← Chapters

အခန်း (၁၉၇၆-၁၉၈၀)

Vol. 80 Ch. 1976-1980

အခန်း (၁၉၇၆-၁၉၈၀)

Vol. 80 Ch. 1976-1980

အပိုင်း (၁၉၇၆)

မေပယ်မြို့သည် ရန်ကိုင်တွေ့ခဲ့ဖူးသော မည်သည့် မြို့ထက်မဆို ပို၍ စည်ပင်သာယာ ၀ပြော‌ပေသည်။ ရေလကြယ်ပေါ်ရှိ ဟုန်းလော့ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ရေကောင်းကင် မြို့သည်ပင် မေပယ်မြို့နှင့် မယှဉ်နိုင်ပေ။ သို့သော်လည်း မေပယ်မြို့ ဆိုသည်မှာ ကြယ်တာရာ အစုအဝေးထဲရှိ မရေမတွက်နိုင်သော မြို့ငယ်လေး များထဲမှ တစ်မြို့သာ ဖြစ်ပေသည်။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် ကြယ်တာရာ အစုအဝေးနှင့် သူနေခဲ့သည့် ကြယ်စီရင်စုကြီး မည်မျှ ကွာခြားကြောင်း မြင်တွေ့နိုင်ပေသည်။

ဤမေပယ်မြို့လေးသည် ရန်ကိုင့်အား မျက်စိပွင့်နားပွင့် ဖြစ်သွားအောင် လုပ်ပေးခဲ့သည်။ သို့သော်လည်း ထိုမေပယ်မြို့နှင့် ပက်သတ်၍ သူမကြိုက်သည့် အချက်တစ်ချက် ရှိပေသည်။ ထိုအရာမှာ မြို့ထဲသို့ ၀င်ရန်အတွက် အဆင့်နိမ့် အရင်းအမြစ်ကျောက် ဆယ်တုံး ပေးရခြင်းပင်။

အရင်းအမြစ်ကျောက် ဆယ်တုံးပေးရပြီးနောက် ရန်ကိုင့်၏ မျက်နှာကြီး မှုန်ကုတ်ကုတ် ဖြစ်သွားလေသည်။ သူသည် ကြယ်စီရင်စုကြီးထဲတွင် ရှိစဉ်ကကဲ့သို့ ချမ်းသာ ကြွယ်၀သူတစ်ဦး မဟုတ်တော့။ လက်ရှိတွင် အရင်းအမြစ်ကျောက် တစ်တုံးချင်းစီတိုင်းသည် သူ့အတွက် အလွန်ကိုမှ အဖိုးတန်ပေသည်။ ထို့ကြောင့် ထိုအရင်းအမြစ် ကျောက်များကို အလွယ်တကူ မသုံးဖြုန်းပစ်ချင်ပေ။

သူရလာသည့် အရင်းအမြစ်ကျောက်များမှာ ငှက်မွှေးပြာဂိုဏ်း၏ တပည့်များကို သတ်ပြီးမှ ရလာခြင်းဖြစ်သည်။ ထို့အပြင် များများစားစားပင် မဟုတ်။ ထောင်ဂဏန်းလောက်သာ ရှိ၏။ အစက သိုလှောင်လက်စွပ် လေးကွင်းရခဲ့သော်လည်း သုံးကွင်းကို လျို့ရှန်းယွင်အား ပေးပစ်ခဲ့သည်။ နောက်ဆုံးတစ်ကွင်းကိုသာ သူယူထားလိုက်သည်။ ထို သိုလှောင်လက်စွပ်ထဲတွင် အရင်းအမြစ်ကျောက် ထောင်ဂဏန်း၊ အဆင့်နိမ့်မှော်ရတနာ နှစ်ခုနှင့် သူ့အတွက် အသုံးမ၀င်သည့် ပစ္စည်းအချို့သာ ပါပေသည်။

ရန်ကိုင် မြို့ထဲသို့ ၀င်လာပြီးပြီးချင်းတွင် နေရာတစ်ခု အရင်မရှာသေးဘဲ မြို့ထဲသို့ အရင် လျှောက်ပတ်ကြည့်လေသည်။ အခြားသူများ ပြောသည်ကို နားထောင်ရင်းဖြင့် သတင်းလိုက်လံ စုဆောင်းလေသည်။ တစ်ရက်ကြာအောင် ထိုကဲ့သို့ လုပ်ပြီးနောက်တွင် မေပယ်မြို့နှင့် ပက်သက်၍ ရန်ကိုင် အတော်လေး သိလာခဲ့ရသည်။

သူထင်ထားသည့်အတိုင်းပင် မေပယ်မြို့ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သိပ်မမြင့်ပေ။ အင်အားစုငယ်လေးများဆိုလျှင် အားကောင်းသည့် ကျင့်ကြံသူများပင် ပိုင်ဆိုင်ထားခြင်း မရှိကြ။ မေပယ်မြို့၏ မြို့သခင်သည် တာအိုသခင် ဒုတိယအဆင့်ဖြစ်ပြီး ဒုမြို့သခင် နှစ်ဦးမှာတော့ တာအိုသခင် ပထမအဆင့်များ ဖြစ်ကြသည်။

မြို့ထဲရှိ မိသားစုငယ်လေး အားလုံးလိုလိုတွင်တော့ အများဆုံးမှ တာအိုသခင် ပထမအဆင့်သို့ ရောက်နေသည့် ဘိုးဘေးတစ်ဦးလောက်သာ ရှိကြသည်။ အနီးအနားရှိ အင်အားစုများတွင်လည်း တာအိုသခင် ပထမအဆင့် တစ်ယောက် နှစ်ယောက်လောက်သာ ရှိကြပြီး ချွင်းချက်အနေဖြင့် မီးတောက်ကျောင်းတော် မှာတော့ တာအိုသခင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့ပေသည်။

သို့သော်လည်း မီးတောက်ကျောင်းတော်၏ ကျောင်းသခင်လော့မှာ ကြည်လင်ကျောက်စိမ်း တောင်၌ အသတ်ခံလိုက်ရပြီဖြစ်သောကြောင့် မေပယ်မြို့ထဲနှင့် မြို့အနီးတစ်ဝိုက်ရှိ အင်အားစုများ၏ အခြေအနေမှာ ပြောင်းလဲတော့မည်မှန်း ရန်ကိုင် သိနေခဲ့သည်။

ကြည်လင်ကျောက်စိမ်းတောင် အဖြစ်အပျက်သည် မေပယ်မြို့ဆီသို့ လျင်မြန်စွာ ပျံ့နှံ့လာခဲ့လေသည်။ ထိုသတင်းသည် မေပယ်မြို့တွင်သာ မဟုတ်ဘဲ တောင်ဘက်နယ်မြေအနှံ့ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံ့နှံသွားခဲ့သည်။ သို့သော်လည်း ဤသည်မှာ သိပ်ပြီး‌ အထူးအဆန်းတော့မဟုတ်။ ရှေးဟောင်း နတ်သားရဲတစ်ကောင်ဖြစ်သည့် လွမ်ဖုန်း ကိုယ်တိုင်ပင် ပေါ်လာသည်ကိုး။ ထိုကဲ့သို့သော ကိစ္စမျိုးသည် အလွန်အားကောင်းသည့် ပညာရှင်မျိုးကိုပင် ဆွဲဆောင်နိုင်ပေသည်။

သို့သော်လည်း ရန်ကိုင်ကမူ ထိုကိစ္စများကို ဂရုစိုက်မနေခဲ့ပေ။ သူစိတ်ပူနေသည်မှာ မေပယ်မြို့သည် သူယာယီ နေထိုင်လို့ရသည့် မြို့တစ်မြို့ ဟုတ်မဟုတ်ဆိုသည်သာ ဖြစ်သည်။ လက်ရှိ စုံစမ်းထားရသလောက်တော့ သူ့အနေဖြင့် ဤနေရာတွင် ခဏလောက် ယာယီနေနိုင်ပေသည်။

ဤနေရာတွင် အားကောင်းသည့် ကျင့်ကြံသူ များများစားစား မရှိသည့်အတွက် သူ့အနေဖြင့် အန္တရာယ်ကြီးမားမားနှင့်လည်း ရင်ဆိုင်ရစရာမလိုပေ။

ဤနေရာ၌ နေနေစဉ် အတောအတွင်း သူ့ခွန်အားကို တိုးတက်လာအောင် လုပ်နိုင်ပေသည်။ ထို့ကြောင့် သတင်း စုံစမ်းသွားပြီသည်နှင့် ရန်ကိုင်သည် မေပယ်မြို့တွင် အခြေချရန် ချက်ချင်းဆုံးဖြတ်လိုက်လေ၏။ သူကိုယ်ထဲရှိ သူတော်စင်ချီအားလုံး အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲသွားမှသာ နောက်ဘာဆက်လုပ်ရမလဲ ဆိုသည်ကို စဉ်းစားရပေလိမ့်မည်။

ညဘက်သို့ရောက်လာသောအခါ ရန်ကိုင်သည် မြို့သခင်အဆောက်အဦးဘေနားရှိ စီမံကွပ်ကဲရေး ဌာနဆီသို့ ထွက်လာခဲ့လေသည်။ ထို့နောက် ထိုနေရာရှိ ဝန်ထမ်းအား သက်သေခံတံဆိပ်ပြား ရရှိရေးနှင့် ပက်သက်၍ သွားပြောလေသည်။ အံတကြိတ်ကြိတ်ဖြင့် နောက်ထပ် အရင်းအမြစ်ကျောက် သုံးထောင်ကို ထုတ်ပေးပြီးနောက် သူကိုယ်ပိုင် တံဆိပ်ပြား ရလာခဲ့သည်။ စရိတ်စခမှာ အတော်လေးကိုများသော်လည်း သူ့အနေဖြင့် မေပယ်မြို့တွင် တစ်နှစ်လောက် ငြိမ်းငြိမ်းချမ်းချမ်း နေ၍ရသွားပေပြီ။

ကိုယ်ပိုင်အိမ်တစ်လုံးပင် ရရှိခဲ့ပေသေးသည်။ ပြင်ပမှ ကျင့်ကြံသူများ နေထိုင်နိုင်ရန်အတွက် မေပယ်မြို့၏ မြို့သခင်သည် စံအိမ်များစွာကို ဆောက်လုပ်ထားပေးခဲ့လေသည်။

ကိုယ်နေချင်သည့် အိမ်အရည်အသွေးပေါ် မူတည်၍ စျေးနှုန်းမှာ ကွဲပြားသွားခဲ့သည်။ သူ့ကျင့်ကြံခြင်းကို လျှင်လျှင်မြန်မြန် တိုးတက်စေလိုလျှင် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို လိုအပ်မှန်း သိထားသည့်အတွက် ရန်ကိုင်သည် တွန့်တိုမနေခဲ့ဘဲ အဆင့်မြင့် အိမ်တစ်လုံးကို ငှားယူခဲ့လေသည်။

သက်သေခံတံဆိပ်ပြား ရရှိပြီးနောက်တွင် ရန်ကိုင်သည် သူနေရမည့် အိမ်ဆီသို့ ထွက်လာခဲ့လေသည်။ သက်သေခံ တံဆိပ်ပြားကိုသုံး၍ အကာအကွယ်ကိုဖွင့်ကာ အိမ်ထဲသို့ ၀င်လာခဲ့လေသည်။ သူငှားထားသည့် အိမ်ပတ်လည်တွင် သူကျင့်ကြံနေစဉ် အခြားသူများ လာရောက်မနှောက်ယှက်စေရန်အတွက် အစီအရင် များစွာကို ခင်းကျင်းပေးထားခဲ့သည်။ တစ်ချက် လှည့်ပတ်ကြည့်ပြီးနောက် သူငှားထားသည့်အိမ်နှင့် ပတ်သက်၍ ရန်ကိုင် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။

မိုးမြေစွမ်းအင် စုဆောင်းပေးသည့် အစီအရင်ကြောင့်လားမသိ အိမ်ထဲရှိ မိုးမြေစွမ်းအင်မှာ အပြင်ကထက် များစွာပို၍ သိပ်သည်း နေပေသည်။ ထို့အပြင် ရန်ကိုင့်အနေဖြင့် အခြားအမျိုးမျိုးသော အလုပ်ကိစ္စများကို လုပ်ကိုင်နိုင်ရန်အတွက် အခန်းများစွာကိုလည်း ထားရှိပေးထားလေသည်။ ရန်ကိုင်ကမူ အရမ်းကြီး ချေများမနေခဲ့ပေ။ သူတံခါးပိတ် ကျင့်ကြံနိုင်မည့် နေရာကောင်းတစ်ခုရလျှင် အဆင်ပြေပေသည်။

တင်ပလ္လင်‌ခွေထိုင်ချလိုက်ပြီးနောက် သူကိုယ်ထဲရှိ သူတော်စင်ချီကို အရင်းအမြစ်ချီ အဖြစ်သို့ စတင်ပြောင်းလဲလေတော့သည်။ နောက်တစ်နေ့ မနက်တွင် ရန်ကိုင်သည် အိမ်ထဲမှ လမ်းလျှောက် ထွက်လာခဲ့လေသည်။ လမ်းမပေါ်သို့ ရောက်လာပြီးနောက် ဆိုင်များထဲသို့ ဝင်ချည်ထွက်ချည် လုပ်နေသော ကျင့်ကြံသူများကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင့် စိတ်ထဲ အတွေးများစွာ ထွက်ပေါ်လာခဲ့လေသည်။

ကြယ်စီရင်စုကြီးထဲ ပထမဦးဆုံးအကြိမ် ရောက်လာခဲ့စဉ်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ရသည်။ ထိုစဉ်ကသူ့စိတ်ထဲ ကြယ်စီရင်စုကြီးအား စူးစမ်းချင်စိတ်များ တဖွားဖွား ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် မျှော်လင့်ထားသည့်အတိုင်း လုပ်နိုင်ခဲ့လေသည်။ ထို့ကြောင့် အခုတစ်ကြိမ်တွင်လည်း ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။

သူ့ကိစ္စနှင့် ပက်သက်၍ သိပ်ပြီးစိတ်ပူနေခြင်းမရှိ။ သူစိတ်ပူနေရသည်မှာ ရှောင်ရှောင်နှင့် လျို့ယန်တို့သာ ဖြစ်သည်။ ‌အိုင်းအောင်၊ ကွေ့ဇူနှင့် အခြားသူများသည် သူနှင့်လမ်းကွဲသွားသော်လည်း သူတို့ငါးယောက်သာ အတူတကွရှိနေမည်ဆိုပါက ဆိုးဆိုးရွားရွား ပြဿနာများနှင့် ကြုံရလိမ့်မည်မဟုတ်ပေ။

သို့ရာတွင်း သူမည်မျှပင် တွေးပူနေစေကာမူ သူလုပ်ပေးနိုင်သည့်အရာ ဘာမှမရှိသဖြင့် ခေါင်းတစ်ခါခါဖြင့်သာ ထိုစိတ်ရှုပ်စရာအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လိုက်လေ၏။

လမ်းမပေါ်တွင် လျှောက်သွားနေရင်းမှ အချိန်တစ်ခုအကြာတွင် စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာဟူသော ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာခဲ့လေသည်။ ခဏမျှ စဉ်းစားနေပြီးနောက် ဆိုင်ထဲသို့၀င်ကြည့်ရန် ဆုံးဖြတ်လိုက်လေ၏။ ဆိုင်ဝန်ထမ်းသည် ချက်ချင်းထွက်လာပြီး ရန်ကိုင့်အား လာရောက်နှုတ်ဆက်လေ၏။

“ဧည့်သည် ဘာများရှာနေတာလဲခင်ဗျ။ ကျုပ်တို့ စိတ်ဝိဥာဥ်‌ဆေးလုံး ပလာဇာမှာ ဆေးလုံး အမျိုးမျိုးကိုရောင်းချပါတယ်။ အကုန်လုံးကို စျေးတန်တန်နဲ့ပဲ ရောင်းချတာပါ။ ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာက မြို့သခင်ကိုယ်တိုင် ထောက်ခံပေးထားတဲ့ ဆိုင်မို့လို့ အလိမ်ခံရမှာကို ဧည့်သည် လုံးဝ စိတ်ပူနေစရာမလိုပါဘူး”

“ကျုပ်စိတ်ဝိဉာဉ်ဆေးလုံးတွေ ၀ယ်ဖို့လာတာ မဟုတ်ဘူး” ရန်ကိုင် လက်ဝှေ့ယမ်း၍ ပြောလိုက်လေသည်။

“ဒါဆို ဧည့်သည် ဘာကိုများ စိတ်၀င်စားတာလဲ မသိဘူး” ၀န်ထမ်းက ပြုံး၍ ဆက်မေးလိုက်သည်။

“ကျုပ်တို့ စိတ်ဝိဉာဉ်ပလာဇာက ဖော်စပ်ပြီးသား ဆေးလုံးတွေကိုပဲ ရောင်းတာပါ။ အခြား ဘာကိုမှ မရောင်းပါဘူး”

“ခင်ဗျားတို့ ဆေးညွှန်းတွေဘာတွေရောင်းလား” ရန်ကိုင်က မေးလိုက်သည်။

ဆိုင်၀န်ထမ်း မျက်မှောင်ကြုတ်သွားလေသည်။ ထို့နောက် ကို့ယို့ကားယား အမူအရာဖြင့် ပြုံးလျက် “ဒီကိစ္စက ကျုပ်ကိုင်တွယ်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိမနေပါဘူး။ ဧည့်သည် စိတ်ထဲမထားဘူးဆိုရင် ဆိုင်ရှင်ကို သွားမေးပေးမယ်လေ”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်၏။ ဆိုင်ဝန်ထမ်းသည် ချက်ချင်းပဲ ဆိုင်ထဲသို့ ပြန်ဝင်သွားလေ၏။ ဤနေရာတွင် ဆေးညွှန်းများ လာဝယ်ရသည်မှာ ငှက်မွှေးပြာဂိုဏ်း တွင် ဆေး‌ဖော်စပ်ခဲ့သည့် အတွေ့အကြုံနဲ့ ပတ်သက်နေသည်။ ထိုစဉ်က သူ၏ ထူးချွန်လှသော ဆေးစွမ်းရည်ကြောင့် သူ၏ဆိုင်လေးမှာ အတော်လေး နာမည်ရခဲ့သော်ငြား ပြဿနာများစွာနဲ့လည်း ကြုံခဲ့ရပေသည်။ ထိုပြဿနာများမှာ အခြားမဟုတ်။ ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသည် ဧည့်သည်များ၏ ဆေးလုံးကို သူမသိခြင်းပင်။

ဆေးလုံးနာမည်ကိုပင် မသိလေရာ ထိုဆေးလုံးအား ဖော်စပ်မည့်နည်းကို သူမည်သို့များ သိနိုင်ဦးပါမည်နည်း။ ကြယ်တာရာအစုအဝေးသည် သူ့မွေးရပ်မြေ ကြယ်စီရင်စုကြီးထက် ကျင့်ကြံခြင်း အရာတွင်သာ ရှေ့ရောက်နေသည်မဟုတ်။ သူမွေးရပ်မြေ ကြယ်စီရင်စုကြီး၌ မရှိသော ဆေးပင်များလည်း ဤနေရာ၌ ရှိနေခဲ့ပေသည်။ ထို့ကြောင့် ဤနေရာတွင် သူတစ်ခါမှမကြားဖူးသော ဆေးလုံးများ ရှိနေသည်မှာလည်း အထူးအဆန်းတော့မဟုတ်။ သူ့ကျင့်ကြံခြင်းကို လျင်လျင်မြန်မြန် တိုးတက်စေချင်ပါက ရန်ကိုင်တွင် အရင်းအမြစ်ကျောက် လုံလောက်စွာ ရှိထားရန် လိုအပ်ပေသည်။

အရင်အမြစ်ကျောက်များကို ရှာရန် အလွယ်ကူဆုံးနည်းလမ်းမှာ ဆေးဖော်စပ်ခြင်းသာဖြစ်သည်။ သူ့တွင်ရှိထားသော ‌ ဆေးညွှန်းအရေအတွက်ကို တိုးအောင် လုပ်ခြင်းမှာ အစပိုင်းသာရှိသေးသည်။ ဆေးညွှန်း မရှိဘဲနှင့် ဆေးလုံးများကို မည်ကဲ့သို့ ဖော်စပ်နိုင်ပါမည်နည်း။ ထို့ကြောင့် ဆေးညွှန်းများကို အရင်လာရှာခြင်း ဖြစ်သည်။

ထို့အပြင် ရန်ကိုင် ကိုယ်တိုင်ကလည်း အရင်အမြစ်ချီ သန့်စင်ခြင်းဆေးလုံးအား ဖော်စပ်ပေးနိုင်မည့် ဆေးညွှန်းကို အရေးတကြီးလိုအပ်နေပေသည်။ အရင်အမြစ်ချီသန့်စင်ခြင်း ဆေးလုံးသည် ကျင့်ကြံသူများ သူတော်စင်ချီကို အရင်းအမြစ်ချီ အဖြစ်သို့ သန့်စင်ရာတွင် အသုံးပြုသည့် ဆေးလုံးဖြစ်သည်။

တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်လာသည်နှင့် နောက်တစ်ဆင့်သို့ ချိုဖျက်ဖို့မှာ အလွန်ကိုမှ ခက်ခဲလာခဲ့၏။ ထိုကဲ့သို့ အဆင်ကြီး ချိုဖျက်ခြင်းနှင့် ယှဉ်လိုက်သော် သူတော်စင်ချီအား အရင်းအမြစ်ချီသို့ ပြောင်းလဲပစ်လိုက်ခြင်းသည် မိမိ၏ခွန်အားကို လျှင်မြန်စွာတိုးတက်အောင် လုပ်နိုင်မည့် နည်းလမ်းပင်ဖြစ်ပေသည်။ အချိန်တိုအတွင်း သူတော်စင်ချီများကို အရင်းအမြင်ချီ အဖြစ်သို့ ပြောင်းလဲပစ်နိုင်ရန် အရင်းအမြစ်ချီ သန့်စင်ခြင်း ဆေးလုံးများစွာ လိုအပ်ပေသည်။

ရန်ကိုင် တန်ခိုးရှင်ဘုရင်တတိယအဆင့်သို့ ချိုးဖျက်စဉ်က ကြယ်တာရာလမ်းကြောင်းထဲမှ သူစုပ်ယူလာခဲ့သည့် အလင်းစက်အားလုံးကို အသုံးပြုပစ်ခဲ့ရသည်။ ထို့ကြောင့် ထိုအချိန်မှစ၍ သူ၏ သူတော်စဉ်ချီမှ အရင်အမြစ်ချီသို့ ပြောင်းလဲသည့်နှုန်းမှာ သိသိသာသာကို လျော့ကျသွားခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် သူကိုယ်ထဲရှိ သူတော်စင်ချီများကို အရင်အမြင်ချီ အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲလိုပါက အရင်းအမြစ်ချီသန့်စင်ခြင်း ဆေးလုံးများကို ဖော်စပ်ရန်သာ ရှိတော့သည်။

ထိုအပြင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကြား၌ ထိုဆေးလုံးမှာ အလွန်ကိုမှ ကျော်ကြားပေသည်။ အရမ်းလည်း ဈေးမကြီးပေ။

ဆေးဖော်စပ်ရန် လိုအပ်သည့် ဆေးအမယ်များမှာလည်း မရှားပါးလှ။ ထို့ကြောင့် ရန်ကိုင်သာ ထိုဆေးညွှန်းကို ရလိုက်မည်ဆိုပါက ထိုဆေးလုံးကို သူ့ဘာသာဖော်စပ်နိုင်မည်ဟု အပြည့်အဝယုံကြည်ပေသည်။

အရင်းအမြစ်ချီ သန့်စင်ခြင်း ဆေးလုံးများကို ဖော်စပ်ပြီး ရောင်းမည်ဆိုလျှင် သူ့အနေဖြင့် ငွေများစွာရှာနိုင်ပေလိမ့်မည်။ စောင့်နေစဉ်အတွင်း ရန်ကိုင်သည် စိတ်ဝိညာဉ်ပလာဇာအတွင်း ပြသထားသောဆေးလုံးများကို လိုက်လံကြည့်ရှုပေသည်။ ဤနေရာတွင် သူ နာမည်တစ်ခါမှမကြားဖူးသော စိတ်ဝိဉာဉ်ဆေးလုံးများစွာ ရှိနေသည်ကို သတိပြုမိလိုက်သည်။ ခဏအကြာတွင် ဆိုင်ဝန်ထမ်းလေးသည် ပြုံးလျက် ပြန်ရောက်လာခဲ့သည်။

“လေးစားရပါသောဧည့်သည်၊ ဆိုင်ပိုင်ရှင်က ဧည့်သည်ကို အထဲလာပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ တကယ်တော့ သူသည်ဤနေရာသို့ ဆေးညွှန်းဝယ်ရန်သက်သက်သာ ရောက်လာခဲ့သည် မဟုတ်ပါလော။ သူ့အနေဖြင့် ဆိုင်ပိုင်ရှင်ကိုတစ်ခါမှမတွေ့ဖူးချေ။ ထိုသို့ဆိုလျှင် ဆိုင်ပိုင်ရှင်သည် သူ့အားဘာကြောင့် နွေးထွေးစွာဖြင့် အထဲထိသို့ပင် ဖိတ်၍ ကြိုဆိုနေရသနည်း။ သို့သော်ငြား သေချာစဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။

“ကောင်းပါပြီ။ လမ်းပြပေးပါ”

“ကျုပ်နောက်က လိုက်ခဲ့ပေးပါ”

ဆိုင်ဝန်ထမ်းလေးနောက်မှ လိုက်လာပြီးနောက် မကြာမီ စိတ်ဝိညာဉ်ပလာဇာ၏ အနောက်ဘက် အခန်းများထဲမှ တစ်ခန်းဆီသို့ ရောက်လာခဲ့လေ၏။

ထိုအခန်းရှေ့သို့ ရောက်သည်သည့် ဆိုင်ဝန်ထမ်းလေးသည် ဘေးသို့ကပ်ကာ ဦးညွတ် လိုက်လေသည်။ ရန်ကိုင်လည်း လက်ကိုမြောက်၍ အခန်းတံခါးကို ခေါက်ကြည့်လိုက်လေသည်။ ထိုအခါ အခန်းထဲမှ အိုမင်းရင့်ရော်နေသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

“ကျေးဇူးပြုပြီး ၀င်လာခဲ့ပါ”

အခန်းတံခါးကို ဖွင့်ပြီး ၀င်လာပြီးနောက် အထဲတွင် လက်နောက်ပစ်၍ ရပ်နေသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးကို တွေ့လိုက်ရလေ၏။ ရန်ကိုင် ဝင်လာသည်ကိုမြင်သောအခါ ထိုလူအိုကြီးသည် အလျင်အမြန် လက်သီးဆုပ်၍ ပြောလိုက်လေ၏။

“ဒီလူအိုကြီးက စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာရဲ့ ပိုင်ရှင် ခန်စစ်ရန်ပါပဲ။ ဧည့်သည်တော်ရဲ့ နာမည်ကိုများ သိလို့ရမလားမသိဘူး”

“ရန်ကိုင် ဆိုင်ပိုင်ရှင်ခန်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က ပြန်ပြုံးပြလိုက်လေသည်။

ခန်စစ်ရန်သည် ခေါင်းညိတ်၍ ရန်ကိုင့်အား တစ်ချက် ဝှေ့ကြည့်လိုက်လေသည်။ ထို့နောက် ပြန်ပြောလိုက်၏။

“သခင်လေးရန်က တော်တော်ငယ်သေးတာပဲ”

ခန်စစ်ရန်သည် ရန်ကိုင့်ကဲ့သို့ တန်ခိုးရှင်ဘုရင် တတိယအဆင့် တစ်ဦးဖြစ်သည်။ သို့သော်လည်း ခန်စစ်ရန်ဆီမှ ထွက်ပေါ်နေသော စွမ်းအင်အရှိန်အဝါမှာ အတော်လေးကိုမှ သန့်စင်လှပေသည်။ ကြည့်ရသလောက် ဤလူအိုကြီးသည် သူ့သူတော်စင်ချီ အားလုံးကို အရင်းအမြစ်ချီ အဖြစ်သို့ ပြောင်းလဲထားပြီးသည့်ပုံပင်။ အခွင့်အရေးတစ်ခုခုသာ ရလျှင် သူသည် တာအိုသခင်အဆင့်သို့ ကျိန်းသေချိုးဖျက်နိုင်ပေလိမ့်မည်။

“၀င်လာခဲ့ပါ သခင်လေးရန်။ ထိုင်ပါဦး။ ဒီလူအိုကြီးရဲ့ မေပယ်မိုးစက် လက်ဖက်ရည်ကို မြည်းစမ်းရင်းနဲ့မှ စကားပြောကြတာပေါ့”

ခန်စစ်ရန်သည် ရန်ကိုင့်၏ ခွက်ထဲသို့ ရေနွေးကြမ်း ငှဲ့ပေးလိုက်လေသည်။ ထို့နောက် ထိုခွက်ကို ရန်ကိုင့်ရှေ့သို့ ဖြည်းဖြည်းချင်း တွန်းပို့ပေးလိုက်၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၇)

ရန်ကိုင်သည် ခန်စစ်ရန် ပြောသည့်အတိုင်း ထိုင်ချလိုက်သော်လည်း ရေနွေးကြမ်းခွက်ကိုတော့ သွားမထိသေးပေ။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆိုင်ပိုင်ရှင်ပုံစံသည် အတော်လေးကိုမှ သံဿယဝင်စရာကောင်းသည့်အတွက် ရန်ကိုင် စိတ်ထဲသတိချပ်ထားလိုက်သည်။ ခန်စစ်ရန်မှာလည်း ထိုအချက်ကို သတိပြုမိလိုက်သည့်ပုံပင်။ သို့သော်လည်း စိတ်ထဲမထားဘဲ ပြုံး၍သာပြန်ပြောလိုက်သည်။

“သခင်လေးရန်က ဆေးညွှန်းတွေ ၀ယ်ချင်တယ်ဆို”

“ဟုတ်ပါတယ်” ရန်ကိုင်ကခေါင်းညိတ်လိုက်သည်။

ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်၏ မျက်လုံးများ တစ်ဖျတ်ဖျတ်လက်သွားပြီး ပြန်မေးလိုက်လေ၏။ “ဒီတော့ သခင်လေးရန်က ဆေးပညာရှင်တစ်ဦးပေါ့”

ရန်ကိုင်က မျက်မှောင်ကြုတ်သွားပြီ ပြန်ပြောလိုက်၏။ “လူကြီးမင်းရဲ့ ဆိုင်မှာ ပစ္စည်းတွေကိုမရောင်းခင် လာဝယ်တဲ့သူရဲ့ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးရမယ်လို့ စည်းမျဉ်းရှိလို့လား”

ရန်ကိုင်၏ အမေးကိုကြားသောအခါ ခန်စစ်ရန်သည် ဒေါသထွက်သွားခြင်းမရှိဘဲ ပြန်၍သာ တောင်းပန်လိုက်လေသည်။ “ကျေးဇူးပြုပြီးစိတ်ထဲမထားပါနဲ့ သခင်လေးရန်။ ဒီလူအိုကြီး ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ်။ တောင်းပန်တဲ့အနေနဲ့ ဒီလူအိုကြီး ဒီတစ်ခွက်ကို သောက်ပေးပါမယ်”

ပြောပြီးသည်နှင့် ရေနွေးကြမ်းခွက်ကို တစ်ကြိုက်တည်း မော့ချပစ်လိုက်လေသည်။ နှုတ်ခမ်းပေါ်တွင် ကပ်ငြိနေသော ရေစက်များကို သုတ်လိုက်ပြီးနောက် ခန်စစ်ရန်က ဆက်၍ပြောလိုက်လေသည်။

“သခင်လေးရန်သာ ဆေးပညာရှင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ပြီးတော့ အဆင့်မြင့် ဆေးပညာရှင်တစ်ဦးဆိုရင် သခင်လေး လိုအပ်နေတဲ့ ဆေးညွှန်းတွေကို ဒီလူအိုကြီးပေးလို့ရတယ်”

“ဆိုင်းပိုင်ရှင်ခန် ပြောချင်တာက…”ရန်ကိုင် လုံးဝနားမလည်တော့ချေ။

ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်သည် ခါးသက်စွာသာ ပြုံးလိုက်လေသည်။ ချက်ချင်းပြန်မဖြေခဲ့ဘဲ ခဏကြာအောင်စဉ်းစားနေပြီးမှသာ ပြောလိုက်လေ၏ “ကောင်းပြီလေ။ ဒီလူအိုကြီး ဒဲ့ထိုးပဲပြောတော့မယ်”

“ကျေးဇူးပြုပြီးပြောပါ ဆိုင်ပိုင်ရှင်ခန်”

“အခြေအနေကဒီလို သခင်လေးရန်ရဲ့” ခန်စစ်ရန်က စတင်ရှင်းပြလိုက်လေသည် “ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှာ ဆေးပညာရှင်တွေ လိုနေလို့။ အဲဒါကြောင့် သခင်လေးရန်သာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်မယ်ဆိုရင် သခင်လေးရန်ကို ငှားချင်လို့။ ပိုက်ဆံကိစ္စကိုတော့ စိတ်မပူနဲ့။ သခင်လေးရန် လုံးဝကို စိတ်ကျေနပ်စေရမယ်။ သခင်လေးရန်သာ ဒီလူအိုကြီးရဲ့ ကမ်းလှမ်းချက်ကို သဘောတူညီမယ်ဆိုရင် သခင်‌လေးရန်ကို ရွေးချယ်စရာ နှစ်ခုပေးလို့ရတယ်။ တစ်ခုက ပုံသေလစာပဲ။ သခင်လေးရန် တစ်လ တစ်လကို ပုံသေလစာရနေလိမ့်မယ်။ နောက်တခုကတော့ သခင်လေးရန် ဖော်စပ်လိုက်တဲ့ ဆေးလုံးတွေကနေ ရောင်းလို့ရတဲ့အမြတ်ငွေ တစ်၀က်ကို သခင်လေးရန်က ပြန်ရလိမ့်မယ်”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ကြောင်သွားခဲ့လေသည်။

“လူကြီးမင်းတို့ ဆေးဆိုင်မှာ ဆေးပညာရှင်တွေ လိုနေတာလား”

“ဟုတ်တယ်” အကြပ်ရိုက်နေသည့်အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ “အစကတော့ စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာမှာ ဆေးပညာရှင် သုံးဦးရှိတယ်။ ဒါပေမယ့် မကြာသေးခင်ကပဲ နှစ်ယောက်ကထွက်သွားတယ်။ ခုတစ်ယောက်ပဲကျန်တော့တာ။ ဒါပေမယ့် အဲ့တစ်ယောက်တည်းနဲ့ လိုအပ်နေတဲ့ ဆေးလုံး အရေတွက်ကို အလျင်မီအောင် မဖော်ဆပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ဆေးညွှန်းကိစ္စကိုတော့ သခင်လေးရန် စိတ်ပူစရာမနေနဲ့။ သခင်လေးရန်သာ ဒီလူအိုကြီးရဲ့ တောင်းဆိုချက်ကို သဘောတူမယ်ဆိုရင် ကျုပ်တို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ပိုင်တဲ့ ဆေးညွှန်းတွေအားလုံးကို သခင်လေး လွတ်လွတ်လပ်လပ် ကြည့်လို့ရတယ်”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် အနည်းငယ်စိတ်လှုပ်ရှားလာခဲ့လေသည်။ တကယ်တော့သူ့လက်ထဲတွင် အရင်းအမြစ်ကျောက် များများစားစားမရှိတော့ပေ။ သူသာ ဆေးညွှန်းများကို ၀ယ်ရမည်ဆိုပါက အများဆုံး ၀ယ်နိုင်မှ တစ်ခုနှစ်ခုလောက်သာ ရှိပေမည်။ အရင်းအမြစ်ချီသန့်စင်ခြင်း ဆေးညွှန်းဆိုလျှင် ပြောနေစရာပင်မလိုတော့။ ထိုဆေးညွှန်းသည် အလွန်ကို ‌ဈေးကြီးပေလိမ့်မည်။ သူ့လက်တလော ငွေရေးကြေးရေး အခြေအနေအရ ထိုဆေးညွန်းကို ကျိန်းသေ၀ယ်နိုင်လိမ့်မည်မဟုတ်။

ထို့ကြောင့် ရန်ကိုင်၏ ကနဦးအစီအစဉ်မှာ ဆေးညွှန်းများ၏ ဈေးနှုန်းများကို အရင်ဆုံး လိုက်ကြည့်ရန်သာဖြစ်သည်။ ထို့နောက် လိုအပ်သည့် အရင်းအမြစ်‌ကျောက် နည်းနည်းပါးပါးကို သွားရှာပြီး သူလိုအပ်သည့် ဆေးညွှန်းများကို ပြန်လာ၀ယ်ပေမည်။ သို့သော်လည်း စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသို့ ရောက်ပြီးနောက် ဤကဲ့သို့သော စိတ်လှုပ်ရှားဖွယ် ကိစ္စတစ်ခုနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့ပေး။

တည်ငြိမ်ချင်ယောင်ဆောင်လျက် ရန်ကိုင်က ပြန်မေးလိုက်လေသည် “အရင်ဆေးပညာရှင်နှစ်ယောက် ဘာလို့ ထွက်သွားတာလည်း။ ဆိုင်ပိုင်ရှင်ခန်က သူတို့ကို မမျှမတ ဆက်ဆံလို့လား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ခန်စစ်ရန်က ခါးသက်စွာပြုံးလျက်

“ဒီလူအိုကြီး မေပယ်မြို့မှာနေလာတာ နှစ်နဲ့ချီနေပြီ။ အလုပ်ကိုအမြဲတမ်း ဖြောင့်ဖြောင့်မတ်မတ်ပဲလုပ်တယ်။ အဲဆေးပညာရှင်တွေကို ပေးထားတယ့်လစာက လုံး၀ကို နိမ့်တဲ့အထဲမပါဘူး။ လူတွေက ရေနဲ့မတူဘူးလေ။ ရေဆိုတာ အမြင့်ကနေ အနိမ့်ကိုစီးပေမဲ့ လူတွေကတော့ အနိမ့်ကနေ အမြင့်ကို တက်ချင်ကြတာ။ ပိုပြီး မက်မောဖွယ်ကောင်းတဲ့ အခွင့်အရေးတွေနဲ့ ကြုံလည်း ကြုံရရော သူတို့ထွက်သွားကြတာ ဘာမှ မထူးဆန်းပါဘူး”

ခန်စစ်ရန်ပြောသည်ကို ကြားပြီးနောက် ရန်ကိုင် နားလည်သွားခဲ့လေသည် “အခြားတစ်ဖွဲ့ဆီ ရောက်သွားတာလား”

ခန်စစ်ရန်သည်လည်း ထိုအချက်ကို ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်းသာ ပြန်ပြောလိုက်လေသည် “ဟုတ်တယ် ငါတို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဆိုင်ခွဲတစ်ခုပဲ။ မေပယ်မြို့ထဲမှာ ငါတို့ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာအပြင် နောက်ထပ် ဆေးဆိုင်ကြီးတစ်ဆိုင် ထပ်ရှိသေးတယ်။ အဲ့ဆေးဆိုင်ကို ခုနှစ်ရောင်စဉ် ကုန်သွယ်ရေး အဖွဲ့အစည်းကပိုင်တာ။ ဒါကြောင့်ပဲ သူတို့ ငါတို့ကို လာပြီး ပစ်မှတ်ထားနေတာ”

“ခရမ်းကြယ်စင်ကုန်သွယ်ဖွဲ့စည်း။ ခုနှစ်ရောင်စဉ် ကုန်သွယ်ရေး အဖွဲ့အစည်း” ရန်ကိုင် မျက်မှောင်ကြုတ် သွားခဲ့သည်။

“သခင်လေးရန် ကျုပ်တို့ အဖွဲ့အစည်းနှစ်ခုအကြောင်း မကြားဖူးဘူးလား”

ရန်ကိုင့်၏ အမူအရာကြောင့် ခန်စစ်ရန် မျက်မှောင်ကြုတ် သွားလေသည်။ ရန်ကိုင်က ခေါင်းသာခါပြလိုက်၏။ ခန်စစ်ရန် ကြောင်သွားခဲ့လေသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လျက်နှင့် ထိုကုန်သွားရေးအဖွဲ့အစည်း နှစ်ခုနာမည်အား မကြားဖူးသည့်အပေါ် ခန်စစ်ရန် အတော်လေးအံ့အားသင့်နေခဲ့သည်။

တောင်ပိုင်းနယ်မြေထဲတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ကြယ်ဝိဉာဉ်နန်းတော်မှလွဲ၍ ခုနှစ်‌ရောင်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းနှင့် ခရမ်းကြယ်စင်ကုန်သွယ်ရေး အဖွဲ့အစည်းသည် မဟာအင်အားစုကြီးများထဲ တစ်ခုအပါအဝင် ဖြစ်ကြပေသည်။ ရန်ကိုင်၏ ခွန်အားမှာ နိမ့်ကျခြင်း မရှိပေ။ ထိုသို့ဆိုလျှင် ဘာ့ကြောင့်များ ထိုအဖွဲ့စည်းနှစ်ခု၏ နာမည်ကို မကြာဖူးရသနည်း။

သို့သော်လည်း ခန်စစ်ရန်သည် ဝါရင့်ပညာရင့် စီးပွားရေးပညာရှင်တစ်ဦးဖြစ်သည်။ ရန်ကိုင် ရှက်မသွားစေရန်အလို့ငှာ အလျင်စလိုပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ကြည့်ရတာ သခင်လေးရန်က ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ပြင်ပကိစ္စတွေကို သိပ်ဂရုမစိုက်ဘူးနဲ့ တူတယ်။ ဒါကြောင့် ဒီလောက်အသက်ငယ်ငယ်နဲ့ ဒီလောက်တောင် အားကောင်းနေရတာကိုး။ ဒီလူအိုကြီး တစ်ကယ် အထင်ကြီးမိသွားပြီ”

ရန်ကိုင်ကမူ ခြောက်ကပ်ကပ်သာ ရယ်မောလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ သို့သော် ခန်စစ်ရန် ပြောသည်ကို နားထောင်ရင်းမှ ထိုအဖွဲ့စည်းနှစ်ခုသည် မတည့်ကြမှန်း ရန်ကိုင် သိသွားလေသည်။

စီးပွားရေးအပြိုင်ဆိုင်လုပ်နေကြသည့် အဖွဲ့စည်းနှစ်ခုသည် မည်သည့် အကြောင်းကြောင့်များ တည့်ရမည်နည်း။ ခုနှစ်ရောင်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းမှပိုင်သည့် ဆေးဆိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ဆေးပညာရှင် နှစ်ဦးကို မက်လုံးကောင်းကောင်းပေး၍ ဆွဲခေါ်သွားခဲ့ခြင်းဖြစ်သည်။

ဆေးပညာရှင်အလုံလောက်မရှိတော့သည့်အတွက် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသည် ဆေးလုံးများကို အရေအတွက်လောက်ငှ‌အောင်မထုတ်နိုင်တော့ပေ။

ထိုအတိုင်းသာ အချိန်အကြာကြီး ဆက်ဖြစ်နေမည် ဆိ စိတ်ဝိဉာဉ် ဆေးလုံးပလာဇာကို ဆေးလာဝယ်သည့်သူ တဖြည်းဖြည်း နည်းသွားပေလိမ့်မည်။ ထို့ကြောင့် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ပိုင်ရှင်ဖြစ်သည့် ခန်စစ်ရန်သည် အလွန်ကိုမှ စိုးရိမ်နေခြင်းဖြစ်သည်။

ဤရက်အတောအတွင်း ခန်စစ်ရန်သည် သင့်တော်သည့် ဆေးပညာတစ်ဦးကို အရူးအမူး လိုက်ရှာခဲ့ပေသည်။ သို့သော်လည်း မေပယ်မြို့သည် မြို့ကြီးတခုမဟုတ်။ မြို့ထဲတွင် ဆေးပညာရှင်အချို့ ရှိ‌နေမည်ဆိုလျှင်ပင် အခြားသောအင်အားစုများ၏ လက်အောက်သို ရောက်နေကြလေပြီ။ အဆင့်နိမ့် ဆေးပညာရှင်များကိုမူ ခန်စစ်ရန် ငှားမည်ဆိုလျှင်ပင် သူ့အတွက် အသုံး၀င်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့်ပင် ရန်ကိုင်မှ ‌ဆေးညွှန်းများ ၀ယ်ချင်သည်ဟုပြောသောအခါ အားတက်သရောဖြင့် ဆိုင်တဲ့သို့ဖိတ်လိုက်ခြင်း ဖြစ်သည်။ ဆေးညွှန်းများကို ဝယ်ချင်သည့်သူဆို၍ ဆေးပညာရှင်များသာရှိသည်။ သာမန်ကျင့်ကြံသူများသည် ဆေးညွှန်းများကို ဂရုစိုက်နေလိမ့်မည်မဟုတ်။ သူတို့လိုအပ်သည့် ဆေးတစ်မျိုးမျိုးရှိလာပါက ဆေးအမယ်များကိုစုဆောင်းပြီး ဆေးပညာရှင်တစ်ဦးစီသို့သွား၍သာ ဆေးဖော်စပ်ပေးရန် တောင်းဆိုကြပေလိမ့်မည်။

“သခင်လေးရန်က ဘယ်အဆင့် ဆေးပညာရှင်လဲဆိုတာ သိလို့ရမလား”

ရှင်းပြစရာရှိသည်များကို ရှင်းပြပြီးလျှင် ခန်စစ်ရန်သည် ရန်ကိုင့်အား မျှော်လင့်တကြီးဖြင့် မေးလိုက်လေသည်။ ရန်ကိုင်၏ ဆေးပညာအရည်အချင်းသာ လုံလောက်အောင် မမြင့်မားနေပါက သူ့အတွက် အချိန်ဖြုန်းသလိုသာ ဖြစ်နေပေလိမ့်မည်။ ရန်ကိုင်က ခဏမျှ စဉ်းစားနေပြီးနောက်ပြန်ပြောလိုက်၏။

“ကျုပ် တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးတွေကို ဖော်စပ်ပေးနိုင်တယ်”

ရန်ကိုင်သည် သေသေချာချာ ဖြေသွားခြင်းမရှိသော်လည်း သူဖြေသွားသည့် အဖြေကပင် ခန်စစ်ရန်အတွက် လုံလောက်မှုရှိပေသည်။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်ဖြစ်ကြောင်း ကြားသည့်အခါ ခန်စစ်ရန် အလွန်ပျော်သွားလေသည်။

ခန်စစ်ရန် ပြန်ပြောမည်ကိုမစောင့်တော့ဘဲ ရန်ကိုင်က ဆက်ပြောလိုက်၏။ “ဆိုင်ပိုင်ရှင်ခန် နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ်ဆေးဖော်စပ်တယ်ဆိုတာ အရင်းအမြစ်ကျောက် ရှာဖွေဖို့သပ်သပ်ပဲ။ ရှင်းရှင်းပြောရရင် ကျုပ်ဆေးဖော်စပ်တယ်ဆိုတာ ကျုပ်ရဲ့ ကျင့်ကြံခြင်းကို အထောက်အကူ ပေးနိုင်အောင်လို့ပဲ၊ ဆေးတာအိုကို ရူးသွပ်လို့ မဟုတ်ဘူး။ ကျုပ်အဓိက လိုက်တာစား သိုင်းတာအိုပဲ။ ဒါကြောင့် ဆိုင်ပိုင်ရှင်ခန် ဆေးပညာရှင် ရှာချင်တယ်ဆိုရင် အခြားတစ်ယောက်ကိုရှာဖို့ ကျုပ်အကြံပေးချင်တယ်”

တစ်ဖက်လူကပွင့်ပွင့်လင်းလင်းပြောလာသဖြင့် ရန်ကိုင်လည်း ခန်းစစ်ရန်ကို မလိမ်ညာချင်တော့ပေ။ ထို့ကြောင့် သူ့အခြေအနေကို တိုက်ရိုက်သာ ပြောလိုက်၏။

“အဓိကတာအို မဟုတ်ဘူးလား” ခန်စစ်ရန် ကြောင်သွားခဲ့လေသည်။

သို့သော်လည်း အလျင်အမြန်ပဲပြုံး၍ ပြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။ သခင်လေးရန်သာ ဒီလူအိုကြီးကို သုံးလ မဟုတ်ဘူး နှစ်လလောက် ဆေးဖော်စပ်ပေးမယ်ဆိုရင်ပဲ အဆင်ပြေသွားပြီ။ ဆေးဖော်စပ်နေရလို့ သခင်လေးရဲ့ ကျင့်ကြံခြင်း နှောင့်နှေးသွားရတာမျိုး မဖြစ်စေရဘူးလို့ ဒီလူအိုကြီး အာမခံတယ်”

“နှစ်လပဲလား” ရန်ကိုင် အံ့အားသင့်တကြီး ပြန်ကြည့်လိုက်သည်။

“ဟုတ်တယ်နှစ်လပဲ။ ဒီကအခြေအနေကို ဌာနချုပ်ဆီ တင်ပြပြီးသွားပြီ။ သူတို့ကလည်း ဆေးပညာရှင်တွေ ပို့ပေးလိုက်မယ်တဲ့။ ဒါပေမဲ့ အဲ့ဆေးပညာရှင်တွေရောက်လာဖို့ နည်းနည်း ကြာအုန်းမှာဆိုတော့ သူတို့မရှိတုန်းလေး သခင်လေးရန်ကို ခဏလောက် ဆေးဖော်စပ် ပေးစေချင်တာ”

“အဲလိုကိုး” ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။

“ဒီတော့ သခင်လေးရန် ဘယ်လိုထင်လဲ။ အဆင်ပြေလား” ခန်စစ်ရန်က စိုးရိမ်တကြီးမေးလိုက်သည်။

ဆေးပညာရှင်နှစ်ဦး ထွက်သွားပြီးမှစ၍ သူ့အနေဖြင့် အိပ်ကောင်းခြင်းမအိပ်ရ စားကောင်းခြင်းမစားရ သည်မှာ ယနေ့ထိတိုင်ပင်။ ထို့ကြောင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးမှန်း သိသွားပြီးနောက် အလွတ်မပေးချင်တော့ပေ။

“နှစ်လလောက်ဆိုရင်တော့အဆင်ပြေပါတယ်။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်ခန် အဲ့ဆေးညွှန်းတွေက…”

ရန်ကိုင်ပြော၍ မပြီးသေခင်မှာပင် ခန်စစ်ရန်က လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။

“သခင်လေးရန် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာထဲ ၀င်မယ်ဆိုရင် အဲ့ဆေးညွှန်းတွေကို အလကား ဖတ်လို့ရတယ်။ မိတ္တူယူချင်တယ် ဆိုရင်တောင် ကိစ္စမရှိဘူး”

“စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ပိုင်တဲ့ ဆေးညွှန်းတွေထဲမှာ အရင်းအမြစ်ချီ သိပ်သည်းတဲ့ ‌ဆေးလုံးတွေရဲ့ ဆေးညွှန်းတွေရှိလား”

“ဆေးဆိုင်တိုင်း လိုလိုမှာတော့ အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးရဲ့ ဆေးညွှန်းတွေရှိကြတယ်။ ဒါပေမဲ့ ဆေးညွှန်းတွေက တစ်ခုနဲ့တစ်ခုတော့ သိပ်မတူကြဘူး။ ဘာဖြစ်လို့လဲ သခင်လေးရန်က အရင်းအမြစ်ချီ သိပ်သည်းဆေးလုံးတွေ တစ်ခါမှ မဖော်စပ်ဖူးလို့လား”

ရုတ်တရက် ရန်ကိုင့် သူ့အား လိမ်များလိမ်နေသလားဟု ခန်စစ်ရန် စိုးရိမ်လာခဲ့လေသည်။ မည်သည့်တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်မှားများ အရင်းအမြစ်ချီ သိပ်သည်းခြင်း ‌ဆေးညွှန်းမရှိလို့နည်း။ ထိုဆေးလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများကြား ဝယ်လိုအားအကောင်းဆုံး ဆေးလုံးပင်မဟုတ်ပါလော။

ရန်ကိုင်က ကိုးယိုးကားယားအမူအရာဖြင့်သာ ပြန်ပြော လိုက်လေသည်။

“ကျုပ်က အရမ်းချောင်ကျတဲ့နေရာကနေ လာတာလေ။ အဲ့မှာ အားကောင်းတဲ့ကျင့်ကြံသူတွေဆိုတာ သိပ်ရှိတာမဟုတ်ဘူး”

ထိုရှင်းပြချက်သည် ယိုပေါက်များစွာနှင့် ဖြစ်နေသော်ငြား မှန်သင့်သလောက်မှန်သည်ဟု ပြော၍ရပေသည်။ ခန်စစ်ရန်သည် ထိုအကြောင်းကို ဆက်မပြောတော့ပေ။

“ကောင်းပြီလေဆိုင်ပိုင်ရှန်ခန်။ ကျေးဇူးပြုပြီး ခင်ဗျားတို့ဆေးဆိုင်မှာရော,,င်းတဲ့ ဆေးလုံးတွေနဲ့ အဲ့ဆေးလုံးတွေရဲ့ ဆေးညွှန်းတွေကို ပြင်ထားပေးပါ။ ကျုပ်ဒီနေ့ပြန်သွားလိုက်ပြီး ခင်ဗျားပြောတာကို သေချာစဉ်းစားကြည့်လိုက်မယ်။ သုံးရက်အတွင်း အကြောင်းပြန်ပေးမယ်”

ရန်ကိုင်သည် ခန်စစ်ရန်ပြောသည်ကို အလျင်စလို သဘောမတူလိုက်ပေ။ သူသည် စိတ်ဝိဉာဉ်‌ဆေးလုံး ပလာဇာနှင့် မရင်းနှီးသလို ခန်စစ်ရန်နှင့်လည်း မရင်းနှီးချေ။ ခန်စစ်ရန်သည် ယုံသင့် ယုံထိုက်သည့်သူ ဟုတ်မဟုတ်ကိုလည်း သူမသိသေး။ ထို့ကြောင့် သတိထားသည်မှာ အကောင်းဆုံးသာ ဖြစ်ပေသည်။

“ကောင်းပြီလေ။ ဒီလူအိုကြီး သခင်လေးရန် ပြန်လာတာကိုစောင့်နေပါ့မယ်။ ဒါပေမဲ့ကျေးဇူးပြုပြီး ဒီလူကိုကြည့်ရဲ့ကမ်းလှမ်းချက်ကို မြန်မြန်လေးစဉ်းစားပေးပါ။ အခု စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှာ ဆေးလုံးတွေ ပြတ်နေလို့ပါ”

ဤကိစ္စသည် အလျင်လို၍ရသည့် ကိစ္စမဟုတ်မှန်း ခန်စစ်ရန် သိသဖြင့် ရန်ကိုင်၏ တောင်းဆိုချက်ကို သဘောတူရန်သာ တတ်နိုင်လေသည်။ ခန်စစ်ရန်ဆီမှ ထွက်လာပြီးတွင် ရန်ကိုင်သည် သူငှားနေရာအိမ်သို့ ပြန်မသွားသေးဘဲ မြို့ထဲအရင် တစ်ပတ်ပတ် ကြည့်လိုက်သည်။

စိတ်ဝိဉာဉ်ဆေးလုံးရောင်းသည့်ဆိုင်တစ်ဆိုင်ကို တွေ့တိုင်း ထိုဆိုင်ထဲသို့ဝင်ကာ မေးကြည့်လေသည်။ ခန်စစ်ရန်နှင့် ဆွေးနွေးခဲ့သော်ငြား အခြားနေရာများဆီမှ ဆေးညွှန်းများဝယ်၍ရမလား သိချင်ပေသေးသည်။ တကယ်တော့ သူဘာသာသာ ဆေး‌ဖော်စပ်မည်ဆိုပါက စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် ဆေးဖော်စပ်ခြင်းထပ် အများကြီးပိုကောင်းပေးသည်။

အကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်း အပိုင်သိမ်းလိုက်နိုင်သည်မဟုတ်ပါလော။ သို့သော်လည်း စိတ်ဝိဉာဉ်ဆေးလုံးပလာဇာနှင့် ပူးပေါင်း၍ရသည့် အကျိုးအမြတ်များလည်း ရှိ‌ပေသေးသည်။ ဥပမာ သူ့တွင် ပုံသေ ဧည့်သည်များ ရှိနေပေလိမ့်မည်။ ဆေးအမယ်များ မရှိမည်ကိုလည်း စိုးရိမ်စရာမလိုပေ။ ရောင်းချမည့် စျေးကွက်နှင့်ပတ်သက်၍လည်း ဘာမှ စိုးရိမ်စရာ မလိုပေ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၈)

နေ့လည်လောက်တွင် ရန်ကိုင်သည် သူငှားထားသည့် အိမ်ဆီသို့ စိတ်ညစ်ညစ်ဖြင့် ပြန်လာခဲ့သည်။ ယနေ့ကိစ္စသည် ချောချောမွေ့မွေ့နှင့် မပြီးသွားခဲ့ပေ။ ဆေးဆိုင်ပေါင်းများစွာကို သွားခဲ့သော်လည်း ဆေးဆိုင်တိုင်းလိုလိုသည် သူတို့၏ ဆေးညွှန်းများကို မရောင်းလျှင်မရောင်း၊ ရောင်းလျှင်လည်း မိုးထိမတက် စျေးများဖြင့်သာရောင်းကြသည်။

ထိုအပြင် သူတို့ရောင်းပေးသည့် ဆေးညွှန်းများမှာလည်း အသုံးမဝင်သည့် ဆေးညွှန်းများသာ ဖြစ်ကြသည်။ အဖိုးတန်သည့် ဆေးညွှန်းများကိုတော့ သူတို့ဘာသာသိမ်းထားကြ၏။ ထိုကိစ္စနှင့်ပတ်သတ်၍ ရန်ကိုင် အရမ်းကြီး အံ့အားသင့်မနေခဲ့ပေ။ ထိုဆေးဆိုင်များ ဘာကြောင့် ထိုသို့လုပ်ရသလဲ ဆိုသည်ကို ရန်ကိုင် သိနေခဲ့သည်။

ဆိုင်တစ်ဆိုင်ချင်းစီ၏ ဆေးညွှန်းများသည် ထိုဆိုင်များ၏ အမျိုးမျိုးသော ဆေးပညာရှင်များမှာ ပြုပြင်မွမ်းမံလာခဲ့ခြင်းဖြစ်သည်။ ထိုအရာများသည် အပြင်လူများအား အလွယ်တကူ ထုတ်ပြ၍မရသည့် သူတို့ဆိုင်များ၏ အဖိုးတန်ဆေးညွှန်းများ ဖြစ်ပေသည်။ ထိုအကြောင်းကြောင့်ပင် ရန်ကိင်သည် ခန်စစ်ရန်၏ ကမ်းလှမ်းချက်ကို စတင် စဉ်းစားရတော့လေသည်။

နောက်နှစ်ရက်စလုံး ရန်ကိုင်သည် သူ့ဘာသာ အေးအေးဆေးဆေးသာ နားနေခဲ့၏။ သုံးရက်မြောက်နေ့တွင် ရန်ကိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆီသို့ ပြန်လာခဲ့၏။ ခန်စစ်ရန်မှ ကြိုပြောထားသည့်အလား ရန်ကိုင် ရောက်လာသည်နှင့် ဆိုင်ဝန်ထမ်းလေးသည် သူ့အား ပြုံးကာ လာရောက် ကြိုဆိုလေသည်။

“ဆရာ ရောက်လာပြီပေါ့။ ကျေးဇူးပြုပြီး အထဲ၀င်လာခဲ့ပါ။ ဆိုင်ပိုင်ရှင်ခန် အထဲမှာ ဆရာ့ကို စောင့်နေပါတယ်”

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ဆိုင်၀န်ထမ်းခေါ်ရာ နောက်သို့ လိုက်သွားလေ၏။ မကြာမီ သူယခင်တစ်ကြိမ် လာခဲ့သည့် အခန်းဆီသို့ ပြန်ရောက်လာခဲ့သည်။ ရန်ကိုင်သည် သူပြောထားခဲ့သည့် အချိန်အတိုင်း ပြန်ရောက်လာသည်ကို မြင်သော် ခန်စစ်ရန် အလွန်ကိုမှ ကျေနပ်သွားလေသည်။ ပြုံးရင်း ခန်စစ်ရန်သည် ရန်ကိုင့်အား နှုတ်ဆက်လိုက်၏။

ထို့နောက် ထိုင်ရန် လက်ပြလိုက်ပြီး ရန်ကိုင့်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်လေသည်။

ပြီးသည်နှင့် ခန်စစ်ရန်သည် အသင့်ပြင်ထားသည့် စာစောင်တစ်စောင်ကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်ပြီး ရန်ကိုင့်အား ပေးလိုက်လေသည်။

“ဒါက သခင်လေးရန် တောင်းဆိုထားတဲ့ ဆေးညွှန်းတွေပါ။ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်ပါဦး”

ရန်ကိုင်သည် ဦးစွာ ကျေးဇူးတင်စကား ပြောလိုက်ပြီး‌နောက် ‌ဆေးညွှန်းများကို လှန်လျှော ဖတ်ရှုလေသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ရန်ကိုင့်၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။

အကြောင်းမှာ စာစောင်လေးထဲတွင် ဆေးညွှန်းပေါင်း ငါးဆယ်လောက် ရှ်ိနေသည့်အတွက်ပင်။ ထိုငါးဆယ်ခန့်အနက် ပထမဆုံး ဆေးညွှန်းမှာ အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံး၏ ဆေးညွှန်းသာ ဖြစ်ပေသည်။

စာစောင်လေးထဲတွင်ဖော်ပြထားသော ဆေးညွှန်းများစွာသည် ရန်ကိုင် ကျွမ်းကျင်ထားပြီးသား ဆေးညွှန်းများဖြစ်ကြသော်လည်း ဆေးညွှန်းများသည် တသမတ်တည်း မဟုတ်ကြ။

နေရာဒေသအပါ်လိုက်၍ ဆေးညွှန်းများမှာ ပြောင်းလဲသွားကြပေသည်။

ထို့ကြောင့် ဆေးပညာရှင်တစ်ဦးသည် ဆေးလုံးတစ်လုံးအား ဖော်စပ်သည့် နည်းလမ်းကိုသိထားလျှင်ပင် အခြားသော မတူညီသည့် နည်းလမ်းကို လေ့လာခြင်းအားဖြင့် သူတို့၏ ဆေးစွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်ပေသည်။

ဆေးညွှန်းပေါင်း ငါးဆယ်ကျော်ထဲတွင် ရန်ကိုင် မသိသည့် ဆေးညွှန်းဆို၍ တစ်ဆယ်ကျော်ကျော် လောက်သာ ရှိပေသည်။ သို့သော်လည်း ဤရလာဒ်နှင့်ပတ်သက်၍ ရန်ကိုင် အလွန်ကိုမှ ကျေနပ်‌နေမိသည်။ ခဏကြာအောင် ဖတ်ရှုနေပြီးနောက် စာစောင်ငယ်လေးကို ပြန်ချလိုက်လေသည်။ ခန်စစ်ရန်သည် မီးတောက်မတက် အကြည့်ဖြင့် ရန်ကိုင့်အား သေသေချာချာ စိုက်ကြည့်နေခဲ့သည်။

ရန်ကိုင်မှ စာစောင်အား ပြန်ချလိုက်သည်ကို မြင်သော် မေးလိုက်လေ၏ “သခင်လေးရန် ဒီလူအိုကြီးရဲ့ ဆေးညွှန်းတွေနဲ့ ပတ်သတ်ပြီး ကျေနပ်ပါရဲ့လားမသိဘူး”

ရန်ကိုင်ကပြုံးလျက် “ဆိုင်ပိုင်ရှင်ခန်က တစ်ကယ်တွေးတက်တာပဲနော်။ ဒီ‌ဆေးညွှန်းတွေကို ရဖို့အတွက် အဲ့လောက်ကြီး မလွယ်ခဲ့ဘူးမလား”

“သခင်လေးရန်က တစ်ကယ် အမြင်စူးရှတာပဲ။ အဲ့ဆေးညွှန်းတွေထဲက နည်းနည်းလောက်ကိုပဲ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ပိုင်တာ။ ကျန်တဲ့ ဆေးညွှန်းတွေကို ဒီလူအိုကြီးရဲ့ အဆက်အသွယ်တွေ သုံးပြီး ရအောင် လုပ်ထားတာ။ ပြီးတော့ ဒီဆေးညွှန်းတွေက လျှို့ဝှက်ချက်တွေမဟုတ်ဘူး။ အဲ့တော့ သခင်လေးရန်အနေနဲ့ အဲ့‌ဆေးလုံးတွေကို ဖော်စပ်ရာမှာ ဘာမှစိတ်ပူစရာမလိုဘူး”

“ကြည့်ရတာ ဆိုင်ပိုင်ရှန်ခန် ပြောတဲ့ပုံအရဆိုရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆေးလုံးတွေ အများကြီး ရောင်းတဲ့ပုံပဲ။ ဒီတော့ ကျုပ်သာ ဒီမှာ ဆေးလာဖော်စပ်မယ်ဆိုရင် အဲ့ဆေးလုံးတွေ အကုန်လုံးကို ဖော်စပ်ပေးရမှာပေါ့”

“မဟုတ်ဘူး... မဟုတ်ဘူး” ခန်စစ်ရန်က အလျှင်အမြန် လက်ဝှေ့ယမ်း၍

“စာစောင်ထဲမှာ ဆေးညွှန်း ငါးဆယ်လောက် ဖော်ပြထားပေမဲ့ အဲ့ထဲက ထိပ်ဆုံး ဆယ့်ငါးခုလောက်ပဲ ဖော်စပ်တာ။ ကျန်ဆေးလုံးက သိပ်ပြီးအမြတ်မရလို့ မဖော်စပ်တာ။ အားလုံးထဲမှာမှ အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးကတော့ အရောင်းရဆုံးပေါ့။ ဒီလူအိုကြီး ကြွားပြောတာတော့မဟုတ်ဘူး။ ဒါပေမယ့် ငါတို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကထွက်တဲ့ အရင်းအမြစ်ချီ သိပ်သည်းခြင်း ‌ဆေးလုံးတွေက ဈေးကွက်ထဲကထက် တစ်ဆယ်ရာခိုင်နှုန်း ပိုအစွမ်းထက်တယ်။ အဲ့ဒါကြောင့် မေပယ်မြို့ထဲက ကျင့်ကြံသူတော်တော်များများ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကနေပဲ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးတွေကို လာဝယ်ကြတာ”

“ဘာလို့အဲ့လိုဖြစ်ရတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ရန်ကိုင်၏ အမေးကိုကြားသော် ခန်စစ်ရန်က ဂုဏ်ယူ ယုံကြည်ချက်အပြည့်ဖြင့် ဂုဏ်ယူဝံ့ကြွားစွာပြုံးလျက် သူ့မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြန်ရှင်းပြလိုက်၏။ “ဘာဖြစ်လို့လဲဆိုတော့ ငါတို့ရဲ့ အရင်းအချီ သိပ်သည်းခြင်းဆေးလုံးရဲ့ ဆေးညွှန်းက ငါတို့ရဲ့ ဌာနချုပ်မှာရှိနေတဲ့ ဆေးဝိဇ္ဇာ ဟွမ်ဖု ကိုယ်တိုင် ပြုပြင်ပေးထားတာလေ”

ထိုသို့ ပြောပြီးမှ ရန်ကိုင်သည် သူတို့ ကုန်သွယ်ရေး အဖွဲ့အစည်း၏ နာမည်ကိုပင် မသိသူတစ်ဦး ဖြစ်နေကြောင်း ပြန်အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် အလျင်အမြန်ပင် ဆက်ရှင်းပြလိုက်‌လေသည်“ဆေးဝိဇ္ဇာဟွမ်ဖုက ဧကရာဇ်အဆင့် ဆေးပညာရှင်တစ်ဦးပဲ။ သူက ကြယ်တာရာ အစုအဝေးထဲမှာတောင် တော်တော်လေး နာမည်ကျော်တာ”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။ ထို့ကြောင့်ပင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ အရင်းအမြစ်ချီ သန့်စင်ခြင်းဆေးလုံးသည် အလွန်ကိုမှ ကျော်ကြားနေရခြင်းဖြစ်သည်။ ဧကရာဇ်အဆင့် ဆေးပညာရှင်မှ ပြုပြင်ပေးထားသည့် ဆေးညွှန်းမှ ဖော်စပ်သည့်ဆေးလုံးမှာ သာမန်ဆေးလုံးများထက် ပို၍ အစွမ်းထက်သည်မှာတော့ အထူးအဆန်းမဟုတ်ပေ။

ထို့အပြင် ဤသည်မှာလည်း ရန်ကိုင့်အတွက် သတင်းကောင်းတစ်ခုပင် ဖြစ်လေသည်။ လက်ရှိတွင် ရန်ကိုင် အလိုအပ်ဆုံးမှာ အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးများသာ ဖြစ်သည်။ ဧကရာဇ်အဆင့် ဆေးပညာရှင် တစ်ဦးမှ ပြုပြင်ပေးထားသည့် ဆေးညွှန်းမှာ ရန်ကိုင့်အတွက် အလွန်ကိုမှ အသုံး၀င်ပေသည်။ ဤဆေးညွှန်းကို လေ့လာရင်းမှ ဆေးတာအိုနှင့် ပတ်သတ်သည့် ဆန်းကြယ်မှုအချို့ကို ကံကောင်းပါက ရန်ကိုင် နားလည်ကောင်း နားလည်သွားနိုင်ပေသည်။

“ဟဲဟဲ့ သခင်လေးရန် ဘယ်လိုသဘောရလဲ။ ဒီလူကြီးဘက်က ပြောစရာရှိတာတွေ ပြောပြီးသွားပြီ။ သခင်လေးရန်ဘက်ရော”

ခန်းစစ်ရန်သည် ရန်ကိုင့်အား ပြုံးလျက် ကြည့်လိုက်လေသည်။ ရန်ကိုင်၏ ပုံစံနှင့် လေသံကို မြင်ပြီးနောက် ခန်စစ်ရန်သည် အစောပိုင်းကကဲ့သို့ စိုးရိမ်မနေတော့ပေ။ ရန်ကိုင် ငြင်းလိမ့်မည် မဟုတ်ဟု သူယုံကြည်နေပေသည်။ သူထင်ထားသည့်အတိုင်းပင် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ဆိုင်ပိုင်ရှန်ခန်ရဲ့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှာ ဆေးပညာရှင်အဖြစ် အလုပ်လုပ်ရတာ ဒီရန်အတွက် ဂုဏ်ယူစရာပါပဲ။ ဆိုင်ပိုင်ရှင်ခန် နောက်နှစ်လလောက် ဒီရန်ကို စောင့်ရှောက်ပေးပါဦးနော်”

“ဒါပေါ့ ဒါပေါ့” ခန်စစ်ရန်သည် အကျယ်ကြီး အော်ရယ်မောလိုက်လေသည်။

ယခုမှပဲ သူစိတ်အေးနိုင်တော့သည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ အခြေအနေမှာ အတော်လေးကို စိတ်ပူစရာ ကောင်းနေခဲ့သည်။

သူတို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးမှာ အလွန်ကိုမှ ကျော်ကြားလှသဖြင့် ၀ယ်လိုအား အရမ်းများလှပေသည်။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်သုံးဦး ရှိစဉ်ကပင် ဆေးလုံးများကို အလျင်မီအောင် ထုတ်နိုင်ရုံသာထုတ်နိုင်ခဲ့သည်။

သို့သော်လည်း သုံးဦးအနက်မှ နှစ်ယောက် ရုတ်တရက် ကြီးထွက်သွားပြီးနောက် ကျန်တစ်ယောက်တည်းဖြင့် အလွန်ဝယ်လို့အားများနေသော အရင်းအမြစ်ချီ သိပ်သည်းခြင်း ဆေးလုံးကို မည်သို့မှ အလျင်မီအောင် ဖော်စပ်မပေးနိုင်တော့ချေ။

စီးပွားရေးတစ်ခုလုပ်ရာတွင် ကုန်ပစ္စည်းမပြတ်လပ်စေရအောင် အတက်နိုင်ဆုံး စီမံရပေသည်။ ကုန်ပစ္စည်းများသာ မကြာခဏ ပြတ်လပ်နေမည်ဆိုပါက သူတို့၏ ဖောက်သည်များကိုပင် ဆုံးရှုံးလိုက်ရနိုင်ပေသည်။ ထို့ကြောင့်ပင် ခန်စစ်ရန် အတော်လေးကိုမှ စိတ်ညစ်နေခဲ့ရခြင်းဖြစ်သည်။ ရန်ကိုင်ကိုရလိုက်၍ သူတို့ယခုကြုံနေရသည့်ပြဿနာကို ချက်ချင်းကြီး မဖြေရှင်းလိုက်နိုင်သော်လည်း ခန်စစ်ရန် အနေဖြင့် အနည်းငယ်တော့ စိတ်အေးလက်အေး နေနိုင်သွားပေပြီ။

လုပ်စရာရှိသည်မှာ ဌာနချုပ်မှ စေလွှတ်လိုက်သည့် ဆေးပညာရှင်နှစ်ဦး ရောက်လာမည့် အချိန်ကို ထိုင်စောင့်နေရုံသာ ရှိတော့သည်။

“သခင်လေးရန် ဒီလူအိုကြီးကိုယ်တိုင်က စီးပွားရေးသမားတစ်ယောက်ဆိုတော့ ဘာမှမစသေးခင် ရှင်းရှင်းလင်းပြောထားကြတာပေါ့။ ဒီလူအိုကြီးဘက်က ရိုင်းသလိုဖြစ်သွားရင် သခင်လေးဘက်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်” ခန်စစ်ရန်က အလေးနက်မှုရာဖြင့်ပြောလိုက်သည့်။

“ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ်သာပြောပါ ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်ကပြောလိုက်သည်။

“ကောင်းပြီလေ။ သခင်လေးရန်အနေနဲ့ ဒီဆေးညွှန်းတွေကို လွတ်လပ်လပ်ကြည့်လို့ရတယ်။ မိတ္တူကူးချင်တယ်ဆိုလည်း ကူးလို့ရတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်ပြောပြလို့တော့မရဘူးနော်။။ အထူးသဖြင့် အရင်းအမြစ်ချီ သိပ်သည်းခြင်းရဲ့ ဆေးညွှန်းပဲ။ ဒါ့ကြောင့် သခင်လေးအနေနဲ့ သဘောတူညီချက်မစခင် ဝိဉာဉ်စာချုပ်ချုပ်ဆိုပေးဖို့ လိုလိမ့်မယ်။ အဆင်ပြေရဲ့လားမသိဘူး”

“ရတယ်ပြဿနာမရှိဘူး” ရန်ကိုင်ကခေါင်းငြိမ့်လိုက်သည်။

“ကောင်းတယ်။ ဒါဆိုဒီစာချုပ်ကို တစ်ချက်ကြည့်ကြည့်ပါအုံး။ သခင်လေးရန် ပြင်ချင်တာများ ရှိသေးရဲ့လားဆိုတာ” ခန်စစ်ရန်သည် အားလုံးကိုအစကတည်းက ပြင်ဆင်ပြီးထားပြီးလေပြီ။

ရန်ကိုင်မှ သဘောတူညီလိုက်သည်ကိုမြင်သောအခါ ချက်ချင်းပဲစာချုပ်တစ်ခုကို သိုလှောင် လက်စွပ်ထဲမှထုတ်ယူလိုက်၏။ စာချုပ်အား မည်သည့်အသားဖြင့် ပြုလုပ်ထားမှန်း သူမသိသော်ငြား စာချုပ်မှ စွမ်းအင်အရှိန်အဝါတချို့ ထွက်ပေါ်နေသည်ကို ရန်ကိုင် သေချာခံစားမိလေသည်။

ရန်ကိုင်သည် စာချုပ်အား တစ်ချက်လှန်လျော ကြည့်လိုက်လေ။ စာချုပ်ထဲ နှစ်ဦးနှစ်ဖက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရေးသားထားသည်။ ဆေးညွှန်းများနှင့်ပတ်သက်၍ ရန်ကိုင့်အနေဖြင့် မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ အခြားသူများအား ထုတ်ပြော၍မရဟု ပြောထားသည်။ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင်ကခေါင်းညိတ်၍ “ကိစ္စမရှိဘူးရတယ်”

ထိုအခါ ခန်စစ်ရန်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ “ဒါဆို သခင်လေးရန်ရဲ့ ဝိညာဉ်အမှတ်အသားကို ဒီစာချုပ်ပေါ်မှာ ချန်ထားပေးပါ”

ပြောပြီးသည့်နောက် ခန်စစ်ရန်သည် သူ့စိတ်စွမ်းအင်ကို စာချုပ်ထဲသို့ ပို့လွှတ်လိုက်လေသည်။ ရန်ကိုင့်အနေဖြင့် ဤသို့ တစ်ခါမှမလုပ်ဘူးသော်ငြား ခန်စစ်ရန် လုပ်သည့်အတိုင်း လိုက်လုပ်လိုက်လျှင် အဆင်ပြေနေပြီ ဖြစ်သည့်အတွက်ကြောင့် ဘာပြဿနာမှ မရှိခဲ့ပေ။ နှစ်ဦးနှစ်ဖက်စလုံး သူတို့၏ စိတ်ဝိဉာဉ်အမှတ်သားကို စာချုပ်ပေါ်တွင် ချန်ထားခဲ့ပြီးနောက် စာချုပ်သည် ရုတ်တရက် မီးထလောင်လာလေသည်။

ထို့နောက် စိတ်စွမ်းအင် အမှုန်လေးများ အဖြစ်သို့ပြောင်းလဲသွား၏။ ထိုစိတ်စွမ်းအင် အမှုန်လေးများသည် နှစ်ပိုင်းကွဲကာ ရန်ကိုင်နှင့် ခန်စစ်ရန်၏ စိတ်စွင်းအင်ပင်လယ်ထဲသို့ အသီးသီး ၀င်သွားကြလေသည်။ ထိုစိတ်စွမ်းအင် အမှုန်လေးများ သူ့အသိစိတ်ပင်လယ်ထဲသို့ ရောက်လာပြီးနောက် စည်းတစ်ခု သူ့အသိစိတ်ပင်လယ်ထဲတွင် ပေါ်လာကြောင်း တွေ့လိုက်ရသည်။

ထိုစည်းသည် သူ့အား မည်သည့် ဒုက္ခမှ မပေးနိုင်ချေ။ သို့သော်ငြား သူသာစာချုပ်ထဲတွင်ပါသော သဘောတူညီချက်ကို ဖောက်ဖျက်မည်ဆိုပါက ဘေးထွက်ဆိုးကျိုးကို ခံစားရပေလိမ့်မည်။

မည်သည့်ပညာရှင်ကများ ဤဝိဉာဉ်စာချုပ်ကို တီထွင်ခဲ့သလဲဟုရန်ကိုင် တွေးမိသွားလေသည်။

ဤဝိဉာဉ်စာချုပ်သည် စီးပွားရေးလုပ်ရာတွင် အလွန်အသုံးဝင်သည့် စာချုပ်ဖြစ်ပေသည်။

သူသည်ဤလောကကြီးနှင့်ပတ်သက်၍ အကြောင်းအရာတော်တော်များများကို သိထားသည့်သူ မဟုတ်မှန်း သိသည့်အတွက် ခန်စစ်ရန်က စရှင်းပြလိုက်၏။

“ဝိဉာဉ်စာချုပ်တွေဆိုတာ ရှုယဉ်သာ ဝိဉာဉ်နန်းတော်က ထုတ်လုပ်တဲ့ ထုတ်ကုန်တွေပဲ။ ဒီ ဝိဉာဉ်စာချုပ်ကို ရှုယဉ်သာဝိဉာဉ် မဟာဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့တာလေ။ ရှယဉ်သာဝိဉာဉ် မဟာဧကရာဇ်ဆိုတာ မဟာဧကရာဇ် ဆယ်ပါးထဲက တစ်ပါးပဲ။ ဒီတော့ သူကိုယ်တိုင် ဖန်တီးထားတဲ့ ဝိဉာဉ်စာချုပ်တွေက လုံးဝကို စိတ်ချယုံကြည်လို့ရတယ်။ ဒီတော့ သခင်လေးရန်သာ နောက်ပိုင်း ခရီးသွားလို့ သူစိမ်းတွေနဲ့ သဘောတူညီချက်တွေ လုပ်ရတာမျိုး ရှိမယ်ဆိုရင် ဝိဉာဉ်စာချုပ် တစ်ခုနှစ်ခု ရှိထားတာက အရမ်း အဆင်ပြေလိမ့်မယ်။ ဒါပေမဲ့ ဝိဉာဉ်စာချုပ်တစ်ခု တစ်ခုရဲ့ ဈေးက သေးတာမဟုတ်ဘူး။ အဆင့်အနိမ့်ဆုံး ဝိဉာဉ်စာချုပ်တောင် အဆင့်နိမ့်အရင်းအမြစ်ကျောက် တစ်သိန်းခွဲလောက် ပေးရတယ်။ အဲ့တာတောင် ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်မရဘူးနော်”

“ဈေးကြီးလိုက်တာ” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

ငှက်မွှေးပြာဂိုဏ်းထဲ တစ်လကြာအောင် ဆေးထိုင် ဖော်စပ်ခဲ့သည့်တိုင် အဆင့်နိမ့် အရင်းအမြစ်ကျောက် သုံးသောင်းလောက်သာ ရှာနိုင်ခဲ့သည်။ အဆင့်နိမ့် အရင်းအမြစ်ကျောက် တစ်သိန်းခွဲခန့်ရရန် အနည်းဆုံး ငါးလလောက် ဆေးထိုင်ဖော်စပ် နေရပေလိမ့်မည်။

“ဟဲဟဲ ဒီလူအိုကြီးရဲ့ ဝိဉာဉ်စာချုပ်ကလည်း ခရီးထွက်လာတဲ့ လူငယ်လေးတစ်ယောက်ဆီကနေ ကံကောင်းပြီး ရထားတာ” ခန်စစ်ရန်က နာကျင်နေသည့်ပုံဖြင့် ပြောလိုက်သည်။ ဤဝိဥာဉ်စာချုပ်ကို ရရတွက် ငွေကြေးများစွာကို အသုံးပြုခဲ့ရသည့်ပုံပင်။

သူ့အနေဖြင့် ဝိဉာဉ်စာချုပ်ကို ဤကဲ့သို့ မသုံးလိုက်ချင်သော်ငြား စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ မပိတ်သွားစေရန်အလို့ငှာ မသုံးမဖြစ် သုံးရတော့သည်။

“ဆေးပညာရှင်ရန် နောက်နှစ်လလောက် ခင်ဗျားကိုပဲ အားကိုးနေမယ်နော်” ခန်စစ်ရန်က ပြုံးကာ ပြောလိုက်သည်။

“အတူတူပါပဲ” ရန်ကိုင်ကလည်း ပြန်ပြောလိုက်သည်။

“ကောင်းပြီလေ။ ဝိဉာဉ်စာချုပ်လည်း ချုပ်ပြီးသွားပြီဆိုတော့ လစာကိစ္စအကြောင်း ပြောကြတာပေါ့” ခန်စစ်ရန်က ပြောလျက် ထိုင်လျလိုက်သည်။

ဝိဉာဉ်စာချုပ်ထဲတွင် ရန်ကိုင့်အနေဖြင့် ဆေးညွှန်းများအား အခြားမည်သူ့ကိုမှ ပြန်မပြောရဟုသာ ပြောထားခဲ့သည်။ လစာကိစ္စအကြောင်း ဘာမှ မပါချေ။ ထိုစဉ် အပြင်ဘက်ဆီမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခန်စစ်ရန် မျက်မှာင်ကြုတ်သွားပြီး အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

ယနေ့တွင်သူသည် ရန်ကိုင်နှင့် အရေးကြီးကိစ္စတစ်ခု ဆွေးနွေးမည်ဟု ဆိုင်ထဲရှိ လူအားလုံးကို ပြောထားခဲ့သည်။ သို့တိုင် ဆွေးနွေးလို့ မပြီးသေးခင်မှာပင် တစ်ယောက်ယောက်မှ လာနှောက်ယှက်သဖြင့် ခန်စစ်ရန် စိတ်ညစ်သွားခဲ့လေသည်။

“ဆိုင်ပိုင်ရှန်ခန်၊ ပြဿနာတက်ပြီ။ ဆေးပညာရှင်ဖန်း ကလည်း ကျုပ်တို့ ဆေးဆိုင်ကနေ ထွက်တော့မယ်တဲ့” ထိတ်လန့်တုန်လှုပ်နေသည့် ဆိုင်၀န်ထမ်းလေး၏အသံ ထွက်ပေါ်လာခဲ့သည်။

“ဘယ်လို” ခန်စစ်ရန် ထရပ်လိုက်လေသည်။

ခန်စစ်ရန် အလွန် စိုးရိမ်သွားခဲ့လေသည်။ သူလည်း ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသည့်ပုံပင်။

“ဆိုင်ပိုင်ရှန်ခန် မြန်မြန်ထွက်လာပါဦး။ ဆေးပညာရှင်ဖန်းက ထွက်ဖို့ချည်းပဲ လုပ်နေတယ်”

“ဘယ်လိုဖြစ်ရတာလဲကွာ” ခန်စစ်ရန်မှာ ဒေါသထွက်ထွက်နှင့် အခန်းထဲမှ ပြေးထွက်သွားလေသည်။

သို့သော်လည်း ရန်ကိုင် အခန်းထဲတွင်ရှိနေသေးမှန်း သတိရသွားသည့်နောက် ပြန်ပြောလိုက်၏ “ဆေးပညာရှင်ရန်ရော လိုက်ချင်လား မသိဘူး”

“အဆင်ပြေပါ့မလား”

“အဆင်ပြေတာပေါ့။ ဆေးပညာရှင်ရန်က အပြင်လူတစ်ယောက်မှ မဟုတ်တော့တာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၇၉)

ဆေးပညာရှင်နှစ်ဦး မရှိတော့သည့် လွန်ခဲ့သည့် တစ်လအတွင်း ခန်စစ်ရန်၏ ဘ၀မှာ အတော်လေးကို ခက်ခဲခဲ့ရပေသည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ သည်သာ ထိုကိစ္စကြောင့် ပိတ်လိုက်ရမည်ဆိုပါက ခန်စစ်ရန် ကျိန်းသေပေါက် အလုပ်ထုတ်ခံရပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်ကို ရပြီးနောက် ဆေးလုံးများ အလျင်မီအောင် ဖော်စပ်နိုင်ရေးနှင့် ပတ်သတ်၍ သိပ်စိတ်ပူစရာ မလိုတော့ပါဘူးဟု ‌ထင်ခဲ့သော်ငြား ထိုအချိန်မှာမှ ဆေးပညာရှင်ဖန်းသည် ရုတ်တရက်ကြီး အလုပ်ထွက်မည်ဟု ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

‌ဆေးပညာရှင် ဖန်းသာ တစ်ကယ်ကြီး အလုပ်ထွက်သွားမည်ဆိုပါ သူ အဆင်မပြေ ပြေအောင် ဆောင်ရွက်ထားသည့် ကိစ္စအားလုံး သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ခန်စစ်ရန်သည် ရန်ကိုင်နှင့်အတူ ဆိုင်နောက်ဘက်ခြမ်းဆီသို့ အလျင်စလို ထွက်လာခဲ့လေသည်။ ဆိုင်အနောက်ဘက်ခြမ်းဆီသို့ မရောက်သေးခင်မှာပင် ဖန်းဟုန်၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။

“ဘယ်ကောင် ငါ့ကိုတားရဲတာလည်း။ ဒီဖန်း ကျိန်းသေထွက်တော့မှာ။ ငါ့ကို လာတားနေဦးမယ်ဆိုရင် ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့နော်”

ဆိုင်နောက်ဘက်ခြမ်းတွင် ဆိုင်၀န်ထမ်းများသည် ဖန်းဟုန်အား မလုပ်မထွက်ရန် ဖျောင်းဖျတားဆီးနေပါ သော်ငြား သူတို့၏ ကြိုးစား အားထုတ်မှု အားလုံးသည်မှာ အချီးနှီးသည်သာ။ ထိုအော်ဟစ်သံများကို ကြားသည့်အခါ အခြေအနေမှာ အတော်ဆိုးရွားနေပြီမှန်း ခန်စစ်ရန် သိလိုက်သည်။ ထို့ကြောင့် ချက်ချင်းပဲ အရှိန်တင်လိုက်လေရာ မျက်တောင်တစ်ခတ်အတွင်း အနောက်ဘက် ခြံ၀န်းဆီသို့ ရောက်လာခဲ့လေသည်။

ထိုစဉ်မှာပင် ဆိုင်၀န်ထမ်းများကို တိုက်ခိုက်ရန် လုပ်နေသော ဖန်းဟုန်ကို တွေ့လိုက်ရလေသည်။ သို့သော်ငြား ခန်စစ်ရန် ရောက်လာသည်ကို မြင်ပြီးနောက် ဖန်းဟုန်မျက်မှောင်ကြုတ် သွားခဲ့လေသည်။ တစ်ချိန်ထဲတွင် အပြစ်မကင်းသည့် အရိပ်အယောင်တို့ သူ့မျက်လုံးထဲ ဖြတ်ပြေးသွား၏။

“ဆေးပညာရှန်ဖန်း ဘာတွေများ ဖြစ်နေတာပါလဲ”

ခန်စစ်ရန်မှာ ဖန်းဟုန်၏ လုပ်ရပ်နှင့် ပတ်သတ်၍ အတော်လေး စိတ်ပျက်နေခဲ့သော်ငြား လေသံမာမာဖြင့် မပြောရဲဘဲ ယဉ်ယဉ်ကျေးကျေးသာ မေးလိုက်လေသည်။ ဖန်းဟုန်က သက်ပြင်းချ၍ ပြန်ပြောလိုက်၏။

“ဆိုင်ပိုင်ရှန်ခန် ဒီဖန်း ခင်ဗျားအတွက် တစ်ကယ် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျုပ်ထွက်ချင်နေပြီ။ ကျေးဇူးပြုပြီး ကျုပ်ကိုထွက်ခွင့်ပေးပါ ဆိုင်ပိုင်ရှင်ခန်”

“ဒီခန်ရဲ့ ကမ်းလှမ်းမှုကို ဆေးပညာရှင် ဖန်းက သဘောမကျလို့လား။ ဒါမှမဟုတ် ပိုကောင်းတဲ့ နေရာတစ်ခုခုကိုပဲ တွေ့ထားလို့လား။ အဲ့လိုဆိုရင် ဆွေးနွေးကြည့်လို့ရပါတယ်”

လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ ဖန်းဟုန်သည်

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ဘာကြောင့် ထွက်ချင်နေသလဲ ဆိုသည်ကို သိရဖို့သာ ဖြစ်သည်။ သို့မှသာ သူ့အနေဖြင့် ဖန်းဟုန် အလုပ်မထွက်အောင် ဖျောင်းဖျနိုင်မည့် နည်းလမ်းကို ရှာနိုင်ပေလိမ့်မည်။

“ဆိုင်ပိုင်ရှန်ခန်း အခုလိုပြောလိုက်တာ ဒီဖန်းကို စော်ကားလိုက်တာပဲ။ ဒီဖန်း မေပယ်မြို့ကို ရောက်ကတည်းက စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ အတွက်ပဲ ဆေးဖော်စပ်ပေးခဲ့တာ။ ဒီဖန်း ဒီမှာ အလုပ်လုပ်နေတာ ဆယ်စုနှစ်မကတော့ဘူး။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆိုတာ ဒီဖန်းအတွက် ကိုယ့်အိမ် ကိုယ့်ယာလိုတောင် ဖြစ်နေပြီ။ အဲ့ဒါကို လောဘအတွက် သက်သက်နဲ့ ဒီနေရာက ထွက်သွားစရာလား”

ဖန်းဟုန်သည် ခန်စစ်ရန်၏ စကားကြောင့် ဒေါသထွက်သွားသည့်အလား လေသံမာမာဖြင့် ပြန်ပြောလိုက်လေသည်။ ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန်က ခါးသီးစွာ ပြုံးလျက် “ငွေကြေးကိစ္စမဟုတ်ဘူးဆို ဆေးပညာရှင်ဖန်းက ဘာလို့ ဒီလောက်တောင် ထွက်သွားချင်နေရတာလဲ”

ဖန်းဟုန်က သက်ပြင်းတစ်ချက်ချလျက် ပြန်ပြောလိုက်လေသည်။ “ဆိုင်ပိုင်ရှန်ခန် အရင်တစ်လလုံးလုံး ဒီဖန်း ဘယ်လောက်တောင် ဆေးဖော်စပ်ခဲ့ရလည်း ခင်ဗျား သိတယ်မလား။ အခု ကျုပ်တစ်ကိုယ်လုံး မီးစာကုန် ရေခမ်းဖြစ်နေပြီ။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ကျုပ်သေရလိမ့်မယ်။ ဒါ့ကြောင့် ကျုပ်ကို မတားပါနဲ့။ ကျေးဇူးပြုပြီး ထွက်သွားခွင့်ပေးပါ ဆိုင်ပိုင်ရှင်ခန်”

ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန်လည်း ဘာပြန်ပြောလို့ ပြောရမှန်း မသိဖြစ်သွားလေသည်။

ခန်စစ်ရန်နှင့် ဖန်းဟုန်တို့ စကားပြောနေစဉ် ရန်ကိုင်သည် ဖန်းဟုန်အား တိတ်တဆိတ် လေ့လာကြည့်နေခဲ့သည်။ သူပြောသွားသလိုပင် ဖန်းဟုန်သည် အတော်လေးကိုမှ ပင်ပန်း နွမ်းနယ်နေသည့်ပုံပင်။ သူ့ဆံပင်များမှာ ဖိုသီဖက်သီ ဖြစ်နေပြီး မျက်လုံးများမှာ နီရဲနေခဲ့သည်။

အရှိန်အဝါမှာလည်း မတည်ငြိမ်တော့သည့်အလား ဗရမ်းဗတာ ဖြစ်နေလေသည်။ ထိုလက္ခဏာများမှာ သူ့ခွန်အားကို အလွန်အကျွံ သုံးစွဲရသည့်အတွက် ဖြစ်လာသည့် အကျိုးဆက်များပင် ဖြစ်သည်။ ထို့အပြင် ဖန်းဟုန်သည် အလွန်သန်မာသည့် ကျင့်ကြံသူတစ်ဦးလည်းမဟုတ်။ လက်ရှိတွင် သူသည် တန်ခိုးရှင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးသည်။

ဖန်းဟုန်၏ ကျင့်ကြံခြင်းမှတစ်ဆင့် ဖန်းဟုန်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လျှင်ပင် အများဆုံးမှ တန်ခိုးရှင်ဘုရင်အဆင့်နိမ့် ဆေးပညာရှင်တစ်ဦးသာ ဖြစ်ရမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်လေသည်။ တစ်ကယ်တော့ ဆေးဖော်စပ်ရာတွင် ချီစွမ်းအင်ကို လိုအပ်သည် မဟုတ်ပါလော။ မဟုတ်လျှင် စိတ်ဝိဉာဉ်ဆေးလုံးများကို မည်သို့ ဖော်စပ်နိုင်ပါတော့မည်နည်း။

သို့ရာတွင် ဆေးပညာရှင်များမှာ ဆေးဖော်စပ်ခြင်းကိုသာ စိတ်၀င်စားကြသည့်အတွက် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းကို လျစ်လျူရှုထားတတ်ကြသည်။ သို့သော်ငြား အားကောင်းသည့် ကျင့်ကြံခြင်းကို မပိုင်ဆိုင်ထားပါက အဆင့်မြင့် ဆေးပညာရှင်တစ်ဦး မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဆေးပညာရှင်များအတွက် ခါးသီးသည့် အမှန်တရား တစ်ခုသာဖြစ်သည်။

“အဲ့ကိစ္စအတွက် ဒီခန် တောင်းပန်ပါတယ် ဆေးပညာရှင်ဖန်း”

ယခင် တစ်လအတွင်း ဖန်းဟုန်အလွန်ကိုမှ ပင်ပန်းခဲ့ရမည်မှန်း ခန်စစ်ရန် သိနေခဲ့သည်။ ထို့ကြောင့် တုံ့ဆိုင်းမနေဘဲ ချက်ချင်းတောင်းပန်လိုက်လေသည်။ ခန်စစ်ရန်၏ အပြုအမူကြောင့် ဖန်းဟုန် အံ့အားသင့်သွားလေသည်။ ထို့နောက် အလျင်အမြန် ‌ပြန်ပြောလိုက်လေ၏။

“ဆိုင်ပိုင်ရန်ခန် အခုလိုလုပ်နေစရာမလိုပါဘူး”

ခန်စစ်ရန်က ခါင်းခါ၍ “ဆေးပညာရှင်ဖန်း အခုလိုဖြစ်သွားခဲ့ရတာ ဒီခန်စစ်ရန်ရဲ့ အမှားပဲ ဒါပေမဲ့ အခုအဲ့တာတွေ စိတ်ပူ‌စရာ မလိုတော့ဘူး။ အားလုံးအဆင်ပြေသွားပြီ။ ဒီခန် အခုလေးတင်ပဲ ဆေးပညာရှင်တစ်ယောက်ကို ငှားထားလိုက်ပြီ။ ဆေးပညာရှင်ဖန်းတစ်ယောက်ထဲ အဲ့၀န်ထုတ်၀န်ပိုးကြီးကို ထမ်းထားနေစရာ မလိုတော့ဘူး။ အရင်အတိုင်းပဲ ဆေးပြန်ဖော်စပ်လို့ရပြီ။ အဲ့တာဆို ဆေးပညာရှင်ဖန်း

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှာ ဆက်ပြီး နေချင်သေးလား။ ဟုတ်တာပေါ့… ဆေးပညာရှင်ဖန်းက ဒီလောက်တောင် ပင်ပန်းထားမှတော့ ရက်နည်းနည်းလောက်တော့ အနားယူရဦးမှာပေါ့”

“နောက်ထပ် ဆေးပညာရှင်တစ်ဦး ငှားလိုက်တာလား”

ထိုစကားကို ကြားသည့်အခါ ဖန်းဟုန် ကြောင်သွားခဲ့လေသည်။ ချက်ချင်းပဲ လူအုပ်ကို အလျှင်အမြန် ဝေ့ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ့အကြည့်သည် မရင်းနှီးသည့် ရန်ကိုင့်ထံတွင် ရပ်တန့်သွားခဲ့လေသည်။ ရန်ကိုင်က ပြန်ပြုံးလိုက်၏

“စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအတွက် ‌ဆေးပညာရှင်ဖန်း ဘယ်လောက်တောင် ပေးဆပ်ခဲ့လည်း ဆိုတာ ဒီခန် ကောင်းကောင်း သိပါတယ်။ ‌ဆေးပညာရှင်ဖန်းရဲ့ ကျေးဇူးတွေက စကားနဲ့ဖော်ပြလို့ရတာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကျေးဇူးပြုပြီး ခဏနားလိုက်ပါ။ အဆင်ပြေပြီ ဆိုတော့မှပဲ ဆိုင်ကို ပြန်လာခဲ့ပေါ။ အဲ့ကျမှပဲ ဒီအကြောင်းကို ဆက်ပြီး ဆွေးနွေးကြတာပေါ့”

ခန်စစ်ရန်သည် ဆေးပညာရှင်ဖန်းအား တောင်းပန်သည့် အမူအရာဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

“ဒါက…” ဖန်းဟုန် ဂွကျသွားခဲ့လေသည်။

သူ့ကြည့်ရသည်မှာ တုံ့ဆိုင်းနေသည့်ပုံပင်။ ခန်စစ်ရန်သည် ဖန်းဟုန်အား ထွက်မသွားရန် ထပ်မံဖျောင်းဖြတော့မည့် အပြု အပြင်ဘက်ဆီမှ ကြည်လင်ချိုသာသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

“ဆေးပညာရှင်ဖန်း အချိန်ရောက်လာပြီနော်။ ကျွန်မကိုယ်တိုင် ရှင့်ကိုလာခေါ်ပြီ”

ထိုလူ၏အသံ ထွက်ပေါ်လာသည်နှင့် ဖန်းဟုန်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားလေသည်။ ရှက်လွန်းသည့်အတွက်ကြောင့် သူ့မျက်နှာသည် နီရာမှပြာ၊ ပြာရာမှ အစိမ်းရောင် သမ်းသွားခဲ့လေ၏။

ခန်စစ်ရန်သည်လည်း ကြောင်သွားခဲ့လေသည်။ သို့သော်လည်း မကြာမီ အံကိုတင်းတင်းကြိတ်၍ အော်ဟစ်တော့လေ၏။

“ကျိုးနင်းစီ….”

သူနှင့် ကျိုးနင်းစီဟု ခေါ်သော အမျိုးသမီးအကြား ကမ္ဘာမကြေ ရန်ညှိုးတစ်ခု ရှိနေသည့်အလား ခန်စစ်ရန်၏ မျက်လုံးများသည် ဒေါသမီးတောက်များဖြင့် လောင်မြိုက်လာလေသည်။ ထိုအမျိုးသမီး၏ စကားကို ကြားသည့်အခါ ရန်ကိုင်လည်း မျက်မှောင်ကြုတ်သွားခဲ့သည်။ ထို့နောက် တစ်ခုခုကို နားလည်သွားသည့်အလား ဖန်းဟုန်အား ပြုံးဖြီးဖြီးဖြင့် လှမ်းကြည့်လိုက်လေသည်။

ဖန်းဟုန်သည် လက်ရှ်ိအခြေအနေကြောင့် အလွန်ကိုမှ စိတ်မသက်မသာ ဖြစ်နေသည့်ပုံပင်။ သူ့မျက်လုံးများမှာ တောင်ကြည့် မြောက်ကြည့် ဖြစ်နေပြီး နှုတ်ခမ်းများမှာလည်း တစ်စုံတစ်ဦးကို ကျိန်‌ဆဲနေသည့်အလား ပွစိပွစိ လုပ်နေခဲ့သည်။

ခန်စစ်ရန်၏ အကြည့် သူ့ဆီရောက်လာသောအခါ ဖန်းဟုန်မှာ ရှက်လွန်းသဖြင့် တွင်းတစ်တွင်းတူးပြီး ပုန်းအောင်းချင်စိတ်များပင် ဖြစ်လာခဲ့သည်။

“ဒီလူအိုကြီး နားလည်သွားပြီ” ခန်စစ်ရန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ဆေးပညာရှင်ဖန်းက ပိုကောင်းတဲ့ နေရာတစ်ခု ရှာတွေ့သွားတာပဲ။ အဲ့တာဆို ဘာလို့ အစောကြီးကတည်းက အမှန်တိုင်း မပြောလိုက်တာလည်း။ ဒီလူအိုကြီးက ဂုဏ်ပြုပေးမှာပေါ့။ ဘာလို့ အကြောင်းပြချက်တွေ လိုက်ရှာနေရတာလဲ”

ထိုစကားကို ကြားသည့်အခါ ဖန်းဟုန်သည် ရှက်ရှက်ဖြင့် အံကြိတ်၍ ပြန်အော်ပြောလေ၏။

“ဆိုင်ပိုင်ရှင်ခန် ဘာပြောချင်တာလည်း။ ဒီဖန်း စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအတွက် အရင်တစ်လ လုံးလုံး စိတ်ရောကိုယ်ပါ ပေးဆပ်ပြီး အလုပ်မလုပ်ပေးခဲ့လို့လား။ ဆိုင်ပိုင်ရှန်ခန် တောင်းဆိုတဲ့ ဆေးလုံးတွေကို ဖော်စပ်ပေးဖို့အတွက် ဒီဖန်း သွေးအန်ခဲ့ရတာ တစ်ကြိမ်မကဘူး။ ဒီဖန်း ကြောင့်သာမဟုတ်ရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ အစောကြီးကတည်းက ပိတ်လိုက်ရနေပြီ”

ပြောနေရင်း ပိုပို၍ စိတ်လှုပ်ရှားလာသည့်အလား ဖန်းဟုန်၏ အသံမှာ ပို၍ ကျယ်လောင်လာခဲ့လေသည်။ ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန် မျက်မှောင်ကြုတ်လိုက်လေသည်။ ခဏကြာ‌အောင် စဉ်းစားနေပြီးနောက် ရုတ်တရက် သက်ပြင်းချ၍ နှစ်ပေါင်းများစွာ ပိုအိုစာသွားသည့် ရုပ်နှင့် ပြောလိုက်လေသည် “ဆေးပညာရှင်ဖန်း ပြောတာ အမှန်ပဲ။ ဆေးပညာရှင်ဖန်းကြောင့်သာ မဟုတ်ရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ပိတ်သွားရတာကြာပြီ”

“ဟမ့် ဆိုင်ပိုင်ရှင်ခန် နားလည်ရင်ပြီးရော” ဖန်းဟုန်က နှာခေါင်းရှုံ့လျက် “ဒီဖန်း ကိုယ့်အတွက်ကိုယ်လည်း စဉ်းစားရဦးမယ်။ အခြားသူတွေ အတွက်ချည်းပဲ လုပ်ပေးနေလို့မရဘူး။ ဆိုင်ပိုင်ရှင်ခန်း အဲ့အချက်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဂရုစိုက်ပါ ဒီဖန်း သွားပါတော့မယ်”

ပြောပြီးသည်နှင့် ဖန်းဟုန်သည် သူ့လမ်းကို ပိတ်ထားသည့် ဆိုင်၀န်ထမ်းနှစ်ယောက်ကို တွန်းဖယ်ကာ ဆိုင်ရှေ့သို့ ထွက်လာခဲ့လေသည်။ ရန်ကိုင့်နားမှ ဖြတ်သွားစဉ် တစ်ချက်ရပ်၍ ပြုံးကာ ပြောလိုက်၏။

“မင်းဘ၀ကြီးကတော့ တော်တော်ဆိုးရွားတော့မှာပဲ”

ရန်ကိုင်ကမူ ဂရုမစိုက်ဟန်ဖြင့် ပုခုံးတစ်ချက်သာ တွန့်ပြလိုက်သည်။ ခန်စစ်ရန်သည် နေရာတွင်ရပ်၍ ခဏကြာအောင် စဉ်းစားနေပြီးနောက် ရုတ်တရက် ဖန်းဟုန်နောက်သို့ ပြေးလိုက်သွားလေသည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ရှေ့တွင် မပေါ်တပေါ် ၀တ်စားထားသည့် အမျိုးသမီးတစ်ဦး ရပ်နေခဲ့လေသည်။ သူမဘေးတွင် အစေခံအနည်းငယ် ရှိနေခဲ့သည်။

အမျိုးသမီး၏ စွဲမက်ဖွယ်ကောင်းသောအမူအရာ၊ နှင်းဖြူရောင် အသားအရည်နှင့် မပေါ်တပေါ်ဖြစ်နေသည့် စနေနှစ်ခိုင်ကြောင့် လမ်းသွားလမ်းသာ ပုရိသယောကျာ်း အပေါင်းတို့သည် သူမထံသို့ မကြာခဏ လှမ်းလှမ်းကြည့်နေကြလေသည်။ အမျိုးသမီးမှာမူ ထိုကဲ့သို့သော အကြည့်များနှင့် အသားကျနေသည့်အလား ဂရုပင်စိုက်မနေခဲ့။ ပျော်ပင် ပျော်နေသေး၏။ တစ်ခါတစ်ရံ လမ်းတွင် ဖြတ်သွားသော ပုရိသယောင်္ကျားတို့အား မျက်စိပင် မှိတ်ပြလိုက်သေးသည်။

ဖန်းဟုန်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာထဲမှ အလျှင်အမြန် လမ်းလျှောက်ထွက်လာခဲ့ပြီး ထိုအမျိုးသမီးရှေ့သို့ ရောက်လာခဲ့လေသည်။

ထို့နောက် ပြောလိုက်၏ “ငါ့ဘာသာ လာမယ်လို့ ပြောထားတယ်လေ။ ဘာလို့ ရောက်လာတာလဲ”

ကျိုးနင်းစီက တစ်ခစ်ခစ်ရယ်မောလျက် နှုတ်ခမ်းလေးကို ကွေးကာ ပြောလိုက်လေသည်။

“ကျွန်မ ကိုယ်တိုင်လာကြိုတာ ဘာများမှားလို့လည်း”

“နင်….ဟူး” ဖန်းဟုန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

ကျိုးနင်းစီက ဆက်ပြောလိုက်လေသည် “ဆေးပညာရှင်ဖန်း အဲ့ကိစ္စကို ဖုံးကွယ်ထားချင်တယ် ‌ဆိုရင်တောင်မှ လူမြင်ကွင်းကနေ အမြဲတမ်းပျောက်နေမှပဲ အဲ့လိုဖြစ်နိုင်မှာ။ တစ်နေ့ကြရင် ဒီကိစ္စကို လူတိုင်းသိသွားကြမှာ။ ပြီးတော့ ဆေးပညာရှင်တွေ နေရာပြောင်းတာ ပုံမှန် ကိစ္စပဲကို။ ဘာဖြစ်မှာမို့လို့လည်း”

ဖန်းဟုန်ကမူ မှန်ကုပ်ကုပ်အမူအရာဖြင့်သာ ရပ်နေခဲ့လေသည်။ ကျိုးနင်းစီ ဤနေရာသို့ ရောက်လာသည်မှာ သူ့အား ကြိုဆိုရန်မဟုတ်ဘဲ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအား လှောင်ပြောင် ပြောဆိုရန်အတွက်သာ ရောက်လာမှန်း ဖန်းဟုန် သိပေသည်။ သူသည် ကျိုးနင်းစီ အသုံးချသွားသည့် ပွန်းရုပ် တစ်ရုပ်ထက် မပိုချေ။ ထို့ကြောင့် ပြန်၍ ငြင်းခုန်နေ၍လည်း အကျိုးရှိမည်မဟုတ်သည့် အတွက်ကြောင့် ပါးစပ်သာ ပိတ်နေလိုက်လေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ် ခန်စစ်ရန်သည် ဆိုင်ထဲမှ ထွက်လာပြီး အမျိုးသမီးအား မီးတောက်မတတ် စိုက်ကြည့်‌လိုက်လေသည်။ ခန်စစ်ရန်၏ အကြည့်ကိုမြင်သော် ကျိုးနင်းစီသည် ကြောက်လန့်သွားသည့်အလား ရင်ဘက်ကို လက်ဖြင့်အုပ်၍

“ဆိုင်ပိုင်ရှင်ခန်ရဲ့ အကြည့်က အရမ်းကြောက်ဖို့ကောင်းတာပဲ။ မသိရင် ကျွန်မကို အစိမ်းလိုက်ဝါးစားတော့မယ့် အတိုင်းပဲ။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်ခန်က အသက်ငယ်တော့တာမှ မဟုတ်တာ။ ကျွန်မလို အသားတုံးကြီးကို စားနိုင်ပါ့မလား” ပြောနေရင်း သူမ၏ ပါးစပ်လေးကိုအုပ်၍ တစ်ခစ်ခစ် ရယ်မောလိုက်လေသည်။

“ဆိုင်ရှင်ကျိုး” ခန်စစ်ရန်ကမူ သူမ၏ အလှတရားကြောင့် စိတ်လှုပ်ရှားသွားခြင်း မရှိဘဲ အေးစက်စက်အမူအရာဖြင့်သာ ပြုံးလျက် “မင်းက တစ်ကယ် ချီးကျူးဖို့ကောင်းတာပဲ။ ဒီလူအိုကြီး မင်းရဲ့နည်းလမ်းတွေကို တစ်ကယ် လေးစားသွားပြီ”

“အို ဆိုင်ပိုင်ရှင်ခန် ဘာကိုပြောချင်တာလည်းမသိဘူး။ ကျွန်မ နားမလည်ဘူး” ကျိုးနင်းစီသည် ခေါက်ယပ်တောင်လေး တစ်ချောင်းကို ထုတ်လျက် အသာအယာ ယပ်ခပ်ရင်း ပြန်ပြောလိုက်သည်။

“ရူးချင်ယောင် ဆောင်မနေနဲ့။ အကုန်လုံးက ခေါင်းမပါတဲ့လူတွေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလောက်လေးနဲ့ ငါ့ရဲ့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို ပိတ်သွားအောင် လုပ်နိုင်မယ်ထင်နေရင်တော့ ဆိုင်ပိုင်ရှင်ကျိုး မှားသွားပြီ” ခန်စစ်ရန်က ပြန်ပြောလိုက်သည်။

“ခစ်ခစ်” လျို့နင်းစီသည် ပါးစပ်လေးကို လက်ဖြင့်အုပ်၍ တစ်ခစ်ခစ်ရယ်မောရင်း ပြန်ပြောလိုက်သည်။ “ကျွန်မသိသလောက်ဆို ဆိုင်ပိုင်ရှင်ခန်မှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင် သုံးဦးပဲရှိတာပါ။ အခု အဲ့သုံးယောက်ကလည်း ကျွန်မဆိုင်ကို ရောက်လာပြီလေ။ ဖြစ်နိုင်တာက ဆိုင်ပိုင်ရှန်ခန်ကလည်း တန်ခိုးရှင်ဘုရင် ဆေးပညာရှင်တစ်ဦးလား။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်ခန်က အသက်ငယ်တော့တာ မဟုတ်တော့ ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ဦးနော်”

“ဟမ့် မေပယ်မြို့က ဒီလောက်ကျယ်တာ။ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးရှာဖို့ အဲ့လောက်ခက်မယ်လို့ ထင်လို့လား” ခန်စစ်ရန် ပြန်ပြောလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ ကျိုးနင်းစီ ‌ကြောင်သွားခဲ့ပြီး အံအားသင့်နေသည့် လေသံဖြင့် “ဆိုင်ပိုင်ရှင်ခန်က နောက်ထပ် ဆေးပညာရှင်တစ်ဦး ထပ်ငှားထားတာလား”

ဖန်းဟုန်သည် ကျိုးနင်းစီ နားနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။ ကျိုးနင်းစီ မျက်မှောင်ကြုတ်သွားပြီး ရန်ကိုင့်အား လှည့်ကြည့်လာခဲ့သည်။ ထို့နောက် ပြုံး၍ ပြောလိုက်၏။ “လူကြီးမင်း ဆေးပညာရှင်ရဲ့ နာမည်ကိုများ သိလို့ရမလား မသိဘူး”

“ရန်”

“ဒီတော့ ဆေးပညာရှင်ရန်ပေါ့။ ‌ရိုင်းပြသလို ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်” ကျိုးနင်းစီက ပြုံး၍ ပြန်ပြောလိုက်သည်။

“ဆေးပညာရှင်ရန်က ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အားကောင်းတဲ့ ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့ အပြင်ကိုမှ ဆေးပညာရှင်တစ်ဦးလည်း ဖြစ်နေသေးတယ်။ ကျွန်မ ဆေးပညာရှင်ရန်ကို တကယ် လေးစားသွားပြီ”

“ကျုပ်ကို လေးစားတဲ့လူတွေက အများကြီးပဲ” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။

ရန်ကိုင်၏ တုံ့ပြန်စကားကြောင့် ကျိုးနင်းစီ ဆွံအသွားခဲ့သည်။ ရန်ကိုင် ဤကဲ့သို့ ပြန်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အရမ်းကြီး စိတ်ထဲထားမနေခဲ့ဘဲ ပြုံး၍သာ ဆက်ပြောလိုက်သည်။ “ဒါဆို ဆေးပညာရှင်ရန် ကျွန်မတို့ ဆေးလုံးစံအိမ်ကို လာချင်မလားမသိဘူး။ ဆေးပညာရှင်ရန်ရဲ့ အနာဂတ် လုံး၀…”

“ကျိုးနင်းစီ…..” ကျိုးနင်းစီ ဆုံးအောင် မပြောနိုင်သေးခင်မှာပင် ခန်စစ်ရန်က ဒေါသတကြီး ထအော်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၀)

ကျိုးနင်းစီသည် သူတို့ဆိုင်မှ ဆေးပညာရှင်နှစ်ဦးကို မက်လုံးပေ၍ ဆွဲခေါ်သွားရုံမက ယခုတွင်လည်း ဖန်းဟုန်ကိုပါ ထပ်ခေါ်သွားခဲ့သည်။ သို့ရာတွင် ထိုမျှနှင့်ပင် မကျေနပ်သေးဘဲ ရန်ကိုင့်ကိုပါ ပစ်မှတ်ထားလာနေခဲ့လေသည်။ သူမလုပ်ရက်ကြောင့် ခန်စစ်ရန် အလွန်ကိုမှ ဒေါသထွက်နေခဲ့လေပြီ။

“ဆိုင်ပိုင်ရှင်ခန် ဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”

ကျိုးနင်းစီသည် ခန်စစ်ရန်အား နည်းနည်းလေးမှ မကြောက်ပေ။ တစ်ကယ်တော့ သူတို့နှစ်ယောက်လုံးသည် သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ အပြည့်အ၀ ပြောင်းလဲထားပြီးကြသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများပင် မဟုတ်ကြပေလော။ အခွင့်အရေးတစ်ခုခုနှင့် မကြုံရသေးသည့်အတွက်သာ တာအိုသခင် အဆင့်သို့ မချိုးဖျက်နိုင်သေးခြင်းဖြစ်သည်။

ကျိုးနင်းစီက နှုတ်ခမ်းလေးကွေးလျက် ဆက်ပြောလိုက်လေသည် “ကျွန်မက ဆေးပညာရှင်ရန်ကို စကားလေးနည်းနည်းလောက် ပြောလိုက်တာပဲဟာကို။ ရှင်ကဘာတွေ ဒီလောက်ဖြစ်နေတာလဲ”

ခန်စစ်ရန်၏ မျက်နှာသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဤနေရာသည် လှုပ်ရှားလို့ကောင်းသည့် နေရာတစ်ခုမဟုတ်မှန်း သိထားသည့်အတွက်ကြောင့် ပေါက်ကွဲလုမတက်ဖြစ်နေသော သူ့ဒေါသကို ပြန်လည် ချုပ်တည်းထားလိုက်လေသည်။

ခန်စစ်ရန်၏ အပြုအမူကိုမြင်သောအခါ ကျိုးနင်းစီသည် ရန်ကိုင့်ဘက်သို့လှည့်၍ ဆက်ပြောလိုက်လေသည်။

“ဆေးပညာရှင်ရန်၊ ကျွန်မကမ်းလှမ်းချက်ကို ဘယ်လိုထင်လဲ။ လစာအတွက်တော့ စိတ်မပူနဲ့နော်။ ဆိုင်ရှင်ခန်ပေးတာထက် နှစ်ဆကို ကျွန်မကပေးမှာ”

ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်၏ မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေသည်။ လျို့နင်းစီသည် ထိုစကားကိုသုံးကာ သူ့ဆိုင်မှ ဆေးပညာရှင်သုံးဦးကို ခေါ်ထုတ်သွားခဲ့ခြင်းဖြစ်သည်။ သူသည် ရန်ကိုင်နှင့် မရင်းနှီးသလို ရန်ကိုင့်အကြောင်းလည်း ဘာမှသိပ်မသိချေ။ ထို့ကြောင့် ကျိုးနင်းစီ၏ ကမ်းလှမ်းချက်ကို ရန်ကိုင် လက်ခံမလား၊ လက်မခံဘဲ နေမလား သူမပြောတတ်ပေ။ ခန်စစ်ရန်သည် စိုးရိမ်တကြီး အမူအရာဖြင့် ရန်ကိုင့်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ရန်ကိုင်က စိတ်၀င်တစား အမူအရာဖြင့် ပြုံးကာပြောလိုက်၏ “တစ်ကယ်ပြောတာလား”

“တစ်ကယ်ပြောတာပေါ့” ကျိုးနင်းစီက ပြုံးလျက်

“ဆေးပညာရှင်ရန် မယုံလို့ရှိရင် ဆေးပညာရှင်ဖန်းကို မေးကြည့်လို့ရတယ်။ လစာတင်မဟုတ်သေးဘူးနော် ဆေးပညာရှင်ရန်ရဲ့ နေ့တဒူဝ ကိစ္စတွေကိုလုပ်ပေးဖို့ အစေခံလှလှလေး လေးယောက်ကိုလည်း ခန့်ထားပေးဦးမှာ”

ယောင်္ကျားများသည် စွမ်းအားနှင့် ချမ်းသာကြွယ်၀မှုများနောက်သို့ လိုက်ကြောင်း ကျိုးနင်းစီ ကောင်းကောင်းသိထားသည်။ ထို့ကြောင့် ဤကဲ့သို့သော နည်းလမ်းများကိုသုံး၍ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆေးပညာရှင်များကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သူမ၏ နည်းလမ်းမှာလည်း အမှန်တစ်ကယ်ကိုမှ အလုပ်ဖြစ်ပေသည်။ တစ်လအတွင်းမှာပင် ခန်စစ်ရန်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်သုံးဦးကို လက်လွှတ်လိုက်ရလေ၏။ ရန်ကိုင်သည်လည်း အရူးမဟုတ်သ၍ သူမ၏ ကမ်းလှမ်းချက်ကို သဘောတူပေလိမ့်မည်။

“ဆိုင်ရှင်ကျိုးရဲ့ ကမ်းလှမ်းချက်ကတော့ တစ်ကယ်ကို စိတ်၀င်စားစရာပဲ” ရန်ကိုင်သည် ကျိုးနင်းစီနောက် ကပ်၍လိုက်ပါလာသော အစေခံမလေးများကို ကြည့်၍ ပြောလိုက်လေသည်။

ရန်ကိုင့်မျက်နှာထက်ရှိအမူအရာကိုမြင်သော် ဖန်းဟုန်မျက်လုံးထဲ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားလေသည်။ ရန်ကိုင်သည် မည်သည့် ကိုယ်ကျင့်သိက္ခာမှ မရှိသည့်လူတစ်ယောက်ဟု တွေးလိုက်၏။ သို့သော်လည်း သူ့အခြေအနေကို ပြန်အမှတ်ရမိသည့်အခါ ရှက်သွားလေသည်။ သူ့တွင် ရန်ကိုင့်အား အထင်သေးရန် မည်သည့်အခွင့်အရေးမှ ရှိမနေခဲ့ပေ။ သူသည် ကျိုးနင်းစီ၏ ကမ်းလှမ်းချက်ကို လက်ခံခဲ့သူ မဟုတ်ပေလော။

“ဆေးပညာရှင်ရန်၊ မင်း” ခန်စစ်ရန်သည် ရန်ကိုင့်အား စိတ်ပေါက်ပေါက်ဖြင့် လှမ်းကြည့်လိုက်လေသည်။

သူ့စိတ်ထဲ ပြောချင်နေသည့် စကားလုံးများစွာ ရှိသော်လည်း ထုတ်မပြောနိုင်ဘဲ ကူကယ်ရာမဲ့စွာဖြင့်သာ သက်ပြင်းချလိုက်နိုင်သည်။ ရန်ကိုင်နှင့် ဝိဉာဉ်စာချုပ် ချုပ်ဆိုခဲ့သော်လည်း ထိုစာချုပ်မှ ရန်ကိုင်မှ ဆေးညွှန်းများအား အခြား မည်သူ့ကိုမှ လျှောက်မပြောရဟုသာ ပြောထားခဲ့သည်။ ရန်ကိုင်သည် မည်သည့် ဆေးညွှန်းကိုမှ မရသေးသဖြင့် ထိုစာချုပ်မှာ အသက်မ၀င်သေးဟု ပြော၍ရပေသည်။ ခန်စစ်ရန် အလွန်ကိုမှ စိတ်ညစ်နေခဲ့သည်။

ဤသို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် စာချုပ်ချုပ်ဆိုကတည်းက အခြားအမျိုးမျိုးသော အကြောင်းအရာများကိုပါ ထည့်သွင်းချုပ်ဆိုခဲ့၏။ သို့သော်လည်း ယခုမှ နောင်တရနေရန် နောက်ကျလွန်းနေပေပြီ။

ကျိုးနင်းစီမှာတော့ စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ ပိတ်ရတော့မည့် အရေးကိုတွေးရင် တပြုံးပြုံး ဖြစ်နေ၏။

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကိုသာ ပိတ်အောင်လုပ်နိုင်ခဲ့မည်ဆိုပါက ကုန်သွယ်ရေး အဖွဲ့အစည်း၏ အထက်အရာရှိများထံမှ ဆုလာဒ်များစွာကို ရနိုင်ပေလိမ့်မည်။ ထို့ထက်ပို၍ မေပယ်မြို့ထက် ကြီးမားသည့် မြို့တစ်မြို့သို့ပင် ရာထူးတိုးပြီး ရွှေ့ပြောင်းကောင်း ရွှေ့ပြောင်းရနိုင်၏။

သူမစိတ်ထဲ၀မ်းသာပီတိ ဖြစ်နေစဉ်မှာပင် ရန်ကိုင်က ကို့ယို့ကားယား အမူအရာဖြင့် ပြန်ပြောလိုက်၏ “ဆိုးတာပဲ”

“ဘာဆိုးတာလည်း” ကျိုးနင်းစီ မျက်မှောင်ကြုတ်သွားလေသည်။

“ဆိုင်ရှင်ကျိုးရဲ့ ကမ်းလှမ်းချက်က အရမ်းကို ကောင်းနေတယ်ဆိုရင်တောင် ဒီရန်က ဆိုင်ရှင်ခန်နဲ့ ဝိဉာဉ်စာချုပ် ချုပ်ထားတာဆိုတော့ ဘယ်လိုမှကို လက်ခံလို့မရဘူး” ရန်ကိုင်က နောင်တရနေသည့် လေသံဖြင့် သက်ပြင်းချလိုက်လေသည်။

ခန်စစ်ရန်အံအားသင့်သွားပြီး ချက်ချင်းပဲ ရန်ကိုင့်အား ၀မ်းသာအားရဖြင့် လှမ်းကြည့်လိုက်လေသည်။ ဝိဉာဉ်စာချုပ်ထဲတွင် မည်သည့်အကြောင်းအရာများ ပါသလဲဆိုသည်ကို သူနှင့် ရန်ကိုင်သာသိလေသည်။ ရန်ကိုင်ဤကဲ့သို့ ပြောလိုက်ခြင်းမှာ ကျိုးနင်းစီ၏ ကမ်းလှမ်းချက်ကို လက်မခံချင်သည့်အတွက်ကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ခန်စစ်ရန် အံအားသင့်သွားရခြင်း ဖြစ်သည်။

သူ့စိတ်ထဲ ရန်ကိုင့်ကို ကျေးဇူးတင်မိသွားလေသည်။ ရန်ကိုင်အနေဖြင့် ကျိုးနင်းစီ၏ ကမ်းလှမ်းချက်ကို လက်ခံသွားမည်ဆိုလျှင်ပင် ‌သူ့အနေဖြင့် ကျိန်ဆဲနေရုံမှအပ ဘာမှတတ်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူတို့၏ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် မည်သည့် ဆေးပညာရှင်မှ မရှိတော့သည့်အတွက် ဆေးဆိုင်ကိုလည်း ပိတ်ရပေလိမ့်မည်။ ရန်ကိုင့်၏ သဘောထားသည် ခန်စစ်ရန်အတွက် အသက်ကယ် ကောင်ရိုးမျှင်တစ်မျှင် ဖြစ်လာခဲ့သည်။

“ဝိဉာဉ်စာချုပ်” ကျိုးနင်းစီ ထိတ်လန့်သွားခဲ့လေသည်။

“ဆိုင်ပိုင်ရှင်ခန်က တစ်ကယ်ကို မီးကုန်ယမ်းကုန် လုပ်နေတာပဲ။ ဝိဥာဉ်စာချုပ်တွေကိုတောင် မချန်တော့ဘူး”

ခန်စစ်ရန်က အေးစက်စက်အမူအရာဖြင့်သာ နှာခေါင်းရှုံ့လိုက်လေသည်။

“ငါ့မှာလည်း နည်းလမ်းမှမရှိတော့တာ”

“ဆိုင်ရှင်ကျိုး ဒီလိုဆိုရင်ရော ဘယ်လိုလည်း” ရန်ကိုင်က လျို့နင်းစီအား ပြုံးကာ ကြည့်လိုက်လေသည်။

“ကျုပ် ဆိုင်ပိုင်ရှင်ခန်အတွက်ရော၊ ခင်ဗျား အတွက်ပါ ဆေးဖော်စပ်ပေးမယ်။ အရင်ပြောထားတာရဲ့ တစ်ဝက်ပဲပေး”

“အိမ်မက်ပဲ မက်နေလိုက်” လျို့နင်းစီသည် ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်ရင်း ခတ်ပြတ်ပြတ်သာ ပြန်ပြောလိုက်လေသည်။

ရန်ကိုင်သည် ခန်စစ်ရန်နှင့် ဝိဉာဉ်စာချုပ် ချုပ်ဆိုထားပြီးမှန်း သိပြီးနောက်တွင် ရန်ကိုင့်အား မည်သို့မှခေါ်၍ ရတော့မည်မဟုတ်မှန်း ကျိုးနင်းစီ နားလည်သွားခဲ့သည်။ ထို့ကြောင့် ရန်ကိုင်နှင့် ဆက်စကားမပြောချင်တော့သည့်အတွက် ခတ်ပြတ်ပြတ်သာ ပြန်ပြောချလိုက်လေသည်။ ရန်ကိုင့်အား ခေါ်လို့မရမှဖြင့် သူ့အား ယဉ်ကျေးစွာ ဆက်ဆံနေလို့ရော ဘာထူးဦးမည်နည်း။

အထက်အောက် ပြောင်းပြန်လှန်လိုက်သလို ရုတ်တရက်ကြီး ပြောင်းလဲသွားသော ကျိုးနင်းစီ၏ သဘောထားကိုကြည့်ရင်း ရန်ကိုင် အနည်းငယ် ကြောင်သွားလေသည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသို့ လာရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားပြီးဖြစ်၍ ကျိုးနင်းစီသည် ရန်ကိုင်နှင့် ဆက်၍ အချိန်ဖြုန်းမနေတော့ပေ။ လှောင်ပြုံးပြုံး၍သာ ပြောလိုက်၏။

“ဆိုင်ပိုင်ရှင်ခန်။ ရှင့်မှာအခု ဆေးပညာရှင်တစ်ယောက်ပဲ ရှိတော့တာနော်။ ရှင်ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့။ ကျွန်မသွားပြီ”

ပြောပြီးသည်နောက် သူမ၏ အစေခံများကို ဦးဆောင်၍ ထွက်သွားလေသည်။ ဖန်းဟုန်လည်း ဆက်နေလျှင် မျက်နှာပူရမည် ဖြစ်သည့်အတွက် အလျင်စလို ပြေးလိုက်သွားလေ၏။ ခန်စစ်ရန်မှာတော့ မျက်မှောင်ကြီးကြုတ်၍သာ ကျန်နေခဲ့ပေသည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ကြုံတွေ့နေရသည့် ပြဿနာမှာ ငြိမ်းအေးမသွားပေ။

ရန်ကိုင် ၀င်လာသည့်အခိုက်အတန့်တွင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၌ ဆေးပညာရှင်နှစ်ဦး ဖြစ်လာပြီ ဖြစ်သည့်အတွက်နောက် အနည်းဆုံး နောက်ထပ် နှစ်လလောက် ဆက်ပြီး တောင့်ခံနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ရန်ကိုင် ရောက်လာပြီးပြီးချင်းမှာပင် ဖန်းဟုန်ထွက်သွားမည်ဟု သူမည်သို့ ထင်ထားပါမည်နည်း။

အခြေအနေသည် လုံး၀ပြောင်းလဲသွားခြင်းမရှိခဲ့ပေ။ လက်ရှိအခြေအနေရ ရန်ကိုင်၏ ဆေးစွမ်းရည်သည် ဖန်းဟုန်ထက် မြင့်မားပါစေဟု ဆုံးတောင်းနေရုံသာ တတ်နိုင်တော့သည်။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်နိုင်ချေမှာ သိပ်မရှိလှ။ ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထို့အပြင်ကိုမှ သူသည် ဆေးပညာအား သိုင်းတာအိုကို ထောက်ပံ့ပေးရန်အတွက်သာ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ဆေးပညာသည် ဖန်းဟုန်ထက် သာစရာအကြောင်းတော့ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ရန်ကိုင့်၏ အပြုအမူသည် ခန်စစ်ရန်အား အတော်လေးကို ကျေနပ်သွားစေခဲ့သည်။ အနည်းဆုံး ရန်ကိုင်သည် ယုံကြည်ထိုက်သူတစ်ဦးဖြစ်သည်။ အခန်းထဲသို့ ပြန်ရောက်လာပြီးနောက်တွင် ခန်စစ်ရန်က လက်သီးဆုပ်၍ အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်။

“ဒီနေ့ကိစ္စအတွက် ဆေးပညာရှင်ရန်ကို ဒီလူအိုကြီး တစ်ကယ်ကျေးဇူးတင်ပါတယ်။ ဆေးပညာရှင်ရန်ကြောင့်သာ မဟုတ်ရင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ တစ်ကယ်ကို မျက်နှာပျက်ရတော့မှာ”

ရန်ကိုင်က လက်ဝှေ့ယမ်း၍ပြောလိုက်လေသည်။

“ဆိုင်ပိုင်ရှင်ခန် အခုလိုလုပ်နေစရာမလိုပါဘူး။ ဒီရန် လုပ်လိုက်တာ ဘာမှချီးကျူးစရာမရှိပါဘူး”

ခန်စစ်ရန်က ပြုံး၍ပြန်ပြောလိုက်၏

“ဒီလိုအိုကြီး နည်းနည်းလေး နားမလည်နိုင်တာ တစ်ချက်တော့ရှိတယ်။ ဆိုင်ရှင်ကျိုးရဲ့ ကမ်းလှမ်းချက်က ဒီလူအိုကြီးကမ်းလှမ်းထားတာထက် အများကြီး ပိုသာတာကို ဆေးပညာရှင်က ဘာလို့..”

“ဘာလို့ လက်မခံတာလဲ မေးချင်တာမလား။ ကျုပ် လွန်ခဲ့တဲ့သုံးရက်တုန်းက သူတို့ ဆေးစံအိမ်ကို ဆေးညွှန်း၀ယ်ဖို့ဆိုပြီး သွားကြည့်လိုက်သေးတယ်။ ဒါပေမဲ့ ဆေးညွှန်းပြဖို့မပြောနဲ့၊ အော်ဟစ်ပြီးတော့တောင် ကျုပ်ကို မောင်းထုတ်လိုက်သေးတယ်”

“အဲ့တာကြောင့်လား” ခန်စစ်ရန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။

“အခြား ဘယ်လိုအကြောင်းပြချက်မျိုး ဆိုင်ပိုင်ရှင်ခန် မျှော်လင့်နေတာလဲ” ရန်ကိုင်က ရယ်မော၍ ပြန်ပြောလိုက်သည်။

“ဒီလူအိုကြီး နားလည်သွားပြီ။ ဒီတော့ ကျုပ်တို့ ဆွေးနွေးနေတာကို ပြန်ပြောကြတာပေါ့။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆေးပညာရှင်ရန်အတွက် လစာနှစ်မျိုး ပေးထားတယ်။ တစ်ခုက ပုံသေလစာ။ အစတုန်းကတော့ ပုံမှန်အတိုင်းပဲပေးဖို့ စဉ်းစားထားပေမဲ့ ဒီလူအိုကြီး စိတ်ပြောင်းသွားပြီ။ ဆေးပညာရှင်ရန်ကို ပုံသေလစာရဲ့ နှစ်ဆပေးမယ်”

ရန်ကိုင့်၏ လုပ်ရက်အပေါ် ကျေးဇူးတင်သည့် အတွက်ကြောင့်လားမသိ။ ထိုသို့မဟုတ်ဘဲ ကျိုးနင်းစီ ပေးသည့်လစာကို ကြားလိုက်သည့်အတွက်ကြောင့်လားမသိ ခန်စစ်ရန်သည် လစာကိစ္စနှင့် ပတ်သတ်၍ ကပ်စေးနဲမနေတော့ဘဲ ချက်ချင်း နှစ်ဆတိုးပေးလိုက်လေသည်။

“နောက်တစ်ခုကတော့ ရာခိုင်နှုန်းနဲ့ ပေးတာပဲ။

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆေးပညာရှင်ရန် ဆေးဖော်စပ်ဖို့အတွက် လိုအပ်တဲ့ ဆေးအမယ်တွေ အားလုံးကို ထောက်ပံ့ပေးမယ်။ ဆေးပညာရှင်ရန် ဖော်စပ်လိုက်တဲ့ ဆေးလုံးတွေကို ရောင်းလို့ရတဲ့ ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို ဆေးပညာရှင်ရန်ကို ပြန်ပေးမယ်။ ဆေးပညာရှင်ရန် ဘယ်..”

“ဒုတိယတစ်ခုအတိုင်းပဲ သွားကြတာပေါ့” ရန်ကိုင်သည် ခန်စစ်ရန် စကားဆုံးအောင်ပင် စောင့်မနေတော့ဘဲ ဖြတ်ပြောလိုက်လေသည်။

ခန်စစ်ရန်ကြောင်သွားခဲ့လေသည်။ ရန်ကိုင် ပထမတစ်ခုကို ရွေးချယ်လိမ့်မည်ဟု သူထင်နေခဲ့ခြင်းဖြစ်သည်။ တစ်ကယ်တော့ ဒုတိယတစ်ခုအား ရွေးချယ်သည့် ဆေးပညာရှင်များသည် သူတို့၏ ဆေးဖော်စပ်စွမ်းရည်ကို ယုံကြည်ကြသည့် ဆေးပညာရှင်များသာ ဖြစ်ကြသည်။

ဆေးပညာအား အထောက်အကူ ပညာရပ် တစ်ခုအဖြစ်သာ လေ့ကျင့်ခဲ့သူတစ်ဦးသည် အကျိုးအမြတ်များများ ရနိုင်ရန်အတွက် ပထမတစ်ခုကိုသာ ရွေးချယ်ကြပေလိမ့်မည်။ သို့သော်လည်း ခန်စစ်ရန် မမျှော်လင့်ထားစွာပင် ရန်ကိုင်သည် ဒုတိယတစ်ခုကို တကယ်ကြီး ရွေးချယ်သွားခဲ့ပေသည်။

‘ဆေးပညာရှင်ရန်က တစ်ကယ်ကြီး ဆေးပညာရှင် တစ်ယောက်လား’ ခန်စစ်ရန် တွေးလိုက်မိသည်။

သို့သော်လည်း ဆက်၍မေးလိုက်ပေသေးသည်။

“ဆေးပညာရှင်ရန် သေချာစဉ်းစားဦးနော်။ ခုနတုန်းက ထွက်သွားတဲ့ ဆေးပညာရှင်ဖန်းက ပထမပုံစံနဲ့ပဲသွားတာ”

“မလိုဘူး” ရန်ကိုင် ခေါင်းခါလိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင်က ဒုတိယတစ်ခုကို အတိုင်းသာ ယူမည်ဟု ပြောနေသဖြင့် ခန်စစ်ရန်လည်း ဘာမှ ဆက်ပြောမနေတော့ပေ။

ယခု ရလာသည့်အကျိုးအမြတ်အပေါ် မည်သည့် အတိုင်းအတာဖြင့် ခွဲဝေယူမလဲဆိုသည်ကို ဆွေးနွေးရန်သာ ကျန်ရှိတော့သည်။ ပုံမှန်အားဖြင့် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာနှင့် သူတို့ ငှားထားသည့် ပညာရှင်များ အကျိုးအမြတ်ကိုခွဲဝေ ယူသည့်နှုန်းမှာ ‌ဆုံးဆယ် ခုနှစ်ဆယ်ဖြစ်သည်။ ဆေးဖော်စပ်ပေးသည့် ဆေးပညာရှင်သည် သုံးဆယ်ရာခိုင်နှုန်းကိုယူပြီး ကျန်ခုနှစ်ဆယ် ရာခိုင်နှုန်းကို စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ယူပေသည်။

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသည် လိုအပ်သော ဆေးအမယ်အားလုံးကို ထောက်ပံ့ပေးရပြီး ဆေးလုံးများကိုလည်း ရောင်းချပေးရသည်။ ဆေးပညာရှင်များကမူ ဆေးဖော်စပ်ပေးရုံသာ ရှိပေသည်။ ထို့ကြောင့် သူတို့အား သုံးဆယ်ရာခိုင်နှုန်းသာ ပေးသည်မှာ အဆိုးကြီးတော့မဟုတ်ပေ။ သို့သော်လည်း ခန်စစ်ရန်သည် ရန်ကိုင့်အား လေးဆယ် ခြောက်ဆယ် ပေးမည်ဟုပြောလာခဲ့သည်။ သူ့ဘက်က တိုးပေးလာခြင်း ဖြစ်လေရာ ရန်ကိုင်ကလည်း ဘာကြောင့်များ ငြင်းနေရဦးမည်နည်း။

နောက်ဆုံး သဘောတူညီချက် ရပြီးနောက်တွင် ခန်စစ်ရန်က မေးလိုက်လေသည် “ဆေးစမဖော်စပ်ခင် ဆေးပညာရှင်ရန် နည်းနည်းလောက် နားချင်သေးလား”

ရန်ကိုင်က ပြုံးလျက် ပြန်ပြောလိုက်၏ “စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ လက်ရှိအခြေအနေနဲ့ ကျုပ်နားလို့ရော ဖြစ်ပါ့ဦးမလား။ မနားတော့ဘူး။ အခုပဲ စကြတာပေါ့။ ဆိုင်ပိုင်ရှင်ခန် ကျုပ်ကို ဆေးညွှန်းအရင် လုပ်ပေးပါဦး။ အဲ့‌ဆေးညွှန်းတွေကို နှစ်ရက်လောက် လေ့လာကြည့်မယ်။ ပြီးတာနဲ့ ဆေးစဖော်စပ်ပေးမယ်”

“ဒါပေါ့ ဒါပေါ့။ သေချာပြင်ဆင်ပြီးမှ ဆေးဖော်စပ်ရမှာပေါ့”

‌ပြောပြီးသည့်နောက် ခန်စစ်ရန်သည် ဆေးညွှန်းအပုံလိုက်ကို ထုတ်ယူလိုက်လေသည်။ ထို့နောက် ရန်ကိုင့်ဆီသို့ ပေးကာပြောလိုက်၏။

“ဆေးပညာရှင်ရန် ကျေးဇူးပြုပြီး ကျုပ်နဲ့ ဆေးဖော်စပ်မယ့် အခန်း‌ဆီ လိုက်ခဲ့ပေးပါ”

စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် ကိုယ်ပိုင် ဆေးဖော်စပ်သည့်အခန်း ရှိပေသည်။ ထိုဆေးဖော်စပ်ခန်းထဲတွင် ‌ဆေးပညာရှင်များ ဆေးဖော်စပ်နိုင်ရန် မြေမီးတောက်များ အဆင်သင့် ရှိနေခဲ့၏။ ထိုဆေးဖော်စပ်သည့်အခန်းသည် မြေပြင်မှ မီတာတစ်ရာ အနက်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ထိုအခန်းအား သုံးနေသည့် ဆေးပညာရှင်သုံးဦး ရှိသော်ငြား ယခုမူ ရန်ကိုင်တစ်ဦးသာ ရှိတော့ပေသည်။

All Chapters