← Chapters

အခန်း (၂၀၀၆-၂၀၁၀)

Vol. 81 Ch. 2006-2010

အခန်း (၂၀၀၆-၂၀၁၀)

Vol. 81 Ch. 2006-2010

အပိုင်း (၂၀၀6)

မရေတွက်နိုင်အောင် များပြားလှသော ထူးဆန်းသည့်နေရာများသည် ဤကြယ်တာရာ အစုအဝေးထဲ တည်ရှိနေကြပေသည်။ သဘာ၀အတိုင်း ဖြစ်ပေါ်နေသော မြေဆွဲအား စက်ကွင်းများသည် ကြယ်တာရာအစုအဝေးထဲတွင်သာ မဟုတ် ကြယ်စီရင်စုကြီးထဲတွင်ပင် တည်ရှိကြသည်။ အချို့သောနေရာများ၏ မြေဆွဲအားသည် အခြားနေရာများထက် အဆပေါင်းများစွာ ပိုမိုများပြားနေတတ်သည်။

ထိုကဲ့သို့သော နေရာများသို့ မတော်တဆ ပြုတ်ကျမိသောကျင့်ကြံသူများ ဒုက္ခလှလှနှင့် တွေ့ရပေသည်။ သို့သော်လည်း ဤနေရာရှိ မြေဆွဲအားစက်ကွင်းမှာ ထိုကဲ့သို့သော နေရာများထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။ မြေဆွဲအားစက်ကွင်းထဲသို့ ၀င်လာပြီးနောက် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသော ရန်ကိုင်ပင်လျှင် လုံး၀လှုပ်မရအောင် ဖြစ်သွားခဲ့လေသည်။

ထိုအချက်ကို ကြည့်ရုံမျှဖြင့်ပင် ဤနေရာရှိ မြေဆွဲအား မည်မျှပြင်းထန်ကြောင်းကို တွေ့နိုင်ပေသည်။ သဘာ၀အတိုင်း ဖြစ်ပေါ်နေသော မြေဆွဲအားများသည် အလွန်ကိုမှ ရှားပါးလှပြီး ထိုသို့သော မြေဆွဲအားစက်ကွင်းများ ဖြစ်ပေါ်လာရန်အတွက် အချို့သော လိုအပ်ချက်များနှင့် ကိုက်ညီရန် လိုအပ်ပေသည်။

ရန်ကိုင့်အနေဖြင့် မြေဆွဲအား စက်ကွင်းများနှင့် မကြုံဖူးသည်မဟုတ်၊ ကြုံဖူးပေသည်။ သို့သော် သူကြုံတွေ့ရသော မြေဆွဲအား စက်ကွင်းများသည် ယခုကဲ့သို့ သူ့အား လုံး၀လှုပ်မရအောင် မလုပ်နိုင်ခဲ့ပေ။ သို့သော်ငြား ဤတစ်ခုမှာတော့ ရန်ကိုင့်အား လုံး၀ကို ကူကယ်ရာမဲ့သွားစေသည်။ ရန်ကိုင့်၏ အမူအရာ တဖြည်းဖြည်း တည်ကြည်လေးနက်လာလေသည်။ သူ့ခွန်အားကို လှည်းပတ်ရင်း အဆက်မပြတ် ကြိုးစားသည့် အခါမှပဲ ခဏအကြာ၌ သူ့လက်များကို လှုပ်ရှား၍ ရလာ၏။

သို့သော်လည်း ဤမျှလောက်ဖြင့် ပျံသန်းရန် မဖြစ်နိုင်သေးပေ။ အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်တစ်ခုလုံး မည်းမှောင်နေသည်ကို တွေ့လိုက်ရ၏။ ချောက်နက်မှာ အလွန်ကိုမှ မတ်စောက်လွန်းသောကြောင့် ကောင်းကင်ကိုပင် မမြင်ရတော့ချေ။ သူ့အနေဖြင့် မပျံသန်းနိုင်ဘူးဆိုပါက ဤနေရာမှ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။ ဘေးပတ်၀န်းကျင်အား လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင့် မျက်လုံးများ မှေးစင်းသွားခဲ့သည်။

ချောက်နက်မှာ သိပ်ကြီးမားခြင်းမရှိ။ မီတာ ထောင်ဂဏန်းလောက်သာ ရှည်လျားသည်။ သို့သော်လည်း ချောက်နက်၏ အောက်ခြေမှာတော့ အဖြူရောင် အရိုးများဖြင့် ပြည့်နေလေသည်။ အချို့အရိုးများမှာ မွန်းစတားသားရဲများ၏ အရိုးများဖြစ်ကြပြီး၊ အချို့အရိုးများမှာတော့ လူအရိုးများ ဖြစ်ကြသည်။ ထိုအရိုးများအနက်မှ လက်တစ်ဆုပ်လောက်သည်သာ အကောင်းအတိုင်း ရှိနေတော့ပြီး ကျန်အရိုးများမှာတော့ တစ်စစီ ဖြစ်နေကုန်လေပြီ။ လောလောလတ်လတ်ကမှ သေထားသည့် အလောင်းတစ်လောင်းပင်လျှင် သူ့နား၌ ရှိနေသေးသည်။

သို့သော်လည်း တစ်စစီ ပြန့်ကျဲထွက်နေသော အရိုးစ၊ အသားစများ၊ ကိုယ်တွင်း ကလီစာများမှာ မြင်ရသူအဖို့ အလွန်ကိုမှ အော်ဂလီဆန်စရာ ကောင်းနေခဲ့သည်။ ဤလူသည် ယခုတစ်ခေါက် ငါးရောင်ခြယ်ရတနာဘုရား ဖွင့်စဉ်က ၀င်လာခဲ့သည့် မေပယ်မြို့မှ ကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။ ချောက်နက်ပေါ် အမှတ်မထင် ဖြတ်ပျံသန်းမိရာမှ မြေဆွဲအားစက်ကွင်းနှင့်ကြုံပြီး ချောက်နက်ထဲသို့ ပြုတ်ကျလာခြင်း ဖြစ်ရမည်။ သို့ရာ၌ သူ့တွင် ရန်ကိုင်ကဲ့သို့ အသက်ကယ် ကမ္ဘာငယ်လေး ကဲ့သို့သော အဆင့်မြင့် အကာအကွယ်တစ်ခုခု ရှိမနေသည့်အတွက် အောက်သို့ ရောက်သည်နှင့် အရိုးတစ်ခြား၊ အသားတစ်ခြားဖြစ်ကာ သေသွားခဲ့ရသည်။

ရန်ကိုင့်စိတ်ထဲ ဤလူအားအတော်လေး စာနာမိသွားသည်။ ဤလူမှာ တန်ခိုးရှင်ဘုရင် အဆင့်အထိကျင့်ကြံလာခဲ့ပြီးမှ အမြင့်မှ ပြုတ်ကျ၍ သေသွားခဲ့ရသည်။ ဤအကြောင်းသာ သတင်းပျံ့သွားမည်ဆိုပါက လူများစွာ ဝါးလုံးကွဲ ရယ်‌မောကြပေလိမ့်မည်။ သို့သော်လည်း ဤနေရာတွင် မည်သို့များ ဤမျှကြောက်မက်ဖွယ်ကောင်းသည့် မြေဆွဲအားစက်ကွင်း ရှိနေရသနည်း။ ရန်ကိုင် လုံး၀မစဉ်းစားတတ်ပေ။ သူ့ဘ၀တွင် ဤမျှ အားကောင်းလှသော မြေဆွဲအားစက်ကွင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။

နောက်ဆုံး ဓါတ်ကြီးငါးပါး အကြွင်းမဲ့ဓါးချီနှင့်နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်ကို ထုတ်သုံးလိုက်သည့် အခါမှပဲ လိပ်တစ်ကောင်နှုန်းဖြင့် ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်တော့သည်။ လက်ဖက်ရည် တစ်ခွက်တစ်၀က်ခန့်စာ ကြာပြီးသောအခါ ရန်ကိုင်သည် ဓါတ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီနှင့် နဂါးအသွင်ပြောင်းလဲခြင်းကို ရုတ်သိမ်းလိုက်ပြီး အမောတကော အသက်ရှုရင်း မြေပြင်ပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ထိုကျင့်စဉ်နှစ်ခုအား တစ်ပြိုင်နက် အသက်သွင်းထားရသည်မှာ အလွန်ကိုမှ ပင်ပန်းလှသည်။ သို့တိုင် ထိုကျင့်စဉ်နှစ်ခုမှာ သူ့အား ဤနေရာတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်အောင် မလုပ်ပေးနိုင်ခဲ့ချေ။ ကျင့်စဉ်နှစ်ခုအား အသက်သွင်းရသည်နှင့် ပြန်ရသည့် အကျိုးရလဒ်မှာ မထိုက်တန်သဖြင့် ပြန်ရုတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

“ဒီနေရာမှာ တစ်သက်လုံး ပိတ်မိနေမှာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင့်စိတ်ထဲ တွေးလိုက်၏။

မကြာမီတွင် ရန်ကိုင်က အံအားသင့်နေသည့် အမူအရာဖြင့် မျက်မှောင်ကြုတ်၍ “မဟုတ်သေးပါဘူး။ ဒီနေရာက…”

ဤနေရာရှိ မိုးမြေစွမ်းအင်သည် အလွန်ကိုမှ သိပ်သည်းနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ကြယ်တာရာ အစုအဝေးထဲရှိ မိုးမြေစွမ်းအင်သိပ်သည်းသည့် နေရာများ၌ မိုးမြေစွမ်းအင် မည်မျှကြွယ်ဝလဲ ဆိုသည်ကို ရန်ကိုင်မသိ။ ရန်ကိုင်မှ ထိုနေရာများဆီသို့ တစ်ခါမှ မရောက်ဖူးလေဘဲ။ သို့သော်လည်း ဤနေရာရှိ မိုးမြေစွမ်းအင် အရှိန်အဝါသည် သူရောက်ဖူးခဲ့သော ငှက်မွေးပြာဂိုဏ်း၏ ဌာနချုပ်၊ မေပယ်မြို့ထဲရှိ သူငှားနေသော အိမ်ခြံ၀န်းရှိ မိုးမြေစွမ်းအင်ထက် အဆပေါင်းမရေမတွက်နိုင်အောင်ကို ပိုသိပ်သည်းပေသည်။

ဤနေရာရှိ မိုးမြေစွမ်းအားသည် ရန်ကိုင် စဉ်းစားနိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့သည်။ မလှုတ်မယှက် ထိုင်နေသည့်တိုင် ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်တို့မှာ သူ့ကိုယ်ထဲသို့ အဆက်မပြတ် စီး၀င်လာခဲ့သည်။ နဂါးအသွင်ပြောင်းလဲခြင်းကျင့်စဉ်နှင့် ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို အသက်သွင်းလိုက်ရာမှ ကုန်ဆုံးသွားသော စွမ်းအားတို့ တစ်ခဏအတွင်း ပြန်ပြည့်သွားလေသည်။

“တစ်ကယ်ကိုထူးဆန်းတယ်”

ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်လာသည့် အချိန်မှစ၍ နေရာတိုင်းသည် အလွန်ကိုမှ မိုးမြေစွမ်းအင် ကျဲပါးကြသည်။ ပထမအလွှာသည်သာမဟုတ်၊ ဒုတိယအလွှာသည်လည်း အတူတူပင်။ သို့သော်လည်း ဤချောက်နက်ကြီးကမူ အလွန့်အလွန်ကိုမှ မိုးမြေစွမ်းအင် ကြွယ်၀နေခဲ့သည်။

ထို့အပြင် အားကောင်းသည့် မြေဆွဲအားကြောင့် ချောက်နက်တစ်ဝိုက်ရှိ မိုးမြေစွမ်းအင်တို့မှာ ဤနေရာတွင်သာ လာရောက် စုဝေးနေကုန်ကြလေသည်။ ပြင်းထန်သည့် မြေဆွဲအားကြောင့် ထိုမိုးမြေစွမ်းအင်များသည် ပတ်ပတ်လည်သို့ ပျံ့နှံ့မသွားနိုင်တော့ဘဲ ချောက်နက်ထဲတွင်သာ စုနေကုန်၏။

ချောက်နက်တစ်ခုလုံး သိပ်သည်းလှသည့် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး စိတ်ဝိဉာဉ်ချီမျှင် ဖြစ်ပေါ်တော့မည့် အရိပ်အယောင်များပင် ပြနေခဲ့လေသည်။ ယခင်က ဤနေရာမှ လွတ်မြောက်ရန်သာ ကြိုးစားနေခဲ့သည့်အတွက် ဤအချက်ကို သေချာဂရုမစိုက်မိခဲ့ချေ။ ယခု သတိပြုမိလိုက်သည့် အခါမှပဲ ရန်ကိုင်လည်း ပတ်ဝန်းကျင်းကို သေသေချာချာ စတင် စစ်ဆေးကြည့်တော့လေသည်။

“အောက်ဘက်မှာ ရတနာတစ်ခုခုများ ရှိနေတာလား” ရန်ကိုင့်စိတ်ထဲ အ‌တွေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤနေရာ၏ ထူးဆန်းသည့်အချက်နှင့် ပတ်သတ်၍ သူ့စိတ်ထဲ ထိုအတွေးတစ်ခုကိုသာ စဉ်းစားမိသည်။ ထိုကဲသို့ တွေးလိုက်မိပြီးနောက်တွင် ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့သည်။ အားတင်းလိုက်ပြီးနောက် ခက်ခက်ခဲခဲဖြင့် ကုန်းထလိုက်ပြီး ရွှေရောင်သွေးမျှင်များကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူ့ရွှေရောင်သွေးမျှင်များအား လွန်သွားတစ်ချောင်းအဖြစ် သိပ်သည်းစေလျက် မြေကြီးအား စတင်ထိုးဖောက်တော့လေသည်။ မြေကြီးအားတူးပြီး ခဏအကြာတွင်မှာပင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတို့ တလက်လက် တောက်ပလာခဲ့လေသည်။ ရွှေရောင်သွေးမျှင်များ အားလုံးသည် လွန်သွားပုံစံကို ဆက်မထိန်းထားနိုင်တော့ဘဲ မူလပုံစံဖြစ်သည့် ရွှေရောင်သွေးမျှင်များအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကုန်ကြ၏။

တစ်ချိန်ထဲတွင် ရွှေရောင်သွေးမျှင်များနှင့် မြေပြင်တို့ ထိခတ်သွားသည့် နေရာဆီမှ မီးပွင့်များ ထွက်ပေါ်လာသည်။ ရန်ကိုင်သည် ထိတ်လန့် အံအားသင့်သွားသည့် အမူအရာဖြင့် ဆန်စေ့ တစ်စေ့လောက်သာ အနက်ရှိသော အပေါက်လေးကိုကြည့်ရင်း ရေရွတ်လိုက်လေသည်။

“မာလိုက်တာ”

ယခု မြေကြီးအောက်ခြေတွင် အလွန်ထူးခြားသည့် ရတနာတစ်ခုခု ရှိနေရမည်မှန်း ရန်ကိုင် လုံး၀သေချာသွားခဲ့လေပြီ။ မြေပြင်မှာ လုံးဝကို ပုံမှန် ဟုတ်မနေခဲ့ချေ။ တစ်စုံတစ်ခုသည် ဤမြေပြင်အား အလွန်ကိုမှ မာကျောအောင် လုပ်ထားသည့်အလား သူ၏ အားကုန်သုံးတိုက်ခိုက်မှုသည်ပင် ဤမြေပြင်အား ဘာမှ မလုပ်နိုင်ခဲ့ချေ။

မြေပြင်ပေါ်၌ ရှိနေသော အပေါက်လေးသည် ခဏအကြာတွင် သူ့အလိုလို ပြန်ပိတ်သွားခဲ့လေသည်။ မည်ကဲ့သို့သော စွမ်းအားကများ မြေပြင်ကို သူ့ဘာသာ ပြန်ကောင်းသွားစေရသနည်း။ ပြန်ပိတ်သွားသော မြေပြင်ကိုကြည့်ရင်း ရန်ကိုင်၏မျက်လုံးများ တဖျက်ဖျက် တောက်ပလာခဲ့လေသည်။

ဤမြေပြင် အလွန် မာကျောနေရခြင်းနှင့် သူ့အလိုလို ပြန်ကောင်းမွန်ရခြင်းသည် မြေကြီးထဲတွင် ရှိနေသော ရတနာတစ်ခုခုနှင့် ပက်သက်နေရပေလိမ့်မည်။ ထိုသို့ ဖြစ်လိမ့်မည်မှန်း သိသော်ငြား ရန်ကိုင်စိတ်ထဲ အတော်လေး ကူကယ်ရာမဲ့နေခဲ့၏။ မြေကြီးကို မတူးနိုင်မှဖြင့် အောက်ဘက်တွင် ရှိနေသည့် ရတနာကို မည်သို့များ ယူနိုင်ပါဦးမည်နည်း။

“ရှောင်ရှောင်သာ ရှိလိုက်ရင်ကွာ”

ရန်ကိုင် ရုတ်တရက် ရှောင်ရှောင်၏ မွေးရာပါ မြေတူးနိုင်စွမ်းကို လွမ်းမိလာခဲ့သည်။ ရှောင်ရှောင်သာ ရှိနေခဲ့လျှင် သူ့အနေဖြင့် အလွန်မာကြောသော မြေကြီးကို မည်သို့ တူးရမည်လဲဆိုသည်နှင့် ပတ်သတ်၍ ခေါင်းရှုပ်နေရလိမ့်မည် မဟုတ်ချေ။ ကံမကောင်းစွာဖြင့် ရှောင်ရှောင် မည်သည့်နေရာသို့ ရောက်၍ ရောက်နေမှန်း ရန်ကိုင် မသိချေ။ သူ့ကိုယ်ပွားဆိုလျှင်လည်း၊ သူ့ကိုယ်ပွားမှာ ကျောက်တုံးရုပ်သေးမျိုးနွယ်၀င် ဖြစ်သော်လည်း အရွယ်အစားမှာ အလွန်ကိုမှ ကြီးမားနေခဲ့သည်။

ထို့အပြင် ကျောက်တုံးရုပ်ကြီးသည် သူ့ကိုယ်ပေါ်မှ အညစ်အကြေးများကို ပယ်ထုတ်နေဆဲ အချိန်တွင်သာ ရှိနေသေးသည်။ ထို့ကြောင့် သူ့အား မြေတူးခိုင်းမည်ဆိုလျှင်ပင် လွတ်လွတ်လပ်လပ် တူးနိုင်လိမ့်မည် မဟုတ်မှန်း ရန်ကိုင် သေချာသည်။ မည်သို့တူးလျှင်ကောင်းမှန်း စဉ်းစားနေစဉ်မှာပင် ရန်ကိုင့်စိတ်ထဲ အကြံတစ်ခုကို စဉ်းစားမိသွားလေသည်။ ကမ္ဘာငယ်လေးကို ချက်ချင်းထုတ်ယူလိုက်ပြီး ကောင်းကင်စိတ်အာရုံဖြင့် အာကာယံလင်းနို့ကို ချက်ချင်းလိုက်ရှာပေသည်။

လင်းနို့လေးသည် အာကာယံ လင်းနို့တစ်ကောင် ဖြစ်သဖြင့် မြေလျှိုးမိုးပျံ နိုင်စွမ်းကို ပိုင်ဆိုင်ထားနိုင်လောက်၏။ ဤကောင်လေးသည် အဆင့်တစ်ဆယ် မွန်းစတားတစ်ကောင်ဖြစ်သည်။ ထို့ကြောင့် ၎င်း၏ဉာဏ်ရည်မှာ လူသားတစ်ယောက်အဆင့်သို့ မရောက်သေးသည့်တိုင် အသိဉာဏ်မရှိသည့် သတ္တဝါတစ်ကောင်တော့ မဟုတ်ချေ။ အနည်းဆုံး ရန်ကိုင်နှင့် နည်းနည်းပါးပါး ပြောဆိုဆက်ဆံနိုင်ပေသည်။

တစ်ခဏအကြာတွင် အလင်းတစ်ချက် လက်သွားပြီး ရန်ကိုင့်ဘေး၌ အာကာယံလင်းနို့ ရုတ်တရက် ပေါ်လာခဲ့သည်။ ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံဖြင့် လင်းနို့လေးအား သေချာရစ်ပတ်ထားခဲ့လေသည်။ ပြဿနာတစ်ခုခု ဖြစ်လာသည်နှင့် အာကာယံလင်းနို့အား ကမ္ဘာငယ်လေးထဲသို့ ချက်ချင်း ပြန်ဆွဲသွင်းနိုင်ရန် ပြင်ဆင်ထားသည်။ ဤနေရာရှိ မြေဆွဲအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းသောကြောင့် အဆင့်တစ်ဆယ်ဖြစ်သော ဤလင်းနို့လေး မြေဆွဲအားကို ခုခံနိုင်မနိုင် မသေချာပေ။

လင်းနို့လေးသာ တစ်ခုခုဖြစ်သွားလျှင် သူ့အနေဖြင့် မိုရှောင်ချီအား ရှင်းပြနိုင်လိမ့်မည် မဟုတ်။ ကံကောင်းစွာဖြင့် အခြေအနေမှာ သိပ်မဆိုးခဲ့ပေ။ လင်းနို့လေးမှာ ပေါ်လာလာချင်း အနည်းငယ် ရုန်းကန်နေရသော်ငြား မကြာမီ ထိုမြေဆွဲအားနှင့် အသားကျသွားလေသည်။ ထို့နောက် ရန်ကိုင့်အား စူးရှစွာ အော်မြည်ပြလိုက်သည်။ ထိုအော်သံကို ကြားသည့်အခါ ရန်ကိုင်ပျော်သွားပြီး အလျင်အမြန် ပြန်ပြောလိုက်လေသည်။

“အဲ့တာဆို မင်းအပေါ် မူတည်သွားပြီ။ တစ်ခုခု မူမမှန်ဘူးထင်ရင် ချက်ချင်းသာ ပြန်တက်လာခဲ့။ မင်းကိုယ်မင်း တွန်းအားပေးနေစရာမလိုဘူး”

လင်းနို့လေးသည် နောက်တစ်ကြိမ် အော်ဟစ်ပြလိုက်ပြီးနောက် ချက်ချင်းပဲ မြေပြင်ထဲသို့ ကျွံဝင်သွားခဲ့လေသည်။ သို့သော်လည်း ၎င်း၏ မြေလျှိုးသည့်နှုန်းမှာ သိပ်မမြန်လှ။ မြေကြီးထဲသို့ တိုး၀င်သွားရန်အတွက် အသက်တစ်ရှိုက်စာ အချိန်ယူလိုက်ရလေသည်။ ရန်ကိုင်သည် မြေကြီးပေါ်၌ ရပ်၍ လင်းနို့လေး၏ အခြေအနေကို စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သည်။

သို့သော်ငြား ထိုနည်းလမ်းမှာ အလုပ်မဖြစ်ခဲ့ပေ။ သူ့ကောင်းကင်စိတ်အာရုံသည် အသိစိတ်ပင်လယ်ထဲမှ အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်လွန်းလှသည့် မြေဆွဲအားကြောင့် ဦးတည်ရာ ပစ်မှတ်ကို သေချာအာရုံ မခံနိုင်တော့ဘဲ တစ်လွဲတစ်ချော် ဖြစ်ကုန်ရလေသည်။ မကြာမီ လက်ဖက်ရည်တစ်ခွက်ခန့်စာ ကြာသွားခဲ့လေသည်။ ထို့နောက် အမွှေးတိုင် တစ်ချောင်းစာ၊ နောက်ဆုံးတွင် တစ်နာရီ ကြာသွားခဲ့လေသည်။ ရန်ကိုင်၏ အမူအရာ တစ်ဖြည်းဖြည်း အရုပ်ဆိုးလာခဲ့သည်။

လင်းနို့လေးများ တစ်ခုခုဖြစ်သွားပြီလား စိုးရိမ်နေစဉ်မှာပင် သူ့ခြေထောက်အောက်မှ ခေါင်းလေးတစ်ခေါင်း ပြူထွက်လာခဲ့လေသည်။ အလွန်ကိုမှ ပင်ပန်းနွမ်းနွယ်နေသည့် အော်ဟစ်သံကို အော်ဟစ်ပြရင်း လင်းနို့လေးသည် မြေပြင်ထက်မှ ခုန်ထွက်ရန် ကြိုးစားလာခဲ့လေသည်။ ရန်ကိုင် ပျော်သွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံဖြင့် လင်းနို့လေးအား မြေကြီးထဲမှ ထွက်လာနိုင်အောင် အလျင်စလို ကူညီပေးလိုက်၏။ လင်းနို့လေး၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ရောက်လာသည်နှင့် ရန်ကိုင်သည် လင်းနို့လေးအား ဖမ်းဆွဲ၍ ကမ္ဘာငယ်လေးထဲသို့ ချက်ချင်းခုန်၀င်သွားလိုက်လေသည်။ ကမ္ဘာငယ်လေးထဲရှိ တစ်နေရာတွင် ရန်ကိုင်သည် မြေပြင်ပေါ်ထက် တင်ပလ္လင်ခွေထိုင်နေခဲ့သည်။

လင်းနို့လေးမှာတော့ အလွန်ကိုမှ ခက်ခဲကြမ်းတမ်းသည့် တိုက်ပွဲတစ်ပွဲကို ဆင်နွဲလာရသည့်အလား အမောတကော အသက်ရှုနေလေသည်။

“မင်းတော်တယ်” ရန်ကိုင်သည် လင်းနို့လေးအား အသာအယာ ပွတ်သပ်ပေးလိုက်သည်။

အာကာယံလင်းနို့သည် ခေါင်းမော့၍ ရန်ကိုင့်အား တစ်ချက်လှည့်ကြည့်လာခဲ့သည်။ ခဏအကြာတွင် ခက်ခက်ခဲခဲ ခုန်ထလာပြီး ၎င်း၏ပါးစပ်ကိုဟ၍ ခိုဥတစ်ခု အရွယ်အစားရှိသော ဝါကျင့်ကျင့် ပစ္စည်းတစ်ခုကို ထွေးထုတ်လိုက်လေသည်။ ရန်ကိုင်လည်း ထိုအရာကို သာမန်ကာလျှံကာ လှမ်းဖမ်းယူလိုက်သည်။ သို့သော်လည်း ဖမ်းပြီးသည့်အခါမှ ထိုအရာလေးသည် သေးသာ သေးသော်ငြား အလွန်ကိုမှ လေးလံကြောင်း တွေ့ရှိလိုက်ရလေသည်။

ဤခိုဥအရွယ်အစားသာရှိသော ပစ္စည်းလေးသည် ကီလိုဂရမ် သောင်းနှင့်ချီမက လေးလံနေခဲ့သည်။ ထိတ်ထိတ်လန့်လန့်နှင့် ရန်ကိုင့်မှာ သူ့ခွန်အားကို အလျင်စလို လှည့်ပတ်ပြီး ဟန်ချက်မပျက်အောင် ထိန်းလိုက်ရသည်။ ရန်ကိုင် ဖြစ်ပျက်သွားသည့် ပုံကိုကြည့်ရင်း လင်းနို့လေးမှာ အားရကျေနပ်သွားသည့်အလား ပျော်ရွှင်စွာ အော်မြည်နေခဲ့လေသည်။

ရန်ကိုင်ကမူ လင်းနို့လေး၏ ပျော်ရွှင်စွာ အော်ဟစ်သံကို ဂရုစိုက်မနေဘဲ သူ့လက်ထဲရှိ ဝါကျင့်ကျင့် ပစ္စည်းကိုသာ အလေးအနက် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။ ခဏကြာအောင် မျက်မှောင်ကြီးကြုတ်လျက် စစ်ဆေးကြည့်နေပြီးနောက် အလန့်တကြား ထအော်လေ၏။

“မြေလေး လား”

အာကာယံလင်းဆွဲ ပြန်ယူလာသည့်အရာမှာ ‌မြေလေးအတုံးတစ်တုံး ဖြစ်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၀7)

မြေးလေးနှင့် ‌ရေပေါ့သည် အလွန်လေးလံသည့် ဝိသေဿလက္ခဏာများကို ပိုင်ဆိုင်ထားကြသည့် ပထမအဆင့် ရတနာများ ဖြစ်ကြသည်။ သာမန် ကျင့်ကြံသူများမဆိုထားနှင့် တစ်ကယ့်ပညာရှင်ကြီးများပင် ထိုကဲ့သို့သော ရတနာများနှင့် ကြုံရခဲလှသည်။ ဥပမာ ပြရသော် မိုရှောင်ချီ၏ ရေပျော့ဓာတ်လုံးပင်။ ထိုရေပျော့ဓာတ်လုံးသည် ရေပျော့မှ ပြုလုပ်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့်သာ ကြည်လင်ကျောက်စိမ်းတောင်တွင် လွမ်ဖုန်းပေါက်လေးကို လှုပ်မရအောင် ချုပ်နှောင်ခဲ့ခြင်းဖြစ်သည်။ လွမ်ဖုန်းမှာ ရှေးဟောင်းနတ်သားရဲတစ်ကောင် ဖြစ်ပေသည်။ ထို့ကြောင့် ကလေးပေါက်စလေး ဆိုလျှင်ပင် အလွယ်တစ်ကူ ရန်စ၍မရသည့် သက်ရှိမျိုး ဖြစ်သည်။ ရန်ကိုင်တို့မတိုင်ခင် လူပေါင်းများစွာ သေဆုံးသွားသည်ကိုကြည့်လျှင် ထိုအချက်ကို သိနိုင်ပေသည်။

သို့သော်လည်း ရေပျော့ဓာတ်လုံး၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီးလျှင် လွမ်ဖုန်းပေါက်လေးမှာ လုံး၀ကို မလွတ်မြောက်‌နိုင်တော့ပေ။ ထိုအချက်ကို ကြည့်ရုံဖြင့်ပင် ရေပျော့မည်မျှအားကောင်းကြောင်း မြင်တွေ့နိုင်၏။ မိုရှောင်ချီ၏ နောက်ခံမှာ အလွန်ကိုမှ အားကောင်းလှသဖြင့် သူမအနေဖြင့် ရေပျော့ဖြင့် ပြုလုပ်ထားသည့် ဓာတ်လုံးတစ်လုံးကို ပိုင်ဆိုင်ထားသည်မှာ သိပ်ပြီးတော့ အထူးအဆန်းတော့ မဟုတ်ချေ။

မြေလေးသည် ရေပေါ့နှင့် ယှဉ်ပြိုင်နိုင်သော ရတနာတစ်ခုဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဆိုရသော် မြေလေးသည် ရေပေါ့ထက်ပင်ပို၍ ရှားပါးကာ အဖိုးတန်ပေသည်။ အကြောင်းမှာ မြေလေးသည် အလွန်ကိုမှ သိပ်သည်းပြီး မြေလေးတစ်ခု ဖြစ်ပေါ်လာရန် အလွန်ကိုမှ အားကောင်းလှသော မြေဆွဲအားဓာတ်ကွင်းများ လိုအပ်သည့်အတွက်ကြောင့် ဖြစ်ပေသည်။ မြေလေးကို မှော်ရတနာများ ပြုလုပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။

မြေလေး အနည်းငယ်လောက်ကိုသာ ထည့်သွင်းလိုက်မည်ဆိုလျှင် မှော်ရတနာတစ်ခု၏ အလေးချိန်မှာ သိသိသာသာကို မြင့်မားလာပြီး မာကျော ကြံ့ခိုင်မှုမှာလည်း အ‌ဆပေါင်းများစွာ မြင့်တက်လာပေသည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ မြေလေးအား ဆေးဖော်စပ်ခြင်းနှင့် ပန်းပဲမီးဖိုတို့ ပြုလုပ်ရာတွင်လည်း သုံးနိုင်သေး၏။

ထို့ကြောင့် ဆေးပညာရှင်များနှင့် ပန်းပဲပညာရှင်များသည် မြေလေးအား အလွန်ကိုမှ လိုချင်ကြပေသည်။

အရေးအကြီးဆုံး အချက်မှာတော့ မြေလေး၏ သိပ်သည်းလှသည့် မြေဓာတ်ပင်။ မြေလေးနှင့် ရောစပ်ထားသော မြေပြင်ပေါ်တွင် ဆေးပင်တစ်မျိုးမျိုးကိုသာ စိုက်ပျိုးလိုက်မည်ဆိုပါက ထိုဆေးပင်၏ အရွယ်ရောက်နှုန်းသည် သိသိသာသာကို မြန်ဆန်လာပေလိမ့်မည်။ တစ်နည်းဆိုရသော် အရွယ်ရောက်ရန်အတွက် နှစ်တစ်ရာခန့် အချိန်ယူရသည့် ဆေးပင်တစ်မျိုးသည် မြေလေးအပေါ်တွင်သာ စိုက်ပျိုးလိုက်မည် ဆိုပါက ဆယ်နှစ် သို့မဟုတ် ငါးနှစ် အတွင်းမှာပင် အရွယ်ရောက်လာနိုင်သည်။

ထို့ကြောင့် မြေလေးအား ကျင့်ကြံသူများစွာသာမက ဂိုဏ်းများစွာကလည်း လိုချင်ကြခြင်း ဖြစ်ပေသည်။ ဂိုဏ်းတိုင်းလိုလိုတွင် ကိုယ်ပိုင် ဆေးဥယာဉ်များရှ်ိကြသည်။ သူတို့၏ ဆေးဥယာဉ်ထဲရှိ မြေထဲတွင်သာ မြေလေးအား ပေါင်းစပ်လိုက်မည်ဆိုပါက ဆေးပင်များအား အချိန်တိုတိုအတွင်း စိုက်ပျိုးလာနိုင်ပေလိမ့်မည်။ ထိုအခါ ဂိုဏ်းအတွက် လိုအပ်သည့် အရင်းအမြစ်များကိုလည်း လျင်လျင်မြန်မြန် ထုတ်လုပ်လာနိုင်လိမ့်မည်။

လက်သည်းခွံအရွယ်မျှသာရှိသော မြေလေးတစ်တုံးသည် တစ်ဧကလောက်အကျယ်ရှ်ိသော လယ်မြေတစ်ခုအား အလွန်ကိုမှ ကောင်းမွန်လှသည့် စိုက်ပျိုးမြေတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေသည်။ ထို့ကြောင့် အနည်းငယ်မျှသော မြေလေးပမာဏသည်ပင် ဂိုဏ်းကြီးများကြား တိုက်ပွဲဖြစ်သွားစေနိုင်သည်။ ကံမကောင်းစွာဖြင့် မြေလေးမှာ အလွန့် အလွန်ကိုမှ ရှားပါးလှသည့်အတွက် ဂိုဏ်းအများစုတွင် မရှိကြပေ။ ထို့အပြင် မြေလေးကို ရရှိကြသည့် ကျင့်ကြံသူများမှာလည်း သူတို့၏ မှော်ရတနာများကို ပိုမိုအားကောင်ရန်သာ အသုံးချပစ်လိုက်ကြသည်။

ထို့ကြောင့် ဆေးဥယာဉ်များကို တိုးတက်အောင် လုပ်ရန် အခွင့်အရေး မရှိတော့ပေ။ ရန်ကိုင့်အနေဖြင့် မြေလေးအကြောင်းကို သိထားရခြင်းမှာ ဓာတ်ကြီးငါးပါးအကြွင်းမဲ့ဓါးကျင့်စဉ်ကို ကျင့်ကြံနေသည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ဓာတ်ကြီးငါးပါး အကြွင်းမဲ့ ဓါးချီသည် ဓာတ်ကြီးငါးပါး ရတနာများကို လိုအပ်သည်။ ထို့ကြောင့် ရန်ကိုင်သည် ဓာတ်ကြီးငါးပါး ပေါကြွယ်၀သော ရတနာများကို အထူးအလေးပေး အာရုံစိုက်လေ့လာခဲ့လေသည်။

မြေလေးသည် မြေဓာတ်အလွန်ကိုမှ ကြွယ်၀သည့် မြေဓာတ်ရတနာတစ်မျိုး ဖြစ်သည်။ တစ်နည်းဆိုရသော် မြေလေး၏ တန်ဖိုးမှာ နေမီးလျှံ အမြူတေထက်ပင် ပိုပြီး မြင့်မားကောင်း မြင့်မားပေနိုင်သည်။ ဤခိုဥအရွယ်မျှသာရှိသော မြေလေးသည် အဆင့်မြင့်မှော်ရတနာများကို ပြုလုပ်ရန် လိုအပ်သည်ထက်ကို ပိုပေသည်။ သို့သော် ရန်ကိုင်ကမူ ထိုကဲ့သို့ အသုံးပြုရန် မစဉ်းစားထားခဲ့။ ထို့အပြင် ဤနေရာတွင် ဤမျှလောက်သော မြေလေးသာ ရှိနေလိမ့်မည်ဟု သူမထင်။ ချောက်နက်ကြီး၏ အောက်ခြေတွင် ပိုမိုများပြားသော ရတနာများ ရှိနေဦးမည်ဟု သူယုံကြည်ပေသည်။

ထို့ကြောင့်သာ မဟုတ်လျှင် ဤနေရာရှိ မြေဆွဲအားစက်ကွင်းမှာ ဘာကြောင့် ဤမျှကြောက်မက်ဖွယ် ကောင်းနေရဦးမည်နည်း။ ခဏလောက် ထိုင်စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်သည် မြေလေးအပိုင်းတုံးလေးကို ပြန်ချထားလိုက်လေသည်။ ထို့နောက် အားပြန်ဖြည့်ဆေးများကို ထုတ်ယူလျက် လက်ဝါးပေါ်တင်ကာ လင်းနို့လေး၏ ပါးစပ်ရှေ့ တေ့ပေးလိုက်လေသည်။ လင်းနို့လေးမှာ အလွန်ကိုမှ အားကုန်နေသဖြင့် ထိုင်ပင် မထိုင်နိုင်တော့။ မြေကြီးပေါ်တွင်သာ ထိုင်နားနေလေ၏။

သို့သော်လည်း ရန်ကိုင့်လက်ထဲရှိ ‌ဆေးလုံးများကိုမြင်သော် ၎င်း၏မျက်လုံးလေးများ တဖျက်ဖျက်တောက်ပလာပြီး အလျင်အမြန်ပဲ ပါးစပ်ကိုဟ၍ ထိုဆေးလုံးများကို မြိုချပစ်လိုက်လေသည်။ လင်းနို့လေးသည် ဆေးလုံးများကို သကြားလုံးများ ဝါးစားနေသည့်နှယ် တကျွတ်ကျွတ်မြည်အောင် ဝါးစားနေလေ၏။

“ထပ်လိုချင်သေးလား။ ငါ့မှာ အများကြီးရှိသေးတယ်”

ရန်ကိုင်က ပြုံးလျက် ကျောက်စိမ်းပုလင်းများကို ထုတ်ပြလိုက်သည်။ ထိုဆေးပုလင်းများကို မြင်သည့်အခါ လင်းနို့လေး၏ မျက်၀န်းအစုံ တစ်ဖျက်ဖျက် တောက်ပလာခဲ့လေသည်။

“မင်းသာ ငါ့ကိုမြေအောက်ထဲမှာရှိတာတွေ ထပ်ယူပေးမယ်ဆိုရင် မင်းကို ဒီဆေးလုံးတွေအကုန် ကျွေးလို့ရတယ်” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး မြေပေါ်တွင်ချထားသော မြေလေးကို ညွှန်ပြလိုက်လေသည်။

လင်းနို့လေးမှာတော့ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့သည်။ ခဏအကြာတွင် ရန်ကိုင်၏ ကမ်းလှမ်းမှုကို သဘောတူလိုက်သည့်အလား အော်မြည်ပြလိုက်လေသည်။ မြေစွဲအားစက်ကွင်းသည် ကမ္ဘာငယ်လေး၏ အတွင်းပိုင်းကို သက်ရောက်ခြင်းမရှိသဖြင့် ရန်ကိုင်နှင့် လင်းနို့လေးမှာ အေးအေးလူလူ နားနေနိုင်ကြ၏။ ရန်ကိုင်၏ ဆေးလုံးများအကူအဖြင့် လင်းနို့လေးသည် နှစ်နာရီအတွင်း အားပြန်ပြည့်လာခဲ့လေသည်။

ရန်ကိုင်သည် လင်းနို့လေးကိုခေါ်ကာ ကမ္ဘာငယ်လေး အပြင်သို့ ထွက်လာလိုက်သည်။

နောက် တစ်နာရီခန့် ကြာသောအခါ လင်းနို့လေးသည် မြေအောက်ထဲမှ ပြန်ထွက်လာခဲ့သည်။ ရန်ကိုင်သည် လင်းနို့လေးကိုခေါ်၍ ကမ္ဘာငယ်လေးထဲသို့ ပြန်၀င်သွားလိုက်သည်။ ခဏအကြာတွင် နောက်ထပ် ခိုဥအရွယ်မျှရှိသော မြေလေး တစ်တုံးကို ရန်ကိုင် ထပ်ရလိုက်ပြန်သည်။ ရန်ကိုင်သည် ထိုနည်းဖြင့် မြေအောက်ထဲတွင် ရှိနေသော မြေလေးများကို တစ်တုံးပြီး တစ်တုံး ယူနေခဲ့သည်။ ငါးရက်ခန့်အကြာတွင် ရန်ကိုင့်ရှေ့၌ မြေလေးတုံးများ စုပုံထပ်နေခဲ့လေသည်။

ထိုမြေလေးတုံး များ၏ စုစုပေါင်းအထူမှာ လက်သုံးချောင်းခန့်ရှိပြီး စားပွဲခုံတစ်လုံးအား အပြည့်ဖုံးလွှမ်းနိုင်သည်အထိ များပြားလှပေသည်။ မြေလေးဆိုသည်မှာ လက်သည်းခွံအရွယ်အစားမျှပင် အလွန့် အလွန်ကိုမှ အဖိုးတန်ပေသည်။ ရန်ကိုင့်ရှေ့ ပုံထပ်နေသော မြေလေး အပုံလိုက်ကြီးသာ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့။ ဤ ရတနာအပုံလိုက်ကြီးသည် မဟာဧကရာဇ် ဆယ်ပါးကိုပင် လောဘတက်လာအောင် လုပ်နိုင်ပေသည်။

ငါးရောင်ခြယ် ရတနာဘုရား၏ အတွင်းပိုင်းသည် ပျက်ဆီးနေသော ရှေးဟောင်းတိုက်ပွဲမြေပြင်တစ်ခု ဖြစ်မှန်း ရန်ကိုင် အခိုင်အမာကို ယုံကြည်သွားခဲ့လေပြီ။ ထို့ကြောင့်သာ မဟုတ်လျှင် ဤနေရာတွင် ဘာကြောင့်များ ဤကဲ့သို့သော ရတနာများ ရှိနေမည်နည်း။ ကံကောင်းစွာဖြင့် ဤနေရာ၏ ကြောက်မက်ဖွယ်ကောင်းလှသော မြေဆွဲအား စက်ကွင်းကြောင့် ဤအဖိုးတန် ရတနာအားလုံးကို ရန်ကိုင် ရရှိလိုက်ပေသည်။

အလွန်ပြင်းထန်သည့် မြေဆွဲအားစက်ကွင်းကြောင့်သာ မဟုတ်လျှင် ဤနေရာ၌ ရှ်ိနေသော ရတနာအားလုံး အခြားသူများယူသွား၍ ကုန်လေပြီ။ ဤချောက်ကမ်းပါးကို ဖြတ်ကျော်လာပြီးနောက် ချောက်ကမ်းပါး၏ ထူးဆန်းလှသော မြေဆွဲအားစက်ကွင်း တွေ့ရှိသွားသူတိုင်း ချောက်ထဲသို့ ပြုတ်ကျပြီး သေကုန်ကြ၏။ ရန်ကိုင်ပင် ကမ္ဘာငယ်လေး၏ ကျေးဇူးကြောင့် အခုချိန်ထိ အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။

အမှန်တစ်ကယ်သာဆိုလျှင် သူ့အနေဖြင့် ဤအချက်ကို အစောကြီးကတည်းက နားလည်သင့်ပေသည်။ ဤလောကကြီးတွင် ဤမျှအားကောင်းလာသော သဘာ၀အတိုင်း ဖြစ်ပေါ်နေသည့် မြေဆွဲအားစက်ကွင်းကို ဖန်တီးနိုင်သည့် ရတနာဟူ၍ မြေလေးအပြင် အခြားမည်သည့် ရတနာများ ရှိပါဦးမည်နည်း။

အာကာယံလင်းနို့မှာ အစပိုင်းတွင် အတော်လေး ပင်ပန်းခဲ့သော်ငြား မြေလေးများကို တစ်တုံးပြီးတစ်တုံး ထုတ်ယူလာပြီးနောက် ချောက်နက်ထဲရှိ မြေဆွဲအားစက်ကွင်းမှာ တဖြည်းဖြည်း အားပျော့လာသဖြင့် ၎င်းအတွက်လည်း လှုပ်ရရှားရ လွယ်လူလာခဲ့လေသည်။

မြေလေးအားလုံးနီးပါး ကမ္ဘာငယ်လေးထဲသို့ ရောက်လာပြီးချိန်တွင် ချောက်နက်ကြီးထဲရှိ မြေဆွဲအားစက်ကွင်းမှာ လုံး၀ကို ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင့် အနေဖြင့် လင်းနို့လေး၏ လုံခြုံရေးကို ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ချေ။ ရန်ကိုင်သည် ကောင်းကင်စိတ်အာဖြင့် သူ့ရှေ့ရှိ မြေလေး အပုံလိုက်ကြီးကို မယူလိုက်သည်။

အပြင်ဘက်တွင်သာ ဆိုပါက ရန်ကိုင့်အနေဖြင့် ဤသို့ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ဧကရာဇ်အဆင့် ကျင့်ကြံသူတစ်ဦးသည်သာ သူ၏ ကောင်းကင်စိတ်အာရုံဖြင့် မြေလေးအပုံကြီးကို မနိုင်ပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲတွင် ရှ်ိနေခြင်း ဖြစ်သည်။ ကမ္ဘာငယ်လေးထဲ၌ သူသည် မည်သည့်အရာကိုမဆို ပြောင်းလဲပစ်နိုင်ပြီး သူလိုသလို ဖြစ်စေနိုင်သည့် အရှင်သခင် တစ်ယောက်ဖြစ်ပေသည်။ သို့တိုင်ပင်လျှင် ဤမြေလေးအပုံလိုက်ကြီးကို မနိုင်ရန်အတွက် စိတ်စွမ်းအင် အတော်လေးသုံးလိုက်ရသည်။

မြေလေးအပုံလိုက်ကြီးအား ဆေးဥယာဉ်ရှိရာသို့ ယူလာပြီးနောက် ရန်ကိုင်သည် သူရှေ့ရှိ မြေကွက်ကို စိုက်ကြည့်နေလိုက်လေသည်။ ထို့နောက် ပြုံးလျက် ယူလာသည့် မြေလေးအားလုံးကို ‌ဆေးဥယာဉ်အပေါ်သို့ ပစ်ချပေးလိုက်သည်။ ဤနည်းအားဖြင့် သူ့တွင် အလွန်ကိုမှ ထူးခြားလှသော ဆေးဥယာဉ်တစ်ခုကို ပိုင်ဆိုင် လာနိုင်ပေလိမ့်မည်။ နောက်ပိုင်း ဆေးပင်များ တွေ့မည်ဆိုပါက ဤနေရာတွင် လာစိုက်ထားလိုက်ရုံပင်။ ဤနည်းဖြင့် ‌ဆေးပင်များ အချိန်တိုအတွင်း အရွယ်ရောက်လာနိုင်ပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင့်အနေဖြင့် မြေလေးအားလုံးကို ဆေးဥယာဉ်ထဲ ပစ်မထည့်လိုက်ချေ။ အချို့သော မြေလေးများကို ဓာတ်ကြီးငါးပါး ဓါးကျင့်စဉ်ကို ကျင့်ကြံရန်အတွက် ချန်ထားလိုက်သည်။ စစ်ဆေးကြည့်ပြီးနောက် ရန်ကိုင် အတော်လေးကိုမှ စိတ်ကျေနပ်သွားခဲ့သည်။ ထို့နောက် သူ့ပုံရိပ် ပျောက်ကွယ်သွားခဲ့ပြီး အပြင်သို့ ပြန်ရောက်လာခဲ့သည်။

ပြင်းထန်သည့် မြေဆွဲအားစက်ကွင်း မရှ်ိတော့သည့်အတွက် သူ့အနေဖြင့် အပေါ်သို့ ပြန်တက်ချင်လျှင်ပင် ပြန်တက်၍ ရလေပြီ။ အာကာယံလင်းနို့၏ အရိပ်အယောင်ကို မတွေ့ရသော် ထိုကောင်လေးသည် မြေအောက်ထဲတွင် အလုပ်ရှုပ်နေသေးမှန်း ရန်ကိုင် နားလည်သွားသည်။ မြေလေးသည် ရှားပါးသည့် ရတနာတစ်မျိုးဖြစ်သည်။ ထို့ကြောင့် မြေလေးတစ်တုံးလောက်ကိုပင် ရန်ကိုင် ချန်မထားချင်ပေ။ ထိုအကြောင်းကြောင့်ပင် လင်းနို့လေးအား တတ်နိုင်သမျှ ရှာခိုင်းခဲ့ခြင်းဖြစ်သည်။

များများရှာနိုင်လေ ပိုကောင်းလေပင်။ နောက်ဆုံး မရှာနိုင်ဘဲ တစ်ချို့တစ်လေ ကျန်ခဲ့မည်ဆိုလျှင်ပင် ကိစ္စမရှိ။ သူရထားသည့် မြေလေးများမှာ အလွန့် အလွန်ကိုမှ များပြားလွန်းနေလေပေပြီ။ ထို့နောက် ရန်ကိုင်သည် အရိုးခြောက်တစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး အရိုးခြောက်လက်တွင် ၀တ်ထားသော သိုလှောင်လက်စွပ်ကို ဆွဲချွတ်လိုက်လေသည်။

ဤကျင့်ကြံသူ သေသွားသည်မှာ နှစ်ပေါင်းများစွာ ရှိနေလေပြီ သူ့ခန္ဓာကိုယ်ထက် အသွေးအသားများပင် မရှိတော့။ ဖြူဖွေးဖွေး အရိုးများသာ ကျန်တော့၏။ သူ့တစ်ကိုယ်လုံးတွင် အဖိုးတန်သည့်အရာဆို၍ ဤသိုလှောင်လက်စွပ်သာ ရှိသည်။ ရန်ကိုင့်အနေဖြင့် ဤကဲ့သို့သော အဖိုးတန် လက်စွပ်ကို ဘာကြောင့်များ ဤတိုင်း ထားခဲ့ရမည်နည်း။ ဤနည်းအတိုင်း လိုက်လုပ်‌နေလိုက်ရာ မကြာမီ အချိန်အတွင်း သိုလှောင်လက်စွပ် အကွင်းငါးဆယ်မက တွေ့လိုက်ရလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤနေရာတွင် လူပေါင်းငါးဆယ်ကျော်မက သေသွားရလေပြီ။ ထိုလူအများစုမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြလောက်သည်။ မကြာသေးခင်ကမှ သေသွားသော လူတစ်ဦးမှလွဲ၍ ကျန်လူများအားလုံးမှာ ကြယ်ဝိဉာဉ်နန်းတော်မှ လူများ ဖြစ်ကြပေမည်။ နည်းနည်းပါးပါး ထပ်စစ်ဆေးကြည့်ပြီးနောက်တွင် ရန်ကိုင် မဲ့ပြုံး ပြုံးလိုက်၏။ ကြယ်ဝိဉာဉ်နန်းတော်၏ တပည့်များ ဆိုသည့်အတိုင်းပင် သူတို့၏ သိုလှောင်လက်စွပ်များသည် အဖိုးတန် ရတနာများဖြင့် ပြည့်နေခဲ့သည်။။

အရင်းအမြစ်ကျောက်များ မဆိုထားနှင့် မှော်ရတနာများ ဆေးလုံးကောင်းများပင် သူတို့၏ သိုလှောင်လက်စွပ်ထဲ ရှိနေကြပေသည်။ ကံမကောင်းစွာဖြင့် အချိန်၏တိုက်စားမှုကြောင့်များလား၊ ထူးခြားသည့် ပတ်၀န်းကျင်ကြောင့်များလား မသိရ၊ သိုလှောင်လက်စွပ် တော်တော်များများမှာ ပျက်စီးနေကုန်ကြလေသည်။ ရန်ကိုင်သည် အသုံး၀င်သည့် သိုလှောင်လက်စွပ်အားလုံးကို ယူထားလိုက်ပြီး ပျက်စီးနေသည့် အရာများကိုတော့ လွင့်ပစ်လိုက်၏။

ထိုသိုလှောင်လက်စွပ်များမှ အဆင့်နိမ့် အရင်းအမြစ်ကျောက် သုံးသိန်းကျော်၊ အလယ်အလတ်အဆင့် အရင်းအမြစ်ကျောက် ငါးထောင်ကျော် ရရှိခဲ့လေသည်။ အဆင့်မြင့် အရင်းအမြစ်ကျောက်များကိုတော့ ရှာမတွေ့ခဲ့ချေ။ ထို့အပြင် တန်ခိုးရှင်ဘုရင်အဆင့် မှော်ရတနာ အခုသုံးဆယ်ကျော်နှင့် တာအိုအဆင့် မှော်ရတနာ နှစ်ခုကိုလည်း ထပ်မံရရှိခဲ့ပေသည်။

သူရလိုက်သည့် ရတနာများကိုကြည့်ရင်း ရန်ကိုင် တစ်မျိုးတစ်မည် ခံစားလိုက်ရလေသည်။ ယခင်တစ်ခါက သူတွင်ရှိနေသော ပိုလျှံနေသည့် ဆေးလုံးများကို သွားရောင်းသည့်အခါ အဆင့်နိမ့် အရင်းအမြစ်ကျောက် နှစ်သိန်းလောက်သာ ရခဲ့သည်။ သို့သော်လည်း ယခုမူ ဘာမှသိပ်မလုပ်ရဘဲ ချောက်နက်ထဲ လျှောက်သွားလိုက်ရုံဖြင့် ‌ဆေးလုံးများကို ရောင်းရသည့် ပမာဏထက် ပိုများသည့် အဖိုးတန် ရတနာများကို ရရှ်ိသွားခဲ့လေသည်။

ထိုမျှလောက်သော အရင်းအမြစ်ကျောက်များကို ပိုင်ဆိုင်ထားပြီးမှသာ ရန်ကိုင် အနည်းငယ် စိတ်အေးသွားတော့သည်။ အခြားသော ရတနာများ ထပ်ရှိဦးမည်လား စစ်ဆေးပြီးနောက် မတွေ့တော့သည့်အဆုံးတွင် ရန်ကိုင်လည်း စိတ်ရှည်ရှည်ဖြင့် ရပ်စောင့်နေလေသည်။ မကြာမီ လင်းနို့လေးသည် မြေအောက်ထဲမှ ပျံထွက်လာခဲ့သည်။ ထို့နောက် ရန်ကိုင့်ဆီသို့ ပျံသန်းလာပြီး ၎င်း၏ပါးစပ်ထဲမှ ပစ္စည်းအချို့ ထွေးထုတ်လိုက်လေသည်။

သို့သော်လည်း ယခုတစ်ကြိမ် ထွေးထုတ်လိုက်သည့် ပစ္စည်းများထဲတွင် မြေလေးများ ရှ်ိမနေခဲ့ပေ။ ထို့ကြောင့် ရန်ကိုင့်မှာ အနည်းငယ် စိတ်ပျက်မိသွားသော်ငြား ထိုပစ္စည်းများကို သေချာစစ်ဆေးကြည့်ပြီးနောက် အလွန်ကိုမှ ၀မ်းသာအားရ ဖြစ်သွားခဲ့လေသည်။

“မြေကမ္ဘာချီကြော သလင်းကျောက်တွေလား။ အများကြီးပဲ”

ယခုတစ်ကြိမ် လင်းနို့လေး ယူလာသည့် ပစ္စည်းများမှာ မြေကမ္ဘာချီကြောမှ သလင်းကျောက်များ ဖြစ်ပေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၀8)

ကမ္ဘာမြေချီကြောမများကို သွားရွှေ့၍မရပေ။ သွားရွှေ့မည်ဆိုပါက ထိုကမ္ဘာမြေချီကြောမများသာ ပျက်ဆီးသွားရပေလိမ့်မည်။ ထို့ကြောင့် မြေကမ္ဘာချီကြောမ ကောင်းကောင်း တစ်ခုကိုသာ လိုချင်သည်ဆိုပါက မြေကမ္ဘာ ချီကြောမရှိသည့် နေရာတွင်သာ ဂိုဏ်းတည်ထောင်၍ ရပေသည်။ သို့သော်လည်း ဤလောကကြီးတွင် ချွင်းချက်ဆိုသည်မှာ ရှိစမြဲပင်။

အချို့သော မြေကမ္ဘာချီကြောမကြီးများသည် မြေအောက်ထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာပြီး‌နောက်တွင် အချို့သော အကြောင်းများကြောင့် သူတို့၏ စွမ်းအင်များကို မြေကမ္ဘာချီကြောမ သလင်းကျောက်များအဖြစ် သိပ်သည်းစေလိုက်ကြသည်။ မြေကမ္ဘာချီကြောမ သလင်းကျောက်တစ်တုံးသည် အလွန် စွမ်းအင်သိပ်သည်းကြွယ်၀သော ‌ချီကြောမကြီးတစ်ခုနှင့် တူပေသည်။

တစ်နည်းဆိုရသော် မြေကမ္ဘာချီကြောမ သလင်းကျောက်ထဲတွင် မြေကမ္ဘာချီကြောမကြီး၌ ရှိသင့်သည့် စွမ်းအင်အားလုံး ရှိနေသည်။ ထို့ကြောင့် မြေကမ္ဘာချီကြောမ သလင်းကျောက်များသည် အလွန်ကိုမှ ရှားပါး အဖိုးတန်ကြပေသည်။ ရန်ကိုင်သည် သူ၏ မွေးရပ်မြေ ကြယ်စီရင်စုကြီးထဲတွင် နှစ်ပေါင်းများစွာကြာအောင် ကျင်လည်နေခဲ့သော်ငြား ခရမ်းကြယ်၏ ရတနာဂိုထောင်ထဲတွင်သာ မြေကမ္ဘာ ချီကြောမ သလင်းကျောက်တစ်ခုကို တွေ့ခဲ့ဖူးပေသည်။

ယခု ထို‌မြေကမ္ဘာချီကြောမ သလင်းကျောက်သည် ကမ္ဘာငယ်လေးထဲရှိ သူ့ဆေးဥယာဉ်ထဲတွင် ရောက်နေလေပြီ။ သို့သော်လည်း အာကာယံလင်းနို့သည် ဤနေရာမှ မြေကမ္ဘာချီကြောမ သလင်းကျောက်လေးခုကို ရအောင်ယူလာနိုင်ခဲ့သည်။ ရန်ကိုင် အလွန်ပျော်သွားခဲ့ပြီး ထိုမြေကမ္ဘာချီကြောမသလင်းကျောက်များကို သေသေချာချာ စတင်စစ်ဆေးကြည့်တော့လေသည်။

မကြာမီ ထိုမြေကမ္ဘာချီကြောမ လေးခုစလုံးသည် ခရမ်းကြယ်၏ ဂိုထောင်ထဲမှ သူရခဲ့သည့် သလင်းကျောက်ထက် ပိုအဆင့်မြင့်နေကြောင်း တွေ့ရှိလိုက်ရသည်။

သိုလှောင်ထားသည့် စွမ်းအင်ပမာဏအရဖြစ်စေ၊ စွင်းအင် သန့်စင်နှုန်းအရဖြစ်စေ၊ ဤမြေကမ္ဘာချီကြောမ သလင်းကျောက်လေးခုစလုံးသည် ခရမ်းကြယ်ရှိ ဂိုထောင်ထဲကဟာထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပေသည်။

သူရရှိထားသည့် မြေကမ္ဘာချီကြောမ သလင်းကျောက်များကိုသာ အဆင့်ခွဲခြားကြည့်မည်ဆိုပါက ခရမ်းကြယ်ရှိ ရတနာဂိုထောင်ထဲမှ သလင်းကျောက်သည် အဆင့်နိမ့်ဖြစ်ပြီး သူ့လက်ထဲရှိ ဤလေးခုမှာတော့ အလယ်အလတ်အဆင့် ဖြစ်လောက်ပေသည်။ ဤလေးခုအနက် အကြီးဆုံးတစ်ခုမှာ အဆင့်မြင့် မြေကမ္ဘာ သလင်းကျောက်ပင် ဖြစ်နေနိုင်သေးသည်။ အကြီးဆုံး မြေကမ္ဘာသလင်းကျောက်ထဲရှိ စွမ်းအင်ပမာဏမှာ ကြောက်မခန်းလိလိ များပြားလွန်းလှသဖြင့် ရန်ကိုင်ပင်လျှင် အံ့အားသင့်သွားခဲ့ရလေသည်။

မြေကမ္ဘာချီကြောမ သလင်းကျောက်များစွာကို ရလိုက်သည့်အတွက်ကြောင့် ရန်ကိုင့်မှာ အံအားသင့်မိသွားသလို ပျော်လည်း ပျော်သွားခဲ့သည်။ သို့သော်လည်း ခဏမျှစဉ်းစားလိုက်ပြီးနောက် ဤနေရာမှ မြေကမ္ဘာချီကြောမ သလင်းကျောက် လေးခုကို ရလိုက်သည်မှာ ပုံမှန်သာဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ ဤမြေကမ္ဘာချီကြောမ သလင်းကျောက်များကြောင့်သာ မဟုတ်လျှင် ချောက်နက်ထဲတွင် မိုးမြေစွမ်းအင်များ ဘာကြောင့်များ အလွန် ပေါများသိပ်သည်းနေရမည်နည်း။

မြေလေးမှာ အဖိုးတန်သော်ငြား ဤကဲ့သို့ မိုးမြေစွမ်းအင် ပေါကြွယ်၀သည့် ပတ်၀န်းကျင်မျိုးကို မဖန်တီးပေးနိုင်ပေ။ မြေကမ္ဘာချီကြောမ သလင်းကျောက်များသာ ထိုကဲ့သို့ ဖြစ်အောင်လုပ်နိုင်၏။ သို့ရာတွင် မြေလေး ရှိနေသည့် အတွက်ကြောင့်လည်း မြေကမ္ဘာချီကြောမ သလင်းကျောက်များ ဖြစ်လာနိုင်ခြင်း ဖြစ်သည်။ အလွန် ပြင်းထန်သည့် မြေဆွဲအားစက်ကွင်းကြောင့် အနီးအနား တစ်ဝိုက်ရှိ မိုးမြေစွမ်းအင်များမှာ ဘေးပတ်ဝန်းကျင်သို့ ပျံ့ထွက်မသွားနိုင်တော့ဘဲ ဤချောက်နက်ထဲတွင်သာ လာရောက် စုဝေးနေကုန်ကြလေသည်။

အလွန်ပြင်းထန်သည့် ဖိအားမှ အဆက်မပြတ် သက်ရောက်နေသည့်အတွက်ကြောင့် အချိန်ကြာမြင့်စွာ တည်ရှိလာပြီးသည့်နောက်တွင် မိုးမြေစွမ်းအင်များသည် မြေကမ္ဘာချီကြောမသလင်းကျောက်များ အဖြစ်သို့ တဖြည်းဖြည်း သိပ်သည်းသွားကုန်ကြလေသည်။ ငါးရောင်ခြယ်ဘုရား တည်ရှိလာသည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာလေပြီ။ ထို့ကြောင့် ထိုအချိန်အတောအတွင်း မြေကမ္ဘာချီကြောလေးခု ဖြစ်လာသည်မှာ အရမ်းကြီးတော့ ထူးဆန်းမနေခဲ့ပေ။ ဤမြေကမ္ဘာ ချီကြောမများ၏ တန်ဖိုးမှာ မြေလေးလောက် မြင့်မားခြင်း မရှိသော်ငြား ၎င်းတို့သည် သေချာပေါက် တန်ဖိုးမနည်းကြပေ။

ဤမြေကမ္ဘာချီကြောမ သလင်းကျောက် လေးခုသည် ဂိုဏ်းကြီးများပင် အလွန်လိုချင်ကြသည့် အရာများ ဖြစ်ကြ၏။ ဤအရာများကိုသာ ရလျှင် သူတို့ဂိုဏ်းထဲရှိ မိုးမြေစွမ်းအင်ကို ပိုမိုသိပ်သည်းကြွယ်ဝလာအောင် လုပ်နိုင်ပေလိမ့်မည်ကိုး။ ရန်ကိုင်သည် အသစ်ရရှိလာသည့် မြေကမ္ဘာချီကြောမသလင်းကျောက် လေးခုကို ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲသို့ ပစ်ထည့်လိုက်သည်။

ယခင်တစ်ခုနှင့်သာဆိုပါက ယခု သူ့ဆေးဥယာဉ်ထဲတွင် မြေကမ္ဘာချီကြောမ သလင်းကျောက် ငါးခုရှိသွားလေပြီ။ ထို့အပြင် မြေလေးပါ ထပ်ရှိနေသည့်အတွက် ရန်ကိုင်၏ ဆေးဥယာဉ်သည် ကြယ်တာရာအစုအဝေးထဲတွင် အကောင်းဆုံး ဆေးဥယျာဉ်တစ်ခု ဖြစ်လာပြီဟု ပြော၍ရပေသည်။ ဆေးဥယျာဉ် မည်မျှ ပြောင်းလဲသွားလဲ သိရလေအောင် ဆေးပင်အချို့ကို စမ်းစိုက်ပျိုးချင်စိတ်များ ရန်ကိုင်စိတ်ထဲ တဖွားဖွား ထွက်ပေါ်လာခဲ့လေသည်။ သို့ရာတွင် အချိန်အခါမှာ အခြေအနေ မပေးသေးသဖြင့် လုပ်ချင်စိတ်ကို အောင့်အည်းထားလိုက်လေသည်။ နေ့ဝက်ခန့် ကြာပြီးနောက်တွင် ရတနာရှာခြင်းအမှုကို ရန်ကိုင် ရပ်တန့်လိုက်လေသည်။

ကြည့်ရသလောက် ဤနေရာရှိ ရတနာအားလုံး အကုန် ကုန်သွားသည့်ပုံပင်။ မြေလေးနှင့် မြေကမ္ဘာချီကြောမ သလင်းကျောက်တို့ မရှိတော့သည့်အတွက် ချောက်နက်ကြီး၏ မြေဆွဲအားစက်ကွင်းမှာ သိသိသာသာကို လျော့ကျသွားခဲ့ရပြီး မိုးမြေစွမ်းအင်မှာလည်း လျင်မြန်စွာ ကျဲပါးလာခဲ့လေသည်။ လင်းနို့လေးကို အချက်ပြလိုက်ပြီးနောက် ရန်ကိုင်သည် သူ့ခွန်အားကို လှည့်ပတ်၍ ချောက်နက်ကြီးပေါ်သို့ ပျံတက်သွားလေ၏။ မြေဆွဲအားစက်ကွင်း မရှိတော့သည့်အတွက် ချောက်နက်အောက်ခြေမှ အပေါ်သို့ ပျံတက်ဖို့ရာ ဘာမှ မခက်ခဲတော့ပေ။

အာကာယံလင်းနို့လေးသည် မိုရှောင်ချီကို ရှာရန်အတွက် ရှေ့မှဆက်၍ ဦးဆောင်သွားနေခဲ့လေသည်။ ရန်ကိုင်သည် လင်းနို့လေး‌နောက်မှ အေးအေးဆေးဆေး လိုက်သွားလေသည်။ သုံးရက်ကြာပြီး‌နောက် တောင်ကုန်းတစ်ခုနားမှ ဖြတ်သွားစဉ် ရုတ်တရက် တစ်ခုခုကို ခံစားမိသည့်အလား ရန်ကိုင်သည် ထိုဘက်သို့ လှည့်ကြည့်လိုက်၏။

အေးစက်စက်အမူအရာဖြင့် ပြုံးကာ အော်ပြောလိုက်လေသည်။ “ရောင်ရင်း၊ မင်းဘာသာမင်း ထွက်လာမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင် လာဆွဲထုတ်ရမလား”

သို့တိုင် မည်သည့်တုံ့ပြန်သံမှ ထွက်ပေါ်လာခြင်း မရှိဘဲ လေတိုက်သံနှင့် သစ်ရွက်လှုပ်သံတို့သာ ထွက်ပေါ်နေခဲ့လေသည်။

“တစ်ကယ်ကို ခေါင်းမာနေတာပဲ” ရန်ကိုင်သည် အေးစက်စက် နှာခေါင်းရှုံ့လျက် ရွှေရောင်သွေးမျှင်တစ်ခုကို အောက်ဘက်ရှိ တစ်ခုသောနေရာဆီသို့ ပစ်ထည့်လိုက်လေသည်။

ချက်ချင်းဆိုသလို ရွှေရောင်သွေးမျှင်သည် တစ်စုံတစ်ခုကို သွားရောက်ထိမှန်သည့်အလား အပြာရောင်အလင်းတို့ တစ်ဖျက်ဖျက် တောက်ပလာခဲ့သည်။ “ဘုန်း” ဟူသော ပေါက်ကွဲသံနှင့်အတူ ရွှေရောင်သွေးမျှင် ပြန်ကန်ထွက်လာခဲ့လေသည်။ ယခင်က ဘာမှမရှိခဲ့သော နေရာတွင် တင်ပလ္လင်ခွေထိုင်နေသည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ရှိနေခဲ့သည်။ သက်လတ်ပိုင်းလူကြီးသည် ဖြူဖတ်ဖြူလျော် အမူအရာဖြင့် ရန်ကိုင်အား သတ်ဖြတ်ချင်နေသည့်အလား မမှိတ်မသုံ စိုက်ကြည့်နေ၏။

သက်လတ်ပိုင်းလူကြီး၏ ပုံစံကိုမြင်ပြီး ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သက်လတ်ပိုင်းလူကြီးသည် အကောင်းအတိုင်း ရှိနေသည့် လူတစ်ဦးမဟုတ်ဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် လူတစ်ဦး ဖြစ်နေခဲ့သည်။ ဤအခြေအနေသည် သူမျှော်လင့်ထားသလို မဟုတ်ပေ။ လူတစ်ဦးသည် ဤနေရာတွင် ပုန်းအောင်း၍ သူ့အား အလစ်ချောင်းတိုက်ခိုက်ရန် ကြံစဉ်နေခြင်း ဖြစ်သည်ဟု ရန်ကိုင် ထင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကြည့်ရသလောက် ဤလူသည် သူ့အား အလစ်ချောင်းတိုက်ခိုက်ရန် မဟုတ်ဘဲ သူ့ဒဏ်ရာကို ကုစားရန်အတွက်သာ ဤနေရာတွင် ပုန်းအောင်းနေခြင်း ဖြစ်ရမည်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ သူ့လုပ်ရပ်သည် တစ်ဖက်လူ ပုန်းနေသည့် နေရာကို ပေါ်သွားအောင် လုပ်လိုက်မိသလို ဖြစ်သွားခဲ့သည်။

သူမှားသွားပြီမှန်း သိလိုက်သည့်နောက်တွင် ရန်ကိုင်က လက်သီးဆုပ်၍ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်၏ “ကျူပ်တောင်းပန်ပါတယ် ရောင်ရင်း။ ကြည့်ရတာ နားလည်မှု လွဲသွားတယ်နဲ့တူတယ်။ ကျုပ်လုပ်ရက်ကို စိတ်ထဲမထားပါနဲ့။ ရောင်ရင်းရဲ့ ဒဏ်ရာတွေကိုပဲ ဆက်ပြီး ကုသနေလိုက်ပါ။ ကျုပ်သွားလိုက်ပါဦးမယ်”

“ရောင်ရင်းက ကျုပ်ကို သတ်ချင်နေတာ မဟုတ်ဘူးလား။ သတ်မယ်ဆို သတ်လေ။ ဘာလို့ အပိုစကားတွေ ပြောနေသေးတာလဲ”

ရန်ကိုင် မမျှော်လင့်ထားသည်မှာ သူ့ဘက်က တောင်းပန်လိုက်သည်ကိုပင် လူကြီးမှ ဒေါသတကြီး တုန့်ပြန်လာမည်‌ ဆိုသည်ကိုပင်။

သူနှင့် ရန်ကိုင်အကြား မကျေချမ်းနိုင်သည့် ရန်ညှိုးတို့ ရှိနေသည့်အလား သက်လတ်ပိုင်း လူကြီးသည် ရန်ကိုင့်အား မုန်းတီးစွာ စိုက်ကြည့်နေခဲ့လေသည်။

ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည်။ “ရောင်ရင်း နားလည် မှုလွဲနေပြီနဲ့တူတယ်။ ကျုပ်က အကြောင်းမရှိဘဲ ဘာလို့ ရောင်းရင်းကို သတ်ချင်ရမှာလဲ”

သူ့ဘက်မှ မှားသွားခြင်း ဖြစ်သည့်အတွက် တစ်ဖက်လူမှ ဒေါသတကြီး တုန့်ပြန်လာသည့်အပေါ် ရန်ကိုင် သိပ်ပြီး စိတ်ထဲထားမနေခဲ့ပေ။ ထို့အစား ဆေးပုလင်း တစ်ပုလင်းကို ထုတ်၍သာ သက်လတ်ပိုင်းလူကြီးဆီသို့ ပစ်ပေးလိုက်၏။

“ဒီမှာ ကုသရေးဆေးလုံးတွေ။ ဒါတွေနဲ့ဆို ရောင်ရင်းရဲ့ဒဏ်ရာကို ကုသလို့ ရမှာပါ” ပြောပြီးသည်နှင့် ရန်ကိုင်သည် လှည့်ထွက်ရန် လုပ်လိုက်လေ၏။

သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်၏ တုန့်ပြန်ပုံကြောင့် အံအားသင့်သွားခဲ့၏။ ယခုမှပဲ ရန်ကိုင်သည် သူ့အား မရည်ရွယ်ဘဲ တိုက်ခိုက်လိုက်မိခြင်းဖြစ်မှန်း နားလည်သွားခဲ့လေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဘာကြောင့်များ ဤကဲ့သို့ ပြုမူနေရဦးမည်နည်း။ ရန်ကိုင်၏ လက်ရှိခွန်အားဖြင့် သူ့အား အလွယ်လေး သတ်လိုက်နိုင်ပေသည်။

ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ပြီး အထဲရှိ ပစ္စည်းများမှာ ကုသရေးဆေးလုံးများဖြစ်ကြောင်း အတည်ပြုလိုက်ပြီးနောက် သက်လတ်ပိုင်းလူကြီး၏ မျက်နှာထက် တုန့်ဆိုင်းတွေဝေနေသည့် လက္ခဏာတစ်ရပ် ထွက်ပေါ်လာလေသည်။

ရန်ကိုင် ထွက်သွားတော့မည်ကိုမြင်သော် သက်လတ်ပိုင်းလူကြီးလည်း ဆက်၍ တုန့်ဆိုင်းမနေတော့ဘဲ ယတိပြဆုံးဖြတ်လိုက်သည့်ဟန်ဖြင့် ရန်ကိုင်အား လှမ်း၍ အော်ခေါ်လိုက်လေသည် “နေပါဦး”

ရန်ကိုင် ရပ်တန့်လိုက်ပြီး တစ်ဖက်လူဘက်သို့ လှည့်၍ သက်ပြင်းချကာ မေးလိုက်လေသည်။

“ရောင်ရင်း ဘာလိုချင်တာလဲ။ ကျုပ်လုပ်ရက်ကြောင့် ရောင်ရင်းနေရာ ပေါ်သွားပေမဲ့ အခု ပြန်ပြောင်းပုန်းရင် ဘာမှမဖြစ်သေးဘူး။ ပြီးတော့ တောင်းပန်တဲ့အနေနဲ့ ရောင်ရင်းကို ကုသရေး ဆေးပုလင်း တစ်ပုလင်းလည်း ပေးပြီးသွားပြီလေ။ တစ်ထွာပေးလို့ တစ်ကိုက်တော့ မလိုချင်လာနဲ့နော် ရောင်ရင်း”

ထိုစကားကိုကြားသော်ငြား သက်လတ်ပိုင်းလူကြီးမှာ နည်းနည်းလေးမှ ဒေါသမထွက်ဘဲ ပြုံး၍သာ ပြောလိုက်လေသည် “ငါအဲ့အကြောင်းကို ပြောချင်နေတာ မဟုတ်ဘူး”

“ဒါဆို ရောင်ရင်းက ဘာပြောချင်တာလဲ” ရန်ကိုင်က စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“ရောင်ရင်း တာအိုအရင်းအမြစ်သစ်သီး လိုချင်လား” သက်လတ်ပိုင်းလူက ရန်ကိုင့်အား စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ရောင်းရင်းဘာပြောလိုက်တယ်” ရန်ကိုင်၏ အမူအရာ ရုတ်ချည်း လေးနက်သွားလေသည်။

ချက်ချင်းပဲ သက်လတ်ပိုင်းလူကြီး သိုလှောင်လက်စွပ်အား လှမ်းကြည့်လိုက်ပြီး အလျင်အမြန် ပြန်မေးလိုက်၏ “တာအို အရင်းအမြစ်အသီးလို့ ပြောလိုက်တာလား”

“ဟုတ်တယ် တာအိုအရင်းအမြစ်အသီးလို့ ပြောလိုက်တာ” သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်လိုက်သည်။

“ရောင်ရင်းမှာ တာအိုအရင်းအမြစ်အသီး ရှိနေတာလား” ရန်ကိုင်သည် သက်လတ်ပိုင်း လူကြီးအား အံအားသင့်တကြီး ကြည့်လိုက်လေသည်။

သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်၍ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ကောင်းကင်တိုက်ပွဲဒိုဂျိုက ဒီငါးရောင်ခြယ် ရတနာဘုရားထဲမှာ တာအိုအရင်းအမြစ်သစ်သီး သုံးလုံး ထည့်ထားတယ်။ ဒါပေမယ့် အဲ့ထဲက တစ်လုံးကို ဒီကျန်း ကံကောင်းပြီး ရထားတယ်”

ရန်ကိုင် တာအိုအရင်းအမြစ်သစ်သီး မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကို ပြန်မမေးနိုင်ခင်မှာပင် သက်လတ်ပိုင်းလူကြီးက ဆက်၍ပြောလိုက်လေသည်။ “ရောင်းရင်း စိတ်မဆောနဲ့နော်။ ရောင်းရင်း ကျုပ်ကို သက်လတ်မယ်ဆိုရင်တောင် တာအိုအရင်းအမြစ်အသီးကို ရနိုင်မှာမဟုတ်ဘူး။ ကျုပ်ဒီမှာ လာမပုန်းခင်ကတည်းက တာအိုအရင်းအမြစ်အသီးကို အခြား လုံခြုံတဲ့နေရာမှာ ဝှက်ထားခဲ့ပြီးသား”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ပြန်ပြောလိုက်လေသည်။ “ကျုပ်ပုံက ခင်ဗျားကိုသတ်ပြီး လုမယ့်ပုံ ပေါက်နေလို့လား”

“အဲ့တာတော့ ပြောရခက်တယ်လေ” မျိုးရိုးနာမည်ကျန်း ဆိုသူက ရယ်မော၍ “ရောင်းရင်းပုံက မကောင်းတဲ့ပုံတော့ မပေါက်ပါဘူး။ မဟုတ်ရင် ကျုပ်ကို အခုလို ဆေးပုလင်း လာပေးနေမှာမဟုတ်ဘူး။ ဒါပေမယ့် ကျင့်ကြံသူအချင်းချင်း သတ်ဖြတ်ပြီး ရတနာတွေလုတယ်ဆိုတာ ပုံမှန်ပဲလေ။ ပြီးတော့ တာအိုအရင်းအမြစ်အသီးက အရမ်း အဖိုးတန်လွန်းတယ်။ ပုံမှန်အခြေအနေမျိုးမှာ ရောင်းရင်း အနေနဲ့ ကျုပ်ကို ဘာမှမလုပ်ပေမယ့် တာအိုအရင်းအမြစ် အသီးကို မြင်ပြီးတဲ့နောက်ပိုင်း ရောင်းရင်း စိတ်မပြောင်းသွားနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ”

“ပြောတာ ယုတ္တိရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

ကျင့်ကြံသူတစ်ဦးသည် လူတစ်ဦးကို သတ်ဖြတ်ပြီး ထိုလူ၏ ရတနာများကို မလုယူဘူးဆိုလျှင်ပင် ထိုသည်မှာ တစ်ဖက်လူ၏ ရတနာမှာ သူတို့လိုချင်သည့်အရာ ဖြစ်နေလား၊ ဖြစ်မနေဘူးလား ဆိုသည့်အပေါ် မူတည်ပေသည်။ ဥပမာ တစ်ဖက်လူသည် တာအို အရင်းအမြစ်အသီးကဲ့သို့သော အဖိုးတန် ရတနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါက သူတို့အနေဖြင့် လူသတ်၊ ဓါးပြတိုက် အလုပ်ကို မလုပ်ပါဘူးဟု မည်သူမှ ပြောနိုင်တော့မည် မဟုတ်ချေ။

“ဒါပေမဲ့ ရောင်ရင်းက တာအိုအရင်းအမြစ် အသီးအကြောင်း အရင်ပြောလာတယ်ဆိုတော့ ရောင်ရင်း ဘာလိုချင်တာလဲ” ရန်ကိုင်က မျိုးရိုးနာမည် ကျန်းနှင့်လူအား သင်္ကာမကင်း အမူအရာဖြင့် ကြည့်လိုက်လေသည်။

“ဘာမှမဟုတ်ပါဘူး။ ရောင်ရင်းကို အဲ့တာအို အရင်းအမြစ်သစ်သီး ပေးချင်လို့ပါ” မျိုးရိုးနာမည်ကျန်း နှင့်လူက အလေးအနက် အမူအရာဖြင့် ပြောလိုက်လေသည်။

“ခင်ဗျား လာနောက်နေတာလား” ရန်ကိုင်သည် တစ်ဖက်လူပြောသည့်စကားကို မယုံသည့်အလား မေးလိုက်လေသည်။

မျိုးရိုးနာမည်ကျန်းနှင့်လူက ခေါင်းခါ၍ “သေတော့မယ့်လူတွေက ဘာအပိုစကားမှ ပြောနေစရာမလိုဘူး။ ဒီလို ကိစ္စနဲ့ ပတ်သတ်ပြီး ရောင်ရင်းကို ဘာလို့ နောက်နေရမှာလဲ”

ရန်ကိုင်က မျက်လုံးမှေးစင်း၍ “ခင်ဗျားကြည့်ရတာ သေတော့မယ်ပုံလည်း မပေါက်ပါဘူး”

မျိုးရိုးနာမည်ကျန်း နှင့်လူက မဲ့ပြုံးပြုံးလျက် “ထွက်ပြေးလာဖို့ ကျုပ်သွေးအဆီအနှစိ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို သုံးပစ်ခဲ့ရတယ်။ ဒီပုံစံနဲ့ ဆက်ပြီး အသက်ရှင်နိုင်ဦးမယ်ဆိုရင်တောင် ကျင့်ကြံခြင်းက လျော့ကျသွားတော့မှာ။ ပြီးတော့ အဆိပ်ကပါ ထပ်မိနေသေးတယ်။ အခုက အဆိပ်က ရိုးရိုးတောင် မဟုတ်ဘူး၊ ကျုပ်ဝိဥာဉ်ကိုတောင် လာမိတဲ့အဆိပ်မျိုး”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အမူအရာပြောင်းလဲသွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ သက်လတ်ပိုင်းလူကြီးအား စစ်ဆေးကြည့်လိုက်လေသည်။ ထိုအခါမှပဲ သက်လတ်ပိုင်းလူကြီး လိမ်နေခြင်းမဟုတ်မှန်း သိသွားတော့သည်။ သက်လတ်ပိုင်းလူကြီးမှာ အဆင်ပြေချင်ဟန် ဆောင်နေသော်လည်း တကယ်တမ်းတွင် သူသည် သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေသည့် လူတစ်ဦး ဖြစ်နေခဲ့လေပြီ။

ရန်ကိုင် ရောက်မလာခင်က အားကောင်းသည့် ဆေးလုံးတစ်လုံးကို သောက်လိုက်သည့် အတွက်ကြောင့်သာ ယခုကဲ့သို့ နေနေနိုင်သေးခြင်း ဖြစ်လောက်၏။ ဤမျှပြင်းထန်သည့် ဒဏ်ရာ ရထားလေရာ မည်သူမှ သူ့အား လာမသတ်လျှင်ပင် သူ့ဘာသာ နှစ်ရက်ထက်ပိုပြီး အသက်မရှင်နိုင်ချေ။

ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်သည်။ “ခင်ဗျား ခန္ဓာကိုယ်ပဲ အဆိပ်မိထားရင်တော့ ကျုပ်ခင်ဗျားကို ကူညီပေးလို့ ရရင်ရဦးမှာ။ ဒါပေမဲ့ ဝိဉာဉ်ပါ အဆိပ်မိနေတာဆိုတော့ ကျုပ်လည်းဘာမှ မတတ်နိုင်ဘူး”

“ကျုပ်အခြေအနေကျုပ် သိပြီးသားပါ။ ရောင်ရင်း ဂရုစိုက်ပေးနေစရာ မလိုပါဘူး” မျိုးရိုးနာမည်ကျန်း နှင့်လူက ဖွဖွလေးရယ်ရင်း ပြောလိုက်လေသည်။

“ကျူပ် ခင်ဗျားကိုမသိဘူး။ ခင်ဗျား သေတာရှင်တာလည်း ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ခင်ဗျားက ကျုပ်ကိုခေါ်ပြီး တာအိုအရင်းအမြစ်သစ်သီး ပေးမယ်လုပ်တယ်။ ဒီလောကကြီးမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူးလေ။ ပြော… ခင်ဗျား ဘာလိုချင်နေတာလဲ”

“ရောင်ရင်းက ဉာဏ်ပြေးတာပဲ” သက်လတ်ပိုင်းလူကြီးက ပြုံးလျက် “ကျုပ်မှာ အချိန်သိပ်မရှိတော့ဘူးဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်တော့မယ်”

ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။

“ကျူပ် ခင်ဗျားကို တာအိုအရင်းအမြစ်အသီး ဘယ်မှာဖွက်ထားလဲဆိုတာ ပြောပြပေးမယ်။ ဒါပေမဲ့ ခင်ဗျား အဲ့တာအို အရင်းအမြစ်အသီးကို ဆေးလုံးအဖြစ် ဖော်စပ်ပြီးတာနဲ့ တစ်လုံးကို ကျုပ် ကျန်းမိသားစုရဲ့ မျိုးဆက်တွေဆီ ပေးပေးရမယ်” မျိုရိုးနာမည်ကျန်း နှင့်လူက ပြောလိုက်သည်။

“ကျူပ်က ကျန်းကောင်းရွှမ်ပဲ... မေပယ်မြို့ထဲက ကျန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်။ ကျန်းမိသားစုက မိသားစုကြီးမဟုတ်ပေမဲ့၊ မေပယ်မြို့မှာ တည်ရှိလာခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီ။ ဒီတော့ မေပယ်မြို့ထဲက လူတွေ တော်တော်များများနဲ့ သိတယ်လို့ပြောလို့ရတယ်။ ရောင်းရင်း အပြင်ကိုရောက်ရင် ကျန်းမိသားစု ဘယ်မှာလဲလို့သာ လိုက်မေးလိုက်၊ ကျန်းမိသားစုတည်နေရာကို သိရလိမ့်မယ်။ ရောင်းရင်းအနေနဲ့ တာအိုအရင်းအမြစ်အသီးကိုသုံးပြီး ဆေးလုံး ဖော်စပ်လို့ မအောင်မြင်ခဲ့ပါ ဘာမှကိစ္စမရှိဘူး။ ဒါပေမယ့် အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ အနည်းဆုံး သုံးလုံးလောက်တော့ ရလိမ့်မယ်။ အဲ့ထဲက တစ်လုံးကိုပဲ ကျုပ်ကျန်းမိသားစုဆီ ပို့ပေး။ ကျန်တဲ့ နှစ်လုံးကို ရောင်းရင်းဘာသာ ယူထားလိုက်လို့ရတယ်”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၀9)

ကျန်းကောင်းရွမ် ပြောသည်ကို ကြားပြီးနောက် ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည် “ဒီ ကမ်းလှမ်းချက်က မဆိုးဘူး။ ကျူပ် သဘောတူလို့ရတယ်။ ဒါပေမယ့် ကျုပ်ကတိမတည်မှာကို ရောင်းရင်း မကြောက်ဘူးလား”

ကျန်းကောင်းရွမ်က ခါးသက်စွာပြုံးလျက် “အခုမှ ကြောက်နေတော့ရော ဘာထူးဦးမှာလဲ။ ကျူပ်က မကြာခင်သေတော့မှာ။ အခုလောလောဆယ် ဒီအနီးအနား တစ်ဝိုက်မှာ ကျုပ်ယုံကြည်လို့ရတဲ့လူ ဘယ်သူမှ မရှိဘူး။ တာအိုအရင်းအမြစ်အသီးကို ဒီတိုင်းထားပြီး ဘာအကျိုးအမြတ်မှ မရမယ့်အတူတူ၊ ဒီအခွင့်အရေးကို အသုံးချလိုက်တာ ပိုမကောင်းဘူးလား။ ဆိုးတာက ကျုပ်မှာ ဝိဉာဉ်စာချုပ် ရှိမနေတာပဲ။ မဟုတ်ရင် ဒီလောပ်ထိ စိုးရိမ်နေရမှာ မဟုတ်ဘူး”

“ဒါဆို ကျုပ် ကျိန်ဆိုပေးရဦးမလား” ရန်ကိုင်က ပြုံး၍ပြောလိုက်သည်။

ကျန်းကောင်းရွမ်က ရန်ကိုင့်အား ပြန်ကြည့်၍ ပြောလိုက်သည်။ “မလိုဘူး။ ကျိန်ဆိုတာ ဘာများ အသုံး၀င်မှာမို့လို့လဲ။ ပြီးတော့ ရောင်ရင်းရဲ့ စိတ်နေစိတ်ထားကလည်း မဆိုးဘူး။ ဒီတော့ ဒီကိစ္စတွေပြီးသွားရင် ကျုပ် ကျန်းမိသားစုမှာ ဧည့်သည်အဖြစ် ဆယ်နှစ်လောက်နေပေးဖို့ တောင်းဆိုချင်တယ်”

“ဆယ်နှစ်” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။

“ရောင်ရင်း ဒါတော့ မရဘူးနော်”

“ဆယ်နှစ်က များလွန်းတာလား” ကျန်းကောင်းရွမ်သည် ရန်ကိုင့်အား အံအားသင့်နေသည့် အမူအရာဖြင့် ကြည့်၍ “ကျုပ် ရောင်ရင်းကို ပေးနေတာက တာအိုအရင်းအမြစ် အသီးနော်။ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင် သူတို့ တစ်သက်လုံး လိုက်ရှာရင်တောင် ဒီလို အခွင့်အရေးမျိုး ရနိုင်မှာမဟုတ်ဘူး။ တာအို အရင်းအမြစ်အသီးနဲ့ဆို ရောင်ရင်းအနေနဲ့ တာအိုသခင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ ရာခိုင်နှုန်း အရမ်းများသွားမှာ။ ရောင်ရင်း အရည်အချင်းသာ အရမ်းမဆိုးရင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး လုံး၀ ဖြစ်လာနိုင်တယ်”

ရန်ကိုင်က ပြန်ပြောလိုက်သည် “ကျုပ်အတွက် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လာဖို့ တာအို အရင်းအမြစ်အသီးကို မလိုဘူး။ ကျုပ်ဘာ ကြိုးစားလို့ရတယ်”

“ရောင်ရင်းရဲ့ လေသံက မသေးပါလား” ကျန်းကောင်းရွမ်သည် ရန်ကိုင်များ ကြွားနေသလားဟု ရန်ကိုင့်အား အထက်အောက် စုံစမ်းစစ်ဆေး လိုက်လေသည်။

သို့သော်လည်း ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ် ဖြင့်သာ ရှိနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သက်ပြင်းချ၍ ပြောလိုက်လေသည်။“ကြည့်ရတာ ရောင်ရင်းက ပါရမီရှင် တစ်ဦးနဲ့တူတယ်။ တာအိုအရင်းအမြစ် သစ်သီးတောင် ရောင်ရင်းကို စိတ်လှုပ်ရှားသွားအောင် မလုပ်နိုင်ဘူး။ အဲ့တာဆို ထားလိုက်တော့။ ဆယ်နှစ် မလုပ်တော့နဲ့။ သုံးနှစ်ပဲလုပ်”

ရန်ကိုင်ကမူ ခေါင်းသာ ခါနေခဲ့သည်။ ထိုအခြင်းအရာကို မြင်သည့်အခါ ကျန်းကောင်းရွမ်၏မျက်နှာ မည်းမှောင်သွားပြီ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

“အဲ့တာဆို ရောင်ရင်း ဘာလိုချင်နေတာလဲ။ ကျုပ်တို့လို တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတွေအတွက် သုံးနှစ်ဆိုတာ ခဏလေးပဲလေ။ ဘယ်လောက်မှ ကြာတာမှ မဟုတ်တာ”

ရန်ကိုင်က ရယ်မော၍သာ ပြန်ပြောလိုက်၏။ “သုံးနှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ဖြစ်ဖြစ် မရဘူး။ တစ်နှစ်ပဲ ဆိုရင်တောင် ကျုပ်သဘောမတူနိုင်ဘူး။ ကျုပ် မေပယ်မြို့ထဲမှာ ဘယ်လောက်ကြာကြာ ရှိနေမယ်ဆိုတာ ဘယ်သူမှ ပြောနိုင်တာ မဟုတ်ဘူး။ ကျုပ် မေပယ်မြို့ထဲ မနေနိုင်တော့လို့ ထွက်သွားရရင် ကျုပ်စိတ်ထဲ ကိုယ်တွင်းနတ်ဆိုး ဖြစ်လာရမှာ။ အဲ့ချိန်ကျ ပေးရတာနဲ့ ပြန်ရတာ လုံးဝ မတန်တော့ဘူး ဖြစ်သွားလိမ့်မယ်”

“အဲ့ဒါက” ကျန်းကောင်းရွမ် ကြောင်သွားခဲ့လေသည်။

သို့သော် မကြာမီ ပြုံး၍ “ ကြည့်ရတာ ဒီကျန်း ဆုံးဖြတ်ချက် မှန်သွားတယ်နဲ့ တူတယ်။ ရောင်ရင်းက တစ်ကယ်ကို ယုံကြည်ရတဲ့ လူတစ်ဦးပဲ”

ရန်ကိုင် ယခုလို ပြန်ပြောနေခြင်းသည် သူမှ သူတို့၏ သဘောတူညီချက်အတိုင်း လိုက်လုပ်မည်ဟု ပြောလိုက်ခြင်းပင်။ ထို့ကြောင့်သာ မဟုတ်လျှင် ရန်ကိုင့်အနေဖြင့် ဘာကြောင့်များ လေကုန်ခံပြီး ပြန်ငြင်းနေဦးမည်နည်း။ ရန်ကိုင့်အနေဖြင့် တာအိုအရင်းအမြစ်အသီးကို ရသွားသည်နှင့် သူ့တောင်းဆိုချက်ကို လျစ်လျူရှုထားလိုက်၍ ရပေသည်။

ရန်ကိုင်မှ ကိုယ်တွင်းနတ်ဆိုးအကြောင်း ပြောလာသောအခါ ကျန်းကောင်းရွမ် ရန်ကိုင့်အပေါ် ပို၍ ယုံကြည်သွားခဲ့လေသည်။

ရန်ကိုင်သည် ကိုယ့်စကားကိုယ် တန်ဖိုးထားသည့် လူတစ်ယောက်မဟုတ်လျှင် ကတိချိုးဖျက်လိုက်ရုံနှင့် ကိုယ်တွင်းနတ်ဆိုး ဖြစ်လာရန် မဖြစ်နိုင်ပေ။

“ကောင်းပြီလေ။ ဒါဆို ဒီလိုလုပ်ကြတာပေါ့။ ကျုပ် မေပယ်မြို့ထဲမှာ ရှိနေတဲ့ အချိန်အတွင်း ကျန်းမိသားစုကို ကူညီပေးမယ်။ ဒါကလည်း ကျုပ်တတ်နိုင်တဲ့ ဘောင်အတွင်းမှနော်။ ကျုပ် မတတ်နိုင်ဘူးဆိုရင် ကူညီပေးမှာ မဟုတ်ဘူး။ ပြီးတော့ သူတို့ကို သုံးခါပဲ ကူညီပေးမယ်။ အဲ့တာဆို ဘယ်လိုလဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

“သုံးခါ” ကျန်းကောင်းရွမ် အတွေးနက်သွားခဲ့လေသည်။

ခဏအကြာတွင် ခေါင်းညိတ်၍ “သုံးခါ။ ရတယ်၊ အဆင်ပြေတယ်။ ပြီးတော့ ရောင်ရင်းကို ကျန်းမိသားစုဆီ သတင်းစကားတစ်ခု ပို့ပေးစေချင်တယ်”

“ကိစ္စမရှိဘူး။ ရတယ်”

သဘောတူညီချက် ရပြီးတွင် ရန်ကိုင်သည် ငြိမ်ငြိမ်လေး ရပ်စောင့်နေလိုက်သည်။ ကျန်းကောင်းရွမ်သည် ကျောက်စိမ်းပြားတစ်ပြားကိုထုတ်၍ ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်သည်။ အကုန်လုံး ပြီးစီးသွားပြီးနောက်တွင် ကျန်းကောင်းရွမ်သည် ကျောက်စိမ်းပြားကို ရန်ကိုင့်သို့ ပေးလိုက်လေသည်။ ထို့နောက် သက်ပြင်းမောကြီးချ၍ ပြောလိုက်လေသည်။

“ရောင်ရင်းကိုပဲ ယုံကြည်လိုက်တော့မယ်နော်”

“တာအိုအရင်းအမြစ်အသီးရဲ့ နေရာက” ရန်ကိုင်က မေးလိုက်သည်။

ကျန်းကောင်းရွမ်ကပြုံး၍ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး “အဲ့ဘက်က တောင်ကို တွေ့တယ်မလား။ တာအိုအရင်းအမြစ်အသီးက အဲ့ဘက်မှာပဲ။ နေရာ အတိအကျကတော့…”

ကျန်းကောင်းရွမ်သည် ထိုနားသို့အရောက်တွင် ဆက်မပြောတော့ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ ရန်ကိုင့်နားထဲသို့ တည့်တည့် ပြောပေးလိုက်လေသည်။

ရန်ကိုင် ခေါင်းညိတ်လိုက်၏။

“ဒီကျန်းရဲ့ သိုလှောင်လက်စွမ်ကိုလည်း ကျန်းမိသားစုဆီ ယူသွားပေးပါလား။ ဒီကျန်း ယူထားလည်း ဘာမှ အသုံး၀င်တော့မှာ မဟုတ်ဘူး” ကျန်းကောင်းရွမ်သည် သူ့လက်စွပ်ကိုချွတ်၍ ရန်ကိုင့်ဆီသို့ ဖြည်းဖြည်းချင်း ပစ်ပေးလိုက်လေသည်။

တစ်နာရီ ကြာပြီးနောက်တွင် ရန်ကိုင်သည် ကျန်းကောင်းရွမ်ညွှန်ပြသည့် တောင်ဆီသို့ ရောက်ခဲ့လေသည်။ ထိုနေရာတွင်ပင် တာအိုအရင်းအမြစ်သစ်သီး ရခဲ့လေသည်။

“ဒီလူက တော်တော် သတိကြီးတာပဲ” ရန်ကိုင် ရေရွတ်လိုက်သည်။

ကျန်းကောင်းရွမ်သည် တာအိုအရင်းအမြစ်အသီးကို သတိပြုမိရန် ခက်ခဲသော နေရာတွင် ဖုံးကွယ်ထားယုံမက၊ အခြားသူများ သတိမပြုမိစေရန်ပါ အစီအရင် တစ်ခုဖြင့်ပါ ဖုံးကွယ်ထားလေသည်။ ထို အစီအရင်ကို ဖွင့်ရန်အတွက် ကျန်းကောင်းရွမ်၏ သွေးအဆီအနှစ် တစ်စက်ကို လိုအပ်၏။ ထိုသို့မဟုတ်ဘဲ အတင်းအကြပ် ဖျက်စီးမည်ဆိုပါက အစီအရင်သာ ပျက်ဆီးသွားမည်မဟုတ်၊ အထဲတွင်ရှိနေသော တာအိုအရင်းအမြစ် အသီးလည်း ပျက်ဆီးသွားပေလိမ့်မည်။

ထို့ကြောင့် တစ်ယောက်ယောက်သည်သာ ကျန်းကောင်းရွမ်ကို အတင်းဖိအားပေးပြီး တာအိုအရင်းအမြစ်သစ်သီး ရှိသည့်နေရာကို သိသွားမည် ဆိုလျှင်ပင် သူ့သွေးအဆီအနှစ်သာ မရှိပါက တာအိုအရင်းအမြစ်အသီးကို ရနိုင်လိမ့်မည် မဟုတ်ချေ။ သို့ရာတွင် ကျန်းကောင်းရွမ်မှာ အလွန်ကိုမှ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေခဲ့လေပြီ။ ယခု သူ့သွေးအဆီအနှစ် တစ်စက်ကိုပါ ထပ်မံထုတ်ပေးလိုက်ရသော် သူ့အခြေအနေမှာ ပို၍ ဆိုးရွားသွား‌တော့လေ၏။

ကျန်းကောင်းရွမ်အနေဖြင့် နောက်ထပ် တစ်ရက်ခန့် ထပ်အသက်ရှင်လျှင်ပင် ကံကောင်းသည်ဟု ပြော၍ရပေသည်။ ဖြစ်နိုင်ချေ အများဆုံးမှာတော့ သူ့အနေဖြင့် နေ့တစ်၀က်အတွင်း သေသွားလောက်ပေသည်။ ရန်ကိုင်သည် သွေးအဆီအနှစ်ကို အစီအရင်ပေါ်သို့ချ၍ ကျန်းကောင်းရွမ် ပြောသည့်အတိုင်း အစီအရင်ကို ဖွင့်လိုက်သည်။ ခဏအကြာတွင် အစီအရင် ပွင့်သွားခဲ့ပြီး သစ်သားသေတ္တာတစ်လုံး ပေါ်လာခဲ့လေသည်။

ထိုသတ္တာကို ကောက်ယူပြီး ဖွင့်လိုက်ပြီးနော်က အထဲတွင် လက်သီးဆုပ်အရွယ် ရွှေရောင် အသီးလေးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။ သတ္တာအဖုံး ပွင့်သွားသည်နှင့် သင်းပျံ့သည့် ရနံ့တစ်နံ့ လေထုထဲသို့ ပျံ့နှံ့လာခဲ့လေသည်။ ထိုရနံ့ကို ခံစားမိလိုက်သည့်အတိုက် သူ့ဘေးပတ်လည်ရှိ လောကနိယာမများအား ပို၍ ရှင်းရှင်းလင်းလင်း ခံစားလာနိုင်ခဲ့လေသည်။

တာအိုအရင်းအမြစ် အသီးများမှာ ကျင့်ကြံသူများအား တာအိုသခင်အဆင့်သို့ ချိုးဖျက်နိုင်အောင် ကူညီပေးနိုင်သော တာအိုအရင်းအမြစ်ဆေးလုံးများ ဖော်စပ်ရာတွင် အဓိကဆေးအမယ် ဖြစ်သဖြင့် ယခုကဲ့သို့ အကျိုးအာနိသင် ရှိသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

သို့ရာတွင် ဤတာအိုအရင်းအမြစ်သစ်သီးမှာ သိမ်းထားသည်မှာ အတော်ကြာနေပြီ ဖြစ်သည့်အလား အနည်းငယ် ညိုးလျော် ခြောက်သွေ့နေခဲ့လေသည်။ ထို့အပြင် ဆေးထဲရှိ အာနိသင်တို့မှာလည်း အနည်းငယ် လျော့ပါးနေခဲ့၏။

“ကောင်းကင်တိုက်ပွဲဒိုဂျို…ဒိုဂျို” ရန်ကိုင်သည် ဖြည်းဖြည်းချင်း ခေါင်းခါရင်း ထိုအင်အားစုကို စတင်ကျိန်ဆဲတော့လေသည်။

အစကမူ မေပယ်မြို့ရှိ ကျင့်ကြံသူများသည် ငါးရောင်ခြယ် ရတနာဘုရား ဖွင့်ရာတွင် အရင်းအမြစ်အသီး သုံးလုံးကို ထည့်ပေးသည့် ကောင်းကင်တိုက်ပွဲဒိုဂျို၏ ရက်ရောမှုကို ဝိုင်း၀န်းချီးကျုးကြသည်။ ယခု သူတို့ ထည့်ပေးလိုက်သည့် တာအိုအရင်းအမြစ် အသီးကိုရမှပဲ ဤတာအိုအရင်းအမြစ်သစ်သီးမှာ ကောင်းကင်တိုက်ပွဲဒိုဂျို၏ ရတနာဂိုထောင်ထဲရှိ မကောင်းတော့သည့် အသီးတစ်လုံးမှန်း နားလည်သွားခဲ့လေသည်။

သို့သော်လည်း သူတို့ ဤကဲ့သို့လုပ်သည်မှာ သဘာ၀သာဖြစ်သည်။ မကြာသေးခင်က လတ်လတ်ဆတ်ဆတ် ခူးထားသည့် သစ်သီးဆိုပါက သူတို့အနေဖြင့် မည်ကဲ့သို့များ အခြားသူများကို ပေးမည်နည်း။ မကောင်းတော့သည် အသီးတစ်လုံး ဖြစ်နေလျှင်ပင် ဤအသီးသည် တာအိုအရင်းအမြစ်အသီး ဖြစ်နေဆဲ။ တာအိုအရင်းအမြစ်အသီးကို တာအိုအရင်းအမြစ် ဆေးလုံးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပေသေးသည်။ သို့သော် ရရှိနိုင်သည့် ဆေးလုံး အရေအတွက်မှာတော့ လျော့ကျသွားပေလိမ့်မည်။

တာအိုအရင်းအမြစ် အသီးကို သေသေချာချာ သိမ်းဆည်းပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လိုက်လေသည်။ နှစ်ရက်ကြာပြီး‌နောက်တွင် အာကာယံလင်းနို့၏ ဦးဆောင်မှုဖြင့် တောင်ကြားတစ်ခုသို့ ရန်ကိုင် ရောက်လာခဲ့သည်။ ထိုနေရာသို့အရောက်တွင် လင်းနို့လေးသည် ပျော်ရွှင်စွာဖြင့် အောက်ဘက်သို့ ထိုးဆင်းသွားခဲ့လေသည်။ ခဏအကြာတွင် အနီးအနားရှိ တာရိုးတစ်ခုနားတွင် ပြန်ပေါ်လာခဲ့သည်။ ရန်ကိုင် မျက်မှောင်ကြုတ်သွားပြီး ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ စစ်ဆေးကြည့်လိုက်သည်။

သို့သော်လည်း မည်သည့်သဲလွန်စမှ ရှာမတွေ့သေးခင်မှာပင် မိုရှောင်ချီ၏ အသံကို ကြားလိုက်ရ၏ “အစ်ကိုရန်”

ရန်ကိုင် မျက်လုံးမှေးစင်းသွားပြီး အသံကြားရာဆီသို့ လှည့်ကြည့်လိုက်လေသည်။ သို့သော် မိုရှောင်ချီ၏ အရိပ်အယောင်ကို မတွေ့ရ။ မိုရှောင်ချီသည် အားကောင်းသည့် ကျင့်စဉ်တစ်ခုခုကိုသုံးပြီး ဤနေရာတွင် ပုန်းအောင်းနေသည့်ပုံပင်။ ကြည်လင် ကျောက်စိမ်းတောင်တွင်ရှိစဉ်ကတည်းက မိုရှောင်ချီသည် အလွန်ကိုမှ ထူးခြားသည့် ကိုယ်ပျောက်ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားမှန်း ရန်ကိုင် သိခဲ့ရသည်။

သို့သော်လည်း ယခုမှပဲ သူမ၏ ကျင့်စဉ်အပေါ် အထင်သေးမိနေကြောင်း နားလည်သွားခဲ့လေသည်။ သူ့စိတ်ထဲ ပေါ်လာသည့်မေးခွန်းမှာ မိုရှောင်ချီ ဘာကြောင့်များ ဤကဲ့သို့ တိုးတိုးတိတ်တိတ် လှုပ်ရှားနေရသနည်း။ ခေါင်းတစ်ခါခါဖြင့် ဗလာနတ္ထိကျင့်စဉ်ကို အသက်သွင်း၍ သတိထားကာ လမ်းလျှောက်သွားလိုက်လေသည်။ ခဏအကြာတွင် တာရိုးအနီးသို့ ရောက်လာခဲ့လေသည်။ ဘေးပတ်၀န်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။ “ရှောင်ချီ နင်ဘာလို့ ဒီမှာ ပုန်းနေတာလဲ”

“ရှုး…” မိုရှောင်ချီသည် သူမနှုတ်ခမ်းရှေ့တွင် လက်ချောင်းထောင်ပြလိုက်ပြီး တစ်ခုသောနေရာသို့ ညွှန်ပြလိုက်လေသည်။

ရန်ကိုင်လည်း မယုံသင်္ကာဖြင့် ဆောင့်ကြောင့်ထိုင်၍ မိုရှောင်ချီ ညွှန်ပြသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ကြည့်ပြီး‌နောက် ရန်ကိုင် အတော်လေး အံအားသင့်သွားခဲ့လေသည်။ မိုရှောင်ချီ ညွှန်ပြသည့်ဘက်တွင် ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။ ကျင့်ကြံသူများသည် သုံးယောက်တစ်ဖွဲ့ ငါးယောက်တစ်ဖွဲ့ ထိုင်နေကြရင်း သူတို့၏ နည်းလမ်းအမျိုးမျိုးကိုသုံးကာ အလယ်ဗဟိုချက်ဆီသို့ အရင်းအမြစ်ချီများ ထည့်သွင်းနေကြလေသည်။

“သူတို့ ဘာတွေလုပ်နေကြတာလဲ” ရန်ကိုင်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“ကျွန်မလည်း မသိဘူး။ အစီအရင်တစ်ခုခုကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာထင်တယ်” မိုရှောင်ချီက ပြန်ပြောလိုက်သည်။

“အို” ရန်ကိုင် ရုတ်တရက် စိတ်၀င်စားသွားခဲ့လေသည်။

“အစီအရင်ရှ်ိတယ်ဆိုရင် ရတနာရှိမှာပေါ့။ နင်ဘာလို့ သွားမကူတာလဲ”

မိုရှောင်ချီက မျက်မှောင်ကြုတ်၍ ခေါင်းခါကာ ပြန်ပြောလိုက်သည်။ “ကျွန်မစိတ်ထဲ တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ်။ အဲ့အစီအရင်နောက်မှာ ရတနာရှိတယ်လို့ မခံစားရဘူး”

“ရတနာမဟုတ်ရင် ဘာလဲ” ရန်ကိုင် အံအားသင့်သွားခဲ့လေသည်။

“မသိဘူး။ အဲ့တာကြောင့် စောင့်ကြည့်နေတာ” မိုရှောင်ချီက ပြန်ဖြေလိုက်သည်။

ရန်ကိုင် ဆွံအသွားလေသည်။ သို့သော်လည်း တန်ခိုးရှင်ဘုရင်အဆင့်များစွာ ပူးပေါင်းပြီး ဖျက်ဆီးရန်ကြိုးစားနေသည့် အစီအရင်အပေါ် သူလည်း အတော်လေး စိတ်၀င်စားမိနေလေသည်။ အစီအရင်တစ်ခု ပိုပြီးအားကောင်းလေ၊ ထိုအစီအရင် နောက်ကွယ်တွင်ရှိနေသော အရာများမှာလည်း ပိုပြီး ဆန်းကျယ်လေပင်။ ဤအစီအရင်ကို ဖျက်ဆီးရန်အတွက် တန်ခိုးရှင်ဘုရင်အဆင့်များစွာ လိုအပ်သဖြင့် အထဲတွင်ရှိနေသော ရတနာမှာ အနည်းဆုံး တာအိုသခင်အဆင့် ဖြစ်ရပေမည်။ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုပင် ဖြစ်နေနိုင်သေးသည်။

“တစ်ခုခု မှားနေမှန်း နင်ဘယ်လိုသိတာလဲ”

ခဏကြာ စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်က မေးလိုက်လေသည်။ သူတို့ ပုန်းနေသည့်နေရာ ပေါ်သွားမည်စိုးသဖြင့် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ပြီး မစစ်ဆေးခဲ့ပေ။

“မပြောတတ်ဘူး။ ဒါပေမဲ့ အဲ့နားကို ရောက်လာတာနဲ့ စိတ်ထဲ အလိုလိုလန့်လာတယ်။ အဲ့နားမှာ အန္တရာယ်ရှိတဲ့ဟာ တစ်ခုခု ရှိနေသလိုမျိုးပဲ”

“နင်သေချာလား “ ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်သည်။

ရှင်းရှင်းပြောရလျှင် ကျင့်ကြံသူများသည် မသိစိတ်အာရုံဟူသော ဆဌမအာရုံကို ပိုင်ဆိုင်ထားကြ၏။ ထိုမသိစိတ် ခံစားချက်မှာ ရှင်းလင်းပြတ်သားခြင်းမရှိဘဲ ဝေဝေဝါးဝါးသာ ဖြစ်သည်။ သို့သော်လည်း မသိစိတ်အရ ခံစားမိလိုက်သည့် ခံစားချက်မှာ လျစ်လျူရှုသင့်သည့် အရာမျိုး မဟုတ်ပေ။

ရှောင်ချီ၏နောက်ခံမှာ အလွန်ကိုမှ ဆန်းကြယ်လှ၏။ ထို့အပြင် သူမသည် နက်နဲဆန်းကြယ်သော ဗဟုသုတများနှင့် စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ ဤအစီအရင်နှင့် ပက်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်မှာ ဤအစီအရင်သည် အန္တရာယ်များသည့် အရာတစ်ခုခုကို ချိတ်ပိတ်ထားသည့် စည်းတစ်ခု ဖြစ်သည့် အတွက်ကြောင့်သာလျှင် ဖြစ်ရပေမည်။

“အခုတောင် ကျွန်မစိတ်ထဲ အဲ့ခံစားချက်ကို ခံစားနေရတုန်းပဲ” မိုရှောင်ချီသည် သူမရင်ဘတ်ကို လက်ဖြင့် ဖိရင်း ဆက်ပြောလိုက်သည် “ကျွန်မတင် မဟုတ်ဘူး။ ရှောင်ဖုပါ အဲ့လို ခံစားနေရတာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂010)

မိုရှောင်ချီ ပြောနေသည့် ရှောင်ဖုဆိုသည်မှာ အာကာယံလင်းနို့ကို ပြောနေမှန်း ရန်ကိုင်သိသည်။ ထိုကောင်လေးသည် အန္တရာယ်အပေါ် အာရုံခံစားနိုင်စွမ်း မြင့်မားပေသည်။ ထို့ကြောင့် မိုရှောင်ချီဆီသို့ လာရာလမ်းတစ်လျှောက်၌ အကာအရံများ၊ ထောင်ချောက်များကို အန္တရာယ်ကင်းကင်းဖြင့် ဖြတ်ကျော်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ လင်းနို့လေးကပါ ထိုအစီအရင်မှ အန္တရာယ် အငွေ့အသက်ကို ခံစားနေရသဖြင့် မိုရှောင်ချီ၏ ခံစားချက်မှာ လုံး၀မမှားနိုင်တော့ချေ။

ရန်ကိုင်နှင့် မိုရှောင်ချီသည် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်လေ့လာရင်း ပုန်းအောင်းနေခဲ့လေသည်။ ပတ်၀န်းကျင်ကို လေ့လာကြည့်နေရင်းမှ စိတ်၀င်စားဖွယ် တစ်ခုခုကို ရန်ကိုင် ရှာတွေ့သွားခဲ့သည်။ ပုန်းနေသည့်လူများမှာ သူနှင့် မိုရှောင်ချီသာ မဟုတ်၊ အခြားသူများသည်လည်း ကိုယ်ပျောက်နည်းလမ်း အမျိုးမျိုးကိုသုံးကာ အနီးနားပတ်၀န်းကျင်မှ စောင့်ကြည့်နေကြလေသည်။

တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများစွာပေါင်း၍ အစီအရင်အား ဖျက်ဆီးရန် ကြိုးစားနေသည့်တိုင် သူတို့အတွက်မှာ မလွယ်ကူခဲ့ပေ။ နားလိုက်၊ အားပြန်ဖြည့်ရန် ဆေးလုံးများကို ထုတ်သောက်လိုက်၊ ထို့နောက် အစီအရင်ကို ဖျက်ဆီးရန်ကြိုးစားလိုက် လုပ်နေရသည်။ ထိုသို့လုပ်နေရင်းမှ အချိန်ကြာလာသော် မီးတောက်များတောက်လောင်နေသည့် ကြက်ခြေခတ် အမှတ်အသားတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ကြက်ခြေခတ်ဆီမှ ဖြာထွက်နေသော အပူလှိုင်းသည် ဆယ်မိုင်ခန့်အကွာတွင် ရှိနေသော ရန်ကိုင်ကိုပင် လာရောက် ရိုက်ခတ်လေ၏။

“မီး‌တောက်နေတဲ့ ကြက်ခြေခတ် စည်းလား” မိုရှောင်ချီ ရုတ်တရက် ရေရွတ်လိုက်လေသည်။

“နင် အဲ့တာကို သိတာလား” ရန်ကိုင်က မေးလိုက်သည်။

မိုရှောင်ချီက ခေါင်းညိတ်၍ “ငါ အဲ့တာကို ရှေးဟောင်းစာအုပ်တွေထဲမှာ မြင်ခဲ့ဖူးတယ်။ အဲ့တာက အရမ်းကိုရှေးကျတဲ့ ချိတ်ပိတ်နည်း တစ်ခုပဲ။ အခုခေတ်မှာ ဘယ်သူမှ မသုံးနိုင်တော့ဘူး။ အဲ့ချိတ်စည်းကို သုံးဖို့က လွယ်တယ်။ ဒါပေမဲ့ စွမ်းအား အရမ်းလိုအပ်တယ်။ စည်းကို သိပေမဲ့ အဲ့စည်းကိုသုံးပြီး ဘာကို ချိတ်ပိတ်ထားတယ် ဆိုတာတော့ ငါမပြောနိုင်ဘူး”

“ငါတို့ မကြာခင် သိရမှာပါ”

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ဆယ်မိုင်ခန့်အကွာတွင်ရှိနေသော တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများသည် ကြက်ခြေခတ်စည်း ပေါ်လာသည်ကို မြင်သောအခါ စိတ်လှုပ်ရှားလာကြလေသည်။

အချို့ဆိုလျှင် အော်ဟစ်၍ပင် ပြောလိုက်သေး၏။ “အားလုံး နည်းနည်းလေးပဲလိုတော့တယ်။ ဆက်ကြိုးစားထား။ အစီအရင် ပျက်စီးတော့မှာ။ အစီအရင် ပျက်စီးသွားတာနဲ့ အထဲက ရတနာတွေ ပေါ်လာပြီ”

ထိုစကားများသည် အစီအရင်အား ဖျက်ဆီးရန် ကြိုးစားနေကြသူများကို စိတ်ဓာတ်တက်ကြွသွားစေလေသည်။ အကုန်လုံး သွေးများဆူပွက်လာပြီး တစ်ယောက်ချင်းစီသည် အစီအရင်အရင်၏ အလယ်ဗဟိုဆီသို့ အရင်းအမြစ်ချီများကို အားစိုက်၍ ထပ်မံ ထည့်သွင်းလိုက်ကြလေသည်။ အချိန်ကြာလာသည်နှင့် ကြက်ခြေခတ် အမှတ်အသားစည်းမှာ ပိုပို၍ ပြည့်စုံလာခဲ့လေ၏။

စွမ်းအားများ အဆက်မပြတ် စီး၀င်လာပြီးနောက် ထိုကြက်ခြေခတ် စည်းမှာ ပိုပို၍ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။ လောင်ကျွမ်းနေသော မီးတောက်များမှာ ကသောင်းကနင်းဖြစ်လာပြီး အက်ကွဲသံများလည်း စတင်ထွက်ပေါ်လာခဲ့လေသည်။ တစ်ခုသော အခိုက်အတန့်သို့ အရောက်တွင် မီး‌တောက်များသည် တုန်ခါလာပြီး အလယ်ဗဟိုဆီသို့ အလျင်အမြန် ကျုံ့၀င်သွားခဲ့လေသည်။

ထို့နောက်တွင် ပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။ ပြင်းထန်သည့် အပူဓာတ်နှင့်အတူ မီးတောက်များ ပတ်ပတ်လည်သို့ ဖြာထွက်လာလေ၏။ အစီအရင်ကို ချိုးဖျက်နေကြသည့် ကျင့်ကြံသူများမှာမူ ထိုကဲ့သို့ ဖြစ်လာမည်ကို ကြိုသိထားသည့်အလား သူတို့၏ အကာအကွယ် မှော်ရတနာများကို အဆင်သင့် ထုတ်ဖော်ထားလိုက်ကြလေသည်။ ထွက်ပေါ်လာသည့် မီး‌တောက်လှိုင်းများကြောင့် နောက်ဘက်သို့ လွင့်ထွက်သွားကြသည့်တိုင် မည်သူမှ ဒဏ်ရာ ရမသွားခဲ့ပေ။

“အစီအရင် ပျက်စီးသွားပြီ” တစ်ယောက်ယောက်က အံ့အားသင့်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။

ထိုစကားကို ကြားသည့်အခါ အကုန်လုံး စိတ်အားတက်ကြွသွားပြီး အခြေအနေကို အပြေးသွားစစ်ဆေးကြလေသည်။ အစီအရင် ရှိခဲ့ဖူးသော နေရာတွင် ဧရာမ ကျင်းပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။ ထိုအချင်းအရာကိုမြင်သော် တန်ခိုးရှင်ဘုရင် ကျင့်ကြံသူများသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ ကျင်းပေါက်ထဲသို့ မြန်နိုင်သမျှမြန်အောင် ခုန်ဆင်းသွားလေသည်။

သူတို့သာလျှင်မဟုတ်။ အကုန်လုံး၏ အတွေးများမှာ ထပ်တူညီနေခဲ့သည်။ ရုတ်တရက် လူပေါင်းများစွာသည် တစ်ဦးကိုတစ်ဦး ရန်လိုစွာ စိုက်ကြည့်ရင်း တွင်းပေါက်ကြီးဆီသို့ ပြေးသွားကြလေသည်။ ဤသို့ဖြင့် မကြာမီတွင် တွင်းပေါက်အနီး တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလေတော့သည်။ အစောပိုင်းက အစီအရင်ကို ဖျက်ဆီးရန်အတွက် အတူပူးပေါင်းခဲ့သော်ငြား ယခု အစီအရင် ပျက်စီးသွားပြီ ဖြစ်သောကြောင့် ဆက်၍ ပူးပေါင်းစရာ မလိုတော့ချေ။

ထိုအတွက်ကြောင့် တိုက်ပွဲမှာ စတင်ဖြစ်ပွားလာလေတော့သည်။ သူတို့သာမဟုတ်၊ အနီးအနားတွင် ပုန်းအောင်းနေကြသော ကျင့်ကြံသူများမှာလည်း ဆက်ပြီး မအောင့်အည်းနိုင်တော့သည့်အဆုံး ကျင်းပေါက်ဆီသို့ ပြေးသွားကြကုန်၏။ ရန်ကိုင်နှင့် မိုရှောင်ချီမှာမူ သူတို့ ပုန်းအောင်းနေသည့် နေရာတွင်သာ ဆက်နေကြလေသည်။ ကျင်းပေါက်ကြီးဆီသို့ ပြေးမသွားသေးဘဲ သတိထား၍သာ အခြေအနေကို စောင့်ကြည့်နေလေ၏။

ဗရမ်းဗတာတိုက်ပွဲကြားထဲ လူအချို့သည် ကျင်းပေါက်ထဲသို့ အောင်မြင်စွာ ဆင်းသွားနိုင်ခဲ့လေသည်။ ထိုအချင်းအရာကို မြင်သောအခါ အခြားသူများသည်လည်း တိုက်ခိုက်မနေကြတော့ဘဲ ကျင်းပေါက်ထဲသို့သာ သူ့ထက်ငါဦးအောင် ပြေးဆင်းသွားကြတော့၏။ မကြာမီ ကျင်းပေါက်ပေါ်တွင် ကျင့်ကြံသူ အနည်းငယ်သာ ကျန်ရစ်တော့လေသည်။

“ဒီမှာ တော်တော်လေး စည်ကားနေတာပဲ” ရန်ကိုင်နှင့် မိုရှောင်ချီတို့ ပုန်းနေသည့် မလှမ်းမကမ်းဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထိုအသံကိုကြားသည့်အခါ ရန်ကိုင် ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူသည် ကျင်းပေါက်ကို အာရုံစိုက်နေခဲ့သော်လည်း ပတ်၀န်းကျင်အား အဆက်မပြတ် အာရုံစိုက်နေခဲ့လေသည်။ သို့တိုင် ထိုအသံကိုကြားမှပဲ တစ်ယောက်ယောက် သူ့အနား ချည်းကပ်လာသည်ကို သတိပြုမိခဲ့သည်။ လှည့်ကြည့်လိုက်ပြီးနောက် ရန်ကိုင့်မျက်လုံး အနည်းငယ် မှေးစင်းသွားခဲ့လေသည်။ မီတာအနည်းငယ်ခန့် အကွာတွင် ဖိုသီဖတ်သီ ၀တ်စားထားသော လူအိုကြီးတစ်ဦးသည် သူ့မုတ်ဆိတ်မွှေးအားပွတ်ရင်း အခြေအနေကို စောင့်ကြည့်နေခဲ့သည်။

“လူတွေက ချမ်းသာမှုနောက်လိုက်ရင်း သေကြတယ်။ ငှက်တွေက အစာကြောင့် သေကြတယ်။ ဘာလို့လဲ…။အို… ဘာလို့များလဲ” လူအိုကြီးသည် အတွေးနက်နေသည့် အမူအရာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

လူအိုကြီး၏ပုံစံမှာ နှစ်ကာလ အလီလီကို ဖြတ်ကျော်လာခဲ့ရသည့် သက်တော်ရှည် ပုဂ္ဂိုလ်ကြီးတစ်ဦး၏ အရှိန်အဝါကို ပေးစွမ်းနေခဲ့လေသည်။

“အဲ့တာ ဟိုလူလိမ်အိုကြီး မဟုတ်ဘူးလား” တစ်ဖက်လူကို မြင်လိုက်သည်နှင့် မိုရှောင်ချီမှာတော့ ချက်ချင်းကို ဒေါသပုန် ထသွားလေသည်။။

ထိုလူအိုကြီးမှာ အခြားမဟုတ်။ သူမ၏ အရင်းအမြစ်ကျောက်များကို တစ်ပတ်လှည့် ရိုက်ယူသွားသည့် လူလိမ်အိုကြီးသာ ဖြစ်လေသည်။ သို့သော်လည်း ရန်ကိုင်ကမူ လက်ဆန့်ထုတ်၍ တားထားလိုက်သည်။ ရန်ကိုင်ဘာကြောင့် သူမကိုတားမှန်း မသိသော်ငြား မိုရှောင်ချီကမူ ခေါင်းညိတ်၍သာ ရန်ကိုင်ပြောသည့်အတိုင်း ငြိမ်နေလိုက်၏။ ရုတ်တရက်ဆိုသလို လူအိုကြီးသည် ခြေတစ်လှမ်း လှမ်းလိုက်လေရာ တိုက်ပွဲအတွင်း လက်တစ်ဖက်နှင့် ခြေတစ်ချောင်းပြတ်သွားသော ကျင့်ကြံသူ အနီးဆီသို့ ရောက်လာခဲ့လေသည်။ ထိုကျင့်ကြံသူအား ငုံ့ကြည့်ရင်း ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

ဤကျင့်ကြံသူမှာ အလွန်ကိုမှ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အတွက်ကြောင့် အသက်ရှင်ရုံသာ ရှင်နေတော့လေသည်။ သွေးများသည် သူ၏ ဒဏ်ရာများဆီမှ ရေကာတာ ကျိုးပေါက်သည့်နှယ် တရဟော စီးကျနေခဲ့သည်။

“မင်းဒဏ်ရာက တော်တော်ပြင်းတာပဲကွ ကောင်လေးရ” လူအိုကြီးသည် လူအပေါင်းတို့အား အတိဒုက္ခကပ်ဘေးမှ ကယ်တင်ပေးရန် ဆင်းသက်လာသော နတ်ဘုရားတစ်ဦးနှယ် တစ်ဖက်လူအား ဂရုဏာသက်နေသည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

“လူကြီးမင်း…လူကြီးမင်း ကျူပ်ကို ကူညီပါဦး” ကျင့်ကြံသူမှာ သူ့လက်တစ်ဖက်ကို ဆန့်ထုတ်ရင်း လူအိုကြီးအား အသည်းအသန် လှမ်းဆွဲလိုက်လေသည်။

“အသက်တစ်သက်ကိုကယ်တာက ခုနှစ်လွှာဘုရားကိုတည်တာထက် ပိုပြီးတော့ ကုသိုလ်ရတယ်တဲ့။ ဒါကြောင့် ဒီလူအိုကြီး မင်းကို ပစ်ထားမှာမဟုတ်ဘူး။ မင်း ခြေလက်တွေက ပြန်ကောင်းဖို့တော့ တော်တော်လေး လုပ်ယူရမယ်။ ကောင်းကောင်းသာ မကယ်တင်နိုင်ရင် မင်း ဒုက္ခိတတစ်ယောက် ဖြစ်သွားမှာ။ ဒါပေမဲ့ စိတ်မပူနဲ့။ ဒီလူအိုကြီးမှာ သေခါနီး လူတစ်ယောက်ကိုတောင် သေမင်း ခါတွင်း၀ကနေ ပြန်ဆွဲခေါ်ပေးနိုင်တဲ့ ကုသရေးဆေးလုံးတစ်လုံး ရှိတယ်။ အဲ့ဆေးလုံးကို ငါ့ဘိုးဘေးတွေဆီကနေ ရခဲ့တာ။ ဒါပေမဲ့ မင်းအခြေအနေက ငါမကူပေးရင် မရတော့ဘူးဆိုတော့ ဒီဆေးလုံးကို မင်းကို ‌ဈေးပေါပေါနဲ့ပဲ ရောင်းပေးလိုက်ပါမယ်”

ပြောပြီးသည်နှင့် လူအိုကြီးသည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်လေသည်။ ရေနစ်နေစဉ် အသက်ကယ်ဝါးလုံးကို မြင်လိုက်ရသည့်အလား ကျင့်ကြံသူ၏ မျက်လုံးများ တစ်ဖျက်ဖျက် တောက်ပလာခဲ့လေသည်။ ထပ်တလဲလဲ ခေါင်းညိတ်ရင်း‌ ပြောလိုက်၏။

“ကျူပ်၀ယ်မယ် အရင်းအမြစ်ကျောက် ဘယ်လောက်ပေးရမလဲ”

“ဟဲဟဲ သိပ်ဈေးမကြီးပါဘူး။ မင်းရဲ့ သိုလှောင်လက်စွပ်ပဲ ငါ့ကိုပေး” လူအိုကြီးကပြုံး၍ ပြောလိုက်သည်။

ပြောပြီးသည်နှင့် လူအိုကြီးသည် ဆေးလုံးကို ကျင့်ကြံသူ၏ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ခွင့်ပြုချက်ပင် တောင်းမနေတော့ဘဲ ထိုလူ၏ သိုလှောင်လက်စွပ်ကို ချွတ်ယူ‌လိုက်လေသည်။

လူအိုကြီး၏ လုပ်ပုံကိုကြည့်ရင်း ကျင့်ကြံသူမှာ အလွန်ကိုမှ ဒေါသထွက်လွန်းသဖြင့် မျက်ဖြူစိုက်ကာ သတိလစ်သွားတော့လေ၏။

“အွန်း ကောင်းကောင်းအိပ်နေလိုက်။ မင်းနိုးလာတဲ့ အချိန်ကျရင် အားလုံး ပြီးသွားလိမ့်မယ်” လူအိုကြီးက ပြုံးဖြီးဖြီးဖြင့် ရေရွတ်လိုက်၏။

“အစ်ကိုရန်တွေ့လား။ အဲ့လူလိမ်အိုကြီးက အရမ်း လွန်လွန်းတယ်။ ဒီလို အခြေအနေမျိုးမှာတောင် အခြားသူတွေကို လိုက်ပြီး ဓါးပြတိုက်နေသေးတယ်” ထိုအခြင်းအရာကိုကြည့်နေသည့် မိုရှောင်ချီက ဒေါသတကြီးဖြင့် အော်ပြောလိုက်လေသည်။

အစကမူ ဤလူအိုကြီးသည် လူလိမ်ကြီး သပ်သပ် ဖြစ်သည်ဟုသာ ထင်ခဲ့သည်။ သို့သော်လည်း ယခုအဖြစ်အပျက်ကို မြင်ပြီးမှ ထိုလူလိမ်အိုကြီးသည် အခြားသူများကို လိမ်ညာလှည့်ပတ်ရုံတင်မက၊ ဓါးပြပါ တိုက်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ထိုလူအိုကြီး၏ လုပ်ရက်ကို မိုရှောင်ချီဆက်ပြီး သည်းမခံနိုင်တော့ချေ။

“ဟုတ်တယ်။ သူတော်တော်လေး လွန်နေပြီ” ရန်ကိုင်ကလည်း ပြောလိုက်သည်။

“ကျွန်မသူ့ကို သင်ခန်းစာပေးရတော့မယ်” ပြောလိုက်ပြီးနောက်တွင် မိုရှောင်ချီသည် ပုန်းနေရာမှ ထွက်လာလိုက်လေသည်။

သို့သော် သူမ ဘာမှမလုပ်ရသေးခင်မှာပင် မြေအောက်ဘက်ဆီမှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်လာခဲ့လေသည်။ မိုရှောင်ချီနှင့် ရန်ကိုင်၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ သို့သော် သူတို့ ဘာမှ မလုပ်နိုင်ခင်သေးမှာပင် ကျင်းပေါက်ကြီးဆီမှ အလင်းတန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေ၏။ အလင်းတန်းများမှာ အစောပိုင်းက ရတနာရှာရန်အတွက် ကျင်းပေါက်ထဲသို့ ခုန်ဆင်းသွားသည့် ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။

ဆင်းသွားစဉ်က ကျင့်ကြံသူ အယောက်ပေါင်းများစွာ ရှိခဲ့သော်ငြား ယခုမူ တစ်၀က်လောက်သာ ပြန်ထွက်လာနိုင်ခဲ့သည်။ ထိုပြန်ထွက်လာသည့် လူများမှာလည်း ဒဏ်ရာအသီးသီး ရထားလေသည်။ အကုန်လုံးမှာ ကြောက်မက်ဖွယ်ရာ တစ်ခုခုကို မြင်တွေ့ခဲ့ရသည့်အလား ထိတ်လန့် တုန်လှုပ်နေကြသည်။ ကျင်းပေါက်ထဲမှ ထွက်လာပြီးနောက်တွင် တစ်ချက်လေးမှ တုန့်ဆိုင်းမနေကြဘဲ အဘက်ဘက်သို့ ပျံသန်းထွက်ပြေးကုန်ကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူ များစွာတို့သည် ရန်ကိုင်နှင့် မိုရှောင်ချီတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။

“မြေအောက်ထဲမှာ ဘာတွေဖြစ်သွားတာလဲ” မိုရှောင်ချီ ရေရွတ်လိုက်သည်။

“တစ်ခုခု မမှန်ဘူး။ ငါတို့လည်း ထွက်သွားရမယ်” ထိုသို့ ဆုံးဖြတ်လိုက်ပြီး‌နောက် ရန်ကိုင်သည် မိုရှောင်ချီကို ခေါ်သွားရန် လုပ်လိုက်လေသည်။

သိုသော်ငြား ထိုစဉ်မှာပင် အားကောင်းသည့် အသက်စွမ်းအင် အရှိန်အဝါတစ်ခု ‌မြေအောက်ထဲမှ တရိပ်ရိပ်တက်လာသည်ကို ခံစားမိလိုက်သည်။ ထိုအရှိန်အဝါ၏ အမြန်နှုန်းမှာ အလွန်ကိုမှ အံ့အားသင့်ဖွယ် ကောင်းလေသည်။ ထို့အပြင် ထိုအရှိန်အဝါဆီမှ ဖြာထွက်နေသည့် အသက်စွမ်းအင် အရှိန်အဝါမှာလည်း ရန်ကိုင် ခံစားဖူးခဲ့သည့် မည်သည့် အသက်စွမ်းအင် အရှိန်အဝါထက်မဆို အားကောင်းနေခဲ့သည်။

“ခရက်” ရုတ်တရက် အောက်ဘက်ရှိ မြေပြင် အက်ကွဲလာခဲ့လေသည်။ မျက်တောင်တစ်ခပ်အတွင်း ဧရာမ ကျင်းပေါက်ကြီးကို ဗဟိုပြုလျက် မရေမတွက်နိုင်သော အက်ကွဲကြောင်းများ အဖက်ဖက်သို့ ပျံ့နှံ့လာခဲ့လေသည်။ အခြေအနေမှာ ထိုမျှနှင့်ပင် မရပ်တန့်သေး။ အက်ကွဲနေသော မြေပြင်မှ အစိမ်းရောင် နွယ်ပင်များ ထွက်ပေါ်လာခဲ့လေသည်။ ထို နွယ်ပင်များမှာ အသက်ရှိနေသည့်အလား အဆက်မပြတ် တွန့်လိမ်လှုပ်ရှားနေခဲ့သည်။

မကြာမီ ပတ်ပတ်လည် မိုင်ဒါဇင်ချီအတွင်း နွယ်ပင်များဖြင့် ပြည့်နှက်သွားခဲ့လေသည်။ ထို အဖြစ်အပျက်များ ဖြစ်နေစဉ်အတွင်း ရန်ကိုင်နှင့် မိုရှောင်ချီမှာတော့ လေထဲသို့ ခုန်တက်ပြီးနေလေပြီ။ တစ်ခဏအကြာတွင် လက်မောင်းတစ်လုံးခန့် အရွယ်ရှိသော နွယ်ပင်တစ်ခုသည် ရန်ကိုင်နှင့် မိုရှောင်ချီတို့ ပုန်းနေရာ နေရာဆီမှ ပေါက်ကွဲထွက်လာခဲ့လေသည်။ ရန်ကိုင်တို့နှစ်ဦးသာ အနည်းငယ်လေး နောက်ကျနေခဲ့မည်ဆိုပါက ထိုနွယ်ပင်၏ ဖမ်းချုပ်ခြင်း ခံလိုက်ရပေလိမ့်မည်။

“အား…” ရုတ်တရက် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရန်ကိုင် ထိတ်လန့်သွားပြီ လှည့်ပတ်ကြည့်လိုက်ရာ သူတို့ကဲ့သို့ အခြေအနေကို စောင့်ကြည့်နေသူတစ်ဦး နွယ်ပင်၏ထိုးဖောက်ခြင်း ခံလိုက်ရပြီး လေထဲ တန်းလန်းဝဲနေကြောင်း တွေ့လိုက်ရပေသည်။ ကျင့်ကြံသူမှာ တန်ခိုးရှင်ဘုရင် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း သူမည်မျှပင် ရုန်းကန်နေစေကာမူ နွယ်ပင်၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ မျက်‌တောင်တစ်ခတ်အတွင်း ပိုပို၍ များပြားသော နွယ်ပင်များ ထွက်ပေါ်လာပြီး ထိုလူကို ရစ်ပတ်လိုက်ကြလေသည်။

All Chapters