← Chapters

အခန်း (၂၀၂၆-၂၀၃၀)

Vol. 82 Ch. 2026-2030

အခန်း (၂၀၂၆-၂၀၃၀)

Vol. 82 Ch. 2026-2030

အပိုင်း (၂၀၂၆)

တာအိုသခင်အဆင့်သို့ မချိုးဖျက်ခင်အထိ ခရမ်းငွေလ ရေခဲဆေဘာဓါးသည် သူ့အတွက် အတော်လေး အသုံးဝင်ပေလိမ့်မည်။

လက်ရှိတွင် ရန်ကိုင်၏ အဖိုးအတန်ဆုံးသော မှော်ရတနာများသည် ဧကရာဇ်မှော်ရတနာ (၄)ခုသာ ဖြစ်ကြသည်။ သို့သော် ထိုမှော်ရတနာ (၄)ခုမှာ လူရှေ့သူရှေ့တွင် အလွယ်တကူ ထုတ်ပြ၍မရသည့် မှော်ရတနာများဖြစ်ကြသည်။

ထိုမှော်ရတနာ (၄)ခုကို ဖယ်ထားပါက သူ့၌ နဂါးအရိုးဓါးသာ ကျန်တော့လေသည်။ သို့သော်လည်း နဂါးအရိုးဓါးကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ပစ်ရန် စဥ်းစားထားပြီးပြီ ဖြစ်သည့်အတွက်ကြောင့် ထိုမှော်ရတနာသည် မကြာခင်အတွင်း ရှိတော့လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် ခရမ်းငွေလ ရေခဲဆေဘာဓါးသည် သူ့အတွက် ရေတိုဖြေရှင်းစရာတစ်ခု ဖြစ်လာခဲ့သည်။ မှော်ရတနာ၏ အဆင့်မှာ အရမ်းကြီး မြင့်မားခြင်းမရှိသည့်အတွက် ထုတ်သုံးသည့်အခါ အရမ်းကြီး အာရုံစိုက်စရာ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ဤမှော်ရတနာသည် နိယာမစွမ်းအား အချို့ကိုလည်း ထုတ်သုံးနိုင်သေးသည်။ ထိုသို့ တွေးပြီးနောက်တွင် ရန်ကိုင်သည် ခရမ်းငွေလ ရေခဲဆေးဘာဓါးကို ပြန်သိမ်းလိုက်လေသည်။ ထိုမှော်ရတနာကို သန့်စင်ရန် မစဥ်းစားတော့ပေ။

သန့်စင်ခြင်းသည် အချိန်လည်းကုန် အင်အားလည်း ကုန်ပေသည်။ ထို့ထက် ပိုကောင်းသည့် မှော်ရတနာတစ်ခုကို တွေ့မှသာ သန့်စင်ရန်ကြိုးစားပေတော့မည်။

ထို့နောက်တွင် သိုလှောင်လက်စွပ်ထဲမှ လေဟာနယ်ဝိညာဥ် ကျောက်စိမ်းကို ထုတ်ယူလိုက်လေသည်။ ဤအနက်ရောင်ကျောက်စိမ်းသည် ယခင်တစ်ခါနှင့် အနည်းငယ်ကွာခြားနေသည်ကို တွေ့လိုက်ရသည်။

လက်ရှိတွင် လေဟာနယ်ဝိညာဥ်ကျောက်စိမ်းသည် မသိမသာလေး တုန်ခါနေပြီး နက်နဲဆန်းကျယ်သော စွမ်းအင်လှိုင်းတစ်ခုကိုလည်း ထုတ်လွှတ်နေခဲ့သည်။

ကျောက်စိမ်း၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင် လှိုင်းတွန့်လေးများကိုပင် တွေ့မြင်နေရသည်။ ကျောက်စိမ်းမှာ အရာအားလုံးကို ဝါးမျိုပစ်ချင်နေသည့် အမှောင်ထု တွင်းနက်ကြီးတစ်ခုနှယ်… အရောင်မှာလည်း ယခင်တစ်ကြိမ်ထက်ကို ပို၍နက်မှောင်နေခဲ့သည်။

"တကယ်ကြီးဖြစ်နေတာပဲ" ထိုအချက်ကို မြင်လိုက်သည့်အခါ လေဟာနယ်ဝိညာဥ်ကျောက်စိမ်း၏ ပြောင်းလဲမှုသည် ကျန်းရို့ရှီနှင့် အမှန်တကယ်ကို ဆက်စပ်နေမှန်း ရန်ကိုင် လုံးဝ ယုံကြည်သွားတော့သည်။

လုအိမ်တော်တွင် ရှိနေစဥ်က ဤကျောက်စိမ်းမှာလုံးဝကို ငြိမ်သက်နေခဲ့သည်။ သို့သော်လည်း ယခုမူ လေဟာနယ် ဝိညာဥ်ကျောက်စိမ်းဆီမှ လေဟာနယ်စွမ်းအင်လှိုင်းတို့ ဖြာထွက်နေသည်ကို ရန်ကိုင် အသေအချာ ခံစားမိနေခဲ့သည်။

တစ်စုံတစ်ဦးသည်သာ ထိုစွမ်းအင်လှိုင်းများကြားဝယ် အချိန်အတော်ကြာအောင် အာရုံစိုက်ကာ စိတ်နစ်မြောလိုက်မည်ဆိုပါက လေဟာနယ်စွမ်းအားကို စတင် တတ်ကျွမ်းလာနိုင်ပေလိမ့်မည်။

ကျန်းရို့ရှီသည် လုမိသားစုတွင် တစ်လကြာအောင် နေခဲ့သည်။ ထိုအချိန်အတောအတွင်း လုပိုင်ချွမ်သည် လေဟာနယ်တာအိုကို နားလည်သွားနိုင်ခဲ့သည်။

လုပိုင်ချွမ်၏ ကျန်းမိသားစုအပေါ် သဘောထား ပြောင်းလဲသွားရခြင်းမှာ ဤလေဟာနယ်ဝိညာဥ် ကျောက်စိမ်းကြောင့်ပင် လုံးဝဖြစ်နိုင်ပေသည်။

သို့သော်လည်း ဤပြောင်းလဲမှုမျှလောက်ဖြင့် ရန်ကိုင့်အနေဖြင့် ပိုမိုနက်နဲသော လေဟာနယ်စွမ်းအားကို နားလည်နိုင်လိမ့်မည်မဟုတ်။ဤလေဟာနယ်ဝိညာဥ် ကျောက်စိမ်းကိုသာ ကျန်ရို့ရှီဆီသို့ ပေးလိုက်ပါက မည်ကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်လာနိုင်မလဲ ဆိုသည်ကိုလည်း ရန်ကိုင်သိချင်နေမိသည်။

ဤအရာသည် လတ်တလောတွင် သူ့လက်ထဲ၌ ရှိနေသော်လည်း တကယ့်ပိုင်ရှင်အမှန်မှာ ကျန်းမိသားစု ဖြစ်သည်။ သို့သော်ငြား လက်ရှိတွင် ရန်ကိုင်မှ ပိုင်ဆိုင်ထားသည့်အတွက် သူ့အပိုင်ဖြစ်နေပြီ ဟုပြော၍ရသည်။

ရန်ကိုင်သည် ဤပစ္စည်းကို တိုက်ပွဲဆုလာဘ်အဖြစ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်းမိသားစုတွင် ဤအရာကို ပြန်လည်ရယူခွင့် မရှိတော့ချေ။ သို့သော်လည်း ထိုကဲ့သို့ ဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင့်အနေဖြင့် ဤကျောက်စိမ်းအကြောင်းကို ကျန်းမိသားစုအား ပေါ်တင်ကြီး သွားမေး၍လည်း ဖြစ်သည်တော့မဟုတ်။

ထိုအပြင် ကျန်းမိသားစု ကိုယ်တိုင်ကလည်း လေဟာနယ်ဝိညာဥ် ကျောက်စိမ်းအကြောင်းကို ဘာမှ သိမထားလောက်။ ထို့ကြောင့်သာ မဟုတ်လျှင် ဤအရာကို လွန်ခဲ့သော နှစ်နှစ်ရာခန့်က လက်ထပ်ပွဲတွက် လက်ဖွဲ့ ပစ္စည်းအဖြစ် ပေးခဲ့လိမ့်မည် မဟုတ်ချေ။

ကြည့်ရသလောက် သူ့ကိုယ်သူ အားကိုးရုံသာ ရှိတော့လေသည်။

ထိုသို့ဖြင့် ရန်ကိုင်သည် လေဟာနယ်ဝိညာဥ် ကျောက်စိမ်းကို သေသေချာချာ စတင်လေ့လာတော့သည်။

နောက်၂ရက်အတွင်း ရန်ကိုင်သည် ကျန်းမိသားစုထဲတွင်နေကာ လေဟာနယ်ဝိညာဥ် ကျောက်စိမ်းကို သေသေချာချာ လေ့လာခဲ့သည်။ သို့သော်ငြား မည်သည့် အဖိုးတန်သည့် အကြောင်းအရာကိုမှ ရှာမတွေ့ခဲ့ပေ။

ဤနေရာတွင် ဆက်နေ၍လည်း ဘာမှ အကျိုးရှိမည်မဟုတ်မှန်း သိလိုက်သော် ကျန်းမိသားစုဆီမှ ထွက်သွားရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် ကျန်းမိသားစုအား နှုတ်ဆက်ရန် ချက်ချင်းပြင်တော့သည်။

အဖွားအိုနှင့် သက်လတ်ပိုင်းအမျိုးသမီးသည် ရန်ကိုင့်အား နောက်ရက်နည်းနည်းလောက်ကြာအောင် ဆက်နေရန် ပြောပါသော်ငြား ရန်ကိုင်က ထွက်သွားမည်ချည်း တကဲကဲ လုပ်နေသဖြင့် အမျိုးသမီးနှစ်ဦးလည်း ဆက်၍ ဖိအားပေးမနေတော့ဘဲ ရန်ကိုင့်ကိုသာ ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့လေတော့သည်။

"ကျေးဇူးရှင် နောက်ပိုင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါဦးနော်။ အချိန်ရှိလို့ ကျန်းမိသားဆီကို လာလည်မယ်ဆိုလည်း ကျွန်မတို့ မိသားစုက ဝမ်းပန်းတသာ ကြိုဆိုနေမှာပါ"

၂ရက်ကြာအောင် အားဖြည့်ပြီးနောက်တွင် အဖွားအိုမှာ အတော်လေး ပြန်ကောင်းလာခဲ့သည်။

သို့သော်လည်း သူမ၏ အသက်အရွယ်၊ ရရှိထားသည့် ဒဏ်ရာမှာ အတော်လေး ပြင်းထန်သည့်အတွက် အပြည့်အဝ ပြန်မကောင်းနိုင်သေးချေ။ သူမ၏ အမူအရာကိုမြင်သော် ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည် "အခွင့်အရေးရှိရင်တော့ လာလည်မှာပေါ့။ အဲ့ဒီအခါကျရင်တော့ အဘွား ကျုပ်ကို နှင်မထုတ်နဲ့နော်"

"ကျွန်မတို့မိသားစု အခုလိုဆက်ပြီး တည်ရှိနေနိုင်တာ ကျေးဇူးရှင်ကြောင့်ပဲလေ၊ ဘယ်လိုလုပ် နှင်ထုတ်ရမှာလည်း။

ရှင်းရှင်းပြောရရင် ကျွန်မအနေနဲ့ ကျေးဇူးရှင်ကို လက်ဆောင်တောင် ပေးချင်သေးတယ်။ ဒါပေမယ့် အခုလောလောဆယ် ကျန်းမိသားစုမှာ ဘာပေးစရာမှ မရှိဘူးဖြစ်နေတယ်။ ဒါပေမယ့် အခုကြည့်ကြည့်တော့ ကျေးဇူးရှင်ဟာ တစ်ကိုယ်တော်ကျင့်ကြံသူနဲ့ တူတယ်။ ဒီတော့ ကျေးဇူးရှင်အဖို့ နေ့စဉ်ဝေယျာဝစ္စတွေ အကုန်လုံးကို ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရမှာပေါ့။ အဲ့တာကြောင့် ကျွန်မက ကျေးဇူးရှင်ရဲ့ နေ့စဥ် ဝေယျာဝစ္စတွေ လုပ်ပေးရအောင် ရို့ရှီကို ကျေးဇူးရှင်နဲ့အတူ ထည့်ပေးလိုက်ဖို့ စဥ်းစားထားတယ်။ ကျေးဇူးရှင် ဘယ်လိုထင်လဲဟင်" သက်လတ်ပိုင်း အမျိုးသမီးသည် သူမနောက်တွင် ပုန်းနေသော ကျန်းရို့ရှီကို ရှေ့သို့ ဆွဲခေါ်လိုက်ရင်း ရုတ်တရက် ဝင်ပြောလိုက်လေသည်။

"ဟမ်" ရန်ကိုင်ကြောင်သွားခဲ့လေသည်။ သက်လတ်ပိုင်းအမျိုးသမီး ဤကဲ့သို့ ပြောလာလိမ့်မည်ဟု သူ လုံးဝမထင်ထားချေ။ ရန်ကိုင့်၏ အကြည့်သည် မိန်းမငယ်လေးဆီသို့ အလိုလိုရောက်ရှိသွားခဲ့သည်။

သို့သော်ငြား ကောင်မလေးမှာတော့ ခေါင်းကို လုံးဝ အောက်စိုက်ထားခဲ့ပြီး သူမအဝတ်စားများကို လက်ဖြင့် ဖျစ်ညှစ်နေခဲ့သည်။ မျက်နှာတစ်ခုလုံး ပန်းနီရောင်သန်းနေပြီး နားသီးလေးများပင် ရဲရဲနီနေခဲ့သည်။

မကြာမီ သက်လတ်ပိုင်းအမျိုးသမီး၏ ရည်ရွယ်ချက်ကို ရန်ကိုင် နားလည်သွားခဲ့လေသည်။ ကျန်းမိသားစုသည် လက်ရှိတွင် အတော်လေးကို အားနည်းနေခဲ့လေပြီ။ အားကောင်းသော ရန်သူများ သူတို့မိသားစုအား ကျုးကျော်လာမည်ကို ကြောက်ရွံ့သည့်အတွက်ကြောင့် ရန်ကိုင်နှင့် ဆက်ဆံရေးကောင်းတစ်ခု ထူထောင်လိုနေခြင်းဖြစ်သည်။ ကျန်းရို့ရှီသည် ကျန်းမိသားစုနှင့် ရန်ကိုင်ကြား ဆက်ဆံရေးတစ်ခုကို တည်ဆောက်ပေးမည့် တံတားတစ်စင်း ဖြစ်သည်။

ရန်ကိုင်သာ သဘောတူလိုက်မည် ဆိုပါက သူ့အနေဖြင့် ကျန်းမိသားစု အန္တရာယ်တစ်ခုခုနှင့် ကြုံရသော် ဤအတိုင်း ရပ်ကြည့်နေရတော့လိမ့်မည်မဟုတ်ချေ။ ကျန်းရို့ရှီ၏ မျက်နှာကိုထောက်ကာ ဝင်ကူညီပေးရပေလိမ့်မည်။

ထိုအချက်ကို နားလည်သွားခဲ့သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့စိတ်ထဲ သက်လတ်ပိုင်းအမျိုးသမီး၏ စကားကို ငြင်းလိုက်ချင်သော်ငြား ချက်ချင်းမငြင်းခဲ့ပေ။ အကြောင်းမှာ ရန်ကိုင်သည် ကျန်းမိသားစုဆီသို့ နောက်တစ်ကြိမ် ပြန်လာရန် စီစဥ်ထားသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

ခန်စစ်ရန်နှင့် ပြောထားသည့် ကိစ္စအားလုံးကို အရင်ရှင်းပီးနောက် ကျန်းမိသားစုဆီသို့ ပြန်လာပြီး လေဟာနယ်ဝိညာဥ် ကျောက်စိမ်းကို လေ့လာရန်အတွက် ဧည့်သည်တစ်ဦးအနေဖြင့် ခေတ္တနေရန် ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့်သာ မဟုတ်လျှင် အဖွားအို၏ နောက်ပိုင်းလာလည်ပါ ဟူသော ကမ်းလှမ်းချက်ကို သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ကံကြမ္မာအလှည့်အပြောင်းအရ ကျန်းမိသားစုသည် ကျန်းရို့ရှီအား သူ့လက်ထဲသို့ ထိုးအပ်လာခဲ့သည်။ သက်လတ်ပိုင်းအမျိုးသမီး၏စကားကို ကြားပြီးနောက် စိုင်ကော်၍ ခြုံပေါ်ရောက်ပြီမှန်း ရန်ကိုင် တန်းသိလိုက်လေသည်။

ရန်ကိုင် တုံ့ဆိုင်းနေသည်ကိုမြင်သော် ကျန်းရို့ရှီမှာ ပို၍ရှက်လာခဲ့သည်။ သို့ရာတွင် သက်လတ်ပိုင်း အမျိုးသမီးကမူ ပြုံး၍သာ ပြန်ပြောလိုက်သည်။ "ရို့ရှီက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ကျင့်ကြံခြင်းကလည်း နိမ့်တယ်ဆိုပေမယ့် သူက တော်တော်လေးတော်တဲ့ မိန်းကလေးပါ။ ကျေးဇူးရှင်သာ သူ့ကို ခေါ်သွားမယ်ဆိုရင် နောက်ပိုင်း သိပ်အရေးမပါတဲ့ ကိစ္စလေးတွေ ရှိလာတဲ့ အခါကျရင် ကျေးဇူးရှင်ကိုယ်တိုင် လိုက်လုပ်နေစရာ မလိုတော့ဘူး။ ရို့ရှီကို လုပ်ခိုင်းလိုက်လို့ ရပါတယ်။

ကျေးဇူးရှင်ဘာသာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး တာအိုသခင်အဆင့်ကို မြန်မြန်ချိုးဖျက်ဖို့ ကြိုးစားလို့ရပြီ။"

သက်လတ်ပိုင်းအမျိုးသမီးသည် ကျန်းရို့ရှီအား ရန်ကိုင်ရှေ့သို့ ဆွဲခေါ်လိုက်ပြီး ရန်ကိုင့် အမူအရာကို ကြည့်ရင်း ပြောလိုက်လေသည်။

"ဒါပေမယ့် ကျေးဇူးရှင်က မခေါ်သွားချင်ဘူး ဆိုရင်တော့ ရို့ရှီ ကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့။ "

သူ့စကားကို ကြားသည့်အခါ ကျန်းရို့ရှီ အနည်းငယ် တုန်ရီသွားခဲ့လေသည်။ သူမ၏ လက်သီးများကိုလည်း တင်းတင်းကျပ်ကျပ် ဆုပ်လိုက်၏။

"ညီမရို့ရှီက ဥာဏ်ကောင်းပြီး တော်တဲ့မိန်းကလေးပဲ။ ဘယ်လိုလုပ်ပြီး ကျုပ်သူ့ကို မကြိုက်ရမှာလည်း။ ပြဿနာက…" ရန်ကိုင်သည် မျက်မှောင်ကြုတ်၍ အဖွားအိုအား လှမ်းကြည့်လိုက်လေသည်။

သို့သော်ငြား အဖွားအိုသည် မျှော်လင့်တကြီး အမူအရာဖြင့် သူ့အား ပြန်ကြည့်နေသည်ကို မြင်သော် ဤကိစ္စအကြောင်းကို အဖွားအိုနှင့် သက်လတ်ပိုင်း အမျိုးသမီးတို့သည် သူတို့ဘာသာ ဆွေးနွေးတိုင်ပင်ပြီးသွားပြီမှန်း ရန်ကိုင် သဘောပေါက်လိုက်လေသည်။

မနေ့ည ညစာစားပွဲတွင် သူ့ဘက်မှ ကျန်းရို့ရှီအား ခနခန လှည့်ကြည့်မိလိုက်သည့် အတွက် ဤကဲ့သို့ သဘောထားလွဲမှားမှုများ ဖြစ်လာခဲ့သည့်ပုံပင်။

ခေါင်းငိုက်ငိုက်ဆိုက်နေသော ကျန်းရို့ရှီကိုမြင်သော် ရန်ကိုင်သည် သက်ပြင်းချ၍ သဘောတူရန်သာ ဆုံးဖြတ်လိုက်လေသည်။ "ကျုပ်က တစ်ဖက်လူ စိတ်ဆန္ဒမပါဘဲ အတင်းဖိအားပေးလုပ်ရတာကို မကြိုက်တာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် ညီမရို့ရှီကို ကိုယ်တိုင်မေးလိုက်မယ်လေ။ သူသဘောတူတယ်ဆိုရင် ကျုပ်သူ့ကို ခေါ်သွားပေးမယ်။ သူသဘောမတူဘူး ဆိုရင်တော့ ဒီအကြောင်းကို ကျုပ်မကြားလိုက်ဘူးပဲ မှတ်လိုက်ပေါ့။"

ထိုစကားကို ကြားသည့်အခါမှပဲ သက်လတ်ပိုင်းအမျိုးသမီး သက်ပြင်းချလိုက်နိုင်ပြီး ပြုံးကာ ပြန်ပြောလိုက်လေသည်။ "ရတာပေါ့"

ပြောပြီးသည့်နောက်တွင် ကျန်းရို့ရှီဘက်သို့ လှည့်၍ မေးလိုက်လေသည် "ရို့ရှီ ကျေးဇူးရှင်ပြောသွားတာကို သမီးကြားတယ်မလား။ သမီးဖြစ်ချင်တာကို ပြောပြလိုက်။ ကျေးဇူးရှင်နောက် လိုက်သွားပြီး သူ့ရဲ့ ဝေယျာဝစ္စကိစ္စတွေကို လုပ်ပေးချင်သလား။"

ကျန်းရိုရှီသည် သူ့ရဲ့ခေါင်းကိုမမော့ဘဲ ရှက်ရှက်ဖြင့်သာ ခေါင်းညိတ်ပြလိုက်လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ သက်လတ်ပိုင်းအမျိုးသမီးက ပြုံး၍ ထပ်ပြောလိုက်သည် "ရို့ရှီ သမီးသေချာရှင်းအောင် လုပ်ဖို့ လိုတယ်နော်။ မဟုတ်ရင် ကျေးဇူးရှင်က သမီးဘာကိုပြောချင်နေလဲဆိုတာ နားလည်မှာမဟုတ်ဘူး"

ထိုအခါမှ ကျန်းရို့ရှီက ခြင်တစ်ကောင်၏အသံနှယ် တိုးလျသည့်လေသံဖြင့် ပြောလိုက်လေသည် "လိုက်ချင်ပါတယ်"

သက်လတ်ပိုင်းအမျိုးသမီးက ပြုံးလျက် ရန်ကိုင်ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ကျေးဇူးရှင် ရို့ရှီက လိုက်ချင်တယ်တဲ့။ အခု ဘယ်သူမှ သူ့ကို တွန်းအားပေးနေတာ မဟုတ်ဘူးနော်"

ရန်ကိုင်က သက်ပြင်းချ၍ "ကောင်းပီလေ။ အဲ့လိုဆိုမှတော့ ကျုပ်နောက်လိုက်ခဲ့ပေါ့"

"ကျေးဇူးအများကြီးတင်ပါတယ်ဆရာ" ကျန်းရို့ရှီက ပျော်ရွှင်စွာ ဦးညွှတ်လိုက်သည်။

"သူ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်တော့မပူပါနဲ့။ ကျုပ်သာရှိနေရင် ဘယ်သူမှ သူ့ကို အနိုင်မကျင့်စေရဘူး။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး အဘွား စိတ်အေးအေး ထားလို့ရတယ်"

ရန်ကိုင်က အဖွားအိုဘက်သို့ လှည့်၍ ပြောလိုက်သည်။

အဖွားအိုကပြုံး၍ "ကျေးဇူးရှင်နောက် လိုက်ခွင့်ရတာ ရို့ရှီအတွက် ကံကောင်းမှုပါပဲ ။ ကျေးဇူးရှင်ရဲ့ ကိုယ်ကျင့်သိက္ခာကို ကျန်းမိသားစုက ယုံကြည်ပြီးသားပါ။"

ရန်ကိုင်က ခေါင်းညိတ်ကာ ကျန်းရို့ရှီဘက်သို့ လှည့်၍ ပြောလိုက်လေသည် "နင့်မိသားစုကို ပြောချင်တာတွေရှိရင် ပြောထားလိုက်နော်။ ငါအရင်သွားနှင့်မယ်။ ဟိုကနေမှ စောင့်နေလိုက်မယ်။"

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားလေသည်။ ပြန်လှည့်ကြည့်လိုက်သည့်အခါ ကျန်းရို့ရှီသည် အဖွားအိုရင်ခွင်ထဲသို့ ပြေးဝင်၍ တရှုံ့ရှံ့ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။ အဖွားအိုသည် တစ်စုံတစ်ခုကို ပြောရင်း ကျန်းရို့ရှီ၏ ပခုံးကို အသာအယာ ပုတ်ပေးနေခဲ့လေသည်။

ထို့နောက်တွင် ကျန်းရို့ရှီသည် သက်လတ်ပိုင်းအမျိုးသမီးနှင့် သူမမိသားစု၏ အခြားမိသားစုဝင်များကို တစ်ဦးချင်းစီ လိုက်လံနှုတ်ဆက်လေသည်။ မသွားခင် ကျန်းရို့ရှီသည် ကျန်းမိသားစု၏ အိမ်ရှေ့မှနေ၍ အကုန်လုံးအား (၃)ကြိမ်တိုင်တိုင် ဦးညွှတ်ကန်တော့သွားခဲ့သည်။ ပြီးမှသာ ရန်ကိုင်ရပ်နေရာဆီသို့ လမ်းလျှောက်လာခဲ့လေသည်။

ရန်ကိုင့်အနားသို့ ရောက်လာသည့်အခါ သူမမျက်ဝန်းထောင့်တွင် ကပ်ညှိနေသော မျက်ရည်များကို သုတ်၍ တိုးတိုးလေး ပြောလိုက်လေသည် "ဆရာကျွန်မ အဆင်သင့်ဖြစ်ပါပြီ။"

ရန်ကိုင်က ရယ်မော၍ "ဒီလောက်ကြီးလည်း ဝမ်းနည်းမနေပါနဲ့။ ငါက မေပယ်မြို့မှာပဲ နေနေဦးမှာ။ ဒီတော့ အိမ်ကိုလွမ်းလို့ရှိရင် နင့်ဘာသာနင် ပြန်လာလို့ရတယ်။ ငါနင့်ကို တားမှာမဟုတ်ဘူး"

ကျန်းရို့ရှီက ခေါင်းခါ၍ ပြန်ပြောလိုက်သည် "ကျွန်မက ကျန်းမိသားစုဝင်မဟုတ်လို့ ကျန်းမိသားစုဆီ ပြန်လာစရာ မလိုတော့ဘူးလို့ အဖွားကပြောလိုက်တယ်။ အခုကနေစပြီး ကျွန်မက ဆရာနဲ့ပဲ နေရတော့မှာတဲ့။"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် အံ့အားသင့်သွားခဲ့ပြီး ခေါင်းညိတ်၍ "အဖွားက ဒီကိစ္စကို သေသေချာချာ စဥ်းစားထားတာပဲ။"

အဖွားအိုမှ ကျန်းရို့ရှီအား ဤကဲ့သို့ ပြောလိုက်ရခြင်းမှာ ကျန်းရို့ရှီ၏ အပြုအမူသည် ရန်ကိုင့်အား စိတ်ပျက်သွားမိစေမည်ကို စိုးရွံ့သည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

သို့သော်လည်း ရန်ကိုင်သည် ဤကဲ့သို့သော ကိစ္စများကို လုံးဝဂရုစိုက်လိမ့်မည် မဟုတ်မှန်းကို သူမမည်ကဲ့သို့များ သိခဲ့ပါမည်နည်း။ ရန်ကိုင်မှ ကျန်းရို့ရှီအား ခေါ်လာရသည့် အကြောင်းမှာ လေဟာနယ်ဝိညာဥ်ကျောက်စိမ်းကြောင့်သာ ဖြစ်ပေသည်။ သို့သော်လည်း ရှင်းမပြချင်သည့်အတွက် ဒီအတိုင်းသာ ထွက်လာခဲ့လိုက်လေသည်။

ပျံသန်းရန် ကြိုးစားလိုက်သည့်နောက် သူ့တွင် ကောင်းမွန်သည့် ပျံသန်းရေးမှော်ရတနာတစ်ခု မရှိမှန်း ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

သူ့တွင်ရှိသည့် မှော်ရတနာဟူ၍ ကြယ်စီရင်စုကြီးထဲမှ ပါလာသည့် ကြယ်လွန်းပျံသာ ရှိသည်။ ထိုကြယ်လွန်းပျံမှာ အတော်လေးကို အဆင့်နိမ့်နေသည့်အတွက် ချီစွမ်းအင်ဖြင့် ကျန်းရို့ရှီအား ရစ်ပတ်၍သာ ဤအတိုင်း ပျံသန်းလာခဲ့လိုက်လေသည်။

ကျန်းရို့ရှီသည် သူတော်စင်ဘုရင် ပထမအဆင့်သာရှိသေးပြီး ကျန်းမိသားစု အပြင်ဘက်သို့ တစ်ခါမှ မထွက်ဘူးချေ။ ဤကဲ့သို့သော အလွန် မြန်မြန်လည်း တစ်ခါမှ မပျံသန်းဖူးချေ။ ထို့ကြောင့် လက်သီးကို တင်းတင်းဆုပ်၍ မျက်လုံးကို ကြောက်ကြောက်လန့်လန့်ဖြင့် ပိတ်ထားခဲ့သည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်သည် ပြုံးသာ ပြုံးလိုက်ပြီး ခေါင်းတစ်ခါခါ လုပ်နေခဲ့လိုက်သည်။ မကြာမီ မေပယ်မြို့၏ ဂိတ်ပေါက်သို့ရောက်လာပြီး ကျန်းရို့ရှီအား မြို့ထဲသို့ ခေါ်လာခဲ့လေသည်။

ဤကောင်မလေးမှာ ကျန်းမိသားစုထဲရှိ အဖွားအိုကိုသာ အမြဲတစေ ပြုစုစောင့်ရှောက် ပေးနေရသည့်အတွက် မေပယ်မြို့သို့ တစ်ခါမှ မရောက်ဖူးခဲ့ချေ။ ထို့ကြောင့် မြို့ထဲသို့ ဝင်လာပြီးသည့်နောက်တွင် တောသားမြို့ရောက်သည့်နှယ် ဘေးပတ်ပတ်လည်အား စိတ်ဝင်တစား လိုက်လံကြည့်ရှုတော့လေသည်။

ကျန်းရို့ရှီသည် ရိုးရှင်းသော အဝတ်အစားတစ်စုံကိုသာ ဝတ်ဆင်ထားပြီး မည်သည့်ကျောက်မျက်ရတနာကိုမှ ဝတ်ဆင်ထားခြင်းမရှိချေ။ ထိုအချင်းအရာကို မြင်ပြီးနောက်တွင် ရန်ကိုင့်အနေဖြင့် သူမအား လက်ဆောင်တစ်ခုခု ပေးချင်မိသော်ငြား ကျန်းရို့ရှီမှ သူ့အပေါ် သဘောထားနားလည်မှု လွဲသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် မပေးရန်သာ ဆုံးဖြတ်လိုက်သည်။

ငှားနေသည့်အိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ရန်ကိုင်သည် သက်သေခံတံဆိပ်ပြားကို ထုတ်၍ အိမ်ပတ်လည်ရှိ အကာအရံကို ဖွင့်တော့မည်အပြု တစ်ယောက်ယောက်မှ ရုတ်တရက်ပြေးလာပြီး စိုးရိမ်တကြီး လာပြောလေ၏ "ဆေးပညာရှင်ရန် ပြန်ရောက်လာပြီပဲ။"

အသံကိုကြားပြီးသည့်နောက် လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှာကို မြင်ပြီးနောက် ရယ်မော၍ ပြန်မေးလိုက်လေ၏ "မင်းပါလား"

ထိုလူမှာ စိတ်ဝိညာဥ်ဆေးလုံးပလာဇာမှ ဆိုင်ဝန်ထမ်းမှ လွဲ၍ အခြားမဟုတ်ချေ "ဟုတ်ပါတယ် ဒီတစ်ယောက်ပါ"

ဆိုင်ဝန်ထမ်းသည် ရန်ကိုင့်အား ဦးညွှတ်ပြလိုက်သည်။ ခါးပြန်ဆန့်လာပြီးသည့်နောက်တွင် ကျန်းရို့ရှီအား ထူးဆန်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤသူတော်စင်ဘုရင် ပထမအဆင့်သာ ရှိသေးသော ကောင်မလေးသည် ရန်ကိုင်နှင့်အတူ ဘာကြောင့် ပါလာမှန်းကို စဥ်းစားမရ ဖြစ်နေသည့်ပုံပင်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၂၇)

"မင်းဘာလို့ ဒီမှာ စောင့်နေတာလည်း"

ရန်ကိုင်က ဆိုင်ဝန်ထမ်းကို ကြည့်ရင်း မေးလိုက်သည်။ ဆိုင်ဝန်ထမ်းက ချက်ချင်းပဲ ပြန်ပြောလိုက်သည်။ "ဆေးပညာရှင်ရန်ကို လေလံပွဲ ကျင်းပတော့မယ့် အကြောင်း ဆိုင်ပိုင်ရှင်ခန်က လာပြောထားခိုင်းလို့ ဒီမှာ လာစောင့်နေတာပါ။"

"လေလံပွဲ" ရန်ကိုင် မျက်ခုံး ပင့်သွားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ခန်စစ်ရန်မှ သူ့အား ထိုအကြောင်းကို ပြောပြခဲ့ကြောင်း ပြန်အမှတ် ရလိုက်လေသည်။

မေပယ်လ်မြို့ထဲရှိ ကျင့်ကြံသူများသည် ငါးရောင်ခြယ် ရတနာဘုရားထဲတွင် ရတနာများစွာကို ရလိုက်သည့် အတွက်ကြောင့် သူတို့အတွက် အသုံးမလိုသော အဖိုးတန် ရတနာများကို အခြားသူများနှင့် ပြန်လည် လဲလှယ်နိုင်ရန်အတွက် မြို့သခင် တွမ့်ယွမ်ရှန်းမှ လေလံပွဲတစ်ခု စီစဥ်ထားကြောင်း ခန်စစ်ရန်မှ ပြောခဲ့သည်။

ထိုစဥ်က ရန်ကိုင်မှာ ငွေရေးကြေးရေး ကျပ်တည်းနေသဖြင့် လေလံပွဲအပေါ် သိပ်ပြီး စိတ်မဝင်စားခဲ့ပေ။ သိုသော်ငြား ခန်စစ်ရန်သည် လူလွတ်ပြီး သူ့အား လာဖိတ်ခေါ်ခိုင်း လိမ့်မည်ဟု မထင်ထားခဲ့ချေ။

"လုမိသားစု ရတနာဂိုထောင်ကနေ အရင်းအမြစ်ကျောက်တွေ အများကြီး ရလာတာဆိုတော့ တစ်ချက်လောက်တော့ သွားကြည့်ရတာပေါ့။"

ထိုသို့ တွေးပြီးသည့်နောက်တွင် ရန်ကိုင်ကပြန်၍ မေးလိုက်လေသည်။

"ဒီလေလံပွဲက ဘာမို့လို့ ဆိုင်ပိုင်ရှင်ခန်က အဲ့တာကို အရမ်း စိတ်ဝင်စားနေရတာလည်း။"

ဆိုင်ဝန်ထမ်းက ပြုံးလျက် ဘယ်ညာတစ်ချက် ကြည့်လိုက်ပြီးနောက် ရန်ကိုင့်အနားသို့ ကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည် "ဒီလေလံပွဲမှာ တာအိုအရင်းအမြစ် အသီးတစ်လုံး ပေါ်လာမယ်လို့ ဆိုင်ပိုင်ရှင်ခန်က ပြောတယ်။"

"တကယ်လား" ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

"ဟုတ်တယ်။ အဲ့တာကြောင့်မို့လို့ ဆိုင်ပိုင်ရှင်ခန်က ဒီလေလံပွဲကို အရမ်း စိတ်ဝင်စားနေရတာ။ ဆေးပညာရှင်ရန်ကိုပါ အတူပူပေါင်းပြီး တာအိုအရင်း အမြစ်အသီးကို လေလံဆွဲချင်လားလို့ မေးချင်သေးတယ် လို့လည်း ပြောနေသေးတယ်။"

"ကောင်းပြီ" ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါအပြင် ဆိုင်ပိုင်ရှင်ခန် ထပ်ပြောတာ ရှိသေးတယ်။ ဒီတစ်ခါ လေလံပွဲမှာ အနည်းဆုံး တာအိုအဆင့်လောက်ရှိတဲ့ ဆေးမီးဖိုတစ်လုံး ပေါ်လာမယ်လို့ ပြောတယ်။ ဆေးပညာရှင်ရန်သာ အဲ့ဒီ ဆေးမီးဖိုကို ရလိုက်မယ်ဆိုရင် ဆေးပညာရှင်ရန်ရဲ့ ဆေးစွမ်းရည်က နောက်တစ်ဆင့်ကို တက်သွားမှာ။"

"အဲ့တာကတော့ စိတ်ဝင်စားစရာပဲ" ရန်ကိုင်က ပြုံးလျက် "ကောင်းပြီလေ။ ဒါနဲ့ လေလံပွဲက ဘယ်နေရာမှာ ကျင်းပမှာလည်း။ ဘယ်အချိန်လောက်စမှာလည်း။"

ဆိုင်ဝန်ထမ်းက ပြုံးလျက် ပြန်ပြောလိုက်သည်။

"ဒီနေ့ နေ့လည်ပဲ စမှာပါ။ ကျုပ် ဆေးပညာရှင်ရန်ကို ဒီနေရာမှာ ထိုင်စောင့်နေတာ ၂ရက်တောင် ရှိနေပြီ။ ဆေးပညာရှင်ရန်သာပြန်မလာလို့ရှိရင် လေလံပွဲကို ကျိန်းသေပေါက် လွတ်သွားတော့မှာ။"

"ကြည့်ရတာ ကျုပ် အချိန်ကိုက်ပြန်လာမိသွားတယ်နဲ့ တူတယ်။ ကောင်းပြီလေ ဆိုင်ပိုင်ရှင်ခန်ကို ပြန်ပြောလိုက်။ ကျုပ် သူ့ကို အခုပဲ လာတွေ့မယ်လို့။"

"ကောင်းပါပြီ" ပြောပြီးသည့်နောက်တွင် ဆိုင်ဝန်ထမ်းလေးသည် ချက်ချင်းပဲ ပြန်ဆုတ်သွားလေသည်။ ရန်ကိုင်နှင့် ဆိုင်ဝန်ထမ်းမှာ အကျယ်ကြီး ပြောမနေခဲ့သော်ငြား အနီးအနားတွင် ရှိနေသော ကျန်းရို့ရှီကမူ သူတို့ပြောခဲ့သည့် စကား တော်တော်များများကို ကြားလိုက်ရပေသည်။ ဆိုင်ဝန်ထမ်း ပြန်ထွက်သွားသည်အထိ စောင့်နေပြီးသည့်နောက်မှာ ရန်ကိုင့်အား စိတ်ဝင်တစားဖြင့် ကြည့်ကာမေးလိုက်သည်။

"ဆရာ၊ ဆရာက ဆေးပညာရှင်လား"

ရန်ကိုင်က ပြုံး၍ "ဒီအတိုင်း ဆေးပညာအကြောင်း နည်းနည်းပါးပါး သိထားရုံပါပဲ။ လာ ၊အထဲ အရင် ဝင်ကြရအောင်။"

ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အိမ်ပတ်လည်တွင် ခင်းကျင်းထားသော အစီအရင်ကို အသက်သွင်း၍ ကျန်းရို့ရှီအား အထဲသို့ ခေါ်သွားလေသည်။

သူငှားထားသည့် အိမ်သည် မေပယ်လ်မြို့ထဲတွင် အကောင်းဆုံး မဟုတ်သော်ငြား အညံ့ကြီးထဲလည်း မပါချေ။ အိမ်ထဲတွင် အခန်းပေါင်း များစွာရှိပြီး အတော်လေးလည်း ေနရာကျယ်ဝန်းပေသည်။ ရန်ကိုင်သည် ကျန်းရို့ရှီ နေထိုင်ရန်အတွက် အခန်းတစ်ခန်း စီစဥ်ပေးလိုက်သည်။

သက်သေခံ တံဆိပ်ပြားကိုလည်း သူမဆီသို့ ပေးထားလိုက်ပြီး ထိုတံဆိပ်ပြားကိုသုံး၍ အစီအရင်အား မည်ကဲ့သို့ အသက်သွင်းရမည်၊ ပြန်ပိတ်ရမည့် အကြောင်းကိုလည်း သင်ပြပေးလိုက်သည်။ သူမဟုတ်ဘဲ အခြား မည်သူလာခေါ်ခေါ် အစီအရင်ကို ဖွင့်မပေးရန်လည်း သတိပေးထားလိုက်၏။ ကျန်းရိူ့ရှီက ခေါင်းညိတ်၍ သဘောတူလိုက်လေသည်။

"ပျင်းရင် မြို့ထဲ လျှောက်ပတ်ကြည့်လို့ရတယ်။ မေပယ်လ်မြို့က တော်တော်လေး လုံခြုံတဲ့အထဲပါတယ်။ ဒါပေမယ့် မှောင်ခိုစျေးဘက်ကိုတော့ မသွားနဲ့နော်။ အဲ့ဘက်က သိပ်မလုံခြုံဘူး။ နင့်ကျင့်ကြံခြင်းနဲ့ အဲ့ဒီဘက်ကို သွားရင် တော်တော်လေး အန္တရာယ်များတယ်။"

ရန်ကိုင်က သတိပေးလိုက်သည်။

"ရို့ရှီ ဘယ်ကိုမှ မသွားပါဘူး။ ရို့ရှီ ဒီမှာပဲနေပြီး ဆရာပြန်လာတာကို စောင့်နေမှာပါ" ကျန်းရို့ရှီက လေသံတိုးတိုးဖြင့် ပြောလိုက်သည် "နင့်သဘောပဲ။ အရင်နားရင် နားလိုက်ဦးပေါ့။ ငါ အပြင်တစ်ချက်သွားလိုက်ဦးမယ်"

ပြောပြီးသည့်နောက် အိမ်ထဲမှ ပြန်ထွက်လာခဲ့လေသည်။ ကျန်းရို့ရှီသည် ရန်ကိုင့်အားတလေးတစားဖြင့် ဦးညွှတ်၍ အိမ်အဝအထိ လိုက်ပို့ပေးခဲ့သည်။

ရန်ကိုင် ထွက်သွားပြီး နောက်တွင် ကျန်းရို့ရှီသည် အိမ်အတွင်းပိုင်းကို စတင်ကြည့်ရှု စစ်ဆေးတော့သည်။ အိမ်အပြင်အဆင်မှာ အတော်လေးကို သပ်ရပ်ပြီး သန့်ရှင်းသော်ငြား မည်သည့် အဆင်တန်ဆာပစ္စည်းမှ ရှိမနေခဲ့ပေ။

ယခုအချိန်မှစ၍ ဤနေရာတွင် နေရတော့မည့်အကြောင်း စဥ်းစားမိသော် အိမ်တွင်းအပြင်အဆင်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် စတင် စဥ်းစားတော့သည် ။

ခနကြာမျှ စဥ်းစားပြီးသည့် နောက်တွင် ကျန်းရို့ရှီသည်ပျော်ရွှင်စွာပြုံး၍ သူမ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများစွာကို ထုတ်ကာ စတင်ပြင်ဆင်တော့သည်။

စိတ်ဝိညာဥ် ဆေးလုံးပလာဇာ၌ ရန်ကိုင် ရောက်လာသည့်အခါ တစ်ယောက်ယောက်သည် ခန်စစ်ရန်အား ချက်ချင်း သွားအသိပေးလေသည်။ ခန်စစ်ရန် ရောက်လာသည့်အခါ ရန်ကိုင့်လက်အား အားပါတရ ဖမ်းဆုပ်၍ "ဆေးပညာရှင်ရန် နောက်ဆုံးတော့ မင်းပေါ်လာပြီေပါ့။ မင်းသာ ပေါ်မလာရင် ဒီလေလံပွဲကို လုံးဝလွတ်သွားတော့မှာ။ သွားကြရအောင်၊ အချိန်သိပ်မရှိတော့ဘူး။ ငါတို့ မြို့သခင်စံအိမ်ကို မြန်မြန်ရောက်ဖို့လိုတယ်။"

"လေလံပွဲက မြို့သခင်စံအိမ်မှာ ကျင်းပမှာလား" ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ပြန်မေးလိုက်လေသည်။

"ဟုတ်တာပေါ့။ လေလံပွဲကို မြို့သခင်ကိုယ်တိုင် ကျင်းပတာလေ။ ဒီတော့ သူ့နေတဲ့ စံအိမ်မှာပဲ ကျင်းပမှာပေါ့။ သွားရင်းနဲ့ ဒီလေလံပွဲမှာ ပေါ်လာမယ့် ရတနာတွေအကြောင်း ငါမင်းကို ပြောပြသွားမယ်။"

မြို့သခင်စံအိမ်သို့ သွားနေရင်း ခန်စစ်ရန်သည် ရန်ကိုင့်အား အကြောင်းအရာများစွာကို ပြောပြသွားခဲ့သည်။

ခန်စစ်ရန် ပြောပြသည်ကို နားထောင်ရင်းမှ ယခုတစ်ကြိမ်၌ မေပယ်လ်မြို့သည် အထိအခိုက် အကျအဆုံး များစွာနှင့် ရင်ဆိုင်ခဲ့ရသော်ငြား ကျင့်ကြံသူ တော်တော်များများ မှာလည်း ငါးရောင်ခြယ် ရတနာဘုရားထဲမှ အဖိုးတန် ရတနာများစွာကို ရရှိခဲ့ကြောင်း ရန်ကိုင် သိလိုက်ရလေသည်။

ပြောစရာ မလိုအောင်ပင် တာအိုအရင်း အမြစ်အသီးသည် လေလံပွဲ၏ နောက်ဆုံးပစ္စည်း ဖြစ်ပေသည်။ ထိုတာအိုအရင်း အမြစ်အသီးအပြင် အခြားသော တာအိုအဆင့်မှော် ရတနာများစွာလည်း ပါဝင်ပေသေးသည်။ ထို့အပြင် ဆေးလုံးများ၊ကျင့်စဥ်များ၊ သိုင်းပညာရပ် များစွာကိုလည်း ဤလေလံပွဲတွင် တွေ့ရပေလိမ့်မည်။

ဤလေလံပွဲသည် မေပယ်လ်မြို့သူမြို့သားများ စောင့်မျှော်နေသည့် ပွဲတော်တစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။ သို့သော်ငြား ဤလေလံပွဲတွင် လူတိုင်း မပါဝင်နိုင်ချေ။ သတ်မှတ်ထားသည့် လူများသည်သာ လေလံပွဲတွင် ပါဝင်ခွင့်ရသည်။ မြို့သခင်စံအိမ်သည် အရွယ်အစား အကန့်အသတ်နှင့် ရှိသည့်အတွက် မြို့ထဲရှိ ကျင့်ကြံသူအားလုံးကို လေလံပွဲသို့ မဖိတ်ခေါ်နိုင်ချေ။

လေလံပွဲတွင် ပါဝင်လိုပါက မြို့သခင်ကိုယ်တိုင်မှ ဖိတ်ခေါ်ထားသည့် လူများမှလွဲ၍ လူ၂မျိုးသာ ပါဝင်ဆင်နွှဲနိုင်သည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်နေသည့်သူများ ဟုတ်လျှင်ဟုတ်။ မဟုတ်လျှင် ငွေကြေးချမ်းသာ ကြွယ်ဝသည့်လူများ ဖြစ်ကြရပေလိမ့်မည်။ ထိုလူနှစ်မျိုး မဟုတ်လျှင်တော့ လေလံပွဲတွင် ပါဝင်ခွင့်ရလိမ့်မည် မဟုတ်ချေ။

စိတ်ဝိညာဥ် ဆေးလုံးပလာဇာ၏ ဆိုင်ပိုင်ရှင် ဖြစ်သည်နှင့်အညီ ခန်စစ်ရန်သည် မြို့သခင်စံအိမ်မှ လူများနှင့် လုပ်ခဲ့ဖူးပေသည်။ ထို့ကြောင့် မြို့သခင်ဆီမှ ဖိတ်စာတစ်ခုကို အစောကြီးကတည်းက ရနှင့်နေပြီးဖြစ်သည်။

ထိုဖိတ်စာတွင် သူနှင့်အတူ လူတစ်ဦးကိုလည်း ခေါ်လာခွင့်ရှိသည်ဟု ပြောထားပေသည်။

"ကောင်းကင်တိုက်ပွဲဒိုဂျိုက တာအိုအရင်း အမြစ်အသီး၃လုံးကို ငါးရောင်ခြယ် ရတနာဘုရားထဲကို ထည့်လိုက်တယ်။ တစ်လုံးက ပေါ်လာတယ်ဆိုတော့ ကျန်တဲ့၂လုံးက ဘယ်သူ့ဆီမှာလည်းမသိဘူး။" ခန်စစ်ရန်ကပြောလိုက်လေသည်။

ခန်စစ်ရန်သည် တာအိုအရင်း အမြစ်အသီးကို အလွန် လိုချင်နေခြင်းဖြစ်သည်။ သို့သော်ငြား သူ့ကံမှာ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိသည့်အတွက် ငါးရောင်ခြယ် ရတနာဘုရားထဲတွင် တာအိုအရင်း အမြစ်အသီး တစ်လုံးကိုမှ ရရှိနိုင်ခဲ့ခြင်း မရှိချေ။

ယနေ့တွင် ဤတာအိုအရင်း အမြစ်အသီးကို ရယူနိုင်ရန်အတွက် သူစုဆောင်းထားသမျှ ငွေကြေးအားလုံးကို ယူလာခဲ့ပေသည်။ သို့သော်လည်း သူ့တွင် အောင်မြင်နိုင်ချေ အလွန်နည်းပါးမှန်း ခန်စစ်ရန် သိနေသည်။

ခန်စစ်ရန်သည် စိတ်ဝိညာဥ် ဆေးလုံးပလာဇာ၏ ဝန်ထမ်းတစ်ဦး ဖြစ်သော်ငြား သူပိုင်ဆိုင်သည့် ငွေကြေးပမာဏသည် ဂိုဏ်းကြီးများနှင့် မိသားစုကြီးများ ပိုင်ဆိုင်သည့် ငွေကြေးပမာဏအား မည်ကဲ့သို့များ သွားယှဥ်ပြိုင်နိုင်မည်နည်း။ သူသာ ခရမ်းကြယ်စဥ် ကုန်သွယ်ရေး အဖွဲ့အစည်း၏ ကိုယ်စားပြုအဖြစ် ေလလံပွဲသို့ တက်ရောက်မည်ဆိုပါက သူ့အခြေနေမှာ လုံးဝကို ကွဲပြားသွားပေလိမ့်မည်။

သို့သော်ငြား ခရမ်းကြယ်စဥ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ ငွေကြေးကိုသုံး၍ လေလံဆွဲမည်ဆိုပါက တာအိုအရင်း အမြစ်အသီးကို ရရှိမည်ဆိုလျှင်ပင် ထိုအသီးသည် သူ့အပိုင် ဖြစ်တော့လိမ့်မည် မဟုတ်ချေ။ ခန်စစ်ရန်ပြောသည်ကို ကြားပြီးသည့်နောက်တွင် ရန်ကိုင်သည် နှာေခါင်းကိုပွတ်ပြီး တိတ်သာတိတ်နေလိုက်သည်။

တာအိုအရင်း အမြစ်အသီး ၃လုံးအနက် တစ်လုံးသည် လေလံပွဲတွင် ပေါ်လာပြီး ကျန်တစ်လုံးသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည်။ တတိယအလုံး မည်သည့်နေရာတွင် ရှိနေသလဲ ဆိုသည်ကိုသာ သူမသိခြင်းဖြစ်ပေသည်။

စကားတပြောပြောနှင့် လမ်းလျှောက်လာပြီးနောက် မကြာမီတွင် မြို့သခင်စံအိမ်ဆီသို့ ရန်ကိုင်နှင့် ခန်စစ်ရန်တို့ ရောက်လာခဲ့သည်။

မြို့သခင် စံအိမ်ဝင်ပေါက်မှာ လူပေါင်းများစွာနှင့် ယောက်ယက်ခတ်နေခဲ့သည်။ တော်တော်များများမှာ အထဲသို့ အလျင်စလို ဝင်ချင်နေကြသည့်အတွက် အစောင့်များမှာ လူအုပ်ကြီးအား မနည်း ထိန်းနေခဲ့ကြရသည်။ မကြာမကြာ ထိုလူများသည် အထဲသို့ အမြန်တိုးဝင်ရန် ကြိုးစားကြသည်။ သို့သော်ငြား အစောင့်များ၏ အပြင်သို့ ပြန်နှင်ထုတ်ခြင်းသာ ခံရပေသည်။

"တန်ခိုးရှင် တတိယအဆင့်ကများ ဒီလေလံပွဲမှာ ပါဝင်ပြိုင်ချင်သေးတယ်။ ေနာက်ထပ် ၁၀နှစ် ၁၅နှစ်လောက် သွားပြန်ကျင့်ကြံနေလိုက်ဦး။ ဘာလည်း မင်းမှာ အရင်းအမြစ်ကျောက် ရှိလို့လား။ ပြကြည့်စမ်း။ မင်း ဒီအရင်းအမြစ်ကျောက် သောင်းဂဏန်းလောက်ကို အများကြီးလို့ ထင်နေတာလား။ ထွက်သွားစမ်းကွာ။ လာအလုပ်ရှုပ်နေတယ်။"

ထိုကဲ့သို့သော အော်ဟစ်ကြိမ်ဆဲသံများ မြို့သခင် စံအိမ်ဝင်ပေါက်ဆီမှ မကြာမကြာ ထွက်ပေါ်နေခဲ့လေသည်။

"တန်ခိုးရှင်ဘုရင် ပထမအဆင့်။ ဟွန်း အရည်အချင်း ပြည့်မှီရုံလေးပဲ။"

"သူတော်စင်ဘုရင် တတိယအဆင့်။ မင်း ဒီလောက်လေးနဲ့ လေလံပွဲထဲ ဝင်ချင်နေတာလား။ ဒီလောက်လေးနဲ့ မင်းလေလံပွဲမှာ ဝင်ပြိင်ချင်တာ ဒီအဖေ မင်းကို အသေရိုက်မသတ်ဘူးလို့ ထင်နေတာလား။ ဘာလဲ မင်းမှာ အရင်းအမြစ်ကျောက် တစ်သန်း ရှိတာလား။ ဘာလို့ အစတည်းက မပြောတာလည်း။ ကောင်းပြီ။ မင်းဝင်လို့ရပြီ။"

အစောင့်များမှာလည်း အလွန်ကိုမှ အလုပ်ရှုပ် နေခဲ့လေသည်။

လေလံပွဲမှာ စတော့မည် ဖြစ်သော်ငြား မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ဝင်ပေါက်တွင် တစ်နေခဲ့ကြသည်။ ထို့ကြောင့် အစောင့်များအတွက် အတော်လေး ခေါင်းကိုက်စရာ ဖြစ်နေခဲ့သည်။

"ဟာ ဆိုင်ပိုင်ရှင်ခန်ပါလား။" ခန်စစ်ရန်နှင့် ရန်ကိုင်သည် လူအုပ်ကြီးအား အတင်းတိုးပြီးနောက် ခနအကြာတွင် မြို့သခင် စံအိမ်ရှေ့သို့ ရောက်လာခဲ့လေသည်။ အစောင့်များမှာ ခန်စစ်ရန်အား ချက်ချင်း တန်းမှတ်မိသွားခဲ့ကြသည်။

"ဆိုင်ပိုင်ရှင်ခန် ခင်ဗျားဆိုရင်တောင် စည်းမျဥ်းအတိုင်း လိုက်နာရမှာနော်။ ခင်ဗျားမှာ ဖိတ်စာပါတယ်မလား။" "ပါတာပေါ့" ခန်စစ်ရန်သည် ပြုံး၍ ဖိတ်စာတစ်စောင်ကို ထုတ်ယူလိုက်လေသည်။

အစောင့်သည် ဖိတ်စာအား စစ်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြန်ပြောလိုက်လေသည်။

"ဆိုင်ပိုင်ရှင်ခန် ဝင်လို့ရပါပြီ။ ဝင်ပေါက်ရောက်လို့ရှိရင် ဒီဖိတ်စာကို ပြလိုက်နော်။ တစ်ယောက်ယောက် လာကြိုလိမ့်မယ်။"

"ကောင်းပါပြီ။ ဒါနဲ့ ဒီခန် ဒီမိတ်ဆွေကိုပါ ခေါ်သွားမယ်နော်။ ကိစ္စမရှိဘူးမလား။" ခန်စစ်ရန်သည် ရန်ကိုင်အား ညွှန်ပြလိုက်လေသည်။

"စည်းမျဥ်းတွေအရတော့ ဘာပြသနာမှ မရှိပါဘူး။" အစောင့်သည် ရန်ကိုင့်အား တစ်ချက်သာ ကြည့်လိုက်ပြီး သွားခွင့်ပြုလိုက်လေသည်။ ခန်စစ်ရန်သည် အစောင့်အား ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။ "သွားကြရအောင်၊ လေလံပွဲစတော့မယ်။"

ခန်စစ်ရန်သည် အရှိန်တင်လိုက်၏။

မကြာမီ ခန်စစ်ရန်နှင့် ရန်ကိုင်သည် မြို့သခင် စံအိမ်ထဲသို့ ရောက်လာခဲ့လေသည်။ ဖိတ်စာကို ပြလိုက်ပြီးသည့် နောက်တွင် အစေခံမလေးတစ်ဦးသည် သူတို့အား အခန်းနံပါတ် (ခ-၉)ဆီသို့ ခေါ်သွားလေသည်။ ထိုနံပါတ်နှင့် ပတ်သက်၍ ခန်စစ်ရန် အနည်းငယ် အံ့အားသင့်နေမိခဲ့သည်။

တကယ်တော့ သူသည် မေပယ်လ်မြို့ထဲတွင် အတော်လေး ကျော်ကြားသူ မဟုတ်ပေလော။ သူ့ကျင့်ကြံခြင်းမှာ အလွန်မြင့်မားခြင်း မရှိသော်ငြား ခရမ်းကြယ်စဥ် ကုန်သွယ်ရေးအဖွဲ့အစည်း၏ နောက်ခံရှိနေ သည့်အတွက်ကြောင့် မြို့သခင် တွမ့်ယွမ်ရှန်းပင်လျှင် သူ့အား အထင်မသေးရဲပေ။ သို့သော်လည်း သူ့အခန်းသည် (ခ)အခန်းသာ ဖြစ်နေခဲ့လေသည်။

ကြည့်ရသလောက် ဤလေလံပွဲတွင် အားကောင်းသည့် နောက်ခံကြီးမားသည့် လူပေါင်းများစွာ ဝင်ပြိုင်ကြမည့်ပုံပင်။ ထိုအချက်ကို နားလည်လိုက်သော် ခန်စစ်ရန် မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရနေခဲ့သည်။

လေလံပွဲ ကျင်းပမည့်နေရာမှာ မြို့သခင် စံအိမ်ထဲရှိ ခန်းမတစ်ခုဖြစ်သည်။ ထိုခန်းမသည် လေလံပွဲ ကျင်းပနိုင်ရန်အတွက် ယာယီပြင်ဆင်ထားသည့် ခန်းမတစ်ခုသာ ဖြစ်လေ၏။ ခန်းမတစ်ခုလုံး လူပေါင်းများစွာဖြင့် ပြည့်ကျပ်နေလေသည်။ ရန်ကိုင့်အထင်အရ ဤနေရာတွင် စုစုပေါင်း လူထောင်နှင့်ချီပြီး ရှိနေခဲ့လေသည်။ သီးသန့်အခန်းများမှာတော့ အခန်း၁၀၀ကျော် ရှိနေခဲ့၏။ လူအရေတွက်မှာ ထိုမျှနှင့်ပင် ရပ်တန့်နေခြင်းမရှိသေးချေ။

အထဲသို့ ဝင်လာရန် ကြိုးစားနေသည့် လူပေါင်းများစွာလည်း ရှိနေကြသေး၏။ ခန်စစ်ရန်၏ အဆင့်အတန်းကြောင့်သာ မဟုတ်လျှင် ရန်ကိုင်တို့ အနေဖြင့် ထိုလူအုပ်ကြီးကြား တိုးထွက်လာနိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိတွင် ခန်းမ၏အောက်ဖက်သည် အသံဗလံပေါင်းစုံဖြင့် ဆူညံနေခဲ့လေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တစ်ဦးနှင့်တစ်ဦး အချင်းချင်း စကားစမည် ပြောနေခဲ့ကြသည်။ သီးသန့်ခန်းများသည်သာ တိတ်ဆိတ်နေခဲ့ ကြခြင်းဖြစ်သည်။

ခန်စစ်ရန်သည် ထိုင်ခုံတစ်လုံးတွင် ထိုင်ရင်းပြောလိုက်သည်။ "ေကျးဇူးပြုပြီး ထိုင်ပါေဆးပညာရှင်ရန်။"

ရန်ကိုင်သည်လည်း ထိုင်ခုံတစ်ခုံရှာကာ ထိုင်ချလိုက်သည်။ ရန်ကိုင်သည် လေလံပွဲအား ယခုမှသာ ပထမဆုံးအချိန် အဖြစ် တက်ဖူးခြင်းမဟုတ်။ ကြယ်စီရင်စုကြီးထဲတွင် ကျင်းပသော လေလံပွဲများတွင်လည်း ဝင်ရောက်ပါဝင်ခဲ့ဖူးပေသည်။

ထို့ကြောင့် ဤလေလံပွဲမှာ ကြယ်တာရာ အစုအဝေးသို့ ရောက်ပြီးနောက် ပထမဦးဆုံးအကြိမ် တက်ဖူးသည့် လေလံပွဲဖြစ်သည့်တိုင် အကုန်လုံးသည် သူ့အတွက် ရင်းနှီးသလို ဖြစ်နေခဲ့သည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၂၈)

ရန်ကိုင်နှင့် ခန်စစ်ရန်သည် ထိုင်ခုံအသီးသီးတွင် ထိုင်လိုက်ကြပြီး လေလံပွဲစမည့် အချိန်ကိုစောင့်ရင်း စကားထိုင်ပြော နေခဲ့ကြသည်။

မကြာမီ ဆိုင်းသံဗုံသံ တို့နှင့်အတူ အရပ်ပုပု ဆံပင်ဖြူဖြူ လူအိုကြီးတစ်ဦးသည် လေလံတင်မည့် စင်မြင့်ပေါ်သို့ ရုတ်တရက် ခုန်တက်လာခဲ့လေသည်။ ထိုလူအိုကြီး၏ ပုံစံမှာ အတော်လေးကို မျက်စိဖမ်းစားစရာ ကောင်းနေခဲ့သည်။ သူ့ပုံစံမှာ အတော်လေးကို ဖိုသီဖတ်သီပင်။ အဝတ်အစားများမှာ လျော့ရဲရဲဖြစ်နေပြီး ဆံပင်မှာလည်း ကျိုးတိုးကျဲတဲ ဖြစ်နေသည်။

ထို့အပြင် အရက်သမားတို့၏ ပုံစံအတိုင်း နှာခေါင်းမှာ နီမြန်းနေခဲ့သည်။ ခါးဘက်တွင် အစိမ်းရောင် အရက်အိုးတစ်လုံးကို ချိတ်ဆွဲထားခဲ့သည်။ ထိုလူအိုကြီး၏ပုံစံမှာ သိသာမသိလျှင် လမ်းဘေးမှ သူတောင်းစားတစ်ဦးနှင့်ပင် တူနေသည်။

လူကြီးသည် စင်ပေါ်သို့ ရောက်လာပြီးနောက် သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော အရက်ပုလင်းကို ယူ၍ အဖုံးကိုဖွင့်ကာ အားပါးတရ မော့ချလိုက်သည်။တဝကြီး မော့သောက်လိုက်ပြီးနောက် အကျယ်ကြီး လေချင်တက်လျက် ကျေနပ်သွားသည့်အလား မျက်လုံးမှေးစင်း သွားခဲ့သည်။

ဝိုင်နံ့သည် ခန်းမတစ်ခုလုံးအနှံ့ လျင်မြန်စွာ ပျံ့လွင့်လာခဲ့လေသည်။

"ဒါက" ရန်ကိုင့်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း လုံးဝကို မျက်လုံးအပြူးသား ဖြစ်နေခဲ့လေသည်။

သူ့အနေဖြင့် လေလံပွဲများစွာတွင် ဝင်ရောက်ပါဝင် ဆင်နွှဲဖူးခဲ့သည်။ သို့သော်လည်း လေလံပွဲအား ဦးစီးကျင်းပသည့် လူများမှာ စွဲမက်ဖွယ်ရာကောင်းသည့် မိန်းမပျိုလေး ဟုတ်လျှင်ဟုတ် မဟုတ်လျှင် သပ်ရပ်စွာ ဝတ်စားထားသည့် လူတစ်ဦးသာ ဖြစ်ပေသည်။ ဤကဲ့သို့သော သူတောင်းစားတစ်ဦးနှင့်တူသည့် လူအိုကြီးတစ်ယောက်မှ လေလံပွဲအား ဦးစီးကျင်းပသည့် လေလံပွဲမျိုးကို တစ်ခါမှမမြင်ဖူးချေ။

"ဆေးပညာရှင်ရန် မင်းက မေပယ်လ်မြို့ကို ရောက်တာ မကြာသေးဘူးဆိုတော့ သူ့အကြောင်းမသိတာ မထူးဆန်းဘူး" ရန်ကိုင့်ပုံစံကို ကြည့်ရင်း ခန်စစ်ရန်က ရယ်မော၍ ရှင်းပြလိုက်လေသည်။

"သူက ဒုမြို့သခင်တွေ ၂ယောက်ထဲက ၁ယောက်ပဲ။ သူ့တကယ့်နာမည် ဘာလည်းဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး။ သူ့ကိုယ်သူကတော့ အရက်သမားလို့ ခေါ်တာပဲ။ ဒါကြောင့် အကုန်လုံးက သူ့ကို အရက်သမားလို့ပဲ ခေါ်ကြတယ်။"

"သူက ဒုမြို့သခင် ၂ယောက်ထဲက တစ်ယောက်လား။ ဒါဆို သူက တာအိုသခင်အဆင့် ပညာရှင်တစ်ဦးပေါ့" ရန်ကိုင် အလွန်ကိုမှ ထိတ်လန့်သွားခဲ့လေသည်။

"ဟုတ်တယ်။ သူက တာအိုသခင် ပထမအဆင့် ကျင့်ကြံသူတစ်ဦးပဲ။ သူ ဘယ်လောက်ထိ အားကောင်းလည်း ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ ပြောကြတာတော့ သူ့တကယ့်ခွန်အားက မြို့သခင်တွမ့်အောက် မနိမ့်ကျဘူးတဲ့။ သူ့ထက် ပိုအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေကိုတောင် ယှဥ်တိုက်နိုင်တယ်လို့ ပြောကြတယ်။" ခန်စစ်ရန်က ပြောလိုက်သည်။

ရန်ကိုင်က ခေါင်းတစ်ညိတ်ညိတ်ဖြင့် ပြုံးကာ ပြန်မေးလိုက်လေသည်။

"သူ့ကို ဒီလေလံပွဲ ကျင်းပခိုင်းလို့ အဆင်ပြေပါ့မလား။ ကျုပ်ကြည့်ရတာ သူမူးနေတဲ့ပုံပဲ။"

ထိုစကားကို ကြားသည့်အခါ ခန်စစ်ရန်က ပြုံး၍ ပြန်ပြောလိုက်လေသည် "သူ့ပုံစံကိုကြည့်ပြီး သွားအထင် မသေးလိုက်နဲ့နော်။ အဲ့ဒီ အရက်သမားက မေပယ်လ်မြို့ထဲမှာ တော်တော် နာမည်ကြီးတာ။ လူဆိုးလူမိုက်တွေကို မောင်းထုတ် ရိုက်နှက်ပြီး ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီပေးလို့ ဆိုပြီး တော်တော်လေး နာမည်ကောင်းနဲ့ ကျော်ကြားနေတာ။"

ရန်ကိုင်က ခေါင်းညိတ်လိုက်သည် "အဲ့လိုဆိုရင် ဘာပြသနာမှ မရှိလောက်ပါဘူး"

လက်ရှိတွင် အရက်သမားမှာ အရက်၏ အရသာကို သေသေချာချာ မြည်းစမ်းနေသည့်ပုံပင်။ သို့သော်ငြား ခနကြာပြီးသည့်နောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လူအုပ်ကြီးအား ဝေ့ကြည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည် "ရောက်လာတဲ့ ဧည့်သည်တော်အပေါင်း ဒီလူအိုကြီးကို သိကြမယ်လို့ ထင်ပါတယ်။ မသိလည်း ကိစ္စမရှိပါဘူးလေ။ ဒီလူအိုကြီးက မိတ်ဆွေဖွဲ့ဖို့ လာတာမှ မဟုတ်တာ။ လေလံပွဲ ကျင်းပဖို့ပဲ လာတာကို။ အဲ့ဒါကြောင့် အားလုံး ငါ့ကို လာစိုက်မကြည့်နဲ့နော်။ လေလံပွဲက ပစ္စည်းတွေကိုပဲ သေချာအာရုံစိုက်ထား။"

ထိုစကားကို ကြားသည့်အခါ ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာ ပွဲကျသွားခဲ့ကြလေသည်။ ရန်ကိုင်သည်လည်း ထိုလူအိုကြီး နှင့်ပတ်သက်၍ အတော်လေး စိတ်ဝင်စားစရာ ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။

ဤလူအိုကြီးတွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်ရှိထိုက်သည့် မောက်မာမှုမျိုး ဝံ့ကြွားမှုမျိုးကို မတွေ့ရ။ ထိုအစား ဤလူအိုကြီးမှာ လုံးဝကိုတည်ငြိမ်ပြီး လွတ်လပ်နေသည်။

"ဟား...တကယ်တော့ ငါ ဒီလို ပြဿနာများတဲ့ ကိစ္စတွေကို တကယ် မလုပ်ချင်ဘူး။ ဒါပေမယ့်လည်း မလုပ်လို့လည်း မရပြန်ဘူး။ မြို့သခင်က ငါမူးနေတုန်း ငါ့ကို ဝိုင်ကောင်းတစ်ခု လာပေးသွားပြီး အတင်း သဘောမတူတူအောင် လုပ်သွားတယ်လေ။ တကယ် ကောက်ကျစ်တဲ့ကောင်။ ကဲ ဒီလူကြီးလည်း အလျင်လိုနေတာဆိုတော့ မင်းတို့ လေလံဆွဲမယ်ဆိုရင် မြန်မြန်သာဆွဲကြ။ ငါ ဘယ်သူ့ကိုမှ စောင့်နေမှာမဟုတ်ဘူး။ ငါမြန်မြန် နေစာသွားလှုံဖို့ ရှိသေးတယ်။" အရက်သမားက လျင်မြန်စွာပြောလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ လူပေါင်းများစွာ၏ အမူအရာမှာ လေးနက်သွားခဲ့ကြသည်။

"ကောင်းပြီ အပိုတွေ မပြောတော့ဘူး။ လေလံပွဲကို စကြတာပေါ့"

အရက်သမားသည် လေသံတိုးတိုးဖြင့် ပြောလိုက်ပြီးနောက် အနောက်ဘက်အား လှမ်း၍ လက်ယပ်ပြလိုက်လေသည်။

မြို့သခင်စံအိမ်မှ အစေခံမလေး တစ်ဦးသည် ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကိုသယ်ရင်း စင်ပေါ်သို့ တက်လာခဲ့လေသည်။ ထိုကျောက်စိမ်း လင်ဗန်းပေါ်တွင် ကြွေသားရောင် ဖန်ပုလင်းလေး တစ်ပုလင်း ရှိနေခဲ့သည်။ ပထမဦးဆုံး လေလံတင်မည့် ပစ္စည်းသည် ဆေးလုံး တစ်လုံးဖြစ်မည့်ပုံပင်။

"ဒီဆေးလုံးတွေက ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးတွေပဲ။ ရှေးခေတ်ကတည်းက ပျောက်ဆုံးသွားတဲ့ ဆေးလုံးတွေပေါ့။ စုစုပေါင်း ၃လုံးကို လေလံတင်မယ်။ ကြမ်းခင်းစျေးက အရင်းအမြစ်ကျောက် ၃သောင်းပဲ။ တစ်ကြိမ် လေလံတင်တိုင်းတင်တိုင်း အရင်းအမြစ်ကျောက် တစ်ထောင်အောက် နည်းလို့မရဘူး။ စလို့ရပြီ။"

ပြောစရာရှိသည်ကို ပြောပြီးသွားသည်နှင့် အရက်သမားသည် စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်စောင့်နေလိုက်လေသည်။ "ဝိညာဥ်သိပ်သည်းခြင်းဆေးလုံး။ တကယ်ကြီး ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးတွေလား။ ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးတွေကိုတောင် ပထမဦးဆုံး ပစ္စည်းအဖြစ် လေလံတင်တာဆိုတော့ နောက်ပစ္စည်းတွေက ဘယ်လိုတွေတောင် ဖြစ်နေမလည်း မသိဘူး။"

"ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးတွေကို သောက်လို့ရှိရင် ကိုယ့်ဝိညာဥ်ကို ပိုပြီး အားကောင်းလာအောင် လုပ်လို့ရတယ်တဲ့ ။ တကယ်လားမသိဘူး။"

"အဲ့ဒီဆေးလုံးက တန်ခိုးရှင်ဘုရင် အဆင့်မြင့်ဆေးလုံးဆိုတော့ မေပယ်လ်မြို့ထဲက ဘယ်ဆေးပညာရှင်မှ ဖော်စပ်နိုင်တဲ့ ဆေးလုံးမျိုး မဟုတ်ဘူး။"

ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးမှန်း သိသွားသည့်နောက်တွင် ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာ ရုတ်ချည်း စိတ်အားတက်ကြွ လာခဲ့ကြလေသည်။

တကယ်တော့ ကျင့်ကြံသူတစ်ဦး၏ ဝိညာဥ်ကိုပို၍ အားကောင်းလာအောင် လုပ်ဖို့သည် အလွန်ကိုမှ ခက်ခဲသည် မဟုတ်ပေလော။ ထို့ကြောင့် ဤကဲ့သို့သော ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးများသည် ကျင့်ကြံသူများအတွက် အလွန်ကိုမှ အရေးပါပေသည်။

"၃၁၀၀၀"

"၃၂၀၀၀"

"၃၅၀၀၀"

တစ်ယောက်ပြီးတစ်ယောက် စတင်လေလံဆွဲတော့လေသည်။ အချို့သီးသန့်ခန်းများထဲမှ ကျင့်ကြံသူများလည်း ပါဝင်လေလံဝင်ဆွဲကြလေ၏။ မကြာမီတွင် ဝိညာဥ်သိပ်သည်းခြင်း ဆေးလုံးများ၏ တန်ဖိုးသည် အရင်းအမြစ်ကျောက် ငါးသောင်းကို ကျော်တက်သွားခဲ့လေသည်။

တစ်ယောက်ယောက်မှ အရင်းအမြစ်ကျောက် (၆၀၀၀)ဟု ဈေးခေါ်လိုက်သည့် အခါမှပဲ ခန်းမထဲရှိ အခြေအနေ ယာယီ ငြိမ်သက်သွားခဲ့၏။

"အရင်းအမြစ်ကျောက် ၆၀၀၀၀ တစ်ကြိမ် ၊ ၆၀၀၀၀ နှစ်ကြိမ်၊ ၆၀၀၀ သုံးကြိမ်။ ရောင်းလိုက်ပါပြီ။ အခုပဲ လေလံဆွဲလိုက်တဲ့ ရောင်းရင်းဆီကို ဒီ ဝိညာဥ်သိပ်သည်းခြင်း ဆေးပုလင်းကို ရောင်းလိုက်ပါပြီ။ ရောင်းရင်း ကျေးဇူးပြုပြီး အရင်းအမြစ် ကျောက်ကိုယူပြီး စင်မြင့်နောက်ဘက်မှာ ဆေးသွားထုတ်ယူလို့ ရပါပြီ။ ကဲ နောက်ပစ္စည်းတစ်ခုဆီ သွားကြတာပေါ့"

စင်မြင့်ပေါ်တွင် မျက်လုံးပိတ်ပြီး ရပ်နေသော အရက်သမားသည် အရောင်းအဝယ်အား ရုတ်ချည်း ပိတ်ချလိုက်ပြီး မည်သူမှ မတုန့်ပြန်နိုင်သေးခင် နောက်ပစ္စည်း တစ်ခုဆီသို့ ချက်ချင်း တန်းသွားလေသည်။

"မြန်လိုက်တာ၊ ဒါက လေလံတင်နေတာလား အမြန်ရောင်းထွက်အောင် လုပ်နေတာလား။ စီနီယာ အရက်သမားက တော်တော်ကြီးကို အလျင်လိုလွန်းနေတာပဲ" ကန့်ကွက်အသံ များစွာနှင့်အတူ ခန်းမတစ်ခုလုံး ရုတ်ချည်း ဆူညံလာခဲ့လေသည်။

ကြည့်ရသလောက် မည်သည့်ကျင့်ကြံသူမှ ဤကဲ့သို့သော လေလံပွဲမျိုးကို မတွေ့ဖူးသည့်ပုံပင်။ ပုံမှန်အားဖြင့် လေလံပွဲအား ကျင်းပသည့် လူများသည် ကျင့်ကြံသူများမှ ပို၍စျေးများများ ပေးနိုင်စေရန်အတွက် လေလံစျေးအား သုံးကြိမ် ခေါ်သည့်အခါတွင် ဖြည်းဖြည်းချင်း ခေါ်လေ့ရှိကြလေသည်။ သို့သော်ငြား အရက်သမားကမူ ထိုကဲ့သို့သော ပုံစံမျိုးကို လုံးဝ ဂရုမစိုက်သည့်ပုံပင်။ သူပြောသည့်အတိုင်းပင် ဤလေလံပွဲကို မြန်မြန် အဆုံးသတ်ချင် နေသည့်အလား။ ခပ်မြန်မြန်ကို တစ်ကြိမ်နှစ်ကြိမ် သုံးကြိမ်ခေါ်သွားခဲ့လေသည်။

စျေးဆက်တင်လျှင် ကောင်းမလား နောက်ပစ္စည်းအတွက် စောင့်လျှင်ကောင်းမလား စဥ်းစားနေကြသော ကျင့်ကြံသူများမှာ အရက်သမား၏ လုပ်ရပ်ကို မြင်ပြီးနောက် အတော်ကိုမှ စိတ်ညစ် စိတ်ပျက်ကုန် ကြလေသည်။

ခြောက်သောင်းနှင့် ရလိုက်သည့် လူမှာတော့ ထိုင်ခုံမှ ချက်ချင်းထပြီး ဝမ်းသာအားရဖြင့် စင်မြင့်နောက်ဘက်သို့ ပြေးသွားလေ၏။ အရက်သမား၏ စိတ်မရှည်သည့်ပုံစံကို ကြည့်ပြီးနောက်တွင် မည်သည့်ကျင့်ကြံသူမှ ဆက်ပြီး တုန့်ဆိုင်းမနေကြတော့ချေ။ သူတို့လိုချင်သည့် လေလံပစ္စည်းများ ထွက်လာသည့်အခါ ချက်ချင်းကို စျေးစခေါ်ကြသည်။ သူတို့စျေးမပေးနိုင်သေးခင် အရက်သမားမှ လေလံပစ္စည်းအား အောင်နိုင်သွားသည့် လူကို ကြေညာလိုက်မည့်အပေါ် အလွန်ကိုမှ စိုးရိမ်နေကြသည်။

ဤနည်းဖြင့် သွားလိုက်ရာ လေလံပွဲမှာလည်း အလွန်ကိုမှ မြန်ဆန်လာရလေတော့သည်။ နာရီဝက် မရှိတတ်သေးခင်မှာပင် ပစ္စည်းအခု လေးဆယ် ရောင်းထွက်သွားခဲ့လေသည်။ လေလံပွဲသည် ရန်ကိုင်ဝင်ရောက် ဆင်နွှဲခဲ့ဖူးသော လေလံပွဲများနှင့် လုံးဝကိုဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ဆေးလုံးများ၊ မှော်ရတနာများ၊ ကျင့်စဥ်များ၊ သိုင်းပညာရပ်များ ပစ္စည်းမျိုးစုံ လေလံပွဲတွင် ပေါ်လာခဲ့ကြသည်။ သို့သော်လည်း ထိုပစ္စည်း အများစုမှာ ငါးရောင်ခြယ် ရတနာဘုရားထဲမှ ရရှိလာသည့် ပစ္စည်းများသာ ဖြစ်ကြလေသည်။ ရှေးဟောင်းတိုက်ပွဲကွင်းပြင်မှ ကျန်ရစ်ခဲ့သော အဖိုးတန် ပစ္စည်းများကို လူပေါင်းများစွာက လိုချင်ကြသည်။

ထို့ကြောင့် လေလံပွဲမှာ အလွန်ကိုမှ ပြိုင်ဆိုင်မှု ပြင်းထန်နေတော့လေသည်။ ရန်ကိုင်သည်လည်း ရောင်းထွက်သွားသော ပစ္စည်းများ၏ အကြမ်းဖျဥ်းစျေးကို နားလည်သွားခဲ့လေသည်။

ပုံမှန် တာအိုအဆင့် မှော်ရတနာတစ်ခုသည် အရင်းအမြစ်ကျောက် (၇)သိန်းမှ (၈)သိန်းကြား ကုန်ကျ၏။ သူ့ထက်ပို အဆင့်မြင့်မည် ဆိုလျှင်တော့ စျေးနှုန်းသည် တစ်သန်းမှ သန်းပေါင်းများစွာ အထိသို့ ရောက်ရှိသွားနိုင်ပေသည်။

အစကမူ လုမိသားစုမှ ရလာသည့် အရင်းအမြစ်ကျောက်များနှင့် ပေါင်းလိုက်သော် သူ့တွင်ရှိနေသည့် အရင်းအမြစ်ကျောက် တစ်သန်းသည် အတော်လေး များလှပြီဟု ရန်ကိုင်ထင်ထားခဲ့သည်။ သို့သော်ငြား လေလံပွဲအား မျက်မြင်ကြုံတွေ့ပြီးသည့် နောက်မှသာ သူ့အတော်လေးကို ဆင်းရဲနေသေးမှန်း နားလည်သွားခဲ့လေသည်။

"တာအိုအဆင့်နိမ့် တိုက်ပွဲသံချပ်ကာ (၁.၈)သန်းတစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်။ ရောင်းထွက်သွားပြီ။ ရောင်းရင်း မင်းရဲ့ အရင်းအမြစ်ကျောက်တွေယူပြီး စင်နောက်ဘက်မှာ မင်းပစ္စည်းကို သွားယူပေးပါ။ နောက်ပစ္စည်းတစ်ခုဆီ သွားကြတာပေါ့။ "

အရက်သမားမှာတော့ သူ့ပုံစံအတိုင်းပင်။ အရောင်းအဝယ် အားလုံးကို ခပ်မြန်မြန်သာ အပြီးဖြတ်နေခဲ့လေသည်။ စင်နောက်ဘက်ဆီမှ အစေခံမလေးတစ်ဦးသည် အနီရောင်ပိတ်သားဖြင့် ဖုံးလွှမ်းထားသည့် ကျောက်စိမ်းလင်ဗန်း တစ်ချပ်ကို ယူလာခဲ့လေသည်။ အနီရောင်ပိတ်သားကြောင့် လင်ဗန်းပေါ်ရှိပစ္စည်းမှာ မည်ကဲ့သို့သော အရာမှန်း မည်သူမျှ မမြင်နိုင်ကြတော့ချေ။

အစေခံမလေး အနီးသို့ ရောက်လာသည့်အခါ အရက်သမားသည် ရုတ်တရက် ပြုံးဖြီးလျက် လူအုပ်ကြီးအား အဓိပ္ပါယ်ပါပါကြည့်ရင်း ပြောလိုက်လေသည်။

"တကယ်တော့ ဒီပစ္စည်းက တော်တော်လေးကို အဖိုးတန်လွန်းတယ်လို့ ပြောလို့ရတယ်။ ပုံမှန်ဆိုရင် ဒါကို နောက်ဆုံးပစ္စည်းအဖြစ် လေလံတင်မှာ ။ ဒါပေမယ့် ဒီလူအိုကြီးက နည်းနည်းစောပြီး တင်ခိုင်းနေတော့ အခုလိုမျိုး စောပြီး လေလံတင်လိုက်တာ။ ဒါဘာလည်း တော်တော်များများ သိထားလောက်ပြီပေါ့။ ဒါဆို ဒီလူအိုကြီး ဘာမှ ဆက်ပြောမနေတော့ဘူး။ စကြရအောင်။" ပြောပြီးသည်နှင့် အနီရောင်ပိတ်သားကို ဖယ်လိုက်လေသည်။

ထိုအရာမှာ လက်တစ်ဆုပ်စာ အရွယ်လောက်သာ ရှိမည်ထင်ရသော မီးဖိုလေးတစ်လုံး ဖြစ်သည်။ မီးဖိုလေးမှာ အနက်ရောင်တောက်နေပြီး မျက်နှာပြင်ပေါ်တွင် နဂါးရုပ်၊ ဖီးနစ်ငှက်ရုပ် တို့ ထိုးထွင်းထားခဲ့၏။ အရက်သမားသည် မီးဖိုလေးအား လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်ပြီး ရယ်မော၍ ပြောလိုက်လေသည်။

"ဒီ ကျောက်စိမ်းနက်မီးဖိုကို ဒီလူအိုကြီးနဲ့ မြို့သခင်ကိုယ်တိုင် တော်တော်ကြာအောင် လေ့လာလိုက်သေးတယ်။ ဒါပေမယ့် အဲ့လောက် လေ့လာတာတောင် ဒီမီးဖိုကို ဘာနဲ့လုပ်ထားလို့ လုပ်ထားမှန်း မပြောနိုင်ဘူး။ ငါတို့ သိလိုက်တာတစ်ချက်က ဒါဟာ ဆေးမီးဖိုတစ်လုံး ဆိုတာရယ်၊ အဆင့်က တာအိုအလယ်အလတ်အဆင့် ဆိုတာရယ်ပဲ”

"တာအိုအလယ်အလတ်အဆင့် ဆေးမီးဖိုလား။" လူအုပ်ကြီးတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားလေသည်။

လေလံပွဲတွင် ယခုအချိန်အထိ ပစ္စည်းပေါင်းများစွာ ပေါ်လာခဲ့ဖူးသော်ငြား အနည်းငယ်သည်သာ တာအိုအဆင့်များ ဖြစ်ကြသည်။ သို့သော်လည်း ထို တာအိုအဆင့် အားလုံးအနက် အနည်းငယ်သည်သာ တာအိုအလယ်အလတ် အဆင့်များ ဖြစ်ကြသည်။ အရေးအကြီးဆုံး အချက်မှာ ဤဆေးမီးဖိုသည် ဆေးပညာရှင်များမှ အလွန်လိုချင်နေသည့် ရတနာတစ်မျိုး ဖြစ်နေခြင်းပင်။

ဆေးပညာရှင်များသည် အလွန်ကိုမှ ချမ်းသာကြပေသည်။သူတို့လိုချင်သည့် ဆေးမီးဖိုကောင်း တစ်လုံးကိုသာ တွေ့လိုက်ရမည်ဆိုလျှင် သုံးဖြုန်းနေရန်အတွက် ဝန်လေးနေလိမ့်မည် မဟုတ်ပေ။ ထို့အပြင် မိသားစုကြီးများနှင့် ဂိုဏ်းကြီးများသည် သူတို့ကိုယ်ပိုင် ဆေးပညာရှင်များကို ပြုစုပျိုးထောင်လေ့ ရှိကြသည်။ ထို့ကြောင့် ဤ တာအိုအလယ်အလတ်အဆင့် ဆေးမီးဖိုသည် သူတို့အတွက် အလွန်ကိုမှ သွားရည်ယိုစရာ ကောင်းနေလေ၏။

မီးဖိုကောင်းတစ်လုံးသာ ရှိလာမည်ဆိုပါက ဆေးပညာရှင်များ အနေဖြင့် ဆေးလုံးဖော်စပ်ရာတွင် အောင်မြင်နိုင်ချေ ပိုတိုးမြင့်လာနိုင်ပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေးဘဲ သူတို့ဖော်စပ်လိုက်သည့် ဆေးလုံး၏ အရည်အသွေးကိုလည်း တိုးတက်အောင် လုပ်နိုင်သေး၏။

ထို့ကြောင့် ဤဆေးမီးဖို၏ တန်ကြေးကို စဥ်းသာ စဥ်းစားကြည့်နိုင်ပေသည်။ ယခုအချိန်အထိ တစ်ကြိမ်တစ်ခါမှ လေလံဝင်မဆွဲ ဖူးသေးသော ရန်ကိုင်ပင်လျှင် ဆေးမီးဖိုကို မြင်ပြီးနောက် မျက်လုံးတစ်ဖျတ်ဖျတ် လက်လာခဲ့သည်။ ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဆေးမီးဖိုကို သေချာ စစ်ဆေးကြည့်လေသည်။ လူပေါင်းများစွာသည်လည်း ရန်ကိုင့်ကဲ့သို့ လုပ်လိုက်ကြသည်။

အားကောင်းလှသော ကောင်းကင်စိတ်အာရုံ များစွာသည် စင်မြင့်ပေါ်သို့ တမုဟုတ်ချည်း စုစည်းသွားကုန် ကြလေသည်။

"ဆေးပညာရှင်ရန်က ဒီဆေးမီးဖိုကို စိတ်ဝင်စားတာလား" ခန်စစ်ရန်သည် ရန်ကိုင့်အမူအရာကိုစောင့်ကြည့်ရင်း ပြုံးကာမေးလိုက်လေသည်။

"နည်းနည်းပါးပါးပေါ့။ ဒါပေမယ့်.. " ရန်ကိုင်က မဲ့ပြုံးပြုံး၍ ခေါင်းခါရင်း"ကျုပ်မရနိုင်လောက်ဘူး။"

ခန်စစ်ရန်က ခနမျှ စဥ်းစားနေပြီးနောက် ပြန်ပြောလိုက်လေသည်။ "မကြိုးစားကြည့်ဘဲနဲ့ ရမရဘယ်လိုလုပ်သိမှာလည်း။ ဆေးပညာရှင်ရန် လိုချင်ရင် တုန့်ဆိုင်းမနေနဲ့နော်။ အရင်းအမြစ်ကျောက်လိုရင် ဒီခန် ချေးပေးလို့ရတယ်”

“အရင်စောင့်ကြည့်ကြတာပေါ့"။

ခန်စစ်ရန် အရင်းအမြစ်ကျောက် များစွာကို ယူလာမှန်း ရန်ကိုင်သိပေသည်။ သို့သော်လည်း ထိုအရင်းအမြစ် ကျောက်များမှာ တာအိုအရင်း အမြစ်အသီး အတွက်ဖြစ်သည်။

ခန်စစ်ရန်သာ တာအိုအရင်း အမြစ်အသီးကို သူ့ကြောင့် ရမသွားနိုင်ခဲ့လျှင် ရန်ကိုင်အတော်လေး နေလို့ထိုင်လို့ ကောင်းလိမ့်မည် မဟုတ်ချေ။သူ့အနေဖြင့် ဤဆေးမီးဖိုကို လိုချင်သော်ငြား ဤဆေးမီးဖိုသည် သူ့အတွက် မရှိမဖြစ် လိုအပ်နေသည့် အရာတစ်ခု မဟုတ်ပေ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၂၉)

“မင်းတို့ ကြည့်လို့ဝပြီနော်၊ ဝရင် ဒီလူအိုကြီးစပြီ။ ဒီလူအိုကြီးကိုယ်တိုင်က ဆေးပညာရှင်တစ်ဦး မဟုတ်ပေမယ့် ငါကျင့်ထားတဲ့ကျင့်စဉ်က မီးဓါတ်ဆိုတော့ ဒီဆေးမီးဖိုရဲ့ အစွမ်းကို နည်းနည်းလောက် ထုတ်သုံးလို့ ရတယ်။ သေချာကြည့်ထားကြ” ပြောပြီးသည်နှင့် အရက်သမားသည် ကျောက်နက်မီးဖိုးကို လေထဲသို့ ပစ်မြှောက်လိုက်ပြီး လက်ကွက်အချို့ ဖန်တီးလိုက်သည်။

သူ၏ အရင်းအမြစ်ချီကို ကျောက်နက်မီးဖိုထဲသို့ ထည့်သွင်းလိုက်သည့်နောက်တွင် မီးဖိုမှာ အရွယ်အစား တဖြည်းဖြည်း ကြီးမားလာခဲ့လေရာ မကြာမီတွင် လူတစ်ရပ်စာ အမြင့်သို့ ရောက်လာခဲ့လေသည်။ ထို့နောက် ဘုတ်ဟူသော အသံဖြင့် စင်မြင့်ပေါ်သို့ ကျလာခဲ့လေ၏။

ဆေးမီးဖို၏ အရွယ်အစား ပိုမို ကြီးမားလာသည့်အလျောက် ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ပုံစံကွက်များကို ပို၍ ရှင်းရှင်းလင်းလင်း မြင်လာရလေသည်။

ယခုဆိုလျှင် လေလံပွဲထဲတွင် ရှိနေသူအားလုံး ဆေးမီးဖို၏ အတွင်းပိုင်းကို ကောင်းကင်စိတ်အာရုံဖြင့် ပင်လျှင် စစ်ဆေးနေနိုင်ကြလေပြီ။ အတွင်းထဲတွင် ရှိနေသည်ကား တလက်လက် တောက်နေသော မီးတောက်နေသည့် နဂါးဦးခေါင်းလေးခုသာ ဖြစ်လေသည်။

“ဒီဆေးမီးဖိုကို ဖန်တီးလိုက်တဲ့ ပန်းပဲပညာရှင်က တကယ့် ဆရာတစ်ပါးပဲ။ ဘယ်လိုမျိုးလဲဆိုတော့ သူအစီအရင် ထည့်ထားတဲ့ပုံစံပဲ။ ဒီဆေးမီးဖိုကို အစီအရင်ကွက်တွေ အများကြီးနဲ့ သူပေါင်းစပ်ထားတယ်။ ရှင်းရှင်ပြောရရင်တော့ ဆေးမီးဖိုထဲက အစီအရင်တွေကိုသာ နားလည်မယ်ဆိုရင် ကိုယ့်ဘာသာ အလုပ်ရှုပ်ခံပြီး ဆေးဖော်စပ်နေရင်း အစီအရင်တွေကို ခင်းကျင်းနေစရာ မလိုတော့ဘူး။ သူထည့်ထားတဲ့ အစီအရင်တွေကို အဆင်သင့် ကောက်သုံးလိုက်ရုံပဲ။ အဲ့ဒါအပြင်ကိုမှ အထဲမှာရှိတဲ့ နဂါးခေါင်းလေးခုကလည်း မီးတောက် အပူချိန်ကို ပိုပြီး အဆင်ပြေပြေနဲ့ ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်သေးတယ်။ အဲ့ဒါတွေတင် မဟုတ်သေးဘူး။ ဒီနဂါးခေါင်းလေးခုနဲ့ ပက်သက်ပြီး နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်လည်း ထပ်ပြီး ရှိသေးတယ်”

ပြောပြီးသည့်နောက်တွင် အရက်သမားသည် သူ့ခါးရှိ အရက်အိုးကိုယူ၍ အရက်တစ်ကျိုက် မော့ချလိုက်လေသည်။ လည်ချောင်းထဲသို့ အရက်ဝင်သွားပြီးနောက် အရက်သမား၏ မျက်နှာမှာ တစ်မုဟုတ်ချည်း နီမြန်းလာခဲ့သည်။ ထို့နောက် ရင်ဘတ်ကို လက်ဖြင့်ပုတ်၍ ကျောက်နက်မီးဖိုဆီသို့ ပါးစပ်ဟကာ တစ်ခုခုကို မှုတ်ထုတ်လိုက်၏။

ချက်ချင်းဆိုသလို အရက်သမား၏ ပါးစပ်ထဲမှ မီးနဂါးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ကျောက်နက်မီးဖိုထဲသို့ဆီသို့ တိုးဝင် ပျောက်ကွယ်သွားလေသည်။

ထိုသို့လုပ်ပြီးနောက်တွင် အရက်သမားသည် နားလည်ရခက်စွာပြုံးလျက် လက်ကွက်တစ်ခုကို ဖန်တီးလိုက်၏။

ရုတ်တရက် ဆေးမီဖိုထဲတွင် ရှိနေသော နဂါးခေါင်း တစ်ခေါင်းဆီမှ မီးတောက်များ ထွက်ပေါ်လာခဲ့လေသည်။ ထိုမီးတောက်များသည် အလွန်ကိုမှ ပူပြင်းပြီး အပြာရောင် တောက်နေ၏။ အရက်သမား၏ ထိန်းချုပ်မှုအောက်တွင် မီးတောက်များမှာ သူအလိုရှိရာအတိုင်း… အားပြင်းလာလိုက်၊ အားပျော့သွားလိုက် ဖြစ်နေကြသည်။

များမကြာမီတွင် ကျန်ရှိနေသော နဂါးခေါင်း သုံးခေါင်းဆီမှလည်း မီးတောက်များ အသီးသီး ထွက်ပေါ်လာကြ၏။ ထို့နောက်တွင် အရက်သမားသည် သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ဘေးတွင် အေးအေးဆေးဆေး သွားရပ်နေလေသည်။

သို့ရာတွင် မီးဖိုထဲရှိ မီးတောက်များမှာတော့ ငြိမ်းသေသွားခြင်း မရှိဘဲ ဆက်၍ လောင်းကျွမ်းနေခဲ့သည်။ ကြည့်ရသလောက် ထိုမီးတောက်များ ငြိမ်းသေသွားရန် အတော်လေး ကြာဦးမည့်ပုံပင်။

“ဆေးမီးဖိုက မီးတောက်တွေကို သူ့ဘာသာ ထိန်းထားနိုင်တာလား” လူတစ်ဦးက ရုတ်တရက် ပြောလိုက်၏။

“ရောင်းရင်းပြောတာ အမှန်ပဲ” အရက်သမားက ရယ်မော၍ “အခု ငါသုံးလိုက်တာ ငါ့စွမ်းအားက ဘယ်လောက်မှ မရှိဘူး။ နည်းနည်းလေးလောက်ကိုပဲ သုံးလိုက်တာ။ ဒါပေမယ့် အဲ့လောက်က ဒီဆေးမီးဖိုးကို နေ့ဝက်လောက်အထိ တောက်လျှောက် မီးတောက်နေအောင် လုပ်ထားလို့ရတယ်။ ပြီးတော့ မီးတောက်ပြင်းအားကို သတ်မှတ်ပြီးသွားပြီ ဆိုတာနဲ့ မီးအပူချိန်က လုံးဝကို ပြောင်းလဲသွားတော့မှာ မဟုတ်ဘူး။ ဆေးဖော်စပ်မယ့်လူ ကိုယ်တိုင် ပြန်ပြောင်းတော့မှပဲ ပြောင်းမှာ။ ဒါက ဆေးပညာရှင်တွေအတွက် ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာကို ဒီလူအိုကြီး ပြောပြဖို့ မလိုတော့ဘူးနဲ့တူတယ်၊ ဟုတ်တယ်မလား”

အရက်သမား ပြောပြီးသွားသည်နှင့် ခန်းမတစ်ခုလုံး ပွက်ပွက်ညံသွားခဲ့လေသည်။

အရက်သမားသည် ဘာကိုမှ သေချာ ရှင်းပြမသွားခဲ့သော်ငြား ခန်းမထဲတွင် ရှိနေသည့် ကျင့်ကြံသူ အားလုံးမှာတော့ ဤဆေးမီးဖို မည်မျှ အဖိုးတန်ကြောင်း သဘောပေါက်ပြီးနေလေပြီ။

ဆေးတစ်ခါ ဖော်စပ်မည်ဆိုလျှင် အမျိုးမျိုးသော ဆေးပင်များကို အတူပေါင်းစပ်ပြီး အစီအရင်အမျိုးမျိုးကို ခင်းကျင်း၍ ဖော်စပ်ရသည်။ တစ်ချိန်တည်းတွင် မီးအပူအချိန်ကိုလည်း သင့်တင့်အောင် အဆက်မပြတ် ထိန်းချုပ်နေရသေးသည်။ ထို့အတွက်ကြောင့် ဆေးစဖော်စပ်လိုက်ပြီ ဆိုသည်နှင့် နည်းနည်းလေးမှကို အာရုံပျံ့လွင့်၍ မဖြစ်တော့ချေ။

သို့သော်လည်း ဤကျောက်စိမ်းနက်ဆေးမီးဖိုသည် ဆေးဖော်စပ်ခြင်းဖြစ်စဉ်ကို အတော်လေး လွယ်ကူ သက်သာသွားစေလေသည်။ ဆေးပညာရှင်တစ်ဦး အနေဖြင့် သင့်တော်သည့် စွမ်းအင်ပမာဏကို ထည့်သွင်း၍ မီးတောက်အပူချိန်ကို ကိုယ်သုံးချင်သည့်အတိုင်း သတ်မှတ်ထားလိုက်ရုံပင်။ မီးအပူအချိန်ကို တစ်သမတ်တည်းဖြစ်အောင် အဆက်မပြတ် ထိန်းချုပ်နေစရာ မလိုတော့ချေ။

ဤအချက်သည် ဆေးပညာရှင်များကို ကြီးကြီးမားမား အကူအညီပေးနိုင်ပေသည်။

ဆေးပညာရှင်များ ဆေးဖော်စပ်ခြင်း မအောင်ရသည့် အကြောင်းအရင်းများထဲတွင် စိတ်စွမ်းအင်နှင့် ရုပ်ခန္ဓာ အကန့်အသတ်ကို ရောက်သွားရခြင်းသည် အဓိက အကြောင်းအရင်းတစ်ခုအဖြစ် ပါဝင်ပေသည်။ ဤကျောက်စိမ်းနက် ဆေးမီးဖိုဖြင့်သာ ဆိုပါက ဆေးပညာရှင်များ အနေဖြင့် ဆေးဖော်စပ်နေသည့် အချိန်အတွင်းပင်လျှင် မီးအပူချိန်ကို ပုံသေထားလိုက်ပြီး ခဏတာ အားပြန်ဖြည့်၍ ရပေသည်။

ထို့အပြင် ဆေးမီးဖိုထဲတွင် ထည့်သွင်းပေါင်းစပ်ထားသော အစီအရင်များလည်း ထပ်ရှိနေသေးသည်။ တာအိုအလယ်အလတ်အဆင့် ဆေးမီးဖိုတစ်လုံးပါ ဖြစ်နေသည် ဆိုသော အချက်ကို ထပ်ပေါင်းလိုက်သော် ဤကျောက်စိမ်းနက်ဆေးမီးဖိုသည် ဆေးပညာရှင်များအတွက် သားရေယိုစရာ ရတနာတစ်ခု ဖြစ်လာလေတော့လေသည်။

“အချိန်က သိပ်ရတာမဟုတ်တော့ ဒီလောက်ပဲ ရှင်းပြတော့မယ်။ ဒါပေမယ့် စိတ်ပူစရာတော့မလိုဘူး။ ဘယ်ဆေးပညာရှင်ပဲ ဒီဆေးမီးဖိုကို ရလိုက်ရလိုက်၊ သူတို့ရဲ့ ဆေးဖော်စပ်နိုင်တဲ့ စွမ်းရည်က ကျိန်းသေကို နောက်တစ်ဆင့် တက်သွားလိမ့်မယ် ဆိုတာကိုတော့ ဒီလူအိုကြီး အာမခံရဲတယ်”

ထိုစကားကို ကြားပြီးနောက်တွင် ခန်းမထဲ၌ ရှိနေသော လူပေါင်းများစွာ ရုတ်ချည်း စိတ်လှုပ်ရှားလာခဲ့ကြလေသည်။

ဆေးမီးဖိုလေး ရလိုက်ရုံဖြင့် ဆေးဖော်စပ်သည့် စွမ်းရည် နောက်တစ်ဆင့် တက်သွားနိုင်လိမ့်မည် ဟူသော အချက်မှာ အလွန်ကိုမှ မက်မောဖွယ် ကောင်းလှပေသည်။ အရက်သမား ပြောပုံအရ တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦးသာ ဤဆေးမီးဖိုကို ရသွားမည်ဆိုလျှင် တာအိုသခင်အဆင့် ဆေးလုံးများကိုပင် ဖော်စပ်ကောင်း ဖော်စပ်လာနိုင်ပေလိမ့်မည်။

“ကြမ်းခင်းဈေးကတော့… တစ်သန်းပဲ…” ကနဦးဈေးကို ကြားပြီးနောက် ရန်ကိုင်၏ နှုတ်ခမ်း မဲ့ရွဲ့သွားခဲ့လေသည်။

အရက်သမား၏ ရင်သက်ရှုမောဖွယ်ကောင်းသည့် သရုပ်ပြပုံနဲ့ ရွှန်းရွှန်းဝေအောင် ဖော်ကြူးထားသည့် ချီးမွမ်း စကားများကိုကြားပြီးနောက် ရန်ကိုင်ပင်လျှင် ကျောက်စိမ်းနက် ဆေးမီးဖိုကို အနည်းငယ် စိတ်ဝင်စားမိသွား၏။

သူ့တွင် ရှိနေသော ခရမ်းမူလ ဆေးမီးဖိုသည် တန်ခိုးရှင်ဘုရင် အဆင့်မြင့် ဆေးမီးဖိုတစ်လုံး ဖြစ်သည့် အတွက် အဆင့်နိမ့်သည်ဟု မဆိုနိုင်သော်ငြား ကျောက်စိမ်းနက် ဆေးမီးဖိုကိုတော့ မယှဉ်နိုင်သေးချေ။

သို့သော်လည်း ကြမ်းခင်းဈေး ပမာဏကို ကြားပြီးနောက် ရန်ကိုင် မဲ့ပြုံးပြုံးရုံသာ တတ်နိုင်တော့လေသည်။

သူ့တွင် ရှိနေသည့် အရင်းအမြစ်ကျောက် အားလုံးပေါင်းမှ တစ်သန်းသာရှိလေရာ ဤကျောက်စိမ်းနက် ဆေးမီးဖိုကို မည်သို့များ လေလံဝင်ဆွဲနိုင်ဦးမည်နည်း။

“အဲ့ကျောက်စိမ်းနက်ဆေးမီးဖိုက အဲ့လောက်တောင် ကောင်းတာလား” အနားတွင် ရှိနေသော ခန်စစ်ရန်လည်း အံ့အားသင့်နေခဲ့သည်။

ခန်စစ်ရန်မှာ မြို့သခင်စံအိမ်နှင့် အဆက်အသွယ် ရှိသည့်အတွက်ကြောင့် လေလံပွဲမတိုင်ခင် လေလံတင်မည့် ပစ္စည်းများနှင့် ပက်သက်၍ သတင်းရခဲ့သော်လည်း ဤကျောက်စိမ်းနက်မီးဖိုနှင့် ပက်သက်သည့် အသေးစိတ် အကြောင်းအရာများကိုတော့ မသိခဲ့ရချေ။ ထို့ကြောင့် အရက်သမား ရှင်းပြသွားသည်ကို နားထောင်ပြီးနောက်တွင် ခန်စစ်ရန်၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့လေ၏။

သူသာ ထိုဆေးမီးဖိုကို ရနိုင်မည်ဆိုပါက စိတ်ဝိဥာဉ် ဆေးလုံးပလာဇာ၏ ဆေးလုံး ထုတ်နိုင်သည့်နှုန်းသည် သိသိသာသာကို တိုးတက်လာပေလိမ့်မည်။ ထိုအခါ ဆိုင်ပိုင်ရှင်ဖြစ်သည့် သူ့တန်ဖိုးမှာလည်း သိသိသာသာကို တိုးတက်လာမည်ဖြစ်ကာ ထူးထူးချွန်ချွန် ဆောင်ရွက်နိုင်သည့် အတွက်ကြောင့် အဖွဲ့အစည်း၏ ဆုချခြင်းပင် ခံရနိုင်ပေသေးသည်။

သို့သော်လည်း နောက်ဆုံးပစ္စည်းဖြစ်သော တာအိုအရင်းအမြစ်အသီးအကြောင်း ပြန်စဉ်းစားမိသည့် အခါ တုန့်ဆိုင်းသွားခဲ့ရပြန်လေသည်။

ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက်တွင် ရန်ကိုင်မှ မဲ့ပြုံးပြုံးနေသည်ကို မြင်သော် သိချင်စိတ်ဖြင့် မေးကြည့်လိုက်လေသည် “ဆေးပညာရှင်ရန်၊ မင်း လေလံ ဝင်မဆွဲဘူးလား”

“မဆွဲသေးပါဘူး။ ဒီအတိုင်းပဲ ကြည့်ကြည့်ဦးမယ်” ရန်ကိုင် ခေါင်းခါလိုက်သည်။

ခန်စစ်ရန်လည်း ဘာမှ ပြန်မပြောဘဲ ခေါင်းသာညိတ်၍ ငြိမ်ငြိမ်လေး စောင့်ကြည့်နေလိုက်လေသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်အတွင်း လေလံပွဲမှာ စနှင့်နေခဲ့လေပြီ။ သို့ရာတွင် မည်သူမှ ဈေးမပေးကြသေးဘဲ အကုန်လုံးသည် တစ်ယောက်ယောက်မှ ဈေးစခေါ်မည်ကို စောင့်နေကြသည့်အလား ခန်းမတစ်ခုလုံး တိတ်နေခဲ့သည်။

လေလံပွဲကျင်းပသည့်လူမှာ အခြားတစ်ဦးသာ ဆိုလျှင်တော့ လူအုပ်ကြီး ဈေးစခေါ်မည့် အချိန်ကို စိတ်ရှည်ရှည်ဖြင့် ထိုင်စောင့်နေပေလိမ့်မည်။ ဤကဲ့သို့သော ပစ္စည်းကောင်းသည် ဈေးများများဖြင့် ရောင်းမထွက်စရာ အကြောင်းမှ မရှိလေပဲ။ သို့သော်လည်း ယခုတစ်ကြိမ် လေလံပွဲအား ဦးစီးကျင်းပနေသည့်လူမှာ အခြားမဟုတ်၊ အရက်သမားဖြစ်သည်။

ခဏကြာအောင် စောင့်နေပြီးနောက် မည်သူမှ ဈေးမပေးသေးသည်ကို မြင်သော် အရက်သမားက ပြုံးဖြီး၍ ပြောလိုက်လေသည် “ကြည့်ရတာ လိုချင်တဲ့လူ ဘယ်သူမှ မရှိဘူးနဲ့တူတယ်။ အဲ့လိုဆိုမှတော့ ငါပဲ…”

“နေပါဦး ဒုမြို့သခင်၊ အဲ့လောက် စိတ်မစောနဲ့လေ” သီးသန့်ခန်းထဲမှ တစ်ယောက်က ထအော်လေည်။

“ငါစိတ်စောတာ မဟုတ်ဘူးလေ။ မင်းတို့ဘာသာ မဝယ်ချင်ဘဲ ထိုင်ကြည့်နေကြတာလေ။ အဲ့လိုဆိုမှတော့ ငါဘာသာဝယ်ပြီး နောက်ပိုင်း ဈေးကြီးကြီးနဲ့ ပြန်ရောင်းရမှာပေါ့” အရက်သမားသည့် ပြောလိုက်သည့် လူအား ပြုံး၍ လှမ်းကြည့်လိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ လူပေါင်းများစွာ၏ မျက်နှာကြီး မဲ့သွားခဲ့လေသည်။

လေလံပွဲကျင်းပသည့် လူတစ်ဦးမှ လေလံတင်သည့် ပစ္စည်းအား ပြန်ဝယ်သည့်ကိစ္စမျိုး သူတို့ တစ်ခါမှ မကြားဖူးချေ။ အရက်သမားကဲ့သို့သော လူမျိုးသည်သာ ဤကဲ့သို့ လုပ်ပေလိမ့်မည်။

“ကဲ၊ ရောင်းရင်းတို့က ဈေးမပေးချင်သေးမှတော့ ကျုပ်ကပဲ တစ်သန်းနဲ့ ဈေးစခေါ်ပေးရတာပေါ့” သီးသန်းခန်းထဲတွင် ရှိနေသော လူတစ်ဦးက ကူကယ်ရာ မဲ့နေသည့် အမူအရာဖြင့် ဈေးစခေါ်လိုက်လေသည်။

“တစ်သန်းက နည်းလွန်းတယ်။ ငါ့တုမိသားစု တစ်သန်းခွဲပေးမယ်”

“တစ်သန်းခွဲက များတယ်ထင်တယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ၊ ငါတို့ ကျန်းမိသားစုက တစ်ဒသမ ရှစ်သန်းပေးမယ်”

တစ်ယောက်မှ စပေးလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ယောက်ပြီးတစ်ယောက် လိုက်ပေးကြတော့၏။ လေလံဝင်ဆွဲနေကြသည့် လူအားလုံးမှာ အားကောင်းသည့် မိသားစုကြီးများ၊ အင်အားစုကြီးများမှ လူများသာ ဖြစ်ကြလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အရက်သမားမှာတော့ အပြုံးကြီးပြုံးလျက် ဝိုင်အိုးကို မော့သောက်နေခဲ့လေသည်။

အလွန်ပြင်းထန်သည့် ပြိုင်ဆိုင်မှုကြောင့် အသက် သုံးဆယ်ရှိုက်စာအတွင်းတွင် ကျောက်စိမ်းနက်ဆေးမီးဖို၏ ဈေးနှုန်းသည် နှစ်ဒသမခုနှစ်သန်း အထိသို့ ထိုးတက်သွားပြီး ထိုမျှနှင့်ပင် ရပ်တန်သွားခြင်း မရှိသေးဘဲ လျင်မြန်စွာ ဆက်လက် မြင့်တက်နေသေးလေသည်။

လက်ဖက်ရည် ခွက်တစ်ဝက်စာခန့် ကြာပြီးနောက်တွင် ဆေးမီးဖို၏ တန်ကြေမှာ လေးသန်းထိသို့ ရောက်လာခဲ့သည်။ ထိုအခါမှ အင်အားစု တော်တော်များများ လက်လျှော့သွားကုန်ကြလေသည်။

ကျောက်စိမ်းနက်ဆေးမီးဖိုမှာ အဖိုးတန်သည့် ရတနာ တစ်ခုဖြစ်သော်လည်း ကျင့်ကြံသူတစ်ဦးအား နောက်တစ်ဆင့်သို့ ရောက်အောင် ကူညီပေးနိုင်သော တာအိုအရင်းအမြစ်အသီးမှာ ပို၍ တန်ဖိုးကြီးလေသည်။ လူတော်တော်များများသည် တာအိုအရင်းအမြစ်အသီးကို လေလံဆွဲချင်သည့်အတွက် သူတို့ ငွေများစွာကို ထိန်ချန်ထားကြသည်။

လက်ရှိတွင် ရန်ကိုင်သည် လုံးဝကို ပွဲကြည့်သူတစ်ဦး ဖြစ်နေခဲ့သည်။ ကျောက်စိမ်းနက်ဆေးမီးဖို၏ တန်ကြေးသည် သူတတ်နိုင်သည့် အကန့်အသတ်ကို လုံးဝ ကျော်လွန်သွားခဲ့လေပြီ။

“ငါတို့ ကျန်းမိသားစုက လေးဒသမတစ်သန်းပေးမယ်” ရုတ်တရက် ကျန်းမိသားစု၏ သီးသန်းခန်းထဲဆီမှ ဒေါသထွက်နေသည့် အသံတစ်သံ ရုတ်တရက် ထွက်လာခဲ့သည်။

လူတော်တော်များများမှာ တိတ်နေခဲ့ကြသည်။ တာအိုသခင်အဆင့် ပညာရှင်တစ်ဦး ရှိနေသည့် မေပယ်မြို့၏ အားအကောင်းဆုံး အင်အားစုကြီးထဲမှ တစ်ခုအပါအဝင်ဖြစ်သော ကျန်းမိသားစုကို သူတို့ သွားရန်မစရဲကြချေ။

မည်သူမှ ဈေးမပေးသည်ကို မြင်သည့်အခါ ကျန်းမိသားစုမှလူက ဝမ်းသားအားရလေသံဖြင့် လှမ်း၍ ပြောလိုက်လေသည် “ဒုမြို့သခင်၊ ခင်ဗျား စပြီး…”

သို့သော် သူ့စကားမဆုံးသေးခင်မှာပင် ကလူတူတူ ညူတူတူ အသံတစ်သံ ရုတ်တရက် ထွက်လာလေ၏ “ဦးလေးကျန်းက ဘာတွေ ဒီလောက် လောနေရတာလဲ။ ညီမလေး ပေးဦးမှာပေါ့။ လေးဒသမနှစ်သန်း”

ထိုစကားသံ ထွက်လာသည်နှင့် မျက်ခုံးထူထူ၊ စူးရှရှ မျက်လုံးကို ပိုင်ဆိုင်ထားသည့် ကျန်းမိသားစု၏ သီးသန်းခန်းထဲမှ သက်လတ်ပိုင်းလူကြီးသည် အသံကြားရာဘက်သို့ လှည့်၍ ပြောလိုက်လေသည် “ဆိုင်ရှင်ကျိုးလား”

ထိုစဉ် ခန်စစ်ရန်၏ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့လေသည် “ကျိုးနင်းစီ၊ အဲ့မိန်းမပျက်မလည်း မနေနိုင်တော့ဘူးပဲ”

ပြိုင်ဘက်များ ဖြစ်သည်နှင့်အညီ အသံကို ကြားလိုက်သည်နှင့် မည်သူမှန်း ခန်စစ်ရန် ချက်ချင်း တန်းသိနေလေသည်။

အပိုင်း(၂၀၃၀)

ကျိုးနင်းစီ ဤကျောက်စိမ်းနက်မီးဖိုအား လေလံဆွဲသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။ သူမသည် ဆေးစံအိမ်တစ်ခု၏ ဆိုင်ပိုင်ရှင် မဟုတ်လော။ ထို့ကြောင့် ကျောက်စိမ်းနက်ဆေးမီးဖိုသည် သူမအတွက် အမှန်တကယ်ကို အသုံးဝင်ပေသည်။

ကျိုးနင်းစီ၏ အသံကို ကြားပြီးနောက် ခန်စစ်ရန် ဒေါသထွက်လာခဲ့လေသည်။ လွန်ခဲ့သည့် လများအတွင်း သူခံစားခဲ့ရသည့် ကျိုးနင်းစီ၏ အမျိုးမျိုးသော အကွက်ချကြံစည်မှုများကို ပြန်အမှတ်ရလိုက်သည့်ပုံပင်။

တစ်ဖက်တွင်တော့ ဈေးခေါ်လိုက်သည့်လူမှာ ကျိုးနင်းစီမှန်း သိသွားသည့်နောက်တွင် ကျန်းမိသားစုမှ လူသည် မျက်မှောင်ကြုတ်၍ ပြောလိုက်လေသည် “ဆိုင်ပိုင်ရှင်ကျိုး၊ ကျုပ်ကျန်းမိသားစုနဲ့ ခင်ဗျားရဲ့ ဆေးလုံးစံအိမ်က တကယ်ကို သင့်သင့်မြတ်မြတ် ရှိကြတာလေ။ အခုလိုလုပ်တာ တကယ်ကို လိုအပ်လို့လား”

ကျိုးနင်းစီက ရယ်သွမ်းသွေး၍ ပြန်ပြောလိုက်လေသည် “ဦးလေးကျန်း ပြောတာ မှန်ပေမယ့် မိတ်ဆွေကမိတ်ဆွေ၊ စီးပွားရေးက စီးပွားရေးလေ။ ညီမလေးက ဒီဆေးမီးဖိုကို လိုချင်နေတာ တစ်ပိုင်းသေနေတာ။ ဦးလေးဘက်ကပဲ သဘောထားကြီးကြီးနဲ့ အလျှော့ပေးလိုက်လို့ မရဘူးလား။ အဲ့လိုလုပ်ပေးမယ်ဆို ညီမလေး ဦးလေးရဲ့ ကျေးဇူးကို သေချာမှတ်ထားမှာပါ။ ညကျရင် ဦးလေးအတွက် စားသောက်ပွဲ ကျင်းပပေပြီး ဦးလေးကို ညီမလေးကိုယ်တိုင် ပြုစုပေးမယ်လေ။ ဟဲဟဲ… ဦးလေးဘက်က သက်လုံ ကောင်းဖို့တော့ လိုတာပေါ့”

ထိုစကားကို ကြားသည့်အခါ ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူပေါင်းများစွာ အထင်အမြင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ကြလေသည်။

“မိန်းမပျက်မ” ခန်စစ်ရန်သည်လည်း အထင်အမြင်တသေးဖြင့် ပြောလိုက်လေ၏။

ကျန်းမိသားစု၏ သီးသန့်ခန်ထဲတွင် ရှိနေသော မျက်ခုံးထူထူနှင့် သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာတော့ ပြောင်းလဲသွားခြင်းမရှိချေ။ ထူးမခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်၏ “ဆိုင်ရှင်ကျိုးက ကျုပ်ကျန်းမိသားစုကို တကယ်ကြီး ဆန့်ကျင်ချင်နေတာလား”

“ဘယ်လိုလုပ်ပြီး အဲ့လိုလုပ်ရဲပါ့မလဲ။ ဒီကိစ္စပြီးသွားရင် ညီမလေးကိုယ်တိုင် ကျန်းမိသားစုဆီလာပြီး တောင်းပန်ပါ့မယ်။ ဒါပေမယ့် ဒီကိစ္စ မတိုင်ခင်တော့၊ ဒီဆေးမီးဖိုးကို အရင်ရအောင် ယူရဦးမှာပေါ့” ကျိုးနင်းစီက ပြောလိုက်လေသည်။

ထိုစကားကို ကြားသည့်အခါ ကျန်းမိသားစုက နှာခေါင်းရှုံ့၍ ပြန်ပြောလိုက်လေသည် “ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ ဘယ်သူပိုပေးနိုင်လဲ ကြည့်ရတာပေါ့။ လေးဒသမ သုံးသန်း”

ကျိုးနင်းစီက ပြုံး၍ တစ်ချက်လေးပင် တုန့်ဆိုင်းနေခြင်း မရှိဘဲ ထပ်မံ လေလံတင်လိုက်လေသည် “လေးဒသမ လေးသန်း”

ကျန်းမိသားစု လေလံထပ်မတင်ခင် အခြားသော သီးသန်းခန်းတစ်ခန်းဆီမှ အသံတစ်သံ ထွက်လာလေ၏ “လေးဒသမငါးသန်း”

ကျန်းမိသားစုမှလူကြီး ကြောင်သွားခဲ့လေသည်။ ကျိုးနင်းစီသည်လည်း ကြောင်သွားခဲ့၏။ အခန်း (ခ-၉)တွင် ထိုင်နေသော ရန်ကိုင်မှာတော့ ခန်စစ်ရန်အား အံ့ဩတကြီး ကြည့်ရင်း “ဆိုင်ပိုင်ရှင်ခန်၊ ခင်ဗျား…”

လေးဒသမငါးသန်း ဈေးပေးလိုက်သည့်လူမှာ အခြားမဟုတ်၊ ခန်စစ်ရန်သာ ဖြစ်လေသည်။

ခန်စစ်ရန်က ပြုံး၍ ပြောလိုက်လေသည် “ငါတကယ် ဝင်မပါဘူး။ ဟိုမိန်းမပျက်မ အလုပ်ရှုပ်သွားအောင် ဝင်လုပ်ပေးရုံပဲ”

ရန်ကိုင် ခေါင်းသာ ညိတ်ပြလိုက်လေသည်။

“ဘယ်သူလဲလို့မှတ်တယ်၊ ဆိုင်ပိုင်ရှင်ခန်ကိုး။ သက်ကြားအိုကြီးခန်က အခုထိ အသက်ရှင်နေသေးတာပဲ” ကျိုးနင်းစီက ရန်စသည့် လေသံဖြင့် ပြောလိုက်လေသည်။

ခန်စစ်ရန်က အော်ရယ်မော၍ “ကျေးဇူးအများကြီး တင်ပါတယ် ဆိုင်ပိုင်ရှင်ကျိုး၊ ဒီလူအိုကြီး အခုထိ ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်နေသေးပါတယ်”

“ဒီတော့ ဆိုင်ပိုင်ရှင်ခန်ပေါ့” အသံကို မှတ်မိသွားပြီးနောက်တွင် ကျန်းမိသားစုမှ ပညာရှင်သည် ရယ်မော၍ ပြောလိုက်လေသည် “ခင်ဗျားတို့ ကုန်သွယ်ရေး အဖွဲ့အစည်းနှစ်ခုကို ဒါကို စိတ်ဝင်စားနေတယ်ဆိုမှတော့ ကျုပ်ကျန်းမိသားစုကပဲ နှုတ်ထွက်ပေးရတော့တာပေါ့။ ခင်ဗျားတို့ အင်အားစုနှစ်ခုနဲ့ပြိုင်ဖို့ ကျုပ်မှာ ငွေအလုံအလောက် မရှိဘူး”

ကျန်းမိသားစုမှ ပညာရှင်သည် ခန်စစ်ရန်နှင့် ကျိုးနင်းစီတို့ သူတို့ အင်အားစုအသီးသီးကို ကိုယ်စားပြု၍ ပြိုင်ကြတော့မည်ဟု ထင်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ ခန်စစ်ရန် ဈေးပေးလိုက်သည်ကို မြင်ပြီးနောက် ချက်ချင်း နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းနက်ဆေးမီးဖိုအတွက် ကျိုးနင်းစီနှင့် ပြဿနာ ဖြစ်၍ ရသော်လည်း မေပယ်မြို့ထဲရှိ အဓိက ကုန်သွယ်ရေး အဖွဲ့အစည်းနှစ်ခုစလုံးနှင့် ပြဿနာဖြစ်ခြင်းမှာတော့ ကောင်းသည့်ကိစ္စတစ်ခု မဟုတ်တော့ချေ။

ခန်စစ်ရန်မှာ တမင်သက်သက် ဈေးဝင်မြှင့်ခြင်းသာ ဖြစ်သလို ကျိုးနင်းစီ ကိုယ်တိုင်ကလည်း သူမ၏ အဖွဲ့အစည်းအား ကိုယ်စားပြုလေသလား၊ မပြုလေသလား ဟူသော အချက်ကိုတော့ ကျန်းမိသားစုမှ ပညာရှင် သိမသွားခဲ့ပေ။

“ကျေးဇူးအများကြီး တင်ပါတယ်” တစ်ဖက်လူ နားလည်မှု လွဲသွားပြီမှန်း သိလိုက်သော်ငြား ခန်စစ်ရန်ကမူ လေကုန်ခံပြီး ရှင်းပြမနေခဲ့ချေ။

ကျိုးနင်းစီက အလျင်အမြန် ပြန်ပြောလိုက်သည် “အခု ဆိုင်ပိုင်ရှင်ခန်နဲ့ ကျွန်မပဲ ကျန်တော့တာဆိုတော့ ဘယ်သူက ဈေးပိုပေးနိုင်လဲ ကြည့်ရသေးတာပေါ့”

“အပိုတွေ ပြောမနေတော့နဲ့၊ ပေးမယ်ဆိုရင် ပေးလိုက်တော့နော်။ မပေးရင် ကျောက်စိမ်းနက်ဆေးမီးဖိုက ဒီလူအိုကြီးအပိုင် ဖြစ်တော့မှာ” ခန်စစ်ရန်က အေးစက်စက် လေသံဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။

ကျိုးနင်းစီသည်လည်း ခန်စစ်အား လေကုန်ခံပြီး ဆက်၍ စကားပြောမနေတော့ဘဲ လေလံဈေးကိုသာ မြှင့်လိုက်လေသည်။

ချက်ချင်းဆိုသလို သူတို့နှစ်ဦး ပြိုင်လာလိုက်ရာ မကြာမီ လေလံဈေးသည် ငါးသန်းထိသို့ ရောက်လာခဲ့လေသည်။

ငါးသန်းထိသို့ ရောက်လာသည့် အခါမှပဲ ခန်စစ်ရန်က အဓိပ္ပါယ်ပါပါပြုံး၍ “ဆိုင်ပိုင်ရှင်ကျိုးက ဒီဆေးမီးဖိုကို ဒီလောက် လိုချင်နေမှတော့ ဒီလူအိုကြီးကပဲ အလျှော့ပေးရတော့တာပေါ့”

“အစုတ်ပလုတ် တစ္ဆေအိုကြီး” ကျိုးနင်းစီ၏ အံကြိတ်သံ၊ ကျိန်ဆဲသံတို့ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ သူမ၏ အသံမှာ သိပ်မကျယ်သော်ငြား ခန်းမထဲတွင် ရှိနေသည့် လူများမှာတော့ သေသေချာချာကို ကြားလိုက်ရလေသည်။

ခန်စစ်ရန်မှာမူ ကျေနပ်အားရနေသည့် အမူအရာဖြင့်သာ အော်ရယ်မောနေခဲ့လေသည်။

ထိုအခြင်းအရာကိုမြင်သည့်အခါ အရက်သမားသည် တစ်ချက်ပြုံး၍ ရှေ့သို့တိုးကာ ဆေးမီးဖိုအား လေလံအောင်သွားသည့်လူကို ကြေညာတော့မည့်အပြု (က)သီးသန့်ခန်းထဲမှ ယောကျာ်းတစ်ဦး၏အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည် “မင်းတို့ ပြီးသွားပြီမလား။ မင်းတို့ ပြီးသွားပြီဆိုရင် ငါ့အလှည့်… ခြောက်သန်း”

ထိုအသံ ထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားခဲ့လေသည်။ အရက်သမားပင်လျှင် အသံထွက်ပေါ်လာရာဆီသို့ အံ့အားသင့်နေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်၏။

ဆေးမီးဖိုကို ရပြီဟု အပိုင်တွက်ထားသော ကျိုးနင်းစီသည်လည်း ထိုအသံကို ကြားပြီးနောက် ဒေါသကြောင့် သူမ၏ မျက်နှာတစ်ခုလုံး မဲ့သွားခဲ့လေသည်။

“တကယ်ကြီး ခြောက်သန်း ခေါ်လိုက်တာလား။ ငါပဲ နားကြားမှားသွားတာလား”

“မင်းနားကြားမှားတာ မဟုတ်ဘူး။ သူတကယ်ကြီး ခြောက်သန်းခေါ်လိုက်တာ”

“ဒီလူ ဘယ်သူလဲဟ… တစ်ချက်တည်းနဲ့ တစ်သန်း တစ်ခါတည်း တန်းခေါ်လိုက်တာ သူရူးနေတာလား”

“မင်းအသံကို တိုးတိုးပြော… သူဘယ်မှာ နေနေလဲကြည့်၊ သီးသန်းခန်း(က)ကလူကွ။ အဲ့မှာ ရှိနေတဲ့ လူတွေ အကုန်လုံးက တာအိုအဆင့်တွေချည်းပဲ။ သူမင်းပြောတာကို ကြားသွားတော့မှ ဖအေမကယ်နိုင် မအေမကယ်နိုင်တွေ ဖြစ်ကုန်မယ်”

“တာအိုသခင်ဖြစ်တော့ရော ဘာဖြစ်လဲ။ အရင်းအမြစ်ကျောက်တွေဆိုတာ သူ့အတွက် ဘာမှ မဟုတ်ဘူးလား။ အဲ့ဒါဆို ဘာလို့ ငါ့ကို မပေးလိုက်တာလဲ… အဲ့တစ်သန်းကိုသာ ငါသာ ရလိုက်ရင်တော့…”

တစ်ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခန်းမတစ်ခုလုံး ဝရုန်းသုန်းကာ ဖြစ်သွားလေသည်။

ဈေးခေါ်လိုက်သည့်လူ မည်သူလဲ ဆိုသည်ကို သိသည့်အလား အရက်သမား၏ မျက်လုံးထဲ ကြောက်ရွံ့သည့် အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။ ထို့နောက် နောက်သို့ပြန်ဆုတ်၍ ငြိမ်သက်စွာသာ ရပ်နေလိုက်လေသည်။

သီးသန့်ခန်းထဲတွင် ရှိနေသော ကျိုးနင်းစီမှာတော့ အလွန်ကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့လေသည်။ ပါးစပ်ထဲ ရောက်ခါနီး အသားတုံး ပုတ်ထုတ်ခံလိုက်သည့် အဖြစ်မျိုး ကြုံလိုက်ရသည့် မည်သူမှ စိတ်ကောင်းဝင်နိုင်လိမ့်မည် မဟုတ်သည်မှာတော့ သေချာပေသည်။

သူသည် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်လင့်ကစား… ခုနှစ်ရောင်စဉ် ကုန်သွယ်ရေး အဖွဲ့အစည်းကို ကိုယ်စားပြုနေသည့် လူတစ်ဦး ဖြစ်သည်။ ထို့ကြောင့် ခဏမျှ တိတ်နေပြီးသည့်နောက်တွင် အေးစက်စက် လေသံဖြင့် ပြန်မေးလိုက်လေသည် “လူကြီးမင်း ဘယ်သူလဲဆိုတာ သိလို့ရမလား မသိဘူး”

(က)အခန်းထဲမှ လူကတော့ ဘာမှကို ပြန်မပြောခဲ့ပေ။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျိုးနင်းစီက စိတ်ညစ်ညစ်ဖြင့် ထပြောလေသည် “လူကြီးမင်းက လေလံတော့ ဝင်ဆွဲရဲပြီး ကိုယ့်နာမည်ကျတော့ မပြောရဲတာလား”

သူမ၏ စကားကို ကြားပြီးနောက်တွင် ဈေးခေါ်လိုက်သည့်လူက ပြန်၍ လှောင်ပြောင် ပြောဆိုလိုက်လေ၏ “တကယ်ကို အလုပ်မရှုပ်ရှုပ်အောင် လုပ်နေတာပဲ။ ငါ့ဘာသာ လေလံပွဲမှာ ဝင်ပြိုင်နေတာ ဘာဖြစ်နေလို့လဲ။ တစ်ခုခု လေလံဝင်မဆွဲခင် ငါ့နာမည်ကို ကြိုပြီး အသိပေးထားရမှာလား။ လေလံပွဲမှာ ဒီလို စည်းမျဉ်းတွေ ရှိလို့လား… ဒုမြို့သခင်၊ ခင်ဗျားတို့ မေပယ်မြို့ရဲ့ လေလံပွဲမှာ ဒီလို စည်းမျဉ်းတွေ ရှိတာလား”

အရက်သမား မျက်မှောင်ကြုတ်သွားခဲ့လေသည်။ ခဏမျှ ရပ်နေပြီးနောက်တွင် လက်သီးဆုပ်၍ ပြန်ပြောလိုက်၏ “ရောင်းရင်းနောက်နေတာပဲ။ လေလံပွဲမှာ ဘယ်လိုလုပ်ပြီး အဲ့လိုစည်းမျဉ်းတွေ ရှိပါ့မလဲ”

“ကြားတယ်နော် ဆိုင်ပိုင်ရှင်ကျိုး။ ခုနှစ်ရောင်စဉ် ကုန်သွယ်ရေးအဖွဲ့အစည်းက ဖြစ်နေလို့ ဒီတစ်ကြိမ်တော့ ထားပေးလိုက်မယ်။ နောက်တစ်ကြိမ် ဒါမျိုး လာလုပ်ရင်တော့ ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့” အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံတစ်ခုသည် (က)သီးသန့်ခန်းထဲဆီမှ ပျံ့ထွက်လာပြီး ကျိုးနင်းစီအား လွှမ်းခြုံသွားခဲ့လေသည်။

ကျိုးနင်းစီ၏ မျက်နှာ သွေးဆုတ်ဖြူလျော်သွားလေ၏။ သူမ၏ အဆင့်အတန်းသည် ထိုလူရှေ့တွင် မည်သို့မှကို အသုံးဝင်လိမ့်မည် မဟုတ်မှန်းလည်း နားလည်သွား၏။ သူမသာ ဆက်ပြီး ပြဿနာ ရှာနေလျှင် ကျိန်းသေကို ဒုက္ခရောက်ရပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံ၏ စွမ်းအားကို ကြည့်ရသလောက် တစ်ဖက်လူသည် တာအိုသခင် ပထမ အဆင့်ပင် မဖြစ်နိုင်ဘဲ ဒုတိယအဆင့်ပင် ဖြစ်နေလောက်သည်။

မေပယ်မြို့၏ မြို့သခင်ဖြစ်သော တွမ့်ယွမ်ရှန်းပင်လျှင် တာအိုသခင်ဒုတိယအဆင့်သာ ဖြစ်သည်။ မြို့သခင်နှင့် ယှဉ်နိုင်သော ပညာရှင်တစ်ဦး မေပယ်မြို့ထဲ၌ မည်သည့် အချိန်ကများ ထွက်ပေါ်လာလေသနည်း။

ကျိုးနင်းစီတွင် ခုနှစ်ရောင်စဉ်ကုန်သွယ်ရေး အဖွဲ့အစည်း နောက်ခံရှိလျှင်ပင် ထိုလူ၏ အဆင့်အတန်းအရ သူမအား သတ်လိုက်၍ မည်သည့် ပြဿနာမှ ကြုံရလိမ့်မည် မဟုတ်ချေ။

ထိုအချက်ကို နားလည်လိုက်သည့်နောက်တွင် ကျိုးနင်းစီသည် အလျင်အမြန်ပဲ မာနကို ခဝါချကာ ပြန်ပြောလိုက်လေ၏ “စီနီယာက ဒါကို စိတ်ဝင်စားနေမှတော့ ကျွန်မ နောက်ဆုတ်ပေးရတာပေါ့။ ဂုဏ်ယူပါတယ်ဆရာ”

ခြောက်သန်းဆိုသော ပမာဏသည် သူမ တတ်နိုင်သည့် ပမာဏမဟုတ်သလို ထိုလူကိုယ်တိုင်ဟာလည်း သူမ ရန်စ၍ ရသည့် လူတစ်ဦး ဖြစ်မနေခဲ့ချေ။ ထို့အချက်ကို နားလည်လိုက်သည်နှင့် ကျိုးနင်းစီသည် တစ်ဖက်လူအား ရန်မစမိအောင် လုပ်ရင်း နောက်ပြန်ဆုတ်နေလိုက်လေ၏။

လူပေါင်းများစွာ ယှဉ်ပြိုင်ဈေးခေါ်လာခဲ့သော ကျောက်စိမ်းနက်ဆေးမီးဖိုသည် နောက်ဆုံးမှ တစ်ကြိမ်သာ ဈေးဝင်ခေါ်လိုက်သည့် ဘယ်ကမှန်း မသိရသော လူတစ်ဦး၏ လက်ထဲသို့ ရောက်သွားလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

အရက်သမားမှ စင်ရှေ့သို့ ထွက်လာပြီး လေလံဈေးကို သုံးကြိမ်တိုင်တိုင် အော်ပြောပြီးနောက်တွင် ဆေးမီးဖိုသည် ထိုလူ၏ လက်ထဲသို့ ရောက်သွားခဲ့လေသည်။

“ဆေးမီးဖိုနဲ့တင် လေလံဈေး ခြောက်သန်းထိကို ရောက်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါတောင် နောက်ဆုံး ပစ္စည်း မလာသေးဘူး…” ခန်စစ်ရန်သည် အနည်းငယ် စိတ်ဓါတ်ကျနေသည့် လေသံဖြင့် ပြောလိုက်လေသည်။ သူနှင့်အတူ အရင်းအမြစ်ကျောက်များစွာကို ယူလာခဲ့သော်ငြား လေလံပွဲ မည်မျှ ပြိုင်ဆိုင်မှု ပြင်းထန်သလဲ ဆိုသည်ကို မြင်တွေ့ပြီးနောက်တွင် သူယူလာသည့် အရင်းအမြစ်ကျောက်ပမာဏအပေါ် သိပ်ပြီး ယုံကြည်ချက် ရှိမနေတော့ချေ။

ရန်ကိုင်လည်း ဘာပြောလို့ပြောရမှန်း မသိသဖြင့် တိတ်သာ တိတ်နေလိုက်လေ၏။

နောက်ထပ် လေလံတင်သည့် ပစ္စည်းမှာ ဆေးလုံးတစ်ခု ဖြစ်ပေသည်။ အရက်သမားသည် အဓိပ္ပါယ်ပါပါပြုံး၍ ပြောလိုက်၏ “ဒီဆေးလုံးနဲ့ပက်သက်ပြီး ဒီလူအိုကြီး နည်းနည်းလောက် ရှင်းပြပေးပါ့မယ်”

သူပြောနေစဉ်အတွင်း လင်ဗန်းကို ကိုင်ထားသည့် ဝန်ထမ်းမလေးသည် သူ့နားသို့ ရောက်နေခဲ့လေပြီ။

အရက်သမားမှ အဝတ်စကို ဖယ်လိုက်သည်နှင့် တောကြက်မောက်အရွယ် စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံး အကုန်လုံးရှေ့ ထွက်ပေါ်လာခဲ့လေသည်။

ဆေးလုံးကိုမူ ဆေးအာနိသင် လျော့သွားမည်ကို မစိုးရိမ်သည့်အလား ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းထားခြင်း မရှိချေ။ လင်ဗန်းပေါ်တွင်သာ ဤအတိုင်း တင်ထားခဲ့သည်။

ဆေးလုံးကို မြင်ပြီးနောက် ကျင့်ကြံသူတစ်ဦးက ရုတ်တရက် ထအော်လေသည် “ဆေးသွေးကြောတွေ၊ ဒီဆေးလုံးက ဆေးသွေးကြောပါတဲ့ ဆေးလုံးကြီးပဲ”

“တကယ်ကြီးလား… ငါကြည့်ကြည့်ရအောင်… ဟုတ်တယ်ဟ။ တကယ်ကြီး ဆေးသွေးကြောပါတဲ့ ဆေးလုံးကြီး”

“ဆေးသွေးကြောပါရုံတင် မဟုတ်ဘူးဟ။ ဆေးလုံးကိုပါ သေချာ ကြည့်ကြည့်လိုက်။ ဆေးလုံးကို ကြည့်ရတာ တော်တော်လေး သက်တမ်းရင့်နေပြီ။ ဒီဆေးလုံးက…”

ဆေးလုံးကို မြင်ပြီးနောက်တွင် ခန်းမတစ်ခုလုံး ဆူညံပွတ်လော ရိုက်သွားခဲ့လေသည်။ အရက်သမားသည် ထိုမြင်ကွင်းအား အပြုံးကြီးပြုံး၍သာ ရပ်ကြည့်နေခဲ့သည်။

လေလံပွဲတွင် စိတ်ဝိဥာဉ်ဆေးလုံး တစ်လုံးမက ပေါ်လာခဲ့သော်ငြား ပေါ်လာသည့် ဆေးလုံး အားလုံးသည် သာမန် ဆေးလုံးများသာ ဖြစ်ကြလေသည်။ ဤဆေးလုံးသည်သာ ပထမဆုံး ဆေးသွေးကြောပါသည့် ဆေးလုံး ဖြစ်နေခြင်းဖြစ်သည်။

ထို့အပြင် ကျင့်ကြံသူပေါင်းများစွာသည် ဆေးသွေကြော ပါသည့် စိတ်ဝိဥာဉ်ဆေးလုံးတစ်လုံးကို တစ်ခါမှ မမြင်ဖူးကြပေ။ ထို့ကြောင့် ဆေးသွေးကြောပါသည့် စိတ်ဝိဥာဉ် ဆေးလုံးကို မြင်လိုက်သည့်နောက်တွင် အကုန်လုံး အလွန်ကိုမှ အံ့ဩဘနန်း ဖြစ်ကုန်ကြလေသည်။

All Chapters