်နေသည့်လူ တစ်ယောက်မှမရှိချေ။

အချိန်အတော်ကြာအောင် တိတ်နေပြီးမှသာ ကွေ့ဇူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်း၍ တုန်ရီနေသည့် လေသံဖြင့် ပြန်မေးလာခဲ့လေသည် “မင်းနောက်နေတာမလား”

စစချင်း ရန်ကိုင် နောက်နေသည်ဟု ထင်ခဲ့သည်။ သို့သော် အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည့်တိုင် ရန်ကိုင်၏ ပုံစံသည် နည်းနည်းလေးမှ နောက်နေသည့်ပုံစံ မပေါက်သဖြင့် ကွေ့ဇူသည် သူ့အထင်ကို စတင် သံသယဝင်လာခဲ့သည်… ရန်ကိုင် အမှန် ပြောနေသည်မှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

“ဘယ်က နောက်ရမှာလဲ” ရန်ကိုင်က ခေါင်းခါလိုက်၏။

“မင်းတကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်လား” ထိုကဲ့သို့ ထအော်လိုက်ပြီးနောက် ကွေ့ဇူသည် တစ်ယောက်ယောက် ကြားသွားမည်ကို စိုးရိမ်သည့်နှယ် ဘေးပတ်ပတ်လည်အား ကျီးကန်းတောင်းမှောက် လှည့်ပတ်ကြည့်လိုက်လေသည်။

“ဒီလိုကိစ္စမျိုးကို ဂျူနီယာ ဘာလို့ နောက်ရမှာလဲ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံး နည်းနည်းလောက်ကိုပဲ ဖော်စပ်ဖူးသေးတာဆိုပေမယ့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးကို ဖော်စပ်နိုင်ပြီးပြီ။ ကြယ်စီရင်စုရဲ့ အဆင့်သတ်မှတ်ပေးပုံနဲ့ဆို ဂျူနီယာကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးအဖြစ် သတ်မှတ်လို့ရပြီ”

ကွေ့ဇူသည် ရန်ကိုင်အား ထူးထူးဆန်းဆန်း မွန်းစတား တစ်ကောင်ကို ကြည့်သလို ကြည့်နေခဲ့သည်။

ရန်ကိုင်သည် ငယ်သေး၏။ သို့တိုင် သူ့ကျင့်ကြံခြင်းမှာ အတော့်ကိုမှ မြင့်မားနေလေပြီ။ ထိုမျှသာမဟုတ်ဘဲ ဆေးပညာတွင်လည်း တန်ခိုးဘုရင်အဆင့်သို့ ရောက်နေ၏။ သူမည်ကဲ့သို့များ လုပ်လိုက်သနည်း။ သူ့အမေ ဝမ်းဗိုက်ထဲမှ စ၍ ကျင့်ကြံမည်ဆိုလျှင်ပင် ဤအချိန်လေးအတွင်း ဤကဲ့သို့ လုပ်နိုင်ဖို့ရာ မဖြစ်နိုင်ပေ။ သူ့ကိုယ်သူ ကိုယ်ပွားများစွာခွဲပြီး ကျင့်ကြံနိုင်သည့်အခါမှသာ ဤမဖြစ်နိုင်သည့် အရာမျိုးကို လုပ်ပြနိုင်ပေလိမ့်မည်။

ကွေ့ဇူ လုံးဝ နားမလည်နိုင်တော့ချေ။

“ကျုပ်တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်တာကို သိတဲ့လူ နည်းနည်းလေးပဲ ရှိတယ်။ ကျုပ်မိန်းမနဲ့ မိသားစုတွေအပြင် စီနီယာပဲ သိသေးတာ။ ဒါကြောင့် စီနီယာက ဒါကို လျှို့ဝှက်ချက်တစ်ခုအနေနဲ့ သိမ်းထားပေးဖို့ မျှော်လင့်ပါတယ်”

ရန်ကိုင် အနေဖြင့် သူတန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်းကို ထုတ်မပြောရသေးခြင်းမှာ သူ့ခွန်အား နိမ့်ကျနေသေးသည့် အတွက်ကြောင့် ဖြစ်ပေသည်။ နိမ့်ကျသည့် သူ့ခွန်အားကြောင့် အခြားသူများ သူ့အပေါ် အမြတ်ထုတ်လာမည်ကို စိုးရိမ်ရပေသည်။

ယခု သူ့ခွန်အားသည် ဤအဆင့်ထိ ရောက်လာပြီ ဖြစ်သဖြင့် သူတန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်ကြောင်းကို ထုတ်ပြောလိုက်လျှင်ပင် ကိစ္စ သိပ်မရှိတော့ချေ။ အပြန်အလှန် အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်သည် သူ့အား အကျိုးအမြတ်များစွာကိုပင် သယ်ဆောင်လာပေးနိုင်သေးသည်။ ထို့ကြောင့် သူ့မိတ်ဆွေများ မေးလာသည့်အခါ သူတန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် ဖြစ်ကြောင်းကို ရန်ကိုင် ဖုံးကွယ်မထားတော့ခြင်း ဖြစ်သည်။

ထိုစကားကိုကြားသည့်အခါ ကွေ့ဇူ ခေါင်းညိတ်လိုက်ပြီး အလေးအနက် လေသံဖြင့် “ငါဘာလုပ်ရမလဲ ငါသိတယ်။ ဒီအကြောင်းကို အကြောင်းမရှိ ငါလျှောက်ပြောမှာ မဟုတ်ဘူး။ ပြီးတော့ ငါ့မှာ ဘာမိတ်ဆွေသူငယ်ချင်းမှလည်း ရှိတာ မဟုတ်ဘူး။ ငါဘယ်လိုလုပ်ပြီး လျှောက်ပြောမှာလဲ။ ဒါပေမယ့်… ကောင်လေး၊ မင်းဘာလို့ ငါ့ကို ပြောပြတာလဲ။ ငါမင်းအပေါ် အခွင့်အရေးယူမှာ မကြောက်ဘူးလား။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တွေကို ငါတို့လို တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတွေ ဘယ်လောက်တောင် လိုချင်လဲ မင်းမသိတာလည်း မဟုတ်ဘူး။ ငါတို့သာ အဲ့လိုဆေးပညာရှင်တစ်ယောက်ကိုဖမ်းပြီး ဆေးထိုင်ဖော်စပ်ခိုင်းနိုင်မယ်ဆိုရင် ငါတို့ ခွန်အားကို တိုးတက်ဖို့အတွက် အလွယ်လေး ဖြစ်သွားမှာ”

“ဟားဟား၊ စီနီယာက အဲ့လိုလူမျိုးမှ မဟုတ်တာ” ရန်ကိုင်က သူ့နှာခေါင်းကိုပွတ်သပ်ရင်း “စီနီယာကို ကျုပ်ယုံလို့ပေါ့၊ မဟုတ်ရင် ဘယ်ပြောပြပါ့မလဲ။ ပြီးတော့ စီနီယာလည်း သိတာပဲ။ တန်ခိုရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ယောက်ကို မိတ်ဆွေပေါင်း ပေါင်းတာနဲ့ ရန်သူလုပ်လိုက်တာ၊ ဘယ်ဟာ ပိုအကျိုးအမြတ်ရှိလဲ ဆိုတာကိုလေ။ စီနီယာကျုပ်ကိုဖမ်းပြီး ဆေးထိုင်ဖော်စပ်ခိုင်းမယ် ဆိုရင် ကျုပ်ဘယ်အချိန် ဘယ်ဆေးလုံးထဲမှာ အဆိပ်ခတ်လိုက်မလဲ ဆိုတာကို စီနီယာ တောက်လျှောက် စိတ်ပူနေရမှာ၊ မဟုတ်ဘူးလား”

ပြောပြီးသည့်နောက် ရန်ကိုင်က ပြုံးလျက် ကွေ့ဇူအား ကြည့်လိုက်လေသည်။ သူသည် အမှန်တရားကို ပြောနေခြင်း ဖြစ်သည်။

ကွေ့ဇူသည် ရန်ကိုင်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အော်ရယ်မောလျက် “ဟားဟားဟား၊ ငါသိပ် အရေးမစိုက်ခဲ့တဲ့ ကောင်လေး တစ်ယောက်က အခုအချိန်မှာ တန်ခိုးရှင်တတိယအဆင့် ရောက်ပြီး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး။ ဒီအကြောင်းသာ ပြန့်သွားခဲ့ရင် လူတိုင်း ငါ့ကို လာဖားယားကုန်ကြတော့မှာ”

“စီနီယာ စကားကောင်းကောင်း ပြောတတ်တာပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဒါဆို နီဗားနားဆေးလုံးနဲ့ နတ်ဆိုးချွေဆေးလုံးတွေကို မင်းဖော်စပ်တတ်လား” ကွေ့ဇူက စိုးရိမ်တကြီး မေးလိုက်သည်။

ကွေ့ဇူအနေဖြင့် အစက ထိုဆေးလုံးများကို ဖော်စပ်ရန်အတွက် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးကို သွားရှာရန် စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ထိုသို့လုပ်ခြင်းသည် သူ့အား အတော်လေး ငွေကုန်ကြေးကျ များပေလိမ့်မည်။ အချိန်လည်း အတော်လေး ကြာပေလိမ့်မည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တိုင်းသည် အားယားနေကြသည့်လူများ မဟုတ်ကြ။ သူတို့၏ အချိန်ဇယားသည် အမြဲလိုလို ပြည့်နေတတ်သလို ဆေးဖော်စပ်ပေး၊ မဖော်စပ်ပေးကလည်း သူတို့၏ စိတ်အခြေအနေပေါ် မူတည်၏။

ကွေ့ဇူသည် ဤသို့သော ကိစ္စများနှင့် ပက်သက်သည့် လုပ်ငန်းအဆင့်ဆင့်ကို နားမလည်သော်လည်း အခြေခံ ကိစ္စလောက်ကိုတော့ နားလည်ပေသည်။ မြင့်မားသော သူ့ကျင့်ကြံခြင်းကြောင့် သူသာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦးကို ဆေးဖော်စပ်ခိုင်းလိုလျှင် ထိုဆေးပညာရှင်မှ ခိုင်းမည့် တစ်စုံတစ်ယောက်ကို သတ်ပေးပါ၊ ပစ္စည်းတစ်ခုခုကို သွားရှာပေးပါဟူသော ခက်ခဲသည့် တာဝန်မျိုးကို ယူရပေလိမ့်မည်။ သို့မှသာ သူ့တောင်းဆိုချက်ကို သဘောတူပေးလောက်၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လျှင်ပင် ထိုဆေးပညာရှင်များ၏ တောင်ဆိုချက်များသည် အလွန်ကိုမှ ခက်ခဲလွန်းပေသည်။

ယခု သူ့အသိများထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦး ရှိနေခဲ့လေပြီ။ ကွေ့ဇူ မပျော်ဘဲ ဘယ်နေမည်နည်း။ ပျော်လွန်းသဖြင့် ထ၍ပင် အော်ဟစ်လိုက်ချင်မိသေးသည်။

ယခင်က ရန်ကိုင်အား မသတ်ခဲ့ဘဲ သူ့အား ကယ်ခဲ့သည့်အပေါ် ကျေးဇူးတင်သည့်အနေဖြင့် ကြယ်ဧကရာဇ် တံဆိပ်ပြားအား လက်ဆောင်ပေးခဲ့သည်ကိုပင် ကျေးဇူးတင်မိနေလေပြီ။ ကံကောင်းစွာဖြင့် တိုက်တိုက်ဆိုင်ဆိုင် ကမ္ဘာပျက်ကြီးထဲတွင် ရန်ကိုင်နှင့် နောက်တစ်ကြိမ် လာတွေ့ခဲ့လေသည်။

“နီဗားနားဆေးလုံးနဲ့ နတ်ဆိုးချွေဆေးလုံးတွေက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေချည်းပဲဆိုတော့ ဖော်စပ်ဖို့ကတော့ လွယ်မှာမဟုတ်ဘူး။ ဒါပေမယ့် စီနီယာသာ ဆေးအမယ်တွေကို စုဆောင်းပေးမယ်ဆိုရင် ကျုပ်စမ်းကြည့်ပေးလို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်၏။

“မင်း အောင်မြင်နိုင်ချေ ဘယ်လောက်ရှိလဲ”

“ခြောက်ဆယ်ရာခိုင်နှုန်းလောက်”

“ခြောက်ဆယ်ရာခိုင်နှုန်း” ကွေ့ဇူ သက်ပြင်းရှိုက်မိသွား၏။ ရန်ကိုင်အား အထင်သေးမိနေသေးသည့်ပုံပင်။ တန်ခိုးရှင်ဘုရင် အဆင့် ဆေးလုံးများသည် အလွန်ကိုမှ ဖော်စပ်ရခက်သည့် အတွက် ကျရှုံးနိုင်ချေမှာလည်း အလွန်မြင့်ပေသည်။ ထို့ကြောင့် အောင်မြင်နိုင်ချေ ခြောက်ဆယ်ရာခိုင်နှုန်း ဆိုသည်မှာ အလွန်ကိုမှ မြင့်သည်ဟု ပြော၍ရသည်။

ရန်ကိုင်ကလည်း အကြောင်းမရှိ ကြွားဝါနေမည့်လူတစ်ဦး မဟုတ်သဖြင့် ရန်ကိုင်၏စကားကို ကွေ့ဇူ သံသယ မရှိခဲ့ပေ။ ထို့ကြောင့် ရန်ကိုင်မှ ခြောက်ဆယ်ရာခိုင်နှုန်းဟု ပြောခြင်းသည် သူ့တွင် အောင်မြင်နိုင်ချေ ခြောက်ဆယ်ရာခိုင်နှုန်း ရှိသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

“ဒါပေမယ့်…” ရန်ကိုင်က ရုတ်တရက် ရယ်လိုက်၏။

“ဒါပေမယ့် ဘာလဲ” ကွေ့ဇူ ရင်ထိတ်သွားသည်။

“စီနီယာ ဆေးဖော်စပ်ချင်တယ်ဆိုရင် အခြား တစ်ယောက်ကို ကျုပ်ပြောပေးလို့ရတယ်။ အဲ့တစ်ယောက်က ဆေးပညာမှာ ဂျူနီယာထက် ပိုတော်တယ်။ သူသာ ဖော်စပ်ပေးမယ်ဆို အောင်မြင်နိုင်ချေက အများကြီး ပိုမြင့်လိမ့်မယ်”

ဟူး…

ကွေ့ဇူသည် အသက်ပြင်းပြင်း ရှူသွင်းရင်း ရန်ကိုင်အား မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လျက် “အခြား တန်ခိုးရှင်ဘုရင် အဆင့် ဆေးပညာရှင်တစ်ဦးကိုလည်း မင်းသိနေသေးတာလား။ ဟုတ်သားပဲ၊ မင်းကို သင်ပေးတဲ့ ဆေးပညာရှင်လည်း ရှိနေမှာပဲကို။ မင်းဆရာကို ပြောနေတာလား”

ထိုသို့ ပြောလိုက်ချိန်‌ ကွေ့ဇူ၏ မျက်ဝန်းအစုံ တဖျက်ဖျက် တောက်ပသွားခဲ့လေသည်။

ရန်ကိုင်၏ ဆရာသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ဦး ကျိန်းသေ ဖြစ်ရပေမည်။ သူ့ထက်လည်း ကျိန်းသေ တော်ပေလိမ့်မည်။ ထိုကဲ့သို့သော လူတစ်ဦးနှင့် မိတ်ဆွေ မဖြစ်ချင်ဘူးဟု ပြောလျှင် ကွေ့ဇူ လိမ်နေခြင်းသာ ဖြစ်လိမ့်မည်။

ကမ္ဘာပျက်ထဲမှ ပြန်ထွက်လာပြီးလျှင် ရန်ကိုင်၏ ဆရာဆီသို့ အလည်တစ်ခေါက်တော့ သွားရမည်ဟု တွေးလိုက်၏။

တန်ခိုးရှင်အဆင့် ဆေးပညာရှင်များနှင့် တွေ့ချင်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ ဘယ်လောက်ပင် များလိုက်သနည်း။ အများစုမှာ တစ်ယောက်ပင် တွေ့ရဖို့ အနိုင်နိုင် ဖြစ်နေသော်ငြား သူကတော့ နှစ်ယောက်ကိုပင် တွေ့နိုင်မည့် အခွင့်အရေး ရှိနေသည်။

“မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါ၍ “ကျုပ်ပြောနေတဲ့လူက ကျုပ်စီနီယာအစ်မပဲ’

ရှနင်းချန်ကို ရန်ကိုင် ပြောနေခြင်း ဖြစ်သည်။

ထုန်းရွှမ်လောကကြီးမှ ခေါ်လာစဉ်က ရှနင်းချန်၏ ဆေးစွမ်းရည်သည် သူ့လောက် မြင့်မားခြင်း မရှိသော်ငြား သူထောက်ပံ့ပေးမည့် ဆေးပင်များနှင့်သာ တောက်လျှောက် လေ့ကျင့်လိုက်မည်ဆိုလျှင် သူမ၏ စွမ်းရည်သည် တစ်နေ့နေ့၌ သူ့အား ကျိန်းသေ ကျော်တက်သွားပေလိမ့်မည်။

“မင်းစီနီယာအစ်မကလည်း တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်လား” ကွေ့ဇူ ထိတ်လန့်သွားခဲ့လေပြီ။

ဆိုလိုသည်ကား အဖွဲ့တစ်ဖွဲ့ထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် သုံးဦးပင် ရှိနေသည်ဟု ပြောလိုက်ခြင်း မဟုတ်လော။

မည်သို့သော ဂိုဏ်းကများ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် သုံးဦး ပိုင်ဆိုင်ထားလဲ ဆိုသည်ကို ကွေ့ဇူ မတွေးရဲနိုင်အောင် ဖြစ်နေခဲ့သည်။ ထိုဆေးပညာရှင်သုံးဦး ရှိနေမှဖြင့် ထိုဂိုဏ်းတွင် မည်သို့များ ဆေးလုံး ပြတ်လပ်မှု ရှိတော့မည်နည်း။

ဤအကြောင်းသာ သတင်းပျံ့သွားခဲ့လျှင် ကြယ်စီရင်စုကြီး တစ်ခုလုံး မုန်တိုင်း ထန်သွားပေလိမ့်မည်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဓါးအဖွဲ့အစည်းကဲ့သို့သော မဟာအင်အားစုကြီးများသည် ရန်ကိုင် ရှိနေသည့်ဂိုဏ်းဆီသို့ လူလွှတ်ပြီး သူတို့ဘက်ပါအောင် စည်းရုံးကြပေလိမ့်မည်။

တကယ်တော့ ထိုအင်အားစုကြီး သုံးခုစလုံးတွင်ပင် ကိုယ်ပိုင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များ မရှိကြချေ။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ခရမ်းကြယ်တွင် တစ်ဦးစီ ရှိကြသော်ငြား ဓါးအဖွဲ့အစည်းတွင်တော့ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် တစ်ယောက်မှ ရှိမနေခဲ့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၇၇)

“စီနီယာမမလေးက တကယ်ကို တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ရန်ကိုင်” ကွေ့ဇူက ရုတ်တရက် အသက်ပြင်းပြင်းရှူလျက် “မင်းရဲ့ဂိုဏ်းက ဘယ်ကြယ်မှာ တည်ဆောက်ထားတာလဲ။ ပြီးတော့ မင်းတို့ဂိုဏ်းက လူသစ်တွေ ခေါ်နေသေးလား။ အကြီးအကဲတွေ ရာထူးအဆင့်ရှိတဲ့ လူတွေဘာတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ကွာ၊ ဧည့်အကြီးအကဲလောက်ဆိုလည်း ရတယ်။ အဲ့လောက် မဟုတ်သေးရင်လည်း ရာထူး တစ်ခုခုလောက်ဆို အဆင်ပြေတယ်ကွာ”

ကွေ့ဇူ တည်ငြိမ်မနေနိုင်တော့ချေ။ သူဘဝသက်တမ်း တစ်လျှောက်လုံးအား တစ်ယောက်တည်းသာ ဖြတ်သန်းခဲ့သော်ငြား ထိုကဲ့သို့သော ဘဝသည် မည်မျှ ခက်ခဲကြောင်းကို သူကိုယ်တိုင်သာ နားလည်သည်။

ဥပမာပြရသော် သူဆေးလုံးတစ်လုံး ဖော်စပ်လိုလျှင် မည်သူ့ဆီသို့ သွားအကူအညီတောင်းလို့ တောင်းရမှန်း မသိပေ။ တံခါးပိတ်ကျင့်စဉ်ဝင်မည်ဆိုလျှင်လည်း သူ့အား ကာကွယ်ပေးမည့်လူ တစ်ယောက်မှမရှိ။ သူလိုအပ်သည့် အရင်းအမြစ် အားလုံးကိုပင် သူကိုယ်တိုင်သာ ရှာဖွေရသည်။

ကိစ္စကြီးကြီးငယ်ငယ်၊ အားလုံးကို သူကိုယ်တိုင်သာ လုပ်ရသည်။

ဤသည်မှာ အပေါင်းအသင်းမရှိသည့် တစ်ကိုယ်တော် ကျင့်ကြံသူဘဝနှင့် အင်အားစုကြီး နောက်ခံရှိသည့် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများ၏ ကွားခြားချက်ပင်။ အားကောင်းသော နောက်ခံသာရှိလျှင် ကိုယ်ကိုယ်တိုင်မှ တစ်ခုလောက် ခိုင်းလိုက်သည်နှင့် လုပ်ပေးမည့် တပည့်တပန်း အများကြီးပင်။ ကိုယ်ကိုယ်တိုင် လိုက်လုပ်နေစရာမလို။ ကိုယ့်ဘာသာ စိတ်းအေးအေးဖြင့် ကျင့်ကြံနိုင်သည်။

ထို့ကြောင့် တစ်ခါတစ်ခါ ထိုတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ဘဝကို ကွေ့ဇူ အားကျမိပေသည်။

သို့သော်လည်း သူ့အား ဂိုဏ်းတစ်ဂိုဏ်းအား ဝင်မည်လားဟု မေးလာလျှင်တော့ ဝင်မည်မဟုတ်ချေ။ အခြားသူများ၏ အချုပ်အနှောင်ဖြင့် နေရမည့်ဘဝကို သူမလိုလားချေ။ သူ့ဘာသာ တစ်ယောက်တည်း နေရသည်ကိုသာ နှစ်သက်သည်။

ရန်ကိုင် ရှိနေသည့် ဂိုဏ်းကတော့ မတူတော့ချေ။ ထိုဂိုဏ်းတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်သုံးဦး ရှိနေ၏။ ထိုတစ်ချက်တည်းနှင့်ပင် ကွေ့ဇူ ဝင်ဖို့ ထိုက်တန်သွားလေပြီ။

ထို့အပြင် ရန်ကိုင်သည် အတော်လေး ပေါင်းသင်းရလွယ်၏။ သူတို့ ဆက်ဆံရေးမှာလည်း အတော်လေး ကောင်းမွန်သည်ဟု ကွေ့ဇူ ထင်သည်။ ထို့ကြောင့် ရန်ကိုင် ရှိနေသည့်ဂိုဏ်းအား အခြား ဂိုဏ်းများကဲ့သို့ အရမ်းကြီး ငြင်းဆန်ချင်စိတ် မရှိခြင်းပင်။

သူကိုယ်တိုင်ကပင် ဖိတ်ခေါ်စရာမလိုဘဲ ကွေ့ဇူကိုယ်တိုင်က စပြောလာသည်ကိုမြင်သော် ရန်ကိုင် ဝမ်းသာသွား၏။

ကွေ့ဇူသည် ရုတ်တရက်ကြီး အထက်စကြာဝဠာဂိုဏ်းထဲသို့ ဝင်ချင်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ စဉ်းစားကြည့်လိုက်ပြန်တော့လည်း အထူးအဆန်း မဟုတ်တော့ပြန်။

သူနှင့် ရှနင်းချန်တို့ကဲ့သို့သော တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များ ရှိနေသည့် ဂိုဏ်းထဲသို့ မည်သူကများ မဝင်ချင်ဘဲနေမည်နည်း။ သူသာ ထိုအချက်ကိုသာ သုံးပြီး လိုက်ဆွယ်လျှင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များကို ဂိုဏ်းထဲဝင်ဖို့ စည်းရုံးရန် သိပ်မခက်တော့ချေ။ ရန်ကိုင်ကသာ ထိုကဲ့သို့ မလုပ်ချင်ခြင်းသာ။ လတ်တလောအနေဖြင့် အထက်စကြာဝဠာဂိုဏ်း၌ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ မရှိသေးလျှင်ပင် အနာဂတ်တွင် မရှိနိုင်ဘူးဟု မဆိုလိုချေ။

ရီရှီယွင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ခြေလှမ်းတစ်ဝက် ရောက်နေသူဟု ပြော၍ရသည်။ သူမ၏ အခြေခံအုတ်မြစ်အရ အနာဂတ်တွင် သူမ အနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး ကျိန်းသေ ဖြစ်လာပေလိမ့်မည်။ သူမ လိုအပ်နေသည်မှာ အခွင့်အရေးသာ ဖြစ်သည်။

သို့သော်လည်း ကွေ့ဇူသာ ဝင်ချင်သည်ဆိုပါက သူကလည်း ငြင်းနေမည်မဟုတ်ချေ။ ကွေ့ဇူနှင့် နည်းနည်းပါးပါး ပေါင်းသင်း ဆက်ဆံပြီးနောက်တွင် ကွေ့ဇူသည် ထင်သလိုမျိုး ကောက်ကျစ် ယုတ်မာသည့် လူတစ်ဦးမဟုတ်မှန်း ရန်ကိုင် သိလာခဲ့သည်။ ကွေ့ဇူ၏ ချောက်ခြားဖွယ်ကောင်းသည့် အရှိန်အဝါမှာ သူကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့်သာ ဖြစ်သည်။

အမျိုးမျိုးသော အတွေးများစွာ ရန်ကိုင်ခေါင်းထဲ ဖြတ်ပြေးသွားခဲ့လေသည်။ ခဏအကြာတွင် ပြုံးလျက် “ဂျူနီယာက အရိပ်ကြယ်လို့ခေါ်တဲ့ ကြယ်ပေါ်မှာ တည်ထားတဲ့ အထက်စကြာဝဠာဂိုဏ်းကပါ စီနီယာ။ ဂျူနီယာမှာ လိုအပ်တာတွေ အများကြီး ရှိနေသေးပေမယ့် အခုလောလောဆယ်တော့ ဂျူနီယာက အဲ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် တာဝန်ယူနေပါတယ်”

အထက်စကြာဝဠာဂိုဏ်းအကြောင်းကို ကွေ့ဇူအား အကျဉ်းချုံး ရှင်းပြလိုက်လေသည်။

အထက်စကြာဝဠာဂိုဏ်းသည် ရန်ကိုင် ကိုယ်တိုင် တည်ထောင်ထားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ကြောင်း ကြားလိုက်သည့်အခါ ကွေ့ဇူ ရန်ကိုင်အား အထင်ကြီး လေးစားမိသွားလေသည်။ အထက်စကြာဝဠာဂိုဏ်းတွင် လတ်တလောအနေဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မှ မရှိသေးဘဲ အရိပ်ကြယ်တစ်ခုလုံး၌ပင် လောလောလတ်လတ် အဆင့်တက်ထားသည့် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးသာ ရှိသေးကြောင်း သိလိုက်ရသည့်နောက် ကွေ့ဇူ ပျော်သွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များစွာရှိသည့် အင်အားစုကြီးတစ်ခုတွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများစွာ ရှိနေမည်ဟု သူထင်ထားခဲ့သည်။ သူထင်သည့် အတိုင်းသာ ဖြစ်မည်ဆိုလျှင် ထိုဂိုဏ်းထဲသို့ သူဝင်လိုက်၍လည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်ချေ။ အချိုပေါ် သကာလောင်းရုံသာ ရှိပေလိမ့်မည်။ သို့သော် ရန်ကိုင် ပြောသည့်ပုံအရ လက်ရှိ သူသာ အထက်စကြာဝဠာဂိုဏ်းထဲ ဝင်လိုက်လျှင် သူသည် အထက်စကြာဝဠာဂိုဏ်းတွင်သာမက အရိပ်ကြယ်ကြီး တစ်ခုလုံးတွင်ပါ အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်ပေသည်။

ထို့ကြောင့် ကွေ့ဇူလည်း ပို၍ စိတ်အား ထက်သန်လာမိ၏။ ချက်ချင်းပဲ ရန်ကိုင်အား ဆက်မေးလိုက်မိလေသည် “ရန်ကိုင်၊ ငါကလေ လွင့်မျောတိုက်ကြီးကတည်းက ထွက်လာကတည်းက တစ်ယောက်တည်း လှုပ်ရှားနေတာ။ ပြီးတော့ ငါ့မှာ အိမ်လို့ခေါ်ရမဲ့ အရာလည်း မရှိဘူး။ မင်းတို့ အထက်စကြာဝဠာဂိုဏ်းမှာ ငါလာနေချင်တယ်ဆို မင်းဘယ်လို သဘောရလဲ။ အများကြီး မလိုဘူးကွာ။ ဧည့်အကြီးအကဲ ရာထူးနဲ့ တစ်ခါတစ်လေ ငါ့အတွက် ဆေးဖော်စပ်ရင် အဆင်ပြေပြီ။ အဲ့လောက်ဆို ငါကျေနပ်တယ်။ ဟဲဟဲ…”

ရန်ကိုင်က ရယ်မော၍ “စီနီယာလို လူတစ်ယောက် အထက်စကြာဝဠာဂိုဏ်းဝင်တာ ကျုပ်တို့အတွက်တောင် ဂုဏ်ရှိသေးတာကို ဂျူနီယာက ဘယ်လိုလုပ်ပြီး ငြင်းရမှာလဲ”

“အဲ့ဒါဆို အတည် ဖြစ်သွားပြီပေါ့” ကွေ့ဇူ၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။ ရန်ကိုင် ငြင်းမည်မဟုတ်မှန်း သိသော်ငြား ရန်ကိုင် သဘောတူကြောင်း ကြားလိုက်ရသည့်အခါ ပျော်တော့ ပျော်မိသွားသေးသည်။

ဤသို့သာဆိုလျှင် သူ့အနေဖြင့် ရန်ကိုင် ပြောသည့် ဆေးပညာရှင်အား သွားအကူအညီတောင်း၍ ရပေပြီ။ သူသာ လုံလောက်သည့် ဆေးပင်များကို စုဆောင်းပြီးသည်နှင့် ဆေးပညာရှင်ဆီသွားပြီး ဆေးဖော်စပ်ခိုင်းလိုက်ရုံပင်။ သူ့ခွန်အားသည်လည်း လျင်မြန်စွာ တိုးတက်လာနိုင်ပေလိမ့်မည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်ပြီး ကြယ်စီရင်စုကြီးတစ်ခုလုံး၏ အထက်တွင် ရပ်တည်နိုင်မည့် အချိန်ကိုပင်‌ ကွေ့ဇူ မြင်ယောင်ကြည့်နေမိလေပြီ။

“အတည်ဖြစ်သွားပြီ” ရန်ကိုင်က ခေါင်းညိတ်၍ “ဒါပေမယ့် ဧည့်အကြီးအကဲဆိုတဲ့ ရာထူးက စီနီယာနဲ့ သိပ်မသင့်တော်ဘူး။ စီနီယာကို မဟာအကြီးအကဲ လုပ်ခိုင်းမယ်ဆိုရင်ကော”

ကွေ့ဇူ ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။

သူ့အနေဖြင့် မည်သည့် အင်အားစုထဲကိုမှ မဝင်ဖူးသော်ငြား ဧည့်အကြီးအကဲနှင့် မဟာအကြီးအကဲ၏ ကွာခြားချက်ကို သိပေသည်။ ဧည့်အကြီးအကဲသည် အကြီးအကဲတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ခံစားနိုင်သော်လည်း တကယ့် လုပ်ပိုင်ခွင့်မရှိသည့် အမည်ခံ အကြီးအကဲတစ်ဦးသာ ဖြစ်သည်။

မဟာအကြီးအကဲဆိုသည်မှာတော့ အစစ်အမှန်စွမ်းအားကို ကိုင်ဆောင်ထားသည့် အကြီးအကဲတစ်ဦး ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် မဟာအကြီးအကဲ၏ အခွင့်အာဏာသည် ဂိုဏ်းချုပ်အောက်သာ နိမ့်ကျပြီး အားလုံး၏ အထက်တွင် ရှိပေသည်။ မဟာအကြီးအကဲ၏ အဆင့်အတန်းသည် ဂိုဏ်းချုပ်ထက် ပိုမြင့်သည့် ဂိုဏ်းများပင် ရှိသေးသည်။

သို့သော်လည်း ဧည့်အကြီးအကဲတွင်လည်း သူ့အားသာချက်နှင့်သူ ရှိပေသည်။ ဂိုဏ်း အန္တရာယ်ကြုံနေချိန် ဧည့်အကြီးအကဲအနေဖြင့် ဂိုဏ်းကို မကူညီပေးချင်လျှင် ထွက်သွားခွင့်ရှိသည်။ သို့သော်လည်း မဟာအကြီးအကဲတွင်တော့ ထိုကဲ့သို့သော လွတ်လပ်မှုမျိုးမရှိ။ မဟာအကြီးအကဲသည် ဂိုဏ်းအန္တရာယ်နှင့် ရင်ဆိုင်နေရချိန် ကျိန်းသေ ဝင်ကူညီပေးရ၏။

မဟာအကြီးအကဲများသည် အလွန်အမင်း ရာထူးကြီးသည့် လူများဖြစ်ကြပြီး အရည်အချင်း ပြည့်မှီသူများသာ ထိုကဲ့သို့သော ရာထူးကို ရယူရန် ထိုက်တန်ကြလေသည်။

ရန်ကိုင်မှ သူ့အား မဟာအကြီးအကဲရာထူးကို ပေးလာမည်ဟု ကွေ့ဇူ မထင်ထားခဲ့ချေ။ မဟာအကြီးအကဲရာထူးသည် ဧည့်အကြီးအကဲရာထူးထက် ပို၍ အန္တရာယ်များသော်လည်း အကျိုးခံစားခွင့်မှာတော့ အပြတ်အသတ် ပိုသာပေသည်။

“ရန်ကောင်လေး၊ ငါ့ဘက်က ရိုးသားမှုကို လိုချင်လို့ မင်းငါ့ကို မက်လုံးတွေ ရှယ်ပေးနေတာလား။ ကောင်းပြီလေ။ ငါအပိုစကား မပြောဘူး။ အချိန်ကျလာခဲ့ရင် မဟာအကြီးအကဲရာထူးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်အောင် ငါလုပ်ပေးမယ်” ကွေ့ဇူက အလျင်အမြန် မပြောလိုက်သည်။

သူသည် လူငယ်တစ်ဦး မဟုတ်တော့သော်လည်း ရန်ကိုင်၏ စကားသည် သူ့သွေးများကို ဆူပွက်သွားစေသည်။ ထို့ကြောင့် ပြတ်ပြတ်သားသားသာ ပြောချလိုက်တော့သည်။

“ဒီလောက်ကြီး အလေးအနက် လုပ်နေစရာမလိုပါဘူး စီနီယာရယ်၊ ဂျူနီယာက စီနီယာကို မဟာအကြီးအကဲရာထူးပေးတာ စီနီယာကို ယုံကြည်လို့ပေါ့၊ မဟုတ်ရင် ဒီအတိုင်းကြီး ပေးပစ်လိုက်ပါ့မလား” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“မင်းငါ့ကို စီနီယာလို့ ခေါ်နေသေးတယ်ပေါ့” ကွေ့ဇူက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

“အို… ဟုတ်သားပဲ။ ဂျူနီယာ မဟာအကြီးအကဲကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်သည်။

“ကျေးဇူးအများကြီး တင်ပါတယ် ဂိုဏ်းချုပ်” ကွေ့ဇူကလည်း ပြန်ပြောလိုက်သည် “ဒီလူအိုကြီးက အထက်စကြာဝဠာဂိုဏ်းရဲ့ အဖွဲ့အဝင်တစ်ဦး ဖြစ်လာပြီဆိုတော့ အခုကနေစပြီး ဂိုဏ်းချုပ်ကိုပဲ အနှောင့်အယှတ်ပေးရတော့မှာပေါ့။ ဂိုဏ်းချုပ် တစ်ခုခု မှာကြားချင်တာရှိရင် ပြောပါ၊ တုန့်ဆိုင်းနေစရာ မလိုပါဘူး”

ထိုသို့ ပြောပြီးနောက် နှစ်ယောက်သား တစ်ဦးကိုတစ်ဦး ကြည့်ကာ ထရယ်ကြလေသည်။

“ကမ္ဘာပျက်ကြီးထဲကနေထွက်ရင် ဒီလူအိုကြီး မင်းနဲ့ ဂိုဏ်းဆီ လိုက်ခဲ့မယ်”

“ရတယ်။ ကျုပ်က ခင်ဗျားနဲ့အတူ ရှိနေတာဆိုတော့ ဒီသတင်းက ဂိုဏ်းဆီ အဆင်ပြေပြေနဲ့ပဲ ရောက်သွားလိမ့်မယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ပြောပြီးနောက် ရန်ကိုင်က ရုတ်တရက် မျက်ခုံးပင့်၍ “မဟာအကြီးအကဲ၊ ကျုပ်အကြံတစ်ခုရပြီ”

“ဘာလဲ”

“ကျုပ်တို့ တစ်ယောက်စီ လှုပ်ရှားကြရင် မကောင်ဘူးလား။ အဲ့ဒါဆို စုဆောင်နိုင်တဲ့ ဆေးပင်အရေအတွက်က ပိုများလာလိမ့်မယ်။ ဘယ်လိုထင်လဲ”

အစကတော့ ဤအကြံကို မပြောခဲ့ချင်းမှာ ကွေ့ဇူနှင့်သူသည် ရင်းနှီးသော်လည်း တကယ့် မဟာမိတ်များ မဟုတ်ကြသေးသည့် အတွက်ကြောင့် ဖြစ်သည်။ ထိုကြောင့် ဤအကြံသည် သူတို့ကြား နားလည်မှုလွဲမှုများကို ဖြစ်လာစေနိုင်ပေသည်။

ယခုကမူ မတူတော့ချေ။ သူတို့ နှစ်ဦးစလုံးသည် အထက်စကြာဝဠာဂိုဏ်း၏ အဖွဲ့သားများ ဖြစ်နေကြလေပြီ။ ထို့ကြောင့် ဤအကြံကို ပြောလိုက်၍လည်း ဘာမှ မဖြစ်တော့။

ခဏလောက် စဉ်းစားပြီးနောက် ကွေ့ဇူက ပြန်ပြော၏ “ခွဲရှာရင်တော့ မင်းပြောသလိုပဲ ဆေးပင်အများကြီးကို ရှာလို့ ရလိမ့်မယ်။ ဒါပေမယ့် ဟင်းလင်းပြင်အက်ကြောင်းတွေလည်း ရှိသေးတယ်။ အချို့ ဟင်းလင်းပြင်အက်ကြောင်းတွေကို ငါရှာလို့ တွေ့ပေမယ့် အချို့ကိုတော့ မတွေ့ဘူး။ ဒီတော့ မင်းသာ မရှိရင် ငါတော်တော် တိုင်ပတ်မှာ”

အစောပိုင်းက အခြေအနေမျိုးလိုပင်၊ ခုနှစ်ရောင်ခြယ်အလင်း ပြန်ထွက်လာသည့်အခိုက် ကွေ့ဇူသာ ဟင်းလင်းပြင်အက်ကြောင်း တစ်ခု ရှာမတွေ့လျှင် သူလုံးဝ သွားလေပြီ။

“ဟဲဟဲ၊ အဲ့အတွက်တော့ မဟာအကြီးအကဲ စိတ်ပူနေစရာ မလိုဘူး။ ကျုပ် အခုလို အကြံပေးရဲတယ်ဆိုမှတော့ ကျုပ်မှာ နည်းလမ်းရှိလို့ပဲပေါ့” ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့်‌ ပြောလိုက်သည်။

“အို၊ ဂိုဏ်းချုပ်မှာ နည်းလမ်းရှိတာလား”

ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “မဟာအကြီးအကဲ အဲ့အက်ကြောင်းတွေကို ရှာလို့တွေအောင် လေဟာနယ် အမှတ်အသားတစ်ခု မဟာအကြီးအကဲ ကိုယ်ပေါ်မှာ ကျုပ်ချန်ထားပေးလို့ရတယ်”

“အဲ့လိုလုပ်လို့ ရတာလား”

“ရလောက်မှာပါ။ လာ၊ စမ်းကြည့်တာပေါ့” ထိုနည်းလမ်းကို တစ်ခါမှ အသုံးမပြုဖူးသဖြင့် ရန်ကိုင် ကိုယ်တိုင်လည်း သူ့နည်းလမ်းအပေါ် သိပ်မသေချာ။ သို့ရာတွင် ခရုပတ်လမ်းကြောင်းမှ ဟင်းလင်းပြင်စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် လေဟာနယ်တာအိုအပေါ် နားလည်မှုသည် အများကြီး ပိုမို မြင့်မားလာခဲ့ရသည်။ ထို့ကြောင့် လက်ရှိအချိန်၌ သူလုပ်နိုင်လောက်သည်ဟု ယုံကြည်နေမိသည်။

“လုပ်နိုင်ရင် အဆင်ပြေတယ်”

ရန်ကိုင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေဟာနယ်စွမ်းအားကို သူ့လက်ချောင်းထိပ်၍ ဝဲကတော့ တစ်ခုဖြစ်အောင် သိပ်သည်းပစ်လိုက်၏။ ထို့နောက် သူ့လက်ချောင်းဖြင့်‌ ကွေ့ဇူ၏ ရင်ဘတ်ပေါ် ဖိကပ်လိုက်သည်။

ဝဲကတော့သည် ရုတ်တရက် ပေါက်ကွဲသွားပြီး စည်းတံဆိပ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကွေ့ဇူ၏ ရင်ဘတ်ပေါ်၍ ကျန်ရစ်နေခဲ့လေသည်။

“အို… ဒါက လေဟာနယ်စွမ်းအားလား” ကွေ့ဇူက အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။ ကွေ့ဇူသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြား သူ့ရင်ဘတ်ပေါ်ရှိ လေဟာနယ်အမှတ်အသား၏ နက်နဲမှုကို မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်နေခဲ့သည်။

အမှတ်အသား ရလိုက်သည့်နောက်တွင် ကွေ့ဇူသည် သူ့အနီးအနားပတ်လည်ရှိ ပုန်းကွယ်နေသော ဟင်းလင်းပြင် အက်ကြောင်းများကိုပင် အာရုံခံနိုင်လာခဲ့သည်။ သူတို့ အနားတွင် အခြားသော ဟင်းလင်းပြင် အက်ကြောင်းများ ရှိနေသေးသည်ကို ကွေ့ဇူ ရုတ်တရက် တွေ့ရှိလိုက်ရသည်။ ယခင်က ထိုအက်ကြောင်းများကို အာရုံမခံနိုင်ခဲ့သော်ငြား ယခုမူ ရှင်းရှင်းလင်းလင်း အာရုံခံနိုင်နေလေပြီ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၇၈)

“ဘယ်လိုနေလဲ၊ အသုံးဝင်လား” ရန်ကိုင်က မေးလိုက်၏။ သူ့စိတ်ထဲ ဤနည်းလမ်းသည် အလုပ်ဖြစ်လောက်မည်ဟု ထင်မိသော်လည်း ပထမဆုံးအကြိမ်အဖြစ် စအသုံးပြုဖူးခြင်း ဖြစ်သည့်အတွက် အလုပ်ဖြစ်မဖြစ် သိပ်မသေချာသေးချေ။

“အသုံးဝင်တယ်၊ အသုံးဝင်တယ်” ကွေ့ဇူက ကြက်အစာကောက်သည့်နှယ် ထပ်တလဲလဲ ခေါင်းညိတ်လိုက်၏ “အခု အနားမှာရှိတဲ့ ဟင်းလင်းပြင်အက်ကွဲကြောင်းတွေကို ငါအာရုံခံလို့ရနေပြီ။ ဒီမှာ စုစုပေါင်း ဟင်းလင်းပြင် အက်ကွဲကြောင်း သုံးခုရှိတယ်၊ ဟုတ်လား”

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်၍ ပြုံးလိုက်လေသည် “ကြည့်ရတာ အလုပ်ဖြစ်တယ်နဲ့တူတယ်”

“ဟုတ်တယ်။ ငါကတော့ အဆင်ပြေသွားတာ ဟုတ်ပါပြီ။ မင်းကကော အဆင်ပြေမှာ သေချာလား” ကွေ့ဇူက မေးလိုက်၏။ ဤနေရာသို့ ဝင်လာသူများထဲတွင် ကျိတုန်နှင့် ရွှယ့်ယွယ်သည်သာ တန်ခိုးရှင်အဆင့်များ ဖြစ်ကြပြီး ကျန်လူအားလုံးသည် တန်ခိုးရှင် ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် ထိုနှစ်ဦးမှာ နီကွမ်း၊ ကျိလုန်တို့နှင့် ရှိနေလိမ့်မည် ဖြစ်သဖြင့် ကိစ္စမရှိပေ။ ရန်ကိုင်သာ တစ်ယောက်တည်း လှုပ်ရှားခဲ့၍ တန်ခိုးရှင်ဘုရင် အဆင့်နှင့် သွားတိုးလျှင် ဘာမှပြန်မလုပ်နိုင်ဘဲ နေပေလိမ့်မည်။ သူ့အတွက် အဆင်ပြေပါမည်လား။

“ကိစ္စမရှိဘူး” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် “မဟာအကြီးအကဲ ကျုပ်ဘာကို ကျွမ်းကျင်လဲဆိုတာ မေ့နေတာလား။ ဒီနေရာ တစ်ခုလုံးက ဟင်းလင်းပြင်အက်ကွဲကြောင်းတွေနဲ့ ပြည့်နေတာ။ ကျုပ်မနိုင်တဲ့ တစ်ယောက်ယောက်နဲ့ တွေ့တယ်ဆိုရင်တောင် အဲ့အက်ကွဲကြောင်း တစ်ခုခုထဲ ဝင်ပြေးလိုက်ရုံပဲ။ သူတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကို ကြားသည့်အခါ ကွေ့ဇူက ခေါင်းညိတ်၍ “အဲ့လိုဆိုမှတော့ ငါတို့ ခွဲပြီး ရှာကြတာပေါ့။ ဒါပေမယ့် မင်းသတိတော့ ထားဦးနော်။ ငါမင်းဆီမှာ တစ်ခုခုထားခဲ့မယ်။ မင်းအန္တရာယ်တစ်ခုခုနဲ့ ကြုံနေရပြီဆို ဒါကို အသက်သွင်းလိုက်။ ငါမင်းနဲ့ မိုင်တစ်ထောင်အတွင်းမှာ ရှိနေရင် မင်းဆီ ပြေးလာခဲ့မယ်”

ပြောပြီးနောက် ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံထဲမှ တစ်ခုခုကို ဆွဲထုတ်လိုက်လေသည်။ ခဏအကြာတွင် စူးစူးဝါးဝါး အော်မြည်နေသော ယင်ဝိဥာဉ်တစ်ကောင် ထွက်လာခဲ့သည်။

ဤယင်ဝိဥာဉ်သည် အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းပြီး သိသာထင်ရှားသော မျက်နှာအမူအရာများကိုလည်း ပိုင်ဆိုင်ထားကာ အလွန်အားကောင်သည့် အရှိန်အဝါကိုလည်း ထုတ်လွှတ်နေ၏။ ယင်ဝိဥာဉ်မှ ပေးစွမ်းနေသည့် အရှိန်အဝါသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကဲ့သို့ အားကောင်းပေသည်။

“ဒါက ဝိဥာဉ်တစ်သောင်းအလံထဲမှာရှိတဲ့ ယင်ဝိဥာဉ်တွေရဲ့ ဒုခေါင်းဆောင်ပဲ။ ဒီယင်ဝိဥာဉ်က ငါ့ဝိဥာဉ်နဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာ။ မင်းယူသွားလိုက်” ပြောပြီးနောက်တွင် ကွေ့ဇူသည် ယင်ဝိဥာဉ်ကို ရန်ကိုင် ပခုံးထက်တွင် တင်ပေးလိုက်၏။

သူ့ပခုံးထက် အေးစက်စက် ဖြစ်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။ တစ်ချက် စစ်ဆေးကြည့်လိုက်သည်နောက် ယင်ဝိဥာဉ်သည့် သူ့ခန္ဓာကိုယ်နှင့် ဆက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ သူ့ခန္ဓာကိုယ်ကမူ ဘာမှ ဖြစ်မသွား။ ပုံမှန်အတိုင်းသာ ရှိနေ၏။

ယခု လုပ်စရာရှိတော့သည်မှာ ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားသည်ကို စောင့်ရန်သာ ရှိတော့သည်။ ခုနှစ်ရောင်ခြယ်အလင်း ရှိနေစဉ်အတောအတွင်း မည်သူမှ တောင်ကြားထဲ မလှုပ်ရှားနိုင်ဘဲ ဟင်းလင်းပြင်အက်ကြောင်းများထဲ ပုန်းအောင်နေရုံသာ တတ်နိုင်ကြသည်။

နောက်ဆုံးတွင် ခပ်အုတ်အုတ် မြည်သံနှင့်အတူ တောင်ကြားထဲမှ အသက်ရှူသွင်းသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ထိုအသံနှင့်အတူ ခုနှစ်ရောင်ခြယ်အလင်းသည်လည်း ဒီရေလှိုင်းလုံးနှယ် ပြန်ဆုတ်သွားလေသည်။

“ဂိုဏ်းချုပ်၊ သတိထားနော်” ကွေ့ဇူက သတိပေးလိုက်သည်။

“အင်း” ခေါင်းညိတ်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် ကွေ့ဇူနှင့် ဆန့်ကျင်ဘက် အရပ်ဆီသို့ ချက်ချင်း ထွက်ခွာသွားလေ၏။

ကွေ့ဇူနှင့် လမ်းခွဲပြီးနောက်တွင် ရန်ကိုင်၏ အမြန်နှုန်းသည် သိသိသာသာ ပိုမို မြန်ဆန်လာခဲ့သည်။ ကွေ့ဇူနှင့် ရှိနေချိန်တွင် ကွေ့ဇူအား ဟိုဘက်သွား၊ ဒီဘက်သွားဟု ပြောနေရသေးသည့် အတွက် သွားနှုန်းမှာ နှေးကွေး၏။ ယခုမူ ထိုအရာသည် ပြဿနာ တစ်ခု မဟုတ်တော့ချေ။

တောင်ကြားတစ်ခုလုံး ဆေးရနံ့များဖြင့် သင်းကြိုင်နေ၏။ ထို့ကြောင့် ဆေးပင်များကို ရှာဖို့ရာ အတော်လေး လွယ်ကူသည်။ ဆေးနံ့ရရာနောက်သို့ လိုက်သွားလျှင်ပင် အချီကြီး မြတ်နိုင်၏။

ဤတောင်ကြားထဲ၌ စိတ်ပူရမည့်အရာဆို၍ ခုနှစ်ရောင်ခြယ် အလင်းနှင့် ဟင်းလင်းပြင်အက်ကွဲကြောင်းများသာ ရှိသည်။

ခုနှစ်ရောင်ခြယ်အလင်းမှာ ယခုလေးတင် ပြန်ဆုတ်သွားခြင်း ဖြစ်သည့်အတွက် ရန်ကိုင်လည်း ရဲရဲတင်းတင်း လှုပ်ရှားနေခဲ့သည်။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် ရန်ကိုင်သည် ဂျင်ဆင်းမြစ်နှင့်တူသည့် အမြစ်တစ်ချောင်းကို ဆွဲနှုတ်ရန်အလို့ငှာ မိုးထိမတတ် မြင့်မားသည့် သစ်ပင်ကြီးတစ်ပင်၏ အမြစ်ဘေးတွင် ထိုင်နေခဲ့လေသည်။

ဤဂျင်ဆင်းသည် သာမန် ဂျင်ဆင်းပင်များနှင့် သိပ်မကွာ၊ အနီရောင်လေး တောက်နေသည့် တစ်ချက်သာ ထူးခြား၏။ သို့တိုင် ထိုအနီတောက်တောက်ကြောင့် အနီရောင်ကြယ်စီရင်စုကြီး တစ်ခုလုံး ဤဂျင်းဆင်းပင်ထဲသို့ ရောက်နေသလားဟု ထင်ရသည်။

“ကြယ်နီဂျင်ဆင်းတဲ့၊ တကယ်ကောင်းတဲ့ ဆေးတောင်ကြားပဲ” ရန်ကိုင်က ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။ သူရထားသည့် ဆေးပင်အားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များချည်းသာ ဖြစ်ကြသည်။ ဆေးပင်များမှာ ကြယ်စီရင်စုထဲ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သော ဆေးပင်များ မဟုတ်ကြလျှင်ပင် အလွန်ရှားပါးသည့် ဆေးပင်များ ဖြစ်ကြသည်။ ထိုဆေးပင်များနှင့် ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများစွာကို သူဖော်စပ်၍ ရပေပြီ။

လက်ရှိ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့်သို့ ချိုးဖျက်ခါနီး အချိန်သို့ ရောက်နေသည် ဖြစ်လေရာ ဤဆေးပင်များသည် သူ့အနာဂတ် ကျင့်ကြံခြင်းအတွက် အလွန် အသုံးဝင်ပေသည်။

ဤတစ်ကြိမ် ကမ္ဘာပျက်သို့ လာသည့်ခရီးသည် တော်တော့်ကို တန်သည်ဟု ပြောရမည်။ သူ့အနာဂတ် ကျင့်ကြံခြင်းအတွက် လိုအပ်သော ဆေးပင်များကိုပင် တစ်ခါတည်း စုဆောင်းနိုင်၏။

အမွှေးတိုင်တစ်ချောင်းစာ ကြာပြီးနောက်တွင် ရန်ကိုင်သည် မိုင်တစ်ရာအကွာသို့ ရောက်နေခဲ့သည်။ သူ့ရှေ့ရှိ အပင်တစ်အုပ်နှင့် တူးဆွထားခံရသော မြေပြင်ကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ ကြိတ်၍ ကျိန်ဆဲနေမိတော့၏။

ဤနေရာတွင် ပေါက်နေသော ဆေးပင်များကို အခြားလူတစ်ဦးမှ ခူးဆွတ်သွားခဲ့လေပြီ။ ကျန်နေခဲ့သည်ဆို၍ အရွယ်မရောက်သေးသည့် အပင်များသာ ရှိတော့သည်။

ဆေးပင်ခူးသွားသည့် လူမှာလည်း မဆိုးလောက်ဟု ပြောရမည်။ သက်တမ်းရင့်နေပြီ ဖြစ်သည့် ဆေးပင်များကိုသာ ခူသွားပြီး သက်တမ်းနုသေးသည့် ဆေးပင်များကိုမူ ချန်ထားခဲ့၏။ ဆေးပင်များကို မည်သူ ခူးသွားမှန်း ရန်ကိုင် မသိသော်ငြား ခဏကြာ မကျေမချမ်း ဖြစ်နေပြီးနောက် ခေါင်းတခါခါဖြင့် ဆေးနံ့ရရာနောက်သို့သာ လိုက်တော့လေသည်။

နောက်ထပ် အမွှေးတိုင်တစ်ချောင်းစာခန့် ကြာပြီးနောက်၌ ရန်ကိုင် အကျိုးအမြတ်အချို့ ရလိုက်လေ၏။ သူရလိုက်သည့် ဆေးပင်မှာ နီဗားနားသီးနှင့် နတ်ဆိုးချွေအိုင်းရစ်ပန်းတို့လောက် အဆင့်မမြင့်သော်လည်း ကြယ်စီရင်စုထဲတွင် ငွေရှိတိုင်း ဝယ်လို့ရသည့် ဆေးပင်မျိုးတော့ မဟုတ်ချေ။

“ခုနှစ်ရောင်ခြယ်အလင်း ပြန်ရောက်လာချိန်နီးနေပြီ”

သူတွက်ချက်မိသလောက် ခုနှစ်ရောင်ခြယ်အလင်း ပြန်ဝင်ချိန်နှင့် ထွက်ချိန်သည် အကြမ်းဖျင်း နာရီဝက်လောက် ခြားပေသည်။ သူ့တွက်ချက်မှုသာ မှန်မည်ဆိုလျှင် ခုနှစ်ရောင်ခြယ် အလင်း မကြာခင် ပြန်ထွက်လာပေလိမ့်မည်။

အကြမ်းဖျင်း တွက်ချက်ထားခြင်းသာ ဖြစ်သဖြင့် သူ့ခန့်မှန်းချက်နှင့် ပက်သက်၍ သိပ်မသေချာသေးချေ။ သို့သော် လိုရမယ်ရ အနီးဆုံး ဟင်းလင်းပြင် အက်ကွဲကြောင်းများကို လိုက်ရှာထားကြည့်လိုက်သည်။

ရုတ်တရက် ရန်ကိုင်သည် တစ်ခုခုကို အာရုံခံမိလိုက်သည့် အလား ခေါင်းလှည့်ကြည့်လိုက်၏။ သူ့လှည့်ကြည့်ရာ အရပ်မှ အရှိန်အဝါတစ်ရပ်သည် သူ့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်။ ခဏအကြာ၌ ထိုအရှိန်အဝါသည် မည်သူ့၏ အရှိန်အဝါမှန်း ရန်ကိုင် သိသွားခဲ့သည် “သူပဲ”

မည်သူမှန်း သိလိုက်သည့်နောက် ရန်ကိုင်သည် ထိုလူကို ရှောင်သွားရန် မကြိုးစားတော့ဘဲ နှုတ်ဆက်ရန် အတွက်သာ ရပ်စောင့်နေလိုက်လေသည်။

ခဏအကြာတွင် ထိုလူ သူ့ရှေ့၌ ပေါ်လာခဲ့သည်။

ရန်ကိုင်က အရင် စနှုတ်ဆက်လိုက်၏ “စီနီယာလော့”

လော့လန်သည် ရန်ကိုင်ကို အစောကြီးကတည်းက ရှာတွေ့ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လမ်းကြောင်းရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းများကို ရှောင်ရှားရင်း သူ့ဆီသို့ အမြန် ပြေးလာခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင်၏ အသံကိုကြားသည့်အခါ လော့လန်က ပြုံးလျက် အရှိန်တင်လိုက်လေသည်။

“နေဦး” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်၏။

လော့လန်က ရုတ်တရက် ရပ်လျက် “ဘာလို့လဲ။ ငါ့ရှေ့မှာ အက်ကွဲကြောင်း ရှိနေလို့လား”

ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်။ နောက်ငါးလှမ်းလောက် ရှေ့ဆက်တိုးလိုက်တာနဲ့ ခင်ဗျား အဲ့ဒါကို သွားထိပြီပဲ”

လော့လန်၏ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့လေသည်။ သူမရှေ့ရှိ ဟင်းလင်းပြင်အား စိုက်ကြည့်ရင်း ပြန်မေးလိုက်၏ “ဒီမှာလား”

“ဟုတ်တယ်။ ဘေးဘက်ကို တစ်မီတာလောက် ရွေ့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်” ရန်ကိုင်က ညွှန်ကြားပေးလိုက်သည်။

လော့လန်သည် ရန်ကိုင် ပြောသည့်အတိုင်း ဘေးဘက်သို့ တစ်မီတာလောက် ရွေ့လိုက်၏။ ပြီးမှ ရန်ကိုင်ဆီ ဆက်လာသည်။ ရန်ကိုင်နားသို့ ရောက်လာသည့်အခါ “ကျေးဇူးပဲ… နင့်ကြောင့်သာ မဟုတ်ရင် ခုချိန်လောက်ဆို ငါခေါင်းနဲ့ကိုယ် အိုးစားကွဲနေလောက်ပြီ”

“ဒီလောက်က ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏။

“ဒါနဲ့ နင်ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ” လော့လန်က လှည့်ပတ်ကြည့်လိုက်ရင်း ရန်ကိုင်အား မေးလိုက်၏။ ရန်ကိုင် ဆေးတောင်ကြားထဲသို့ ကွေ့ဇူနှင့်အတူတူ ဝင်သွားသည်ကို သူမ မြင်လိုက်ပေသည်။ သို့ရာတွင် ယခုမူ ကွေ့ဇူကို မည်သည့်နေရာမှ မတွေ့ရတော့ချေ။

“ကျုပ်လည်း အဲ့ဒါကို မေးချင်နေတာ” ရန်ကိုင်က ရယ်သွမ်းသွေးလျက် “ကျုပ်တစ်ယောက်တည်း လှုပ်ရှားတာ ပိုပြီး အကျိုးအမြတ် ရချင်လို့ပဲ။ ခင်ဗျားကကော၊ ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ”

“နင်လို့ပဲပေါ့။ ပိုအကျိုးအမြတ် ရချင်လို့လေ” လော့လန်က ပြုံးလျက် “နီကွမ်းနောက်ကို တောက်လျှောက်သာ လိုက်တာ အခုထိ ဘာမှသေချာ မရသေးဘူး။ ဒါကြောင့် ငါ့ဘာသာ တစ်ယောက်တည်း လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာ။ အခုအချိန်ထိ ငါဘာမှမဖြစ်သေးတာ ငါ့ကံကြောင့်လို့ ပြောလို့ရတယ်”

အစောပိုင်းက ရန်ကိုင်၏ သတိပေးချက်ကြောင့်သာ မဟုတ်လျှင် ယနေလောက်ဆို ဟင်းလင်းပြင်အက်ကွဲကြောင်း တစ်ခုကို သူမ ဝင်တိုးပြီးနေလောက်ပေပြီ။

မရေမတွက်နိုင်သော မမြင်နိုင်သည့် ဟင်းလင်းပြင် အက်ကွဲကြောင်းများအား သူမ ဖြတ်ကျော်လာရကြောင်းကို ပြန်စဉ်းစားကြည့်မိလိုက်သည့်နောက် ချွေးအေးများ လော့လန်၏ ကျောပြင်တစ်လျှောက် တတောက်တောက် စီးကျလာတော့၏။

နှစ်ယောက်သား စကားပြောနေစဉ် တောင်ကြားထဲမှ အသက်ရှူသံကြီး ပြန်လည် ထွက်ပေါ်လာခဲ့လေသည်။ ကြုံဖူးသူများမို့ ထိုအရာဘာမှန်း နှစ်ဦးစလုံး သိလိုက်ကြသည်။

ငါထင်တာ မှန်တာပဲ ရန်ကိုင် တွေးလိုက်သည်။ နတ်ငှက် အသက်ရှူသွင်း၊ ရှူထုတ်ကြားတွင် နာရီဝက်ခန့် ခြားပေသည်။

ထိုအကြောင်းကို စဉ်းစားနေစဉ် လော့လန်သည် အနီးနားရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုကို လိုက်ရှာလေသည်။ သို့သော် တစ်ခုမှမတွေ့။ ထို့ကြောင့် ရန်ကိုင်ဘက်သာ လှည့်လာတော့၏။

အနီးနားတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းများ ရှိနေမှန်း သူမ သိသည်။ ထို့ကြောင့် ထိတ်လန့်နေခြင်းမရှိခဲ့။

“ဒီကိုလာခဲ့ စီနီယာ” ရန်ကိုင်က လော့လန်အား လက်ယပ်ခေါ်လိုက်၏။ သို့သော်လည်း ချက်ချင်းဆိုသလို သူ့မျက်နှာ မဲ့သွားခဲ့လေသည် “အာ… ပြဿနာတော့များပြီ”

“ဘာဖြစ်လို့လဲ” ရန်ကိုင် ဘာလို့ ကသိကအောက် အမူအရာ ဖြစ်သွားမှန်း လော့လန် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ဒီဟင်းလင်းပြင်အက်ကြောင်းက…” ရန်ကိုင်က အနည်းငယ် ရှက်နေဟန်ဖြင့် “နည်းနည်းသေးနေလို့ စီနီယာရဲ့”

“သေးတယ်” စစချင်းတော့ လော့လန် နားမလည်။ သို့သော် ရန်ကိုင် ဘာကို ပြောချင်နေလဲ ဆိုသည်ကို အလျင်အမြန် နားလည်သွားလေသည်။

ဟင်းလင်းပြင်အက်ကွဲကြောင်းက သေးနေသဖြင့် သူတို့ နှစ်ဦးအတွက် နေရာအကျယ်ကြီး ရလိမ့်မည် မဟုတ်ချေ။ သူတို့သာ ထိုနေရာ၌ အတူပုန်းမည်ဆိုလျှင် ခန္ဓာကိုယ်ချင်း ကပ်နေရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် လော့လန် ကိုးယိုးကားယား ဖြစ်သွားခဲ့သည်။

သူမသည် ရန်ကိုင်ထက် အသက်အများကြီး ကြီးသော်ငြား မိန်းမသည် မိန်းမသာ ဖြစ်နေဆဲ။

“ဘာမှမဖြစ်ဘူး။ ခဏလောက် ပုန်းနေရုံပဲကို” လော့လန်က သူမစိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် ရန်ကိုင်နှင့် မီတာဝက်အကွာသို့ တိုးကပ်သွားပြီးနောက် မေးလိုက်၏ “ငါဒီမှာ ရပ်လို့ရလား”

ရန်ကိုင် ခေါင်းခါလိုက်သည်။

ထိုအခါ လော့လန်လည်း ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေသည်။ ထိုစဉ် ခုနှစ်ရောင်ခြယ်အလင်း ရုတ်တရက် လွှမ်းခြုံလာခဲ့သည်။ တောင်ကြားတစ်ခုလုံး တစ်ခဏအတွင်း ခုနှစ်ရောင်ခြယ်အလင်းဖြင့် ပြည့်နှက်သွား၏။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်နှင့်လော့လန် ရှိနေသည့် ဟင်းလင်းပြင်အက်ကြောင်းဆီသို့ ခုနှစ်ရောင်ခြယ်အလင်းသည် ဒီရေလှိုင်းလုံးသဖွယ် တိုးဝင်လာခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၇၉)

“စီနီယာ၊ ခင်‌ဗျား နေရာက နည်းနည်း အန္တရာယ်များတယ်။ ကျုပ်ကို ခွင့်လွှတ်နော်” ပြောပြီးနောက်တွင် ရန်ကိုင်သည် လော့လန်ခါးကို ဆွဲကိုင်ကာ သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

အလစ်အငိုက်မိသွားသဖြင့် လော့လန် ခုခံချိန်ပင် မရလိုက်ဘဲ ရန်ကိုင် ရင်ခွင်ထဲသို့ ပါသွားခဲ့လေသည်။

“အား” အလန့်တကြားအော်ဟစ်ရင်း မျက်လုံးကြီးပြူးလျက် သူတော်စင်ချီကို လှည့်ပတ်ရန် ကြိုးစားလိုက်၏။

“စီနီယာ၊ ခင်ဗျားနောက်ကို အရင်ကြည့်ကြည့်ဦး” လော့လန် မလှုပ်ရှားက ရန်ကိုင်က အရင်ဦးအောင် သတိပေးလိုက်၏။

လော့လန်လည်း ကြောင်သွားပြီး သူမ နောက်ဘက်ရှိ အခြေအနေကို ကောင်းကင်စိတ်အာရုံသုံးကာ စစ်ဆေးလိုက်သည်။

ထိုအခါမှပဲ သူမ၏ အခြေအနေ မည်မျှ အန္တရာယ်များမှန်း နားလည်တော့သည်။ ခုနှစ်ရောင်ခြယ်အလင်းသည် သူမ ကျောပြင်နှင့် လက်တစ်လုံးစာအကွာတွင် လွတ်လွတ်လပ်လပ် စီးဆင်းနေလေသည်။

ရန်ကိုင်မှ အချိန်မှီ လှမ်းဆွဲလိုက်သည့် အတွက်ကြောင့်သာ မဟုတ်လျှင် သူမ၏ ခန္ဓာကိုယ်တစ်ဝက်လောက် ခုနှစ်ရောင်ခြယ် အလင်းထဲ အငွေ့ပျံ ပျောက်ကွယ်သွားနေလောက်ပေပြီ။ ခုနှစ်ရောင်ခြယ်အလင်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို စဉ်းစားမိသော် လော့လန် ကြက်သီးမွေးညင်း ထသွားခဲ့သည်။

သို့တိုင်ပင် သူမ၏ လက်ရှိ အခြေအနေသည် အတော်လေး အန္တရာယ်များနေဆဲ။ တစ်ချက်လောက် လှုပ်လိုက်သည်နှင့် ခုနှစ်ရောင်ခြယ်အလင်းနှင့် သွားထိမည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသေးသည်။

ရန်ကိုင်သည် သူမအား အသားယူရန် ကြိုးစားနေခြင်း မဟုတ်ဘဲ လိုအပ်၍ လုပ်လိုက်ခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည့်နောက် သူတော်စင်ချီကို ပြန်ရုတ်သိမ်းလျက် ရှက်ရှက်ဖြင့် တောင်းပန်လိုက်လေသည် “တောင်းပန်ပါတယ်။ ငါနည်းနည်း ပိုလွန်းသွားတယ်”

“ဘာမှမဖြစ်ပါဘူး” ရန်ကိုင်က မျက်မှောင်ကြုတ်ရင်း ခေါင်းခါလိုက်သည်။ လက်ရှိ အခြေအနေသည် သူ့အတွက်လည်း အတော်လေး ခက်ခဲပေသည်။

အက်ကြောင်းသည် သူတို့နှစ်ဦးအတွက် နေရာ အလုံအလောက် ဖန်တီးပေးထားနိုင်သော်ငြား လက်ရှိ သူတို့ နေနေရသည့် ပုံစံမှာ နှစ်ဦးစလုံးအတွက် အတော်လေးကို အဆင်မပြေလှချေ။ သူ့မျက်နှာသည် လော့လန် မျက်နှာနှင့် ထိလုမတတ် ဖြစ်နေပြီး ခန္ဓာကိုယ်မှာလည်း ကပ်နေ၏။ လော့လန် ရှေ့တစ်ချက် ယိမ်းလိုက်တိုင်း အိစက်စက် တောင်ပို့ကြီး နှစ်လုံးကလည်း သူ့ရင်ဘတ်အား လာလာ ပွတ်သပ်၏။

ထို့အပြင် လော့လန် စကားပြောလိုက်တိုင်း ထွက်ပေါ်လာသည့် သစ်ခွသင်းရနံ့နှင့် အပူငွေ့လေးသည် သူ့အား မရိုးမရွ ဖြစ်စေသည်။

မသိသူသာဆိုလျှင် သူတို့နှစ်ဦးအား လေထဲတွင် မဟုတ်တရုတ် အလုပ်များ လုပ်နေကြသည်ဟု တွေးလိမ့်မည်သာ။ သူတို့ နှစ်ဦးသည်သာ သူတို့ အခြေအနေ မည်မျှ ဆိုးနေကြောင်းကို သိပေသည်။

ယောကျာ်းတစ်ယောက် ဖြစ်သည့် ရန်ကိုင်အတွက်တော့ အဆင်ပြေပေသည်။ နေရထိုင်ရ အဆင်မပြေသော်လည်း မကြာမီ စိတ်ကိုငြိမ်အောင်ထိန်းရင်း တောက်လောင်လာသည့် အပူမီးကို ကြိုးစား ငြိမ်းသတ်လိုက်သည်။ စုယန်နှင့် ရှနင်းချန်အကြောင်း ပြန်တွေးရင်း သူ့စိတ်ထဲ ဖြစ်ပေါ်လာသည့် မဟုတ်တရုတ် အတွေးများကို ရှင်းထုတ်လိုက်လေသည်။

လော့လန်ကတော့ အဆင်ပြေမနေခဲ့။ သူမ၏ မျက်နှာမှာ ရဲသည်ထက် ရဲလာနေခဲ့ရာ မကြာမီ လည်တိုင် တစ်လျှောက်ပါ ရဲတက်လာတော့၏။ ရန်ကိုင် ဆွဲကိုင်ထားသည့် သူမ၏ ခန္ဓာကိုယ်မှာလည်း စိတ်တင်းကြပ်မှုကြောင့်လား မသိရာ တောင့်တောင့်ကြီး ဖြစ်နေပြီး အနည်းငယ် တုန်ရီနေခဲ့သည်။

ရန်ကိုင်ကဲ့သို့ လူငယ်လေးတစ်ဦးနှင့် ဤကဲ့သို့ အနီးကပ် နေရမည့် အခြေအနေမျိုးနှင့် ဤနေရာထဲ ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

အေးစက်စက် ရင်အုပ်၊ ကျယ်ပြောသော ရင်ခွင်၊ ယောကျာ်း တစ်ဦး၏ အရှိန်အဝါ… စသည့် အမျိုးမျိုးသော အနှောင့်အယှတ် ပေါင်းစုံသည် သူမ၏ အသိစိတ်ကို စတင် နှောင့်ယှတ်လာသဖြင့် လော့လန်မှာ သူမစိတ်ကို တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေခဲ၏။ ပါးတစ်ပြင်လုံးဟာလည်း မီးပြင်းတိုက်ခံထားရသလို ခံစားနေရသည်။

ဂျူနီယာတစ်ဦးရှေ့တွင် ဤကဲ့သို့ ရှက်သွေးဖြာနေသည့် သူမကိုယ်သူမကြည့်ရင်း… လော့လန်စိတ်ထဲ တွင်းတစ်တွင်းရှာပြီးတော့ ပြေးပုန်းပစ်လိုက်ချင်စိတ်များ ထွက်ပေါ်လာလေ၏။

သို့သော်လည်း ခုနှစ်ရောင်ခြယ်အလင်း သေမင်းသည် သူမကျောဘက်နှင့် လက်တစ်လုံးစာပင် မခြားတော့သည့် အကြောင်း ပြန်စဉ်းစားမလိုက်သည့်အခါ အဆင်မပြေသည့်တိုင် ဤပုံစံအတိုင်း အောင့်အည်းပြီး နေလိုက်ရလေသည်။ အချိန် ကြာလာသည့်နောက်တွင် လော့လန်သည် ငြိမ်မနေနိုင်တော့ဘဲ အနည်းငယ်စပြီး ရုန်းကန်လာလေတော့သည်။

“စီနီယာ… ကျေးဇူးပြုပြီး မလှုပ်ပါနဲ့လား” ရန်ကိုင်က ခါးသက်စွာပြုံးရင်း ပြောလိုက်သည်။ ယခုလေးတင် သူ့စိတ်ထဲ အတွေးရိုင်းများကို မနည်း ဖယ်ရှားလိုက်ရခြင်း ဖြစ်သည်။ သို့သော် လော့လန်မှ လှုပ်လိလှုပ်ရွ လုပ်နေသည့်အား သူမ၏ ပျော့အိအိ၊ မို့မောက်မောက် ရင်အစုံသည် သူ့ရင်ဘတ်အား အဆက်မပြတ် ပွတ်သပ်နေသလို ဖြစ်သွားလေသည်။ ထို့အတွက်ကြောင့် ရှင်းထုတ်ထားသော အတွေးရိုင်းများမှာလည်း ပြန်ပေါ်လာပြန်တော့၏။

ရန်ကိုင် စကားကို ကြားလိုက်သည့်အခါ လော့လန် ပို၍ပင် ရှက်သွားလေသည်။ ချက်ချင်းပဲ ခေါင်းငုံ့ကာ ရန်ကိုင် ရင်ခွင်ထဲ ခေါင်းလျှိုဝင်နေလိုက်၏။

“ငါလှည့်နေလိုက်မယ်” လော့လန်က ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည်။

ဤအတိုင်း ဆက်နေဖို့သည် သူမအတွက် အရမ်း ရှက်ဖို့ ကောင်းပေသည်။ ထို့ကြောင့် လှည့်လိုက်လျှင် အဆင်ပြေမည်ဟု တွေးမိလိုက်၏။

“အင်း” ရန်ကိုင်က ခေါင်းညိတ်လျက် လော့လန်၏ ခါးကို ဖက်ထားသော သူ့လက်နှစ်ဖက်ကို လွှတ်ပေးလိုက်လေသည်။

လော့လန်သည် ခုနှစ်ရောင်ခြယ်အလင်းကို သွားမထိမိအောင် ဖြည်းဖြည်းချင်း တစ်ဖက်သို့ လှည့်လိုက်သည်။ နောက်ဆုံးတွင် သူမ ကျောပြင်ကို ရန်ကိုင် ရင်ဘတ်ရှေ့သို့ လှည့်ထားလိုက်နိုင်၏။

“အန်…” ပြဿနာအသစ်တစ်ခု ထပ်ပေါ်လာပြန်လေပြီ။

မျက်နှာချင်းဆိုင် ရပ်နေသည့်အခါ လော့လန်၏ တောင်မို့မို့ နှစ်လုံးသည် သူ့ရင်ဘတ်ကို လာထိနေ၏။ ယခု လော့လန်မှ သူ့အား ကျောပေးထားသည့်အခါတွင်လည်း ပျော့အိအိ အထိတွေ့ကို ခံစားနေရပြန်သည်။ အပေါ်မှတော့ မဟုတ်။ သူ့အောက်ဘက်ကို လာဖိနေသည့် ပျော့အိအိ ပေါင်မုန့်တုံးကြီး နှစ်တုံးပင် ဖြစ်သည်။

လော့လန်လည်း ထိုအချက်ကို သတိပြုမိလိုက်သည်။ သတိပြုမိလိုက်သည်နှင့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား သူမ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားတော့လေသည်။ နည်းနည်းလေးမှ ဆက်၍ မလှုပ်ရှားရဲတော့ချေ။

နှစ်ယောက်စလုံး ထိုအတိုင်းသာ မလှုပ်မယှတ် ရပ်နေကြတော့လေသည်။

“စီနီယာ…” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။

“အန်” လော့လန် အံ့အားသင့်သွားပြီး သူမ တစ်ကိုယ်လုံး တောင့်တင်းလာခဲ့သည်။ ဤကဲ့သို့သော ရှက်စရာကောင်းသည့် အခြေအနေမျိုးတွင် ရန်ကိုင်မှ ရုတ်တရက် ခေါ်လိုက်ခြင်းသည် သူမအား တကယ်ကို ထိတ်လန့်သွားစေ၏။ အထူးသဖြင့် သူမ၏ နားဖျားတစ်လျှောက် ပွတ်သပ်သွားသော ရန်ကိုင်၏ နှာငွေ့ပူပူနွေးနွေးလေးပင်။

“ကြည့်ရတာ ကျုပ်ထွက်သွားရင် အကောင်းဆုံးပဲနဲ့ တူတယ်” ရန်ကိုင်က ပြောလိုက်သည်။

“ထွက်သွားဖို့” လော့လန် ကြောင်သွားလေသည် “နင်ဘယ်သွားနိုင်မှာမို့လို့လဲ”

ရန်ကိုင်မှ သူမအပေါ် ငှဲ့ကွက်ပြီး ယခုကဲ့သို့ ပြောလာကြောင်း သတဘောပေါက်လိုက်သည့်နောက် လော့လန် ရင်ထဲ နွေးထွေးမိသွားခဲ့သည်။ ဤလူငယ်လေးသည် အတော်လေး စိတ်ထားကောင်းပါလားဟုလည်း တွေးမိလိုက်သည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံနေရသည့်တိုင် သူမအပေါ် အသားယူရန် မကြိုးစားဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားကား သူမအတွက် ငဲ့ကွက်စဉ်းစားပေးနေသေးသည်။

သို့သော်လည်း တောင်ကြားတစ်ခုလုံး ခုနှစ်ရောင်ခြယ်အလင်းတို့ဖြင့် ပြည့်နေလေရာ ရန်ကိုင် မည်သည့် နေရာသို့ သွားနိုင်မည်နည်း။

“ဟင်းလင်းပြင်အက်ကြောင်းထဲ ကျုပ်ဝင်လို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်ဖို့” လော့လန် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရန်ကိုင်သည် လေဟာနယ် တာအိုကို ကျွမ်းကျင်ထားမှန်း သိသော်လည်း ဤအဆင့်ထိ ကျွမ်းကျင်ထားလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်၏ ကမ်းလှမ်းချက်ကို ကြားကြားချင်း သူမစိတ်ထဲ စိတ်ပူသွားမိခြင်း ဖြစ်သည်။ ရန်ကိုင်သာ ဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်သွားပြီး ပြန်မထွက်လာနိုင်ခဲ့ပါက ဟင်းလင်းပြင်ထဲတွင် သေသည်အထိ ပိတ်မိနေပေလိမ့်မည်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည် “ဒီနေရာက လူတစ်ယောက် ပုန်းလို့ အဆင်ပြေပေမယ့် လူနှစ်ယောက် အတွက်တော့… နည်းနည်း ကျပ်လားလို့”

“ဒါပေမယ့်… နင်ထွက်လာနိုင်မှာ သေချာလို့လား”

“ထွက်လာဖို့က ပြဿနာမရှိဘူး” ရန်ကိုင် ခေါင်းညိတ်လိုက်၏။ ဟင်းလင်းပြင်အက်ကြောင်းတစ်ခုကို ဖြတ်သွားပြီ ဖြစ်သဖြင့် သူ့လုံခြုံရေးအပေါ် ရန်ကိုင် စိတ်ပူမနေတော့ချေ။ စိုးရိမ်စရာဆို၍ သူပြန်ထွက်လာသည့် နေရာသည် ဆေးတောင်ကြားမဟုတ်ဘဲ အခြား တစ်နေရာ ဖြစ်နေမည်ကိုသာ။ ထိုသို့သာဖြစ်သွားလျှင် သူတကယ်ကို နစ်နာရပေလိမ့်မည်။ ထိုသို့ မဖြစ်စေလိူလျှသ် ဟင်းလင်းပြင် ဆုတ်ဖြဲပြီး သူဝင်လာသည့် နေရာသို့ ပြန်ထွက်လာရုံသာရှိသည်။

သို့သော်လည်း ရန်ကိုင်သည် ထိုအချက်ကို လော့လန်အား ရှင်းပြမနေခဲ့ချေ။ သူတို့ နှစ်ဦးသည် ဒီလောက်ကြီး ရင်းနှီးသူများ မဟုတ်ကြသည့်အတွက် သူ့လျှို့ဝှက်ချက်ကို သူမဆီ ပြောပြဖို့ရာ အဆင်မပြေပေ။

လော့လန်သည် ခဏကြာအောင် တိတ်နေပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည် “တကယ်တော့ နင်အခုလိုမျိုး စွန့်စားစရာမလိုပါဘူး။ ငါ… ငါတို့ ဒီပုံစံအတိုင်း ခုနှစ်ရောင်ခြယ် အလင်း ပျောက်သွားတဲ့အထိ နေလိုက်လို့ရတာပဲ”

ရန်ကိုင်မှ သူမအပေါ် ငဲ့ကွက်စဉ်းစားပေးနေသည့်အတွက် သူမလည်း တစ်ကိုယ်ကောင်းဆန်၍ မဖြစ်ချေ။

“ကျေးဇူးပါပဲ စီနီယာ၊ ဒါပေမယ့် ကျုပ်ဆုံးဖြတ်ပြီးသွားပြီ” ရန်ကိုင်က ပြုံးလျက် ပြောပြီးနောက် သူ့နောက်ဘက်ရှိ ဟင်းလင်းပြင်ထဲသို့ ခုန်ဆင်းရန်အတွက် ဆုတ်သွားလေသည်။ သို့သော် မခုန်ခင် ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်ကာ လှမ်းပြောလိုက်လေသည် “ဟုတ်သားပဲ။ စီနီယာကို ကျုပ်ပေးစရာ တစ်ခုရှိတယ်”

“ဘာပေးမလို့လဲ” လော့လန်က ပြန်မေး၏။

သူမ မေးပြီးသည်နှင့် ရန်ကိုင်သည် သူမပခုံးအား လှမ်းတို့လိုက်လေသည်။

“ကံကောင်းပါစေ စီနီယာ” ထိုသို့ ပြောပြီးနောက် ရန်ကိုင်သည် အက်ကြောင်းထဲသို့ ခုန်ဝင်းသွားလေ၏။

လော့လန် နောက်ဘက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် ဗလာ ဖြစ်သွားခဲ့လေသည်။ စိတ်ထဲ ခဏလောက် ဗလာ ဖြစ်သွားခဲ့သော်ငြား ချက်ချင်းပဲ အဆင်ပြေအောင် နေရာရွှေ့လိုက်လေသည်။

ပြီးတော့မှပဲ ရန်ကိုင် ဘာပေးသွားလဲကို စတင် စစ်ဆေးတော့၏။

သူမ ပခုံးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက်တွင် လော့လန်သည် အလန့်တကြား အမူအရာဖြင့် “ဒါက…”

ရန်ကိုင် ဘာပေးသွားမှန်း မသိသော်ငြား ရန်ကိုင် ထိသွားသည့် နေရာအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခိုက်တွင် သူမ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်စွမ်းအင်လှိုင်းများကို ရုတ်တရက် အာရုံခံနိုင်လာပြီး ပုန်းကွယ်တည်ရှိနေသော ဟင်းလင်းပြင်အက်ကွဲကြောင်းများကိုပါ ခံစားလာနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင် ဘာပေးသွားလဲ လော့လန် ချက်ချင်း နားလည်သွားခဲ့သည်။

ဤလက်ဆောင်နှင့်ဆိုပါ သူမအနေဖြင့် ကမ္ဘာပျက်ကြီးထဲ ဟင်းလင်းပြင်အက်ကြောင်းနှင့် သွားတိုးမည်ကို စိတ်ပူစရာမလိုဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍ ရပေပြီ။

လော့လန် အလွန် ပျော်သွားခဲ့သည်။

“ကျေးဇူးပဲ” သူမစကားကို ရန်ကိုင် ကြားတော့မည် မဟုတ်မှန်း သိသော်ငြား ပြောဖြစ်အောင်တောင့် ပြောလိုက်သေးသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုမှ ရန်ကိုင် မည်ကဲ့သို့သော လူစားမျိုးလဲ ဆိုသည်ကို သေချာ နားလည်သွားရတော့သည်။ ရန်ကိုင်၏ အလားအလာ မည်မျှ မြင့်မားသလဲ ဆိုသည်ကိုလည်း သဘောပေါက်သွားခဲ့ရသည်။ သခင်လေး ကုကျန်ရှင်းသည် ရန်ကိုင်အား အလွန် အထင်ကြီးနေရသည်မှာလည်း အထူးအဆန်း မဟုတ်တော့ချေ။

ယခင်က လော့လန် ရန်ကိုင်အပေါ် ကောင်းပြရခြင်းသည် ကုကျန်းရှင်မှ ရန်ကိုင်အား အထူး အလေးပေး ဆက်ဆံနေသည့် အတွက်ကြောင့် ဖြစ်သလို လေဟာနယ်တာအိုအပေါ် သူ၏ တတ်ကျွမ်းနားလည်ထားမှုကြောင့်လည်း ဖြစ်သည်။ သို့သော် ယခုမူ ထိုအချက်များမပါလျှင် လော့လန် အနေဖြင့် ရန်ကိုင်အား တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၍ဆိုကာ အထင်းသေး၊ မကောင်းမမြင်ရဲတော့ချေ။

ရန်ကိုင်သည် ရိုးသားဖြောင့်မတ်ပြီး အလားအလာကောင်းကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုကဲ့သို့သော လူမျိုးသည် တကယ်ကို မိတ်ဆွေဖွဲ့သင့်သည့် လူမျိုး ဖြစ်ပေသည်။

ထိုအကြောင်း တွေးလိုက်မိသည့်နောက်တွင် ကမ္ဘာပျက်ကြီးထဲမှ ထွက်ပြီး မိုးပြာသစ်ပင်ကြယ်သို့ ပြန်သည့် တစ်နေ့၊ ရန်ကိုင် ပိုင်ဆိုင်သည့် အမွှာငါးမန်းကျွန်းကို သေချာ ဂရုစိုက်ပေးရမည်ဟု တွေးလိုက်သည်။

……

ဟင်းလင်းပြင်ထဲ ရန်ကိုင်သည် တစ်ယောက်တည်း မျောနေ၏။

လော့လန်ပေါ်တွင် လေဟာနယ်အမှတ်အသား ချန်ထားပေးခဲ့ရခြင်းမှာ တဇွတ်ထိုးစိတ်ကြောင့် လုပ်ခဲ့ခြင်း မဟုတ်။ အစကတည်းက ရန်ကိုင်သည် လော့လန်အပေါ် ရိုးရိုးသားသား အတွေးများသာ ရှိခဲ့၏။ မည်သည့် မဟုတ်တရုတ် အတွေးမှမရှိ။

လော့လန်သာ လုံခြုံနေလျှင် မိုးပြာသစ်ပင်ကြယ်ပေါ်ရှိ သူ့စံအိမ်လည်း လုံခြုံပြီး သူတည်ဆောက်ထားသည့် ကမ္ဘာခြား ဟင်းလင်းပြင် အစီအရင်လည်း ပိုလုံခြုံနေလိမ့်မည်ဟု တွေးမိခြင်းသာ။ ထို့အပြင် သူ့မအား လေဟာနယ်အမှတ်အသား ပေးလိုက်၍လည်း သူ့အတွက် ဆုံးရှုံးသွားစရာ ဘာမှမရှိပေ။

ထိုသို့များဖြစ်လေရာ ဘာကြောင့်များ လော့လန်အား မကူညီပေးရမည်နည်း။

ဟင်းလင်းပြင်ထဲသို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် တစ်နေရာတည်း၍ ရပ်မနေဘဲ လျှောက်ပတ်သွားသေလည်။

ခုနှစ်ရောင်ခြယ်အလင်းသည် နာရီဝက်လောက်ကြာအောင် ရှိနေမည်ဖြစ်သဖြင့် သူ့အဖို့ ဤဟင်းလင်းပြင်ထဲ အစစ်အမှန် လေဟာနယ်သလင်းကျောက်များ လိုက်ရှာရန် အချိန် ရှိပေသေးသည်။

အခွင့်အလမ်းများနှင့် ပြည့်နေသည့် ဤကဲ့သို့သော နေရာမျိုးတွင် သူ့အနေဖြင့် အချိန် နည်းနည်းလေးမှ မဖြုန်းနိုင်ပေ။ သို့သော်လည်း ခြေဦးတည့်သလို သွားမနေဘဲ သွားသည့် လမ်းကြောင်းတစ်လျှောက် အမှတ်အသား ချန်ရစ်ခဲ့လေသည်။ သို့မှသာ ဆေးတောင်ကြားဆီသို့ ပြန်ရောက်နိုင်မည် မဟုတ်လော။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၇၈၀)

ရန်ကိုင်သည် အချိန်ကို သတိထားရင်း ဟင်းလင်းပြင်ထဲ လေဟာနယ်သလင်းကျောက်များကို လိုက်ရှာနေခဲ့သည်။ နာရီဝက်လောက် ပြည့်ပြီဟု ထင်သည့်အချိန်တွင် ရပ်လိုက်၏။

နာရီဝက်အတွင်း များများစားစား မရလိုက်သော်လည်း လေဟာနယ်သလင်းကျောက် ငါးတုံးတော့ ရလိုက်ပေသည်။ ရပ်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အရင် စစ်ဆေးကြည့်လိုက်၏။

ဟင်းလင်းပြင်ထဲ လျှောက်သွားနေစဉ် လေဟာနယ်စွမ်းအား မတည်မငြိမ် ဖြစ်နေသည့် နေရာများစွာကို ရန်ကိုင် တွေ့ခဲ့ရသည်။ သူ့အထင်သာ မှန်လျှင် ထိုနေရာများသည် ကမ္ဘာပျက်ကြီးနှင့် ဆက်နေသော ဟင်းလင်းပြင်အက်ကြောင်းများ ရှိနေသည့် နေရာများ ဖြစ်ကြရပေမည်။

သူ့အထင် မှန်မမှန် စစ်ဆေးရန်အတွက် ရန်ကိုင်သည် ထိုနေရာဆီသို့ ဦးတည်သွားလေ၏။ ထို့နောက် ထိုနေရာမှ အပြင်သို့ ထွက်လိုက်၏။

လှည့်ပတ်ကြည့်လိုက်သည့်အခါတွင် မည်သည့် ခုနှစ်ရောင်ခြယ်အလင်းကိုမှ မတွေ့ရတော့။ သူ့နောက်ဘက်၌ ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရှိနေသည်ကိုသာ တွေ့လိုက်ရလေသည်။

ထိုဟင်းလင်းပြင်အက်ကြောင်းထဲမှ သူထွက်လာခဲ့ခြင်း ဖြစ်သည်။

ထိုအခြင်းအရာကို မြင်ပြီးနောက် ရန်ကိုင် ခေါင်းတညိတ်ညိတ် လုပ်လိုက်သည်။ သူ့အထင် မှန်ပေသည်။ ဟင်းလင်းပြင်ထဲရှိ လေဟာနယ်စွမ်းအင် မတည်ငြိမ်သည့် နေရာများသည် ကမ္ဘာပျက်ကြီးထဲရှိ လေဟာနယ်အက်ကြောင်းများနှင့် ဆက်သွယ်နေသည့် နေရာများ ဖြစ်ကြ၏။

သူမသိသည်ကား… ဤနေရာသည် ဆေးတောင်ကြား ဟုတ်လား၊ မဟုတ်ဘူးလား ဆိုသည်ကိုပင်။

ပတ်ဝန်းကျင်အား အကြမ်းဖျင်း စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်သည် ပျော်ရွှင်စွာပြုံးလျက် ရေရွတ်လိုက်လေသည် “ငါ့ကံက မဆိုးဘူးပဲ”

ဤနေရာသည် ဆေးတောင်ကြားထဲ၌ ရှိနေပေသေးသည်။ ထိုသို့ ပြောနိုင်ခြင်းမှာ ဤနေရာတစ်ခုလုံး ဆေးရနံ့များနှင့် ပြည့်နေသည့် အတွက်ကြောင့်ဖြစ်သလို သူနှင့် မလှမ်းမကမ်း၌ ပေါက်နေသော ဝါဖျော့ဖျော့အရောင်ရှိသည့် အသီးသုံးလုံး သီးနေသော အပင်တစ်ပင်ကြောင့် ဖြစ်သည်။

ဤနေရာသည် မည်သူမှ မရောက်သေးသည့် နေရာတစ်ခု ဖြစ်၏။

ဆေးတောင်ကြားသည် အလွန်အမင်း ကျယ်ဝန်းသည့်အပြင် လူအနည်းငယ်လောက်သာ ဤနေရာသို့ လာနိုင်၏။ ထို့အပြင် ခုနှစ်ရောင်ခြယ်အလင်းကြောင့် ဆေးပင်များကို ရှာနိုင်သည့် အချိန်မှာလည်း အတော်လေး နည်းပါးလှသည်။ ထို့ကြောင့် ဆေးတောင်ကြားထဲတွင် မည်သူမှ မရောက်ဖူးသေးသည့် နေရာများ ရှိနေသည်မှာ အထူးအဆန်းတော့ မဟုတ်ပေ။

ရန်ကိုင်သည် အသီးသုံးလုံးသီးနေသည့် အပင်ရှေ့သို့ သွားပြီး အပင်ကို စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် ရန်ကိုင် ဖြုံးဖြီးဖြီး ဖြစ်သွားလေသည်။ ထိုအသီးများ ဘာအသီးလဲ သူသိပေသည်။ ထိုအသီးများသည် သက်ရှည်သီးများ ဖြစ်ကြသည်။

အသီး၏ နာမည်အတိုင်း ထိုအသီးသည် ကျင့်ကြံခြင်းကို တိုးတက်စေနိုင်ခြင်း မရှိဘဲ လူတစ်ဦး၏ သက်တမ်းကိုသာ ဆွဲဆန့်ပေးနိုင်ပေသည်။

ကျင့်ကြံခြင်းအဆင့်အပေါ်လိုက်၍ ကျင့်ကြံသူတစ်ဦး၏ သက်တမ်းမှာ ရှည်လျားလာကြသည်။ ပုံမှန်အားဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် နှစ်သုံးထောင်မှ လေးထောင်လောက် အသက်ရှင်နိုင်ကြပြီး အချို့ဆိုလျှင် ထို့ထက်ပင် ပို၍ အသက်ရှင်နိုင်ကြသေးသည်။ သို့သော်လည်း လူတစ်ဦး၏ အသက်သည် အမြဲတမ်း အကန့်အသတ်နှင့်ရှိ၏။ သက်တမ်းဆုံးသို့ ရောက်သည့်အခါ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ခြောက်သွေ့ကာ အသက်စွမ်းအင်မှာလည်း လျော့ပါးပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ သံယရာစက်ဝန်းသို့ တစ်ဖန်ပြန်ဝင်ရုံမှအပ အခြား ရွေးချယ်စရာမရှိတော့ချေ။

အများအားဖြင့် ကျင့်ကြံသူများသည် သက်တမ်းဆုံးသို့ ရောက်ခါနီးတွင် သူတို့၏ အသက်ကို ဆွဲဆန့်ပေးနိုင်သည့် အဖိုးတန်ရတနာများကို လိုက်လံ ရှာဖွေလေ့ ရှိကြသည်။ အသက်သာ ရှင်နေလျှင် နောက်တစ်ဆင့်သို့ ချိုးဖျက်ပြီး သက်တမ်းကို တစ်ဖန်ပြန်ရှည်အောင် လုပ်နိုင်ဖို့ အခွင့်အရေး ရှိပေသည်။

သို့ရာတွင် သာမန်ရတနာများမှာ ထိုကျင့်ကြံသူများအတွက် အသုံးမဝင်ချေ။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသော စိတ်ဝိဥာဉ်ဆေးလုံးများသည်သာ သူတို့အတွက် အသုံးဝင်၏။ သို့သော်လည်း ကြယ်စီရင်စုထဲတွင် လူတစ်ယောက်၏ သက်တမ်းကို တိုးစေနိုင်သော စိတ်ဝိဥာဉ်ဆေးလုံး ဘယ်လောက်များများ ရှိလို့နည်း။ ဆေးပညာရှင် ဘယ်လောက် များများကလည်း ထိုကဲ့သို့သော ဆေးလုံးမျိုးကို သန့်စင်နိုင်ကြလို့နည်း။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်သော ဆေးလုံးများနှင့် ဆေးပင်များမှာ အလွန်ကိုမှ ရှားပါးပေသည်။

လက်ရှိ ရန်ကိုင်ရှေ့တွင် ရှိနေသော သက်ရှည်သီးသည် သက်ရှည်ဆေးလုံးကို ဖော်စပ်ရာတွင် လိုအပ်သည့် အဓိက ဆေးအမယ်ဖြစ်သည်။ သက်ရှည်ဆေးလုံးသည် ကျင့်ကြံသူ တစ်ဦး၏ သက်တမ်းကို အနည်းဆုံး နှစ်တစ်ရာထိ ထပ်မံ ဆွဲဆန့်ပေးနိုင်သော တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတစ်လုံး ဖြစ်သည်။ သို့သော်လည်း ထိုဆေးလုံးများကို တစ်ကြိမ် သောက်လိုက်တိုင်း သောက်လိုက်တိုင်း ဆေးအာနိသင်မှာ လျော့နည်းသွားလေ့ရှိသည်။ ထို့ကြောင့် သက်ရှည်ဆေးလုံး နှစ်လုံးကို သောက်လိုက်လျှင် သက်တမ်း နှစ်နှစ်ရာ တိုးလာမည်ဟု မျှော်လင့်မထားသင့်ပေ။

နှစ်နှစ်ရာဆိုသော အချိန်သည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် ကိစ္စများစွာကို လုပ်ဆောင်ရန် လုံလောက်ပေသည်။ ထိုနှစ်နှစ်ရာအတွင်း နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်လျှင် သူတို့၏သက်တမ်း ပိုရှည်လာပေလိမ့်မည်။

လူတိုင်းတွင် အသက်တစ်သက်သာ ရှိလေရာ ကိုယ့်အသက်ကို တန်ဖိုးမထားသည့်လူ မည်သူရှိမည်နည်း။

ကြိုတင်ပြင်ဆင်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းသည် ဟူသော ဆောင်ပုဒ်အတိုင်း သက်တမ်းဆုံး ရောက်ခါနီးမှ သက်ရှည်ဆေးများ လိုက်ရှာခြင်းထက် မရောက်ခင်ကတည်းက ကြိုတင် ပြင်ဆင်ထားခြင်းသည် ပို၍ ကောင်းပေသည်။ ထို့အပြင် ထိုကဲ့သို့သော သက်ရှည်ဆေးများကို မိသားစု အမွေအနှစ်အဖြစ် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းပေး၍ ရပေသည်။

သက်ရှည်သီးများမှန်း သိပြီးနောက်တွင် ရန်ကိုင်သည် ထိုအသီးများကို ခူး၍ သစ်သားသေတ္တာတစ်လုံးထဲ ထည့်သိမ်းထားလိုက်လေသည်။ ဟင်းလင်းပြင်ထဲမှ ထွက်လာလာချင်း အဖိုးတန်ရတနာတစ်ခုနှင့် တွေ့လိုက်ရသည့် အတွက် ရန်ကိုင် အတော်လေး အူမြူးနေခဲ့သည်။

သူထင်ထားသလိုပင် ဤနေရာသို့ မည်သူမှ မရောက်ဖူးချေ။ ထို့ကြောင့် မကြာမီအချိန်တွင် နောက်ထပ် ရတနာတစ်ခု ရန်ကိုင် ထပ်တွေ့ပြန်သည်။

နာရီဝက်ကြာပြီးနောက်တွင် ခုနှစ်ရောင်ခြယ်အလင်း ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် ရန်ကိုင်လည်း ဟင်းလင်းပြင် အက်ကြောင်းတစ်ခုရှာကာ ထိုထဲ အမြန် ပြေးပုန်းရလေသည်။ သို့သော် ဤအတိုင်း ထိုင်စောင့်မနေဘဲ ဟင်းလင်းပြင်ထဲသို့ ဝင်ကာ လေဟာနယ်သလင်းကျောက်များ လိုက်ရှာလေသည်။

အချိန်ပြည့်ပြီးနောက်တွင်း ဆေးတောင်ကြားသို့ ပြန်လာခဲ့လေသည်။ ရန်ကိုင်သည် ထိုနည်းအတိုင်း တောက်လျှောက် လုပ်သွားခဲ့သည်။

ထိုနည်းလမ်းဖြင့် ရန်ကိုင်သည် ဆေးတောင်ကြားမှ ဆေးပင်များကို ခူးဆွတ်နိုင်ရုံမက ဟင်းလင်းပြင်တွင်းမှ လေဟာနယ်သလင်းကျောက်များကိုလည်း စုဆောင်းနိုင်နေ၏။

ငါ့ဘာသာ ရှာရတာ အခြားသူတွေနဲ့ပေါင်းပြီး လုပ်ရတာထက် အများကြီး ပိုအဆင်ပြေတာပဲ သူသာ လော့လန်နှင့် အတူဆက်၍ ရှိနေခဲ့လျှင် မည်ကဲ့သို့ ဖြစ်မည်လဲတွေးရင်း ရန်ကိုင် ကြိတ်၍ သက်ပြင်းချလိုက်လေသည်။

ခုနှစ်ရောင်ခြယ်အလင်း ပြန်ဆုတ်သွားမည့် အချိန်ကိုသာ စောင့်နေလိုက်လျှင် ဤကဲ့သို့ အချိန်ကို အကျိုးရှိရှိ အသုံးချုနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့လိမ့်မည် မဟုတ်ပေ။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့၏။ နောက်ဆုံး သူဆေးတောင်ကြားထဲသို့ ရောက်သည်မှာ မည်မျှကြာမှန်းကိုပင် ရန်ကိုင် မသိတော့ပေ။ ဟင်းလင်းပြင်နှင့် ဆေးတောင်ကြားထဲ အသွားအပြန်လုပ်နေရင်း လေဟာနယ်သလင်းကျောက် အတုံးနှစ်ရာနှင့် ဆေးပင်တစ်ရာနီးပါးကို ရန်ကိုင် ရှာဖွေနိုင်ခဲ့၏။

တကယ်ကို အချီကြီး မြတ်လိုက်ခြင်းပင်။

ထိုလေဟာနယ်သလင်းကျောက်များနှင့် ဆေးပင်များ၏ တန်ဖိုးသည် အလွန်ကို မြင့်မားလှပေသည်။ အခြားသူများသည် သူ့လောက် ရလိမ့်မည် မဟုတ်မှန်း ရန်ကိုင် သိနေသည်။

သို့သော်လည်း လော့လန်ဆီမှ ထွက်လာသည့် အချိန်မှစ၍ အခြားမည်သူနှင့်မှ ထပ်မတွေ့သေးချေ။

တစ်နေ့တွင်၊ ရန်ကိုင်သည် ဆေးနံ့ရရာနောက်သို့ လိုက်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

သူ့ကောင်းကင်စိတ်အာရုံစက်ကွင်းထဲ လူသုံးယောက်ကို အာရုံခံမိလိုက်သည်။ တစ်ယောက်ပင်မဟုတ်၊ သုံးယောက်ပင်။

နှစ်ယောက်သည် အတူတူရှိနေသည်။ တစ်ယောက်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ဖြစ်ပြီး ကျန်တစ်ဦးသည် တန်ခိုးရှင် တတိယအဆင့် ဖြစ်ပေသည်။ တတိယမြောက် လူမှာတော့ တစ်ယောက်တည်း ဖြစ်၏။

ရန်ကိုင်နှင့် ထိုသုံးယောက်သည် သုံးမြှောင့်ပုံစံအတိုင်း ဆေးပင်ရှိရာဆီသို့ သွားနေကြခြင်း ဖြစ်သည်။ ဆေးတောင်ကြားထဲ ဝင်လာသည့်လူ များများစားစား မရှိသည့်အတွက် ထိုလူသုံးဦး မည်သူမှန်း ရန်ကိုင် ချက်ချင်း တန်းသိလိုက်လေသည်။

နှစ်ယောက်အတွဲမှာ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ဖြစ်သော ကျိလုန်နှင့် တန်ခိုးရှင်တတိယအဆင့်ဖြစ်သော ကျိတုန်တို့ ဖြစ်ကြပေသည်။

တစ်ယောက်တည်း ရှိနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမှာမူ သူ၏ ရန်သူတော်ကြီးဖြစ်သည့် ရှုဝေမှလွဲ၍ အခြား မဟုတ်ပါချေ။ ရန်ကိုင်မှ သူတို့အား ရှာတွေ့နိုင်သဖြင့် ထိုသုံးဦးလည်း ရန်ကိုင်အား ရှာတွေ့သွားပေသည်။

တစ်ယောက်ကိုတစ်ယောက် အာရုံခံမိလိုက်သည့်နောက်၊ ကျိလုန်နှင့် ကျိတုန်သည် အရှိန်တင်လိုက်ကြလေသည်။ အားလုံးထက် စောရောက်သည့်လူသာ ဆေးပင်ကို ခူးဆွတ်နိုင်ပေလိမ့်မည်။ ကျိလုန် ယခုကဲ့သို့ အရှိန်တင်ရဲခြင်းမှာ သူ့ခွန်အားကြောင့် ဖြစ်သည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် အတွက် ဆေးတောင်ကြားထဲတွင် သူ့အား ယှဉ်နိုင်သည့်လူဆို၍ ကွေ့ဇူနှင့် နီကွမ်းသာ ရှိသည်။ အခြားသူများကို ကျိလုန် လုံးဝ ဂရုမစိုက်ချေ။ အထူးသဖြင့် သူ့လက်ဖျောက်တစ်ချက်နှင့် သတ်ပစ်နိုင်သော ရန်ကိုင်ကဲ့သို့ ဂျူနီယာတစ်ဦးဆိုလျှင် ပို၍ပင် အထင်သေး၏။

ရှုဝေသည်လည်း တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် အရှိန်တင်တော့သည်။

အဖိုးတန်ဆေးပင်၏ မက်လုံးကို ရှုဝေ လုံးဝ မတောင့်ခံနိုင်ခဲ့။ တစ်ဖက်လူသည် ကျိလုန် ဖြစ်လျှင်ပင် သူဂရုမစိုက်။ ထို့အပြင် ရှုဝေသည် စွန့်ပစ်တွင်းမြေ၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ သူတို့ အဖွဲ့အစည်းနှင့် ကျိလုန် အဖွဲ့အစည်းသည် ရန်သူများ ဖြစ်ကြရာ ဘာကြောင့်များ ကျိလုန်အား မျက်နှာသာပေးနေရဦးမည်နည်း။

နှစ်ယောက်စလုံး အရှိန်တင်လိုက်ကြချိန် ရန်ကိုင်လည်း အရှိန်တင်လိုက်လေသည်။ လူလေးယောက်သည် အလယ်ဗဟိုဆီသို့ အရှိန်ကုန်တင်ကာ ပြေးနေကြလေသည်။

“ဟန့်၊ သေချင်နေတာပဲ” သူ့တည်ရှိမှုသည် ရန်ကိုင်နှင့် ရှုဝေတို့အား ခြိမ်းခြောက်နိုင်လိမ့်မည်ဟု ထင်ထားသော်ငြား နှစ်ယောက်စလုံးသည် သူ့အား နည်းနည်းလေးမှပင် ဂရုမစိုက်ဘဲ အရှိန်တင်ပြေးလာသည်ကို မြင်သော် ကျိလုန် ဒေါသပုန် ထသွားခဲ့လေသည်။

ရှုဝေ သူ့အား မကြောက်သည်မှာတော့ ကိစ္စမရှိ။ သူ့ခွန်အားသည် အရမ်းမမြင့်လျှင်ပင် ရှုဝေသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသေးသည်။ သူ့အနေဖြင့် ရှုဝေကို သတ်ချင်လျှင်ပင် အတော်လေး အားစိုက်၊ အချိန်ကုန်ရပေလိမ့်မည်။ ဤဆေးတောင်ကြားထဲ အချိန်ကို ဖြုန်းတီးခြင်းသည် အဖိုးတန်ရတနာများကို ဖြုန်းတီးပစ်ခြင်းနှင့် တူပေသည်။

သို့သော်လည်း ထိုတန်ခိုးရှင်တတိယအဆင့် ကောင်လေးက ဘာကောင်နည်း။ သူ၏ မဟုတ်တရုတ် ခွန်အားလေးနှင့် သူ့အား လာစိန်ခေါ်ရဲသည့်အပေါ် ကျိလုန် အလွန် ဒေါသထွက်သွား၏။ သေခြင်းတရား ဘာလဲဆိုသည်ကို ထိုကောင် မသိရော့လေသလား။

“အဖေ၊ ကျုပ်…” ကျိလုန်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။ သူသည်လည်း ရန်ကိုင်အပေါ် အတော်လေး မျက်စိစပါးမွှေးစူးနေသည်။

သူဤနေရာသို့ ရောက်လာသည်မှာ သူ့အဖေ ခေါ်လာသည့် အတွက်ကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် ခရမ်းကြယ်၏ သခင်လေး တစ်ဦး ဖြစ်ပေသည်။ ရွှယ့်ယွယ်ဟာ ဆိုလျှင်လည်း သူနှင့် ယှဉ်ပြိုင်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် သူပေါ်လာသည်မှာလည်း ကိစ္စမရှိ။

သို့သော် ထိုရန်ကိုင်ဆိုသည့် လူအကြောင်းကို သူတစ်ခါမှ မမြင်ဖူး၊ မကြားဖူးချေ။

ရန်ကိုင်ကဲ့သို့ လူမသိလူမသိ ကျင့်ကြံသူတစ်ယောက် ဤနေရာသို့ ရောက်လာခြင်းသည် သူ့အဆင်အတန်းကို စော်ကားလိုက်သလို ကျိတုန် ခံစားနေရသည်။ ရန်ကိုင်အား သတ်ပစ်လိုက်မှသာ သူ့စိတ်ထဲရှိ ကြိတ်မနိုင်ခဲမရ ခံစားချက်ကို ဖျောက်ဖျက်ပစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရန်ကိုင်အား ထပ်တွေ့သည့်အခါ သူတို့ နှစ်ဦးကြားရှိ ခွန်အားကွာခြားချက် မည်မျှ ကွာခြားကြောင်းကို အားလုံးသိသွားစေရန် ရန်ကိုင်နှင့် တိုက်ခိုက်ချင်မိသည်။ ဤနေရာသို့ မည်သို့သော လူများသာ ဝင်လာသင့်ကြောင်း၊ အရည်အချင်း မရှိဘဲ ဝင်လာခြင်း၏ အကျိုးဆက်သည် သေခြင်းသာ ဖြစ်ကြောင်းကို ရန်ကိုင် သိသွားအောင် ပြချင်နေသည်။

“သူ့လို အားနည်းတဲ့ကောင်ကို ဘာလို့ လိုက်ဂရုစိုက်နေတာလဲ” ကျိလုန်က အေးစက်စက် လေသံဖြင့် “သူမင်းရှေ့မှာပေါ်လာရဲရင် မင်းကြိုက်သလိုသာလုပ်”

“နားလည်ပါပြီ” ကျိုလုန်က ခေါင်းညိတ်လိုက်ပြီး လှောင်ပြုံးပြုံးလျက် “ဒါပေမယ့် သူပေါ်လာရဲလောက်မှာ မဟုတ်ဘူး”

သူ့စကား ဆုံးသွားသည်နှင့် ကျိတုန် မှင်သက်သွားလေသည်။ အကြောင်းမှာ သူ့ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ရန်ကိုင်သည် အန္တရာယ်မှ ရှောင်ထွက်သွားရမည့်အစား မရှောင်ထွက်သွားဘဲ အရှိန်တင်၍ပင် သူတို့ဆီသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့် ဖြစ်ပေသည်။

“စိတ်ဝင်စားစရာပဲ။ ဒီလောကကြီးမှာ သေချင်လို့ မီးပုံထဲ ခေါင်းတိုးဝင်နေတဲ့ လူတွေ တကယ်များတာပါလား” ကျိတုန်သည် ရက်စက်စွာပြုံးရင်း ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

All Chapters