← Chapters

အခန်း (၁၈၁၆-၁၈၂၀)

Vol. 73 Ch. 1816-1820

အခန်း (၁၈၁၆-၁၈၂၀)

Vol. 73 Ch. 1816-1820

အပိုင်း (၁၈၁၆)

လုံးဝကို ပြီးသွားပြီမှန်း ကျိလုန် သိလိုက်သည်။ သူလုံးဝ မလွတ်နိုင်တော့ပေ။

ကျိလုန်သည် အမုန်းတရားတို့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ရန်ကိုင်အား မမှိတ်မသုံ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် အံကြိတ်၍ လက်သီးဆုပ်လိုက်လေသည်။ သူ့မျက်နှာတစ်ပြင်လုံး နီမြန်းလာပြီး ခန္ဓာကိုယ်ဟာလည်း လျင်မြန်စွာ ဖောင်းကားလာခဲ့သည်။ မျက်နှာထက်ရှိ သွေးကြောပြာကြီးများဟာလည်း တထောင်ထောင် ဖြစ်လာကာ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းတို့သည့် သူ့အား ဗဟိုပြု၍ အဘက်ဘက်သို့ ပျံ့နှံ့လာခဲ့လေသည်။

“မကောင်းတော့ဘူး။ သူ့ကိုယ်သူ ဖောက်ခွဲတော့မယ်” ကွေ့ဇူ၏ အမူအရာ အပြောင်းလဲကြီးပြောင်းလွားပြီး ထိတ်လန့်တကြား ထအော်လေသည်။

ကျိလုန်နှင့် သူတို့သည် ဆယ်မိုင်လောက် ဝေးနေသော်ငြား တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ကိုယ့်ကိုယ်ကို ဖောက်ခွဲရာမှ ထွက်ပေါ်လာသော အဖျက်စွမ်းအင်သည် မိုင်တစ်ရာ အတွင်းရှိ အရာမှန်သမျှကို အငွေ့ပျံပျောက်ကွယ်သွားစေနိုင်သည်။ ကွေ့ဇူကိုယ်တိုင်သည်ပင် သူ့အသက်အတွက် အာမခံချက်မရှိပေ။

ကျိလုန်သည် ချောင်ပိတ်ခံလိုက်ရသည့် ခွေးတစ်ကောင်နှယ် ရရာလုပ်နေပြီမှန်း ကွေ့ဇူ သိလိုက်သည်။ မဟုတ်လျှင် သူ့ကဲ့သို့ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ဤကဲ့သို့ လုပ်စရာအကြောင်း မရှိပေ။

“အိမ်မက်မက်နေလိုက်” ရန်ကိုင်သည်လည်း မျက်နှာထား တည်ကြည်နေခဲ့သည်။ ချက်ချင်းပဲ အပြာရောင်ဓါတ်လုံးလေး တစ်လုံးကို ထုတ်ပြီး ထိုထဲသို့ သူတော်စင်ချီနှင့် စိတ်စွမ်းအင် ထည့်သွင်းလိုက်လေသည်။ ဓါတ်လုံးလေးသည် အဖြာဖျော့ရောင် တောက်လာသည်နှင့် ရန်ကိုင်သည် ဓါတ်လုံးကို ကျိလုန်တည့်တည့်သို့ ချိန်လိုက်၏။ ချက်ချင်းဆိုသလို ဓါတ်လုံးဆီမှ မိုးကြိုးတစ်စင်း ထွက်ပေါ်လာပြီး ကျိလုန်ဆီသို့ တိုးဝင်သွားလေသည်။

ထိုအလွန်သေးငယ်သည့် မိုးကြိုးလေးကို ကြည့်ရင်း ကွေ့ဇူ၏ နဖူးထက် ချွေးအေးတို့ ဝေ့သီလာခဲ့သည်။

ထိုမိုးကြိုးလေးဆီမှ သူပင်လျှင် လုံးဝ မခုခံနိုင်လောက်အောင် ပြင်းထန်လွန်းလှသည့် ကမ္ဘာဖျက်မတတ် အဖျက်စွမ်းအားကို ခံစားမိလိုက်ရသည်။ ထိုစွမ်းအားသည် တန်ခိုးရှင်ဘုရင်အဆင့်ကို ကျော်လွန်နေသည့် စွမ်းအားတစ်ရပ် ဖြစ်ပေသည်။

“ဟားဟား၊ မင်းမှာ နည်းလမ်းမရှိတော့ဘူးလား။ ဒီဘုရင် ဒီနေ့ သေရမယ်ဆိုရင်တောင် မင်းတို့တစ်ကောင်မှ လွတ်ဖို့ မစဉ်းစားနဲ့” ကျိလုန်သည် ရန်ကိုင်မှ သူ့ဆီသို့ မိုးကြိုးတစ်စင်း လှမ်းပစ်လိုက်သည်ကိုကြည့်ရင်း အရူးတစ်ယောက်နှယ် အော်ရယ်မောနေခဲ့သည်။

သို့ရာတွင် သူမည်သို့ပင် ပြောနေစေကာမူ၊ ရန်ကိုင်မှ သူ့အား အရူးတစ်ယောက်နှယ် ပြန်စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကျိလုန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သို့သော် သေချာ မစဉ်းစားနိုင်သေးခင်မှာပဲ သူ့ရှေ့သို့ လျှပ်စီးတန်းတစ်ခု ရောက်လာသည်ကို တွေ့လိုက်ရလေသည်။

ချက်ချင်းဆိုသလို သူ့တစ်ကိုယ်လုံးသည် ကောင်းကင်စွမ်းပကားကို မြည်းစမ်းလိုက်ရသည့်နှယ် ထုံကျင်ပျော့ခွေသွားခဲ့လေသည်။ သူ့အတွေးများပင် ရပ်တန့်သွားကုန်၏။

မျက်လုံးထောင့်စွန်းမှ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် မရေမတွက်နိုင်သော လျှပ်ပန်းလျှပ်နွက်များ တဖျက်ဖျက် လင်းလက်သွားလာလှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။ ထိုလျှပ်စီးမိုးကြိုးတို့၏ အဖျက်စွမ်းအားအောက်တွင် သူအလွန် ဂုဏ်ယူရသည့် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ခန္ဓာကိုယ်သည် ချစ်ချစ်တောက်နေမင်းအောက် အရည်ပျော်သွားသည့် နှင်းပွင့်များနှယ် တဖြည်းဖြည်း ပျက်စီးပျောက်ကွယ်လာခဲ့၏။

ဖောင်းကားလာနေသည့် သူ့ခန္ဓာကိုယ်သည် လေလျော့ခံလိုက်ရသည့် ပူးပေါင်းတစ်လုံးနှယ် အလွန်လျင်မြန်စွာ ပိန်ချုံးလာခဲ့လေသည်။

“ဒါ… ဒါလုံးဝ မဖြစ်နိုင်ဘူး” ကျိလုန်သည် ယူကျုံးမရစွာ အော်ဟစ်လိုက်လေသည်။

ထိုအခိုက်အတန့်မှာပင် ရှောင်ရှောင်၏ အနက်ရောင် တုတ်ချောင်းသည် မိုးကြိုးမီးတောက်များနှင့်အတူ သူ့ခေါင်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။

အသက်သုံးရှိုက်စာကြာပြီးနောက်တွင် ကျိလုန် ယခင် ရှိနေခဲ့သည့် နေရာတွင် ဘာမှမရှိတော့ဘဲ သိုလှောင်လက်စွပ် တစ်ကွင်းသာ ကျန်ရစ်တော့၏။ ခရမ်းကြယ်ဂိုဏ်းချုပ်သည် အရိုးပင်မကျန်ဘဲ ဤကြယ်စီရင်စုထဲမှ ပျောက်ကွယ်သွားခဲ့၏။ သို့ရာတွင် ကျန်ရစ်ခဲ့သော သိုလှောင်လက်စွပ်သည် စွမ်းအား တစ်မျိုး၏ ဆွဲယူခြင်း ခံလိုက်ရသည့်အလား တစ်နေရာဆီသို့ ပြေးထွက်သွားလေသည်။

လျို့ယန်သည် လူအသွင်သို့ပြောင်း၍ သိုလှောင်လက်စွပ် နောက်သို့ ပြေးလိုက်လေသည်။

အဟွတ်…

ရန်ကိုင် ရုတ်တရက် သွေးတစ်ပွက် အန်ချလိုက်သည်။ သူ့အသားအရေသည် သွေးမရှိတော့သည့်နှယ် ဖြူလျော်သွားခဲ့လေသည်။ ချက်ချင်းပဲ တင်ပလင်ခွေ ထိုင်ချလိုက်ပြီး စိတ်ဝိဥာဉ်ဆေးလုံးကို ထုတ်သောက်လိုက်၏။ ထို့နောက် ကျင့်စဉ်ကိုလှည့်ပတ်၍ ဒဏ်ရာများကို ပြန်လည် ကုစားလေသည်။

ကွေ့ဇူကမူ မှင်သက်နေသည့် အမူအရာဖြင့်သာ ဘေးမှ ရပ်ကြည့်နေခဲ့သည်။

သူသည် ဤတိုက်ပွဲကို အစမှအဆုံး မြင်ခဲ့ရသည်။ တိုက်ပွဲအတွင်း ရန်ကိုင်နှင့် ပူးပေါင်း၍ ကျိလုန်ကို တိုက်ခိုက်ခဲ့သော်လည်း ကျိလုန်အား သတ်ဖြတ်သည့် ကိစ္စကိုမူ ရန်ကိုင် တစ်ယောက်တည်းကသာ လုပ်သွားခဲ့သည်။ သူသည် ထိုအပိုင်းတွင် ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ တစ်နည်းဆိုရသော် ကျိလုန်ကို သတ်ဖြတ်သည့် ကိစ္စတွင် သူသည် နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ အားစိုက်ရပြီး ကျန်ရှစ်ဆယ် ရာခိုင်နှုန်းကို ရန်ကိုင် တစ်ယောက်တည်းမှ လုပ်သွားခဲ့ခြင်း ဖြစ်သည်။

သူ့အကူအညီ မပါလျှင်ပင် ရန်ကိုင်သည် သူနည်းသူ့ဟန်ဖြင့် ကျိလုန်ကို သတ်နိုင်လောက်၏။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ကွေ့ဇူ အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။

တန်ခိုးရှင်ဘုရင်အဆင့်ကို ချိုးဖျက်ပြီးရုံနဲ့ ကျိလုန်လို လူကိုတောင် သတ်နိုင်တယ်ဆိုတော့ ဒီကောင် လူကော ဟုတ်မှဟုတ်သေးရဲ့လား

ကွေ့ဇူသည် ရန်ကိုင်အား မွန်းစတားတစ်ကောင်နှယ် စိုက်ကြည့်နေခဲ့သည်။

ကွေ့ဇူ အံ့အားအသင့်ရဆုံးမှာ နောက်ဆုံးရောက်မှ ရန်ကိုင် ထုတ်သုံးသွားသည့် အပြာရောင်ဓါတ်လုံးလေးပင်။ ထိုဓါတ်လုံးသည် အလွန်ကိုမှ အဆင့်မြင့်သည် မှော်ရတနာတစ်ခု ဖြစ်မှန်း ပြောနိုင်သော်လည်း မည်သည့်အဆင့် မှော်ရတနာလဲ ဆိုသည်ကိုတော့ မပြောနိုင်ချေ။

ကြောင်ရပ်နေစဉ် ရှောင်ရှောင်နှင့် လျို့ယန်တို့ ပြန်ရောက်လာပြီး သူ့ဘယ်နှင့်ညာဘက်တွင် လာရပ်လျက် သူ့အား မနှစ်မြို့သည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။

“ဘာလဲ” ကွေ့ဇူက မျက်နှာကြီးမဲ့လျက် “ငါက မင်းတို့ဂိုဏ်းရဲ့ မဟာအကြီးအကဲနော်။ မင်းတို့ဆရာရဲ့ မဟာမိတ်လည်း ဟုတ်တယ်။ ငါကို အဲ့လို မယုံသင်္ကာ မျက်လုံးတွေနဲ့ လာမကြည်နဲ့။ ငါမင်းတို့ကို ဘာမဟုတ်တာမှ မလုပ်ဘူး”

ရန်ကိုင် သူ့ဒဏ်ရာကို ပြန်ကုသနေသည့်အတွက် ရှောင်ရှောင်နှင့် လျို့ယန်မှ ဤကဲ့သို့ သူ့အား သတိထားနေခြင်း ဖြစ်မှန်း သိထားသည့်အတွက် ကွေ့ဇူသည် သူတို့၏ အပြုအမူအပေါ် အရေးတယူ လုပ်မနေခဲ့ချေ။

သူထိုကဲ့သို့ ပြောလိုက်သည့်တိုင် ရှောင်ရှောင်နှင့် လျို့ယန်သည် နည်းနည်းလေးမှပင် အမူအရာ ပြောင်းမသွားဘဲ သူ့သာ မသင်္ကာစရာတစ်ခုခု လုပ်လိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်တော့မည့် ပုံစံမျိုးဖြင့်သာ ဆက်စိုက်ကြည့်နေခဲ့၏။

“မရိုင်းနဲ့” ရုတ်တရက် အလွန်ကျယ်လောင်သည့် အသံ တစ်သံ ရုတ်တရက် ထွက်လာခဲ့လေသည် “မင်းတို့နှစ်ယောက် အဲ့လို လုပ်နေစရာမလိုဘူး”

ထိုစကားကို ကြားသည့်အခါ လျို့ယန်သည် ချက်ချင်းဘဲ ကွေ့ဇူဘေးမှ ဖယ်လိုက်လေသည်။ ရှောင်ရှောင်ကမူ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသည့်အလား ခေါင်းကို ကုတ်နေခဲ့၏. ထိုအခြင်းအရာကို မြင်သည့်အခါ လျို့ယန်သည် မနေနိုင်တော့ဘဲ ရှောင်ရှောင်ခေါင်းကို ထုချလိုက်လေသည်။

ရှောင်ရှောင်သည် မကျေမနပ်ဖြင့်သာ ခေါင်းငုံ့လိုက်၏။

ကွေ့ဇူသည် ပါးစပ်အဟောင်းသားဖြင့် သူ့ဆီသို့ လမ်းလျှောက်လာနေသော ကျောက်ဘီလူးကြီးကို ငေးကြည့်နေ၏။ ရန်ကိုင့်ကိုယ်ပွား ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဟင်းလင်းပြင် တစ်ခုလုံး တုန်ခါသွားလေသည်။ တုန့်ဆိုင်းနေပြီးနောက်တွင် ကွေ့ဇူက ရုတ်တရက် မေးလိုက်လေသည် “ခုဏတုန်းက မင်း… စကားပြောလိုက်တာလား”

ထိုသို့မေးပြီးနောက် အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်နှယ် တုန်ရီသွားပြီး ပြန်မေးလိုက်လေသည် “မင်းစကားပြောနိုင်တာလား”

“ဘာလို့ မပြောနိုင်ရမှာလဲ” ကိုယ်ပွားသည် ရန်ကိုင် ပြုံးသလို ပြုံးဖြီးလျက် အလွန်ကျယ်လောင်သည့် လေသံဖြင့် “ဒီခန္ဓာကိုယ်က ရုပ်သေးရုပ်ပဲလို့ မဟာအကြီးအကဲ ထင်နေတာလား”

“မင်းငါ့ကို အကြီးအကဲလို့ ခေါ်တယ်” ကွေ့ဇူ မျက်မှောင်ကြုတ်သွားလေသည် “ဒီတော့ မင်းတကယ်ကြီး ရန်ကိုင်ပေါ့”

“အဲ့လိုပြောရတယ်။ အနည်းဆုံးတော့ ကျုပ်မူလခန္ဓာကိုယ်ကို ကိုယ်စားပြုပေးနိုင်တယ်” ကိုယ်ပွားက မျက်မှောင်ကြုတ်၍ “ဒီခန္ဓာကိုယ်က အရမ်းကြီးလွန်းတယ်။ လှုပ်ရှားလို့ သိပ်အဆင်မပြေဘူး”

“ဟုတ်တယ်။ တော်တော်ကြီးတယ်…” ကွေ့ဇူသည် သူ့နဖူးထက်မှ ချွေးအေးများကို သုတ်လိုက်လေသည်။ ကျောက်ဘီလူးသည် ရန်ကိုင်၏ ကိုယ်ပွားမှန်း သိသော်ငြား ဤမျှ ကြီးမားသည့် သတ္တဝါကြီးတစ်ကောင် ပြုံးဖြီးဖြီးဖြင့် သူ့ဆီသို့ လမ်းလျှောက်လာနေသည်ကို ကြည့်ရသည်မှာ အနည်းငယ် စိတ်ဓါတ်ကျစရာ ကောင်းပေသည်။

“ကျုပ်မူလ ခန္ဓာကိုယ်က အားသုံးတာ များသွားလို့ သတိမေ့သွားတာ။ ခဏကြာရင် ပြန်နိုးလာလိမ့်မယ်။ မဟာအကြီးအကဲ စိုးရိမ်နေစရာ မလိုဘူး” ကိုယ်ပွားသည် သူ့အသံ အလွန်ကျယ်လောင်မှန်း သိသဖြင့် လေသံကို သိသိသာသာ နှိမ့်၍ ပြောလိုက်လေသည်။

ငါဘာလို့ စိတ်ပူရမှာလဲကွ ကွေ့ဇူသည် စိတ်ထဲမှနေ၍ ကြိတ်၍ အော်ဟစ်လိုက်လေသည်။ ရန်ကိုင် ဘာဖြစ်သွားလဲ သူတွေ့ပေသည်။ သို့သော်လည်း အစောပိုင်းက တိုက်ပွဲ တစ်ခုလုံးသည် အလွန်ကိုမှ ထိတ်လန့်စရာ ကောင်းနေသဖြင့် သူ့မှာ တိုက်ပွဲပြီးသွားသည့်တိုင် အသိပြန်မဝင်နိုင်သေးဘဲ တိုက်ပွဲအကြောင်းဆီသို့သာ စိတ်ရောက်နေခဲ့သည်။

“ကောင်လေး၊ မင်းရဲ့ မူလခန္ဓာကိုယ်က တန်ခိုးရှင်ဘုရင် ပထမအဆင့်လေးကို အခုပဲ ချိုးဖျက်သွားတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး တန်ခိုးရှင်ဘုရင်ပထမအဆင့်ရဲ့ အထွဋ်အထိပ်ကို တစ်ခါတည်း တန်းရောက်နေတာလဲ။ အခွင့်အရေးသာရရင် မင်းရဲ့ မူလခန္ဓာကိုယ်က တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကိုတောင် ထပ်ရောက်သွားတော့မယ်ပုံပဲ” ကွေ့ဇူက မေးလိုက်လေသည်။ သူ့မှာတော့ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရန် နှစ်ပေါင်း နှစ်ထောင်ခန့် အချိန်ယူခဲ့ရသည်။ တန်ခိုးရှင်ဘုရင်ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်ရန်အတွက်လည်း နှစ်ငါးရာခန့် ထပ်မံ အချိန်ယူခဲ့ရသေးသည်။

ရန်ကိုင်ကမူ လအနည်းငယ်အတွင်း တန်ခိုးရှင်ဘုရင် ပထမအဆင့်၏ အထွဋ်အထိပ်သို့ ရောက်နိုင်ခဲ့သည်။ မတရားလှသော သူ့အဖြစ်ကိုကြည့်ရင်း ကောင်ကင်ပေါ်သို့ မော့၍ အော်ဟစ်ပစ်လိုက်ချင်စိတ်များ ကွေ့ဇူစိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။

“ကျုပ်မူလ ခန္ဓာကိုယ်က ဒီခန္ဓာကိုယ်နဲ့ ဆက်စပ်နေတာ” နောက်ဆုံးတွင် ကိုယ်ပွားသည် ကွေ့ဇူဘေးသို့ ရောက်လာပြီး ထိုင်ချလိုက်လေသည်။ ထို့နောက် သူ့ကိုယ်သူ လက်ညိုးထိုး၍ “ကျုပ်ဖြစ်ပေါ်လာလို့ သူ့ခွန်အားတွေ ရုတ်တရက် ထိုးတက်လာပြီး တန်ခိုးရှင်ဘုရင်ပထမအဆင့်ကနေ အထွဋ်အထိပ်ကို တစ်ခါတည်း တန်းရောက်သွားတာ”

“အဲ့ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူး…” ကွေ့ဇူ နားမလည်နိုင်စွာ မျက်မှောင်ကြုတ်လိုက်လေသည်။

“ဟဲဟဲ၊ ဘယ်လိုပြောရမလဲဆိုရင် ကျုပ်သာယာနေရင် သူလည်း သာယာနေလိမ့်မယ်။ ကျုပ်ချမ်သားရင် သူလည်း ချမ်းသာလိမ့်မယ်… အဲ့လိုမျိုး။ ကျုပ်ခွန်အား တိုးတက်လာမယ် ဆိုရင် သူ့ခွန်အားလည်း တိုးတက်လာလိမ့်မယ်”

“အင်း၊ ငါးနာလည်ပြီ” ကွေ့ဇူက သူ့ပါးကိုပွတ်သပ်၍ “ဒါပေမယ့် မင်းကိုယ်ပွားက နည်းနည်း ထူးခြားတယ်။ မင်းဘယ်လို ကျင့်ကြံတာလဲ”

ကွေ့ဇူ စိတ်ဝင်စားနေသည်မှာ ဤအပိုင်း ဖြစ်သည်။ ခန္ဓာကိုယ်အသစ်တစ်ခုကို ထပ်မံ ဖန်တီးပြီး ကျင့်ကြံနိုင်သည့် ပညာရပ်များသည် ဒဏ္ဏာရီထဲတွင်သာရှိပြီး ထိုပညာရပ်များသည် ကွေ့ဇူ အလွန် သင်ချင်နေသည့် ပညာရပ်များ ဖြစ်ပေသည်။ သူသာ ကိုယ်ပွားတစ်ခုဖန်တီးပြီး ထိုကိုယ်ပွားကို ပျိုးထောင်နိုင်လျှင် သူ့ခွန်အား ကျိန်းသေ မြင့်တက်လာပေလိမ့်မည်။

“မဟာအကြီးအကဲ သင်ချင်ရင် ကျုပ်သင်ပေးလို့ ရတယ်”

“အဲ့လိုအရာမျိုးကို ငါဒီအတိုင်းယူလို့ ဘယ်ဖြစ်ပါ့မလဲ” ပြောသာ ပြောလိုက်သော်လည်း ကွေ့ဇူ၏ လုပ်ရပ်သည် သူ့အပြောကို အသိသာကြီး သစ္စာဖောက်နေခဲ့သည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကိုယ်ပွားက ရယ်လျက် “လွင့်မျောတိုက်ကြီးမှာတုန်းက ကျုပ်ဝိဥာဉ်ကိုယ်ပွားကို လေဟာနယ် အစီအရင်ထဲ ပို့ပြီး စစ်ဆေးခဲ့တာကို မဟာအကြီးအကဲ မှတ်မိသေးလား”

ကွေ့ဇူ၏ အမူအရာ ကသိကအောက် ဖြစ်သွားလေသည် “အဲ့အကြောင်းတွေ ဘာလို့ လာပြန်ပြောနေတာလဲ”

“အဲ့တုန်းက လေဟာနယ်အစီအရင်ထဲ ဝင်သွားတာ ကျုပ်ခန္ဓာကိုယ်အစစ်မဟုတ်ဘဲ ကျုပ်ဝိဥာဉ်ကိုယ်ပွားပဲ” ကိုယ်ပွားသည် ကွေ့ဇူအား ပြုံး၍ ကြည့်လိုက်သည်။

“မင်းပြောချင်တာက…”

“ဟုတ်တယ်။ ကျုပ်က အဲ့ဝိဥာဉ်ကိုယ်ပွားပဲ” ကိုယ်ပွားက အသာအယာခေါင်းညိတ်၍ “ခင်ဗျား ကိုယ်ပွားတစ်ခု ဖန်တီးချင်တယ်ဆိုရင် ဝိဥာဉ်ကိုယ်ပွားကို အရင်ဖန်တီးရမယ်။ အဲ့ဝိဥာဉ်ကိုယ်ပွားကို အားကောင်းလာအောင် လုပ်ပြီးမှ သင့်တော်တဲ့ ခန္ဓာကိုယ်တစ်ခုထဲ သူ့ကို ထည့်ပေးရမယ်”

“အဲ့ဒါပဲလား” ကွေ့ဇူ အံ့အားသင့်နေသည်။

“ဟုတ်တယ်။ အဲ့ဒါပဲ” ကိုယ်ပွားကပြုံးလျက် “ဒါပေမယ့် ကြည့်ရတာသာ လွယ်နေပေမယ့် ထင်သလောက်တော့ အလုပ် ဖြစ်မှာမဟုတ်ဘူး”

“ဘာလို့လဲ”

“အရင်ဆုံး၊ သင့်တော်တဲ့ခန္ဓာကိုယ်တစ်ခု ရှာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ရှာလို့တွေ့တယ်ဆိုရင်တော့ အဲ့ခန္ဓာကိုယ်ထဲ ဝိဥာဉ်ကိုယ်ပွားကို အောင်အောင်မြင်မြင် ပေါင်းထည့်ဖို့ လိုသေးတယ်။ နှစ်ခုစလုံး အောင်မြင်သွားတယ် ဆိုရင်တောင်မှ မဟာအကြီးအကဲ ဖန်တီးလိုက်တဲ့ ကိုယ်ပွားက အရမ်းကြီး အားကောင်းနေမှာ မဟုတ်ဘူး။ မဟာအကြီးအကဲလို လူမျိုးအတွက် ကိုယ်ပွားတစ်ခုလောက်က ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး”

“ဒါပေမယ့် မင်းကျတော့…” ကွေ့ဇူ မယုံကြည်နိုင်သေးပေ။ ရန်ကိုင့်ကိုယ်ပွားအကြောင်း သေချာမသိသေးသော်လည်း ကျိလုန်အား ရိုက်ချလိုက်သည့် လက်ဝါးချက်ကိုကြည့်လျှင် ကိုယ်ပွား၏ ခွန်အားသည် လုံးဝ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်အောက် နိမ့်ကျခြင်းမရှိပေ။ ထိုအဆင့်ထက်ပင် ပိုမြင့်နိုင်သေးသည်။

“ကျုပ်က ချွင်းချက်ပဲ။ ကိုယ်ပွာတိုင်းက ကျုပ်လို ဖြစ်လာနိုင်တာ မဟုတ်ဘူး။ ကျုပ်က မွေးကတည်းက အခွင့်အလမ်းတွေ အမျိုးမျိုးနဲ့ ကြုံခဲ့ရလို့ အခုလို ဖြစ်လာတာ” ကိုယ်ပွားသည် အသေးစိတ် ရှင်းပြမနေခဲ့ပေ။

ရန်ကိုင်၏ ကိုယ်ပွားသည် မူလက ရွှေရောင်ကျောက်တုံး ရုပ်သေးရုပ်သာ ဖြစ်သည်။ သတ္တုများကို မဝါးမြိုခဲ့ရသည့်အတွက် သူ့စွမ်းအားသည် အတော်လေး နိမ့်ကျခဲ့သည်။ လတ်တလောက လွင့်မျောတိုက်ကြီးတစ်ခုလုံးကို ဝါးမြိုပြီး ကြယ်အမြူတေကို သန့်စင်ပစ်လိုက်နိုင်သည့် အတွက်ကြောင့်သာ ကိုယ်ပွား၏ စွမ်းအားမှာ ရုတ်ချည်း ထိုးတက်လာခဲ့ရခြင်း ဖြစ်သည်။

ကွေ့ဇူ ဖန်တီးလိုက်သည့် ကိုယ်ပွားအနေဖြင့် ထိုကဲ့သို့ အဖြစ်အပျက်မျိုးနှင့် ကြုံရမည်မှာ မဖြစ်နိုင်လုနီးပါးပင်။

“ဒီတော့ မဟာအကြီးအကဲ သင်ချင်သေးလား” ကိုယ်ပွားက မေးလိုက်သည်။

ကွေ့ဇူ အတွေးနက်သွားခဲ့သည်။ ကိုယ်ပွားတစ်ခုကို ပျိုးထောင်ရသည်မှာ အလွန်ကိုမှ အချိန်ကုန်ပေသည်။ ပညာရပ် တစ်ခုသည် အဆင့်မြင့်လာသည်နှင့် ကျင့်ကြံရသည်မှာလည်း ပို၍ ခက်ခဲလာခဲ့ရပေသည်။ သိုင်းတာအိုကို တစိုက်မတ်မတ် မလျှောက်လှမ်းဘဲ ကိုယ်ပွားအပေါ် အားစိုက်ရမည်မှာ သူ့အတွက် တန်ပါ့မလား။

“ထားလိုက်တော့။ အခုလောလောဆယ်တော့ မသင်သေးဘူး။ နောက်သင်ချင်မှပဲ မင်းဆီ လာခဲ့မယ်” အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် တန်ခိုးရှင်ဘုရင် တတိယအဆင့် ရောက်ပြီးတော့မှပဲ ထိုအကြောင်းကို ပြန်စဉ်းစားမည်ဟု ဆုံးဖြတ်လိုက်လေသည်။

“ရတယ်၊ ကိစ္စမရှိဘူး” ကိုယ်ပွားက ခေါင်းညိတ်၍ “ကျုပ်ရဲ့ မူလခန္ဓာကိုယ် နိုးလာတော့မယ်။ သူနိုးလာရင် ခင်ဗျားတို့ အချင်းချင်း စကားပြောလို့ရပြီ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၇)

ရန်ကိုင် နိုးလာသည့်အခါ ရှောင်ရှောင်နှင့် လျို့ယန်ကို ကမ္ဘာငယ်လေးထဲသို့ ပြန်ပို့လိုက်လေသည်။ ကိုယ်ပွား ပြောသည်ကိုကြားပြီးနောက်၊ ကိုယ်ပွားသည် ကွေ့ဇူနှင့် စကားပြောနေခဲ့ကြောင်း သိလိုက်သည်။

ခေါင်းညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်သည် ကိုယ်ပွားကို ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံလိုက်လေသည်။ ထို့နောက်တွင် ကိုယ်ပွားသည် အားလုံး၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေသည်။

ကွေ့ဇူက ပါးစပ်အဟာင်းသားဖြင့် ရန်ကိုင်ကို လက်ညိုးထိုးရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည် “မင်း… မင်းရဲ့ သိုလှောင်လက်စွပ်က ဘယ်လောက်တောင် ကြီးနေလို့ ဒီကောင်ကြီးကိုတောင် ထည့်လို့ရတာလဲ”

ကွေ့ဇူ လုံးဝကို မှင်သက်နေခဲ့လေသည်။

ကိုယ်ပွားသည် မီတာသုံးရာလောက် မြင့်သည့် ကျောက်ဘီလူးကြီး တစ်ကောင်ဖြစ်သည်။ သို့သော်လည်း ထိုကျောက်ဘီလူးသည် သူ့မြင်ကွင်းမှ လုံးဝ ပျောက်ကွယ်သွား၏။ ရန်ကိုင်၏ သိုလှောင်လက်စွပ်ထဲ ရောက်သွားသည့် အတွက်ကြောင့် မဟုတ်လျှင် အခြား မည်သည့်နေရာများ ရောက်သွားစရာရှိမည်နည်း။

ရန်ကိုင်က ပြုံးလျက် “သိုလှောင်လက်စွပ်ထဲ မဟုတ်ဘူး။ အခြားတစ်နေရာကို ပို့လိုက်တာ”

ရန်ကိုင်သည် ကိုယ်ပွားကို ကမ္ဘာငယ်လေးထဲသို့ ပို့လိုက်ခြင်း ဖြစ်သည်။

ကွေ့ဇူသည် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကိုပွတ်၍ “ဒီလောကကြီးမှာ ဒီလူအိုကြီးကို အံ့ဩအောင်လုပ်နိုင်တဲ့အရာ သိပ်များများစားစားမရှိတော့ဘူး။ အသက်ရှင်လာတဲ့ နှစ်နှစ်ထောင်ကျော်မှာ ငါအများကြီး တွေ့ပြီးသွားပြီ။ ဒါပေမယ့် မင်းနဲ့ကတော့… တွေ့တိုင်းကို တစ်ခုမဟုတ် တစ်ခု အံ့အားသင့်နေရတယ်။ တကယ် လက်လန်တယ်”

ရန်ကိုင်က အော်ရယ်မော၍ “နောက်ကျရင် အသားကျသွားမှာပါ”

ယခုတစ်ကြိမ် တိုက်ပွဲသည် တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှပေသည်။ အထူးသဖြင့် ကျိလုန် သူ့ကိုယ်သူ ဖောက်ခွဲရန် ကြိုးစားသည့်အချိန်ဖြစ်သည်။ ရန်ကိုင်တွင်သာ သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး မရှိခဲ့လျှင် ကွေ့ဇူနှင့်အတူ အမြီးကုတ်ပြီး ပြေးနေရလောက်ပေပြီ။

သူတို့နေရာတွင် ဆိုလျှင်လည်း မည်သူကများ ကျိလုန် သူ့ကိုယ်သူ ဖောက်ခွဲသည့်အားကို တောင့်ခံနိုင်မှာမို့နည်း။

သုတ်သင်ခြင်းမိုးကြိုးဓါတ်လုံး ရှိနေသည့် အတွက်ကြောင့်သာ ကျိလုန် သူ့ကိုယ်သူ ဖောက်ခွဲမည့် အကြံအစည်ကို တားဆီးလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဧကရာဇ်မှော်တနာကို သုံးပြီးနောက်တွင် ရန်ကိုင်၏စွမ်းအင် အကုန်ကုန်သွားခဲ့သည်။ အဖျက်စွမ်းအားမှာ အလွန်ကိုမှ ကြောက်မခန်းလိလိ ဖြစ်သော်လည်း သုတ်သင်ခြင်း မိုးကြိုးဓါတ်လုံးသည် လက်ရှိ ရန်ကိုင်အတွက် အသုံးပြုရန် အလွန် အန္တရာယ်များနေဆဲ။

သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အကုန် စုပ်ယူခံလိုက်ရသည့် အကြောင်း ပြန်စဉ်းစားမိတိုင်း ရန်ကိုင် တွေးကြောက်မိ၏။

“ထားလိုက်တော့။ အဲ့အကြောင်း မပြောတော့နဲ့။ ဒီတစ်ကြိမ် ကျုပ်တို့ ဘာတွေရလိုက်လဲ ကြည့်ရအောင်” ရန်ကိုင်သည် ချက်ချင်း ခေါင်းစဉ်ပြောင်းကာ သိုလှောင်လက်စွပ်လေးကွင်းကို ထုတ်ယူလိုက်လေသည်။

ထိုသိုလှောင်လက်စွပ်လေးကွင်းသည် ရန်ကိုင်နှင့်ကွေ့ဇူ ပူးပေါင်းပြီးသတ်ထားသည့် ကျင့်ကြံသူလေးဦးမှ ရထားခြင်း ဖြစ်သည်။ သိုလှောင်လက်စွပ်လေးကွင်းကို ကြည့်ရင်း ကွေ့ဇူ၏ မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

လူသတ်ပြီး ထိုလူ၏ ပိုင်ဆိုင်မှုများအား ရယူရသည်ကို ကွေ့ဇူ အလွန်နှစ်သက်ပေသည်။ ထိုကဲ့သို့ အကြိမ်ရေအများကြီး မလုပ်ဖူးသော်လည်း လုပ်လိုက်တိုင်းလုပ်လိုက်တိုင်း အချီကြီး ပွစမြဲပင်။

ယခုတစ်ကြိမ် သူတို့ ရလာသည့် လက်စွပ်များအနက် သုံးကွင်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦး၏ လက်စွပ်များ ဖြစ်ကြသည်။ နောက်ဆုံးတစ်ကွင်းသည် တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦး၏ လက်စွပ်ဖြစ်သည့်တိုင် ထိုလက်စွပ်သည် ခရမ်းကြယ်၏ သခင်လေးဖြစ်သော ကျိတုန်၏ လက်စွပ် ဖြစ်နေဆဲ။ မဟာအင်အားစုကြီး၏တစ်ခု၏ သခင်လေးတစ်ဦး ဖြစ်သည်နှင့်အညီ သူ့လက်စွပ်ထဲတွင် အဖိုးတန်ရတနာ အများကြီး ရှိနေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို ကောက်ယူပြီး ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း စစ်ဆေးပြီးနောက် ချက်ချင်း ထဆဲလေသည် “သောက်ကျိုးနည်း၊ ဘယ်ခွေးသူတောင်းစားက ဒီလောက်တောင် စုတ်ပြတ်အောင် မွဲတေနေရတာလည်းမသိဘူး”

ဤလက်စွပ်သည် မည်သူ့သိုလှောင်လက်စွပ်မှန်း မသိကြသော်ငြား စစ်ဆေးပြီးနောက် အထဲတွင် သူတော်စင် သလင်းကျောက် သိန်းဂဏန်လောက်သာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။

“ရှုဝေရဲ့ အရှိန်အဝါရှိနေတယ်။ သူ့ဟာပဲ ဖြစ်ရမယ်” ကွေ့ဇူက မျက်နှာကြီးမဲ့လျက် “တကယ် သေသင့်တဲ့ကောင်။ ဒီလောက်တောင်မှ ဆင်းရဲရတယ်လို့”

ရှုဝေ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအားလုံးကို ကျိလုန်နှင့် ကျိတုန်မှ ယူသွားသည့်အတွက် သူ့သိုလှောင်လက်စွပ်ထဲ ဘာမှ မကျန်တော့သည့် ကိစ္စကိုတော့ ရန်ကိုင်နှင့် ကွေ့ဇူတို့ မသိခဲ့ပေ။ ရှုဝေဘဝဟာလည်း တကယ် သနားစရာပင်။ အသက်ရှင်စဉ်က ကျွန်ဘဝသို့ ရောက်ခဲ့ရသည်။ တမလွန်ဘဝသို့ ရောက်သည့်တိုင်လည်း အဆဲခံနေရသေးသည်။

“ဒါကတောင် ပိုကောင်းသေးတယ်” နောက်ထပ် သိုလှောင်လက်စွပ်တစ်ကွင်းကို စစ်ဆေးပြီးနောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ ဤတစ်ကွင်းသည် တကယ်ကို ရတနာများနှင့် ပြည့်နေသည့် လက်စွပ်ဖြစ်သည်။ လက်စွပ်ကို ကွေ့ဇူဆီသို့ လှမ်းပစ်ပေးလိုက်ပြီးနောက် ပြောလိုက်၏ “မဟာအကြီးအကဲ၊ တစ်ချက်ကြည့်ကြည့်လိုက်၊ ခင်ဗျား လိုချင်တာရှိရင် ယူထား”

“ဂိုဏ်းချုပ်က တကယ် ရက်ရောတာပဲ။ ဒါဆို ဒီလူအိုကြီး မယဉ်ကျေးနေတော့ဘူးနော် ဟားဟားဟားဟား” ကွေ့ဇူသည် တစ်ကိုယ်တော် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ကျင့်ကြံဖို့ရာ လိုအပ်သည့် အရင်းအမြစ်များကို ရှာဖွေရသည်မှာ အတော်လေး ခက်ခဲပေသည်။ ယခု သူ့ရှေ့တွင် ရတနာများစွာ ရှိနေသည်ကို မြင်သည့်အခါ ကွေ့ဇူ အလွန်ကိုမှ ပျော်သွားခဲ့လေသည်။ သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက် ပြုံးဖြီးဖြီးဖြင့် ပြောလိုက်လေ၏ “ဒီမှာ ရွှေကြယ်သဲတွေ ရှိနေတာပဲ။ ဒါတွေနဲ့ဆို တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာကောင်ကောင်း တစ်ခုလောက် လုပ်လို့ရတယ်။ ဒီသဲတွေကို ကြယ်တာရာအက်ကြောင်းမှာပဲ ရနိုင်တာတဲ့။ ကြည့်ရတာ ဒါခုန်ဖဟာ ဖြစ်လောက်တယ်။ အို၊ ဆေးပင်တွေလည်း အများကြီးပဲ။ အဲ့ခွေးအိုကြီးခုန်ဖ ကမ္ဘာပျက်ထဲမှာ တော်တော် ရလိုက်တယ်နဲ့တူတယ်”

“ဆေးပင်တွေကို ထားခဲ့လိုက်။ ဂိုဏ်းကို ပြန်ရောက်ရင် မဟာအကြီးအကဲအတွက် ဆေးဖော်စပ်ခိုင်းလိုက်မယ်” ရန်ကိုင်က ပြောလိုက်သည်။

“ဒါပေါ့ဒါပေါ့” ကွေ့ဇူ ပြုံးဖြီးလိုက်သည်။

ခဏအကြာတွင် ရန်ကိုင်သည် နောက်ထပ် လက်စွပ် တစ်ကွင်းကို ကွေ့ဇူဆီ ပစ်ပေးလိုက်လေသည်။ ကွေ့ဇူသည် သိုလှောင်လက်စွပ်ကို မွှေနှောက်ရှာပြီးနောက်တွင် ရန်ကိုင်ဆီ ပြန်ပေးလိုက်လေသည်။

“နောက်ဆုံးတစ်ကွင်းပဲ ကျန်တော့တယ်။ ဒါကျိလုန်ဟာပဲ ဖြစ်ရမယ်။ ခရမ်းကြယ်ဂိုဏ်းချုပ်ကြီးရဲ့ လက်စွပ်ထဲမှာ ဘယ်လို ပစ္စည်းတွေရှိနေမလဲ ဒီလူအိုကြီး တကယ် သိချင်နေပြီ” ကွေ့ဇူသည် လက်နှစ်ဖက်ကို ပွတ်သပ်ရင် သရေ တမြောင်းမြောင်းနှင့် ပြောလိုက်သည်။

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကို လှန်လောကြည့်လိုက်ပြီးနောက် ထူးထူးဆန်းဆန်း အမူအရာဖြင့် “ပစ္စည်းကောင်းတွေ အများကြီးရှိတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒါလည်း ရှိနေတယ်…”

ပြောနေရင်း သူ့လက်ဝါးကိုဖြန့်လိုက်ရာ ပန်းကန်လုံးပုံစံ မှော်ရတနာတစ်ခု ပေါ်လာခဲ့လေသည်။

“အဲ့ဒါ ကျိလုန်သုံးသွားတဲ့ဟာ မဟုတ်ဘူးလား” ကွေ့ဇူက ပန်းကန်လုံးကို စစ်ဆေးပြီးနောက် “ဒါကို ဝိဥာဉ်ထိန်းသစ်သားနဲ့ လုပ်ထားတာပဲ။ ဒါကြောင့် ကျိတုန်ရဲ့ ဝိဥာဉ်ကို ထိန်းထားနိုင်တာ။ ခရမ်းကြယ်က တကယ်ကို မခေဘူးပဲ”

ရန်ကိုင်က ရယ်မောလျက် “ကြယ်စီရင်စုကြီးရဲ့ မဟာအင်အားစုသုံးခုထဲက တစ်ခုပဲ။ ဒီလောက်တော့ ရှိမှာပေါ့”

ပြောပြီးနောက် ပန်းကန်လုံးထဲသို့ စိတ်စွမ်းအင်ကို ပို့လွှတ်လိုက်လေသည် “ထွက်လာစမ်း”

ချက်ချင်းဆိုသလို သနားစဖွယ်အော်ဟစ်သံနှင့်အတူ ပုံရိပ်ယောင်ပုံရိပ်တစ်ခု ပန်းကန်လုံးထဲ ပေါ်လာခဲ့လေသည်။

နာကျင်မှုကို တောင့်ခံရင်း ကျိလုန်သည် ဘေးပတ်လည်အား ငေးကြောင်ကြည့်နေခဲ့သည်။ သူ့အား လှောင်ပြုံးပြုံးလျက် စိုက်ကြည့်နေကြသော ရန်ကိုင်နှင့် ကျိတုန်ကို မြင်သော် ကျိတုန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေ၏ “ဘယ်လိုလုပ်ပြီး မင်းတို့ ဖြစ်နေတာလဲ”

“ငါတို့ မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ” ကွေ့ဇူက ပြန်၍ လှောင်ပြောင်လိုက်ရာ ကျိတုန်၏ ဝိဥာဉ် တုန်ုတုန်ရီရီ ဖြစ်သွားခဲ့လေသည်။

“ငါ့အဖေ ဘယ်မှာလဲ။ ငါ့အဖေ ဘယ်မှာလဲ” ကျိလုန်သည် ကြောက်လန့်တကြား ထအော်လေသည်။ ပန်းကန်လုံးထဲမှ ထွက်လာသည့်အခါ သူ့အား စီးကြိုနေမည့်လူသည် သူ့အဖေ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်ငြား ဤသောက်မြင်ကတ်စရာကောင်းသည့် လူနှစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ထိုနှစ်ယောက်ကို မြင်လိုက်သည်နှင့် ကျိတုန်၏ ဝိဥာဉ် တဆတ်ဆတ် တုန်ရီသွားခဲ့လေသည်။

“မင်းအဖေကို ခေါ်မနေနဲ့။ ငါတို့ နှစ်ယောက်စလုံးကို မြင်နေသေးတာတောင် မင်းအဖေကို ခေါ်နေသေးတာလား” ရန်ကိုင်က ပြောလိုက်လေသည်။

ကျိတုန်၏ အမူအရာ အပြောင်းလဲကြီး‌ ပြောင်းလဲသွားပြီး သွေးရူးသွေးတန် ထအော်လေသည် “မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ငါ့အဖေက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ပဲ။ ကြယ်စီရင်စုထဲမှာတောင် သူ့ကို ယှဉ်နိုင်တဲ့လူ နည်းနည်းပဲ ရှိတယ်။ မင်းတို့ နှစ်ယောက်တည်းနဲ့ သူ့ကို သတ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး”

ထိုသို့ ပြောပြီးနောက် ရန်ကိုင်အား လှမ်းအော်ဟစ်လေသည် “ငါ့ကို လာလိမ်မနေနဲ့”

“ဟူး” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ငါက လိမ်နေတာ ဟုတ်လား။ ငါ့အတွက် ဘာအကျိုးရှိလို့ မင်းကို လိမ်ရမှာလဲ။ ထားလိုက်တော့။ မင်းနဲ့ ဆက်ပြောနေလည်း အပိုပဲ။ မဟာအကြီးအကဲ၊ ခင်ဗျားရဲ့ အလံက ဝိဥာဉ်တွေကို စားသုံးတာမလား။ ကျုပ်သူ့ကို မဟာအကြီးအကဲ အတွက် ထားခဲ့လိုက်မယ်”

“ဟဲဟဲ… ကောင်းတာပေါ့” ကွေ့ဇူက ပြုံးဖြီးဖြီးဖြင့် ဝိဥာဉ်တစ်သောင်းအလံကို ထုတ်ယူလိုက်လေသည် “ဒီကောင်က တန်ခိုးရှင်တတိယအဆင့်ဆိုတော့ ဒီကောင့်ကို သန့်စင်လိုက်ရင် ဒီလူအိုကြီးရဲ့ ဝိဥာဉ်တစ်သောင်းအလံ တော်တော်လေး အားကောင်းလာမှာ”

ပြောနေရင်း မရေမတွက်နိုင်သော လူပုံစံ မျက်နှာများ ဝိဥာဉ်တစ်သောင်းအလံပေါ်တွင် ပေါ်လာခဲ့လေသည်။ မကြာမီတွင် ထိုမျက်နှာများသည် အရသာရှိသည့် အစာနှံ့ကို ရလိုက်သည့်နှယ် ကျိတုန်ဘက်သို့ လှည့်ကြည့်လာကြလေသည်။

ကျိတုန်မှာ ကြောက်လွန်းသဖြင့် သူ့ဝိဥာဉ်သည်ပင် ပျက်စီးလုမတတ် ဖြစ်သွားခဲ့သည်။ ချက်ချင်းပဲ အလန့်တကြား အော်ဟစ်ရင်း ဝိဥာဉ်ထိန်းပန်းကန်လုံးထဲ ပြန်ဝင်ပုန်းလေသည်“ကျုပ်ကို မသတ်ပါနဲ့။ ကျုပ်ကို မသတ်ပါနဲ့။ ခင်ဗျားတို့ လိုချင်တာရှိရင်ပြောပါ၊ ကျုပ်ဖြည့်ဆည်းပေးပါမယ်”

“မင်းက တကယ်တုံးတဲ့ကောင်ပဲကွ။ မင်းအခုပုံစံနဲ့ ငါ့ကို ဘာပေးနိုင်မှာမို့လို့လဲ။ လာစမ်းပါ၊ ဒီလူအိုကြီးရဲ့ ဝိဥာဉ်တစ်သောင်း အလံက ဆာနေပြီ” ကွေ့ဇူက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

“ကြယ်ဧကရာဇ်တံဆိပ်ပြား” ထိုစဉ်က ရန်ကိုင်က စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ထအော်လေသည်။ ကျိလုန်၏ သိုလှောင်လက်စွပ်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူပြီး စစ်ဆေးကြည့်ပြီးနောက် နောက်တစ်ကြိမ် ထပ်အော်လေ၏ “တကယ်ကြီး ကြယ်ဧကရာဇ်တံဆိပ်ပြားပဲ”

ကွေ့ဇူက ရန်ကိုင်အား အံ့ဩတကြီး စိုက်ကြည့်လျက် “မင်းဘာတွေဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ ငါလည်း မင်းကို ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ပေးခဲ့တာပဲ မဟုတ်ဘူးလား။ ငါပေးတဲ့ဟာကတောင် ဒီထက်အများကြီး ပိုတန်ဖိုးရှိသေးတယ်။ ဒါကြီးက သုံးပြီးသားကြီး”

ကွေ့ဇူမှ ထိုကဲ့သို့ ပြောလိုက်သော်ငြား ရန်ကိုင်တော့ ပျော်နေမြဲ ပျော်နေဆဲ “မဟာအကြီးအကဲမသိလို့။ ဒီကြယ်ဧကရာဇ် တံဆိပ်ပြားတွေမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ်။ ကျုပ်သာ တံဆိပ်ပြားကိုးခုစလုံးကို စုနိုင်ရင် အဲ့လျှို့ဝှက်ချက်ကို သိရပြီ”

“လျှို့ဝှက်ချက်” ကွေ့ဇူက မယုံသင်္ကာဖြင့် အဲ့လျှို့ဝှက်ချက်က ဒီလူအိုကြီးကို သိုင်းတာအိုရဲ့ အထွဋ်အထိပ်ကိုရောက်အောင် လုပ်ပေးနိုင်လို့လား”

“လုပ်ပေးနိုင်ရင်.. လုပ်ပေးနိုင်မှာပေါ့” အားနည်းဖျော့တော့သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်နှင့် ကွေ့ဇူတို့ နှစ်ဦးစလုံး ကျိတုန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“မင်းဘာသိထားတာလဲ” ရန်ကိုင်က မျက်နှာသေဖြင့် လှမ်းမေးလိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ကျိတုန်သည် ခရမ်းကြယ်၏ သခင်လေး ဖြစ်သည့်အတွက် ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် ပက်သက်သည့် လျှို့ဝှက်ချက်တစ်ခုခုကို သိထားလောက်ပေသည်။

ကျိတုန်သည် ကွေ့ဇူဘက်သို့လှည့်၍ “စီနီယာ ဒါကြီးကို ဖယ်ထားပေးလို့ရမလား၊ ကျုပ်တော်တော်လေး လန့်နေလို့”

“အသုံးမဝင်တဲ့ကောင်” ကွေ့ဇူက နှာခေါင်းရှုံ့လျက် ဝိဥာဉ်တစ်သောင်းအလံကို ဖယ်ပေးလိုက်လေသည်။

ကျိတုန်သည် ဝိဥာဉ်ထိန်းပန်းကန်လုံးထဲ မတ်တပ်ရပ်၍ ဘာမှမရှိသော သူ့နဖူးထက်ရှိ ချွေးများကိုသုတ်ရင်း ပြောလိုက်၏ “ကျုပ်ပြောပြရင် ခင်ဗျားတို့ ကျုပ်ကို လွှတ်ပေးမှာလား”

“မဟာအကြီးအကဲ၊ အဲ့ကောင်ကို အလံထဲ ထည့်လိုက်တော့” ရန်ကိုင်က လှမ်းအော်ပြောလိုက်လေသည်။

“ကောင်းပြီလေ” ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံကို နောက်တစ်ကြိမ် ပြန်ထုတ်လိုက်လေသည်။

“နေပါဦး၊ နေပါဦး၊ ကျုပ်ပြောပါ့မယ်” ကျိတုန် ငိုတော့မတတ် ဖြစ်သွားလေသည်။

“ငကြောက်” ရန်ကိုင်က အထင်မြင်တသေးဖြင့် ပြောလိုက်၏။

“ပြော” ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံကို တရွယ်ရွယ်လုပ်ရင်း ကျိတုန်ကို ဖိအားပေးလိုက်လေသည်။

ကျိတုန်က အငိုငိုအယိုယိုဖြင့် စရှင်ပြလိုက်လေသည် “အဟင့်အဟင့်… တကယ်တော့ ငါလည်း အဲ့လောက်က်ြီး သိတာ မဟုတ်ဘူး။ ငါ့အဖေနဲ့ အကြီးအကဲတွေ ပြောနေတာကို ကြားလိုက်တာပဲရှိတာ။ တံဆိပ်ပြားတွေ အကုန်စုံသွားရင် မဟာအဧကရာဇ်ရဲ့ လျှို့ဝှက်ချက်ကို လှမ်းမြင်နိုင်လိမ့်မယ်တဲ့”

“မဟာဧကရာဇ်ရဲ့ လျှို့ဝှက်ချက်” ရန်ကိုင်နှင့် ကွေ့ဇူတို့ နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

“မင်းတကယ် ပြောနေတာလား” ရန်ကိုင်သည် ကျိတုန်အား စိုက်ကြည့်၍ မေးလိုက်လေသည်။

“ငါကြားလိုက်တာတော့ အဲ့လိုပဲ… အဲ့စကားကို မဟာဧကရာဇ်ကိုယ်တိုင် သူတို့ရဲ့ ဘိုးဘေးတွေကို ပြောခဲ့တာတဲ့။ မင်းတို့မသိလို့။ ငါတို့ ဘိုးဘေးတွေက မဟာဧကရာဇ်ကို အလုပ်အကျွေး ပြုခဲ့ဖူးတယ်… အဟင့်အဟင့်၊ ဒါငါသိတာ အကုန်ပဲ။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ ငါမသေချင်သေးလို့ပါ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၈)

ကွေ့ဇူသည် ဝိဥာဉ်တစ်သောင်းအလံကို တရမ်းရမ်း ဝှေ့ရမ်းပြရင်း ခြိမ်းခြောက်နေသဖြင့် ကျိတုန်လည်း ဘာကိုမှ မဖုံးကွယ်ရဲတော့ဘဲ သိထားသည့် အကြောင်းအရာများကို ပြောပြလိုက်ရလေသည်။

ကြယ်ဧကရာဇ်တံဆိပ်ပြား ကိုးခုကို စုဆောင်းနိုင်လျှင် မဟာဧကရာဇ်၏ လျှို့ဝှက်ချက်ကို မြင်တွေ့နိုင်ပေလိမ့်မည်။

ဘာလျှို့ဝှက်ချက်ကို တွေ့မြင်ရသလဲ ဆိုသည်ကို သေချာ မပြောပြထားသော်လည်း ထိုမျှလောက်သည်ကပင် သိုင်းတာအို လမ်းစဉ်အား လျှောက်လှမ်းနေသူများအတွက် အလွန်ကိုမှ တပ်မက်ဖွယ်ကောင်းနေခဲ့သည်။

ရန်ကိုင်သည် မျက်မှောင်ကြီးကြုတ်လျက် မကျေမနပ် ဖြစ်နေခဲ့သည်။ တံဆိပ်ပြားကိုးခုကို စုဆောင်းနိုင်လျှင် လျှို့ဝှက်ချက် အချို့ကို သိနိုင်လိမ့်မည်ဟု ယန်ယန်မှ သူ့အား ပြောခဲ့သည်။ သို့ရာတွင် မည်သို့သော လျှို့ဝှက်ချက် ဖြစ်သလဲ ဆိုသည်ကိုတော့ မပြောခဲ့ချေ။ ထို့ကြောင့် ရန်ကိုင်မှာ အတော်လေး နေမထိထိုင်မထိ ဖြစ်ခဲ့ရသည်။

သို့သော် ယန်ယန်တွင် သူ့အား မပြောပြရသည့် အကြောင်းအရင်း တစ်ခုခု ရှိလောက်ပေသည်။ ထို့ကြောင့် ရန်ကိုင်လည်း ထိုအကြောင်းကို ထပ်သွားမေးမနေခဲ့ချေ။

သို့တိုင် သူ့တွင် ကြယ်ဧကရာဇ်တံဆိပ်ပြား ခြောက်ခု ရှိနေခဲ့လေပြီ။ ထို့အတွက်ကြောင့် တံဆိပ်ပြားကိုးခုကို စုဆောင်းဖို့သည့် မဖြစ်နိုင်သည့် အိမ်မက်တစ်ခု မဟုတ်တော့ပေ။

ဤလျှို့ဝှက်ချက်သည် သူသိခဲ့ဖူးသမျှ လျှို့ဝှက်ချက်ထဲ အကြီးမားဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်သဖြင့် ရန်ကိုင် အတော်လေးကို သိချင်နေမိခဲ့သည်။

ကွေ့ဇူပင်လျှင် တိတ်ဆိတ်သွားခဲ့လေသည်။

“ငါသိတာအဲ့ဒါအကုန်ပဲ… မင်းတို့အခု ငါ့ကို လွှတ်ပေးလို့ ရမလား” ကျိတုန်သည် စကားလုံးကို သေချာရွေးချယ်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“မင်းကို လွှတ်ပေးရဖို့” ရန်ကိုင်က အေးစက်စက် လေသံဖြင့် “မင်းခန္ဓာကိုယ်က ပျက်စီးနေပြီ။ မင်းဝိဥာဉ်ပဲ ကျန်တော့တာ။ အဲ့ဒါတောင် ဝိဥာဉ်ထိန်းပန်းကန်လုံး ရှိနေလို့။ ငါမင်းကို လွှတ်ပေးမယ်ဆိုရင်တောင် ဒီပုံစံနဲ့ မင်းဘယ်သွားနိုင်မှာလဲ”

ထိုစကားကိုကြားသည့်အခါ ကျိလုန် တိတ်ဆိတ်သွားခဲ့၏။

ဤမုန်းစရာကောင်းသည့် လူနှစ်ယောက်ဆီမှ ထွက်ပြေးချင်စိတ်သာ ရှိနေသည့်အတွက် သူ့လက်ရှိ အခြေအနေကို မေ့လျော့သွားခဲ့သည်။ ဝိဥာဉ်ထိန်းသစ်သားဖြင့် လုပ်ထားသော ဝိဥာဉ်ထိန်းပန်းကန်လုံးသည် သူ့ဝိဥာဉ်အား မပျောက်ကွယ်သွားအောင်သာ ထိန်းသိမ်းပေးနိုင်ပြီး ပြင်ပ အန္တရာယ်များမှ မကာကွယ်ပေးနိုင်ချေ။ သူသာ ဝိဥာဉ်ထိန်း ပန်းကန်လုံးဖြင့် ကြယ်စီရင်စုထဲသွားမည်ဆိုပါက ကံကောင်းစွာ ကျန်ရစ်နေခဲ့သော သူ့ဝိဥာဉ်သည်ပင် မကြာခင်အချိန်အတွင်း ပျက်စီးသွားရပေလိမ့်မည်။

ထိုအချက်များကို စဉ်းစားမိလိုက်သော် ကျိတုန် အလွန်ကို စိတ်ဓါတ်ကျသွားခဲ့လေသည် “ပြီးပြီ။ လုံးဝ ပြီးသွားပြီ”

ရန်ကိုင်သည် ကွေ့ဇူအား တစ်ချက် လှမ်းကြည့်လိုက်သည်။ ကွေ့ဇူသည် ရန်ကိုင် ဘာပြောချင်လဲ ချက်ချင်း သိလိုက်သည့် အလား ပြုံးဖြီးဖြီးဖြင့် “ဒီလူအိုကြီးမှာ မင်းတစ်သက်လုံး နေနိုင်မယ့် နေရာကောငးတစ်ခုရှိတယ်”

ပြောပြီးသည်နှင့် ဝိဥာဉ်တစ်သောင်းအလံကို အသက်သွင်းကာ ကျိတုန်ကို ဝိဥာဉ်ထိန်းပန်းကန်လုံးထဲမှ ဆွဲထုတ်လေသည်။

“မလုပ်နဲ့” ကျိတုန်သည် အလန့်တကြား ထအော်လေသည် “ကျုပ်ကို မသတ်ပါနဲ့”

ဝိဥာဉ်ထိန်းပန်းကန်လုံးထဲ၌ နေရသည်မှာ အတော်လေး စိတ်ညစ်ဖွယ်ကောင်းသော်လည်း ဝိဥာဉ်တစ်သောင်းအလံထဲ ဝါးမြိုခံလိုက်ရသည်နှင့်စာလျှင်တော့ သက်သာပေသေးသည်။ ဝိဥာဉ်တစ်သောင်းအလံထဲရှိ ယင်ဝိဥာဉ်များသည် အသိစိတ် မရှိတော့သည့် သတ်ဖို့သာသိသောတော့ ဝိဥာဉ်များ ဖြစ်ကြသည်။ သူ့ကိုယ်သူ ယင်ဝိဥာဉ်ဘဝသို့ အရောက်မခံနိုင်ပေ။

“ကျုပ်ကို မဝါးမြို့ပါနဲ့။ ကျေးဇူးပြုပြီး ကျုပ်ကို မဝါးမြိုလိုက်ပါနဲ့…” ကျိတုန်သည် အသည်းအသန် ရုန်းကန်နေသော်လည်း ဝိဥာဉ်တစ်သောင်းအလံ၏ ဆွဲအားကို မခုခံနိုင်ခဲ့ပေ။

“ကောင်လေး၊ မင်းရုန်းကန်နေလည်း အချည်းနှီးပဲ။ အေးအေးဆေးဆေး အဝါးမြိုခံလိုက်။ ခဏကြာရင် အားလုံး ပြီးသွားလိမ့်မယ်” ကွေ့ဇူက ပြောလိုက်လေသည်။

“မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့” ကျိတုန်က ပြန်အော်ပြောလေသည်။ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိလိုက်သည့်အလား ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေသည် “မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ခရမ်းကြယ်ပိုင်တဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ငါမင်းကို ပေးလို့ရတယ်”

“နေဦး” ရန်ကိုင်က ကွေ့ဇူအား ခဏရပ်ထားရင်း လှမ်းအချက်ပြလိုက်သည်။

ကွေ့ဇူလည်း သူ့လက်ကို ဝှေ့ရမ်း၍ နှစ်တစ်သောင်းအလံကို ပြန်သိမ်းလိုက်လေသည်။

ရန်ကိုင်သည် ကျိတုန်အား မမှိတ်မသုံစိုက်ကြည့်၍ မေးလိုက်၏ “မင်းဘာပြောလိုက်တာလဲ”

ကျိတုန်သည် ကွေ့ဇူကို အထိတ်လန့်ဖြင့်ကြည့်ရင်း အလျင်အမြန် ပြန်ပြောလိုက်လေသည် “ခရမ်းကြယ်ရဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားကို မင်းဆီ ပေးလို့ရတယ်လို့ပြောတာ။ ငါတို့ ခရမ်းကြယ်မှာ ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခုရှိတယ်”

“ဒါက မင်းတို့ဟာ မဟုတ်ဘူးလား” ရန်ကိုင်က သူ့လက်ထဲရှိ ကြယ်ဧကရာဇ်တ့ဆိပ်ပြားကို မြှောက်ပြ၍ “မင်းတို့ ခရမ်းကြယ်မှာ ကြယ်ဧကရာဇ်တံဆိပ်ပြား နှစ်ခုတောင်ရှိတာလား”

“မဟုတ်ဘူး” ကျိတုန်က ခေါင်းခါ၍ “အဲ့ဒါက ငါတို့ ခရမ်းကြယ်ကဟာမဟုတ်ဘူး။ ငါရှုဝေ သိုလှောင်လက်စွပ်ထဲက တွေ့လို့ ယူထားလိုက်တာ”

“ရှုဝေမှာ ကြယ်ဧကရာဇ်တံဆိပ်ပြား ရှိတာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“သူပြောတာတော့ ကြယ်စီရင်စုထဲ လျှောက်သွားတုန်းက ရခဲ့တာတဲ့…” ကျိတုန်က ရှင်းပြလိုက်လေသည်။

“ဒီတော့ မင်းတို့ ခရမ်းကြယ်မှာ နောက်ထပ် ကြယ်ဧကရာဇ် တံဆိပ်ပြားတစ်ခု ထပ်ရှိသေးတယ်ပေါ့” ရန်ကိုင် ဝမ်းသာသွား၏။

“ငါ့အသက်နဲ့ အာမခံပြီး ပြောရဲတယ်။ ငါတို့ ခရမ်းကြယ်မှာ ကျိန်းသေ ကြယ်ဧကရာဇ်တံဆိပ်ပြားတစ်ခု ရှိတယ်” ရန်ကိုင် စိတ်မရှည်ဖြစ်လာပြီး သူ့အား သတ်မည်ကို ကြောက်သဖြင့် ကျိတုန်သည် အလျင်အမြန်ပဲ ပြောပြလိုက်လေသည်။

“မင်းက သေနေပြီပဲကို၊ မင်းအသက်နဲ့ အာမခံလို့ကော ဘာထူးဦးမှာလဲ” ကွေ့ဇူက လှောင်ပြုံးပြုံးလျက် ပြောလိုက်၏။

ကျိတုန်က ငိုတော့မည့်လေသံဖြင့် “ငါတကယ်ပြောနေတာ။ ကျေးဇူးပြုပြီး ငါပြောတာကို ယုံပေးပါ”

“ဟုတ်ပါပြီ။ ငါမင်းကို ယုံလိုက်ပါ့မယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ဂိုဏ်းချုပ်၊ မင်းတကယ်ကြီး တံဆိပ်ပြား ကိုးခုစလုံးကို စုဆောင်းချင်တာလား။ အခုအချိန်ထိ ဘယ်သူမှ အဲ့လို လုပ်နိုင်သေးတာ မဟုတ်ဘူးနော်။ အခုမင်းမှာ တံဆိပ်ပြား ဘယ်နှစ်ခုရှိလဲ” ကွေ့ဇူက ရန်ကိုင်အား နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“ခြောက်ခုလို့ပြောရင် ယုံမှာလား” ရန်ကိုင်သည် ကွေ့ဇူအား စိုက်ကြည့်၍ ပြောလိုက်လေသည်။ ထို့နောက် သူ့တွင် ရှိနေသော ကြယ်ဧကရာဇ်တံဆိပ်ပြား ခြောက်ခုစလုံးကို ထုတ်ပြလိုက်၏။

ဟူး…

ကွေ့ဇူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

“ကျုပ်လက်ထဲမှာ ခြောက်ခုရှိတယ်။ ခရမ်းကြယ်က တစ်ခုနဲ့ဆို ခုနှစ်ခု။ ပြီးတော့ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှာ တစ်ခုရှိသေးမှန်း ကျုပ်သိတယ်။ အဲ့ဒါပါပါရင် စုစုပေါင်း ရှစ်ခုရှိသွားပြီ။ နောက်ဆုံးတစ်ခုပဲ လိုအပ်နေတာ” ရန်ကိုင်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်၏။

“နောက်ဆုံးတစ်ခုက… ဓါးအဖွဲ့အစည်းမှာရှိတယ်” ကျိတုန်၏ အားနည်းဖျော့တော့သည့်အသံ ထွက်ပေါ်လာခဲ့လေသည်။

ထိုစကားကိုကြားသည့်အခိုက် ရန်ကိုင်သည် ချက်ချင်းပဲ ကျိတုန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ကျိတုန်က လည်တိုင်လေးကျုံ့ဝင်လျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏ “ငါလိမ်နေတာ မဟုတ်ဘူး။ ဒီအကြောင်းကို သိတဲ့လူ နည်းနည်းလေးပဲရှိပေမယ့် ငါ့အဖေ အဲ့အကြောင်းကို ပြောတာကြားဖူးတယ်”

“ကောင်လေး၊ မင်းက တိုးတက်လာပြီပဲကွ” ရန်ကိုင်သည် ကျိတုန်အား ချီးကျူးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ငါကို ကျေးဇူးပြုပြီး အဲ့ထဲ မထည့်ပါနဲ့။ ငါမင်းကို ခရမ်းကြယ်က ကြယ်ဧကရာဇ်တံဆိပ်ပြား ထားတဲ့နေရာဆီ ခေါ်သွားပေးလို့ ရတယ်”

“ငါ့ကို လက်စားချေချင်လို့ ခရမ်းကြယ်ဆီ သွားခိုင်းနေတာမလား။ ဟိုရောက်ရင် မင်းလူတွေကိုခေါ်ပြီး ငါ့ကို တိုက်ခိုက်ခိုင်းလို့ရပြီလေ”

“မဟုတ်ဘူး။ ငါဝိဥာဉ်ထိန်းပန်းကန်လုံးထဲမှာပဲ နေလို့ရတာ။ အပြင်လူတွေကို ဘယ်လိုလုပ်ပြီး ဆက်သွယ်နိုင်မှာလဲ” ကျိတုန်သည်က ပြန်ပြောလိုက်၏ “ငါအသက်ရှင်ချင်ရုံပဲ”

ရန်ကိုင်က ခေါင်းညိတ်၍ “အဲ့ဒါဆို ငါတို့ စကားပြောလို့ရပြီ. မင်းပြောတဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားက ဘယ်မှာရှိတာလဲ။ ငါအဲ့ဒါကို ဘယ်လိုယူရမှာလဲ”

ကျိတုန်က စရှင်းပြလိုက်၏ “ငါပြောပြလည်း မင်းဘာသာမင်း ယူနိုင်မှာမဟုတ်ဘူး။ ငါပါမှရမှာ။ ကြယ်ဧကရာဇ်တ့ဆိပ်ပြားကို ငါ့အဖေ သိုလှောင်လက်စွပ်ထဲမှာရှိတဲ့ သောနဲ့ပဲ ဖွင့်လို့ရတဲ့ လျှို့ဝှက်ခန်းထဲမှာ သိမ်းထားတာ။ ဘယ်လိုဖွင့်လို့ရမလဲ ဆိုတာကိုတော့ ငါပဲ မင်းကို ပြောပြလို့ရလိမ့်မယ်…”

ထိုနေရာအရောက်တွင် ကျိတုန်သည် တစ်ခုခုကို နားလည်သွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် “အခု ငါ့ကို အတင်းပြောခိုင်းလည်း ဘာမှမထူးဘူး။ အဲ့နေရာကိုသွားဖို့ မင်းငါ့ကို လိုဦးမှာ”

“စိတ်မပူနဲ့။ မင်းသာ ငါပြောတဲ့အတိုင်းလုပ်မယ်ဆို မင်းကို မထိခိုက်စေရဘူးလို့ အာမခံတယ်” ရန်ကိုင်က ပြုံးလျက် ထပ်မံ သွေးဆောင်လိုက်လေသည် “ဒီကိစ္စသာ အောင်မြင်ရင် မင်းကို လွှတ်ပေးမယ်”

“ငါ့ကို လာမလိမ်နဲ့” ကျိတုန်က စိတ်ဓါတ်ကျကျဖြင့် “မင်းငါ့အဖေကိုတောင် သတ်ထားတာ ဘယ်လိုလုပ်ပြီး ငါ့ကို လွှတ်ပေးမှာလဲ။ ငါတောင်းဆိုချင်တာက ငါ့ဝိဥာဉ်ကို မဖျက်စီးလိုက်ဖို့ပဲ”

ထိုစကားကြားကြားချင်း ရန်ကိုင် ကြောင်သွားခဲ့သည်။ သို့သော် ခဏအကြာ၌ ထရယ်တော့လေသည် “ကောင်လေး၊ မင်းက အရင်ထက် ပိုပါးနပ်လာတာပဲကွ။ မင်းအခြေအနေ မင်းနားလည်မှတော့ ငါမင်းကို ဘာမှထပ်မပြောတော့ဘူး။ ငါမင်းကို လွှတ်ပေးမှာတော့မဟုတ်ဘူး။ ဒါပေမယ့် မင်းသာ နာခံမယ်ဆိုရင် ငါမင်းကိုမသတ်ဘူး”

“ငါ့မှာ ရွေးချယ်စရာကောရှိလို့လား” ကျိတုန် မဲ့ပြုံးပြုံးလိုက်လေသည်။

“အဲ့ဒါကြောင့်ပြောတာ၊ လူတော်တွေနဲ့ အလုပ်လုပ်ရတာ ပိုလွယ်တယ်လို့” ရန်ကိုင်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ကျိလုန်၏ သိုလှောင်လက်စွပ်ကို စတင် လှန်လှောရှာတော့၏။ ခဏအကြာတွင် ရွှေရောင်သော့တစ်ချောင်းကိုထုတ်၍ “မင်းပြောတာ ဒီသော့လား”

“ဟုတ်တယ်။ ခရမ်းကြယ်ကို ရောက်ရင် ငါ့ကို လာနှိုးလိုက်။ အဲ့အခါကျ ဘယ်လိုသွားရမလဲ ငါမင်းကို ပြောပြမယ်။ အခု ငါပင်ပန်းနေလို့ ခဏလောက် နားလိုက်ဦးမယ်” ပြောပြီးသည်နှင့် ကျိလုန်၏ပုံရိပ် ပျောက်ကွယ်သွားခဲ့လေသည်။

ရန်ကိုင်သည် ရွှေရောင်သော့နှင့် ဝိဥာဉ်ထိန်း ပန်းကန်လုံးကို ပြန်သိမ်းလိုက်ပြီး အတွေးရေယာဉ်ကြောထဲ နစ်မြောသွားလေသည်။

“ဂိုဏ်းချုပ်၊ ကြည့်ရတာ အောင်မြင်နိုင်တယ်နဲ့ တူတယ်နော်” ကွေ့ဇူလည်း အတော်လေး ဝမ်းသာနေခဲ့သည်။ အစက တံဆိပ်ပြား ကိုးခုကို စုဆောင်းရန် မစဉ်းစားခဲ့ခြင်းမှာ တံဆိပ်ပြားကိုးခုကို စုဆောင်းဖို့သည် အလွန်ကိုမှ ခက်ခဲသည့် အတွက်ကြောင့် ဖြစ်ပေသည်။ သို့သော်လည်း ယခုမှ သူ့တွင် မျှော်လင့်ချက် ရှိလာခဲ့လေပြီ။ “ဒီကောင်လေးရဲ့ အကူအညီနဲ့ဆို ခရမ်းကြယ်ရဲ့ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ရဖို့ သိပ်မခက်တော့ဘူး။ ဟုန်းလော့ကုန်သွယ်ရေးကဟာ ဆိုရင်လည်း ဟိုကောင်မလေး အကူအညီနဲ့ဆို ဘာမှခက်မှာ မဟုတ်ဘူး။ ဓါးအဖွဲ့အစည်းက ဟာပဲ ယူရခက်မှာ”

“ကုကျန်ရှင်နဲ့ ကျုပ်ရင်းနှီးတယ်။ သူနဲ့ သွားဆွေးနွေးကြည်လို့ ရတယ်” ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည် “ကြယ်ဧကရာဇ်တံဆိပ်ပြားတွေက တန်ဖိုးကြီးတယ်ဆိုပေမယ့် အရာရာတိုင်းမှာ တန်ဖိုးဆိုတာ ရှိတာပဲ။ ကိုယ်တတ်နိုင်ဖို့ပဲ လိုတာ”

“အဲ့ဒါဆို ခရမ်းကြယ်ဆီ အခု သွားကြမလား” ကွေ့ဇူက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

တံဆိပ်ပြားကိုးခုကို စုဆောင်းပြီးသွားလျှင် ဘာဖြစ်မလဲ သူလည်း သိချင်မိသည်။

“မသွားသေးဘူး။ ကျုပ်မွေးရပ်မြေကြယ်ဆီ အရင်သွားဦးမယ်။ ပြီးရင် ဂိုဏ်းဆီ ပြန်မယ်။ ပြီးတော့မှပဲ အဲ့အကြောင်းကို ဆက်စဉ်းစားမယ်”

“ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ မင်းပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ကွေ့ဇူက ပြောလိုက်၏။

ကျိလုန်၏ သိုလှောင်လက်စွပ်ထဲတွင် ကြယ်ဧကရာဇ် တံဆိပ်ပြားနှင့် ရွှေရောင်သော့အပြင် အဖိုးတန်ဆေးပင်များစွာနှင့် ပစ္စည်းများစွာ ရှိနေခဲ့လေသည်။

ခရမ်းကြယ်ဂိုဏ်းချုပ်၏ သိုလှောင်လက်စွပ်သည် ရတနာသိုက်ကြီးတစ်ခုပင်။

အထူးသဖြင့် ဟင်းလင်းပြင်ခွဲလွန်းယာဉ် ဖြစ်ပေသည်။ ထိုယာဉ်ပျံတွင် အားနည်းချက်အချို့ ရှိနေသေးသော်လည်း ၎င်းသည် သွားလာရေးအတွက် အလွန်ကိုမှ ကောင်းမွန်သည့် ယာဉ်တစ်ခု ဖြစ်နေဆဲ။

ရန်ကိုင်သည် ထိုယာဉ်ကို ရက်အတော်ကြာအောင် ထိုင်သန့်စင်နေပြီးနောက်တွင်… ထိုယာဉ်ပျံကိုသုံး၍ ကွေ့ဇူနှင့်အတူ ထုန်းရွှမ်လောကကြီးဆီသို့ ထွက်ခွာလာခဲ့လေသည်။

ထုန်းရွှမ်လောကကြီးဆီသို့ အရင်သွားရခြင်းမှာ ရှင်းပေသည်။ ထုန်းရွှမ်လောကကြီးနှင့် အရိပ်ကြယ်ကြား ကမ္ဘာခြားဟင်းလင်းပြင် အစီအရင်တစ်ခု တည်ဆောက်ချင်သည့် အတွက်ကြောင့် ဖြစ်သည်။

ဤနည်းဖြင့် သူ့မွေးရပ်မြေကြယ်ဆီသို့ အချိန်မရွေး ပြန်လာလို့ ရပေပြီ။

သေမင်းချောက်နက်သည် ထုန်းရွှမ်လောကကြီးနှင့် သိပ်မဝေးချေ။ သူသူတော်စင်တစ်ပါး ဖြစ်စဉ်က ထုန်းရွှမ်လောကကြီးမှ သေမင်းချောက်နက်သို့ရောက်ရန် တစ်နှစ်ခွဲခန့် အချိန်ယူခဲ့ရသော်လည်း ယခုမူ နှစ်လလောက်သာ အချိန်ယူရတော့သည်။

“ဒါက မင်းရဲ့ မွေးရပ်မြေလား” ထုန်းရွှမ်လောကကြီးကို ကြည့်ရင်း ကွေ့ဇူ မျက်မှောင်ကြုတ်သွားခဲ့သည် “မိုးမြေစွမ်းအင်က ပါးလိုက်တာ။ ဒီနေရာမျိုးမှာ မင်းဘယ်လိုနေပြီး ဘယ်လို ကျင့်ကြံတာလဲ”

မည်သိုပင် စဉ်းစားစေကာမူ၊ ရန်ကိုင်ကဲ့သို့ ပါရမီရှင်တစ်ဦး ဤနေရာမှ မည်ကဲ့သို့ ပေါ်ထွက်လာရသလဲ ဆိုသည့်အပေါ် လုံးဝ မစဉ်းစားတတ်ခဲ့ချေ။

ရန်ကိုင်၏ မွေးရပ်မြေသည် မိုးမြေစွမ်းအင် သိပ်သည်းကြွယ်ဝပြီး အလွန်သာယာလှပသော ကျင့်ကြံရေး ကြယ်ကြီးတစ်လုံး ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အမှန်တရားသည် သူ့အထင်သည် တက်တက်စင်အောင် လွဲချော်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၁၉)

“ဒီနေရာရဲ့ မိုးမြေစွမ်းအင်က အစက ဒီထက်တောင် ပါးသေးတယ်” ရန်ကိုင်က ပြုံးလျက် ပြောလိုက်သည်။ သို့သော် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ဘာဖြစ်လို့လဲ” ရန်ကိုင်၏ အမူအရာကို သတိပြုမိသော် ကွေ့ဇူက မေးလိုက်လေသည်။

“ဒီလို မဖြစ်သင့်ဘူး” ရန်ကိုင်က သင်္ကာမကင်း အမူအရာဖြင့် “ဒီတိုက်ကြီးရဲ့ မိုးမြေစွမ်းအင်က ဒီလောက် မပါးသင့်ဘူး။ အခု အချိန်လောက်ဆို တော်တော်လေး သိပ်သည်းနေသင့်တာ”

ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင် ပါးလျနေရခြင်းမှာ မဟာနတ်ဆိုးနတ်ဘုရားသည် ဤကျင့်ကြံရေးကြယ်အား ကြယ်စီရင်စုကြီးနှင့် ပိုင်းခြားထားလိုက်သည့် အတွက်ကြောင့် ဖြစ်သည်။ နောက်တစ်ချက်မှာ ထုန်းရွှမ်လောကကြီး၏ ကြယ်အမြူတေသည် သက်တမ်းဆုံးနားသို့ ရောက်နေသည့် အတွက်ကြောင့် ဖြစ်ပေသည်။

စီနီယာမမလေး ဒီကြယ်ရဲ့ အမြူတေကို သန့်စင်လိုက်တာ တော်တော် ကြာနေပြီကို ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ။ စီနီယာမမလေးရဲ့ ခွန်အားက တိုးတက်လာနေတာပဲ။ ဘာလို့ မိုးမြေစွမ်းအင်က မသိပ်သည်းလာရတာလဲ

“တောင်တွေမြစ်တွေမရှိရင် ဒီနေရာမှ ဘာမိုးမြေစွမ်းအင်မှ ရှိမှာမဟုတ်ဘူး” ပတ်ဝန်းကျင် မြေအနေထားကို တစ်ချက် စစ်ဆေးပြီးနောက်တွင် ကွေ့ဇူ ကောက်ချက်ချလိုက်လေသည်။

ရန်ကိုင်လည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ကျုပ်ဂိုဏ်းဆီ သွားကြည့်ရအောင်” ရန်ကိုင်က ပြောလိုက်၏။ ထို့သို့ပြောပြီးနောက် ကွေ့ဇူနှင့်အတူ ဘုံကိုးခု ထွတ်မြတ်နယ်မြေရှိရာဆီသို့ ပျံသန်းသွားလေသည်။

တောင်ကိုးလုံးအကူအညီဖြင့် သဘာဝအစီအရင်တစ်ခု ဖြစ်ပေါ်နေသည့် ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ကမ္ဘာခြား အစီအရင်ကို ခင်းကျင်းရန် စဉ်းစားထားခဲ့သည်။

သူ့လက်ရှိ ခွန်အားဖြင့် အစီအရင်အား အခြားသူများမသိအောင် ဖုံးကွယ်ထားဖို့ရာ အလွန်ကိုမှ လွယ်ကူပေသည်။ အကာအရံတစ်ခု တည်ဆောက်ထားလိုက်ခြင်းဖြင့် ထုန်းရွှမ်လောကကြီးရှိ မည်သူမှ ထိုအစီအရင်ထဲသို့ ချိုးဖျက်ဝင်လာနိုင်တော့မည် မဟုတ်ပေ။

သုံးရက်မှ တဖြည်းဖြည်းနှင့် ငါးရက်ခန့် ကြာမြင့်သွား၏။

ပျံသန်းနေရင်း ပတ်ဝန်းကျင်ကို စစ်ဆေးရင်းမှ ရန်ကိုင်နှင့် ကွေ့ဇူတို့ နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားခဲ့ကြသည်။

“မဟာအကြီးအကဲ၊ ခင်ဗျား သတိထားမိလား” ရန်ကိုင်က မေးလိုက်သည်။

“မင်းမွေးရပ်မြေရဲ့ မိုးမြေစွမ်းအင်တွေက တရစပ် လျော့ကျနေတယ်။ လေလျော့နေတဲ့ ပူးပေါင်းလို၊ တောက်လျှောက်ကို လျော့ကျနေတာ”

“ခင်ဗျားလည်း ခံစားမိတယ်မလား” ရန်ကိုင် မျက်နှာပျက်သွားခဲ့လေသည်။

ထုန်းရွှမ်လောကကြီး၏ ပါးလျသည့် မိုးမြေစွမ်းအင်ကို ခံစားမိလိုက်စဉ်က တစ်ခုခု မှားယွင်းနေသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း သူဆင်းလိုက်သည့် နေရာသည် မိုးမြေစွမ်းအင် ကြွယ်ဝသည့် နေရာတစ်ခု မဟုတ်သည့်အတွက် ရန်ကိုင်လည်း ထိုကိစ္စကို အရမ်းကြီး အာရုံမထားခဲ့ပေ။

သိုရာတွင် ငါးရက်ကြာအောင် ပျံသန်းလာပြီးနောက် မိုးမြေစွမ်းအင်ကြွယ်ဝသည့် နေရာတစ်ခုကိုမှ မတွေ့ရသည့်အခါ ရန်ကိုင် စတင် သံသယဖြစ်လာခဲ့သည်။ ပုံမှန်အားဖြင့် မိုးမြေစွမ်းအင်များဖြင့် ပြည့်နှက်နေသင့်သည့် တောင်ကုန်း တောင်တန်းများ၊ တောအုပ်များအားလုံးသည် သေခြင်းချီတို့ဖြင့် ပြည့်နှက်နေခဲ့လေသည်။

ထို့ကြောင့် ရန်ကိုင် စတင် စိတ်ပူလာရတော့သည်။

ဤကိစ္စနှင့်ပက်သက်၍ ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ ထုန်းရွှမ်လောကကြီး တစ်ခုခု ဖြစ်နေလျှင်ဖြစ်၊ မဖြစ်လျှင် ကြယ်သခင်ဖြစ်သော ရှနင်းချန် တစ်ခုခု ဖြစ်နေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။

နှစ်ခုစလုံးက စီနီယာမမလေးအတွက် မကောင်းတာချည်းပဲ

ဤနေရာသို့ လာမိသည်ကိုပင် ရန်ကိုင် နောင်တရချင်သွား၏။ ချက်ချင်း အရိပ်ကြယ်သို့ ပြန်၍သာ သူ့စီနီယာမမလေး၏ အခြေအနေကို သွားစစ်ဆေးမိချင်တော့၏။

ဒါပေမယ့် စီနီယာမမလေးက အထက်စကြာဝဠာဂိုဏ်းထဲမှာ ရှိနေတာဆိုတော့ ဘာပြဿနာမှ ရှိလောက်မှာမဟုတ်ဘူး။ ဒါဆို ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ

ဘာလို့ သေခြင်းချီတွေက တောက်လျှောက်တိုးလာပြီး မိုးမြေစွမ်းအင်က တောက်လျှောက် လျော့လာနေရတာလဲ

“ဟိုကောင်တွေ ဘာလုပ်နေတာလဲ” ကွေ့ဇူသည် တစ်ခုခုကို သတိပြုမိလိုက်ပြီး တစ်နေရာဆီသို့ လက်ညိုးထိုးညွှန်ပြလိုက်၏။

ရန်ကိုင်လည်း ပျံသန်းနေရာမှ ရပ်လိုက်ပြီး ကွေ့ဇူ ညွှန်ပြသည့် ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

အောက်ဘက်ရှိ တောင်ကြားတွင် လည်ပတ်နေသော ခြောက်ထောင့်ပုံ အစီအရင်တစ်ခု ရှိနေခဲ့သည်။ လူပေါင်းများစွာသည် ထိုအစီအရင်ကို ဝိုင်းကြီးပတ်ပတ် ပတ်ရပ်ကာ လက်ကွက်များဖန်တီး၍ အစီအရင်ကို ရပ်တန့်မသွားအောင် ကြိုးစား ထိန်းသိမ်းထားကြသည်။ ထိုသို့ လုပ်နေရင်းမှ မကြာခဏ ဆိုသလို ကျင့်ကြံသူတစ်ဦး လဲလဲကျသွား၏။ လဲကျသွားသော ကျင့်ကြံသူ၏ နေရာကို နောက်တစ်ယောက်မှ အစားဝင်လေသည်။

ထိုလူများအပြင်၊ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူများလည်း ရှိနေခဲ့သည်။ ထိုလူများသည် အစီအရင်ကို ထိန်းချုပ်ရာတွင် ဝင်မကူညီဘဲ ကြာပွတ်တစ်ချောင်းဖြင့်သာ နောက်ဘက်မှ ရပ်ကြည့်နေကြသည်။ သူတို့ ကြည့်ရ အဆင်မပြေသည့် လူဆိုလျှင် ကြာပွတ်ဖြင့် သွားရိုက်၏။

“တန်ခိုးရှင်အဆင့်တွေ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ “ဒီနေရာမှာ ဘယ်လိုလုပ်ပြီး တန်ခိုးရှင်အဆင့်တွေ ရှိနေတာလဲ”

ရှေးခေတ်အချိန်များတွင် ထုန်းရွှမ်လောကကြီး၌ ပေါ်ထွန်းခဲ့ဖူးသည့်လူသည် မဟာနတ်ဆိုးနတ်ဘုရား ဖြစ်ပေသည်။ သို့သော်လည်း မဟာနတ်ဆိုးနတ်ဘုရားသည်ပင် သူတော်စင်ဘုရင် အဆင့်သို့သာ ရောက်နိုင်ခဲ့သည်။ သူ့ခေတ်အလွန်တွင် မည်သူမှ သူတော်စင်ဘုရင်အဆင့်သို့ ထပ်မရောက်နိုင်တော့ချေ။

စီနီယာမမလေး ကြယ်အမြူတေကို သန့်စင်လိုက်လို့ ဒီကောင်တွေ တန်ခိုရှင်အဆင့်ထိ ရောက်နိုင်လာတာ ဖြစ်ရမယ်

ထိုစဉ် တောင်ကြားထဲ ဖြတ်သွားသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါနှစ်ခုကို ခံစားမိလိုက်လေသည်။

“ဒီမှာ အရင်က တန်ခိုးရှင်အဆင့်တွေ မရှိခဲ့ဘူးလား” ကွေ့ဇူက မေးလိုက်သည်။

“မရှိဘူး။ အရင်တုန်းက အားအကောင်းဆုံးလူတောင် သူတော်စင်တတိယအဆင့်ပဲရှိတယ်”

“အဲ့ဒါဆိုရင် အဲ့လူတွေအကုန်လုံး အပြင်လူတွေ ဖြစ်ရမယ်” ကွေ့ဇူက အောက်ဘက်ကို လက်ညိုးထိုး၍ “အဲ့အစီအရင်ကိုကြည့်၊ ဒီကောင်တွေ အဲ့အစီအရင်ကိုသုံးပြီး မိုးမြေစွမ်းအင်တွေကို စုပ်ယူနေတာ။ ဒါကြောင့်ပဲ ဒီတိုက်ကြီးရဲ့ မိုးမြေစွမ်းအင်တွေ အလျင်အမြန် လျော့ကျလာနေရတာ။ သူတို့ ကြည့်ရတာ တစ်ခုခုကို သန့်စင်နေသလိုပဲ”

“အပြင်လူတွေလား…” ရန်ကိုင်၏ မျက်လုံးထဲ ထိတ်လန့်ဖွယ်ရာ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည် “သေချင်နေတာပဲ”

ယခုမှပဲ ထိုအချက်ကို သူစဉ်းစားမိတော့သည်။

ယခင်က ထုန်းရွှမ်လောကကြီးသည် မဟာနတ်ဆိုးနတ်ဘုရား ခင်းကျင်းသွားသည့် အစီအရင်ကြောင့် မည်သည့် ပြင်ပ ပညာရှင်များ၏ ကျူးကျော်ခြင်းကိုမှ မခံခဲ့ရပေ။ မဟာနတ်ဆိုး နတ်ဘုရားသည် တကယ်ကို အံ့ဩဖို့ကောင်းသည်ဟု ပြောရမည်။ ကြယ်ကြီးတစ်ခုလုံးကို အမြူတေအဖြစ် အသုံးပြု၍ ထိုကြယ်ကြီး တစ်ခုလုံးကို ကြယ်စီရင်စုထဲမှ အခြားသူများ မမြင်အောင် ဖွက်ထားနိုင်သည့် အစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

သို့သော်လည်း နောက်ဆုံးတွင် ရန်ကိုင်သည် ထိုအစီအရင်ကို ချိုးဖျက်လိုက်သဖြင့် ထုန်းရွှမ်လောကကြီးသည် ကြယ်စီရင်စုကြီးထဲ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ထို့အတွက်ကြောင့် ထုန်းရွှမ်လောကကြီးကို ကြယ်စီရင်စုထဲရှိ ပညာရှင်များမှ တွေ့ရှိသွားပြီး နှစ်များစွာအကြာ၌ ယခုကဲ့သို့ ကျူးကျော်ခံရခြင်း ဖြစ်သည်။

ရန်ကိုင် ထုန်းရွှမ်လောကကြီးမှာ ထွက်လာရသည်မှာ အကြောင်းအရင်း နှစ်ခုကြောင့် ဖြစ်သည်။ တစ်ခုမှာ စုယန်ကိုရှာရန် ဖြစ်ပြီး နောက်တစ်ခုမှာ သူ့မွေးရပ်မြေကို အားကောင်းသည့်လူများ ကျူးကျော်လာသည့်အခါ ခုခံကာကွယ်နိုင်ရန်အတွက် သူ့ခွန်အားကို တိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်ပေသည်။ မဟာနတ်ဆိုးနတ်ဘုရား၏ အမြင်စူးရှမှုကြောင့်သာ မဟုတ်လျှင် ထုန်းရွှမ်လောကကြီးသည် ယခင်ကတည်းက ပြင်ပကျူးကျော်သူများ၏ ကျွန်ပြုခြင်း ခံနေရလောက်ပေပြီ.

ယနေ့တွင်၊ သူကြောက်လန့်နေရခဲ့သည့်အရာ ဖြစ်လာခဲ့လေပြီ.

ထိုလူများ ခင်းကျင်းထားသည့် အစီရင်သည် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်ကို စုပ်ယူနေခဲ့သည်။ သူတို့၏ လုပ်ရပ်သည် ရှနင်းချန်၏ ကျင့်ကြံရေးလမ်းကြောင်းကို ဖျက်စီးနေသည်နှင့် တူပေသည်။

ရန်ကိုင်လည်း ချက်ချင်းပဲ ဥက္ကာခဲတစ်စင်းနှယ် တောင်ကြားထဲသို့ ထိုးဆင်းသွားလေသည်။

တောင်ကြားထဲတွင် အနည်းဆုံး လူတစ်ထောင်ခန့် ရှိနေခဲ့သည်။

ကိုးဆယ်ရာခိုင်နှုန်းသော ကျင့်ကြံသူများသည် အစီအရင်ကို ထိန်းသိမ်းရာတွင် ဝင်ကူညီနေရသည်။ သူတို့ မလုပ်ချင်လျှင်ပင် လုပ်နေရသည်။ ဆန့်ကျင်သည့်လူတိုင်းသည် အနက်ရောင်ဝတ် လူများ၏ သတ်ပစ်ခြင်း ခံရပေသည်။

ထိုလူများ မည်သူမှန်း မသိကြသော် ထိုအနက်ဝတ် လူများသည် အလွန်ကိုမှ အားကောင်းကြသည်။ ထုန်းရွှမ်လောကကြီးရှိ မည်သူမှ သူတို့ကို မယှဉ်နိုင်ကြပေ။

အနက်ဝတ်လူများမှာ ဆယ်ယောက်ပင် မရှိချေ။ အကုန်လုံးသည် လက်နောက်ပစ်၍ ရပ်နေကြပြီး လူငယ်လေး တစ်ဦးသည်သာ မိန်းကလေးနှစ်ဦးကို ပွေ့ဖက်၍ ထိုင်ခုံ တစ်လုံးပေါ်တွင် ထိုင်နေခဲ့သည်။ ကောင်မလေး နှစ်ဦးမှာလည်း အမှားတစ်ခုခု လုပ်မိလျှင် အသတ်ခံရမည်ကို ကြောက်သည့် အတွက် လူငယ်လေး စိတ်မပျက်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြလေသည်။

လူငယ်လေးသည် လက်ဖက်ရည်ကို လက်တစ်ဖက်တွင် ကိုင်လျက် ဇိမ်ယူနေခဲ့သည်။ မကြာမကြာ အလုပ်လုပ်ကြနေသော သူ့ရှေ့ရှိ လူအုပ်ကြီးကို လှမ်းလှမ်းကြည့်တတ်လေသည်။

ရုတ်တရက် သူ့မျက်ဝန်းအစုံ တောက်ပသွားပြီး လက်ညိုးထိုး၍ “အဲ့မိန်းကလေးကို ခေါ်လာခဲ့”

သူ့ဘေးတွင် ရှိနေသော မိန်းကလေးနှစ်ဦးစလုံး ရုတ်ချည်း တုန်ရီလာခဲ့လေသည်။ ကြောက်လန့်မှုတို့သည် သူတို့၏ မျက်နှာထက် အထင်းသာ။ နှစ်ဦးစလုံးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ထိုအခြင်းအရာကိုမြင်သော် လူငယ်လေးက လှောင်ပြုံးပြုံးလျက် နှာခေါင်းရှုံ့ကာ ပြောလိုက်လေသည် “ကြည့်ရတာ နင်တို့ တစ်ခုခု သိထားတဲ့ပုံပဲ”

မိန်းကလေးနှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းပဲ တုန်တုန်ရီရီဖြင့် မြေကြီးပေါ် ဒူးထောက်ချလိုက်လေသည်။ သို့သော် စကားတစ်ခွန်းမှတော့ မပြောရဲခဲ့။

“ဟန့်၊ စုတ်စုတ်ပြတ်ပြတ် ဝတ်စားပြီး ရုပ်ဖျက်ထားလိုက်ရုံနဲ့ ဒီသခင်လေးကို လှည့်စားလို့ရမယ် ထင်နေလား။ ငါ့ဘဝမှာ မရေမတွက်နိုင်တဲ့ မိန်းမတွေကို မြင်လာပြီးသား။ တစ်ချက် ကြည့်ရုံနဲ့ ဘယ်သူ ဘယ်ပုံစံမှန်း တန်းပြောနိုင်တယ်။ ဒီလောက်နဲ့ ငါ့ကို လာလှည့်စားလို့ရမယ် ထင်နေရင် မှားသွားမှာပေါ့။ နင်တို့ပုံစံကို ကြည့်ရတာ ဒီကောင်မလေးရဲ့ အဆင့်အတန်းက နင်တို့ ကောင်းကင်တိမ်တိုက်စံအိမ်မှာ တော်တော်လေး မြင့်တဲ့ပုံပဲ။ ဟုတ်တယ်မလား၊ မဟုတ်ရင် နင်တို့ ဒီလောက် စိတ်ပူနေမှာ မဟုတ်ဘူး”

လူငယ်လေး၏ စကားကိုကြားသော မိန်းကလေးနှစ်ဦး၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့ရလေသည်။ အနည်းငယ် သတ္တိရှိသည့် မိန်းကလေးက ချက်ချင်း ပြောလိုက်သည် “သခင်လေး၊ အဲ့မိန်းကလေးက အဲ့လောက်ကြီး လှတာလည်း မဟုတ်ပါဘူး။ ဘာလို့ သူ့ကို ဒီအတိုင်းမထားဘဲ ကျွန်မတို့နဲ့ပဲ မပျော်ပါးတာလဲ”

ပြောနေရင်း အတတ်နိုင်ဆုံး သဘာဝအတိုင်းဖြစ်အောင် ပြုံးထားလေသည်။ သို့သော်လည်း သူမ၏ အပြုံးသည် ကြောက်ရွံ့မှုကြောင့် အနည်းငယ် မပီမပြင် ဖြစ်နေခဲ့လေသည်။

လူငယ်လေးသည် ရမက်ထန်သည့် အပြုံးဖြင့် မိန်းမငယ်လေး၏ မေးစေ့ကို သူ့ရှေ့သို့ ဆွဲယူလိုက်၏။

မိန်းမငယ်လေးမှာတော့ တစ်ချက်မှမလုပ်ရဲ။

သို့သော်လည်း ရုတ်တရက် လူငယ်လေးသည် မိန်းမငယ်လေး၏ ပါးကို အားပြင်းပြင်းဖြင့် ပိတ်ရိုက်ချလိုက်လေသည်။

“ဒီသခင်လေး ဘာလုပ်လုပ် နင့်အပူမပါဘူး” လူငယ်လေးက နှာခေါင်းရှုံ့၍ လေသံမာမာဖြင့် ပြောလိုက်လေသည်။

ထို့နောက် မြေကြီးပေါ်တွင် ဒူးထောက်နေသော မိန်းကလေးဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်၏ “နင်တစ်ချက် လှုပ်လိုက်တာနဲ့ သေပြီသာမှတ်”

ဒုတိယ မိန်းကလေး၏ ခန္ဓာကိုယ် တုန်တက်သွားပြီး သူမ တိတ်တဆိတ် စုစည်းထားသည့် စွမ်းအားများကို ချက်ချင်း ပြန်ရုတ်သိမ်းပစ်လိုက်လေသည်။

သူမနှင့် ဤလူငယ်လေးကြားရှိ ခွန်အား ကွာခြားချက်သည် အလွန်ကိုမှ ကြီးမားမှန်း သိနေခဲ့သည်။ မဟုတ်လျှင် ကောင်းကင်တိမ်တိုက်စံအိမ်တစ်ခုလုံး ထိုလူများ၏ ကျွန်ပြုခြင်း ခံရလိမ့်မည် မဟုတ်ချေ။

ထိုစဉ် အစီအရင်ကို ထိန်းချုပ်နေသော မိန်းမငယ်လေးကို အနက်ရောင်ဝတ်လူများက ခေါ်လာခဲ့လေသည်။

ဤမိန်းကလေးသည် ဖြစ်သလို ဝတ်စားထားပြီး မျက်နှာမှာလည်း ပေရေညစ်ပတ်နေခဲ့သည်။ တစ်ချက်ရုံဖြင့် သူမအား ရုပ်ဆိုးလား၊ ရုပ်ချောလား၊ ကိုယ်လုံးကိုယ်ပေါက် ပြေပြစ်လား၊… ပြောရခက်သည်။ သို့သော်လည်း သူမ၏ မျက်လုံးများမှာလည်း အလွန်ကိုမှ လှပပေသည်။

“ငါ့ကိုလွှတ် ခွေးသူတောင်းစားတွေ” မိန်းမငယ်လေးသည် အဆက်မပြတ် ရုန်းကန်နေသော်လည်း သူမ၏ ကျင့်ကြံခြင်းမှာ မသေမျိုးအဆင့်သာ ရှိသေးရာ ထိုသူတော်စင်ဘုရင်များ၏ လက်မှ မည်သို့များ ရုန်းထွက်နိုင်မည်နည်း။

လူငယ်လေးသည် မိန်းမငယ်လေးအား ပြုံးကြည့်ရင်း သူမ၏ ခန္ဓာကိုယ်ကို သေချာစစ်ဆေးကြည့်လိုက်လေသည်။ ဤကဲ့သို့ အကြည့်ခံနေရသည်မှာ သူမအတွက် အလွန်ကိုမှ အရှက်ရဖွယ် ကောင်းလှပေသည်။ သို့ရာတွင် ဘာမှမတတ်နိုင်သဖြင့် နှုတ်ခမ်းကိုကိုက်၍ ဒေါသတကြီး ပြန်စိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့တယ်။

“လှတယ်၊ တကယ် လှတယ်” လူငယ်လေးက အော်ရယ်မောလျက် “အခုမှပဲ ကြည့်လိုကောင်းတဲ့ အလှလေး တစ်ယောက် တွေ့တော့တယ်။ ဒီသခင်လေး နင့်ကို ဘယ်လို တွေ့သွားလဲ သိချင်လား”

မိန်းမငယ်လေးသည် ဘာတစ်ခွန်းမှ ပြန်မပြောဘဲ မီးတောက်မတတ် မျက်ဝန်းအစုံဖြင့်သာ လူငယ်လေးကို ပြန်စိုက်ကြည့်နေခဲ့လေသည်။

လူငယ်လေးသည် မိန်းမငယ်လေး၏ အပြုအမူကို ဂရုမစိုက်ဘဲ ထူးမခြားနားဟန်ဖြင့်သာ ပြောလိုက်သည် “နင့်လူတွေကြောင့်လို့ပဲ ပြောရမှာပေါ့။ ဒီကောင်တွေက သူတို့ကျင့်ကြံခြင်း နင့်ထက် ပိုမြင့်နေတာတောင် နင့်ကို လေးလေးစားစားနဲ့ ဆက်ဆံနေတယ်။ ဒီတော့ နင်က ကောင်းကင်တိမ်တိုက်စံအိမ်ထဲမှာ တော်တော်လေး ရာထူးမြင့်တဲ့ လူပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်တာ။ ငါထင်တာမမှာရင်၊ နင်က စံအိမ်သခင်ရဲ့ သမီးပဲ ဖြစ်ရမယ်”

သူ့လေသံသည် အရမ်းမကျယ်ပေ။ သို့သော် လူတိုင်း သေချာကြားနိုင်လောက်အောင်တော့ ကျယ်ပေသည်။ သူပြောသည့် စကားကိုကြားပြီးနောက် ကောင်းကင်တိမ်တိုက် စံအိမ်၏ ပညာရှင်များ ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားကြ၏။ သူတို့၏ ပြုမူပြောဆိုဆက်ဆံပုံကြောင့် သူတို့၏ သခင်မလေးကို ထိုခွေးသူတောင်းစား မိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သိသာသိခဲ့လျှင် ယခုထက် ပိုသတိထားပြီး လှုပ်ရှားခဲ့ပါသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၂၀)

သို့ရာတွင် သူတို့ မည်သို့ပင် ဝမ်းနည်းနေပါစေကာမူ၊ ဝမ်းနည်းနေရုံသာ တတ်နိုင်ပြီး ဘာမှ ပြန်မလုပ်နိုင်ကြချေ။ အစီအရင်ကို ထိန်းသိမ်းနေသည့် ကောင်းကင်တိမ်တိုက်စံအိမ်၏ သစ္စာရှိတပည့်များသည် ချက်ချင်း ဒေါသတကြီး ထရပ်ကာ လူငယ်လေးအား စိုက်ကြည့်လိုက်ကြလေသည်။

“မင်းတို့ကို ဘယ်သူထခိုင်းလို့လဲ။ ပြန်ထိုင်ပြီး ခိုင်းတာလုပ်စမ်း” လူငယ်လေးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် သူ့အရှိန်အဝါကို ဖြန့်ကျက်လိုက်လေသည်။ ပြင်းထန်သည့်ဖိအားတစ်ရပ် ထွက်ပေါ်လာပြီး မတ်တပ်ရပ်လိုက်သည့် ကျင့်ကြံသူအားလုံးပေါ် စီးမိုး ကျဆင်းလာခဲ့လေသည်။ ထိုဖိအားအောက်တွင် မတ်တပ်ထရပ်လိုက်သည့် ကျင့်ကြံသူအားလုံး နာကျင်စွာ ညီတွားရင်း ချက်ချင်း ဖင်ထိုင်လျက် လဲကျကုန်လေသည်။

ထိုလူအားလုံးသည် သူတော်စင်အဆင့်သို့ပင် မရောက်ကြသေးရာ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦး၏ ဖိအားကို မည်သို့များ ခံနိုင်မည်နည်း။

လူငယ်လေးသည် နောက်တစ်ကြိမ် နှာခေါင်းရှုံ့လျက် မိန်းကလေးဘက်သို့ ပြန်အာရုံစိုက်လိုက်လေသည်။ ထို့နောက် စ၍ ပြောလိုက်သည် “ဒီသခင်လေးနဲ့ တွေ့ရတာကို နင်ဂုဏ်ယူသင့်တယ်။ ဒီသခင်လေးနဲ့ ဒီည ပျော်ပါးခွင့်ရမှာကို ပိုပြီးတော့တောင် ဂုဏ်ယူသင့်သေးတယ်။ အဲ့ဒါကိုတောင် နင်က မာနတစ်ခွဲသားနဲ့။ အခု ခေါင်းမာမာနဲ့ နင့်မျက်နှာကို မပြဘဲ နေဦးမယ်ဆိုရင် မယုံမရှိနဲ့၊ ဒီလူတွေ အကုန်လုံးရှေ့မှာ နင့်အဝတ်အစားတွေ အကုန်လုံးကို ငါစုတ်ဖြဲပစ်မှာ”

မိန်းမငယ်လေး တစ်ကိုယ်လုံး တုန်ရီသွားပြီး ကြောက်ရွံမှုုတို့ သူမ၏ မျက်လုံးထဲ ပြည့်နှက်သွားခဲ့လေသည်။

ငါ့ဂိုဏ်းသားတွေရှေ့မှာ အဲ့လို စော်ကားခံရရင် အသက် ရှင်နေလို့ကော ဘာထူးဦးမှာလဲ

မိန်းမငယ်လေးစိတ်ထဲ ကိုယ်ကိုယ့်ကို သက်သေပစ်ချင်စိတ်များ ထွက်ပေါ်လာခဲ့လေသည်။

ထိုကဲ့သို့ အစော်ကားခံမည့်အစား အသေပဲ ခံလိုက်ပေမည်။

“သက်သေဖို့လည်း မစဉ်းစားနဲ့နော်။ နင်သက်သေလိုက်တာနဲ့ ဒီလူတွေကို အကုန်လုံးကို တစ်ယောက်မကျန် သတ်ပစ်မှာ။ ဒီလောကကြီးမှာ နင်တို့ ကောင်းကင်တိမ်တိုက် စံအိမ်တစ်ခုတည်း ရှိတာ မဟုတ်ဘူး။ နင်တို့ မရှိလည်း အခြား ကျင့်ကြံသူတွေရှာပြီး အစီအရင်ကို လည်ပတ်ခိုင်းလို့ရတယ်” လူငယ်လေးက မိန်းမငယ်လေးအား အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

“ခွေးသူတောင်းစားကောင်” မိန်းငမယ်လေးသည် နှုတ်ခမ်းကို ကိုက်လျက် ဆဲဆိုလေသည်။ တစ်ဖက်လူသည် လူတစ်ထောင်၏ အသက်ဖြင့် ခြိမ်းခြောက်လာသဖြင့် မိန်းမငယ်လေးလည်း မဆင်မခြင် မလုပ်ရဲတော့ချေ။

“ဟားဟား” လူငယ်လေးက အရူးတစ်ယောက်နှယ် ထရယ်လေသည် “လုပ်ထား၊ အဲ့အတိုင်းလုပ်ထား။ နင်လို့ မိန်းကလေးတွေ ဒေါသထွက်နေတာကို ကြည့်ရတာ တကယ် ပျော်စရာကောင်းတယ်။ နင်ဒေါသထွက်လေ၊ ဒီသခင်လေး ပိုကြိုက်လေပဲ”

“တဏှာရူးကောင်၊ နင်လုပ်တဲ့အတိုင်း တစ်နေ့ကျ ကျိန်းသေ ပြန်ဝဋ်လည်လိမ့်မယ်”

“ဘယ်သူက ငါ့ကို ဝဋ်လည်အောင် လုပ်ပေးနိုင်မှာလဲ။ ငါတော့ ဘယ်သူမှ မလုပ်နိုင်ဘူး ထင်တာပဲ”

မိန်းမငယ်လေး အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်၏ “ငါတို့တော့ လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် လုပ်နိုင်တဲ့ တစ်ယောက်တော့ ရှိတယ်”

ထိုလူအကြောင်းကို ပြန်စဉ်းစားမိလိုက်သည့် အခိုက်တွင် မိန်းမငယ်လေး၏ မျက်နှာထက် ဂုဏ်ယူဝံ့ကြွားသည့် အရိပ်ယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။

“တကယ်ကြီးလား” လူငယ်လေးက မိန်းမငယ်လေးအား စိတ်ဝင်တစားဖြင့် ကြည့်လျက် “ဒါဆို ပြောပါဦး၊ ဒီအစုတ်အပြတ် နေရာက ဘယ်သူကများ ဒီသခင်လေးကို ပြန်ဝဋ်လည်အောင် လုပ်ပေးနိုင်မှာလဲလို့၊ ဒီသခင်လေး တကယ် သိချင်နေပြီ”

ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို စစ်ဆေးပြီးသွားလေပြီ။ ဤတိုက်ကြီး၏ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ ပါးလျပြီး ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အလွန်ကိုမှ နိမ့်ကျပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် သူတို့ စိတ်ထင်တိုင်း သောင်းကျန်းနိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ လုပ်နေသည့်အလုပ်သည် ကျင့်ကြံရေးကြယ်ကြီး ဖျက်စီးသည့် အလုပ်ဖြစ်သည်။

ဤအကြောင်းကိုသာ ကြယ်စီရင်စုကြီးက သိသွားခဲ့လျှင် သူတို့အား မိုးမြေအဆုံး အမဲလိုက်ပေလိမ့်မည်။

“ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင်ပဲ” မိန်းမငယ်လေးက အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ ထို့နောက် “တစ်နေ့ကျရင် သူပြန်လာပြီး နင်တို့အားလုံးကို သတ်ပစ်လိမ့်မယ်”

“ဘုံကိုးခုထွတ်မြတ်နယ်မြေ” လူငယ်လေးက မျက်မှောင်ကြုတ်၍ သူဘေးနားတွင် ရပ်နေသော အနက်ဝတ် လူတစ်ဦးကို မေးလိုက်လေသည် “ဒီမှာ အဲ့လိုဂိုဏ်း ရှိတာလား”

အနက်ရောင်ဝတ်လူက ခဏမျှ စဉ်းစားပြီးနောက် “ရှိတယ်လို့ ထင်တာပဲ။ ဒါပေမယ့် ဂိုဏ်းတစ်ဂိုဏ်းလုံး နေရာပြောင်သွားကြပြီ. ဒီကလူတွေပြောတာတော့ သူတို့တွေအကုန်လုံး ကြယ်စီရင်စုထဲ ပြောင်းသွားကြတာတဲ့”

လူငယ်လေးက ခေါင်းညိတ်၍ “ကြယ်စီရင်စုထဲ သွားတာပဲ။ ဒီတော့ သူထွက်သွားပြီပေါ့။ အဲ့တော့ ဘာဖြစ်လဲ။ ကြယ်စီရင်စုထဲမှာ အသက်ရှင်ဖို့ လွယ်တယ် ထင်နေတာလား။ သူအခုတောင် အသက်ရှင်ချင်မှ ရှင်တော့မှာ။ ကြယ်စီရင်စုထဲက ပညာရှင်တစ်ယောက်ယောက်နဲ့ တိုးပြီး အသက်ပျောက်ချင် ပျောက်နေမှာ”

“တော်ဝင်သခင်က အရမ်း အံ့ဩဖို့ကောင်းတာ။ သူ့ရှိတုန်းက လူသား၊ မွန်းစတားနဲ့ နတ်ဆိုးမျိုးနွယ်စုကြီး သုံးခုစလုံးကို စုစည်းခဲ့တာ။ သူတို့လူကို နင်ဘယ်လိုလုပ်ပြီး အပုပ်ချရဲတာလဲ” မိန်းမငယ်လေးသည် လူငယ်လေးအား အထင်တသေး ကြည့်လိုက်၏။

“နင့်ကြည့်ရတာ တော်ဝင်သခင်ကို တော်တော် လေးစားတဲ့ပုံပဲ” လူငယ်လေးက မိန်းမငယ်လေးက ပြုံးကာကြည့်၍ ဆက်ပြောလိုက်လေသည် “အခု ငါနင့်ကို စော်ကားရင် အဲ့တော်ဝင်သခင်ဆိုတဲ့လူ နင့်ကို တကယ်လာကယ်မလား ငါတကယ် သိချင်နေပြီ”

ပြောပြီးသည်နှင့် လူငယ်လေးသည် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်လေသည်။

ချက်ချင်းဆိုသလို စွမ်းအားတစ်ရပ်သည် မိန်းမငယ်လေး၏ စုတ်ပြတ်နေသော အပေါ်ယံ အဝတ်အစားများကို သွားရောက် ထိမှန်လေသည်။

မိန်းမငယ်လေးသည် အလန့်တကြား အော်ဟစ်လျက် နောက်သို့ ထပ်ခါထပ်ခါ ဆုတ်သွားခဲ့သည်။

မိန်းမငယ်လေးကို စိုက်ကြည့်နေသည့် လူငယ်လေး၏ မျက်လုံးထဲ တဏှာမီးတောက်တို့ ထွက်ပေါ်လာခဲ့လေသည်။ အပေါ်ယံ အဝတ်အစားအောက်တွင် အဝတ်အစားအချို့ ရှိနေသေးသော်လည်း သူမ၏ အချိုးအစား ကျနလှသော ကိုယ်လုံးကိုယ်ပေါက်ကိုတော့ မဖုံးကွယ်နိုင်တော့‌ချေ။ သူမ၏ အတင်းအကြပ် ဖိဖုံးထားသော ဖွံ့ထွားလှသည့် စနေနှစ်ခိုင်ကို ကြည့်ရင်း လူငယ်လေး သားရေယိုလာခဲ့သည်။ နှုတ်ခမ်းကိုသပ်၍ ပြောလိုက်၏ “ငါထင်တဲ့အတိုင်းပဲ၊ နင့်ခန္ဓာကိုယ်က တကယ်ကို ထိပ်တန်းအဆင့်ပဲ”

“နင်ဘာလုပ်ချင်တာလဲ” မိန်းမငယ်လေးသည် လူငယ်လေးအား အထိတ်တလန့်ဖြင့် ပြန်စိုက်ကြည့်လိုက်လေ၏။

လူငယ်လေးက လှောင်ပြုံးပြုံးလျက် “နင်က တော်ဝင်သခင်ကို အရမ်း လေးစားနေတာမလား။ ဒီတော့ ငါက နင်တို့ နှစ်ယောက်ကို အခွင့်အရေးတစ်ခု ပေးချင်တာလေ။ မင်းသမီးလေး ဒုက္ခရောက်နေတာကို သူရဲကောင်လေးက လာကယ်တဲ့ ဇာတ်လမ်းလိုမျိုးပေါ့”

အနားတွင်ရပ်နေသော အနက်ဝတ်လူတစ်ယောက် ရယ်မောလျက် “တကယ်ကို ရေတွင်းထဲက ဖားသူငယ်တွေပဲ။ သူတို့ရဲ့ တော်ဝင်သခင်ကို စွတ်အထင်ကြီးနေလိုက်ကြတာ။ သူတို့ အရမ်း အထင်ကြီးနေတဲ့ တော်ဝင်သခင်က တကယ်တမ်း သခင်လေးရဲ့ ဖိနပ် ကိုင်ပေးဖို့တောင် အဆင့်မရှိတာကိုတော့ သူတို့ မသိကြဘူး”

“အဲ့ဒါအမှန်ပဲ” တစ်ယောက်ယောက်က ဝင်ထောက်ခံလိုက်သည်။

ထိုစကားကို ကြားသည့်အခါ လူငယ်လေးက ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

သို့သော်လည်း ထိုစဉ် လူငယ်လေး မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။ ထို့နောက်တွင် ကောင်းကင်ကို မော့ကြည့်နေရင်း ချက်ချင်း မတ်တပ်ရပ်လိုက်လေသည်။

ဥက္ကာပျံကဲ့သို့ အလင်းတန်းတစ်ခုသည် လေးကိုင်းမှ ပစ်လွှတ်လိုက်သည့် မြှားတစ်စင်းနှယ် ကောင်းကင်ထက်မှ တစ်ဟုန်ထိုး ထိုးကျလာကာ ခြောက်ထောင့်ပုံစံ အစီအရင်ကို လာရောက် ထိမှန်လေသည်။

ဘုန်း… မြေပြင်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ခြောက်ထောင့်ပုံစံ အစီအရင်လည်း ပျက်စီးသွားခဲ့လေသည်။ အစီအရင်ကို ထိန်းချုပ်နေသည့် ကျင့်ကြံသူများလည်း ပြင်းထန်သည့် အားလှိုင်းကြောင့် နောက်သို့ လွင့်ထွက်ကြကုန်၏။

“သခင်လေး၊ သတိထား” အနက်ဝတ်လူများထဲရှိ တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ သူတို့၏ သခင်လေးကို ဝိုင်းလျက် အလင်းတန်း ကျသွားသည့် နေရာဆီသို့ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်လိုက်ကြသည်။ ထို့နောက်တွင် ကောင်းကင်စိတ်အာရုံဖြင့် သူတို့အား တိုက်ခိုက်လာသူ၏ ခွန်အားကို စစ်ဆေးကြည့်လိုက်လေသည်။

သို့ရာတွင် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် သက်ရှိ လူတစ်ဦး၏ အရိပ်အယောင်ကိုပင် အာရုံမခံမိသည့်အတွက် အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။

တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ထွက်ပေါ်လာခဲ့လေသည်။

“ဘယ်သူလဲ” လူငယ်လေးက ဒေါသတကြီး ထအော်လေသည်။

ဤခြောက်ထောင့်ပုံစံ အစီအရင်ကို ခင်းကျင်းရန်အတွက် အလွန် အားစိုက်ရပေသည်။ သူလိုချင်သည့် အရာကို အောင်မြင်စွာ သန့်စင်နိုင်ခါနီးမှ တစ်ယောက်ယောက်သည် အစီအရင်ကို လာရောက် ဖျက်စီးသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဟဲဟဲဟဲ…” အစီအရင် အလယ်ဗဟိုဆီမှ ရုတ်တရက် ထွက်ပေါ်လာသည့် ရယ်သံကြောင့် လူငယ်လေး ကြက်သီးမွှေးညင်း ထသွားခဲ့သည်။ အနည်းငယ် ကြောက်ကြောက်လန့်လန့်ဖြင့် “ခွေးသူတောင်းကောင်၊ ဒီရောက်နေမှတော့ မင်းနာမည်ကို ဘာလို့ တစ်ခါတည်း မပြောတာလဲ”

“မင်းသိပြီးသားပဲ မဟုတ်ဘူးလား၊ ဘာလို့ မေးနေသေးတာလဲ”

“ငါဘာသိရမှာလဲ” လူငယ်လေး မျက်မှောင်ကြုတ်သွားခဲ့သည်။

“မင်းပဲ အခုလေးတင် ငါ့ကို အခွင့်အရေးပေးမယ်ဆိုပြီး ပြောနေတာ မဟုတ်ဘူးလား။ မင်းသမီးလေး ဒုက္ခရောက်နေတာကို လာကယ်တဲ့ သူရဲကောင်း ဖြစ်ခွင့်ပေးမယ်လို့လေ။ ငါအခု မင်းပြောတဲ့အတိုင်း လုပ်နေတာလေ…”

“မင်းသမီးလေး ဒုက္ခရောက်နေတာကို လာကယ်တဲ့ သူရဲကောင်း” လူငယ်လေး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက် သူအထင် မှန်မမှန် သေချာအောင် ပြန်မေးလိုက်လေသည် “ဒီတော့ မင်းက ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်ပေါ့”

“အန်” အဖမ်းခံထားရသည့် မိန်းမငယ်လေး မှင်သက်သွားခဲ့သည်။ မျက်လုံးအပြူးသားဖြင့် ချက်ချင်းပဲ အစီအရင်၏ အလယ်ဗဟိုဆီသို့ လှမ်းကြည့်လိုက်လေသည်။

ဖုန်းများ ရှင်းသွားသည့်နောက်တွင် အစီအရင် အလယ်ဗဟို၌ လူတစ်ယောက် တည်ငြိမ်စွာ ရပ်နေသည်ကို အကုန်လုံး တွေ့လိုက်ရလေသည်။ ထိုလူငယ်လေးသည် ယဲ့ယဲ့လေးပြုံးလျက် သူတို့အားလုံးကို စိုက်ကြည့်နေခဲ့လေသည်။

ထိုလူငယ်လေးကို မြင်သည့်အခိုက် မိန်းမငယ်လေး အလွန်ကိုမှ ဝမ်းသာသွားခဲ့လေသည်။

“တကယ်ကြီး… သူပဲ”

မိန်းကလေးသည် ရန်ကိုင်ကို မမြင်ဖူးချေ။ သို့ရာတွင် ရန်ကိုင်သည် မျိုးနွယ်စုသုံးခုကို စုစည်းပြီး အရိုးမျိုးနွယ်စုကို တွန်းလှန်ခဲ့သည့်နောက်ပိုင်း ဘုံကိုးခုထွတ်မြတ်နယ်မြေသည် အလွန်ကိုမှ ကျော်ကြားလာခဲ့သည်။ ထိုနည်းတူစွာ ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်သည်လည်း အလွန်ကိုမှ နာမည်ကျော်ကြားလာခဲ့လေသည်။

ရန်ကိုင်သည် ငယ်ရွယ်ပြီး အလားအလာရှိသည့် အပြင်ကိုမှ ရုပ်လည်း ချောသည်ဟု ကောလဟာလများက ပြောကြသည်။ ဤသို့ဖြင့် ရန်ကိုင်သည် မိန်းမပျိုလေးများ၏ သည်းသည်းလှုပ် အိမ်မက်မင်းသားတစ်ပါး ဖြစ်လာခဲ့လေသည်။ မိန်းကလေး များစွာသည် ရန်ကိုင်၏ ရုပ်ပုံကားချပ်ကို သူတို့၏ အခန်းထဲတွင် ချိတ်ဆွဲထားလေ့ ရှိကြသည်။

သူမသည် ကောင်းကင်တိမ်တိုက်စံအိမ်သခင်၏ သမီး ဖြစ်သည်။ ကောင်းကင်တိမ်တိုက်စံအိမ်ထဲရှိ မိန်းကလေး များစွာသည် ရန်ကိုင်၏ ပရိတ်သတ်များ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကိုင်၏ ပုံစံကို ရုပ်ပုံများထဲ မြင်ဖူးနေခြင်း ဖြစ်သည်။

ယခု ပေါ်လာသည့်လူသည် ရုပ်ပုံထဲရှိ လူနှင့် တစ်ထေရာတည်း ဆင်တူပေသည်။ ထို့ကြောင့် ရန်ကိုင်မှန်း ချက်ချင်း သိလိုက်ခြင်း ဖြစ်သည်။

“အစီအရင်က… တော်တော်လေး ဆိုးတာပဲ” ရန်ကိုင်က အစီအရင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် မျက်မှောင်ကြုတ်၍ အေးစက်စက် အမူအရာဖြင့် မေးလိုက်၏ “အကြီးအကဲ၊ ခင်ဗျားကော ဘယ်လိုထင်လဲ”

ရန်ကိုင်သည် သူ့ဘာသာ တစ်ယောက်တည်း စကားပြောနေသည်ဟု ထင်ရသော်လည်း မကြာခင်တွင် သူ့ဘေးနက် အနက်ရောင်ချီဖြင့် လွှမ်းခြုံထားသော လူတစ်ဦး ပေါ်လာခဲ့လေသည်။

ထိုရုတ်တရက် ပေါ်လာသည့် အနက်ရောင်လူကို ကြည့်ရင်း လူငယ်လေး ထိတ်လန့်တုန်လှုပ်သွားခဲ့လေသည်။ ချက်ချင်းပဲ ကွေ့ဇူကို စစ်ဆေးကြည့်လိုက်လေသည်။ လူငယ်လေး၏ နောက်၌ ရပ်နေသော တန်ခိုးရှင်အဆင့် နှစ်ဦးမှာတော့ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ဖြူဖတ်ဖြူလျော်ပင် ဖြစ်သွားကုန်ကြလေသည်။

“ဆိုးတာတောင် မဟုတ်တော့ဘူး။ ငါကျင့်ကြံထားတဲ့ ကျင့်စဉ်ထက်တောင် ပိုကောက်ကျစ်ရက်စက်သေးတယ်။ ဒီကောင်တွေက မင်းမွေးရပ်မြေရဲ့ မိုးမြေစွမ်းအင်ကို စုပ်ယူပြီး သန့်စင်ပစ်ဖို့ လုပ်နေတာ” ကွေ့ဇူသည် အစီအရင် အလယ်ဗဟိုရှိ ခြောက်ထောင့်ပုံစံ သလင်းကျောက်ကို ကောက်ယူစစ်ဆေးရင်း ပြောလိုက်သည်။

“ဒီထဲမှာ မိုးမြေစွမ်းအင်တွေ အများကြီးပဲ။ ဒါကို သုံးပြီး ကျင့်ကြံမယ်ဆို တော်တော် အကျိုးများမှာ။ ဒီထဲက စွမ်းအင်တွေက သူတော်စင်သလင်းကျောက်တွေလို တစ်ဆင့် စုပ်ယူပြီး သူတော်စင်ချီဖြစ်အောင် ပြောင်းပစ်စရာ မလိုဘူး။ တိုက်ရိုက်စုပ်ယူလိုက်ရုံပဲ” ကွေ့ဇူသည် ခြောက်ထောင်ပုံစံ သလင်းကျောက်ကို ရန်ကိုင်ဆီသို့ ပစ်ပေးရင်း ပြောလိုက်သည်။

ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ သလင်းကျောက်ကို လှမ်းဖမ်းလိုက်သည်။ ထို့နောက် ခေါင်းညိတ်၍ “ဟုတ်တယ်၊ တိုက်ရိုက် စုပ်ယူလို့ရတယ်”

ဤကဲ့သို့ သလင်းကျောက် ဆယ်တုံးသည် သူတော်စင်ဘုရင် အဆင့် ကျင့်ကြံသူတစ်ဦးအား နောက်တစ်ဆင့် တက်နိုင်အောင် ကူညီပေးနိုင်ပေသည်။

ထိုအကြောင်းကို သိသိချင်း ရန်ကိုင် သိပ်မယုံချင်ပင် ဖြစ်သွားခဲ့သည်။

ကျင့်ကြံသူတိုင်းသည် အဆင့်တစ်ဆင့်တက်ရန်အတွက် ဆူးခင်းလမ်းအသွယ်သွယ်ကို ဖြတ်ကျော်ရသည်။ အဆင့်တိုင်းသည် တစထက်တစ ပိုမို ခက်ခဲလာခဲ့သည်။ သို့ရာတွင် ဤခြောက်ထောင့်ပုံသလင်းကျောက်သည် ကျင့်ကြံသူများအတွက် ဖြတ်လမ်းတစ်ခုလို ဖြစ်နေခဲ့၏။

ဤကဲ့သို့ သလင်းကျောက်သာ အလုံအလောက်ရှိလျှင် ကျင့်ကြံသူတစ်ဦးအနေဖြင့် အလွန် လျင်မြန်သည့်နှုန်းဖြင့် အဆင့် တက်နိုင်ပေလိမ့်မည်။ သို့ရာတွင် သိုင်းတာအိုကိုလည်း ကောင်းမွန်စွာ နားလည်ထားရန်တော့ လိုပေသည်။

“ငါ့စိတ်ဝိဥာဉ်ဝါးမြိုခြင်းအစီအရင်ကို ဖျက်စီးရုံတင် မဟုတ်ဘူး။ ငါ့ရဲ့ စိတ်ဝိဥာဉ်ဝါးမြိုခြင်းသလင်းကျောက်ကိုပါ မင်းတို့ ဘယ်လိုယူရဲတာလဲ” လူငယ်လေးက ဒေါသတကြီး ထအော်လေသည်။ သို့သော်လည်း သူပြောပြီးပြီးချင်းမှာပင် သူ့နောက်တွင် ရပ်နေသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူသည် ချက်ချင်း သူ့ပါးစပ်ကို လှမ်းပစ်လိုက်လေသည်။

ရုတ်တရက်ကြီး သူ့ပါးစပ် အပိတ်ခံလိုက်ရသည့်အတွက် လူငယ်လေး ပို၍ ဒေါသထွက်သွားခဲ့လေသည်။ အော်ဆဲတော့မည်အပြု တန်ခိုးရှင်အဆင့် ကျင့်ကြံသူက တုန်တုန်ရီရီဖြင့် သူ့အား တိုးတိုးလေး ပြောလိုက်လေသည် “ဒီသခင်လေး၊ ဒီနှစ်ယောက်က အရမ်း အားကောင်းတယ်။ ကျေးဇူးပြုပြီး သူတို့ကို သွားရန်မပါနဲ့”

“အရမ်း အားကောင်းတာလား” လူငယ်လေး ထိတ်လန့်သွားခဲ့သည်။ ယခုမှပဲ သူ့အခြေအနေသူ နားလည်သွားတော့သည်။ အစောပိုင်း ရန်ကိုင်နှင့် ကွေ့ဇူ၏ ကျင့်ကြံခြင်းကို မမြင်နိုင်သဖြင့် အရမ်းကြီး အာရုံမစိုက်ခဲ့ချေ။ ရန်ကိုင်နှင့် ကွေ့ဇူသည် အားကောင်းလျှင် သူ့အား ကာကွယ်ပေးမည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး သူ့ဘေးတွင် ရှိနေသေးသည်။

သို့သော် ယခု သေသေချာချာ ကြည့်ကြည့်လိုက်သည့်အခါ သူ့ဘေးတွင် ရပ်နေသော တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦး ဖြူဖတ်ဖြူလျော် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ချက်ချင်းပဲ သူ့တစ်ကိုယ်လုံး ချွေးအေးများဖြင့် စိုရွှဲလာတော့၏။

All Chapters