← Chapters

အခန်း (၂၀၅၆-၂၀၆၀)

Vol. 83 Ch. 2056-2060

အခန်း (၂၀၅၆-၂၀၆၀)

Vol. 83 Ch. 2056-2060

အပိုင်း(၂၀၅၆)

အဆင့်တက်နေသည့်အတွက် ရန်ကိုင် ပြန်တိုက်နိုင်လိမ့်မည် မဟုတ်ဟု တွေးထင်လျက် ရှန်တုတို့အဖွဲ့သည် တွန့်ဆုတ်ခြင်းမရှိ ပြေးဝင်လာခဲ့သည်။ သို့ရာတွင် တစ်ဖက်လူအား သေချာ မတိုက်ခိုက်ရသေးခင်မှာပင် သူတို့ လူတစ်ဝက် အသတ်ခံလိုက်ရလိမ့်မည်ဟု မည်သို့များ ထင်ထားပါမည်နည်း။ ထိုအဖြစ်အပျက်ကြောင့် လက်ကျန်ကျင့်ကြံသူအားလုံး သွေပျက် ချောက်ခြားသွားကုန်ကြလေသည်။

သို့သော်ငြား ရန်ကိုင်ကမူ ထိုမျှနှင့် မပြီးသေးခဲ့။ လဓါးသွားများကို ပစ်လွှတ်ပြီးသည့်နောက် ငါးရောင်ခြယ် အလင်းတန်းများကိုပါ ထပ်မံ ပစ်လွှတ်လိုက်သည်။ အလင်းတန်းများဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များကြောင့် အသက်ရှင်ကျန်ရစ်နေသည့် ကျင့်ကြံသူများ ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြပြီး ချွေးအေးများ ပျံကုန်ကြလေ၏။

“ဓါးချီ” ရှန်တု၏ အမူအရာ ပြောင်းလဲသွားခဲ့လေသည်။ ထိုရောင်စဉ်အလင်းတန်းများထဲ အလွန်ကိုမှ ထက်ရှသည့် ဓါးချီတို့ ကိန်းအောင်းနေကြောင်း တန်းသိသွားလေသည်။ ထို့အပြင် ထိုအရာများသည် ဒြပ်ကြီးငါးပါး ဓါးချီများ ဖြစ်နေကြသည်။ ဒြပ်ကြီးငါးပါး၏ အပြန်အလှန် တွန်းကန်၊ အားဖြည့်မှုအောက်တွင် ငါးရောင်ခြယ်အလင်းတန်း၏ စွမ်းအားမှာ အလွန်ကိုမှ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေသည်။

သူ့အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ မာန်သွင်း အော်ဟစ်လိုက်ရာ သူ့တစ်ကိုယ်လုံး ကြီးထွားလာခဲ့လေသည်။ ထို့နောက် အနက်ရောင် အရှိန်အဝါတစ်ရပ် ရုတ်တရက် ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားခဲ့လေသည်။

မရေမတွက်နိုင်သော အနက်ရောင်လက်တံများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တိုးဝင်လာနေသည့် ဓါးချီများကို တန်ပြန် တိုက်ခိုက်လိုက်ကြလေသည်။

ဓါးချီများကြောင့် အနက်ရောင်လက်တံများ အပိုင်းပိုင်းအစစ ပြတ်ထွက်ကုန်ကြ၏။ တစ်ချိန်တည်းတွင် ဓါးချီးများသည်လည်း ရှန်တုတို့ အဖွဲ့ဆီသို့ မရောက်ရှိနိုင်တော့ဘဲ လမ်းတစ်ဝက်တွင်ပင် တားဆီးခြင်း ခံလိုက်ရလေသည်။

သူ့အဖွဲ့သားအားလုံး ရှန်တုအား ကျေးဇူးတင်တကြီး ကြည့်လိုက်ကြလေသည်။

“ကောင်လေး၊ မင်းက အဆင့်တက်နေတာတောင် ဒီလူအိုကြီး ပြန်တိုက်ရဲတယ်လား။ သေချင်နေတာပဲ” ထိုသို့‌ အော်ပြောလိုက်ပြီးနောက်တွင် ရှန်တု၏လက်ထဲ တစ္ဆေခေါင်းမျက်နှာနှင့် ဒိုင်းငယ်လေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ ဒိုင်းမှာ သိပ်မကြီးသော်ငြား တစ္ဆေခေါင်း ပုံစံမှာတော့ အလွန်ကိုမှ အသက်ဝင်လှပေသည်။

ရှန်တုမှ ဒိုင်းထဲသို့ အရင်းအမြစ်ချီ ထည့်သွင်းလိုက်သည်နှင့် ဒိုင်းငယ်လေးသည် အိမ်တစ်လုံးစာခန့် အရွယ်ရှိသော တစ္ဆေခေါင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရန်ကိုင်ဆီသို့ တိုးဝင်သွားလေသည်။

ရန်ကိုင်ဆီသို့ ပျံသန်းလာနေရင်း တစ္ဆေခေါင်းသည် ၎င်း၏ ပါးစပ်ကို၍ တစ္ဆေမီးတောက် ဘောလုံးများကို တစ်လုံးပြီးတစ်လုံး ပစ်လွှတ်လိုက်လေသည်။ ထိုတစ္ဆေမီးတောက်များကို မြင်သော် ရန်ကိုင်၏ မျက်လုံးများ မှေးစဉ်းသွားခဲ့သည်။ သို့တိုင် ထိုင်ရာမှ မထခဲ့ချေ။

မျက်တောင်တစ်ခတ်အတွင်း ငွေရောင်မီးတောက်ဘောလုံးများသည် ရန်ကိုင်ဆီသို့ ရောက်လာပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားကြလေသည်။

“အန်” ရှန်တု အံ့အားသင့်သွားခဲ့လေ၏။ ရန်ကိုင်အား ဤမျှ အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့မှော်ရတနာ မည်မျှ အားကောင်းကြောင်း သူသိသည်။ မူလကတည်းက အားကောင်းနေပြီးသော တိုက်ခိုက်မှုများသည် သူ့ကျင့်ကြံထားသည့် ကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သော် အလွန်ကိုမှ အားကောင်းသွားရသည်။ တန်ခိုးရှင်ဘုရင်အဆင့် မဆိုထားနှင့် တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ့တစ္ဆေမီးတောက်များ၏ ထိမှန်ခြင်း ခံလိုက်ရပါက မသေလျှင်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြရပေလိမ့်မည်။

သို့သော်လည်း ရန်ကိုင်သည် အဆင့်ချိုးဖျက်နေသည့် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်လေရာ သူ့မီးတောက်ဘောလုံးများစွာ၏ တိုက်ခိုက်ခြင်း ခံရပြီးနောက်၌ မည်သို့များ အသက်ရှင်နိုင်ပါဦးမည်နည်း။

ထို့ကြောင့် ရန်ကိုင် သေသွားပြီဟု ရှန်တု ထင်နေခဲ့ခြင်း ဖြစ်သည်။

ရန်ကိုင် မီးတောက်များထဲ စုံးစုံးမြုပ်သွားသည်ကို မြင်သည့်အခါမှပဲ အသက်ရှင် ကျန်ရစ်နေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ သက်ပြင်းချလိုက်နိုင်ကြလေသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် ရန်ကိုင် ရှိနေသည့် နေရာအား အော်ရယ်မောရင်း လှမ်းကြည့်လိုက်ကြ၏။

သို့သော်လည်း သူတို့ မျက်နှာထက်ရှိ အထင်အမြင်တသေး အပြုံးတို့သည့် ရန်ကိုင် ရှိနေသည့် နေရာဆီမှ ရုတ်တရက် ထွက်ပေါ်လာသည့် ပုံရိပ်တစ်ခုကြောင့် တောင့်တောင့်ကြီး ဖြစ်ကုန်ကြရလေသည်။ ထိုလူသည် ရန်ကိုင်မှလွဲ၍ အခြား မဟုတ်ချေ။

လက်ရှိ ရန်ကိုင်သည် တစ္ဆေမီးတောက်များ၏ လုံးဝ လောင်ကျွမ်းခြင်း မခံရသည့်အလား၊ အကောင်းအတိုင်း ရှိနေသေးသည်။ ထို့အပြင် ထိုင်ရာမှလည်း တစ်ချက်ကလေးမှပင် မရွေ့သေးပေ။

တစ္ဆေမီးတောက်များအား ရန်ကိုင် မည်ကဲ့သို့ ရှောင်တိမ်းသွားသလဲ ဆိုသည်ကို မည်သူမှ မသိကြချေ။ ရယ်သံတို့မှာလည်း တိတ်ဆိတ်သွားကုန်ကာ ရှန်တုဆိုလျှင် မျက်လုံးကြီးပင် ပြူးနေခဲ့လေသည်။

ထိုစဉ် ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးသည် ရုတ်တရက် ရွှေရောင် တလက်လက် တောက်ပသွားခဲ့၏။ ထို့နောက်တွင် ကြာဖူးတစ်ဖူး လျင်မြန်စွာ ဖြစ်တည်လာခဲ့လေသည်။

ထိုကြားဖူးကို မြင်သည့်အခါ ရှန်တုစိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလိုက်၏။ သူ့စိတ်ထဲ ချက်ချင်း အကြည့်လွှဲပစ်ချင်သော်ငြား မလွှဲပစ်နိုင်ခဲ့ဘဲ ရန်ကိုင်၏ ဘယ်ဘက် မျက်လုံးထဲရှိ ရွှေရောင်ကြားဖူးကိုသာ သေချာ စိုက်ကြည့်နေမိခဲ့လေသည်။

ကြာဖူးသည် တစ်ချက်မျှ တုန်ရီပြီးနောက်တွင် ရန်ကိုင်၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားပြီး ရှန်တု၏ အသိစိတ်ပင်လယ်ထဲ ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူ့အသိစိတ်စွမ်းအင်များကို စုပ်ယူကာ စတင် ဖူးပွင့်တော့လေ၏။

ရှန်တု စူးရှစွာ ထအော်လေသည်။ သူ့စိတ်ဝိဥာဉ်အား အပ်ထောင်ပေါင်းများစွာမှ ထိုးစိုက်နေသလို ခံစားလိုက်ရသည်။ ဤစိတ်ဝိဥာဉ် နာကျင်သည့် ခံစားချက်သည် မခံစားနိုင်လောက်အောင်ကို ပြင်းထန်လှပေသည်။

ရှန်တု ရုတ်တရက်ကြီး ထအော်သည့်အခါ ကျန်ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ကြောက်လန့်တကြား နောက်သို့ ခုန်ဆုတ်လိုက်ကြလေသည်။ ထို့နောက် ဘာတွေများ ဖြစ်နေသလဲဟု တွေးလျက် ရှန်တုဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုစဉ် ဟင်းလင်းပြင် ကွဲအက်သွားသည့် အသံနှင့်အတူ လဓါးသွားများစွာကို ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။

လဓါးသွားများ မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း ထိုလူများ သိကြသည်။ ထို့ကြောင့် ထိုအရာများကို မြင်လိုက်သည့်နောက် ကြောက်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေး တိမ်းရှောင်ရန် လုပ်ကြလေသည်။

“အေးခဲလိုက်စမ်း” ထိုစဉ် ရန်ကိုင်၏ အသံ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလို နိယာမစွမ်းအားတို့ ထွက်ပေါ်လာပြီး မီတာတစ်ထောင်အတွင်းရှိ လေဟာနယ်သည် ဥပဒသ၏ အမိန့်ကို ရလိုက်သည့်အလား တဖြည်းဖြည်း တောင့်တင်းသွားကုန်ကြလေသည်။

တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတို့၏ လှုပ်ရှားမှုများမှာလည်း လိပ်တစ်ကောင်နှယ် နှေးကွေးသွားကုန်ကြလေသည်။

ဖောက်… စွက်… ဖောက်… စွက်…

လဓါးသွားများသည် ထိုလူများ၏ ခန္ဓာကိုယ်များကို အလွယ်တကူ ဖောက်ထွက်သွားခဲ့၏။ အလောင်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့လေသည်။ ထိုမြင်ကွင်းအား ကြည့်ရင်း အကုန်လုံး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်ကုန်ကြလေသည်။

“ဒီတော့ ဒါက နိယာမစွမ်းအားပေါ့” ထိုလူများကို သတ်ပြီးနောက်တွင် ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့လေသည်။ သူ့တွင် ရင်မဆိုင်ရသေးသည့် အားကောင်းသော ရန်သူတစ်ဦး ရှိနေသေးသည်ကိုပင် သတိမရတော့ဘဲ ဈာန်ဝင်စားသည့် အခြေအနေသို့သာ တစ်မုဟုတ်ချည်း ရောက်ရှိသွားတော့၏။ လေဟာနယ်စွမ်းအား၏ အစစ်အမှန် အဓိပ္ပါယ်တို့သည် သူ့စိတ်ထဲ ချည်းနင်း ဝင်ရောက်လာခဲ့သည်။

ရန်ကိုင်၏ ခန္ဓာကိုယ် တုန်တက်သွားခဲ့သည်။ ထို့နောက် သူ့မျက်လုံးများ တဖျက်ဖျက် တောက်ပလာပြီး သူ့ခေါင်းထဲ အတွေးအမြင်အသစ်များစွာ ဖြတ်ပြေးသွားလေ၏။ တစ်ချိန်တည်းတွင် လေဟာနယ်တာအိုအပေါ် ရန်ကိုင်၏ နားလည်မှုဟာသည်လည်း တဖြည်းဖြည်း မြင့်မားလာခဲ့လေသည်။

ခရက်…

ဟင်းလင်းပြင် အက်ကြောင်းများ တစ်ခုပြီးတစ်ခု စတင် ထွက်ပေါ်လာလေ၏။ ခဏအကြာ၌ ရန်ကိုင် အနီးတစ်ဝိုက်ရှိ ဟင်းလင်းပြင်သည် မတည်မငြိမ် ဖြစ်လာပြီး စတင် တွန့်လိမ်လာလေတော့သည်။

“အား” စူးစူးဝါးဝါး အော်ဟစ်သံတစ်သံ အနီးနားဆီမှ ရုတ်တရက် ထွက်ပေါ်လာလေ၏။ တာအိုသခင်အဆင့် ကျင့်ကြံသူ ဆိုသည့်အတိုင်းပင်။ ရန်ကိုင်၏ အဆုံးမဲ့ကြာပန်း ပွင့်လန်းခြင်း ပညာရပ်ဖြင့် တိုက်ခိုက်ခြင်း ခံလိုက်ရသည့်တိုင် သေဆုံးသွားခြင်း မရှိခဲ့ချေ။ သို့တိုင် သူ့စိတ်စွမ်းအင်မှာတော့ သိသိသာသာကို ယုတ်လျော့သွားခဲ့ရလေသည်။

ဤမျှ စိတ်စွမ်းအင်များစွာ ယုတ်လျော့သွားခဲ့ရသည့်အတွက် သူ့ဝိဥာဉ်မှာတော့ ကျိန်းသေကို ထိခိုက်သွားခဲ့ရလေပြီ။ အဆင့်မြင့် ဆေးလုံးများကို သောက်သုံးပြီးမှသာ ထိုဒဏ်ရာကို ပြန်ကုသနိုင်ပေလိမ့်မည်။ သို့တိုင် ညတွင်းချင်းတော့ ပြန်ကောင်းလာနိုင်မည် မဟုတ်ဘဲ အပြည့်အဝ ပြန်ကောင်းရန်အတွက် အနည်းဆုံး နှစ်ရာပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

အသိပြန်ဝင်လာပြီးသည့်နောက်၌ ရှန်တုသည် နာကျင်မှုကို တောင့်ခံရင်း ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ သို့ရာတွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရင်တဒုန်းဒုန်း ခုန်သွားခဲ့ရသည်။

သူခေါ်လာသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး သေကုန်ကြလေပြီ။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ပင်မရှိ။

သူ့လူများကို သတ်သွားသည့် လူမှာတော့ အကောင်းအတိုင်း ရှိနေသေး၏။ ထိုလူ၏ မျက်လုံးများသည် ဥာဏ်အလင်းပွင့်နေသည့်အလား တလက်လက် တောက်ပနေခဲ့သည်။ သူ့ပတ်လည်ရှိ ဟင်းလင်းပြင်မှာလည်း အလွန်ကိုမှ မတည်မငြိမ် ဖြစ်နေခဲ့လေသည်။ ရာပေါင်းများစွာဟော ဟင်းလင်းပြင် အက်ကွဲကြောင်းတို့မှာလည်း ရေကန်ထဲရှိ ငါးများနှယ် သူ့အနီးအနားပတ်လည် တစ်ဝိုက်တွင် ကူးကလန်ခတ် သွားလာနေကြသည်။

“လေဟာနယ်စွမ်းအား” ရှန်တု၏ မျက်လုံးများ‌ မှေးစဉ်းသွားခဲ့ပြီး အလန့်တကြား ထအော်လေ၏။

ဤအချိန်သည် ရန်ကိုင်အား အလစ်ချောင်း တိုက်ခိုက်နိုင်မည့် အကောင်းဆုံးအချိန် ဖြစ်သည်။ သို့တိုင် သူမလှုပ်ရှားနိုင်ခဲ့။ ရန်ကိုင် ပတ်ပတ်လည်တွင် ရှိနေသည့် ရာပေါင်းများစွာသော ဟင်းလင်းပြင် အက်ကြောင်းများသည် သူခုခံနိုင်သည့် အရာမျိုးမဟုတ်ချေ။ ဤအတိုင်း ပြေးဝင်သွားမည် ဆိုလျှင် ထိုအရာများ၏ ဖြတ်တောက်ခြင်း ခံရပြီး သူ့တစ်ကိုယ်လုံး တစ်စစီ ဖြစ်သွားရပေလိမ့်မည်။

“တကယ်ကြီး လေဟာနယ်တာအိုပဲ… ဒီကောင်လေး…” မည်ကဲ့သို့သော လူမျိုးကို သွားရန်စမိလိုက်မှန်း နားလည်လိုက်သည့်နောက် ရှန်တု၏ နဖူးထက် ချွေးသီးချွေးပေါက်များ ဝေ့သီလာတော့လေသည်။ ရန်ကိုင်အား နောက်ဆုံးအကြိမ်အဖြစ် မုန်းတီးစွာ စိုက်ကြည့်လိုက်ပြီးနောက် ချက်ချင်း လှည့်ပြေးတော့လေ၏။

ဤနေရာတွင် ဆက်မနေချင်တော့ချေ။ မြန်မြန်သာ ထွက်ပြေးချင်တော့သည်။

သို့သော်လည်း မူလနေရာမှ မီတာသုံးဆယ်အကွာသို့ မရောက်သေးခင်မှာပင် နှင်းများ ရုတ်တရက် ကျဆင်းလာခဲ့လေသည်။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင် အပူချိန်ဟာလည်း တစ်မုဟုတ်ချည်း ထိုးကျသွားခဲ့ရသည်။

ဘာကြောင့်မှန်းမသိ သူ့တစ်ကိုယ်လုံး အလွန်ကိုမှ အေးစက်လာခဲ့သည်။

တိုက်ပွဲအတွေ့အကြုံရှိသူ တစ်ဦးပီပီ မကောင်းသည့်အရာ တစ်ခုခု ဖြစ်တော့မည်မှန်း ရှန်တု ချက်ချင်း နားလည်လိုက်သည်။ ချက်ချင်းပဲ မာန်သွင်းအော်ဟစ်၍ အရင်းအမြစ်ချီကို လှည့်ပတ်ကာ သူ့ကိုယ်ထဲသို့ စိမ့်ဝင်ရန် ကြိုးစားနေသော အအေးဓါတ်ကို တားဆီးလိုက်လေသည်။

ထိုသို့ လုပ်ပြီးမှပဲ ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားရခြင်း၏ လက်သည် တရားခံကို တွေ့လိုက်ရလေသည်။ ထိုအရာသည် သလင်းရောင်တောက်နေသော နှစ်ပေအမြင့်ရှိသည့် ဧရာမ အင်းဆက်ကြီးတစ်ကောင် ဖြစ်ပေသည်။

ဤအင်းဆက် မည်ကဲ့သို့ သူ့ရှေ့ ရောက်လာသလဲ ဆိုသည်ကို ရှန်တု လုံးဝ နားမလည်နိုင်ပေ။ ထိုကောင်သည် ဤနေရာ၌ တစ်ချိန်လုံး ရှိနေပြီး သူကိုယ်တိုင်ကပဲ ထိုကောင် ရှိနေသည်ကို သတိမပြုမိလိုက်ခြင်းလား။

ဤအင်းဆက်နှင့် ပက်သက်၍ ထူးခြားသည့်အချက်မှာ ၎င်း၏ စုံတွဲဓါးနှစ်ချောင်းပင် ဖြစ်လေသည်။ အင်းဆက်သည် ထိုဓါးနှစ်ချောင်းကို လူသား သိုင်းပညာရှင်တစ်ဦးနှင့် ဓါးနှစ်ချောင်းကို သူ့ရင်ဘတ်ရှေ့တည့်တည့်၌ ကြက်ခြေခတ်ပုံစံ ကိုင်စွဲထားခဲ့သည်။

“ဘာကြီးလဲ” ရှန်တု အလန့်တကြား ထအော်မိလိုက်သည်။ ထူးဆန်းလွန်းသည့် မြင်ကွင်းကြောင့် မျက်လုံးပါ ပြူးသွားခဲ့ရသည်။ ယနေ့ ဖြစ်ပျက်သွားသည့် ကိစ္စအားလုံးသည် သူနားလည်နိုင်သည့် အကန့်အသတ်ကို ကျော်လွန်နေခဲ့လေသည်။

ပထမဦးစွာ လေဟာနယ်တာအိုကို ကျွမ်းကျင်းထားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးနှင့် တွေ့ခဲ့ရသည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်သည်မှာ အရမ်းကြီး ကိစ္စမရှိ။ လေဟာနယ်တာအိုသည် ကျင့်ကြံရ ခက်ခဲသော်ငြား ကြယ်စီရင်စုထဲ ထိုစွမ်းရည်အား တတ်ကျွမ်းထားသည် လူတော်တော်များများ ရှိပေသေးသည်။ ထို့ကြောင့် အရမ်းကြီး ကြောက်စရာကောင်းမနေခဲ့ပေ။

ယခု သူ့ရှေ့တွင် အင်းဆက်တစ်ကောင် ပေါ်လာပြန်သည်။ ရှန်တု လက်ခံရ ခက်နေသည်မှာ အင်းဆက်သည် အင်းဆက်ကဲ့သို့ မနေဘဲ လူသားတစ်ဦးကိုကဲ့သို့ ဓါးနှစ်ချောင်းကို အသုံးပြုနေခြင်းပင်။

ဒီမှော်ရတနာက တန်ခိုးရှင်ဘုရင်အဆင့်မြင့် ဖြစ်လောက်တယ်

ရှန်တု အလွန်ကိုမှ အံ့အားသင့်နေခဲ့သည်။ သူမှင်သက်နေစဉ် အင်းဆက်ဘုရင်မသည် သူ၏ ဓါးနှစ်ချောင်းကို စတင် ဝှေ့ရမ်းတော့လေသည်။

ခရမ်းနှင့်အပြာရောင် တဖျက်ဖျက်လက်လာပြီး ပတ်ဝန်းကျင် အပူချိန်မှာ တစ်စစ ထိုးကျလာခဲ့လေသည်။ နှင်းကျသည့်နှုန်းများမှာလည်း ပိုမို ပြင်းထန်လာခဲ့လေသည်။ အဖြူရောင် အလင်းတစ်ချက် လက်သွားသည့်နှယ် အရိုးခိုက်မတတ် အေးစက်လှသည့် ရေခဲစက်ကွင်းတစ်ခု ရုတ်ချည်း ပျံ့နှံ့လာခဲ့လေသည်။

ထိုစဉ် အင်းဆက်ဘုရင်မသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ရှန်တု၏ နောက်ဘက်တွင် ထူးဆန်းစွာ ပြန်ပေါ်လာလေသည်။ သို့သော် တစ်ချက်ကလေးပင် မလှုပ်ရှားလိုက်သည့်အလား ၎င်း၏ မူလပုံစံအတိုင်းသာ ရှိနေခဲ့သေးသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၅၇)

ရှန်တုသည် ငေးကြောင်ပြီးရပ်နေခဲ့လေသည်။ တစ်စုံတစ်ခုအား ပြောချင်နေသည့်အလား သူ့နှုတ်ခမ်းမှာ လှုပ်သွားခဲ့သော်ငြား မည်သည့်စကားမှ ထွက်မလာခဲ့ချေ။

ထိုစဉ်နှင်းပွင့်တစ်ပွင့်သည် သူ့ခေါင်းပေါ်သို့ ကျလာခဲ့လေသည်။ ထို့နောက် ထိုနှင်းပွင့်ကျသွားသည့် နေရာအားဗဟိုပြုလျက် ရှန်တု၏ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းကွဲထွက်သွားခဲ့လေ၏။

သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာပြီး ကိုယ်တွင်းအင်္ဂါများ အတွဲလိုက် ပြုတ်ကျလာကုန်ကြလေသည်။

မေပယ်မြို့အား နှစ်ပေါင်းများစွာကြာအောင် ချောက်ခြားမှုများပေးစွမ်းခဲ့သည့် တစ္ဆေလက် ရှန်တုသည် ဤနည်းဖြင့် သေဆုံးသွားခဲ့ရလေ၏။

ထို့နောက်တွင် အင်းစက်ဘုရင်မသည်လည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။ အင်းစက်ဘုရင်မ မည်သည့်နေရာသို့ထွက်သွားသလဲ၊ မည်သည့်နေရာတွင် ပုန်းနေသလဲဆိုသည်ကို မည်သူမှ မသိကြပေ။

ပတ်ဝန်းကျင်တစ်ခုလုံးအား ဖုံးလွှမ်းထားသော ရေခဲစက်ကွင်း ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် တဖွဲဖွဲကျဆင်းနေသော နှင်းစက်တို့ဟာလည်း အရည်ပျော်သွားကုန်ကြလေ၏။

ထိုအချင်းအရာကိုမြင်ပြီးနောက်တွင် ခပ်ဝေးဝေးဆီမှ လှမ်းကြည့်နေကြသော လူအုပ်ကြီးတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်နေကြလေသည်။

အကြောင်းစုံအား တွေ့ရပြီးသည့်နောက် အကုန်လုံး မျက်လုံးပြူး၊ မျက်ဆံပြူး ဖြစ်ကုန်ကြလေ၏။

တိုက်ပွဲအသေးစိတ်အား သေသေချာချာ မမြင်တွေ့ခဲ့ရသော်ငြား တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ များစွာနှင့် ရှန်တုသေသွားသည်ကိုတော့ သေချာ မြင်လိုက်ရပေသည်။ ထိုတိုက်ပွဲအားမြင်ပြီးနောက်တွင် အကုန်လုံး နေ့ခင်းကြောင်တောင် တစ္ဆေသရဲတစ်ကောင်အား မြင်လိုက်ရသလို ခံစားလိုက်ကြရလေသည်။

မည်သူမှ သူတို့မြင်လိုက်ရသည့် မြင်ကွင်းအပေါ် မယုံကြည်နိုင်ကြ။ အချို့ဆိုလျှင် သူတို့များ ထင်ယောင်ထင်မှား ဖြစ်နေသလားဟုတွေးလျက် မျက်လုံးများကိုပင်ပွတ်ကာ သေချာပြန်ကြည့်ကြလေသည်။

"ရှန်တု သေသွားတာလား" အချိန်အတော်ကြာပြီးသည့် နောက်တွင် တစ်စုံတစ်ဦးမှ ရေရွတ်လိုက်လေသည်။

"ရှန်တု တစ်ကယ်ကြီးသေသွားတာ။ အဲ့လူ သတ်လိုက်တာပဲ"

"မဟုတ်ဘူး…မဟုတ်ဘူး။ ရှန်တုကို အဲ့လူသတ်တာ မဟုတ်ဘူး။ အခြားပညာရှင်တစ်ယောက်က သတ်သွားတာ"

"ဟုတ်တယ်။ အဲ့လူကို အားကောင်းတဲ့ပညာရှင် တစ်ယောက်က ကာကွယ်ပေးနေတာ။ ငါအဲ့လူကို သွားမတိုက်ခိုက်မိလိုက်တာ ကံကောင်းသွားတယ်။ မဟုတ်ရင်…" ရပ်စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများစွာ တိတ်တဆိတ် ဝမ်းသာသွားကြလေသည်။ သေဘေးမှ ကပ်သီသီလေး လွတ်သွားသလို အကုန်လုံးခံစားလိုက်ကြရ သည်။

ရန်ကိုင်သည် တစ်ဦးတည်း အဆင့်တက်နေခြင်း မဟုတ်ဘဲ သူ့အား တိတ်တဆိတ်ကာကွယ်ပေးနေသည့် ပညာရှင်တစ်ဦးရှိနေကြောင်း နားလည်ပြီးသည့်နောက်တွင် ထိုကျင့်ကြံသူများ မည်ကဲ့သို့များ ဆက်၍နေရဲပါအုံးမည်နည်း။

ခဏမျှဆွေးနွေးတိုင်ပင်ပြီးနောက်တွင် မိုင်ပေါင်းများစွာ အကွာသို့ပြန်ဆုတ်သွားကြလေသည်။ ရန်ကိုင့်အား စောင့်ကြပ်ကာကွယ်ပေးနေသည့် ပညာရှင်အား စိတ်ပျက်အောင်လုပ်မိမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ခပ်လှမ်းလှမ်းမှသာ စောင့်ကြည်နေကြတော့၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းမိသားစုအဖွဲ့သည်လည်း မှင်သက်နေခဲ့လေသည်။

ယုံကြည်ချက်အပြည့်ဖြင့် ပြေးထွက်သွားကြသော ရှန်တုတို့အဖွဲ့ တစ်ယောက်မကျန် ရှင်းပစ်ခံလိုက်ရလိမ့်မည်ဟု မည်သူမှ မမျှော်လင်းထားကြပေ။

"ရှန်တုကို ဘယ်သူသတ်လဲ တွေ့လိုက်ကြလား" ချင်းယုသည် အနည်းငယ်စိတ်လှုပ်ရှားနေသည့်လေသံဖြင့် မေးလိုက်လေသည်။

အင်းစက်ဘုရင်မပျောက်ကွယ်သွားသည့်ဘက်ဆီသို့ လှည့်ကြည့်နေရင်းမှ သူမ၏မျက်လုံးထဲ ထူးဆန်းသည့် အရောင်အဝါတို့ တဖျတ်ဖျတ်တောက်ပလာခဲ့လေ၏။

ရှန်တုသည် တာအိုသခင်ပထမအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူ့အားသတ်နိုင်သည့်မည်သူမဆို အနည်းဆုံး တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားကြရပေလိမ့်မည်။

သူမသာ ထိုလူအား ချင်းမိသားစုထဲသို့ ဆွဲခေါ်နိုင်မည် ဆိုလျှင် ချင်းမိသားစု၏ခွန်အားသည် မြို့သခင်စံအိမ်နှင့် အဆင့်တူဖြစ်လာပေလိမ့်မည်။ ထို့အပြင် ချင်းမိသားစု၌ အားကောင်းသည့် ကာကွယ်သူတစ်ဦးလည်း ရှိလာပေလိမ့်မည်။

ကံမကောင်းစွာဖြင့် အင်းစက်ဘုရင်မ တိုက်ခိုက်သွားသည်မှာ အလွန်ကိုမှမြန်ဆန်သလို ပြန်ပျောက်ကွယ်သွားသည်မှာလည်း လျင်မြန်လွန်းလှသည့် အတွက် အင်းစက်ဘုရင်မ၏ ပုံရိပ်အား ချင်းယုသေချာ မမြင်လိုက်ရပေ။

သူမ၏မေးခွန်းကိုကြားသော ချင်းမိသားစုမှကျင့်ကြံသူ များသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီးနောက် အသီးသီး ခေါင်းခါလိုက်ကြလေ၏။

သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်လေသည်။ "အဲ့လူကိုသေချာမမြင်လိုက်ရပေမယ့် သူသုံးသွားတာက စုံတွဲဓားတစ်ခုလိုပဲ။ နေပယ်မြို့နားတစ်ဝိုက်မှာ အဲ့မှော်ရတနာကိုသုံးတဲ့ ပညာရှင်ရှိလို့လား"

"စုံတွဲဓား" ချင်းယုသည် ခဏမျှစဉ်းစားနေလိုက်ပြီး နောက်တွင် ခေါင်းခါ၍ ပြန်ပြောလိုက်လေသည်။ "စုံတွဲဓား သုံးတဲ့လူတွေအကြောင်း တစ်ခါမှမကြားဖူးဘူး။ အဲ့လို မှော်ရတနာတွေက အရမ်းသုံးရခက်တာ။ အဲ့လိုမှော်ရတနာကို သုံးတဲ့လူသာရှိရင် ကျွန်မသူ့အကြောင်းကို မကြားဖူးစရာ အကြောင်းမရှိဘူး။ ကြည့်ရတာအဲ့လူက အခြားတစ်နေရာက လာတာနဲ့တူတယ်"

ထိုစကားကိုကြားသည့်အခါ ချင်းမိသားစုမှကျင့်ကြံသူများ ခေါင်းငြိမ့်လိုက်ကြလေသည်။

"ကာကွယ်ပေးနေတဲ့လူကတင် အားကောင်းတာ မဟုတ်ဘူး။ အဆင့်တက်နေတဲ့လူကလည်း သာမန်မဟုတ်ဘူး" ချင်းယုက နှုတ်ခမ်းကိုကွေးလျက် ပြောလိုက်သည်။

ရန်ကိုင်ရှိနေရာဆီသို့လှမ်းကြည့်ရင်း သူမ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။ ရန်ကိုင်မည်ကဲ့သို့သော ပုံစံရှိမလဲဆိုသည်ကို သိချင်မိသော်ငြား အလွန်သိပ်သည်းလှသည့် မိုးမြေစွမ်းအင်များမှ ရန်ကိုင့်အား ကာရံထားသည့် အတွက်ကြောင့် သူ့ပုံရိပ်အား ရှင်းလင်းစွာ မမြင်ရပေ။

ထိုစကားကိုကြားသည့်အခါ သက်လတ်ပိုင်းလူကြီးက ခေါင်းငြိမ့်၍ပြောလိုက်လေသည်။ "ဟုတ်တယ်။ အဲ့လူက သူအဆင့်တက်ခါနီးနေတဲ့အချိန်မျိုးမှာတောင် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူတွေ အများကြီးကို သတ်ပစ်သွားနိုင်သေးတယ်။ အဲ့တစ်ချက်နဲ့တင် လုံးဝ သာမန်မဟုတ်တော့ဘူး။ ဒါပေမယ့် ကျုပ်နားမလည်တဲ့ တစ်ချက်က ရှန်တုဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးလဲ ဆိုတာပဲ"

ချင်းယု၏အမူအရာ ပြောင်းလဲသွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည်။ "ရှန်တုက ရက်စက်ပြီးကောက်ကျစ် ယုတ်မာတဲ့လူတစ်ယောက်ပဲ။ ပုံမှန်ဆိုရင် လုံးဝထွက်ပြေးမှာ မဟုတ်ဘူး။ သူထွက်ပြေးတယ်ဆိုတာ အဲ့လူလက်မှာ ဆိုးဆိုးရွားရွားခံလိုက်ရလို့ပဲ"

"အဲ့လိုကတော့ သိပ်မဖြစ်နိုင်ဘူးမလားသခင်မလေး။ အခု အဆင့်တက်နေတဲ့လူက တန်ခိုးရှင်ဘုရင်တတိယ အဆင့်ပဲ ရှိသေးတာလေ။ တာအိုသခင်အဆင့်ကို ရောက်သေးတာမှ မဟုတ်တာ။ ရှန်တုကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်နိုင်မှာလဲ" သက်လတ်ပိုင်းလူကြီး လုံးဝကို နားမလည်နိုင် ဖြစ်နေခဲ့သည်။

"ဒါဆိုရင် ဘယ်တန်ခိုးရှင်ဘုရင်တတိယအဆင့်ကများ တာအိုသခင်အဆင့်ကို အဆင့်တက်လို့ရှိရင် ဒီလောက် အားကောင်းတဲ့ မိုးမြေကောင်းချီးကို ဖြစ်စေလို့လဲ။ ကြည့်.. သူ့မိုးမြေကောင်းချီးကြောင့် ဟင်းလင်းပြင်တွေတောင် ပြိုကျခါနီးဖြစ်နေပြီ" ချင်းယုသည် ညွှန်ပြရင်းပြောလိုက်သည်။

ထိုစကားကိုကြားလိုက်သည့်အခါ သက်လတ်ပိုင်း လူကြီးက ရှက်ရှက်ဖြင့်ရယ်မောလျက် "ကျုပ်က တန်ခိုးရှင်ဘုရင်တတိယအဆင့်ပဲ ရှိသေးတဲ့ဟာကို။ ဘယ်လိုလုပ်ပြီး အခြားသူတွေ တာအိုသခင်အဆင့်ကို ချိုးဖြတ်နေတာကို မြင်ဖူးမှာလဲ။ ဒါပေမယ် မမြင်ဖူးဘူး ဆိုရင်တောင် တာအိုသခင်အဆင့်ကို ချိုးဖြတ်တဲ့လူတိုင်း ဘယ်သူမှ သူ့လိုမလုပ်နိုင်ဘူးလို့ထင်တာပဲ"

"ဟုတ်တယ်" လူတစ်ယောက်က ပိုပြီး အားကောင်းတယ်ဆိုရင် အဆင့်တက်တဲ့အခါကြုံတွေ့ရတဲ့ မိုးမြေကောင်းချီးကလည်း ပိုပြီးအားကောင်းလေပဲ"ချင်းယုက ရယ်သွမ်းသွေးရင်း ပြောလိုက်လေသည်။ "ကျွန်မအဲ့လူကို ပိုပိုပြီးစိတ်ဝင်စားလာနေပြီ။ သူ့ကိုသာ မိသားစုထဲ ဆွဲခေါ်နိုင်မယ်ဆိုရင်…"

ထိုစဉ်သက်လတ်ပိုင်းလူကြီးက ဝင်ရောက်သတိပေး လိုက်လေသည်။"အဲ့ဒါဆိုရင် သူအဆင့်တက်လို့ပြီးသွားတဲ့ထိ စောင့်နေမှပဲရလိမ့်မယ်"

ချင်းယုကခေါင်းငြိမ့်လိုက်၍ သူမဘာသာ ရေရွတ်လိုက်လေ၏။ "သူအောင်မြင်လောက်မှာပါ"

ထိုစဉ်ကမ္ဘာလောကကြီးတစ်ခုလုံး ကပ်ဘေး ဆိုက်လာသည့်အလား အလွန်ကိုမှ ကျယ်လောင်လွန်းလှသည့် မိုးခြိမ်းသံကြီးတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက်တွင် ကောင်းကင်ထက်၌လည်ပတ်နေသော အနက်ရောင်ဝဲကတော့ကြီးသည် တစ်စုံတစ်ခုသော စွမ်းအား၏ဆွဲငင်ခြင်းခံရသည့်အလား အောက်သို့ ထိုးဆင်းကျလာလေ၏။

ထိုအနက်ရောင်ဖန်ပြွန်ကြီးသည် ရန်ကိုင်ရှိနေသည့် နေရာဆီသို့ မြေပြိုသည့်နှယ် တရဟောပြိုဆင်းကျလာလေ သည်။

"ဝုန်း…ဝုန်း…ဝုန်း" ထိုအနက်ရောင်ဖန်ပြွန်မှ ရန်ကိုင်ရှိနေသည့်နေရာနှင့် ဆက်စပ်မိသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ရောမြေပြင်ပါ ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့လေသည်။

"မဖြစ်နိုင်ဘူး" ထိုမြင်ကွင်းကိုကြည့်ရင်း ချင်းယု၏ မျက်နှာ ဖြူရော်သွားခဲ့လေသည်။

သူမနားတွင် စုဝေးနေကြသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ၏ အမူအယာတို့မှာလည်း ပြောင်းလဲကုန်ကြ လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း သက်လတ်ပိုင်းလူကြီးက စိတ်ပျက်ပျက်ဖြင့် ခေါင်းခါ၍ ပြောလိုက်လေသည်။ "ဒီကောင်ဘယ်လောက်တောင် အားကောင်းနေလို့ သူ့မိုးမြေကောင်းချီးက ဒီလောက်တောင် ကြောက်ဖို့ ကောင်းနေရတာလဲ။ ကြည့်ရတာ သူအသက်တောင် ရှင်ပါ့မလားမသိဘူး"

ကျင့်ကြံသူများ အဆင့်ကြီးတစ်ဆင့်သို့ ချိုးဖြတ် ဝင်ရောက်သည့်အခါ မိုးမြေကောင်းချီးနှင့်ကြုံတွေ့ရသည်။ သို့သော်ငြား ကျင့်ကြံသူတိုင်း၏မိုးမြေကောင်းချီးသည် ယခုကဲ့သို့မဟုတ်ဘဲ အပိုင်းလိုက် အပိုင်းလိုက် လာခြင်း ဖြစ်သည်။ ပထမတစ်ကြိမ် လာပြီးသည့်နောက်တွင် ခေတ္တရပ်နားပြီး နောက်တစ်ကြိမ်ထပ်လာသည်။

ယခု ဤမိုးမြေကောင်းချီးမှာမူ တစ်စက်ကလေးပင် ရပ်တန့်သွားခြင်းမရှိဘဲ တောက်လျှောက်ကို ပြိုဆင်းကျလာ နေခဲ့လေသည်။

မိုးမြေစွမ်းအင်တို့မှာ ရန်ကိုင့်ကိုယ်ထဲသို့ အဆက်မပြတ် စီးဝင်လာနေသည့်အတွက် ရန်ကိုင့်အဖို့ အသက်ရှူဖို့ပင် အခွင့်အရေးရလိမ့်မည်မဟုတ်ချေ။

မည်သည့်တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူကများ ဤကဲ့သို့သော မိုးမြေကောင်းချီးကို ခုခံနိုင်ပါမည်နည်း။ ဤအရာသည် မိုးမြေကောင်းချီး မဟုတ်တော့ဘဲ မိုးမြေ၏ အပြစ်ဒဏ်သာ ဖြစ်လေတော့သည်။

တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုမိုးမြေကောင်းချီးကို တရစပ်ခုခံရမည်ဆိုပါက သေဆုံးသွားနိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ မြေပြင်မှာပိုပို၍ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ခပ်ဝေးဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများပင်လျှင် ပြင်းထန်သည့်စွမ်းအင်လှိုင်းများကို အတိုင်းသား ခံစားမိနေခဲ့သည်။

ဤသည်မှာ လူသားတစ်ယောက်ခုခံနိုင်သည့် အရာမျိုး မဟုတ်တော့ချေ။ ထိုမြင်ကွင်းကိုကြည့်၍ အကုန်လုံး၏ မျက်နှာဖြူလျော်သွားကုန်ကျလေ၏။

ရုတ်တရက်လေပြင်းများ ပြင်းထန်စွာတိုက်ခတ်လာပြီး မျက်တောင်တစ်ခတ်အတွင်း မိုင်တစ်ရာပတ်လည်ဝန်းကျင် တစ်ခုလုံး လေပြင်းမုန်တိုင်းတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

လေပြင်းမုန်တိုင်းများထဲ လွင့်ပါလာသော ကျောက်စ ကျောက်နများကြောင့် ချင်းမိသားစုမှ ကျင့်ကြံသူများသည် သူတို့၏အကာအကွယ်ပညာရပ်အသီးသီးကို သုံးကာ ချင်းယုအား ကာကွယ်ပေးလိုက်ရလေ၏။

ရုတ်တရက် ဒဏ်ရာရထားသော သားရဲတစ်ကောင်၏ အော်မြည်သံအလားထင်မှတ်ရသော အော်ဟစ်သံတစ်သံသည် ခပ်လှမ်းလှမ်းဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်ချိန်အကုန်လုံး ထိတ်လန့်တုန်လှုပ်သွားခဲ့၏။

အသံပိုင်ရှင်မှာအခြားမဟုတ်။ တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နေသော ရန်ကိုင်သာဖြစ်လေသည်။

မိုးမြေစွမ်းအင်တို့ သူ့ကိုထဲသို့ စီးဝင်ကြလာသည်နှင့် တစ်ပြိုင်နက် သူပြဿနာအကြီးကြီး တက်ပြီမှန်း ရန်ကိုင် နားလည်လိုက်သည်။

အလွန်ပြင်းထန်သည့် မိုးမြေစွမ်းအင်ကြောင့် သူ့အဝတ်အစားအားလုံး တမဟုတ်ချည်း ပျက်စီးသွားခဲ့ရ သည်။ ထို့နောက် မိုးမြေစွမ်းအင်တို့သည် သူ့ခေါင်းမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ဆီသို့ စီးဝင်သွားကုန်ကြလေ၏။

အားကောင်းလှသော သူ့ခန္ဓာကိုယ်ပင်လျှင် ထို့စွမ်းအားအား အသက်ဆယ်ရှိုက်မျှသာ ခုခံနိုင်ခဲ့ပြီးနောက် သူ့အရေပြားများ အက်ကွဲလာရလေ၏။

သွေးကြောများသည်လည်း ဖောင်းကားတက်လာပြီး သူ့တစ်ကိုယ်လုံး တဆစ်ဆစ်ကိုက်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်သည် အချိန်မရွေးပေါက်ကွဲထွက်တော့မည့် ပူဖောင်းတစ်လုံးနှယ်ဖြစ်လာခဲ့၏။

အက်ကွဲသွားသော အရေပြားများဆီမှ ရွှေရောင်သွေးများ ယိုစီးကျလာသဖြင့် ရန်ကိုင့်တစ်ကိုယ်လုံး ရွှေရောင် တောက်လာခဲ့လေသည်။

ထိုအချိန်တွင် ရွှေရောင်သွေးသည် ၎င်း၏ကုသရေး စွမ်းရည်ကို စတင်ပြသတော့၏။ အက်ကွဲသွားသော အရေပြားနှင့်စုတ်ပြဲထွက်သွားသော ကြွက်သားတို့မှာ သူ့ဘာသာအလိုလိုပြန်ကောင်းလာခဲ့လေသည်။

သို့သော်ငြား အဆက်မပြတ်ဝင်ရောက်လာနေသော ပြင်းထန်သည့် စွမ်းအင်လှိုင်းများကြောင့် ပြန်ကောင်းသွားပြီး ခဏအကြာ၌ ပြန်၍ပျက်စီးကုန်လေ၏။

သူ့သွေးနှင့် အသက်စွမ်းအင်ကို ထိန်းသိမ်းထားနိုင်ရန် အတွက် ရွှေရောင်သွေးစက်များကို လောင်ကျွမ်းပစ်တော့မည် အပြု သူ့အသွေးအသားနှင့် သွေးကြေားများဆီမှ သိမ်မွေ့သည့်စွမ်းအားတစ်ရပ်ကို ရန်ကိုင်ရုတ်တရက် ခံစားလိုက်ရသည်။

ထိုစွမ်းအားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဒဏ်ရာ ရနေသော သူ့ခန္ဓာကိုယ်သည်လျင်မြန်စွာ ပြန်ကောင်းလာပြီး မတည်မငြိမ်ဖြစ်နေသော သူ့အသက်စွမ်းအင်ပင်လျှင် တဖြေးဖြေး ပြန်လည်မြင့်တက်လာခဲ့လေသည်။ ရန်ကိုင်ခံစားနေရသည့် ဖိအားမှာလည်း အကြီးအကျယ် လျော့ကျသွားခဲ့ရ၏။

ရုတ်တရက်အဖြစ်အပျက်ကြောင့် ရန်ကိုင်ပျော်ရွှင်စွာ ပြုံးမိသွားလေသည်။ ကျဆင်းလာနေသော မိုးမြေစွမ်းအင် များကို လက်ခံယူနေရင်း သူ့ခန္ဓာကိုယ်၏အခြေအနေကိုလည်း စစ်ဆေးကြည့်လိုက်လေသည်။

သူ့ခန္ဓာကိုယ်အခြေအနေသည် ရုတ်တရက်ပေါ်လာသည့် သိမ်မွေ့သောစွမ်းအင်ကြောင့် သူထင်ထားသည်ထက်ကို အများကြိီး ပိုမိုကောင်းမွန်နေခဲ့သည်။

မကြာမီ ထိုစွမ်းအင် မည်သည့်နေရာမှ ရောက်လာနေခဲ့မှန်းကို ရှာတွေ့သွားခဲ့လေသည်။ ထိုစွမ်းရည်သည် တစ်ခြားမဟုတ်။ ရန်ကိုင်သောက်သုံးခဲ့သည့် ရတနာတစ်သောင်းဆေးရည်မှ ကျန်ရစ်ခဲ့သည် လက်ကျန် ဆေးအာနိသင်များသာဖြစ်လေသည်။

ရန်ကိုင်သည် ကျောက်တုံးလှိုင်ဂူထဲ နှစ်ဝက်ကြာမျှ နေကာ ရတနာတစ်သောင်းဆေးရည်ထဲရှိ ဆေးအာနိသင် များကို တောက်လျှောက်စုပ်ယူခဲ့သော်ငြား ကုန်စင်အောင် မစုပ်ယူနိုင်ခဲ့ပေ။ လက်ကျန်ဆေးအာနိသင်များသည် သူ့အသွေးအသားနှင့် အရိုးများထဲ ကိန်းအောင်းနေလေ၏။ ယခုသူအဆင့်တက်သည့်အခါမှသာ ပြန်လည်ထွက်ပေါ် လာခြင်းဖြစ်သည်။

သိမ်မွေ့သည့်စွမ်းအင်၏ အရင်းအမြစ်ကို သိလိုက်ရပြီး နောက်တွင် ရန်ကိုင်တဖြည်းဖြည်း တည်ငြိမ်သွားခဲ့လေသည်။

ရတနာတစ်သောင်းဆေးရည်၏ ဆေးအာနိသင်မှာ အဆက်မပြတ်ထွက်ပေါ်လာနေသည့်အတွက် ရန်ကိုင်သည် ယခင်ကကဲ့သို့ ဖိအားကြီးကြီးမားမား မခံစားရတော့ချေ။

သူ့ခန္ဓာကိုယ်သည် ထပ်မံနာကျင်ခြင်းမရှိတော့။ သွေးကြောများသည်လည်း ယခင်ကကဲ့သို့ ကိုက်ခဲမနေတော့။ အရိုးများသည်ပင်လျှင် အက်ကွဲခြင်းမရှိတော့ချေ။

ယခုဆိုလျှင် ရန်ကိုင့်အနေဖြင့် စိတ်အေးအေးဖြင့် တာအိုသခင်အဆင့်၏ အဆင့်တစ်ဆို့အတားအဆီးအား တိုက်ခိုက်နိုင်လေပြီ။

မိုးမြေကောင်းချီး၏အောက်တွင် ရန်ကိုင့်၏ခန္ဓာကိုယ်သည် အသွင်သစ်တစ်ခုသို့ စတင်ပြောင်းလဲလာခဲ့လေ၏။ အရင်ကတည်းက အားကောင်းနေပြီးသော သူ့ခန္ဓာကိုယ်မှာ ပိုပို၍အားကောင်းလာခဲ့လေသည်။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီတို့မှာလည်း ယခင်ကနှင့်စာလျှင် အများကြီး ပိုမိုသန့်စင်လာခဲ့သည်။

ပုံမှန်အတိုင်းသာ ကျင့်ကြံမည်ဆိုလျှင် ယခုကဲ့သို့သော သန့်စင်နှုန်းကိုရရှိနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံရပေလိမ့်မည်။ ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်အတော်လေး ဝမ်းသာသွားခဲ့သည်။

နေ့ဝက်ကြာပြီးသည့်နောက်တွင် သူ့ကိုယ်ထဲရှိ အကာအရံတစ်ခုကျိုးပျက်သွားသည့်အလား သူ့ဝိဉာဉ် အတွင်းပိုင်းဆီမှ အက်ကွဲသံတစ်သံထွက်ပေါ်လာခဲ့သည်။

ရန်ကိုင်သည် ရုတ်တရက်ပါးစပ်ဟ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ သူ့အော်သံသည် မိုးခြိမ်းသံအလား ကောင်းကင်တစ်ခွင်ပဲ့တင်ထွက်သွားခဲ့၏။

ထိုအော်ဟစ်သံနှင့်အတူ ရန်ကိုင့်အား တာအိုသခင် အဆင့်သို့ မဝင်ရောက်နိုင်အောင် တားဆီးနေသော အတားအဆီးမှာလည်း ကျိုးပျက်သွားခဲ့ရပြီး ရန်ကိုင့်၏ အရှိန်အဝါသည် အဆင့်သစ်တစ်ခုသို့ ရုတ်ခြည်း မြင့်တက်သွားခဲ့လေသည်။

အဆုံးတွင် တာအိုသခင်အဆင့်သို့ သူချိုးဖြတ်ဝင်ရောက် နိုင်ခဲ့လေပြီ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၅၈)

ရုတ်တရက်ထွက်ပေါ်လာသည့် အော်ဟစ်သံသည် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ပြန့်နှံ့သွားခဲ့လေသည်။ ထိုအော်သံထဲ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတို့ အတိုင်းသား ပါဝင်နေသည်ကို အကုန်လုံးခံစားမိနေခဲ့ကြသည်။

ထိုအော်သံကိုကြားလိုက်ချိန် ချင်းမိသားစုမှ သက်လတ်ပိုင်းလူကြီးသည် စိတ်နှင့်လူမကပ်သည့်အလား အချိန်အတော်ကြာအောင် ငုတ်တုပ်မေ့သွားလေသည်။ နောက်ဆုံးတွင် နားမလည်နိုင်ဖြစ်နေသည့်အမူအယာဖြင့် အံ့အားသင့်တကြီးရေရွတ်လိုက်လေ၏။ "သူတစ်ကယ် အောင်မြင်သွားတာလား"

သူ့မျက်လုံးသူပင်မယုံနိုင်တော့ချေ။ ဤအဆင့် တက်နေသည့်လူကြုံနေရသည့် မိုးမြေကောင်းချီးမှာ အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းကာ တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ခုခံနိုင်သည့် အရာမျိုးလည်းမဟုတ်ပေ။

သို့သော်ငြား ထိုလူသည် ထိုမိုးမြေကောင်းချီးကို အောင်မြင်စွာဖြတ်ကျော်သွားနိုင်ခဲ့သည်။ ဤအဖြစ်အပျက် ကြောင့် သက်လတ်ပိုင်းလူကြီးမှာ အလွန်တရာကိုမှ ထိတ်လန့်အံ့ဩမိနေခဲ့လေသည်။

သူ့အနားတွင်ရှိနေသော ချင်းယုမှာလည်း အလားတူပင် တုန်လှုပ်နေခဲ့၏။ ထိုလူ အလွယ်တကူ သေလိမ့်မည်မဟုတ်မှန်း သိနေခဲ့သော်ငြား တစ်ဖက်လူသည် တာအိုသခင်အဆင့်သို့ ချောချောမွေ့မွေ့နှင့် ချိုးဖျက်ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည့်အခါ သူမစိတ်ထဲ သိပ်၍မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ဟင်းလင်းပြင်အကာအရံများကို ထိုးဖောက်၍ တစ်ဖက်လူ၏ပုံစံကို သေသေချာချာမြင်ချင်သည့်အလား ချင်းယုသည် သူမ၏မျက်ဝန်းလှလှလေးများကို မှေးစင်ကာ စိုက်ကြည့်လိုက်လေသည်။

ရန်ကိုင်သည် သူ့အပျော်ကို အလျင်အမြန်ဖိနှိပ်၍ မိုးမြေကောင်းချီးအား ဆက်လက်ခံယူနေလိုက်သည်။ မိုးမြေကောင်းချီးကဲ့သို့သော အရာမျိုးသည် အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်သည့်အခါမှသာ ကြုံနိုင်သည့် အရာမျိုးဖြစ်သည်။

မိုးမြေကောင်းချီးသည် ကျင့်ကြံသူတစ်ဦး၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်အား သန့်စင်အောင်လုပ်ပေးနိုင်ရုံမက ပိုမို အားကောင်းလာအောင်လည်း လုပ်ပေးနိုင်ပေသေးသည်။

ထို့အပြင် ထိုမိုးမြေကောင်းချီးထဲ ကောင်းကင်လမ်းစဉ်နှင့် သိုင်းတာအိုတို့၏ နိယာမများပါဝင်နေခဲ့သည်။ ကျင့်ကြံသူ တစ်ဦးသာ ဉာဏ်အလင်းပွင့်သွားခဲ့မည်ဆိုပါက သုံးမကုန်နိုင်လောက်အောင် များပြားလှသော အကျိုးကျေးဇူးကို ရနိုင်ပေလိမ့်မည်။

လက်ရှိတွင် ရန်ကိုင်သည် တာအိုသခင်အဆင့်သို့ ချိုးဖြတ်နေခြင်းဖြစ်သည့်အတွက် သူ့တွင် ဤမိုးမြေကောင်းချီးဆီမှ နိယာမစွမ်းအားကို လေ့လာနိုင်မည့် အခွင့်အရေးအချို့ရှိပေသည်။

တစ်ကယ်တော့ရန်ကိုင်သည် လေဟာနယ်နိယာမ စွမ်းအားကို တတ်ကျွမ်းလိုနေခြင်းဖြစ်သည်။ သူသည် လေဟာနယ်စွမ်းအားကို ကျွမ်းကျင်ထားပြီးဖြစ်သည့် အတွက်ကြောင့် လေဟာနယ်နိယာမများအား ထဲထဲဝင်ဝင် နားလည်သဘောပေါက်ဖို့သာ ကျန်ရစ်တော့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ဆက်၍အော်ဟစ် မနေတော့ဘဲ တင်ပလ္လင်ခွေထိုင်ကာ တည်ငြိမ်စွာဖြင့် မိုးမြေစွမ်းအင်များကို လက်ခံယူနေတော့သည်။

မခန့်မှန်းနိုင်လောက်အောင် များပြားလွန်းလှသော မိုးမြေစွမ်းအင်တို့သည် ရန်ကိုင့်ခန္ဓာကိုယ်ထဲသို့ စီးဝင်လျက် သူ၏တာအိုသခင်အဆင့်အုတ်မြစ်ကို ခိုင်မာအောင် လုပ်ပေးနေခဲ့သည်။

အခွင့်အရေးရတုန်းရခိုက် ရန်ကိုင်သည် လေဟာနယ် နိယာမများကို စတင်စူးစမ်းလေ့လာတော့၏။ အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့လေသည်။

နေ့ဝက်ကြာပြီးသည့်နောက်တွင် ကောင်းကင်ပေါ်ရှိ အနက်ရောင်ဖန်ပြွန်ကြီးမှာ ပျောက်ကွယ်သွားခဲ့ပြီး မှောင်မှိုင်းအုပ်ဆိုင်းနေသော ကောင်းကင်မှာလည်း တစ်ဖန်ပြန်လည်ကြည်လင်လာခဲ့သည်။

သို့တိုင် ရန်ကိုင့်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အလွန်ကိုမှ တွန့်လိမ်နေသည့်အတွက် ခပ်လှမ်းလှမ်းတွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူအားလုံး ရန်ကိုင်၏ မျက်နှာကို မမြင်ခဲ့ရပေ။

ရန်ကိုင်၏အနီးတစ်ဝိုက်ရှိဟင်းလင်းပြင် ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ မိုးမြေကောင်းချီးကြောင့်ဟု အကုန်လုံး ထင်နေခဲ့ကြသည်။

သို့သော်ငြား ဘာမှဆက်ကြည့်စရာမရှိတော့သည့် နောက်တွင် တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကုန်ကြ လေသည်။

ချင်းမိသားစုအဖွဲ့မှာတော့ ထွက်မသွားသေးဘဲရပ်၍သာ စောင့်နေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း ဆယ်ရက်ကျော် ကုန်ဆုံးသွားခဲ့လေသည်။ ထိုအခါမှပဲ တစ်ချိန်လုံး မျက်လုံးပိတ်ကာ တင်ပလ္လင်ခွေထိုင်နေခဲ့သော ရန်ကိုင် ဖြည်းဖြည်းချင်း မျက်လုံးပြန်ဖွင့်လာခဲ့သည်။

ထို့နောက်တွင် သူ့လက်ကို ရုတ်တရက် လှုပ်ခါလိုက်လေသည်။ သူ့ပတ်ပတ်လည်ရှိ မီတာထောင်ပေါင်းများစွာအတွင်း ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်သည် ရုတ်ခြည်း ငြိမ်ကျသွားခဲ့သည်။ ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်သူ့နှုတ်ခမ်းကို ကွေးလိုက်လေ၏။

တစ်ချိန်တည်းတွင် ရန်ကိုင်၏ တည်နေရာအား သေချာ အာရုံစိုက်နေခဲ့သည့် ချင်းယု၏အမူအယာ ရုတ်ခြည်း လေးနက်သွားခဲ့သည်။ သူမ၏မျက်လုံးများကိုပိတ်၍ ပြန်ဖွင့်လိုက်ပြီးသည့်နောက် မျက်ဆံများမှာ ရုတ်ခြည်း ခရမ်းရောင်းပြောင်းလဲသွားခဲ့သည်။ နားလည်ရခက်သော ခရမ်းရောင်လှိုင်းတို့မှာ သူမ၏မျက်ဝန်းများထဲ စတင် စီးဆင်းလာတော့လေ၏။

ရန်ကိုင်ရှိနေရာဆီသို့ လှမ်းကြည့်လိုက်သည့်အခိုက်တွင် သူမ၏မျက်ဝန်းများဆီမှ ခရမ်းရောင်းအလင်းတစ်ခု ရုတ်တရက်ပြေးထွက်သွားခဲ့လေသည်။

ခပ်လှမ်းလှမ်းတွင်ရှိနေသော ရန်ကိုင်သည် တစ်ခုခုကို အာရုံခံမိလိုက်သည့်အလား ချင်းယုရှိရာဆီသို့ လှည့်ကြည့်လာခဲ့သည်။

ရုတ်တရက် သူ၏ဘယ်ဘက် မျက်လုံးထဲ သုတ်သင်ခြင်း နတ်ဆိုးမျက်လုံး ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်း တစ်ခုပြေးထွက်သွားလေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက်တွင် ရန်ကိုင်အံ့အားသင့်စွာ ထအော်မိလိုက်သည်။ ချက်ချင်းပဲ သုတ်သင်ခြင်းနတ်ဆိုး မျက်လုံးကို ပြန်ရုတ်သိမ်းလိုက်ရာ သူ့မျက်လုံးများ တစ်ဖန် ပြန်လည်ကြည်လင်လာခဲ့လေသည်။

အခြားတစ်ဖက်တွင်တော့ ချင်းယုမှာ အလန့်တကြား ထအော်တော့လေ၏။ သူမ၏ခန္ဓာကိုယ်လေးမှာ ထိန်းမနိုင် သိမ်းမရ တုန်ခါလာပြီး နောက်သို့ခြေလှမ်းများစွာ ဆုတ်လိုက်ရလေသည်။ သူမ၏မျက်နှာမှာလည်း သိသိသာသာကို ဖြူလျော်သွားခဲ့သည်။

"သခင်မလေး" ချင်းယု၏အခြေအနေကိုမြင်သော် ချင်းမိသားစုမှ သက်လတ်ပိုင်းလူကြီး အလန့်တကြား ဖြစ်သွားလေသည်။

ချက်ချင်းပဲ ချင်းယုဘေးနားသို့ပြေးသွားပြီး သူမအား ထူမပေးရင်း စိုးရိမ်တကြီးမေးလိုက်သည်။ "သခင်မလေး အဆင်ပြေရဲ့လား"

ချင်းယု၏လှုပ်ရှားမှုများကို သူသတိမပြုမိလိုက်ချေ။ ထို့ကြောင့် ချင်းယုဤကဲ့သို့ဖြစ်ရခြင်းမှာ သူမ၏ ရောဂါဟောင်း ပြန်ထလာသည့်အတွက်ကြောင့်ဟုသာ ထင်သွားခဲ့သည်။

ချင်းယု၏နဖူးထက် ချွေးအေးများစိုရွှဲနေခဲ့လေသည်။ ထိုအချိန်အတောအတွင်း သူမ၏ခရမ်းရောင်မျက်ဝန်းများမှာ လည်း တဖြေးဖြေးပြန်လည်ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက်ခေါင်းခါလျက်ပြန်ပြောလိုက်သည်။ "ကျွန်မ အဆင်ပြေတယ်"

ရန်ကိုင်ရှိရာဆီသို့ နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သော်ငြား မည်သူမှ မရှိတော့ကြောင်း အံ့အားသင့်ဖွယ်တွေ့ရှိလိုက်ရလေသည်။

"သူပဲ" ချင်းယုက ရေရွတ်လိုက်၏။ အစောပိုင်းက လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးလိုက်ချိန် ရန်ကိုင်၏ပုံစံကို လှမ်းမြင်လိုက်ရပေသည်။

ရုတ်တရက် ငါးရောင်ခြယ်ရတနာဘုရား၏ ပထမ အလွှာတွင် တွေ့ခဲ့ဖူးသည့် လူတစ်ဦးကို ပြန်သတိရလိုက် သည်။

"ဘယ်သူလဲ" သက်လတ်ပိုင်းလူကြီးက အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်လေသည်။

ချင်းယုကမူ ပြုံး၍သာခေါင်းခါလျက် ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ဘူး"

တစ်ခဏကြာ တုန့်ဆိုင်းနေပြီးနောက်တွင် ထပ်ပြောလိုက်လေ၏။ "ပြန်ကြရအောင်"

သက်လတ်ပိုင်းလူကြီး မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့သခင်မလေး၏အမူအယာမှာ အနည်းငယ်ထူးဆန်းနေသလို ခံစားနေရသည်။ သို့သော်ငြား မေးခွန်းများများစားစားတော့ မမေးခဲ့ပေ။ ချင်းယုပြောသည့်အတိုင်းပင် သူမအား နေပယ်မြို့ထဲသို့သာ ပြန်ခေါ်လာခဲ့လိုက်သည်။

ရန်ကိုင်အဆင့်တက်ခဲ့သောတောင်နှင့် မိုင်တစ်ရာ အကွာတွင် ရန်ကိုင်၏ပုံရိပ် ရုတ်တရက်ပြန်ပေါ်လာခဲ့လေ သည်။ ပေါ်လာပြီးနောက်တွင် တစ်စုံတစ်ခုအား စောင့်ဆိုင်းနေသည့်အလား ရန်ကိုင်သည် ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။

မကြာမီတွင် အင်းစက်ဘုရင်မနှင့် မီးတောက်ပြာမိုးကြိုး ဝံပုလွေတို့သည် သူ့အား လိုက်မီလာခဲ့လေသည်။ ရန်ကိုင်သည် သူ၏သွေးသရဲနှစ်ကောင်ကို ပြန်သိမ်းလိုက်ပြီးနောက် လမ်းကြောင်းတစ်ခုကိုရွေးကာ ထိုဘက်သို့ ထွက်လာခဲ့လေ၏။

ခဏကြာပြီးသည့်နောက်တွင် ယွမ်မီးဖိုတောင်ဆီသို့ ရန်ကိုင်ပြန်ရောက်လာခဲ့သည်။ လက်ရှိယွမ်မီးဖိုတောင်သည် အပျက်အစီးနယ်မြေတစ်ခု ဖြစ်နေခဲ့လေပြီ။ တောင်တစ်ခုလုံး ပြိုကျနေခဲ့ပြီး ကျောက်တုံးကျောက်စိုင်တို့မှာ နေရာအနှံ့ ပြန့်ကျဲနေခဲ့သည်။

ထို့အပြင် တစ်ယောက်ယောက်မှတူးဆွထားသည့် သဲလွန်စများကိုပင် တွေ့နေရ၏။ "ဒီမှာ လာတူးသွားတာ မီးတောက်ကျောင်းတော်က တပည့်တွေဖြစ်မယ်"

ရန်ကိုင်သည် ထိုကိစ္စကိုဂရုစိုက်မနေဘဲ ကောင်းကင်ထက်တွင်ဝဲ၍သာ တစ်စုံတစ်ခုကို အာရုံခံနေခဲ့၏။ လျှို့ယန်သည် မြေအောက်ထဲရှိ‌ ချော်ရည်ကန်ထဲတွင် အိပ်စက်နေသေးကြောင်းကို ရန်ကိုင်အာရုံခံမိနေခဲ့သည်။

ယခင်နှင့်ယှဉ်လိုက်သော လက်ရှိလျှို့ယန်၏ အရှိန်အဝါမှာ အစပေါင်းများစွာ ပိုမိုအားကောင်းလာခဲ့လေ သည်။ သူမ၏အရှိန်အဝါသည် တာအိုသခင်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်မည့် အရိပ်အယောင်များပင် ပြနေခဲ့၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်ဝမ်းသာသွားခဲ့ပြီး သူ့ကောင်းကင်စိတ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက် လေသည်။

ထို့နောက် နေရာတစ်ခုရှာကာ ထိုနေရာတွင် တင်ပလ္လင်ခွေထိုင်လိုက်၏။ မေပယ်မြို့ဆီသို့ ချက်ချင်း မပြန်ရသေးခြင်းမှာ လျှို့ယန်အား စောင့်နေသည့်အတွက် ဖြစ်ပေသည်။

လျှို့ယန်ချော်ရည်ကန်ထဲတွင် ရှိနေသည်မှာ အတော်ကြာနေပြီဖြစ်သည့်အတွက် အချိန်မရွေး ပြန်လာနိုင်ပေသည်။

ခဏမျှစဉ်းစားပြီးသည့်နောက်တွင် ကမ္ဘာငယ်လေးကို ဆင့်ခေါ်ကာ ထိုထဲသို့ ဝင်သွားလိုက်၏။ ကမ္ဘာငယ်လေးထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် တစ်ခုခုလိုအပ်နေသလို သူ့စိတ်ထဲခံစားလိုက်ရလေသည်။

ထိုခံစားချက်သည် ကမ္ဘာငယ်လေးဆီမှလာခြင်းမဟုတ်ဘဲ သူကိုယ်တိုင်ဆီမှလာခြင်းသာဖြစ်သည်။

ယခင်က ရန်ကိုင်သည် လုံလောက်အောင်အားကောင်းခြင်း မရှိသည့်အတွက် နိယာမစွမ်းအားကို မထိတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအချက်ကိုလည်း သတိမပြုမိခဲ့။

ယခု တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကနိယာမစွမ်းအားများကို စတင် အသုံးပြုလာနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် ကမ္ဘာငယ်လေး၏ လောကနိယာမများနှင့်ပတ်သက်၍ တစ်ခုခုလိုအပ်နေသည်ကို ချက်ချင်းသတိပြုမိသွားခဲ့လေသည်။

ယခင်ကတည်းက ထိုအချက်ကိုခံစားမိနေခဲ့ခြင်း ဖြစ်သော်ငြား သဲလွန်စရှာမတွေ့ခဲ့သဖြင့် လစ်လျူရှုထားရုံသာ တတ်နိုင်ခဲ့သည်။ ရန်ကိုင်၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ကိုယ်ပွားဘေးတွင် ပြန်ပေါ်လာခဲ့လေသည်။

နေပယ်မြို့သို့ရောက်လာပြီး သူ့ကိုယ်ပွားအား ကောင်းကင်ဝါးမြိုခြင်းတိုက်ပွဲဥပဒေသကို သင်ကြားပေးပြီး သည့်အချိန်မှစ၍ ရန်ကိုင်သည် သူ့ကိုယ်ပွားကို လုံးဝ လစ်လျူရှုထားခဲ့သည်။

ယခု ပြန်စစ်ဆေးကြည့်လိုက်သည့်နောက် ရန်ကိုင် အနည်းငယ် အံ့အားသင့်မိသွားခဲ့လေသည်။ သူ့ကိုယ်ပွား၏ အရွယ်အစားမှာ ယခင်ထက်အဆပေါင်းများစွာ ပိုမိုသေးငယ်နေခဲ့သည်။ ကိုယ်ပွားထိုင်နေခဲ့သည့် နေရာ တစ်ခုလုံး ကျောက်စကျောက်နများဖြင့် ပြည့်နေခဲ့လေသည်။

ကိုယ်ပွား၏ခန္ဓာကိုယ်မှာ ပိုသေးလာသော်ငြား ပေါက်ကွဲစွမ်းအားမှာတော့ ပိုမိုပြင်းထန်လာခဲ့လေသည်။ လက်ရှိသူ့ကိုယ်ပွားသည် အိမ်နှစ်လုံးသုံးလုံးစာမျှလောက်သာ ကြီးမားတော့လေသည်။ သို့တိုင် ထိုအရွယ်အစားမှာ အတော်လေးကို ကြီးနေသေးသည်။

ရန်ကိုင်ပုံပေးထားခဲ့သည့် အမျိုးမျိုးသော သတ္ထုအားလုံးမှာလည်း သူ့ကိုယ်ပွားဝါးမြိုလိုက်သဖြင့် ကုန်စင်သွားခဲ့လေပြီ။

သူ့ကိုယ်ပွား၏ခန္ဓာကိုယ်သည် အသွေးအသား မဟုတ်သည့်အတွက် ရန်ကိုင့်အနေဖြင့် သူ့ကိုယ်ပွား မည်မျှအားကောင်းသလဲဆိုသည်ကို မပြောနိုင်ဖြစ်နေခဲ့သည်။

သေချာသည့်တစ်ချက်တော့ရှိပေသည်။ သူ့ကိုယ်ပွားမှာ လုံးဝကို အားမနည်းပေ။

ရန်ကိုင်အတွေးထဲနစ်မြောနေစဉ် သူ့ကိုယ်ပွားသည် ရန်ကိုင်ဘာတွေးနေသလဲဆိုသည်ကို အာရုံခံမိလိုက်သည့် အလား မျက်လုံးဖွင့်လျက် ညစ်ကျယ်ကျယ်ပြုံးကာ မေးလိုက်လေသည်။ "စမ်းကြည့်ချင်လား"

"စမ်းကြည့်ရအောင်" ရန်ကိုင်သည် သူ့ကိုယ်ပွားဆီသို့ လက်ယပ်ခေါ်လိုက်၏။

ကိုယ်ပွားသည် ထူးဆန်းစွာပြုံးလျက် ဖြေးဖြေးချင်း ထလာလိုက်လေသည်။ သူထလာသည့်အချိန်တွင် သူ့ကိုယ်ပွား၌ ပုံထပ်နေသော ကျောက်စကျောက်နအားလုံး မြေပြင်ပေါ်သို့ ပြုတ်ကျကုန်လေ၏။

သူ့ကိုယ်ပွားမှာ ကျောက်တုံးရုပ်သေးရုပ်ထဲသို့ သူ့ဝိဉာဉ်ကိုယ်ပွား ထည့်သွင်းထားရာမှ ဖြစ်ပေါ်လာသည့် အတွက်ကြောင့် ရန်ကိုင်၏အတွေးများကို အာရုံခံနိုင်ပေသည်။

သူ့ကိုယ်ပွားသည် တစ်သီးတစ်ခြားလူတစ်ဦးမဟုတ်ဘဲ ရန်ကိုင်၏ဝိဉာဉ်ကိုယ်ပွားလည်းဖြစ်၏။ အပြုံးတစ်ချက်နှင့် ရန်ကိုင်သည် သူ့ကိုယ်ပွားအား စိတ်ကြိုက်လှုပ်ရှားခွင့် ပေးလိုက်လေသည်။

ထို့နောက်တွင် ကိုယ်ပွားသည် ခြေလှမ်းကျဲကျဲ လှမ်းလျက် ရန်ကိုင့်ဆီသို့ ပြေးဝင်လာခဲ့၏။ ၎င်း၏ခြေလှမ်း တစ်လှမ်းခြင်းစီတိုင်းသည် ကမ္ဘာငယ်လေးထဲရှိ မြေပြင်အား ပြင်းပြင်းထန်ထန်တုန်ခါသွားစေခဲ့လေသည်။

ထို့နောက် ခါးကိုကွေးလျက် ရန်ကိုင့်တည့်တည့်သို့ ထိုးချလိုက်သည်။ လက်သီးချက်မှာ သူ့ဆီသို့ မရောက်သေးသည့်တိုင် ၎င်းဆီမှ ထွက်ပေါ်လာသည့် လေပြင်းသည် ရန်ကိုင်၏အဝတ်အစားအား တဖျတ်ဖျတ် လှုပ်ခါသွားစေခဲ့လေသည်။

ထို့အပြင်လက်သီးချက်ဆီမှ ထွက်ပေါ်လာသော လက်သီးစွမ်းအင်သည် မြေပြင်ထက် စွတ်ဖားရာကဲ့သို့သော မြောင်းတစ်ခုကိုဖြစ်သွားစေခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် ရန်ကိုင့်၏မျက်ဝန်းအစုံ မှေးစင်းသွားခဲ့သည်။ အစကမူ သူ့ခွန်အား ခြောက်ဆယ် ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးရန် စီစဉ်ထားခဲ့သော်ငြား လက်သီးစွမ်းအင်ကိုမြင်ပြီးနောက် သူ့ခွန်အား တစ်ရာရာခိုင်နှုန်းလုံးကို ထုတ်သုံးလိုက်လေတော့၏။

"ဘုန်း.." ဧရာမလက်သီးနှင့် လက်သီးငယ်လေးတို့ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံသွားခဲ့လေသည်။ လက်သီးချင်း ထိပ်တိုက်တွေ့ဆုံရာမှ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအင်လှိုင်းတို့ အဘက်ဘက်သို့ ဖြာထွက်လာခဲ့လေ၏။

ထိုအချင်းအရာကိုကြည့်ရင်း ရန်ကိုင်၏ကိုယ်ပွားသည် ညစ်ကျယ်ကျယ်ပြုံးလိုက်လေ၏။ ရန်ကိုင်ကိုယ်တိုင်မှာတော့ မျက်နှာပျက်သွားလေ၏။

ထို့နောက်တွင် သူ့ဘေးဘက်ဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ရပ် တိုးဝင်လာသည်ကို ခံစားလိုက်ရလေသည်။

ထို့နောက်တွင် ထိုစွမ်းအားကြောင့် ရန်ကိုင်မှာ အဆက်မပြတ် ညည်းတွားရင်း လွင့်စင်ထွက်သွားခဲ့လေ၏။

မျက်တောင် တစ်ခတ်အတွင်း သူ့ပုံရိပ်သည် အဝေးတစ်နေရာဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။ ကာယခွန်အားချင်း တိုက်ရာတွင် ရန်ကိုင်အပြတ်အသတ်ကို ရှုံးနိမ့်သွားခဲ့သည်။

ကိုယ်ပွားမှာနောက်ဆုံးတွင် မတ်တပ်ရပ်လာခဲ့၏။ သူ့လက်ကိုနဖူးပေါ်တွင်တင်လျက် ရန်ကိုင်ပျောက်ကွယ် သွားသည့်ဘက်ဆီသို့ လှမ်းကြည့်လိုက်လေသည်။

ရုတ်တရက် ရန်ကိုင်၏ပုံရိပ်သည် ကိုယ်ပွားရှေ့၌ ပြန်ပေါ်လာခဲ့လေသည်။ ရန်ကိုင့်မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့သည်။ သူ့ညာဘက်လက်မောင်း မှာလည်း အရိုးကျိုးသွားသည့်အလား ကောက်ကွေးနေ၏။

"ဘယ်လိုနေလဲ" ကိုယ်ပွားက ရယ်ရယ်မောမောနှင့် မေးလိုက်လေသည်။

"သိပြီးသားအဖြေကို ဘာလို့လာမေးနေသေးတာလဲ" ရန်ကိုင့်မျက်နှာကြီး မဲ့သွားခဲ့လေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း(၂၀၅၉)

သူ့ကျောက်တုံးကိုယ်ပွာ မွေးဖွားလာခဲ့သည်မှာ တိုက်ခိုက်မှုတစ်ခု ဖြစ်သလို သူ၏ ခွန်အား အလွန် မြင့်မားနေရခြင်းမှာလည်း ကံကောင်းမှုတစ်ခု ဖြစ်ပေသည်။

ဒုတိယကျောက်တုံးရုပ်သေးရုပ်သာ အသိစိတ်မပါဘဲ မမွေးဖွားလာခဲ့ပါ သူ့အနေဖြင့် ဝိဥာဉ်ကိုယ်ပွားကို ကျောက်တုံးရုပ်သေးရုပ်ထဲသို့ ထည့်သွင်းခဲ့လိမ့်မည် မဟုတ်ချေ။ ထိုနည်းတူစွာပင် လွင့်မျောတိုက်ကြီးအနားတွင် ဖြစ်မနေခဲ့ပါကလည်း လွင့်မျောတိုက်ကြီးအား သန့်စင်နိုင်ခဲ့လိမ့်မည် မဟုတ်သလို ဤမျှ မြန်မြန်ဆန်ဆန် အားကောင်းလာစရာ အကြောင်းလည်း မရှိချေ။ အကုန်လုံးသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။

လက်ရှိ ကျောက်တုံးကိုယ်ပွား၏ လက်သီးတစ်ချက်သည် ကမ္ဘာတစ်ခု၏ စွမ်းအားကို ကိုယ်စားပြုနေခဲ့သည်။

အလွန်အားကောင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ရန်ကိုင်ပင်လျှင် ကျောက်တုံးကိုယ်ပွား၏ လက်သီးတစ်ချက်ကို မခုခံနိုင်ခဲ့ပေ။

“မင်းငါ့ကို ရှောင်ရှောင်လို တုတ်တစ်ချောင်း ရှာပေးသင့်တယ်” ကျောက်တုံးကိုယ်ပွားက ပြုံး၍ ပြောလိုက်သည်။

သူ့တွင် ရှောင်ရှောင်ကဲ့သို့ အနက်ရောင်တုတ်တစ်ချောင်းသာ ရှိနေမည်ဆိုလျှင် ရန်သူများကို တိုက်ခိုက်သည့်အခါ အလွန် ခွန်အားသုံးစွဲစရာ လိုတော့လိမ့်မည် မဟုတ်ချေ။ ထို့အပြင် ရှောင်ရှောင်ထက်ပင် ပိုမို မြင့်မားသော စွမ်းအားကို ထုတ်ဖော်နိုင်လောက်၏။

“အခွင့်အရေးရရင် ရှာထားပေးမယ်” ခေါင်းညိတ်ပြီးနောက်တွင် ရန်ကိုင်၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျောက်တုံးကိုယ်ပွားထက်တွင် ပြန်ပေါ်လာကာ သူ့ခြေထောက်ကို ဆောင့်နင်းချလိုက်လေသည်။ ရန်ကိုင်၏ ခြေထောက်တစ်ခုလုံးသည် အရင်းအမြစ်ချီတို့ဖြင့် လွှမ်းခြုံနေခဲ့လေ၏။

ထိုအခြင်းအရာကို မြင်သော်ငြား ကိုယ်ပွားသည် ကြောက်ရွံ့သွားခြင်း မရှိဘဲ လက်တစ်ဖက်ကို မြှောက်၍ ခုခံလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရန်ကိုင်အား လှမ်းဖမ်းရန် ကြိုးစားလိုက်လေသည်။

ရန်ကိုင် မျက်လုံးမှေးစဉ်းသွားပြီး အော်ဟစ်လိုက်လေ၏ “အေးခဲလိုက်စမ်း”

သူ့အသံ ဆုံးသွားသည်နှင့် ပတန်ဝန်းကျင် လေဟာနယ်သည် ရုတ်ချည်း အေးခဲတောင့်တင်းသွားလေ၏။

ထိုအဖြစ်အပျက်ကြောင့် ကျောက်တုံးကိုယ်ပွား၏ လှုပ်ရှားမှုတို့မှာ တဖြည်းဖြည်း နှေးကွေးသွားကုန်ရလေ၏။ ထိုစဉ် ကျောက်တုံးကိုယ်ပွားသည် ခန္ဓာကိုယ်ကို လှုပ်ခါရင်း အော်ဟစ်လိုက်၏ “ပျက်စီးလိုက်စမ်း”

သူ၏ ဧရာမခန္ဓာကိုယ်ကြီးဆီမှ ပြင်းထန်သည့် ချီစွမ်းအင်တို့ ပေါက်ကွဲထွက်လာလေ၏။

ခရက်…

အက်သံတို့နှင့် အေးခဲတောင့်တင်းနေသော ဟင်းလင်းပြင်သည် ရုတ်ချည်း လျော့ရဲလာခဲ့လေသည်။

လက်သီးသည် လေဟာနယ်နိယာမစွမ်းအား၏ ဖိနှိပ်မှုအား အကြမ်းနည်းဖြင့် ချိုးဖျက်၍ ရန်ကိုင်ဆီသို့ ဆက်လက် တိုးဝင်လာခဲ့လေသည်။

ရန်ကိုင် ရှေ့သို့ ဆက်မတိုးရဲတော့ချေ။ ချက်ချင်းပဲ ဖနောင့်တစ်ချက်ပေါက်၍ နောက်သို့ ခုန်ဆုတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ပူးကပ်၍ ဧရာမလဓါးသွားတစ်စင်းဖန်တီးကာ ကျောက်တုံးကိုယ်ပွားဆီသို့ ပစ်လွှတ်လိုက်လေသည်။

ပိန်းပိန်းပိတ် မည်းမှောင်နေသော ဧရာမလဓါးသွားတစ်စင်းသ်ည ကျောက်တုံးကိုယ်ပွား၏ လက်ဆီသို့ တည့်တည့်တိုးဝင်လာခဲ့သည်။ ထိုဓါးသွားကို မြင်သည့်အခါ ကျောက်တုံးကိုယ်ပွား၏ မျက်လုံးများ မှေးစဉ်းသွားပြီး လှမ်းဖမ်းရန် လုပ်နေရာမှ ချက်ချင်းပဲ လက်သီးဆုပ်ကာ ပြန်ထိုးချလိုက်လေသည်။

လက်သီးစွမ်းအင်သည် လဓါးသွားနှင့် သွားရောက် ထိပ်တိုက် တွေ့ဆုံလေသည်။ နားပင်းမတတ် ကျယ်လောင်သည့်‌ ပေါက်ကွဲသံကြီးနှင့်အတူ လဓါးသွားရော လက်သီးစွမ်းအင်ပါ ပျောက်ကွယ်သွားခဲ့ရလေသည်။

ရန်ကိုင် သေချာ အသိပြန်မဝင်နိုင်သေးခင်မှာပင် ကျောက်တုံးကိုယ်ပွားသည် ခြေကိုဆောင့်ကာ မြေကြီးပေါ် ဆောင့်နင်းချလိုက်လေသည်။ ချက်ချင်းဆိုသလို မြေကြီးထုသည် တိုင်တစ်ချောင်းနှယ် အချောင်းလိုက် ထွက်ပေါ်လာခဲ့သည်။ ကျောက်တုံးကိုယ်ပွားမှ ထိုမြေတိုင်လုံးကို ဆုပ်ကိုင်လိုက်သည်နှင့် ထိုမြေတိုင်လုံးသည် သံမဏိတမျှ မာကျောသွားခဲ့၏။

ထို့နောက် ထိုမီတာပေါင်းများစွာ ရှည်လျားသော မြေတိုင်လုံးကို သေချာ ဆုပ်ကိုင်၍ ရန်ကိုင် တည့်တည့်သို့ ရိုက်ချလိုက်လေသည်။ တဝှီးဝှီး မြည်သံနှင့်အတူ မြေတိုင်လုံးသည် လေထုအား ထိုးခိုင်း၍ ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။

ရန်ကိုင်၏ အမူအရာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့လေသည်။ မူလ နေရာတွင် ဆက်မနေရဲတော့ဘဲ လေဟာနယ်စွမ်းအင်ကို အသက်သွင်း၍ အခြား တစ်နေရာဆီသို့ ချက်ချင်း ရှောင်ထွက်သွားလေသည်။

“ဟဲဟဲဟဲ” ကျောက်တုံးကိုယ်ပွားသည် ရန်ကိုင် ထိုကဲ့သို့ လုပ်မည်မှန်း ကြိုသိထားသည့်အလား အော်ဟစ်ရယ်မောလိုက်သည်။ ထို့နောက် ခါးကိုကိုင်း၍ မြေပြင်ပေါ်သို့ လက်ကို ဖိချလိုက်သည်နှင့် တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး တုန်ခါလာခဲ့လေသည်။

ချက်ချင်းဆိုသလို ရန်ကိုင် ရှိနေသည့် မြေပြင်အောက်မှ မြေနဂါးများ တစ်ကောင်ပြီး တစ်ကောင် ထွက်ပေါ်လာလေ၏။ အစစ်အမှန်နဂါးတစ်ကောင်တမျှ အသက်ဝင်လှသော မြေနဂါးများစွာတို့သည် ရန်ကိုင်၏ ပြေးပေါက်အားလုံးကို ပိတ်ဆို့သွားခဲ့လေ၏။

“နဂါးအသွင်ပြောင်းလဲခြင်း” အခြေအနေ မဟန်တော့သည်နှင့် ရန်ကိုင်သည် သူ့ကိုယ်ထဲရှိ ရွှေနဂါးအရင်းအမြစ်ကို ချက်ချင်းပဲ အသက်သွင်းလိုက်လေသည်။ ညာဘက်လက်မှောင်းသည် မူလ အရွယ်အစားထက် နှစ်ဆမျှ ပိုမိုကြီးမားလာပြီး ရွှေရောင်ကြေးခွံတို့သည် လက်မောင်းတစ်လျှောက် ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် သူ့ဆီ ပြေးဝင်လာနေသော မြေနဂါများဆီသို့ ပြန်ပြေးဝင်သွားလေ၏။

မကြာမီ ဟိန်းပေါက်သံများနှင့်အတူ မြေနဂါးများ တစ်ကောင်ပြီးတစ်ကောင် ပျက်စီးကုန်ကြလေသည်။ မကြာမီ ဖုန်းအလိမ်းလိမ်းကြားမှ ရန်ကိုင် ပြန်ပေါ်လာခဲ့၏။ သူ့တစ်ကိုယ်လုံး ရောင်စဉ်ငါးဖြာဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားဆီသို့ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီကို ပစ်လွှတ်လိုက်၏။

ထိုအခြင်းအရာကို မြင်သည့်အခါ ကျောက်တုံးကိုယ်ပွားသည် ယဲ့ယဲ့လေးပြုံးလျက် ခြေဆောင့်ချလိုက်သည်။ ချက်ချင်းသလို မြေနံရံတစ်ခု သူ့ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ ပထမတစ်ကြိမ် ကဲ့သို့ပင် မြေနံရံတစ်လျှောက် အရောင်တစ်ချက် လက်သွားပြီးနောက်တွင် နံရံတစ်ခုလုံး မာကျောသွားခဲ့လေသည်။

ဓါးချီသည် မြေနံရံကို လာရောက်ထိမှန်သော်ငြား ထိုးဖောက်နိုင်ခဲ့ခြင်း မရှိချေ။ ဓါးချီ ပျောက်ကွယ်သွားသည့်အခါ ကျောက်တုံးကိုယ်ပွားသည် သူ့လက်ကို ဝှေ့ရမ်း၍ မြေနံရံကို ပြန်ဖယ်လိုက်လေသည်။

သို့သော်လည်း သူဘာမှ မလုပ်နိုင်သေးခင်မှာပင် ရန်ကိုင်၏ မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး သူ့ညာဘက်မျက်လုံး ရွှေရောင်တောက်လာလေ၏။

“ငါ့လခွမ်း” ကျောက်တုံးကိုယ်ပွားမှာ အလျင်စလို အကြည့်လွှဲပစ်ရန် လုပ်သော်ငြား ရွှေရောင်အလင်းကို မြင်လိုက်လိုက်ချင်းမှာပင် ဘာဆိုဘာမှ မစဉ်းစားနိုင်တော့ဘဲ ထိုအလင်းထဲသို့သာ အကြည့်မျောပါသွားတော့လေသည်။

ခဏအကြာ၌ ရွှေရောင်အလင်းပျောက်ကွယ်သွားပြီး ကျောက်တုံးကိုယ်ပွားမှာလည်း အသိ ပြန်ဝင်လာခဲ့ရလေ၏။

ရန်ကိုင်သည် စိတ်ဓါတ်ကျကျဖြင့်‌ ကျောက်တုံးကိုယ်ပွားရှေ့တွင် ရပ်နေခဲ့သည်။ နှစ်ဦးသား အကြည့်ချင်း ဆုံးသွားသည်နှင့် ထရယ်ကြတော့လေသည်။ အချိန်အတော်ကြာပြီးနောက် ရယ်သံတို့ ရပ်တန့်သွားကြကုန်လေ၏။

“ဒီအကြောင်းကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်” ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ ကျောက်တုံးကိုယ်ပွားကလည်း မျက်နှာတည်ကြီးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

နည်းမျိုးစုံကို သုံးပြီးနောက် မည်သို့မှ မတတ်နိုင်သည့်အဆုံး သူ့ကိုယ်သူ ပြန်အနိုင်ယူနိုင်ရန် အတွက် သုတ်သင်ခြင်းနတ်ဆိုးမျက်လုံး၏ စွမ်းအားကို ထုတ်သုံးခဲ့ရသည့် အကြောင်းသာ ပျံ့သွားခဲ့လျှင် အကုန်လုံး သူ့အား လှောင်ရယ်ကြပေလိမ့်မည်။

ဤတိုက်ပွဲပြီးနောက်တွင် ကျောက်တုံးကိုယ်ပွား၏ ခွန်အားကို ရန်ကိုင် ခန့်မှန်းမိသွားခဲ့၏။

သူ့လက်ရှိ ခွန်အားအရ ကျောက်တုံးကိုယ်ပွားအား ကောင်းကင်စိတ်အာရုံကို သုံးရုံမှအပ အခြားနည်းလမ်းဖြင့် အနိုင်မယူနိုင်ချေ။ ကျောက်တုံးကိုယ်ပွားထဲတွင် ရှိနေသော ဝိဥာဉ်သည် သူ့ဝိဥာဉ်ကိုယ်ပွား ဖြစ်သည့်အတွက် ရန်ကိုင်ထက် စိတ်စွမ်းအား ပိုအားနည်းသည်မှာ အထူးအဆန်းတော့ မဟုတ်ချေ။

ထို့ကြောင့် ကောင်းကင်စိတ်အာရုံကိုသုံး၍ သူ့ကိုယ်ပွားကို အနိုင်ယူခြင်းသည် မသမာသော နည်းကို သုံး၍ နိုင်သါားခြင်း ဖြစ်သည်ဟု ပြော၍ရသည်။

ထိုကဲ့သို့ တွေးမိလိုက်သော် ရန်ကိုင် ရှက်သွားခဲ့လေသည်။

“မင်းမှာ မှော်ရတနာအပိုတွေဘာတွေ ရှိလား” ကျောက်တုံးကိုယ်ပွားက ရုတ်တရက် မေးလိုက်သည်။

“ရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးကိုယ်ပွားအား မယုံသင်္ကကာဖြင့် ကြည့်လိုက်လေသည်။ သူ့ကိုယ်ပွား မှော်ရတနာများအကြောင်း ဘာကြောင့် ရုတ်တရက်ကြီး မေးလာမှန်းကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ထို့နောက် တစ်ခုခုအား စဉ်းစားမိသွားဟန်ဖြင့် ပြန်မေးလိုက်လေသည် “ကောင်းကင်ဝါးမြိုခြင်း ဥပဒေသက မှော်ရတနာတွေကိုပါ ဝါးမြိုနိုင်တာလား”

ကိုယ်ပွားက ပြန်ပြောလိုက်၏ “မသေချာသေးဘူး။ စမ်းကြည့်မလို့”

ထိုစကားကို ကြားသည့်အခါ ရန်ကိုင်သည် ခေါင်းညိတ်လျက် သိုလှောင်လက်စွပ်ထဲမှ မှော်ရတနာအချို့ကို ထုတ်ပေးလိုက်လေသည်။

ထိုမှော်ရတနာများသည် ရှန်တုတို့အဖွဲ့အား သတ်ပြီးနောက် ရလာသည့် မှော်ရတနာများ ဖြစ်ကြသည်။ သူ့အတွက် အသုံးမလိုသော အခြားမှော်ရတနာများသည် အရင်းအမြစ်ကျောက်များဖြင့် လဲလှယ်လိုက်၍ ကုန်သွားကြကုန်လေပြီ။

မှော်ရတနာများကို ရပြီးနောက်တွင် ကျောက်တုံးကိုယ်ပွားသည် ထိုမှော်ရတနာများကို လက်ထဲထည့်၍ မြေပေါ် ထိုင်ချလိုက်သည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ ပြောလိုက်၏ “မင်းစိုက်ထားတဲ့အစေ့ အပင်ပေါက်နေပြီ”

ရန်ကိုင် ကြောင်သွားခဲ့လေသည်။ မကြာမီ ကျောက်တုံးကိုယ်ပွား ဘာကို ပြောနေမှန်း နားလည်သွားခဲ့လေ၏။ ချက်ချင်းပဲ ကမ္ဘာငယ်လေးထဲသို့ ဆေးဥယျာဉ်ရှိရာဆီသို့ ဝမ်းသာအားရ ပြေးထွက်သွားလေသည်။

ခဏအကြာတွင် ဆေးဥယျာဉ်ရှေ့၌ ရန်ကိုင် ပြန်ပေါ်လာခဲ့လေသည်။ လက်ရှိတွင် ဆေးဥယျာဉ်ထဲ၌ အပင်နှစ်ပင်သာ ရှိလေသည်။ သူ့မွေးရပ်မြေ ကြယ်စီရင်းစုကြီးထဲမှ ရလာသည့် အင်မော်တယ်သစ်ပင်နှင့် မကြာသေးခင်က ရရှိထားသည့် ငွေရောင် သစ်သားဝိဥာဉ်အစေ့သာ ဖြစ်သည်။

အင်မော်တယ်သစ်ပင်အား ရစဉ်က သန့်စင်ရန် ကြိုးစားခဲ့သော်ငြား မအောင်မြင်သဖြင့် ဤဆေးဥယျာဉ်ထဲ လာစိုက်ထားလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာငယ်လေး ဤကဲ့သို့ စိုစိုပြေပြေ ဖြစ်လာရခြင်းမှာလည်း အင်မော်တယ်သစ်ပင်ကြောင့် ပါပေသည်။

သစ်သားဝိဥာဉ်အစေ့မှာမူ စိုက်ထားသည်မှာ တစ်နှစ်လောက်သာ ရှိသေးသော်ငြား အပင် ပေါက်နေခဲ့လေပြီ။

အစေကဲ့သို့ပင် အစေ့အပေင်ပေါက်သည်လည်း ရွှေရောင်နှင့် ငွေရောင် ရောယှတ်နေ၏။ သစ်သားဝိဥာဉ်သေသွားရာမှ ဖြစ်ပေါ်လာသည့် အစေ့ ဖြစ်သော်ငြား အစေ့မှ ပေါက်လာသည့် အပင်သည် မူလ သစ်သားဝိဥာဉ်နှင့် လုံးဝကို ကွဲပြာနေခဲ့လေသည်။ ဘာကြောင့် ထိုကဲသို့ ဖြစ်ရမှန်း ရန်ကိုင် နားမလည်။

သူ့ရှေ့ရှိ သုံးစင်တီမီတာမျှလောက်သာ ရှိသော အပင်ပေါက်လေးအား ရန်ကိုင် ငေးကြောင်ကြည့်နေမိလေသည်။ ဤအပင်ပေါက်လေးဆီမှ ထူးဆန်းသည့် စွမ်းအင်တစ်မျိုးကို ခံစားနေခဲ့ရသည်။ သို့ရာတွင် အပင်ပေါက်သာ ဖြစ်သေးသည့်အတွက် ထိုစွမ်းအင်မှာ အတော်လေးကို အားနည်းနေခဲ့လေသည်။

အပင်ပေါက်မှာ သုံးစင်တီမီတာလောက်သာ ရှိသော်ငြား အထင်သေးသင့်သည့် အထဲတော့ မပါချေ။ မြေလေး အစိတ်အပိုင်းများစွာ၊ မြေကမ္ဘာချီကြောမ သလင်းကျောက် ငါးတုံးနှင့် အင်မော်တယ်သစ်ပင်မှ ထုတ်လွှတ်ပေးသည့် အသက်စွမ်းအင်ကို ရရှိထားသည့် ဆေးဥယျာဉ်ထဲမှ တစ်နှစ်ကြာအောင် စိုက်ပျိုးထားသည့်တိုင် သုံးစင်မီတာအထိသာ အပင်ပေါက်လာနိုင်ခဲ့သည်။

သူ့ကမ္ဘာငယ်လေးထဲရှိ ဆေးဥယျာဉ်ထဲတွင် မဟုတ်ဘဲ အခြားတစ်နေရာတွင်သာ ဤအစေ့ကို သွားစိုက်မည်မျိုးဆိုလျှင်တော့ ဤသုံးစင်တီမီတာ အပင်ပေါက် ဖြစ်ပေါ်လာရန်အတွက် အနည်းဆုံး နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ ထိုအချက်ကို စဉ်းစားမိလိုက်သော် ဤရွှေရောင်နှင့် ငွေရောင် ရောယှတ်နေသည့် အပင်ပေါက်လေးကို ရန်ကိုင်ပို၍ စိတ်ဝင်စားလာခဲ့လေသည်။

အပင်တစ်ပင်သည် ကြီးထွားရန် ပိုခက်လေ ပိုတန်ဖိုးကြီးလေပင်… အင်မော်တယ် သစ်ပင်သည် အကောင်းဆုံး သစ်ပင်ဖြစ်သည်။ ထိုသစ်ပင်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာခဲ့သော်ငြား သုံးမီတာအမြင့်သာ ရှိသေး၏။

သစ်သားဝိဥာဉ်အစေ့ အသက်ရှင်နေသေးကြောင်း အတည်ပြုပြီးနောက်တွင် ရန်ကိုင်လည်း ထိုအရာကိုဆက်ပြီး အာရုံစိုက်မနေတော့ချေ။ ဟန်းလန်၏ ဓါးရှည်နှင့် သူတော်စင်နန်တော်၏ ပျံသန်းရေး မှော်ရတနာကိုသာ သွားသန့်စင်နေလေ၏။

ဓါးရှည်သည် တာအိုသခင်အဆင့်နိမ့် မှော်ရတနာတစ်ခု ဖြစ်သည့်အတွက် လက်ရှိ သူ့အတွက် အလွန်ကိုမှ သင့်တော်ပေသည်။ ဒြပ်ကြီးငါးပါးအကြွင်းမဲ့ဓါးချီနှင့်သာ တွဲဖက် သုံးစွဲလိုက်မည်ဆိုပါက တကယ်ကို အစွမ်းထက်သည့် မှော်ရတနာတစ်ခု ဖြစ်လာပေလိမ့်မည်။ ပျံသန်းရေးမှော်ရတနာကမူ သွားလာရေးတွင် သူ့အား ကြီးကြီးမားမား ကူညီပေးနိုင်၏။

မျက်တောင်တစ်ခတ်အတါင်း တစ်လ ကုန်ဆုံးသွားခဲ့လေသည်။

ရန်ကိုင်သည် ကမ္ဘာငယ်လေးထဲမှ ထွက်၍ လျို့ယန်၏ အခြေအနေကို စစ်ဆေးကြည့်လေသည်။ သို့တိုင် လျို့ယန်မှာတော့ အိမ်မောကျနေဆဲ။ သူမ မည်သည့်အချိန်မှ နိုးလာမည်မှန်း သူမသိချေ။ ထို့ကြောင့် ဆက်မစောင့်နေတော့ဘဲ ခဏမျှ စဉ်းစားနေပြီးနောက် မေပယ်မြို့ဆီသို့သာ ပြန်လာခဲ့လိုက်သည်။

လျို့ယန် နိုးလာမည့်အချိန်ကို မသိဘဲ ဤနေရာတွင် ထိုင်စောင့်နေမည်ဆိုပါက အချိန် ကုန်ရုံသာ ရှိပေလိမ့်မည်။ လျို့ယန် နိုးလာလျှင်လည်း သူမေပယ်မြို့တွင် ရှိနေလိမ့်မည်မှန်း သိထားသည့်အတွက် မေပယ်မြို့ဆီသို့သာ ပြန်လာခဲ့လိုက်ခြင်း ဖြစ်သည်။ မေပယ်မြို့ဆီသို့ ပြန်ရောက်ပြီးနောက် နဂါးအရိုးဓါးကို သူ့ကိုယ်ထဲသို့ ထည့်သွင်းသန့်စင်ပစ်ရန် စီစဉ်ထားပေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၆၀)

ရက်အနည်းငယ်ကြာပြီးနောက်တွင် ရန်ကိုင်မေပယ်မြို့သို့ ပြန်ရောက်လာခဲ့သည်။ သို့ရာတွင် ခန်စစ်ရန်အား သူအဆင်ပြေပြေနှင့် ပြန်ရောက်လာကြောင်းကို သွားအကြောင်းကြားနေချိန် မရှိခဲ့ပေ။

မေပယ်မြို့ဆီသို့ပြန်ရောက်သည်နှင့် သူငှားထားသည့် လှိုဏ်ဂူစံအိမ်ဆီသို့ အလျင်အမြန်ပြန်သွားလိုက်လေသည်။ ရောက်သည့်အခါ တံဆိပ်ပြားကိုထုတ်၍ စံအိမ် ပတ်လည်တွင် ရှိနေသောအကာအရံကို ဖွင့်ရန် လုပ်လိုက်သည်။

သို့သော်ငြား မည်သို့ပင်ကြိုးစားစေကာမူ အကာအရံမှာ ပွင့်မလာကြောင်းတွေ့လိုက်ရလေသည်။ ထို့ကြောင့် ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့လေ၏။ သို့သော်မကြာမီ အကြောင်းအရာတစ်ခုကို ပြန်မှတ်မိသွားခဲ့သည်။

မေပယ်မြို့သို့ ရောက်လာစဉ်က ဤအိမ်အား တစ်နှစ်သာ ငှားထားခဲ့သည်။ ယခုပြန်ရေတွက်ကြည့်လိုက်သော် လွန်ခဲ့သောနှစ်လခန့်ကတည်းက သူ၏တစ်နှစ်စာချုပ်မှာ ပြည့်သွားခဲ့လေပြီ။ စာချုပ်ပြည့်သွားသည်နှင့် တစ်ပြိုင်နက် သူ့အနေဖြင့် ဤအိမ်အား ဆက်၍အသုံးပြု၍ရတော့လိမ့်မည် မဟုတ်ချေ။ တစ်ခုခုမှားယွင်းနေပြီမှန်း သတိပြုမိလိုက်သည့် နောက်တွင် ရန်ကိုင်ရင်ထိတ်သွားခဲ့လေသည်။

သူ့အိမ်စာချုပ်ပြည့်သွားသည့်ကိစ္စကို သူဤမျှ ဂရုစိုက်မနေပေ။ လိုအပ်လျှင် မြို့သခင်စံအိမ်ဆီသို့သွားကာ နောက်ထပ်အိမ်အသစ်တစ်လုံးထပ်ငှားနိုင်၏။

အရင်းအမြစ်ကျောက်အတွက်လည်း စိတ်ပူနေစရာမလို။ သူငှားထားသည့်အိမ်ထဲတွင် မည်သည့် အဖိုးတန်ပစ္စည်း မထားရစ်ခဲ့သဖြင့် ထိုကိစ္စနှင့်ပတ်သက်၍လည်း စိတ်မပူပေ။

သို့သော်ငြား သူထွက်မသွားခင် ကျန်းမိသားစုမှ ကောင်မလေးကို ဤအိမ်ထဲတွင် ထားခဲ့ပေသည်။ ကုန်းစွန်းမူလှိုဏ်ဂူစံအိမ်အား သွားရောက်စူးစမ်းရှာဖွေသည်မှာ ဤမျှကြာမည်ဟုမထင်ထားသဖြင့် ကျန်းရို့ရှီအား သူ့ခရီးနှင့် ပတ်သက်၍ များများစားစားမပြောခဲ့ချေ။

ခရီးတစ်ခုသွားစရာရှိသည်ဟုပြော၍သာ သူမအား တစ်ယောက်တည်းထားခဲ့ပြီး ထွက်ခွာလာခဲ့သည်။ ယခု ဤအိမ်စာချုပ်ပြည့်သွားခဲ့ပြီးနောက်တွင် ကျန်းရို့ရှီကကော မည်ကဲ့သို့နေရတော့မည်နည်း။ ဘယ်ညာ လှည့်ပတ် ကြည့်လိုက်သော်ငြား ကျန်းရို့ရှီအား ရှာမတွေ့သဖြင့် ရန်ကိုင်စတင်စိတ်ပူလာခဲ့လေသည်။

သူထွက်သွားစဉ်က ကျန်းရို့ရှီသည် သူတော်စင်ဘုရင် ပထမအဆင့်သာရှိသေးသည်။ လူဆိုးလူမိုက်များဖြင့် ပြည့်နှက်နေသည့် ဤမေပယ်မြို့ထဲတွင် သူမကိုယ်သူမ ကာကွယ်နိုင်ရန် စွမ်းအားမရှိချေ။ သူမသာ မကောင်းသည့်လူတစ်ယောက်၏ ပစ်မှတ်ထားခြင်းခံရပါက အကျိုးဆက်မှာမတွေးရဲစရာပင်။

“ကျန်းမိသားစုကို ပြန်သွားတာဖြစ်လောက်မလား” ရန်ကိုင်ကရေရွတ်လိုက်သည်။

သူသာ ကျန်းရို့ရှီနေရာတွင်သာ ဆိုပါက စာချုပ် ပြည့်သွားခဲ့လျှင် ကျန်းမိသားစုဆီသို့သာ ပြန်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင်တော့ ရန်ကိုင့်အနေဖြင့် ဘာမှသိပ်စိုးရိမ်နေစရာ မလိုတော့ပေ။ ကျန်းမိသားစုသည် အားမကောင်းသော်ငြား သူတို့တွင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦး ရှိနေပေသေးသည်။

ရန်ကိုင်မျှော်လင့်ချက်မဲ့နေစဉ်မှာပင် သူ့ရှေ့တွင် ရှိနေသော အိမ်အကာအရံ ရုတ်တရက်ပွင့်သွားခဲ့လေသည်။ ရန်ကိုင်ကြောင်သွားခဲ့၏။ လှည့်ကြည့်လိုက်ရာ အိမ်တံခါး ပွင့်လာပြီး မိန်းမငယ်လေးတစ်ဦးထွက်လာကြောင်း တွေ့လိုက်ရသည်။

အမျိုးသမီးသည် အသက်သုံးဆယ်လောက်သာ ရှိသေး၏။ ရန်ကိုင့်အား မယုံသင်္ကာဖြင့်ကြည့်ရင်း မေးလိုက်လေသည်။ “ရှင်ဘယ်သူလဲ”

ရန်ကိုင်ကအလျင်စလို လက်သီးဆုပ်၍ သူ့ကိုယ်သူ မိတ်ဆက်လိုက်လေသည်။ “ကျုပ်နာမည်က ရန်ကိုင်ပါ။ ဒီအိမ်ရဲ့အရင်ပိုင်ရှင်ပါ”

အမျိုးသမီးက မျက်မှောက်ကြုတ်၍ပြန်ပြောလိုက်လေ သည်။ “အခုဒီအိမ်ကို ကျွန်မငှားထားလိုက်ပြီ။ ကျွန်မ ဝင်လာတုန်းကလည်း အိမ်ထဲမှာ ဘာမှမရှိဘူး”

“ကျုပ်သိတယ်။ ကျုပ်ဒီကို ပစ္စည်းရှာဖို့ရောက်လာတာ မဟုတ်ဘူး” ရန်ကိုင်က ပြုံး၍ပြန်ပြောလိုက်သည်။

“ပစ္စည်းရှာဖို့မဟုတ်ဘူး” အမျိုးသမီးကမူ ရန်ကိုင်ပြောသည်ကို ကြားပြီးနောက် ပို၍ သင်္ကာမကင်း ဖြစ်လာခဲ့လေသည်။ “အဲ့ဒါဆို ရှင်ဒီမှာ ဘာလာလုပ်နေတာလဲ”

“တစ်ယောက်ယောက်ကိုလာရှာတာ။ မိန်းမငယ်လေး တစ်ဦးပေါ့” ရန်ကိုင်က အလျင်စလိုရှင်းပြလိုက်သည်။ “ပုံမှန်ဆို သူဒီမှာပဲရှိနေသင့်တာ။ ကျုပ်သူ့ကို ရှာလို့မတွေ့လို့။ ခင်ဗျား သူ့ကိုတွေ့မိသေးလား”

ရန်ကိုင်တစ်ယောက်ယောက်အား ရှာနေကြောင်း ကြားလိုက်ရသည့်နောက် အမျိုးသမီး ပို၍က်မှောက်ကြုတ် သွားခဲ့လိုက်သည်။ သူမ၏အမူအယာမှာလည်း မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။

သို့သော်အလျင်စလိုခေါင်းခါ၍ ပြန်ပြောလိုက်၏။ “မတွေ့ဘူး” ပြောနေရင်း သူမ၏လက်သည် အိမ်တံခါးကိုပါ ပြန်ပိတ်ရန် လုပ်လိုက်လေသည်။

“နေပါအုံး” ထိုအချင်းအရာကို မြင်သည့်အခါ သူ့ရှေ့ရှိ အမျိုးသမီး တစ်ခုခုကိုသိထားရမည်မှန်း ရန်ကိုင်ချက်ချင်း နားလည်သွားခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် ဘာကြောင့် ဤကဲ့သို့ ပြုမူနေရမည်နည်း။

ချက်ချင်းပဲသူ့လက်ကိုဆန့်ထုတ်၍ အိမ်တံခါးကို လှမ်းတားလိုက်လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ အမျိုးသမီး၏အမူအယာ အပြောင်းကြီးပြောင်းလဲသွားပြီး ထအော်လေ၏။ “ရှင်ဘာလုပ်ချင်နေတာလဲ။ ဒါမေပယ်မြို့ဆိုတာ မေ့မထားနဲ့နော်”

ရန်ကိုင်ကအေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ အိမ်တံခါးမပိတ်သေးခင် အိမ်ထဲသို့ ခုန်ဝင်သွားလိုက်လေသည်။ ထို့နောက် သူမအား အေးစက်စွာစိုက်ကြည့်ရင်း သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

“တာအိုသခင်အဆင့်” ရန်ကိုင်၏အရှိန်အဝါကို ခံစားမိလိုက်သော အမျိုးသမီး၏မျက်နှာ သွေးဆုတ်ဖြူလျော် သွားပြီး အလန့်တကြား ထအော်မိလိုက်လေသည်။

ရန်ကိုင့်အားကြည့်နေသည့် သူမ၏အကြည့်မှာလည်း လုံးဝကို ပြောင်းလဲသွားခဲ့လေတော့၏။ မေပယ်မြို့ထဲရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းမှာ သိပ်မြင့်မားခြင်းမရှိပေ။

ဤနေပယ်မြို့ထဲ၌ တာအိုသခင်အဆင့်သို့ ရောက်ထားမည်ဆိုပါက ထိုလူအားလုံးသည် သာမန်လူများ သွားရန်စ၍မရသည့် ကြီးမားသော နောက်ခံကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

ထို့ကြောင့် ရန်ကိုင့်၏ကျင့်ကြံခြင်းကို သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးသမီး ပြာယာခတ်သွားလေတော့သည်။ သူမသည် တန်ခိုးရှင်ဘုရင် ပထမအဆင့်သာဖြစ်သည်။ တာအိုသခင်အဆင့်ကျင့်ကြံသူ တစ်ဦး၏ဖိအားကို မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။

စိတ်ကိုတင်းထားခဲ့သော်ငြား ခန္ဓာကိုယ်မှာတော့ စိတ်အလိုကိုမလိုက်။ ရုတ်ချည်းကို ပျော့ခွေသွားခဲ့ရာ သူမကိုယ်သူမ လဲကျမသွားစေရန်အတွက် ဘေးနားရှိ နံရံအား အမှီပြုထားလိုက်ရလေသည်။

ထို့နောက် နှုတ်ခမ်းလေးအားကိုက်ရင်း ရန်ကိုင့်အား တောင်းပန်တကြီးဖြင့်ကြည့်ကာ ပြောလိုက်လေ၏။ “မောင်လေးရယ်။ မောင်လေးနဲ့အစ်မကြားမှာ ဘာရန်ငြိုးမှ ရှိတာမှမဟုတ်တာ။ မောင်လေးကိုလည်း တစ်ခါမှ ရန်စခဲ့ဖူးတာ မဟုတ်ဘူးလေ။ ကျေးဇူးပြုပြီး အစ်မကို ခက်ခဲအောင် မလုပ်ပါနဲ့လား”

“ကျုပ် ခင်ဗျားကို ခက်ခဲအောင်လုပ်နေတာမဟုတ်ဘူး” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ဆက်ပြောလိုက် သည်။ “ကျုပ်ခင်ဗျားကို မေးချင်တာအချို့ရှိတယ်။ အဲ့မေးခွန်းတွေကို ခင်ဗျားအမှန်အတိုင်းတော့ ဖြေရလိမ့်မယ်။ လာလိမ်မယ်ဆိုရင်တော့ သေချင်စိတ် ပေါက်လာအောင် လုပ်ပေးပစ်လိုက်မယ်။ ကျုပ်မှာ အဲ့လိုမျိုး လုပ်နိုင်တဲ့အရည်အချင်းရှိတယ်ဆိုတာ မယုံမရှိနဲ့”

ထိုစကားကိုကြားသည့်အခါ အမျိုးသမီးသည် သူမ၏ နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းငြိမ့်လိုက်လေသည်။

“ဒါဆို အဲ့ကောင်မလေးကို တွေ့မိလိုက်သေးလား ကျုပ်ကိုပြော” ရန်ကိုင်သည် အမျိုးသမီး၏ မျက်လုံးများအား တည့်တည့်စိုက်ကြည့်ရင်း မေးလိုက်လေသည်။

အမျိုးသမီးသည် ခဏမျှစဉ်းစားနေပြီးနောက် ခက်ခက်ခဲခဲဖြင့် ခေါင်းငြိမ့်လိုက်၏။ “ရှင်ရှာနေတဲ့ကောင်မလေး ဟုတ်မဟုတ်တော့မသိဘူး။ ဒီအိမ်တံခါးရှေ့မှာ ကောင်မလေးတစ်ယောက်ကိုတော့ တွေ့မိလိုက်သေးတယ်”

“သူ့အသက်၊ ကျင့်ကြံခြင်းနဲ့ သူ့ပုံစံကို ကျုပ်ကိုပြောပြ” ရန်ကိုင်ကအလျင်စလိုမေးလိုက်သည်။

“အသက်ကတော့ ၁၆/ ၁၇ လောက်ပဲရှိအုံးမယ်။ ကျင့်ကြံခြင်းက သူတော်စင်ဘုရင်ဒုတိယအဆင့် အထွဋ်အထိပ်ကို ရောက်နေပြီ။ တတိယအဆင့်ကိုရောက်ဖို့ သိပ်မလိုတော့ဘူး။ ပြီးတော့ သူ့ကြည့်ရတာ နည်းနည်း အားနည်းမယ့်ပုံပဲ။ ခန္ဓာကိုယ်ကလည်း သွယ်သွယ်လေး။ စကားပြောတာကလည်း အရမ်းသိမ်မွေ့တယ်။ ဆံပင်က အနက်ရောင်။ ဆံပင်ကို ကျောတ စ်လျှောက်ကို ဖြန့်ချထားတယ်”

“ဟုတ်တယ်။ သူပဲ” ရန်ကိုင့်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။ အမျိုးသမီးပြောသည့် ကောင်မလေးမှာ ကျန်းရို့ရှီမှန်းသေချာသည်။

သို့သော်ငြား သူမျှော်လင့်မထားခဲ့သည်မှာ ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းသည် သူတော်စင်ဘုရင်ပထမအဆင့်မှ သူတော်စင်ဘုရင်ဒုတိယအဆင့် အထွဋ်အထိပ်သို့ ရောက်လာမည်ဟူသော အချက်ပင်။

သူ့အရည်အချင်းက ဒီလောက်မဆိုးဘူးပဲ။ ဒါပေမယ့် အဓိကက ဆေးလုံးကြောင့်ပဲ။

“သူ့ကိုအိမ်တံခါးရှေ့မှာမြင်လိုက်တယ်လို့ ပြောလိုက်တယ်နော်။ အဲ့တုန်းက သူဘာလုပ်နေတာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ထပ်မေးလိုက်သည်။

“ဝင်ပေါက်မှာ ရပ်စောင့်နေတာ” အမျိုးသမီးက ပြန်ပြောလိုက်၏။

“ရပ်စောင့်နေတာ” ရန်ကိုင်နားမလည်နိုင် ဖြစ်သွားခဲ့ လေသည်။

“ဟုတ်တယ်။ ဒီအိမ်ကို ငှားလိုက်တုန်းက သူအဲ့အပေါက်မှာ ရပ်စောင့်နေတာ။ အဲ့တုန်းကတော့ ကျွန်မလည်း သိပ်ဂရု မစိုက်မိလိုက်ဘူး။ ဒါပေမယ့် သူအဲ့မှာပဲ တောက်လျှောက် ရပ်နေတာကိုတွေ့တော့ နောက်ဆုံး မနေနိုင်တဲ့အဆုံး မေးကြည့်လိုက်တာ။ သူက ဆရာရန်ဆိုတဲ့ လူတစ်ယောက်ကို စောင့်နေတာတဲ့။ မောင်လေးက အဲ့ဆရာရန်ဆိုတဲ့လူတော့ မဟုတ်လောက်ပါဘူးနော်” ပြောနေရင်း အမျိုးသမီးသည် ရန်ကိုင့်အား ကြောက်ကြောက် လန့်လန့်ဖြင့် မော့ကြည့် လိုက်လေသည်။ ရန်ကိုင်သည်လည်း မှင်သက်အံ့ဩ နေကြောင်းကို ထိတ်လန့်ဖွယ်ရာတွေ့ရှိလိုက်သည်။

အမျိုးသမီးပြောသည်ကို ကြားပြီးနောက်တွင် ရန်ကိုင် ရင်တဒုန်းဒုန်းခုန်လာခဲ့လေ၏။ အသက် ၁၆/၁၇ လောက်သာ ရှိသေးမည်ထင်ရသော ကောင်မလေးတစ်ဦး မေပယ်မြို့ထဲရှိ အိမ်တစ်လုံးရှေ့တွင် ရပ်စောင့်နေသည့် မြင်ကွင်းအား မြင်ယောင်ကြည့်မိလိုက်သည်။

နေပူကြီးထဲ ရပ်စောင့်နေရင်း ရှုပ်ယှတ်ခတ်အောင် သွားလာနေသည့် လူအုပ်ကြီးထဲ သူမ စောင့်နေသည့်လူကို လှည့်ပတ် ရှာကြည့်နေသော်ငြား မတွေ့ခဲ့ရ။ အားကိုးစရာလူလည်း မရှိ။ အထီးကျန် အဖော်မဲ့နေသည့် လူတစ်ဦးနှယ်။ ညရောက်လာသည့် အခါပြန်၌လည်း အိပ်စရာနေရာကား မရှိ။ အေးစက်စက် လေအေးများ တိုက်ခတ်နေသည်ကို တင်းခံရင်း အေးစက်စက် ကြမ်းပြင်ပေါ် ထိုင်ချရင်းမှ သူမ စောင့်နေသည့်လူကို အားကိုးတကြီး မျှော်လင့်နေရရှာသည်။ သို့သော် ထိုလူကား အရိပ်အယောင်ပင် ပေါ်မလာခဲ့။

ဤသို့ဖြင့် တစ်ညတာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့ နေပြန်ထွက်လာခဲ့သည်။ ယမန်နေ့အတိုင်းပင် သူမ စောင့်နေသည့်လူကို ထပ်စောင့်နေ၏။ အားကိုးအားထားရမည့် လူတစ်ဦး ဘာအကြောင်းအရင်းမှ သေချာမပြောဘဲ ရက်ပေါင်းများစွာ ပျောက်ကွယ်သွားသည့် အတွက်ကြောင့် အားကိုးတကြီး စောင့်မျှော်နေသည့် မိန်းမငယ်လေး တစ်ဦး၏ အဖြစ်ကို တွေးမိသော် ရန်ကိုင် ရင်းလေးသွားလေ၏။

“သူ့ကိုသနားလို့ အိမ်ထဲလာဝင်ပြီးထိုင်ပါလို့ ပြောလိုက်တာတောင် သူကလက်မခံဘူး။ အပြင်မှာပဲ စောင့်နေမယ်တဲ့။ မောင်လေး ငါသူ့ကို ဘာမှ မလုပ်လိုက်ဘူးနော်။ အဲ့ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို ခက်ခဲအောင်မလုပ်ပါနဲ့လား” အမျိုးသမီးသည် ရန်ကိုင့်အား ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်ရင်း တောင်းဆိုလိုက် လေသည်။ ရန်ကိုင်သည် ဒေါသထွက်ထွက်နှင့် သူမအား လာမာန်မဲနေမည်ကို ကြောက်လန့်နေခြင်းဖြစ်သည်။

“ခင်ဗျားသူ့ကို ဘာမှမလုပ်ရင် ဘာလို့အစကတည်းက အမှန်အတိုင်းမပြောတာလဲ။ သူ့အကြောင်းမေးနေတာနဲ့ ဘာဖြစ်လို့ အိမ်တံခါးကို ချက်ချင်းပိတ်ဖို့လုပ်တာလဲ။ ခင်ဗျား လိပ်ပြာမလုံလို့ပေါ့” ရန်ကိုင်သည် အမျိုးသမီးအား သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်လိုက်လေသည်။

ရန်ကိုင့်၏သတ်ဖြတ်လိုစိတ်အား ခံစားမိလိုက်သည့်အလား အမျိုးသမီးမှာ ထိတ်လန့်ကြောက်ရွံ့လာခဲ့သည်။ အလျင်စလို လက်ဝှေ့ယမ်း၍ သူမကိုယ်သူမ ကာကွယ်ပြောဆိုလိုက်လေ သည်။ “မဟုတ်ဘူး..မဟုတ်ဘူး။ မဟုတ်ဘူး။ ရှင်ထင်သလို မဟုတ်ဘူး။ ကျွန်မသူ့ကို တစ်ကယ်ဘာမှမလုပ်လိုက်ဘူး”

“ဒါဆိုသူအခုဘယ်မှာလည်း ကျုပ်ကိုပြောပြ။ ခင်ဗျား မျက်နှာကိုကြည့်ရတာ တစ်ခုခုကိုသိထားတဲ့ပုံပဲ” ရန်ကိုင့်၏ လေသံသည် အေးစက်သည်ထက် အေးစက်လာခဲ့သည်။

အမျိုးသမီးခေါင်းခါလိုက်လေသည်။ ရန်ကိုင်က ရယ်မော၍ “ကြည့်ရတာ ခင်ဗျားတစ်ခုခုကို ကြောက်နေတယ်နဲ့တူတယ်”

“မောင်လေး။ ကျေးဇူးပြုပြီး ငါ့ကို တွန်းအားမပေးပါနဲ့။ ငါ့ကို သွားခွင့်ပေးပါ။ နင်သာကျွန်မကို ဘာမှ တွန်းအား မပေးလို့ရှိရင် ငါနင်ခိုင်းတဲ့ဘယ်ဟာကိုမဆို လုပ်ပေးပါ့မယ်” အမျိုးသမီးမှာ စတင်အသနားခံ တောင်းပန် တော့လေသည်။

ရန်ကိုင်ကမူ ထူးမခြားနားဟန်ဖြင့်သာ ရပ်နေခဲ့သည်။ ထူးဆန်းသော စွမ်းအားတစ်ရပ်သည် သူ့လက်ချောင်းထိပ် များတွင် စတင်စုဝေးလာခဲ့လေသည်။ ထို့နောက် စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်၏။ “ပြောမှာလား။ သေမှာလား”

ပြောနေရင်း သူ့လက်ချောင်းအား အမျိုးသမီး၏ နဖူးတည့်တည့်သို့ ချိန်လိုက်လေသည်။

ရန်ကိုင်၏အပြုအမူကို သတိပြုမိသော အမျိုးသမီးမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ဖြေလိုက်လေသည်။ “ကျန်းသားစုဆီကိုသွားလိုက်။ အဲ့မှာ သူ့ကို ရှာတွေ့ရင်ရှာတွေ့လောက်တယ်”

“ကျန်းမိသားစု” ရန်ကိုင့်၏လက်ချောင်းသည် အမျိုးသမီး၏နဖူးနှင့် သုံးစင်တီမီတာအကွာခန့်တွင် ရပ်တန့်ထားခဲ့လေသည်။

တစ်ခုခုအကြောင်း စဉ်းစားမိသွားသည့်အလား အမျိုးသမီးအား ကြည့်ကာမေးလိုက်လေသည်။ “ခင်ဗျား ဒီလောက်ကြောက်နေတာကိုး။ ဒါ့ကြောင့်။ ဒါပေမယ့် အခုကိစ္စက ကျန်းမိသားစုနဲ့ဘာဆိုင်လို့လဲ”

“ကျွန်မလဲမသိဘူး” အမျိုးသမီးကခေါင်းခါ၍ “လွန်ခဲ့တဲ့ တစ်လတုန်းက လူတွေအများကြီးရောက်လာပြီး အဲ့ကောင်မလေးနဲ့ စကားလာပြောသွားတယ်။ ပြီးတော့ အဲ့ကောင်မလေးလည်း သူတို့နဲ့အတူလိုက်သွားတယ်။ ကျွန်မလည်း သိချင်တာနဲ့ သူတို့နောက်ကို နောက်ယောင်ခံ လိုက်သွားလိုက်တာကနေ ကျန်းမိသားစုမှန်း သိလိုက်ရလိုက်တာ။ ဒါပေမယ့် အဲ့ဒါအပြင် ကျွန်မဘာမှထပ်မသိတော့ဘူး။ ရှင်ကျွန်မကို သတ်မယ်ဆိုရင်တောင် ဘာမှအသုံးဝင်မှာ မဟုတ်ဘူး”

“သူ့ဘာသာလိုက်သွားတာလား” ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့သည်။

“ဟုတ်တယ်” အမျိုးသမီးက ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီ။ ခင်ဗျား အခုလိုပြောပြတဲ့အတွက် ကျေးဇူးပါပဲ။ နှုတ်ဆက်ပါတယ်” ပြောပြီးသည်နှင့် ရန်ကိုင်သည် ချက်ချင်း ပြေးထွက်သွားလေ၏။

ရန်ကိုင်ထွက်သွားပြီးနောက်တွင် အမျိုးသမီးမှာ ချက်ချင်းပဲမြေပေါ်သို့ လဲကျသွားခဲ့လေသည်။ သူမတစ်ကိုယ်လုံး အဝတ်အစားများအားလုံး ချွေးများဖြင့် စိုရွှဲနေခဲ့လေ၏။ သူမသည် မည်သည့်နောက်ခံမှမရှိသည့် တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ဤအဆင့်သို့ရောက်ရန်အတွက် သူမဘာသာသူမ ကြိုးစားကျင့်ကြံလာခဲ့ခြင်းဖြစ်သည်။ သူမဘဝတစ်လျှောက် မည်သည့်တာအိုသခင်အဆင့်ကျင့်ကြံသူနှင့်မှ အဆက်အသွယ် မရှိခဲ့ဖူးပေ။

ထို့ကြောင့် ရန်ကိုင်၏အနီးကပ်ခြိမ်းခြောက်ခြင်း ခံလိုက်ရပြီးသည့်နောက်တွင် အမျိုးသမီးမှာ သေမတတ်ကို ကြောက်ရွံ့သွားခဲ့လေသည်။

ကံကောင်းစွာဖြင့် ရန်ကိုင်သည် ယုတ္တိမတန်သည့် လူတစ်ယောက်တော့မဟုတ်။ ရန်ကိုင်သာ သူမအား သတ်မည်ဆိုလျှင် သူမအနေဖြင့် မည်သို့မှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

အချိန်အတော်ကြာပြီးသည့်နောက်မှသာ အမျိုးသမီး အနည်းငယ်အားအင်ပြန်လည် ပြည့်တင်းလာခဲ့သည်။ ချက်ချင်းပဲ ကုန်းထ၍ အိမ်ထဲရှိသူမ၏ပစ္စည်းများကို သွားယူလေသည်။

ပစ္စည်းအားလုံးကို ထုတ်ပိုးပြီးသည့်နောက် အိမ်ထဲမှ ထွက်ကာ ချက်ချင်းပဲမြို့ဂိတ်ပေါက်ဆီသို့ တန်းသွားလေ၏။ မကြာမီတွင် ထိုအမျိုးသမီးသည် မေပယ်မြို့ထဲမှ ထွက်သွားခဲ့လေသည်။

ဤနေပယ်မြို့ထဲတွင် ဆက်၍ မနေရဲတော့ချေ။ ကျန်းမိသားစုမှလူများသာ သူမအား နောက်ယောင်ခံလာမည် ဆိုပါက သူမ ပြဿနာအကြီးကြီး တက်ပေလိမ့်မည်။ “ငါသိသလောက်ဆိုရင် ကျန်းမိသားစုက လူတွေက အခုလိုမျိုး အကျိုးသင့် အကြောင်းသင့် ရှင်းပြလို့ရတဲ့လူတွေ မဟုတ်ဘူး”

All Chapters