← Chapters

အခန်း (၁၈၆၆-၁၈၇၀)

Vol. 75 Ch. 1866-1870

အခန်း (၁၈၆၆-၁၈၇၀)

Vol. 75 Ch. 1866-1870

အပိုင်း (၁၈၆၆)

ရန်ကိုင်သည် ကျိဝူကျိအားကြည့်၍ ယဲ့ယဲ့လေးပြုံးလျက် “ဘာလို့ သိချင်တာလဲ”

ကျိဝူကျိက အလျင်အမြန် ပြန်ပြောလိုက်သည် “ကမ္ဘာပျက်က ကျုပ်အဖေလို လူမျိုးတောင် သေသွားခဲ့ရတဲ့ နေရာဆိုတော့ ကျုပ်အစ်ကို အဲ့မှာ လုံးဝ လုံခြုံမှာမဟုတ်ဘူး။ သူအခု အသက် ရှင်နေနိုင်သေးတာ ခေါင်ချုပ်ကြောင့် ဖြစ်ချင်ဖြစ်နေမှာ။ ဒီတော့ သူရှိမယ့်နေရာကို သိမယ့်လူဆိုလို့ ခေါင်ချုပ်ပဲ ရှိမယ်ထင်လို့ မေးကြည့်တာပါ”

“ဒီတော့” ရန်ကိုင်က မျက်ခုံးပင့်၍ “သခင်လေးဝူကျိရဲ့ သဘောက သခင်လေးရဲ့ အကြီးဆုံးအစ်ကိုကို သခင်လေးလက်ထဲ အပ်ခိုင်းစေချင်တဲ့ သဘောပေါ့”

ကျိဝူကျိက ကမန်းကတန်း လက်ဝှေ့ရမ်း၍ “အဲ့လို မဟုတ်ပါဘူး။ အကြီးဆုံးအစ်ကိုနဲ့ ဝူကျိက အခု တစ်လှေတည်းစီးတွေ ဖြစ်နေကုန်ကြပြီ။ အဖေ သေသွားတာတောင် မကြာသေးတာကို ဝူကျိက ဘယ်လိုလုပ်ပြီး အကြီးဆုံးအစ်ကိုကို မကောင်းကြံချင်စိတ် ရှိမှာလဲ။ ဝူကျိ သိချင်တာက ခေါင်ချုပ် ခရမ်းကြယ်ကို ရောက်လာတာ အကြီးဆုံးအစ်ကိုကများ လာခိုင်းလိုက်တာကြောင့်များလားလို့ပါ”

“သူက လာခိုင်းရအောင် ဒီဘုရင်က ဘယ်သူမို့လို့လဲ။ ခရမ်းကြယ်ရဲ့ သခင်လေး ဖြစ်တာနဲ့ ဒီဘုရင်က သူခိုင်ချင်းတိုင်း ခိုင်းလို့ရရောလား” ရန်ကိုင်က ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသည့်အခါ ကျိဝူကျိ ပျော်သွားလေသည်။ ချက်ချင်းပဲ ခေါင်းညိတ်၍ “အဲ့လိုဆို ရှင်သွားပြီ။ အဖေ သေသွားတော့ ခရမ်းကြယ် အပြင်လူတွေလက်ထဲ ရောက်သွားမှာကို မကြည့်ရက်လို့ ခေါင်ချုပ် ခရမ်းကြယ်ကို ရောက်လာခဲ့တာပေါ့။ အဲ့ဒါဆို ဝူကျိအဖေ စိတ်အေးအေးနဲ့ အနားယူလို့ပြီ။ ဒါကြောင့် ကျေးဇူးပြုပြီး ဝူကျိကို ကူညီပေးဖို့ ခေါင်ချုပ်ကို တောင်းဆိုပါတယ်”

ရန်ကိုင်ကမူ တိတ်နေခဲ့လေသည်။

ကျိဝူကျိကမူ သံကိုပူတုန်း ထုထားရန် ကြိုးစားလိုက်၏ “ဝူကျိရဲ့ အကြီးဆုံးအစ်ကိုကို ခေါင်ချုပ် မြင်သွားပြီးပြီဆိုတော့ သူဘယ်လိုလူမျိုးလဲ သိလောက်မှာပေါ့။ ခေါင်ချုပ် အမြင်အရဆို ဝူကျိနဲ့သူ ဘယ်သူက ဆက်ခံသူ ပိုဖြစ်သင့်တယ်လို့ ထင်ပါလဲ”

ကျိဝူကျိသည် သူ့ရည့်ရွယ်ချက်ကို ဖုံးကွယ်မနေတော့ပေ။

ရန်ကိုင်က ပြန်ပြောလိုက်၏ “ကျိတုန်က အရည်အချင်း မဆိုးသေပေမယ့် အကွက်ချကြံစည်တဲ့ နေရာမျိုးမှာတော့ သခင်လေးဝူကျိကို မမှီဘူး။ သူ ပညာရှင်တစ်ယောက် ဖြစ်လာရင် ဖြစ်လာလိမ့်မယ်။ အုပ်ချုပ်သူတစ်ပါးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး”

“ခေါင်ချုပ်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးအများကြီး တင်ပါတယ်” ကျိဝူကျိသည် ချက်ချင်းပဲ ပြန်ပြောလိုက်၏ “အဖေနဲ့ အကြီးဆုံးအစ်ကို ပျောက်နေတာ နှစ်နှစ်လောက် ရှိနေပါပြီ။ သူတို့ ပျောက်နေတဲ့အချိန်အတွင်း အကြီးအကဲချုပ်က သူ့တို့နေရာကို မျက်စောင်းထိုးနေခဲ့တာပါ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် မကြာခင် ခရမ်းကြယ်က အုပ်ချုပ်သူ ပြောင်းလဲသွားတော့မှာ သေချာသလောက်ပါပဲ။ ခေါင်ချုပ်က ဝူကျိ အဖေဆီကနေ ခေါင်ချုပ် တံဆိပ်ပြားကို လက်ခံထားတာဆိုတော့ အဲ့လိုမျိုးဖြစ်မှာကို မမြင်ချင်လောက်ဘူးလို့ ဝူကျိ ထင်ပါတယ်။ ခေါင်ချုပ်သာ ကူညီပေးမယ်ဆိုရင် ဝူကျိ ကျိန်းသေ အောင်မြင်မှာပါ”

“မင်းကိုယ်မင်း အဲ့လောက်တောင် ယုံကြည်တယ်ပေါ့” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျိဝူကျိက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလိုက်လေသည် “ကျုပ်တို့ ကျိမိသားစုက ခရမ်းကြယ်ရဲ့ ထိပ်တန်းမိသားစုတစ်ခုပဲလေ။ ဝူကျိက အမြဲတမ်း နှိမ့်ချပြီး နေလာခဲ့တာ။ အခု အဲ့သက်ကြားအိုကြီး သောင်းကျန်းနေလို့ ထွက်လာခဲ့တာ။ ဒါပေမယ့် ထွက်မလာခင်ကတည်းက အကုန် သေချာပြင်ပြီးသွားပြီ။ လိုနေတာဆိုတဲ့ အဲ့သက်ကြားအိုကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ လူတစ်ယောက်ပဲ ရှိတော့တယ်။ ခေါင်ချုပ် ရောက်လာတက ဝူကျိကို မျှော်လင့်ချက် ပေးလိုက်သလိုပဲ”

ရန်ကိုင်သည် ကျိဝူကျိအား အံ့အားသင့်တကြီး ကြည့်လိုက်၏။ ဤကျိဝူကျိဆိုသည်ကို အထင်သေးမိလိုက်သည့်ပုံပင်။ ကျိဝူကျိ၏ လေသံအရ သူ့တွင် ကျောထောက်နောက်ခံ အားကောင်းသည့် ပညာရှင်များစွာ ရှိနေသည့်ပုံပင်။

ခရမ်းကြယ်၏ အတွင်းရေးကို ရန်ကိုင် စိတ်မဝင်စားပေ။ သူ့ပန်းတိုင်မှာ ကြယ်ဧကရာဇ်တံဆိပ်ပြားကို ယူဖို့သာ ဖြစ်သည်။ သို့သော်လည်း ယခင်တစ်ကြိမ် ခရမ်းကြယ်နန်းတော်ထဲသို့ ခိုးဝင်စဉ်က လူမိသွားခဲ့သဖြင့် ဒုတိယအကြိမ် ပြန်ခိုးဝင်ဖို့သည် အတော်လေး ခက်ခဲသွားခဲ့လေပြီ။ ထို့ကြောင့် ကျိဝူကျိကို သုံး၍ သူလိုချင်နေသည့် ပစ္စည်းကို ရအောင်ယူလျှင်လည်း မဆိုးဘူးဟု ရန်ကိုင် တွေးမိသွားသည်။

ထို့အကြောင်းကြောင့်ပင် ရန်ကိုင်သည် ချက်ချင်း ပြန်မပြောသေးဘဲ စဉ်းစားချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ ကျိဝူကျိသည် ရန်ကိုင်အား သွားနှောင့်မယှတ်ဘဲ ရပ်၍သာ စောင့်နေခဲ့သည်။

အချိန်အတော်ကြာသွားပြီးနောက်တွင် ရန်ကိုင်က ရုတ်တရက် ပြောလိုက်လေသည် “သခင်လေးဝူကျိရဲ့ ပွင့်လင်းပြီး ရိုးသားတဲ့ ပုံစံကို ဒီဘုရင် တကယ် သဘောကျတယ်။ သခင်လေးဝူကျိ ကြိုးစားထားတာတွေကိုသာ ကျိလုန် သိခဲ့ရင် တမလွန်ဘဝကနေ အော်ဟစ်ရယ်မောနေလောက်မယ်ဆိုတာ သေချာတယ်”

“ခေါင်ချုပ် ပြောချင်တာက…” ကျိဝူကျိသည် ရန်ကိုင်အား ဝမ်းသာစွာ ကြည့်လိုက်လေသည်။

“ဒီဘုရင် သခင်လေး ဝူကျိကို ကူညီပေးလို့ရတယ်။ တကယ်တော့ ဒီဘုရင်က ခရမ်းကြယ်ရဲ့ ခေါင်ချုပ် တစ်ယောက် ဖြစ်နေပြီလေ။ ခရမ်းကြယ်ရဲ့ အုတ်မြစ် အခြားတစ်ယောက်ရဲ့ လက်ထဲ ရောက်သွားမှာကို ထိုင်ကြည့်နေရလောက်အောင် ဒီဘုရင် သွေးမအေးဘူး ဒါပေမယ့်…”

“ခေါင်ချုပ် ဘာများ တောင်းဆိုချင်တာပါလဲ။ ပြောစရာရှိရင် ပြောသာပြောလိုက်ပါ။ ဝူကျိ တတ်နိုင်တဲ့ကိစ္စဆိုရင် ဖြစ်အောင် ဖြည့်ဆည်းပေးပါ့မယ်” ကျိဝူကျိသည် အလွန်ကိုမှ စိတ်လှုပ်ရှားနေသည့် အတွက် ရန်ကိုင် ပြီးအောင် ပြောမည်ကိုပင် စောင့်မနေတော့ချေ။

“ကောင်းပြီလေ” ရန်ကိုင်က ကျေနပ်စွာ ခေါင်းညိတ်၍ “ဒီဘုရင် တောင်းဆိုချင်တာ နှစ်ခုပဲရှိတယ်။ ပထမတစ်ခုက ဒီဘုရင် ခရမ်းကြယ်ရဲ့ ရတနာဂိုဒေါင်ထဲဝင်ပြီး ပစ္စည်းတစ်ခုကို ယူချင်တယ်။ ဒါ ဒီဘုရင်နဲ့ မင်းအဖေ လုပ်ထားခဲ့တဲ့ သဘောတူညီချက်ပဲ”

“ရတနာဂိုဒေါင်” ကျိဝူကျိ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ ခါးသက်စွာပြုံး၍ “ခေါင်ချုပ်မသိလို့၊ အဲ့ရတနာဂိုဒေါင်က ခရမ်းကြယ်နန်းတော်တစ်ခုလုံးမှာ အစောင့်အကြပ်ဆုံးပဲ။ ဝူကျိကိုယ်တိုင် သွားမယ်ဆိုရင်တောင် သော့မရှိလို့ ဂိုဒေါင်ကို ဖွင့်နိုင်မှာမဟုတ်ဘူး။ ကျုပ်အဖေနဲ့ အကြီးဆုံးအစ်ကိုပဲ အဲ့ရတနာဂိုဒေါင်ကို ဖွင့်ခွင့်ရှိတာ”

“သော့ကိစ္စကို စိတ်ပူမနေနဲ့။ ဒီဘုရင်မှာ သော့ရှိတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“အဖေ့သော့က ခေါင်ချုပ် လက်ထဲမှာလား” ကျိဝူကျိ ထိတ်လန့်သွားခဲ့သည်။

“ဟုတ်တယ်” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

တစ်ခုခုကို တွေးမိသွားသည့်အလား ကျိဝူကျိ၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ သို့သော်လည်း ထိုအကြောင်းကို စဉ်းစားမနေဘဲ လက်ရှိ ကိစ္စအပေါ်ကိုသာ ပြန်အာရုံစိုက်လိုက်၏ “အဲ့လိုဆိုရင် ကိစ္စမရှိတော့ဘူး။ ဒုတိယ သခင်လေး အဆင့်အတန်နဲ့ ရတနာဂိုဒေါင်နားကို သွားလို့ရှိတယ်”

“ကောင်းတယ်” ရန်ကိုင်က‌ ခေါင်းညိတ်၍ ဆက်ပြောလိုက်သည် “ဒုတိယတစ်ခုက ဖမ်းထားတဲ့ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းက လူတွေကို ပြန်လွှတ်ပေးဖို့ပဲ”

ထိုစကားကို ကြားသည့်အခါ ကျိဝူကျိက ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် “တကယ်တော့ အဲ့လူတွေကို ဝူကျိ ဖမ်းထားတာ မဟုတ်ပါဘူး ခေါင်ချုပ်။ သူတို့တွေကို အကြီးအကဲချုပ်က ဖမ်းထားတာပါ”

“ဒီဘုရင် သိတာပေါ့” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဒုတိယသခင်လေးက အခြား ကိစ္စတွေနဲ့ အလုပ် ရှုပ်နေတော့ ဟုန်းလော့ကုန်သွယ်ရေးကိစ္စမှာ ဘယ်ဝင်ပါအားပါ့မလဲ။ ဒါပေမယ့် ဒီဘုရင် သိချင်နေတာတစ်ခု ရှိတယ်။ အကြီးအကဲချုပ် ဘာလို့ သူတို့ကို ဖမ်းထားတာလဲ”

ကျိဝူကျိက သုန်သုန်မှုန်မှုန်ဖြင့် ပြန်ပြောလေ၏ “ဝူကျိထင်တာသာ မမှားရင် ခွေးအိုကြီးက အဲ့လူတွေကိုသုံးပြီး ဝူကျိကို ဖိနှိပ်ချင်နေတာလဲ”

“အို၊ ဘယ်လိုလဲ ရှင်းပြပါဦး” ရန်ကိုင် မျက်မှောင်ကြုတ်သွား၏။

“ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းက ခရမ်းကြယ်ထက် အားမကောင်းရင်တောင် အားလည်းမနည်းတဲ့ အင်အားစုတစ်ခုပဲ” ကျိဝူကျိက လေသံတိုးတိုးဖြင့် ပြောလိုက်သည် “အခုတစ်ကြိမ် အကြီးအကဲချုပ် ဖမ်းထားတဲ့လူတစ်ယောက်က ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်း ခေါင်းဆောင်ရဲ့ သားပဲ။ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်းသာ ဒီအကြောင်းကို သိသွားခဲ့ရင် ချက်ချင်း လှုပ်ရှားကြမှာ။ ဒီကိစ္စက ဘာစစ်ပွဲမှ မဖြစ်ဘဲ အပြီးသတ် ဖြှေရင်းလို့ရတဲ့ ကိစ္စတစ်ခုဖြစ်ပေမယ့် စစ်ပွဲနဲ့ အဆုံးသတ်သွားနိုင်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်နေတယ်။ ဒါပေမယ့် ဒီကိစ္စကို လွယ်လွယ်လေး ဖြေရှင်းလိုက်လို့ရတဲ့ နောက်ထပ် နည်းလမ်းတစ်ခုရှိတယ်။ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းဘက်က ဒီအကြောင်းကို သိသွားခဲ့ရင်တောင်၊ ဘယ်သူမှသာ မသေသေးရင် ဓါးစာခံတစ်ယောက် ပြန်ပေးလိုက်ရုံနဲ့ အဆင်ပြေတယ်။ အဲ့လိုဆို ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းလည်း ဒီကိစ္စကို ဆက်ပြီး ဖိအားပေးနေမှာ မဟုတ်ဘူး။ ဒါပေမယ့် ပေးတဲ့ ဓါးစာခံက အဆင့်အတန်း တစ်ခုခု ရှိနေတဲ့လူ ဖြစ်နေဖို့ လိုလိမ့်မယ်၊ မဟုတ်ရင် အစီအစဉ်က အလုပ်ဖြစ်မှာ မဟုတ်ဘူး”

“ဒီတော့ ဓါးစာခံက မင်းပေါ့” ရန်ကိုင် နားလည်သွားခဲ့သည်။

“ကျုပ်ကလွဲပြီး ဘယ်သူရှိဦးမှာလဲ” ကျိဝူကျိက လှောင်ပြုံးပြုံး၍ “ဝူကျိကိုသာ ပေးလိုက်ရင် ခရမ်းကြယ်ရဲ့ မျိုးရိုးက အလွယ်တကူ ပြောင်းလဲပစ်လို့ ရသွားပြီလေ”

“အဲ့လိုကိုး” ခရမ်းကြယ် ရှန်တုအား ဘာကြောင့် ဖမ်းထားသလဲ ဆိုသည်ကို ရန်ကိုင် နားလည်သွားခဲ့လေပြီ။ အကြီးအကဲချုပ်သည် ထိုနည်းလမ်းကိုသုံး၍ ကျိဝူကျိကို ရှင်းထုတ်ပစ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

“ဒီတော့ ခေါင်ချုပ်သာ အဲ့လူတွေကို ကယ်ချင်ရင် ဟိုသက်ကြားအိုကြီးကို အရင် ရှင်းထုတ်ပစ်မှ ရလိမ့်မယ်”

“ဒီဘုရင် နားလည်ပြီ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

“ခေါင်ချုပ်က… ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းက လူတွေနဲ့ ရင်းနှီးတာလား” ကျိဝူကျိသည် သိချင်စိတ်ကို မအောင့်အည်းနိုင်သည့်အဆုံး ရုတ်တရက် မေးလိုက်လေသည်။

ရန်ကိုင်သည် သူ့အား တစ်ချက်သာ စောင်းကြည့်လိုက်၏။

ကျိဝူကျိသည် ချက်ချင်း ခေါင်းငုံ၍ “ဝူကျိ သိပါပြီ”

“အဲ့ကိစ္စတွေ တော်လိုက်ပေတော့။ အခု သခင်လေးဝူကျိ အကြီးအကဲချုပ်ကို ဘယ်လို ရင်ဆိုင်ဖို့ ပြင်ထားလဲ ဒီဘုရင် သိချင်တယ်။ ဘာအစီအစဉ်မှ မရှိဘူးလို့တော့ မပြောနဲ့နော်”

“ဘယ်လိုလုပ်ပြီး မရှိပါ့မလဲ။ ရှိတာပေါ့” ကျိဝူကျိက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်၏ “ဒီနေ့အတွက် ဟိုးအကြာကြီးကတည်းက ဝူကျိ ပြင်ဆင်လာနေခဲ့တာ။ ခေါင်ချုပ်ရဲ့ အကူအညီနဲ့ဆိုရင် ဒီကိစ္စကို အောင်မြင်အောင် လုပ်လို့ရပြီ။ ဝူကျိရဲ့ အစီအစဉ်က ဒီလိုပါ…”

ထို့နောက်တွင် ကျိဝူကျိသည် သူ့အစီအစဉ်ကို အသေးစိတ် စရှင်းပြလေသည်။

ရန်ကိုင်သည် ကျိဝူကျိ ပြောသည်ကို သေချာ နားထောင်နေ၏။ သူ့စိတ်ထဲ အံ့လည်း အံ့ဩမိသွားသည်။ ဤကျိဝူကျိသည် တကယ်ကို ပါးနပ်သည့် လူတစ်ဦးဖြစ်သည်။ ယခင်က တောက်လျှောက် နှိမ့်ချစွာ နေလာခဲ့ပြီး ယခုမှပဲ သူ့မျက်နှာအစစ်ကို ထုတ်ဖော်ပြတော့သည်။ ထို့အပြင် သူစည်းရုံးထားသည့် ပညာရှင် အရေအတွက်မှာလည်း မနည်းမနောပင်။

ကျိဝူကျိ ရှင်းပြသည်ကို နားထောင်ပြီးနောက် အစီအစဉ်သည် မတော်လေး မဆိုးဟု ရန်ကိုင် ကောက်ချက်ချလိုက်လေသည် “ခရမ်းကြယ်သာ ဒုတိယသခင်လေးလက်ထဲ ရောက်သွားခဲ့ရင် ကျိန်းသေ တောက်ပလာမှာ အသေအချာပဲ”

“ခေါင်ချုပ် ချီးကျူးလွန်းနေပါပြီ” ကျိဝူကျိက ပြုံး၍ ပြန်ပြောလိုက်သည်။

“ကောင်းပြီ။ အခုက နောက်ကျနေပြီဆိုတော့ ဒီကိစ္စကို ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြတာပေါ့။ နောက်နေ့ကျမှပဲ ဒီဘုရင် ဒုတိယ သခင်လေးကို လာရှာလှည့်မယ်”

“ခေါင်ချုပ် ကောင်းကောင်းသွားပါ” ကျိဝူကျိသည် မတ်တပ်ရပ်၍ ဦးညွှတ်လိုက်လေသည်။

ရန်ကိုင်သည် လီနွော့အား နှုတ်ဆက်ပြီးသည်နှင့် ဟွာရို့မုန်ကိုခေါ်ကာ လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းဆီသို့ ပြန်လာခဲ့လေသည်။

ကျိဝူကျိသည် အခန်းထဲတွင် တပြုံးပြုံးဖြင့် ထိုင်နေခဲ့သည်။

ကျိကျွင်း အခန်းထဲကို ဝင်လာချိန် ကျိဝူကျိ ပြုံးနေသည်ကို မြင်သည့်အခါ အံ့အားသင့်တကြီး မေးလိုက်လေသည် “သခင်လေး အဲ့ဆရာနဲ့ သဘောတူညီချက် ရလိုက်တာလား”

ကျိဝူကျိ ခေါင်းညိတ်လိုက်၏။

ကျိကျွင်းသည် လက်ဖဝါးနှစ်ဖက်ကိုပွတ်ရင်း “အဲ့ဒါဆို ကျုပ်တို့ ဟိုသက်ကြားအိုကြီးကို စိတ်ပူနေစရာ မလိုတော့ဘူး။ အေးအေးဆေးဆေး လှုပ်ရှားလို့ရပြီ။ ဒါပေမယ့်… အဲ့ဆရာက ယုံရပါ့မလား”

ထိုမေးခွန်းကို ကြားသည့်အခါ ကျိဝူကျိ မျက်နှာ အနည်းငယ် ပြန်လည် တည်ကြည်သွားခဲ့လေသည် “ယုံရမှာပါ။ အဲ့ဆရာက ကျုပ်တို့ ခရမ်းကြယ်ကို တွယ်တာတဲ့လူတစ်ယောက် မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် သူက ဘယ်ဘက်အစွဲမှာ ရှိတာမဟုတ်ဘူး။ သူ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘက်ကို ပါမှာ။ ပြောသာ ပြောနေရပေမယ့် ကြိုတင် ပြင်ဆင်ထားတာတော့ မမှားဘူး… လူအိုကြီးကျိ၊ ကျုပ်နောက်လိုက်ခဲ့။ ကျုပ်အမေကို သွားတွေ့ကြရအောင်”

ကျိကျွင်း၏ အထိတ်တလန့် အမူအရာဖြင့် “သခင်လေးက အဲ့ဆရာကို သွားအကူအညီတောင်းဦးမလို့လား”

ကျိဝူကျိက ခေါင်းညိတ်၍ “ဟုတ်တယ်။ ကျုပ်တို့ ခရမ်းကြယ်မှာ ခေါင်ချုပ် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ”

…

လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းသို့ ပြန်ရောက်လာပြီးနောက်တွင် ရန်ကိုင်သည် အဖွဲ့သားများကို လောလောဆယ်အချိန်အတွင်း အပြင်မထွက်ကြရန် ပြောလိုက်၏။

ဟွာရို့မုန်တွင် သူတော်စင်သလင်းကျောက် သန်းနှစ်ရာ ပြန်ပါလာကြောင်း သိလိုက်ရသည့်အခါ အဖွဲ့သားအားလုံး လုံးဝကို ထိတ်လန့်အံ့အားသင့်ကုန်ကြလေသည်။

သူတို့ တစ်သက်နှင့်တစ်ကိုယ် ဤမျှ များပြားလှသော သူတော်စင်သလင်းကျောက်များကို တစ်ခါမှမမြင်ဖူးချေ။ ယခုမှသာ မြင်ဖူးခြင်း ဖြစ်သည်။ မြင်မြင်ချင်း သူတို့မျက်လုံးကိုပင်သူတို့ မယုံကြည်နိုင် ဖြစ်သွားကြသေး၏။

နေ့ဝက်လောက် ကြာသွားသည့်အခါမှပဲ အကုန်လုံး စိတ်ပြန်ငြိမ်သွားခဲ့ကြသည်။ ဟွာရို့မုန်၏ ညွှန်ကြားမှုအောက်တွင် သူတော်စင်သလင်းကျောက် သန်းနှစ်ဆယ်ကို ကျင့်ကြံခြင်းနှင့် ပက်သက်သည့် အရင်းအမြစ်များဝယ်ရန်အတွက် အသုံးပြုရန် ဆုံးဖြတ်ချက်ခဲ့ကြသည်။

နောက်ရက်များအတွက် လမ်းကြောင်းငါးသွယ်ကုန်သွယ်ရေး အဖွဲ့အစည်းမှ ကျင့်ကြံသူများသည် အပြင်သို့ မထွက်ကြဘဲ သူတို့ဘာသာ တံခါးတွင်းပိတ် ကျင့်ကြံနေကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၆၇)

အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်ဆုံးနေခဲ့ရာ လဝက်ခန့် ကြာပြီးနောက်တွင် ဘိုးဘေးများအား ကန်တော့ရမည့်နေ့သို့ ရောက်ရှိလာခဲ့သည်။

နှစ်တစ်နှစ်၏ ဤနေ့တိုင်းတွင်၊ ခရမ်းကြယ်၏ ရာထူးမြင့် ပုဂ္ဂိုလ်များသည် ဂိုဏ်းချုပ်၏ ဦးဆောင်မှုနှင့်အတူ သေဆုံးသွားပြီ ဖြစ်သော ဘိုးဘေးများကို သွားရောက် ဂါဝရပြုကြလေသည်။

ခရမ်းကြယ်နန်းတော်ထဲတွင် ခရမ်းကြယ်၏ သေဆုံးသွားသော အကြီးအကဲများ၏ ကမ္ဗည်းတိုင်များကို ထိန်းသိမ်းထားသည့် ခန်းမတစ်ခုရှိပေသည်။ ကျိမိသားစုမှ လူများတင် မဟုတ်ကြဘဲ ခရမ်းကြယ်အတွက် ကြီးကြီးမားမား အကျိုးဆောင်ပေးခဲ့သည့် လူအားလုံး၏ နာမည် ကမ္ဗည်းမှတ်တိုင်များကို ဤနေရာတွင် ထိန်းသိမ်းထားပေသည်။

ဘိုးဘေးများအား ဂါဝရပြုသည့်ပွဲသည် အရေးကြီးသည့် ပွဲတော်တစ်ခုဖြစ်ပြီး မည်သူမှ ဂရုမစိုက်ရဲဘဲ မနေရဲသည့် ပွဲတစ်ခုလည်း ဖြစ်သည်။

ခရမ်းကြယ်၏ စီနီယာ အကြီးအကဲများသည် နှစ်စဉ် ကျရောက်လာသည့် ဤပွဲတော်အတွက် သေသေချာချာကို ပြင်ဆင်ကြလေသည်။ ခရမ်းကြယ်၏ အုပ်ချုပ်ရေး ယန္တရားကို စီမံကွပ်ကဲနေကြသည့် လူများသည် ခရမ်းကြယ်နန်းတော်သို့ သတ်မှတ်ထားသည့် အချိန်တွင် ရောက်အောင်လာကြရသည်။ ထိုမှတစ်ဆင့် ဘိုးဘေးခန်းမဆီသို့ ဆက်လက် ချီတက်လေ၏။

ယခုကဲ့သို့ အချိန်မျိုးတွင် အကုန်လုံး၏ အာရုံသည် ဘိုးဘေးခန်းမဆီသို့သာ ရောက်နေကြသဖြင့် အခြားသော နေရာများစွာမှာ အစောင့်အကြပ် နည်းပါးနေတတ်လေသည်။

ရန်ကိုင်သည်လည်း ခရမ်းကြယ်နန်းတော်သို့ ရောက်လာခဲ့၏။

ခေါင်ချုပ်တံဆိပ်ပြားကို ထုတ်ပြလိုက်ပြီးနောက် အစောင့်များသည် သူ့အား တလေးတစားဖြင့် ကြိုဆိုကြလေသည်။

အနည်းငယ်လောက် လမ်းဆက်လျှောက်လိုက်ပြီးနောက်၌ ပုံရိပ်တစ်ခုသည် အစောင့်ဘေး၌ ရုတ်တရက် ပေါ်လာခဲ့လေ၏ “မင်းသွားတော့၊ ဒီလူအိုကြီး တားဝန်ယူလိုက်မယ်”

“ဟုတ်ကဲ့” အစောင့်သည် ဦးညွှတ်၍ အလျင်အမြန် ပြန်ဆုတ်သွားခဲ့လေသည်။

ရန်ကိုင်သည် ထိုလူအား ကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် “အကြီးအကဲကျိ”

ယခု ရောက်လာသည့်လူသည် ကျိဝူကျိနှင့်အတူ အမြဲတစေ တွေ့ရလေ့ရှိသည့် ကျိကျွင်းမှလွဲ၍ အခြားမဟုတ်ချေ။

ကျိကျွင်းက ပြုံးလျက် လေးလေးစားစားဖြင့် ပြန်ပြောလိုက်၏ “ခေါင်ချုပ်ရန်ကို ကျိကျွင်း နှုတ်ဆက်ပါတယ်။ ခေါင်ချုပ်၊ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ။ ဒုတိယသခင်လေးက အကုန်လုံး ပြင်ဆင်ထားပြီးသွားပါပြီ”

“အင်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျိကျွင်း၏ ဦးဆောင်မှုနှင့်အတူ အထဲသို့ ဝင်သွားလိုက်လေသည်။

ကျိကျွင်းသည် ခရမ်းကြယ်နန်းတော်၏ လမ်းများကို ရန်ကိုင်ထက် ပိုရင်းနှီးပေသည်။ လမ်းကြောင်းများစွာကို နာရီဝက်ကြာအောင် ဖြတ်လျှောက်လာပြီးနောက်တွင် နောက်ဆုံး၌ အလယ်ဗဟိုရှိ လုံခြုံရေးတင်းကြပ်သော နန်းတော်တစ်ခုဆီသို့ ရောက်လာခဲ့၏။ ဤနန်းတော်ကို ဘာမှန်းမသိသော သတ္တု တစ်မျိုးဖြင့် တည်ဆောက်ထားပြီး နန်းတော်ကိုယ်ထည်မှာ အလွန်ကိုမှ မာကျောပေသည်။ အကာအကွယ် အကာအရံ များစွာတို့သည်လည်း နန်းတော် ပတ်လည်တွင် ရှိနေခဲ့သည်။

သို့သော်လည်း လက်ရှိတွင် ဤနေရာကို ကာကွယ်နေသည့် အစောင့်တစ်ယောက်မှ ရှိမနေခဲ့ချေ။

နန်းတော်ကြီးကိုကြည့်ရင်း ကျိကျွင်းမျက်နှာထက် ရူးသွပ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့လေသည်။ အသက်ကို ပြင်းပြင်းရှူ၍ ဝုန်းဒိုင်းသောင်းကျန်းနေသော စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် အလျင်အမြန် ပြောလိုက်လေ၏ “ခေါင်ချုပ်ရန်၊ ခရမ်းကြယ်ရဲ့ ရတနာဂိုဒေါင်က ဒီဟာပါပဲ။ ဒါကို ဖွင့်ဖို့ သောနဲ့ ခရမ်းကြယ်က ကျိမိသားစု မျိုးဆက်ဝင်တစ်ဦးရဲ့ သွေးကို လိုအပ်လိမ့်မယ်လို့ ဒုတိယသခင်လေးက ပြောသွားပါတယ်”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်၏ မျက်လုံး မှေးစဉ်းသွားခဲ့လေသည် “ကျိမိသားစု မျိုးဆက်ဝင်တစ်ဦးရဲ့ သွေးကို လိုတာလား။ ငါဘာလို့ ဒီအကြောင်း မသိရတာလဲ”

ကျိတုန်ဖြစ်စေ၊ ကျိဝူကျိ ဖြစ်စေ၊ နှစ်ဦးစလုံး ဤအကြောင်းကို တစ်ခါမှ မပြောခဲ့ချေ။ ကျိဝူကျိ သူ့အား ဤအချက်ကို ဖုံးကွယ်ထားခဲ့သည်မှာ နားလည်၍ ရပေသေးသည်။ သူတို့ နှစ်ဦးသည် အရမ်းကြီး ရင်းနှီးသည်မှ မဟုတ်လေပဲ။ သူတို့ နှစ်ယောက်စလုံး သဘောတူချက် ရခဲ့သည်မှာ အကျိုးအမြတ် အတွက်ကြောင့်သာ ဖြစ်ပြီး တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုကြောင့် မဟုတ်ချေ။

သို့သော်လည်း ကျိတုန် ဘာမှမပြောသည်မှာတော့ တစ်ခုခုပင်။

ကျိကျွင်းက ရယ်သွမ်းသွေး၍ “စိတ်ထိန်းပါခေါင်ချုပ်၊ ဒီကိစ္စအတွက် သခင်လေးဝူကျိက သူ့သွေးတစ်စက်ကို ထည့်ပေးလိုက်ပါတယ်”

ပြောပြီးသည့်နောက် သူ့သိုလှောင်လက်စွပ်ထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်လေသည်။ ဤဆေးပုလင်းထဲတွင် ခရမ်းရောင်ဖျော့ဖျော့ တောက်နေသော အနီရောင်သွေးတစ်စက် ရှိနေခဲ့သည်။ ကျိမျိုးဆက်၏ သွေးထဲ ထူးဆန်းသည့်စွမ်းအားတစ်မျိုး ရှိနေသည့်ပုံပင်။

ရန်ကိုင်သည် ကျိကျွင်းပင် သတိမပြုမိသေးခင်မှာပဲ ထိုသွေးပုလင်းကို လှမ်းဆွဲယူလိုက်သည်။ သူ့လက်ထဲရှိ သွေးပုလင်း ပါသွားပြီမှန်း သိလိုက်သည့်အခိုက်တွင် ကျိကျွင်း၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင် ပထမအဆင့် ပညာရှင်တစ်ဦး ဖြစ်လင့်ကစား၊ တစ်ဖက်လူ သူ့လက်ထဲမှ ပစ္စည်းအား လုယူသွားသည်ကို နည်းနည်းလေးပင် မတားဆီးလိုက်နိုင်ချေ။ သူတို့နှစ်ဦးကြား ကွာခြားချက် ဤမျှပင် ကြီးမားလေသလော။

“ခေါင်ချုပ်၊ ဒါက…” ကျိကျွင်းသည် သွေးပုလင်းကို စိုးရိမ်တကြီးကြည့်ရင်း အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

“ဒါကို ဘယ်လိုသုံးရမှာလဲ” ရန်ကိုင်က ပြောလိုက်၏။ ပြောသာပြောလိုက်သော်ငြား သူ့လေသံသည် အမိန့်ပေးသည့် လေသံမျိုး ပေါက်နေခဲ့သည်။

ကျိကျွင်းမျက်နှာ အရုပ်ဆိုးသွားခဲ့သည်။ အတင်းအကြပ် ခိုင်းစေသည်ကို မလုပ်ချင်သော်လည်း မလုပ်လို့ မရသည့်အတွက် ပြောပြလိုက်ရလေသည် “သွေးစက်ကို သော့ပေါ် ချပေးလိုက်ပါ”

ရန်ကိုင်သည် ခေါင်းညိတ်၍ သွေးပုလင်းအဖုံကိုး ဖွင့်လိုက်၏။ ထို့နောက် သူတော်စင်ချီဖြင့် သွေးကို ထိန်းချုပ်၍ သော့ပေါ်သို့ ဖိချလိုက်လေသည်။

ရွှေရောင်သွေးသည် အသက်ဝင်လာသည့်အလား ကျိဝူကျိ၏ သွေးစက်ကို အလျင်အမြန် ဝါးမြိုသွားခဲ့လေသည်။ ထို့နောက်တွင် ရွှေရောင်သော့သည် ဦးချိုနှစ်ချောင်းနှင့် ခရမ်းရောင်နဂါးလေး တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ လေထဲ အကြိမ်အနည်းငယ် လှည့်ပတ်နေပြီးနောက်တွင် ရတနာဂိုဒေါင် တံခါးပေါက်ထဲသို့ တိုးဝင်သွားလေ၏။

အလွန် မာကျောခိုင်ခံလှသော တံခါးပေါက်ထက် လှိုင်းတွန့်လေးများ ထွက်ပေါ်လာခဲ့လေသည်။

“အကြီးအကဲကျိ ဒီမှာ ခဏစောင့်နေနှင့်။ ကျုပ်အခုပဲ ပြန်ထွက်လာခဲ့မယ်” ပြောပြီးသည့်နောက် ရန်ကိုင်သည် ဂိုဒေါင်ထဲသို့ လှစ်ခနဲ ပြေးဝင်သွားလေသည်။

“နေပါဦး ခေါင်ချုပ်” ကျိဝူကျိသည် ကျိကျွင်းအား ရန်ကိုင်ကို မျက်စိဒေါက်ထောက် ကြည့်နေရင်း ပြောထားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်အား ဂိုဒေါင်ထဲသို့ တစ်ယောက်တည်း လွှတ်လိုက်၍ မဖြစ်ချေ။ သို့ရာတွင် ကျိကျွင်း မလိုက်နိုင်သေးခင်မှာပင် ဂိုဒေါင်တံခါးမှာ ပြန်ပိတ်သွားခဲ့လေသည်။

ဂိုဒေါင်တံခါး ပိတ်သွားသည်မှာ မြန်းလွန်းလှသဖြင့် ကျိကျွင်း အနေဖြင့် ဂိုဒေါင်ထဲသို့ပင် မဝင်လိုက်နိုင်ဘဲ ဂိုဒေါင်တံခါးကိုသာ ပြေးဝင်ဆောင့်မိလေသည်။

“သွားပြီ” ကျိကျွင်းသည် စိတ်ထဲမှနေ၍ ရန်ကိုင်အား အော်ဟစ်ကျိန်ဆဲတော့လေသည်။

ဤနေရာသည် ခရမ်းကြယ်၏ ရတနာဂိုဒေါင်ဖြစ်သည်။ ဤဂိုဒေါင်ထဲတွင် ပစ္စည်းများများစားစား မရှိသော်လည်း ပစ္စည်း တစ်ခုချင်းစီသည် အလွန်ကိုမှ တန်ဖိုးကြီးကာ ခရမ်းကြယ်၏ အမွေအနှစ်ကို ကိုယ်စားပြုနိုင်ပေသည်။ ယခု ရန်ကိုင် တစ်ယောက်တည်း ဝင်သွားလေရာ အထဲတွင် သူဘာလုပ်မလဲ မည်သူမှ မပြောနိုင်တော့ချေ။ သူ့ကတိအတိုင်း ပစ္စည်းတစ်ခုပဲ ယူပြီး ပြန်ထွက်လာမည်လား။

ဤအကြောင်းကြောင့်ပင် ကျိဝူကျိသည် ကျိကျွင်းအား ရန်ကိုင်အား မျက်ခြေမပြတ် စောင့်ကြည့်ထားရန် ပြောခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင် လောဘကြီးပြီး ဂိုဒေါင်ထဲရှိ ပစ္စည်းအားလုံးအား ယူသွားမည့်ရန်မှ ကာကွယ်နိုင်ရန် ဖြစ်သလို ရန်ကိုင် မည်သည့် ပစ္စည်းအား လိုချင်နေလဲ ဆိုသည်ကို သိလိုသည့် အတွက်ကြောင့်လည်း ဖြစ်ပေသည်။

ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ပထမအဆင့် ဖြစ်သော ကျိကျွင်းပင်လျှင် အငိုက်မိသွားလောက်အောင် သူ့လှုပ်ရှားမှုမှာ ဤမျှ မြန်ဆန်နေလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

နဖူးထက်ရှိ ချွေးများကို သုတ်လိုက်ရင်း ဤအကြောင်းကို ကျိဝူကျိအား မည်ကဲ့သို့ ပြန်ရှင်းပြရမလဲ စဉ်းစားတော့လေသည်။ ယခု ကျိကျွင်း တတ်နိုင်သည့်အရာဆို၍ ရန်ကိုင်သည် သူ့ကတိအတိုင်း ပစ္စည်းတစ်ခုသာ ယူသွားပါစေဟု ထိုင်ဆုတောင်းနေဖို့သာ ရှိတော့လေသည်။

ဂိုဒေါင်ထဲသို့ ရောက်လာပြီးနောက် ဂိုဒေါင်သည် ကျယ်သာ ကျယ်သော်ငြား အထဲတွင် ပစ္စည်းများများစားစား မရှိသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော်လည်း ရှိနေသမျှ ပစ္စည်းအားလုံးဟာလည်း အလွန် တန်ဖိုးကြီးသည့် ပစ္စည်းများ ဖြစ်ကြလေသည်။ ထိုပစ္စည်းများကိုကြည့်ရင်း ရန်ကိုင် မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့သည်။

ဤနေရာတွင် မည်သည့် သူတော်စင်သလင်းကျောက်မှ ရှိမနေဘဲ ကျောက်စိမ်းပုလင်းများ၊ မှော်ရတနာများ၊ ကျင့်စဉ်များနှင့် သိုင်းပညာရပ်များသာ ရှိနေခဲ့သည်။

အနီးကပ်မစစ်ဆေးကြည့်ရသေးသည့်တိုင် ထိုပစ္စည်းများသည် အဖိုးတန်ရတနာများဖြစ်ကြောင်း သူပြောနိုင်ပေသည်။

ထိုပစ္စည်းများကိုကြည့်ရင်း ရန်ကိုင် ပြုံးဖြီးလိုက်သည်။ ထို့နောက် ဝိဥာဉ်ထိန်းပန်းကန်လုံးကိုထုတ်၍ ထိုကဲ့သို့ ကောင်းကင်စိတ်အာရုံဖြင့် ထုတ်လွှတ်လိုက်လေ၏။

ချက်ချင်းဆိုသလို ပန်းကန်လုံးထဲမှာ စူးရှနာကျင်သည့် အော်ဟစ်သံတစ်သံနှင့်အတူ ကျိတုန်၏ ဝိဥာဉ် ထွက်လာခဲ့သည်။ ရန်ကိုင်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ရင်း မေးလိုက်၏ “ဆရာ ဘာဖြစ်လို့လဲ”

ရန်ကိုင်သည် ကျိတုန်အား လှောင်ပြုံးပြုံးကြည့်လျက် “ကျိတုန်၊ တစ်ချက်ချက် ကြည့်ကြည့်လိုက်စမ်း၊ မင်းဒီနေရာကို မှတ်မိလား”

ကျိတုန်သည်လည်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် သူ့အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည် “ခရမ်းကြယ်ရဲ့ ရတနာဂိုဒေါင်၊ ဆရာ ဘယ်လိုလုပ်ပြီး…”

ပြောလို့ မပြီးသေးခင်မှာပဲ တစ်ခုခုကို ရုတ်တရက် နားလည်သွားပြီး ချက်ချင်းပဲ ဖားဖားယားယားပြုံးလျက် “ဂုဏ်ယူပါတယ်ဆရာ၊ ဒါ ကျုပ်တို့ ခရမ်းကြယ်ရဲ့ ရတနာဂိုဒေါင်ပါပဲ၊ ဟဲဟဲ…”

“ဒီဘုရင်ရှေ့မှာ မသိချင်ယောင် လာဆောင်ပြမနေနဲ့” ရန်ကိုင်က‌ အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဒီထဲကို ဝင်ဖို့ရဲ့ ကျိသားစု တိုက်ရိုက်မျိုးဆက်ဝင်တစ်ဦးရဲ့ သွေးကို လိုတယ်လို့ မင်းဘာလို့ ငါ့ကို မပြောတာခဲ့လဲ”

“ကျေးဇူးပြုပြီး စိတ်လျှော့ပါဆရာ။ ဒီတုန်က ဆရာ အကုန် ပြင်ဆင်ပြီးမှ ပြောမလို့ပါ။ ဒါပေမယ့် အခွင့်အရေးက မရလို့ မပြောဖြစ်လိုက်တာပါ။ ဒီတုန် တမင်သက်သက် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး”

“အခုမှ ဖုံးကွယ်ထားတာ မဟုတ်ဘူးပေါ့” ရန်ကိုင်က လှောင်ပြုံးပြုံးလျင် “မင်းဘာလုပ်ချင်နေလဲ ဒီဘုရင် မသိဘူး မှတ်နေတာလား။ ငါ့လက်နဲ့ မင်းရဲ့ ဒုတိယညီကျိဝူကျိကို တစ်ဖက်လှည့်နဲ့ ရှင်းပစ်အောင် လုပ်စေချင်နေတာမလား”

ကျိတုန်မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ရန်ကိုင် ပြောသည်မှာ မှန်ပေသည်။

“ကျိတုန်၊ ကျိတုန်… မင်းကိုယ်မင်းတော့ ဟုတ်လှပြီ ထင်နေတာပေါ့။ ဒါပေမယ့် မင်းလုပ်ရပ်က မင်းကို ပြန်သေစေမယ် ဆိုတာကိုတော့ သိမနေခဲ့ဘူး” ရန်ကိုင်က ပြောလိုက်လေသည်။

“တောင်းပန်ပါတယ်ဆရာ၊ ဒီတစ်ကြိမ်လောက်ပဲ ခွင့်လွှတ်ပေးပါ ဆရာ။ ဒီတုန် နောက်တစ်ကြိမ် ဒီအမှားမျိုး ထပ်မလုပ်စေရဘူးလို့ အာမခံပါတယ်” ကျိတုန်၏ ရန်ကိုင်သည် ဝိဥာဉ်ထိန်းပန်းကန်လုံးထဲမှနေ၍ ရန်ကိုင်အား ဦးညွှတ် တောင်းပန်တော့လေသည်။

“အခုမှ ခွင့်လွှတ်ပေးပါ ဟုတ်လား… အခုလို မလုပ်ခင် မင်းလုပ်ရပ်ကို ဘာလို့ နှစ်ခါပြန် မစဉ်းစားခဲ့တာလဲ” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ကျိတုန်၏ ဝိဥာဉ်ကို သူ့လက်ချောင်းဖြင့် ညွှန်လိုက်လေသည်။

သူ့လက်ချောင်းဖြင့် ညွှန်လိုက်သည်နှင့် ကျိတုန်၏ ဝိဥာဉ်သည် လေပြင်းတိုက်ခံလိုက်ရသည့် တိမ်စိုင်များနှယ် လွင့်စင်ပျောက်ကွယ်သွားခဲ့လေသည်။ ခန်းမထဲ ကြောက်လန့်နေသည့် အော်ဟစ်သံတစ်သံ ပျံ့ထွက်လာခဲ့၏။ သို့ရာတွင် ထိုအော်ဟစ်သံမှာ အလျင်အမြန် အားနည်းပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့လေသည်။

ကျိတုန်ကို သတ်ပစ်လိုက်ရသည့်အတွက် နှမြောနေခြင်း မရှိချေ။ ဤကောင်စုတ်သည် ကမ္ဘာပျက်ထဲတွင်ကတည်းက သူ့အား မရရအောင် လိုက်ပြဿနာရှာခဲ့သူ ဖြစ်သည်။ နည်းနည်းပါးပါး အသုံးဝင်နေသေးသည့် အတွက်ကြောင့်သာ မဟုတ်လျှင် အစောကြီးကတည်း သတ်ပစ်လိုက်ပေပြီ။

ကျိတုန် ဝိဥာဉ်ကို ရှင်းပစ်လိုက်ပြီးနောက် ဝိဥာဉ်ထိန်း ပန်းကန်လုံးကို ပြန်သိမ်းထားလိုက်လေသည်။ ဤမှော်ရတနာသည် အတော်လေး ထူးဆန်းသည့် ရတနာတစ်မျိုးဖြစ်သည်။ နောက်ပိုင်း သူ့အတွက် အသုံးပင် ဝင်ချင်ဝင်လာနိုင်ပေသည်။

ကျိတုန် ကိစ္စကို ရှင်းပြီးတော့မှပဲ ရန်ကိုင်သည် ဂိုဒေါင်ကို သေချာစစ်ဆေးတော့လေသည်။

အနီးအနားရှိ ပုလင်းတစ်ပုလင်းကို ဖွင့်ကြည့်ပြီးနောက် ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့သည်။

ဤနေရာတွင် ဆေးလုံးအများကြီး ရှိမနေခဲ့ချေ။ ဆေး အမျိုးအစား ရှစ်မျိုး ထည့်ထားသည့် ဆေးပုလင်း (၅၂)ပုလင်းသာ ရှိနေခဲ့သည်။ ဆေးပုလင်းတစ်ပုလင်းချင်းစီထဲတွင် တန်ခိုးရှင် ဘုရင်အဆင့် ဆေးလုံး တစ်လုံးစီ ရှိနေခဲ့သည်။ ရန်ကိုင်လည်း ယဉ်ကျေးမနေဘဲ ထိုဆေးပုလင်းအားလုံးကို သိမ်းကျုံး ယူပစ်လေသည်။

မှော်ရတနာများကိုပါချန် အကုန် ယူသွားပစ်သည်။

စုစုပေါင်း တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာငါးခု ရှိနေပြီး အမြင့်ဆုံးသည် အလယ်အလတ်အဆင့်ကာ ကျန်လေးခုမှာ အဆင့်နိမ့်များ ဖြစ်ကြသည်။

ထိုငါးခုမှလွဲ၍ ကျန်မှော်ရတနာအားလုံးသည် တန်ခိုးရှင်အဆင့် မှော်ရတနာများသာ ဖြစ်ကြပေသည်။

သို့ရာတွင် ထိုတန်ခိုးရှင်အဆင့် မှော်ရတနာများမှာ သာမန် တန်ခိုးရှင်အဆင့် မှော်ရတနာများနှင့် မတူချေ။ ထိုမှော်ရတနာ တစ်ခုချင်းစီတိုင်းသည် တန်ခိုးရှင်ဘုရင်အဆင့်သို့ မရောက်သည့်တိုင် တန်ခိုးရှင်အဆင့်အထက်ကိုတော့ ကျော်လွန်နေကြသည်။

ခရမ်းကြယ်မှ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း စုဆောင်းထားခဲ့သည့် ကျင့်စဉ်နှင့် သိုင်းပညာရပ်များလည်း ရှိနေခဲ့သည်။ ရန်ကိုင်သည် ထိုအရာများကိုပါ ယူသွားခဲ့၏။ အထက်စကြာဝဠာဂိုဏ်းသည် တပည့်ပေါင်း ထောင်နှင့်ချီပြီး ရှိလာနေပြီ ဖြစ်သည်။ သူသာ ဤအရာများကို ပြန်ယူသွားနိုင်လျှင် တပည့်များအတွက် ရွေးစရာ ပိုများလာနိုင်ပေသည်။

ရတနာဂိုဒေါင်ထဲတွင် သိမ်းထားသည့် ကျင့်စဉ်များ၊ မှော်ရတနာများသည် အဆင့်နိမ့်များ လုံးဝ မဖြစ်နိုင်ချေ။ အထက်စကြာဝဠာဂိုဏ်း၏ တပည့်များသာ ဤသိုင်းပညာရပ်များကို လေ့ကျင့်နိုင်လျှင် သူတို့၏ ခွန်အားသည် အခြားအဆင့်တူများထက် ပိုမို သာလွန်နေပေလိမ့်မည်။

ထိုအရာများအပြင် ရှားပါးသည့် ဆေးအမယ်များ၊ သတ္တုရိုင်းများလည်း ရှိနေခဲ့ပေသည်။ ရန်ကိုင်သည် မြင်သမျှ ပစ္စည်းအားလုံးကို သူ့အိတ်ကပ်ထဲသို့ ထိုးထည့်သွားလေသည်။

သူ့လုပ်ရပ်နှင့် ပက်သက်၍ လိပ်ပြာမလုံသလို နည်းနည်းလေးမှ မခံစားရချေ။ ကျိတူကျိအား ဂိုဒေါင်ထဲမှ ပစ္စည်း တစ်ခုကိုသာ ယူမည်ဟု ပြောခဲ့သော်လည်း ဂိုဒေါင်ထဲသို့ ဝင်လာပြီးနောက်တွင် သူဘယ်လောက် ယူမလဲဆိုသည်မှာ ကျိဝူကျိ ထိန်းချုပ်နိုင်သည့် အရာမဟုတ်တော့။ ထို့အပြင် ရန်ကိုင်ကလည်း အစကတည်းက ခရမ်းကြယ်ကို ကြည့်ရမသည့် လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် နည်းနည်းလေးမှ သနား ကြင်နာမနေခဲ့ပေ။

နောက်ထပ် နဂါးခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကိုရရန် လွယ်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သော်လည်း ဤနေရာတွင် လာတွေ့ရလိမ့်မည်ဟုတော့ မထင်ထားခဲ့ချေ။

အသက်ကိုပြင်းပြင်းရှူ၍ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် နဂါးအကြေးခွံကို လှမ်းကောက်ယူလိုက်လေသည်။ သို့ရာတွင် အကြေးခွံကို မထိနိုင်သေးခင်မှာပင် အကြေးခွံဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုစွမ်းအားသည် ရန်ကိုင်လက်ကို ပြန်ဆုတ်မရအောင် ချုပ်နှောင်ထားသလို တစ်ချိန်တည်းတွင်လည်း သူ့လက်ပေါ်သို့ ပြင်းထန်သည့် ဖိအားကို ထုတ်လွှတ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင့် လက်ထဲရှိ အရိုးများဆီမှ တကျွီကျွီ မြည်သံများ စတင် ထွက်ပေါ်လာရတော့လေသည်။

စစချင်း အံ့အားသင့်နေခဲ့သော်လည်း ရန်ကိုင်လည်း ချက်ချင်းပဲ ပြန်ခုခံလိုက်လေသည် “နဂါးအသွင်ပြောင်းလဲခြင်း”

ရန်ကိုင်၏ လက်တစ်ဖက်လုံး ရွှေရောင်တလက်လက် တောက်ပလာပြီး နဂါးဖိအားတစ်ရပ်သည်လည်း သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လေသည်။ နဂါးကြေးခွံတို့သည် ဆန်ထုတ်ထားသည့် ရန်ကိုင်၏ လက်မောင်းထက် ထွက်ပေါ်လာခဲ့သည်။ မကြာမီတွင် ရန်ကိုင်၏ လက်မောင်းသည် နဂါးလက်သည်းနှင့် လုံးဝ တူသွားတော့လေသည်။

နဂါးကြေးခွံ၏ ပိုင်ရှင် သေဆုံးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သော်လည်း ရန်ကိုင့် ကိုယ်ထဲရှိ ရွှေနဂါး အရင်းအမြစ်မှာတော့ အသက်ရှိနေပေသေးသည်။ ထို့သို့ဖြစ်လေရာ ကြေးခွံလေးတစ်ခုက သူ့ရွှေနဂါးအရင်းအမြစ်ကို မည်သို့များ ပြန်လှည် ယှဉ်ပြိုင်မည်နည်း။

ရန်ကိုင်လက်အား ချုပ်နှောင်ထားသည့် စွမ်းအားမှာ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာခဲ့ပြီး အဆုံးတွင် လုံးဝ ပျက်စီးသွားခဲ့လေသည်။

ကြေးခွံ၏ စွမ်းအား ပျောက်ကွယ်သွားသည်နှင့် ရန်ကိုင်သည် ကြေးခွံကို အမြန် ကောက်ယူ၍ စစ်ဆေးကြည့်သည်။ ထို့နောက် တပြုံးပြုံးဖြင့် ကြေးခွံကို သေတ္တာထဲသို့ ပြန်ထည့်၍ သေတ္တာကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

နဂါးဖိအား မရှိတော့သည့်နောက်တွင် ရန်ကိုင်လည်း နဂါးအသွင်ပြောင်းလဲခြင်းကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ဂိုဒေါင်ထဲရှိ အခြေအနေမှာလည်း ယခင်အတိုင်း ပြန်ဖြစ်သွားခဲ့၏။ သို့ရာတွင် ယခင်နှင့် မတူတော့သည်မှာ ဂိုဒေါင်လေးထဲတွင် မည်သည့် ပစ္စည်းမှ ရှိမနေတော့ဘဲ ပြောင်တလင်း ဖြစ်နေခြင်းပင်။

ကျိကျွင်းသည် ဂိုဒေါင်အပြင်ဘက်တွင်ရပ်၍ ဂိုဒေါင်တံခါးကို မကြာမကြာလှည့်ကြည့်ရင်း ခေါက်တု့န်ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။

ဟိုခွေးကောင် အကုန် ယူနေတာ သေချာတယ် ဘာတွေ ဖြစ်နေမှန်း သိနေသော်လည်း သူ့တွင် လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်သည့်ခွန်အား ရှိမနေခဲ့ပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၆၈)

ပစ္စည်းကောင်းများစွာကို ရလိုက်သော်လည်း သူလိုချင်နေသည့် ပစ္စည်းကိုမူ မရသေးချေ။

သို့သော်လည်း အလျင်လိုမနေဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ အတွင်းပိုင်းရှိ သိပ်မထင်သာသည့် နေရာတွင် သိမ်းထားသော သေတ္တာအချို့ဆီ လှမ်းကြည့်လိုက်သည်။

စုစုပေါင်း သေတ္တာသုံးလုံးရှိပြီး သူလိုချင်နေသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ထိုသေတ္တာသုံးလုံးထဲရှိ တစ်လုံးထဲတွင် ရှိနေလောက်ပေသည်။

ကြယ်ဧကရာဇ်တံဆိပ်ပြားသည် ကြယ်တာရာစီရင်ထဲသို့ သွားရန်အတွက် မရှိမဖြစ်လိုအပ်သည့် သော့တစ်ချောင်း ဖြစ်သည်။ ထို့ကြောင့် ရန်ကိုင် အနေဖြင့် ထိုအရာကို မရရအောင် ရှာရပေမည်။

လောလောဆယ် သူ့တွင် တံဆိပ်ပြားခြောက်ခု ရှိနေပြီ ဖြစ်သည်။ ဤခရမ်းကြယ်မှ တံဆိပ်ပြားပါ ထပ်ပေါင်းလိုက်လျှင် စုစုပေါင်း ခုနှစ်ခုရှိသွားပေလိမ့်မည်။ ထိုအခါ ကြယ်တာရာ အစုအဝေးသို့ သွားနိုင်မည့် တံခါးကို ဖွင့်ရန်အတွက် နောက်ထပ် နှစ်ခုသာ လိုတော့ပေလိမ့်မည်။ ထို့ကြောင့် ဤတံဆိပ်ပြားကို ရရန်အတွက် ရန်ကိုင် အလွန် အားစိုက်နေခဲ့ခြင်း ဖြစ်သည်။

သေတ္တာသုံးလုံးပတ်လည်တွင် အတားအဆီ ရှိမရှိ စစ်ဆေးပြီးနောက် သေတ္တာများကို ဖွင့်ကြည့်လေသည်။

ပထမ သေတ္တာထဲတွင် သလင်းကျောက် တစ်ခုနှင့်ဆင်တူသော အရာတစ်ခု ရှိနေခဲ့သည်။

ထိုသလင်းကျောက်ကို မြင်ပြီးနောက် ရန်ကိုင် အမူအရာ တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့လေသည်။ ဤသလင်းကျောက်သည် လုံးဝိုင်းပြီး အလွန်ကိုမှ သန့်စင်လှသည်။ သူတော်စင်သလင်းကျောက်နှင့် ဆင်တူသော်လည်း သူတော်စင် သလင်းကျောက် ဟုတ်မနေခဲ့ချေ။

သူတော်စင်သလင်းကျောက်တစ်လုံးကို ဂိုဒေါင်ထဲရှိ သေတ္တာထဲတွင် မည်သည့် နည်းနှင့်မှ သိမ်းထားစရာအကြောင်း မရှိချေ။

သလင်းကျောက်ကို ကောက်ယူစစ်ဆေးကြည့်သည့် အခါပြန်တွင်လည်း မည်သည့် ထူးခြားမှုကိုမှ ရှာမတွေ့သဖြင့် ရန်ကိုင်၏ အမူအရာ ပို၍ ထူးဆန်းလာခဲ့ရလေသည်။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့် အခါမှပဲ ထူးခြားမှုကို ရှာတွေ့သွားတော့လေသည် “ဒီလောက်တောင် အားကောင်းတာလား”

သလင်းကျောက်ထဲတွင် အလွန်ကိုမှ များပြားလှသော စွမ်းအင်တို့ ကိန်းအောင်းနေသည်ကို တွေ့ရှိလိုက်ရပေသည်။

စွမ်းအင်မှာ များပြားလွန်းလှသဖြင့် သူ့ကောင်းကင်စိတ်အာရုံဖြင့်ပင်လျှင် သလင်းကျောက်ထဲ စွမ်းအင် မည်မျှ ရှိနေကြောင်းကို မခန့်မှန်းနိုင်ခဲ့ပေ။

“သူတော်စင်သလင်းကျောက် တစ်မျိုးမျိုးများ ဖြစ်နေမလား” ရန်ကိုင် တွေးလိုက်သည်။ ဤသလင်းကျောက်ထဲရှိ စွမ်းအင်သည် တိုက်ရိုက်စုပ်ယူလို့ ရသည်အထိ သန့်စင်နေခဲ့သည်။ ဤအရာကို သူတော်စင်သလင်းကျောက်ကဲ့သို့ ကျင့်ကြံရာတွင် သုံးနိုင်ပေသည်။ သို့သော်လည်း မည်သည့် သူတော်စင် သလင်းကျောက်မှ ဤသလင်းကျောက်ကဲ့သို့ များပြားသန့်စင်သော စွမ်းအင်များကို ပိုင်ဆိုင်ထားခြင်း မရှိချေ။

ရန်ကိုင်သည် ကျင့်စဉ်ကိုလှည့်ပတ်၍ သလင်းကျောက်ထဲရှိ စွမ်းအင်များကို စုပ်ယူကြည့်လိုက်သည်။ သလင်းကျောက်ထဲရှိ စွမ်းအင်များကို စုပ်ယူရသည်မှာ အလွန်ကိုမှ လွယ်ကူ ချောမွေ့နေကြောင်း တွေ့ရှိလိုက်ရလေသည်။

ခဏလောက်သာ စုပ်ယူလိုက်သော်လည်း သူတော်စင် သလင်းကျောက် အတုံးတစ်ရာနှင့် ညီမျှသော စွမ်းအင်များကို စုပ်ယူလိုက်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ သို့ရာတွင် သလင်းကျောက်၏ အရွယ်အစားမှာတော့ မူလအတိုင်းသာ ရှိနေသေးဆဲ။

“မြေကမ္ဘာချီကြောမ သလင်းကျောက်များလား” ရုတ်တရက် ကောလဟာလတစ်ခုကို ပြန်စဉ်းစားမိသွားခဲ့လေသည်။

မြေကမ္ဘာချီကြောမကြီးများသည် များပြားလှသော မိုးမြေစွမ်းအင်များ စုစည်းသိပ်သည်းလာရာမှ ဖြစ်ပေါ်လာသည့် အရာများ ဖြစ်ကြသည်။ မြေကမ္ဘာချီကြောမများကို တစ်နေရာမှ တစ်နေရာသို့ ရွေ့ပြောင်း၍မရချေ။ ထိုအရာများသည် မူလ ရှိနေသည့် နေရာတွင်သာ ရှိနေနိုင်ပေသည်။ မြေကမ္ဘာချီကြောမ ရှိနေသည့် နေရာများသည် မိုးမြေစွမ်းအင် အလွန် ကြွယ်ဝတတ်၏။ ထို့ကြောင့်ပင် အင်အားစုကြီးများသည် သူတို့၏ ဠာနချုပ်များကို မြေကမ္ဘာချီကြောမကြီး ရှိနေသည့် နေရာများတွင် တည်တတ်ခြင်း ဖြစ်သည်။

မြေကမ္ဘာချီကြောမများကို သုံးမျိုးသုံးစား ခွဲနိုင်ပေသည်။ အနိမ့်စား၊ အလယ်အလတ်အဆင့်နဲ့ အမြင့်စား ဟူ၍ပင်။ အထက်စကြာဝဠာဂိုဏ်း၏ အောက်ခြေတွင် ရှိနေသော မြေကမ္ဘာချီကြောမသည် အမြင့်စားထဲတွင်မှ ထိပ်တန်းအဆင့်ထဲ ဝင်သော မြေကမ္ဘာချီကြောမကြီး ဖြစ်သည်။ ထို့ကြောင့်ပင် အထက်စကြာဝဠာဂိုဏ်း၏ မိုးမြေစွမ်းအင်မှာ သာမန်ထက်ကိုပို၍ သိပ်သည်းကြွယ်ဝနေရခြင်း ဖြစ်သည်။

မြေကမ္ဘာချီကြောမများကို အဆင့်သာလျှင် မဟုတ်ဘဲ အရွယ်အစားအလိုက်လည်း ခွဲခြားကြသေးသည်။ အချို့ မြေကမ္ဘာချီကြောမကြီးများသည် အလွန် ကြီးမားကြသော်ငြား အချို့မှာတော့ မိုင်အနည်းငယ်ခန့်သာ ရှည်လျားကြလေသည်။

အဆင့်အမြင့်ဆုံး မြေကမ္ဘာချီကြောမကြီးများ ရှိနေသည့် နေရာမျိုးတွင် မိုးမြေစွမ်းအင်များ အချိန်ကြာညောင်းစွာ သိပ်သည်း စုဝေးလာပြီးနောက် သလင်းကျောက်တစ်ခု ဖြစ်ပေါ်လာတတ်သည်ဟု ကောလဟာလများက ပြောကြသည်။ ထိုသလင်းကျောက်ကို မြေကမ္ဘာချီကြောမ သလင်းကျောက်ဟု ခေါ်ကြပေသည်။

မြေကမ္ဘာချီကြောမများကို သယ်သွား၍ မရသော်လည်း မြေကမ္ဘာချီကြောမ သလင်းကျောက်များကိုတော့ သယ်သွား၍ ရပေသည်။

မြေကမ္ဘာချီကြောမ သလင်းကျောက်တစ်ခု ရှိနေသည်မှာ မြေကမ္ဘာချီကြောမတစ်ခုကို ရထားလိုက်သလိုပင်။ သူတော်စင် သလင်းကျောက်များ မရှိမည်ကို စိတ်ပူနေစရာ မလိုတော့ဘဲ မြေကမ္ဘာချီကြောမ သလင်းကျောက်ထဲမှ စွမ်းအင်များကို စုပ်ယူ၍သာ ကျင့်ကြံနိုင်ကြပေသည်။ ထို့အပြင် မြေကမ္ဘာ ချီကြောမ သလင်းကျောက်ထဲမှ စွမ်းအင်သည် ပို၍ စုပ်ယူရလွယ်၊ သန့်စင်သဖြင့် သူတော်စင်သလင်းကျောက်များကို သုံး၍ ကျင့်ကြံခြင်းထက်လည်း အဆပေါင်းများစွာ ပိုသာပေသည်။

ရန်ကိုင်သည် ယခင်က မြေကမ္ဘာချီကြော သလင်းကျောက်များကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကောလဟာလများကိုသာ ကြားဖူးခြင်း ဖြစ်သည်။

မြေကမ္ဘာချီကြောမသလင်းကျောက် တစ်ခုကို ကို ခရမ်းကြယ်၏ ရတနာဂိုဒေါင်ထဲတွင် အမှတ်မထင် လာတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဤအရာသည် အလွန်ကိုမှ အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည်။ အားနည်းချက်မှာ မြေကမ္ဘာချီကြောမကြီးများကဲ့သို့ လူပေါင်းများစွာမှ ဝိုင်းသုံး၍မရဘဲ တစ်ကြိမ်လျှင် လူတစ်ဦးသာ သုံးနိုင်ခြင်းသာ… သို့သော်လည်း မြေကမ္ဘာချီကြောမကဲ့သို့ မဟုတ်ဘဲ သွားသည့်နေရာတိုင်းကို သယ်သွား၍ရသည့် အချက်မှာ အလွန် ကောင်းပေသည်။

မြေကမ္ဘာချီကြောမ သလင်းကျောက်ကို ကိုင်ရင်း ရန်ကိုင် မျက်နှာကြီး နားရွက်တက်ချိတ်လုမတတ် ပြုံးဖြီးနေခဲ့လေသည်။

သူ့လက်ရှိ ကျင့်ကြံခြင်းအရ ဤလောကကြီးတွင် သူ့အား စိတ်ဝင်စားအောင် လုပ်နိုင်တော့သည့်အရာ များစွာ မရှိသော်ငြား ဤမြေကမ္ဘာချီကြောမ သလင်းကျောက်တွင် သူလိုချင်သည့် အရာများအနက် တစ်ခုအပါအဝင် ဖြစ်နေခဲ့သည်။

မြေကမ္ဘာချီကြောမသလင်းကျောက်ကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် နောက်ထပ် သေတ္တာတစ်လုံးကို ထပ်ဖွင့်လေသည်။

သေတ္တာကို ဖွင့်လိုက်သည့်အခါ မျက်နှာပြင်တွင် “ဧကရာဇ်” ဟူသော စကားလုံး ထိုးထွင်းထားသည့် ဧကရာဇ်ဖိအားဖျော့ဖျော့ ထွက်ပေါ်နေသော တံဆိပ်ပြားတစ်ခုကို တွေ့လိုက်ရလေသည်။ သူလိုချင်နေသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားပင် ဖြစ်လေသည်။ ချက်ချင်း ထိုတံဆိပ်ပြားကို ကောက်သိမ်းလိုက်၏။

ထို့နောက် နောက်ဆုံး သေတ္တာကို လှမ်းကြည့်လိုက်သည်။

ပထမသေတ္တာနှစ်လုံးထဲတွင် အဖိုး မဖြတ်နိုင်သည့် ရတနာများ ဖြစ်ကြသည့် ကြယ်ဧကရာဇ်တံဆိပ်ပြားနှင့် မြေကမ္ဘာချီကြောမ သလင်းကျောက်တို့ ရှိနေခဲ့သည်။ ထို့ကြောင့် တတိယသေတ္တာထဲတွင် မည်သို့သော ပစ္စည်းများ ရှိနေမလဲ ဆိုသည်နှင့် ပက်သက်၍ ရန်ကိုင် အလွန် စိတ်ဝင်စားနေမိ၏။

စိတ်လှုပ်ရှားစွာဖြင့် သေတ္တာကို သွားဖွင့်ကြည့်လိုက်သည်။ သို့ရာတွင် အထဲတွင် ဘာရှိနေလဲ မကြည့်ရသေးခင်မှာပဲ ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ဗြုန်းစားကြီး ထဆူပွက်လာသော သူ့သွေးများကို ငြိမ်သက်သွားအောင် ကျင့်စဉ်ကို အလျင်စလို လှည့်ပတ်လိုက်ရလေသည်။

တစ်ချိန်တည်းတွင် သူ့ကိုယ်ထဲမှ ထိတ်လန့်ဖွယ်ရာ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

နဂါးစိမ်းဓါးသည်လည်း ထိန်းမရဖြစ်လာပြီး ချက်ချင်းပဲ အစိမ်းရောင်နဂါးအသွင်သို့ပြောင်းလဲ သေတ္တာထဲရှိ ပစ္စည်းကို မမှိတ်မသုံ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် နဂါးအသွင်သို့ ပြောင်းလဲသွားသော နဂါးစိမ်းဓါးကို မော့ကြည့်လိုက်ပြီး လက်ကွက်များစွာ ဖန်တီး၍ သူ့ကိုယ်ထဲသို့ ပြန်ဆွဲသွင်းလိုက်လေသည်။ ထိုသို့လုပ်ပြီးသည့်တိုင် သူ့သွေးမှာ ငြိမ်သက်မသွားသေးဘဲ ဆက်လက် ဆူပွက်နေသေး၏။

ရန်ကိုင်သည် သေတ္တာထဲသို့ သတိထားပြီး ငုံ့ကြည့်လိုက်ရာ အထဲတွင် လက်ဝါးအရွယ် ကြေးခွံတစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။

ထိုကြေးခွံသည် ငါးအကြေးခွံပုံစံအတိုင်းပင် ဖြစ်သော်ငြား ကြေးခွံထက်တွင် ဆန်းကြယ်နက်နဲသည့် အစီအရင်ကွက်များစွာ ရှိနေခဲ့သည်။ ထို့အပြင် ရှေးဟောင်းဆန်ပြီး ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခုဟာလည်း ကြေးခွံဆီမှ ဖြာထွက်နေသေး၏။

“နဂါးကြေးခွံလား” ရန်ကိုင် အလန့်တကြား ဆိုမိလိုက်လေသည် “ဒီမှာ တကယ်ကြီး နဂါးကြေးခွံ ရှိနေတာလား”

တတိယသေတ္တာထဲတွင် ရှိနေသည့်အရာသည် နဂါးကြေးခွံ ဖြစ်နေလိမ့်မည်ဟု လံးဝ မထင်ထားခဲ့ချေ။

ရန်ကိုင်သည် ရွှေနဂါးအရင်းအမြစ်ကို ပိုင်ဆိုင်ထားပြီး မွန်းစတားမျိုးနွယ်စု၏ မွန်းစတားအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကို ကျင့်ကြံထား၏။ ထို့အပြင် သူ၏ နဂါးစိမ်းဓါးသည် နဂါးတစ်ကောင်၏ အရိုးနှင့် နဂါးဓါတ်လုံးမှ ဖန်တီးထားခြင်း ဖြစ်သည်။ ဤလောကကြီးတွင် သူ့ထက် နဂါးများအကြောင်း ပိုသိလောက်သည့်လူ မရှိလောက်တော့ချေ။

ထို့ကြောင့် သေတ္တာထဲရှိ ကြေးခွံကို မြင်လိုက်သည်နှင့် ထိုအရာသည် နဂါးကြေးခွံ ဖြစ်မည်မှန်း ရန်ကိုင် တန်းသိလိုက်၏။

ဤအရာသည် ဒဏ္ဏာရီလာ ရှေးဟောင်းနဂါးတစ်ကောင်၏ ကြေးခွံ ဖြစ်ပေသည်။

ကြေးခွံဆီမှ ဖြာထွက်နေသည့် နဂါးဖိအားမှာ အလွန်ကို အားကောင်းလွန်းသဖြင့် သူ့ကိုယ်ထဲရှိ ရွှေနဂါးအရင်းအမြစ်နှင့် သွားရောက် ပဲ့တင်ထပ်ကာ ရန်ကိုင်သွေးများ ဆူပွက်လာခဲ့ရခြင်း ဖြစ်သည်။

ရှေးဟောင်းနတ်သားရဲများသည် ဒဏ္ဏာရီထဲတွင် တည်ရှိကြသည်။ အစစ်အမှန်နဂါးများ၊ အစစ်အမှန်ဖီးနစ်များ၊ ချီလင်များ၊ ပီရှုများ.. ထိုသားရဲအားလုံးသည် ရှေးဟောင်း နတ်သားရဲများ ဖြစ်ကြပေသည်။ သို့သော်လည်း လက်ရှိ အချိန်ထိ အသက်ရှင်နေသေးသည့် ထိုနတ်သားရဲတစ်ကောင်ကိုမှ သူမမြင်ဖူးတော့ချေ။

သူကိုယ်တိုင်လည်း ရွှေနဂါးအရင်းအမြစ်၊ နဂါးအရိုးနှင့် မရခဲ့ဘဲ ယန်ယန် ပြောပြသည်ကိုလည်း မကြားခဲ့ရလျှင် ရှေးဟောင်းနတ်သားရဲများသည် ဒဏ္ဏာရီသက်သက်သာ ဖြစ်လိမ့်မည်ဟု ထင်နေလိမ့်ဦးမည်သာ။

ရန်ကိုင်၏ မျက်လုံးအစုံသည် စိတ်လှုပ်ရှားမှုဖြင့် တလက်လက် တောက်ပလာခဲ့လေသည်။

ဤနဂါးကြေးခွံသည် အခြားသူများအတွက် အလွန် ကောင်းမွန်သည့် မှော်ရတနာပြုလုပ်နိုင်သည့် ပစ္စည်းများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း ရန်ကိုင်အတွက်မူ ထို့ထက်ပို၍ အသုံးဝင်ပေသည်။

မွန်းစတားအသွင်ပြောင်းလဲခြင်း ပညာရပ်၏ ပထမအပိုင်းသည် ရန်ကိုင်အား ရွှေနဂါးအရင်းအမြစ်ထဲမှ စွမ်းအင်ကို မည်သို့ဆွဲထုတ်ပြီး သူ့ခန္ဓာကိုယ်ကို မည်သို့ နဂါးပုံစံ ပြောင်းလဲရမည်လဲ ဆိုသည်ကို ပြောပြထားခဲ့သည်။

နောက်တစ်ပိုင်းသည် သူ့ခန္ဓာကိုယ်အား အမျိုးမျိုးသော ရှေးဟောင်းမွန်းစတားသားရဲ အစိတ်အပိုင်းများနှင့် မည်သို့ ပေါင်းစပ်ရမည်လဲ ဆိုသည်ကို ပြောပြထားခဲ့သည်။ ပေါင်းစပ်ခြင်း အောင်မြင်သွားလျှင် သူ့အနေဖြင့် ထိုမွန်းစတားသားရဲများ၏ စွမ်းရည်များကို အသုံးပြုလာနိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ရန်ကိုင်သာ နဂါးကြေးခွံကို သူ့ကိုယ်ထဲသို့ ပေါင်းထည့်နိုင်မည်ဆိုပါက သူ့အနေဖြင့် နဂါးတစ်ကောင်ကဲ့သို့ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ရရှိလာပေလိမ့်မည်။

နဂါးစိမ်းဓါးကိုပင် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နိုင်၏။ အထူးသဖြင့် နဂါးစိမ်းဓါးကို သူ့ကျောရိုးနေရာတွင် အစားထိုးနိုင်ပေသည်။ ထိုသို့သာ လုပ်နိုင်လျှင် သူ့ခွန်အား တစ်ဟုန်ထိုး မြင့်တက်သွားပေလိမ့်မည်။

သို့ရာတွင် သူ့ခွန်အားမှာ လုံလောက်အောင် မြင့်မားခြင်း မရှိသေးသည့်အတွက် ထိုနည်းလမ်းကို သွားမစမ်းရဲသေးချေ။ ထို့ကြောင့်သာ နဂါးစိမ်းဓါးကို လက်နက်တစ်ခုအဖြစ် သုံးနေသေးခြင်း ဖြစ်သည်။ လက်ရှိတွင် သူ့ကျင့်ကြံခြင်းသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်လာပြီဖြစ်သည့် အတွက် ထိုနည်းလမ်းကို စမ်းချင်စမ်းလို့ ရပေပြီ။

နဂါးအရိုးနှင့် နဂါးကြေးခွံကိုသာ သူ့ကိုယ်ထဲ ထည့်သွင်းနိုင်လျှင် နဂါးတစ်ကောင်၏ စွမ်းရည်အချို့ကို အသုံးပြုနိုင်လာပေလိမ့်မည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၆၉)

ရန်ကိုင်မှာ ရတနာဂိုဒေါင်ကို အပြောင်ရှင်းကောင်းနေချိန် ဘိုးဘေးခန်းမမှာတော့ ပွဲတော်ကြီးတစ်ခု ဖြစ်နေခဲ့သည်။

ဤနေ့တွင် သူနှင့် ကုန်းစွန်းလျန်ကြား အောင်နိုင်သူကို ဆုံးဖြတ်မည်ဟု ဆုံးဖြတ်လိုက်ကတည်းက ကျိဝူကျိသည် သူ့ကိုယ်သူ ဆက်ပြီး နှိမ့်ချမနေတော့ချေ။

ကုန်းစွန်းလျန်သည်လည်း ထိုအချက်ကို သတိထားမိသည်။ သို့ရာတွင် မသိချင်ယောင်သာ ဆောင်နေခဲ့သည်။

ခရမ်းကြယ်၏ အကြီးအကဲများသည်လည်း တစ်ခုခု မှားယွင်းနေမှန်းကို သတိပြုမိပြီး စိတ်ပူလာခဲ့ကြသည်။ ကံကောင်းစွာဖြင့် အကုန်လုံးမှာ အဆင်ပြေပြေနှင့်သာ ဆက်သွားနေကြပြီး မိုးမြေပူဇော်သည့် အခမ်းအနားမှာလည်း မည်သည့် ပြဿနာမှ မဖြစ်ဘဲ အဆင်ပြေပြေနှင့် ပြီးမြောက်သွားခဲ့သည်။

နေ့ဝက်ကြာပြီးနောက်တွင် နောက်ဆုံး ဂါဝရပြုခြင်း အခမ်းအနားအတွက် အကုန်လုံး ဘိုးဘေးခန်းမသို့ ရောက်လာခဲ့သည်။

ပူဇော်ဂါဝရပြုဖို့ရာအတွက် အကုန်လုံး ပြင်ဆင်ထားပြီးသားပင်။ အကြီးအကဲများသည် ဘိုးဘေးခန်းမထဲသို့ ရောက်သည်နှင့် အဆင့်အတန်းအရ လူတန်း လေးတန်း ခွဲချလိုက်ကြသည်။ ကုန်းစွန်းလျန်သည် အားလုံးရှေ့တွင် ရပ်၍ အတိတ်အကြီးအကဲများ၏ ကြီးကျယ်ခမ်းနားမှုများအကြောင်းကို ဩဝါဒချွေသည်။

နောက်ဆုံး ပြောပြီးနောက်တွင် ကုန်းစွန်းလျန်သည် ကမ္ဗည်းတိုင်များကို ကြည့်၍ အော်ပြောလိုက်သည် “တပည့် ကုန်းစွန်းလျန်က ခမ်းနားကြီးကျယ်တို့အား ဘိုးဘေးတို့အား အရိပ်ကြယ်တစ်ခုလုံးကိုယ်စား ဤလက်ဆောင်ပဏ္ဍာများ လာရောက်ပူဇော်ပါတယ်။ ကျုပ်တို့ ခရမ်းကြယ်ကို ဘိုးဘေးတို့ ဆက်လက် စောင့်ရှောက်ပေးတော်မူပေးပါ…”

ထိုသို့ ပြောပြီးနောက် အမွှေးတိုင်များကို မီးညှိလိုက်လေသည်။

ကုန်းစွန်းလျန်သည် အမွှေးတိုင်များကို အမွှေးတိုင်အိုးထဲ ထည့်တော့မည်အပြု ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့၏ “အကြီးအကဲချုပ် နေပါဦး”

ကုန်းစွန်းလျန် မျက်မှောင်ကြုတ်သွားပြီး အသံကြားရာဘက်သို့ မျက်လုံးမှေးစဉ်းလျက် လှည့်ကြည့်လိုက်၏ “ဒုတိယသခင်လေး ပြောချင်တာကို ဒီအမွှေးတိုင်တွေ ထွန်းပြီးမှ ပြောလို့ရမလား။ ဘိုးဘေးတွေဂါဝရပြုတဲ့ အခမ်းအနားကို ဘယ်သူမှ ဝင်နှောင့်ယှတ်ခွင့် မရှိဘူးနော်”

ကျိဝူကျိက ပြုံးသာပြုံးလျက် ပြန်ပြောလိုက်၏ “အကြီးအကဲချုပ်တာ အမှန်ပါပဲ။ ဒါပေမယ့် ဒီကျိ ပြောချင်တာက အကြီးအကဲချုပ်ကိုယ်တိုင် အဲ့အမွှေးတိုင်တွေကို ထွန်းဖို့ သိပ်မသင့်တော်ဘူးလားလို့ပါ”

“ဒီလူအိုကြီးက ခရမ်းကြယ်ရဲ့ အကြီးအကဲချုပ်ပဲ။ ဘာမသင့်တော်စရာ ရှိလို့လဲ” ကုန်းစွန်းလျန်သည် ကျိဝူကျိသည် မျက်လုံးမှေးစဉ်းကာ စိုက်ကြည့်လျက် ပြန်မေးလိုက်သည်။

ကျိဝူကျိကမူ နည်းနည်းလေးမှ ကြောက်ရွံ့ဟန်မပြဘဲ “အရင်တုန်းက ဒီအခမ်းအနားကို ဦးဆောင် ကျင်းပခဲ့တဲ့လူက ကျုပ်အဖေနဲ့ အကြီးဆုံးအစ်ကိုပဲ။ အခု သူတို့ နှစ်ယောက်စလုံး မရှိတဲ့အချိန်မှာ သူတို့ကိုယ်စား ဦးစီးဦးဆောင် လုပ်သင့်တဲ့လူက ဝူကျိ မဟုတ်ဘူးလား”

“ဒုတိယသခင်လေးက ဒီအမွှေးတိုင် သုံးချောင်းကို လိုချင်နေတာလား”

“ဟုတ်တယ်”

“ဟားဟား၊ ဒုတိယသခင်လေးက တကယ် နောက်တတ်တာပဲနော်။ ဂိုဏ်းချုပ်နဲ့ သခင်လေး မရှိတဲ့အချိန် ခရမ်းကြယ်ရဲ့ တာဝန်အရပ်ရပ်ကို ဒီအကြီးအကဲချုပ်ကပဲ စီမံနေရတာ။ ဒီအခမ်းအနားကို ဦးစီးဦးဆောင် ကျင်းပရမယ့် တာဝန်က ဒီအကြီးအကဲရဲ့ တာဝန်ပဲပေါ့။ ဒုတိယသခင်လေး ဝင်လုပ်ပေးစရာ မလိုပါဘူး”

“အကြီးအကဲချုပ်၊ ကျိမိသားစုရဲ့ သွေးတွေက ဝူကျိရဲ့ သွေးကြောထဲမှာ စီးဆင်းနေတာ။ ဒီခရမ်းကြယ်ရဲ့ အခြေခံ အုတ်မြစ်က ကျိမိသားစုပဲ။ ဒီတော့ ဒီကိစ္စကို ဒီဝူကျိ ဦးဆောင် လုပ်သင့်တာ မမှန်ဘူးလား”

“ဒုတိယသခင်လေးက မရရအောင် လုပ်ချင်နေတာလား” ကုန်းစွန်းလျန်က ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်၍ မေးလိုက်၏။

“အကြီးအကဲချုပ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်” ကျိဝူကျိသည် နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း မရှိသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

ကုန်းစွန်းလျန်သည် ယဲ့ယဲ့လေးပြုံးလျက် ကျိဝူကျိအား ဖိအားပေးရန် သူ့သူတော်စင်ချီကို လှည့်ပတ်လိုက်လေသည်။ အမွှေးတိုင်ထွန်းခြင်းသည် အဆင့်လေး တစ်ဆင့်သာ ဖြစ်သော်ငြား အဓိပ္ပါယ်ပေါင်းများစွာဖြင့် ပြည့်နေသည့် အဆင့်တစ်ခုဖြစ်သည်။ သူသာ ကျိဝူကျိပြောသည့်အတိုင်း လုပ်ပေးလိုက်လျှင် ကျိဝူကျိ၏ အဆင့်အတန်းသည် ကျိလုန် သို့မဟုတ် ကျိတုန်၏ အဆင့်အတန်းနှင့် တူညီသည်ဟု သဘောတူပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

သို့ရာတွင် သူ့ကိုယ်ထဲမှ သူတော်စင်ချီ အနည်းငယ်လေး ထွက်လိုက်ရုံဖြင့် အက်သံများ ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ မကြာခင် ခန်းမထဲ အံ့ဩတကြီး သက်ပြင်းရှိုက်သံများစွာ ထွက်ပေါ်လာလေ၏။

ကုန်းစွန်းလျန် မျက်နှာပျက်သွားပြီး ကျိဝူကျိအား လှမ်းကြည့်လိုက်ရာ ကျိဝူကျိသည် အောင်နိုင်သူ အပြည့်ဖြင့် သူ့အား ပြန်စိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဘိုးဘေးကမ္ဗည်းတိုင်တွေ ကွဲကုန်ပြီ”

“ဘာဖြစ်တာလဲ”

“ဘုရား၊ တကယ်ကြီး ဘိုးဘေးကမ္ဗည်းတိုင်တွေ ကွဲကုန်တာဟ”

အော်သံများ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ကုန်းစွန်းလျန်လည်း လှည့်ကြည့်လိုက်ရာ သူ့မျက်နှာကြီး အရုပ်ဆိုးသွားခဲ့လေသည်။

လက်ရှိအချိန်၌၊ ခန်းမထဲရှိ ကမ္ဗည်းအတိုင်း အများစုမှ ပျက်စီးနေကုန်ကြလေပြီ။ အချို့မှာတော့ မပျက်စီးသေးသော်ငြား ထိုမပျက်စီးသေးသည့် အရာများမှာလည်း မကြာခင် ပျက်စီးသွားတော့မည့်နှယ် အက်ကြောင်းများ ထနေကုန်ကြ၏။

ထိုကမ္ဗည်းတိုင်များသည် အတိတ်တွင် ခရမ်းကြယ်အတွက် ကြီးမားစွာ အကျိုးပြုခဲ့သော လူများကို ကိုယ်စားပြုပေသည်။ ထိုဘိုးဘေး တစ်ယောက်ချင်းစီသည် သူ့ခေတ်သူ့အခါက ထင်ပေါ်ကျော်ကြားခဲ့သူများ ဖြစ်ကြပြီး ယနေ့ထိတိုင် ထင်ရှားကျော်ကြားနေဆဲလူများ ဖြစ်ကြပေသည်။

သူတို့ သေဆုံးသွားသည့်နောက်တွင် သူတို့၏ နာမည်ကို မျိုးရိုးအစဉ်အဆက် မှတ်မိနေစေရန်အတွက် သူတို့ နာမည် ထိုးထွင်းထားသော ကမ္ဗည်းတိုင်များကို ဤနေရာတွင် လာထားကြလေသည်။

တစ်နည်းဆိုရသော် ဤကမ္ဗည်းတိုင်များသည် ယုံကြည်မှုကို ကိုယ်စားပြုပေသည်။

မည်သူမှ ဤကမ္ဗည်းတိုင်များကို မလေးမစား မလုပ်ရဲကြ။ ခရမ်းကြယ်၏ ဂိုဏ်းချုပ်ဖြစ်သော ကျိလုန်ပင်လျှင် ဤနေရာသို့ ဝင်လာပြီးနောက် လေးလေးစားစား လှုပ်ရှားရပေသည်။

သို့သော်လည်း ယခုမူ ထိုယုံကြည်ချက် အမှတ်တံဆိပ်များမှာ တစ်စစီ ပျက်စီးသွားကုန်လေပြီ။

ကုန်းစွန်းလျန်သည် ရင်ထိတ်သွားပြီး ကျိဝူကျိအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။

တကယ်တော့ ဤကမ္ဗည်းတိုင်များထဲတွင် သူ့အဖိုး၏ ဘိုးဘေးကမ္ဗည်းတိုင်လည်း ပါပေသည်။

သူဘာမှမပြောရသေးခင်ပင် ကျိဝူကျိက ရုတ်တရက် သွေးထိုးအန်လျက် မခံမရပ်နိုင် ဖြစ်နေဟန်ဖြင့် ကုန်းစွန်းလျန်ကို လက်ညိုးထိုးကာ အော်ပြောလေသည် “အကြီးအကဲချုပ်… ခင်ဗျား တကယ် ရက်စက်လွန်းတယ်။ ကျုပ်လုပ်ရပ်ကို မကျေနပ်ဘူး ဆိုရင်တောင် ကျုပ်ကိုပဲ အပြစ်တင်သင့်တာ။ ဘာလို့ ကျုပ်တို့ ခရမ်းကြယ် ဘိုးဘေးတွေရဲ့ ကမ္ဗည်းတိုင်တွေကို ဖျက်စီးပစ်တာလဲ။ ခရမ်းကြယ်ကို ခင်ဗျား အရေးမစိုက်တော့တာလား”

ကုန်းစွန်းလျန်က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ထို့နောက် ချက်ချင်းပဲ ဒေါသတကြီး ထအော်လေ၏ “ကျိဝူကျိ၊ မဟုတ်တုတ်ကတွေ လျှောက်ပြောမနေနဲ့…”

“မဟုတ်တုတ်ကတွေ လျှောက်ပြောတယ်” ကျိဝူကျိသည် နှုတ်ခမ်းထောင့်မှ သွေဂများကိုသုတ်၍ မျက်နှာမဲ့လျက် “အခု ဖြစ်သွားတာက ဒီဝူကျိ လျှောက်ပြောနေတာလား။ ဝူကျိ အကြီးအကဲချုပ်ကို ရန်စမိတာ ဟုတ်တယ်… ဒါပေမယ့် ဘိုးဘေး ကမ္ဗည်းတိုင်တွေက အခုကိစ္စနဲ့ ဘာမှမဆိုင်ဘူးလေ”

“အကြီးအကဲချုပ် ခင်ဗျား အရမ်း လွန်သွားပြီ။ ကမ္ဗည်းတိုင်တွေထဲမှာ ဘိုးဘေးတွေရဲ့ ဝိဥာဉ်အမျှင်ပါးလေး တစ်မျှင်စီပါတယ်။ ကမ္ဗည်းတိုင်တွေကို ဖျက်စီးလိုက်တာက ဘိုးဘေးတွေကို သတ်လိုက်တာနဲ့ အတူတူပဲ။ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်ရတာလဲ” တစ်ယောက်ယောက်က ထအော်လေသည်။

“အကြီးအကဲချုပ် ခင်ဗျားလုပ်ရပ်ကို ခင်ဗျား ပြန်ရှင်းပြရလိမ့်မယ်”

ကျိဝူကျိ စပြောလိုက်သည်နှင့် ကျင့်ကြံသူ တစ်ယောက်ပြီး တစ်ယောက် ကုန်းစွန်းလျန်ကို အော်ဟစ်စွပ်စွဲတော့လေသည်။ ကျိဝူကျိသည်သည်လည်း မခံမရပ်နိုင် ဖြစ်နေသည့်ပုံစံဖြင့် ရင်ဘတ်ကို လက်ဖြင့် ဖိထားခဲ့သည်။ သို့ရာတွင် သေချာ ကြည့်မည် ဆိုလျှင် သူ့မျက်လုံးနက်များထဲ ဂုဏ်ယူနေသည့် အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်ပေလိမ့်မည်။

ယခုမှပဲ သူထောင်ချောင်ထဲကို ကျသွားပြီမှန်း ကုန်းစွန်းလျန် နားလည်သွားတော့သည်။ ကျိဝူကျိကို သင်ခန်းစာ ပေးချင်သည့် အတွက် သူတော်စင်ချီကို နည်းနည်းလောက် လှည့်ပတ်လိုက်သော်ငြား သူ့ဆီမှ သူတော်စင်ချီလှိုင်း ဖြာထွက်သွားရုံဖြင့် ထိုကမ္ဗည်းတိုင်အားလုံး ပျက်စီးသွားလိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားခဲ့ပါမည်နည်း။

သူထုတ်လွှတ်လိုက်သည် သူတော်စင်ချီစွမ်းအင်လှိုင်းသည် ထိုကမ္ဗည်းတိုင်များကို လုံးဝ မပျက်စီးသွားစေနိုင်ပေ။

တစ်ယောက်ယောက်မှ ကမ္ဗည်းတိုင်များအား သူတော်စင်ချီလှိုင်းနှင့် ထိလိုက်သည်နှင့် ပျက်စီးသွားအောင် ကြိုတင် လုပ်ဆေင်ထားခြင်းသာ ဖြစ်သည်။

“ကျိဝူကျိ၊ ငါမင်းသတ္တိကို တကယ် အထင်သေးလိုက်မိတာပဲ” ကုန်းစွန်းလျန်သည် ဘာကိုမှ ရှင်းပြမနေတော့ဘဲ ကျိဝူကျိကိုသာ လေးစားတကြီး လှည့်ကြည့်လိုက်သည်။ ကျိဝူကျိသည် သူ့အပေါ် အနိုင်ရရန်အတွက် ဘိုးဘေးကမ္ဗည်းတိုင်များကိုပင် အသုံးချလိမ့်မည်ဟု မထင်ထားခဲ့ချေ။

“အကြီးအကဲချုပ် ဘာပြောချင်တာလဲ ဝူကျိ နားမလည်ဘူး။ အခု ဖြစ်သွားတာကို မရှင်းပြချင်လို့ လျှောက်မဲနေတာတော့ မဟုတ်ပါဘူးနော်” ကျိဝူကျိသည် ပျက်စီးသွားသည့် ကမ္ဗည်းတိုင်များဘက်သို့ ခေါင်းစဉ် ပြန်လှည့်လိုက်သည်။

“ရှင်းပြချက်လား” ကုန်းစွန်းလျန်သ ည်ကျိဝူကျိနောက်ရှိ ပညာရှင်များကို ဝေ့ကြည့်လိုက်လေသည်။ ကျိဝူကျိ၏ အကြည့်ကို ရင်ဆိုင်မိသည်နှင့် ထိုပညာရှင်အားလုံး တုန်တုန်ရီရီ ဖြစ်သွားပြီး ကြောက်လန့်တကြား အကြည့် လွှဲဖယ်လိုက်ကြလေသည်။

ထိုလူများသည် ကျိဝူကျိနောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ကြသော်ငြား အကြီးအကဲချုပ်သည် အကြီးအကဲချုပ် ဖြစ်နေဆဲ။ သူသည် အကုန်လုံး၏ လေးစားခံရသူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ကုန်းစွန်းလျန်အား ပွင့်ပွင့်လင်းလင်းကြီး ဆန့်ကျင်ရသည့်အပေါ် သူတို့ရင်ထဲ အနည်းနှင့်အများဆိုသလို ကြောက်လန့်မိကြလေသည်။

ကျိဝူကျိလည်း ထိုအချက်ကို သတိပြုမိသည်။ သူ့ရင်ထဲ ထိုလူများကို ငကြောက်များကို ထိုင်ဆဲနေရုံမှအပ ဘာမှ သွားပြောလို့ မရချေ။ ကုန်းစွန်းလျန်၏ မြင်ကွင်းကိုပိတ်၍ လေသံ တိုးတိုးဖြင့် အော်ပြောလိုက်လေသည် “အကြီးအကဲချုပ်၊ ခင်ဗျား တကယ်ကြီး ခရမ်းကြယ်ရဲ့ ဘိုးဘေးတွေကို အရေး မစိုက်တော့တာလား။ မဟုတ်သေးဘူး… ခင်ဗျား ဒီလောက် မောက်မာနေတာ အကြီးအကဲချုပ် ရာထူးနဲ့ သင့်တော်တယ်လို့ ထင်နေသေးတာလား”

“မင်းပြောချင်တာ ဒါအကုန်ပဲလား” ကုန်းစွန်းလျန်က လှောင်ပြုံးပြုံးလျက် “မင်းက တကယ် တော်တာပဲကွ ကောင်လေးရ၊ တုန်းအာကြောင့်သာ မဟုတ်ရင် ခရမ်းကြယ်က တကယ်ကြီး မင်းလက်ထဲကို ရောက်သွားလောက်ပြီ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ မင်းက အမြဲတမ်း အားနည်းတဲ့ကောင်ပဲ ဖြစ်နေဦးမှာ။ ငါ့ဆီက ရှင်းပြချက်ကို လိုချင်နေတာလား။ ကောင်းပြီလေ။ ပေးရတာပေါ့”

ပြောပြီးသည်နှင့် ကုန်းစွန်းလျန် ရှေ့သို့တိုး၍ ကျိဝူကျိကို လှမ်းဖမ်းလိုက်လေသည်။

ယနေ့ ဖြစ်သွားသည့် ကိစ္စအားလုံးသည် သူ့အား ချောက်ချရန် ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခုမှန်း သိနေခဲ့သည်။ ကမ္ဗည်တိုင်းများ သူ့ကြောင်းကွဲသွားသွား မသွားသွား အကုန်လုံးကတော့ သူ့ကြောင့် ကွဲသည်ဟုသာ ပြောကြပေလိမ့်မည်။ ရှင်းပြနေလို့လည်း ဘာမှ ထူးလာလိမ့်မည် မဟုတ်။

ထို့ကြောင့် နည်းလမ်းတစ်ခုသာ ရှိတော့သည်။

ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုသည်မှာ စကားသက်သက်ဖြင့် ပြော၍မရ။ အောင်နိုင်သူများသည်သာ သမိုင်းကို ရေးလေ့ရှိကြသည့်အတွက် ယနေ့ ကိစ္စကို သူ့လက်သီးဖြင့် ဖြေရှင်းရန်သာ ဆုံးဖြတ်လိုက်လေသည်။

ကုန်းစွန်းလျန် သူ့အား ဖမ်းရန် လုပ်နေသည်ကို မြင်သော်ငြား ကျိဝူကျိသည် မကြောက်သည့်အပြင်ကို ပျော်ပင် ပျော်နေသေး၏။ စိတ်ရှုပ်နေသည့် မျက်နှာထားလုပ်ပြ၍ နောက်သို့ဆုတ်ရင်း အော်ပြောလိုက်၏ “ကုန်းစွန်းလျန်၊ ခင်ဗျား တကယ်ကြီး ဘိုးဘေးခန်းမထဲမှာ တိုက်ခိုက်ဖို့လုပ်နေတာလား။ ဒါ ခရမ်းကြယ်ကို သစ္စာဖောက်တာနဲ့ အတူတူပဲနော်။ ခုဏတုန်းက ခင်ဗျားလုပ်လိုက်တဲ့ အပြစ်က ကြီးပေမယ့် ခင်ဗျားသာ ဘိုးဘေးခန်းမထဲ ဆယ်နှစ်နေပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ဆင်ခြင်မယ်ဆိုရင် အပြစ်က လွှတ်နိုင်သေးတယ်။ အခုလို လုပ်မယ်ဆိုရင်တော့ ခင်ဗျားအပြစ်ကို ခွင့်လွှတ်ပေးချင်တယ် ဆိုရင်တောင် ခွင့်လွှတ်ပေးလို့ ရတော့မှာ မဟုတ်ဘူးနော်”

“ဒီလူအိုကြီး ဘာလုပ်လုပ် မင်းမှာ ပြောပိုင်ခွင့် မရှိဘူးကွ” ကုန်းစွန်းလျန်သည် ကျိဝူကျိ ပြောသည်ကို အရေးမစိုက်ဘဲ အေးစက်စက် လေသံဖြင့်သာ ပြန်ပြောလိုက်လေသည်။

ကျိဝူကျိကို လှမ်းဖမ်းတော့မည်အပြု ပုံရိပ်တစ်ခုသည် ဘေးမှ ရုတ်တရက် ပြေးဝင်လာပြီး သူ့လမ်းကို လာတားလေသည်။

ကုန်းစွန်းလျန်၏ အမူအရာ ပြောင်းလဲသွားပြီး လက်သည်းပုံစံ လုပ်ထားသည့် သူ့လက်ချောင်းများကို လက်ဝါးပုံစံသို့ ပြောင်းကာ ရှေ့သို့ ရိုက်ထုတ်လိုက်၏။

သူ့လမ်းကို ကြားဝင်ဖြတ်တားသည့် လူသည်လည်း လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လေသည်။

လက်ဝါးနှစ်ဖက် အသံတိတ် ထိသွားခဲ့သည်။ ပြီးသည်နှင့် နှစ်ယောက်စလုံး တစ်ပြိုင်တည်း နောက်ဆုတ်လိုက်ကြလေသည်။

ထိုအခါမှပဲ သူတို့ လက်ဝါးချင်း ထိသွားသည့် နေရာဆီမှ အားကောင်းသည့် စွမ်းအင်လှိုင်းတို့ ပေါက်ကွဲထွက်လာခဲ့လေ၏။ ထွက်ပေါ်လာသည့် အဖျက်စွမ်းအင်လှိုင်းများကြောင့် ဘိုးဘေးခန်းမတစ်ခုလုံး ပြိုကျကုန်လေသည်။

အကြီးအကဲများ အားလုံးသည်လည်း ဘိုးဘေးခန်းမထဲမှ ဝရုန်းသုန်းကာ ထွက်ပြေးလာခဲ့ကြလေသည်။

နှစ်ပေါင်းများစွာကြာအောင် ခရမ်းကြယ်ပေါ်တွင် အထွဋ်အမြတ်နေရာတစ်ခုအဖြစ် တည်ရှိလာခဲ့သော ဘိုးဘေးခန်းမသည် ယနေ့တွင် ပျက်စီးသွားခဲ့ရလေပြီ။

ဘိုးဘေးခန်းမ ပျက်စီးသွားသည့်အပေါ် အကုန်လုံး ဝမ်းနည်းကြေကွဲမိကျသည်။

ဘိုးဘေးခန်းမထဲမှ လွတ်လာသည့် ကျိဝူကျိ၏ မျက်နှာမှာ စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်နေခဲ့သည်။ ယခုထိတိုင် သူ့ရင်ထဲ အကြောက်မပြေနိုင်သေး။

အကုန်လုံးသည် သူ့အစီအစဉ်အတိုင်း သွားနေသော်လည်း ကုန်းစွန်းလျန် တိုက်ခိုက်လိုက်သည့်အခိုက် သူ့တစ်ကိုယ်လုံး ရေခဲတွင်းထဲ ရောက်သွားသည့်အလား တစ်ကိုယ်လုံး လှုပ်မရအောင် တောင့်တင်းသွားခဲ့လေသည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် တစ်ဦးရှေ့တွင် သူသည် ဘာမှမဟုတ်သေးချေ။

ခွန်အား… ကိုယ်ပိုင်ခွန်အားက အရေးအကြီးဆုံးပဲ ကျိဝူကျိသည် လက်သီးတင်းတင်းဆုပ်၍ ရေရွတ်လိုက်သည်။

တစ်ဖက်တွင်မူ ကုန်းစွန်းလျန်သည် မျက်လုံးမှေးစဉ်း၍ ကျိဝူကျိရှေ့တွင် ရပ်နေသည့်လူအား စိုက်ကြည့်လိုက်သည်။

ထိုလူသည် အသက် သုံးဆယ်လောက်သာ ရှိမည်ထင်ရပြီး ရုပ်ရည်မှာ သန့်သန့်ပြန့်ပြန်ပင်။ မျက်လုံးများသည် အတွေ့အကြုံ များစွာကို ရင်ဆိုင်လာရသည့် လူတစ်ဦး၏ အရိပ်အယောင်များကို ထင်ဟပ်နေခဲ့သည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၀)

လက်ရှိတွင် ထိုလူသည် ဝိုင်းပုလင်းကို လက်တစ်ဖက်တွင် ကိုင်ထားခဲ့သည်။ ကုန်းစွန်းလျန်နှင့် တိုက်ခိုက်လိုက်သော်ငြား ဝိုင်ပုလင်းမှ ဝိုင်တစ်စက်ပင် ထွက်မသွားခဲ့ချေ။

ကုန်းစွန်းလျန်အား ပြုံးပြကာ မေးလိုက်လေသည် “အကြီးအကဲချုပ်၊ ကျန်းကျန်းမာမာနဲ့ ရှိနေမယ်လို့ ထင်ပါတယ်”

ကုန်းစွန်းလျန်သည် ထိုလူအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်၍ “လီမောက်မင်၊ မင်းတကယ်ကြီး ခရမ်းကြယ်မှာ ရှိနေသေးတာပဲ။ မင်းမရှိတော့ဘူးလို့ ငါထင်နေတာ။ အခု မင်းဒုတိယသခင်လေး ဘက်ကနေ ရပ်ဖို့ ဆုံးဖြတ်လိုက်တာလား”

လီမောက်မင်ဆိုသည့်လူက ပြုံး၍သာ ပြန်ပြောလိုက်၏ “အဲ့လိုမျိုးကြီးတွေ မပြောစမ်းပါနဲ့ အကြီးအကဲချုပ်ရာ။ ငါလို ခေါင်ချုပ်တစ်ယောက်က ခရမ်းကြယ်မှာ အခုလိုတွေ ဖြစ်နေတာကို ဘယ်လိုလုပ်ပြီး ရပ်ကြည့်နေနိုင်ပါ့မလဲ။ ဒုတိယ သခင်လေးဘက်က နေလိုက်တယ် ဆိုတာကလည်း သိပ်မမှန်ဘူး။ ငါသူ့ဘက်နေတာ မဟုတ်ဘူး။ တစ်ယောက်ယောက် အကူအညီ တောင်းလို့ လာလုပ်ပေးတာ”

ကုန်းစွန်းလျန်က လှောင်ပြုံးပြုံးလျက် “မင်းအခုလို လှုပ်ရှားလာအောင် လုပ်နိုင်တဲ့လူဆိုလို့ တစ်ယောက်ပဲရှိတယ်။ နှစ်တွေဒီလောက် ကြာသွားတာတောင် မင်းကိုယ်မင်း အဲ့ထဲကနေ ရုန်းမထွက်နိုင်သေးတာပါလား… ဒီလူအိုကြီး တကယ် အံ့ဩသွားပြီ”

လီမောက်မင်၏ မျက်လုံးထဲ ဝမ်းနည်းရိပ်တို့ ဖြတ်ပြေးသွား၏။ သို့သော် အလျင်အမြန် ခေါင်းခါ၍ ရယ်မောကာ ပြန်ပြောလိုက်လေသည် “ဒီလီကိုယ်တိုင်လည်း ဘာလို့ အဲ့လို ဖြစ်နေလဲ နားမလည်နိုင်ဘူး… ကဲ၊ အဲ့အကြောင်းတွေ ထားလိုက်ပါလေ။ အခုအကြောင်းပဲ ပြန်သွားကြတာပေါ့။ အကြီးအကဲချုပ်၊ ဒီလီနောက်လိုက်ပြီး ဝိုင်တစ်ခွက်နှစ်ခွက်လောက် လိုက်မသောက်ချင်ဘူးလား… အခုလို ကိစ္စတွေဆိုတာ စကားနဲ့လည်း ဖြေရှင်းလို့ရတာပဲဟာလေ။ အကုန်လုံးက တစ်မိသားစုတည်းကပဲကို,.. ဘာလို့ တစ်ယောက်ကို တစ်ယောက် ခက်ခဲအောင်လုပ်မှ ဖြစ်မှာလဲ”

ပြောပြီးသည်နောက် သူ့လက်ထဲရှိ ဝိုင်ပုလင်းကို ကုန်းစွန်းလျန်ဆီ ထိုးပေးလိုက်လေသည်။

ရုတ်တရက် ပေါက်ကွဲထွက်တော့မည့်နှယ် ဖြစ်နေသော နှစ်ဖက်အဖွဲ့ကြားရှိ အခြေအနေသည် လီမောက်မင် ရောက်လာပြီး အနည်းငယ် ပြန်လည် တည်ငြိမ်သွားခဲ့လေသည်။

လီမောက်မင်ကိုကြည့်ရင်း ခရမ်းကြယ်၏ ပညာရှင်များ မျက်မှောင်ကြုတ်သွားခဲ့ကြလေသည်။ ခရမ်းကြယ်တွင် ခေါင်ချုပ် နှစ်ဦးရှိခဲ့သော်လည်း ထိုနှစ်ဦး မည်သူလဲဆိုသည်ကို လူတော်တော်များများ မသိကြပေ။

ကုန်းစွန်းလျန်နှင့် အပြန်အလှန် စကားပြောနေသည့်ပုံကို ကြည့်လျှင် ထိုလူသည် ခေါင်ချုပ်တစ်ဦးသာ ဖြစ်နိုင်ပေသည်။

“ဟုတ်တယ် သူပဲ… ငါမှတ်မိပြီ” တစ်ယောက်ယောက်က ရုတ်တရက် ထအော်လေသည်။

သူ့ဘေးနားတွင် ရှိနေသည့်လူက ချက်ချင်း မေးလိုက် “အဲ့ခေါင်ချုပ် ဘယ်သူလဲ မင်းသိပြီလား ရောင်းရင်းကျန်း”

“သူ့အကြောင်း ကောဟာလတွေပဲ ကြာဖူးနေတာ။ အခုမှပဲ မြင်ဖူးတော့တယ်” မျိုးရိုးနာမည်ကျန်းနှင့်လူက တိုးတိုးလေး ရေရွတ်လိုက်သည်။

“ခေါင်ချုပ်လီဆိုတာ ဘယ်သူလဲ မြန်မြန် ပြောပြစမ်းပါဟ… ပြီးတော့ အကြီးအကဲချုပ် ပြောသွားတဲ့ သူ့ကိုယ်သူ အဲ့ထဲကနေ ရုန်းမထွက်နိုင်သေးပါလား ဆိုတာကကော ဘာကိုပြောတာလဲ”

မျိုးရိုးနာမည်ကျန်းနှင့်လူက လေသံတိုးတိုးဖြင့် ပြန်ရှင်းပြလိုက်လေသည် “ဒီအကြောင်းက သိတဲ့လူ သိပ်မရှိဘူး။ မင်းဒုတိယသခင်လေးရဲ့ အမေကို သိတယ်မလား”

“သိတာပေါ့။ ခရမ်းကြယ်ရဲ့ နံပါတ်တစ် အလှဂဟေးကို ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ”

“အေး မင်းသိရင် အဆင်ပြေသွားပြီ။ ခေါင်ချုပ်လီ အရမ်းချစ်ရတဲ့ မိန်းကလေးတစ်ဦး ရှိခဲ့တယ်။ အဲ့မိန်းကလေးက ဒုတိယသခင်လေးရဲ့ အမေပဲ”

“ဟန်” မေးခွန်းမေးလိုက်သည့်လူက နားမလည်နိုင်ဟန်ဖြင့် “ဒါပေမယ့် ဒုတိယသခင်လေးရဲ့ အမေက ဂိုဏ်းချုပ်ရဲ့…”

“ဟုတ်တယ်။ ခေါင်ချုပ်လီက ဂိုဏ်းချုပ်ရဲ့ သူငယ်ချင်း အရင်းကြီး တစ်ယောက်ပဲ။ နှစ်ယောက်စဘုံး ဒုတိယသခင်လေးရဲ့ အမေကို ပြိုင်လုနေတာဆိုလည်း ဟုတ်တယ်။ ဒါပေမယ့် ဒုတိယသခင်လေးရဲ့ အမေက…မင်းနားလည်ပြီမလား။ အချစ်ဆိုတာ ကိုယ်က ဆုံးဖြတ်ရတာ မဟုတ်ဘူး။ ကံကြမ္မာကပဲ ဆုံးဖြတ်သွားတာ… ဒုတိယသခင်လေးရဲ့ အမေ ဂိုဏ်းချုပ်ကို ရွေးလိုက်တဲ့နောက်ပိုင် ခေါင်ချုပ်လီ ပျောက်သွားတော့တာပဲ။ အဲ့အချိန်ကစပြီး သူဘယ်မှာမှန်း ဘယ်သူမှ မသိတော့ဘူး။ ဂိုဏ်းချုပ်တောင် သူဘယ်ရောက်လို့ ရောက်သွားမှန်း မသိဘူး။ ဒီလောကကြီးမှာ သူ့ကို လှမ်းခေါ်နိုင်တဲ့လူဆိုလို့ ဒုတိယသခင်လေးရဲ့ အမေတစ်ယောက်ပဲ ရှိတယ်”

“အဲ့လိုမျိုးတွေ ဖြစ်သွားတာလား။ ဒီတော့ ခေါင်ချုပ်လီသာ ရှိနေရင် အကြီးအကဲချုပ် ဒုတိယသခင်လေးကို ဘာမှ လုပ်လို့ မရတော့ဘူးလို့ ပြောလိုက်တာပေါ့” စကားပြောနေသည့်လူ စိတ်လှုပ်ရှားလာခဲ့လေသည်။ သူသည် ကျိဝူကျိ၏ ဘက်တော်သား တစ်ယောက် ဖြစ်သဖြင့် ကျိဝူကျိ ပိုလုံခြုံလေ၊ ပိုအားကောင်းလေ သူတို့အတွက်လည်း ပိုအဆင်ပြေလေပင်။

“ဖြစ်နိုင်လောက်တယ်” မျိုးရိုးကျန်းဆိုသည့်လူသည် အခြားသော လျှို့ဝှက်ချက်တစ်ခုခုကို ထပ်သိထားသည့်အလား သူ့အဖြေအပေါ် အပြည့်အဝ ယုံကြည်ချက် ရှိမနေခဲ့ချေ။

“လီမောက်မင်၊ မင်းအခု ပြန်ဆုတ်သွားလို့ မရဘူးလား။ ပြီးမှ ဒီလူအိုကြီး မင်းနဲ့ ဝိုင်လာသောက်မယ်လေ” ကုန်းစွန်းလျန်သည် လီမောက်မင်ကိုကြည့်၍ ပြောလိုက်သည် “ဘယ်လိုလဲ”

“ဒီနေ့ကိစ္စက တစ်ယောက်ယောက်က အကူအညီ တောင်းထားတာ၊ ငါဆုတ်ချင်တိုင်း ပြန်ဆုတ်လို့မရဘူး။ ငါသာ မင်းပြောသလို ပြန်ဆုတ်လိုက်ရင် ငါ့သစ္စာ ငါပြန်ဖျက်သလို ဖြစ်နေမှာပေါ့” လီမောက်မင်က ဖြည်းဖြည်းချင်း ခေါင်းခါ၍ အရက်ပုလင်းကို မော့သောက်ရင်း ပြောလိုက်လေသည် “ပြီးတော့ အရက် ဆိုတာမျိုးကလည်း အဖော်နဲ့သောက်မှ ပိုသောက်လို့ကောင်းတာ”

ကုန်းစွန်းလျန်သည် မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏ “ငါတင်ခဲ့တဲ့ အကြွေးနဲ့ ချေလိုက်မယ်ဆိုရင်ကော”

ထိုစကား ထွက်လာသည်နှင့် အောင်နိုင်သူတစ်ဦးနှယ် ပြုံးဖြီးဖြီး လုပ်နေသော ကျိဝူကျိ၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ လီမောက်မင်ကို အံ့ဩတကြီး မေးလိုက်လေသည် “ဂိုဏ်းချုပ်လီက ဒီသက်ကြားအိုကြီးကို အကြွေးတင်နေတာလား”

လီမောက်မင်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်၍ ခဏကြာအောင် စဉ်းစားနေလိုက်သည်။ ထို့နောက်မှ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ရယ်မော၍ ပြောလိုက်လေ၏ “ဟုတ်တယ်။ အခုမှပဲ ပြန်စဉ်းစားမိတော့တယ်။ အကြီးအကဲချုပ်သာ မပြောရင် ဒီလီ တကယ် မေ့တော့မှာ”

ကုန်းစွန်းလျန်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလေ၏ “ရောင်းရင်းလီက မေ့ချင်မေ့လိမ့်မယ်။ ဒီလူအိုကြီးကတော့ မေ့မှာ မဟုတ်ဘူး။ အဲ့အကြွေးအတွက် ဒီလူအိုကြီး တော်တော်လေး စတေးပေးခဲ့ရတာ”

လီမောက်မင်က ခေါင်းမော့ကာ လက်သီးဆုပ်၍ “အဲ့တုန်းက အကြီးအကဲချုပ်ရဲ့ အကူအညီကို ဒီလီ သေချာ မှတ်ထားပါမယ်”

“မှတ်ထားစရာမလိုဘူး။ မင်းအခု ပြန်ဆုတ်သွားလိုက်ရင် ရပြီ။ အဲ့ဒါဆို ငါတို့ကြားက အကြွေးတွေ ကျေပြီ”

လီမောက်မင် ပြန်မပြောနိုင်သေးခင်မှာပဲ ကျိဝူကျိက ဖြတ်ပြောလိုက်လေသည် “သူပြောတဲ့အတိုင်း လုပ်လို့ မဖြစ်ဘူးနော် ခေါင်ချုပ်လီ။ ခေါင်ချုပ်လီ ကတိပေးထားတာကို မမေ့နဲ့နော်”

လီမောက်မင်က မျက်မှောင်ကြုတ်၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည် “စိတ်မပူနနဲ့။ ငါရှိနေသရွေ့ ဘယ်သူမှ မင်းကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး”

ထိုအခါမှပဲ ကျိဝူကျိ စိတ်အေးသွားခဲ့လေသည် “ခေါင်ချုပ်လီကို ကျေးဇူးအများကြီးတင်ပါတယ်”

ထိုစကားကို ကြားသည့်အခါ ကုန်းစွန်းလျန် ဒေါသ ထွက်သွားခဲ့လေသည် “ရောင်းရင်းလီက ကိုယ့်ကတိ ကိုယ်မတည်ဘူးပဲ”

လီမောက်မောင် ခေါင်းကိုက်လာချင်ခဲ့လေပြီ “အကြီးအကဲချုပ်လည်း သိတာပဲ။ လူတိုင်းမှာ ကိုယ်ဦးစားပေးတဲ့ အရာဆိုတာ ရှိစမြဲပဲလေ။ ဒီလီက ဒုတိယသခင်လေးကို ကာကွယ်ပေးမယ်လို့ ကတိပေးပြီးသွားပြီ။ အခု အကြီးအကဲ ပြောသလိုသာ လုပ်လိုက်ရင် ဒီလီက ကတိ ဖျက်လိုက်သလို ဖြစ်သွားမှာပေါ့။ အကြီးအကဲချုပ်လည်း မသိတာမှ မဟုတ်ဘဲ”

ကုန်းစွန်းလျန်သည် စစချင်းတွင် စိတ်ပျက်နေခဲ့သော်ငြား လီမောက်မင်စကားကို သေချာ ဆန်းစစ်ကြည့်ပြီးနောက် ပြုံးလျက် ပြန်မေးလိုက်လေသည် “မင်းက ဒုတိယသခင်လေးကို ကာကွယ်ပေးဖို့ ရောက်နေတာလား”

“ဟုတ်တယ်” လီမောက်မင်က ခေါင်းညိတ်လိုက်သည် “ဒုတိယသခင်လေးရဲ့ သွေးကြောထဲမှာ ကျိမိသားစုရဲ့ သွေးတွေ စီးဆင်းနေတာ၊ သူလုံးဝ သေလို့မဖြစ်ဘူး”

“ကောင်းပြီလေ” ကုန်းစွန်းလျန်က ရယ်မော၍ “အဲ့လိုဆို မင်းအဲ့မှာရပ်ပြီး သူ့ကို ကာကွယ်ပေးနေလိုက်။ ဒီလူအိုကြီး သူ့ကို ဘာမှမလုပ်တော့ဘူး”

ပြောပြီးသည့်နောက် ကုန်းစွန်းလျန်သည် သူ့လက်ကို ဝှေ့ရမ်း၍ “ဒုတိယသခင်လေးနောက်က လူတွေကို သွားတိုက်ကြ။ ဒုတိယသခင်လေးကို လုံးဝ သွားမထိစေနဲ့နော်”

“ဟုတ်ကဲ့” ချက်ချင်းပဲ ကုန်းစွန်းလျန်ဘက်မှ လူများသည် ကျိဝူကျိဆီသို့ ပြေးဝင်သွားကြလေသည်။ သို့ရာတွင် မည်သူမှ သူ့အား မတိုက်ခိုက်ကြဘဲ သူ့ဘက်တော်သားများကိုသာ တိုက်ခိုက်ကြလေသည်။

ကျိဝူကျိ၏ လူများ မတုန့်ပြန်နိုင်သေးခင်မှာပဲ တိုက်ပွဲမှာ စတင်ခဲ့လေပြီ။

ရုတ်တရက် ခရမ်းကြယ်နန်းတော်၏ ကောင်းကင်ထက် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားလာခဲ့လေသည်။ တလက်လက် တောက်ပနေသော သူတော်စင်ချီ အလင်းတန်းများ၊ မှော်ရတနာများ၏ အဆုံးမဲ့ စွမ်းအင် အလင်းတန်းများ… လေထုတစ်ခွင် ပြည့်နှက်နေလေ၏။

ကျိဝူကျိသည် မျက်လုံးအပြူးသားဖြင့် လီမောက်မင်ကို ကြည့်၍ အလန့်တကြား ပြောလိုက်လေသည် “ခေါင်းချုပ်လီ၊ ခင်ဗျား ဘယ်လိုတောင် လုပ်ရက်တာလဲ”

လီမောက်မင်သည် ကျိဝူကျိအားကြည့်၍ ပြုံးကာ ပြန်ပြောလိုက်လေသည် “ဒုတိယသခင်လေးကို ကာကွယ်ပေးမယ်လို့ပဲ အဲ့လူကို ကတိပေးခဲ့တာ။ အခြားသူတွေ သေသေရှင်ရှင်က ဒီလီ အလုပ်မဟုတ်ဘူး”

ကျိဝူကျိစိတ်ထဲ အလွန် စိုးရိမ်ပူပန်လာခဲ့သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှရှိမနေခဲ့ချေ။ လှည့်ပတ်ကြည့်လိုက်ရာ သူ့ဘက်နေရန် ဆုံးဖြတ်ထားသည့် ပညာရှင်အားလုံး အကျဉ်းအကြပ်ထဲ ရောက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

လီမောက်မင်က ထပ်ပြောလိုက်ပြန်သည် “အခု ကြည့်ရသလောက်တော့ နောက်ဆုံး ရလဒ်က သိသာနေပြီ။ ဒုတိယ သခင်လေး ဘာလို့ စိတ်လျှော့ပြီး ဒီလီနဲ့ အရက် တစ်ခွက်တစ်ဖလား မမော့တာလဲ”

“သောက်ချင်ရင် ခင်ဗျားဘာသာပဲသောက်” အလွန် စိတ်ညစ်နေပါသည်ဆိုမှ အရက် လာသောက်ခိုင်းနေသေးသည်။

ကောင်းကင်ထက်ရှိ တိုက်ပွဲသည် မျှခြေ အခြေအနေတွင် ရှိနေခဲ့သည်။ ကုန်းစွန်းလျန်နှင့် ထိပ်တိုက် ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားလိုက်သည့် အချိန်မှစ၍ သူ့ခွန်အားအပေါ် ယုံကြည်သည့် အတွက်ကြောင့် ဖြစ်ပေသည်။

သို့သော်လည်း ကုန်းစွန်းလျန် ဝင်မပါသေးချေ။ ကုန်းစွန်းလျန်သာ ဝင်ပါလိုက်လျှင် တိုက်ပွဲ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားပေလိမ့်မည်။

သူကြောက်နေသည့်အရာ နောက်ဆုံးတွင် ဖြစ်လာသည်။ ကုန်းစွန်းလျန်သည် နောက်ဆုံးတွင် ရပ်ကြည့်မနေတော့ဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်လာလေသည်။

ကျိဝူကျိ၏ ဘက်တော်သားများအနက် တစ်ဦး ဖြစ်သည့် တတိယအကြီးအကဲသည် တန်ခိုးရှင်ဘုရင် ပထမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ သူသည် ကုန်းစွန်းလျန်၏ ညာဘက်ရုံး တစ်ယောက် ဖြစ်သည်ဟု ပြော၍ရသည်။ သို့သော်ငြား သူမည်သို့ပင် ဖြစ်နေပါစေ ကုန်းစွန်းလျန်နှင့် ရင်ဆိုင်ရသည့်အခါ တစ်ခဏအတွင်း ဖိနှိပ်ခံလိုက်ရလေသည်။

ကျိဝူကျိလည်း ဆက်မစောင့်နိုင်တော့သည့်အဆုံး ရန်ကိုင်ကို လှမ်းအော်ခေါ်တော့လေသည် “ခေါင်ချုပ်ရန်၊ ကျေးဇူးပြုပြီး ဝင်ကူညီပေးပါတော့”

သူ့အသံ ဆုံးသွားသည်နှင့် ရန်ကိုင်၏ ပုံရိပ်သည် ကုန်းစွန်းလျန် ဘေးတွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။ သက်ပြင်းတစ်ချက် ချလျက် ကုန်းစွန်းလျန်အား လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

ရန်ကိုင် အလွန် စိတ်ညစ်နေခဲ့သည်။

ခရမ်းကြယ် ဂိုဒေါင်ထဲမှ ရတနာများကို အပြတ်ရှင်းပြီး ချက်ချင်း ထွက်သွားရန် စဉ်းစားခဲ့သည်။ ကျိဝူကျိ၏ ပြဿနာများထဲ ဝင်ပါရန် မစဉ်းစားထားချေ။

လမ်းကြောင်းငါးသွယ်ကုန်သွဘ်ရေး အဖွဲ့အစည်းနှင့် ကြည်လင်ကောင်းကင်လေလံစံအိမ်မှ လီနွော့တို့ကိုလည်း ထွက်သွားရန် ကြိုပြောထားပြီးလေပြီ။

သို့သော်လည်း ရှန်တုနှင့် အခြားသူများကို ကျိဝူကျိမှ အခြား တစ်နေရာသို့‌ ရွှေ့ပြောင်းလိုက်လိမ့်မည်ဟု မထင်းထားခဲ့ချေ။

ခရမ်းကြယ်နန်းတော်ထဲ သွားရှာကြည့်သော်လည်း ရှန်တုတို့ကို မတွေ့ရသဖြင့် ရှောင်ရှောင်ကို တိတ်တဆိတ် လွှတ်ပြီးတော့သာ ရှာခိုင်းရတော့လေသည်။

ယခု ကျိဝူကျိက သူ့အား လှမ်းခေါ်နေသဖြင့် သူလည်း နည်းနည်းပါးပါ ဝင်ပါပေးရတော့လေသည်။

ရန်ကိုင် ပေါ်လာသည်ကို မြင်သည့်အခိုက် လီမောက်မင်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့၏။ သူ့ရင်ထဲ အနည်းငယ်လည်း ထိတ်လန့်မိသွားခဲ့သည်။

ခရမ်းကြယ်နန်းတော်ထဲတွင် နောက်ထပ် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသေးမှန်း မသိထားသော်ငြား ရန်ကိုင် ဤနေရာတွင် မည်ကဲ့သို့ ပေါ်လာသလဲ ဆိုသည်ကို လုံးဝ မမြင်နိုင်ခဲ့ပေ။ ခေါင်ချုပ်ရန် ပေါ်လာသည့် ပုံစံမှာ ဟင်းလင်းပြင်ကို ဖြတ်ကူးပြီး ရောက်ချလာသလိုပင်။

ထိုအချက်ကို စဉ်းစားမိလိုက်သည်နှင့် လီမောက်မင်၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့သည်။ ယခင်ကကဲ့သို့ အေးအေးဆေးဆေး ဖြစ်မနေတော့ဘဲ မျက်နှာတည်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေ၏ “ဒုတိယသခင်လေး၊ ဒါသတင်းတွေ ထွက်နေတဲ့ တတိယခေါင်ချုပ်ဆိုတဲ့လူလား”

“ဟုတ်တယ်” ရန်ကိုင် ပေါ်လာသည်ကို မြင်မှပဲ ကျိဝူကျိ စိတ်အေးနိုင်တော့၏ “ခေါင်းချုပ်ရန်အပေါ် ဘယ်လိုထင်လဲ ခေါင်ချုပ်လီ”

“အားကောင်းတယ်” လီမောက်မင်က အလျင်အမြန် ပြန်ပြောလိုက်၏ “သူ့သူတော်စင်ချီက ဒီလီနဲ့ အကြီးအကဲချုပ် ထက်တောင် ပိုအားကောင်းသေးတယ်”

ကျိဝူကျိက ပြုံးလျက် “ဒီတော့ အကြီးအကဲချုပ်က သူ့ပြိုင်ဘက် မဟုတ်ဘူးပေါ့”

လီမောက်မင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက် “အဲ့လိုတော့လည်း ပြောလို့မရဘူး။ ကျင့်ကြံသူ့တစ်ယောက်ရဲ့ ခွန်အားက သူတော်စင်ချီအပေါ်မှာ လုံးလုံးကြီး မူတည်နေတာ မဟုတ်ဘူး။ အခြား အချက်တွေကိုလည်း ကြည့်ရသေးတယ်… ဒါပေမယ့် သူသာရှိနေရင် အကြီးအကဲချုပ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ မဟုတ်ဘူး”

“ခေါင်ချုပ်လီသာ ဝင်ပါလိုက်ရင် ဒီနေ့ကိစ္စ လုံးဝ ပြီးပြတ်သွားပြီ” ကျိဝူကျိက လီမောက်မင်ကိုကြည့်၍ ပြောလိုက်၏။

သို့သော်လည်း လီမောက်မင်က ရယ်သာရယ်၍ “ဒုတိယ သခင်လေးကို ကာကွယ်ပေးမယ်လို့ပဲ ကတိပေးခဲ့တာ။ ကျန်တဲ့လူတွေကလည်း ခရမ်းကြယ်က လူတွေပဲကို၊ ဒီလီ ဘယ်လိုလုပ်ပြီး သူတို့ကို တိုက်ခိုက်ရက်မှာလဲ”

ကျိဝူကျိသည် မျက်မှောင်ကြုတ်သွားပြီး ခဏကြာအောင် တုန့်ဆိုင်းတွေဝေပြီးနောက် နောက်ဆုံးတွင် ပြောချလိုက်လေ၏ “ခေါင်ချုပ်လီသာ ကူညီပေးမယ်ဆိုရင် ကျုပ်အမေကို ပိုးလို့ရအောင် ကူညီပေးမယ်လေ။ ခေါင်ချုပ်လီလည်း အဲ့လို ဖြစ်နေတာမလား”

“မင်းဘာပြောခလိုက်တာလဲ” လီမောက်မင်သည် ပြိုတော့မည့်မိုးနှယ် မှုန်ကုတ်နေသည့် မျက်နှာသည် ကျိဝူကျိကို စိုက်ကြည့်၍ “မင်းအခု ပြောလိုက်တဲ့ စကားတွေက မင်းအမေ ဂုဏ်သတင်းကို အကြီးအကျယ် ပျက်စီးသွားစေနိုင်တယ်ဆိုတာ မင်းမသိတာလား။ အခုတစ်ကြိမ် နောက်ဆုံး ဖြစ်ပါစေ၊ မင်းဒီလို စကားမျိုး နောက်တစ်ကြိမ် ထပ်ပြောတာကြားရင် ငါကိုယ်တိုင် မင်းခြေလက်တွေကို ချိုးပစ်မှာ”

All Chapters