အခန်း (၂၀၆၁-၂၀၆၅)
Vol. 83 Ch. 2061-2065
အပိုင်း (၂၀၆၁)
ရန်ကိုင်သည် ကျန်းမိသားစုနှင့် တစ်ခါမှ အဆက်အသွယ် မလုပ်ဖူးချေ။ သို့သော်လည်း ထိုမိသားစုအကြောင်းကိုတော့ အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။
ကျန်းမိသားစုသည် မေပယ်မြို့ထဲတွင် အတော်လေးကို အားကောင်းသည့် မိသားစုများထဲပါဝင်ပေသည်။ အဓိက အကြောင်းအရင်းမှာ ကျန်းမိသားစု၏ တာအိုသခင်အဆင့် ပညာရှင်ကြောင့်ပင်ဖြစ်လေသည်။
ဤမြို့ထဲတွင် မိသားစုပေါင်းများစွာရှိသော်ငြား တာအိုသခင်အဆင့်ပညာရှင်အား ပိုင်ဆိုင်ထားသည့် မိသားစုများမှာတော့ အနည်းငယ်သာရှိလေသည်။ ကျန်းမိသားစုနှင့်ချင်းမိသားစုသည် ထိုမိသားစုများအနက် အပါအဝင်ဖြစ်သည်။
ငါးရောင်ခြယ်ရတနာဘုရားထဲရှိ နဂါးပျံယဇ်ပုလ္လင်တွင် ကျန်းမိသားစု၏ မျိုးဆက်တစ်ဦးဖြစ်သော ကျန်းချူဟဲကို သူတွေ့ခဲ့ဖူးပေသည်။
ကျန်းချူဟဲသည် ကျန်းမိသားစုလူငယ်မျိုးဆက်၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အခွင့်အလမ်းတစ်ခုခုနှင့်သာ ကြုံကြိုက်ရပါက သူ့အနေဖြင့် တာအိုသခင်အဆင့်သို့ ကျိန်းသေချိုးဖြတ်နိုင်ပေလိမ့်မည်။
ကျန်းမိသားစုသည် မေပယ်မြို့ထဲတွင် တည်ရှိနေသည်မှာ နှစ်ရာပေါင်းထောင်ပေါင်းများစွာ ရှိနေပြီဖြစ်သည့်အတွက်ကြောင့် သူတို့နှင့် အခြားမိသားစုများအကြား ဆက်ဆံရေးသည် အလွန်ကိုမှ ရှုပ်ထွေးပေသည်။ မြို့သခင်စံအိမ်နှင့်လည်း အတူတူပင်။
ကျန်းမိသားစုမှလူများ ကျန်းရို့ရှီအား ဘာကြောင့် ခေါ်သွားမှန်းကို ရန်ကိုင်နားမလည်။ သူတော်စင်ဘုရင်အဆင့် ကောင်မလေးတစ်ဦးသည် ကျန်းမိသားစုအတွက် ဘာမှ အသုံးမဝင်ပေ။ “ကျန်းမိသားစုထဲက တဏှာရူး တစ်ကောင်ကောင်ကများ ကျန်းရို့ရှီကိုကြိုက်သွားပြီး အခုလိုခေါ်သွားတာများလား မသိဘူး။ အဲ့ဒါဆိုရင်တော့ တော်တော်နောက်ကျလွန်းနေပြီ”
ဂျက်မိသားစုမှလူများ ကျန်းရို့ရှီအား ခေါ်သွားသည်မှာ တစ်လပင်ရှိနေလေပြီ။ ထိုတစ်လအတောအတွင်း ဘာမဆို ဖြစ်နိုင်၏။
သို့သော်ငြား ရန်ကိုင်နားမလည်ဖြစ်နေသည်မှာ ကျန်းရို့ရှီသည် ဘာကြောင့်များ ကျန်းမိသားစုလူများနောက်သို့ သူမဘာသာသူမ လိုက်သွားရလေသနည်း။
သို့ရာတွင် သေချာစဉ်းစားကြည့်ပြီးနောက် ကျန်းရို့ရှီသည် ကျန်းမိသားစုမှအပြင်သို့ တစ်ခါမှ မထွက်ဖူးသည့် ကောင်မလေးတစ်ဦးဖြစ်ကြောင်းကို နားလည်သွားခဲ့သည်။
ကျန်းရို့ရှီမှာ အလွန်ကိုမှ စိတ်ထားရိုးရှင်းကာ အလွယ်တကူလိမ်၍ရသည့် ကောင်မလေးတစ်ဦးဖြစ်ပေသည်။ နည်းနည်းပါးပါး လိမ်ညာ ပြောဆိုတတ်မည်ဆိုလျှင် သူမအား နာခံလာအောင်လုပ်ဖို့ရာအလွန်ကိုမှ လွယ်ကူပေသည်။
သူ့စိတ်ထဲစိုးရိမ်နေရင်း ဤကဲ့သို့သောမိန်းကလေး တစ်ဦးကိုပင် မစောင့်ရှောက်နိုင်ရလေလားဟု သူ့ကိုယ်သူလည်း အပြစ်တင်နေမိသည်။
“ကျန်းမိသားစုကို သွားပြီး ကျန်းရို့ရှီကို သွားရှာမှာဆိုတော့ ပွင့်ပွင့်လင်းလင်းကြီး သွားလို့တော့မဖြစ်ဘူး။ ငါသာ ကျန်းမိသားစုကို ဒေါသ ထွက်အောင်လုပ်မိလိုက်ရင် သူတို့ကျန်းရို့ရှီကို သတ်ပစ်လိုက်နိုင်တယ်။ အဲ့ခါကျမှ နောင်တရမယ်ဆိုရင်တောင် ဘာမှမထူးတော့ဘူး”
ထို့ကြောင့် ပထမဦးစွာအနေဖြင့် ကျန်းမိသားစုအား စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ ကျန်းရို့ရှီသာ ကျန်းမိသားစုထဲတွင်ရှိနေပြီဆိုပါက သူ၏ အားကောင်းသော ကောင်းကင်စိတ်အာရုံဖြင့် သူမအား ကျိန်းသေအာရုံခံနိုင် ပေလိမ့်မည်။
ထို့ကဲ့သို့ ဆုံးဖြတ်လိုက်ပြီးနောက်တွင် ရန်ကိုင်သည် ညအချိန်ရောက်သည်အထိ စောင့်နေလိုက်လေသည်။ ထို့နောက် ကျန်းမိသားစုဆီသို့ ပြေးထွက်သွားလေ၏။
နေပယ်မြို့၏အရှေ့ဘက်တွင် ဧကပေါင်းများစွာ ကျယ်ဝန်းသော မြေပိုင်နက်အား အပိုင်ရထားသည့် ခြံဝန်းကျယ်ကြီးတစ်ခုရှိနေခဲ့သည်။
ထိုခြံဝန်းတစ်ခုလုံးအား အနီရောင်အုတ်နံရံများဖြင့် ကာရံထားလေ၏။ ဤနေရာသည် မေပယ်မြို့ထဲရှိ ကျန်းမိသားစု၏ ပိုင်နက်သာဖြစ်လေသည်။ ကျန်းမိသားစု၏ အရေးပါသည့်အဖွဲ့ဝင်အားလုံး ဤနေရာတွင် နေထိုင်ကြလေသည်။
နံရံနားဆီသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့် လိုက်၏။ နံရံအားလုံးပေါ်တွင် ထောင်ချောက်များ၊ အစီအရင်များ ခင်ကျင်းထားသည်ကို တွေ့ရှိလိုက်ရလေသည်။
သို့သော်လည်း ထိုထောင်ချောက်အစီအရင်များမှာ သူ့အတွက် ဘာမှအသုံးမဝင်ပေ။ သူ့ကောင်းကင်စိတ်အာရုံဖြင့် ရှာတွေ့လိုက်ပြီဖြစ်သည့်အတွက်ကြောင့် ထိုအရာများကို သွားထိမိတော့လိမ့်မည် မဟုတ်ချေ။
နံရံအား ခုန်ကျော်ပြီးအထဲသို့ခိုးဝင်ရန် ပြင်နေစဉ်မှာပင် ရန်ကိုင့်၏အမူအယာရုတ်ခြည်း ပြောင်းလဲသွားခဲ့လေသည်။ ချက်ချင်းပဲ ဘေးဘက်သို့ လှည့်ကြည့်၍ ဗလာနတ္ထိပညာရပ်ကို အသက်သွင်းကာ ဘေးတစ်နေရာတွင် ပုန်းနေလိုက်၏။
ခဏအကြာတွင် ကြော့ရှင်းသည့်ပုံရိပ်တစ်ခုသည် ခပ်လှမ်းလှမ်းဆီမှ ပြေးထွက်လာပြီး ရန်ကိုင်ရပ်နေသည့် နေရာဆီသို့ ရောက်လာခဲ့လေသည်။
ဟိုဘက်သည်ဘက်လှည့်ကြည့်နေပြီးနောက် ခေါင်းကို ကုတ်လျက်ရေရွတ်လိုက်၏။ “ဒီမှာရှိရမှာပါ။ ဘယ်ရောက်သွားတာလဲ။ ကျွတ်..ထူးဆန်းလိုက်တာ”
ထိုစကားကိုကြားပြီးနောက် ရန်ကိုင်မှင်သက်သွားခဲ့ လေသည်။ အသံပိုင်ရှင်အား သေသေချာချာ ကြည့်လိုက်ပြီးနောက် အံ့အားသင့်နေသည့်အသံဖြင့် ရေရွတ်မိလိုက်လေ၏။ “ရှောင်ချီလား”
သူ့အားရှာတွေ့သွားသည့်လူသည် အခြားမဟုတ်ဘဲ မိုရှောင်ချီဖြစ်နေခဲ့သည်။ ငါးရောင်ခြယ်ရတနာဘုရားထဲသို့ ဝင်သွားပြီးနောက်ပိုင်း သူတို့အချင်းချင်း ပြန်မတွေ့ဖြစ်ခဲ့ သည်မှာ တစ်နှစ်ကျော်ခန့် ရှိနေခဲ့လေပြီ။
ယခုနေပယ်မြို့ဆီသို့ ပြန်ရောက်လာသည်နှင့် သူမ၏ ရှာတွေ့ခြင်းခံလိုက်ရသည်။ အသိအကျွမ်းတစ်ဦးဖြစ်နေသဖြင့် ရန်ကိုင်လည်း ဆက်၍ပုန်းမနေတော့ပေ။ ဗလာနတ္ထိပညာရပ် အား ပြန်ရုတ်သိမ်းကာ ကိုယ်ထင်ပြလိုက်သည်။
ရန်ကိုင့်ကိုမြင်လိုက်သည်နှင့် မိုရှောင်ချီသည် ပြုံးလျက် ပျော်ရွှင်စွာပြောလိုက်လေသည်။ “တစ်ကယ်ကြီး အစ်ကိုရန်ပဲ။ ကျွန်မအထင်မှားနေတယ် မှတ်နေတာ။ ခြောက်လလုံး အစ်ကိုရန်ဘယ်တွေ ရောက်နေတာလဲ။ မေပယ်မြို့ထဲမှာတောင် တစ်ချက်မှမတွေ့ရဘူး”
မိုရှောင်ချီသည် ရန်ကိုင့်အားမြင်သည်နှင့် စကားပြောခွင့်ပင် မပေးတော့ဘဲ မေးခွန်းများဖြင့် တရစပ် ပစ်ပေါက်လိုက်လေသည်။
ရန်ကိုင်က မဲ့ပြုံးပြုံးလျက် ပြန်ပြောလိုက်၏။ “အရင်တလောတုန်းက ခရီးတစ်ခုသွားနေတာလေ။ ဒီနေ့မှ ပြန်ရောက်တာ”
“အို..” ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီ ခေါင်းငြိမ့်လိုက်လေ၏။ ချက်ချင်းပဲ ပြုံးလျက်ပြောလိုက် သည်။ “အစ်ကိုရန် ဘာမှမပြောပဲ ထွက်သွားပြီလို့ ထင်လို့ ကျွန်မ တော်တော်တောင် စိတ်မကောင်း ဖြစ်နေတာ”
ရန်ကိုင်က ပြုံးလျက်ပြန်ပြောလိုက်သည်။ “ငါထွက်သွားရင် ပြောမှာပါ။ ဒါနဲ့ နင်ဘယ်လိုလုပ်ပြီးငါ့ကို ရှာတွေ့သွားတာလဲ။
မိုရှောင်ချီက လျှာလေးထုတ်လျက် အနည်းငယ် ရှက်နေဟန်ဖြင့် ပြန်ဖြေလိုက်၏။ “အစ်ကိုရန်ကို ပေးထားတဲ့ ဓာတ်လုံးကို မှတ်မိသေးလား။ ဓာတ်လုံးပေါ်မှာ ခြေရာခံ အမှတ်အသားတစ်ခုထည့်ထားတယ်လေ။ အစ်ကိုရန်သာ ကျွန်မနဲ့ အဝေးကြီးမှာရှိမနေသရွေ့ အစ်ကိုရန် ဘယ်မှာ ရှိလဲဆိုတာကို ကျွန်မရှာလို့ရတယ်”
ရန်ကိုင်ချက်ချင်းပဲ နားလည်သွားခဲ့သည်။ သိုလှောင် လက်စွပ်ထဲမှ ဓာတ်လုံးကိုထုတ်၍ စစ်ဆေးကြည့်လိုက်လေ သည်။ သို့သော် ဘာဆိုဘာမှရှာမတွေ့သဖြင့် ပြန်၍သာ ထည့်ထားလိုက်၏။
ရုတ်တရက် မိုရှောင်ချီသည် ဘေးပတ်လည်သို့ လှည့်ပတ်ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဒါက ကျန်းမိသားစုရဲ့ပိုင်နက်နော်။ အစ်ကိုရန် ဒီမှာ ဘာလာလုပ်နေတာလဲ။ ခိုးဝင်ဖို့လုပ်နေတာလား”
ရန်ကိုင်က ခေါင်းငြိမ့်လိုက်သည်။
မိုရှောင်ချီ၏ မျက်လုံးဝန်းလေးများ တဖျတ်ဖျတ် တောက်ပလာပြီး လေသံကိုတိုး၍ ပြန်မေးလိုက်လေသည်။ “ဘာလို့ခိုးဝင်ချင်တာလဲ။ ကျန်းမိသားစုက တစ်ယောက်ယောက်က အစ်ကိုရန်ကို လာရန်စလိုက်လို့လား။ ကျွန်မကူညီပေးစရာကော လိုသေးလား”
အလွန်ကိုမှ စိတ်ဝင်စားစရာကောင်းသည့် တစ်စုံတစ်ခုအား ရှာတွေ့သွားသည့်အလား မိုရှောင်ချီမှာ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့လေသည်။
ရန်ကိုင်သည် သက်ပြင်းချ၍ ကျန်းရို့ရှီနှင့်ပတ်သက်သော အကြောင်းစုံအား အကျဉ်းချုံးရှင်းပြလိုက်လေ၏။
ထိုစကားကို ကြားပြီးသည့်နောက်တွင် မိုရှောင်ချီက အမှန်တရား ဘက်တော်သားတစ်ဦး၏လေသံဖြင့် ချက်ချင်း ပြောလိုက်လေ၏။ “မိသားကျန်းစုက ဘယ်တော့မှ ဂုဏ်သတင်းကောင်းတာမဟုတ်ဘူး။ ညီမရို့ရှီကို လာပြဿနာရှာပြန်ပြီ။ တစ်ကယ်ရွံစရာ ကောင်းတဲ့ကောင်တွေ”
“အခုထိ ကျန်းမိသားစုကလူတွေ ရို့ရှီကို ဘာလို့ခေါ်သွားလဲ ဆိုတာ ငါမသိသေးလို့ တစ်ချက်လောက် စစ်ဆေးကြည့်မလားလို့” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက် သည်။
“ကျွန်မကူညီပေးမယ်။ အစ်ကိုရန်ရဲ့ အိမ်ထဲမှာသာ တစ်ယောက်ယောက်ရှိနေကြောင်း ကျွန်မကို အစောကြီးကတည်းကပြောလိုက်ရင် ကျွန်မကူညီပေးထားမှာပေါ့” မိုရှောင်ချီက ရန်ကိုင့်အား စူးရဲစွာစိုက်ကြည့်လိုက် လေသည်။ ရန်ကိုင့်၏တာဝန်ကင်းမဲ့သည့်လုပ်ရပ်အပေါ် အပြစ်တင်နေသည့်ပုံပင်။
ရန်ကိုင်က ချောင်းဟန့်၍ ရှက်ရှက်ဖြင့် ပြန်ရှင်းပြလိုက် လေ၏။ “ငါလည်း ဒီတစ်ခေါက်ခရီးထွက်တာ ဒီလောက် ကြာမယ်မှန်းမှမသိတာ။ အဲ့အကြောင်း မပြောတော့နဲ့။ ရို့ရှီ ဘယ်လိုပုံစံလည်းဆိုတာကို ငါနင့်ကို အရင်ရှင်းပြမယ်။ အထဲဝင်သွားပြီဆိုတာနဲ့ သူနဲ့တူတဲ့ လူတွေကို သေချာအာရုံစိုက်ကြည့်ထားလိုက်”
မိုရှောင်ချီက ထပ်တလဲလဲ ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် ရန်ကိုင်ရှင်းပြသည့် ကျန်းရို့ရှီ၏ပုံစံကို သေချာ မှတ်ထားလိုက်လေသည်။
သူတော်စင်ဘုရင်ဒုတိယအဆင့်အထွဋ်အထိပ်သို့သာ ရောက်သေးပြီး အသက် ၁၆/၁၇ လောက်သာရှိသေးမည် ထင်ရသော ကောင်မလေးတစ်ဦး၏ပုံစံမှာ အတော်လေးကိုမှ သိသာပေသည်။ ကျန်းရို့ရှီသာ ဂျက်မိသားစုထဲတွင် ရှိနေမည်ဆိုပါက သူမအား ရှာရန်ခက်လိမ့်မည်မဟုတ်။
“သတိထားအုံးနော်။ ကျန်းမိသားစုမှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးရှိသေးတယ်။ သူနင့်ကို ရှာတွေ့သွားလို့ မဖြစ်ဘူး”
မိုရှောင်ချီက ချက်ချင်းပဲ ပြုံးလျက်ပြန်ပြောလိုက်သည်။ “စိတ်မပူနဲ့။ အဲ့ဒီကျန်းမိသားစုက ဘိုးဘေးကြီးက မေပယ်မြို့ထဲမှာ မနေဘူး။ အပြင်ဘက်က စံအိမ်တစ်လုံးမှာပဲ နေနေတာ”
ထိုစကားကိုကြားပြီးနောက် ရန်ကိုင်စိတ်ချသွားလေ၏။ ကျန်းမိသားစုတွင် တာအိုသခင်အဆင့်ပညာရှင် ရှိမနေသ၍ မိုရှောင်ချီအား ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပေ။
မိုရှောင်ချီသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးသော်ငြား သူမ၏ ကိုယ်ပျောက်ပညာရပ်နှင့် မှော်ရတနာများမှာ အလွန်ကိုမှ အစွမ်းထက်ပေသည်။ ထို့ကြောင့် ကျန်းမိသားစုမှလူများ သူမအား ရှာတွေ့သွားမည်ကို ရန်ကိုင်စိတ်မပူ။
ထို့နောက်လူချင်းမခွဲခင် မည်သည့်အချိန်တွင် ပြန်တွေ့ကြမယ်ဆိုသည်နှင့် ပတ်သက်၍ ညှိနှိုင်းလိုက်ကြ လေသည်။
ကျန်းမိသားစုတွင် တာအိုသခင်အဆင့် ရှိမနေသည့် အတွက်ကြောင့် ရန်ကိုင်ပို၍ ယုံကြည်ချက်ရှိသွားခဲ့သည်။ ကျန်းမိသားစုထဲသို့ ခိုးဝင်လာပြီးသည့်နောက်တွင် သူ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်၍ ကျန်းမိသားစုခြံဝန်း၏ နေရာအနှံ့အား စစ်ဆေးကြည့်လိုက်လေသည်။
သို့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ ရန်ကိုင်၏ အမူအယာမှာ ပိုပို၍လေးနက်တည်ကြည်လာခဲ့သည်။ ကျန်းရို့ရှီ၏အရိပ်အယောင်ကို လုံးဝရှာမတွေ့ခဲ့ပေ။
နှစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် ကျန်းမိသားစုနံရံနှင့် သိပ်မဝေးသော လမ်းကြားလေးတစ်ခုတွင် ပြန်တွေ့ကြလေ၏။
မိုရှောင်ချီအား လှမ်းကြည့်လိုက်သည့်အခါ မိုရှောင်ချီက ဖြေးဖြေးချင်း ခေါင်းခါပြလိုက်သည်။
ရန်ကိုင့်မျက်နှာမဲမှောင်သွားပြီး မျက်မှောင်ကြီး ကြုတ်သွားခဲ့လေသည်။
“အစ်ကိုရန်။ ကျွန်မတို့ဘာလုပ်ကြမလဲ။ ညီမရို့ရှီ အဆင်ပြေမှာပါ။ ဟုတ်တယ်မလား” မိုရှောင်ချီလည်း စတင် စိုးရိမ်လာခဲ့လေသည်။
သူတို့နှစ်ဦးစလုံး ကျန်းရို့ရှီ၏အရိပ်အယောင်ကို လုံးဝ မမြင်ခဲ့ရပေ။ သူမသေသည် ရှင်သည်ကိုလည်း မသိရသည်မှာ အဆိုးဆုံးဖြစ်သည်။
“အဆင်ပြေဖို့ မျှော်လင့်ရတာပဲ” ရန်ကိုင့်မျက်နှာကြီး မှုန်ကုပ်နေခဲ့သည်။
ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ပြောလိုက်လေ၏။ “ဒီနည်းနဲ့အလုပ်မဖြစ်မှတော့ တိုက်ရိုက်သွားမေးဖို့ပဲ ရှိတော့တယ်။ ကျန်းမိသားစု ကိုယ့်သေးလမ်းကိုယ်မရှာဖို့ဘဲ ငါမျှော်လင့်တယ်”
ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီသည် ရန်ကိုင့်အား သေသေချာချာစိုက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငြိမ့်၍ ပြောလိုက်သည်။ “ကျွန်မလည်း လိုက်ခဲ့မယ်”
ရန်ကိုင်ဘာမှ ပြန်ပြောမနေခဲ့ပေ။ ခဏအကြာတွင် ရန်ကိုင်နှင့် မိုရှောင်ချီသည် ကျန်းမိသားစု၏ ဂိတ်ပေါက်ဆီသို့ ရောက်လာခဲ့လေသည်။ ကျန်းမိသားစု၏ ဂိတ်စောင့်များမှာ ရန်ကိုင်တို့အား တားတော့မည်အပြု သူတို့၏ကျင့်ကြံခြင်းကို သတိပြုမိလိုက်ကြသည်။
ထို့ကြောင့် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်ရဲတော့ဘဲ ယဉ်ယဉ်ကျေးကျေးဖြင့် လက်သီးကိုဆုပ်ကာ မေးလိုက်လေ သည်။ “လူကြီးမင်းတို့နှစ်ဦး ဂျက်မိသားစုဆီ ဘာလို့ ရောက်လာလဲ သိလို့ရမလား”
ရန်ကိုင်က ယဉ်ယဉ်ကျေးကျေးပင် ပြန်ပြောလိုက်သည်။ “စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဆေးပညာရှင်ရန်က ဂျက်မိသားစုခေါင်းဆောင်နဲ့ တွေ့ချင်နေတယ်လို့ အကြောင်းကြားပေးလို့ ရမလား”
“စိတ်ဝိဉာဉ်ဆေးလုံးပလာဇာက ဆေးပညာရှင်လား” ထိုစကားကိုကြားပြီးသည့်နောက် ဂိတ်စောင့် အံ့အားသင့် သွားခဲ့သည်။
ရန်ကိုင့်အား သေသေချာချာ တစ်ချက်စိုက်ကြည့် လိုက်ပြီးသည့်နောက်တွင် အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်လေသည်။ “ကျေးဇူးပြုပြီး တစ်ချက်စောင့်ပေးပါနော်။ ကျုပ်အခုပဲ မိသားခေါင်းဆောင်ကို သွားအကြောင်းကြားလိုက်ပါ့မယ်”
စိတ်ဝိဉာဉ်ဆေးလုံးပလာဇာသည် နေပယ်မြို့ထဲတွင် နာမည်ကျော်ကြားသည့်ဆိုင်တစ်ဆိုင်ဖြစ်သည်။ ဆေးဆိုင်အား ခရမ်းရောင်စဉ်ကုန်သွယ်ရေးအဖွဲ့အစည်းမှ တည်ထားခြင်းဖြစ်ပြီး စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် အလုပ်လုပ်ကြသည့် ဆေးပညာရှင်အားလုံးသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များဖြစ်ကြပေသည်။
ထိုကဲ့သို့သောဆိုင်မှ ဆေးပညာရှင်တစ်ဦး ဂျက်မိသားစု ဆီသို့ ရောက်လာသည့်အခါ သူတို့အနေဖြင့် မည်ကဲ့သို့များ ပေါ့ပေါ့တန်တန်သဘောထားရဲမည်နည်း။ ချက်ချင်းပဲ ဂျက်မိသားစုခေါင်းဆောင်အား သွားအကြောင်းကြား လေတော့သည်။
ရန်ကိုင်လည်း မတတ်သာသည့်အဆုံး စိတ်ဝိဉာဉ် ဆေးလုံးပလာဇာ၏ဆေးပညာရှင်ဟူသော ဂုဏ်သတင်းကိုသာ အားကိုးရလေတော့သည်။
သူကိုယ်တိုင်သည် မေပယ်မြို့ထဲတွင် နာမည်ကျော်ကြားသည့် လူတစ်ဦး မဟုတ်သည့် အတွက်ကြောင့် စိတ်ဝိဥာဉ်ဆေးလုံးပလာဇာ၏ ဆေးပညာရှင်ဟူသော ဂုဏ်ပုဒ်ကိုသာ ငှားသုံးရတော့လေသည်။
သို့မှသာ ရို့ရှီ၏အကြောင်းကို အလွယ်တကူ မေးမြန်း၍ ရပေလိမ့်မည်။ ကျန်းမိသားစု၏ဂိတ်ပေါက်တွင် လက်ဖက်ရည်ခွက် တစ်ဝက်ခန့်ကြာအောင် စောင့်ဆိုင်းနေပြီးသည့်နောက်တွင် ရုတ်တရက် ကျ်နးမိသားစုခြံဝန်းအတွင်းပိုင်းဆီမှ အော်ဟစ်ရယ်မောသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
လူမရောက်လာသေးခင်မှာပင် အသံကိုလှမ်းကြားလိုက် ရသည်။ “စိတ်ဝိဉာဉ်ဆေးလုံးပလာဇာရဲ့ ဆေးပညာရှင် ရောက်လာတာ ကျုပ်တို့ ကျန်းမိသားစုအတွက် တစ်ကယ်ကို ဂုဏ်တက်စရာပါပဲ။ ဒီလူအိုကြီး ကျန်းလင် ဆေးပညာရှင်ရန်ကို နှုတ်ဆက်ပါတယ်”
အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် အသားနီကျင့်ကျင့် အရောင်ရှိသော အသက်ငါးဆယ်အရွယ်လောက်ရှိမည့် လူကြီးတစ်ဦး လမ်းလျှောက်လာခဲ့လေသည်။ ထို့နောက် ရင်းနှီးဖော်ရွေသည့်အမူအယာဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
ဤလူသည် ကျန်းမိသားစု၏ လက်ရှိမိသားစုခေါင်းဆောင် ကျန်းလင်ဖြစ်ပေသည်။ လက်ရှိတွင် ကျန်း လင်သည် မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားခဲ့၏။ သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီမှာ အလွန်ကိုမှ သန့်စင်ပေသည်။ ကောလဟာလများအတိုင်းပင် ကျန်းမိသားစု၏ခေါင်းဆောင် သည် တာအိုသခင်အဆင့်သို့ရောက်ရန် သိပ်မလိုတော့ပေ။
ကျန်းလင်နောက်တွင် အခြားသောတန်ခိုးရှင်ဘုရင် တတိယအဆင့်ကျင့်ကြံသူများလည်း လိုက်ပါလာကြ၏။ အကုန်လုံးသည် အသက်ကြီးနေကြလေပြီ။
အံ့အားသင့်စွာပင် ကျန်းချူဟဲသည်လည်း ထိုလူအုပ်ကြီးထဲ ရှိနေခဲ့သည်။
ရန်ကိုင့်အားသတိပြုမိလိုက်သည့်အခါ ကျန်းချူဟဲ အလွန်ကိုမှ အံ့အားသင့်သွားခဲ့၏။ ရန်ကိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာ၏ ဆေးပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝမထင်ထားခဲ့သည့်ပုံပင်။
ကျန်းချူဟဲသည် ငါးရောင်ခြယ်ရတနာဘုရားထဲရှိ နဂါးပျံယဇ်ပုလ္လင်တွင် ရန်ကိုင်နှင့်တစ်ကြိမ်တွေ့ခဲ့ဖူးပေ သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၂)
ကျန်းမိသားစုခေါင်းဆောင် ကျန်းလင်နှင့် အကြီးအကဲများစွာ၏ လာရောက်ထွက်တွေ့ခြင်းသည် ရန်ကိုင့်အား မျက်နှာသာပေးနေသည်ဟု ပြော၍ရပေသည်။
ရန်ကိုင်သည် လက်သီးဆုပ်၍ နှိမ့်ချခြင်း၊ မောက်မာခြင်း မရှိသည့်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီလို အချိန်ကြီးမှာ လာလည်ပတ်ရလို့အားနာပါတယ် မိသားစုခေါင်းဆောင်ကျန်း။ ကျုပ်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
“ဆေးပညာရှင်ရန် ဘာတွေပြောနေတာလဲ။ ဆေးပညာရှင်ရန် အခုလိုရောက်လာတာ ကျုပ်တို့ ကျန်းမိသားစုအတွက်တောင် ဂုဏ်တက်သေးတာကို။ ဘယ်လိုလုပ်ပြီး အပြစ်တင်ရမှာလဲ” ကျန်းလင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။
ထို့နောက် ရန်ကိုင့်နားသို့ကပ်၍ ပြောလိုက်သည်။ “အထဲသွားကြတာပေါ့ ဆေးပညာရှင်ရန်”
ရန်ကိုင်လည်း ခေါင်းငြိမ့်လိုက်လေသည်။ ထို့နောက် မိုရှောင်ချီအား မျက်စပစ်ပြကာ ကျန်းလင်နှင့်အတူ ကျန်းမိသားစု၏အတွင်းပိုင်းဆီသို့ ဝင်သွားလေ၏။
ခဏအကြာတွင် အကုန်လုံး ကျန်းမိသားစု၏ ဧည့်ခန်းထဲသို့ရောက်လာပြီး ထိုင်ခုံအသီးသီး ထိုင်လိုက်ကြ လေသည်။ အစေခံများသည် ရေနွေးကြမ်းအသီးသီး ပြင်ဆင်လျက် သူတို့အား လာရောက်တည်ခင်းဧည့်ခံကြလေ၏။
ရန်ကိုင်လည်း ရေနွေးကြမ်း တစ်ငုံနှစ်ငုံမျှသောက်ရင်း ချီးကျူးစကားအချို့ ပြောလိုက်လေသည်။
ကျန်းလင်မှာတော့ ထိုအချက်ကို သတိပြုမိဟန်မတူ။ ရယ်ရယ်မောမောဖြင့်သာ ပြောလိုက်လေ၏။ “စိတ်ဝိဉာဉ် ဆေးလုံးပလာဇာက ဆေးပညာရှင်ရန်အကြောင်း ကြားဖူးနေတာကြာပြီ။ အခုမှပဲ လူချင်းတွေ့ခွင့်ရတော့တယ်။ ဆေးပညာရှင်ရန်ကိုယ်တိုင် ကျုပ်တို့ကျန်းမိသားစုဆီ ရောက်လာမယ်လို့ မထင်ထားဘူး။ အဲ့အကြောင်းကို ကြားကြားချင်းတုန်းက ဒီကျန်း တစ်ကယ်ကို အံ့ဩသွားခဲ့တာ”
ရန်ကိုင်က အံ့ဩသွားသည့်အမူအယာဖြင့် ပြန်မေးလိုက် လေသည်။ “ကျန်းမိသားစုခေါင်းဆောင် ကျုပ်အကြောင်းကို ကြားဖူးတာလား”
ကျန်းလင် ဧည့်သဘောအရ လျှောက်ပြောနေခြင်း ဖြစ်သည်ဟုသာ ထင်ခဲ့သော်ငြား ကျန်းသည် သူ့အား တစ်ကယ်ကြီးသိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းလင်က ပြုံး၍ ရှင်းပြလိုက်လေသည်။ “မေပယ်မြို့ထဲက အဆင့်အတန်း နည်းနည်းပါးပါးလောက်ရှိတဲ့လူတိုင်း ဆေးပညာရှင်ရန် အကြောင်းကိုသိတယ်။ ကျုပ်တစ်ခုပြောပြမယ်။ ကျုပ်တို့ဂျက်မိသားစုက ဆေးပညာရှင်ရန်ဖော်စပ်ထားတဲ့ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးတွေ အများကြီးကို ဝယ်ထားတယ်လေ။ ဒီဆေးလုံးတွေကြောင့် ကျုပ်တို့ ကျန်းမိသားစုက တပည့်တွေတော်တော်များများ အကျိုးကျေးဇူးများသွားကြရတယ်။ ဒီတော့ စိတ်ဝိဉာဉ် ဆေးလုံးပလာဇာ ပိတ်မသွားရတာဟာ ဆေးပညာရှင်ရန်ကြောင့် ဆိုတာလည်း ကျုပ်ကြားထားသေးတယ်”
ထိုအခါမှပဲ ရန်ကိုင်နားလည်သွားတော့လေသည်။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတွင် ရှိနေသည့်အချိန် အတောအတွင်း လူရှေ့သူရှေ့မထွက်ခဲ့သော်ငြား အချို့သော အကြောင်းအရာများသည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာပင်လျှင် ဖုံးကွယ်ထားနိုင်သည့်အရာမျိုးမဟုတ်ပေ။
ထို့ကြောင့် ဤလူများ ရန်ကိုင့်အားသိနေသည်မှာ အထူးအဆန်းတော့မဟုတ်။
“မေပယ်မြို့ထဲမှာ ဆေးပညာရှင်များများစားစားရှိတာ မဟုတ်ဘူး။ အရင်းအမြစ်ချီသိပ်သည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်ဆိုရင်တော့ ပိုလို့တောင် နည်းသေးတယ်။ ဆေးပညာရှင်ရန် နာမည်မကျော်ချင်ဘူး ဆိုရင်တောင် တစ်ယောက်ယောက်ကတော့ ကျော်အောင်ကို လုပ်ပေးမှာပဲ” ကျန်းလင်က ရယ်မော၍ ပြောလိုက်သည်။
ထို့နောက် ချက်ချင်းပဲခေါင်းစဉ်ပြောင်း၍ မေးလိုက်လေ၏။ “ဒါနဲ့ ကျုပ်ကြားတာ ဆေးပညာရှင်ရန် စိတ်ဝိဉာဉ် ဆေးလုံးပလာဇာကနေ ထွက်လိုက်ပြီဆို။ အဲ့ဒါ တစ်ကယ်ကြီးလား”
ရန်ကိုင်သည် ထိုအကြောင်းကို ဖုံးကွယ်မထားချင်သည့် အတွက် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်လေသည်။ “ဟုတ်တယ်။ ကျုပ် ဆိုင်ပိုင်ရှင်ခန်နဲ့ သဘောတူညီချက် လုပ်ထားတယ်လေ။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအတွက် နှစ်လပဲ ဆေးဖော်စပ်ပေးမယ်လို့။ အခုနှစ်လပြည့်သွားပြီဆိုတော့ သဘောတူညီချက်လည်း ပြီးသွားပြီပေါ့”
“တစ်ကယ်ကြီးလား” ကျန်းလင် အလွန်ပျော်သွားခဲ့သည်။ ကျန်းလင်သာလျှင်မဟုတ်။ ကျန်းမိသားစု၏ အကြီးအကဲများသည်လည်း အနည်းငယ်ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။ အကုန်လုံးသည် ရန်ကိုင့်အား ပြစ်ချက်ကင်းစင်သည့် အလှပဂေးတစ်ဦးအားကြည့်သလို စိုက်ကြည့်လာကြသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့ပြီး ပြန်ပြောလိုက်လေသည်။ “ဆေးပညာက ကျုပ်ရဲ့အဓိကလမ်းစဉ်မဟုတ်ဘူးလေ။ အဓိကလမ်းစဉ်က သိုင်းလမ်းစဉ်ပဲ”
“အဲ့လိုကိုး..” ရန်ကိုင်ဘာကိုပြောချင်နေသလဲဆိုသည်အား ကျန်းလင်မသိဘဲဘယ်နေမည်နည်း။ အနည်းငယ် စိတ်ပျက်သွားသည့်လေသံဖြင့် “ဆေးပညာရှင်ရန်က အဲ့လို ဖြစ်ချင်မှတော့ နှမြောတသဖြစ်ရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ ဒါနဲ့ ဆေးပညာရှင်ရန် ကျုပ်တို့ကျန်းမိသားစုဆီ ဘာလို့ ရောက်လာတာလဲ။ ကျန်းမိသားစုက ကူညီပေးနိုင်တာရှိရင် ပြောနော်။ ကျုပ်တို့အကောင်းဆုံး ကူညီပေးမယ်”
ရန်ကိုင်သည် သူ၏အဓိကလမ်းစဉ်မှာ ဆေးပညာရှင် တစ်ဦးမဟုတ်ဟု ပြောသွားခဲ့သော်ငြား လက်ရှိတွင် သူသည် တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်နေဆဲ။
ထို့ကြောင့် ရန်ကိုင့်ကဲ့သို့သောလူတစ်ဦးနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်သည်မှာ ကျန်းမိသားစုအတွက် မဆိုးပေ။
ထို့အပြင်ရန်ကိုင်သည် ဤအချိန်ကြီး ကျန်းမိသားစုဆီသို့ ရောက်လာရသည်မှာ အကြောင်းအရင်းမရှိဘဲနှင့်တော့ မဖြစ်နိုင်ပေ။
ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် ရန်ကိုင်က ပြန်ပြောလိုက်၏။ “ဂျက်မိသားစုခေါင်းဆောင်က ပြောလာပြီ ဆိုမှတော့ ကျုပ်လည်း လိုရင်းပဲပြောရတော့တာပေါ့။ တစ်ကယ်တော့ ကျုပ်လူတစ်ယောက်ကိုရှာချင်လို့ ဒီကို ရောက်လာတာ”
“လူတစ်ယောက်ကိုရှာဖို့” ကျန်းလင် မျက်မှောင်ကြုတ် သွားခဲ့သည်။ အခြားသောအကြီးအကဲများလည်း နားမလည်နိုင် ဖြစ်သွားခဲ့ကြလေသည်။
ကျန်းလင်က ပြန်မေးလိုက်လေ၏။ “ဆေးပညာရှင်ရန် ဘယ်သူ့ကို ရှာချင်နေတာလဲ”
“၁၆/၁၇ လောက်ရှိမယ့်ကောင်မလေးတစ်ဦးပဲ။ သူ့ကျင့်ကြံခြင်းက သူတော်စင်ဘုရင်ဒုတိယအဆင့် အထွဋ်အထိပ်မှာပဲရှိသေးတယ်” ရန်ကိုင်သည် ကျန်းရို့ရှီ၏ ပုံပန်းသွင်ပြင်နှင့် ကျင့်ကြံခြင်းကို အကျဉ်းချုံးရှင်းပြလိုက် လေသည်။
သူစကားပြောနေစဉ်အတွင်း ဘယ်ဘက်တွင်ထိုင်နေသော မျက်နှာအဆီပြန်နေသည့် လူကြီးတစ်ဦး၏ မျက်တောင်များ တဖျတ်ဖျတ်လှုပ်သွားခဲ့ပြီး ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားခဲ့ လေသည်။
ရန်ကိုင့်၏ကောင်းကင်စိတ်အာရုံမှာတော့ ထိုလူကြီး၏ အပြုအမူကို ချက်ချင်းသတိပြုမိလိုက်သည်။ မျက်မှောင်ကြုတ်လျက် ထိုလူအား တွေးတွေးဆဆဖြင့် လှမ်းကြည့်လိုက်လေသည်။
အကြီးအကဲသည် ချင်ချင်း မျက်ခွံချလိုက်လေသည်။ သူ့အမူအယာမှာတော့ ပြောင်းလဲခြင်းမရှိပေ။
ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် ဂျက်လင်သည် အားလုံးဘက်သို့ လှည့်ကြည့်၍ မေးလိုက်လေသည်။ “ငါတို့ကျမိသားစုမှာ အဲ့လိုလူမျိုးရှိလား”
မိသားစုအနားတွင်ထိုင်နေသော လူအိုကြီးတစ်ဦးက ချက်ချင်းထရပ်၍ လက်သီးဆုပ်ကာ ပြန်ဖြေလိုက်လေသည်။ “ကျန်းမိသားစုမှာ အဲ့လိုမိန်းကလေးမျိုး ရှိချင်ရှိနိုင်ပေမယ့် ကျုပ်တို့မှာရှိတဲ့လူက ဆေးပညာရှင်ရန်ရှာနေတဲ့လူ ဟုတ်မဟုတ်ဆိုတာတော့ မသေချာပါဘူး မိသားစုခေါင်းဆောင်”
“ဘာမှမဖြစ်ဘူး။ အဲ့ကောင်မလေးကိုသာ ခေါ်လာခဲ့လိုက်။ သူသာ ဆေးပညာရှင်ရန်ရှာနေတဲ့လူဆိုရင် ငါတို့မိသားကျန်းစု သူ့ကိုဆက်ခေါ်မထားတော့ဘူး”
“မလိုပါဘူး။ မလိုဘူး” ရန်ကိုင်ဘာမှာမပြောနိုင်သေးခင် သူ့ဘေးနားတွင် ထိုင်နေသော မိုရှောင်ချီက ရုတ်တရက် လက်ဝှေ့ယမ်း၍ ထပြောလိုက်လေသည်။ “ကျွန်မတို့ ရှာနေတဲ့ကောင်မလေးက ဒီမှာမဟုတ်ဘူး”
ကျန်းလင် မျက်မှောင်ကြုတ်သွားခဲ့၏။ မိုရှောင်ချီအား တစ်ချက်စိုက်ကြည့်လိုက်ရင်း ရန်ကိုင့်ဘက်သို့လှည့်ကာ မယုံသင်္ကာဖြင့် မေးလိုက်လေသည်။ “ဆေးပညာရှင်ရန် ဒါဘာသဘောလဲ။ ကျုပ်တို့ ကျန်းမိသားစုဆီကိုလာပြီး လူရှာဖို့ပြောတယ်။ အခု လူထုတ်ပေးမယ်ပြောတော့လဲ အဲ့လူက ကျုပ်တို့ကျန်းမိသားစုဆီမှာမရှိဘူး ပြောပြန်တယ်။ ဒီကျန်း နားမလည်နိုင်တော့ဘူး”
တစ်စုံတစ်ခုအား တွေးမိသွားသည့်အလား ဂျက်မိသားစု အကြီးအကဲတစ်ဦး၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။ ထို့နောက် ဝင်ပြောလိုက်လေ၏။ “ဖြစ်နိုင်တာက ဆေးပညာရှင်ရန်က ကျုပ်တို့ကျန်းမိသားစုကို တိတ်တဆိတ် စစ်ဆေးထားတာလား”
ထိုစကားကိုကြားသည့်အခါ အကုန်လုံး၏မျက်နှာ မဲမှောင်သွားခဲ့လေသည်။ ကျန်းမိသားစုဝင်အားလုံးသည် ရန်ကိုင်နှင့်မိုရှောင်ချီအား မကျေမနပ်အမူအယာများဖြင့် စိုက်ကြည့်လာကြသည်။
ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်ပြောလိုက် လေသည်။ “အကုန်လုံး နားလည်မှုမလွဲကြပါနဲ့။ တစ်ကယ်တမ်းပြောရရင် အဲ့ကောင်မလေးအပေါ်မှာ ကျုပ်ရဲ့ ခြေရာခံအမှတ်အသားတစ်ခုရှိတယ်။ သူသာ ကျုပ်နဲ့ အဝေးကြီးမှာရှိမနေရင် သူ့နေရာကို ကျုပ်အာရုံခံလို့ရတယ်။ အဲ့ဒါကြောင့်ဘဲ သူဒီမှာမရှိဘူးလို့ ကျုပ်တို့ပြောတာ”
“အဲ့လိုကိုး..” ယခုမှပဲ ကျန်းလင်နားလည်သွားတော့သည်။ ထို့နောက်ချက်ချင်းပဲ ပြန်မေးလိုက်လေသည်။ “အဲ့လိုဆိုရင် ဆေးပညာရှင်ရန် ဘာလို့ကျုပ်တို့ကျန်းမိသားစုဆီ ရောက်လာတာလဲ”
“အဲ့ဒါကတော့ ဒီလိုပဲ” ရန်ကိုင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလျက် ပြောပြလိုက်လေသည်။ “အဲ့ကောင်မလေး ကျန်းမိသားစုခြံဝန်းထဲ ဝင်သွားတာကို မြင်လိုက်တယ်လို့ တစ်ယောက်ယောက်က ကျုပ်ကို ပြောတယ်လေ။ ဒါ့ကြောင့်ပဲ ကျုပ်ကိုယ်တိုင် ကျန်းမိသားစုဆီ ရောက်လာခဲ့ရတာ။ ဒါပေမယ့် သူဘာလို့ ဒီမှာရှိမနေလဲ ဆိုတာကို ကျုပ်လုံးဝနားမလည်နိုင်ဘူး။ လူကြီးမင်းတို့ထဲက တစ်ယောက်ယောက်လောက် သူဘယ်မှာရှိနေလဲသိရင် ကျေးဇူးပြုပြီး ကျုပ်ကိုပြောပြပေးမယ်ဆိုရင် ဒီရန် အရမ်းကို ကျေးဇူးတင်မိမှာပါ”
“တစ်ယောက်ယောက်ကမြင်လိုက်တာ။ ဘယ်သူလဲ” အစောပိုင်းကစကားပြောလိုက်သော ဂျက်မိသားစု အကြီးအကဲသည် ဒေါသတကြီးထအော်မိလေသည်။
“အဲ့ဒါကိုတော့ ကျုပ်ပြောပြလို့မရဘူး” ရန်ကိုင်က ခေါင်းခါလိုက်သည်။ အမျိုးသမီးအကြောင်းကို သွားမပြောပြနိုင်ပေ။ “ကျုပ်ထင်တာသာမမှားရင် သူအခုချိန်လောက်ဆိုရင် မေပယ်မြို့ထဲက ထွက်သွားလောက်ပြီ”
“အဲ့ဒါ သက်သက်အပုပ်ချတာ” ကျန်းမိသားစု အကြီးအကဲက သူ့လက်ကအင်္ကျီလက်စအား ဒေါသတကြီး ခေါက်တင်ရင်း “ကျန်းမိသားစုမှာသာ အဲ့ကောင်မလေးရှိနေရင် ဘာလို့သူ့ကိုဖွက်ထားရမှာလဲ။ ကျုပ်တို့ကျန်းမိသားစုက ဒီလိုရှက်စရာကောင်းတဲ့လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူး”
“ဘယ်သူကမှလည်း ရှင်တို့ အဲ့လိုရှက်စရာကောင်းတဲ့ လုပ်ရပ်မျိုးလုပ်ချင်တယ်လို့ မပြောဘူးလေ” မိုရှောင်ချီက နှုတ်ခမ်းလေးကွေးလျက် ပြန်ပြောလိုက်လေသည်။
“နင်..” ကျန်းမိသားစုအကြီးအကဲ ဒေါသပုံထသွားလေ၏။
“ထားလိုက်တော့” ကျန်းလင်ကိုယ်တိုင်သည်လည်း မျက်မှောင်ကြုတ်သွားခဲ့လေသည်။ သူ့လက်ကိုဝှေ့ရမ်း၍ ထိုအကြီးအကဲအား စူးရဲစွာစိုက်ကြည့်လိုက်သည်။
ထို့နောက် ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်လေသည်။ “ကိုယ်တိုင် အဲ့ကောင်မလေး ကျုပ်တို့ကျန်းမိသားစုထဲကို ဝင်လာတာကို မမြင်လိုက်ဘဲနဲ့ ဘာလို့ဒီကိစ္စကို ဒီလောက် အတည်ယူနေရတာလဲ။ ပြီးတော့ အဲ့ကောင်မလေး ကိုယ်ပေါ်မှာလည်း ခြေရာခံအမှတ်အသားရှိတာပဲ။ သူသာ ကျန်းမိသားစုထဲမှာရှိနေရင် ဆေးပညာရှင်ရန်လည်း သူ့ကို အာရုံခံမိမှာပဲလေ”
ရန်ကိုင်ကခေါင်းငြိမ့်လိုက်သည်။ “ကျုပ်သိတယ်။ ဒီကိစ္စက အကုန်လုံးအတွက် မသင့်တော်သလိုဖြစ်သွားနိုင်မယ် ဆိုပေမယ့် အဲ့ကောင်မလေးက ကျုပ်အတွက် အရမ်းအရေးပါလို့ပါ”
“ထားလိုက်တော့ ဆေးပညာရှင်ရန်။ ဒါပေမယ့် ဒီကိစ္စက ကျုပ်တို့ကျန်းမိသားစုပါ ပါဝင်ပတ်သက်နေတာ ဆိုတော့ ဒီကျန်းလည်း ဒီတိုင်းထိုင်နေလို့မရတော့ဘူး။ ကျုပ်တို့ကျန်းမိသားစုက မေပယ်မြို့ထဲမှာနည်းနည်း အဆက်အသွယ်တွေရှိတာဆိုတော့ ဆေးပညာရှင်ရန်အတွက် ကူပြီးရှာပေးလို့ရတယ်။ အဲ့ကောင်မလေးကိုသာရှာနိုင်ပြီး ကျုပ်တို့နာမည်ကို ရှင်းလင်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ။ ဆေးပညာရှင်ရန်ကော ဘယ်လိုထင်လဲ” ထိုသို့ ပြောပြီးသည့် နောက်တွင် ကျန်းလင်သည် ရန်ကိုင့်အား စိုက်ကြည့်လာခဲ့ လေသည်။
ရန်ကိုင်က မျက်လုံးမှေးစင်းလျက် ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ “အဲ့လိုဆိုရင်တော့ ကျန်းမိသားစု ခေါင်းဆောင်ကိုပဲ ဒုက္ခပေးရတော့မှာပေါ့။ ကျန်းမိသားစုသာ အဲ့ကောင်မလေးကို အကောင်းအတိုင်းပြန်ခေါ်လာပေးနိုင်မယ် ဆိုရင် ဒီရန် ကျန်းမိသားစုအတွက် တစ်လတိတိ ဆေးဖော်စပ်ပေးမယ်။ ကျုပ်ပြောဖို့မေ့နေတာတစ်ချက် ရှိသေးတယ်။ ဒီရန်က အခုတန်ခိုးရှင်ဘုရင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦးဖြစ်နေပြီ။ ကျုပ်သာ ကံကောင်းမယ် ဆိုရင် တာအိုသခင်အဆင့်ဆေးလုံးတွေ ဖော်စပ်ဖို့ ဒီလောက်ခက်မှာမဟုတ်ဘူး”
ထိုနေ့က တာအိုသခင်အဆင့်ဆေးလုံးကို ဖော်စပ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် တာအိုသခင်အဆင့် ဆေးပညာရှင်တစ်ဦးဖြစ်နေခဲ့လေပြီ။
သို့သော်ငြား ကြယ်တာရာအစုအဝေးထဲတွင်ပင် တာအိုသခင်အဆင့် ဆေးပညာရှင်များမှာ အလွန်ကိုမှ ရှားပါးသည့်အတွက် သူသည်တာအိုသခင်အဆင့် ဆေးပညာရှင် တစ်ဦးဖြစ်နေကြောင်းကို ရန်ကိုင်ထုတ်ပြောလိမ့်မည် မဟုတ်ပေ။
သူမျှော်လင့်ထားသည့်အတိုင်းပင် ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက် ကျန်းမိသားစုဝင်များ အလွန်ကိုမှ စိတ်လှုပ်ရှားလာခဲ့ကြလေသည်။
“တန်ခိုးရှင်ဘုရင်အဆင့်မြင့်ဆေးပညာရှင်လား”
“တစ်လတောင် ဆေးဖော်စပ်ပေးမှာလား”
ကျန်းလင်၏အကြည့်သည်ပင်လျှင် မီးတောက်လာခဲ့လေ၏။ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာအတွက် အလုပ်လုပ်ပေးနေသော ဆေးပညာရှင်များသည် အနည်းဆုံး တန်ခိုးရှင်ဘုရင်အဆင့် ဆေးပညာရှင်များဖြစ်လိမ့်မည်မှန်းသိထားသော်ငြား ရန်ကိုင်သည် တစ်ကယ်ကြီး တန်ခိုးရှင်ဘုရင်အဆင့်မြင့် ဆေးပညာရှင်တစ်ဦးဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤကဲ့သို့သော ဆေးပညာရှင်တစ်ဦးသည် မည်သည့် မိသားစုအတွက်မဆို အလွန်ကိုမှအဖိုးတန်ပေသည်။ သူသာ ရန်ကိုင်နှင့်ဆက်ဆံရေးကောင်းတစ်ခု ထူထောင်နိုင်မည်ဆိုပါက သူတို့မိသားစုတိုးတက်ရေးအတွက် အလွန်ကိုမှအကျိုးရှိ ပေလိမ့်မည်။
ရန်ကိုင်သာ တာအိုသခင်အဆင့်သို့ ရောက်သွားမည် ဆိုလျှင်တော့ ကျန်းမိသားစုအနေဖြင့် သူ့အား ဆက်ဆွဲခေါ်ထားနိုင်တော့လိမ့်မည်မဟုတ်ပေ။
ချက်ချင်းဆိုသလို ကျန်းလင်နှင့် ကျန်းမိသားစုအကြီးအကဲတို့၏ အသက်ရှူသံများ မြန်ဆန်လာခဲ့လေသည်။
“ဒါပေမယ့် အဲ့ကောင်မလေးသာ တစ်ခုခုဖြစ်နေအုံးမယ် ဆိုရင်တော့ ဟင်း…ဟင်း…ဟင်း။ သူ့ကို အဲ့လိုလုပ်တဲ့ ဘယ်သူမဆို ငြိမ်းငြိမ်းချမ်းချမ်းနေလို့မရအောင် လုပ်ပေးပစ်လိုက်မယ်” သူ့စကားဆုံးသွားသည့်နောက်တွင် ကျန်းမိသားစုဝင်များ၏ အမူအယာ ရုတ်ခြည်းအေးစက် ခက်ထန်သွားခဲ့လေသည်။
ကျန်းလင်၏မျက်နှာသည်လည်း အနည်းငယ်မဲ့သွားခဲ့၏။ သို့သော်ငြား နောက်ဆုံးတွင် ပြုံးလျက်ပြန်ပြောလိုက်လေ သည်။ “အဲ့ကောင်မလေးကို ခေါ်သွားတဲ့လူသာ ဆေးပညာရှင်ရန်နဲ့ ထူးထူးခြားခြား ဆက်ဆံရေးကိုသိရင် ကျိန်းသေသူ့ကိုဘာမှလုပ်ရဲမှာ မဟုတ်ဘူး။ တလေးတစားနဲ့တောင် ဆက်ဆံပေးအုံးမှာ”
“အဲ့လို မျှော်လင့်ရတာပဲ” ရန်ကိုင်က ခေါင်းငြိမ့်လိုက် လေသည်။ ထိုသို့ပြောပြီးသည့်နောက်တွင် ထရပ်၍ လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ “အကုန်လုံးကို ဒီအချိန်ကြီးကျမှ နှောက်ယှက်မိလို့ တောင်းပန်ပါတယ်။ ဒီရန်သွားလိုက်ပါအုံးမယ်။ လိုက်ပို့စရာမလိုတော့ဘူးနော်”
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီကို အချက်ပြလိုက်ပြီးနောက် နှစ်ဦးသား ကျန်းမိသားစု၏ ဧည့်ခန်းထဲမှ အလျင်အမြန်ထွက်ခွာလာခဲ့လေသည်။
သူတို့ထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် ဧည့်ခန်းထဲရှိ အခြေအနေမှာ အနည်းငယ်လေးနက်သွားခဲ့သည်။ မည်သူမှ စကားတစ်လုံးမှမထွက်ကြ။
ကျန်းမိသားစု၏ အကြီးအကဲများသည် တစ်ဦးကို တစ်ဦးသာ လှည့်ပတ်ကြည့်နေကြလေသည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၃)
အတော်ကြာပြီးသည့်နောက်တွင် တစ်စုံတစ်ဦးမှ ဒေါသတကြီးထအော်လေသည်။ “အဲ့ကောင် အရမ်းမောက်မာလွန်းတယ်။ ကျန်းမိသားစုကို ဘာမှတ်နေလဲ မသိဘူး”
ပြောလိုက်သည့်လူမှာ ကျန်းချူဟဲမှလွဲ၍ အခြားမဟုတ်ချေ။ ရန်ကိုင်နှင့် နဂါးပျံယဇ်ပုလ္လင်တွင် တွေ့ခဲ့စဉ်က သူတို့နှစ်ဦးစလုံးသည် အဆင့်တူ ကျင့်ကြံသူများသာ ဖြစ်ကြပေသေးသည်။
သို့သော်ငြား နောက်တစ်ကြိမ်ပြန်တွေ့သည့် အခါတွင်တော့ ထိုလူသည် သူတို့၏မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများပင်လျှင် မလေးမစားမလုပ်ရဲသည့် ဆေးပညာရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
သူ့အနေဖြင့် စကားဝိုင်းထဲတွင် ဝင်မပြောနိုင်ခဲ့ပေ။ နှစ်ဦးသား၏အဆင့်အတန်းကွာခြားမှုမှာ အလွန်ကိုမှ ကြီးမားလွန်းလှသည်။
ထို့အပြင် တစ်ဖက်လူသည် ကျန်းမိသားစုဆီသို့ ရောက်လာကတည်းက သူ့အားတစ်ချက်ပင် ကြည့်မသွားခဲ့။ တစ်ဖက်လူ၏အပြုအမူသည် သူ့အား မျက်လုံးထဲမထည့်ဟု ပြောလိုက်ခြင်းနှင့်အတူတူပင် ဖြစ်လေသည်။
“ဟုတ်တယ်။ အဲ့တာတင်မကသေးဘူး။ ငါတို့ကိုပါ ခြိမ်းခြောက်သွားတာ။ တစ်ကယ်မုန်းဖို့ကောင်းလွန်းတယ်” အစောပိုင်းက စကားပြောလိုက်သောအကြီးအကဲက မှုန်ကုပ်ကုပ်အမူအယာဖြင့် ပြောလိုက်လေသည်။
ကျန်းလင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် ထူးမခြားနားဟန်ဖြင့် အမိန့်ပေးလိုက်လေ သည်။ “ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး။ မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့”
ပြောပြီးသည်နှင့်ထပ်ရပ်ကာ ထွက်သွားလေ၏။ အခြားသူများသည်လည်း သူ့နောက်မှ လိုက်သွားကြလေသည်။
ခဏအကြာတွင် အကုန်လုံးသည် ကျန်းမိသားစု၏ လျှို့ဝှက်ခန်းတစ်ခန်းဆီသို့ ရောက်လာကြလေသည်။ ကျန်းလင်သည် အကုန်လုံးအား ဝေ့ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။ “အကြီးအကဲတို့ ဆေးပညာရှင်ရန်ရှာနေတဲ့ မိန်းကလေးက အဲ့နေရာမှာလား”
ထိုစကားကိုကြားသည့်အခါ အကြီးအကဲတစ်ဦးက သက်ပြင်းချ၍ ပြောလိုက်လေသည်။ “သူက သူတော်စင်ဘုရင်ဒုတိယအဆင့်အထွဋ်အထိပ်မှာပဲရှိသေးတာ ဆိုတော့ အဲ့နေရာမှာဖြစ်လောက်တယ်။ ခေါင်းဆောင်လည်း သိတာပဲ။ ကျုပ်တို့ရှာနေတဲ့လူတွေအကုန်လုံးက အဲ့အဆင့်လောက်မှာပဲလေ။ ဆေးပညာရှင်ရန်ရဲ့မိတ်ဆွေလည်း အဲ့နေရာကို ခေါ်သွားခံရလောက်တယ်”
အခြားအကြီးအကဲက ထရပ်၍ လက်သီးဆုပ်ကာ ပြောလိုက်သည်။ “သူက အဲ့မှာပဲ”
ထိုစကားကိုကြားသည့်အခါ ကျန်းလင်သည် ထိုအကြီးအကဲအား ကြည့်၍မေးလိုက်လေသည်။ “ဒီတော့ အဲ့ကောင်မလေးက အဲ့ကိုပို့ခံလိုက်ရတာပေါ့”
“ဟုတ်တယ်” ထိုအကြီးအကဲက ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ “အဲ့ကောင်မလေး မြို့ထဲမှာ တစ်ယောက်တည်း တောက်လျှောက် အကြာကြီး ရပ်နေတာကို ကျုပ်တို့ တပည့်နှစ်ယောက်က မြင်သွားတော့ သူ့မှာ ဘာနောက်ခံမှ မရှိဘူး ထင်သွားတာ။ လိုက်စုံစမ်းကြည့်တော့လည်း သူ့မှာ ဘာနောက်ခံမှ မရှိဘူး၊ ဘယ်သူမှ သူ့ကို မသိကြဘူးဆိုလို့ ကျုပ်တို့ လူတွေလည်း သူ့ကို ခေါ်ပြီး အခြားလူတွေနဲ့အတူ မိုင်းတွင်းဆီ ပို့လိုက်တာ”
ခဏမျှရပ်ပြီးနောက်တွင် အကြီးအကဲက ခေါင်းကိုက်ချင်နေဟန်ဖြင့် ဆက်ပြောလိုက်လေသည်။ “ဒါပေမယ့်သူက ဆေးပညာရှင်ရန်ရဲ့ အသိတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားမိလိုက်ဘူး။ ကြည့်ရတာ အဲ့ကောင်မလေး တောက်လျှောက်စောင့်နေတဲ့ လူက ဆေးပညာရှင်ရန်ပဲဖြစ်လောက်တယ်။ ဒီအကြောင်းကိုသာသိခဲ့ရင် ကျုပ်သူ့ကို ဘယ်တော့မှ အဲ့မိုင်းတွင်းဆီ ပို့လိုက်မှာမဟုတ်ဘူး။ ဒါပေမယ့် ပို့ပြီးသွားပြီ ဆိုမှတော့ ကျုပ်တို့အခုဘာလုပ်သင့်လဲ”
အချို့လူများမှာ အလွန်ကိုမှ မကျေမနပ်ဖြစ်နေကြသည်။ “ပြန်ခေါ်ပြီး ဆေးပညာရှင်ရန် လက်ထဲထည့်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အဲ့မိုင်းတွင်းကထွက်တဲ့ သတ္ထုတွေက အရမ်းရှားပါးပြီး ထူးခြားတာ။ ကျုပ်တို့ကျန်းမိသားစု တိုးတက်လာဖို့က အဲ့မိုင်းတွင်းအပေါ်ပဲ မူတည်တယ်။ မိုင်းတွင်းအကြောင်းသာ သတင်းပြန့်သွားရင် တစ်ကယ်ကို ပြဿနာတက်မှာ။ ပြီးတော့ သူ့ကိုပြန်ခေါ်လာမယ်ဆိုရင် မိုင်းတွင်းအကြောင်းကို လုံးဝဖုံးကွယ်ထားလို့ရတော့မှာ မဟုတ်ဘူး။ မြို့သခင်သာ အဲ့အကြောင်းကိုသိသွားခဲ့ရင် ကျုပ်တို့ကျန်းမိသားစုတော့ ပြဿနာတက်ပြီ”
“ပြန်ခေါ်လာလို့မရဘူးဆိုမှတော့” အခြားတစ်ယောက်က အေးစက်စက်လေသံဖြင့် ဝင်ပြောလိုက်လေသည်။ အကုန်လုံး၏အကြည့်သည် ကျန်းလင်ဆီသို့ ရောက်လာခဲ့သည်။
ကျန်းလင်သည်လည်း ခေါင်းကိုက်ချင်နေခဲ့လေသည်။ ကျန်းရို့ရှီကိုသာ လုံလုံခြုံခြုံနှင့်ပြန်ခေါ်လာနိုင်ပေးမည်ဆိုပါက ကျန်းမိသားစုအတွက် တစ်လတိတိဆေးဖော်စပ်ပေးမည်ဟု ရန်ကိုင်မှ ပြောဆိုခဲ့သည်။
ယခုထိုအခွင့်အရေးအား လက်လွှတ်လိုက်ရတော့မည် ဖြစ်သည့်အတွက်ကြောင့် ကျန်းလင်မှာ အလွန်ကိုမှ စိတ်ညစ်နေခဲ့လေသည်။
“ခေါင်းဆောင်။ လွန်ဆွဲနေလို့မဖြစ်ဘူးနော်။ ရန်ကိုင် ကိုယ်တိုင်က ပြောထားပြီးသား။ အဲ့ကောင်မလေးပေါ်မှာ ခြေရာခံအမှတ်အသား ထည့်ထားတယ်တဲ့။ သူသာ အဲ့ကောင်မလေးနဲ့ ခပ်ဝေးဝေးမှာရှိမနေခဲ့ရင် ကျိန်းသေ သူ့နေရာကို အာရုံခံလို့ရသွားလိမ့်မယ်။ သူသာ အဲ့ကောင်မလေး တည်နေရာကို သိသွားပြီဆိုတာနဲ့ မိုင်းတွင်းလျှို့ဝှက်ချက်လည်း ပြန့်သွားပြီပဲ။ မိုင်းတွင်းနဲ့ယှဉ်လိုက်ရင် သူဆေးဖော်စပ် ပေးမယ့်တစ်လဆိုတာက ဘာမှမဟုတ်တော့ဘူး။ ပြီးတော့ ဒီကိစ္စက မြို့သခင်စံအိမ်နဲ့လည်း ပတ်သက်နေသေးတယ်။ မြို့သခင်စံအိမ်သာ အဲ့အကြောင်းကို သိသွားရင် ကျုပ်တို့ ကျန်းမိသားစု မေပယ်မြို့ထဲမှာ ဆက်ပြီးနေလို့ရတော့မှာ မဟုတ်တော့ဘူး”
“ဟုတ်တယ် ခေါင်းဆောင်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ပြီးတုန့်ဆိုင်းနေလို့မဖြစ်ဘူးနော်” အကုန်လုံးက ထိုကဲ့သို့ ပြောနေသဖြင့် ကျန်းလင်လည်း သက်ပြင်းချရုံသာ တတ်နိုင်တော့လေသည်။
နောက်ဆုံးတွင် ဆုံးဖြတ်ပြီးသည့်အလား အခြားသော အကြီးအကဲတစ်ဦးဘက်သို့လှည့်၍ အမိန့်ပေးလိုက်လေ၏။ “ငါးယောက်မြောက်အကြီးအကဲ ဒီကိစ္စကို ခင်ဗျားဆီပဲ အပ်လိုက်တော့မယ်။ သေသေချာချာလေး လုပ်လိုက်နော်”
ငါးယောက်မြောက်အကြီးအကဲသည် ချက်ချင်းပဲ လက်သီးဆုပ်၍ ပြောလိုက်လေ၏။ “ခေါင်းဆောင် စိတ်ပူနေစရာမလိုပါဘူး။ ဒီကိစ္စကို ကျုပ်သေချာ ကိုင်တွယ်လိုက်ပါ့မယ်”
“ခင်ဗျားတို့အားလုံး သွားလို့ရပြီ” ကျန်းလင်က လက်ဝှေ့ယမ်း၍ “အခုလောလောဆယ်တော့ ဘယ်သူမှ မိုင်းတွင်းနားကို မသွားနဲ့အုံး။ လှုပ်ရှားမယ်ဆိုရင်လည်း သေသေချာချာ သတိထားလှုပ်ရှားဖို့ အကုန်လုံးကို သတိပေးထားလိုက်အုံး။ ဆေးပညာရှင်ရန်က ကျုပ်တို့ကို စောင့်ကြည့်နေမှာ”
“ဟုတ်ကဲ့” အကုန်လုံးချက်ချင်းပဲ သဘောတူလိုက်လေ သည်။
ကျန်းမိသားစုမှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင် အတွေးနက်နေခဲ့သည်။ မိုရှောင်ချီက ပြောလိုက်သည်။ “အဲ့ကျန်းမိသားစုဝင်တွေနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ငါခံစားနေရတယ်။ ညီမရို့ရှီ သူတို့နဲ့အတူရှိလောက်တယ်”
“နင်မှန်ရင်မှန်လောက်တယ်” စကားပြောနေစဉ်အတွင်း ကျန်းမိသားစုဝင်အကြီးအကဲတစ်ဦး၏ အမူအယာ ပြောင်းလဲသွားသည်ကို ရန်ကိုင်ပြန်အမှတ်ရလိုက်လေသည်။
“ဒါပေမယ့် ပြဿနာက သူကျန်းမိသားစုထဲမှာ ရှိမနေတာပဲ။ ဒါဆို သူဘယ်မှာရှိနေမှာလဲ။ ကျန်းမိသားစု ကကော ဘာလို့ သူ့ကိုဖွက်ထားရတာလဲ” ရန်ကိုင်လုံးဝ နားမလည်နိုင်ချေ။
ထိုအကြောင်းကို စဉ်းစားနေစဉ် မိုရှောင်ချီသည် အကြံတစ်ခုရသွားသည့်အလား ရုတ်တရက်မေးလိုက်လေ၏။ “ဒါနဲ့ အစ်ကိုရန်မှာ ညီမရို့ရှီသုံးသွားတဲ့ပစ္စည်းတွေရှိလား”
“သူသုံးသွားတာ” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် “နင်ဘာလုပ်ချင်လို့လဲ”
“သူအသုံးပြုခဲ့တဲ့ပစ္စည်းတစ်ခုခုသာ ရှိမယ်ဆိုရင် သူ့ရဲ့ တည်နေရာကို အာရုံခံလို့ရလောက်တယ်။ ခြေရာကောက်လို့ ရလောက်တယ်”
“တစ်ကယ်လား” ရန်ကိုင်ပျော်သွားလေသည်။
“ဟုတ်တယ်။ ဒါပေမယ့် သူ့အရှိန်အဝါပါတဲ့ ပစ္စည်းတစ်ခုခုမှနော်။ သူအနည်းဆုံးတစ်ကြိမ်လောက် သုံးထားတဲ့ ပစ္စည်းတွေဆို အကောင်းဆုံးပဲ။ ဥပမာ သူဝတ်တဲ့ အဝတ်တွေတို့၊ ခေါင်းဖြီးတဲ့ ဘီးတွေတို့ပေါ့” မိုရှောင်ချီက ပြောလိုက်သည်။
“ငါ့မှာ အဲ့လိုဟာတွေတော့မရှိဘူး။ ဒါပေမယ့်..”
“ဒါပေမယ့် ဘာလဲ”
“အဲ့ဒါတွေရှိမယ့်နေရာတစ်ခုကိုတော့ ငါသိတယ်” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီအား လက်ယပ်ခေါ်လိုက်လေသည်။ “ငါ့နောက်လိုက်ခဲ့”
ပြောပြီးသည်နှင့် မိုရှောင်ချီအား အရင်းအမြစ်ချီဖြင့် ရစ်ပတ်ကာ တစ်ခုသောဘက်ဆီသို့ လျင်မြန်စွာ ပျံထွက်သွားလေ၏။
ရန်ကိုင်မှ သူ၏အရင်းအမြစ်ချီကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် မိုရှောင်ချီလည်းအချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည်။
ရန်ကိုင့်အား အံ့အားသင့်တကြီးစိုက်ကြည့်ရင်း မေးလိုက်လေသည်။ “အစ်ကိုရန် တာအိုသခင်အဆင့်ကို ရောက်သွားတာလား”
အစောပိုင်းက ရန်ကိုင့်၏ကျင့်ကြံခြင်းအား သေချာ သတိမပြုမိလိုက်သည့်အတွက် ရန်ကိုင်အဆင့်တက်လို့ တက်သွားမှန်းမသိခဲ့ပေ။
ရန်ကိုင်က ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ “ဒီတစ်ခေါက် ခရီးထွက်နေတုန်း ကံကောင်းပြီးတော့ တစ်ခါတည်း အဆင့်ချိုးဖြတ်သွားတာလေ”
“မိုက်လိုက်တာ” မိုရှောင်ချီက လေးစားအားကျနေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြော၏။ “တာအိုသခင်အဆင့် ဆိုတာ ဘာမှမဟုတ်ဘူး။ နင်လည်းမကြာခင် အဲ့အဆင့်ကို ရောက်မှာပဲ”
ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီသည် သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိသည့်အလား ရယ်မောလိုက်လေသည်။
ခဏအကြာတွင် ရန်ကိုင်သည် မိုရှောင်ချီအား မေပယ်မြို့ဆီမှ မိုင်သုံးရာခန့်ဝေးကွာသော ခြံဝန်းတစ်ခုဆီသို့ ခေါ်လာခဲ့လေ၏။ ဤနေရာသည် ကျန်းမိသားစု၏ခြံဝန်းသာ ဖြစ်လေသည်။
ရန်ကိုင့်တွင် ကျန်းရို့ရှီအသုံးပြုသည့် မည်သည့်ပစ္စည်းမှ မရှိသော်ငြား ကျန်းမိသားစုတွင်တော့ အနည်းဆုံးတစ်ခုလောက် ကျိန်းသေရှိပေသည်။
မိုရှောင်ချီအား အပြင်တွင်စောင့်နေရန် ပြောပြီးသည့် နောက်တွင် ကျန်းမိသားစုထဲသို့ ခိုးဝင်လာခဲ့သည်။ သူရောက်နေကြောင်းကို ကျန်းမိသားစုမှ အဖွားအိုနှင့် အမျိုးသမီးတို့ သိသွား၍မဖြစ်ပေ။
ဤကိစ္စသည် ကျန်းရို့ရှီ၏လုံခြုံရေးနှင့်ပတ်သက်နေသည့် အတွက် တစ်ဖက်လူအား စိတ်ပူအောင်မလုပ်ချင်ပေ။
ကျန်းမိသားစုသည် ငြိမ်းငြိမ်းချမ်းချမ်းသာရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ခြံဝန်းထဲတွင် ခင်းကျင်းထားသည့် အစီအရင်များ၊ ထောင်ချောက်များစွာ ရှိနေသော်ငြား မိသားစုငယ်လေးတစ်ခု၏ အစီအရင်များသည် ရန်ကိုင့်အား မည်ကဲ့သို့များ တားဆီးနိုင်ပါမည်နည်း။
ထို့အပြင် တာအိုသခင်အဆင့်သို့ ရောက်လာပြီးသည့် နောက်တွင် သူ့ကောင်းကင်စိတ်အာရုံမှာ အလွန်ကိုမှ အားကောင်းလာခဲ့ရသည်။
ထိုအစီအရင်များကို အလွယ်တကူရှောင်တိမ်း၍ ကျန်းရို့ရှီနေထိုင်သည့် အခန်းဆီသို့ လျင်မြန်စွာ အလွယ်တကူရောက်လာနိုင်ခဲ့သည်။
ဘယ်ညာလှည့်ပတ်ကြည့်ပြီးသည့်နောက်တွင် ကျန်းရို့ရှိ၏အခန်းမှာ သန့်ရှင်းနေကြောင်း တွေ့လိုက်ရသည်။ တစ်ယောက်ယောက်သည် ဤနေရာအား ပုံမှန်လာရောက် သန့်ရှင်းရေးလုပ်ပေးနေသည့်ပုံပင်။
ထို့အပြင် ကျန်းရို့ရှီအိပ်စက်နေကျ ခုတင်ပေါ်တွင် သပ်ရပ်စွာခေါက်ထားသည့် အဝတ်ပုံတစ်ပုံရှိနေခဲ့လေ၏။
“ဒါ ကျန်းရို့ရှီဝတ်တဲ့ဟာတွေဖြစ်လောက်တယ်” ရန်ကိုင်သည် ဘာကိုမှသေချာစစ်ဆေးမနေတော့ဘဲ ထိုအဝတ်အစားထဲမှ အနည်းငယ်ကို ကောက်ယူ၍ ကျန်းမိသားစု၏ခြံဝန်းထဲမှ လျင်မြန်စွာ ပြန်လည်ထွက်ခွာ လာခဲ့သည်။
သူယူလာသည့် အဝတ်အစားအချို့ကို မိုရှောင်ချီ လက်ထဲသို့ ထည့်ပေးလိုက်လေ၏။ “ဒါဆို အဆင်ပြေလား”
မိုရှောင်ချီသည် ရန်ကိုင်ပေးလာသည့် အဝတ်အစားများထဲမှ အပေါ်ဆုံးတစ်ထည်ကို ကောက်ယူပြီး ဖြန့်ကြည့်လိုက်သည်။
ထို့နောက်တွင် မိုရှောင်ချီ၏မျက်နှာလှလှလေး ချက်ချင်းရဲတက်လာခဲ့ပြီး ရန်ကိုင့်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။
ရန်ကိုင်သည်လည်း မှင်သက်အံ့ဩနေခဲ့သည်။ ချက်ချင်းပဲ ထိုအဝတ်ဆီမှ သူ့အကြည့်ကို ရုတ်သိမ်းလျက် ရှက်ရှက်ဖြင့် ရှင်းပြလိုက်လေ၏။ “ဘာမှမစစ်ဆေးဘဲနဲ့ ဒီအတိုင်းကောက်ယူလာလိုက်တာ”
ယခုမှပဲ သူယူလာသည့်အဝတ်အစားအားလုံးသည် အတွင်းခံများဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ ရန်ကိုင့်ကဲ့သို့ အရေထူသည့်လူတစ်ဦးပင်လျှင် ဤအဖြစ်အပျက်ကြောင့် မရှက်ဘဲမနေနိုင်ခဲ့ပေ။
မိုရှောင်ချီသည် ရှက်ရှက်ဖြင့် ခြေဆောင့်ပြီးနောက် လက်ကျန်အဝတ်အစားအားလုံးကို သိမ်းဆည်းထားလိုက် သည်။
ထို့နောက် ရန်ကိုင့်ဘက်သို့ ပြန်လှည့်၍ သူမခါးရှိ အိတ်လေးတစ်လုံးကို ပုတ်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်မြင်ဖူးနေကျ အာကာယံလင်းဆွဲဖြစ်သည့် ရှောင်ဖု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
လင်းဆွဲလေးသည် မိုရှောင်ချီပတ်ပတ်လည်တွင် လှည့်ပတ်ပျံသန်းနေပြီးနောက် သူမပုခုံးထက် အသာအယာ ဆင်းသက်လိုက်သည်။
မိုရှောင်ချီ၏မျက်နှာမှာမူ ထူးထူးခြားခြားကို တည်ငြိမ် လေးနက်နေခဲ့သည်။ လက်ကွက်အချို့ကို ဖန်တီးလိုက်ပြီးနောက် ဘာမှန်းမသိသော အကြောင်းအရာ အချို့ကို ရေရွတ်လိုက်၏။
ထို့နောက် လက်ချောင်းထိပ်ကို ကိုက်ဖောက်၍ ကျန်းရို့ရှီ၏အတွင်းခံပေါ်တွင် ထူးခြားဆန်းပြားသည့် အစီအရင်တစ်ခုကို ရေးဆွဲလိုက်လေသည်။ ထို့နောက် သွေးစွန်းနေသည့်သူမ၏လက်ချောင်းအား ရှောင်ဖု၏ နဖူးပေါ် တင်လိုက်သည်။
ရုတ်တရက်ဆိုသလို အတွင်းခံပေါ်တွင်ရှိနေသော အစီအရင်သည် လေပေါ်သို့ ပျံတက်လာပြီး အာကာရံလင်းဆွဲ၏နဖူးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ လေသည်။
ထို့နောက်တွင် အာကာယံလင်းဆွဲသည် စတင် နှာခေါင်းတရှုံ့ရှုံ့လုပ်တော့၏။ ထို့နောက် ၎င်း၏တောင်ပံ များကိုဖြန့်၍ တစ်ခုသောဘက်ဆီသို့ ပျံသန်းသွားလေ၏။
“သူ့နောက်လိုက်” ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် မိုရှောင်ချီသည် အတွင်းခံကိုသုံးကာ အာကာရံလင်းဆွဲ နောက်သို့ အလျင်စလိုပြေးလိုက်လေသည်။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်သည်လည်း တုန့်ဆိုင်းမနေဘဲ အာကာယံလင်းဆွဲနောက်သို့ အလျင်စလို လိုက်သွားလေ၏။
မေပယ်မြို့မှ မိုင်နှစ်ထောင်ခန့်အကွာတွင် ခြောက်ကပ်နေသည့်တောင်တစ်လုံးရှိနေခဲ့လေသည်။ ထိုတောင်မှာ အလွန်ကိုမှ ခြောက်ကပ်ခေါင်သီကာ မြက်ပင် တစ်ပင်ပင် ပေါက်ရောက်နေခြင်းမရှိ။
ထို့အပြင် ဤနေရာရှိ မိုးမြေစွမ်းအင်မှာလည်း အလွန်ကိုမှ ကျဲပါးလှပေသည်။ ဤနေရာတွင် မည်သည့် ကျင့်ကြံသူမှ မနေနိုင်ကြပေ။
သို့ရာတွင် တောင်အနီးတွင်တော့ ရွာငယ်လေးတစ်ရွာ ရှိနေခဲ့၏။ ထိုရွာငယ်လေးတွင် နေထိုင်သည့်လူများမှာ ကျင့်ကြံသူများမဟုတ်ကြဘဲ သာမန်လူများသာဖြစ်ကြ၏။
မိုးမြေစွမ်းအင် အလွန်ကျဲပါးသလို တောင်ကိုယ်တိုင် ကလည်း အလွန်ကိုမှခေါင်သည့်အတွက် မည်သည့်မွန်းစတားသရဲမှ ဤနေရာတွင် မနေထိုင်ကြ။
ထို့အပြင်ဤတောင်သည် မေပယ်မြို့နှင့်နီးသည့်အတွက် သာမန်လူများပင်လျှင် ဤနေရာ၌ အသက်ရှင်နေထိုင် အလုပ်လုပ်နိုင်ကြပေသည်။
ဤခေါင်သည့်တောင်ပေါ်ရှိ လှိုဏ်ဂူတစ်လုံးထဲတွင် ကျင့်ကြံသူနှစ်ဦး တင်ပုလ္လင်ခွေထိုင်နေခဲ့ကြလေသည်။ ရုတ်တရက် ဝတ်ရုံဖြူကို ဝတ်ထားသည့်လူတစ်ဦးသည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား အလျင်စလို မျက်လုံးဖွင့်ကာ ဆက်သွယ်ရေးမှော်ရတနာကို ထုတ်ယူလိုက်သည်။
ထိုမှော်ရတနာထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်ပြီးသည့်နောက် အံ့အားသင့်နေသည့် အမူအယာဖြင့် ထအော်လေ၏။
“မိသားစုက ဘာအမိန့်တွေပေးလိုက်လို့လဲ” အခြား တစ်ယောက်က မျက်လုံးဖွင့်၍ မေးလိုက်သည်။
ဝတ်ရုံဖြူနှင့်လူက သိပ်နားမလည်နိုင်သည့်အမူအယာဖြင့် “လွန်ခဲ့တဲ့ တစ်လတုန်းက ခေါ်လာတဲ့ ကောင်မလေးကို ရှင်းပစ်ဖို့ ငါးယောက်မြောက် အကြီးအကဲက ပြောလာတယ်”
“အဲ့ကောင်မလေးလား” တစ်ဖက်လူလည်း မျက်မှောင် ကြုတ်သွားပြီး သင်္ကာမကင်းအမူအယာဖြင့် ပြန်မေးလိုက် လေသည်။ “သူတို့ဘာလို့ဒီလိုလုပ်တာလဲ။ အဲ့ကောင်မလေးနဲ့ ပတ်သက်ပြီး ထူးခြားတာရှိလို့လား”
“ငါလည်းမသိဘူး။ ငါးယောက်မြောက်အကြီးအကဲက အဲ့ဒါနဲ့ပတ်သက်ပြီး ဘာမှမပြောလိုက်ဘူး” အဖြူရောင်ဝတ်ရုံ ဝတ်ထားသည့်လူက ပြန်ပြောလိုက်၏။
“သိသိမသိသိ ငါးယောက်မြောက်အကြီးအကဲက အမိန့်ဆိုတော့ မြန်မြန်သွားလုပ်လိုက်တာကောင်းမယ်။ ငါဒီမှာစောင့်ကြည့်ထားပေးမယ်” တစ်ဖက်လူက ပြန်ပြောလိုက်သည်။
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၄)
အနည်းအကျဉ်းဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် အဖြူရောင်ဝတ်စုံနှင့်လူသည် ချက်ချင်းပဲ လှိုဏ်ဂူထဲသို့ ဝင်သွားပြီး အစီအရင်ပေါ်တွင် ရပ်လိုက်လေသည်။
ထို့နောက် အရင်းအမြစ်ကျောက်အနည်းငယ်ကို ထုတ်ကာ အစီအရင်ပတ်လည်ရှိ မြောင်းငယ်လေးများထဲသို့ ထည့်လိုက်သည်။
ထိုသို့လုပ်ပြီးနောက် လက်ကွက်တစ်ခုဖန်တီးလိုက်ရာ အစီအရင်မှာ စတင်အသက်ဝင်လာခဲ့လေသည်။ ခဏအကြာတွင် တဝီဝီမြည်သံနှင့်အတူ အဖြူရောင်ဝတ်ရုံနှင့်လူ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချင်းအရာကိုမြင်သည့်အခါ အခြားသော ကျန်းမိသားစုဝင်ကျင့်ကြံသူသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မျက်လုံးပြန်ပိတ်ကာ တင်ပုလ္လင်ခွေ ထိုင်နေလေ၏။
အမွှေးတိုင်တစ်ချောင်းလောင်ကျွမ်းစာခန့် အချိန်ကြာပြီးသည့်နောက်တွင် သားရဲလေးတစ်ကောင်သည် လှိုဏ်ဂူနှင့်သုံးမိုင်ခန့်အကွာတွင်ရှိသော တောင်ပူစာ တစ်ခုဆီသို့ ရုတ်တရက်ရောက်လာခဲ့လေသည်။ ထိုသားရဲလေးနှင့်အတူ မိုရှောင်ချီနှင့်ရန်ကိုင်တို့ပါ ပေါ်လာခဲ့သည်။
သားရဲလေးသည် နှာခေါင်းတရှုံ့ရှုံ့လုပ်ပြီးနောက် ချက်ချင်းပဲ စူးစူးရှရှအော်မြည်တော့လေ၏။ မိုရှောင်ချီသည် မျက်မှောင်ကြုတ်လျက် သားရဲလေး၏အော်သံကို နားထောင်နေပြီးနောက် ရန်ကိုင့်ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “အစ်ကိုရန် ရို့ရှီရဲ့အရှိန်အဝါက အဲ့လှိုဏ်ဂူထဲမှာ ပျောက်သွားတယ်လို့ ရှောင်ဖုက ပြောတယ်”
ထိုစကားကိုကြားသည့်အခါ ရန်ကိုင့်၏မျက်နှာအေးစက် သွားခဲ့လေသည်။ ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ခဏအကြာ၌ အံ့အားသင့်တကြီး ထအော်လေ၏။ “ဟင်းလင်းပြင်အစီအရင်လား”
“လှိုဏ်ဂူထဲမှာ ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိနေတာလား” မိုရှောင်ချီသည် ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လိုက်သည်။
ရန်ကိုင်က ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည်။ “ဟုတ်တယ်။ အဲ့ဟင်းလင်းပြင် အစီအရင်ကို ကြည့်ရတာ သုံးထားတာ သိပ်မကြာသေးတဲ့ပုံပဲ... ဟင်းလင်းပြင်စွမ်းအင် အငွေ့အသက်တွေကို ငါခံစားနေရတယ်။ ပြီးတော့ အဲ့အစီအရင်ကို စောင့်ကြပ်နေတဲ့ လူတစ်ယောက်လည်း ရှိနေသေးတယ်... ကြည့်ရတာ ငါတို့ နေရာမှန်ကို ရောက်လာတဲ့ပုံပဲ”
“ဒါဆို သွားကြမလား” မိုရှောင်ချီက မေးလိုက်သည်။
“သွားတာပေါ့” ရန်ကိုင်က ခေါင်းငြိမ့်လိုက်လေသည်။
သို့သော်လည်း ထိုစဉ်မှာပင် သူ့အမူအယာ ရုတ်တရက် ပြောင်းလဲသွားပြီး ထအော်လေ၏။ “သွားပြီ။ ရို့ရှီ ပြဿနာတက်နေလောက်ပြီ”
ယခုမှပဲ သူနားလည်သွားခဲ့သည်။ သူ ကျန်းမိသားစုအား ကျန်းရို့ရှီအကြောင်း သွားမေးထားသည်မှာ မကြာသေးချေ။ ထို့အပြင် တစ်ယောက်ယောက်သည် ထိုဟင်းလင်းပြင် အစီအရင်ကို အသုံးပြုထားခဲ့သည်။
ဤကဲ့သို့ဖြစ်ရသည်မှာ ကျန်းမိသားစုနှင့် ပတ်သက်နေလောက်ပေသည်။ ကျန်းမိသားစု၏ အကြီးပိုင်းအရာရှိများသည် ကျန်းရို့ရှီအား ရှင်း0020လါ့ငသ၀-စ်ရန် အကြောင်းကြားလိုက်ခြင်း ဖြစ်ရပေမည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သော် ရန်ကိုင် စတင်စိုးရိမ်လာခဲ့လေသည်။ ပုန်းနေရန်မစဉ်းစားတော့ဘဲ ချက်ချင်းပဲလှိုဏ်ဂူဆီသို့ ပြေးဝင်သွားလေ၏။
လှိုဏ်ဂူအား စောင့်ကြပ်နေသော ကျန်းမိသားစုဝင် ကျင့်ကြံသူမှာလည်း အလွန်ကိုမှ အာရုံခံကောင်းပေသည်။ ရန်ကိုင်လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း မျက်လုံးဖွင့်လာ၏။
အလင်းတန်းတစ်ခု သူ့ဆီအား အံ့အားသင့်ဖွယ်နှုန်းဖြင့် ပြေးဝင်လာသည်ကိုမြင်သော် သူ့အမူအရာအပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းပဲ သူတော်စင်ချီကို လှည့်ပတ်ကာ ခုခံရန် ပြင်ဆင်ထားလိုက်လေသည်။
သို့သော်ငြား ရန်ကိုင်၏အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ထိုကျင့်ကြံသူ၏အမူအယာ ရုတ်ခြည်းသွေးဆုတ်ဖြူလျော်သွားပြီး ကြောက်လန့်တကြား ထအော်လေ၏။ “တာအိုသခင်အဆင့်”
သူသည် မကြာသေးခင်ကမှ နယ်ပယ်စက်ကွင်းအား ဖန်တီးထားပြီးသော တန်ခိုးရှင်ဘုရင်ပထမအဆင့်ကျင့်ကြံသူ ဖြစ်သည်။ သူ့ခွန်အားလေးဖြင့် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးအား မည်ကဲ့သို့များ ခုခံနိုင်ပါမည်နည်း။
သူအော်ပြီးသည့်အချိန်တွင် ရန်ကိုင်သည် သူ့ရှေ့သို့ ရောက်လာခဲ့လေပြီ။ လက်တစ်ဖက်ကိုဆန့်ထုတ်၍ ကျန်းမိသားစုကျင့်ကြံသူ၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
အလွန်ပြင်းထန်သောအားတစ်ရပ် သူ့ကိုယ်ထဲသို့ ဝင်လာပြီး သူ့တစ်ကိုယ်လုံးလွင့်ပျံတက်သွားသည်ကို ကျန်းမိသားစုဝင်ကျင့်ကြံသူ ခံစားလိုက်ရလေသည်။ သွေးပွက်ပွက်အန်ထွက်ရင်း မြေပြင်နှင့်ဆောင့်ကာ တစ်ခါတည်းတန်းသတိလစ်သွားတော့သည်။
ကျန်းရို့ရှီနှင့်ကျန်းမိသားစုကြားကိစ္စကို သေချာ မဆုံးဖြတ်ရသေးခင်အထိ မည်သူ့ကိုမှ မဆင်မခြင် မသတ်ပစ်ချင်သည့်အတွက် ရန်ကိုင်သည် ထိုလူအား သတိလစ်အောင်သာ လုပ်ပစ်ခဲ့လေသည်။
သို့သော်လည်း သူ့လက်ဝါးစာမိပြီးနောက်တွင် တစ်ဖက်လူသည် ရက်ပေါင်းများစွာ သတိလစ်နေပေတော့မည်။
လှိုဏ်ဂူထဲသို့ ရောက်လာပြီးနောက်တွင် ရန်ကိုင်၏ အကြည့်သည် ဟင်းလင်းပြင်အစီအရင်ဆီသို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။ မိုရှောင်ချီသည်လည်း သူ့ဘေးသို့ ရောက်လာခဲ့လေသည်။
ခဏအကြာတွင် ရန်ကိုင်က အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်သည်။
“အစ်ကိုရန် တစ်ခုခုရှာတွေ့လို့လား” မိုရှောင်ချီက မေးလိုက်သည်။
“ဒီအစီအရင်က ကျန်းမိသားစုကလူတွေ ခင်းထားတာ မဟုတ်ဘူး။ ဒီအစီအရင်ကိုကြည့်ရတာ တော်တော်လေး နှစ်ချို့နေပြီ” ရန်ကိုင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
လှိုဏ်ဂူထဲရှိအစီအရင်သည် တော်တော်လေးကိုမှ အိုမင်းဟောင်းနွမ်းနေလေရာ ဟိုးယခင်အချိန်ကတည်းက ခင်းကျင်းထားသည့် အစီအရင်တစ်ခုသာ ဖြစ်ရပေလိမ့်မည်။
သို့သော်လည်း ဤလွင်တီးခေါင်ပြင်ဖြစ်နေသော တောင်ပေါ်ရှိ လှိုဏ်ဂူတစ်လုံးထဲတွင် လာရောက် ခင်းကျင်းထားခြင်းဖြစ်သည့်အတွက် မည်သူမှ အလွယ်တကူ ရှာမတွေ့နိုင်ပေ။ ကျန်းမိသားစု ဤအစီအရင်အား မည်ကဲ့သို့ ရှာတွေ့သွားသလဲဆိုသည်မှာတော့ စဉ်းစားစရာပင်။
“ဒီမှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေတာများလား” မိုရှောင်ချီ ရုတ်တရက်စိတ်ဝင်စားလာလေသည်။ အစီအရင်ကိုကြည့်နေသည့် သူမမျက်လုံးများသည် အရောင် တလက်လက် တောက်ပလာခဲ့သည်။
“နောက်မှ စစ်ဆေးကြည့်တာပေါ့” ရန်ကိုင်သည် ကျန်းရို့ရှီ၏လုံခြုံရေးကို အလွန်စိတ်ပူနေသည့်အတွက် အစီအရင်အား စစ်ဆေးချင်စိတ်ရှိမနေခဲ့ပေ။ ချက်ချင်းပဲ မိုရှောင်ချီနှင့်အတူ အစီအရင်ဆီသို့ ရောက်လာပြီး အသက်သွင်းလိုက်လေ၏။
ခဏအကြာတွင် အစီအရင်တဝီဝီမြည်လာပြီး ရန်ကိုင်တို့ နှစ်ဦးစလုံး ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်နှင့်မိုရှောင်ချီသည် မှောင်မိုက်စိုထိုင်းသည့် မြေအောက်လှိုဏ်ခေါင်းတစ်ခုထဲတွင် ပြန်ပေါ်လာခဲ့သည်။
သို့သော်လည်း အနီးပတ်ဝန်းကျင်ကို မစူးစမ်းနိုင်သေးခင်မှာပင် တစ်ယောက်ယောက်၏အော်သံကို ကြားလိုက်ရလေသည်။ “မင်းတို့တွေ ဘယ်သူလဲကွ။ ဘယ်လိုလုပ်ပြီး ငါတို့ကျန်းမိသားစုရဲ့ လျှို့ဝှက်နယ်မြေထဲကို ဖောက်ဝင်လာရဲတာလဲ”
အော်သံဆုံးသွားသည်နှင့် ပြင်းထန်သည့်တိုက်ခိုက်မှု နှစ်ရပ်သည် ရန်ကိုင်နှင့်မိုရှောင်ချီဆီသို့ ဘယ်နှင့်ညာဘက်မှ အသီးသီးတိုးဝင်လာခဲ့လေသည်။
စွမ်းအင်လှိုင်းများအရ တိုက်ခိုက်လိုက်သည့်လူမှာ တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူများ ဖြစ်ကြပေ သည်။
ရန်ကိုင်၏အကြည့်အေးစက်သွားခဲ့ပြီး တိုးဝင်လာနေသည့် တိုက်ခိုက်မှုများအား ကြည့်ပင်မကြည့်ဘဲ အော်ဟစ်လိုက်လေ၏။ “အေးခဲလိုက်စမ်း”
ခဏအကြာတွင် ဟင်းလင်းပြင်သည် အမိန့်တစ်ခုခုကို ရလိုက်သည့်အလား ရုတ်ခြည်းအေးခဲသွားခဲ့လေသည်။ ရန်ကိုင်နှင့် မိုရှောင်ချီဆီသို့ တိုးဝင်လာနေသည့် တိုက်ခိုက်မှု နှစ်ခုမှာလည်း ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပြီး ပုံရိပ်နှစ်ခုသည် သူတို့၏ဘယ်နှင့်ညာဘက်အသီးသီးတွင် ပေါ်လာခဲ့လေသည်။
သူတို့၏တိုက်ခိုက်မှု ဤကဲ့သို့ တားဆီးခံလိုက်ရမည်ဟု မမျှော်လင့်ထားသည့်အတွက် ထိုနှစ်ဦးစလုံးမှာ တစ်ခဏတာ မှင်သက်နေခဲ့သည်။
သို့သော်လည်း ဘယ်ဘက်တွင်ရှိနေသောကျင့်ကြံသူက ရုတ်တရက်အလန့်တကြား ထအော်လေ၏။ “နိယာမစွမ်းအားµ တာအိုသခင်အဆင့်ကျင့်ကြံသူပဲ”
ပြောနေရင်း မြေပြင်အားကန်ကျောက်ကာ ချက်ချင်း နောက်သို့ ခုန်ဆုတ်သွားလေသည်။ ရန်ကိုင်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦးမှန်း သိနေလိုက်သည် နှင့်တစ်ပြိုင်နက် ချက်ချင်းထွက်ပြေးရန် ကြိုးစားတော့သည်။
သို့သော်လည်း ရန်ကိုင့်လက်မှထွက်ပြေးရန် ဤမျှ လွယ်ကူမည်လား။ ရွှေရောင်သွေးမျှင်တစ်ချောင်း ရန်ကိုင့်၏ လက်ချောင်းထိပ်မှထွက်ပေါ်လာပြီး ထွက်ပြေးနေသည့် ကျင့်ကြံသူအား တိုက်ရိုက်ဖမ်းချုပ်လိုက်လေသည်။
သွေးမျှင်များမှ ဖြာထွက်နေသည့် ထက်ရှသည့် အရှိန်အဝါကို ခံစားမိလိုက်သော် ထိုလူ၏နဖူးထက် ချွေးသီးချွေးပေါက်တို့ စီးကျလာလေ၏။ နည်းနည်းလေးမှပင် မလှုပ်ရှားရဲတော့ပေ။
သူလှုပ်ရှားလိုက်၍ ရွှေရောင်သွေးမျှင်များ၏ မတော်တဆ ပိုင်းဖြတ်ခြင်းခံရမည်ကို ကြောက်ရွံ့နေခဲ့သည်။ ကြောက်ကြောက်လန့်လန့်ဖြင့် ရပ်နေရင်း ရန်ကိုင့်အား တုန်တုန်ရီရီဖြင့်သာ စိုက်ကြည့်နေတော့လေသည်။
အခြားကျင့်ကြံသူသည်လည်း မှင်သက်နေသည့် အမူအယာဖြင့် မူလနေရာတွင်သာ ရပ်နေလေ၏။
မိုရှောင်ချီကမူ ထက်ရှသည့်ဓားမြှောင်တစ်ချောင်းဖြင့် ထိုလူရှေ့တွင် ရပ်နေခဲ့လေသည်။ ဓားမြှောင်အသွားထိပ်မှ အရောင်တလက်လက်ထနေပြီး ဓားမြှောင်၏ထိပ်ဖျားသည် ထိုလူ၏ရင်ဘတ်တည့်တည့်အား ချိန်ရွယ်ထားခဲ့သည်။
ထိုလူ သတိလက်လွတ်ဖြစ်နေသည့်အချိန်တွင် မိုရှောင်ချီသည် လျှပ်စီးတမျှအမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
ရန်ကိုင်သည် ထိုလူနှစ်ဦးအား အေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
ဘယ်ဘက်တွင်ရှိနေသောလူက တုန်တုန်ရီရီဖြင့် မေးလိုက်သည်။ “ခင်ဗျားဘယ်သူလဲ။ ဘာဖြစ်လို့ ကျုပ်တို့ ကျန်းမိသားစုရဲ့ လျှို့ဝှက်နယ်မြေထဲကို ဖောက်ဝင်လာပြီး ကျုပ်တို့ကို တိုက်ခိုက်ရတာလဲ”
“ကျုပ်ဘယ်သူလဲ ခင်ဗျားသိစရာမလိုဘူး။ ကျုပ်လူတစ်ယောက်ကို လာရှာတာ။ ခင်ဗျားတို့ဘက်က ပူးပူးပေါင်းပေါင်းနဲ့ ဆောင်ရွက်ပေးမယ်ဆိုရင် ကျုပ်ခင်ဗျားတို့ရဲ့ အသက်ကို ချမ်းသာပေးရင် ချမ်းသာပေးမယ်” ရန်ကိုင်၏လေသံသည် အေးစက်သည်ထက် အေးစက်လာခဲ့သည်။
“လူလာရှာတာလား” ထိုစကားကို ကြားသည့်အခါ ထိုလူချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့ လေသည်။
ရန်ကိုင်အား စိုးရိမ်တကြီးလှမ်းကြည့်ရင်း ခက်ခက်ခဲခဲဖြင့် မေးလိုက်လေ၏။ “လူကြီးမင်း ဘယ်သူ့ကိုရှာနေတာလဲ မသိဘူး”
“ကျန်းရို့ရှီဆိုတဲ့မိန်းကလေးကို သိလား” ရန်ကိုင်က မေးလိုက်သည်။
တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူနှစ်ဦးစလုံး တစ်ဦးကို တစ်ဦးကြည့်လိုက်ကြလေသည်။ ထို့နောက် အစောပိုင်းက စကားပြောလိုက်သည့်ကျင့်ကြံသူက ခါးသက်စွာပြုံးလျက် “ကျုပ်က ဝင်ပေါက်ကိုစောင့်ဖို့ပဲ အမိန့်ပေးထားခံရတာ။ အဲ့လူတွေရဲ့နာမည်ကို သိခွင့်မရှိဘူး”
“အစ်ကိုရန် သူတို့ကိုမေးနေစရာမလိုဘူး။ ရှောင်ဖုက ညီမရို့ရှီရဲ့အရှိန်အဝါကို အာရုံခံမိတယ်တဲ့။ သူဒီမှာပဲ ရှိနေရမယ်” ရုတ်တရက် မိုရှောင်ချီက စိတ်လှုပ်ရှားစွာဖြင့် ဖြတ်ပြောလိုက်သည်။
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ အာကာရံလင်းဆွဲသည် တကွီကွီအော်မြည်ရင်း တစ်ခုသောဘက်ဆီသို့ စိုက်ကြည့်နေကြောင်း တွေ့ရှိလိုက်ရလေသည်။ “ဒီက ကိစ္စတွေကို နင့်ဆီထားခဲ့လိုက်မယ်။ ငါရှောင်ဖုကို ခဏခေါ်သွားလိုက်မယ်”
ပြောပြီးသည်နှင့် ရန်ကိုင်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူနှစ်ဦးကို ခပ်ဆတ်ဆတ်ကလေး ပုတ်လိုက်လေ၏။ သူ့အရင်းအမြစ်ချီကို ထိုလူများ၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်ပြီးနောက် ထိုနှစ်ဦးစလုံး နာကျင်စွာညည်းတွားရင်း သူတို့၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကြလေသည်။
ထိုကဲ့သို့လုပ်ပြီးသော် ရန်ကိုင်သည် လင်းဆွဲလေးအား ရှေ့ဆုံးမှဦးဆောင်သွားရန် အချက်ပြလိုက်သည်။
“အစ်ကိုရန် သတိထားအုံးနော်။ ဒီနေရာနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသလိုပဲ” မိုရှောင်ချီက နောက်မှ လှမ်းအော်ပြောလိုက်သည်။
ရန်ကိုင်သည် ခေါင်းငြိမ့်ပြလိုက်သော်ငြား သူ့အရှိန်ကိုတော့ နှေးမချလိုက်ပေ။ ပျံသန်းနေရင်း ရန်ကိုင်သည် ပတ်ဝန်းကျင်အား သေချာဂရုတစိုက် လေ့လာသွားခဲ့သည်။
သူသည် မြေအောက်မိုင်းတွင်းတစ်ခုထဲတွင် ရှိနေခြင်း ဖြစ်သည်။ မိုင်းတွင်းထဲတွင် လှိုဏ်ဂူများစွာနှင့်လမ်းများစွာ ရှိပေသည်။ မကြာခဏဆိုသလို မိုင်းတူးနေသံများကို ကြားနေခဲ့ရသည်။
သို့သော်လည်း ရန်ကိုင်သည် ထိုအရာများကို အာရုံစိုက်မနေနိုင်ဘဲ ကျန်းရို့ရှီရှိမည့်နေရာဆီသို့သာ ဦးတည်သွားနေခဲ့လေသည်။ အာကာယံလင်းဆွဲနောက် လိုက်လာလိုက်ရာ မကြာမီတွင် လမ်းခွဆုံတစ်ခုဆီသို့ ရောက်လာခဲ့လေ၏။
ထိုလမ်းခွဆုံထဲဆီမှ လူပေါင်းများစွာ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ခဏအကြာတွင် မီးလင်းကျောက် အလင်းရောင်အောက်ဝယ် မိုင်းတူးနေကြသော လူများစွာကို ရန်ကိုင်တွေ့လိုက်ရလေသည်။
မိုင်းတူးနေသည့် လူများ၏ ကျင့်ကြံခြင်းမှာ သူတော်စင်ဘုရင်အဆင့်နှင့် ထို့အောက်သာ ဖြစ်ကြောင်းကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရလေသည်။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် မတေါ့ရချေ။
အကုန်လုံး၏ခြေလက်များအား သံကြိုးများ၊ ခြေကွင်း များဖြင့် ချုပ်နှောင်ထားခဲ့သည်။ ထိုလူများသည်လည်း တစ်ခုခုအား သတိပြုမိလိုက်သည့်အလား ရန်ကိုင့်ဆီသို့ လှည့်ကြည်လာခဲ့လေသည်။
ထိုလူများ၏ အသက်မပါသည့်အကြည့်ကို ခံစားမိလိုက်သော် ရန်ကိုင့်ရင်ထဲ ဖော်ပြမရနိုင်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့ဤနေရာတွင် မည်မျှကြာအောင် ဖမ်းဆီးထားခံရသလဲဆိုသည်ကို ကောင်းကင်သာသိပေလိမ့်မည်။
တစ်ယောက်ချင်းဆီတိုင်းသည် အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်နေသည့်အလား အလွန်ကိုမှ စုတ်စုတ်ပြတ်ပြတ် ဖြစ်နေလေ၏။
အနည်းငယ်သည်သာ တက်တက်ကြွကြွ ရှိနေပေသေးသည်။ အနီးအနားရှိ မြေပြင်ပေါ်တွင် ပုပ်သိုး ဆွေးမြေ့နေသော အလောင်းများအချို့ပင် ရှိနေပေသေး၏။
ရန်ကိုင်သည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ပတ်ကာမေးလိုက်လေသည်။ “မင်းတို့ထဲက ဘယ်သူက ခေါင်းဆောင်လဲ။ လာထွက်ပြီး စကားပြောစမ်း”
ထိုစကားကိုကြားသည့်အခါ ကျင့်ကြံသူအားလုံး တစ်ဦးကိုတစ်ဦး တုန့်ဆိုင်းစွာကြည့်လိုက်လေသည်။ အကုန်လုံး၏မျက်လုံးတွင် ကြောက်ရွံ့သည့်အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။
အချိန်အတော်ကြာပြီးသည့်နောက်တွင် အနည်းငယ် ငယ်ရွယ်သည့်ကျင့်ကြံသူတစ်ဦးက မတ်တပ်ရပ်လိုက်၏။ သူ့ကြည့်ရသည်မှာ အသက်သုံးဆယ်မကျော်တတ်သေးချေ။ သူ့အဝတ်အစားများမှာ စုတ်ပြဲနေပြီး ခန္ဓာကိုယ်မှာတော့ အတော်လေးကို ထွားကြိုင်းလှ၏။ သူ့အရှိန်အဝါမှာ အနည်းငယ်အားနည်းနေသည့်တိုင် အခြားသူများထက်တော့ ပိုသာပေသည်။
ထိုလူသည် ရန်ကိုင်နှင့်မလှမ်းမကမ်းတွင် မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ “ကျုပ်က ကျူးခန်းပါ။ စီနီယာ ဘာများညွှန်ကြားချင်လို့လဲ မသိဘူး”
ရန်ကိုင်သည် ထိုလူနှင့်အသက်တူလောက်သာရှိမည် ဖြစ်သော်ငြား ရန်ကိုင်၏ကျင့်ကြံခြင်းမှာ ထိုလူထက် အဆပေါင်းများစွာ ပိုမြင့်ပေသည်။
ထို့ကြောင့်ရန်ကိုင်သည် နှစ်ရာပေါင်းများစွာ အသက်ရှင်လာသော မွန်းစတားအိုကြီးတစ်ဦးဖြစ်မည်ဟုသာ ယုံကြည်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင့်ကို စီနီယာဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်ပေသည်။
“မင်းတို့တွေက ဘယ်သူတွေလဲ။ ဒီကိုဘာလို့ ရောက်နေကြတာလဲ” ရန်ကိုင်က မေးလိုက်သည်။
ထိုစကားကိုကြားသည့်အခါ ကျူးခန်းသည် ရန်ကိုင့်အား အံ့အားသင့်တကြီး ကြည့်လိုက်လေသည်။ ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည့်အလား စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်လေ၏။ “စီနီယာက ကျန်းမိသားစုဝင် မဟုတ်ဘူးလား”
Martial Peak
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၆၅)
“မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်သည်။ “ငါဒီကို လူတစ်ယောက်လာရှာတာ”
“စီနီယာက တကယ်ကြီး ကျန်းမိသားစုဝင်မဟုတ်ဘူးလား” ကျူးခန်းမှာ ရန်ကိုင့်ကို သိပ်မယုံကြည်သည့်အလား သူ့လေသံမှာ အနည်းငယ်မြင့်တက်သွားခဲ့လေသည်။
ရုတ်တရက် အခြားကျင့်ကြံသူများသည်လည်း ရန်ကိုင့်အား ဝမ်းသာအားရဖြင့် ကြည့်လာခဲ့သည်။ သူတို့၏ အသက်မပါသည့်အကြည့်များမှာ မျှော်လင့်ချက် အလင်းရောင်ကို မြင်တွေ့လိုက်ရသည့်အလား အရောင်တလက်လက် တောက်လာခဲ့လေသည်။
“မင်းတို့ကိုလိမ်လို့ ဘာရမှာမို့လို့လဲ” ရန်ကိုင်က စိတ်မရှည်သည့်လေသံဖြင့် ပြန်အော်ပြောလိုက်သည်။
“စီနီယာကိုယုံပါတယ်။ ကျုပ် စီနီယာကိုယုံပါတယ်” ကျူးခန်းမှာ နည်းနည်းလေးမှ ဆက်၍သံသယမဝင်တော့ဘဲ ပြန်အော်ပြောလိုက်လေသည်။
“စီနီယာက ကျန်းမိသားစုဝင်မဟုတ်မှတော့ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးဖို့တောင်းဆိုပါတယ်”
“ဟုတ်ပါတယ် စီနီယာ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါ”
“ကျေးဇူးပြုပြီး ကျုပ်တို့ကို ဒီနေရာကနေ ခေါ်သွားပေးပါ” ရုတ်တရက် အော်ဟစ်သံပေါင်းစုံတို့သည် နေရာအနှံ့ဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ကျူးခန်းက ရှင်းပြလိုက်သည်။ “စီနီယာကို အမှန်အတိုင်းပြောရရင် ကျုပ်တို့အားလုံးက လေလွင့်ကျင့်ကြံသူတွေပါပဲ။ ကျုပ်တို့မှာ မိသားစုတွေ၊ မိတ်ဆွေတွေ မရှိပါဘူး။ ဒါပေမယ့် အချို့လူတွေမှာတော့ မိသားစုတွေရှိမှာပါ။ ဒါပေမယ့် သူတို့မိသားစုတွေက ဒီလောက်အားကောင်းကြတာမဟုတ်ဘူး။ ကျုပ်တို့တွေ အကုန်လုံးကို ကျန်းမိသားစုက ဖမ်းခေါ်လာပြီး ဒီနေရာမှာ မိုင်းလာတူးခိုင်းတာပါ။ နည်းနည်းလောက် ခုခံရင်တောင် အပစ်ပေးခံရပါတယ်။ အခုဆို သေသွားတဲ့ ကျုပ်တို့ညီအစ်ကိုတွေ နည်းတာမဟုတ်ပါဘူး။ ကျုပ်တို့ ဆက်ပြီးမခံစားနိုင်တော့လို့ ကျေးဇူးပြုပြီး ကျုပ်တို့ကို ကယ်တင်ပေးပါစီနီယာ”
“မင်းတို့ဘာတွေမိုင်းတူးနေတာလဲ” ရန်ကိုင်က မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။
“ဒီဟာပါ စီနီယာ။ ကျေးဇူးပြုပြီး ကြည့်ကြည့်ပါ” ကျူးခန်းသည် သူ့နားတွင်ရှိနေသော ခြင်းတစ်ခြင်းထဲမှ တစ်စုံတစ်ခုကိုထုတ်ယူလိုက်ပြီး ရန်ကိုင့်လက်ထဲသို့ တလေးတစား ထည့်ပေးလိုက်လေသည်။
ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီးနောက် ရန်ကိုင်က အံ့အားသင့်နေသည့်လေသံဖြင့် အော်ပြောလိုက်၏။ “သန့်စင်နှလုံးသား ကျောက်စိမ်း”
ထိုအရာဘာလဲ သူချက်ချင်းတန်းသိလိုက်လေသည်။ ထိုအရာသည် ကျင့်ကြံသူတစ်ဦး၏စိတ်နှလုံးနှင့် ဝိဉာဉ်အား သန့်စင်ပေးနိုင်သော အလွန်ရှားပါးသည့်ကျောက်စိမ်းတစ်မျိုး ဖြစ်သည်။
ဤကျောက်စိမ်းတွင် ထူးခြားသည့် စွမ်းရည်တစ်ခု ရှိပေသည်။ ကျင့်စဉ်တစ်ခုအား ကျင့်ကြံနေသည့်ကျင့်ကြံသူ သို့မဟုတ် အဆင့်ချိုးဖြတ်ရန်ကြိုးစားနေသည့် ကျင့်ကြံသူ တစ်ဦးသာ ဤကျောက်စိမ်းကိုဝတ်ဆင်ထားမည်ဆိုပါက ကိုယ်တွင်းနတ်ဆိုးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ချေ အတော်လေးကိုမှ နည်းပါး၏။
တစ်နှစ်ပတ်လုံးဝတ်ဆင်ထားမည်ဆိုပါက အချို့သော အကျိုးကျေးဇူးများကိုပင် ရနိုင်ပေသည်။ ထိုအကြောင်းကြောင့် ဤကျောက်စိမ်းမှာ အလွန်ကိုမှဈေးကြီးပေ၏။ လက်ချောင်း အရွယ်မျှလောက်သော ကျောက်စိမ်း တစ်တုံးပင်လျှင် အရင်းအမြစ်ကျောက်နှစ်ထောင်မှ သုံးထောင်ခန့် ဈေးရှိသည်။
ကျူးခန်းပေးလာသော ကျောက်စိမ်းသည် လက်တစ်ဝါးစာအရွယ်ရှိသဖြင့် အနည်းဆုံး အရင်းအမြစ်ကျောက်တစ်သောင်း တန်ပေသည်။
ထို့အပြင် သူ့ဘေးနားရှိ ခြင်းတစ်ခြင်းလုံးသည် ဤကဲ့သို့သော သန့်စင်နှလုံးသားကျောက်စိမ်းများဖြင့် ပြည့်နေလေ၏။
‘ဒီနေရာက သန့်စင်နှလုံးသားကျောက်စိမ်းမိုင်းတွင်းကြီးပဲ။ ကျန်းမိသားစု ဒီလောက်တိုးတိုးတိတ်တိတ်လုပ်နေတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ အခြားအင်အားစုတွေသာ ဒီအကြောင်းကိုသိသွားရင် ကျန်းမိသားစု သူတို့ကို ဘယ်လိုမှ တားနိုင်မှာမဟုတ်ဘူး။ မြို့သခင်စံအိမ်ဆိုရင်လည်း ဝေစုရအောင်ကို ကျိန်းသေကြိုးစားတော့မှာ’
မိုင်းတွင်းကိုတူးရန်အတွက် လူအင်အားလိုအပ်ပေသည်။ သို့သော်ငြား ကျန်းမိသားစုတွင် လူအင်အား အလုံအလောက် ရှိမနေခဲ့။ ထို့ကြောင့် အခြားလူများကိုသာ ပစ်မှတ်ထားရလေတော့သည်။
ထိုလူများသည် သူတော်စင်ဘုရင်အဆင့်နှင့် ထို့ထက် နိမ့်သောကျင့်ကြံခြင်းအဆင့်မှ လူများဖြစ်ကြပြီး မိတ်ဆွေ၊ မိသားစု၊ နောက်ခံများ မရှိကြသည့်လူများ ဖြစ်ကြပေသည်။
မေပယ်မြို့သည် မြို့ကြီးတစ်မြို့မဟုတ်သော်ငြား မေပယ်မြို့ထဲသို့ ဝင်ထွက်သွားလာနေသည့် ကျင့်ကြံသူပေါင်း များစွာရှိကြပေသည်။
ထို့ကြောင့် သူတော်စင်ဘုရင်အဆင့်ကျင့်ကြံသူအချို့ ပျောက်သွားသည်ကို မည်သူမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် ကျူးခန်းကဲ့သို့သောလူများသည် မိုင်းတူးရန်အတွက် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
ကျန်းရို့ရှီသည်လည်း ထိုအကြောင်းကြောင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။
ထိုအချက်ကို နားလည်လိုက်သော် ကျန်းမိသားစု ကျန်းရို့ရှီအကြောင်း ဘာကြောင့်မပြောချင်သလဲဆိုသည်ကို ရန်ကိုင်နားလည်သွားခဲ့သည်။
“ဒီတော့ ဒီမိုင်းတွင်းကိစ္စသတင်းပေါက်သွားမှာကို သူတို့ စိုးရိမ်နေတာပေါ့” ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင့်၏မျက်လုံးများ အေးစက်သွားခဲ့လေသည်။
“စီနီယာ” ကျူးခန်းသည် ရန်ကိုင့်အား စိုးရိမ်တကြီး ကြည့်လာခဲ့သည်။
“ဒါတွေကိုထားပြီး ထွက်သွားလိုက်တော့” ရန်ကိုင်က လက်ဝှေ့ယမ်းလိုက်၏။
“ဟမ်” ကျူးခန်း နားမလည်နိုင်ဖြစ်သွားခဲ့လေသည်။
ရန်ကိုင်၏လက်ချောင်းထိပ် ရွှေရောင်တစ်ချက် လက်သွားခဲ့၏။ ချက်ချင်းဆိုသလို ရွှေရောင်သွေးမျှင် တစ်ချောင်း ထွက်ပေါ်လာပြီး ကျူးခန်းနှင့်အခြားသူများအား ချုပ်နှောင်ထားသည့် လက်ထိပ်များ၊ ခြေကျင်းဝတ်များ၊ သံကြိုးများအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။
“မင်းတို့ သွားလို့ရပြီလို့ပြောနေတယ်လေ။ ဘာလဲ ဆက်နေချင်သေးတာလား” ရန်ကိုင်သည် ကျူးခန်းအား စိုက်ကြည့်လိုက်သည်။
ကျူးခန်းပြန်ပြောသည်ကို စောင့်မနေတော့ဘဲ ထိုလူများတူးထားသည့် သန့်စင်နှလုံးသားကျောက်စိမ်း အားလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်ယူလိုက်ပြီးနောက် ရှေ့တည့်တည့်ဆီသို့ ဆက်၍ ပျံသန်းသွားလေသည်။
ရန်ကိုင်ထွက်သွားပြီး မကြာခင်မှာပင် ဝမ်းသာတကြီး အော်ဟစ်သံများ ရုတ်တရက်ထွက်ပေါ်လာလေ၏။ သူတို့၏ ခြေကျင်းဝတ်များ၊ လက်ထိပ်များကို ဖျက်ပေးသွားသည်ကို မြင်သော် ထိုလူများ ရန်ကိုင်အား ဘာကြောင့်များဆက်၍ သံသယဝင်နေရအုံးမည်နည်း။
အကုန်လုံးသည် စိတ်လှုပ်ရှားစွာဖြင့် ထွက်ပေါက်ဆီသို့ ထွက်ပြေးကြလေတော့သည်။
“ဒါနဲ့ စီနီယာ။ ဟိုအတွင်းပိုင်းထဲကို မသွားနဲ့နော်။ အတွင်းပိုင်းထဲမှာ နည်းနည်းထူးခြားတဲ့ဟာ တစ်ခုခု ရှိနေတယ်” ကျူးခန်းမှာလည်း အလွန်ကိုပျော်နေခဲ့လေသည်။ သို့သော် ရန်ကိုင်ထွက်သွားသည့်ဘက်သို့လှည့်၍ ရုတ်တရက် လှမ်းအော်ဟစ်သတိပေးလိုက်သည်။
သို့သော်လည်း ရန်ကိုင့်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
“စီနီယာကြားလောက်မှာပါ။ ဟုတ်တယ်မလား” ကျူးခန်းက ခေါင်းလေးစောင်းလျက် ရေရွတ်လိုက်သည်။
သို့သော်လည်း မကြာမီ ထိုအကြောင်းများကို စဉ်းစာမနေတော့ဘဲ ထွက်ပေါက်ဆီသို့သာ ဝမ်းသာအားရ ပြေးထွက်သွားလေတော့သည်။
ခဏအကြာ၌ လှိုဏ်ဂူထဲဖမ်းဆီးထားခံရသော မရေမတွက်နိုင်သည့်ကျင့်ကြံသူများသည် ဝင်ပေါက်ဆီသို့ ဝမ်းသာအားရဖြင့် ပြေးထွက်လာကုန်ကြလေသည်။
ထိုအချိန်အတောအတွင်း ရန်ကိုင်သည် လင်းနို့လေး နောက်သို့လိုက်၍ မိုင်းတွင်း၏အတွင်းပိုင်းဆီသို့ ဦးတည် သွားနေခဲ့သည်။
လမ်းတွင်တွေ့ခဲ့ရသော ဖမ်းထားခံရသည့် အကျဉ်းသား အားလုံးကို လွှတ်ပေးလိုက်ပြီး သူတို့တူးထားသည့် သန့်စင်နှလုံးသားကျောက်စိမ်းအားလုံးကို သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်ယူလိုက်လေသည်။
တစ်ချိန်တည်းတွင် မိုင်းတွင်း၏အတွင်းပိုင်း၌ ဖြူသွယ်သွယ်ပုံရိပ်လေးတစ်ခု ထွက်ပြေးနေလေသည်။ သူမလှုပ်ရှားလိုက်တိုင်း တချွင်ချွင်မြည်သံများ ထွက်ပေါ်လာနေခဲ့သည်။
ထိုပုံရိပ်လေးသည် အခြားသောအကျဉ်းသားများကဲ့သို့ပင် သူမ၏ခြေကျင်းဝတ်နှင့် လက်ကောက်များအား လက်ထိပ်၊ ခြေထိပ်များဖြင့် ချုပ်နှောင်ထားခြင်းခံရလေ၏။
ဤပုံရိပ်လေးမှာ အတော်လေးကိုစုတ်စုတ်ပြတ်ပြတ် ဖြစ်နေလေသည်။ ဆံပင်များမှာ ဖိုသီဖတ်သီဖြစ်နေပြီး မျက်နှာတစ်ပြင်လုံး အနက်ရောင်ဖုန်များဖြင့် ပေကျံလူးနေသဖြင့် သူမမည်သူဖြစ်သလဲဆိုသည်ကိုပင် ပြောဖို့ရာ အတော်လေးကိုမှ ခက်ခဲပေ၏။
သို့သော်လည်း သူမ၏ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများနှင့်မျက်နှာပုံစံအရ ဤကောင်မလေးမှာ ကျန်းရို့ရှီဖြစ်မှန်း ရင်းနှီးသူသာဆိုလျှင် တန်းသိပေလိမ့်မည်။
မိုင်းတွင်းထဲ၌ အသက်ရှင်ရသည်မှာ အမှန်တစ်ကယ်ကို မလွယ်ကူပေ။ မိုင်းတွင်းထဲသို့ ခေါ်လာခံရသည့်ကာလအတွင်း ကျန်းရို့ရှီမှာ သူမအလွန်ကိုမှကြောက်ရွံ့သည့် အမှောင်ထဲတွင်သာ အမြဲတစေနေခဲ့ရသည်။
သူမသက်တမ်းတစ်လျှောက် ဤကဲ့သို့သော အခိုက်အတန့်မျိုးနှင့်တစ်ခါမှ မကြုံခဲ့ဖူးပါချေ။ ထို့အပြင် ကျန်းမိသားစုမှ သတ်မှတ်ထားသည့် တောင်းဆိုချက်များကိုလည်း ပြည့်မီအောင်လုပ်ရပေသေးသည်။
သူမသာ သတ်မှတ်ထားသည့် ပမာဏအား နေ့စဉ် မတူးနိုင်ပါက အပြစ်ပေးခံရပေလိမ့်မည်။
ထို့အပြင် ဤနေရာရှိ မိုင်းတူးသမားတိုင်းသည် ရန်စလို့ကောင်းသည့်လူများမဟုတ်ချေ။ အဖမ်းခံရပြီး အဆက်မပြတ်နှိပ်စက်ခံရပြီးသည့်နောက်တွင် ထိုလူများ၏ စိတ်အခြေအနေမှာ လုံးဝကိုပြောင်းလဲသွားခဲ့သည်။
အားနည်းပြီးအထီးကျန်နေသည့် မိန်းမငယ်လေး တစ်ဦးကိုမြင်သည့်အခါ ထိုလူအားလုံး စိတ်ဝင်စားလာကြလေသည်။
ကံကောင်းစွာဖြင့် ကျန်းရို့ရှီ၏ ကျင့်ကြံခြင်းမှာ သူတော်စင်ဘုရင် ဒုတိယအဆင့်အထွဋ်အထိပ်သို့ ရောက်နေခဲ့သည်။ ထို့ကြောင့်သာမဟုတ်လျှင် သူမအနေဖြင့် ဤနေရာ၌ လုံးဝကိုအဆင်ပြေနေတော့လိမ့်မည်မဟုတ်ချေ။
သူမအား အသားယူပြီး အဓမ္မပြုကျင့်ရန်ကြိုးစားသည့် ရူးမိုက်သည့်အရူးအချို့အား ဆုံးမပေးလိုက်ပြီးသည့်နောက် မည်သူမှသူမအား လာပြဿနာမရှာရဲကြတော့ပေ။
ထိုကဲ့သို့သောပြဿနာမျိုး ထပ်မဖြစ်လာစေရန်အတွက် သူမကိုယ်သူမ ကြည့်မကောင်းအောင်ပင် လုပ်ပစ်ခဲ့သည်။ သူမတစ်ကိုယ်လုံးအား ဖုန်အလူးလူးဖြင့် လုပ်ပစ်လိုက်ပြီး အဝတ်အစားများ၊ ဆံပင်များကို ဖိုသီဖတ်သီဖြစ်အောင် လုပ်ပြီးသည့်နောက်မှာသာ အနည်းငယ်ငြိမ်းငြိမ်းချမ်းချမ်း နေခွင့်ရတော့လေသည်။
သို့သော်လည်း နေ့စဉ်မိုင်းတူးရသည့်အလုပ်ကိစ္စမှာ အလွန်ကိုမှ ခက်ခဲလှ၏။ သန့်စင်နှလုံးသားကျောက်စိမ်းများ သည် ကျောက်စိုင်ကျောက်သားများ၏ အတွင်းပိုင်းထဲတွင် နစ်ဝင်နေကြသည့်အတွက် ထိုအရာများကိုတူးထုတ်ရန် အလွန်ကိုမှ အားစိုက်ရပေသည်။
လွန်ခဲ့သည့်တစ်လအတွင်း အလွန်ကိုမှ အားသွန်ခွန်စိုက် မိုင်းတူးရသည့်အတွက်ကြောင့် သူမ၏အရေပြားများပင် စုတ်ပြဲထွက်ကုန်လေ၏။ မူလကတည်းကပင် သေးသွယ်သွယ် ဖြစ်နေသော သူမ၏ကိုယ်လုံးကိုယ်ပေါက်သည် ယခုဆိုလျှင် ပို၍ပင် ပိန်လှီနေခဲ့လေပြီ။
တစ်နေ့လုံး မမောမပန်းနိုင်အောင် မိုင်းတူးပြီးနောက် တစ်ညတာကို မျက်ရေစများ၊ နာကျင်မှုများဖြင့် ကျော်ဖြတ်ရသည်။ နောက်တစ်မနက်ပြန်နိုးလာသော် ခက်ခဲလှသော မိုင်းတူးသည့်အလုပ်ကို ထပ်မံထပ်လုပ်ရပြန် သည်။
တစ်ချိန်တုန်းက ကျန်းရို့ရှီသည် ကျန်းမိသားစု၏ အချစ်ဆုံးကလေးတစ်ဦးဖြစ်ခဲ့သည်။ သူမသည် ကျန်းမိသားစု မိသားစုခေါင်းဆောင်၏ ရတနာတုံးလေးဖြစ်သည့်အလျောက် ကျန်းရို့ရှီ၏ဘဝသည် အလွန်ကိုမှ သာယာချောမွေ့လှသည်။
သူမအနေဖြင့် ဤကဲ့သို့သော မှောင်မိုက်သည့် နေရာမျိုးတွင် နေရလိမ့်မည်ဟု မည်ကဲ့သို့များ မျှော်လင့်ထားပါမည်နည်း။
သူမ၏အဖွား၊ သူမ၏အမေ၊ ကျန်းမိသားစုထဲရှိ လူအားလုံးကို သူမလွမ်းပေသည်။ မကြာခဏဆိုသလို သူမမျက်လုံးထဲ အခြားလူတစ်ယောက်၏မျက်နှာလည်း ပေါ်လာလာလေ့ရှိသည်။
ထိုလူမှာ သူမ၏ ဆရာရန်သာဖြစ်လေသည်။ သူမတို့ ကျန်းမိသားစုအား ကယ်တင်ပေးခဲ့သော လူတစ်ဦးလည်း ဖြစ်၏။
သို့သော်ငြား ဆရာရန်ဆိုသည့်လူသည် လွန်ခဲ့သော နှစ်ဝက်ခန့်ကတည်းက ထွက်သွားပြီးနောက် တစ်ခါမှ ပြန်ပေါ်မလာတော့ချေ။ ဆရာရန်ဆိုသူနှင့်သူမကြား သိပ်ပြီးအဆက်အသွယ်လည်း မရှိပေ။
သူမသည် ဆရာရန်ဆိုသူနှင့်ရှိနေသည်မှာ အတော်လေး ကြာနေပြီဖြစ်သော်ငြား ဆရာသည်သူမအား ပြုစုပေးရန် တစ်ခါမှမပြောခဲ့။ အိမ်ထဲတွင်သာနေ၍ ကျင့်ကြံခြင်းကို အာရုံစိုက်ရန်သာ ပြောခဲ့သည်။ အဖိုးတန်ဆေးလုံး တစ်လုံးကိုပင် သူမအားပေးခဲ့သေး၏။
ထိုအချက်နှင့်ပင် ဆရာသည် လူကောင်းတစ်ယောက် ဖြစ်ကြောင်း သူမပြောနိုင်ပေသည်။ ထို့ကြောင့် ဆရာရန် မျှော်လင့်ထားသည့်အတိုင်းဖြစ်လာစေရန်အတွက် အတတ်နိုင်ဆုံးကြိုးစားကျင့်ကြံသည်။
သူမအားကောင်းလာသည့်အခါမှသာ ဆရာ့အား ပြန်၍ ကူညီပေးနိုင်ပေလိမ့်မည်။ သို့သော်လည်း ယခုမူ “ဆရာဘယ်ရောက်နေတာလဲ” ကျန်းရို့ရှီသည် သူမစိတ်ထဲ အော်ငိုနေရင်း ဒယိမ်းဒယိုင်ဖြင့် လှိုင်ခေါင်းထဲ ထွက်ပြေးနေခဲ့လေသည်။
ရင်းနှီးနေသည့် လမ်းကြောင်းများကိုသုံး၍ သူမအား လိုက်ဖမ်းနေသည့်လူများကို ခြေရာဖြတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“နင်တော့ သေပြီတာမှတ်။ ပြေးစမ်း..ပြေးစမ်း။ နင်ဘယ်လောက်ပြေးနိုင်မှာလဲ။ ငါနင့်ကိုမိတာနဲ့ သေတာထက်ဆိုးအောင် လုပ်ပြပေးမယ်” အော်ဟစ်ကြုံးဝါးသံ တစ်သံ အနောက်ဖက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။
ထိုအသံကိုကြားလိုက်သည့်အခိုက် ကျန်းရို့ရှီ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ရီသွားခဲ့သည်။ သူမနှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့လေသည်။
ထိုအသံကြားပြီးနောက် သူမ၏ခြေလှမ်းများကိုပင် လှုပ်ရှားရခက်လာခဲ့၏။ ထွက်ပြေးနေစဉ်အတောအတွင်း ဖိနပ်များမှာ ပျောက်သွားခဲ့သည့်အတွက် ခြေဗလာဖြင့်သာ အေးစက်စိုစွတ်နေသည့်မိုင်းတွင်းထဲ ထွက်ပြေးနေရသည်။
မြေပြင်ပေါ်ရှိ ချွန်ထက်သည့် ကျောက်စကျောက်န များကြောင့် သူမ၏ခြေဖဝါးနုနုလေးမှာ သွေသံတရဲရဲဖြင့် ဖြစ်နေခဲ့ရလေပြီ။ နာကျင်မှုကြောင့် သူမ၏ခြေဖဝါး တစ်ခုလုံး ထုံကျဉ်နေခဲ့ရကာ နာလို့နာမှန်းပင်လျှင် သေချာမသိတော့ပေ။
သူမခြေချော်ပြီးလဲကျသွားသည့်အခါ ကြိုးစားပြီး မတ်တပ်ပြန်ရပ်လေသည်။ သို့သော်ငြား သတိလစ်ချင်သလို ဖြစ်လာပြီး သူမ၏မျက်လုံးများ ဝေဝါးလာခဲ့သည်။ သို့တိုင် လျှာကိုကိုက်၍ သူမကိုယ်သူမ သတိလစ်မသွားအောင် ထိန်းထားလိုက်သည်။ ဦးတည်ရာလမ်းကြောင်းကို သတ်မှတ်ပြီးနောက် အံကြိတ်ကာ ထပ်မံထွက်ပြေးလေ၏။
မိုင်းတူးသည့်လူအားလုံးသည် ထိုဘက်ဆီသို့ မသွားရဲကြပေ။ ထိုနေရာဆီသို့ ထွက်ပြေးသွားသည့် မိုင်းတူးသမားများစွာလည်း ရှိကြပေသည်။ သို့သော်ငြား ထိုလူအားလုံး ဘယ်တော့မှ ပြန်ရောက်မလာနိုင်ခဲ့ပေ။ ထိုအချိန်မှစ၍ မည်သူမှ ထိုနေရာဆီသို့မသွားရဲကြတော့။
ကံမကောင်းစွာဖြင့် ထိုသေမင်းဇုန်သည် သူမ၏ မျှော်လင့်ချက်သာဖြစ်ပေသည်။ ဤတိတ်ဆိတ်ပြီး ချောက်ခြားဖွယ်ကောင်းသည့် လှိုဏ်ခေါင်းထဲ ကျန်းရို့ရှီ၏ အသက်ရှူသံကို အတိုင်းသားကြားနေရသည်။
သူမ၏နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ ကျန်းရို့ရှီ၏ နှလုံးသည် အချိန်မရွေးပေါက်ကွဲထွက်တော့မည့်အလား ဒရမ်တစ်လုံးနှယ် တဒုန်းဒုန်းခုန်နေခဲ့လေ၏။
အချိန်အတော်ကြာအောင် ထွက်ပြေးပြီးသည့်နောက်တွင် ကျန်းရို့ရှီ ရုတ်တရက်ရပ်လိုက်လေသည်။ သူမ၏မျက်လုံးထဲ တုန်လှုပ်ခြောက်ခြားရိပ်တို့ ထွက်ပေါ်လာခဲ့သည်။
ကံမကောင်းစွာဖြင့် သူမ၏ရှေ့ရှိလမ်းမှာ ပိတ်နေခဲ့လေပြီ။ ဆက်သွားရန်လမ်းမရှိတော့။
ထိုစဉ် ခြေသံတို့ သူမ၏အနောက်ဘက်ဆီမှ ထွက်ပေါ် လာခဲ့သည်။ ထိုခြေလှမ်းတစ်လှမ်းချင်းဆီတိုင်းသည် သေမင်း၏တီးတိုးသံအလား ကျန်းရို့ရှီ၏မျက်နှာအား သွေးဆုတ်ဖြူလျော်သွားစေခဲ့လေသည်။
သူမ၏မျက်လုံးများမှာလည်း အမှောင်ထု၏ ပိတ်စည်းခြင်း ခံလိုက်ရသည့်အလား တုန်လှုပ်ခြောက်ခြားမှုနှင့်သာ ပြည့်နေခဲ့ပြီး မည်သည့်အလင်းရောင်မှကိုပင် မမြင်နိုင်တော့ပေ။