← Chapters

အခန်း (၁၉၈၆-၁၉၉၀)

Vol. 80 Ch. 1986-1990

အခန်း (၁၉၈၆-၁၉၉၀)

Vol. 80 Ch. 1986-1990

အပိုင်း (၁၉၈၆)

“ရှင်တို့တကယ် မတရားတဲ့ကောင်တွေ၊ ဒီပစ္စည်းကို ကျွန်မအရင်ဝယ်ထားတာကို ဘာလို့ ရှင်တို့ကို ပေးရမှာလဲ” မိုရှောင်ချီသည် တစ်ခုခုကိုကိုင်ထားပြီး ကျောနောက်တွင် ဝှက်ထားရင်းမှ သူမရှေ့ရှိ လူအုပ်ကြီးကို အကြောက်အလန့် ကင်းကင်းဖြင့် ပြန်ပြောလိုက်လေသည်။

“ကောင်မလေး၊ နင်မထိန်းနိုင်တဲ့အရာကို မလိုချင်စမ်းနဲ့။ ငါတို့ သခင်လေးက တစ်ခုခုကို လိုချင်ပြီဆိုရင် ရအောင် ယူတတ်တယ်။ ဈေးဘယ်လောက်လဲပြော၊ နင်ဝယ်ခဲ့တာရဲ့ နှစ်ဆပေးပြီး ပြန်ဝယ်မယ်။ ပြဿာနာမဖြစ်ချင်ရင် ငါပြောတဲ့အတိုင်း လုပ်လိုက်” တစ်ဖက်အဖွဲ့မှ လူကြီးသည် သူ့အရှိန်အဝါကို ထုတ်လွှတ်ရင်း အေးစက်စက် အမူအရာဖြင့် ပြောလိုက်၏။

“ဘာလို့ ရှင်တို့ပြောတဲ့အတိုင်း လုပ်ရမှာလဲ” မိုရှောင်ချီက ပြန်အော်ပြောလိုက်ပြီးနောက် ဆိုင်ပိုင်ရှင်ဘက်သို့ လှည့်၍ “ကျွန်မကိုပြော၊ ကျွန်မရှင့်ဆီက အရင်ဝယ်ခဲ့တာ မဟုတ်ဘူးလား”

လူအိုကြီးသည် မိုရှောင်ချီကိုတစ်လှည့်၊ တစ်ဖက် အဖွဲ့ကိုတစ်လှည့် ကြည့်ရင်း ခြောက်ကပ်ကပ် အမူအရာဖြင့် ရယ်မော၍ “ထင်တာပဲ”

“ဘာထင်တာလဲ” မိုရှောင်ချီက လူအိုကြီးအား အံ့ဩတကြီးဖြင့်ကြည့်၍ “အရင်းအမြစ်ကျောက်တောင် ပေးပြီးသွားပြီကို ဘယ်လိုလုပ်ပြီး ထင်ရတယ် ဖြစ်သွားတာလဲ။ ကျွန်မ ရှင့်ကိုတောင် ပိုပေးလိုက်သေးတယ်လေ။ အဲ့ဒါတောင် ကျေးဇူးမတင်ဘဲ လာပြီး ဝေ့လည်ကြောင်ပတ် လုပ်နေတယ်”

လူအိုကြီးလည်း ဘာပြန်ပြောလို့ပြောရမှန်းမသိသဖြင့် ပါးစပ်သာ ပိတ်နေလိုက်လေသည်။

တစ်ဖက်တွင် ရပ်နေသော လူငယ်လေးက ရုတ်တရက် ရယ်မော၍ လူအိုကြီးဘက်သို့လှည့်ကာ ပြောလိုက်လေသည် “လူအိုကြီး၊ ခင်ဗျား အဲ့ကောင်မလေးကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ”

တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက်တွင် လူအိုကြီးက ရှက်ရှက်ဖြင့် ပြန်ပြောလိုက်လေသည် “ရှစ်ထောင်”

“ရှစ်ထောင်ပဲလား။ ဒီသခင်လေး တစ်သောင်းပေးမယ်၊ ဘယ်လိုလဲ” လူငယ်လေးက လူအိုကြီးကို ပြုံးကာကြည့်၍ ပြောလိုက်လေသည်။

“တစ်သောင်းလား” ထိုစကားကို ကြားသည့်အခါ လူအိုကြီး ပျော်သွားပြီး ချက်ချင်းပဲ ခေါင်းညိတ်လိုက်လေ၏ “ရတယ်လေ….”

သို့သော်ငြား ထိုသို့ပြောပြီးနောက် ရှက်သွားသည့် အမူအရာဖြင့် “ဒါပေမယ့် အဲ့ဒါကို ဒီကောင်မလေးက ဝယ်ပြီးသွားနေပြီ”

“အဲ့တော့ဘာဖြစ်လဲ၊ စီးပွားရေးလုပ်နေတာပဲ။ အများဆုံးပေးနိုင်တဲ့လူကို ရောင်းတာ ဘာထူးဆန်းလို့လဲ” လူငယ်လေးက ပြုံးရင်း မိုရှောင်ချီဘက်သို့လှည့်၍ “ကောင်မလေး၊ နင်တွေ့တယ်မလား။ ဈေးပိုပေးတဲ့လူကို ရောင်းမယ်လို့ ပိုင်ရှင်တောင် ပြောနေပြီ။ အဲ့ပစ္စည်း ငါ့ကို ပေးပေတော့”

“ဈေးပိုပေးတဲ့လူက အနိုင်လား” မိုရှောင်ချီက အံကြိတ်၍ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် လူငယ်လေး ဘာမှ မပြောနိုင်သေးခင်ပင် ဆက်၍ ပြောလိုက်လေသည် “ကောင်းပြီလေ။ အဲ့ဒါဆို ကျွန်မ နှစ်သောင်းပေးမယ်”

ထိုစကားကို ကြားသည့်အခါ လူအိုကြီး ပို၍ပင် ဝမ်းသာသွားခဲ့လေသည်။ သူ့ပစ္စည်းကို ဤမျှ ဈေးများများဖြင့် ရောင်းရလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သို့သော်လည်း ထိုနှစ်ဦး၏ ပုံစံကိုမြင်ပြီးနောက် ဤပစ္စည်းသည် အတော်လေး တန်ဖိုးကြီးရမည်မှန်း နားလည်သွားခဲ့လေသည်။ သူကသာ ဘာပစ္စည်းမှန်း မသိသည့်အတွက် ဈေးနည်းနည်းဖြင့် ရောင်းမိလိုက်ခြင်း ဖြစ်သည်။

မိုရှောင်ချီပေးသည့် ဈေးကို ကြားသည့်အခါ လူငယ်လေး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ထို့နောက် အံကြိတ်၍ အော်ပြောလိုက်လေသည် “ဒီသခင်လေးနဲ့ လာပြိုင်ချင်တာလား၊ ရတယ်လေ။ ငါသုံးသောင်းပေးမယ်”

“ငါးသောင်း” မိုရှောင်ချီက ပြန်ပြောလိုက်သည်။ သူပေးသည့်ဈေးကို ကြာပြီးနောက်တွင် လူငယ်လေးမှာ မေ့ပင်လဲကျလုမတတ် ဖြစ်သွားခဲ့လေသည်။

နောက်ဆုံး ဈေးထပ်မပေးနိုင်သည့်နောက်တွင် လူငယ်လေးက ဒေါသတကြီး အော်ဟစ်လိုက်လေသည် “ကောင်မလေး၊ ဒီသခင်လေး ဘယ်သူလဲ နင်မသိဘူးလား။ ငါ့လိုလူတစ်ယောက်ရဲ့ပစ္စည်းကို နင်ဘယ်လို ခိုးယူရဲတာလဲ”

“ရှင်က ဘယ်သူမို့လို့လဲ” မိုရှောင်ချီက လူငယ်လေးအား ရွံရှာစက်ဆုပ်ဟန်ဖြင့် စိုက်ကြည့်ရင်း “ပြီးတော့ ဘယ်သူ့ကို ခိုးတယ်ပြောနေတာလဲ။ ရှင်ကပဲ ကျွန်မ ဝယ်ထားတဲ့ ပစ္စည်းကို မရမက လာလုနေတာ မဟုတ်ဘူးလား”

“နင့်က အခေါင်းမြင်မှ နောင်တရမယ့်လူစားပေါ့။ ကောင်းပြီလေ။ ဒီသခင်လေး ဘယ်သူမှန်း ပြောရသေးတာပေါ့။ ဒီသခင်လေးက သူတော်စင်နန်းတော်ရဲ့ သခင်လေး၊ နင်ယွမ်ချန်းပဲ။ ကိုယ့်အဆင့်ကိုယ်သိရင် အဲ့ပစ္စည်းကို ပေးလိုက်တော့။ မဟုတ်ရင်… ပစ္စည်းကော၊ လူပါ ထွက်သွားလို့ မရတော့ဘူးမှတ်”

နင်ယွမ်ချန်းသည် မိုရှောင်ချီအား မိစ္ဆာဆန်ဆန် စိုက်ကြည့်ရင်း စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။

“သူတော်စင်နန်းတော်က နင်ယွမ်ချန်းလား”

“အဲ့ကောင်မလေးတော့ ပြဿနာတက်ပြီနဲ့တူတယ်”

နင်ယွမ်ချန်း၏ စကားဆုံးသွားသည်နှင့် မိုရှောင်ချီ ဘာမှပြန်မပြောနိုင်သေးခင်မှာပင် ဘေးပတ်လည်ရှိ လူအုပ်ကြီးဆီမှ တီးတိုးပြောသံများ ထွက်ပေါ်လာခဲ့သည်။

သူတော်စင်နန်းတော်သည် တောင်ဘက်နယ်မြေထဲ၌ ပထမအဆင့် အင်အားစုတစ်ခုထဲ မပါဝင်သော်ငြား ကောင်းကင်တိုက်ပွဲဒိုဂျို၊ ရှေးဟောင်းဘုရားကျောင်း၊ နေမင်းပြာကျောင်းတော်တို့နှင့် အဆင့်တူတွင် ရှိနေသည့် အင်အားစုတစ်ခု ဖြစ်နေပေသေးသည်။ ထို့ကြောင့် သူတော်စင်နန်းတော်၏ သခင်လေးတစ်ဦးဖြစ်သည့် နင်ယွမ်ချန်းသည် တောင်ဘက်နယ်မြေထဲ၌ အတော်လေး နာမည်ကျော်ကြားသည်ဟု ပြော၍ရပေသည်။

သူ့နာမည်ကိုကြားပြီးနောက် တစ်ဖက်လူ ကြောက်သွားလိမ့်မည်ဟု တွေးလျက် နင်ယွမ်ချန်း ပြုံးဖြီးဖြီး လုပ်နေခဲ့လေသည်။

ဒီကောင်မလေးက မျက်နှာသာ ကြည့်ရအဆင်မပြေတာ၊ ကိုယ်လုံးကိုယ်ပေါက်က ရှယ်ပဲ။ အဲ့ရင်ဘတ်ကြီးကိုသာ ဆွဲစိလိုက်ရရင် တကယ် မိုက်မှာ

မျက်နှာသည် ကြည့်ရအဆင်မပြေလျှင်ပင် မီးပိတ်ပြီး လုပ်နိုင်ပေသည်။

“သူတော်စင်နန်းတော်၊ တစ်ခါမှမကြားဖူးဘူး” မိုရှောင်ချီသည် မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်၏။

နင်ယွမ်ချန်း၏ မြောက်ကြွမြောက်ကြွ အမူအရာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ သူနှင့်အတူ ပါလာသည့် သူတော်စင်နန်းတော်မှ တပည့်များမှာလည်း မျက်နှာပျက်ကုန်ကြလေသည်။

“ရဲတင်းလိုက်တာ။ ငါတို့ သူတော်စင်နန်းတော်ကို လာစော်ကားရဲတယ်ဆိုမှတော့ သူတော်စင်နန်းတော်ဆိုတာ ဘာလဲသိသွားအောင် လုပ်ပေးရသေးတာပေါ့” နင်ယွမ်ချန်းက ခက်ထန်သည့် အမူအရာဖြင့် အော်ပြောလိုက်၏။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ တစ်ပြိုင်တည်း လှုပ်ရှားလိုက်ကြလေသည်။

မေပယ်မြို့တွင် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိသည်။ ထိုမျှလောက်သောလူကို သူတို့ ဘာကြောင့်များ ဂရုစိုက်နေရဦးမည်နည်း။ ထို့အပြင် ဤနေရာသည် မှောင်ခိုဈေးကွက်ဖြစ်သည်။ သူတို့ တိုက်ခိုက်မည် ဆိုလျှင်ပင် မည်သူမှ သူတို့အား လာပြဿနာရှာရဲလိမ့်မည် မဟုတ်ချေ။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူသုံးဦးသည် အားလုံးထက်စော၍ မိုရှောင်ချီရှေ့သို့ ရောက်လာခဲ့သည်။ နှစ်ဦးသည် မိုရှောင်ချီ၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး ကျန်တစ်ဦးသည် သူမဝမ်းဗိုက်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။

ထိုမြင်ကွင်းကိုကြည့်ရင်း လူအုပ်ကြီး ကောင်မလေးကို သနားသွားကြလေသည်။ သူတော်စင်နန်းတော်မှ လူများသည် ယောကျာ်းကြီတန်းမယ့် အားနည်းသည့် ကောင်မလေး တစ်ဦးကို ဝိုင်းတိုက်ခိုက်နေကြသည်။

ရန်ကိုင်ကမူ မကြည့်ရက်တော့သည့်အတွက် အခြားဘက်သို့ အကြည့်လွှဲဖယ်လိုက်လေသည်။ သို့ရာတွင် လူအုပ်ကြီးနှင့် မတူသည်မှာ ရန်ကိုင်သည် မိုရှောင်ချီကို သနားနေခြင်းမဟုတ်ဘဲ၊ သူတော်စင်နန်းတော်မှ ကျင့်ကြံသူများကိုသာ သနားနေခြင်းဖြစ်သည်။

ကြည်လင်ကောင်းကင်တောင်၌ ဖြစ်ပွားခဲ့သော အဖြစ်အပျက်ကို သူ့စိတ်ထဲ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေး၏။

သူသည် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားပြီး အဆင့်တူ ကျင့်ကြံသူများထက် အဆများစွာ ပိုမိုအားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် မိုရှောင်ချီကို သွားထိမိလိုက်သည့် အတွက်ကြောင့် သူ့လက် ဒဏ်ရာရသွားခဲ့လေသည်။ ထိမိရုံလေးပင် ထိုကဲ့သို့ ဖြစ်သွားရာ သူမအား တိုက်ခိုက်လာသည့် လူများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။

သူထင်ထားသည့်အတိုင်းပင် နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့လေသည်။ ရပ်ကြည့်နေသည့် လူအုပ်ကြီးမှာ ထိုမြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြလေ၏။

မိုရှောင်ချီ၏ ပခုံးကို လှမ်းဆွဲရန် လုပ်နေသည့် ကျင့်ကြံသူ နှစ်ဦးမှာ သူတို့လက်ပေါ်ရှိ အသားစိုင်အားလုံး ပြတ်ထွက်ကုန်ပြီး အရိုးများပင် ပေါ်နေကြသည်။

မိုရှောင်ချီ၏ ဝမ်းဗိုက်ကို သွားရိုက်သည့် လူမှာတော့ ပို၍ပင် အခြေနေဆိုးနေသေးသည်။ မိုရှောင်ချီ၏ ဝမ်းဗိုက်ဆီမှ တန်ပြန်အားကြောင့် နောက်သို့ လွင့်ထွက်သွားပြီး သူ့လက်တစ်ခုကို မီးလောင်နေသည့်အလား စူးစူးဝါးဝါး အော်ဟစ်နေလေသည်။

အနီးကပ်ကြည့်ကြည့်မည်ဆိုလျှင် သူ့လက်ဝါးပေါ်၌ ကြောက်မက်ဖွယ်ရာ တစ္ဆေမျက်နှာကြီးတစ်ခု ရှိနေသည်ကို တွေ့နိုင်ပေလိမ့်မည်။ တစ်ချိန်တည်းတွင် မိုရှောင်ချီ၏ ဝမ်းဗိုက်ကို တိုက်ခိုက်လိုက်သည့်လူ၏ အသိစိတ်ပင်လယ်ထဲ ချောက်ခြားဖွယ်ရာအော်သံနှင့်အတူ တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုမျက်နှာကြီးသည် လူကြီး၏ အသိစိတ်ပင်လယ်ထဲရှိ စိတ်စွမ်းအင်များကို အရူးအမူ စုပ်ယူလေ၏။ လူကြီးမှာ အသည်းအသန် ကြိုးစား၍ တားဆီးလိုက်သော်လည်း မည်သို့မှ မတားဆီးနိုင်ကြောင်း တွေ့လိုက်ရသည်။

မကြာမီ လူကြီး၏ မျက်လုံးများ တဖြည်းဖြည်း မှိန်ကျလာခဲ့လေသည်။

“ဘာတွေဖြစ်သွားတာလဲ” ထိုမြင်ကွင်းကိုကြည့်ရင်း နင်ယွမ်ချန်း အလန့်တကြား ထအော်လေသည်။

သူ့ရှေ့တွင် ဖြစ်ပျက်သွားသည့် အကြောင်းအရာအားလုံးသည် သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့သည်။

သူ့လက်အောက်ငယ်သား သုံးဦးက တိုက်ခိုက်ခဲ့သော်ငြား မိုရှောင်ချီမှာတော့ ဘာမှဖြစ်သွားမဘဲ သူ့လက်အောက်ငယ်သား သုံးဦးသည်သာ ဆိုးဆိုးရွားရွား အကျိုးဆက်နှင့် ကြုံတွေ့သွားခဲ့ရလေသည်။

နှစ်ယောက်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး တစ်ယောက်မှ သေသွားခဲ့လေသည်။

သူမ မည်သို့သော သိုင်းပညာရပ်ကိုများ ထုတ်သုံးလိုက်လေသနည်း။ ဤအမျိုးသမီးသည် မြင်ရသလို တကယ်ကြီး ငယ်ရွယ်မနေဘဲ မိန်းကလေး ငယ်ငယ်လေး တစ်ဦးယောင် ဆောင်ထားသည့် စုန်းမအိုကြီး တစ်ဦးများ ဖြစ်နေလေမလား။ ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက်၌ နင်ယွမ်ချန်း၏ နဖူးထက် ချွေးအေးတို့ စီးကျလာခဲ့လေသည်။

“ပြန်ဆုတ်” ထိုစဉ်မှာပင် မိုရှောင်ချီဆီသို့ ပြေးဝင်သွားနေကြသော ကျင့်ကြံသူများ အော်သံတစ်သံကို ကြားလိုက်ရလေသည်။

မိုရှောင်ချီအား တိုက်ခိုက်လိုက်သည့် ကျင့်ကြံသူ သုံးဦး၏ အခြေအနေကို မြင်ပြီးနောက် ကျန်လူများလည်း သူမအား သွားမတိုက်ခိုက်ရဲတော့ပေ။ ထို့ကြောင့် အမိန့်ပေးသံကြားသည်နှင့် ချက်ချင်းပဲ ပြန်ဆုတ်လာကြ၏။

သက်လတ်ပိုင်းလူကြီးတစ်ဦးသည် နင်ယွမ်ချန်း၏ နောက်ဘက်မှ မှုန်ကုတ်ကုတ်အမူအရာဖြင့် ထွက်လာခဲ့သည်။ သူသည် ယခုအချိန်မတိုင်ခင်အထိ နင်ယွမ်ချန်းနောက်တွင် တစ်ချိန်လုံး ရပ်နေခဲ့ခြင်း ဖြစ်သည်။ အစကတတော့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခဲ့သော်ငြား လက်ရှိ အခြေအနေကို မြင်ပြီးနောက် သူလည်း ရှေ့ထွက်လာရတော့လေသည်။

သူတော်စင်နန်းတော်၏ သခင်လေးဖြစ်သည့် နင်ယွမ်ချန်း အပြင်သွားသည့်အခါတိုင်း သူ့နှင့်အတူ အားကောင်းသည့် သက်တော်စောင့် တစ်ဦး၊ နှစ်ဦး အမြဲပါတတ်ပေသည်။

ဤသက်လတ်ပိုင်းလူကြီးသည် နင်ယွမ်ချန်း၏ သက်တော်စောင့်ဖြစ်သော လျို့ရီကျိဟု ခေါ်သည့် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

လက်ရှိ အခြေအနေကို မြင်ပြီးနောက်တွင် မိုရှောင်ချီသည် ကြောက်မက်ဖွယ်ရာ အသိုင်းအဝိုင်းတစ်ခုခုမှ လာကြောင်း ချက်ချင်းဆိုသလို တန်းခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် မိုရှောင်ချီကို တိုက်ခိုက်ရန် လုပ်နေသည့် တပည့်များကို ချက်ချင်း ပြန်ဆုတ်ရန် အမိန့်ပေးလိုက်ခြင်းပင်။

နင်ယွမ်ချန်းရှေ့တွင် ရပ်ရင်း သက်လတ်ပိုင်းလူကြီးသည် မိုရှောင်ချီအား မျက်မှောင်ကြီးကြုတ်၍ သေချာ စိုက်ကြည့်လိုက်လေသည်။

“ရှင်… ရှင်… ဘာလုပ်ချင်နေတာလဲ” ယခုမှပဲ မိုရှောင်ချီ အသိပြန်ဝင်လာခဲ့လေသည်။ ချက်ချင်းပဲ ကြောက်ကြောက်လန့်လန့်ဖြင့် လက်နှစ်ဖက်ကို ရှေ့သို့ကပ်ရင်း ပြန်အော်ပြောလိုက်လေ၏ “ရှင်… ရှင်မလာနဲ့နော်။ ကျွန်မက ရန်စလို့ကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး။ ရှင်ဂရုမစိုက်ရင်… ကျွန်မ ရှင့်မျက်နှာကို ထိုးပစ်မှာ”

ထိုစကားကိုကြားသည့်အခါ ရပ်ကြည့်နေကြသည့် လူအုပ်ကြီးတစ်ခုလုံး ဆွံ့အသွားခဲ့လေသည်။

နင်က ရန်စလို့ကောင်းတဲ့လူတစ်ယောက် မဟုတ်မှန်း ငါတို့လည်း သိပါတယ်… ဘာလို့ ထုတ်ပြောနေရတာလဲ

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၇)

လျိုကျိရီ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ မိုရှောင်ချီ ဟန်ဆောင်နေခြင်းမဟုတ်သလို အယောင်ဆောင်ထားသည့် စုန်းမအိုကြီးတစ်ယောက်လည်း မဟုတ်ဟု သူ့စိတ်ထဲ အလိုလို ခံစားနေရသော်ငြား အထင်တော့ သွားမသေးရဲခဲ့ပေ။

ခဏလောက် စဉ်းစားပြီးနောက် ပြန်၍ မေးလိုက်လေ၏ “သခင်မလေးရဲ့ နာမည်ကိုများ သိလို့ရမလားမသိဘူး”

မိုရှောင်ချီကမူ ပြန်မဖြေဘဲ အံကြိတ်၍သာ စိုက်ကြည့်နေ၏။

လျိုရီကျိ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်ဖက်လူက ဘာမှပြန်မပြောသဖြင့် သူ့မှာ လုပ်ရကိုင်ရ ခက်သွား၏။ သို့သော်လည်း မမေးမဖြစ်သည့် အခြေအနေကြောင့် ထပ်၍ မေးလိုက်ရလေသည် “သခင်မလေး ဘယ်ကလာလဲသိလို့ရမလား။ သေချာကြည့်ကြည့်တော့ သခင်မလေးက တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ… သခင်မလေး လာတဲ့အင်အားစုနဲ့ ကျုပ်လာတဲ့ အင်အားစုနှစ်ခုက အသိမိတ်ဆွေတွေတောင် ဖြစ်ရင်ဖြစ်နိုင်တယ်။ ဒါကြောင့် မဟာမိတ်တွေကြား ပြဿနာတွေ ဖြစ်ရအောင် သခင်မလေး ဘယ်ကလာလဲ ကျေးဇူးပြုပြီး ပြောပြပေးဖို့ မျှော်လင့်ပါတယ်”

သက်လတ်ပိုင်းလူကြီးသည် ပြဿနာကို ကြီးရာမှ ငယ်အောင်၊ ငယ်ရာမှ ပပျောက်အောင် လုပ်ချင်နေခြင်း ဖြစ်သည်။ လက်ရှိ အဖြစ်အပျက်မှတစ်ဆင့် မိုရှောင်ချီသည် အားကောင်းသည့်နောက်ခံတစ်ခုမှလာမှန်း ချက်ချင်း သဘောပေါက်သွားခဲ့သည်။ မလိုလားအပ်သော ပြဿနာများ မဖြစ်ရလေအောင် ဤပြဿနာကို ဤနေရာ၌ ရှင်းထားနိုင်လျှင် အကောင်းဆုံး ဖြစ်ပေသည်။

အထူးသဖြင့် လက်ရှိ မေပယ်မြို့သည် ကျားနဂါးတို့ဖြင့် ပြည့်နေသည့် မြို့တစ်မြို့ဖြစ်သည်။ ဤနေရာသို့ အင်အားစု အသီးသီးမှ လူများ ရောက်နေလေရာ သူ့အနေဖြင့် မည်သူ့ကိုမှ သွားအထင်မသေးသင့်ပေ။

ပုံမှန်သမားရိုးကျ နည်းနည်းပါးပါး စဉ်းစားတတ်သူသာ ဆိုလျှင် လျိုရီကျိ၏ သဘောထားကို ခန့်မှန်းမိပေလိမ့်မည်။

သို့သော်လည်း မိုရှောင်ချီကမူ ထိုကဲ့သို့သော လူမျိုးလား။ လုံးဝကို မဟုတ်ချေ။ ထို့ကြောင့် ခပ်ပြတ်ပြတ်သာ ပြန်၍ ပြောချလိုက်၏ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ရှင်တို့ သူတော်စင်နန်းတော်အကြောင်း ကျွန်မ တစ်ခါမှမကြားဖူးဘူး။ ကျွန်မရဲ့ စိတ်ဝိဥာဉ်… ကျွန်မက ဘယ်လိုလုပ်ပြီး ရှင်တို့ အင်အားစုနဲ့ အဆက်အသွယ် ရှိတာ ဖြစ်ရမှာလဲ”

မိုရှောင်ချီ၏ စကားကို ကြားပြီးနောက် လျိုရီကျိ၏ မျက်နှာ ဒယ်အိုးဖင်နှယ် မည်းမှောင်သွားခဲ့လေသည်။ မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုသည်ကို မသိရကောင်းလားဟု တွေးလျက် မိုရှောင်ချီအား ကြိတ်၍ ကျိန်ဆဲနေတော့သည်။

သို့သော်ငြား မိုရှောင်ချီ ပြောသွားသည့်အထဲမှ သဲလွန်စအချို့ ရလိုက်ပေသည်။

မိုရှောင်ချီသည် စိတ်ဝိဥာဉ်…. နှင့် ပက်သက်သည့် အင်အားစုတစ်ခုခုမှ လာသည်ဟု ပြောချင်ခဲ့သည်။ ကြယ်တာရာအစုအဝေးထဲတွင် စိတ်ဝိဥာဉ်နှင့်စသည့် အင်အားစု အနည်းငယ်သာ ရှိပေသည်။ ထိုအင်အားစု အကုန်လုံးသည် သူတို့ သူတော်စင်နန်းတော် သွားရန်စ၍ ရသည့် အင်အားစုများ မဟုတ်ကြချေ။ ထို့ကြောင့် လျိုရီကျိမှာ မိုရှောင်ချီ၏ ဇာတ်မြစ် အတိအကျကို မခန့်မှန်းနိုင် ဖြစ်နေခဲ့လေသည်။

ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် လူအုပ်ကြီးဆီမှ ထူးဆန်းသည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေ၏။

“ဘယ်သူလဲ” လျိုရီကျိမှ မိုရှောင်ချီကြောင့် အတော်လေး စိတ်ညစ်နေခဲ့ရာ ပွဲလာရှာသည့်လူ၏ အသံကို ကြားသော် ဒေါသတကြီး ထအော်မေးတော့လေသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ထားသည့် လူတစ်ဦးသည် လူအုပ်ကြီးထဲမှ ထွက်လာခဲ့သည်။ ထိုလူသည် သူ့မျက်နှာကို ဖုံးထားသော်ငြား အသံအရ ယောကျာ်းတစ်ဦး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ထို့အပြင် သူ့ဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုလူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်မှန်း ခန့်မှန်းနိုင်ပေသည်။

အနက်ဝတ်လူသည် ရန်ကိုင်သာ ဖြစ်ပေသည်။ ဆက်ပြီး ရပ်မကြည်နိုင်တော့သည့်အတွက် ဝင်ပါလိုက်ခြင်း ဖြစ်သည်။

အခြားသူများ မိုရှောင်ချီ မည်ကဲ့သို့သော လူမှန်း မသိသော်ငြား သူကတော့ အနည်းနှင့်အများတော့ ခန့်မှန်းမိပေသည်။ ယနေ့ကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူတော်စင်နန်းတော်သည် မိုရှောင်ချီ၏ ဘာမှန်းမသိရသော် ဇာတ်မြစ်အပေါ် အနည်းငယ် လန့်နေမည်ဆိုသည့်တိုင် သူတို့ မျက်နှာမပျက်ရရေး မိုရှောင်ချီကို တိုက်ခိုက်ကြပေလိမ့်မည်။

ထိုသို့ ဖြစ်လာသည့်အခါ မိုရှောင်ချီ ခုခံနိုင်မနိုင် မည်သူမှ ပြောနိုင်တော့မည် မဟုတ်ချေ။ မိုရှောင်ချီ၏ ခန္ဓာကိုယ်ပေါ်တွင် မှော်ဆန်ဆန် ရတနာများစွာ ရှိသော်ငြား တစ်ဖက်လူသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။ တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး၏ တိုက်ခိုက်မှုကို မိုရှောင်ချီကိုယ်ပေါ်ရှိ မှော်ရတနာများ ခုခံနိုင်မည်လား။

ရန်ကိုင်သည် လျိုရီကျိ၏ အမေးကို လျစ်လျုရှုထားလိုက်ပြီး မိုရှောင်ဆီသို့ အလျင်စလို ပြေးသွားလျက် ပြောလိုက်လေသည် “သခင်မလေးက ဒီရောက်နေတာကိုး။ သခင်မလေးက လူကို တကယ် အလုပ်ရှုပ်အောင် လုပ်တာပဲနော်”

“သခင်… သခင်မလေး….” သူမ ရှိနေသည့်နေရာကို သူမအဖေ သိသွားပြီအထင်နှင့် မိုရှောင်ချီ ကြောက်ကြောက်လန့်လန့် ဖြစ်သွားခဲ့လေသည်။ ထို့နောက် ထွက်ပြေးရန် လုပ်နေသည့်အလား သူမ၏ သိုလှောင်လက်စွပ်ထဲမှ တစ်ခုခုကို ထုတ်ယူရန် ပြင်လိုက်လေသည်။

သို့သော်ငြား ချက်ချင်းပင် တစ်ခုခု မှားယွင်းနေမှန်း သတိပြုမိလိုက်လေသည်။

ဤအသံကို သူမ ရင်းနှီးနေသလိုပင်။ ရန်ကိုင်လည်း သူ့မျက်နှာကို နည်းနည်း ထုတ်ပြလိုက်လေသည်။

ထိုအခါ မိုရှောင်ချီ မှင်သက်သွားခဲ့လေသည်။ ထို့နောက် အံ့အားသင့်နေသည့် အမူအရာဖြင့် အော်မေးလိုက်လေ၏ “နင်ပဲ၊ နင်မသေဘူးလား”

ရန်ကိုင်သည် သူ့မျက်နှာကို ပြန်ဖုံးလိုက်ပြီး မဲ့ပြုံးပြုံးလျက် “နောက်တစ်ခါကျရင် နည်းနည်းလေး လက်ဆလေး လျှော့ပါနော်သခင်လေး၊ လက်အောက်ငယ်သားက တော်တော်လေး မာပေမယ့် သခင်မလေးရဲ့ အသေသတ်တိုက်ကွက်တွေက ခုခံလို့ လွယ်တာမဟုတ်ဘူး။ အခုတစ်ကြိမ်တောင် ပြန်ကောင်းဖို့ အတော်လေး အချိန်ယူလိုက်ရတယ်”

ပြောနေရင်း ရန်ကိုင်သည် မိုရှောင်ချီအား အဓိပ္ပါယ်ပါပါ မျက်စပစ်ပြလိုက်လေသည်။ သို့သော်လည်း ထိုမျှလောက် ပြောရုံဖြင့် မိုရှောင်ချီ သဘောပေါက်မပေါက် မသေချာသည့် အတွက် ကောင်းကင်စိတ်အာရုံဖြင့်ပါ တိုးတိုးလေး အသိပေးလိုက်၏။

မိုရှောင်ချီသည် ကြက်အစာကောက်သည့်နှယ် ခေါင်းတညိတ်ညိတ် ညိတ်ပြလိုက်လေသည်။

ရပ်ကြည့်နေသူများမှာတော့ ရန်ကိုင်အပေါ် သနားစိတ် ဝင်နေမိကြလေသည်။ ရန်ကိုင်သည် သခင်မလေးကို ကာကွယ်ပေးရရုံမက သခင်မလေး တိုက်ခိုက်သည်ကိုပါ ခုခံနေခဲ့ရသည်။

“ဒါနဲ့၊ သခင်မလေး ဒီမှာ ဘာလုပ်နေတာလဲ” ရန်ကိုင်သည် ပတ်ဝန်းကျင်အခြေအနေကို မသိချင်ယောင် ဆောင်လျက် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ပြီးနောက် ဒေါသတကြီး အော်ပြောလေ၏ “ဘယ်သူ ငါ့သခင်မလေးကို တိုက်ခိုက်ရဲတာလဲကွ။ မင်းတို့ သေချင်နေကြတာလား”

သူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်ငြား အမှန် မပေါ်စေရန်အတွက် ကောင်းကောင်းတော့ သရုပ်ဆောင်ရပေမည်။ ရန်ကိုင်သည် ခက်ထန်သည့် အမူအရာဖြင့် လူအုပ်ကြီးအား သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။

“ကြည့်ရတာ သေရမှာမကြောက်တဲ့ကောင်တွေ ရှိနေသေးတယ်နဲ့တူတယ်။ ဟဲဟဲဟဲ၊ သခင်မလေးကို တိုက်ခိုက်တဲ့အတွက် ကြယ်သံတမန် ရောက်လာရင်တောင် မင်းတို့ကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး” ရန်ကိုင်သည် အံကြိတ်၍ လူအုပ်ကြီးအား စိုက်ကြည့်ရင်း အော်ပြောလိုက်လေသည်။

ရန်ကိုင်၏ အကြောက်လန့်ကင်းသည့် အမူအရာကို ကြည့်ရင်း ရန်ကိုင် အတည်ပြောနေသည်ဟု လူအုပ်ကြီး ထင်သွားခဲ့လေသည်။ ရန်ကိုင် ပြောလိုက်သည့် စကားကို ကြားပြီးနောက် လျိုရီကျိ အလွန်ကို ကြောက်လန့် တုန်လှုပ်သွားခဲ့လေသည်။

ကြယ်သံတမန်ပါ ဝင်မကူညီနိုင်လောက်အောင် ထိုနှစ်ယောက်က မည်သူမို့နည်း။ ဤကောင်မလေးသည် ကြယ်ဝိဥာဉ်နန်းတော်မှ အကြီးအကဲ တစ်ဦးဦး၏ မျိုးဆက်များ ဖြစ်နေမလား။

လျိုရီကျိပင် ကြောက်လန့်နေရာ နင်ယွမ်ချန်းကတော့ ပြောနေစရာပင် မလိုတော့ချေ။

ဤမြို့ငယ်လေးထဲရှိ မည်သူ့ကိုမှ ကြောက်စရာမလိုဟု တွေးလျက် စိတ်ကြိုက် သောင်းကျန်းနေခဲ့သော်ငြား အလွန်မာသည့် သံပြားတစ်ပြားကိုမှ လာကန်မိလိမ့်မည်ဟု မည်သို့များ ထင်ထားခဲ့ပါမည်နည်း။

ချက်ချင်းဆိုသလို နင်ယွမ်ချန်း၏ မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားလေသည်။ ခြေထောက်များလည်း တုန်တုန်ရီရီ ဖြစ်လာပြီး လျိုရီကျိအား တောင်းပန် တိုးလျိုးသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။

လျိုရီကျိသည် တာအိုသခင်ဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း ထိပ်တန်းအဆင့် အင်အားစုများနှင့် ရင်ဆိုင်ရသည့်အခါ သူ့ကျင့်ကြံခြင်းလည်း ဘာမှ မတတ်နိုင်တော့ချေ။ ကြယ်ဝိဥာဉ်နန်းတော်မှ သာမန် အကြီးအကဲတစ်ဦးသည်ပင်လျှင် သူတို့၏ သူတော်စင် နန်းတော်ကို အမြစ်ဖြတ် သုတ်သင်ပစ်နိုင်ပေသည်။

တံတွေးတစ်လုတ် မျိုးချရင်း လျိုရီကျိသည် အားမွေး၍ လက်သီးဆုပ်ကာ မေးလိုက်လေသည် “စိတ်အေးအေးထားပါ ရောင်းရင်း၊ ရောင်းရင်းရဲ့ သခင်မလေးနဲ့ ကျုပ်တို့ သခင်လေးကြား မတော်တဆ နားလည်မှုလွဲသွားတာပါ။ ခုနတုန်းက ရဲတင်းပြီး ဒီကသခင်မလေးကို တိုက်ခိုက်ခဲ့တဲ့ တပည့်သုံးယောက်သို့ သူတို့အပြစ် သူတို့ ခံရပြီးသွားပါပြီ။ ဒါကြောင့်ပဲ ရောင်းရင်းဘက်က သဘောထားကြီးပေးဖို့ တောင်းဆိုပါတယ်”

“အဲ့လိုလား” ရန်ကိုင်သည် လျိုရီကျိကို မျက်လုံးမှေးစဉ်း၍ စိုက်ကြည့်လိုက်လေသည်။

“ဟုတ်ပါတယ်။ မယုံရင် ရောင်းရင်းရဲ့ သခင်မလေးကို စစ်ဆေးကြည့်လိုက်ပါ။ သူဘာဒဏ်ရာမှ ရမထားပါဘူး”

“ဟန့်၊သခင်မလေးသာ ဒဏ်ရာတစ်ခုခု ရသွားပြီးရင် မင်းအခုလိုမျိုး စကားဆက်ပြောနိုင်ဦးမယ် ထင်နေလား” ရန်ကိုင်က ပြန်ပြောလိုက်သည်။

လျိုရီကျိစိတ်ထဲ ဒေါသထွက်မိသွားခဲ့သော်ငြား သူ့ဒေါသကို အတတ်နိုင်ဆုံး ထိန်းထားခဲ့ပေသည်။ တကယ်တော့ မည်သည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမှ သူ့အား ဤကဲ့သို့ မပြောရဲချေ။ သို့ရာတွင် တစ်ဖက်လူ၏ နောက်ခံသည် သူတို့ထက် အများကြီး ပိုသာနေသဖြင့် လျိုရီကျိမှာ သူ့စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရလေသည်။ ဤသခင်မလေးဆိုသည့်လူကို ကာကွယ်နေသည့်လူမှာ ဤတန်ခိုးရှင်ဘုရင်တတိယ အဆင့် ကျင့်ကြံသူတစ်ဦးတည်း မဟုတ်လောက်ချေ။

တိတ်တဆိတ် ကာကွယ်ပေးနေသည့် အခြား ပို၍ အားကောင်းသည့် ကျင့်ကြံသူများလည်း ရှိချင် ရှိနေနိုင်၏။

အနက်ဝတ်လူသည် သူနှင့်စကားပြောနေစဉ်အတွင်း အခြားတစ်ဖက်သို့လှည့်၍ အချက်ပြသည့် အမူအရာမျိုး လုပ်နေသည်ကို လျိုရီကျိ သတိပြုမိလိုက်ပေသည်။ ထိုအချက်ကို တွေ့ရှိလိုက်သည့်နောက်တွင် လျိုရီကျိ၏ နဖူးထက် ချွေးသီးများ ဝေ့သီလာခဲ့သည်။

သူ့ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်တိုင် မည်သည့် ပညာရှင်ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ဖြစ်နိုင်သည်မှာ ပုန်းနေသည့် ကျင့်ကြံသူသည် သူ့ထက် အဆများစွာ ပိုမို အားကောင်းနေသည့် အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

“ရောင်းရင်း ဘယ်ကလာလဲ… သိလို့ရမလား” လျိုရီကျိမှာ ရန်ကိုင်၏ လုပ်ပုံကိုမြင်ပြီး လန့်သွားသော်ငြား ဤကိစ္စကို ဤအတိုင်းတော့ မထားလိုက်ချင်ပေ။ ထို့ကြောင့် ခဏမျှ တုန့်ဆိုင်းနေပြီးနောက် သတိထား၍ မေးမြန်းကြည့်လိုက်၏။

“ဟန့်” ရန်ကိုင်က အထင်တသေးဖြင့် နှာခေါင်းရှုံ့၍ “မင်းက သူတော်စင်နန်းတော်ကမလား”

“ဟုတ်ပါတယ်” လျိုရီကျိက ခေါင်းညိတ်လိုက်လေသည်။

“ငါတို့ဘယ်ကလဲ သိချင်နေတာလား။ ရတယ်လေ။ လာခဲ့ ငါမင်းကို ပြောပြမယ်။ ဒါပေမယ့် သိပြီးသွားရင်တော့ မင်းဘက်က တန်ကြေးတစ်ခု ပြန်ပေးဆပ်ရလိမ့်မယ်” ရန်ကိုင်က ပြုံးလျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည် “သုံးရက်အတွင်း မင်းတို့ သူတော်စင်နန်းတော် တောင်ဘက် နယ်မြေထဲကနေ အပြီးတိုင် ပျောက်ကွယ်သွားရလိမ့်မယ်။ ဘယ်လိုလဲ မင်းသိချင်သေးလား”

လျိုရီကျိ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ့မျက်နှာ တစ်ပြင်လုံး သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

“သိချင်သေးလား” ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ထပ်မေးလိုက်သည်။

“ဒီလျို စကားမှားသွားတဲ့အပေါ် စိတ်ထဲမထားဖို့ တောင်းဆိုပါတယ်” လျိုရီကျိက ချက်ချင်း ပြန်ပြောလိုက်၏။

“ရေတွင်းထဲက ဖားသူငယ်တွေ… ဒီဘုရင် မင်းတို့နဲ့ အချိန်မဖြုန်ချင်တော့ဘူး။ သခင်မလေး ဘာမှမဖြစ်သွားလို့ ဒီတစ်ကြိမ်တော့ လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ဆိုရင်တော့…” ရန်ကိုင်သည် လျိုရီကျိအား စူးရဲစွာ စိုက်ကြည့်၍ “မင်းနားလည်ပါတယ်”

လျိုရီကျိ၏ နဖူးထက် ချွေးအေးများ စီးကျလာသည်။ ချက်ချင်းပဲ အလျင်စလို ပြန်ပြောလိုက်လေသည် “အခုလို ညှာတာပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”

ပြောပြီးသည့်နောက်တွင် မှင်သေသေနေသည့် နင်ယွမ်ချန်းကို ဆွဲခေါ်၍ အခြားတပည့်များဘက်သို့ လှည့်ပြောလိုက်လေသည် “သွားကြမယ်”

ကျန်တပည့်များမှာလည်း ဆက်မနေရဲတော့သည့် အတွက် ချက်ချင်းပဲ သေဆုံးသွားသည့် တပည့်များ၏ အလောင်းကိသယ်ကာ လျိုရီကျိနောက်သို့ အလျင်စလို ပြေးလိုက်သွားကြလေသည်။

“သခင်မလေး၊ ကျုပ်တို့လည်း သွားကြတာပေါ့” ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့လေသည်။

မိုရှောင်ချီကတော့ တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ရန်ကိုင်အား လေးစားအားကျစွာ ကြည့်နေခဲ့လေသည်။

“သွားကြမယ်” မိုရှောင်ချီ၏ ပုံစံကိုမြင်သော် ရန်ကိုင်က လေသံတိုးတိုးဖြင့် ထပ်မံ ဆော်ဩလိုက်လေသည်။

တကယ်တော့ လျိုရီကျိသည် တာအိုသခင်ဒုတိယ အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ရန်ကိုင်၏ ခြောက်လုံးသည် သူ့အား ကြောက်ကြောက်လန့်လန့် ဖြစ်သွားအောင် လုပ်နိုင်ခဲ့သော်ငြား သေချာ ပြန်စဉ်းစားပြီးနောက် တစ်ခုခု မှားယွင်းနေသည်ကို ကျိန်းသေ သတိပြုမိသွားပေလိမ့်မည်။ ထိုအခါ ပြန်လှည့်လာပြီး စစ်ဆေးကြည့်မည်ဆိုပါက သူတို့ ပြဿနာ တက်ပေလိမ့်မည်။

“နေပါဦး၊ အရင်းအမြစ်ကျောက်ငါးသောင်းကကော” ပစ္စည်းရောင်းသည့် လူအိုကြီးက လှမ်းမေးလိုက်လေသည်။

“ခင်ဗျားက လာတောင်းရဲသေးတယ်ပေါ့။ ကျုပ်လုပ်လိုက်ရလို့ မကောင်းရှိတော့မယ်” ရန်ကိုင်မှ ဖြဲခြောက်လိုက်လေရာ လူအိုကြီးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်း ပါးစပ်ပိတ်သွားလေသည်။

“သွားကြရအောင်” ရန်ကိုင်သည် မိုရှောင်ချီ၏ လက်ကို ဆွဲ၍ ထိုနေရာမှ ထွက်သွားရန် လုပ်လိုက်လေသည်။ သို့သော် ချက်ချင်းဆိုသလို မိုရှောင်ချီ၏လက်ကို အလန့်တကြား ပြန်လွှတ်လိုက်လေသည်။ သူ့လက်ဝါးပေါ်မှ သွေးများ စီးကျနေခဲ့လေသည်။

“တောင်းပန်ပါတယ်နော် အစ်ကိုရန်…” ထိုအခါမှလည်း မိုရှောင်ချီလည်း အသိပြန်ဝင်လာပြီး ပျာတီးပျာယာဖြင့် ရန်ကိုင်ကို တောင်းပန်လိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၈)

မေပယ်မြို့

ရန်ကိုင်ငှားနေသည့် နေအိမ်ထဲတွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် စားပွဲခုံ၏ တစ်ဖက်တစ်ချက်စီတွင် မျက်နှာချင်းဆိုင် ထိုင်နေကြလေသည်။ မှောင်ခိုဈေးကွက်မှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် မိုရှောင်ချီကို ခေါ်ကာ အလျင်စလိုထွက်ပြေးလာခဲ့သည်။

အိမ်သို့တည့်တည့်ပြန်မလာဘဲ ကွေ့ပတ်‌သွားနေရင်းမှ သူတို့နောက်သို့ နောက်ယောင်ခံလိုက်သူ ရှိမရှိ စစ်ဆေးကြည့်သွားလေသည်။ နောက်ယောင်ခံလိုက်နေသူ တစ်ဦးမှမရှိမှန်း အတည်ပြုပြီးမှသာ သူငှားထားသည့် အိမ်ဆီသို့ ပြန်လာခဲ့သည်။

“အစ်ကိုရန် ရှင်ကတစ်ကယ်ကို အံ့ဩဖို့ကောင်းတာပဲနော်” မိုရှောင်ချီသည် စားပွဲခုံပေါ်လက်တင်လျက် လက်ဝါးနှစ်ဖက်ပေါ် မေးထောက်ရင်း ရန်ကိုင့်အား တောက်ပသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည် “အစ်ကိုရန် စကားလေး နည်းနည်းပြောလိုက်တာ ဟိုကောင်တွေ ကြောက်ပြီး ထွက်ပြေးသွားတာ တန်းနေတာပဲ”

ရန်ကိုင်ကမူ ခြောက်ကပ်ကပ်ဖြင့်သာ ရယ်နေခဲ့သည်။ အခြားတစ်ယောက်သာ သူ့အားဤကဲ့သို့လာပြောနေလျှင် ဖားယားချင်၍ လာပြောနေသည်ဟု ထင်မိမည် ဖြစ်သော်လည်း ယခုပြောနေသူမှာ မိုရှောင်ချီ ဖြစ်နေသဖြင့် သူမတစ်ကယ်ပြောနေမှန်း ရန်ကိုင်သိပေသည်။

“သူတို့ဘာသာ ငါတို့ကိုအထင်တွေ စွတ်ကြီးသွားတာကိုး” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ယနေ့ကိစ္စသည် သူတော်စင်နန်းတော်မှ သူတို့အား အထင်စွတ်ကြီးသွားခြင်းကြောင့်ပါသလို မေပယ်မြို့၏ လက်ရှိအခြေအနေကြောင့်လည်း ပါပေသည်။ တောင်ဘက်နယ်မြေထဲရှိ ထိပ်တန်းအင်အားစုကြီးများ မေပယ်မြို့ထဲသို့ ရောက်နေခြင်း အတွက်ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ယနေ့ကိစ္စအား စကားလုံး နည်းနည်းလောက်ဖြင့် ယနေ့ ဖြေရှင်းလိုက်နိုင်လိမ့်မည် မဟုတ်ပေ။

လက်ရှိအချိန်တွင် မေပယ်မြို့ထဲသို့ တောင်ဘက်နယ်မြေထဲမှ အင်အားစုများစွာ ရောက်ရှိနေခဲ့သည်။ သူတော်စင်နန်းတော်သည် အတော်လေးအားကောင်းသည့် အင်အားစုတစ်ခုဖြစ်သော်ငြား ထိပ်တန်းအင်အားစု တစ်ခုတော့ မဟုတ်သေးချေ။ ထို့ကြောင့် ရန်ကိုင်မှ ဖြဲခြောက်လိုက်ရုံဖြင့် ကြောက်ဒူးတုန်သွားခဲ့ခြင်း ဖြစ်သည်။

“ဒါနဲ့ အဲ့ဒါတွေ နေပါဦး။ ရှောင်ချီ နင်ဘယ်လိုလုပ် ဒီကိုရောက်လာတာလဲ” ရန်ကိုင်က အလျင်အမြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။

“ကျွန်မဒီမှာ တစ်ချိန်လုံးရှိနေတာလေ” မိုရှောင်ချီက ရန်ကိုင့်အားကြည့်လျက် သိချင်စိတ်ဖြင့် ပြန်မေးလိုက်လေသည် “ကျွန်မငှားထားတဲ့အိမ်က အစ်ကိုရန်ရဲ့ အိမ်နဲ့နီးနီးလေးပဲ။ အဲ့တာကိုဘာလို့ အစ်ကိုရန်နဲ့ တစ်ခါမှမတွေ့ရတာလဲ”

“ငါက ဒီအိမ်ကိုငှားထားပေမဲ့ ဒီမှာနေတာမဟုတ်ဘူး။ မနေ့ကမှပဲ ဒီကိုပြန်လာတာ”

“အို...”

“ဒါနဲ့ ငါမေးချင်တာ ရှိသေးတယ်။ ရှောင်ချီ နင်ကြည်လင်ကျောက်စိမ်းတောင်ကနေ ဘယ်လိုလွတ်လာတာလဲ” ရန်ကိုင်သည် မိုရှောင်ချီအားပြန်ကြည့်ရင်း မေးလိုက်လေသည်။

ကမ္ဘာငယ်လေးထဲမှထွက်လာစဉ်က မိုရှောင်ချီ၏ အရိပ်အယောင်ကိုလုံး၀ မတွေ့ခဲ့ရပေ။ ထို့ကြောင့် မိုရှောင်ချီ သေသွားပြီဟု ထင်သွားခဲ့သည်။ သို့သော် တစ်လကြာပြီးနောက် မေပယ်မြို့ထဲ၌ မိုရှောင်ချီအား ထပ်တွေ့ရမည်ဟု မထင်ထားခဲ့ချေ။

“အဲ့တုန်းက ဒါကိုသုံးပြီး ထွက်ပြေးလာတာလေ”

ပြောပြီးသည့်နောက် မိုရှောင်ချီသည် သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုကိုထုတ်၍ စားပွဲပေါ်တင်ပေးလိုက်လေသည်။

“ဒါက…”

ရန်ကိုင်သည် မိုရှောင်ချီထုတ်ယူလာသည့် သိမ်မွေ့သည့်စွမ်းအင်လှိုင်းတို့ကို ထုတ်လွှတ်နေသည့် တိရိစ္ဆာန်အရေပြားကို ကြည့်ရင်း မျက်လုံးမှေးစင်းသွားခဲ့သည်။ ဤတိရိစ္ဆာန်အရေပြားမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းမှာအခြားမဟုတ်။ လေဟာနယ်စွမ်းအင်လှိုင်းသာဖြစ်လေသည်။

တိရိစ္ဆာန်အရေပြားသည် လက်ဝါးတစ်ချပ် အရွယ်အစားလောက်သာ ရှိပြီး ၎င်းပေါ်တွင် နက်နဲ‌ဆန်းကြယ်သော မျဉ်းကြောင်းများနှင့် ရုန်းအက္ခရာများကို ရေးထိုးထားပေသည်။ ရန်ကိုင်သည် တိရိစ္ဆာန်အရေပြားကိုယူပြီး သေချာစစ်ဆေးကြည့်လေ၏။

ခဏအကြာ၌ ထိတ်လန့်အံ့အားသင့်နေသည့်လေသံဖြင့် ရေရွတ်လိုက်လေ၏ “ဒါကိုသုံးပြီး တာတို တည်နေရာခုန်ကူးနိုင်တာလား”

ထိုစကားကိုကြားသောအခါ မိုရှောင်ချီက ပြုံးပြီး ပြန်ပြောလိုက်လေသည် “အစ်ကိုရန်က လေဟာနယ်စွမ်းအားကို တစ်ကယ်ကြီး ကျင့်ကြံထားတာပဲ”

“ငါလေဟာနယ်စွမ်းအားကို ကျင့်ကြံထားမှန်း နင်သိနေတာလား” ရန်ကိုင်က မိုရှောင်ချီအား အံ့အားသင့်တကြီး ပြန်ကြည့်လိုက်လေသည်။

“အင်း သိတယ်လေ။ ကြည်လင်ကျောက်းစိမ်းတောင်မှာ ဟိုလူတွေနဲ့ တိုက်တုန်းက လေဟာနယ်စွမ်းအားကို ထုတ်သုံးခဲ့တာမလား။ ဘာလို့အဲ့လိုသိတာလဲဆို အစ်ကိုရန် တိုက်ခိုက်တဲ့အခါ သုံးတဲ့စွမ်းအားက ဦးလေးလီ တိုက်ခိုက်တဲ့အခါ သုံးတဲ့စွမ်းအားနဲ့ တူနေလို့ပဲ”

“ဦးလေးလီ…”

“ဟုတ်တယ်။ ဦးလေးလီဝူရီကိုပြောတာ။ သူလည်းလေဟာနယ်စွမ်းအားကို ကျင့်ကြံထားတယ်။ သူက အရမ်းကို အားကောင်းတယ်။ ဒီပစ္စည်းကိုသူပဲလုပ်ပေးထားတာလေ”

မိုရှောင်ချီသည် ဘာကိုမှဖုံးကွယ်မထားဘဲ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။ အသက်မှာ ကြီးလျှင်ကြီးလာမည် လူတစ်ယောက်၏ စရိုက်မှာတော့ ပြောင်းလဲသွားလိမ့်မည်မဟုတ်ဟူသော စကားမှာ တစ်ကယ်ကို မှန်ပေသည်။ ရန်ကိုင်သည် သူမအပေါ် မည်သည့်ဆိုးရွားသည့် ကိစ္စကိုမှ မလုပ်ခဲ့သဖြင့် မိုရှောင်ချီသည် ရန်ကိုင့်အပေါ် အလွန်ကိုမှ ယုံကြည်နေခဲ့သည်။

မိုရှောင်ချီက ဆက်၍ ရှင်းပြလိုက်လေသည် “အရေးကြုံလာလို့ရှိရင် ဒါကိုသုံးပြီးတော့ လေဟာနယ်လှိုင်ခေါင်းတစ်ခုကို ဖွင့်လို့ရတယ်လို့ ဦးလေးလီကပြောတယ်။ အစကတော့ နှစ်ခုရှိတာ။ ကြည်လင်ကျောက်စိမ်းတောင်မှာ တစ်ခုသုံးလိုက်တော့ အခုတစ်ခုပဲ ကျန်တော့တတယ်” မိုရှောင်ချီက နှမြောတသ ဖြစ်နေသည့်ပုံစံဖြင့် ပြောလိုက်လေသည်။

“လေဟာနယ်လှိုင်ခေါင်းတစ်ခုကို တိုက်ရိုက်ဖွင့်နိုင်တဲ့ အစီအရင်လား” ရန်ကိုင် မှင်သက်သွားလေသည်။

ရန်ကိုင်သည် လေဟာနယ်စွမ်းအားကို အလွန်အမင်းကျွမ်းကျင်ထားသော်ငြား ဤသည်မှာ သူလုံး၀မလုပ်နိုင်သေးသည့် အရာတစ်ခုဖြစ်သည်။ ရန်ကိုင့်အနေဖြင့် လေဟာနယ်စွမ်းအားကိုသုံး၍ တည်နေရာခုန်ကူးနိုင်ပေသည်။ သို့သော် အနှောက်အယှက်များနှင့် ကြုံလာသည့်အခါတွင်တော့ ထိုနည်းလမ်းကို အသုံးမချနိုင်တော့ပေ။

ပတ်၀န်းကျင် မိုးမြေစွမ်းအင်သာ အလွန်အမင်း မတည်မငြိမ်ဖြစ်လာပါက ရန်ကိုင့်အနေဖြင့် တည်နေရာခုန်မကူးနိုင်တော့ပေ။ ဤသည်မှာ သူ့ကိုယ်ပိုင်ခွန်အားကြောင့်ဖြစ်သလို လေဟာနယ်တာအိုအပေါ် နားလည်မှုနှင့် ကြယ်တာရာအစုအဝေး၏ လောကနိယာမတို့ကြောင့်လည်း ပါပေသည်။ ကြယ်တာရာအစုအဝေး၏ လောကနိယာမများသည် သူ့ကြယ်စီရင်စုကြီး၏ လေကာနိယာမများထက် အဆပေါင်းများစွာ ပိုအားကောင်းသည့်အတွက်ကြောင့် ရန်ကိုင် တည်နေရာခုန်ကူးနိုင်သည့်အစွမ်းမှာ အကြီးအကျယ်ကို ဖိနှိပ်ခံလိုက်ရလေသည်။

သို့သော်လည်း လေဟာနယ်လှိုင်ခေါင်းတစ်ခုကို တိုက်ရိုက်ဖွင့်ပေးနိုင်သော ပစ္စည်းတစ်ခုအား တရိစ္ဆာန်အရေပြားတစ်ခုကို သုံးပြီး ဖန်တီးနိုင်သည်ကို ကြည့်လျှင် လီဝူရီ၏ လေဟာနယ်တာအိုအပေါ် နားလည်မှုသည် ရန်ကိုင့်အား အပြတ်အသတ်သာကြောင်း တွေ့နိုင်ပေသည်။

“အစ်ကိုရန် ကျွန်မတောင်းပန်ပါတယ်နော်” မိုရှောင်ချီက ရုတ်တရက် အပြစ်မကင်းသည့် အမူအရာဖြင့် တောင်းပန်လိုက်လေသည်။

“နင်ဘာလို့ ရုတ်တရက်ကြီး တောင်းပန်နေတာလဲ” ရန်ကိုင်က နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“အရင်တစ်ခါ ကျွန်မတို့ အန္တရာယ်နဲ့ ကြုံတုန်းက အစ်ကိုရန်ကိုပါ တစ်ခါတည်းခေါ်သွားချင်တာ။ ဒါပေမဲ့ လွမ်ဖုန်းမီးတောက်တွေက ရောက်လာတာ အရမ်းမြန်တော့ ကျွန်မလည်း…။ နောက်ပိုင်း အစ်ကိုရန်ကို တွေ့မလားလို့ ကြည်လင်ကျောက်စိမ်းတောင်ကို ပြန်သွားကြည့်လိုက်သေးတယ်။ ဒါပေမဲ့ မီးတောက်တွေကအရမ်းပြင်းတော့ အတွင်းပိုင်းထိတောင် မရောက်လိုက်နိုင်ဘူး။ အဲ့တာနဲ့ပဲ အစ်ကိုရန်သေသွားပြီလို့ ကျွန်မတွေးလိုက်တာ”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင် ရယ်သာရယ်မောလေသည်။ သူနှင့် မိုရှောင်ချီ၏ အတွေးမှာအတူတူပင် ဖြစ်သည်။ နှစ်ယောက်စလုံးသည် တစ်ဖက်လူသေသွားပြီဟု ထင်နေခဲ့ကြသည်။

“ဒါနဲ့ အစ်ကိုရန်ကရော ဘယ်လိုလွတ်လာတာလဲ” မိုရှောင်ချီက မေးလိုက်သည်။

“ငါက လေဟာနယ်စွမ်းအားကို ကျွမ်းကျင်တယ်ဆိုတာ နင်မေ့နေတာလား” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ဪဟုတ်သားပဲ။ လေဟာနယ်စွမ်းအားကို ကျွမ်းကျင်တဲ့လူတွေက ထွက်ပြေးတဲ့နေရာမှာ အရမ်းတော်တယ်လို့ ဦးလေးလီပြောတာ ကြားဖူးတယ်” မိုရှောင်ချီ ရုတ်တရက်နားလည်သွားခဲ့လေသည်။

သူ့အပေါ် အကြွင်းမဲ့ယုံကြည်နေသည့် မိုရှောင်ချီ၏ ပုံစံကိုကြည့်ရင်း ရန်ကိုင့်စိတ်ထဲ အနည်းငယ် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ ထို့နောက် ရန်ကိုင်နှင့် မိုရှောင်ချီသည် အချိန်အနည်းငယ်ကြာအောင် စကားထိုင်ပြောနေလိုက်ကြသည်။ သို့သော်လည်း ရန်ကိုင်မှ အောက်အစ်ကာ မေးကြည့်ပြီးနောက်တွင် လီဝူရီသည် ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သိရှိသွားရပေသည်။ မိုရှောင်ချီ၏ နောက်ခံကိုတော့ သွားမမေးခဲ့ပေ။ သူမသိသင့်သည့် အရာများကို မသိသည်မှာ အကောင်းဆုံးသာဖြစ်သည်။

“အစ်ကိုရန်၊ အစ်ကိုရန်မှာ ဘာလုပ်စရာမှ မရှိသေးရင် ကျွန်မနဲ့ ရတနာရှာထွက်ချင်လား” မိုရှောင်ချီသည် ရုတ်တရက် စိတ်အားတက်ကြွစွာပြောလိုက်လေသည်။

“ရတနာရှာထွက်ဖို့…”

“ဟုတ်တယ်” မိုရှောင်ချီက ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ တိရိစ္ဆာန်အရေပြားတစ်ခုကိုထုတ်၍ ပြောလိုက်သည်။

“ညီမ ဒီမြေပုံကို ဒီနေ့ပဲ၀ယ်လာတာ။ ရောင်းတဲ့လူက ပြောလိုက်တယ်။ ဒီမြေပုံက ကောင်းကင်ဝါးမြိုခြင်း မဟာဧကရာဇ်ရဲ့ ရတနာသိုက်ဆီ ဦးတည်နေတာတဲ့။ အဲ့ရတနာသိုက်ထဲမှာ ကောင်းကင်ဝါးမြို့ခြင်း မဟာဧကရာဇ်ရဲ့ အမှတ်သင်္ကတဖြစ်တဲ့ ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသတောင် ရှိနေနိုင်တယ်တဲ့”

“နေပါဦး။ ငါဒါကိုမြင်ဖူးနေသလိုပဲ”

ရန်ကိုင်သည် သင်္ကာမကင်းအမူအရာဖြင့် ရတနာမြေပုံဟုခေါ်သည့် အရာကို ကောက်ယူ စစ်ဆေးကြည့်လိုက်လေသည်။

ထို့နောက် သူ့မျက်နှာတစ်ပြင်လုံး ဒယ်အိုးဖင်နှယ် မည်းမှောင်သွားလေ။

“နင်ဒါကို၀ယ်ဖို့ အရင်းအမြစ်ကျောက် ဘယ်လောက် သုံးလိုက်ရလဲ” ရန်ကိုင်က မိုရှောင်ချီဘက်သို့လှည့်၍ မေးလိုက်လေသည်။

“ခုနစ်ထောင်” မိုရှောင်ချီက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြောလိုက်၏ “ဈေးမကြီးဘူးမလား။ ကျွန်မတို့သာ ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသကို ရလိုက်မယ်ဆိုရင် ခုနှစ်ထောင်ဆိုတာ ဘာမှမဟုတ်တော့ဘူး”

“အဲ့ လူလိမ်ကောင်ကတော့ကွာ” ရန်ကိုင်ထပြီး ကျိန်ဆဲလိုက်လေသည်။

“အစ်ကိုရန် ရှင်ဘာပြောလိုက်တာလဲ”

“ဘာမှမဟုတ်ဘူး” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ခဏမျှစဉ်းစားနေပြီးနောက် ပြန်ပြောလိုက်သည် “ရှောင်ချီ နင်အပြင်သွားလို့ရှိရင် မြဲမြဲမှတ်ထား။ နင်တွေ့တဲ့လူတိုင်းက နင့်လိုမျိုး ရိုးသားပြီး ကြင်နာတတ်တဲ့လူတွေမဟုတ်ဘူး။ အခြားသူတွေနဲ့ ဆက်ဆံရင် ဘယ်တော့မှ တစ်ဖက်လူအပေါ် မျက်စိမှိတ်ပြီး မယုံစားလိုက်မိစေနဲ့”

“ကျွန်မသိတယ်။ ဒေါ်လေးဖုန်းလည်း အဲ့အကြောင်းကို အမြဲတမ်းပြောတယ်။ ဒီကြယ်တာရာအစုအဝေးထဲမှာ လူတိုင်းက ယုံလို့ရတဲ့လူတွေမဟုတ်ဘူး။ အဲ့တာကို ကျွန်မသိတယ်”

“နင်သိတယ်ဆိုမှတော့ ငါလည်းပြောရတာပေါ့။ ဒီရတနာမြေပုံကအတုကြီး” ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်လေသည်။

“ဘယ်လို အတုကြီးလား။ အဲ့တာဆိုဟိုလူ ကျွန်မကိုလိမ်သွားတာပေါ့။ ဒီမြေပုံက မဟာဧကရာဇ်ကိုယ်တိုင် သူတို့ရဲ့ဘိုးဘေးတွေကို ပေးခဲ့တာပါဆိုပြီး ကျွန်မရှေ့မှာတောင် ကျိန်ဆိုခဲ့တာ”

မိုရှောင်ချီသည် ရန်ကိုင့်အားကြည့်ရင်း မယုံကြည်နိုင်သည့်အမူအရာဖြင့် ဆိုလိုက်လေသည် “မဟာဧကရာဇ်က လိမ်လိုက်တာများဖြစ်နေမလား”

“မဟာဧကရာဇ် လိမ်မလိမ်တော့မသိဘူး။ နင့်ကိုရောင်းလိုက်တဲ့လူကတော့ ကျိန်းသေ လိမ်လိုက်တာသေချာတယ်”

မိုရှောင်ချီ ငြိမ်သက်သွားလေသည်။ သို့သော်လည်း ခဏကြာအောင် စဉ်းစားကြည့်နေပြီးနောက် အကြောင်းစုံကို နားလည်သွားပြီး စတင်အော်ဟစ်လေတော့သည် “မုန်းဖို့ကောင်းတဲ့ လူလိမ်ကောင်။ ငါ့ကိုလိမ်ရဲတယ်။ ငါအခုချက်ချင်းသူ့ကို သွားရှာရမယ်”

“သွားရှာမနေနဲ့။ အခုဆို အဲ့လူရှိတော့မှာမဟုတ်ဘူး။ နင်သူ့ကိုဘယ်လို သွားရှာမှာလဲ” ရန်ကိုင် လှမ်းတားလိုက်လေသည်။

မိုရှောင်ချီက နှုတ်ခမ်းမဲ့လျက် ခြေဆောင့်ရင်း သူမ၏လက်သီးလေးများကို ဝှေ့ယမ်း၍ “ဒေါသထွက်ဖို့ကောင်းလိုက်တာ လူလိမ်အိုကြီး။ နောက်တစ်ခါမတွေ့စေနဲ့ပေါ။ တွေ့ရင်တော့ တစ်ခါတည်း အရေခွံစုတ်ပစ်မယ်”

ထိုသို့ပြောပြီးမှပဲ မိုရှောင်ချီ အတော်လေးပြန်လည် တည်ငြိမ်သွားခဲ့လေသည်။

ခဏကြာထိုင်စဉ်းစားနေပြီး‌နောက်တွင် မိုရှောင်ချီသည် သူမသိုလှောင်လက်စွပ်ထဲမှ တိရိစ္ဆာန်အရေခွံများစွာကို ထုတ်ယူပြီး မေးလိုက်လေသည်။

“ဒါဆို အစ်ကိုရန် ဒါတွေကိုလည်း တစ်ချက်ကြည့်ပေးပါလား။ အတုလား အစစ်လားဆိုတာ”

ရတနာမြေပုံဆိုသော အရာများကို တစ်ချက်ဝှေ့ကြည့်ပြီးနောက် ရန်ကိုင့်မျက်နှာကြီး မဲ့သွားခဲ့လေသည်။

“ဒါဆိုရင် ဒါရော” မိုရှောင်ချီသည် မည်းနက်နေသည့် ကျောက်တုံးတစ်တုံးကို ထုတ်၍ မေးလိုက်လေသည်။

“ဟဲဟဲ” ရန်ကိုင် ခြောက်ကပ်ကပ်သာ ရယ်မောလိုက်လေသည်။

“ဒါဆို ဒီပြိုင်ဘက်ကင်း ကျင့်စဉ်ရော” မိုရှောင်ချီသည် နောက်တစ်ခုထုတ်ပြလိုက်လေသည်။

ထိုကျင့်စဉ်ကိုမြင်ပြီးနောက် ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ချက် တုန်တက်သွားခဲ့လေသည်။ မိုရှောင်ချီ ယခုထုတ်ယူလိုက်သည့် စာအုပ်၏အရောင်မှာ ဝါကျင့်ကျင့်ဖြစ်နေခဲ့၏။ ထို့အပြင် စာအုပ်မျက်နှာဖုံးတွင် ပြိုင်ဘက်ကင်း ကျင့်စဉ်ဟူသော စာလုံးများကို ထိုးထွင်းထားခဲ့လေသည်။ ထိုကျင့်စဉ်သည် ပြိုင်ဘက်ကင်းကျင့်စဉ်မဟုတ်မှန်း အခြားသူများ မသိသွားမည်ကို ရောင်းသူသည် အတော်လေး စိုးရိမ်နေသည့်အလား စာအုပ်မျက်နှာဖုံးပေါ်၌ “ပြိုင်ဘက်ကင်း” ဟူသော စကားလုံးကိုပင် ထည့်ရေးထားသေး၏။

မိုမှောင်ချီသည် မှောင်ခိုဈေးကွက်ထဲ လျှောက်ပတ်ရင်း ဤမျှအသုံးမ၀င်သည့် ပစ္စည်းများကို ၀ယ်ခဲ့သည်။ ဤလောကထဲရှိ လူတိုင်းသာ မိုရှောင်ချီကဲ့သို့ တုံးအမည်ဆိုပါက လူလိမ်သမားများ သူဌေး ဖြစ်ကုန်ကြပေလိမ့်မည်။ ရန်ကိုင် တိတ်နေသည်ကို ကြည့်ရင်း မိုရှောင်ချီ အလွန် စိတ်ညစ်သွားလေသည်။ သူမ၏ ရင်ဘက်ကြီးမှာ ဒေါသထွက်လွန်းသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်လာခဲ့လေသည်။

မိုရှောင်ချီ၏ပုံစံကိုမြင်ပြီး ရန်ကိုင်က နှစ်သိမ့်ပေးတော့မည်အပြု မိုရှောင်ချီသည် ရုတ်တရက်ခေါင်းမော့ပြီး ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည် “ဒါကတော့ အတုမဟုတ်တာ လုံး၀သေချာတယ်”

ထိုသို့ ပြောပြီးနောက် ဖြူဖျော့ဖျော့ ဘဲဥပုံစံ ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်လေသည်။

မိုရှောင်ချီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသဖြင့် ရန်ကိုင်လည်း စိတ်၀င်စားသွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ကျောက်တုံးကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်လည်း သူမည်မျှပင် စစ်ဆေးကြည်နေစေကာမူ ကျောက်တုံးဆီမှ မည်သည့်စွမ်းအင်လှိုင်းကိုမှ မခံစားမိပေ။ သို့သော်လည်း ဤပစ္စည်းသည် သာမန်ကျောက်တုံးတစ်တုံးနှင့်သာတူပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် မည်သည့်စွမ်းအင်လှိုင်း အတက်အကျကိုမှ မခံစားမိသည့်တိုင် ဤကျောက်တုံး၏ မျက်နှာပြင်ထက်တွင် သူ၏ကောင်းကင်စိတ်အာရုံကို တားဆီးနေသည့် နက်နဲသည့် စွမ်းအင်အကာအကွယ်တစ်ခု ရှိနေမှန်း ရန်ကိုင် သိနေခဲ့သည်။

“ဒါဘာကြီးလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“သားရဲဥ တစ်ဥလေ” မိုရှောင်ချီက ပြုံးလျက်ပြန်ပြောလိုက်လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၈၉)

“သားရဲဥ” ရန်ကိုင် ထိတ်လန့်သွားခဲ့လေသည်။

“ဒါ သားရဲဥမှန်း နင်ဘယ်လိုသိတာလဲ”

“ဒီအတိုင်းပဲသိတာ” မိုရှောင်ချီက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည် “ဒါ သားရဲဥ ဆိုတာတော့ လုံး၀သေချာတယ်။ အထဲမှာ ဘယ်လိုသားရဲရှိမှန်းသာ ငါမသိတာ။ ဒါပေမဲ့ အဲ့အထဲက မွန်းစတားသားရဲက အရမ်းကိုအားကောင်းလိမ့်မယ်လို့ ငါခံစားနေရတယ်”

“နင့်မှာတစ်ခုခုကိုမြင်တာနဲ့ သားရဲဥဟုတ်မဟုတ် သိနိုင်တဲ့ ကျင့်စဉ်ရှိနေတာလား” ရန်ကိုင်က မိုရှောင်ချီအား တွေးတွေးဆဆဖြင့် ပြောလိုက်လေသည်။

“ဟုတ်တယ်။ အဲ့တာကြောင့်ပဲ သူတော်စင်နန်းတော်ကလူတွေနဲ့ အပြိုင်လုခဲ့ရတာ။ သူတို့လည်း ဒါတစ်ခုခု ထူးခြားနေမှန်းသိလောက်တယ်။ ဒါကြောင့်ပဲ ကျွန်မဆီကနေ မရရအောင်လာလုနေတာ”

“သားရဲဥမှန်းသေချာရင်တော့ နင်သေချာ ဂရုစိုက်ပေတော့”

ရန်ကိုင်သည် မွန်းစတားသားရဲများအား မည်ကဲ့သို့ပြုစုပျိုးထောင်ရမည်ကို နားမလည်ပါချေ။ သို့သော်လည်း သူမ၌ ပစ္စည်းတစ်ခုခုကို သားရဲဥဟုတ်မဟုတ် စစ်ဆေးနိုင်သည့် နည်းလမ်းတစ်ခုရှိနေသည့် အတွက်ကြောင့် သားရဲများအား မည်ကဲ့သို့ ပြုစုပျိုးထောင်ရမည်ကိုလည်း သူမသိနေလောက်ပေသည်။

မှောင်ခိုဈေးကွက်သို့သွားပြီးနောက်တွင် မိုရှောင်ချီသည် ပစ္စည်းများစွာကိုဝယ်ခဲ့ပြီး ထိုပစ္စည်းများစွာအနက် ဤသားရဲဥ တစ်ခုသည်သာ အဖိုးတန်အသုံး၀င်သည့် ပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်။

“ဒါနဲ့ ရှောင်ချီ နင် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသအကြောင်းသိလား” ရန်ကိုင်သည် တစ်ခုခုကို ရုတ်ချည်းသတိရသွားပြီး မေးလိုက်လေသည်။

“ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသားလ… သိတာပေါ့။ အဲ့တာက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ရဲ့ ကျင့်စဉ်ပဲဟာကို” မိုရှောင်ချီက ခေါင်းညိတ်လျက်

“ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ဒီကျင့်စဉ်ကိုသုံးပြီး ဧကရာဇ်အဆင့်ရဲ့ အထွတ်အထိပ်ကို တက်လှမ်းခဲ့တာ။ သူ့ခေတ် သူ့အခါက ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်ဆိုတာ မဟာဧကရာဇ်ဆယ်ပါးထဲမှာတောင် ထိပ်ဆုံးသုံးပါးထဲ၀င်တယ်”

“အို…ဒါဆို ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က”

“အခု သေသွားပြီ” မိုရှောင်ချီက ယဲ့ယဲ့လေးပြုံးလျက်

“ပြောကြတာတော့ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသက ကောင်းကင်နဲ့ မြေပြင်ကတောင် လက်မခံတဲ့ကျင့်စဉ်တစ်ခုတဲ့။ ဒါ့ကြောင့် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ကြယ်တာရာအစုအဝေးရဲ့ လောကနိယာမတွေ ငြင်းဆန်တာခံရပြီး ကျင့်ကြံနေရင်းနဲ့ ကျင့်ကြံခြင်းသွေဖီပြီး သေသွားခဲ့ရတာတဲ့။ ဒါပေမဲ့ အဲ့တာတွေ အမှန်မဟုတ်မှန်း ကျွန်မသိတယ်”

“ဒါဆို တစ်ကယ့်အမှန်ကဘာလဲ”

“ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်က ဝိုင်းတိုက်ခိုက်ခံရပြီး ကြယ်ပျက်ပင်လယ်ထဲမှာ သေသွားတာ” ထိုစကားကိုပြောသည့်အခါ မိုရှောင်ချီ၏ အမူအရာ အလွန်ကိုမှ လေးနက်တည်ကြည်သွားခဲ့လေသည်။

ရန်ကိုင်က မျက်လုံးမှေးစင်းလျက် အလေးအနက်အမူအရာဖြင့် ပြန်ပြောလိုက်သည်

“ကောင်ကင်ဝါးမျိုခြင်းမဟာဧကရာဇ်က မဟာဧကရာဇ်သုံးပါးထဲမှာတောင်ပါတယ်။ ဒီတော့သူ့ကို ဝိုင်းတိုက်ခိုက်ရဲတာဆိုလို့…”

“ရှုး…” မိုရှောင်ချီသည် သူမ၏ပါးစပ်ရှေ့တွင်

လက်နှစ်ချောင်းထောင်ပြီး ပြောလိုက်သည်။

“ဒီအကြောင်းက လျှို့ဝှက်ချက်ပဲ။ ငါတောင် ဦးလေးလီနဲ့ ဒေါ်လေးဖုန်းပြောနေတာကြားပြီး သိခဲ့ရတာ။ အစ်ကိုရန် အပြင်ရောက်ရင် ဒီအကြောင်းလျှောက်မပြောနဲ့နော်။ မဟုတ်ရင် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ ဒီလောကကြီးမှာ ဒီအကြောင်းကို သိထားတဲ့သူ ဘယ်လောက်မှ ရှိတာမဟုတ်ဘူး”

“ငါသိတယ်။ ဒါပေမဲ့ ဘာလို့ အဲ့စီနီယာတွေက ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ်ကို ဝိုင်းတိုက်ကြတာလဲ”

“အဲ့တာတော့ ကျွန်မလည်း မသိဘူး” မိုရှောင်ချီက ခေါင်းခါလိုက်သည်။

မိုရှောင်ချီ၏ စရိုက်အရ သူမ မသိဘူးဟုပြောလျှင် မသိ၍အတွက်သာ ဖြစ်ပေသည်။ ထို့ကြောင့် ရန်ကိုင်လည်း ဆက်၍မေးမနေတော့ပေ။

ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ဝိုင်းအတိုက်ခံရခြင်းမှာ ကောင်းကင်ဝါးမျိုခြင်းဥပဒေသနှင့် တစ်နည်းတစ်ဖုံ ပတ်သတ်နေရမည်ဟု ရန်ကိုင့်စိတ်ထဲ ခံစားနေရသည်။ သူ့အနေဖြင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို အချိန်ပေးပြီး သေချာပြန်လေ့လာကြည့်ရမည့်ပုံပင်။

ဝူမုန်ချွမ်သည် မကောင်းသည့် ရည်ရွယ်ချက်တစ်ခုခုဖြင့် သူ့အား ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ပေးခဲ့မှန်း သိနေသော်ငြား ဤကျင့်စဉ်သည် မဟာဧကရာဇ်ဆယ်ပါးထဲတွင်ပင် ထိပ်တန်း သုံးယောက်ထဲ၀င်သော ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်၏ ကျင့်စဉ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤအတိုင်း လွှင့်ပစ်ဖို့ရာ နှမြောဖွယ်ကောင်းလှပေသည်။

ရန်ကိုင်နှင့် မိုရှောင်ချီသည် ခဏကြာအောင် စကားဆက်ပြောနေပြီးနောက် မိုရှောင်ချီသည် သူမအိမ်သို့ပြန်သွားလေ၏။ ပြန်မသွားမီ မိုရှောင်ချီသည် ဆက်သွယ်ရေးဓာတ်လုံးတစ်လုံး ပေးသွားခဲ့သည်။ ရန်ကိုင်သည် သူမအား ရှာလိုပါက ဤဓာတ်လုံးထဲသို့ ကောင်းကင်စိတ်အာရုံထည့်သွင်း၍ ဆက်သွယ်နိုင်သည်ဟု ပြောသွားလေသည်။ ရန်ကိုင်လည်း ခေါင်းညိတ်ပြီး ဓာတ်လုံးကို လက်ခံယူထားလိုက်သည်။

မိုရှောင်ချီသည် ထုံအပြီး ရိုးသားသော်ငြား သူမနောက်ခံမှာ အမှန်အကန်ကို ကြောက်မက်ဖွယ်ကောင်းလေသည်။ ထို့အပြင် မိုရှောင်ချီသည် ရန်ကိုင်မသိထားသော အခြားသောအကြောင်းအရာများကိုလည်း သိထားသေး၏။ ထို့ကြောင့် ရန်ကိုင့်အနေဖြင့် တစ်နေ့နေ့တွင် မိုရှောင်ချီ၏ အကူအညီကို လိုကောင်းလိုလာနိုင်ပေသည်။

ထို့အပြင် လက်ရှိအချိန်တွင် နှစ်ယောက်စလုံးသည် မေပယ်မြို့ နေနေကြခြင်းဖြစ်သည်။ မတော်တဆ ကိစ္စတစ်ခုခုနှင့် ကြုံရသော် တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်ခြင်းသည် အမှန်တစ်ကယ်ကို အဆင်ပြေပေသည်။ ဆက်သွယ်ရေးဓာတ်လုံးမှာ ရန်ကိုင့်ကြယ်စီရင်စုထဲရှိ ဆက်သွယ်ရေးမှော်ရတနာများနှင့် အတူတူပင်။

သို့သော်လည်း မိုရှောင်ချီ၏ မှော်ဓာတ်လုံးသည် သာမန် ဆက်သွယ်ရေးမှော်ရတနာများထက် များစွာ အဆင့်ပိုမြင့်ပေသည်။ ဓာတ်လုံးမှ ထွက်ပေါ်နေသော အရှိန်အဝါအရ ဤဓာတ်လုံးသည် တန်ခိုးရှင်ဘုရင်အဆင့်မြင့် မှော်ရတနာတစ်ခု ဖြစ်မှန်း ရန်ကိုင် ပြောနိုင်ပေသည်။ မိုရှောင်ချီ ထွက်သွားပြီးနောက်တွင် ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကိုသုံးကာ အိမ်ပတ်လည်ရှိ အစီအရင်များကို အသက်သွင်းပစ်လေသည်။

လက်ရှိတွင်သူ့၌ အရင်းအမြစ်ကျောက်များစွာ ရှိနေသဖြင့် ရန်ကိုင်လည်း ကပ်စေးနဲမနေတော့ချေ။ အစီအရင်အားလုံးကို အသက်သွင်းပြီးနောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးကိုထုတ်ယူ၍ ထိုထဲသို့ ၀င်သွားလိုက်သည်။ ကမ္ဘာငယ်လေးမှာတော့ အလွန်ကိုမှ ငြိမ်းချမ်းတိတ်ဆိတ်နေခဲ့လေသည်။ အထဲသို့‌ ရောက်သည်နှင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။

ကမ္ဘာပျက်ထဲမှယူလာသော ဆေးပင်အားလုံးသည် ဆေးဥယာဉ်ထဲ ကောင်းမွန်စွာပေါက်ရောက် ရှင်သန်နေကြသည်။ ဆေးပင်အားလုံးမှာ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များဖြစ်ကြသည်။ သူသာ ထိုဆေးပင်များကိုသုံး၍ ဆေးလုံးများ ဖော်စပ်မည်ဆိုပါက တန်ခိုးရှင်ဘုရင်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုဆေးပင်အားလုံးမှာ သူ့မွေးရပ်မြေ ကြယ်စီရင်စုကြီးထဲတွင် အလွန်ကိုမှ ရှားပါးသည့်အတွက် ရန်ကိုင့်အနေဖြင့် မသုံးရက်ခဲ့ပေ။ သို့သော်လည်း အရင်းအမြစ်များ ပိုမိုကြွယ်၀သည့် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီဖြစ်သည့်အတွက်ကြောင့် ထိုဆေးပင်များကို နှမြောတသဖြစ်နေစရာ မလိုတော့ပေ။ ထို့အတွက်ကြောင့် ရန်ကိုင်သည် ထိုဆေးပင်များကိုသုံး၍ စိတ်ဝိဉာဉ်ဆေးလုံးများ ဖော်စပ်ကာ သူ့ကျင့်ကြံခြင်းကို လျှင်မြန်စွာမြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

တစ်ချိန်ထဲတွင် ထိုဆေးပင်များကိုသုံးရင်း သူ့ဆေးစွမ်းရည်ကို မြင့်တက်လာအောင် လုပ်၍ရပေသည်။ ကံကောင်းပြီး အဆင့်ချိုးဖျက်သွားနိုင်ပါက သူ့အနေဖြင့် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ကြယ်တာရာ အစုအဝေးထဲတွင် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များသည် သာမန်သာ ဖြစ်ကြသော်ငြား တာအိုသခင်အဆင့် ဆေးပညာရှင်များမှာတော့ အတော်လေး အဆင့်မြင့်သည်ဟု ပြော၍ရပေသည်။

လက်ရှိတွင် ရန်ကိုင်သည် အရမ်းကြီး အားမကောင်းသေးပေ။ သူ့တွင် တာအိုသခင်အဆင့် ဆေးပညာရှင်ဟူသော အကာအကွယ်တစ်ခုခုရှိနေလျှင် သူ့လုံခြုံရေးအပေါ် ပို၍ အာမခံချက်ရှိလာနိုင်ပေသည်။ ခဏအကြာတွင် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပင်များအားလုံးကို ခူးလိုက်ပြီး အမျိုးအစားစတင်ခွဲတော့သည်။

ကမ္ဘာငယ်လေးထဲတွင် ဆေးဥယာဉ်အပြင် အင်းစက်ဘုရင်မနှင့် ရေခဲချောက်ကမ်းပါး အောက်ခြေမှရလာသော ရေခဲပန်းပွင့်တို့ ရှိနေခဲ့သည်။

ရေခဲပန်းပွင့်နှင့် ရေခဲသီးတို့ရှိနေသည့် နေရာတစ်ခုလုံးမှာ အလွန်ကိုမှ အေးစက်လွန်းလှသည်။ သို့သော်လည်း အင်းစက်ဘုရင်မမှာတော့ ထိုနေရာတွင်သာ အိပ်စက်နေလေ၏။ အချိန်အတော်ကြာအောင် အနားယူအားဖြည့်နေပြီးနောက်တွင် သွေးသားရဲအဖြစ် ပြောင်းလဲသွားသော အင်းစက်ဘုရင်မသည် အတော်လေး ပြန်ကောင်းလာနေခဲ့လေပြီ။

၎င်း၏ကိုယ်ပေါ်ရှိ ဒဏ်ရာအကြီးအငယ်တို့မှာ ပြန်ကောင်းစပြုနေခဲ့သည်။ ရန်ကိုင် အံအားသင့်ရသည့် အချက်မှာ မိုရှောင်ချီသူ့အား ပေးခဲ့သည့် စုံတွဲဓါးသည် အင်းစက်ဘုရင်မနှင့် လုံးဝ ပေါင်းစပ်သွားသည့် အချက်ပင်။ စုံတွဲဓါးနှစ်ချောင်းအနက် တစ်ချောင်းချင်းစီသည် တန်ခိုးရှင်ဘုရင် အဆင့်မြင့် မှော်ရတနာများ ဖြစ်ကြသည့်အတွက် ထိုဓါးနှစ်ခုပေါင်းလိုက်သောအခါ ၎င်း၏တန်ဖိုးသည် တာအိုသခင်အဆင့် မှော်ရတနာတစ်ခုနှင့် သွားညီလေ၏။

ထို့အပြင် ထိုဓါးနှစ်ချောင်း၏ ဓာတ်စွမ်းအင်မှာ ရေခဲစွမ်းအင်ဖြစ်သည့်အတွက် အင်းစက်ဘုရင်မနှင့် အလွန်ကိုမှ လိုက်ဖက်သည်ဟု ပြော၍ရပေသည်။ စုံတွဲဓါးနှစ်ချောင်းကို ရပြီးပြီးချင်း ရန်ကိုင်သည် အင်းစက်ဘုရင်မ သန့်စင်နိုင်စေရန်အတွက် ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ပေးလိုက်သည်။ ယခုမှပဲ ထိုအကြောင်းကို ပြန်သတိရသွားခဲ့ခြင်းဖြစ်သည်။

ဓါးနှစ်ချောင်းသည် အင်းစက်ဘုရင်မ၏ ရှေ့လက်နှစ်ချောင်းနှင့် လုံး၀ပေါင်းစပ်သွားခဲ့ပြီး သူမခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာခဲ့သည်။ ဤကိစ္စသည် အလွန်ထူးဆန်းပေသည်။ ရှင်းရှင်းပြောရလျှင် ရန်ကိုင်သည် အင်းစက်ဘုရင်မနှင့် သင့်တော်သည့် လက်နက်တစ်ခုကို ရှာပေးချင်ယုံသာဖြစ်သည်။ ထို့ကြောင့်ပင် ဤစုံတွဲဓါးကို သူမထံ တုန့်ဆိုင်းခြင်းမရှိ ပေးလိုက်ခြင်းဖြစ်သည်။

သေချာပြန်စဉ်းစားကြည့်လိုက်သော် အင်းစက်ဘုရင်မသည် သွေးသားရဲတစ်ကောင် ဖြစ်နေသော်လည်း ၎င်း၏အစစ်အမှန်ပုံစံသည် အသိစိတ်ရှိနေသော ဓားစိတ်ဆန္ဒဖြစ်သည်။ ထို့ကြောင့် ဓါးပုံစံမှော်ရတနာများနှင့် အတော်လေး လိုက်ဖက်သည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သွေးသားရဲ၊ အသိစိတ်ရှိနေသော ဓါးစိတ်ဆန္ဒနှင့် စုံတွဲဓါး၊ ဤပုံစံမတူသော အရာသုံးခု ပေါင်းစပ်နေသည့် သက်ရှိကို ရန်ကိုင်မည်ကဲ့သို့ ပြောလို့ပြောရမှန်းပင် မသိတော့ချေ။

ကံမကောင်းစွာဖြင့် အင်းစက်ဘုရင်မသည် ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားခြင်းမရှိသည့် သက်ရှိတစ်ကောင်သာ ဖြစ်နေခဲ့သည်။ မဟုတ်လျှင်တော့ ရန်ကိုင့်အနေဖြင့် အင်းစက်ဘုရင်မ မည်မျှအားကောင်းလာနိုင်မည်လဲ ဆိုသည်ကိုတွေးရင်း စိတ်လှုပ်ရှားနိုင်ပေသည်။

အင်းစက်ဘုရင်မအား ခဏကြာအောင် စောင့်ကြည့်နေပြီး အင်းစက်ဘုရင်မ အဆင်ပြေပြေရှိနေကြောင်း အတည်ပြုပြီးနောက်တွင် ရန်ကိုင်သည် သက်တောင့်သက်သာဖြစ်မည့် နေရာတစ်ခုကိုရှာကာ တင်ပလ္လင်ခွေ ထိုင်ချလိုက်လေသည်။ ထို့နောက် အရင်းအမြစ်ချီ သိပ်‌သည်းခြင်းဆေးတစ်လုံးကို ထုတ်သောက်၍ အတွေးထဲ နစ်မြောသွားလေ၏။

ရန်ကိုင်သည် ဝူမုန်ချွမ်မှ သင်ပေးသွားသည့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို နားလည်အောင် ကြိုးစားလိုခြင်းဖြစ်သည်။ အရိုးအကျဉ်းထောင်ထဲတွင်ရှိစဉ်က ဤကောင်းကင်တိုက်ပွဲဥပဒေသ မည်မျှအားကောင်းကြောင်း သူမြင်တွေ့ခဲ့ရပြီးပေပြီ။ သို့သော် သူ့တွင် အချိန်မရှိသေးသဖြင့် ဤကျင့်စဉ်ကို ကောင်းကောင်း မလေ့လာခဲ့ရသေးပေ။ ဤကျင့်စဉ်၏ ဇစ်မြစ်ကိုသိပြီးနောက် ဝူမုန်ချွမ်သည် သူ့အား မကောင်းသည့် ရည်ရွယ်ချက်တစ်ခုခုဖြင့် ဤကျင့်စဉ်ကို ပေးခဲ့ခြင်းဖြစ်မှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

ထို့ကြောင့် ဤကျင့်စဉ်ကိုမကျင့်ကြံလိုခဲ့ပေ။ သို့သော် ကောင်းကင်တိုက်ပွဲဥပဒေသ ကျင့်စဉ်သည် သူ့အတွက် အသုံးမ၀င်သည်တော့မဟုတ်။ ရန်ကိုင့်အနေဖြင့် ဤကောင်းကင်တိုက်ပွဲ ဥပဒေသကို လေ့လာရင်းမှ ဉာဏ်အလင်းပွင့်ကောင်း ပွင့်သွားနိုင်ပေသည်။ ထို့ကြောင့် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲ ဥပဒေသကို အချိန်ပေးကာ စတင်လေ့လာတော့သည်။ အချိန်အတော်ကြာအောင် လေ့လာပြီးနောက် ရန်ကိုင်သည် ကောင်းကင်တိုက်ပွဲဥပဒေသအကြောင်း အနည်းအကျဉ်း နားလည်သွားခဲ့လေသည်။

သူ့အနေဖြင့် ဤကျင့်စဉ်ကိုသုံးပြီး စွမ်းအင်ရှိသည့် မည်သည့်အရာကိုအဆို သန့်စင်ပစ်ကာ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။ ဤကျင့်စဉ်အား အထွတ်အထိတ်သို့ရောက်အောင် ကျင့်ကြံပြီးပါက နေ၊ လ၊ ကြယ်များကိုပင် ဝါးမျိုပစ်လာနိုင်ပေလိမ့်မည်။ ထိုအချက်ကို နားလည်ပြီးနောက် ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့သည်။ ဤကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို တီထွင်ခဲ့သော ကောင်းကင်ဝါးမျိုခြင်း မသာဧကရာဇ်သည် အမှန်တစ်ကယ်ကို ပြိုင်ဘက်ကင်းသည့် ပါရမီရှင် အရူးသမားတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်စည် ဤကျင့်စဉ်ဖြင့် ကြယ်များကိုပင် ဝါးမျိုပစ်ချင်နေသည်။ သို့သော်ငြား တစ်ချိန်ထဲတွင် ရန်ကိုင့်စိတ်ထဲ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်အပေါ် လေးစားစိတ်ဖြစ်သွားမိသည်။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ် မည်မျှပင်ရူးမိုက်နေသည် ဆိုသော်ငြား သူသည် အလွန်ကိုမှပါရမီပါသည့် ပညာရှင်တစ်ဦး ဖြစ်သည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထို့ကြောင့်သာမဟုတ်လျှင် ဤကဲ့သို့သော ကျင့်စဉ်တစ်ခုကို မည်သို့များ တီထွင်နိုင်ခဲ့ပါမည်နည်။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို မိုးနှင့်မြေမှ သည်းမခံနိုင်ဟုပြောကြသည်။ အမှန်တော့ ဤကျင့်စဉ်သည် လောကကြီးမှပင် သည့်မခံနိုင်သည့် ကျင့်စဉ်တစ်ခုသာမဟုတ် အခြားသော မဟာဧကရာဇ်များမှလည်း သည်းမခံနိုင်ကြသည့် ကျင့်စဉ်တစ်ခုလည်း သည်။ ထိုအကြောင်းကြောင့်ပင် ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်သည် အခြားသော ဧကရာဇ်များ၏ ဝိုင်း၀န်းတိုက်ခိုက်ခြင်း ခံခဲ့ရခြင်း ဖြစ်လောက်သည်။

သို့သော်ငြား ဤကျင့်စဉ်၏ ဘေးထွက်ဆိုးကျိုးများကို ရန်ကိုင်သေချာ သတိထားမိပေသည်။ စွမ်းအင်ရှိသည့် မည်သည့်အရာကိုမဆို ဝါးမျိုပြီး မိမိ၏စွမ်းအားကို တိုးမြင့်အောင် လုပ်နိုင်သည်မှာ တက်မက်ဖွယ်ကောင်းသော်လည်း အကန့်အသတ်မထားဘဲ အရူးအမူးဝါးမျိုနေမည် ဆိုကပါက ဆိုးရွားသည့် အကျိုးဆက်များကို ခံစားရနိုင်ပေသည်။ မိမိဝါးမျိုးသည့် မတူကွဲပြားသော စွမ်းအင်အမျိုးမျိုးသည် ခန္ဓာတစ်ခုထဲတွင် အတူတကွမတည်ရှိနိုင်သောအခါ ကျင့်ကြံခြင်း သွေဖယ်ခြင်းမျိုး ဖြစ်ပေါ်လာနိုင်ပေသည်။

အကောင်းဆုံသက်သေကို ပြောပါဆိုလျှင် ဝူမုန်ချွမ်ကိုသာ ပြရပေလိမ့်မည်။ ထိုလူအိုကြီးသည် အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်သည့် လူအိုကြီးဖြစ်သည်။ သူအားကောင်းလာရန်အတွက် သူ့သစ္စာရှိ လက်အောက်ငယ်သားများကိုပင် တစ်ချက်မှ မစဉ်းစားဘဲ သတ်ပစ်ခဲ့သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သောစိတ်သည် ဤကောင်းကင်ဝါးမျို တိုက်ပွဲဥပဒေသနှင့် တစ်နည်းတစ်ဖုံ ပက်သတ်နေရပေလိမ့်မည်။

ထို့အပြင် ဤကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပ‌ဒေသသည်သာ ပြိုင်ဘက်ကင်းသည့် ကျင့်စဉ်တစ်ခုဖြစ်ပါက ဝူမုန်ချွမ်သည် ဘာ့ကြောင့်များ တာအိုသခင် တတိယအဆင့်တွင်သာ ရှိနေရသေးသနည်း။ သူသည် အစောကြီးကတည်းက ဧကရာဇ်အဆင့်သို့ ချိုးဖျက်သွားသင့်ပြီ မဟုတ်ပေလော။

“တစ်ကယ့် အမှိုက်ပဲ” ရန်ကိုင် သက်ပြင်းချလိုက်သည်

သူ့လက်ထဲရောက်နေသော အထွတ်အထိပ်ကျင့်စဉ်တစ်ခုသည် ဤကဲ့သို့သော ကျင့်စဉ်တစ်ခုဖြစ်နေခဲ့သည်။ ဤသို့ကျင့်စဉ်တစ်ခုအား စွန့်ပစ်ရမည့်အပေါ် ရန်ကိုင်အတော်လေး နှမြောတသဖြစ်နေခဲ့သည်။ သို့သော်လည်း ဤကျင့်စဉ် မည်မျှပင်မည်မျှပင် အားကောင်းနေစေပါမူ ဤကျင့်စဉ်မှ ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများကို ရန်ကိုင် တောင့်ခံနိုင်လိမ့်မည် မဟုတ်‌ချေ။ ထို့အပြင် ဧကရာဇ်ဖြစ်လာရန်အတွက် လမ်းကြောင်းတစ်ခုထဲ ရှိသည်မှ မဟုတ်လေပဲ။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၁၉၉၀)

ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို မကျင့်ကြံနိုင်မည့်အကြောင်းကိုတွေးရင်း ရန်ကိုင်အနည်းငယ် နောင်တရနေခဲ့သည်။ သို့သော် ထိုစဉ်မှာပင် သူ့စိတ်ထဲ အကြံတစ်ခုဖြစ်ပေါ်လာခဲ့သည်။

‌ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသသည် စွမ်းအင်ရှိသည့် မည်သည့်အရာကိုမဆို ဝါးမျိုနိုင်ပြီး ကိုယ်ပိုင်စွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်သည်။ ကျောက်တုံးရုပ်သေးရုပ်၏ မွေးရာပါစွမ်းအင်သည်လည်း သတ္တုအမျိုးမျိုးကို ဝါးမျိုပြီး အညစ်အကြေးများကို ဖယ်ထုတ်ကာ ထိုသတ္ထုများ၏ အဆီအနှစ်ကိုသုံး၍ မိမိကိုယ်ကိုယ်တိုးတက်အောင် လုပ်ခြင်းဖြစ်သည်။

ကျောက်တုံးရုပ်သေးရုပ် စွမ်းရည်နှင့် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသတို့မှာ ဆင်တူနေခဲ့လေသည်။ ထို့အပြင် ကျောက်တုံးရုပ်သေးရုပ်များသည် အလွန်ကိုမှ အားကောင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။ ရှောင်ရှောင်ဆိုလျှင် နေမီးလျှံအမြူတေကိုပင်ဝါးမြိုပစ်ကာ သန့်စင်ပစ်နိုင်လေသည်။ ကျောက်တုံးရုပ်သေးရုပ်သည်သာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံမည်ဆိုပါက မည်ကဲ့သို့များ ဖြစ်သွားမည်နည်း။

ယေဘုယျအားဖြင့် ကျောက်စိမ်းရုပ်သေးရုပ်များသည် မည်သည့်ကျင့်စဉ်ကိုမှ မကျင့်ကြံနိုင်ကြပေ။ သူတို့မှာမွေးရာပါခွန်အား အလွန်ကိုမှ အားကောင်းသော်ငြား အသိဉာဏ်မှာအတော်လေးကိုမှ နိမ့်ကျသည်။ ထို့ကြောင့် မည်သည့်ကျင့်စဉ်ကိုမှ နားမလည်ကြပေ။ ကျင့်ကြံဖို့ဆိုလျှင်တော့ ပြောနေဖို့ပင်မလိုတော့။ လောကကြီးသည် အရာအားလုံးပေါ်တွင် မျှတပေသည်။

ကျောက်တုံးရုပ်သေးများကို အားကောင်းသော ခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားကို ပေးစွမ်းထားသော်ငြား သူတို့၏ ဉာဏ်ရည်ကိုတော့ နှိမ့်ချထားခဲ့သည်။ ကျောက်တုံးရုပ်သေးများသာ ဉာဏ်ရည်မြင့်မားမည်ဆိုပါက သူတို့သည် ရှေးဟောင်းနတ်သားရဲများနှင့်ပင် ယှဉ်ပြိုင်နိုင်သော မျိုးနွယ်စုဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင်တွင်သူ့ကိုယ်ပွား ရှိနေသေးသည်။ ရန်ကိုင့်၏ ဝိဉာဉ်ကိုယ်ပွားသည် လွင့်မြောတိုက်ကြီး၏ ကြယ်အမြူတေကို ဝါးမျိုပစ်ထားသည့် ကျောက်တုံးရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည်။ ပုံမှန်အားဖြင့် ကျောက်တုံးရုပ်သေးရုပ်များမှာ ကျင့်စဉ်များကို မကျင့်ကြံနိုင်ကြသော်ငြား ရန်ကိုင့်၏ ကိုယ်ပွားကတော့ ထိုကဲ့သို့မလုပ်နိုင်ဟု မဆိုလိုပေ။ ထိုအချက်ကို စဉ်းစားပြီးနောက်တွင် ရန်ကိုင့်၏သွေးများ စတင်ဆူပွက်လာလေသည်။ သူ့ကိုယ်ပွားသည် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျိန်းသေ ကျင့်ကြံလို့ရလောက်ပေသည်။

ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် ရန်ကိုင်သည် ကျောက်တုံးရုပ်သေးရုပ်ထဲတွင် ရှိနေသော သူ့ဝိဉာဉ်ကိုယ်ပွားကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသနှင့် ပတ်သတ်သော အကြောင်းအရာများကို ဝိဥာဉ်ကိုယ်ပွားထဲသို့ ထည့်ပေးလိုက်၏။ လိုအပ်သည့် အကြောင်းအရာများကို သိပြီးနောက်တွင် သူ့ဝိဉာဉ်ကိုယ်ပွားသည် ကျောက်တုံးရုပ်သေးရုပ်ထဲသို့ ပြန်၀င်သွားလေသည်။

ချက်ချင်းဆိုသလို ကျောက်တုံးရုပ်သေးရုပ်ကြီးသည် တင်ပလ္လင်ခွေထိုင်ချကာ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို စတင်ကျင့်ကြံတော့၏။ အစပိုင်းတွင် မည်သည့် ထူးခြားမှုကိုမှမမြင်တွေ့ရသော်ငြား အချိန်ကြာလာသည်နှင့် ကျောက်တုံးရုပ်သေးရုပ်ကြီးဆီမှ အက်ကွဲသံများ ထွက်ပေါ်လာလေသည်။

တစ်ခုခုမှားသွားပြီအထင်နှင့် ရန်ကိုင်စိုးရိမ်သွားသော်ငြား သေချာစစ်ဆေးကြည့်ပြီးနောက်မှ ထိုကဲ့သို့ မဟုတ်မှန်း ရန်ကိုင်တွေ့လိုက်ရသည်။

အက်သံများနှင့်အတူ ကျောက်စကျောက်နများ သူ့ကိုယ်ပွား၏ကိုယ်မှ ပဲ့ကျလာခဲ့လေသည်။ ထိုကျောက်စကျောက်နများသည် မြေပြင်နှင့် သွားရိုက်သည့်အချိန်တွင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုအခြင်းအရာကို မြင်သည့်အခါ ရန်ကိုင့်၏မျက်လုံးများ တစ်ဖျက်ဖျက် တောက်ပသွားလေသည်။

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပ‌ဒေသသည် တစ်ကယ်ကို ထူးခြားလွန်းပေ၏။ ဤကျင့်စဉ်သည် ကျောက်တုံးရုပ်သေးရုပ်ကလန်သားများအတွက် အထူးဖန်တီးထားသလားဟုပင် ထင်ရလေသည်။ အစောပိုင်းက ကျောက်တုံးရုပ်သေးရုပ်ဆီမှ ပြုတ်ကျသွားသော ကျောက်စကျောက်နများသည် အညစ်အကြေးများသာ ဖြစ်ကြလေသည်။

လွင့်မြောတိုက်ကြီး၏ ကြယ်အမြူတေကို ဝါးမျိုပြီးချိန်မှစ၍ ကျောက်တုံးရုပ်သေးသည် သူ့မွေးရာပါစွမ်းရည်ကိုသုံးကာ လွင့်မြောတိုက်ကြီး၏ အမြူတေကို သန့်စင်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း တိုးတက်နှုန်းမှာ အလွန်ကိုမှ နှေးပေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ လှုပ်ရရှားရ အဆင်မပြေသဖြင့် ရန်ကိုင်သည် သူ့ဝိဉာဉ်ကို ကမ္ဘာငယ်လေးထဲတွင်သာ ထည့်ထားလေသည်။ သူ့ကိုယ်ပွားကို ရပြီးချိန်မှစ၍ ရန်ကိုင်သည် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။

သို့သော်လည်း ထိုတိုက်ပွဲများတွင် ကျောက်တုံးရုပ်သေးရုပ်အား သိပ်ပြီး ထုတ်မသုံးခဲ့ချေ။

လွင့်မြောတိုက်ကြီး ဝါးမျိုထားသည့် ကျောက်တုံးရုပ်သေးရုပ်ကြီးအား အထုတ်အသွင်းပြုရန် စိတ်စွမ်းအင်များစွာ လိုပေသည်။ ထို့ကြောင့် တစ်ကယ်အရေးကြီးမှသာ ရန်ကိုင်သည် သူ့ကိုယ်ပွားကို ထုတ်သုံးလေ၏။ ပုံမှန်နှုန်းအတိုင်းသာ သွားမည်ဆိုပါက ကျောက်တုံးရုပ်သေးရုပ်သည် မီတာတစ်ရာခန့်သို့ရောက်ရန် အနည်းဆုံး ဆယ်နှစ်မှ နှစ်နှစ်ဆယ်အထိ ကြာမြင့်နိုင်ပေသည်။ သို့သော်လည်း ထိုအချိန်သို့ရောက်သောအခါ ရန်ကိုင်၏ခွန်အားသည် သူ့ကိုယ်ပွားထက် အဆပေါင်းများစွာ ပိုမိုမြင့်မားနေပေလိမ့်မည်။

ထိုသို့ဖြစ်သည့်အခါ တန်ခိုးရှင်ဘုရင် တတိယအဆင့်သာရှိသေးသော ကိုယ်ပွားသည် သူ့အားမည်သို့များ ကူညီပေးနိုင်ပါဦးမည်နည်း။ ထိုကိစ္စနှင့်ပတ်သတ်၍ ရန်ကိုင်လည်း ခေါင်းခဲခဲ့ရသည်။ သို့သော်လည်း အဖြေရှာမရသဖြင့် ထိုကိစ္စကို ထိုအတိုင်းသာ ထားလိုက်ရ၏။ ‌သို့သော်လည်း ယခု ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသနှင့် ဆိုပါက ထိုပြဿနာကို ဖြေရှင်း၍ရပေပြီ။

ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနှင့်တကွ မွေးရာပါစွမ်းအားကိုပါ ထုတ်သုံးလိုက်သော် ရန်ကိုင်၏ ကိုယ်ပွားသည် ကိုယ်ထဲရှိ အညစ်အကြေးများကို အလွန်လျှင်မြန်သည့်နှုန်းဖြင့် ဖယ်ရှားပစ်နိုင်လာ၏။

ကြည့်ရသလောက် မနှောင်းတော့သည့်အချိန်တွင် သူ့ကိုယ်ပွားသည် သူ့အားနောက်တစ်ကြိမ် ကူညီလာနိုင်တော့မည့်ပုံပင်။ ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသကို ကျင့်ကြံရင်းမှရသည့် အကျိုးအမြတ်သည် ဤမျှလောက်ပင် မဟုတ်သေးချေ။ ရန်ကိုင် စိတ်အလှုပ်ရှားရဆုံးမှာ ဤကျင့်စဉ်သည် ကျောက်တုံးရုပ်သေးရုပ်နှင့် လုံး၀ကို ပနံသင့်နေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ သူ့ကိုယ်ပွားသာ ဤကျင့်စဉ်ကို ဆက်ပြီး ကျင့်ကြံသွားမည်ဆိုပါက တဖြည်းဖြည်းနှင့် ပိုပို၍ အားကောင်းလာပေလိမ့်မည်။

ရှောင်ရှောင်သည် သတ္ထုရိုင်းများကို ဝါးမျိုရင်း အားကောင်းအောင်လုပ်ခဲ့သည်။ သူ့ကိုယ်ပွားသည်လည်း ထိုကဲ့သို့ လုပ်နိုင်ပေသည်။ ရန်ကိုင်၏ ကိုယ်ပွားသည် ကျောက်တုံးရုပ်သေးကလန်၏ မွေးရာပါ ခွန်အားကို ပိုင်ဆိုင်ထားရုံသာမက ကောင်းကင်ဝါးမျိုခြင်း တိုက်ပွဲဥပဒေသ၏ အကူအညီကိုပါ ရရှိထားသည်။ ထို့ကြောင့် ရန်ကိုင်သာ လုံလောက်သည့် အရင်းအမြစ်များကို ထောက်ပံ့ပေးမည်ဆိုလျှင် သူ့ကိုယ်ပွားသည် အချိန်တိုအတွင်း လျင်မြန်စွာ အားကောင်းလာပေလိမ့်မည်။

ဝုန်း…ဝုန်း…ဝုန်း

ရန်ကိုင်၏ကိုယ်ပွားပေါ်မှ ကျောက်စကျောက်နများ မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျလာနေခဲ့သည်။ ခဏကြာအောင်ကြည့်နေပြီးနောက်တွင် ရန်ကိုင်သည် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများကို အရင်းအမြစ်ချီများအဖြစ်သို့ ပြောင်းလဲရာတွင် အာရုံစိုက်လိုက်သည်။ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးမှာ ကြယ်တာရာလမ်းကြောင်းထဲတွင် ရခဲ့သော အလင်းစက်လေးများလောက် သိပ်သည်းခြင်းမရှိသော်ငြား တော်တော်လေးကောင်းသည်ဟု ပြော၍ရပေသည်။

ထို့အပြင်ရန်ကိုင်ဖော်စပ်ထားသည့် အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများမှာ အတော်လေးကိုမှ အဆင့်မြင့်သည်ဟု ပြော၍ရသည်။ ရန်ကိုင်သည် သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများထက် အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးများကို ပိုမိုလျှင်မြန်စွာ သန့်စင်ပစ်နိုင်သေးသည်။ သာမန် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများအတွက် ဆေးလုံးထဲတွင်ရှ်ိသော ဆေးအာနိသင်ကိုသန့်စင်ရန်အတွက် သုံးရက်ခန့် အချိန်ယူရသည်။

သို့သော်လည်း ရန်ကိုင်ကမူ တစ်ရက်တည်း အပြတ်လုပ်နိုင်ပေသည်။ထိုသို့ဖြစ်ရခြင်းမှာ ကြယ်သခင်တစ်ပါး ဖြစ်နေသည့်အတွက်ကြောင့်ဖြစ်ရမည်ဟု ရန်ကိုင်သိနေခဲ့။ ကြယ်သခင်များသည် ကြယ်တာရာလမ်းကြောင်းထဲရှိ အလင်းစက်များကို အခြားသူများထက် ပိုမိုလျှင်မြန်စွာ စုပ်ယူနိုင်ပေသည်။ ထို့အတွက်ကြောင့် သူတို့ကိုယ်ထဲရှိ သူတော်စင်ချီကို အရင်းအမြစ်ချီအဖြစ်သို့ ပိုမိုလျင်မြန်စွာ ပြောင်းလဲနိုင်၏။

အရင်းအမြစ်ချီသိပ်သည်းခြင်း ဆေးလုံးများအတွက်လည်း အတူတူသာ ဖြစ်လိမ့်မည်ဟု ရန်ကိုင် ယူဆလိုက်သည်။ သို့သော်လည်း ထိုအရာမှာ ဆိုးသည့်အရာတော့မဟုတ်ပေ။ လက်ရှိတွင် ရန်ကိုင်၌ အရင်းအမြစ်ချီ သိပ်သည်းခြင်းဆေးလုံးများစွာ ရှိနေသည်။ ကုန်သွားမည်ဆိုလျှင်ပင် အသစ်ထပ်မံဖော်စပ်နိုင်သေးသည်။

လက်ရှိဦးစားပေးအလုပ်မှာ သူ့ကိုယ်ထဲရှိ သူတော်စင်ချီအားလုံးကို အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပြီး တာအိုသခင်အဆင့်သို့ ချိုးဖျက်နိုင်ရန် ဖြစ်လေသည်။ အချိန်သည် တဖြည်းဖြည်းကုန်ဆုံးနေခဲ့ရာ မျက်တောင်တစ်ခတ်အတွင်း ခုနစ်ရက် ကုန်သွားခဲ့လေသည်။ ခုနစ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်‌ဆေးကြည့်လိုက်သည့်အခါ သူ့အိမ်အနီးတစ်ဝိုက်တွင် တစ်ယောက်ယောက် ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ရောက်နေသည့်လူမည်သူမှန်း စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ သက်သေခံတံဆိပ်ပြားကိုထုတ်၍ အစီအရင်များကို ပြန်ပိတ်လိုက်လေလိုက်သည်။ ရန်ကိုင်၏ အိမ်အပြင်ဘက်တွင် ၀န်ထမ်း၀တ်စုံကို ၀တ်ဆင်ထားသောလူတစ်ဦးသည် စိုးရိမ်တကြီး အမူအရာဖြင့် ရပ်နေခဲ့လေသည်။ ထိုလူသည် တစ်ယောက်ယောက်နှင့် အဆက်အသွယ်လုပ်နေသည့်အလား ဆက်သွယ်ရေး မှော်ရတနာတစ်ခုကိုကိုင်ကာ စကားပြောနေခဲ့၏။ ထိုစဉ်ရုတ်တရက် ရန်ကိုင်၏ အသံထွက်လာလေသည်။

“၀င်လာခဲ့”

ဆိုင်၀န်ထမ်းကြောင်သွားခဲ့ပြီးနောက် ချက်ချင်းပဲပြုံးလျက် အထဲသို့၀င်သွားလိုက်လေသည်။

“ဆေးပညာရှင်ရန်ကို နှုတ်ဆက်ပါတယ်” ဆိုင်၀န်ထမ်းက အလျင်စလို နှုတ်ဆက်လိုက်သည်။

“ဆိုင်ပိုင်ရှင်ခန် လာတွေ့ခိုင်းတာလား။ သူဘာပြောချင်လို့လဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

ဆိုင်၀န်ထမ်းမှာ စိတ်ဝိဉာဉ်‌ဆေးလုံးပလာဇာ၏ အလုပ်သမားတစ်ဦးသာ ဖြစ်လေသည်။

“‌ဆေးပညာရှင်ရန်နဲ့ ကိစ္စတစ်ခုခုဆွေးနွေးချင်လို့ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာကို လာခဲ့ပါလို့ ဆိုင်ပိုင်ရှင်ခန်က ပြောခိုင်းလိုက်လို့ပါ”

“ဆိုင်ပိုင်ရှင်ခန် ပြန်ရောက်နေပြီလား”

ခန်စစ်ရန်သည် လွမ်ဖုံးပေါ်လာသည့် ကိစ္စကို စစ်ဆေးရန်အတွက် မြို့သခင်စံအိမ်ထံသို့ ဖိတ်ခေါ်ခံခဲ့ရသည်။ ရန်ကိုင်လည်း ထိုအကြောင်းကို သိပေသည်။ သို့သော်လည်း ကမ္ဘာဖျက် အနက်ရောင်မီးတောက်များမှာ ကြည်လင်ကျောက်စိမ်းတောင်ကို ဖုံးလွှမ်းနေ၍ သူတို့အနေဖြင့် ပြာများမှတစ်ပါး အခြားဘာကိုမှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ယခုပြန်စဉ်းစားကြည့်လိုက်မှပဲ သူတို့ပြန်ရောက်နေသည်မှာ အထူးအဆန်းမဟုတ်မှန်း တွေ့ရှိလိုက်ရသည်။ ခုနစ်ရက်ပင် ကြာနေပြီကိုး။

“ဆိုင်ပိုင်ရှင်က မနေ့ကတည်းက ပြန်ရောက်တာပါ။ ရောက်ရောက်ချင်း ‌ဆေးပညာရှင်ရန်ကို ဆက်သွယ်ဖို့လုပ်ပေမဲ့ ဆက်သွယ်လို့မရလို့ ဒီလက်အောက်ငယ်သားကို လာခိုင်းလိုက်တာပါ။ ဆိုင်ပိုင်ရှင်ကိုကြည့်ရတာ သူဆွေးနွေးချင်တဲ့ကိစ္စက တော်တော်လေး အရေးကြီးပုံပဲ။ ကျေးဇူးပြုပြီး ‌ဆေးပညာရှင်ရန် ကျုပ်နောက် လိုက်ခဲ့ပေးပါ” ဆိုင်၀န်ထမ်းက ပြုံးလျက် ပြောလိုက်လေသည်။

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းငြိမ့်လိုက်သည်။

ခန်စစ်ရန်သူ့အားဘာကြောင့်တွေ့ချင်နေမှန်း သူမသိသည့်တိုင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်သွားမှန်းတော့ ရန်ကိုင်သိပေသည်။ မဟုတ်လျှင် ဆိုင်၀န်ထမ်းကိုပင် သူ့အိမ်သို့ လွှတ်လိုက်လိမ့်မည် မဟုတ်ချေ။ ဘာသယ်စရာမှ မရှိလေရာ ရန်ကိုင်သည် ချက်ချင်းပဲ ဆိုင်၀န်ထမ်းနှင့်အတူ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆီသို့ ထွက်လာခဲ့လေသည်။

ဆိုင်ထဲ၀င်၀င်ပြီးချင်းမှာပင် ခန်စစ်ရန်သည် ရန်ကိုင့်အား ဆိုင်နောက်ဘက်ရှိ အခန်းတစ်ခန်းထဲသို့ ချက်ချင်းဆွဲခေါ်သွားခဲ့သည်။ ဆိုင်ပိုင်ရှန်ခန်၏ လောကြီးနေသည့်ပုံကိုကြည့်ရင်း ရန်ကိုင်က မေးလိုက်၏။

“တစ်ခုခုဖြစ်သွားလို့လား ဆိုင်ပိုင်ရှင်ခန်”

ခန်စစ်ရယ်က ရယ်မော၍ပြန်ပြောလိုက်လေသည်။

“‌ဆေးပညာရှင်ရန် သတင်းကောင်းပဲဟေ့”

“အို ဘယ်လိုသတင်းကောင်းလဲ”

“ကြယ်သံတမန်က ငါတို့အပေါ် အခွင့်အရေးတစ်ခုပေးလာတယ်”

“ဘယ်လိုမျိုးလဲ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ဒီလို” ခန်းစစ်ရန်သည် ရန်ကိုင့်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးရင်း ရှင်းပြလိုက်သည်။

“‌နောက်သုံးရက်ကြာလို့ရှိရင် ကြယ်သံတမန်က ဒီမေပယ်မြို့ထဲမှာပဲ ငါးရောင်ခြယ် ရတနာဘုရားကို ဖွင့်ပေးလိမ့်မယ်”

“ငါးရောင်ခြယ်ရတနာဘုရား” ရန်ကိုင်ပို၍ နားမလည်နိုင်ဖြစ်သွားခဲ့လေသည်။

“အဲ့တာဘာကြီးလဲ”

ငါးရောင်ခြယ်ရတနာဘုရား အကြောင်း မကြားဖူးသည့်ရန်ကိုင့်ကိုကြည့်ရင်း ခန်စစ်ရန် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေသည်။ သို့သော်လည်း ရန်ကိုင်သည် ချောင်ကျသည့် နေရာတစ်ခုမှလာကြောင်း စဉ်းစားမိသောအခါ ချက်ချင်းပဲ ပြန်ရှင်းပြလိုက်လေ၏။

“မင်းသိမှာမဟုတ်မှန်း ငါအစောကြီးကတည်းက သိလိုက်သင့်တာ။ ငါးရောင်ခြယ် ရတနာဘုရားဆိုတာ ဧကရာဇ်မှော်ရတနာတစ်ခုပဲ”

“ဧကရာဇ်မှော်ရတနာ” ရန်ကိုင်စိတ်၀င်စားသွား၏။

“ဟုတ်တယ်။ ဧကရာဇ်မှော်ရတနာတွေထဲမှာတောင် အရမ်းကို အဆင့်မြင့်တဲ့အထဲပါတယ်” ခန်စစ်ရန်က ပြုံးလျက် ရှင်းပြလိုက်သည် “ထူးဆန်းတာက အဲ့ငါးရောင်ခြယ် ရတနာဘုရားဆိုတာ တိုက်ခိုက်တာရော ခုခံတာမှာပါ သုံးလို့ရတဲ့ ရတနာတစ်ခုမဟုတ်ဘူး”

“တိုက်ခိုက်တာရော ခုခံတာပါသုံးလို့မရဘူးဆိုရင် ဘာအတွက်သုံးတာလဲ။ ကျင့်ကြံဖို့အတွက်လား”

ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲရှိ ကိစ္စများအကြောင်း မသိသော်ငြား အခြေခံအချက်လောက်ကိုတော့ နားလည်ထားပေသည်။ ကျင့်ကြံသူများသည် မှော်ရတနာများကို တိုက်ခိုက်ရာနှင့် ခုခံရာတွင်သာ သုံးကြလေသည်။ ထိုနှစ်ခုအတွက် မသုံးလျှင် ကျင့်ကြံခြင်းအတွက် သုံးရန်သာရှိတော့သည်။

“ဟုတ်တော့ ဟုတ်ပေမယ့် လုံး၀ကြီးတော့ မဟုတ်ဘူး” ခန်စစ်ရန်က ရယ်မော၍ပြောလိုက်လေသည် “ငါးရောင်ခြယ်ရတနာဘုရားဆိုတာ ကြယ်ဝိဉာဉ်နန်းတော်က သူတို့တပည့်တွေကို လေ့ကျင့်ပေးဖို့ သုံးတဲ့နေရာပဲ”

“ဒီတော့ ဆိုင်ပိုင်ရှင်ခန်ပြောချင်တာက ငါးရောင်ခြယ်ရတနာဘုရားဆိုတာ ကမ္ဘာငယ်လေးတစ်ခုပေါ့”

ခန်စစ်ရန်သည် ရန်ကိုင့်အား အံ့အားသင့်နေသည့် လေသံဖြင့် “ဆေးပညာရှင်ရန်က တစ်ကယ်ကို အမြင်စူးရှတာပဲ။ ဟုတ်တယ် ငါးရောင်ခြယ်ရတနာဘုရားဆိုတာ ကမ္ဘာငယ်လေးတစ်ခုပဲ”

All Chapters