အခန်း (၂၀၁၆-၂၀၂၀)
Vol. 81 Ch. 2016-2020
အပိုင်း (၂၀၁၆)
မေပယ်မြို့ထဲတွင် ကျင့်ကြံသူမည်မျှရှိသနည်း။ ယခုတစ်ကြိမ် ငါးရောင်ခြယ် ရတနာဘုရားထဲ ၀င်သွားသည့် တန်ခိုးရှင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့်ပင်လျှင် သောင်းနှင့်ချီပေသည်။ အရေအတွက် အတိအကျကို မပြောနိုင်သော်ငြား မေပယ်မြို့ထဲတွင်ရှိနေသော ကျင့်ကြံသူ အရေအတွက် ငါးသိန်းမှ တစ်သန်းကြားတွင် ရှိပေသည်။ ဤမျှ ကျင့်ကြံသူအများကြီးအား ဧကရာဇ်ခြောက်ဦးမှ မမောမပန်း ထိုင်စစ်ဆေးမည်ဆိုပါက အလွန်ကိုမှ အချိန်ကြာပေလိမ့်မည်။
ထို့အပြင်ထိုသို့ စစ်ဆေးနေစဉ်အတွင်း မမျှော်လင့်ထားသည့်ကိစ္စများလည်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ဤနည်းလမ်းမှာ လုံး၀ကို မဖြစ်နိုင်ပေ။
“သစ်သားဝိဉာဉ် သေသွားလား၊ မသေသွားလား သေချာမသိပေမဲ့၊ သူ့သစ်သားစေ့တွေ ဒီလောက်တောင် ဖျက်ဆီးခံလိုက်ရတာ သူမသေရင်တောင် ဆိုးဆိုးရွားရွားတော့ ထိခိုက်သွားမှာပဲ။ ဒီအတောအတွင်းတော့ မြို့ထဲ ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး။ မင်းအနေနဲ့ မြို့ထဲကလူတွေကို နေ့တိုင်း ကိုယ့်ဘာသာ ပြန်စစ်ဆေးကြည့်ခိုင်းပြီး ကိုယ့်ကိုကိုယ် ကာကွယ်မှုတွေ လုပ်ခိုင်းထားရင်တော့ အဆင်ပြေတယ်” ကောင်းရွမ်ထင်းက ပြောလိုက်သည်။
“စီနီယာကောင်း ပြောတဲ့အတိုင်း ဒီတွမ့် လုပ်လိုက်ပါ့မယ်” ကောင်းရွမ်ထင်း ပြောသည်ထက် ပိုကောင်းတာ မရှိတော့သည့်အတွက် တွမ့်ယွမ်ရှန်း ခေါင်းငြိမ့်ရုံသာ တတ်နိုင်လေသည်။
“ကဲ ဒီကိစ္စပြီးသွားပြီဆိုတော့ မင်းဒီက သွားနှင့်တော့။ ငါတို့ ဆွေးနွေးစရာ ရှိသေးတယ်” ရှောင်ယုယန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
တွမ့်ယွမ်ရှန်းမှာ တစ်ဖက်လူ၏အမိန့်ကို မလွန်ဆန်ရဲသည့်အတွက် ချက်ချင်း ပြန်ဆုတ်လာခဲ့သည်။ သူသည် မြို့သခင်တစ်ဦး ဖြစ်သော်ငြား ဧကရာဇ်ခြောက်ဦးသည် တောင်ဘက်နယ်မြေထဲရှိ အားအကောင်းဆုံး အင်အားစုများမှ ဖြစ်ကြသည်။ ထိုလူများထဲမှ တစ်ယောက်ကိုပင် သွားရန်မစနိုင်လေရာ ခြောက်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုချေ။ တွမ့်ယွမ်ရှန်း ထွက်သွားပြီးနောက် ရှောင်ယုယန်သည် သူ့လက်ကို ဝှေ့ယမ်း၍ မမြင်နိုင်သည့် အကာအရံတစ်ခုကို ဖန်တီးလိုက်လေသည်။
ထိုအချင်းအရာကို မြင်သောအခါ ခုနစ်ရောင်ခြယ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင်ဖြစ်သူ ချန်းရွမ်က အံ့အားသင်နေသည့် အမူအရာဖြင့် မေးလိုက်လေသည်။
“ဒီလောက်တောင် သတိကြီးကြီးနဲ့ လှုပ်ရှားနေတာ စီနီယာ ဘာတွေများ ဆွေးနွေးချင်လို့လဲ။ သစ်သားဝိဉာဉ်ကိစ္စလား”
ရှောင်ယုယန်က ပြုံး၍ “မဟုတ်ပါဘူး။ အဲ့ ဘာမဟုတ်တဲ့ သစ်သားဝိဉာဉ်ကိစ္စကို ဒီလောက် အာရုံစိုက်စရာလား။ ဒီဘုရင် ဆွေးနွေးချင်တာက ကြယ်ပျက်ပင်လယ် ကိစ္စပဲ”
“ကြယ်ပျက်ပင်လယ်”
ထိုစကားထွက်လာသည်နှင့် ကျန်ဧကရာဇ် ငါးဉီးလုံး၏အမူအရာ တည်ကြည်သွားခဲ့လေသည်။
ရှေးဟောင်းကျောင်းတော်၏ ဖုန်းမင်က တွေးတွေးဆဆဖြင့် မေးလိုက်၏။
“စီနီယာပြောချင်တာက ကြယ်ပျက်ပင်လယ်က ပွင့်တော့မယ်ဆိုတာလား”
အခြားသူများအားလုံးလည်း ရှောင်ယုယန်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လာကြသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မဟာဧကရာဇ်ကပြောတယ်။ ကြယ်ပျက်ပင်လယ်က ပွင့်တော့မယ်တဲ့။ ဘယ်အချိန် ပွင့်လာမယ်တော့ မသိဘူး။ ငါမင်းတို့အားလုံးကို ကြိုအသိပေးထားတာ” ရှောင်ယုယန်က ပြောလိုက်သည်။
ရှောင်ယုယန်ပြောနေသည့် မဟာဧကရာဇ်မှာ မည်သူမှန်း အကုန်လုံးသိကြပေသည်။ တောင်ဘက်နယ်မြေတစ်ခုလုံးတွင် ဧကရာဇ်ဆယ်ပါးထဲ ပါ၀င်သူဟူ၏ ကြယ်ဝိဉာဉ်နန်းတော်၏ဂိုဏ်းချုပ် လမင်းမဟာဧကရာဇ်သာ ရှိလေသည်။
“မဟာဧကရာဇ်ကိုယ်တိုင်ပြောတာဆိုတော့ မမှားလောက်ဘူး” ကောင်းရွမ်ထင်းက ခေါင်းညိတ်၍ “စီနီယာရှောင် ဒီအကြောင်းကို ကျွန်မတို့ဂိုဏ်းကို အကြောင်းကြားလိုက်ရမလား”
ရှောင်ယုယန်ကပြုံး၍ “ဂျူနီယာညီမကောင်း စိတ်ပူစရာမလိုဘူး။ မဟာဧကရာဇ်က ဒီအကြောင်းကို မင်းတို့ဂိုဏ်းတွေပြောဖို့ လူလွှတ်ပြီးသား။ ငါက ဒီအကြောင်းကို မင်းတို့နဲ့တွေ့တုန်း ဆွေးနွေးချင်လို့”
“အဲ့လိုကိုး” ချန်၀မ်ဟောင်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့အားလုံးက တောင်ဘက်နယ်မြေကဆိုပေမဲ့ အခုလို အင်အားစုခြောက်စုလုံး အတူတကွတွေ့ဆုံဖို့ဆိုတာ တစ်ကယ်လွယ်တာ မဟုတ်ဘူး။ အခုလိုဆုံတုန်းလေး ဆွေးနွေးရတာ တစ်ကယ်မဆိုးဘူး။ အဲ့တာ မဟာဧကရာဇ်ရဲ့ အကြံပဲ။ ဒီလိုဆို ငါတို့ အချိန်ကုန်လည်း သက်သာမယ်။ အားစိုက်ရတာလည်း သက်သာမယ်” ရှောင်ယုယန်က ပြုံး၍ပြောလိုက်လေသည်။
“ကြယ်ပျက်ပင်လယ်အကြောင်း မင်းတို့သိတယ်မလား။ ကောင်းကင်ဝါးမျိုခြင်း မဟာဧကရာဇ်က သူ့မိုက်မဲမှုကြောင့် နေတွေ ကြယ်တွေ လတွေ ကိုတောင် သွားဝါးမျိုဖို့ လုပ်တယ်လေ။ ကောင်းကင်က သည်းမခံနိုင်တော့တဲ့အဆုံး လောကကြီးရဲ့ ဖျက်ဆီးခြင်းခံလိုက် ရတော့တာပဲ”
“အဟမ်း” ဖုန်းမင်က အသာအယာ ချောင်းဟန့်၍ ပြောလိုက်လေသည် “စီနီယာရှောင် အဲ့သတင်းအမှားတွေ ကျုပ်တို့ကို ပြောပြနေစရာ မလိုဘူးနော်”
ရှောင်ယုယန်က ရယ်မော၍ “ဟုတ်တာပေါ့။ ဒါကတော့ လူတိုင်းသိတဲ့ ပုံပြင်တစ်ခုပဲ။ တစ်ကယ့်အမှန်တရားတော့ မင်းတို့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ အဲ့တိုက်ပွဲတုန်းက ကမ္ဘာတွေပျက်ဆီးပြီး ကောင်းကင်နဲ့မြေပြင် တစစီဖြစ်သွားတာ အမှန်ပဲ။ အဲ့တာကြောင့်ပဲ ကြယ်ပျက်ပင်လယ် ဖြစ်ပေါ်လာတာ။ ကံမကောင်းတာက ကြယ်ပျက်ပင်လယ်က အကျယ်ကြီးဆိုပေမဲ့ တာအိုသခင်အဆင့်တွေပဲ ၀င်လို့ရတာပဲ။ ငါတို့သာ မဆင်မခြင် ပြေး၀င်သွားမယ်ဆိုရင် ကြယ်ပျက်ပင်လယ်က မတည်မငြိမ် ဖြစ်လာပြီး ပြန်ပိတ်သွားလိမ့်မယ်။ အဲ့ကြယ်ပျက်ပင်လယ်ထဲမှာ အကောင်းအတိုင်း ရှိနေတဲ့ ကြယ်အမြူတေတွေ အများကြီးပဲ။ ငါတို့သာ ရလိုက်မယ်ဆိုရင် ကျွတ်..”
ထိုစကားကို ကြားသည့်အခါ ဧကရာဇ်အဆင့် ပညာရှင် ငါဦးစလုံး သက်ပြင်းချလိုက်ကြသည်။
ကောင်းရွမ်ထင်းက ဆက်ပြောလိုက်သည်။ “အဲ့တာကြောင့်ပဲ ဧကရာဇ်အဆင့် ပညာရှင်တွေကို ကြယ်ပျက်ပင်လယ်ထဲ ၀င်ခွင့်မပြုတာလေ။ အဲ့တာကြောင့်သာ မဟုတ်ရင် ကျွန်မအထဲ၀င်ပြီး သွားစူးစမ်းမှာ”
“ဂျူနီယာကောင်း စိတ်၀င်စားရင် သွားစူးစမ်းလို့ ရတယ်နော်” ဖုန်းမင်က ရယ်မော၍ ပြောလိုက်သည်။
ကောင်းရွမ်ထင်းက အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့၍ “ကျွန်မ၀င်ရင် မဟာဧကရာဇ်က လာသတ်မှာလေ။ စီနီယာအကိုဖုန်း ကိုယ့်အသက်ကိုယ် တန်ဖိုးမထားဘူးဆိုရင်တော့ သွားစမ်းကြည့်ပေါ့”
ဖုန်းမင်သည် သူ့နှာခေါင်းကိုပွတ်၍ ပြုံးသာပြုံးနေလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
“ငါတို့၀င်လို့မရပေမဲ့ ငါတို့အင်အားစုက တပည့်တွေ၀င်လို့ရတယ်။ ပြီးတော့ သူတို့နဲ့အတူ ကြယ်အမြူတေတွေ ပြန်ယူလာမှာပဲကို ဘာတွေ စိတ်ပူနေကြတာလဲ။ အဲ့အချိန်ရောက်လို့ မင်းတို့မှာ ရောင်းစရာ ကြယ်အမြူတွေရှိရင် ငါတို့ ကုန်သွယ်ရေးအဖွဲ့အစည်းကို လာခဲ့နော်။ ဘယ်လောက်ပဲပေးရပေးရ အကုန်၀ယ်ပေးမယ်” ချမ်းရွမ်က ပြုံး၍ ပြောလိုက်သည်။
“ငါတို့ ကုန်သွယ်ရေး အဖွဲ့အစည်းကလည်း အတူတူပဲ။ မင်းတို့မှာ ဘာရောင်းစရာရှိရှိ ယူသာယူလာခဲ့ အကုန်၀ယ်ပေးမယ်” လော့ချီက ထပ်ပေါင်းပြောလိုက်သည်။
ကုန်သွယ်ရေးအဖွဲ့အစည်းနှစ်ခု၏ ဒုခေါင်းဆောင်နှစ်ဦးသည် ဟန်ဆောင်ပြုံး ပြုံးလျက် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြလေသည်။
ရှောင်ယုယန်က ရယ်မော၍ “အဲ့အကြောင်းတွေ တော်လိုက်တော့။ အခု ကြယ်ပျက်နယ်မြေ ဖွင့်မဲ့ နေ့အတိအကျတောင် သိရသေးတာမဟုတ်ဘူး။ ဒီလိုအကြောင်းတွေ ဆွေးနွေးနေလို့ ဘာမှရမှာမဟုတ်ဘူး။ ကြယ်ပျက်နယ်မြေ ဖွင့်မယ့်အကြောင်းသာ တောင်ဘက်နယ်မြေထဲ ပျံ့သွားမယ်ဆိုရင် အကုန်လုံး ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်မှာ။ ပြီးတော့ ၀င်ခွင့်ကိစ္စပဲ။ ၀င်ခွင့်နေရာက အကန့်အသတ်နဲ့ ရှိတာဆိုတော့ အဲ့တာနဲ့ ပတ်သတ်ပြီး တော်တော်ကြီး ပြဿနာဖြစ်ဦးမှာ။ ငါအခု ဆွေးနွေးချင်တာက ဂိုဏ်းတစ်ဂိုဏ်းကို ၀င်ခွင့် ဘယ်လောက်အထိ ရမယ်ဆိုတာပဲ”
ရန်ကိုင်သည် အိမ်သို့ ပြန်ရောက်လာသည်နှင့် အစီအရင်အားလုံးကို အသက်သွင်းလိုက်လေသည်။ ထို့နောက် ကမ္ဘာငယ်လေးထဲသို့ ခုန်၀င်သွားခဲ့သည်။ အထဲသို့ ရောက်သည်နှင့် ငါးရောင်ခြယ်ရတနာဘုရားထဲမှ သူရရှိလာသော စိတ်ဝိဉာဉ်ဆေးပင်များကို ဆေးဥယာဉ်ထဲ တစ်ပင်ချင်း ပြန်စိုက်ပျိုးလေသည်။ သူယူလာသည့် ဆေးပင်များအနက် တစ်၀က်လောက်ကိုသာ အမျိုးအမည် ခွဲခြားနိုင်သော်လည်း အခြားတစ်၀က်ကိုတော့ သူမပြောနိုင်ပေ။
ငါးရောင်ခြယ်ဘုရားထဲသို့ သူစရောက်စဉ်က နွံအိုင်ထဲတွင်တွေ့ခဲ့ရသော အရောင်အမျိုးအမျိုး ပြောင်းနေသည့် မှိုသည် ကျိန်းသေကို ဧကရာဇ်အဆင့် ဆေးပင်တစ်ပင် ဖြစ်လောက်သည်။ ဤမှိုကိုသာ သွားရောင်းမည်ဆိုပါက အရင်းအမြစ်ကျောက်များစွာ ရလောက်သည်။ မှိုမှာ ခူးခံထားရသည် ကြာပြီဖြစ်သော်ငြား ၎င်း၏ ဆေးအာနိသင်ကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ပေသေးသည်။ ဆေးဥယာဉ်ထဲသို့ ရောက်သည်နှင့် ပတ်၀န်းကျင်အသစ်နှင့် လျင်မြန်စွာ အသားကျသွားခဲ့သည်။
ရွှေသလင်းမြက်ပင်များကိုလည်း ရန်ကိုင်မသိ။ သို့သော် သူသာ ထိုမြက်ပင်များကိုသုံး၍ ရွှေသလင်း ဆေးလုံးများကိုသာ ဖော်စပ်လိုလျှင် အခြားသော ဆေးပင်များကို အရင်စုဆောင်းရန် လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် လက်တလောအတွင်း ထိုဆေးပင်များကို ဆေးဥယာဉ်ထဲတွင်သာ စိုက်ပျိုးထားလိုက်လေသည်။ ဆေးပင်များအပြင် အမျိုးမျိုးသော မွန်းစတားသားရဲများဆီမှ အဖိုးတန်အရာများကိုလည်း ရရှိခဲ့သေးသည်။
ရန်ကိုင်သည် ထိုမွန်းစတား သားရဲများ၏ အစိတ်အပိုင်းများကို ရောင်းချရန်အတွက် အမျိုးအမည် စတင်ခွဲခြားလေသည်။ လက်တလောတွင် သူ့အနေဖြင့် မည်သည့် မှော်ရတနာကိုမှ မလိုအပ်သေးချေ။ ထို့ကြောင့် ထိုမွန်းစတားသားရဲ အစိတ်အပိုင်းများသည် သူ့အတွက် အသုံးမ၀င်ဖြစ်နေသည်။ ဒီအတိုင်း ထားသည်ထက် ထိုအရာများကို အရင်းအမြစ်ကျောက်များနှင့် သွားလဲလည်လိုက်သည်က ပို၍ ကောင်းပေသည်။
တာအိုအရင်းအမြစ်သစ်သီး တစ်လုံးလည်း ရှိသေးသည်။ သို့ရာတွင် ထိုအသီးကိုတော့ တစ်ချက် ပြန်စစ်ဆေးပြီးနောက် ပြန်သိမ်းထားလိုက်သည်။ သူ့အနေဖြင့် ယခင်က တာအိုအရင်းအမြစ်အသီးတစ်လုံးကို လိုက်ရှာဖွေရန် အရမ်းကြီး စိတ်မ၀င်စားခဲ့သေည်ငြား ရလာသော အသီးကိုတော့ ဖြုန်းတီးလိမ့်မည် မဟုတ်ချေ။ ဤအသီးကိုသာ တာအိုအရင်းအမြစ်ဆေးအဖြစ် ဖော်စပ်လိုက်မည်ဆိုပါက သူ့အား တာအိုသခင်အဆင့်သို့ မြန်မြန် ရောက်ရှိရန် ကူညီပေးနိုင်လိမ့်မည်ဟု ရန်ကိုင် ယုံကြည်ပေသည်။
သို့သော်လည်း ပထမဦးဆုံးအနေဖြင့် သူ့ကိုယ်ထဲရှိ သူတော်စင်ချီများအား အရင်းအမြစ်ချီအဖြစ်သို့ ပြောင်းလဲပစ်ရပေဦးမည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး သေချာစိုက်ကြည့်နေလိုက်သည်။ ငါးရောင်ခြယ် ရတနာဘုရားထဲ၌ ရန်ကိုင်ရရှိခဲ့သော အကျိုးအမြတ်များကို ပြောပါဆိုလျှင် တတိယအလွှာမှ ရရှိခဲ့သော တစ်စစီဖြစ်နေသည့် မြောက်များလှစွာသော လောကနိယာမများမှလွဲ၍ ဤကျောက်စိမ်းပုလင်း ဖြစ်သည်ဟုသာ ပြောရပေလိမ့်မည်။
ဤကျောက်စိမ်းပုလင်းသည် ပထမအလွှာထဲရှိ နဂါးပျံယစ်ပလ္လင်ပေါ်မှ ရရှိခဲ့သည့် ကျောက်စိမ်းပုလင်းသာ ဖြစ်လေသည်။ နဂါးပျံ ယစ်ပလ္လင်ပေါ်ရှိ ရတနာများ အားလုံးလိုလိုမှာ အတုအယောင်များ ဖြစ်နေခဲ့ကြသော်ငြား ဤကျောက်စိမ်းပုလင်းထဲရှိ ဆေးလုံးများမှာတော့ လုံး၀ အတုများ မဟုတ်နေခဲ့ပေ။ ထိုစဉ်က ရန်ကိုင်သည် ပုံရိပ်ယောင်များကို ထိုးဖောက်မြင်နိုင်သော သူ၏ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးကို အသက်သွင်းခဲ့သည်။
နဂါးပျံယစ်ပလ္လင်ပေါ်ရှိ ရတနာများကို စစ်ဆေးနေရင်းမှ ရန်ကိုင်သည် ဤကျောက်စိမ်းပုလင်းကို သူ့သိုလှောင်လက်စွပ်ထဲရှိ ကျောက်စိမ်းပုလင်းတစ်ခုနှင့် အစားထိုးလိုက်သည်။ ထိုစဉ်က အကုန်လုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြသဖြင့် ရန်ကိုင်၏ လှည့်ကွက်ကို မည်သူမှ သတိမပြုမိခဲ့ကြချေ။ ချင်းမိသားစုမှ ချင်းယုတစ်ယောက်သည်သာ တစ်ခုခုကို သတိပြုမိသွားသည့်ပုံ ပေါ်သည်။ ထိုအကြောင်းကြောင့်ပင် နဂါးပျံယစ်ပလ္လင် ပျောက်ကွယ်သွားပြီးနောက်တွင် ရန်ကိုင့်နောက်သို့ လိုက်ကာ ယစ်ပလ္လင်ပေါ်ရှိ ရတနာအားလုံးမှာ အတုဟုတ်မဟုတ် ရန်ကိုင့်အား လာမေးခဲ့ခြင်းဖြစ်သည်။
အစကတော့ ချင်းယုမှာ သူ့လှည့်ကွက်ကို သိသွားသည်ဟု ထင်မိသေးသည်။ သို့သော် သေချာစဉ်းစားကြည့်ပြီးနောက် ချင်းယုမှာ လုံး၀ သတိပြုမိသွားသည် မဟုတ်ဘဲ မယုံသင်္ကာဖြစ်နေခြင်းသာမှန်း နားလည်သွားခဲ့သည်။ ရန်ကိုင်ကိုယ်တိုင်သည်လည်း ဤကျောက်စိမ်းပုလင်းထဲတွင် ဘာရှိနေလဲ ဆိုသည်ကို မသိချေ။ ငါးရောင်ခြယ် ရတနာဘုရားထဲရှိနေစဉ်အတောအတွင်း ကျောက်စိမ်းပုလင်းအား တစ်ခါမှ ထုတ်မကြည့်ခဲ့။ သို့သော်လည်း ကျောက်စိမ်းပုလင်းတွင် ရှိနေသည့်အရာမှာတော့ အစစ်အမှန်နဂါးများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေမည်မှန်း သိနေခဲ့သည်။
ထိုသို့ဖြစ်ရခြင်းမှာ ငါးရောင်ခြယ် ရတနာဘုရားထဲတွင် ရှိနေစဉ်ကဖြစ်စေ၊ ယခုဖြစ်နေ ကျောက်စိမ်းပုလင်းကို ထုတ်ယူလိုက်သည်နှင့် သူ့ရင်ဘက်ရှိ နဂါးအကြေးခွံမှ အနည်းငယ် ပူလောင်လာသလို ဖြစ်လာသည့် အတွက်ကြောင့်ပင်။ အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီးနောက်တွင် ရန်ကိုင်သည် ကျောက်စိမ်းပုလင်းကို အဖုံးဖွင့်ကာ ကြည့်ကြည့်လိုက်လေသည်။ ထိုစဉ် ပြောင်းလဲမှုတစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သည်။ ကျောက်စိမ်းပုလင်းထဲမှ စူးရှသည့် နဂါးအော်သံတစ်သံ ပေါက်ကွဲထွက်လာလေသည်။
ဘာဖြစ်လို့ဖြစ်မှန်း ရန်ကိုင် မသိသေးခင်မှာပင် ကျောက်စိမ်းပုလင်းထဲမှ တစ်ခုခုပြေးထွက်လာသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ထိုအရာမှာ လက်တစ်ချောင်းအရွယ်လောက်သာရှိပြီး မြွေတစ်ကောင်နှင့် ဆင်တူပေသည်။ လက်ရှိတွင် ထိုအကောင်လေးတစ်ကိုယ်လုံး မီးတောက်များဖြင့် လောင်ကျွမ်းနေခဲ့ပြီး အမြှီးနှင့်ခေါင်းကို လှုပ်ရမ်းရင်း ကောင်ကင်ပေါ်သို့ပျံတက်နေခဲ့သည်။ ကျောက်စိမ်းအဖုံး ပွင့်သွားသည်နှင့် ဤမြွေလေးမှာ ထွက်ပြေးရန် ကြိုးစားတော့သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၇)
ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ရန်ကိုင် တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ အပြင်တွင်သာ ဆိုလျှင်တော့ ဤမြွေလေးမှာ ကျိန်းသေလွတ်သွားလောက်သည်။ သို့သော်လည်း ဤနေရာသည် ကမ္ဘာငယ်လေး ဖြစ်နေခဲ့သည်။ ကမ္ဘာငယ်လေးထဲတွင် သူသည် အရှင်သခင်တစ်ပါးဖြစ်သည်။ တစ်ခဏတာ မှင်သက်နေပြီးနောက်တွင် ရန်ကိုင်သည် သူ့လက်ကိုထုတ်၍ ဆုပ်ကိုင်ချလိုက်သည်။ ကမ္ဘာငယ်လေးထဲရှိ နိယာမစွမ်းအားတို့မှာ ရန်ကိုင့်အလိုအတိုင်း လိုက်လံရွေ့လျားကုန်ကြသည်။
လေထဲသို့ တက်လာသော ရန်ကိုင်နှင့် ဆယ်မီတာအကွာတွင်ရှ်ိနေသည့် မြွေလေးမှာ မမြင်နိုင်သော စွမ်းအားတစ်ရပ်၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည့်အလား ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သို့တိုင် မြွေလေးမှာတော့ အသည်းအသန် ရုန်းကန်နေပြီး မကြာမီ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ ယခုမှပဲ ထိုအရာ၏ ပုံသဏ္ဍာန်ကို ရန်ကိုင် သေသေချာချာ မြင်နိုင်တော့သည်။ ထိုအရာမှာ အရွယ်အစား အဆပေါင်းများစွာ ကြုံ့၀င်သွားသည့် မီးတောက်နဂါးတစ်ကောင်သာ ဖြစ်လေသည်။
“နဂါးပေါက်လေးလား” ရန်ကိုင် အံအားသင့်သွားပြီး ရေရွတ်လိုက်လေ၏။
သို့သော်လည်း မကြာမီတွင် ထိုအရာမှာ နဂါးပေါက် လုံး၀မဖြစ်နိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ထို အကောင်သေးသေးလေသည် ခဏအကြာ၌ လက်သည်းခွံအရွယ်ရှိသော သွေးစက်တစ်စက်အဖြစ်သို့ ပြောင်းလဲသွား ခဲ့သည်။ ထိုသွေးစက်လေးသည် ဆူပွက်နေသည့် ချော်ရည်အလား အလွန်ကိုမှ ခြစ်ခြစ်တောက် ပူလောင်သည့် အပူဓာတ်ကို ပေးစွမ်းနေခဲ့သည်။ တစ်ခုခုကို စဉ်းစားလိုက်မိပြီးနောက် ရန်ကိုင်က အလန့်တကြား ထအော်လေသည်။
“နဂါးသွေး။ နဂါးသွေးတစ်စက်ပဲ”
ကျောက်စိမ်းပုလင်းထဲတွင် ရှိနေသည်မှာ နဂါးပေါက်လေးတစ်ကောင်မဟုတ်ဘဲ နဂါးသွေးတစ်စက်သာ ဖြစ်နေခဲ့သည်။ မြင်ခဲ့ရသည့် မြင်ကွင်းများအရ ဤသွေးစက်သည် မီးနဂါးတစ်ကောင်၏ သွေးစက်ဖြစ်လောက်သည်။ မီးဓာတ်ကို ကျင့်ကြံထားသော ကျင့်ကြံသူတစ်ဦးသာ ဤသွေးစက်ကို ရလိုက်မည်ဆိုပါက အလွန်ကိုမှ များပြားသော အကျိုးကျေးဇူးများကို ရပေလိမ့်မည်။ သို့ရာတွင် ဤသွေးစက်သည် ရန်ကိုင့်အတွက် အသုံးမ၀င်ချင်းတော့မဟုတ်။ ရန်ကိုင်သည် အဓိကအားဖြင့် မီးဓာတ်ကို ကျင့်ကြံထားခြင်း မရှိသော်ငြား မွန်းစတားအသွင်ပြောင်းလဲခြင်း ကျင့်စဉ်ကိုသုံး၍ အစစ်အမှန်နဂါးများနှင့် ပက်သက်သည့်အရာများကို သူ့ကိုယ်ထဲ ပေါင်းထည့်နိုင်ပေသည်။
ယခု သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်နေသည့် နဂါးအကြေးခွံသည် ဥပမာပင်ဖြစ်သည်။ မကြာသေးခင် အချိန်အတောအတွင်း နဂါးအရိုးဓါးကိုပါ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ရန် စဉ်းစားနေခြင်းဖြစ်သည်။ နဂါးအရိုးဓါးသည် အစစ်အမှန်နဂါးတစ်ကောင်၏အရိုးနှင့် ဓာတ်လုံးတို့ဖြင့် ပြုလုပ်ထားပြီး ရတနာတစ်ခု ဖြစ်သော်လည်း အကြမ်းဖျဉ်းသာ ပြုလုပ်ထားသဖြင့် အစစ်အမှန် ရတနာတစ်ခုအဖြစ်သို့ လုံး၀ပြောင်းလဲသွားခြင်း မရှိသေးပေ။ ထို့ကြောင့် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ဖို့ရာ ပြဿနာမရှိလောက်
နဂါးအကြေးခွံနှင့် ပေါင်းစပ်ပြီးနောက် ရရှိလာသည့် အကျိုးအမြတ်များကို ခံစားပြီးနောက်တွင် ရန်ကိုင်သည် နဂါးအရိုးဓားကိုပါ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ချင်လာခဲ့သည်။ သို့သော်လည်း သူ့ခွန်အားမှာ လောက်ငှနေခြင်း မရှိခဲ့ချေ။ ယခုကဲ့သို့ မမျှော်လင့်ထားသည့် အချိန်တွင် အစစ်အမှန်နဂါးတစ်ကောင်၏ သွေးစက်ကို ထပ်မံရရှိလိုက်လေသည်။ ဤသွေးစက်ကိုသာ သူ့ခန္ဓာကိုယ်နှင့် သေချာ ပေါင်းစပ်နိုင်မည် ဆိုပါက နဂါးတစ်ကောင်၏ စွမ်းအား အစိတ်အပိုင်းတစ်ခုလောက်ကို ထုတ်သုံးလာနိုင်ပေလိမ့်မည်။
တစ်ကယ်တော့ သူ့ကိုယ်ထဲတွင် ရွှေနဂါး အရင်းအမြစ်ရှိနေသည် မဟုတ်ပေလော။ နဂါးသွေးစက်မှန်း သိလိုက်ပြီးနောက် ရန်ကိုင်၏မျက်နှာ ပျော်ရွှင်မှုကြောင့် ပြုံးဖြီးဖြီး ဖြစ်လာခဲ့လေသည်။ အခုမှပဲ ဤနဂါးသွေးစက်ကို ထည့်ထားသည့် ရိုးရှင်လှသည့် ကျောက်စိမ်းပုလင်းလေး၏ မျက်နှာပြင်ပေါ်တွင် သိပ်သည်းလှသော အင်းကွက်များ၊ အစီအရင်များ လွှမ်းခြုံတည်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
ထို့အပြင် ကျောက်စိမ်းပုလင်းမှာ အလွန်ကိုမှ အေးစက်သည့် အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ထိုအေးစက်စက် အရှိန်အဝါမှာ အလွန်ကိုမှ ထူးခြားပေသည်။ သူ့လက်ဖြင့် ကျောက်စိမ်းပုလင်းကို ထိလိုက်ချိန် မည်သည့်ထူးခြားမှုကိုမှ မခံစားရသော်ငြား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးရန် ကြိုးစားလိုက်သည့် အခါတွင်တော့ သူ့စိတ်စွမ်းအင်မှာ အလျင်အမြန်ကိုမှ အေးခဲသွားခဲ့သည်။ ဤကဲ့သို့သော ထူးခြားသည့် သိုလှောင်ရေး ပစ္စည်းသည်သာ နဂါးသွေးစက်ကို သိမ်းဆည်းထားနိုင် ပေလိမ့်မည်။
ယခင် အတွေ့အကြုံကြောင့် ရန်ကိုင်သည် နဂါးသွေးစက်ကို သူ့ခန္ဓာကိုယ်နှင့် ချက်ချင်းပေါင်းစပ်ရန် မကြိုးစားခဲ့ပေ။ သေသေချာချာပြင်ဆင်ပြီးမှသာ ပေါင်းစည်းရန် စဉ်းစားထားသည်။ ဆုံးဖြတ်ပြီးနောက် ရန်ကိုင်သည် နဂါးသွေးစက်ကို သေချာပြန်သိမ်းထားလိုက်ပြီး ကမ္ဘာငယ်လေးထဲမှ ပြန်ထွက်လာလိုက်သည်။ နောက်ရက်များအတွင်း ရန်ကိုင်သည် မေပယ်မြို့ထဲရှိ အဓိကဆိုင်ကြီးများသို့ လျှောက်ပတ်သွားပြီး မှောင်ခိုဈေးကွက်သို့ပင် အကြိမ်အနည်းငယ် ရောက်ခဲ့သေးသည်။ ငါးရောင်ခြယ်ရတနာဘုရားထဲမှ ရရှိလာသည့် မွန်းစတားအစိတ်အပိုင်းများကို အရင်းအမြစ်ကျောက်များနှင့် သွားရောက် လဲလှယ်လေသည်။
ထိုအရင်းအမြစ်ကျောက်များကိုသုံး၍ ရှေးဟောင်းစာအုပ်အမျိုးမျိုးကို ၀ယ်ယူပြီးသည့်နောက် သူငှားနေရာ အိမ်ဆီသို့ ပြန်လာခဲ့သည်။ ကြယ်တာရာ အစုအဝေးသို့ ရောက်လာပြီးနောက် ကြုံခဲ့ရသည့် အတွေ့အကြုံများအရ သူမည်မျှ ဗဟုသုတ နည်းပါးနေမှန်းကို ရန်ကိုင် နားလည်သွားခဲ့သည်။ လက်ရှိ ဤစာအုပ်များသည် သူအမှန်တစ်ကယ်ကို လိုအပ်နေသည့်အရာများ ဖြစ်ကြပေသည်။ ဤစာအုပ်များသည် ကြယ်တာရာအစုအဝေး၏ အဓိကအင်အားစုများ၊ မြေမျက်နှာသွင်ပြင်အနေအထား၊ ကျော်ကြားသည့် နေရာများနှင့် ဆေးပညာအကြောင်းများကို ရေးသားထားသည့် စာအုပ်များ ဖြစ်ကြပေသည်။ ရက်အတော်ကြာအောင် ထိုစာအုပ်များကို ထိုင်ဖတ်နေပြီးနောက်တွင် ကြယ်တာရာ အစုအဝေးနှင့် ပတ်သတ်သည့် အခြေခံအကြောင်းအရာများကို ရန်ကိုင် နားလည်သွားခဲ့သည်။
လျှို့ဝှက်အကြောင်းအရာများအား မှတ်သားထားသည့် ရှေးဟောင်းစာအုပ်များကိုလည်း ရန်ကိုင် ရရှိခဲ့သေးသည်။ သို့သော် ထိုစာအုပ်ထဲ ရေးထားသည့် အကြောင်းအရာများ မှန် မမှန်ကိုတော့ ရန်ကိုင် မသိပေ။ ကံမကောင်းစွာနှင့် နဂါးကလန်နှင့် ပတ်သတ်သည့် အကြောင်းအရာများကိုတော့ ရှာမတွေ့ခဲ့။ ကြယ်တာရာ အစုအဝေးထဲတွင် နဂါးပေါင်းများစွာနေထိုင်သည့် နဂါးကျွန်းဟူသည့် နေရာတစ်ခု ရှိမှန်းကိုတော့ ရန်ကိုင် သိလိုက်ရသည်။ နဂါးနှင့် သက်ဆိုင်သည့် မှော်ရတနာများကို ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ခြင်းနှင့် ပတ်သက်၍လည်း အကြောင်းအရာအချို့ကို ရန်ကိုင် ရှာတွေ့ခဲ့သေးသည်။
အကုန်လုံးလိုလိုသည် ထိုကဲ့သို့ ပေါင်းစပ်နိုင်ရန်အတွက် ထူးခြားသည့် ကျင့်စဉ်တစ်ခုကို လိုအပ်သည်ဟု ပြောကြသည်။ ထို့အပြင် ပေါင်းစပ်ခြင်း ဖြစ်စဉ်မှာ လူအပေါ်မူတည်၍ ကွဲပြားသွားပေသည်။ အချို့မှာ အစပိုင်းတွင် အောင်မြင်သွားခဲ့သော်ငြား သူတို့၏ ခန္ဓာကိုယ်မှာ လုံလောက်အောင် မသန်မာသည့်အတွက်ကြောင့် အဆုံးတွင် ဘေးထွက်ဆိုးကျိုးခံစား၍ သေဆုံးကုန်ကြသည်။ သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ သူ့အနေဖြင့်တော့ အဆင်ပြေလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေခဲ့သည်။
လျှို့ဝှက်ကျင့်စဉ်နှင့် ပတ်သက်၍ သူ့တွင် မွန်းစတားအသွင်ပြောင်းလဲခြင်း ကျင့်စဉ် ရှိနေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အားကောင်းသည်ထက်ပင် ပို၍ အားကောင်းနေခဲ့သည်။ သူ၏ အကြီးမားဆုံး အားသာချက်မှာ ရွှေနဂါးအရင်းအမြစ်ပင် ဖြစ်လေသည်။ သို့သော်လည်း ဤကိစ္စမှာ အလျင်လိုသင့်သည့် ကိစ္စတစ်ခုတော့ မဟုတ်ချေ။ လက်ရှိသူ၏ ဦးစားပေးသည် တာအိုသခင်အဆင့်သို့ ချိုးဖျက်နိုင်ရန် ဖြစ်လေသည်။ အဆင့်ကြီးတစ်ခုသို့ ချိုးဖျက်သွားနိုင်မည်ဆိုပါက သူ့ခွန်အားကို အကြီးအကျယ် ထိုးတက်လာစေနိုင်ပေလိမ့်မည်။
အချိန်သည် တရွေရွေ့ဖြင့် ကုန်ဆုံးနေခဲ့လေရာ မကြာမီ လဝက်ပြည့်သွားခဲ့လေသည်။ ရန်ကိုင်သည် သူငှားနေသည့်အိမ်မှထွက်၍ ခန်စစ်ရန်နှင့် ပြောထားသည့်အတိုင်း လုပ်ရန်အတွက် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ထွက်လာခဲ့သည်။ ဆယ်ရက်ကြာပြီးနောက်တွင် ရန်ကိုင်သည် လိုအပ်သည့် ဆေးလုံးအားလုံးကို ဖော်စပ်ပြီးသွားခဲ့ပြီး ဆေးလုံးဖော်စပ်သည့် အခန်းထဲမှ ထွက်လာခဲ့သည်။ ခန်စစ်ရန်သည် ဆေးဖော်စပ်သည့် အခန်းအပြင်ဘက်တွင် ပြုံး၍ ရပ်စောင့်နေခဲ့သည်။
“ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်က လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပေသည်။
“ဆေးပညာရှင်ရန် အခုတစ်ကြိမ်အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ခန်စစ်ရန်မှာ စိတ်ပျော်နေသည့်အလား ပြုံး၍ ပြောလိုက်သည်။
“ကျုပ်လုပ်ရမဲ့တာ၀န်ကို လုပ်ပေးနေရုံပါပဲ။ ဆိုင်ပိုင်ရှင်ခန် အခုလို ယဉ်ကျေးနေစရာ မလိုပါဘူး” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
“ဆိုင်ပိုင်ရှင်ခန်ကိုကြည့်ရတာ ပျော်နေတဲ့ပုံပဲ”
“မဟုတ်ရပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ငါးရက်တုန်းက ဌာနချုပ်ကနေ ဆေးပညာရှင်နှစ်ဦး ရောက်လာတယ်လေ”
“ဪ အဲ့လိုကိုး”
ဆိုင်ပိုင်ရှင်ခန်မှာ ထိုကိစ္စနှင့် ပတ်သက်၍ အတော်လေးကို စိုးရိမ်နေခဲ့ရခြင်းဖြစ်သည်။ ရန်ကိုင့်ကြောင့်သာ မဟုတ်လျှင် ယခုလောက်ဆို စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ ပိတ်သိမ်းနေရလောက်လေပြီ။ ယခု ဌာနချုပ်မှ ဆေးပညာရှင်များ ပို့ပေးလိုက်သည့်အတွက် သူကြုံနေရသည့် ပြဿနာကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွားလေသည်။
“ဂုဏ်ယူပါတယ် ဆိုင်ပိုင်ရှင်ခန်” ရန်ကိုင်က ပြုံးလိုက်သည်။
ခန်စစ်ရန်ကရယ်မော၍
“ဆေးပညာရှင်ရန်က ဆက်နေချင်တယ်ဆိုရင် ဒီလူအိုကြီး…”
ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်
“အာ ဆိုင်ပိုင်ရှင်ခန် အခုလိုမျိုးတော့ ထပ်လုပ်လို့ရတော့မှာမဟုတ်ဘူး။ ကျုပ်ပြောပြီးသားလေ ကျုပ်က ဆေးပညာကို အရန်အဖြစ်ပဲ လေ့လာထားတာ။ ကျုပ်အရင်တစ်ကြိမ်တုန်းက ခင်ဗျားကို ကူညီလိုက်တယ်ဆိုတာ ဆေးညွှန်းတွေ လိုအပ်နေလို့။ အခု ခင်ဗျားတို့ ကုန်သွယ်ရေးက ဆေးပညာရှင်နှစ်ဦး ထပ်ရောက်လာပြီဆိုတော့ ကျုပ်ထပ်ပြီး ဆေးဖော်စပ်ပေးမှာ မဟုတ်တော့ဘူး”
ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန်က သက်ပြင်းချ၍ “နှမြောစရာပဲ။ဆေးပညာရှင်ရန်သာ ဆေးပညာကိုပဲ တစိုက်မက်မက် အာရုံစိုက်လေ့လာမယ်ဆိုရင် ဌာနချုပ်မှာရှိတဲ့ ဆေးပညာရှင် ဟွမ်ဖုအောက် နိမ့်မှာမဟုတ်ဘူး”
ရန်ကိုင်က ပြုံးသား ပြုံးလိုက်သည်။
“ဆေးပညာရှင်ရန်က ဆေးတာအိုကို မလိုက်စားချင်မှတော့ ဒီလူအိုကြီးလည်း တွန်းအားပေးမနေတော့ပါဘူး။ ဒီတစ်ကြိမ် ဆေးပညာရှင်ရန် ဖော်စပ်သွားတဲ့ ဆေးလုံးတွေက တော်တော်များတယ်။ ဒါပေမဲ့ ဒီလူအိုကြီး သေချာတွက်ပြီး ပေးရမယ့် အရင်းအမြစ်ကျောက်တွေကို ခဏကြာရင် ဆေးပညာရှင်ရန်အိမ်ဆီ ပို့ပေးလိုက်မယ်”
“ကျေးဇူးအများကြီးတင်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်၍
“ဒါဆို ကျုပ်သွားလိုက်ဦးမယ်နော်”
ခန်စစ်ရန်က ခေါင်းညိတ်လျက် ရန်ကိုင်နှင့်အတူ လမ်းလျှောက်ထွက်လာခဲ့လေသည်။ အပြင်သို့ထွက်လာနေရင်း ခန်စစ်ရန်က ရုတ်တရက်ပြောလိုက်သည်။
“ဆေးပညာရှင်ရန် ဒီလူအိုကြီး တစ်ခုလောက် မေးချင်လို့။ ဆေးပညာရှင်ရန် ဆေးညွှန်းတွေ ထပ်လိုသေးလား”
“အို ဆိုင်ပိုင်ရှင်ရန်မှာ ဆေးညွှန်းတွေ ထပ်ရနိုင်မယ့် နည်းလမ်းရှိလို့လား” ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့လေသည်။
“ဆိုင်ပိုင်ရှင်ခန်မှာ ကျုပ်အခု မသိသေးတဲ့ ဆေးညွှန်းတွေရှိမယ်ဆိုရင် ကျုပ်ဈေးကောင်းပေးပြီး ၀ယ်ပေးမယ်”
ခန်စစ်ရန်က ပြော၏။
“ဆေးပညာရှင်ရန်က ဒီလူအိုကြီးကို အများကြီး ကူညီပေးခဲ့တာပဲ။ ဒီလူအိုကြီးမှာ ဆေးညွှန်းတွေ ရှိနေမယ်ဆိုရင် ဆေးပညာရှင်ရန်ကို ပေးလိုက်တာကြာပြီ”
“ဒီတော့ ဆိုင်ပိုင်ရှင်ခန်မှာ ဆေးညွှန်းတွေထပ်မရှိဘူးပေါ့” ရန်ကိုင် ခေါင်းရှုပ်သွားခဲ့သည်။
ခန်စစ်ရန်ကပြုံးလျက် “ဒီလူအိုကြီးမှာ တစ်ကယ်မရှိဘူး ဒါပေမဲ့ ရှိတဲ့တစ်နေရာကိုတော့ ဒီလူအိုကြီး သိထားတယ်။ အဲ့နေရာမှာ ဆေးညွှန်းတွေတင်မဟုတ်ဘူး။ ကံကောင်းရင် ဆေးဝိဇ္ဇာတစ်ဦးရဲ့ အမွေအနှစ်တောင် ရှိရင် ရှိနေနိုင်သေးတယ်”
“ဆိုင်ပိုင်ရှင်ခန် ဘာပြောချင်တာလဲ” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ကျုပ်နောက်လိုက်ခဲ့။ ကျုပ် သေချာရှင်းပြပေးမယ်” ခန်စစ်ရန်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ရန်ကိုင့်အား အခန်းတစ်ခန်းသို့ ခေါ်သွားခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင်နှင့် ခန်စစ်ရန်သည် အခန်းတစ်ခန်းဆီ ရောက်လာခဲ့သည်။ ခန်စစ်ရန်သည် ဆိုင်၀န်ထမ်းတစ်ဦးကို သူတို့အတွက် ရေနွေးကြမ်းပြင်ပေးရန် ပြောလိုက်လေသည်။ ခန်စစ်ရန် ရှင်းပြသည်ကို နားထောင်ပြီးနောက် ခန်စစ်ရန်ပြောသည်မှာ ဆေးဝိဇ္ဇာတစ်ဦး၏ နေအိမ်ဖြစ်မည် ထင်ရသော လှိုင်ဂူစံအိမ်တစ်ခုသာဖြစ်ကြောင်း ရန်ကိုင် နားလည်သွားခဲ့သည်။ ခန်စစ်ရန်သည် ထိုအကြောင်းကို အစောကြီးကတည်းက သိထားသည်။ သို့သော်လည်း သူ့ခွန်အားမှာ လုံလောက်အောင် မမြင့်မားသည့်အတွက် ထိုနေရာကို သွားရောက်မစူးစမ်းအားခဲ့ပေ။
သို့သော်ငြား သေသေချာချာစူးစမ်းလေ့လာပြီးနောက်တွင် ထိုလှိုင်ဂူစံအိမ်မှာ ဘာဖြစ်သလဲဆိုသည်ကို နားလည်သွားခဲ့သည်။
“အဲ့လှိုင်ဂူက သေသွားတဲ့ ဆေးဝိဇ္ဇာတစ်ဦးရဲ့ စံအိမ်ဆိုတာ သေချာလား” ရန်ကိုင်က မေးလိုက်လေသည်။
“အဲ့ ဆေးဝိဇ္ဇာကရော ဘယ်သူလဲ”
“ကုန်းစွန်းမူ။ ဆေးပညာရှင်ရန် အဲ့နာမည်ကို ကြားဖူးလားမသိဘူး” ခန်စစ်ရန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ကုန်းစွန်းမူ” ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။
လွန်ခဲ့သည့်ရက်များအတွင်း သူဖတ်ခဲ့သည့် စာအုပ်များတွင် ထိုနာမည်တစ်ခုကို မြင်ဖူးသလို ခံစားနေရသည်။ သို့သော်လည်း အတိအကျတော့ မမှတ်မိပေ။ ရန်ကိုင်၏ အမူအရာကိုမြင်သော် ခန်စစ်ရန်က ပြုံး၍ ပြောလိုက်သည်။
“ကုန်းစွန်းမူကို မသိပေမဲ့၊ မဟာဧကရာဇ်ဆယ်ပါးထဲမှာ ဆေးပညာကို ကျွမ်းကျင်တဲ့ မဟာဧကရာဇ်တစ်ပါး ရှိတယ်ဆိုတာတော့ ဆေးပညာရှင်ရန် သိတယ်မလား”
“မဟာဆေးဧကရာဇ်လား” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။
“ဟုတ်တယ်။ မဟာဧကရာဇ်ဆယ်ပါးထဲမှာ မဟာဆေးဧကရာဇ်ပဲ ဆေးတာအိုလမ်းကြောင်းကို လျှောက်လမ်းပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တာ”
“ဒီတော့ ဆိုင်ပိုင်ရှင်ခန် ပြောချင်တာက အဲ့ ကုန်းစွန်းမူက မဟာဆေးဧကရာဇ်နဲ့ ပတ်သက်နေတယ်ပေါ့” ရန်ကိုင်က ပြောလိုက်သည်။
“ကုန်းစွန်းမူက မဟာဆေးဧကရာဇ်ရဲ့ တတိယမြောက်တပည့်ပဲ” ခန်စစ်ရန်က ပြုံးလိုက်သည်။
ရန်ကိုင် သက်ပြင်းရှိုက်မိသွား၏။
“အစကတော့ ဒီလူအိုကြီးလည်း အဲ့အကြောင်းတွေကို သိတာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့လှိုင်ဂူအကြောင်းပဲ တောက်လျှောက်စစ်ဆေးကြည့်နေတော့ နောက်ပိုင်း အချို့အကြောင်းအရာတွေကို သိလာရတယ်။ ကုန်းစွန်းမူက မဟာဆေးဧကရာဇ်ရဲ့ တတိယမြောက် တပည့်ပဲ။ ပြီးတော့ မဟာဆေးဧကရာဇ် တော်တော်လေးချစ်တဲ့တပည့်။ ဒါပေမဲ့ ဘာကြောင့်မှန်းတော့ မသိဘူး။ ကုန်းစွန်းမူက မဟာဧကရာဇ်ကို သွားအပြစ်ပြုမိလိုက်သလို ဖြစ်သွားပြီး လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက မောင်းထုတ်ခံလိုက်ရတယ်။ နောက်ပိုင်း ကုန်းစွန်းမူက ဒီတောင်ဘက် နယ်မြေထဲမှာပဲ အခြေချတော့တယ်။ အဲ့မှာပဲ သူအရိုးထုတ်ပြီး သေသွားခဲ့ရတာ”
“အဲ့လှိုင်ဂူစံအိမ်က ကုန်းစွန်းမူနေတဲ့ နေရာဆိုတာ ဆိုင်ပိုင်ရှင်ခန် ဘယ်လိုသိတာလဲ” ရန်ကိုင့်မှာ ထိတ်လန့်နေသော်ငြား မေးတော့ မေးလိုက်ပေသည်။
ခန်စစ်ရန်ကပြုံး၍ပြန်ပြောလိုက်သည်။
“ဒီလူအိုကြီး အခုလို ယုံကြည်ချက်ရှိရှိနဲ့ ပြောရဲတာ အကြောင်းအရင်းရှိလို့ပေါ့။ ကုန်းစွန်းမူ မောင်းချခံလိုက်ရတုန်းက သူနဲ့အတူ အစေခံတစ်ယောက် ပါလာတယ်။ အဲ့အစေခံက သူရဲ့ နေစဉ် ဝေယျာ၀စ္စတွေကို လုပ်ပေးရတာ။ ဒါပေမဲ့နောက်ပိုင်း ကုန်းစွန်းမူရဲ့ စိတ်အခြေအနေက အပြောင်းအလဲကြီး ပြောင်းလဲသွားတယ် အဲ့တာနဲ့ သူ့အစေကိုပါ မောင်းချပစ်လိုက်ရော။ ဒီလူအိုကြီးက အဲ့အကြောင်းကို အဲ့အစေခံရဲ့ မျိုးဆက်တစ်ယောက်ဆီကနေ သိလာခဲ့တာ”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၈)
ကုန်းစွန်းမူသည် အလွန်ကိုမှ ကျော်ကြားသည့်သူတစ်ဦး ဖြစ်သည့်အတွက် သူ့အစေခံဆိုလျှင်ပင် အလွန် ကိုမှအားကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားရပေလိမ့်မည်။ ကုန်းစွန်းမူ၏ မောင်းထုတ်ခြင်းခံလိုက်ရပြီးတွင် ထိုအစေခံသည် တောင်ဘက်နယ်မြေထဲတွင်သာ အခြေချလိုက်လေသည်။ အမျိုးသမီးတစ်ဦးကို လက်ထပ်ပြီး ကလေးများမွေးကာ သူ့ကိုယ်ပိုင် မိသားစုကို ဖန်တီးခဲ့သည်။ ကံမကောင်းစွာဖြင့် အချိန်ကြာလာပြီးနောက် သူ့မျိုးဆက်များ၏ အရည်အချင်းမှာ နိမ့်ကျလာပြီး၊ မိသားစုမှာလည်း တဖြည်းဖြည်း အဆင့်နိမ့်ကျလာခဲ့လေသည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်ကဆိုလျှင် သူ့မိသားစုတွင် မိသားစု၀င်တစ်ယောက်သာ ကျန်ရစ်တော့သည်။ ထိုမျိုးဆက်သည် သူ့ရန်သူများ၏ လိုက်လံသတ်ဖြတ်ခြင်း ခံနေရချိန်တွင် ခန်စစ်ရန်မှ သူ့အား ကယ်တင်ခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူ့ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် ခန်စစ်ရန်မှ ကယ်ခဲ့သည့်တိုင် သေဘေးမှ မလွတ်ခဲ့ပေ။ သို့ရာတွင် သူ့အား ကယ်တင်ခဲ့သည့်အတွက်ကြောင့် မသေခင် ခန်စစ်ရန်အား သူ့မိသားစု၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို ပြောပြသွားခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ထိုလှိုင်ဂူစံအိမ်မှာ ကုန်းစွန်းမူနေခဲ့သည့် စံအိမ်ဖြစ်ကြောင်း သိခဲ့ရခြင်းဖြစ်သည်။
ထိုအကြောင်းကို နားလည်ပြီးမှပဲ ရန်ကိုင်၏ သံဿယများ ကင်းရှင်းသွားတော့သည်။ ခန်စစ်ရန်နှင့် နှစ်လကြာမျှ ပေါင်းသင်းလာပြီးနောက်တွင် ဤလူသည် ကောက်ကျစ်ယုတ်မာသည့်လူတစ်ဦး မဟုတ်ကြောင်း ရန်ကိုင် သိလာခဲ့ရသည်။
ခဏကြာအောင် စဉ်းစားနေပြီးနောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။
“ကုန်းစွန်းမူရဲ့ စံအိမ်ဆိုရင်တော့ တစ်ကယ်ကို သွားစူးစမ်းသင့်တယ်။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်ခန် ဒီအကြောင်းကိုဘာလို့ ကျုပ်ကိုလာပြောတာလဲ။ ကုန်သွယ်ရေး အဖွဲ့အစည်းမှာ ကျုပ်ထက်အားကောင်းတဲ့ ပါရမီရှင်တွေအများကြီးပဲမလား။ ဘာလို့ ကျုပ်ဆီကိုမှလာပြီး အကူအညီတောင်းရတာလဲ”
ခန်စစ်ရန်က ရယ်မော၍
“ဆေးပညာရှင်ရန် ပြောတာအမှန်ပဲ။ ဌာနချုပ်မှာ တစ်ကယ်ကို ပါရမီရှင်တွေ အများကြီးပဲ။ တာအိုသခင်အဆင့် ပညာရှင်တွေလည်း အများကြီးရှိတယ်။ ဒီလူအိုကြီးသာ သူတို့ကို ဖိတ်ခေါ်လိုက်မယ်ဆိုရင် အောင်မြင်နိုင်ချေ အရမ်းမြင့်သွားမှာ။ ဒါပေမဲ့ သူတို့ကို ဖိတ်ခေါ်လိုက်ရင် ဒီလူအိုကြီး ဘယ်လောက်များ အကျိုးအမြတ်ရဦးမှာလဲ။ ဆေးပညာရှင်ရန် သိထားဖို့က ဒီကိစ္စက အဖွဲ့အစည်းနဲ့ ဘာမှ မဆိုင်ဘူးဆိုတာပဲ။ ဌာနချုပ်ကလူတွေသာ ရောက်လာမယ်ဆိုရင် ဒီလူအိုကြီး အရိုးအရင်းတောင် ကိုက်ရတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဒီအစီအစဉ်ကို အကောင်အတည်ဖော်နိုင်ဖို့ ဒီလူအိုကြီးနဲ့ ခွန်အားအတူတူလောက်လူကို လိုက်ရှာနေတာ။ ကျေးဇူးပြုပြီး အဲ့အချက်ကို နားလည်ပေးပါ ဆေးပညာရှင်ရန်”
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ဆေးပညာရှင်ရန် ဘာကိုစိတ်ပူနေလဲဆိုတာ ကျုပ်နားလည်သွားပြီ။ ဆေးပညာရှင်ရန်က တစ်ကယ်တွေးတတ်တာပဲ။ ဆေးပညာရှင်ရန်လို လူမျိုးနဲ့ လာတွေ့ရတာ ဒီလူအိုကြီးရဲ့ ကံကောင်းမှုပဲ။ ကဲ ဆေးပညာရှင်ရန် ဒီကိစ္စကို ဘယ်လိုထင်လဲ”
ရန်ကိုင်ကပြုံးလျက် “ကုန်းစွန်းမူနဲ့ ပတ်သက်နေမှတော့ လက်လွှတ်လိုက်လို့ ဘယ်ဖြစ်ပါ့မလဲ”
ထိုစကားကိုကြားသည့်အခါ ခန်စစ်ရန်ပျော်သွားခဲ့ပြီး ခေါင်းညိတ်၍
“ကောင်းတယ်။ ဒါပေမဲ့ မသွားခင်လေး ဒီလူအိုကြီး တစ်ခုခုကို အရင်ပြောထားဦးမယ်”
“ပြောပါဆိုင်ပိုင်ရှင်ခန်”
ခန်စစ်ရန်က အလေးအနက်အမူအရာဖြင့်
“အဲ့စံအိမ်ထဲမှာ တာအိုအရင်းအမြစ်ဆေးလုံးတစ်လုံး ရှိမယ်ဆိုရင် အဲ့ဆေးလုံးကို ဒီလူအိုကြီး အရင်ယူမယ်”
“ရတယ်” ရန်ကိုင်က တစ်ချက်ပင်မတွေးဘဲ သဘောတူလိုက်သည်။
ရန်ကိုင်မှ အလျင်စလို သဘောတူလိုက်သည်ကိုမြင်သော် ခန်စစ်ရန် ကြောင်သွားခဲ့လေသည်။ ထို့နောက် ကျေးဇူးတင်သည့် အမူအရာဖြင့်
“အခုလို နားလည်ပေးတဲ့အတွက် ဆေးပညာရှင်ရန်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒီလူအိုကြီးရဲ့ အရည်အချင်းက အရမ်းကောင်းတာမဟုတ်ဘူး။ အရင်းအမြစ်ဆေးလုံးလိုဟာမျိုးကိုသာ မရဘူးဆိုရင် တာအိုသခင်အဆင့်ကို ဘယ်တော့မှ ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း တာအိုအရင်းအမြစ်ဆေးလုံးတွေက အရမ်းရှားလွန်းတယ်။ ငါးရောင်ခြယ် ရတနာဘုရားထဲမှာတောင် အဲ့လိုမျိုး ဆေးလုံးတွေနဲ့ ပတ်သက်ပြီး ဘာကောလာဟလမှ မကြားလိုက်ရဘူး။ မဟုတ်ရင် ဒီလူအိုကြီး အဲ့လှိုင်ဂူစံအိမ်ကို သွားစူးစမ်းဖို့ ဒီလောက် အလျင်လိုနေမှာမဟုတ်ဘူး။ ဒါပေမဲ့ ဆေးပညာရှင်ရန် စိတ်ချထားလိုက်။ အဲ့မှာ တာအိုအရင်းအမြစ်ဆေးလုံး ရှိရှိ မရှိရှိ၊ ဆေးပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ဆေးပညာရှင်ရန် ယူလို့ရတယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ နောက်တော့မှပဲ ဆွေးနွေးပြီး ခွဲဝေကြတာပေါ့”
“ရတယ်လေ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ဘယ်အချိန် ထွက်ကြမှာလဲ”
“အွန်း တစ်လလောက်နေရင်တော့ ထွက်ဖြစ်လိမ့်မယ်။ အခုကနေစပြီးရေရင် တစ်လပေါ့။ အဲ့အချိန်ကြရင် ဒီလူအိုကြီး ဆေးပညာရှင်ရန်ကို ဒီဆေးလုံးပလာဇာမှာ စောင့်နေမယ်။ ဒီလူအိုကြီး နည်းနည်းပြင်ဖို့ ရှိသေးတယ်။ ပြီးတော့ မြို့ထဲမှာ မကြာခင် လေလံပွဲ လာဖို့ရှိတယ်။ အဲ့မှာများ ပစ္စည်းကောင်းလေး ရမလားဆိုပြီး ဒီလူအိုကြီး ၀င်ပါဖို့ လုပ်ထားသေးတယ်။ ဆေးပညာရှင်ရန်ရော စိတ်၀င်စားလား မသိဘူး” ခန်စစ်ရန်က မေးလိုက်သည်။
“မြို့ထဲမှာ လေလံပွဲကျင်းပမှာလား” ရန်ကိုင် ကြောင်သွားခဲ့လေသည်။
“ဟုတ်တယ်” ခန်းစစ်ရန်က ရယ်မော၍
“ဒီတစ်ကြိမ် မေပယ်မြို့ထဲက ကျင့်ကြံသူတွေ ငါးရောင်ခြယ်ရတနာဘုရားထဲမှာ ပစ္စည်းကောင်းတွေရခဲ့တယ်လေ။ ဒီတော့ မြို့သခင်က ကိုယ့်အတွက် မလိုအပ်တဲ့ ရတနာတွေကို အခြားသူတွေနဲ့ ပြန်လဲလှယ်လို့ရအောင် လေလံပွဲလုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာ။ လေလံပွဲမှာ ဒီလူအိုကြီးရှာနေတဲ့ တာအိုအရင်းအမြစ်အသီးတောင် ပေါ်ချင်ပေါ်လာနိုင်တယ်။ ဆေးပညာရှင်ရန်ကလည်း တန်ခိုးရှင်ဘုရင် တတိယအဆင့်ကို ရောက်နေပြီဆိုတော့ တာအိုအရင်းအမြစ်ဆေးလုံးတစ်လုံးလောက် ကြိုပြီး ပြင်ဆင်ထားသင့်နေပြီနော်”
“ဟုတ်တယ်။ ဒါနဲ့ လေလံပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲ” ရန်ကိုင်က မေးလိုက်သည်။
နာရီ၀က်ကြာပြီးနောက်တွင် ရန်ကိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ပြန်ထွက်လာခဲ့သည်။ လေလံပွဲနှင့် ပတ်သက်၍မူ သူကျိန်းသေလာမည်ဟု မပြောခဲ့ချေ။ အချိန်ရှိလျှင် လာမည်ဟုသာ ပြောခဲ့သည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာမှ ထွက်လာပြီးနောက်တွင် ရန်ကိုင်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် တစ်ခုသောဘက်သို့လှည့်၍ မြို့ပြင်သို့ ထွက်လာခဲ့လေသည်။
တစ်ခဏအကြာတွင် မေပယ်မြို့အပြင်ဘက်သို့ ရောက်လာခဲ့လေ၏။ ထို့နောက် ရန်ကိုင်သည် သူ့ပုံပန်းသွင်ပြင်ကို ပြင်ဆင်၍ တောင်ဘက်သို့ ပျံသန်းလာခဲ့လေသည်။ မေပယ်မြို့မှ မိုင်သုံးဆယ်ခန့်အကွာတွင် အိမ်များ၊ အဆောက်အဦးများဖြင့် ပြည့်နေသော ခြံ၀န်းအကျယ်ကြီးတစ်ခု ရှိနေခဲ့သည်။
ခြံ၀န်းထဲ တသွင်သွင်စီးဆင်းနေသော စမ်းချောင်းငယ်လေးကိုဖြတ်၍ တည်ဆောက်ထားသော တံတားငယ်လေးများ ရှိနေခဲ့သည်။ ရန်ကိုင်သည် အောက်ဘက်သို့ ဆင်းသွားပြီး ခြံ၀န်းတစ်ခုလုံးအား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်၏။
“ဒီမှာဖြစ်လောက်တယ်။”
ဤနေရာသို့ လာရခြင်းမှာ ကျန်းကောင်းရွမ်နှင့် ပြောထားသည့် သဘောတူညီချက်ကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်လေသည်။ ကျန်းမိသားစုသည် မေပယ်မြို့တွင် အတော်လေးကျော်ကြားသည့်အတွက် သူတို့ တည်ရှိသည့်နေရာကို နည်းနည်းပါးပါး မေးမြန်းပြီးနောက် ရန်ကိုင် အလွယ်တကူ ရှာတွေ့ခဲ့သည်။ ကျန်းမိသားစုသည် မေပယ်မြို့ထဲတွင် တည်ရှိနေခြင်းမဟုတ်ဘဲ မြို့အပြင်တွင် တည်ရှိနေခြင်းဖြစ်သည်။ မေပယ်မြို့ထဲတွင် မြေနေရာ တစ်ခုချင်းစီသည် အလွန်ကိုမှ ဈေးကြီးလှပေသည်။ အိမ်လေးတစ်လုံးဆောက်ရန်ပင် မလွယ်ကူလှ။
မြို့အပြင်ဘက်တွင်တော့ ထိုသို့မဟုတ်တော့ချေ။ မိုးမြေစွမ်းအင်မှာ မြို့ထဲလောက် ကြွယ်၀ခြင်းမရှိသော်ငြား ကျန်းမိသားစုကဲ့သို့သော မိသားစုငယ်လေးအတွက်တော့ ပြဿနာတစ်ခု မဟုတ်ပေ။
ခြံ၀န်းပတ်ပတ်လည်တွင် မိုးမြေစွမ်းအင်အား စုစည်းပေးသည့် အစီအရင်တစ်ခု ခင်းကျင်းထားကြောင်း တွေ့ရှိရလေသည်။ အစောပိုင်းက အတော်လေး အလုပ်ရှုပ်နေသဖြင့် အခုမှသာ လာခဲ့ရခြင်း ဖြစ်သည်။ ၀င်ပေါက်ရှေ့သို့ ရောက်လာပြီးနောက် လှမ်းခေါ်တော့မည်အပြု စကားတစ်ခွန်းမှ မပြောနိုင်ခင်သေးမှပင် အထဲမှ အလင်းတန်းနှစ်ခု ပြေးထွက်လာခဲ့လေသည်။
ထိုအလင်းတန်းနှစ်ခုနောက်မှ ပုံရိပ်နှစ်ခု ပြေးထွက်လာခဲ့လေသည်။ တစ်ယောက်ချင်းစီသည် လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်လုံးများမှာ သွေးရောင်ရဲနေခဲ့သည်။ ရန်ကိုင်နှင့် ကမ္ဘာမကြေ ရန်ညှိုးတစ်ခုခုများ ရှိနေသည့်အလား ရန်ကိုင့်အား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။ ထိုအချင်းအရာကို မြင်ပြီးနောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ သို့သော်လည်း ထိုနှစ်ဦးမှာ တန်ခိုးရှင် ပထမအဆင့်နှင့် ဒုတိယအဆင့်များသာ ဖြစ်ကြသဖြင့် ရန်ကိုင်သည် တစ်ဖက်လူများ၏ တိုက်ခိုက်မှုကို ဂရုစိုက်မနေခဲ့။
ထိုနှစ်ဦးစလုံး အားကုန်သုံး၍ တိုက်ခိုက်မည် ဆိုလျှင်ပင် ရန်ကိုင့်အား ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရန်ကိုင်သည် မတ်တတ်သာရပ်၍ သူ့လက်အား အသာအယာ ဝှေ့ယမ်းလိုက်သည်။ ထိုကဲ့သို့ ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ၀င်လာနေသော အလင်းတန်းနှစ်ခုလုံး တစ်စစီ ဖြစ်သွားကုန်ကြလေသည်။ ထိုအချင်းအရာကို မြင်သည့်အခါ အပြင်သို့ အလောတကြီး ပြေးထွက်လာသော လူနှစ်ဦးစလုံး ကြောင်သွားခဲ့သည်။ သို့သော်လည်း မကြာမီတွင် မှင်သက်နေရာမှ အသိပြန်၀င်လာပြီး လျှို့ဝှက်ကျင့်စဉ်တစ်ခုကို ထုတ်သုံးလိုက်ကြလေသည်။
ချောင်းဟန့်၍ သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ပြီးနောက် သူတို့၏ အရှိန်အဝါမှာ လျင်မြန်စွာမြင့်တက်လာခဲ့သည်။ ထိုအချင်းအရာကိုမြင်ပြီးနောက် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်ဖက်လူနှစ်ဦးအား သူတို့၏ မှော်ရတနာများကိုပင် ထုတ်ခွင့်မပေးတော့ဘဲ သူ့နယ်ပယ်စက်ကွင်းအား ဖြန့်ကျက်ချလိုက်သည်။ ချက်ချင်းဆိုသလို သူ့အားတိုက်ခိုက်ရန် ကြိုးစားနေသည့် ကျင့်ကြံသူနှစ်ဦးစလုံး သူတို့အပေါ်သို့ တောင်များ ပြိုကျလာသလို ခံစားလိုက်ရသည့်အလား တစ်ကိုယ်လုံး တောင့်တင်းကုန်ပြီး လှုပ်ပင် မလှုပ်နိုင်တော့ချေ။
သို့တိုင် နှစ်ဦးစလုံးမှာတော့ ရန်ကိုင့်အား မုန်းတီးစွာဖြင့် စူးရဲစွာစိုက်ကြည့်နေခဲ့လေသည်။
“ဒါ ကျန်းမိသားစုလား” ရန်ကိုင်သည် နယ်ပယ်စက်ကွင်းကို ဖြန့်ကျက်ထားရင်း မေးလိုက်သည်။
ထိုနှစ်ဦးမှာ အသက်သုံးဆယ်အရွယ်လောက် ရှိမည့် အမျိုးသားများ ဖြစ်ကြပေသည်။ တစ်ဦးမှာ ခပ်၀၀ဖြစ်ပြီး၊ ကျန်တစ်ဦးမှာတော့ အနည်းငယ်ပိန်ပေသည်။
ရန်ကိုင်၏အမေးကိုကြားသော် ခပ်၀၀လူကြီးက နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။
“မင်းသိပြီးသားကို ဘာလို့လာမေးနေသေးတာလဲ။ မင်း သတ်မယ်ဆိုရင် သတ်လိုက်။ ဘာအပိုစကားမှ လာပြောမနေနဲ့”
ပိန်ပိန်နှင့်လူမှာလည်း ဘာမှ၀င်မပြောသော်ငြား သူ့အကြည့်မှာလည် ခပ်၀၀လူကဲ့သို့ သဘောထားကို ဖော်ပြနေလေသည်။
“ကျန်းမိသားစု တစ်ခုခုဖြစ်သွားလို့လား”
ရန်ကိုင်သည် အရူးမဟုတ်ချေ။ ထိုနှစ်ဦး၏ သဘောထားကိုမြင်သော် ကျန်းမိသားစုတွင် တစ်ခုခု ဖြစ်ပျက်သွားရမည်မှန်း ခန့်မှန်းမိသွားသည်။
“မင်းက တစ်ကယ် စကားများတာပဲ။ မင်းကို လုမိသားစုက လွှတ်လိုက်တာမလား။ အပိုစကားတွေပြောမနေတော့နဲ့” ခပ်၀၀နှင့် ကျင့်ကြံသူက အထင်တသေးအမူအရာဖြင့် ပြောလိုက်လေသည်။
ပိန်ပိန်နှင့် လူကလည်း
“အဲ့ လုပိုင်ချွမ် ဆိုတဲ့ခွေးက တစ်ကယ်ကို သောက်ကျင့်မကောင်းတဲ့ကောင်။ သူငှားထားတဲ့ လူတွေကလည်း အတူတူပဲ။ တတိယညီလေး မင်းဘာလို့ ဒီကောင်နဲ့ စကားဖက်ပြိုင်ပြောနေသေးတာလဲ”
ခပ်၀၀နှင့်လူက ရယ်မော၍
“မင်းမှန်တယ် ငါမှားသွားတယ်”
ပြောပြီးသည့်နောက် ရန်ကိုင့်ဆီသို့ တံတွေးလှမ်းထွေးလိုက်လေသည်။
ရန်ကိုင်က သက်ပြင်းချ၍
“ခင်ဗျားတို့နှစ်ယောက် နားလည်မှုလွဲနေပြီနဲ့ တူတယ်။ ကျုပ် လုပိုင်ချွမ်ကိုလည်း မသိဘူ။ လုမိသားစုကိုလည်း မသိဘူး။ ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို လာတိုက်ခိုက်လို့သာ ပြန်တိုက်ခိုက်လိုက်တာ”
“အဲ့ခွေးအိုကြီး လုပိုင်ချွမ်ကို မသိဘူးဆိုရင် အခုအချိန်မှာမှ ဘာလို့ ငါတို့ကျန်းမိသားစုဆီ ရောက်လာတာလဲ” ထိုစဉ် အနည်းငယ် အသက်ကြီးရင့်နေသည့် အသံတစ်သံ ခြံ၀န်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ခဏအကြာတွင် ဆံပင်ငွေရောင်သမ်းနေပြီဖြစ်သောာ အဖွားအိုတစ်ဦးသည် တုတ်ကောက်တစ်ချောင်းကို ထောက်ရင်း မိန်းမငယ်လေးတစ်ယောက် အကူအညီဖြင့် အပြင်သို့ ထွက်လာခဲ့သည်။ အဖွားအိုကြီး၏နောက်တွင် လူအချို့ လိုက်ပါလာခဲ့လေသည်။ အဖွားအို၏ မျက်နှာတစ်ပြင်လုံး ပါးရေတွန့်နေပြီး အသားအရေမှာ ဝါကြင့်ကြင့် ဖြစ်နေခဲ့သည်။ သို့သော်ငြား သူမ၏ အကြည့်မှာတော့ အလွန်ကိုမှ ထက်ရှနေခဲ့သည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် အဖွားအိုသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်မှန်း ရန်ကိုင် နားလည်သွားခဲ့သည်။
သို့သော်ငြား မကြာသေးခင်ကမှ ဒဏ်ရာပြင်းပြင်း ရထားသည့်အလား သူမ၏ သူတော်စင်ချီမှာ မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ သို့သော်လည်း ရန်ကိုင် နားမလည်နိုင်သည့်အချက်မှာ အဘွားအို၏ နောက်၌ပါလာကြသည့် လူအားလုံးမှာ အမျိုးသမီးများ ဖြစ်နေကြခြင်းပင်။ အချို့မှာ သတ်လက်ပိုင်းဖြစ်ကြပြီး၊ အချို့မှာ မိန်းမငယ်လေးများနှင့် ငယ်ငယ်လေးသာ ရှိကြသည့် ကလေးငယ်များ ဖြစ်ကြသည်။ အမျိုးသားဟူ၍ သူ့အား စောစောက တိုက်ခိုက်ကြသည့် ခပ်၀၀နှင့် ခပ်ပိန်ပိန် နှစ်ဦးသာ ရှိကြသည်။
ကြည့်ရသလောက် ဤမိသားစု တစ်ခုလုံးတွင် ခပ်၀၀နှင့် ခပ်ပိန်ပိန်မှလွဲ၍ ကျန်လူများအားလုံး အမျိုးသမီးများ ဖြစ်ကြပုံပင်။ ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ နယ်ပယ်စက်ကွင်းကို ပြန်ရုတ်သိမ်းလိုက်လေသည်။ ရန်ကိုင်နှင့် သူတို့ကြား အလွန်ကိုမှ ကြီးမားသည့် ခွန်အားကွာခြားချက် ရှိနေကြောင်း သိလိုက်ရပြီးတွင် ၀၀နှင့် ပိန်ပိန် တို့မှာ ရန်ကိုင့်အား ထပ်မံတိုက်ခိုက်ခြင်း မပြုကြတော့ချေ။ အဖွားအိုနားသို့သာ ပြန်ဆုတ်သွားပြီး ရန်ကိုင့်အား သတိထားကာ စောင့်ကြည့်နေကြ၏။
“ဂျူနီယာရန် အဖွားကို နှုတ်ဆက်ပါတယ်။ ဒါက ကျန်းမိသားစုများလာ မသိဘူး” ရန်ကိုင်က လက်သီးဆုပ်၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက ကျန်းမိသားစုပဲ” အဖွားအိုသည် တုတ်ကောက်ဖြင့် အားယူထောက်ထားပြီး ပြောလိုက်၏။
“ကောင်းပြီ” ရန်ကိုင်ကပြုံးလျက် ခဏမျှ စဉ်းစားနေပြီးနောက် ပြောလိုက်သည်။
“အဖွားတို့ကိုကြည့်ရတာ ကျုပ်ကို နားလည်မှုတစ်ခုခု လွဲနေတယ်နဲ့တူတယ်။ ကျုပ် ရောက်လာလာခြင်းကို ဘာမှ မပြောမဆိုနဲ့ တိုက်ခိုက်တာဆိုတော့”
“နားလည်မှုလွဲတာလား” အဖွားအိုက လှောင်ပြုံးပြုံး၍
“နားလည်မှုလွဲလား မလွဲဘူးလားဆိုတာ နင်ဘာလို့ ရောက်လာတယ်ဆိုတာအပေါ် မူတည်လိမ့်။ ပြော နင်အဲ့ခွေးအိုကြီး လုပိုင်ချွမ်ကို မသိတာ တကယ်ပဲလား”
ရန်ကိုင်က ခေါင်းခါ၍
“ကျုပ် အဲ့နာမည် တစ်ခါမှမကြားဖူးဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၁၉)
“အဖွား သူပြောတာတွေ နားထောင်မနေနဲ့။ လုပိုင်ချွမ် ပြောတာကြောင့်သာ မဟုတ်ရင် သူအခုလိုအချိန်မျိုးမှာ ကျန်းမိသားစုကို ရောက်လာမှာမဟုတ်ဘူး” အဖွားအို မပြောနိုင်ခင်သေးမှာပင် ခပ်၀၀နှင့် ကျင့်ကြံသူက ၀င်ပြောလိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ခါးသက်စွာသာ ပြုံးလိုက်သည်။ အဖွားအိုသည် ခပ်၀၀နှင့် ကျင့်ကြံသူအား စူးရဲစွာစိုက်ကြည့်၍ ဆူပူလိုက်လေသည်။
“ငါ ဘာလုပ်ရမယ်ဆိုတာ နင်လာပြောစရာ မလိုဘူး။ ငါ့ဘာသာ လုပ်တတ်တယ်”
ခပ်၀၀နှင့် ကျင့်ကြံသူမှာ ပြန်မပြောရဲသည့်အလား လည်ပင်းလေး ကျုံ့၀င်သွားခဲ့လေသည်။ အဖွားအိုသည် ရန်ကိုင့်အား လှည့်ကြည့်၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ သူမထက် အများကြီးပိုမြင့်ကြောင်း နားလည်သွားပြီးနောက် သူမ၏ အမူအရာ အနည်းငယ်ပြောင်းလဲသွားခဲ့လေသည်။
“လူကြီးမင်းရဲ့ ကျင့်ကြံခြင်းက တစ်ကယ်မြင့်တာပဲ။ လူကြီးမင်းသာ လုပိုင်ချွမ်း လွှတ်လိုက်တဲ့လူဆိုရင် အခုလို ဘာမှ စကားပြောနေစရာ မလိုတော့ဘူး။ ကောင်းပြီလေ လူကြီးမင်းပြောတာကို ကျွန်မ ယုံပေးလိုက်မယ်။ ဒါပေမဲ့ လူကြီးမင်း ကျန်းမိသားစုကို ဘာလို့ရောက်လာတာလဲ ဆိုတာကိုတော့ ရှင်းပြပေးဖို့ လိုလိမ့်မယ်”
“ကျုပ်ရောက်လာတယ်ဆိုတာ တစ်ယောက်ယောက်က ခိုင်းလိုက်လို့ပါ။ ဒါကို ကြည့် ကြည့်ပါ အဖွား”
ရန်ကိုင်သည် သိုလှောင်လက်စွပ်တစ်ကွင်းကို အဖွားအိုကြီးဆီသို့ ပစ်ပေးလိုက်လေသည်။ အဖွားကြီးသည် သိုလှောင်လက်စွပ်အား ဖမ်းယူပြီးနောက် ရန်ကိုင့်အား သေသေချာချာ စိုက်ကြည့်နေပြီးနောက်တွင် ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လေ၏။ ချက်ချင်းဆိုသလို အဖွားအိုကြီး၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။ သူမ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီလာပြီး သွေးတစ်ပွက်ပင် ထိုးအန်လိုက်ရလေသည်။
သူမ၏မျက်နှာမှာ ရုတ်ချည်းဆိုသလို နှစ်ပေါင်းများစွာ ပိုမိုအိုစာသွားခဲ့လေသည်။
“မင်း ဘယ်လိုတောင် ချောင်းတိုက်ခိုက်ရဲတာလဲ” ခပ်၀၀နှင့် ကျင့်ကြံသူမှာ အလွန်ကိုမှ ဒေါသူပုန်ထသွားလေ၏။
နားလည်မှုလွဲချင်လည်း လွဲချင်စရာပင်။ အဖွားအိုသည် ရန်ကိုင်ပေးသည့် လက်စွပ်ကို ဖမ်းယူပြီးနောက် ဤသို့ဖြစ်သွားလေရာ ရန်ကိုင်မှ သိုလှောင်လက်စွပ်အား တစ်ခုခု လုပ်ထားသည်ဟုသာ ထင်ကြပေလိမ့်မည်။
အဖွားအိုကြီး၏ နောက်တွင် ရပ်နေကြသော အမျိုးသမီးများသည်လည်း ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်နေကြလေသည်။ တစ်ယောက်ချင်းစီသည် သူတို့၏ စွမ်းအားများကို လှည့်ပတ်လိုက်ကြပြီး အချို့ဆိုလျှင် အချိန်မရွေး တိုက်ခိုက်နိုင်ရန်အတွက် သူတို့၏ မှော်ရတနာများကိုပင် ထုတ်ယူလိုက်ကြလေသည်။
ထိုလူများ၏ တုန့်ပြန်မှုကိုမြင်သော် ရန်ကိုင်သည် အနောက်သို့ ခပ်ဝေးဝေးဆုတ်နေလိုက်၏။
“ရပ်လိုက်” အဖွားအိုက ရုတ်တရက် ထအော်လိုက်သည်။
အမျိုးသမီးအားလုံးသည် အဖွားအိုကို အတော်လေး လေးစားကြသည့်ပုံပင်။ ရန်ကိုင်၏ အပြုအမူနှင့် ပတ်သက်၍ မကျေနပ်ကြသော်ငြား အဖွားအိုက အမိန့်ပေးလာသဖြင့် အကုန်လုံး ရပ်လိုက်ကြလေသည်။
“အဖွား အဆင်ပြေရဲ့လား” အဖွားအိုအား ထူမပေးထားသော မိန်းမငယ်လေးက စိုးရိမ်တကြီးအမူအရာဖြင့် မေးလိုက်လေသည်။
အဖွားအိုသည် သူအဆင်ပြေကြောင်း အချက်ပြလိုက်ပြီးနောက် ရန်ကိုင့်ဘက်သို့ လှည့်လိုက်လေသည်။ ထို့နောက် ၀မ်းနည်းနေသည့် အမူအရာဖြင့် မေးလိုက်၏။
“လူကြီးမင်း ဒီသိုလှောင်လက်စွပ်ကို ဘယ်ကနေ ရလာတာလဲဆိုတာ သိလို့ရမလား”
ရန်ကိုင်သည် စကားဖြင့်ပြန်မပြောလိုက်ဘဲ ကောင်းကင်စိတ်အာရုံဖြင့်သာ အဖွားအို၏နားထဲ တိုက်ရိုက်ရောက်အောင် ပြောလိုက်လေသည်။ ထိုစကားကို ကြားသည့်အခါ အဖွားအို နောက်တစ်ကြိမ် ဒယိမ်းဒယိုင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း မကြာမီ ခါးသက်စွာပြုံး၍ ညှိုးငယ်စွာဖြင့်
“တစ်ကယ်ကို ဆိုးလိုက်တဲ့ ကံပါလား။ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေတာတောင် ဖြစ်လာလိုက်သေးတယ်”
“အမေ ဘာဖြစ်လို့လဲ” တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက မေးလိုက်လေသည်။
“နင့်ဘာသာနင် ကြည့်ကြည့်လိုက်”
အဖွားအိုသည် သူမလက်ထဲရှိ သိုလှောင်လက်စွပ်ကို သက်လတ်ပိုင်း အမျိုးသမီး၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ အမျိုးသမီးသည် လက်စွပ်ကိုယူပြီး သေချာစစ်ဆေးကြည့်တော့လေသည်။ ထို့နောက် သူမမျက်နှာ သွေးဆုတ်ဖြူလျော်သွားပြီ မျက်ရည်များ ပါးပြင်ပေါ်သို့ တရဟော စီးကျလာလေတော့၏။ ကျန်းကောင်းရွမ်၏ မိသားစုဖြစ်သည့်အတွက်ကြောင့် သူ့သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို သူတို့အားလုံး သိပေသည်။
လက်ရှိတွင် ကျန်းကောင်းရွမ်၏ သိုလှောင်လက်စွပ်သာ ဤနေရာသို့ ရောက်လာပြီး လူတော့ ရောက်မလာခဲ့ချေ။ အရူးတစ်ယောက်ပင်လျှင် သူဘာဖြစ်သွားသလဲ ဆိုသည်ကို ခန့်မှန်းမိနိုင်ပေလိမ့်မည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင့်စိတ်ထဲ ဂရုဏာသက်သွားမိသည်။ သို့သော်ငြား ဘာမှ၀င်ပြောမနေဘဲ မတ်တတ်ရပ်၍သာ စောင့်ကြည့်နေလိုက်သည်။ ကျန်လူများမှာ ဘာတွေဖြစ်နေမှန်း မသိကြသော်ငြား အဖွားအိုနှင့် သက်လတ်ပိုင်း အမျိုးသမီး၏ အမူအရာကို မြင်ပြီးနောက် အကြမ်းဖျင်း ခန့်မှန်းမိသွားခဲ့ကြသည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် အဖွားအိုသည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ ရန်ကိုင့်ဘက်သို့လှည့်ကာ ပြောလိုက်၏။
“အစောပိုင်းက ရိုင်းပျသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ လူကြီးမင်း အထဲကို ၀င်ခဲ့ပါ”
“ကောင်းပြီလေ။ ကျုပ်မှာလည်း ခင်ဗျားကို ပေးစရာတစ်ခုရှိနေသေးတာနဲ့ အတော်ပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် အဖွားအိုနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့၏ ဦးဆောင်မှုအောက်တွင် ခြံ၀န်းထဲသို့ ၀င်လာခဲ့လေသည်။ အကုန်လုံးမှာ အပြင်ဘက်တွင်သာ ရပ်စောင့်နေခဲ့ကြပြီး။ အဖွားအို၊ သက်လတ်ပိုင်း အမျိုးသမီးနှင့် အဖွားအိုအား ထူမပေးထားသည့် မိန်းမငယ်လေးတို့သာ အိမ်ထဲ ၀င်လာခဲ့ကြသည်။ ရေနွေးကြမ်း ငှဲ့ပေးပြီးနောက်တွင် အဖွားအိုက ပြောလိုက်သည်။
“ခုနတုန်းက နားလည်မှုလွဲတာကို လူကြီးမင်းကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်မတို့ ကျန်းမိသားစုက အခုတစ်လော ကြုံတွေ့ခဲရတဲ့ အဖြစ်အပျက်တွေကြောင့် အခုလို ဖြစ်သွားတာပါ”
“ရပါတယ်။ ကျုပ် နားလည်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“လူကြီးမင်း ကျွန်မတို့ကို ပေးစရာတစ်ခုခု ရှိတယ်လို့ ပြောလိုက်တယ်နော်။ အဲ့တာ ဘာများလဲမသိဘူး” အဖွားအိုက မေးလိုက်သည်။
“ဒါပဲ” ရန်ကိုင်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်၍ အဖွားအိုကိုပေးရင်း ရှင်းပြလိုက်လေသည်။
“ကျန်းမိသားစုခေါင်းဆောင် မသေခင် ဒီကျောက်စိမ်းပြားထဲ သူပြောချင်တာတွေကို ထည့်ပြောသွားတယ်။ ကျုပ်ကို ခင်ဗျားတို့ကို ပေးဖို့ ပြောလိုက်တာ။ ဒီထဲကဟာတွေကို ဖတ်ကြည့်ပြီးသွားရင် ခင်ဗျားတို့ နားလည်သွားလိမ့်မယ်” ရန်ကိုင်က ပြောလိုက်သည်။
အဖွားသည် ကျောက်စိမ်းပြားထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်း၍ အထဲရှိ အကြောင်းအရာများကို ဖတ်ကြည့်လိုက်လေသည်။ ခဏအကြာတွင် ကျောက်စိမ်းပြားအား သက်လတ်ပိုင်း အမျိုးသမီးသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ပေးလိုက်သည်။ ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို ဖတ်ပြီးနောက်တွင် အမျိုးသမီးက အံကြိတ်၍ ဒေါသတကြီး အော်ပြောလိုက်လေသည်။
“ကျွန်မထင်ထားတဲ့အတိုင်းပဲ။ အဲ့ခွေးအိုကြီး လုပိုင်ချွမ်း လက်ချက်ကြောင့်ပဲ ကျွန်မယောင်္ကျား သေသွားခဲ့ရတာ။ အမေ ကျွန်မယောင်္ကျားအတွက် ကျွန်မသွား လက်စားချေရမယ်”
ထိုစကားကို ကြားသည့်အခါမှပဲ ဤသက်လတ်ပိုင်း အမျိုးသမီးသည် ကျန်းကောင်းရွမ်၏ မိန်းမမှန်း ရန်ကိုင် နားလည်သွားခဲ့သည်။ ကြည့်ရသလောက် အဖွားအိုသည် ကျန်းကောင်းရွမ်၏ အမေဖြစ်သည့်ပုံပင်။
“ရန်ကြွေးဆိုတာရှိရင် ပြန်ပြီး လက်စားချေရမှာပဲ။ ဒါပေမဲ့နင့်မှာ အဲ့လို လက်စားချေနိုင်တဲ့ အရည်အချင်း ရှိလို့လား” အဖွားအိုသည် အမျိုးသမီးအား အေးစက်စက်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
“သမီးမှာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ သမီး သေရမယ်ဆိုရင်တောင် အဲ့ခွေးအိုကြီးရဲ့ အသားတစ်တုံးကို ရအောင် ဖြတ်ထုတ်သွားဦးမယ်” သက်လတ်ပိုင်း အမျိုးသမီးမှာ အံတကြိတ်ကြိတ်ဖြင့် ပြောလိုက်လေသည်။
“နင့်အကြောင်းနင် မသိတာလား” အဖွားအိုကြီးက ပြန်မာန်မဲလိုက်သည်။
“နင်သာ ထွက်သွားလို့ရှိရင် သေမှာတင်မဟုတ်ဘူး။ သေတာထက်ဆိုးတဲ့ အရှက်တကွဲ အကျိုးနည်းအဖြစ်နဲ့ ကြုံရမှာ”
ထိုစကားကို ကြားသည့်အခါ သက်လတ်ပိုင်း အမျိုးသမီး၏အမူအရာ ဖြူလျော်သွား၏။
“နားလည်ရင် ပြန်ထိုင်နေလိုက်” အဖွားအိုမှာ သူမ၏ တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ ခပ်ပြင်းပြင်း ဆောင့်ချလိုက်လေသည်။
သက်လတ်ပိုင်း အမျိုးသမီးမှာ ပြန်မပြောရဲသဖြင့် ထိုင်ခုံပေါ်တွင်သာ စိတ်နှင့်ကိုယ် မကပ်တော့သည့် အမူအရာဖြင့် ထိုင်ချလိုက်လေသည်။ ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်သည်။
“အဖွား ကျန်းမိသားစုမှာ ရောင်ရင်းကျန်း သေသွားတာအပြင် အခြားဘာတွေ ထပ်ဖြစ်သွားသေးလဲ”
ထိုစကားကို ကြားသည့်အခါ အဖွားအို၏ အမူအရာ မည်းမှောင်သွား၏။ ထို့နောက် ခေါင်းညိတ်၍
“ကြည့်ရတာ လူကြီးမင်းလည်း ကျွန်မတို့ မိသားစုအခြေအနေကို သိသွားတဲ့ပုံပဲ”
တစ်ခဏအကြာ တိတ်ဆိတ်နေပြီးနောက်တွင် အဖွားအိုသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ကျန်းမိသားစု၌ ဘာတွေ ဖြစ်ပျက်သွားသလဲ ဆိုသည်ကို ရှင်းပြလိုက်လေသည်။ မေပယ်မြို့ အနီးတစ်ဝိုက်တွင် တည်ထားကြသော ကျန်းမိသားစုနှင့် လုမိသားစုမှာ အလွန်ကိုမှ ရင်းနှီးကြပေသည်။ မိသားစု နှစ်ခုကို တည်ထောင်ခဲ့ကြသည့် ဘိုးဘေးနှစ်ဦးမှာ မေပယ်မြို့သို့ အတူတကွ လာရောက်ခဲ့ကြခြင်း ဖြစ်ပြီး၊ အတူတူကြိုးစား ကျင့်ကြံခဲ့ကြသူများ ဖြစ်သဖြင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် မိသားစုနှစ်ခုသည် အမျိုးများဟု ထင်ရလောက်အောင်ပင် ရင်းနှီးလာခဲ့ကြသည်။
ငါးရောင်ခြယ် ရတနာဘုရားပွင့်သည့်အခါ မိသားစုခေါင်းဆောင်နှစ်ယောက်ဖြစ်သည့် ကျန်းကောင်းရွမ်နှင့် လုပိုင်ချွမ်တို့သည် အတူတကွ ၀င်ရောက်ခဲ့ကြသည်။ ထို့အပြင် ငါးရောင်ခြယ်ရတနာဘုရား ပွင့်ပြီးနောက်တွင် မိသားစုနှစ်ခု၏ ဂျူနီယာများသည် တားမြစ်နေရာတစ်ခုသို့ အတူတူ သွားခဲ့ကြပေသေးသည်။ သို့သော်လည်း ထိုအရာမှာ လုမိသားစုမှ စီစဉ်ထားခဲ့သည့် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သည်။ တားမြစ်နေရာတွင် ကျန်းမိသားစု၏ ဂျူနီယာအားလုံး အသတ်ခံလိုက်ရပြီး လုမိသားစုမှ ဂျူနီယာများမှာတော့အကုန်လုံး အသက်ရှင်လျက် ပြန်ထွက်လာခဲ့ကြလေသည်။
ထိုအကြောင်းကြောင့်ပင် လက်ရှိကျန်းမိသားစု၌ အမျိုးသားဟူ၍ ခပ်၀၀နှင့် ခပ်ပိန်ပိန် နှစ်ယောက်သာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။ အခြားသော ယောင်္ကျားများသည် လုမိသားစုနှင့်အတူ တားမြစ်နေရာသို့သွားပြီး သေဆုံးသွားခဲ့ကြခြင်း ဖြစ်ပေသည်။ ငါးရောင်ခြယ် ရတနာဘုရား ပိတ်သွားပြီးနောက်တွက် လုပိုင်ချွမ် တစ်ယောက်သည်သာ ပြန်လာခဲ့ပြီး ကျန်းကောင်းရွမ်မှာ ပြန်လာနိုင်ခြင်း မရှိခဲ့ချေ။
ထိုစဉ်မှစ၍ လုပိုင်ချွမ်၏ အပြုအမူ၊ သဘောထားမှာ လုံး၀ပြောင်းလဲသွားခဲ့သည်။ ပြန်ရောက်လာပြီးနောက်တွင် ကျန်းမိသားစုမှ လူငယ်ဂျူနီယာတစ်ယောက်ဖြစ်သော ကျန်းရို့ရှီကို သူ့သားနှင့် လက်ထပ်ပေးရန် လာရောက်ဖိအားပေးပေသည်။ ကျန်းမိသားစုခေါင်းဆောင် ရုတ်တရက် ပျောက်ကွယ်သွားသည့်အတွက် အကုန်လုံးမှာ စိတ်ပူနေလေရာ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို မည်ကဲ့သို့များ သတောတူနိုင်မည်နည်း။ ထို့အပြင် အဖွားအိုမှာ လုမိသားစုနှင့် ပတ်သက်၍ သင်္ကာမကင်း ဖြစ်နေသဖြင့် ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ချခဲ့လေသည်။
သို့သော်လည်း လုပိုင်ချွမ်သည် စကားနှင့်ပြော၍ မရသည့်အဆုံး ကျန်းရို့ရှီအား အတင်းအကြပ် ခေါ်ဆောင်သွားရန် လုပ်ဆောင်လာလိမ့်မည်ဟု သူမ မည်ကဲ့သို့များ မျှော်လင့်ထားခဲ့ပါမည်နည်း။ ထို့အတွက်ကြောင့် ကျန်းမိသားစုနှင့် လုပိုင်ချွမ်အကြား တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့လေသည်။ လုပိုင်ချွမ်သည် ကျန်းကောင်းရွမ်ကဲ့သို့ပင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ကျန်းမိသားစုမှာ လုံး၀ကို သူ့ပြိုင်ဘက် မဖြစ်ခဲ့ပေ။
ထိုစဉ်က အဖွားအိုသည် တားမြစ်ဆေးတစ်လုံးကို သောက်ကာ သူမခွန်အားကို အတင်းအကြပ် မြှင့်တင်ခဲ့သည်။ ထို့နောက် လက်ကျန် မိသားစု၀င်များနှင့် ပူးပေါင်းကာ လုပိုင်ချွမ်အား ယာယီမောင်းထုတ် နိုင်ခဲ့ပေသည်။ ထို့ကြောင့်သာ မဟုတ်လျှင် လက်ရှိအချိန်၌ ကျန်းမိသားစုဟူ၍ ရှိနေတော့လိမ့်မည် မဟုတ်ချေ။ ယခု ရန်ကိုင်ယူလာသည့် ကျောက်စိမ်းပြားထဲရှိ အကြောင်းအရာများကို ဖတ်ကြည့်ပြီး နောက်မှသာ ကျန်းကောင်းရွမ် သေဆုံးရသည်မှာ လုပိုင်ချွမ်နှင့် ပတ်သက်နေမှန်း နားလည်သွားခဲ့လေသည်။
သူမစိတ်ထဲ မရှင်းမလင်းဖြစ်နေသည့် သံဿယအားလုံး ရှင်းလင်းသွားခဲ့လေပြီ။ ရန်ကိုင်ကမူ ငြိမ်သက်စွာသာ နားထောင်နေခဲ့သည်။ ကြည့်ရသည်မှာ ဤအဖြစ်အပျက်သည် လုမိသားစုမှ ကျန်းမိသားစုအား ရှင်းထုတ်ရန် ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်သည့်ပုံပင်။ ယောင်္ကျား အနည်းငယ်သာ ရှိတော့သည့်အတွက်ကြောင့် ကျန်းမိသားစုအနေဖြင့် သူတို့၏ မျိုးဆက်ကို ဆက်လက်ထိန်းသိမ်းရန် မလွယ်ကူတော့ချေ။ လုမိသားစုသာ ဤအခွင့်အရေးကို အသုံးချပြီး ကျန်းမိသားစုမှ အမျိုးသမီးတစ်ဦးပြီးတစ်ဦးကို လက်ဆတ်၍ ကျန်းမိသားစုဝင် အားလုံးကို မျိုးဆက်ပြတ်သွားအောင် လုပ်ပစ်နိုင်ပေသည်။
သို့သော်လည်း ရန်ကိုင့်စိတ်ထဲ သံဿယအချို့ ရှိနေခဲ့သည်။ လောကကြီးသည် အမြဲတမ်း မှန်ကန်သည်ဟူသည့် ဆိုရိုးစကားတစ်ခု ရှိပေသည်။ လူများသည် ချမ်းသာကြွယ်၀မှုနောက်လိုက်ရင်း သေကြသလို၊ ငှက်များသည်လည်း အစာနောက်လိုက်ရင်း သေကြသည်။ ကျန်းမိသားစုနှင့် လုမိသားစုသည် နှစ်ပေါင်း မရေမတွက်နိုင်အောင်ကြာအောင် မဟာမိတ်များ ဖြစ်လာကြသည့် မိသားစုများ ဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ မိသားစုနှစ်ခု၏ ဆက်ဆံရေးမှာ ဘာကြောင့်များ ရုတ်တရက် ပြောင်းလဲသွားရသနည်း။ ဤကိစ္စနောက်ကွယ်တွင် လျှို့ဝှက်ချက် တစ်ခုခုရှိနေရပေလိမ့်မည်။ သို့သော်လည်း ရန်ကိုင်ကမူ သွား၍ မမေးခဲ့ပေ။
“အဖွား ကျောက်စိမ်းပြားထဲက အကြောင်းအရာတွေကို ဖတ်ပြီးပြီ ဆိုမှတော့ ကျုပ်နဲ့ ကျန်းမိသားစု ခေါင်းဆောင်ကြား လုပ်ထားတဲ့ သဘောတူညီချက်ကို သိပြီးလောက်ပြီပေါ့” ရန်ကိုင်က ရုတ်တရက် ပြောလိုက်သည်။
အဖွားအိုက ခေါင်းညိတ်၍
“ကောင်းရွမ်က အကုန်လုံးကို သေချာပြောသွာတယ်။ လူကြီးမင်းသာ မေပယ်မြို့ထဲမှာ နေနေသ၍ ကျွန်မတို့ ကျန်းမိသားစုရဲ့ တောင်းဆိုချက် သုံးခုကို တတ်နိုင်ရင် ဖြည့်ဆီးပေးရမယ်လို့ ပြောထားတယ်။ တာအိုအရင်းအမြစ်အသီးကတော့ ဆေးလုံးအဖြစ် သန့်စင်လို့ရရင် တစ်လုံးကို ကျန်းမိသားစုက ရမယ်လို့ ပြောသွားတယ်”
“တာအိုအရင်းအမြစ်အသီးလား”
ထိုစကားကို ကြားသည့်အခါ သက်လတ်ပိုင်း အမျိုးသမီးက အံ့အားသင့်နေသည့် အမူအရာဖြင့်
“ကျွန်မယောင်္ကျား တာအိုအရင်းအမြစ်သစ်သီး တစ်လုံး ရလာတာလား”
“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
“ကျန်းမိသားစုခေါင်းဆောင်က ငါးရောင်ခြယ် ရတနာဘုရားထဲမှာ တာအိုအရင်းအမြစ် အသီးတစ်လုံး ရခဲ့တယ်။ ဒီအသီးကလည်း ကျုပ်တို့လုပ်ထားတဲ့ သဘောတူညီချက်ထဲမှာ ပါပြီးသား”
အဖွားအိုက သက်လတ်ပိုင်း အမျိုးသမီးကိုကြည့်၍ အေးစက်စက်အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။
“ဘာမှ ရှိမနေလို့ရှိရင် အကောင်း။ ရတနာတွေ ရှိလာလို့ရှိရင် ပြဿနာပဲတက်ရလိမ့်မယ်။ ငါတို့ ကျန်းမိသားစုမှာ အဲ့လို ရတနာမျိုးကို ကာကွယ်နိုင်တဲ့ခွန်အား ရှိမနေဘူး။ ပြီးတော့ တာအိုအရင်းအမြစ်အသီးကလည်း လူကြီးမင်းရဲ့ လက်ထဲမှာပဲ ရှိနေတာ။ အဲ့တော့ သူ့အပိုင်ပဲ”
ထိုစကားကိုကြားသော် သက်လတ်ပိုင်း အမျိုးသမီးက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။
“ကျွန်မ နားလည်ပါတယ် အမေ”
ထို့နောက် ရန်ကိုင့်ဘက်သို့လှည့်၍
“လူကြီးမင်း စိတ်ချထားလိုက်ပါ။ တာအိုအရင်းအမြစ်အသီးနဲ့ ပတ်သက်တဲ့ ကိစ္စကို ဒီအခန်းထဲက ကျွန်မတို့လေးယောက်ပဲ သိထားမှာပါ။ အခုလိုအချိန်မျိုးမှာ မပျက်မကွက်နဲ့ ကျန်းမိသားစုကို လာရောက်ပေးတာတင် ကျွန်မ အင်မတန် ကျေးဇူးတင်နေပါပြီ။ ကျွန်မ လူကြီးမင်းကို ထပ်ပြီး အခက်တွေ့အောင် လုပ်မှာမဟုတ်ပါဘူး”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂၀)
အမျိုးသမီးပြောသည်ကို ကြားသော် ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။
“အဲ့တာဆို အကောင်းဆုံးပဲ”
သူသည် တာအိုအရင်းအမြစ်သစ်သီးကို အရမ်းကြီး စိတ်၀င်စားခြင်း မရှိသော်ငြား အခြား တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကတော့ ထိုကဲ့သို့မဟုတ်။ သူ့တွင် တာအိုအရင်းအမြစ်သစ်သီးရှိနေကြောင်းသာ သတင်းပျံ့သွားမည်ဆိုပါက မရေမတွက်နိုင်သော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ သူ့အား အမဲလိုက်ကြပေလိမ့်မယ်။ တာအိုသခင်အဆင့် ပညာရှင်များပင် လှုပ်ရှားလာနိုင်ပေသည်။
တာအိုအရင်းအမြစ် သစ်သီးသည် တာအိုသခင်အဆင့် ပညာရှင်များအတွက် အသုံးမ၀င်သော်ငြား ထိုတာအိုသခင်အဆင့် ပညာရှင်များ၏ လက်အောက်ငယ်သားများ၊ ဂျူနီယာများအတွက်တော့ အသုံး၀င်ပေသည်။
အမျိုးသမီးကထပ်၍ ပြောလိုက်သည်။
“လူကြီးမင်း အဆင်ပြေတယ်ဆိုရင် ကျွန်မတို့ ကျန်းမိသားစုမှာ ရက်နည်းနည်း ထပ်နေသွားပါလား။ ကျွန်မ ကောင်းကောင်း ဧည့်ခံကျွေးမွေးပါရစေ”
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့အနေဖြင့် ရောက်ပြီးပြီးချင်း ချက်ချင်းပြန်ထွက်သွားဖို့ မသင့်တော်။ သို့သော်လည်း ကျန်းမိသားစုနှင့် အရမ်းကြီးလည်း မရင်းနှီးနေပြန်။ ကျန်းကောင်းရွမ်နှင့် သဘောတူထားသည့် အတွက်ကြောင့်သာ ဤနေရာသို့ ရောက်လာရခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်းမိသားစု၏ လက်ရှိအခြေအနေအရ သူသာထွက်သွားလိုက်ပြီး လုပိုင်ချွမ်သာ ထပ်ရောက်လာမည်ဆိုပါက ဤမိသားစုတစ်ခုလုံး ဒုက္ခကောင်းကောင်း ရောက်ရပေလိမ့်မည်။
လက်ရှိအခိုက်အတန့်သည် ကျန်းမိသားစုနှင့် သူ့အကြား သတောတူထားသည့် တောင်းဆိုချက်သုံးခုအနက် တစ်ခုကို အသုံးပြုနိုင်မည့် အခွင့်အရေးဖြစ်သည်။ စဉ်းစားနေရင်းမှာပင် ထူးဆန့်သည့် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရလေသည်။
“အဲ့တာ ဘာအသံလဲ”
အမျိုးသမီး၏ အမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းနားစွင့်လိုက်လေသည်။
ရန်ကိုင်ကပြုံး၍ “ကြည့်ရတာ ဆိုင်းသံ၊ ဗုံသံ ဖြစ်မယ်”
သက်လတ်ပိုင်းအမျိုးသမီး တုန်လှုပ်သွားလေသည်။ သို့သော်လည်း အဖွားအိုသည် တစ်ခုခုကို တွေးမိသွားဟန်ရကာ ဒေါသတကြီး ထအော်လေသည်။
“လုပိုင်ချွမ်၊ ခွေးသူတောင်းစား နင်တော်တော် လွန်နေပြီ”
လုပိုင်ချွမ်သာ သူမထက် ကျင့်ကြံခြင်း ပိုမြင့်သော်လည်း ဝါစဉ်အရ အဖွားအို၏ ဂျူနီယာတစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သူ့အား ဤကဲ့သို့ ဆဲရေးတိုင်းတာသည်မှာ သာမန်သာဖြစ်၏။ ထိုစကားကို ကြားသည့်အခါ သက်လတ်ပိုင်းအမျိုးသမီး၏ အမူအရာ ပြောင်းလဲသွား၏။
“ဖြစ်နိုင်တာက အဲ့ခွေးအိုကြီး”
အဖွားအိုသည် သူမဘေးနားတွင် ရပ်နေသည့် မိန်းမငယ်လေးအားကြည့်ရင်း သူမခေါင်းအား အသာအယာ ပွတ်သပ်ပေးရင်း
“မကြောက်နဲ့ အဖွားရှိတယ်။ လုမိသားစု သမီးကို မခေါ်သွားစေရဘူး”
ကောင်မလေးမှာလည်း အတော်လေးကို တော်ပေသည်။ ဘာတွေဖြစ်ပျက်နေမှန်း ခန့်မှန်းမိသော်ငြား ကြောက်လန့်သွားခြင်းမရှိဘဲ ခေါင်းခါ၍သာ ပြန်ပြောလိုက်၏ “အဖွား ရို့ရှီသာ မိသားစုကို ကယ်နိုင်မယ်ဆိုရင် ရို့ရှီ သွားပါရစေ”
“နင်ဘာတွေ ပြောနေတာလဲ” အဖွားအိုက သူ့တုတ်ကောက်ကို မြေပြင်ပေါ်စောင့်ချ၍ “နင့်အဖိုး၊ အဖေနဲ့ ညီအကိုတွေ အကုန်လုံး အဲ့လုမိသားစုလက်မှာ သေသွားတာ။ လုမိသားစုနဲ့ ငါတို့ကျန်းမိသားစု ရန်ကြွေးက ဘယ်လိုလုပ်လုပ် ကျေအေးမှာမဟုတ်ဘူး။ နင့်ကို အဲ့လိုမီးတွင်းထဲကို အဖွားဘယ်လိုလုပ် လွှတ်ရဲမှာလဲ။ စိတ်မပူနဲ့ နင့်လုံခြုံရေးကို အဖွား အာမခံတယ်”
သူတို့ပြောသည်ကိုကြားမှပဲ ရန်ကိုင်သည် သူ့ဘေးနားတွင်ရပ်နေသော ကောင်မလေးသည် လုမိသားစုမှ လိုချင်နေသည့် ကျန်းရို့ရှီမှန်း နားလည်သွားခဲ့လေသည်။ အစောပိုင်းက ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကိုသုံး၍ ဤကောင်မလေး၏ ကျင့်ကြံခြင်းကို စစ်ဆေးကြည့်ပေသည်။ ဤကောင်မလေးသည် သူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးပြီး တန်ခိုးရှင်အဆင့်သို့ပင် မရောက်သေးချေ။ အသက် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် ရှိနေသည့်တိုင် ဤကျင့်ကြံခြင်းသို့သာ ရောက်သေးသည်ကိုကြည့်လျှင် ဤကောင်မလေး၏ အရည်အချင်းသည် ကြယ်တာရာ အစုအဝေးထဲ၌ သာမန်ဟုသာ ပြော၍ရပေသည်။
သို့သော်လည်း သူမမှာ အတော်လေး ချောမောလှပပေသည်။ အလွန်ကိုမှ ချောမောလှပခြင်း မရှိသည့်တိုင် အတော်လေး လှသည်ဟု ပြော၍ရပေသည်။ သို့သော်ငြား ဤအလှလောက်ဖြင့် လုမိသားစုသည် သူ့အား တပ်မက်စရာ အကြောင်းမရှိပေ။ ဖြစ်နိုင်သည်မှာ လုမိသားစုသည် ကျန်းမိသားစုအား မျက်နှာပျက်အောင် လုပ်ချင်သည့်အတွက် သူတို့မိသားစုထဲမှ သာမန်ကာလျှံကာ လူတစ်ဦးအား ဤကောင်မလေးနှင့် လက်ထပ် ပေးလိုခြင်းသာ ဖြစ်ရမည်။ သို့သော်လည်း ထိုခန့်မှန်းချက်နှင့် ပတ်သက်၍ သိပ်မသေချာခဲ့ပေ။
ထိုစဉ် အဖွားအိုသည် ရန်ကိုင့်ဘက်လှည့်၍ အလေးအနက်အမူအရာဖြင့် ပြောလိုက်သည် “လူကြီး ကျွန်မ မင်းရှင့်ကိုတစ်ခုလောက် တောင်းဆိုချင်တယ်”
“ပြောပါအဖွား” ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
အဖွားအိုက ခေါင်းညိတ်၍ “လူကြီးမင်းရဲ့ ကျင့်ကြံခြင်းက လုပိုင်ချွမ်နဲ့ အတူတူပဲ။ တိုက်သာတိုက်ကြမယ်ဆိုရင် သူ့ကို သတ်နိုင်ဖို့က မသေချာဘူး။ ဒီတော့ လူကြီးမင်းကို သူ့ကို သတ်ပေးဖို့ မတောင်းဆိုလိုဘူး။ ပြဿနာတစ်ခုခု ရှိလာလို့ရှိရင်သာ ကျန်းမိသားစုဘက်ကနေ ဝင်ရပ်တည်ပေးဖို့ တောင်းဆိုချင်ပါတယ်”
“ဒါက တောင်းဆိုချက်လား” ရန်ကိုင်က ပြုံးလျက် မေးလိုက်သည်။
“ဟုတ်တယ်” အဖွားအိုက အလေးအနက် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
သက်လတ်ပိုင်း အမျိုးသမီးနှင့် ကျန်းရို့ရှီသည်လည်း တောင်းပန်တိုလျှိုးသည့် အမူအရာဖြင့် ကြည့်လိုက်ကြလေသည်။ တစ်ကယ်တော့ ကျန်းမိသားစုတွင် လက်ရှ်ိအချိန်၌ တစ်ကယ်တိုက်ခိုက်နိုင်သူ ဟူ၍ အဖွားအိုနှင့် သက်လတ်ပိုင်း အမျိုးသမီးသာ ရှိသည်။ ကျန်လူများသည် တန်ခိုးရှင်အဆင့်များသာ ဖြစ်သည့်အတွက် ဤတိုက်ပွဲတွင် ဘာမှ ၀င်လုပ်နိုင်မည်မဟုတ်။ သို့သော်ငြား အဖွားအိုသည် အစောပိုင်းက တိုက်ပွဲတွင် ဒဏ်ရာရထားသည့်အတွက် လုံး၀ မတိုက်ခိုက်နိုင်တော့ချေ။
ရန်ကိုင်သာ ၀င်မကူပေးလျှင် ကျန်းမိသားစု ဒုက္ခရောက်ရပေလိမ့်မည်။ သို့ရာတွင် လုပိုင်ချွမ်၏ ကျင့်ကြံခြင်းမှာ ရန်ကိုင်နှင့် အဆင့်တူတွင် ရှိနေသည်။ ထို့ကြောင်း ကျန်းမိသားစုအား ကာကွယ်ပေးပါမည်ဟု ပြောထားသည့် သဘောတူညီချက်အတိုင်း ရန်ကိုင် လုပ်ပေးဦးမည်လား မသေချာတော့ပေ။ တစ်ကယ့်တော့ ကျင့်ကြံသူတစ်ဦးသည် စကားချင်း သဘောတူထားရုံဖြင့် အားကောင်းသည့် ကျင့်ကြံသူတစ်ဦးအား မည်ကဲ့သို့ သွားရန်စမည်နည်း။ ထို့ကြောင့် ရန်ကိုင် သဘောမတူမည်ကို သူတို့ အတော်လေး စိုးရိမ်နေကြပေသည်။
“ဒီတောင်းဆိုချက်က…” ရန်ကိုင်က ရယ်မော၍
ရန်ကိုင်၏ ရုတ်တရက် ရပ်တန့်သွားသေ လေသံကြောင့် ခန်းမထဲတွင် ရှိနေကြသော လူအကုန်လုံး ရင်တဒိန်းဒိန်း ခုန်သွားကြသည်။
“အဆင်ပြေပါတယ်”
ထိုအခါမှပဲ အဖွားအို သက်ပြင်းချလိုက်နိုင်လေသည်။ သက်လတ်ပိုင်း အမျိုးသမီးနှင့် ကောင်မလေးတို့မှာလည်း ရန်ကိုင့်အား ကျေးဇူးတင်တကြီးဖြင့် ကြည့်လိုက်ကြသည်။
“ဒါပေမဲ့အဖွား ဒီတစ်ကြိမ် ကျုပ် ကျန်းမိသားစုမှာရှိနေလို့ ကာကွယ်ပေးလို့ရတာ ဟုတ်တယ်။ ကျုပ်မရှိတဲ့အချိန် သူတို့ ထပ်လာရင်ရော။ အဲ့အခါကျရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ ကျုပ်က ဒီမှာအမြဲတမ်း ရှိနေနိုင်မှာ မဟုတ်ဘူးနော်” ရန်ကိုင်က ပြောလိုက်သည်။
ထိုအခါ အဖွားအိုက မျက်မှောင်ကြုတ်၍
“တစ်ကြိမ်မှာ တစ်လှမ်းပဲ လှမ်းရမှာပေါ့”
ရန်ကိုင်က ဆက်ပြောလိုက်သည်။
“အဖွား တစ်ခါထဲ ကျူပင်ခုတ် ကျူငုတ်ပါ ရှင်းမပစ်ချင်ဘူးလား”
“ကျူပင်ခုတ် ကျူငုတ်ပါရှင်းဖို့” အဖွားအို၏ မျက်လုံးများ တလက်လက် တောက်ပလာခဲ့သည်။ ထို့နောက် အလျင်အမြန် ပြန်မေးလိုက်သည် “လူကြီးမင်း သေချာလို့လား။ လုမိသားစုမှာ လုပိုင်ချွမ် တစ်ယောက်ထဲရှိတာ မဟုတ်ဘူးနော်။ အခြားသူတွေလည်း အများကြီးရှိသေးတယ်”
“ကျုပ် ကြိုးစားကြည့်လို့ရတယ်” ရန်ကိုင်က ပြန်ပြောလိုက်သည်။
ထိုစကားကိုကြားသည့်အခါ အဖွားအို ကြောင်သွားခဲ့ပြီး ရန်ကိုင့်အား နောက်တစ်ကြိမ် သေသေချာချာ ထပ်မံစစ်ဆေးကြည့်လေသည်။ ခဏတာ တုန့်ဆိုင်းနေပြီးနောက် ပြန်၍ ပြောလိုက်၏။
“အဲ့လိုသာဆို လူကြီးမင်းကို တစ်ကယ် ကျေးဇူးတင်မှာပါ။ လူကြီးမင်းကို မနက်မိုးလင်းတိုင်း၊ ညအိပ်ရာဝင်တိုင်း အမွှေးနံ့သာ၊ ဆီမီးတိုင်တွေနဲ့ မျိုးရိုးအစဉ်အဆက် ပူဇော်ပေးဆိုရင်တောင် အဲ့လို လုပ်ပေးလို့ရတယ်”
“အဲ့လောက်တော့ မလိုအပ်ပါဘူး” ရန်ကိုင်က ပြုံး၍
“ဒါပေမဲ့ ကျုပ်တို့ပြောထားတဲ့ သဘောတူညီချက်ကိုတော့ နည်းနည်းလေး ပြန်ပြင်ရလိမ့်မယ်”
“သဘောတူညီချက်…” အဖွားအို ကြောင်သွားခဲ့လေသည်။
သို့သော်လည်း ချက်ချင်းပဲ မဲ့ပြုံးပြုံး၍
“လူကြီးမင်း ဘာလိုချင်နေတာလဲမသိဘူး။ ကျွန်မတို့ ကျန်းမိသားစုမှာ လူကြီးမင်း စိတ်၀င်စားတာ မရှိလောက်ဘူး ထင်ပါတယ်”
“အဖွား နားလည်မှုလွဲနေပြီ။ ကျုပ်ဘာမှ လိုချင်တာ မရှိဘူး” ရန်ကိုင်က လက်ဝှေ့ယမ်း၍
“ဒါပေမဲ့ အခုလိုလုပ်ရတာ ကျုပ်အတွက် နည်းနည်း အရဲစွန့်ရတယ်လေ။ ပြီးတော့ ကျုပ်က အနှောင်အဖွဲ့တွေနဲ့ နေရတာ သဘောမကျဘူး။ ဒီတော့ ကျုပ်သာ လုမိသားစုကို ရှင်းပေးနိုင်မယ်ဆိုရင် ကျုပ်နဲ့ ရောင်ရင်းကျန်းကြားက သဘောတူညီချက်ကို ဖြည့်ဆည်းပေးလိုက်တယ်လို့ ပြောလို့ရပြီ။ နောက်ပိုင်း ကျန်းမိသားစုက ဘာတောင်းဆိုချက်ကိုမှ ကျုပ်လက်ခံပေးတော့မှာ မဟုတ်ဘူး။ အဲ့တာဆို ဘယ်လိုလဲ”
“လူကြီးမင်းပြောချင်တာက” အဖွားအိုက သတိကြီးကြီးဖြင့် ပြန်မေးလိုက်လေသည်။
“ကျုပ်ပြောချင်တာက ကျုပ်သာ အခုတစ်ကြိမ် လုမိသားစုကို ရှင်းပေးလိုက်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ တောင်းဆိုချက်သုံးခုစလုံးကို ဖြည့်ဆည်းပေးလိုက်တာနဲ့ ညီသွားပြီ။ ဒါအဆင်မပြေလို့ အရင်ပုံစံအတိုင်းပဲ သွားချင်တယ်ဆိုလည်းရတယ်။ ခင်ဗျားတို့ ကြိုက်တာ ရွေးပေါ့”
ထိုစကားကို ကြားသည့်အခါ အဖွားအိုက ချက်ချင်းပြန်ပြောလိုက်လေသည် “လုမိသားစုကို ရှင်းပစ်တာကိုပဲ ရွေးမှာပေါ့။ လူကြီးမင်းသာ ကျန်းမိသားစုအတွက် လက်စားပြန်ချေပေးနိုင်မယ်ဆိုရင် တောင်းဆိုချက် သုံးခုစလုံးကို ဖြည့်ဆည်းပေးတယ်လို့ သဘောတူလိုက်လို့ရတယ်။ အဲ့တာအပြင် ကျွန်မကိုယ်တိုင်ကလည်း လူကြီးမင်းကို အရမ်းကိုမှ ကျေးဇူးတင်မိဦးမှာ”
“ကောင်းပြီလေ။ ခင်ဗျားတို့ အဲ့လိုပြောမှတော့ အဲ့အတိုင်းပဲ လုပ်ကြတာပေါ့” ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် မတ်တတ်ရပ်လိုက်လေသည်။
“ဒီမှာ စောင့်နေနှင့်” ပြောပြီးသည့်နောက် လှည့်ထွက်သွားလေသည်။
“လူကြီးမင်း ကျွန်မလည်းလိုက်မယ်” သက်လတ်ပိုင်း အမျိုးသမီးက ၀င်ပြောလိုက်လေသည်။
ထိုစကားဆုံးသွားသည်နှင့် ရန်ကိုင့်၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
“ငါ့ကိုထူပေးဦး။ ငါလည်း သွားကြည့်ရမယ်” အဖွားအိုသည် စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ရပ်၍ သူမဘေးနားတွင်ရှိနေသော ကျန်းရို့ရှီအား ပြောလိုက်လေသည်။
ကျန်းမိသားစု၏ ခြံ၀န်းအပြင်ဘက်တွင် အိုးစည်၊ ဗုံမောင်း တို့ဖြင့် စည်ကားနေလေသည်။ အိုးစည်၊ ဗုံမောင်းတို့ကို တီးခတ်နေသည့် လူများသည် အထက်စီးဆန်သည့် အမူအရာဖြင့် ကျန်းမိသာစုအိမ်ရှေ့သို့ ရောက်လာခဲ့ကြသည်။ လူအုပ်ထဲတွင် အားကောင်းမောင်းသန် လူရှစ်ဦးသည် အနီရောင်ပိတ်စများဖြင့် ဖုံးအုပ်ထားသော သတ္တာများစွာကို တင်လာသည့် ဝေါယာဉ်အား ထမ်းထားခဲ့လေသည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ဤလူများသည် တရုတ်ရိုးရာအရ လာရောက်တောင်းရမ်းသည့် လူများဖြစ်ကြောင်း သိနိုင်ပေသည်။ လက်ရှိတွင် ဤလူအုပ်သည် ကျန်းမိသားစု၏ ခြံ၀န်းအပြင်ဘက်တွင်ရပ်လိုက်ပြီး အသက်လေးဆယ်လောက်ရှိမည် ထင်ရသည့် မုတ်ဆိတ်မွှေးနှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးမှာ ရှေ့သို့ထွက်လာခဲ့လေသည်။ ထိုလူသည် ထက်ရှသည့် မျက်လုံးများကို ပိုင်ဆိုင်ထားပြီး အားကောင်းသည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားပေသည်။
သက်လတ်ပိုင်းလူကြီး၏နောက်တွင် အနီရောင် ၀တ်ရုံကို ၀တ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ရှိနေခဲ့သည်။ ထိုလူငယ်လေး၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားလှခြင်း မရှိဘဲ သူတော်စင်ဘုရင် တတိယအဆင့်သာ ရှိသေးသည်။ အသက်မှာလည်း အရမ်းကြီးသည့်ပုံမပေါ်ဘဲ ဆယ့်ခြောက်၊ ဆယ့်ခုနှစ်လောက်သာ ရှိမည် ထင်ရသည်။ သို့သော်ငြား သူ့မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ၀င်းပနေခဲ့လေသည်။
လက်ရှိတွင် ကျန်းမိသားစုမှ လူများသည် သူတို့ခြံရှေ့သို့ ရောက်လာကြသူများအား ဒေါသတကြီး အမူအရာများဖြင့် စူးရဲစွာ စိုက်ကြည့်နေကြလေသည်။ သူတို့ကြားရှိ အလွန်အမင်းကွာခြားသော ခွန်အားကြောင့်သာ မဟုတ်လျှင် ခြံ၀န်းထဲရှိ အမျိုးသမီးများအားလုံး ရောက်ရှိလာကြသူများကို ပြေး၀င်တိုက်ခိုက်နေကြလေပြီ။
“လုပိုင်ချွမ် မင်းငါတို့ ကျန်းမိသားစုကို လာရဲတဲ့ သတ္တိရှိသေးတယ်ပေါ့” အစောပိုင်းက ရန်ကိုင့်အား တိုက်ခိုက်ခဲ့သည့် ခပ်၀၀နှင့် ကျင့်ကြံသူသည် အံကြိတ်၍ အော်ပြောလိုက်လေသည်။
“ငါတို့ကျန်းမိသားစုက မင်းတို့ လုမိသားစုနဲ့ အမြဲတမ်း ကောင်းကောင်းမွန်မွန်ပဲ ရှိနေခဲ့တာ။ ဒါပေမဲ့ အခု အဲ့တာတွေအားလုံးက အချည်းနှီးပဲ။ မင်းတို့ ကျန်းမိသားစုရဲ့ လောဘက အကန့်အသတ်ကိုမရှိဘူး။ သေသွားတဲ့ ကျန်းမိသားစုရဲ့ တပည့်တွေအတွက် ငါလက်စားပြန်ချေမယ်။ မဟုတ်ရင် ငါ ယောင်္ကျားမဟုတ်တော့ဘူး”
လုပိုင်ချွမ်သည် ခပ်၀၀နှင့် ကျင့်ကြံသူအား ကြည့်၍ ပြောလိုက်လေသည်။
“ဂျူနီယာ ဒီလူအိုကြီးက မင်းတို့မိသားစုကို သတို့သမီးတောင်းရမ်းဖို့ လာခဲ့တာမလို့ ဒီတစ်ကြိမ်တော့ မင်းရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးလိုက်မယ်။ အခုချက်ချင်း မင်းဒေါ်လေးချန်ကို ခေါ်လိုက်”
“ဒေါ်လေးချန်လို့ ခေါ်ရဲတဲ့သတ္တိ မင်းမှာရှိသေးတယ်ပေါ့” ခပ်ပိန်ပိန် ကျင့်ကြံသူက ၀င်ပြောလိုက်လေသည်။
“လုပိုင်ချွမ် အခုမှပဲ ဒီအဖေ မင်းတို့မိသားစု ဘယ်လောက်အရေထူမှန်း သိသွားတော့တယ်။ မင်းတို့ အရေထူချက်က မြို့နံရံတောင် အရှုံးပေးရလောက်တယ်”
“ဂျူနီယာ မင်းသေချင်နေတာလား”
မည်သို့ပင် ဖြစ်စေကာမူ လုပိုင်ချွမ်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေပေသေးသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူနှစ်ဦးမှာ သူ့အား အဆက်မပြတ် ရန်စစော်ကားနေသည်ကို မြင်သော် စတင်ဒေါသထွက်လာခဲ့လေသည်။
“ငါ့ရှေ့မှာ မင်းကိုယ်မင်း အဖေလို့ လာပြောရဲတယ်လား” ပြောပြီးသည်နှင့် ခပ်ပိန်ပိန်နှင့်လူအား လှမ်းဖမ်းလိုက်လေသည်။ ခပ်ပိန်ပိန်နှင့်လူ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး သူတော်စင်ချီကို အသည်းအသန်လှည့်ပတ်၍ လုပိုင်ချွမ်၏ တိုက်ခိုက်မှုမှ ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။ သို့ရာတွင် သူမည်မျှပင် ကြိုးစားစေကာမူ ဘယ်လိုမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူတို့နှစ်ဦးကြားရှိ ခွန်အား ကွာခြားချက်မှာ အလွန်ကိုမှ ကြီးမားလှသည်။
တစ်ဦးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူဖြစ်ပြီး နောက်တစ်ဦးမှာ တန်ခိုးရှင် ပထမအဆင့်သာ ဖြစ်လေသည်။ ရှင်းရှင်းပြောရလျှင် လုပိုင်ချွမ်သည် ခပ်ပိန်ပိန်လူအား လက်တစ်ချောင်းနှင့်ပင် သတ်ပစ်နိုင်လေသည်။ သူ့ခေါင်းဆီသို့ တဖြည်းဖြည်းတိုး၀င်လာနေသော လက်ကိုမြင်လျှင် ခပ်ပိန်ပိန်နှင့်လူသည် ရူသွပ်သွားသည့် အမူအရာဖြင့် “လုပိုင်ချွမ် ငါသေမယ်ဆိုရင်တောင် မင်းလည်း မသက်သာစေရဘူး”
ပြောပြီးသည်နှင့် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် လက်ကွက်တစ်ခုကို ဖန်တီးလေသည်။
“ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့ ကြိုးစားချင်နေတာလား” လုပိုင်ချွမ်၏မျက်လုံး မှေးစင်းသွားခဲ့ပြီး နှားခေါင်းရှုံ့လိုက်လေသည်။
“ဒီလူအိုကြီးရှေ့မှာ မင်းကိုယ်မင်း ဖောက်ခွဲလို့ရမယ် ထင်နေတာလား။ ကောင်းပြီလေ ဒီနေ့က ထောင်းအာရဲ့ မင်္ဂလာပွဲနေ့မှာဆိုတော့ နည်းနည်းပါးပါး စိတ်၀င်စားစရာကောင်းအောင် လုပ်ပေးရမှာပေါ့။ ကောင်လေး သေလိုက်ပေတော့”
ပြောပြီးသည်နှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်လေရာ အနက်ရောင် စွမ်းအင်တစ်မျိုးသည် ခပ်ပိန်ပိန်လူဆီသို့ လွှမ်းခြုံသွားလေသည်။ ခပ်ပိန်ပိန်နှင့်လူ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပေသည်။ သူ့ကိုယ်သူ ဖောက်ခွဲရန် မကြိုးစားနိုင်ခင်မှာပင် အနက်ရောင်စွမ်းအင်သည် သူ့ကိုဖိချေရန် ကြိုးပမ်းလာခဲ့သည်။ ထိုစဉ် အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ခပ်ပိန်ပိန်နှင့် ကျင့်ကြံသူ မြင်လိုက်ရပေသည်။
ထိုအလင်းတန်းအောက်တွင် အနက်ရောင် အလင်းတန်းမှာ မှန်တစ်ချပ်နှယ် ကွဲကြေသွားခဲ့ရသည်။ တစ်ချိန်ထဲတွင် သူ့အပေါ် သက်ရောက်နေသည့် ဖိအားမှာလည်း ပျောက်ကွယ်သွားခဲ့သည်။ အခွင့်အရေးရသည်နှင့် တစ်ချက်လေးပင် တုန့်ဆိုင်းမနေတော့ဘဲ အနောက်သို့ ခုန်ဆုတ်လိုက်လေသည်။ တစ်ချိန်ကို လုပ်လက်စအလုပ်ကို အပြီးသတ်ရန် ကြိုးစားနေသည့်အလား လက်ကွက်ကို ဖန်တီး၍ သူ့ကိုယ်သူဖောက်ခွဲရန် ကြိုးစားလိုက်၏။