← Chapters

အခန်း (၁၈၇၁-၁၈၇၅)

Vol. 75 Ch. 1871-1875

အခန်း (၁၈၇၁-၁၈၇၅)

Vol. 75 Ch. 1871-1875

အပိုင်း (၁၈၇၁)

လီမောက်မင်သည် စပေါ်လာကတည်းက ရယ်ရယ်မောမောဖြင့်သာ စကားပြောနေခဲ့သော်လည်း ကျိဝူကျိ ပြောသည့်စကားကို ကြားပြီးနောက်တွင် သူအကြည့်မှာ ရုတ်ချည်းဆိုသလို အေးစက်စက် ဖြစ်သွားခဲ့လေသည်။

လီမောက်မင်၏ ရုတ်တရက် ပြောင်းလဲသွားသော အကြည့်ကြောင့် ကျိဝူကျိ တုန်ရီသွားခဲ့သည်။ သူသာ တကယ်ဆက်ပြီး ပြောနေလျှင် လီမောက်မင် သူ့ခြေလက်များကို ချိုးပစ်လိမ့်မည် ဆိုသည်ကို မယုံမရှိတော့ချေ။

သို့သော်လည်း လီမောက်မင်၏ အမူအရာအရ သူ့အမေသည် လီမောက်မင်၏ စိတ်ထဲတွင် ထွတ်မြတ်သည့် တည်ရှိမှုမျိုးသဖွယ် နေရာယူထားကြောင်းကိုလည်း သိလိုက်ရလေသည်။

ခဏလောက် စဉ်းစားနေပြီးနောက် ကျိဝူကျိက ဆက်ပြောလိုက်၏ “ကျေးဇူးပြုပြီး စိတ်လျှော့ပါ ခေါင်ချုပ်လီ။ ဝူကျိ သေချာ ရှင်းရှင်းလင်းလင်း မပြောလိုက်မိသလို ဖြစ်သွားလို့ တောင်းပန်ပါတယ်။ တကယ်က…”

ကျိဝူကျိသည် အသံထွက်မပြောတော့ဘဲ လီမောက်မင် တစ်ဦးတည်း ကြားအောင်သာ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် လှမ်းပြောလိုက်လေသည်။

အမြဲတမ်းလိုလို တည်ငြိမ်နေတတ်သော လီမောက်မင်သည် ကျိဝူကျိ ပြောသည်ကို ကြားပြီးနောက် ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည် “မင်းဘာပြောလိုက်တာ… ကျိလုန်၊ သူ…”

“ဟုတ်တယ်” ကျိဝူကျိက ခေါင်းညိတ်၍ “အမေ ဒီအကြောင်းကို ကြားပြီးကတည်းက စားမဝင် အိပ်မပျော် ဖြစ်နေတာ။ ခေါင်ချုပ်လီ၊ အဖေနဲ့ အမေက သူငယ်ချင်တွေ ဆိုတော့ ကျေးဇူးပြုပြီး ကျုပ်အမေကို နှစ်သိမ့်ပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်အမေသာ ဒီအတိုင်း ဆက်သွားနေရင် သူ့ကျန်းမာရေး ထိခိုက်လာမှာ စိုးရတယ်။ အဲ့လိုသာ ဖြစ်သွားရင်…”

ကျိဝူကျိ ပြောသည့်စကားကို ကြားပြီးနောက်တွင် လီမောက်မင် အနည်းငယ် ဒယီးဒယိုင် ဖြစ်သွားခဲ့သည်။ မယုံကြည်နိုင်သလိုလည်းဖြစ်၊ အတိတ်အကြောင်းများကို ပြန်တွေးရင်း ဝမ်းလည်းဝမ်းနည်းမိသလို ဖြစ်လာခဲ့ရသည်။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ခါးသက် ခြောက်ကပ်စွာ ရယ်မောလျက် “ကျိလုန်၊ မင်း… မင်း တကယ်ကြီး…”

လီမောက်မင်သည် သူ့စကားကိုပင် ဆုံးအောင် မပြောနိုင်ဘဲ လမ်းတစ်ဝက်တွင် ရပ်သွားခဲ့လေသည်။

“ခေါင်ချုပ်၊ ဝူကျိ ပြောတာကို စဉ်းစားသင့်တယ်နော်။ ဝူကျိကလည်း အမေ့ကို စိတ်ပူလို့ ပြောတာပါ” ကျိဝူကျိက ပြောလိုက်သည်။

လီမောက်မင်သည် အသက်ပြင်းပြင်း ရှူသွင်းလျက် ကျိဝူကျိအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ “ငါသွားနှစ်သိမ့်ပေးလိုက်မယ်။ ဒီနေ့ ကိစ္စကြောင့်တော့ မဟုတ်ဘူး။ ပြီးတော့ ငါ့စိတ်သဘောနဲ့ ကူညီပေးမှာ။ အဲ့ဒါကို အဲလဲအလှယ်လို့ လာသဘောမထားနဲ့။ မင်းအမေကို ချစ်တယ်ဆိုရင် သူ့ကို လေးစား၊ ဂရုစိုက်သင့်တယ်။ ဘယ်တော့မှ တံစိုးလက်ဆောင် တစ်ခုအဖြစ်နဲ့ အသုံမချနဲ့။ မင်းအခုလို လုပ်နေတာမျိုး ထပ်တွေ့တယ်ဆိုရင်တောင် ငါမင်းကို အလွယ်လေး ခွင့်လွှတ်ပေးတော့မှာ မဟုတ်ဘူး”

ကျိဝူကျိ စိတ်ပျက်မိသွားသည်။ သို့သော်လည်း နားထောင်ချင်ယောင်တော့ ဆောင်လိုက်ပေသေးသည် “ဝူကျိ မှားသွားပါတယ်”

အရူး… အဖေ့ကို ရှုံးသွားတာ နည်းတောင်နည်းသေးတယ်။ အရှုံးသမားက တစ်ဘဝလုံး အရှုံးသမားပဲ ဖြစ်နေမှာ ကျိဝူကျိ ကျိန်ဆဲလိုက်လေသည်။

သူတို့ နှစ်ယောက် စကားပြောနေသည့်အချိန်တွင် ရန်ကိုင်နှင့် ကုန်းစွန်းလျန်မှာ တိုက်ပွဲပေါင်းများစွာ ဖလှယ်ပြီးနေလေပြီ။ နှစ်ဦးသားကြား တိုက်ပွဲကြောင့် သူတို့ အနီးပတ်ပတ်လည်ရှိ မိုးမြေစွမ်းအင်မှာ ပရမ်းပတာ ဖြစ်နေကာ မည်သူမှ သူတို့ပတ်လည် မီတာတစ်ထောင်အတွင်းသို့ မချဉ်းကပ်လာရဲကြပေ။ တိုက်ကွက် ရာပေါင်းများစွာ ဖလှယ်ပြီး မည်သည့်ဘက်မှ အထက်စီး မရသေးချိန်… ရန်ကိုင်က ရုတ်တရက် အားလုံးကြားအောင် အော်ပြောလိုက်လေသည် “ဒီဘုရင်က ခရမ်းကြယ်ရဲ့ ခေါင်ချုပ်ပဲ။ ခေါင်းချုပ်ရဲ့ တာဝန်က ခရမ်းကြယ်ကို ငြိမ်းချမ်းအောင်လုပ်ဖို့… ဘယ်လိုလုပ်ပြီး အကျိုးအမြတ်ရလို့ ဝင်ပါတာ ဖြစ်ရမှာလဲ”

ကုန်းစွန်းလျန်၏ မျက်နှာကြီး မဲ့သွားခဲ့သည်။ ရန်ကိုင် အရှက်မရှိ ပေါက်တတ်ကရ လျှောက်ပြောနေမှန်း သိသော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှ ရှိမနေခဲ့ချေ။

ထို့ကြောင့် မှုန်ကုတ်ကုတ် အမူအရာဖြင့်သာ ပြန်အော်လေ၏ “အဲ့လိုဆိုရင် ဒီလူအိုကြီးကို ရက်စက်လို့ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ”

ပြောပြီးသည့်နောက်တွင် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်၍ လက်ကွက်တစ်ခု ဖန်တီးလိုက်လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကုန်းစွန်းလျန် တိုက်ကွက်ကြီးတစ်ခု ထုတ်သုံးတော့မည်မှန်း နားလည်လိုက်သည်။ ထို့ကြောင့် ပြိုင်ဘက်အား အထင်မသေးဘဲ သေချာခုခံကာကွယ်ဟန် ပြင်လိုက်လေသည်။ ကုန်းစွန်းလျန်ကို အရေးမစိုက်သော်လည်း တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် သတိဆိုသည်မှာ ပိုသည်ဟူ၍ မရှိပေ။

သို့သော်လည်း ရန်ကိုင် ခုခံရန် ပြင်နေသည်ကို မြင်သည့်အခါ ကုန်းစွန်းလျန် ညစ်ကျယ်ကျယ် ပြုံးလိုက်လေ၏။ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တစ်ခုမှနှစ်ခု၊ နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု စသဖြင့် ခွဲထွက်သွားလေသည်။

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ထက် ရာပေါင်းများစွာသော ကုန်းစွန်းလျန်တို့ ပေါ်လာကြလေသည်။

ထိုအခြင်းအရာကို ကြည့်ရင်း ရန်ကိုင် မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

ဤနည်းလမ်းသည် တိုက်ခိုက်ရာတွင်ကော၊ ထွက်ပြေးရာတွင်ပါ အသုံးပြုလို့ကောင်းသည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် သူ့ကောင်းကင်စိတ်အာရုံနှင့်ပင် မည်သည့် ကုန်းစွန်းလျန်သည် အတု၊ မည်သည့် ကုန်းစွန်းလျန်သည် အစစ်မှန်း မပြောနိုင်ခဲ့ချေ။ အကုန်လုံး၏ အရှိန်အဝါသည် လုံးဝကို ဥဿုံညီနေခဲ့သည်။

ကုန်းစွန်းလျန်၏ တိုက်ကွက်ကို မြင်လိုက်သည်နှင့် ရန်ကိုင်သာလျှင်မဟုတ်၊ တိုက်ပွဲအား အဝေးမှ ကြည့်နေသော လီမောက်မင်၏ အမူအရာပါ တည်ကြည်သွားခဲ့သည်။ လီမောက်မင်သည် ကိုယ်ပွားများကို စစ်ဆေးကြည့်နေသည့်အလား သူ့မျက်လုံးသည် ရုတ်တရက် ခရမ်းရောင် တောက်လာခဲ့သည်။

ကုန်းစွန်းလျန်၏ ရယ်သံသည် အဘက်ဘက်မှ ပဲ့တင်ထပ်လာခဲ့လေသည် “ဒုတိယသခင်လေးက ဒီလူအိုကြီးကို အခုလို မလုပ်လုပ်အောင် လာတွန်းအားပေးချင်နေမှတော့ ဒီလူအိုကြီးလည်း ရက်စက်ပေးရတော့မှာပေါ့”

ပြောပြီးသည်နှင့် ကုန်းစွန်းလျန် ပုံရိပ်များသည် ရန်ကိုင်အား အရေးမစိုက်တော့ဘဲ တိုက်ပွဲဆီသို့သာ ပြေးတင်သွားကြလေသည်။

“အာ…” အခြားသူတစ်ဦးနှင့် တိုက်ခိုက်နေသော ကျိဝူကျိ၏ ဘက်တော်သားတစ်ဦးသည် ကုန်းစွန်းလျန်ကြောင့် သေဆုံးသွားခဲ့လေသည်။ သေသွားသည့် လူ၏ ရင်ဘတ် တည့်တည့်တွင် လက်ဝါးရာကြီး ထင်ဟပ်နေခဲ့သည်။

မကြာမီ အော်ဟစ်သံများ တစ်သံတစ်ပြီးတစ်သံ အဆက်မပြတ် ထွက်ပေါ်လာပြီး ကုန်းစွန်းလျန်၏ ဘက်တော်သားများ ဖြစ်ကြသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ကြလေသည်။

ထိုသို့ ဖြစ်လာသည့်နောက်တွင် ကုန်းစွန်းလျန်၏ ပုံရိပ် ဝင်လာနေသည်ကို မြင်ပါက ကျိဝူကျိ၏ ဘက်တော်သားများ ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေသည်။ သို့သော်ငြား တန်ခိုးရှင်အဆင့် ကျင့်ကြံခြင်းလေးဖြင့် တန်ခိုးရှင်ဘုရင်ဒုတိယ အဆင့် လက်မှ မည်သို့များ လွတ်မြောက်နိုင်ပါမည်နည်း။

မျက်တောင်တစ်ခတ်အတွင်း လူပေါင်းများစွာ ရက်ရက်စက်စက် အသတ်ခံလိုက်ရလေသည်။ အကုန်လုံးသည် ကျိဝူကျိ၏ ထောက်တိုင်ကြီးများ ဖြစ်ကြသည်။

ထိုအခြင်းအရာကိုကြည့်ရင်း ကျိဝူကျိ၏ နဖူးထက် သွေးကြောကြီးများ ထောင်တက်လာခဲ့ပြီး ရန်ကိုင်အား လှမ်းအော်တော့လေသည် “ခေါင်ချုပ်ရန်၊ သူ့ကို တားပါဦး”

ရန်ကိုင်ကမူ သူ့မေးစေ့ကို ပွတ်၍ဿာ ခေါင်းခါ၍ ပြန်ပြောလိုက်၏ “ဒုတိယသခင်လေးက လုပ်ရခက်တာကို လာလုပ်ခိုင်းနေတာပဲ။ ဒီဘုရင်တောင် ဘယ်အကြီးအကဲချုပ်က အတု၊ ဘယ်အကြီးအကဲချုပ်က အစစ်အမှန်းသိတာ မဟုတ်ဘူး။ အတုအစစ် မသိဘဲနဲ့ ဘယ်လိုတားရမှာလဲ”

ရန်ကိုင်သည် ယဉ်ယဉ်ကျေးကျေးနှင့် ကျိဝူကျိကို တစ်ပတ်ရိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ တိုက်ပွဲအား မပါချင်ဘဲ ဝင်ပါလိုက်ရသည့်အတွက် တိုက်ခိုက်ရာတွင် နည်းနည်းလေးမှ အားမစိုက်ခဲ့ပေ။ ခရမ်းကြယ်၏ ပိုင်ရှင် မည်သူဖြစ်ဖြစ် သူဂရုမစိုက်ပေ။ သူလိုနေသည်မှာ အချိန်သာ ဖြစ်သည်။ ရှောင်ရှောင်သာ ရှန်တုတို့ကို ကယ်ပြီးသည်နှင့် သူလည်း ဤနေရာမှ ချက်ချင်း ထွက်သွားပေမည်။

သို့သော်လည်း နည်းနည်းပါးပါး လေ့လာကြည့်ရသလောက် ကုန်းစွန်းလျန်၏ ပညာရပ်နှင့် ပက်သက်၍ ဟာကွက်အချို့ကို တေွ့ရှိလိုက်ရသည်။ ဤသည်မှာ မည်သည့် ပညာရပ်ကိုမှ မသုံးဘဲ လေ့လာကြည့်ရသလောက်သာ ရှိသေးသည်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကိုပါ ထုတ်သုံးမည် ဆိုလျှင်တော့ တကယ့် ကုန်းစွန်းလျန်အစစ်ကို ရှာတွေ့ဖို့က လွယ်လွယ်လေး ဖြစ်သွားပေပြီ။

ရန်ကိုင်၏ တာဝန်ခံမှုမရှိသည့် အဖြေကို ကြားလိုက်သော် ကျိဝူကျိ သွေးအန်လုမတတ် ဖြစ်သွားလေသည်။

သူ့လူအားလုံးသာ အသတ်ခံလိုက်ရလျှင် မည်သို့များ ဆက်ပြီး တိုက်ခိုက်ရတော့ပါမည်နည်း။ တိုက်ပွဲအား အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အမိန့်ပေးလိုက်၏ “မတားနိုင်ရင် သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ပေးဆပ်ခိုင်းရမှာပေါ့”

ရန်ကိုင်က မျက်ခုံးပင့်၍ ညစ်ကျယ်ကျယ်ပြုံးလျက် “အဲ့ဒါတော့ ရတယ်”

ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်၍ ရွှေရောင်သွေးမျှင်များစွာကို ထုတ်လွှတ်လိုက်လေသည်။ ရွှေရောင်သွေးမျှင်များသည် ဓါးပျံများနှယ် အဘက်ဘက်သို့ ပျံထွက်သွားခဲ့လေသည်။

ရွှစ်… ရွှစ်… ရွှစ်…

လေခွင်းသံများနှင့်အတူ အော်ဟစ်သံများစွာ ကောင်းကင်ယံထက် ပဲ့တင်ထပ်သွားခဲ့သည်။

ကျိဝူကျိ၏ ဘက်တော်သားများနှင့် တိုက်ခိုက်နေကြသည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူရှစ်ဦးသည် မည်ကဲ့သို့ တိုက်ခိုက်ခံလိုက်ရမှန်းမသိဘဲ သေသွားခဲ့ကြရလေသည်။ ပုံမှန်အခြေအနေမျိုးတွင်ပင် ရန်ကိုင်လက်မှ မလွတ်နိုင်သည်ကို အခြားသူတစ်ဦးနှင့်ပါ တိုက်ခိုက်နေရသည့်နောက်မှတော့ ရန်ကိုင်လက်မှ မည်သို့များ လွတ်နိုင်ပါဦးမည်နည်း။

ရွှေရောင်သွေးမျှင်များသည် သေမင်းဓါးကောက်များနှယ် တိုက်ပွဲကွင်းပြင်ထဲ ခေါက်တုန့်ခေါက်ပြန် သွားလာရင်း အသက်ပေါင်းများစွာကို ချွေယူနေခဲ့လေသည်။

အသက် ဆယ်ရှိုက်စာအတွင်း ရန်ကိုင် သတ်ထားသည့် ကျင့်ကြံသူအရေအတွက်သည် ကုန်းစွန်းလျန် သတ်ထားသည့် ကျင့်ကြံသူ အရေအတွက်ကို လိုက်မှီသွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်သည့်အခါ ကုန်းစွန်းလျန် ဒေါသတကြီး ထအော်တော့သည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများသည် မည်သည့် အင်အားစုကြီးတွေအတွက်မဆို အစားထိုးမရသည့် ထောက်တိုင်များ ဖြစ်ကြသည်။ လူပေါင်းများစွာအနက် အနည်းငယ်သည်သာ တန်ခိုးရှင်အဆင့်သို့ ရောက်နိုင်သည်ကိုး။ ထို့ကြောင့် အင်အားစုတစ်ခု၏ ခွန်အားသည် တန်ခိုးရှင်ဘုရင် အဆင့် ကျင့်ကြံသူများပေါ်တွင် မူတည်နေသလို တန်ခိုးရှင်အဆင့် ကျင့်ကြံသူ အရေအတွက်ပေါ်တွင်လည်း မူတည်နေပေသည်။

ယနေ့တိုက်ပွဲပြီးသည့်နောက်တွင် ခရမ်းကြယ်၏ ခွန်အားမှာ သိသိသာသာကို ထိုးကျသွားပေတော့မည်။

ဤသည်မှာ ကုန်းစွန်းလျန်နှင့် ကျိဝူကျိတို့ နှစ်ဦးစလုံး မမြင်ချင်သည့် အဖြစ်အပျက် ဖြစ်သည်။ သို့သော် တိုက်ပွဲ ဖြစ်လာသည်နှင့် ဤအဖြစ်အပျက်သည် မလွဲမသွေ ဖြစ်လာပေလိမ့်မည်။

ခေတ်တစ်ခေတ်၏ အဆုံးသတ်နှင့် ခေတ်သစ်တစ်ခုကြား သွေးစတေးမှုပေါင်းများစွာ လိုက်ပါလာရစမြဲပင်။

ယခု တိုက်ခိုက်နေကြသည့် မည်သည့် တန်ခိုးရှင်အဆင့် ကျင့်ကြံသူမဆို ထိတ်လန့်တုန်လှုပ်နေရကုန်လေပြီ။ လက်ရှိ အခြေအနေသည် ရန်ကိုင်နှင့် ကုန်းစွန်းလျန် မည်သူက လူပိုသတ်နိုင်လဲ ပြိုင်နေကြသည်နှင့်ပင် တူနေပေသည်။

ကျိဝူကျိဘေးတွင် တိုက်ပွဲအား စိတ်မဝင်စားဟန်ဖြင့် ရပ်ကြည့်နေသော လီမောက်မင်၏ အမူအရာမှာလည်း တဖြည်းဖြည်း လေးနက် တည်ကြည်လာခဲ့လေသည်။

အခြေအနေသည် ဤအတိုင်းအတာထိ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူသာ ဝင်ပါလိုက်လျှင် ယခုကဲ့သို့ ဖြစ်လာစရာအကြောင်း မရှိလောက်ချေ။ သို့သော်ငြား ပြောပြီးသွားပြီ ဖြစ်သဖြင့် ဝင်ပါလို့ မဖြစ်တော့။

ဘာလုပ်ရဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်မှာပဲ ကုန်းစွန်းလျန်က ရုတ်တရက် အော်ပြောလေသည် “လီမောက်မင်၊ ငါမင်းအပေါ် အကြွေးရှိသေးတာ သိတယ်မလား။ အခု အဲ့အကြွေးအတွက် ငါ့ကို လာကူညီပေး။ မင်းလည်း ခရမ်းကြယ် တစ်ခုခု ဖြစ်သွားမှာကို မမြင်ချင်ဘူးမလား”

လီမောက်မင်က မျက်မျောင်ကြုတ်၍ “ငါ့ညီအစ်ကိုမောင်နှမတွေ သေမှာကို မမြင်ချင်ဘူးဆိုပေမယ့် ဒုတိယသခင်လေးရဲ့ လုံခြုံရေးက…”

“သူ့ကို စိတ်ပူမနေနဲ့။ ဒီလူအိုကြီး သူ့ကို ဘာမှမလုပ်ဘူးလို့ ကတိပေးတယ်၊ ငါခရမ်းကြယ်ကို ထိန်းချုပ်လို့ ရသွားရင်တောင် ဒုတိယသခင်လေးရဲ့ လုံခြုံရေးကို လုံးဝ အာမခံတယ်”

လီမောက်မင် ကြပ်ရိုက်သွားလေသည်။

ကျိဝူကျိသည် လီမောက်မင်ကို အံ့ဩတကြီး ကြည့်လျက် “ခေါင်ချုပ်လီ၊ ခင်ဗျား မလုပ်လောက်…”

“ဒီအခြေအနေထိ ဖြစ်လာပြီဆိုမှတော့ ဒီလီလည်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါတော့မလဲ” လီမောက်မင်က သက်ပြင်းချ၍ “စိတ်ချထားလိုက်။ ဒီလီ ရှိနေသရွေ့ ဘယ်သူမှ ဒုတိယသခင်လေးတို့ သားအမိကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ငါ့အသက်ကိုသုံးပြီး မင်းတို့ နှစ်ယောက်ကို ကျိန်းသေ ကာကွယ်ပေးမယ်”

ပြောပြီးသည်နှင့် ရပ်နေရာမှ ပျောကက်ွယ်သွားလေသည်။

ကျိဝူကျိသည် ခဏတာ ကြောင်အမ်းအမ်း ဖြစ်နေသော်ငြား အသိပြန်ဝင်လာသည်နှင့် အံကြိတ်ကာ ကုန်းစွန်းလျန်အား ကျိန်ဆဲတော့သည်။ လီမောက်မင်ကိုလည်း ကိုယ့်ကတိကိုယ် မတည်သည့်လုဟူ စွပ်စွဲတော့၏။ လီမောက်မင် ကုန်းစွန်းလျန်ဘက်မှ ဝင်တိုက်မည်ဟု ကြားလိုက်ချိန် ကျိဝူကျိ အနေဖြင့် သခင်လေးတစ်ယောက်၏ ဟန်ပန်ကို လုံးဝ မထိန်းသိမ်းနိုင်တော့ချေ။ သူ့ရင်ထဲ အလွန်ကိုမှ ဒေါသ ထွက်နေခဲ့လေပြီ။

လီမောက်မင်သည် ကုန်းစွန်းလျန်အပေါ် အကြွေးတင်နေသည်ဟူသော အချက်ကြောင့် ကုန်းစွန်းလျန်နှင့် ပေါင်း၍ ရန်ကိုင်အား တိုက်ခိုက်ရန် ဖြစ်လာတော့သည်။ အကျိုးဆက် အနေဖြင့် ကျိဝူကျိသည်လည်း ဤတိုက်ပွဲကို ရှုံးရန် ဖြစ်လာခဲ့လေသည်။ လီမောက်မင်နှင့် ကုန်းစွန်းလျန်တို့ နှစ်ဦးစလုံး သူ့အဆင့်အတန်းနှင့် လုံခြုံရေးကို အာမခံပေးထားခဲ့သော်လည်း ခရမ်းကြယ်၏ ခေါင်ဆောင် ရာထူးကိုတော့ သူ့အနေဖြင့် ဘယ်တော့မှ ရနိုင်တော့လိမ့်မည် မဟုတ်ချေ။

ချွင်းချက်ဆို၍ ရန်ကိုင်မှ ကုန်းစွန်းလျန်နှင့် လီမောက်မင်တို့ နှစ်ဦးစလုံးကို အနိုင်ယူမည့် အခြေအနေသာ ရှီတော့သည်။

သို့ရာတွင် မည်သို့များ ထိုသို့ ဖြစ်နိုင်ပါမည်နည်း။ သုံးယောက်စလုံးသည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်များ ဖြစ်ကြရာ သူတို့ သုံးဦးစလုံး၏ ခွန်အားသည် အတူတူလောက်သာ ရှိကြသည်။ တစ်ယောက်တည်းဖြင့် နှစ်ယောက်ပေါင်းကို မည်သို့မှ ပြန်တိုက်နိုင်လိမ့်မည် မဟုတ်ချေ။

ကျိဝူကျိ အလွန်ကိုမှ စိတ်ညစ်စိတ်ပျက်သွားခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၂)

သူ့နည်းလမ်း အလုပ်မဖြစ်သည်ကိုမြင်သော် ကုန်းစွန်းလျန်သည် သူ့ကိုယ်ပွားအားလုံးကို ပြန်ခေါ်လိုက်ပြီး မူလ ခန္ဓာကိုယ်အဖြစ်သို့ ပြန်ပြောင်းလဲလိုက်သည်။ ထို့နောက် မတ်တပ်ရပ်၍ ရန်ကိုင်အား စိုက်ကြည့်နေလေသည်။

သူနှင့် မနီးမဝေးတွင် လီမောက်မင် ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ပြုံးစိစိဖြင့် သူ့ရွှေရောင်သွေးမျှင်များကို ပြန်ဆွဲယူလိုက်လေသည်။

ယခုမှပဲ အကုန်လုံး စိတ်အေးနိုင်ကြတော့သည်။ အသက် သုံးဆယ်ရှိုက်စာအတွင်း ဤတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ နှစ်ဦးကြောင့် သေသွားခဲ့ရသည့် ကျင့်ကြံသူ အရေအတွက်မှာ အယောက် ခြောက်ဆယ်ကျော်ပေသည်။

ထိုခြောက်ဆယ်ကျော်စလုံးသည် တန်ခိုးရှင်ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ချည်းများ ဖြစ်ကြသည်။ ထိုလူများသည် အရိပ်ကြယ်၏ ထောက်တိုင်များ ဖြစ်ကြပေသည်။ ကံကောင်းစွာဖြင့် ထိုကပ်ဘေးမှာ အချိန်မှီ အဆုံးသတ်သွားသဖြင့် အကုန်လံး စိတ်သက်သာရာ ရသွားခဲ့ကြရသည်။

အကုန်လုံးသည် မပြောဘဲ သဘောတူညီချက် ရလိုက်သည့်အလား တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြသည်။ အကြီးအကဲချုပ်ပဲ နိုင်မလား၊ ဒုတိယသခင်လေးပဲ နိုင်မလား ဆိုသည်မှာ သူတို့အပေါ်တွင် မူတည်မနေဘဲ တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲပေါ်တွင်သာ မူတည်နေသည်ကို အားလုံး သိနေကြပေသည်။

သူတို့ ဆက်တိုက်နေ၍လည်း ဘာမှမထူး။ အသက် သေရုံသာ ရှိပေလိမ့်မည်။

ဆူညံနေသော တိုက်ပွဲကွင်းပြင်သည် ရုတ်ချည်း တိတ်ဆိတ်သွားပြီး အကုန်လုံး၏ အကြည့်သည် ရန်ကိုင်၊ ကုန်းစွန်းလျန်နှင့် လီမောက်မင်တို့အပေါ် စုပြုံရောက်ရှိလာခဲ့၏။

ဒုတိယသခင်လေးဘက်မှ ကျင့်ကြံသူများမှာတော့ မျက်နှာမကောင်းချေ။ တိုက်ပွဲရလဒ်ကို မမြင်နိုင်ရအောင် သူတို့ မျက်စိကန်းမနေကြ။ ကျင့်ကြံခြင်း အဆင့်တူချင်း နှစ်ယောက် တစ်ယောက် တိုက်ခိုက်ကြရမည်ဖြစ်ရာ ရန်ကိုင် မည်သို့များ နိုင်နိုင်ပါဦးမည်နည်း။

“ဘာလဲ။ နှစ်ယောက်ပေါင်းတိုက်ချင်တာလား” ရန်ကိုင်သည် ထိတ်လန့်သွားဟန် လုံးဝမပြဘဲ ပြုံး၍ပင် ပြန်မေးလိုက်လေသည်။

ကုန်းစွန်းလျန်သည် အေးစက်စက် အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။ ဘာတစ်ခွန်းမှ ပြန်မပြော။ အစောပိုင်းက ကိစ္စနှင့် ပက်သက်၍ ရန်ကိုင်အပေါ် အလွန်ဒေါသထွက်နေသည့် ပုံပင်။ လီမောက်မင်ကမူ ခဏမျှ စဉ်းစားနေပြီးနောက် ယဉ်ယဉ်ကျေးကျေး ပြောလိုက်လေသည် “ခေါင်ချုပ်ရဲ့ မျိုးရိုးနာမည်က ရန်ဆိုတော့ ရောင်းရင်းရန်လို့ပဲ ခေါ်ရမှာပေါ့။ ခေါင်ချုပ်ရန်က ခေါင်ချုပ် တံဆိပ်ပြားကို ရထားတဲ့လူဆိုတော့ ခရမ်းကြယ်ရဲ့ လူတစ်ယောက် ဖြစ်နေပြီလို့ ပြောလို့ရတယ်။ ခေါင်ချုပ်ရန် ကိုယ်တိုင်လည်း အခုလို အခြေအနေမျိုးကို မမြင်ချင်ဘူးလို့ ဒီလီ ထင်တယ်”

ရန်ကိုင်က ရယ်မော၍ “ဒါပေါ့”

လီမောက်မင်က အော်ရယ်မောလျက် “ရောင်းရင်းရန် အခုလို တွေးတာ ကောင်းတယ်။ အဲ့လိုဆိုမှတော့ ရောင်းရင်းရန် ဒီလီ ပြောတာကို တစ်ချက် နားထောင်ကြည့်မလား”

“ပြောကြည့်လေ” ရန်ကိုင်က ပြုံးလျက် ပြန်ပြောသည်။

“ဒီနေ့ကိစ္စက ဒီမှာပဲ ရပ်လိုက်သင့်နေပြီ။ အဲ့လိုမဟုတ်ဘဲ ဒီအတိုင်းသာ ဆက်သွားနေရင် ခရမ်းကြယ်ရဲ့ အုတ်မြစ် ထိခိုက်သွားလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း ကမ္ဘာမကြေ ရန်သူတွေ မဟုတ်ကြတော့ ထိုင်ပြီး ဆွေးနွေးကြရင် မကောင်းဘူးလား” လီမောက်မင်က ပြောလိုက်သည်။

ကျိဝူကျိမှတော့ မီးခဲဖင်ခုထိုင်နေရသည့်နှယ် ဂနာမငြိမ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ခေါင်းမညိတ်ပါစေနှင့်ဟုလည်း ဆုတောင်းနေ၏။ ရန်ကိုင်သာ ခေါင်းညိတ်လိုက်လျှင် သူ့အရှုံးမှာ လုံးဝ သေချာသလောက် ရှိသွားပေလိမ့်မည်။

သို့သော်လည်း သူစိုးရိမ်နေသည့်အရာ ဖြစ်လာခဲ့လေသည်။ ရန်ကိုင်သည် တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်၏ “ရောင်းရင်းလီပြောတာ အမှန်ပဲ။ ဒီရန်လည်း အဲ့လိုစဉ်းစားနေတာ။ အစကတည်းက ဒီမှာ ရပ်လိုက်တော့မလို့ပဲ။ တကယ်တော့ မင်းတို့က နှစ်ယောက်တောင်လေ။ နှစ်ယောက်တစ်ယောက်က ငါ့အတွက် နိုင်နိုင်ချေမှ မရှိတာ”

ထိုစကားကို ကြားသည့်အခါ ကျိဝူကျိ မျက်နှာကြီး မဲ့သွားပြီး သွေးတစ်ပွက် ထိုးအန်ချလေသည်။

ယခုမှပဲ သူလုံးဝ နိုင်နိုင်တော့မည် မဟုတ်မှန်း နားလည်သွားခဲ့သည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လျက်နှင့် ဤမျှ ကြောက်တတ်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူနှင့်ယှဉ်လျှင် လီမောက်မင်ကပင် ပို၍ အားကိုးရသေးသည်။

ရန်ကိုင် အလွယ်တကူ သဘောတူလိုက်သည့်အပေါ် လီမောက်မင်သည်လည်း အံ့အားသင့်နေခဲ့သည်။ အစကမူ ရန်ကိုင်အား မည်ကဲ့သို့ စည်းရုံးလျှင်ကောင်းမလဲ ဆိုသည်နှင့် ပက်သက်၍ စကားလုံးများ လိုက်ရှာနေခဲ့ရသော်လည်း ရန်ကိုင်မှ အလွယ်တကူ သဘောတူလိုက်သည့်အတွက် သူလည်း ဘာမှ ထပ်ခေါင်းစားစရာ လိုမနေတော့ချေ။ ပြုံးလျက် “ရောင်းရင်းရန်က တကယ် တွေးပေးတတ်တာပဲ။ ဒီလီ လေးစားသွားပြီ။ အကြီးအကဲချုပ်ကော ဘယ်လိုထင်လဲ”

ပြောပြီးသည့်နောက် ကုန်းစွန်းလျန်ဘက်သို့ လှည့်ကြည့်လိုက်၏။

ကုန်းစွန်းလျန်ကမူ ရန်ကိုင်အား မျက်လုံးမှေးစဉ်းလျက် စိုက်ကြည့်ကာ ပြောလိုက်၏ “ဒီမှာတင် ရပ်လိုက်လို့က ရတယ်”

လီမောက်မင် ပျော်သွားခဲ့လေသည်။ သို့သော်လည်း ကုန်းစွန်းလျန် ဆက်ပြောသည့်စကားကြောင့် လီမောက်မင် မျက်မှောင်ကြုတ်သွားခဲ့ရလေ၏ “ဒါပေမယ့် ခေါင်းချုပ်ရန် သတ်လို့ သေသွားတဲ့ ပညာရှင်တွေ ကိစ္စကတော့ ဒီမှာတင် ရပ်လိုက်လို့မရဘူး”

“အဲ့ဒါဆို ဘာလုပ်ချင်လဲ” ရန်ကိုင်က မျက်ခုံးပင့်၍ ကုန်းစွန်းလျန် မျက်လုံးတည့်တည့်အား စိုက်ကြည့်ကာ ပြန်မေးလိုက်လေသည်။

“ခရမ်းကြယ်က တပည့်တွေရဲ့ အသက်ကို မျက်လုံးထဲ မထည့်မှတော့ ဘာလို့ ခေါင်ချုပ် လုပ်နေဦးမှာလဲ။ ခေါင်ချုပ်ဆိုတာ ခရမ်းကြယ် မြို့သူမြို့သားတွေ အကုန်လုံး လေးစားရတဲ့ အဆင့်အတန်း တစ်ခုပဲ” ကုန်းစွန်းလျန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “လူကြီးမင်းရဲ့ ခေါင်ချုပ် တံဆိပ်ပြားကို ပြန်ပေးပါ။ ခရမ်းကြယ်က လူကြီးမင်းလို ခေါင်ချုပ်မျိုး မလိုအပ်ဘူး”

ကုန်းစွန်းလျန် ပြောသည်ကို ကြားပြီးနောက် လီမောက်မင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ကုန်းစွန်းလျန်အား ကြည့်ပြီး တစ်ခုခုပြောရန် လုပ်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောဘဲ သက်ပြင်းသာ ချလိုက်လေသည်။

ကုန်းစွန်းလျန် ဘာကြံနေလဲ သူသိပေသည်။

ယနေ့တွင် သူတို့ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေး ယူမည်ဟု သဘောတူခဲ့သော်လည်း ရန်ငြိုးရန်စသည် သူတို့နှစ်ဦးကြား ဖြစ်တည်လို့ နေခဲ့လေပြီ။ ရန်ကိုင်သည် ကျိဝူကျိကို ထောက်ပံ့နေသူ ဖြစ်သည်။ ထို့ကြောင့် ကုန်းစွန်းလျန် အနေဖြင့် ခရမ်းကြယ်တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်လိုလျှင် ရန်ကိုင်အား ရှင်းထုတ်မှ ရပေလိမ့်မည်။

မဟုတ်လျှင် ကုန်းစွန်းလျန် အနေဖြင့် ခရမ်းကြယ်အပေါ် အပြည့်အဝ အာဏာသက်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူ့ကမ်းလှမ်းချက်မှာ တစ်ဖက်လူအား စော်ကားသလို ဖြစ်နေခဲ့သည်။ ရန်ကိုင် သဘောတူမတူ လီမောက်မင် မပြောနိုင်ချေ။ ရန်ကိုင်သာ ဒေါသထွက်ပြီး တိုက်ခိုက်မည်ဆိုလျှင်တော့ အခြေအနေမှာ ကိုင်တွယ်ရ လုံးဝ ခက်သွားပေလိမ့်မည်။

လီမောက်မင် အတော်လေး စိုးရိမ်နေခဲ့သည်။ ရန်ကိုင်အား သေချာစောင့်ကြည့်ရင်း တစ်ခုခု မှားယွင်းသည်နှင့် ဝင်ပါရန် အဆင်သင့် ပြင်ထားလေသည်။

သို့သော်လည်း အကုန်လုံး၏ အထင်နှင့် ဆန့်ကျင်လျက် ရန်ကိုင်သည် နည်းနည်းလေးမှပင် ဒေါသမထွက်ဘဲ ပြုံးပြုံးကြီးနှင့်ပင် သဘောတူလိုက်ပေသည် “ဒီတော့ ခင်ဗျား လိုချင်နေတာ ဒါပေါ့။ ရတယ်လေ။ ဒီဘုရင်လည်း အစကတည်းက ခေါင်ချုပ် လုပ်ချင်တာ မဟုတ်ဘူးဆိုတော့ အကြီးအကဲချုပ် လိုချင်ရင် ပြန်ယူသွားလိုက်ပေါ့”

ပြောပြီးသည့်နောက် ခေါင်ချုပ် တံဆိပ်ပြားကို ကုန်းစွန်းလျန်ဆီသို့ ပစ်ပေးလိုက်လေသည်။

ကုန်းဏွန်းလျန်သည် သူ့ဆီသို့ ပျံသန်းလာနေသော တံဆိပ်ပြားကို လှမ်းဖမ်း၍ အလျင်အမြန် စစ်ဆေးကြည့်လိုက်၏။ ခေါင်းချုပ် တံဆိပ်ပြား အစစ်မှန်း သိသော် မှင်သက်သွားလေ၏။

ရန်ကိုင် ခေါင်ချုပ်ရာထူးကို ဤမျှ လွယ်လွယ်ကူကူ လက်လျှော့လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ရန်ကိုင်၏ အပြုအမူအပေါ် သူအလွန်ကို မယုံကြည်နိုင် ဖြစ်နေ၏။ ကုန်းစွန်းလျန် အနေဖြင့် ရန်ကိုင်အား ခေါင်ချုပ်ရာထူးမှ တကယ်ကြီး မောင်းမထုတ်ချင်ပေ။ ပုံမှန်အားဖြင့် ထိုသို့ လုပ်နိုင်ဖို့ရာ သိပ်မဖြစ်နိုင်။ သူ့ရည်ရွယ်ချက်မှာ ခေါင်းချုပ်ရာထူးမှ ဖယ်ပေးရန် ပြောပြီး ရန်ကိုင်မှ သဘောမတူသည့်အခါ အနည်းငယ် ပေါ့လျော့သည့် တောင်းဆိုချက်တစ်ခုကို တောင်းဆိုရန် ဖြစ်သည်။

သို့သော်လည်း ရန်ကိုင်မှ အလွယ်တကူကို သဘောတူလိုက်သဖြင့် သူ့အနေဖြင့် ဘာပြန်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။

“ဟားဟား… ရောင်းရင်းရန်က တကယ်ကို လွတ်လပ်တဲ့ လူတစ်ယောက်ပါလား။ ဒီလီ တကယ်ကို အထင်ကြီးမိသွားပြီ” လီမောက်မင်သည် ရန်ကိုင်အား လူထူးလူဆန်း တစ်ဦးနှယ် ကြည့်လျက် ပြောလိုက်သည်။ ပြီးနောက် ကုန်းစွန်းလျန်ဘက်သို့ လှည့်၍ “အကြီးအကဲချုပ်၊ ရောင်းရင်းရန်က ခေါင်ချုပ် တံဆိပ်ပြားကို ပြန်ပေးလိုက်ပြီဆိုတော့ ဒီနေ့ကိစ္စကို…”

“မပြီးသေးဘူး” ကုန်းစွန်းလျန်သည် လက်ဝှေ့ရမ်း၍ ရန်ကိုင်အား ခက်ထန်စွာ စိုက်ကြည့်ရင်း “ခေါင်ချုပ် တံဆိပ်ပြားကို ပြန်ပေးလိုက်ပေမယ့် သေသွားတဲ့ လူတွေကိစ္စကို ဒီအတိုင်း ထားပေးလိုက်လို့ မရသေးဘူး”

“ထပ်ပြောချင်သေးတယ်ပေါ့” ရန်ကိုင် လှောင်ပြုံးပြုံးလိုက်၏။ ခရမ်းကြယ်၏ ခေါင်ချုပ် ဖြစ်ရရေးအပေါ် သူလုံးဝ စိတ်မဝင်စားချေ။ ကြယ်ဧကရာဇ်တံဆိပ်ပြားကို လိုချင်သည့် အတွက်ကြောင့်သာ ခရမ်းကြယ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ ယခု ရပြီးသွားပြီ ဖြစ်သည့်အတွက် ဤနေရာမှ ထွက်သွားပေတော့မည်။ ထို့အတွက်ကြောင့် ခေါင်ချုပ် တံဆိပ်ပြားသည် သူ့အတွက် အသုံးမဝင်တော့ဘူးဟု ပြော၍ရသည်။ ထို့ကြောင့် ကုန်းစွန်းလျန် တောင်းသည့်အခါ အလွယ်တကူ ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ကုန်းစွန်းလျန်သည် ဤကိစ္စကို ဤမျှနှင့်ပင် မရပ်တန့်သေးချင်သည့်ပုံပင်။

ကုန်းစွန်းလျန်က ဆက်ပြောလိုက်သည် “တကယ်က ဒီလောက် ပညာရှင်အများကြီးကို သတ်သွားတာအတွက် အသက်နဲ့ပဲ ပြန်ပေးဆပ်ရမှာ။ ဒါပေမယ့် လူကြီးမင်းအသက်ကို ယူဖို့က လူကြီးမင်းက အရမ်း အားကောင်းနေတယ်။ ဒီတော့ အောက်ကလူတွေကို ရှင်းပြချက်ပေးတဲ့ အနေနဲ့ ဘာလို့ လျော်ကြေးအချို့ မပေးတာလဲ”

“ဟားဟား” ရန်ကိုင်သည် ကုန်းစွန်းလျန်အား ပြုံးပြုံးဖြင့် စိုက်ကြည့်၍ ပြောလိုက်၏ “လျော်ကြေးလား၊ ကောင်းပြီလေ။ ဘယ်လို လျော်ကြေးမျိုး လိုချင်တာလဲ’

ကုန်းစွန်းလျန်သည် ရန်ကိုင်အား စိုက်ကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းပြောလိုက်လေသည်။

လီမောက်မင်မှာ ကုန်းစွန်းလျန် ဘာပြောလိုက်လဲ ဆိုသည့်အပေါ် သိချင်မိသော်လည်း မသိနိုင်ခဲ့ပေ။

သူ့အမြင်အရ ယနေ့ကိစ္စကို ဤနေရာတွင် အဆုံး သတ်လိုက်သည်မှာ အကောင်းဆုံး ဖြစ်သည်။ ထိုသို့ဆိုလျှင် ကုန်းစွန်းလျန်အပေါ် တင်ထားသည့်အကြွေးကို ပြန်ဆပ်လိုက်နိုင်ပြီ ဖြစ်သလို ရန်ကိုင်နှင့်လည်း တိုက်ခိုက်စရာ မလိုတော့ချေ။ သို့သော်လည်း ကုန်းစွန်းလျန်သည် ဤမျှနှင့်ပင် မရပ်တန့်ချင်သေးဘဲ ရန်ကိုင်ဆီမှ တစ်ခုခုရအောင် ဆက်ပြီး အရည်ညစ်ထုတ်ချင်နေခဲ့သည်။

ကုန်းစွန်းလျန် ရန်ကိုင်ဆီမှ လိုချင်နေသည့် အရာသည် ကျိန်းသေကို အဖိုးတန်သည့်အရာ ဖြစ်ပေလိမ့်မည်။ သူတို့သာ သဘောတူညီချက် မရနိုင်ခဲ့လျှင် နှစ်ဖက်အဖွဲ့ကြား တိုက်ပွဲ ပြန်ဖြစ်လာပေလိမ့်မည်။

ကုန်းစွန်းလျန်၏ လောဘအပေါ် မကျေမနပ် ဖြစ်နေမိသော်ငြား တစ်ခုခု ဖြစ်လာခဲ့လျှင် လှုပ်ရှားနိုင်ရန်အတွက် သတိကြီးကြီး ထားထားလိုက်လေသည်။

သူထင်ထားလိုက်သလိုပင်၊ ကုန်းစွန်းလျန် တောင်းဆိုသည်ကို ကြားပြီးနောက် ရန်ကိုင်က ခေါင်းညိတ် “ဒီတော့ အကြီးအကဲချုပ်က ဒါကို လိုချင်နေတာပေါ့။ ကျုပ်နားလည်သွားပြီ”

ကုန်းစွန်းလျန် လိုချင်နေသည်မှာ သူလေလံပွဲတွင် ရခဲ့သည့် တန်ခိုးရှင်အဆီအနှစ်ကျောက်တုံး ဖြစ်ပေသည်။ လူအိုကြီးသည်လည်း ထိုပစ္စည်းနှင့် ပက်သက်၍ တစ်ခုခု ထူးခြားနေမှန်း သိတိပြုမိခဲ့ပုံပေါ်သည်။ သို့သော် ဘာပစ္စည်းမှန်း သေချာ မဆုံးဖြတ်နိုင်ခဲ့။ လေလပွဲပြီးသွားပြီးနောက် သေချာ ပြန်သုံးသပ်ကြည့်ပြီးသည့်အခါမှပဲ ထိုပစ္စည်းသည် တန်ခိုးရှင် အဆီအနှစ်ကျောက်တုံးမှန်း သိသွားသည့်ပုံပင်။

“အဲ့ဒါကိုပေးရင်း ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်မယ်” ကုန်းစွန်းလျန်က ပြောလိုက်သည်။

“ကျုပ်သဘောမတူရင်ရော” ရန်ကိုင်က မျက်လုံးမှေးစဉ်း၍ ပြန်မေးလိုက်သည်။

“လူကြီးမင်း ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ဦးနော်။ လူကြီးမင်း အားကောင်းတယ်မှန်တယ်။ ဒါပေမယ့် နှစ်ယောက် တစ်ယောက် တိုက်ရမယ့် အခြေအနေမျိုးမှာ လူကြီးမင်းက တကယ်ကြီး ခေါင်းမာချင်နေတာလား”

“ရယ်စရာပဲ” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “တစ်ထွာပေးလို့ တစ်ကိုက်လာလိုချင်နေတယ်ဆိုမှတော့ ကောင်းပြီလေ။ ခင်ဗျားမှာ အစွမ်းအစရှိရင် လာယူလိုက်”

ရန်ကိုင် ပြောသည်ကို ကြားလိုက်သည့်အခါ လီမောက်မင်၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။ သူထင်ထားသည့် အခြေအနေမှာ ဖြစ်လာခဲ့လေပြီ။

“အဲ့လိုဆိုမှတော့ ဘာမှ ပြောစရာ မလိုတော့ဘူးပေါ့။ ရောင်းရင်းလီ၊ ဒီလူအိုကြီးကို ကူညီပေး” ပြောပြီးသည့်နောက် ကုန်းစွန်းလျန်သည် ဓါးတိုတစ်ချောင်းကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပြေးဝင်သွားလေသည်။ တစ်ချိန်တည်းတွင် သူ့နယ်ပယ်ကို ဖြန့်ကျက်၍ ရန်ကိုင်အား ဖိနှိပ်ရန် ကြိုးစားလေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် အလွန်ကိုမှ စေးကပ်သွားပြီး မိုးမြေစွမ်းအင်များပင် ကောင်းကောင်း မစီးဆင်းနိုင်တော့ဘဲ ရပ်တန့်သွားကုန်ကြလေသည်။

ကုန်းစွန်းလျန်သည် ခြေတစ်လှမ်းဖြင့် ရန်ကိုင် ခေါင်းပေါ်တွင် ပြန်ပေါ်လာပြီး သူ့ဓါးကို ခုတ်ချလိုက်သည်။

ဓါးရောင်တလက်လက် ဓါးသွားပြီး အားကောင်းသည့် ဓါးလှိုင်းတစ်လှိုင်း ထွက်ပေါ်လာခဲ့လေသည်။

ရန်ကိုင်သည် မလှုပ်ရှားသေးဘဲ သူ့ပြိုင်ဘက်ကိုသာ အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ တစ်ဖက်လူ သူ့စက်ကွင်းထဲ ဝင်လာသည့် အခါမှပဲ နဂါးစိမ်းဓါးကို ထုတ်ကာ တိုးဝင်လာနေသော တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

ဘုန်း…

မိုးချိန်းသံမျှ ပေါက်ကွဲသံကျယ်ကြီးနှင့်အတူ ဓါးနှစ်ချောင်း ထိပ်တိုက်တွေ့သွားခဲ့လေသည်။ ပြင်းထန်လွန်းလှသည့် စွမ်းအင်လှိုင်းတို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်လာခဲ့၏။

ရန်ကိုင်၏ တိုက်ခိုက်မှုကို မြင်ပြီးနောက် ကုန်းစွန်းလျန်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး မျက်လုံး အပြူးသားဖြင့် ရန်ကိုင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၃)

ယခုလေးတင် ရန်ကိုင်နှင့် တိုက်ခိုက်ခဲ့သော်လည်း ထိုတိုက်ပွဲတွင် သူ့ခွန်အားကို ထိန်းချန်ထားခဲ့ပေသည်။ ရန်ကိုင်၏ ခွန်အားကို စမ်းသပ်လိုခြင်း ဖြစ်သည့်အတွက် သူ့ခွန်အားအကုန်ကို အသုံးမပြုခဲ့ချေ။ ယခုမူ သူ့အား တန်ခိုးရှင်ဘုရင်တတိယအဆင်သို့ ရောက်အောင် ကူညီပေးနိုင်သော တန်ခိုးရှင်အဆီအနှစ် ကျောက်တုံးကို ရရန်အတွက် ကုန်းစွန်းလျန်သည် ဘာကိုမှ ထိန်ချန်မထားတော့ဘဲ သူ့ခွန်အားအကုန်သုံးပြု၍ တိုက်ခိုက်တော့လေသည်။

သူတိုက်ခိုက်လိုက်သော တိုက်ကွက်ထဲတွင် သူ့ခွန်အား တစ်ရာရာခိုင်နှုန်း ပါဝင်နေပေသည်။ သို့သော်လည်း ထိုတိုက်ကွက်ကို ရန်ကိုင်မှ အလွယ်တကူ ခုခံပြသွားခဲ့သည်။

ထိုမျှသာလျှင် မဟုတ်ဘဲ ရန်ကိုင် သူ့ဓါးဖြင့် ပြန်ခုတ်ချလိုက်သည့် အားသည် အလွန်ပြင်ထန်လွန်းပေသည်။ ထိုအားအောက်ဝယ် သူ့ကိုယ်သူ မုန်တိုင်းထန်နေသော ပင်လယ်ထဲရှိ လှေယ်ငယ်လေးတစ်စင်းနှယ် ခံစားလာရ၏။ လှိုင်းပေါင်းစုံတို့ အဘက်ဘက်မှ ရိုက်ခတ်နေပြီး အချိန်မရွေး နှစ်မြုပ်သွားမည့် အန္တရာယ်ကို ရင်ဆိုင်နေရသကဲ့သို့ပင်။

ထိုအချက်ကို နားလည်လိုက်သည့်အခါ ကုန်းစွန်းလျန် ကြောက်လန့်သွားခဲ့သည်။ အသည်းအသန် ခုခံရင်း လှမ်းအော်ပြောတော့လေသည် “ရောင်းရင်းလီ၊ မင်းဘာလုပ်နေတာလဲ”

လီမောက်မင်၏ အကူအညီကို မယူ၍ မရတော့ချေ။

လီမောက်မင်က မျက်မှောင်ကြုတ်၍ ခေါင်းတရမ်းရမ်းဖြင့် “ဘာလို့လဲ… ဘာလို့လဲ…”

ထိုသို့ အထွန့်တက်နေရင်း သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်၍ ရန်ကိုင်ကို ဖိနှိပ်ရန် လုပ်လိုက်လေသည်။

သို့သော်လည်း သူမည်သို့ပင် မတိုက်ခိုက်ချင်ပါစေ၊ ကုန်းစွန်းလျန်အပေါ် အကြွေးတင်ထားသည့်အတွက် သူ့အကြွးကို ပြန်ပေးရပေမည်။ ထို့အပြင် ရန်ကိုင်သည် ခေါင်ချုပ်တံဆိပ်ပြားကို ပြန်ပေးလိုက်ပြီ ဖြစ်သည့်အတွက် သူသည် ခေါင်ချုပ်တစ်ယောက် မဟုတ်တော့ချေ။ ထို့အတွက်ကြောင့် ရန်ကိုင်အား တိုက်ခိုက်ခြင်းသည် အရမ်းကြီး ပြဿနာ မရှိပါချေ။

သို့တိုင် သူနှင့် အဆင့်တူ ကျင့်ကြံသူတစ်ယောက်အား အသေအကြေ မတိုက်ခိုက်ချင်ချေ။ ထို့ကြောင့် သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်၍သာ ရန်ကိုင်အား ဖိနှိပ်ရန် လုပ်လိုက်လေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး၏ နယ်ပယ်စက်ကွင်းတို့သည် ဧရာမတောင်ကြီး နှစ်လုံးနှယ် ရန်ကိုင်အား ဘယ်နှင့်ညာအသီးသီးမှ ဖိချလာခဲ့လေသည်။

ထို့အတွက်ကြောင့် ရန်ကိုင်လည်း ဖိအားများသွားခဲ့ရသည်။ ကုန်းစွန်းလျန်အပေါ် အပြည့်အဝ အာရုံမစိုက်နိုင်တော့ဘဲ သူ့ခွန်အား တစ်စိတ်တစ်ပိုင်းအား လီမောက်မင်၏ နယ်ပယ် စက်ကွင်းကို ခုခံရန်အတွက် အသုံးပြုရတော့လေသည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ကုန်းစွန်းလျန်သည် ချက်ချင်းပဲ ရန်ကိုင်အား ပြန်ဖိနှိပ်ရန် ကြိုးစားလေသည်။

ရန်ကိုင်အား ဖိအားပေးနေရင်း အံကြိတ်၍ ပြောလိုက်လေ၏ “ကောင်လေး၊ လူတော်တွေဆိုတာ အခြေအနေ အချိန်အခါကို သိရတယ်ကွ။ အဲ့ပစ္စည်းကိုသာ ပေးလိုက်၊ ဒီလူအိုကြီး မင်းကို ဆက်မနှောင့်ယှတ်တော့ဘူး။ ခရမ်းကြယ်ရဲ့ ဧည့်သည့် တစ်ဦး အဖြစ်နဲ့ ငြိမ့်ငြိမ့်လေး စည်းစိမ်ထိုင်ပြီး ခံစားလို့တောင် ရဦးမယ်။ ဘာလို့ ဒီလောက်‌ ခေါင်းမာချင်နေရတာလဲ”

“ခင်ဗျားကိုယ်ခင်ဗျား နိုင်ပြီလို့ ထင်နေတာလား” ခက်ခဲသည့် အခြေအနေသို့ ရောက်နေသော်လည်း ရန်ကိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေပေသည်။

ကုန်းစွန်းလျန်က ရယ်မောလျက် “ဒီလူအိုကြီး နိုင်နေပြီဆိုတာ အရှင်းသားပဲဟာကို”

“အဲ့လိုလား” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ချက်ချင်းပဲ သူ့နယ်ပယ်စက်ကွင်းကို ဖြန့်ချပစ်လိုက်လေသည်။

ဘုန်း…

ပေါက်ကွဲသံသဲ့သဲ့နှင့်အတူ ပတ်ဝန်းကျင် ဟင်းလင်းပြင် တစ်ခုလုံး ပျက်စီးတော့မည့်နှယ် မတည်မငြိမ် ဖြစ်လာခဲ့သည်။

ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ကျသွားသည့်နှယ် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းသည် သူ့အား ဗဟိုပြု၍ ပတ်ပတ်လည် ဟင်းလင်းပြင်တစ်ခုလုံးအနှံ့ လှိုင်းတွန့်များစွာကို ဖြစ်ပေါ်လာစေခဲ့လေသည်။

ခရက်…

အက်သံသဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

ကုန်းစွန်းလျန်နှင့် လီမောက်မင်တို့၏ အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ပြီး ကုန်းစွန်းလျန်က အလန့်ကြား ထအော်လေသည် “ဘယ်လုပ်လုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ”

သူတို့နှစ်ယောက် ပူးပေါင်း၍ ဖိနှိပ်နေသည့်တိုင် ရန်ကိုင်အား ဖိနှိပ်ခံရခြင်းမရှိဘဲ သူ့နယ်ပယ်စက်ကွင်းဖြင့် သူတို့ နှစ်ဦး၏ နယ်ပယ်စက်ကွင်းကိုပင် ပြန်လည် ဖြိုခွဲပစ်နေခဲ့လေသည်။

ကုန်းစွန်လျန် အလွန် တုန်လှုပ်နေခဲ့လေပြီ။

သူသည် မနေ့တစ်နေ့ကမှ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ထားသူမဟုတ်၊ သူတန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သည်မှာ နှစ်တစ်ထောင်ကျော် ရှိနေပြီဖြစ်ပြီး တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေသည်မှာ နှစ်ပေါင်း သုံးရာကျော် ရှိနေခဲ့လေပြီ။ ထိုနှစ်ပေါင်း တစ်ထောင်ကျော် အတွင်း သူ့နယ်ပယ်စက်ကွင်းကို အားကောင်းလာအောင် အဆင့်ဆင့် ပြုပြင်မွမ်းမံခဲ့သည်။ ထို့ကြောင့် ကြယ်စီရင်စုထဲ သူ့အား ယှဉ်နိုင်သည့်လူဆို၍ အနည်းအကျဉ်းသာ ရှိတော့သည်။

လီမောက်မင်လည်း ထိုနည်းအတိုင်းပင်။

သို့သော်လည်း ထိုနှစ်ချို့လာအောင် အဆင့်ဆင့် အဆင့် မြှင့်တင်လာခဲ့သော နယ်ပယ်စက်ကွင်းနှစ်ခုသည် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကြောင့် တဖြည်းဖြည်း အက်ကွဲလာနေခဲ့ရ၏။

ထိုအဖြစ်အပျက်ကြောင့် ကုန်းစွန်းလျန် တစ်ကိုယ်လုံး အေးစက်သွားပြီး ကြောက်လန့်ရိပ်တို့ သူ့မျက်လုံးထဲ ပြည့်နှက်သွားခဲ့သည်။

ယခုမှပဲ ရန်ကိုင်သည်လည်း သူ့ခွန်အားအပြည့်ကို တစ်ခါမှ ထုတ်မသုံးရသေးမှန်း နားလည်သွားခဲ့သည်။ ကုန်းစွန်းလျန်သည် သူစဉ်းစားနိုင်သလောက် ရန်ကိုင်၏ ခွန်အားအပေါ် ပိုတွက်ခဲ့သော်ငြား တကယ့်တကယ်တွင် သူသည် ရန်ကိုင်၏ ခွန်အားကို အကြီးအကျယ် လျှော့တွက်မိနေဆဲပင်။

“မကောင်းတော့ဘူး” လီမောက်မင်သည် အလန့်တကြား ထအော်ရင်း သူ့နယ်ပယ်စက်ကွင်းကို အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်လေသည်။ သူ့မျက်နှာ တစ်ပြင်လုံးသည်လည်း စက္ကူဖြူတစ်ရွက်နှယ် ဖြူလျော်သွားခဲ့လေသည်။

သူ့နယ်ပယ်စက်ကွင်း အက်သွားသည်နှင့် ပက်သက်၍ တကယ် ပြဿနာ ရှိပေသည်။ ဤအတိုင်းသာ ဆက်သွားနေလို့ သူ့နယ်ပယ်စက်ကွင်းသာ လုံးဝ ပျက်စီးသွားခဲ့လျှင် သူ့ကျင့်ကြံခြင်း အဆင့်လည်း လျော့ကျသွားနိုင်ပေလိမ့်မည်။ လီမောက်မင် ထိုကဲ့သို့ လုံးဝ အဖြစ်မခံနိုင်ချေ။

ကံကောင်းစွာဖြင့် ထိုအချက်ကို နားလည်သွားပြီး သူ့နယ်ပယ်စက်ကွင်းကို အချိန်မှီ ပြန်ရုတ်သိမ်းလိုက်နိုင်ခဲ့သည်။ မဟုတ်လျှင် သူဒုက္ခအကြီးကြီး ရောက်ရပေတော့မည်။

လီမောက်မင်က သူ့နယ်ပယ်စက်ကွင်းကို ရုတ်တရက် ကောက်ရုတ်သိမ်းလိုက်သည့်အတွက် ရန်ကိုင်၏ နယ်ပယ်စက်ကွင်းကို ရင်ဆိုင်နေရသည့်လူမှာ ကုန်းစွန်းလျန် တစ်ဦးတည်းသာ ရှိတော့လေသည်။ နှစ်ယောက်တစ်ယောက်ပင် မခုခံနိုင်ရာ သူတစ်ယောက်တည်း မည်သို့များ ခုခံနိုင်ပါမည်နည်း။ တစ်ခဏအတွင်း အက်ကြောင်းရာများ ဟင်းလင်းပြင်တစ်လျှောက် ဖြစ်ပေါ်လာခဲ့သည်။ ထိုအက်သံများနှင့်အတူ ကုန်းစွန်းလျန်၏ ခန္ဓာကိုယ် တုန်ရီလာပြီး ဒွါရခုနှစ်ပေါက်မှ သွေးများ စတင် စီးကျလာခဲ့လေသည်။

နှစ်ပေါင်းတစ်ထောင်ကျော်အောင် သိပ်သည်းလာခဲ့ရသော သူ့နယ်ပယ်စက်ကွင်းသည် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာနေခဲ့လေပြီ။

ဤတိုက်ပွဲပြီးနောက်တွင် ကုန်းစွန်းလျန် အနေဖြင့် မသေလျှင်ပင် သူ့နယ်ပယ်စက်ကွင်းကို ပြန်လည် ပြုပြင်ရန်အတွက် အနည်းဆုံး နှစ်တစ်ရာလောက်တော့ အနားယူရပေတော့မည်။

တိုက်ပွဲမှာ မပြီးပြတ်သေးချေ။ နယ်ပယ်စက်ကွင်းချင်း ယှဉ်ပြိုင်ရာတွင် တဖြည်းဖြည်း အောက်စည်းရောက်လာသည့်နောက် ရန်ကိုင်နှင့် နဂါးစိမ်းဓါးကို ကုန်းစွန်းလျန် ဆက်မထိန်းထားနိုင်တော့ချေ။ ပြင်းထန်လွန်းသည့် စွမ်းအားတစ်ရပ်နှင့်အတူ ကုန်းစွန်းလျန် လွင့်ထွက်သွားခဲ့လေ၏။

ဝေါင်း…

နဂါးစိန်းသံနှင့်အတူ နဂါးစိမ်းဓါးသည် အစိမ်းရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ နဂါးအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် နဂါးစိမ်းသည် ကုန်းစွန်းလျန်အား သားကောင်တစ်ကောင်နှယ် လှမ်းကိုက်ချလေသည်။

“နဂါးအရိုးမှော်ရတနာလား” ကုန်းစွန်းလျန် မျက်လုံးပြူးသွားခဲ့သည်။ ရန်ကိုင်၏ မှော်ရတနာကို မြင်ကတည်းက တစ်ခုခု ထူးခြားနေသည်ဟု ခံစားမိခဲ့သော်ငြား ဘာထူးခြားနေမှန်း သေချာ မသိခဲ့ချေ။ ယခုမှပဲ ရန်ကိုင်၏ မှော်ရတနာသည် နဂါးအရိုးမှ လုပ်ထားခြင်းဖြစ်မှန်း နားလည်သွားတော့သည်။

ဤသည်မှာ နတ်ဝိဥာဉ်တစ်ကောင်၏ အရိုးများ ဖြစ်ပေသည်။ သူတို့၏ အရိုးဖြင့် ဖန်တီးထားသည့် မည်သည့် မှော်ရတနာမဆို အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ရှိပေသည်။

ပြင်းထန်သိပ်သည်းလှသည့် နဂါးဖိအားသည် ကုန်းစွန်းလျန်၏ ဝိဥာဉ်နှင့် ခန္ဓာကိုယ်အပေါ်သို့ စီးမိုးကျဆင်းလာခဲ့ရာ ကုန်းစွန်းလျန် တစ်ကိုယ်လုံး ကြောက်ရွံ့မှုနှင့် တုန်ရီလာခဲ့လေသည်။

ဤသည်မှာ ရှေးနတ်ဝိဥာဉ်ဖြစ်သော သက်ရှိတစ်ဦးနှင့် ရင်ဆိုင်ရချိန် အလိုလို ခံစားမိတတ်သည့် ကြောက်စိတ်ပင် ဖြစ်ပေသည်။

လျှာကိုကိုက်၍ ထိုချောက်ခြားဖွယ်ရာ စိတ်အခြေအနေမှ ရုန်းထွက်လိုက်ပြီးနောက် လက်ကွက်များကို အဆောတလျင် ဖန်တီး၍ သူတော်စင်ချီကို အရူးအမူး လှည့်ပတ်လိုက်လေသည်။

ချက်ချင်းဆိုသလို သူ့ဓါးတိုလေးသည် အရောင်တလက်လက် တောက်လာပြီး ရေနဂါးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဤရေနဂါးသည် အရောင်အသွေးမျိုးစုံဖြင့် တောက်ပနေပြီး ပါးစပ်တစ်ခုလုံးဟာလည်း ချွန်ထွက်နေသော သွားများဖြင့် ပြည့်နေခဲ့သည်။ မာန်သွင်းအော်ဟစ်လိုက်ပြီးနောက် နဂါးစိမ်းဆီသို့ ပြေးဝင်သွားလေသည်။

တန်ခိုးရှင်ဘုရင်မှော်ရတနာ နှစ်ခု အသွင်ပြောင်းရာမှ ဖြစ်ပေါ်လာသော သက်ရှိနှစ်ကောင်ကြား တိုက်ပွဲကြောင့် ခရမ်းကြယ်မြို့ ညာဟတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်လာခဲ့လေသည်။ နှစ်ပေါင်းများစွာကြာအောင် တည်ရှိလာခဲ့သော အဆောက်အဦးတို့မှာလည်း တစ်စစီ ပျက်စီးကုန်ကြလေ၏။

တန်ခိုးရှင်အဆင့် ကျင့်ကြံသူများမှာတော့ အားလှိုင်းများကို မခံနိုင်သည့်အတွက် ခပ်ဝေးဝေးသို့ ဆုတ်သွားကြရလေသည်။

ခရမ်းကြယ်၏ အကြီးအကဲအချို့သာ မူလ ရပ်နေသည့် နေရာတွင် ဆက်ရပ်နေနိုင်ကြသည်။ သို့ရာတွင် သူတို့အတွက်ပင် တိုက်ပွဲမှ ထွက်ပေါ်လာသော အားလှိုင်းများကို ခုခံရန် သိပ်လွယ်ကူမနေခဲ့ပေ။ အကုန်လုံး၏ အမူအရာ လေးနက် တည်ကြည်နေကြသော်ငြား မည်သူမှ ပြန်မဆုတ်သွားကြဘဲ တဖြည်းဖြည်း အရှိန်တက်လာနေသော တိုက်ပွဲကိုသာ မမှိတ်မသုံ စိုက်ကြည့်နေကြလေသည်။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်များကြား တိုက်ပွဲဖြစ်သည်မှာ အလွန်ရှားပေသည်။ သူတို့ တိုက်ပွဲသည် တစ်သက်တွင် တစ်ကြိမ်ပင် မြင်ရခဲ့သည့် တိုက်ပွဲ ဖြစ်သဖြင့် အကုန်လုံးသည် အခွင့်အရေးရတုန်းရခိုက် တိုက်ပွဲအား သေချာ ကြည့်နေကြ၏။

ရန်ကိုင်သည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကုန်းစွန်းလျန်ရှေ့တွင် ပြန်ပေါ်လာခဲ့လေသည်။

“မင်း…” ကုန်းစွန်းလျန် သက်ပြင်းရှိုက်မိလိုက်သည်။ လက်ရှိ သူ့အခြေအနေမှာ တော်တော်လေး ဆိုးနေခဲ့သည်။ ရန်ကိုင်သာ ဤအကွာအဝေးမှ တိုက်ခိုက်မည်ဆိုလျှင် သူကျိန်းသ‌ေ…

ရန်ကိုင်သည် စကားတစ်ခွန်းမှ မပြောဘဲ အရောင်းငါရောင် တောက်ပနေသော သူ့လက်သီးဖြင့်သာ ကုန်းစွန်းလျန်အား ထိုးချလိုက်လေသည်။

ဤလက်သီးချက်သာ မိသွားခဲ့လျှင် ကုန်းစွန်းလျန် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။

လက်သီးချက်မှာ သိပ်မမြန်သော်လည်း ပစ်မှတ်မှာတော့ ရှင်းပေသည်။ လက်သီးချက်မှာ နှေးနှေးသည့်တိုင် ထိုလက်သီးချက်ကို လုံးဝ မရှောင်နိုင်ကြောင်း ကုန်းစွန်းလျန် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။

လက်သီးချက်ထဲ အကြွင်းမဲ့ဖိနှိပ်စွမ်းအားတို့ ပါဝင်နေခဲ့သည်။ ဤလက်သီးချက်သည် မည်သည့်နည်းလမ်းသုံးပါစေ ရှောင်ရှား၍ မရသည့် တိုက်ခိုက်မှုတစ်ခု ဖြစ်ပေသည်။

သူ့အထွဋ်အထိပ်အခြေအနေတွင် ရှိနေလျှင်တော့ ရှောင်ကောင်း ရှောင်နိုင်လိမ့်မည် ဖြစ်သော်လည်း ယခုကဲ့သို့ နယ်ပယ်စက်ကွင်း ထိခိုက်သွားသည့် အချိန်မျိုးတွင်တော့ မည်သို့များ ရှောင်နိုင်ပါ့မည်နည်း။ တိုးဝင်လာနေသော လက်သီးချက်ကို ကြည့်ရင်း ကုန်းစွန်းလျန် တုန်လှုပ်လာခဲ့၏။

ထိုစဉ် လီမောက်မင် ကုန်းစွန်းလျန်ရှေ့၌ ပေါ်လာခဲ့၏။

လီမောက်မင်သည် အလေးအနက်အမူအရာ သူ့လက်ထဲရှိ ဝိုင်ပုလင်းအား မောက်သောက်လိုက်ပြီးနောက် ရန်ကိုင်၏ လက်သီးချက်ဆီ ထိုဝိုင်များကို ထွေးထုတ်လိုက်လေသည်။

လီမောက်မင်၏ ပါးစပ်ဆီမှ အပြာရောင်မီးတောက်များ ထွက်ပေါ်လာခဲ့လေသည်။

ထိုမီးတောက်သည် သာမန် မီးတောက်များကဲ့သို့ ပူလောင်ခြင်း မရှိဘဲ အလွန်အေးစက်နေခဲ့သည်။ ထိုမီးတောက် ပေါ်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး စတင် အေးခဲ့လာခဲ့လေသည်။

သူ့လက်သီးထိပ်ရှိ ငါးရောင်ခြယ်အလင်းသည်လည်း အလွန် ပြင်းထန်သည့် အအေးဓါတ်အောက်တွင် ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။ တစ်ချိန်တည်းတွင် အအေးဓါတ်သည် သူ့လက်မောင်းမှတစ်ဆင့် ရင်ဘတ်အထိသို့ တောက်လျှောက် ပျံ့နှံ့လာခဲ့လေသည်။

ထိုအေးဓါတ်ကြောင့် ရန်ကိုင် တုန်တုန်ရီရီ ဖြစ်သွားခဲ့ရ၏။

ဝိုင်ပုလင်းနှင့် အပြာရောင်မီးတောက်များကို ကြည့်ရင်း ရန်ကိုင်၏ မျက်ဝန်းအစုံ တောက်ပသွားခဲ့သည်။

“ရောင်းရင်းရန်၊ ရပ်လိုက်ပါတော့” ရန်ကိုင်၏ တိုက်ကွက် နှေးကျသွားသည်ကို မြင်သော် လီမောက်မင်က အလျင်စလို လှမ်းအော်ပြောလေသည်။

သို့ရာတွင် ရန်ကိုင်သည် လီမောက်မင်၏ အော်သံကို လျစ်လျူရှု၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏ “နဂါးအသွင် ပြောင်းလဲခြင်း”

ရန်ကိုင်၏ လက်မောင်သည် ရုတ်တရက်ဆိုသလို ပုံမှန်ထက် နှစ်ဆမျှ ကြီးမားလာခဲ့လေသည်။ လီမောက်မင်နှင့် ကုန်းစွန်းလျန်၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရွှေရောင်ကြေးခွံများ ထွက်ပေါ်လာပြီး သူ့လက်မောင်း တစ်ခုလုံး နဂါးလက်သည်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင်အား ရှေ့ဆက်တိုးမရအောင် တားဆီးထားသော အပြာရောင်မီးတောက်သည် နဂါးလက်သည်းနှင့်အတွေ့တွင် အလွယ်တကူး ချိုးဖျက်ခြင်း ခံလိုက်ရလေသည်။

ထိုအခြင်းအရာကိုကြည့်ရင်း လီမောက်မင်နှင့် ကုန်းစွန်းလျန်တို့ နှစ်ဦးစလုံး မျက်လုံးပြူးသွားခဲ့လေသည်။ ချက်ချင်းပဲ စွမ်းအားကို အလျင်စလို လှည့်ပတ်ကာ ရန်ကိုင်အား လှည့်ကွက်ကို ကမန်းကတန်း ခုခံလိုက်ကြလေသည်။

ဘုန်း…

ကမ္ဘာပျက်ဘေး ကျရောက်လာသည့်အလား ကောင်းကင် တစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းတန်းများဖြင့် ပြည့်သွားခဲ့၏။ နားပင်းလုမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံတို့မှာလည်း အကုန်လုံး၏ နားစည်အား လာရောက်ရိုက်ခတ်ကြလေသည်။

ချက်ချင်းဆိုသလို ပေါက်ကွဲမှုဖြစ်ရာ အလယ်ဗဟိုဆီမှ ပုံရိပ်သုံးခု အသီးသီး လွင့်ထွက်လာခဲ့ကြလေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၄)

ခရမ်းကြယ် တစ်ခုလုံးလည်း ငလျင်လှုပ်သည့်နှယ် ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့လေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာလည်း ကောင်းကင်ပေါ်သို့ စိုးရိမ်တကြီး မော့ကြည့်မိလိုက်ကြလေသည်။

မြို့ထဲရှိ ကျင့်ကြံသူ ကိုးဆယ်ကိုးရာခိုင်နှုန်းလောက်သည် ဘာတွေဖြစ်နေမှန်း မသိကြသော်လည်း အလွန်အားကောင်းသည့် ပညာရှင်များ သူသေကိုယ်သေ တိုက်ခိုက်နေကြမှန်းတော့ သိပေသည်။ ငါးညှီနှံ့နံရာသွားလျှင် ငါးညှီနှံ့စွဲမည်မှန်း သိသဖြင့် အကုန်လုံးသည် တိုက်ပွဲဖြစ်ရာတွင် ဝေးဝေတွင်သာ နေနေကြ၏။

နောက်ဆုံးတွင် တိုက်ပွဲသည် မြို့တစ်ခုလုံးအား သက်ရောက်လာမည်ကို စိုးရွံ့သဖြင့် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး မြို့ထဲမှ ထွက်ပြေးကြတော့လေသည်။

အချို့ အကျိုးအမြတ်ရှာလို့သည့် လူများမှာတော့ မပြေးဘဲ ကျန်နေရစ်ခဲ့ကြလေသည်။

ကျိဝူကျိသည် ခရမ်းကြယ်နန်းတော်ထဲမှ ထိုမြင်ကွင်းကို ပြုံးပြုံးကြီး ရပ်ကြည့်နေခဲ့သည်။

ရန်ကိုင် ဤမျှ အားကောင်းလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ချေ။

လီမောက်မင်နှင့် ကုန်းစွန်းလျန်သာ ပူးပေါင်းတိုက်ခိုက်လျှင် သူလုံးဝ ရှုံးသွားပြီဟု ထင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်ကိုင် ပြသသွားသည့် ခွန်အားကို မြင်ပြီးနောက် မျှော်လင့်ချက် မီးစမှာ တစ်ဖန်ပြန်လည် တောက်လာင်လာခဲ့လေသည်။ နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသော်လည်း ရန်ကိုင်သည် အောက်စည်းသို့ ရောက်နေခြင်းမရှိဘဲ အထက်စီးမှပင် တိုက်ခိုက်နေနိုင်ခဲ့သည်။

ဤခေါင်ချုပ်ရန်သည် အရမ်း အားကောင်းလွန်းပေသည်။ သူ့အဖေ ဖြစ်သူပင်လျှင် ဤသို့ မလုပ်နိုင်လောက်ချေ… လက်ရှိ အဖြစ်အပျက်အပေါ် မယုံကြည်နိုင် ဖြစ်နေသော်လည်း ပျော်တော့ ပျော်နေမိလေသည်။ သူ့စိတ်ကူးထဲ သူ၏ လှပသော အနာဂတ်ကိုပင် ပုံဖော်မိလာခဲ့လေသည်။ ကျိဝူကျိမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ရာ ရန်ကိုင်အား အသံထွက်ပြီး အားမပေးမိရုံတမယ်သာ ရှိတော့သည်။

ရန်ကိုင်သည် လေထဲဝဲရင်း နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်၍ ရှေ့တည့်တည့်သို့ စိုက်ကြည့်လိုက်သည်။

သူနှင့် မိုင်အနည်းငယ်ခန့်အကွာတွင်၊ ကုန်းစွန်းလျန်နှင့် လီမောက်မင်သည် ဖြူဖတ်ဖြူလျော် မျက်နှာများဖြင့် ရန်ကိုင်အား ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြသည်။

ထိပ်တိုက်တိုက်ပွဲတွင် နှစ်ဖက်စလုံး အသားစီးမရခဲ့ချေ။ ရန်ကိုင်လည်း ဒဏ်ရာရသွားခဲ့သလို သူတို့လည်း ဒဏ်ရာရခဲ့ပေသည်။ သို့သော်လည်း သူတို့ နှစ်ဦး အခြေအနေမှာ ပိုဆိုးကြောင်းကိုတော့ လီမောက်မင်နှင့် ကုန်းစွန်းလျန်သည်သာ အသိဆုံးပင် ဖြစ်လေသည်။

သူတို့ နှစ်ဦးစလုံး ထိုအချက်ကို သိပ်လက်မခံနိုင် ဖြစ်နေခဲ့၏။

နှစ်ယောက်ပူးပေါင်းခွန်အားသည် တန်ခိုးရှင်ဘုရင်တတိယ အဆင့် ကျင့်ကြံသူတစ်ဦး တစ်ယောက်လောက် နီးနီးနှင့် ညီမျှသာ စွမ်းအားကို ထုတ်လွှတ်နိုင်သော်လည်း ရန်ကိုင်သည် သူတို့အား ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။ ထိုသို့ဆိုလျှင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြင့် ယှဉ်နိုင်နေပြီဟု ပြောလိုက်ခြင်းပင် မဟုတ်လေလော။

တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နှင့် တတိယအဆင့်သည် အဆင့် တစ်ဆင့်သာ ခြားသော်လည်း ခွန်အား ကွာခြားချက်မှာတော့ မိုးနှင့်မြေနှယ် ကွာခြားပေသည်။ တန်ခိုးရှင်ဘုရင်အဆင့်တွင် အဆင့်တိုင်းသည် အလွန်ကြီးမားသော ခွန်အား ကွာခြားချက်ကို ကိုယ်စားပြုပေသည်။ ထို့အပြင် သူတို့ ကြည့်ရသလောက် ရန်ကိုင်သည် နည်းနည်းလေးမှ ကြောက်နေသည့်ပုံမပေါ်မဘဲ သူ့မျက်လုံးများသည် အဆုံးမဲ့သော တိုက်ခိုက်လိုစိတ်တို့ဖြင့် ပြည့်နေသေးသည်။

ခရက်…

တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာနှစ်ခု၏ တိုက်ပွဲမှာလည်း အဆုံးသတ်သွားခဲ့လေသည်။ နဂါးစိမ်းသည် နဂါးအရိုးဓါး အဖြစ်သို့ ပြန်ပြောင်းသွားပြီး ရေနဂါးသည် ဓါးတိုလေးအဖြစ်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဓါးနှစ်ချောင်းစလုံးသည် ပိုင်ရှင် အသီးသီး၏ လက်ထဲသို့ ပြန်ရောက်လာခဲ့လေသည်။

နဂါးစိမ်းဓါးသည် အကောင်းအတိုင်း ရှိနေသေးသော်ငြား ကုန်းစွန်းလျန်၏ ဓါးတိုလေးမှာတော့ ပျက်စီးတော့မည့်နှယ် ဖြစ်နေခဲ့လေသည်။

သူ့ဓါးကိုကြည့်ရင်း ကုန်းစွန်းလျန်၏ ရင်ထဲ တဆစ်ဆစ် နာကျင်လာခဲ့လေသည်။ သူ၏ လက်စွဲတော် တန်ခိုးရှင်ဘုရင် အဆင့် မှော်ရတနာကို ဆုံးရှုံးလိုက်ရသည့်အတွက် စိတ်ညစ်လွန်းသဖြင့် သွေးတစ်ပွက် ထိုးအန်မိကာ သူ့အရှိန်အဝါမှာလည်း သိသိသာသာကို အားနည်သွားရတော့လေသည်။

“ရောင်းရင်းရန်၊ ရပ်လိုက်ပါတော့” လီမောက်မင်သည် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူတကယ် ဆက်မတိုက်ချင်တော့ချေ။ ယနေ့ ကျိဝူကျိကို ကာကွယ်ပေးမည့် ရည်ရွယ်ချက်ဖြင့်သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် မထင်မှတ်ပဲ သူနှင့်အဆင့်တူတစ်ဦးနှင့် တိုက်ပွဲထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ အစကတည်းက မတိုက်ခိုက်ချင်သည်ကို ရန်ကိုင်သည် အလွန် အားကောင်းသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နေမှန်း သိလိုက်ရသည့်နောက် လုံးဝ တိုက်ခိုက်ချင်စိတ် မရှိတော့ချေ။

“မင်းတို့က တိုက်ခိုက်မယ်ဆို ငါက တိုက်ခိုက်ပေးရပြီး မင်းတို့က မတိုက်ချင်တော့ဘူးဆို ငါက ရပ်ပေးရမှာပေါ့။ မင်းတို့ ငါ့ကို ဘာမှတ်နေကြတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဒါဆို ရောင်းရင်းရန် ဘာလိုချင်တာလဲ။ ပြောကြည့်လိုက်… အကုန်လုံးက အချင်းချင်းပဲ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ ရပါတယ်” လီမောက်မင်က ပြောလိုက်၏။

“ရှင်းပါတယ်” ရန်ကိုင်က ညစ်ကျယ်ကျယ်ပြုံးလျက် ရှေ့သို့ တစ်လှမ်းတိုးကာ ပြောလိုက်လေသည် “သူသေကိုယ်သေ တိုက်ပွဲပေါ့။ မင်းတို့ တစ်ယောက်ချင်း လာမလား၊ နှစ်ယောက် ပြိုင်တူလားမလား။ လာချင်သလိုလာခဲ့”

“မင်း…” လီမောက်မင်သည် ရန်ကိုင်အား စိုးရိမ်တကြီးကြည့်၍ တောင်းဆိုလိုက်လေသည် “မင်းဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ”

ရန်ကိုင် ဤကဲ့သို့ တောင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ချေ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် ရန်စလို့ ကောင်းသည့် လူများ မဟုတ်ကြသည့်အတွက် တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသူတိုင်း ထိပ်တိုက် အချင်းများခြင်းကို ရှောင်ကြပေသည်။ အကုန်လုံးသည် သေရေးရှင်ရေး အခြေအနေနှင့် ရင်ဆိုင်လာရသော် ထုတ်သုံးနိုင်ရန်အတွက် ဝှက်ဖဲအသီးသီးကို ပြင်ထားကြသူများ ဖြစ်ကြသည်။ ကိုယ့်အတွက် အကျိုးမရှိမည့် တိုက်ပွဲကို တိုက်ခိုက်ချင်သည့် ရန်ကိုင်ကဲ့သို့ လူမျိုးကို သူတစ်ခါမှ မတွေ့ဖူးချေ။

“ဘာလို့လဲဆိုတော့ ငါတန်ခိုးရှင်ဘုရင်ဒုတိယအဆင့်ကို ရောက်ထားတာ သိပ်မကြာသေးဘူးလေ။ အဆင့်တူ ကျင့်ကြံသူတွေကို တွေ့ဖို့ကလည်း ခက်တာဆိုတော့ အခုလို အခွင့်အရေးရေး ရတုန်းက ငါ့ဘယ်လောက်အထိ အားကောင်းလဲ ဆိုတာကို စမ်းကြည့်ချင်နေတာ” ရန်ကိုင်က ပြန်ပြောလိုက်၏။

“အပိုတွေ” လီမောက်မင် ပြန်မပြောရသေးခင်မှာပင် ကုန်းစွန်းလျန်က ဝင်ပြောလေသည်။ ရန်ကိုင်အား မုန်းတီးစွာ စိုက်ကြည့်ရင် “သက်ကြားအိုကြီးကများ ငယ်ချင်ယောင် ဆောင်ချင်သေးတယ်။ မင်းမရှက်ဘူးလား”

အစကတော့ ရန်ကိုင်သည် သိပ်ပြီး အသက်ကြီးလိမ့်မည် မဟုတ်ဟု ထင်ခဲ့သည်။ သို့သော် ရန်ကိုင်နှင့် တိုက်ပြီးနောက် ရန်ကိုင်သည် သူ့ထက်ပင် ပိုကြာအောင် အသက်ရှင်လာသည့် မွန်းစတားအိုကြီး တစ်ကောင် ဖြစ်သည်ဟု ကောက်ချက်ချလိုက်လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ဘာကြောင့် သူတို့နှစ်ဦး ပေါင်းတိုက်သည်ကိုပင် ရန်ကိုင် တစ်ယောက်တည်းအား မနိုင်ရလေသနည်း။

ရန်ကိုင်သာ တကယ်ကြီး မကြာသေးခင်ကမှ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ချိုးဖျက်ခဲ့သည်မှာ အမှန်ဆိုလျှင်တော့ ကုန်းစွန်းလျန်အနေဖြင့် နှစ်ယောက်တစ်ယောက် တိုက်သည်ကိုပင် မနိုင်သည့်အပေါ် ရှက်သေသင့်ပေသည်။

“ခင်ဗျား မယုံလည်း ကိစ္စမရှိဘူး။ ဒီနေ့ကိစ္စကိုတော့ တိုက်ခိုက်ပြီး ရှင်းဖို့ကလွဲပြီး အခြားနည်းလမ်း မရှိတော့ဘူး” ရန်ကိုင်က ေအေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်၏။

ရန်ကိုင်မှ ဆက်ပြီး တွန်းအားပေးလာနေသည်ကို မြင်သော် ကုန်းစွန်းလျန် ဒေါသထွက်လာခဲ့လေသည်။ ပါးစပ်ဟပြီး တစ်ခုခု ပြောရန် လုပ်လိုက်သော်ငြား အဆုံးတွင်တော့ မည်သည့် စကားလုံးမှ ထွက်မလာခဲ့ချေ။

သူ့လုပ်ရပ်အပေါ် နောင်တရနေခဲ့လေပြီ။

သူသာ တန်ခိုးရှင်အဆီအနှစ်ကျောက်တုံးအပေါ် လောဘမတက်မိခဲ့လျှင် ယနေ့တိုက်ပွဲကို အောင်နိုင်သူအနေဖြင့် အဆုံးသတ်နိုင်ခဲ့ပေလိမ့်မည်။ သို့သော်လည်း လောဘတစ်ချက် တက်လိုက်မိသည့်အတွက် သူ့နယ်ပယ်စက်ကွင်း ထိခိုက်သွားရုံ မက သူ့လက်စွဲတော် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာလည်း ကြီးကြီးမားမား ထိခိုက်သွားခဲ့ရလေသည်။ သူ့ခန္ဓာကိုယ်ပင်လျှင် ဒဏ်ရာရသွားသေး၏။

ပုံမှန်အတိုင်း ပြန်ကောင်းချင်သည်ဆိုလျှင် အနည်းဆုံး နှစ်နှင့်ချီပြီး အနားယူရန် လိုအပ်ပေလိမ့်မည်။

သို့ရာတွင် ဤလောကကြီးတွင် နောင်တအတွက် ဆေးရှိမနေခဲ့ချေ။

“မင်တို့ နှစ်ယောက်က မလာချင်ဘူးဆိုမှတော့ ငါလာရမှာပေါ့” ပြောပြီးသည့်နောက် ရန်ကိုင်သည် သူတော်စင်ချီကို စတင် စုစည်းလိုက်လေသည်။

ထိုစဉ်… ရန်ကိုင် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အခြား တစ်ဖက်သို့ လှမ်းကြည့်လိုက်လေသည်။

တစ်ချိန်တည်းတွင် ကုန်းစွန်းလျန်၊ လီမောက်မင်နှင့် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် အကြီးအကဲအားလုံး၏ အမူအရာ ပြောင်းလဲသွားပြီး ရန်ကိုင်ကြည့်သည့်ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။

ပုံရိပ်တစ်ခုသည် သူတို့ ရှိနေရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေခဲ့သည်။ အစပိုင်းတွင် ထိုပုံရိပ်သည် အဝေးကြီး၌ ရှိနေသော်လည်း မျက်တောင်တစ်ခတ်အတွင်း တိုက်ပွဲကွင်းပြင်သို့ ရောက်လာခဲ့လေသည်။

အသစ်ရောက်လာသည့်လူသည် တစ်ခေါင်းလုံး ဖြူဖွေးနေပြီး မုတ်ဆိတ်ဖြူအရှည်ကြီး ရှိသည့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦး ဖြစ်သည်။ ထိုလူအိုကြီးကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ အမူအရာ တည်ကြည်သွားခဲ့၏။ ထိုလူအိုကြီးဆီမှ မယုံကြည်နိုင်စရာ ဖိအားတစ်ရပ်ကို သူခံစားနေရ၏။

တိုက်ပွဲကွင်းပြင်သို့ ရောက်လာပြီးနောက် လူအိုကြီးသည် ပတ်ပတ်လည်အား သုန်သုန်မှုန်မှုန်ဖြင့် ဝေ့ကြည့်လိုက်လေသည်။

လူအိုကြီး၏ အကြည့်ကို ရင်ဆိုင်ရသူတိုင်း အကြည့်လွှဲလျှင်လွှဲ၊ မလွှဲလျှင် ခေါင်းငုံ့သွားကြလေသည်။

လူအိုကြီး ရောက်လာသည့် အချိန်မှာပဲ တိုက်ပွဲကွင်းပြင် တစ်ခုလုံး ရုတ်ချည်း တိတ်ကျသွားခဲ့လေ၏။

ဟန့်…

အချိန်အတော်ကြာပြီးနောက် လူအိုကြီးက နှာခေါင်းရှုံ့လိုက်၏။

နှာခေါင်းရှုံ့သံသာ ဖြစ်သော်လည်း ထိုအသံသည် လူတိုင်းအား နှလုံးခုန်မြန်သွားစေခဲ့လေသည်။ အကုန်လုံး ရင်တဒိုင်းဒိုင်း ခုန်လာခဲ့ပြီး သွေးများလည်း ဆူပွက်လာခဲ့လေသည်။

ရန်ကိုင် မျက်လုံးပြူးသွားခဲ့လေသည်။

တန်ခိုးရှင်ဘုရင်တတိယအဆင့်…

လူအိုကြီး ပေါ်လာကတည်းက မယုံသင်္ကာ ဖြစ်နေခြင်း ဖြစ်ပြီး ယခုမှပဲ တစ်ဖက်လူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေကြောင်းကို အတည်ပြုလိုက်နိုင်၏။

ဤလူအိုကြီးသည် ကြယ်စီရင်စု လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်လောက်အောင် ရှားပါးလှသော ပညာရှင်များအနက် တစ်ဦး အပါအဝင် ဖြစ်ပေသည်။

ရန်ကိုင်စိတ်ထဲ နာမည်တစ်ခု ပေါ်လာခဲ့သည်။

ခွမ်းရှီကျုန်း

ကျိတုန်သည် တစ်ခါက သူ့အား အရိပ်ကြယ်မှ ပညာရှင်များ အကြောင်းကို ပြောဖူးပေသည်။ ထို့ကြောင့် အရိပ်ကြယ်တွင် ပင်မ ထောက်တိုင်ကြီးအဖြစ် ရပ်တည်နေသော တန်ခိုးရှင်ဘုရင်တတိယ အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေကြောင်း ရန်ကိုင် သိပေသည်။ ထိုလူသည် ခွမ်းရှီကျုန်း ဖြစ်ပေသည်။

ထိုလူအိုကြီးသည် ကျိလုန်ပင်လျှင် စီနီယာဦးလေး ခေါ်ရသည်အထိ ဝါစဉ်ကြီးသည့်လူတစ်ဦး ဖြစ်ပေသည်။

သို့သော်လည်း သူမည်သည့်နေရာသို့ ရောက်နေသလဲ ဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။ ခရမ်းကြယ်၌ သူပေါ်မလာသည်မှာ နှစ်နှစ်ရာလောက် ရှိနေခဲ့လေပြီ။ လူအချို့သည် သူသေသွားပြီဟု ပြောကြပြီး အချို့ကမူ သူသည် အန္တရာယ်များသည့် နေရာများဆီသို့ ခရီးထွက်နေသည်ဟု ပြောကြသည်။ အချို့ကမူ သူသည် ဟင်းလင်းပြင်ကို ဖြိုခွဲပြီး ကြယ်စီရင်စုထဲမှ ထွက်သွားပြီဟု ပြောကြပြန်သည်။

သို့သော်လည်း ဤလူအိုကြီးသည် ခရမ်းကြယ်မြို့ထဲတွင်သာ ရှိနေဦးမည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

အသိပြန်ဝင်လာသည့် အချိန်တွင် ကုန်းစွန်းလျန်၊ လီမောက်မင်နှင့် တန်ခိုးရှင်ဘုရင်အဆင့် အကြီးအကဲအားလုံး ခွမ်ရှီကျုန်းအား လေးစားစွာ ဦးညွှတ်လိုက်ကြလေသည် “သိုင်းဘိုးဘေးကို နှုတ်ဆက်ပါတယ်”

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တော်တော်များများလည်း ထိုလူအိုကြီးကို သိကြပေသည်။ ထို့ကြောင့် နည်းနည်းလေးမှ မပေါ့ဆရဲဘဲ ချက်ချင်းပဲ တလေးတစား ဦးညွှတ်လိုက်ကြသည်။

“မင်းတို့ သိုင်းဘိုးဘေးကို မျက်လုံးထဲ ထည့်သေးတယ်ပေါ့” ခွမ်းရှီကျုန်းသည် အကုန်လုံးအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်း ဆူပူလိုက်လေသည်။ လူအိုကြီး၏ အကြည့်ကြောင့် အကုန်လုံး ချွေးပျံလာခဲ့လေသည်။ ကုန်းဏွန်းလျန်နှင့် လီမောက်မင်တို့ပင်လျှင် အမှားလုပ်မိထားသည့် ကလေးများနှယ် ခေါင်းငုံ့ထားကြလေသည်။

“ကြည့်ရတာ ဒီနှစ်နှစ်ရာအတွင်း တော်တော်ကြီးကို တိုးတက်လာခဲ့တာပါလား” ခွမ်းရှီကျုန်းက လှောင်ပြောင် ထေ့ငေါ့လိုက်လေသည် “ခရမ်းကြယ်ကို အခုလို ဖြစ်အောင် လုပ်ပြီးတာတောင် မင်းတို့ကိုယ်မင်းတို့ ခရမ်းကြယ်ရဲ့ ဆက်ခံသူ ဖြစ်ဖို့ ထိုက်တန်တယ်လို့ ထင်နေကြသေးတာလား”

ထိုမေးခွန်းကို မည်သူမှ ပြန်မဖြေနိုင်ကြဘဲ အကုန်လုံး ကြောက်ကြောက်လန့်လန့်ဖြင့်သာ ခေါင်းကို ငုံ့ထားကြ၏။

“ငါသာပေါ်လာမရင် ခရမ်းကြယ်နန်းတော် တစ်ခုလုံးကို ဖျက်စီးပစ်ဖို့ မင်းတို့ စဉ်းစားနေတာလား”

“မလုပ်ရဲပါဘူး” ကုန်းစွန်းလျန်က ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောလိုက်၏။

“မင်းတို့ မလုပ်ရဲတာ ဘာရှိလဲ။ မင်းတို့မှာ သတ္တိမရှိဘူးလား။ အဲ့လိုမဟုတ်ရင် လုပ်တာတော့ လုပ်ရဲပြီး ဝန်ခံရဲတဲ့ သတ္တိ မရှိတာလား”

“တပည့်တို့ တာဝန်မကျေပွန်သလို ဖြစ်သွားတာအတွက် သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလို့ တောင်းဆိုပါတယ် သိုင်းဘိုးဘေး” ကုန်းစွန်းလျန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ် တောင်းဆိုလိုက်လေသည်။

အောက်ဘက်ရှိ မရေမတွက်နိုင်သော လူများဟာလည်း သူ့အတိုင်း လိုက်အော်ပြောကြလေသည်။

“အခု ဘာတွေဖြစ်နေတာလဲ၊ ရှင်းပြစမ်း” ခွမ်းရှီကျုန်းသည် ဒေါသတကြီး အော်မေးလေသည်။ လေမတိုက်သည့်တိုင် သူ့ဆံပင်ဖြူများသည် အလိုလို လွင့်ပျံလာခဲ့လေသည်။

ခွမ်းရှီကျုန်း၏ အော်သံကြောင့် ကုန်းစွန်းလျန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့လေသည်။ သို့သော်လည်း ဘာကိုမှ မဖုံးကွယ်ရဲသဖြင့် အကြောင်းစုံကို အလျင်အမြန် ရှင်းပြလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၈၇၅)

ခွမ်ရှီကျုန်းကိုတော့ ကုန်းစွန်းလျန် သွားမလှည့်စားရဲပေ။ ထို့ကြောင့် အကြောင်းစုံကို အမှန်အတိုင်း ပြောပြလိုက်ရလေသည်။

ဘိုးဘေးကမ္ဗည်းတိုင်းများ ပျက်စီးသွားကြောင်း ကြားပြီးနောက် ခွမ်ရှီကျုန်း အလွန် ဒေါသထွက်သွားကာ သူ့အရှိန်အဝါကို အလိုလို ထုတ်လွှတ်မိလိုက်လေသည်။ ကြောက်မက်ဖွယ်ရာ ဖိအားသည် ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာသည့်နှယ် အကုန်လုံးပေါ်သို့ ကျဆင်းလာခဲ့သည်။

ခွမ်ရှီကျုန်းသည် ရုတ်တရက် ကျိဝူကျိအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သူ့အကြည့်ကြောင့် ကျိဝူကျိမှာ သွေးတစ်ပွက် ထိုးအန်သွားရလေသည်။

ကျိဝူကျိ လှည့်ကွက်လောက်တော့ ခွမ်ရှီကျုန်း မသိဘဲ နေမည်နည်း။ သူ့လုပ်ရပ်မှာ ပါးနပ်သော်လည်း ဘိုးဘေးများကို လုံးဝ မလေးစားသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အပြစ် ကျိန်းသေ ပေးရပေမည်။

ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်နှစ်ဦးကို အထက်စီးမှ တိုက်ခိုက်နိုင်ကြောင်း ကြားလိုက်ရပြီးနောက်တွင် ခွမ်ရှီကျုန်းသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

ရန်ကိုင်သည် အကြောက်အလန့်မရှိ၊ ပြုံးဖြီးဖြီးဖြင့်ပင် ပြန်ကြည့်လိုက်သည်။

အကြောင်းစုံကို ရှင်းပြပြီးနောက်တွင် ကုန်းစွန်းလျန်သည် ဘာတစ်ခွန်းမှ ထပ်မပြောတော့ဘဲ ရင်တထိတ်ထိတ်ဖြင့် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။

မည်သူမှလည်း စကားမပြောရဲကြချေ။ အကုန်လုံးသည်လည်း ရင်တထိတ်ထိတ်ဖြင့်သာ ခွမ်ရှီကျုန်း နောက်ဘာပြောမလဲ ဆိုသည်ကို စောင့်နေကြ၏။

အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှပဲ ခွမ်းရှီကျုန်း စကားစပြောလာခဲ့သည် “ခရမ်းကြယ်မှာ တတိယခေါင်ချုပ် ရှိလာတဲ့အကြောင်း ဒီလူအိုကြီး ဘာလို့ မသိရတာလဲ။ ကောင်လေး၊ ခေါင်ချုပ်တံဆိပ်ပြားကို မင်းဘယ်ကနေ ရလာတာလဲ”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် “စီနီယာမေးခွန်းက နည်းနည်း ထူးဆန်းမနေဘူးလား။ ခေါင်းချုပ် တံဆိပ်ပြားကို ကျိလုန် ပေးလို့ ရတာပေါ့။ သူမပေးဘဲ ဘယ်လိုလုပ်ပြီး ရမှာလဲ”

“သူမင်းကိုပေးတာ။ ဘယ်တုန်းကလဲ၊ ဘယ်နေရာမှာ ပေးတာလဲ” ခွမ်ရှီကျုန်းသည် ရန်ကိုင်အား စိုက်ကြည့်၍ မေးလိုက်သည်။

ကုန်းစွန်းလျန်၊ လီမောက်မင်နှင့် အခြားလူအားလုံး နားမလည်နိုင် ဖြစ်နေကြလေသည်။ ခွမ်ရှီကျုန်း ဘာကြောင့် ထိုကဲ့သို့သော မေးခွန်းမျိုးကို လာမေးနေမှန်း အကုန်လုံး နားမလည်နိုင် ဖြစ်နေကြသည်။

ရန်ကိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ အလိုလို ရလာခဲ့သည်။ သို့တိုင် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ပြန်ဖြေပေးလိုက်လေသည် “စီနီယာ ဘာကို သိချင်နေတာလဲ”

“ငါဘာသိချင်နေတာလဲ ဟုတ်လား” ထိုသို့ ပြောပြီးနောက် ခွမ်ရှီကျုန်းသည် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်လေသည်။ ခြေတစ်လှမ်းသာ ဆိုသော်လည်း ခွမ်ရှီကျုန်း၏ အရှိန်အဝါသည် ရန်ကိုင်ပေါ်သို့ စီးမိုးကျဆင်လားခဲ့လေသည်။ ရန်ကိုင်လည်း ခွမ်ရှီကျုန်း ထုတ်လွှတ်သည့် အရှိန်အဝါကြောင့် နောက်သို့ အလိုလို ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။

“ကျိလုန်… သူဘယ်မှာလဲ။ သူအသက်ရှင်နေသေးလား… ဒါမှမဟုတ် သေသွားပြီလား” ခွမ်ရှီကျုန်းက မေးလိုက်၏။

ရန်ကိုင်၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ သို့သော် ဘာမှတော့ ပြန်မပြောခဲ့ချေ။ ခွမ်ရှီကျုန်း ထိုမေးခွန်းကို မေးနေပြီ ဆိုကတည်းက အဖြေကို သိနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေမည်။ သူ့အနေဖြင့် ပြန်ဖြေနေစရာပင် မလိုချေ။

“မပြောဘူးလား။ ဒီတော့ ဝန်ခံတယ်ဆိုတဲ့ သဘောပေါ့” ခွမ်ရှီကျုန်းက နှာခေါင်းရှုံ့၍ ပြောလိုက်သည် “ကောင်လေး၊ မင်းသိမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခေါင်ချုပ် တစ်ယောက် ဖြစ်လာဖို့ဆိုရင် ဒီလူအိုကြီးရဲ့ ခွင့်ပြုချက်ကို လိုအပ်တယ်။ ဒီလူအိုကြီးက ခွင့်မပြုဘဲ ကျိလုန် ဘယ်လောက်ပဲ သတ္တိရှိရှိ ဘယ်သူ့ကိုမှ ခေါင်ချုပ်တံဆိပ်ပြား ပေးရဲမှာမဟုတ်ဘူး။ ပေးလိုက်တယ်ဆိုရင် သူဒီလူအိုကြီးကို အရေးမစိုက်တော့လို့ပဲ။ အဲ့လိုမဟုတ်ဘူးဆိုရင် နောက်တစ်ခုက သူနဲ့ ပက်သက်ပြီး တစ်ခုခု ဖြစ်သွားလို့ပဲ ဖြစ်ရလိမ့်မယ်”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်က ရယ်မော၍ ပြန်ပြောလေသည် “ကျိလုန်က ဒီအကြောင်းကို စီနီယာနဲ့ နောက်မှ စဉ်းစားနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့… ခေါင်းချုပ်တံဆိပ်ပြားကို အကြီးအကဲချုပ်ဆီ ကျုပ်ပြန်ပေးလိုက်ပြီလေ။ ဘာလို့ ဒီကိစ္စကို ဒီမှာပဲ မရပ်လိုက်တာလဲ”

“ဟန့်” ခွမ်ရှီကျုန်းသည် အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ ရန်ကိုင် အပြောကို လျစ်လျူရှုကာ ကျိဝူကျိဘက်သို့ လှည့်၍ မေးလိုက်လေသည် “မင်းအဖေ အသက်မီးအိမ် ဘယ်လိုနေလဲ”

ကျိဝူကျိမှာ အပြစ်ပေးခံလိုက်ရသော်လည်း ပြင်းပြင်းထန်ထန်ကြီး မဟုတ်သဖြင့် ဘာမှ သိပ်မဖြစ်ခဲ့ချေ။ ခွမ်ရှီကျုန်း၏ အမေးကို ကြားပြီးနောက် ကျိဝူကျိ တစ်ကိုယ်လုံး တုန်ရီသွားခဲ့၏။ အမှန်အတိုင်း ပြောရမလား၊ လိမ်ပြောရမလား ခဏကြာအောင် တွေဝေနေပြီးနောက် အမှန်အတိုင်း ပြောရန်သာ ဆုံးဖြတ်လိုက်လေသည် “အဖေရဲ့ အသက်မီးအိမ်… အက်ကွဲသွားပါပြီ ဘိုးဘေး”

“ဘယ်လို” အကုန်လုံး ထိတ်လန့်သွားခဲ့လေသည်။ ကုန်းစွန်းလျန်သည်ပင် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။

အသက်မီးအိမ်ဆိုသည်မှာ ဘာလဲ သူတို့သိပေသည်။ အသက်မီးအိမ် ကွဲသွားသည်ဆိုသည်မှာ အသက်မီးအိမ်၏ပိုင်ရှင် သေသွားသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။

ဆိုလိုသည်ကား ကျိလုန် သေသွားလေပြီ။ ခရမ်းကြယ်၏ ဂိုဏ်းချုပ် သေသွားလေပြီ။

အစောကြီးကတည်းက ထိုအကြောင်းကို ကြိုသိထားသည့် လီမောက်မင် တစ်ယောက်သည်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေခဲ့သည်။

“ငါထင်တဲ့အတိုင်းပဲ” ခွမ်ရှီကျုန်း သက်ပြင်းချလိုက်၏။ ယခင်ကတည်းက အိုမင်းနေပြီဖြစ်သော သူ့မျက်နှာသည် ယခင်ထက် ပို၍ အိုစာသွားခဲ့လေသည်။

ခဏကြာအောင် တိတ်နေပြီးနောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ အကြည့်စူးစူးဖြင့် စိုက်ကြည့်လျက် မေးလိုက်လေ၏ “ကျိလုန် ဘယ်မှာ သေသွားတာလဲ”

“ကမ္ဘာပျက်ထဲမှာ” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။

“သူ့ကို ဘယ်သူသတ်လိုက်တာလဲ”

ရန်ကိုင်က မျက်ခုံးပင့်၍ “ကျိလုန် သေသွားတာ ကျုပ်ကြောင့်လို့တော့ စီနီယာ တွေးနေတာ မဟုတ်ပါဘူးနော်”

ခွမ်ရှီကျုန်းက ပြန်၍ လှောင်ပြောင်လိုက်၏ “မင်းအားကောင်းတာ မှန်တယ်။ ဒါပေမယ့် မင်းခွန်အားလောက်နဲ့ သူ့ကို သတ်နိုင်ဖို့က မဖြစ်နိုင်သေးဘူး။ မဟုတ်ရင် ငါအခုလို စကားပြောနေဦးမယ်ထင်လား။ အစောကြီးကတည်းက မင်းကို သတ်ပစ်လိုက်နေပြီ”

“စီနီယာက စဉ်းစားတတ်သားပဲ” ရန်ကိုင်က လေးစားသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် “ရောင်းရင်းကျိလုန်က ဘယ်သူကြောင့်မှ သေသွားတာ မဟုတ်ဘူး။ ခုနှစ်ရောင်ခြယ် အလင်းတန်းကြောင့်ပဲ သေသွားခဲ့တာ”

“ခုနှစ်ရောင်ခြယ်အလင်းတန်း” ခွမ်ရှီကျုန်း၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ သူလည်း ခုနှစ်ရောင်ခြယ်အလင်း အကြောင်း သိပေသည်။ ကမ္ဘာပျက်ထဲကို ဝင်ဖူးသူတိုင်း ထိုအကြောင်းကို သိကြသည်။ ခေါင်းညိတ်ရင်း ရေရွတ်လိုက်၏ “အဲ့လိဆိုရင်တော့ မဆင်မခြင်လုပ်တဲ့ သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပေါ့”

“ရောင်းရင်း ကျိလုန် သေသွားပြီးတော့ သူ့သိုလှောင်လက်စွပ်ကို ကျုပ်ယူလာခဲ့တာ။ ခေါင်းချုပ် တံဆိပ်ပြား အတွက်ကတော့… ဟဲဟဲ…” ရန်ကိုင် ပြုံးဖြီးဖြီးလုပ်လိုက်သည်။

“ဒီတော့… မင်းက အစကတည်းက ခေါင်းချုပ် မဟုတ်ဘူးပေါ့” ကုန်းစွန်းလျန်သည် ရုတ်တရက် မှင်သက်နေသည့် အသံဖြင့် ထအော်ပြောလေသည်။

“ဒါပေါ့၊ အကြီးအကဲချုပ် ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ရန်ကိုင်က ပြုံးဖြီးဖြီးဖြင့် လက်သီးဆုပ်၍ ပြောလိုက်၏။

“မင်း… မင်း” သူ့ကိုယ်ထဲရှိ သွေးများ ငယ်ထိပ် ဆောင့်တက်လာသလို ကုန်းစွန်းလျန် ခံစားလိုက်ရလေသည်။

ခွမ်းရှီကျုန်းသည် ကုန်းစွန်းလျန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ရန်ကိုင်ဘက်သို့ လှည့်၍ “ကောင်လေး၊ ခရမ်းကြယ်ရဲ့ ခေါင်းချုပ် မဟုတ်ဘဲနဲ့ ဒီနေရာကို ခိုးဝင်ပြီး ခရမ်းကြယ်ကို ထိခိုက်အောင် လုပ်တဲ့ မင်းအပြစ်က လုံးဝကို ခွင့်လွှတ်လို့မရဘူး”

“ကျုပ်တစ်ယောက်တည်း မဟုတ်ဘူးလေ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“မင်းကြောင့်သာ မဟုတ်ရင် ဒီနေ့ အခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး” ခွမ်ရှီကျုန်းက အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်၍ ပြန်ပြောလိုက်လေသည်။

ရန်ကိုင်သည် လိုအပ်လျှင် ချက်ချင်း လှုပ်ရှားနိုင်ရန် သူတော်စင်ချီကို အဆင့်သင့် လှည့်ပတ်ထားလိုက်လေသည်။

သို့သော်လည်း ခွမ်ရှီကျုန်းသည် ချက်ချင်း မတိုက်ခိုက်သေးဘဲ “ကောင်လေး၊ ဒီလူအိုကြီး မင်းကို အခွင့်အရေး နှစ်ခုပေးမယ်။ တစ်ခုက ဒီလူအိုကြီး မင်းကို သတ်မယ်။ မင်းဝိဥာဉ်ကိုသုံးပြီး ခွဲခွာသွားတဲ့ ဘိုးဘေးတွေရဲ့ ဝိဥာဉ်ကို ပူဇော်မယ်။ နောက်တစ်ခုက ခရမ်းကြယ်ထဲဝင်ပြီး ခရမ်းကြယ်အတွက် တရားဝင် အလုပ်လုပ်ပေးမယ်။ မင်းရွေး”

ရန်ကိုင်က ပြုံးလျက် “စီနီယာက ကျုပ်ကို စဉ်းစားရခက်အောင် လုပ်နေတာပဲ။ ဘယ်ကသူ သေချင်ပါ့မလဲ။ ကျုပ်လည်း မသေချင်ပါဘူး။ ဒါပေမယ့် ခရမ်းကြယ်ထဲကိုလည်း မဝင်ချင်ဘူး။ ကျုပ်ဘာလုပ်သင့်တယ်လို့ စီနီယာထင်လဲ”

“ကောင်လေး၊ အကောင်းပြောနေတုန်း လုပ်လိုက်။ ငါ့ကို လက်ပါလာအောင် တွန်းအားမပေးနဲ့။ ဒီလူအိုကြီးက ပါရမီရှင်တွေကို လေးစားလို့ မင်းလို ပါရမီရှင်တစ်ယောက် ငယ်ငယ်လေးနဲ့ သေသွားမှာကို နှမြောလို့ အခုလို ကမ်းလှမ်းနေတာ”

“ဟုတ်တာတော့ဟုတ်တယ်။ ဒါပေမယ့် နှစ်ခုစလုံးက ကျုပ်အတွက် အဆင်ပြေမနေဘူး”

ခွမ်ရှီကျုန်းသည် ရန်ကိုင်အား မျက်လံးမှေးစဉ်းကာ စိုက်ကြည့်ရင်း ပြောလိုက်သည် “ခရမ်းကြယ်ခေါင်ချုပ်ယောင် ဆောင်ပြီး ခရမ်းကြယ်နန်းတော်ထဲ ခိုးဝင်ရုံမကလို့ အခုကိစ္စမှာပါ ဝင်ပက်သက်တယ်ဆိုတော့… မင်းကိုယ့်ကျိုးအတွက် သက်သက်တော့ မဖြစ်နိုင်ဘူး။ ဒီလူအိုကြီး ထင်တာသာ မမှားရင် ဒီလူတွေကြောင့် မင်းရောက်လာတာမလား”

ပြောပြီးသည့်နောက် ခွမ်ရှီကျုန်းသည် သူ့လက်ကို ဆန့်ထုတ်၍ အပေါ်သို့ မတင်လိုက်သည်။ သူထိုသို့လုပ်လိုက်သည့် အခိုက် လူများစွာသည် သူ့ဆွဲခေါ်ရာဆီသို့ အလိုလို ပါလာကြလေသည်။

ထိုလူများသည် ရှန်တုနှင့် သူ့အပေါင်းအပါတို့ ဖြစ်နေခဲ့သည်။

ရှန်တုန်နှင့် အခြားသူများနောက်တွင်မူ… ရှောင်ရှောင်သည် အနက်ရောင်တုတ်ချောင်းကို ကိုင်၍ အပြေးလိုက်နေခဲ့သည်။ ရှောင်ရှောင်သည် လက်ရှိအချိန်တွင် ကျောက်ဘီလူး အသွင်သို့ ပြောင်းလဲထားခဲ့ပေသည်။

ရှန်တုန်နှင့် အဖွဲ့သားများသည် လက်ရှိတွင် ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။ ရှောင်ရှောင် သူတို့အား ကယ်ပြီးသည်မှာ မကြာသေးချေ။ ခရမ်းကြယ်မြို့တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်ကို အသုံးချ၍ ထွက်ပြေးရန် ကြံနေစဉ် ခွမ်ရှီကျုန်း၏ အဖမ်း ခံလိုက်ရခြင်း ဖြစ်သည်။

ခွမ်ရှီသည် ရှန်တုနန်နှင့် အဖွဲ့သားများကို မပြေးနိုင်အောင် ထိန်းချုပ်ထားလိုက်ပြီးနောက် မျက်မှောင်ကြုတ်၍ ကျောက်တုံး ရုပ်သေးရုပ်ကို ငုံ့ကြည့်လိုက်လေသည်။

သူ့ဗဟုသုတ၊ အတွေ့အကြုံနှင့်ပင်လျှင် ကျောက်တုံး ရုပ်သေးရုပ်သည် သက်ရှိတစ်မျိုးလား၊ ရုပ်သေးရုပ်သက်သက်ပဲလား မခွဲခြားနိုင်ခဲ့ချေ။

“စီနီယာ ဘာသဘောလဲ” ရန်ကိုင်သည် မျက်လုံးမှေးစဉ်း၍ ခွမ်ရှီကျုန်းကို စိုက်ကြည့်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရန်ကိုင်က စိုးရိမ်သွားသည်ကို မြင်သော် ခွမ်ရှီကျုန်းက ပြုံးလျက် “မင်းက ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းကမလား။ ဒါပေမယ့် ငါသိထားသလောက်တော့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းမှာ မင်းလိုလူမျိုး မရှိပါဘူး။ မင်းဘယ်သူလဲ”

“ဂျူနီယာက အမည်မရှိတဲ့ လူမသိသူမသိ လူတစ်ယောက်ပါ။ စီနီယာ ဂျူနီယာနာမည်ကို မကြားဖူးတာ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် စီနီယာလို အဆင့်နဲ့ အခုလို နည်းလမ်းတွေ သုံးတဲ့အကြောင်းသာ သတင်းပြန့်သွားရင် အများ လှောင်ရယ်စရာဖြစ်မှာ မကြောက်ဘူးလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြန်မေးလိုက်သည်။

“ဘယ်သူ လာရယ်လဲ။ ရယ်ရဲတဲ့ကောင် လာရယ်ပါစေ။ သူတို့ တစ်မိသားစုလုံးကို ဒီလူအိုကြီး သတ်ပစ်မယ်” ခွမ်ရှီကျုန်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည် “ငါမင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ ခရမ်းကြယ်ထဲ ဝင်မယ်လို့ ကတိ သစ္စာပြုလိုက်။ အဲ့ဒါဆို ဒီလူတွေကို ငါလွှတ်ပေးမယ်။ မဟုတ်ရင်တော့ မင်းတို့အကုန်လုံး သေရလိမ့်မယ်”

ရှန်တုန်သည် ရန်ကိုင်အားကြည့်၍ မဲ့ပြုံးပြုံးကာ ပြောလိုက်၏ “ရောင်းရင်းရန်၊ ငါတို့ကို ဂရုမစိုက်နေမဘူး။ မင်းလွတ်ဖို့သာ စဉ်း…”

သူပြောလို့မပြီးသေးခင်မှာပင် ရုတ်တရက် သွေးတစ်ပွက် ထိုးအန်ချလိုက်လေသည်။

“ဒုတိယသခင်လေး” ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းမှ လူအားလုံး ထိတ်လန့်သွားကုန်ကြလေသည်။ ချက်ချင်းပဲ အဖွဲ့ထဲ တစ်ယောက်သည် ခွမ်ရှီကျုန်းဘက်သို့လှည့်၍ “ခွေးအိုကြီး၊ ခင်ဗျား…”

ဘုန်း…

စကားတစ်ဝက်မှာပင် သူ့ခေါင်းတစ်ခုလုံး ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခိုက် ရှန်တုနှင့် အခြားသူအားလုံး ဖြူဖတ်ဖြူလျော် ဖြစ်သွားကုန်ကြလေသည်။ ခွမ်ရှီကျုန်းသည် ဂျူနီယာဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဂရုစိုက်နေမည် မဟုတ်ဘဲ သူ့အား စော်ကားရန်စလာသည့် လူအားလုံးကို သတ်ပစ်မည်မှန်း သိလိုက်သည့်နောက် ရှန်တုတို့လည်း ဘာမှ မပြောရဲတော့ချေ။

“ဒီလူအိုကြီးရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ် ရှိတယ်နော်။ မင်းမပြောသေးရင် ငါနောက်တစ်ယောက်ကို ထပ်သတ်တော့မှာ။ ဒီတစ်ကြိမ်တော့ ဒီကောင့်အလှည့်ပဲ။ ဒီကြောင့်ကြည့်ရတာ နည်းနည်း အဖိုးတန်မယ့်ပုံပဲ။ သူ့ကို မသေစေချင်ရင် ဒီလူအိုကြီးပြောတာကို မင်းသေချာ စဉ်းစားသင့်တယ် ကောင်လေး” ခွမ်ရှီကျုန်းသည် ရှန်တုကို ညွှန်ပြ၍ အေးစက်စက် အမူအရာဖြင့် ပြောလိုက်လေသည်။

သူ့စကား ဆုံးသွားသည်နှင့် ရှန်တုန် တုန်တုန်ရီရီ ဖြစ်သွားခဲ့၏။

“ခင်ဗျား လုပ်ရဲလား” ရန်ကိုင်က ဒေါသတကြီး ပြန်အော်၏။

ရှန်တုနှင့် သူ့ကြားရှိ ရင်းနှီးမှုကို ထည့်မတွက်လျှင်ပင်၊ ရှန်တုသည် ရွှယ့်ယွယ်၏ အစ်ကိုဖြစ်သည်ဟူသော အကြောင်းပြချက် တစ်ခုတည်းကတည်းပင် သူဝင်ပါရမည့်ကိစ္စ တစ်ခု ဖြစ်နေလေပြီ။ သူသာ ရှန်တုကို ခွမ်ရှီကျုန်းလက်တွေ သေစေလိုက်လျှင် ရွှယ့်ယွယ်နှင့် မည်သို့များ မျက်နှာချင်းဆိုင်ရတော့မည်နည်း။

ရန်ကိုင်၏ ဒေါသတကြီး အော်သံကြောင့် ခွမ်ရှီကျုန်း ကြောင်သွားခဲ့သည်။ သို့သော်လည်း ချက်ချငး်ပဲ ညစ်ကျယ်ကျယ် ပြုံး၍ “နှစ်တွေအများကြီး ရှိသွားပြီ။ ဒီလူအိုကြီးကို အဲ့လိုပြောရဲ့တဲ့လူ ပေါ်မလာခဲ့တာ။ ဟုတ်တော့ ဟုတ်နေပါလား။ ကောင်းပြီလေ။ မင်းက ငါမလုပ်ရဲဘူး ထင်နေမှတော့ မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့်ထား၊ ငါလုပ်ရဲလား၊ မလုပ်ရဲဘူးလား ဆိုတာ”

All Chapters