← Chapters

မိစ္ဆာပိုင် လာပြီ

Vol. 6 Ch. 537

မိစ္ဆာပိုင် လာပြီ

Vol. 6 Ch. 537

လမ်းတစ်လျှောက်တွင် ပိုင်ရှောင်ချန်းက သူ၏မျက်နှာဖုံးအား တပ်ဆင်ရန် စဥ်းစားနေသည်။ သို့သော်လည်း ဘေးပတ်လည်တွင် များပြားလှသည့်လူများ ရှိနေရာ ထိုသို့လုပ်ရန် အဆင်မပြေသည့်အတွက်ကြောင့် သူလုပ်နိုင်သည်က လူအုပ်အတွင်း ဆူပုတ်ပုတ်မျက်နှာေပးနှင့် သူ၏နေရာတွင် ဆက်လက်နေခြင်းသာ ဖြစ်လေသည်။

လက်တလောတွင် သူ့ကိုယ်သူလုံခြုံအောင် မည်သို့ကာကွယ်ရမည်ကို ကြံစည်နေလေသည်။ သို့သော်လည်း ယခုအချိန်တွင် အကြံအစည်အသစ်များထုတ်၍မရခဲ့ပေ။ သူစဥ်းစားမိသည့် တစ်ခုတည်းသောအရာမှာ ဝင်္ကပါထဲတွင် အခွင့်အရေးရသည်နှင့် သူ၏မျက်နှာဖုံးကိုတပ်ဆင်ကာ သူ့ရုပ်ကို ပြောင်းလဲပစ်ရန်ဖြစ်လေသည်။

" အဲဒါကငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ"

သူက တင်းမာခက်ထန်ကာ ရှုံ့မဲ့နေသောမျက်နှာဖြင့် တွေးတောလိုက်သည်။

……

ချိန်ဟဲ့ထျန်က သူ၏ ကျင့်ကြံသူသုံးသောင်းပါသောအဖွဲ့ကို အနက်ရောင်တောက်ပနေသော ကျောက်တိုင်ကြီးကိုးခုနှင့် သူတို့၏အောက်ခြေရှိဝင်္ကပါဆီသို့ ဦးဆောင်နေစဥ် မြေရိုင်းသားအင်အားစုများမှာလည်း အလားတူလုပ်ဆောင်နေကြသည်။

တကယ်တမ်းတွင် နတ်ဝိညာဥ်နှင့်နှိုင်းယှဉ်လျှင် စစ်ကအကျိုးသက်ရောက်မှုအနည်းငယ်သာရှိသည်။ တိုက်ပွဲများက မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး မဟာတံတိုင်းက အကြိမ်ကြိမ်အင်အားတောင့်တင်းစွာ ရပ်တည်နိုင်ခဲ့သည်။

ကံမကောင်းစွာပင် မြေရိုင်းသားတို့အတွက် နတ်ဝိညာဥ်များမှာ ဖီးနစ်ငှက်မွှေးများနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးလေသည်။ ထို့ကြောင့် တစ်ခုပေါ်လာတိုင်း ၎င်းက အရာရာတိုင်း၏အရေးအကြီးဆုံး ရှုထောင့်ဖြစ်လာသည်။ မဟာတံတိုင်းသားများကဲ့သို့ သူတို့က ဝင်္ကပါမှာ ထောင်ချောက်တစ်စုံတစ်ရာ ဟုတ်၊မဟုတ်နှင့် ပတ်သက်၍ မှားယွင်းသောအတွေးအခေါ်များ ရှိခဲ့သည်။ သို့သော်လည်း သခင်မလေးဟုန်ချိန်မှာ ပထမဆုံးအနက်ရောင်ကျောက်တိုင်ပေါ်လာကတည်းက ထိုနေရာနှင့် ပတ်သက်၍ ထင်မြင်ချက်အချို့ဖြင့် ချက်ချင်းရောက်ရှိလာခဲ့သည်။

နောက်ပိုင်းတွင်ကျောက်တိုင်တစ်ခုတည်းမှ ကိုးခုအဖြစ် ပြောင်းလဲထွက်ပေါ်လာသောအခါ သူမ၏ထင်မြင်ချက်များမှာ မှန်ကန်ကြောင်းအတည်ပြုခဲ့သည်။

"အဲတာက ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်ရဲ့သင်္ချိုင်းဂူဆယ်ခုထဲက တစ်ခုဆိုတာသေချာတယ် "

သခင်မလေးဟုန်ချိန်က လင်းလက်နေသည့်အနက်ရောင် ကျောက်တိုင်ကိုးခုကို မြင်လိုက်ပြီး သူမ၏ဖခင်က သူမအားပြောပြခဲ့သည့်သမိုင်းကြောင်းကို ချက်ချင်းပြန်အမှတ်ရသွားသည်။

ကောင်းကင်တံတားကျွန်းမှ ကောင်းကင်ဧကရာဇ် ဦး ဆောင်သောပုန်ကန်မှု မဖြစ်မီက ကောင်းကင်တံတားနယ်မြေဟုခေါ်တွင်ခြင်းမဟုတ်ပဲ ဗဟိုဧကရာဇ်နယ်မြေ ဟုခေါ်တွင်ခဲ့သည်။ ထို့အပြင် ထိုနယ်မြေများတွင် အုပ်စိုးခဲ့သည့်ဧကရာဇ်မင်းနှစ်ပါးရှိခဲ့သည်။ တစ်ဦးမှာ ဗဟိုဧကရာဇ်ဖြစ်ပြီး နောက်တစ်ဦးမှာ ငရဲဧကရာဇ် ဖြစ်သည်။

ဗဟိုဧကရာဇ်က ဘိုးဘေးမြစ်ကို အပိုင်စားရပြီး ငရဲဧကရာဇ်က မြေအောက်ကမ္ဘာမြစ်ကို အပိုင်စားရလေသည်။ ဘိုးဘေးမြစ်မှာ မျက်မှောက်ခေတ်တွင် ကောင်းကင်တံတားမြစ်ဖြစ်လာသည်။

ဗဟိုဧကရာဇ်က သက်ရှိများအား တာဝန်ယူကာ ငရဲဧကရာဇ်က ဝိညာဥ်များအား တာဝန်ယူလေသည်။

တစ်ခုမှာကမ္ဘာပေါ်ရှိ လူသားများဖြစ်တည်မှုဖြစ်ပြီး နောက်တစ်ခုမှာ လူသားတို့၏ယုံကြည်ကိုးစားမှုဖြစ်သည်။

ဒုတိယမျိုးဆက် ဗဟိုဧကရာဇ် သက်တမ်းမကုန်ဆုံးမီ သူက သင်္ချိုင်းဂူဆယ်လုံးကို ဆောက်လုပ်ရန် ကောင်းကင်နှင့်မြေပြင်ရှိ သက်ရှိအရာအားလုံး၏စွမ်းအင်များကို အသုံးပြုခဲ့သည်။ ပထမဦးဆုံးသင်္ချိုင်းဂူမှာ သူ၏ရုပ်ကလာပ်တည်ရှိရာ နေရာအမှန်၌ဖြစ်ပြီး ထာဝရဖွင့်လှစ်၍မရပဲ ကျန်ရှိနေပေလိမ့်မည်။ သို့သော်လည်း သူသေဆုံးသွားပြီးနောက် အခြားသင်္ချိုင်းဂူကိုးခုတွင်စျာပနပစ္စည်းများနှင့် များပြားလှသော အမွေအနှစ်များစွာကို ထားရစ်ခဲ့လေသည်။

သင်္ချိုင်းဂူများကိုထားခဲ့သည့် သူ၏ရည်ရွယ်ချက်တစ်ခုလုံးမှာ သူ၏နောက်ပိုင်းမျိုးဆက်များ အင်အားကြီးသောရန်သူနှင့် ရင်ဆိုင်ရမည်ဆိုလျှင်အသုံးပြုနိုင်ရန်ဖြစ်သည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူတို့ကပြန်လည်တိုက်ခိုက်နိုင်သည့်စွမ်းအားများ ရရှိရန်သင်္ချိုင်းဂူများကို အားထားနိုင်သည်။ အမှန်တွင် သင်္ချိုင်းဂူများအား အတားအဆီး မန္တန်ဝင်္ကပါများဖြင့် ကာကွယ်ထားပြီး ၎င်းတို့အား လူအများ ရှာဖွေ တွေ့ရှိနိုင်ရန် မဖြစ်နိုင်ပေ။

သင်္ချိုင်းဂူများ၏တည်နေရာကို ဗဟိုဧကရာဇ်မှ နောက်မျိုးဆက်များစွာဆီသို့ လျှို့ဝှက်ချက်အား ထိန်းသိမ်းရင်းလက်ဆင့်ကမ်းခဲ့သည်။ သို့သော်လည်း ပဉ္စမမြောက်မျိုးဆက် ဗဟိုဧကရာဇ်အုပ်ချုပ်ချိန်တွင် မျှော်လင့်မထားခဲ့သော အရာတစ်ခုဖြစ်ပွားခဲ့သည်။

သူက ရုတ်တရက် မမျှော်လင့်ပဲသေဆုံးခဲ့ရပြီး သူ၏လျှို့ဝှက်ချက်များအားလုံးကို လွှဲပြောင်းပေးခဲ့ရန် အခွင့်အရေးမရခဲ့ပေ။ ထိုကြောင့် ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်၏ သင်္ချိုင်းဂူတည်နေရာများမှာ မဖြေရှင်းနိုင်သည့် လျှို့ဝှက်ချက်များဖြစ်လာသည်။

နဝမမြောက်မျိုးဆက် ဗဟိုဧကရာဇ်လက်ထက်၌ ကောင်းကင်တံတားမှာ ထင်ပေါ်ကျော်ကြားလာခဲ့သည်။ နိုင်ငံပေါင်းများစွာကပုန်ကန်ခဲ့ကာ ကမ္ဘာ၏အုပ်ချုပ်သူများမှာလည်း ပြောင်းလဲသွားခဲ့သည်။ ပြိုကွဲပျက်စီးလျက် အသက်ရှင်ကျန်ရစ်ခဲ့သော ဗဟိုဧကရာဇ်၏ မျိုးဆက်များက မြေရိုင်းဒေသများဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးဒုတိယမျိုးဆက် ဗဟိုဧကရာဇ်၏ သင်္ချိုင်းဂူများအကြောင်းမှာ ဒဏ္ဍာရီပုံပြင်များအဖြစ်သာကျန်ရစ်ခဲ့တော့သည်။

သခင်မလေးဟုန်ချိန်က ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်၏ သင်္ချိုင်းဂူများထဲမှတစ်ခု ဖြစ်နိုင်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေမိသည်။

" သင်္ချိုင်းဂူတစ်ခုချင်းစီမှာ ဂူပေါင်းများစွာဝန်းရံထားလိမ့်မယ်။ အဲဒီဂူတစ်ခုချင်းစီမှာ နတ်သားရဲတွေရဲ့အကြွင်းအကျန်တွေရှိလိမ့်မယ်။ အဲဒီထဲမှာ နတ်မီးလျှံစမ်းသပ်ပွဲနဲ့ ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေပါတဲ့ ကျောက်တိုင်တစ်တိုင်လည်းရှိလိမ့်မယ်။ ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်ရဲ့သင်္ချိုင်းဂူတွေကလွဲပြီး နတ်ဝိညာဉ်တစ်ခုကို ဆုလာဘ်အဖြစ်တိုက်ရိုက်ပေးတဲ့ နေရာကို ငါစဉ်းစားလို့မရခဲ့ဘူး "

သူမက သူမ သိသည့်အကြောင်းကို မည်သူ့ကိုမျှမပြောခဲ့ပေ။ သို့သော် တချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိလူအနည်းငယ်သာလျှင် ဒုတိယမျိုးဆက် ဗဟိုဧကရာဇ်၏အကြောင်းကို ကြားဖူးကြသည်မှာ သေချာသည်။ နတ်ဝိညာဥ်ဟု ပြောဆိုလိုက်ရုံမျှဖြင့် ဒေသခံဝိညာဥ်ကျင့်ကြံသူများအားလုံးကို သွေးရူးသွေးတမ်း ဖြစ်အောင်လုပ်ဆောင်နိုင်ပြီး မသင်္ကာမှုများကိုပါ ရှောင်ရှားနိုင်သည့်အတွက် သူမက သူတို့၏လှုပ်ရှားမှာများကို တားဆီးခြင်းမရှိခဲ့ပေ။

အမှန်စင်စစ်အားဖြင့် ဝိညာဥ်ကျင့်ကြံသူများစွာက ဝင်္ကပါထဲသို့ တချိန်တည်းဝင်ရောက်စူးစမ်းလေ့လာခြင်းက သူမ၏ရည်ရွယ်ချက်အမှန်ကို လွယ်လွယ်ကူကူ ဖုံးကွယ်ထားနိုင်ပြီး ဝင်္ကပါလမ်းအတိုင်း သူမဘာသာလျှောက်သွားရန် ပိုမိုလွယ်ကူစေသည်။

ထိုအရာများကြောင့် ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများအားလုံးကို ဝင်္ကပါထဲသို့ တဟုန်ထိုးဝင်ရောက်စေခြင်းဖြစ်သည်။

သူတို့ထဲမှအများစုက စစ်မြေပြင်တွင် တစ်ခါမှ မတိုက်ခိုက်ဖူးကြပဲ မြေရိုင်းဒေသ၏ အင်အားကြီးအုပ်စုများမှ မဟုတ်ကြချေ။ သူတို့မှာ အဓိကအားဖြင့် သင်းကွဲကျင့်ကြံသူများဖြစ်ကြပြီး အုပ်စုဖွဲ့၍ပေါ်လာကြသည်။

ညနေခင်းသို့ချဉ်းကပ်လာသည်နှင့်အမျှ ကောင်းကင်တွင် အမှောင်ထုကကြီးစိုးလာကာ ဝင်္ကပါ၏အပြင်ဘက် ဝင်ပေါက်တွင် များပြားလှသောပုံသဏ္ဍာန်လေးများ စတင်၍ ပေါ်လာသည်။ ယခုအချိန်မှာ ဝင်္ကပါဝင်ပေါက်ဖွင့်ရန် စောလွန်းသေးသည်။ ထို့ကြောင့်အသစ်ရောက်ရှိလာသော လူသစ်များက သုံးဦးမှငါးဦးစသည်ဖြင့် အုပ်စုများဖွဲ့ကာ အတူတကွစုရုံးနေကြသလို တစ်ဦးတစ်ယောက်တည်းစောင့်နေသူများလည်းရှိသည်။

ညနေခင်းအချိန်ရောက်ရန် နီးကပ်လာသည်နှင့်အမျှ မဟာတံတိုင်းကြီးရှိရာအရပ်မှ အလင်းတန်းပေါင်းသုံးသောင်းထွက်လာချိန်တွင် တဂျုန်းဂျုန်းမြည်ဟည်းသံများ လေထုထဲတွင်ပြည့်နှက်လာသည်။ ရုတ်ရုတ်သဲသဲသဲသဲဖြစ်ခြင်းက မြေရိုင်းသားဝိညာဉ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများ၏အာရုံကို ချက်ချင်းပင်ဆွဲဆောင်နိုင်ခဲ့ပြီး သူတို့၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များဖြင့် တလက်လက်တောက်ပလာသည်။

မကြာမီ ရုတ်ရုတ်သဲသဲ လှုပ်ရှားသံများ ကျယ်လောင်လာသည်။

" သူပုန်တွေ"

" ဟမ်း..။ မဟာတံတိုင်းဘက်က သူပုန်တွေပဲကွ။ များလိုက်တဲ့ကောင်တွေ "

" ဟုတ်တယ်။ဒါနဲ့ဘာဖြစ်မှာလဲ။ ဒီနေရာက မြေရိုင်းဒေသပဲ။ ပြီးတော့ ငါတို့က မြင့်မြတ်တဲ့သူတွေ"

သို့သော်လည်း မဟာတံတိုင်းအုပ်စုက ကြီးမားသော်လည်း ထိုနေရာတွင်ဝိညာဥ်ကျင့်ကြံသူပေါင်း အနည်းဆုံး တစ်သိန်းခန့်ရှိလေသည်။

ချိန်ဟဲ့ထျန်က လူသုံးသောင်းအဖွဲ့ကို ဦးဆောင်လာကာ နီးကပ်လာစဥ် သူတို့အား ကြည့်နေသည့် အေးစက်စက်အကြည့်များကိုမြင်လိုက်ရသောအခါ သူက နှာမှုတ်လိုက်လေသည်။

ထိုနှာမှုတ်သံက မြေရိုင်းသားများ၏နားထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ရိုက်ခတ်သွားပြီး မဟာတံတိုင်း၏ကျင့်ကြံသူများကို ဦးဆောင်လာသည့်လူမှာ မည်သူဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် မည်သူမျှ သူတို့၏ ထိတ်လန့်မှုကိုမဖုံးကွယ်နိုင်ခဲ့ပေ။

သို့သော်လည်း ချိန်ဟဲ့ထျန်ကစတင်တိုက်ခိုက်ရန် စိတ်ဝင်စားခြင်းရှိမနေပေ။ သခင်မလေးဟုန်ချိန်၏အငွေ့အသက်က သူ့အပေါ်ကျရောက်နေကြောင်း သူ ခံစားလိုက်ရသည်။ သူကဲ့သို့ပင် သူမသည်လည်း ဝင်္ကပါအတွင်းသို့ ဝင်ရောက်ရန်စိတ်ဝင်စားဟန်တူသည်။

ထို့ကြောင့် ချိန်ဟဲ့ထျန်က အေးစက်စက်နှာမှုတ်လိုက်ရုံမှလွဲ၍ ပတ်ဝန်းကျင်ရှိမြေရိုင်းသားများအား မည်သို့မျှမလုပ်ပေ။ သူတို့အား ကြည့်ပင်မကြည့်ချေ။ ညနေခင်းသို့ ရောက်ရှိလာမည်ကို ဝင်ပေါက် အပြင်ဘက်မှနေ၍ သူက စောင့်ဆိုင်းနေသည်။

ပိုင်ရှောင်ချန်းက စစ်သားသုံးသောင်းကြားတွင် သူ့ကိုယ်သူ ဖုံးကွယ်နိုင်ရန်ကြိုးစားနေသည်။ ထို့အပြင် သူ့အား မည်သည့်ဝိညာဥ်ကျင့်ကြံသူကမှ မမှတ်မိရန် မျှော်လင့်နေသည်။ သူက လူအုပ်အကြားတွင် ဖြည်းဖြည်းချင်းရွေ့နေပြီး အရပ်ရှည်ကာ တုတ်ခိုင်သန်မာသော လူ၏နောက်တွင်ပုန်းလိုက်သည်။ ထို့နောက် ထိုလူ၏လက်မောင်းကြားထဲမှချောင်းကာ အရှေ့ဘက်ရှိနေရာများဖြစ်သော တွင်းများနှင့်ချိုင့်များကိုကြည့်လိုက်သည်။ ထိုနေရာသည် သူနောက်ဆုံး ရှိခဲ့စဥ်ကအတိုင်း မဟုတ်တော့ချေ။

တွင်းများ၏အလယ်တွင် ရှိနေသည်မှာ အကြီးမားဆုံးတွင်းကြီးဖြစ်ကာ မီးခိုးရောင်တောက်ပနေသောအကာအကွယ်အလွှာလေး ဖုံးလွှမ်းနေသည်။ ကြည့်ရသည်မှာ ထိုနေရာက ပိတ်ထားပြီး မည်သူမျှဝင်၍ ရပုံမရချေ။

ထိုတွင်း၏အပြင်ဘက်တွင် မီတာသုံးဆယ် မြင့်မားသောကျောက်တိုင်တစ်ခုရှိပြီး ရှေးဟောင်းအငွေ့အသက်များဖြာထွက်နေပြီး ၎င်းက မရေမတွက်နိုင်သည့်နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့သည့်အလား ဖြစ်နေသည်။

ပကတိမျက်စိဖြင့်ဖတ်ရန် ခဲယဥ်းလွန်းလှသည့် အလွန်သေးငယ်လွန်းသော စာကြောင်းများကို ကျောက်တိုင်ပေါ်တွင် တွေ့မြင်ရနိုင်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံဖြင့် အမြင်အာရုံကို မြှင့်တင်၍ကြည့်ပါက ထိုစာသားများအား ကြည်လင်ပြတ်သားစွာ မြင်ရနိုင်လိမ့်မည်။

"ဝင်္ကပါ၏အောက်ခြေတွင် နတ်မီးလျှံစမ်းသပ်ပွဲများရှိ၏။ ဝင်္ကပါထဲသွား၍ နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုကို အောင်မြင်အောင်လုပ်ပါ။ ပထမ နေရာရရှိသည့် မည်သူမဆို နတ်ဝိညာဥ်တစ်ခုအား ရရှိပေလိမ့်မည်"

ထိုစာသားကိုအလျင်အမြန်ဖတ်လိုက်ပြီးနောက် ပိုင်ရှောင်ချန်းက ထပ်မံ၍ အာရုံမစိုက်တော့ပေ။ အမှန်တကယ် သူစိုးရိမ်ပူပန်သည့် အဓိကအချက်မှာ သူ၏သနားစရာအသက်ကလေးကိုသာ ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်သည်။

ထို့ကြောင့် သူက ခေါင်းကိုငုံ့ထားပြီးမြေရိုင်းသားများ၏ တတွတ်တွတ်စကားစမြည်ပြောဆိုမှုများကို ကြိုးစား၍ နားစွင့်နေ၏။ တစ်ခါတရံ သူရှိရာဘက်သို့ ကြည့်ရှုလာကြသည့် မြေရိုင်းသားများ၏ အကြည့်ကြောင့် သူ အလွန်တရာ စိတ်မသက်မသာဖြစ်လာသည်။

" သူတို့ငါ့ကိုမမြင်လောက်ပါဘူး"

သူက တစ်ကိုယ်ထဲ ပြောလိုက်သည်။

"သူတို့ငါ့ကိုမမြင်လောက်ပါဘူး"

သူ့အား လူများသတိမထားမိစေရန် သူက ဘေးဘက်ဆီသို့ အနည်းငယ်လှည့်လိုက်သေးသည်။

သို့သော်လည်း ထိုနေရာတွင် ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများရှိနေကြပြီး သူတို့က နေရာတိုင်းမှာ စုရုံးနေကြသည်။ ထို့အပြင် အများစုမှာ အချိန်တိုင်းထွက်ပေါ်လာနေသည်။ ပိုင်ရှောင်ချန်းက လူအုပ်ကြားထဲတွင် ပုန်းအောင်းရန်ကြိုးစားနေသော်လည်း လူပေါင်းသုံးသောင်းခန့်က လုံးဝထင်းခနဲမြင်သာနေလေရာ ဝိညာဥ်ကျင့်ကြံသူများနှင့် လူ့ဘီလူးများအားလုံးက ကြည့်လာကြတော့သည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ပိုမိုကောင်းမွန်သောနည်းလမ်းဖြင့် ပုန်းအောင်းနိုင်ခဲ့လျှင်ပင် သူ့ကိုယ်သူမမြင်ရအောင် ပြုလုပ်နိုင်မည်မဟုတ်ပေ။ လူများက သူ့ကိုရှာတွေ့မည်မှာ မလွဲဧကန်ဖြစ်ပြီး အကယ်၍ သူ့ကိုယ်သူဖုံးကွယ်ရန် သာမန်ကာလျှံကာ နည်းလမ်းများကို အသုံးပြုခဲ့လျှင်ပင် သူတို့က သူ၏အငွေ့အသက်အား ရှာဖွေသတိပြုမိသွားနိုင်သည်။

ထိုသို့တွေ့ရှိသွားမည်ကို ရှောင်ရှားနိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ သူ၏မျက်နှာဖုံးကို၀တ်ဆင်လိုက်ခြင်းသာဖြစ်သည်။ သို့သော်လည်း ပတ်ပတ်လည်တွင် လူအများအပြားရှိနေသည့်အပြင် မျက်စိသုံးလုံးအဘိုးကြီးကလည်း သူက ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်စွမ်းရှိကြောင်း ကျိန်းသေသိရှိသွားလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် ယခင်ကထက် အန္တရာယ်များကို ပိုကြံုရပေလိမ့်မည်။ သူအကောင်းမွန်ဆုံးလုပ်ရမည်မှာ ဝင်္ကပါထဲတွင် သူ၏မျက်နှာဖုံးအားတပ်ဆင်နိုင်မည့် အချိန်အခါကိုသာ စောင့်ဆိုင်းရန်ဖြစ်ပေသည်။

သူ့ကိုယ်သူဖုံးကွယ်နိုင်ရန် သူကကိုယ်ကိုကျုံ့ထားသော်လည်း ဝိညာဉ်ကျင့်ကြသူတစ်ဦး က သူ့အားသတိပြုမိသွားသည်။

ချက်ချင်းပင် အနှီလူငယ်လေးမှာ မျက်လုံးပြူးသွားလေသည်။ ပိုင်ရှောင်ချန်းရှိရာအရပ်အား ညွှန်ပြလျက် သူကအော်ပြောတော့သည်။

" မိစ္ဆာပိုင်..။ ကျုပ် မိစ္ဆာပိုင်ကို အခုလေးတင် မြင်လိုက်ရတယ်"

သူ၏ ကျယ်လောင်သည့်အသံကထိုနေရာရှိ ဝိညာဥ်ကျင့်ကြံသူအားလုံးကို ကြားသွားစေခဲ့သည်။ ပါးစပ်အဟောင်းသားဖြင့် သူတို့အားလုံးက သူညွှန်ပြသည့်နေရာအား လှည့်ကြည့်လာကြတော့သည်။

စိတ်ထဲတွင် ပိုင်ရှောင်ချန်းမှာ စိုးရိမ်ပူပန်လျက် အော်ဟစ်နေလေသည်။ စောစောက သူသည်သူ့ကိုယ်သူကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်သည်ဟု ခံစားခဲ့ရပြီး တစ်စုံတစ်ဦက သူ၏အမည်အား ယုတ်ယုတ်မာမာ အော်ပြောလိုက်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ချေ။

ဓားသွားကဲ့သို့ စူးရှလှသည့် အကြည့်ပေါင်းများစွာက သူ့အပေါ်ကျရောက်နေပြီး လူတိုင်းက သူ၏မျက်နှာအား ပြတ်သားစွာမမြင်ရနိုင်သော်လည်း သူ့အားမြင်သူများစွာရှိနေသည်။

" မိစ္ဆာပိုင် "

" အဲဒါမိစ္ဆာပိုင်ပဲကွ။ ကျုပ် သူ့ရဲ့ကျောဘက်ပဲမြင်ပေမဲ့ သူမှန်း တန်းသိတယ်။ ဟားဟားဟား… မိစ္ဆာပိုင်က ဒီရောက်နေမယ်ဆိုတာ လုံးဝ မယုံနိုင်ဘူး"

" တကယ်ကြီး မိစ္ဆာပိုင် ဖြစ်နေတာပဲ "

All Chapters