← Chapters

အခန်း (၂၀၇၁-၂၀၇၅)

Vol. 83 Ch. 2071-2075

အခန်း (၂၀၇၁-၂၀၇၅)

Vol. 83 Ch. 2071-2075

အပိုင်း (၂၀၇၁)

အဆင့် ၁၀ အထွဋ်အထိပ် မွန်းစတားသားရဲသုံးကောင်သည် သာမန်မွန်းစတားသားရဲများ မဟုတ်ကြသော်ငြား ကျန်းမိသားစု၏ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများမှာလည်း သာမန်မဟုတ်ကြပေ။ ထို့အပြင် ကျန်းမိသားစုဘက်တွင် တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူ ၃ ဦးမက ရှိနေခဲ့သည်။ ထို့ကြောင့် မွန်းစတားသားရဲသုံးဦးမှာ သာမန်မဟုတ်သည့်တိုင် တိုက်ပွဲမှာ လက်ရည်တူနေခဲ့လေသည်။

မိုရှောင်ချီ၏စကားကိုကြားပြီးသည့်နောက်တွင် ကျန်းမိသားစုဝင်ကျင့်ကြံသူများ ရင်ခုန်သံမြန်သွားခဲ့ကြသည်။ အကုန်လုံး မျက်နှာကြီးမဲ့လျက် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

မွန်းစတားသားရဲသုံးကောင်နှင့်ပင်လျှင် တိုင်ပတ်နေခဲ့ လေရာ မိုရှောင်ချီပြောသည့် ရှောင်ပိုင်၊ ရှောင်ဟွမ်၊ ရှောင်ချင်း၊ ရှောင်လု စသောမွန်းစတားသားရဲများပါ ထပ်ထွက်လာမည်ဆိုပါက ကျန်းမိသားစု လုံးဝ ပြန်တိုက်နိုင်တော့လိမ့်မည်မဟုတ်ပေ။

ထိုစဉ် ကျန်းလင်သည် တစ်ခုခုအား စဉ်းစားမိလိုက်သည့်အလား မီးတောက်ချီလင်၏တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း မိုရှောင်ချီခါးထက်တွင် ချိတ်ဆွဲထားသော အိတ်ငယ်လေးများကိုကြည့်ကာ အံ့အားသင့်တကြီး အော်ပြောလိုက်လေသည်။ "စိတ်ဝိဉာဉ်သားရဲအိတ်။ နင်က စိတ်ဝိဉာဉ်သားရဲကျွန်းကပဲ"

ယခုမှပဲ ထိုအိတ်ငယ်လေးများ၏ဇစ်မြစ်ကို သူမှတ်မိသွားတော့သည်။ ထိုအိတ်ကလေးများကို အိတ်သေးသေးလေးဆို၍ အထင်မသေးသင့်ပေ။ ထိုအိတ်ငယ်လေးများသည် စိတ်ဝိဉာဉ်သားရဲကျွန်းတွင်သာ ရရှိနိုင်သောအရာများဖြစ်ကြသည်။

စိတ်ဝိဉာဉ်သားရဲကျွန်းမှပညာရှင်များသာ မွန်းစတား သားရဲများအား သိုလှောင်ထားနိုင်သော ထိုအိတ်ငယ်လေးများကို ဖန်တီးနိုင်ပေသည်။ ထို့အပြင် ထိုစိတ်ဝိဉာဉ်သားရဲအိတ်များကို မည်သည့်အပြင်လူဆီသို့မှ ရောင်းချခြင်းမရှိပေ။

ထို့ကြောင့် ထိုအိတ်ငယ်လေးများသည် ငွေရှိလျှင်ပင် မဝယ်နိုင်သည့်အရာများဖြစ်ကြသည်။

တစ်နည်းဆိုရသော် မိုရှောင်ချီတွင် ထိုကဲ့သို့သော အိတ်ငယ်လေးများစွာ ရှိနေရခြင်းမှာ မိုရှောင်ချီသည် စိတ်ဝိဉာဉ်သားရဲကျွန်းမှလူတစ်ဦး ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်လေသည်။

စိတ်ဝိဉာဉ်သားရဲကျွန်းသည် ကြယ်တာယာအစုအဝေး တစ်ခုလုံးတွင် နာမည်ကျော်သည့် အင်အားစုတစ်ခု ဖြစ်သည်။

စိတ်ဝိဉာဉ်သားရဲကျွန်းမှာ ကြယ်ဝိဉာဉ်နန်းတော်၊ ရှုရင်သာဝိဉာဉ်နန်းတော်ကဲ့သို့ နေရာကျယ်ဝန်းခြင်းမရှိသလို တပည့်တပန်းအင်အားများစွာ မရှိသော်ငြား မှတ်ချက်ပေးရလောက်သည့် အင်အားစုကြီးတစ်ခုထဲ ပါဝင်နေဆဲပင်။

စိတ်ဝိဉာဉ်သားရဲကျွန်း၏ပိုင်ရှင်ဖြစ်သော ကျွန်းသခင်သည် မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော မဟာသားရဲဧကရာဇ်ပင်ဖြစ်လေသည်။

စိတ်ဝိဉာဉ်သားရဲကျွန်းတွင် အပြင်ဘက်၌ ရှာတွေ့ခဲလှသော သားရဲများနှင့် ရှေးဟောင်းနတ်သားရဲများပင်ရှိကြသည်ဟု ကောလဟာလများက ပြောကြသည်။

တစ်နည်းဆိုရသော် စိတ်ဝိဉာဉ်သားရဲကျွန်းသည် ကျွန်းတစ်ကျွန်းသာဖြစ်ပြီး မဟာသားရဲဧကရာဇ်သည် လူသိရှင်ကြား တပည့်ခေါ်ယူစုဆောင်းခြင်းမျိုး မလုပ်သော်ငြား စိတ်ဝိဉာဉ်သားရဲကျွန်း၏လွှမ်းမိုးမှုသည် ကြယ်တာယာ အစုအဝေးထဲ အကန့်အသတ်တစ်ခုထိ ရှိနေဆဲပင်။

သို့သော်ငြား စိတ်ဝိဉာဉ်သားရဲကျွန်းသည် ကြယ်တာယာ အစုအဝေး၏အရှေ့ဘက်ခြမ်းရှိ အဆုံးမဲ့ပင်လယ်တွင် တည်ရှိနေခြင်းဖြစ်သည်။

ထိုနေရာသည် တောင်ဘက် နယ်မြေနှင့်မိုင်ပေါင်း သန်းရာနှင့်ချီခန့် ဝေးကွာခြင်း ဖြစ်လေရာ ထိုမျှဝေးကွာသောနေရာဆီမှလူတစ်ဦး ဤတောင်ဘက် နယ်မြေဆီသို့ မည်ကဲ့သို့ရောက်နေမှန်းကို ကျန်းလင် လုံးဝနားမလည်နိုင် ဖြစ်နေခဲ့လေသည်။

သို့သော်ငြား မိသားစုခေါင်းဆောင်တစ်ဦး ဖြစ်သည်နှင့်အညီ မိုရှောင်ချီခါးထက်တွင်ချိတ်ဆွဲထားသော အိတ်ငယ်လေးကိုမြင်ပြီးနောက် သူမ၏ဇစ်မြစ်အား ချက်ချင်းခန့်မှန်းမိသွားခဲ့သည်။

"ကောင်မလေး နင်က မဟာသားရဲဧကရာဇ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ" အနည်းငယ်အသက်ရှူချိန် ရသည့်အခိုက်တွင် ကျန်းလင်သည် မိုရှောင်ချီအား ချက်ချင်း လှမ်းမေးလိုက်လေသည်။

သူသိထားသလောက် စိတ်ဝိဉာဉ်သားရဲကျွန်းသည် တပည့်ခေါ်ယူစုဆောင်းခြင်းမျိုးမလုပ်ပေ။ ထို့ကြောင့် ထိုကျွန်းမှလူအားလုံးသည် မဟာသားရဲဧကရာဇ်နှင့် တစ်နည်းတစ်ဖုံပတ်သက်နေသည့်သူများ ဖြစ်ကြသည်။

မိုရှောင်ချီသာ စိတ်ဝိဉာဉ်သားရဲကျွန်းမှလာသည်ဆိုပါက သူမသည် မဟာသားရဲဧကရာဇ်နှင့်ပတ်သက်လျှင်ပတ်သက်၊ မပတ်သက်လျှင် မဟာသားရဲဧကရာဇ်၏တပည့်များနှင့် ပတ်သက်နေရပေလိမ့်မည်။ ထိုကဲ့သို့သောလူတစ်ဦးအား ကျန်းမိသားစုအနေဖြင့် မည်ကဲ့သို့များ သွားရန်စနိုင်ပါမည်နည်း။

မိုရှောင်ချီကမူ ကျန်းလင်၏အမေးကိုကြားသော်ငြား မသိချင်ယောင်ဆောင်လျက်သာ ထူးမခြားနားဟန်ဖြင့် ခေါင်းပေါ်သို့ မော့ကြည့်လိုက်သည်။

ထိုအချိန်အတောအတွင်း ကျန်းလင်၏စကားကို ကြားပြီးနောက် ကျန်းမိသားစုဝင်အားလုံး၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။

အကုန်လုံးကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြပြီး တိုက်ခိုက်လိုစိတ်များ ပျောက်ကုန်ကြ၏။ ဤသို့ဖြင့် တိုက်ပွဲမျှခြေမှာ ကျိုးပျက်သွားရလေတော့သည်။

ပထမဦးစွာ ကျန်းမိသားစုဝင်အကြီးအကဲတစ်ဦးသည် ကျန်းလင်ပြောစကားကိုကြားပြီးနောက် သတိလက်လွတ် ဖြစ်သွားခဲ့သဖြင့် မီးတောက်ချီလင်၏မီးဘောလုံးထိမှန်ခြင်း ခံလိုက်ရလေသည်။

မီးဘောလုံးထိမှန်ခြင်းခံလိုက်ရပြီးနောက်တွင် သူ့တစ်ကိုယ်လုံး ဗလာနတ္ထိအဖြစ်သို့ လောင်ကျွမ်းသွားခြင်း ခံလိုက်ရလေ၏။

ထို့နောက်တွင်လည်း အခြားသောကျန်းမိသားစုဝင် အကြီးအကဲတစ်ဦးသည် ငွေလည်ဆံသားရဲ၏နင်းခြေခြင်း ခံလိုက်ရလေသည်။ ဤသို့ဖြင့် ကျန်းမိသားစုမှ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး သေဆုံးကုန်ကြရလေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ကျန်းလင်၏မျက်လုံးများ နီရဲတက်လာလေသည်။ သူ့စိတ်ထဲရှိကြောက်စိတ်အား ဖိနှိပ်ထားရင်း ဒေါသတကြီးပြန်အော်ပြောလိုက်လေ၏။ "ကောင်မလေး နင် မဟာသားရဲဧကရာဇ်နဲ့ ဘယ်လိုပဲ ပတ်သက်၊ ပတ်သက်။ ဒီနေ့ နင်သေရင်သေ။ မသေရင် ငါတို့သေရမယ်"

ထိုစကားကိုကြားသည့်အခါ ကျန်းမိသားစုဝင်အားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြလေသည်။ သူတို့တွင် အခြားရွေးချယ်စရာမရှိတော့မှန်း ကျန်းမိသားစုဝင်အားလုံး သိနေကြသည်။

သူတို့နှင့်မိုရှောင်ချီကြားတွင် တိုက်ပွဲအကြီးကြီး ဖြစ်သွားခဲ့လေပြီ။ သူတို့သာ ဤနေရာ၌ မိုရှောင်ချီအား မသတ်ပစ်နိုင်ပါက ကျန်းမိသားစုအနေဖြင့် ကြယ်တာယာ အစုအဝေးထဲ ခြေကုပ်ယူရန် စဉ်းကိုမစဉ်းစားသင့်တော့ပေ။

မိုရှောင်ချီအနေဖြင့် ကိုယ်တိုင်လှုပ်ရှားစရာမလို။ စကားလေးတစ်ခွန်းလောက်ပြောလိုက်ရုံဖြင့် သူမအစား ကျန်းမိသားစုဝင်များကို ကူသတ်ပေးမည့် ပညာရှင်ပေါင်း များစွာရောက်လာကြပေလိမ့်မည်။ မည်သူကများ စိတ်ဝိဉာဉ်သားရဲကျွန်းဆီမှ ကျေးဇူးတင်ခံရမည့် အခွင့်အရေးမျိုး မလိုချင်ဘဲနေမည်နည်း။

စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးသည့်နောက်တွင် ကျန်းမိသားစုဝင်များသည် အဖွဲ့ပြန်ဖွဲ့ကာ နောက်ပြန်ဆုတ်လိုက်ကြလေသည်။ သို့သော်ငြား ထိုအချိန်တွင် တာအိုသခင်အဆင့်ပညာရှင် နှစ်ဦးကြားမှတိုက်ပွဲမှာ အဆုံးသတ်သွားခဲ့လေသည်။

နာကျင်စွာအော်ဟစ်သံနှင့်အတူ ကျန်းထိုက်ရှန်းနှင့် ရန်ကိုင်တို့ လူချင်းခွာလိုက်ကြသည်။ ရန်ကိုင်မှာ အဆင်ပြေပြေနှင့်သာရှိသော်ငြား ကျန်းထိုက်ရှန်းမှာမူ ဒဏ်ရာရထားသည့်အလား ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေခဲ့လေသည်။

သူသည် ရာစုနှစ်များစွာအသက်ရှင်လာသော တာအိုသခင်အဆင့်ပညာရှင်တစ်ဦးဖြစ်သော်ငြား ယခုမှသာ တာအိုသခင်အဆင့်သို့ ရောက်ထားသော ရန်ကိုင်နှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် ဆိုးဆိုးရွားရွားကို ရှုံးနိမ့်ခဲ့ရသည်။

သူ့စိတ်ထဲ ရန်ကိုင်၏ပြိုင်ဘက်မဖြစ်နိုင်သည့်အပေါ် အလွန်ကိုမှ မယုံကြည်နိုင်ဖြစ်နေခဲ့လေသည်။ အောက်ဘက်ရှိ တိုက်ပွဲအခြေအနေအား ငုံ့ကြည့်လိုက်ပြီးသည့်နောက် ကျန်းထိုက်ရှန်းမျက်နှာပျက်သွားခဲ့လေသည်။

"ငါတို့ကျန်းမိသားစုရဲ့ နှစ်ရာနဲ့ချီနေတဲ့ မိသားစုအုတ်မြစ်က ငါ့လက်ထက်မှာပဲ ဆုံးရှုံးလိုက်ရတော့မှာလား" ထိုအတွေး သူ့ခေါင်းထဲ ဖြတ်ပြေးသွားသည်နှင့် ကျန်းထိုက်ရှန်းမျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

ရန်ကိုင့်အား ဒေါသတကြီးစိုက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။ "ဂျူနီယာ ဒီလူအိုကြီးသေရမယ်ဆိုရင်တောင် မင်းကိုပါ အပါခေါ်သွားမယ်"

ပြောပြီးသည်နှင့် သူ့ကိုယ်ထဲရှိ အရင်းအမြစ်ချီကို လှည့်ပတ်လိုက်လေသည်။ ထို့နောက် လျှာဖျားကိုကိုက်ကာ သွေးအဆီအနှစ်တစ်စက်ကို ထွေးထုတ်လိုက်သည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင် မျက်နှာပျက်သွားခဲ့သည်။ တစ်ဖက်လူ သူသေကိုယ်သေ တိုက်ခိုက်တော့မည်မှန်း ရန်ကိုင်နားလည်လိုက်သည်။

ကျန်းထိုက်ရှန်းကို သတ်နိုင်သည်ဟုယုံကြည်သော်ငြား တစ်ဖက်လူသည် တာအိုသခင်အဆင့်ပညာရှင်တစ်ဦး ဖြစ်နေဆဲ။ ကျန်းထိုက်ရှန်းသာ သူသေကိုယ်သေ တိုက်ခိုက်လိုက်မည်ဆိုပါက လုံးဝအထင်မသေးသင့်တော့ပေ။

ထို့အပြင် ကျန်းရို့ရှီအားကိုင်ထားသဖြင့် သူ့လက် တစ်ဖက်ကလည်း မအား။

ကျန်းထိုက်ရှန်း မမျှော်လင့်ထားသည့် ပညာရပ်တစ်ခုခုအား သုံးလိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ရန်ကိုင်သည်လည်း ချက်ချင်းပဲ ခုခံရန်ပြင်ဆင်လိုက်လေသည်။

သို့သော်ငြား ခဏအကြာတွင် ကျန်းထိုက်ရှန်း တစ်ကိုယ်လုံးအား သွေးမြူများမှ ဖုံးကွယ်သွားခဲ့လေသည်။

ထို့နောက်တွင် ထိုသွေးမြူသည် သက်တန့်ရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရန်ကိုင်နှင့် ဆန့်ကျင်ဘက်အရပ်ဆီသို့ လျင်မြန်စွာ ထွက်ပြေးသွားလေ၏။

"အမ်" ရန်ကိုင်ကြောင်သွားခဲ့လေသည်။ ကျန်းထိုက်ရှန်းမှာ သူ့ကိုပါ အပါခေါ်သွားမည်ဟု ဟိတ်ကြီးဟန်ကြီးနှင့် ပြောခဲ့သော်ငြား တစ်ကယ်တမ်းတွင် သူ့လက်အောက်ငယ်သားများ၏အသက်ကို ဂရုမစိုက်ဘဲ ကိုယ်လွတ်ရုန်းကာ ထွက်ပြေးသွားလိမ့်မည်ဟု ရန်ကိုင်လုံးဝ မထင်ထားခဲ့ပေ။

"ဒီမြေခွေးအိုကြီးကတော့ကွာ" ရန်ကိုင်ဒေါသတကြီး ကျိန်ဆဲလေ၏။

ကျန်းထိုက်ရှန်းထွက်ပြေးသွားပြီမှန်း သိလိုက်သည်နှင့် ချက်ချင်းပဲ လေဟာနယ်စွမ်းအင်ကို အသက်သွင်းကာ ကျန်းထိုက်ရှန်းအား ချုပ်နှောင်ရန်ကြိုးစားလိုက်လေသည်။ "ချုပ်နှောင်လိုက်စမ်း"

သက်တန့်ရောင်အလင်းတန်းမှာ တစ်ခဏတာ ရပ်တန့်သွားခဲ့ပြီး လေဟာနယ်နိယာမစွမ်းအားကို ချိုးဖျက်၍ ဆက်လက်ထွက်ပြေးလေသည်။

ကျန်းထိုက်ရှန်းသည်လည်း တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လေရာ ရန်ကိုင့်၏လေဟာနယ်နိယာမ စွမ်းအားလောက်သည် အဘယ်ကြောင့်များ သူ့အား ချုပ်ထားနိုင်မည်နည်း။

လေဟာနယ်စွမ်းအားမှ ရုန်းထွက်ပြီးသည့်နောက်တွင် ကျန်းထိုက်ရှန်းသည် တောင်ပေါ်တွင်ရှိနေသော လှိုဏ်ဂူထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

"အဲ့ခွေးအိုကြီးကတော့" ကျန်းထိုက်ရှန်း ဘာကြံနေသလဲ ဆိုသည်ကို ရန်ကိုင်ချက်ချင်းနားလည်သွားခဲ့သည်။

ကျန်းထိုက်ရှန်းကိုယ်တိုင်သည်လည်း ထွက်ပြေးမည် ဆိုလျှင် ရန်ကိုင့်လက်မှ လွတ်နိုင်မည်မဟုတ်မှန်းကို သိထားသည့်ပုံပင်။ ထို့အပြင် ဒဏ်ရာလည်းရထားသည့် အတွက်ကြောင့် အချိန်အကြာကြီး ထွက်မပြေးနိုင်ချေ။

ထို့ကြောင့် လှိုဏ်ဂူထဲရှိ လေဟာနယ်အစီအရင်ကိုသုံး၍ ထွက်ပြေးရန်ကြံစည်ခဲ့သည်။

သူသာဤနေရာမှ တည်နေရာခုန်ကူးသွားမည်ဆိုပါက ရန်ကိုင် လေဟာနယ်စွမ်းအားအပေါ် မည်မျှပင် ကျွမ်းကျင်နေစေကာမူ သူ့အားလိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းထိုက်ရှန်း၏အစီအစဉ်မှာ အတော်လေးကို ကောင်းမွန်ကာ အောင်မြင်သွားခဲ့လေသည်။ လှိုင်ဂူထဲသို့ ဝင်သွားပြီးသည့်နောက်တွင် သူ့အရှိန်အဝါသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

ကျန်းမိသားစုဝင်များမှာတော့ ကျန်းထိုက်ရှန်း ထွက်ပြေးသွားသည်ကိုမြင်ပြီးနောက် အလွန်ကိုမှ တုန်လှုပ် ခြောက်ခြားကုန်ကြလေသည်။

သူတို့၏ဘိုးဘေးအား ဝင်ရောက်ကူညီပေးချင်သည့် အတွက်ကြောင့် ဤနေရာတွင်အသည်းအသန် တိုက်ခိုက်နေခဲ့ကြ၏။

သို့သော်ငြား တစ်ကယ်အရေးကြီးလာသည့်အချိန်တွင် သူတို့၏ဘိုးဘေးသည် နည်းနည်းလေးမှပင် တုန့်ဆိုင်းနေခြင်း မရှိဘဲ သူတို့အား စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့လေသည်။

သူတို့အနေဖြင့် မိုရှောင်ချီကိုပင် အနိုင်နိုင် ခုခံ တိုက်ခိုက်နေရရာ တာအိုသခင်အဆင့်သို့ရောက်နေသော ရန်ကိုင့်အား မည်ကဲ့သို့များ ပြန်တိုက်နိုင်ပါမည်နည်း။ သူတို့သာ ဤနေရာတွင်ဆက်နေလျှင် ကိုယ့်သေတွင်း ကိုယ်တူးသလိုသာ ဖြစ်ချေရော့မည်။

ထို့ကြောင့် ကျန်းလင်က ပြတ်ပြတ်သားသား ဆုံးဖြတ်၍ အော်ပြောလိုက်လေ၏။ "သွားကြမယ်"

အကုန်လုံး တိုက်ခိုက်နေရာမှ ပြန်ဆုတ်လာပြီး လှိုဏ်ဂူဆီသို့ အသည်းအသန်ထွက်ပြေးကြလေ၏။ သူတို့သည်လည်း ကျန်းထိုက်ရှန်းကဲ့သို့ပင် လှိုဏ်ဂူထဲရှိ ဟင်းလင်းပြင်အစီအရင်ကိုသုံးကာ ထွက်ပြေးလိုနေခြင်း ဖြစ်သည်။

သူတို့သာ ဤနေရာမှ ထွက်ပြေးနိုင်မည်ဆိုပါက အသက်ရှင်နိုင်ခြေရှိပေသည်။

သို့သော်ငြား သူတို့အံ့အားသင့်သွားခဲ့ရသည့်အချက်မှာ ရန်ကိုင်သည် သူတို့အား တားမည့်အရိပ်အယောင် နည်းနည်းလေးပင်မပြဘဲ လှောင်ပြုံးပြုံး၍သာ လေထဲတွင် ဝဲလျက်ရပ်ကြည့်နေခြင်းပင်။

ရန်ကိုင့်၏အပြုံးကိုမြင်ပြီးနောက် ကျန်းလင်၏ခေါင်းထဲ အချက်ပေးသံတို့ ဆူဝေသွားခဲ့သည်။ သို့ရာတွင် အခြားသော ကျန်းမိသားစုဝင်များမှာတော့ ရန်ကိုင်သူတို့အား လာမတားသည့်အပေါ် အလွန်ကိုမှပျော်သွားခဲ့ပြီး လှိုဏ်ဂူဆီသို့သာ အသည်းအသန်ပြေးထွက်သွားကြလေသည်။

ကျန်းမိသားစုဝင်အကြီးအကဲသည် သူ့တွင်ပါလာသော အရင်းအမြစ်ကျောက်များကိုထုတ်၍ မြောင်းငယ်လေးများထဲသို့ ထည့်ကာ ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းလိုက်သည်။

သို့ရာတွင် ဘာဆိုဘာမှဖြစ်မလာခဲ့ပေ။

စောင့်ဆိုင်းနေကြသည့် ကျန်းမိသားစုဝင်များမှာလည်း အလွန်ကိုမှ စိုးရိမ်ပူပန်လာခဲ့သည်။

သို့သော်ငြား မကြာသေးခင်အချိန်ထိ အကောင်းအတိုင်း ရှိနေသော ဟင်းလင်းပြင်အစီအရင်သည် လုံးဝ အသက်ဝင်မလာခဲ့ပေ။

"ဘာဖြစ်နေတာလဲ" ကျန်းချူဟဲက ကြောက်လန့်တကြား လှမ်းမေးလိုက်သည်။

"အစီအရင် အသက်ဝင်မလာဘူး" အစီအရင်ကို အသက်သွင်းနေသည့်အကြီးအကဲက ပြန်ပြောလိုက်သည်။

"ဖယ်စမ်း.. ကျုပ်လုပ်မယ်" ကျန်းချူဟဲသည် အစောပိုင်းကအကြီးအကဲကို ဘေးတွန်းထုတ်လိုက်ပြီး သူ့စွမ်းအားကိုလှည့်ပတ်၍ အစီအရင်ထဲသို့ ထည့်သွင်းလိုက် လေသည်။

သို့သော်လည်း ရလာဒ်မှာအတူတူသာဖြစ်သည်။ အစီအရင်သည် လုံးဝအသက်ဝင်မလာခဲ့ပေ။

ထိုစဉ်ပုံရိပ်တစ်ခုသည် အော်ရယ်မောရင်း လှိုဏ်ဂူထဲသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လမ်းလျှောက် ဝင်လာခဲ့လေ၏။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၇၂)

ကျန်းမိသားစုဝင်များ၏မျက်နှာ ရုတ်ခြည်း ဖြူလျော်သွားခဲ့သည်။ လှည့်ကြည့်လိုက်ရာ သူတို့ဆီသို့ သေမင်းတစ်ပါးနှယ် တဖြေးဖြေးချင်း လျှောက်လာနေသော ရန်ကိုင့်ကို တွေ့လိုက်ရလေသည်။

သူတို့လုံးဝမှားသွားပြီမှန်း ကျန်းမိသားစုဝင်အားလုံး နာလည်လိုက်ကြသည်။

"ကောင်းတယ်…ကောင်းတယ်။ အကုန်လုံးက တစ်နေရာတည်းမှာစုနေတာဆိုတော့ လိုက်ဖမ်းနေစရာ မလိုတော့ဘူးပေါ့" ရန်ကိုင်သည် ကျန်းမိသားစုဝင်များဆီမှ မလှမ်းမကမ်းတွင်ရပ်ရင်း မဲ့ပြုံးပြုံးလျက်ပြောလိုက်လေသည်။ "ခင်ဗျားတို့ဘိုးဘေးက တော်တော်ရက်စက်တာပဲနော်"

ထိုစကားကိုကြားသည်နှင့် ကျန်းလင်ရင်ထဲ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရလေသည်။ သူ့မျက်နှာတစ်ပြင်လုံး နီရဲတက်လာပြီး ပါးစပ်ကိုဟကာ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။

ထို့နောက် ကောင်းကင်ပေါ်သို့မော့၍ အကျယ်ကြီး အော်ပြောလိုက်လေ၏။ "ငါ..မုန်း..တယ်.."

အခြားသောကျန်းမိသားစုဝင်များ၏ မျက်နှာများမှာလည်း ဖြူလျော်ကုန်ကြလေသည်။ သူတို့၏မျက်နှာထက် စိတ်ပျက် အားလျော့နေသည့် အမူအယာတို့ထွက်ပေါ်လာခဲ့ကြသည်။

ဒီအချိန်ထိရောက်ပြီးမှဖြင့် သူတို့နားမလည်ဘဲ ဘယ်နေအုံးမည်နည်း။ ဟင်းလင်းပြင်အစီအရင် အသက်မဝင်ရခြင်းမှာ သူတို့၏ဘိုးဘေးသည် အခြားတစ်ဖက်တွင်ရှိနေသော အစီအရင်ကို ဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။

ဤလှိုင်ဂူထဲရှိအစီအရင်သည် မိုင်းတွင်းထဲရှိ အစီအရင်နှင့်ဆက်စပ်ထားသည်။ ထိုအစီအရင်နှစ်ခုစလုံး အကောင်းအတိုင်းရှိနေမှသာ အစီအရင်ကို အသက်သွင်းနိုင် ပေလိမ့်မည်။ သို့သော်ငြား ကျန်းထိုက်ရှန်း အစီအရင်ထဲသို့ ဝင်သွားသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်အစီအရင်မှာ လုံးဝအသက်ဝင်မလာတော့ချေ။

ဘာကြောင့် ဤကဲ့သို့ဖြစ်ရသလဲဆိုသည်ကို အရူးပင် စဉ်းစားတတ်သည်။

ကျန်းထိုက်ရှန်းသည် ရန်ကိုင် သူ့နောက်သို့ လိုက်လာမည်ကို စိုးရွံ့သည့်အတွက်ကြောင်း တစ်ဖက်ခြမ်းရှိ ဟင်းလင်းပြင်အစီအရင်ကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

သို့သော်ငြား သူ့လုပ်ရပ်သည် လက်ကျန် ကျန်းမိသားစုဝင်များ၏ ပြေးပေါက်ကို ပိတ်လိုက်သလို ဖြစ်သွားခဲ့လေသည်။

ကျန်းလင်သည် ရန်ကိုင့်အား စိတ်ပျက်အားလျော့စွာ ကြည့်ရင်း ပြောလိုက်သည်။ "ဆေးပညာရှင်ရန်။ အခြေအနေတွေက ဒီအခြေအနေထိရောက်လာပြီဆိုမှတော့ မင်းငါတို့အားလုံးကိုသတ်ရင်သတ်လိုက်ပေတော့။ ငါ ဂရုစိုက်မနေတော့ဘူး။ မင်းလုပ်ချင်သလိုသာလုပ်ပေတော့"

ကျန်းလင်သည် အနည်းငယ်သတ္တိရှိသည်ဟု ပြော၍ ရသည်။ သေရတော့မည်မှန်းသိလိုက်သော် ငိုယိုပြီး တောင်းပန်မနေခဲ့။ သေဖို့ရာပင် တောင်းဆိုနေခဲ့သည်။

ကျန်းလင်မှာ ထိုကဲ့သို့ပြတ်သားနေသော်ငြား လက်ကျန် ကျန်းမိသားစုဝင်များမှာတော့ ထိုကဲ့သို့မဟုတ်ချေ။ ကျန်းလင်၏ စကားကိုကြားပြီးသည့်နောက်တွင် ကျန်းမိသားစုဝင် အကြီးအကဲအချို့၏အမူအယာ ပြောင်းလဲသွားခဲ့လေသည်။

လူငယ်မျိုးဆက်၏ခေါင်းဆောင်ဖြစ်သော ကျန်းချူဟဲသည် ပို၍ပင်ကြောက်လန့်သွားခဲ့သည်။

အလျင်စလို ရှေ့သို့တက်၍ ရန်ကိုင့်အားစိုက်ကြည့်ရင်း စိုးရိမ်တကြီးတောင်းဆိုလိုက်လေသည်။ "ဆေးပညာရှင်ရန်။ ဒီကျန်းမသိလိုက်ဘဲ ရန်စစော်ကားမိတာကို ဆေးပညာရှင်ရန်ကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီကျန်း အမှားလုပ်ခဲ့မိတာရှိရင် တစ်ကယ်တောင်းပန်ပါတယ်။ အခုကနေစပြီး ဒီကျန်း ကိုယ့်အမှားကိုယ်ပြန်ပြင်ပါ့မယ်။ ဆေးပညာရှင်ရန်က ဆန္ဒရှိတယ်ဆိုရင် ဆေးပညာရှင်ရန်နောက်လိုက်ပြီး အစေခံ တစ်ဦးအဖြစ်လည်း အလုပ်လုပ်ပေးပါ့မယ်"

"အို.."ရန်ကိုင်သည် စိတ်ဝင်စားသွားသည့်ပုံဖြင့် မျက်ခုံးပင့်လိုက်လေသည်။

"ရွံဖို့ကောင်းလိုက်တာကွာ" ဘိုးဘေး၏လုပ်ရပ်ကြောင့် အလွန်ကိုမှစိတ်ညစ်နေသော ကျန်းလင်သည် ကျန်းချူဟဲ၏ စကားကိုကြားပြီးသည့်နောက်တွင် ပို၍ပင် စိတ်ဓာတ်ကျသွားခဲ့လေသည်။ ကျန်းချူဟဲ၏လုပ်ရပ်ကို မြင်ပြီးနောက် သူ့စိတ်အခြေအနေမှာပို၍ ဆိုးရွားသွားခဲ့သည်။

ဒေါသထွက် စိတ်ဓာတ်ကျလွန်းသဖြင့် သတိပင် လစ်ချင်သွားခဲ့သည်။

သို့သော်ငြား စိတ်ကိုကြိတ်မှိတ်တင်းထားရင်း ကျန်းချူဟဲအား တုန်တုန်ရီရီဖြင့်လက်ညိုးထိုးကာ ဒေါသတကြီး အော်ပြောလိုက်လေသည်။ "မင်း … သောက်ကြောက်ကောင်။ မင်းလိုကောင်မျိုးရှိတာ ငါတို့ ကျန်းမိသားစုအတွက် တစ်ကယ်မျက်နှာပျက်စရာပဲ"

ထိုစကားကိုကြားသည့်အခါ ကျန်းချူဟဲက ချက်ချင်း ပြန်အော်ပြောလေ၏။ "သက်ကြားအိုကြီး ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်။ ဘိုးဘေးကျုပ်တို့ကို စွန့်ပစ်သွားတာ မှန်ပေမယ့် ကျုပ်သေတွင်းကျုပ်မတူးချင်ဘူး။ ကျုပ် ကျန်းချူဟဲက ငယ်ငယ်လေးပဲရှိသေးတယ်။ ကျုပ်အနာဂါတ်က တောက်ပနေတာ။ အကြောင်းမရှိဘဲ ကျုပ်မသေချင်သေးဘူး။ ခင်ဗျားမှာ အသိစိတ်ရှိတယ်ဆိုရင် ဆေးပညာရှင်ရန်ကို မြန်မြန်တောင်းပန်လိုက်။ ဆေးပညာရှင်ရန်က ကြင်နာပြီး သဘောထားကောင်းတာဆိုတော့ ခင်ဗျားအသက်ကို ချမ်းသာပေးရင် ချမ်းသာပေးမှာ"

"ပြောတာကောင်းတယ်" ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြောလိုက်သည်။ "လူတော်တစ်ယောက်ဆိုတာ အခြေအနေ အချိန်အခါကိုကြည့်ပြီး လှုပ်ရှားတတ်ရတယ်။ မင်းမဆိုးဘူး"

ရန်ကိုင့်စကားကိုကြားသည့်အခါ ကျန်းချူဟဲက အားရစွာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။ "ဆေးပညာရှင်ရန် ကျုပ်ကိုချီးကျူးနေတာပဲ"

"ဒါပေမယ့် သေမှာကြောက်လို့ ကိုယ့်အမျိုးကို သစ္စာဖောက်ပြီး အခုလိုခခယယလုပ်လွန်းတဲ့လူတွေကို ငါအရမ်းမုန်းတယ်" ရန်ကိုင်၏မျက်နှာရုတ်ခြည်းအေးစက် သွားခဲ့လေသည်။

ကျန်းချူဟဲ၏မျက်နှာထက်ရှိအပြုံးမှာလည်း ရုတ်ခြည်း တောင့်တင်းသွားလေ၏။

"ကဲ ဒီလောက်ပဲ တော်ကြတာပေါ့။ အစကတော့ ခင်ဗျားတို့အားလုံးကို သတ်ဖို့လုပ်မထားဘူး။ တရားခံကိုပဲ အပြစ်ပေးချင်တာ။ ဒါပေမယ့် အခုလိုမျိုးတွေဖြစ်လာပြီ ဆိုမှတော့ ခင်ဗျားတို့အားလုံး ငြိမ်းချမ်းရာဆီသွားလို့ရပြီပေါ့" ပြောပြီးသည့်နောက် ရန်ကိုင်၏မျက်နှာ တဖြေးဖြေး အေးစက်လာခဲ့ပြီး သတ်ဖြတ်လိုစိတ်တို့ အကုန်လုံးအား လွှမ်းခြုံသွားခဲ့လေသည်။

ထို့နောက် သူ့လက်အား ကျန်းမိသားစုဝင်များဆီသို့ ဖြေးဖြေးချင်းဆန့်ထုတ်လိုက်လေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ကျန်းမိသားစုဝင် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး၏အမူအယာ ဖြူလျော်သွားကုန်ကြလေသည်။

သူတို့စိတ်ထဲ ခုခံချင်မိသော်ငြား သူတို့တစ်ကိုယ်လုံး လုံးဝလှုပ်မရကြောင်း တွေ့လိုက်ရသည်။ သူတို့ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် အေးခဲနေသည့်အလား အလွန်ကိုမှ စေးပျစ်နေခဲ့လေသည်။

ခန္ဓာကိုယ်တွင်သာလျှင်မဟုတ်ဘဲ သွေးကြောများထဲရှိ စွမ်းအင်များသည်ပင်လျှင် အလွန်ကိုမှနှေးကွေးစွာ စီးဆင်းနေကြလေ၏။

"နိယာမစွမ်းအား" အကုန်လုံး၏မျက်နှာဖြူလျော်သွားပြီး သူတို့ဆီသို့ တိုးဝင်လာနေသော ရန်ကိုင့်၏လက်ဝါးအား ကူကယ်ရာမဲ့စွာ လှမ်းကြည့်လိုက်ကြလေသည်။

သေခြင်းအရှိန်အဝါသည် အကုန်လုံးဆီသို့ တဖြေးဖြေးချင်း တိုးကပ်လာနေလေ၏။

သို့သော်ငြား ထိုစဉ်မှာပင် ထူးဆန်းသည့် ကိစ္စတစ်ခု ဖြစ်လာခဲ့လေသည်။ သူတို့ ရပ်နေသည့် မြေပြင်သည် ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကမ္ဘာကပ်ဘေး ကျနေသည့်နှယ် နေရာအနှံ့ အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်၏အမူအယာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျတ်လိုက်ပြီးနောက် ပတ်ပတ်လည်ရှိပြောင်းလဲမှုများကို သတိပြုမိလိုက်သည့်အခါ ရပ်နေရာမှ ချက်ချင်း ပျံထွက်သွားခဲ့ပြီး မိုရှောင်ချီဘေးနားတွင် ပြန်ပေါ်လာခဲ့သည်။

မိုရှောင်ချီသည်လည်း သူမဆင့်ခေါ်ထားသည့် မွန်းစတားသားရဲအားလုံးကို ပြန်သိမ်းထားလိုက်ပြီး လေထဲတွင် အလေးအနက်အမူအယာဖြင့် ဝဲနေခဲ့လေသည်။

ရန်ကိုင်ပြန်ပေါ်လာသည်ကိုမြင်သော် စိုးရိမ်တကြီး လှမ်းအော်မိလိုက်လေ၏။ "အစ်ကိုရန် ကြည့်ရတာ..."

"ငါသိတယ်။ သွားကြရအောင်" ရန်ကိုင်က ဖြတ်ပြောလိုက်သည်။ ထို့နောက် သူ့အရင်းအမြစ်ချီဖြင့် မိုရှောင်ချီအား ရစ်ပတ်၍ ခပ်လှမ်းလှမ်းဆီသို့ ပျံသန်းသွား လေသည်။

ထိုအချိန်အတောအတွင်း လှိုဏ်ဂူထဲတွင်ရှိနေသော ကျန်းမိသားစုဝင်များမှာလည်း သေဘေးမှကပ်ကာသီကာလေး လွတ်လာခဲ့ရသည့်အပေါ် အံ့အားသင့်မိနေခဲ့သည်။

ထို့နောက် တစ်စုံတစ်ဦးမှ တစ်ခုခုမှားယွင်းနေကြောင်း ထအော်သည်နှင့်အကုန်လုံး လှိုဏ်ဂူထဲမှ အသည်းအသန် ထွက်ပြေးကြလေသည်။

လှိုဏ်ဂူအပြင်သို့ရောက်လာသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကုန်လုံးမှင်သက်သွားကုန်ကြလေသည်။ မိုင်နှစ်ထောင်ပတ်လည်ရှိမြေပြင်သည် ဒီရေလှိုင်းလုံးနှယ် နိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည်။

တစ်ချိန်တည်းတွင် လျှိုမြောင်များစွာလည်း နေရာအနှံ့ ထွက်ပေါ်လာနေခဲ့၏။ ထိုလျှိုမြောင်များဆီမှ အနက်ရောင်အငွေ့အသက်တို့မှာ တရိပ်ရိပ် ထွက်ပေါ်လာနေကြလေသည်။

မကြာမီ ထိုအနက်ရောင်အရှိန်အဝါများသည် အပေါက်ကလေးများအဖြစ်သို့ ကွဲထွက်သွားခဲ့ပြီး အဘက်ဘက်ဆီသို့ ပျံထွက်သွားကုန်ကြလေ၏။

ကမ္ဘာလောကကြီးတစ်ခုလုံး ထိုအရာများ၏လွှမ်းမိုးခြင်း ခံလိုက်ရလေသည်။

သတိလက်လွတ်ဖြစ်နေစဉ်အတောအတွင်း ကျန်းမိသားစုဝင်အားလုံးဟာလည်း ထိုအနက်ရောင် အရှိန်အဝါများ၏လွှမ်းခြုံခြင်းခံလိုက်ရ၏။

"ဘာကြီးလဲ" ကျန်းမိသားစုဝင်အကြီးအကဲတစ်ဦးက ကြောက်လန့်တကြီး ထအော်လေသည်။

အရှိန်အဝါ၏လွှမ်းခြုံခြင်းခံလိုက်ရသည်နှင့် သူ့စိတ်ထဲ ကိန်းအောင်းနေသော မကောင်းသည့်ခံစားချက်အားလုံး ပေါက်ကွဲထွက်လာကုန်လေသည်။ မျက်တောင်တစ်ခတ်အတွင်း သူ့မျက်လုံးများ နီရဲလာပြီး အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့သည်။

"နတ်ဆိုးချီတွေပဲ။ ငါလခွမ်း..ပြေးကြဟေ့.." ကျန်းမိသားစုဝင်များ ထအော်ကြလေသည်။ သူတို့၏ စွမ်းအင်ကို ချက်ချင်းပဲလှည့်ပတ်၍ အနက်ရောင်ချီများ၏ ဝန်းရံမှုအောက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။

သို့သော်ငြား အချိန်မှာနှောင်းလွန်းနေခဲ့လေပြီ။ အနက်ရောင်မြွေကဲ့သို့သော အရာများသည် အသက်ရှိနေသည့်အလား သူတို့ဆီသို့ အုံလိုက်ကျင်းလိုက် ပြေးဝင်လာပြီး အကုန်လုံးအား တင်းတင်းကြပ်ကြပ် ဝန်းရံလိုက်ကြလေ၏။

ပတ်ပတ်လည်တွင် ထုတ်ဖော်ထားသော အရင်းအမြစ်ချီ အကာအရံများမှာ ထိုအနက်ရောင်အရှိန်အဝါများ၏ တိုက်စားခြင်းကို မခုခံနိုင်ခဲ့ကြပေ။

အချိန်တစ်ခဏတာအတွင်း အရင်းအမြစ်ချီ အကာအရံများထက် အပေါက်များ ထွက်ပေါ်လာပြီး အနက်ရောင်အရှိန်အဝါများသည် သူတို့၏ကိုယ်ထဲသို့ ပါးစပ်များ၊ နှာခေါင်းများ၊ မျက်လုံးများ၊ နားရွက်များမှတစ်ဆင့် စိမ့်ဝင်သွားကုန်ကြလေ၏။

ထို့နောက် သွေးပျက်ခြောက်ခြားဖွယ်ရာ အော်ဟစ်သံများ နေရာအနှံ့ဆီမှထွက်ပေါ်လာခဲ့လေသည်။ ကျန်းမိသားစုဝင်များသည် မခံမရပ်နိုင်အောင် ဆိုးရွားလှသော နှိပ်စက်မှုများကို ခံစားနေရသည့်အလား။

သို့သော်ငြား တစ်ခဏမျှကြာပြီးသည့်နောက် ထိုအော်သံအားလုံးမှာ ရုတ်ခြည်းရပ်တန့်သွားကုန်ကြလေ၏။ အနက်‌ရောင်ချီတို့ဖြင့် လွှမ်းခြုံနေသော မှောင်မိုက်လှသည့် ကမ္ဘာလောကကြီးထဲတွင် သေဆုံးသွားပြီဖြစ်သော ကျန်းမိသားစုဝင်များ မတ်တပ်ပြန်ရပ်လာကြလေသည်။

သို့သော်ငြား လက်ရှိအချိန်တွင် သူတို့၏အရှိန်အဝါများမှာ ယခင်နှင့်မတူ လုံးဝကို ကွဲပြားနေခဲ့သည်။

အနက်ရောင်တိမ်လွှာများဖြင့် ရစ်ပတ်လွှမ်းခြုံထားခြင်း ခံရသောလူအားလုံး၏မျက်နှာထက်တွင် ကဗျာဆန်ဆန် အပြုံးတစ်ပွင့်ရှိနေခဲ့သည်။

ထို့အပြင်မဲမှောင်နေသည့် သူတို့၏မျက်လုံးများမှာ အလွန်ကိုမှကြောက်မက်ဖွယ်ရာကောင်းနေခဲ့လေသည်။

"ဝုန်း" မြေပြင်ပေါ်ရှိတစ်ခုသောနေရာသည် တစ်စုံတစ်ခု၏ ထိုးဖောက်ခြင်းခံလိုက်ရသည့်အလား ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့လေ၏။

ပေါက်ကွဲသွားသည့်နေရာတွင် ဧရာမကျင်းပေါက်ကြီး တစ်ပေါက်ဖြစ်ပေါ်လာခဲ့လေသည်။ ထို့နောက် ကျင်းပေါက်ထဲမှ ပုံရိပ်တစ်ခု အပြင်သို့ခုန်ထွက်လာခဲ့လေ၏။

ထိုပုံရိပ်သည် အပြင်သို့ရောက်လာပြီးနောက်တွင် အညောင်းအညာလျှော့ လက်ဆစ်ချိုးဘာချိုး လုပ်လိုက်ပြီးနောက် ခြောက်ခြားဖွယ်ရာကောင်းစွာ အော်ရယ်မောလိုက်သည်။

ရန်ကိုင်သာ ဤနေရာတွင်ရှိနေအုံးမည်ဆိုပါက ထိုလူကို ကျိန်းသေသိပေလိမ့်မည်။

ထိုလူမှာ အစောပိုင်းက ဟင်းလင်းပြင်အစီအရင်ကိုသုံး၍ ထွက်ပြေးသွားသော ကျန်းမိသားစု၏ဘိုးဘေး ကျန်းထိုက်ရှန်းမှလွဲ၍ အခြားမဟုတ်ပေ။

သို့သော်ငြား အချိန်တစ်ခဏတာအတွင်း ကျန်းထိုက်ရှန်း၏ ဒဏ်ရာအားလုံးမှာပြန်ကောင်းမွန်သွားခဲ့သည်။

ထိုမျှသာလျှင်မဟုတ်သေးဘဲ သူ့ဆီမှထွက်ပေါ်နေသည့် အရှိန်အဝါမှာလည်း ယခင်ထက်ကိုပို၍ အားကောင်းနေခဲ့လေသည်။

သူသာလျှင် ထိုကဲ့သို့ဖြစ်နေခြင်းမဟုတ်။ အနက်ရောင်ချီများ၏ လွှမ်းခြုံခြင်းခံလိုက်ရသည့် ကျန်းမိသားစုဝင်အားလုံး၏အရှိန်အဝါများမှာ ယခင်ထက် ပိုမိုအားကောင်းလာကြလေသည်။

ကျန်းထိုက်ရှန်းအပေါ်သို့တက်လာပြီး ခဏအကြာတွင် ကျင်းပေါက်ကြီးထဲမှ ပုံရိပ်များတစ်ခုပြီးတစ်ခု ခုန်ထွက်လာပြီး ကျန်းထိုက်ရှန်းနောက်တွင် စည်းစနစ်ကျစွာ မတ်တပ်ရပ်လိုက်ကြသည်။

ထိုလူအားလုံးသည် မိုင်းတွင်းထဲတွင်ရှိနေသော ကျန်းမိသားစုဝင်များနှင့် မိုင်းတူးနေကြသော အလုပ်သမားများသာ ဖြစ်ကြလေသည်။

ကျန်းထိုက်ရှန်းသည် အလွန်ကိုမှကျေနပ်သည့်အလား ပတ်ပတ်လည်အား လှည့်ပတ်ကြည့်ပြီးနောက် ကောင်းကင်ပေါ်သို့မော့ကာ အော်မြည်လိုက်လေ၏။

သူ့အော်သံသည် ကောင်းကင်ယံထိတိုင် ရောက်ရှိသွားခဲ့လေသည်။ သူ့အော်သံနှင့်အတူ နတ်ဆိုးချီတို့မှာ တစ်နည်းတစ်ဖုံဆင့်ခေါ်ခြင်းခံလိုက်ရသည့်အလား တဖြေးဖြေးစုဝေးလာပြီးနောက် အနက်ရောင်လေပွေတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ပေါ်သို့ တဖြေးဖြေး မြင့်တက်သွားခဲ့လေသည်။

အရှိန်ကုန်တင်လျက်ထွက်ပြေးနေသော ရန်ကိုင်နှင့် မိုရှောင်ချီသည် ထိုအော်ဟစ်သံကိုကြားပြီးနောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူတို့၏အမူအယာများ ပြောင်းလဲကုန်ကြ လေသည်။

"ငါလခွမ်း" ရန်ကိုင်အလန့်တကြား ထအော်လေ၏။ "ကျန်းမိသားစုတွေ ဘာသွားလုပ်လိုက်လဲမသိဘူး။ ကြည့်ရတာ မေပယ်မြို့တစ်ခုလုံးတော့ ဒုက္ခကောင်းကောင်းရောက်ပြီ"

"ကျွန်မထင်တာမမှားရင် အဲ့ဒါ ရှေးဟောင်းမဟာနတ်ဆိုးရဲ့ နတ်ဆိုးချီဖြစ်လောက်တယ်" မိုရှောင်ချီက ပြောလိုက်သည်။

"ရှေးဟောင်းမဟာနတ်ဆိုး" ရန်ကိုင်မျက်မှောင်ကြုတ် သွားခဲ့လေသည်။

"ဟုတ်တယ်။ ရှေးခေတ်တွေတုန်းက လူသားတွေ၊ မွန်းစတားတွေ၊ နတ်ဆိုးတွေနဲ့ အခြားမျိုးနွယ်စုတွေ အကုန်လုံး အတူတူပူးပေါင်းနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် အချိန်တွေကြာလာတာနဲ့ မျိုးနွယ်စုတွေက တစ်ခုပြီးတစ်ခု ပျောက်ကွယ်ပြီး အခြားမျိုးနွယ်စုတွေရဲ့အစားထိုးခြင်း ခံလိုက်ရတယ်။ နောက်ဆုံးမှာ ကျွန်မတို့လူသားမျိုးနွယ်စုက ဒီကြယ်တာယာအစုအဝေးတစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာတယ်လေ။ ဒါပေမယ့် လူသားတွေအရှင်သခင်ဖြစ်လာလို့ အခြားမျိုးနွယ်စုတွေက ပျောက်ကွယ်သွားတာတော့ မဟုတ်ဘူး။ ကျန်တဲ့မျိုးနွယ်စုတွေက ကြယ်တာယာ အစုအဝေးရဲ့ချောင်ကျတဲ့နေရာတွေမှာ ပုန်းအောင်းပြီး နေနေကြတာ။ ဒီနေ့ခေတ်မှာရှိနေသေးတဲ့ နတ်ဆိုးမျိုးနွယ်စုကလည်း အဲ့မျိုးနွယ်စုတွေထဲက တစ်ခုပဲ။ ဒါပေမယ့် သူတို့တွေက ရှေးဟောင်းမဟာနတ်ဆိုးတွေနဲ့ မတူဘူး။ သက်ရှိတွေကို နတ်ဆိုးဖြစ်အောင် လုပ်နိုင်တာ သာမန်နတ်ဆိုးတွေရဲ့ နတ်ဆိုးချီက မလုပ်နိုင်ဘူး။ ရှေးဟောင်းနတ်ဆိုးရဲ့ သန့်စင်တဲ့ နတ်ဆိုးချီကပဲ လုပ်နိုင်တာ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၇၃)

“ဒီလောကကြီးမှာလည်း ဒါမျိုးရှိတာလား” ရန်ကိုင်က အံ့အားသင့်တကြီးမေးလိုက်သည်။

“အဲ့မိုင်းတွင်းထဲမှာ ရှေးဟောင်းမဟာနတ်ဆိုးရဲ့ နတ်ဆိုးချီ ဒါမှမဟုတ် ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားတာပဲ။ ဟား.... ကျန်းမိသားစုအဲ့နေရာကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ။ အခုတော့သူတို့ကြောင့် စည်းပါပျက်သွားပြီ” မိုရှောင်ချီ၏ မျက်နှာလေးသည် ဒေါသကြောင့် ရှုံ့မဲ့နေခဲ့လေသည်။

“မိုင်းတွင်းထဲက သန့်စင်နှလုံးသားကျောက်စိမ်းတွေက ဒီအတိုင်း ဖြစ်လာတာ မဟုတ်ဘဲ အဲ့စည်းကြောင့် ဖြစ်လာတာ ဖြစ်ဖို့များတယ်” ရန်ကိုင်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။

သန့်စင်နှလုံးသားကျောက်စိမ်း၏ အစွမ်းအာနိသင်မှာ အတွင်းစိတ်ရိုင်းများကို သန့်စင်နိုင်ခြင်းပင်။ ထို့ကြောင့် ဤကျောက်စိမ်းသည် ခက်ထန်သော နတ်ဆိုးချီအတွက် အိပ်မက်ဆိုးတစ်ခုဟု ပြော၍ရပေသည်။

ထို့ကြောင့် ရှေးဟောင်းပညာရှင်တစ်ဦး ဖန်တီးခဲ့သည့် ချိတ်စည်းဆီမှ သန့်စင်နှလုံးသားကျောက်စိမ်းများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လောက်ပေသည်။

1. ကံမကောင်းစွာဖြင့် ကျန်းမိသားစုမှ ထိုကျောက်စိမ်းများကို အဆက်မပြတ် လူလွှတ်ကာတူးဖော်နေသည့်အတွက် ချိပ်စည်းမှာကျိုးပျက်သွားပြီး နတ်ဆိုးချီမှာ အပြင်သို့ စိမ့်ထွက်လာလေတော့သည်။

“ငါကတော့ သန့်စင်နှလုံးသားကျောက်စိမ်း ဒီအတိုင်း ဖြစ်လာပါစေလို့ပဲ ဆုတောင်းတယ်။ မဟုတ်ရင်တော့” မိုရှောင်ချီပြောနေရင်း ရပ်လိုက်လေသည်။

“ဘာဖြစ်မှာလဲ” ရန်ကိုင်ကမေးလိုက်သည်။

မိုရှောင်ချီသည် ရန်ကိုင့်အား မျက်စိပျက်မျက်နှာပျက် အမူအယာဖြင့်ကြည့်ရင်း ပြန်ပြောလိုက်လေသည်။ “အဲ့လိုသာမဟုတ်ရင် ရှေ့ဟောင်းမဟာနတ်ဆိုး အသက်ပြန်ရှင်လာနိုင်ချေရှိတယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ။ ရှေးဟောင်းမဟာနတ်ဆိုးသာ အသက်ပြန်ရှင်လာမယ်ဆိုရင် မဟာဧကရာဇ်ဆယ်ပါးတောင် ငြိမ်ငြိမ်ထိုင်နေရတော့မှာမဟုတ်ဘူး။ သူတို့ကိုယ်တိုင် လှုပ်ရှားတော့မှပဲ ဒါကိုအမြစ်ဖြတ်ရှင်းထုတ်ပစ်နိုင်မှာ”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်မျက်နှာပျက်သွားခဲ့ လေသည်။

“နတ်ဆိုးချီပျံ့လာပြီ” မိုရှောင်ချီသည် တစ်ခုခုကို သတိပြုမိလိုက်သည့်အလား ကြောက်လန့်တကြီး အော်ဟစ် သတိပေးလိုက်လေသည်။

ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ မိုရှောင်ချီ ပြောသည့်အတိုင်းဖြစ်နေကြောင်း တွေ့လိုက်ရသည်။

မြောက်များလှစွာသော နတ်ဆိုးချီများသည် တစ်စုံတစ်ဦး၏ထိန်းချုပ်ခြင်း ခံနေရသည့်အလား အဘက်ဘက်သို့ လွင့်စင်ကုန်ကြလေသည်။

မိုင်းတွင်းအနီးရှိ တောင်အောက်ခြေတွင် ကျေးရွာလေး တစ်ရွာရှိပေသည်။ နတ်ဆိုးချီပျံ့လွင့်လာသည်နှင့်အမျှ ထိုရွာငယ်လေးဆီမှ အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။

နတ်ဆိုးချီများ ပျောက်ကွယ်သွားချိန်တွင် အနက်ရောင် အရှိန်အဝါတို့ဖြင့် လွှမ်းခြုံထားသော လူပုံရိပ်များ တစ်ခုပြီးတစ်ခု မတ်တပ်ရပ်လာခဲ့ကြလေသည်။

ပြီးသည်နှင့်ထိုလူများသည် ထွက်ပြေးနေသော ရန်ကိုင်နှင့်မိုရှောင်ချီတို့အား စိုက်ကြည့်၍ သူတို့နောက်သို့ အသည်းအသန် လိုက်ကြလေတော့၏။ ထိုလူများသည် သူတို့ဘဝတွင် တစ်ကြိမ်တစ်ခါမျှပင် ကျင့်ကြံဖူးခြင်း မရှိကြသည့်လူများဖြစ်ကြသည်။

သို့တိုင် နတ်ဆိုးချီ၏အားဖြည့်ပေးမှုကြောင့် သူတို့၏ ခွန်အားမှာ သားရဲများအဆင့်ထိသို့ ရောက်ရှိလာခဲ့လေသည်။

ဤအတိုင်းသာပြေးလိုက်နေမည်ဆိုလျှင် ရန်ကိုင်တို့အား မှီလိမ့်မည်မဟုတ်သော်ငြား ထိုလူများမှာတော့လုံးဝကို လက်လျှော့သွားခဲ့ခြင်းမရှိပေ။

“ဆရာ” ထိုစဉ် ရန်ကိုင့်လက်မောင်းထဲတွင်ရှိနေသော ကျန်းရို့ရှီဆီမှ အားနည်းသည့်အသံတစ်သံထွက်လာခဲ့သည်။

“နင်နိုးလာပြီလား” ရန်ကိုင်သည် သူ့အား မော့ကြည့်နေသော ကျန်းရို့ရှီကို ငုံ့ကြည့်လိုက်လေသည်။

ခဏမျှအနားယူပြီးသည့်နောက်တွင် ကျန်းရို့ရှီ၏ ဖြူဖွေးစွတ်နေသောမျက်နှာမှာ အနည်းငယ် သွေးရောင် ပြန်လွှမ်းလာခဲ့လေသည်။ ရန်ကိုင်သည် အရင်းအမြစ်ချီကို ကျန်းရို့ရှီ၏ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ရင်း သူမ၏ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။

မည်သည့်အန္တရာယ်မှမရှိကြောင်း အတည်ပြုပြီးမှပဲ ရန်ကိုင်စိတ်သက်သာရာရသွားနိုင်ခဲ့သည်။

“ဆရာ ကျေးဇူးပြုပြီး ကျန်းမိသားစုကို ကယ်ပေးပါအုံး” ကျန်းရို့ရှီက တောင်းဆိုလိုက်သည်။ “သူတို့ဒီကအကြောင်း ဘာမှမသိဘူး။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်..”

ထိုစကားကိုကြားသည့်အခါ ရန်ကိုင်မျက်မှောင် ကြုတ်သွားခဲ့သည်။ ခဏအကြာတွင် ခေါင်းငြိမ့်၍ သဘောတူလိုက်လေသည်။ “ငါကျန်းမိသားစုဆီ သွားအကြောင်းကြားလိုက်မယ်”

“ကျေးဇူးတင်ပါတယ်ဆရာ” ကျန်းရို့ရှီက ကျေးဇူးတင်တကြီး ပြန်ပြောလိုက်လေသည်။

“အစ်ကိုရန် ညီမတို့ခွဲပြီး လှုပ်ရှားကြရင် ကောင်းမယ်နဲ့ တူတယ်” မိုရှောင်ချီက ရုတ်တရက်ပြောလိုက်သည်။ “အစ်ကိုရန်က ကျန်းမိသားစုဆီကိုသွား။ ကျွန်မက မြို့သခင်ဆီကိုသွားပြီး ကြိုတင်ပြင်ဆင်ထားဖို့ ပြောလိုက်မယ်။ အဲ့လိုမှမဟုတ်ဘဲနဲ့ နတ်ဆိုးချီတွေရောက်လာတော့မှ သွားပြောမယ်ဆိုရင် လုံးဝနောက်ကျသွားလိမ့်မယ်”

“အဲ့ဒါ ကောင်းတယ်” ရန်ကိုင်က ခေါင်းငြိမ့် သဘောတူလိုက်သည်။

သူသည်လည်း ထိုကဲ့သို့ တွေးနေခြင်းဖြစ်သည်။ ယခု မိုရှောင်ချီက ပြောလာသဖြင့် သူ့အနေဖြင့် သဘောတူရုံမှလွဲ၍ အခြားမရှိတော့ပေ။

“နင်သတိထားဦးနော်။ ငါမေပယ်မြို့ကို အတတ်နိုင်ဆုံး မြန်မြန် ပြန်လာခဲ့မယ်... ဒီမှာပဲ လမ်းခွဲကြတာပေါ့”

“အင်း”

အချင်းချင်းသဘောတူပြီးသည့်နောက်တွင် နှစ်ဦးစလုံး သူတို့၏စွမ်းအင်အသီးသီးကိုလှည့်ပတ်၍ လမ်းကြောင်း အသီးသီးဆီသို့ ခွဲထွက်သွားလေသည်။

လမ်းခွဲလိုက်သည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် ချက်ချင်းကိုအရှိန်တင်တော့လေသည်။

အမွှေးတိုင်တစ်ချောင်းလောင်ကျွမ်းစာခန့် အချိန်တစ်ဝက် ကြာပြီးသည့်နောက်တွင် ကျန်းမိသားစုဆီသို့ ရန်ကိုင် ရောက်လာခဲ့သည်။

လက်ရှိအချိန်သည် နေထွက်ရုံသာရှိသေးသော်လည်း ကျန်းမိသားစုခြံဝန်းမှာတော့ ဆူညံသံများဖြင့်ညံနေခဲ့လေပြီ။

ရန်ကိုင်ရောက်လာသည့်အချိန်တွင် ကျန်းမိသားစု၏ နှစ်ဦးတည်းကျန်ရှိတော့သော ယောက်ျားနှစ်ဦးဖြစ်သည့် ပိန်ပိန်နှင့်ဝဝကျင့်ကြံသူနှစ်ဦးသည် မြေကွက်လပ်ကျယ် တစ်ခုထဲတွင် လက်ရည်ဖလှယ်နေခဲ့ကြလေသည်။

သူတို့နှစ်ဦးတိုက်ခိုက်နေခဲ့ကြချိန် နှစ်ဦးစလုံး၏မျက်လုံးထဲ အလင်းတစ်ချက်ဖြတ်သွားခဲ့ပြီး ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုကျင့်ကြံသူနှစ်ဦးစလုံးအံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ နောက်သို့ဆုတ်ကာ အော်မေးလိုက်လေသည်။ “ဘယ်သူလဲ”

သို့သော်လည်း ပေါ်လာသည့်လူကိုမြင်ပြီးနောက် ချက်ချင်းပဲပြုံးလျက် အံ့အားသင့်တကြီးလေသံဖြင့် ပြောလိုက်လေသည်။

“ကျေးဇူးရှင်ပါလား။ အိုး.. ရို့ရှီလည်း ပါလာတာလား” ပိန်ပိန်နှင့်လူက ကျန်းရို့ရှီကို မြင်သော် ပြောလိုက်လေ သည်။

“ဒုတိယအစ်ကို။ တတိယအစ်ကို” ကျန်းရို့ရှီ၏မျက်နှာမှာ နီမြန်းနေခဲ့လေ၏။ အနည်းငယ်တောင်းတောင်းပန်ပန် လေသံဖြင့် နှုတ်ဆက်လိုက်လေသည်။

“နင်တို့စကားပြောနှင့်အုံး။ နင်တို့ရဲ့အဖွားကို သွားပြောလိုက်အုံးမယ်” ပြောပြီးသည့်နောက်တွင် ရန်ကိုင်၏ပုံရိပ် ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေ၏။

“သူ့ကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ။ ဘာဖြစ်လို့လဲ” တစ်ခုခုမှားယွင်းနေမှန်း ခပ်ဝဝနှင့်ကျင့်ကြံသူ ချက်ချင်း သတိပြုမိလိုက်သည်။

ထို့ကြောင့် ကျန်းရို့ရှီဘက်သို့လှည့်၍ စိုးရိမ်တကြီး မေးလိုက်လေသည်။ “ဘာဖြစ်နေလို့လဲ”

“ဒီလို” ယခုအချိန်သည် စကားပြောကောင်းသည့်အချိန် မဟုတ်မှန်းသိသည့်အတွက် ကျန်းရို့ရှီသည် ဖြစ်ကြောင်းကုန်စင်ကို အလျင်အမြန်ရှင်းပြလိုက်လေ၏။

သူမပြောပြသည်ကို ကြားပြီးသည့်နောက် ဝဝနှင့်ပိန်ပိန် ကျင့်ကြံသူနှစ်ဦးစလုံး၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ထိုစဉ် သူတို့ကျန်းမိသားစုခေါင်းဆောင်၏အသံကို ကြားလိုက်ရလေ၏။ ထို့ကြောင့် ချက်ချင်းပဲ ခန်းမဆီသို့ အလျင်စလိုပြေးသွားတော့လေသည်။

လ္ဘက်ရည်ခွက်တစ်ဝက်ခန့်စာခန့်ကြာပြီးသည့်နောက်တွင် သင်္ဘောတစ်စင်း ကျန်းမိသားစုခြံဝန်းဆီမှ ရုတ်တရက် ပျံတက်လာပြီး မေပယ်မြို့ဆီသို့ ဦးတည်ထွက်သွားလေ၏။

ကျန်းမိသားစုသည် လက်ရှိတွင် အတော်လေး လူအရေအတွက် နည်းပေသည်။ သူတို့တွင် လူဆယ်ယောက်ကျော် အယောက်နှစ်ဆယ်လောက်သာ ရှိသည်။

ဝဝနှင့်ပိန်ပိန်ကျင့်ကြံသူမှလွဲ၍ ကျန်လူအားလုံးမှာ အမျိုးသမီးများ ဖြစ်ကြ၏။ ထို့အပြင် သူတို့၏ ကျင့်ကြံမှုများမှာလည်း မတူကြပေ။

ဤနေရာမှ မြန်မြန်ထွက်ခွာနိုင်ရန်အတွက် ရန်ကိုင့်အနေဖြင့် လှေကိုထုတ်သုံးရုံသာရှိတော့လေသည်။ ကံကောင်းစွာဖြင့် လူများများရှိမနေခဲ့ပေ။ ထိုသို့သာ မဟုတ်လျှင် ဤနေရာ၌ အချိန်ပိုကြာနေပေလိမ့်မည်။

ထို့အပြင် ကျန်းမိသားစုခေါင်းဆောင်မှာလည်း ရန်ကိုင့်အား နည်းနည်းလေးမှ မယုံသင်္ကာမဖြစ်။ ဤကိစ္စ မည်မျှအရေးကြီးကြောင်းကို သဘောပေါက်သွားသည့် နောက်တွင် ရန်ကိုင်ပြောသည့်အတိုင်း ချက်ချင်းလုပ်ဆောင်၍ ကျန်းမိသားစုဝင်အားလုံးကိုခေါ်ကာ ကျန်းမိသားစုခြံဝန်းဆီမှ ထွက်လာခဲ့လေသည်။

မိုင်သုံးရာဟူသောအကွာအဝေးသည် လှေပျံအတွက်မူ တစ်ခဏစာသာရှိပေသည်။

လှေပျံတစ်စင်း ဦးတည်ပျံသန်းလာနေသည်ကိုမြင်သော် ဂိတ်ပေါက်တွင် စောင့်ကြပ်နေသော ကျင့်ကြံသူများ၏ အမူအယာ ရုတ်ခြည်းပြောင်းလဲသွားကုန်ကြလေ၏။

တန်ခိုးရှင်ဘုရင်ပထမအဆင့်ကျင့်ကြံသူများထဲမှ တစ်ဦးက အသက်ပြင်းပြင်းရှူသွင်း၍ အသံကျယ်ကျယ်ဖြင့် အော်မေးလိုက်လေသည်။ “ဘယ်သူလဲ။ မေပယ်မြို့ထဲမှာ ပျံသန်းရေးမှော်ရတနာတွေကို သုံးခွင့်ပေးမထားပါဘူး။ ကျေးဇူးပြုပြီး လှေပေါ်ကနေ ချက်ချင်းဆင်းလာခဲ့ပေးပါ”

သို့သော်လည်း မည်သည့်တုန့်ပြန်သံမှ မကြားရ။ လှေပျံသည် တဖြေးဖြေးနီးသည်ထက်နီးလာသည်ကို မြင်သော် ဂိတ်စောင့်များ၏အမူအယာ တည်ကြည်လေးနက်ကုန်ကြလေသည်။

လှေပျံကိုတားဆီးရန်အတွက် တိုက်ခိုက်တော့မည်အပြု ပြင်းထန်သည့်ဖိအားတစ်ရပ် လှေပျံဆီမှ ရုတ်တရက် ဖြာထွက်လာခဲ့လေသည်။

“တာအိုသခင်အဆင့်” တန်ခိုးရှင်ဘုရင်ပထမအဆင့် ကျင့်ကြံသူ ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားမတတ် ဖြစ်သွားခဲ့လေသည်။

အခြားသူများမှာ သူ့လောက်ပင် ကျင့်ကြံခြင်းမြင့်မားခြင်း မရှိလေရာ ပြောနေစရာပင်မလိုတော့။

သူတို့ ထိုကဲ့သို့ဖြစ်နေစဉ်အတောအတွင်း လှေပျံသည် မေပယ်မြို့ထဲသို့ အလွန်လျင်မြန်သည့်နှုန်းဖြင့် ပျံသန်း ဝင်သွားလေသည်။

“လှေပျံကို မြို့ထဲအထိစီးဝင်လာရဲတာ ဘယ်သူတွေလဲကွ။ ဒီကောင်တွေအသက်မရှင်ချင်တော့ဘူးလားမသိဘူး။ မြို့သခင်စံအိမ်ကလူတွေကော ဘယ်ရောက်နေတာလဲ။ ဒီကောင်တွေကို ဘာဖြစ်လို့သင်ခန်းစာသွားမပေးကြတာလဲ”

“မင်းနောက်နေတာလား။ လှေပျံပေါ်မှာ တာအိုသခင်အဆင့် ပညာရှင်တစ်ဦးပါတယ်ကွ။ ဒုမြို့သခင်နဲ့ မြို့သခင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူကသူ့ကို တားနိုင်မှာလဲ”

မေပယ်မြို့ပေါ်တွင် ပျံသန်းသွားသော လှေပျံကြောင့် မြို့တစ်ခုလုံး စကားသံများဖြင့် ဆူညံသွားခဲ့လေသည်။

သာမန်အချိန်မျိုးတွင်တော့ ရန်ကိုင့်အနေဖြင့် ဤကဲ့သို့ လုပ်လိမ့်မည်မဟုတ်သော်ငြား လက်ရှိအချိန်သည် အလွန်ကိုမှ အရေးကြီးနေခဲ့သည်။

ထို့ကြောင့် မေပယ်မြို့မှချမှတ်ထားသည့် မည်သည့် စည်းမျဉ်းစည်းကမ်းကိုမှ မလိုက်နာနိုင်တော့ပေ။

ရန်ကိုင်လှေပျံကိုသုံး၍ မြို့ထဲသို့ ပျံသန်းဝင်လာသည့် သတင်းမှာ မေပယ်မြို့အနှံ့လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေသည်။ မကြာမီ ထိုသတင်းသည် မြို့ထဲရှိ အဓိကမိသားစုကြီးတိုင်း၏ နားဆီသို့ ရောက်သွားခဲ့လေ၏။

လက်ရှိတွင် ရန်ကိုင်သည် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာဆီသို့ ရောက်နေခဲ့လေသည်။ လက်ရှိဖြစ်နေသည့်အကြောင်းများကို ခန်စစ်ရန်အား သတိပေးရန်လာခဲ့ခြင်းဖြစ်သည်။

မေပယ်မြို့ထဲတွင် သူနှင့်အရင်းနှီးဆုံးဆို၍ ခန်စစ်ရန်နှင့် မိုရှောင်ချီသာရှိသည်။

ယခုမေပယ်မြို့ သေရေးရှင်ရေးနှင့်ကြုံနေရသော် သူ့အနေဖြင့် ခန်စစ်ရန်အား လာသတိပေးသည်မှာ သဘာဝသာဖြစ်လေသည်။

“ဒီမှာပဲနေ။ ဘယ်မှမသွားကြနဲ့နော်။ ကျုပ် လှေပျံရဲ့ အကာအကွယ်တွေကို အသက်သွင်းထားလိုက်ပြီ။ အခုချက်ချင်းပဲ ပြန်လာခဲ့မယ်” ကျန်းမိသားစုဝင်များအား ထိုကဲ့သို့ ပြောပြီးသည့်နောက် ချက်ချင်းအလျင်အမြန်ပဲ သင်္ဘောပေါ်မှ ထွက်သွားလိုက်လေသည်။

ထိုစဉ် ခန်စစ်ရန်သည်လည်း အပြင်ဘက်ရှိလှုပ်ရှားမှုများကို သတိပြုမိသွားခဲ့ပြီး စိတ်ဝိဉာဉ်ဆေးလုံးပလာဇာထဲမှ ထွက်လာခဲ့လေသည်။

ထွက်လာလာချင်း ရန်ကိုင့်ကိုမြင်လိုက်သော် ခန်စစ်ရန် မျက်လုံးအပြူးသားဖြစ်သွားခဲ့သည်။

ရန်ကိုင့်အား လက်ညိုးတထိုးထိုးဖြင့် အလန့်တကြား ထအော်လေသည်။ “ရောင်းရင်း…ရောင်းရင်းရန်။ မင်း..”

သူ့ကိုယ်သူ နေ့ခင်းကြောင်တောင် တစ္ဆေသရဲ တစ်ကောင်ကိုများ မြင်နေရသလားဟုပင် ထင်နေခဲ့သည်။ တစ်ကယ်တော့ ယွမ်မီးဖိုတောင်ပြိုကျသွားသည့်အချိန်မှစ၍ ရန်ကိုင့်အရိပ်အယောင်ကိုပင် မြင်မှမမြင်ခဲ့ရသည်ကိုး။

နောက်ပိုင်း ရန်ကိုင့်အကြောင်း လိုက်မေးမြန်းသည့် အခါတွင်လည်း မည်သည့်သတင်းမှမရခဲ့။

မီးတောက်ကျောင်းတော်သည် ယွမ်မီးဖိုတောင်အား နှစ်လကြာအောင်ရှာဖွေခဲ့သည့်တိုင် ဘာဆိုဘာမှရှာမတွေ့ခဲ့ချေ။

ခြောက်လကြာသွားသည့်တိုင် ရန်ကိုင့်သတင်း မကြားရသည့်နောက် ရန်ကိုင်သေသွားပြီဟုသာ ခန်စစ်ရန် ယူဆခဲ့လေသည်။

သို့သော်လည်း ရန်ကိုင်သည် လက်ရှိတွင် သူ့ရှေ့၌ ပဉ္စလက်ဆန်ဆန်ပေါ်လာခဲ့သည်။ ခန်စစ်ရန် အံ့အားမသင့်ဘဲ ဘယ်နေမည်နည်း။

သို့သော်ငြား ခဏမျှအံ့အားသင့်နေပြီးသည့်နောက် ခန်စစ်ရန်စိတ်သက်သာရာရသွားခဲ့လေသည်။

ခန်စစ်ရန် ရန်ကိုင့်ဆီသို့ အလျင်စလိုလျှောက်သွားလိုက်ပြီး တစ်ဖက်လူ၏လက်မောင်းအား တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်ပြီးနောက် ရန်ကိုင့်၏ပုခုံးကို အားပါးတရ ပုတ်လိုက်လေသည်။

ထို့နောက် ရန်ကိုင့်အား အထက်အောက်အစုန်အဆန် စိုက်ကြည့်၍ ပြောလိုက်လေ၏။ “ကောင်းတယ်…. ကောင်းတယ်။ မင်းတစ်ကယ်အဆင်ပြေနေတာပဲ။ အခုမှပဲ ငါစိတ်အေးနိုင်တော့တယ်”

ယခင်ရက်များအတွင်း ခန်စစ်ရန် အလွန်ကိုမှ စိတ်သောကရောက်နေခဲ့ခြင်းဖြစ်သည်။ ရန်ကိုင့်အား ယွမ်မီးဖိုတောင်ဆီသို့သွားရန် အကြံပေးခဲ့သူမှာ သူဖြစ်သည့် အတွက် ရန်ကိုင်သေသွားရသည်မှာ သူ့ကြောင့်ဖြစ်သည်ဟု လိပ်ပြာမလုံဖြစ်ကာ စိတ်သောကရောက်နေခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကိုင်အသက်ရှင်နေကြောင်း သိလိုက်ရသည့်နောက် အလွန်ကိုမှ စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်လေသည်။

ရန်ကိုင်မျက်မှောင်ကြီးကြုတ်သွားခဲ့သည်။ ခန်စစ်ရန် ဘာကြောင့်ဤကဲ့သို့ဖြစ်နေရမှန်းကိုလည်း ချက်ချင်း နားလည်လိုက်ပေသည်။ သို့သော် အချိန်ကုန်ခံပြီး ရှင်းပြမနေခဲ့။

“ရောင်းရင်းရန် မင်း” ခန်စစ်ရန်သည် စိတ်ဝိဉာဉ်ဆေးလုံး ပလာဇာအထက်တွင် ဝဲနေသော သင်္ဘောပျံအားကြည့်ရင်း ရန်ကိုင့်ဘက်သို့လှည့်၍ မေးလိုက်လေသည်။

မေပယ်မြို့ထဲတွင် ရန်ကိုင်ဘာကြောင့်ဤကဲ့သို့ ပြဿနာရှာနေမှန်းကို နားမလည်နိုင်အောင်ဖြစ်နေခဲ့လေသည်။

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၇၄)

“ရောင်းရင်းခန် ကျုပ်တို့ ပြဿနာအကြီးကြီးတက်နေပြီ” ရန်ကိုင်က မျက်စိပျက်မျက်နှာပျက်အမူအယာဖြင့် ပြောလိုက်သည်။

“ဘာတွေဖြစ်နေလို့လဲ” ခန်စစ်ရန်၏အမူအယာလည်း ပြောင်းလဲသွားခဲ့လေသည်။

ရန်ကိုင့်၏မျက်နှာအမူအယာမှတစ်ဆင့် ယခုတစ်ကြိမ် ပြဿနာသည် ပေါ့သေးသေးမဟုတ်ကြောင်း ခန်စစ်ရန် တန်းသိလိုက်သည်။

“ဒီလို..” ရန်ကိုင်သည် အကြောင်းစုံကို အကျဉ်းချုံး ရှင်းပြလိုက်လေ၏။

ထို့နောက် ဆက်၍ပြောလိုက်၏။ “ရောင်းရင်းခန် ခင်ဗျားပစ္စည်းတွေ မြန်မြန်ထုပ်ပိုးပြီးတော့ မေပယ်မြို့ထဲကနေ ကျုပ်နဲ့အတူ မြန်မြန်ထွက်ဖို့ပြင်ပေတော့”

“မေပယ်မြို့နားမှာ ဘယ်လိုလုပ်ပြီး ရှေးဟောင်းမဟာနတ်ဆိုးရဲ့ နတ်ဆိုးချီတွေ ရှိနေရတာလဲ” ခန်စစ်ရန်မှာ သူကြားလိုက်သည့်အရာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့လေသည်။ ပြောနေသည့်လူမှာ ရန်ကိုင်ဖြစ်နေသည့် အတွက်ကြောင့်သာမဟုတ်လျှင် တစ်ဖက်လူသည် သူ့အား လာနောက်နေသည်ဟုသာ ထင်မိပေလိမ့်မည်။

သို့သော်လည်း ဤသတင်းမှာ ရန်ကိုင့်ဆီမှရောက်လာခြင်း ဖြစ်သည့်အတွက်ကြောင့် သေချာ စဉ်းစားရတော့သည်။

“ကျုပ်တို့မှာ တွေးနေဖို့အချိန်မရှိတော့ဘူး” ရန်ကိုင်သည် မြို့အပြင်ဘက်ရှိကောင်းကင်အား စိုးရိမ်တကြီး ပြန်လှည့်ကြည့်လိုက်လေသည်။

တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား သူ့အမူအယာ မဆိုစလောက်ကလေးပြောင်းလဲသွားပြီး အလျင်စလို အော်ပြောလိုက်လေ၏။ “ရောင်းရင်းခန် ကျုပ် မြို့သခင်စံအိမ်ဆီ တစ်ချက်သွားလိုက်အုံးမယ်။ အခုချက်ချင်းပဲ ပြန်လာခဲ့မယ်။

ပြောပြီးသည်နှင့် လေဟာနယ်စွမ်းအားကိုသုံး၍ မြို့ထဲဆီသို့ တည်နေရာခုန်ကျော်သွားလိုက်လေသည်။

ခန်စစ်ရန်သည်လည်း ဘာကိုမှတွေးမနေတော့ပေ။ ချက်ချင်းပဲ စိတ်ဝိဉာဉ်ဆေးလုံးပလာဇာထဲသို့ ပြေးဝင်သွားပြီး သူ့အထုပ်အပိုးများကို ပြင်ဆင်တော့လေ၏။

ခဏအကြာတွင် စိတ်ဝိဉာဉ်ဆေးလုံးပလာဇာတစ်ခုလုံး အုန်းအုန်းကျတ်ကျတ်ဖြစ်ကုန်လေသည်။

မြို့သခင်စံအိမ်သည် မေပယ်မြို့၏ အလယ်ဗဟိုတွင် ရှိနေခြင်းဖြစ်သည်။ ရန်ကိုင်သည် ဤနေရာဆီသို့ လေလံပွဲတွင် ပါဝင်ဆင်နွှဲရန်အတွက် ခန်စစ်ရန်နှင့်အတူ ရောက်လာဖူးသည့်အတွက် မြို့သခင်စံအိမ်ဆီသို့ မည်ကဲ့သို့ သွားရမလဲဆိုသည်ကို ကောင်းကောင်းသိပေသည်။

မြို့သခင်စံအိမ်ဆီသို့ သွားနေရခြင်းမှာ အခြားလူများကို အကြောင်းကြားရန်အတွက်မဟုတ်ဘဲ မိုရှောင်ချီကို ရှာရန်အတွက်ဖြစ်သည်။

ယခုအချိန်လောက်ဆိုလျှင် မိုရှောင်ချီသည်လည်း အကြောင်းစုံကို မြို့သခင်စံအိမ်ဆီမှလူများဆီသို့ ရှင်းပြပြီးသွားလောက်ပေပြီ။

သို့သော်လည်း သူမအား မည်သည့်နေရာတွင်မှ မတွေ့ရပေ။ ထို့ကြောင့် သူကိုယ်တိုင်သွားရှာရုံသာ ရှိတော့၏။

သွားနေစဉ်အတောအတွင်း ရန်ကိုင်သည် မိုရှောင်ချီမှ ပေးထားသည့် ဓာတ်လုံးကိုထုတ်၍ သူ့ကောင်းကင်စိတ်အာရုံကို ထိုထဲသို့ထည့်သွင်းလိုက်လေသည်။

ကံမကောင်းစွာဖြင့် မိုရှောင်ချီဆီမှ မည်သည့်တုန့်ပြန်မှုမှ မရခဲ့ပေ။

ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့သည်။ ဓာတ်လုံးအား ပြန်သိမ်းထားလိုက်ပြီး အရှိန်ကိုသာ တင်တော့လေသည်။

ခဏအကြာတွင် မြို့သခင်စံအိမ်ဆီသို့ ရောက်လာခဲ့လေ ၏။ သူ့ကောင်းကင်စိတ်အာရုံအား အရမ်းကာရော ဖြန့်ကျတ်လိုက်ပြီးနောက် မိုရှောင်ချီ၏တည်နေရာကို ချက်ချင်းပဲအာရုံခံမိသွားခဲ့သည်။

မိုရှောင်ချီသည် မြို့သခင်စံအိမ်ထဲရှိ ခန်းမတစ်ခုထဲတွင် ရှိနေခြင်းဖြစ်သည်။ သူမနှင့်အတူ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးလည်း ရှိနေခဲ့ပေသည်။ သို့သော်လည်း ထိုကျင့်ကြံသူကို သူမသိပေ။

လေဟာနယ်စွမ်းအားအရိပ်အယောင်တို့ ထွက်လာပြီးနောက် ရန်ကိုင်သည် မိုရှောင်ချီရှိနေသည့် ခန်းမထဲတွင် တိုက်ရိုက်ပြန်ပေါ်လာခဲ့လေသည်။

လှည့်ပတ်ကြည့်လိုက်ရာ မိုရှောင်ချီသည် ဖြူစွတ်စွတ် အသားအရေနှင့်အဘိုးအိုတစ်ဦးရှေ့တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူမသည် ကိစ္စတစ်ခုအကြောင်းကို အဆောတလျင်ပုံစံဖြင့် ရှင်းပြနေခဲ့လေသည်။

သို့သော်လည်း လူအိုကြီးမှာတော့ သူမပြောနေသည်ကို အရေးမစိုက်သည့်အလား လက်နောက်ပစ်၍သာ ရပ်နေခဲ့ သည်။ ရန်ကိုင်ပေါ်လာသည်ကို သတိပြုမိလိုက်ပြီးနောက် လူအိုကြီး၏အကြည့်သည် ရန်ကိုင့်ဆီသို့ ချက်ချင်း ရောက်ရှိလာခဲ့လေသည်။

အလင်းတန်းနှစ်ခုသည် သူ၏အသက်မပါသည့်မျက်လုံး အစုံမှ ထွက်ပေါ်လာပြီးနောက် ရန်ကိုင့်ဆီသို့ ကျရောက်လာခဲ့သည်။

ချက်ချင်းဆိုသလို လူအိုကြီးအံ့အားသင့်သွားခဲ့လေသည်။ ရန်ကိုင်သည်လည်း သူ့ကဲ့သို့ တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေကြောင်း သိလိုက်ရသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

“အစ်ကိုရန်” ရန်ကိုင်ပေါ်လာသည်ကိုမြင်သော် မိုရှောင်ချီသည် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့်အလား အလွန်ပျော်သွားခဲ့ပြီး ချက်ချင်းပဲ နှုတ်ဆက်လိုက်လေသည်။

“နင့်ကိစ္စပြီးသွားပြီလား” ရန်ကိုင်က အလျင်စလို မေးလိုက်သည်။

ထိုစကားကိုကြားသည့်အခါ မိုရှောင်ချီသည် ကြိတ်မနိုင်ခဲမရအမူအယာဖြင့် သူမရှေ့ရှိအဘိုးအိုကို လက်ညိုးငေါက်ငေါက်ထိုးရင်း ခြေဆောင့်ကာ အော်ပြောလိုက်လေသည်။ “မပြီးသေးဘူး။ ဒုမြို့သခင်ကျွမ်းက ကျွန်မဘယ်လိုပြောပြော မယုံဘူးဖြစ်နေတယ်။ အခုလည်း အဲ့အကြောင်းကိုပဲ သူ့ကိုပြောပြနေတာ”

“သူနင့်ကိုမယုံဘူးလား” ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့ သည်။

မိုရှောင်ချီပြောသည်ကို ကြားပြီးသည့်နောက်တွင် ဤလူအိုကြီးမည်သူမှန်း ရန်ကိုင်သိသွားခဲ့လေသည်။

မေပယ်မြို့ထဲတွင် ဒုမြို့သခင်နှစ်ဦးရှိပြီး တစ်ဦးမှာ ကျွမ်းပန် ဖြစ်ပေသည်။ သူသည်လည်း တာအိုသခင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

လက်ရှိအချိန်၌ ကျွမ်းပန်သည် မိုရှောင်ချီပြောသည်ကို မယုံကြည်ရုံမက မိုရှောင်ချီသည် မဟုတ်သုက္ခများပြောပြီး တစ်စုံတစ်ခုကို ကြံစည်နေသည်ဟုပင် သံသယဝင်နေပေသေးသည်။

ထို့ကြောင့် မိုရှောင်ချီမှာ မီးခဲဖင်ခုထိုင်နေရသလို ဖြစ်နေခဲ့လေ၏။

မေပယ်မြို့ထဲရှိ မေပယ်မြို့သူမြို့သားများ နတ်ဆိုးချီ ကူးစက်ခံရမည်ကို မကြည့်ရက်သဖြင့် စေတနာဖြင့် မေပယ်မြို့သို့လာကာ ထိုအကြောင်းကို လာရောက်သတိပေးခဲ့သော်ငြား ကျွမ်းပန်ကမူ သူမပြောသည်ကို မယုံဘဲ သူမကိုပင် ပြန်၍သံသယ ဝင်နေသေးသဖြင့် မိုရှောင်ချီမှာ အလွန်ကိုမှ စိတ်ပေါက်ပေါက်ဖြစ်နေခဲ့လေ၏။

“ရောင်းရင်း ကျုပ်ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ ခင်ဗျားကို တစ်ခါမှမမြင်ဖူးပါလား” ရန်ကိုင့်ကို မြင်ပြီးသည့် နောက်တွင် ကျွမ်းပန်၏အမူအယာ လေးနက်သွားခဲ့လေသည်။ ရန်ကိုင်၏ကျင့်ကြံခြင်းသည် သူနှင့်အတူတူပင် မဟုတ်လေလော။

“ရန်ကိုင် ဒုမြို့သခင်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်၍ ပြောလိုက်လေသည်။

ကျွမ်းပန်ပြန်မပြောနိုင်သေးခင် ရန်ကိုင်ကဆက်၍ ပြောလိုက်သည်။ “ကျုပ်ရောင်းရင်းပြောတာ အမှန်ပဲ။ ကျုပ်ကိုယ်တိုင်လည်း အဲ့ကိစ္စကိုမြင်ခဲ့တာမို့လို့ အခုလို ပြောရဲတာ။ မြို့သခင်စံအိမ်ကို သေချာပြင်ဆင်ထားဖို့ ကျုပ်ပြောချင်တယ်။ ဒုမြို့သခင်ကျွမ်းတစ်ယောက်တည်း ကိုင်တွယ်လို့အဆင်မပြေရင် မြို့သခင်နဲ့သွားတိုင်ပင်လို့ ရတယ်။ ခင်ဗျားတို့သာ ဆက်ပြီးနှောင့်နှေးနေလို့ရှိရင် ဒီကိစ္စက တော်တော်ပြဿနာကြီးသွားမှာ။ အခု ကျုပ်ပြောစရာရှိတာတွေလည်း ပြောပြီးသွားပြီဆိုတော့ နှုတ်ဆက်ပါတယ်။ သွားကြရအောင်”

ပြောပြီးသည်နှင့် ရန်ကိုင်သည် ကျွမ်းပန်အား နည်းနည်းလေးပင် မျက်နှာသာမပေးတော့ဘဲ မိုရှောင်ချီကို ခေါ်ကာ ထွက်သွားရန်လုပ်လိုက်လေသည်။

ထိုအချင်းအရာကိုမြင်သည့်အခါ ကျွမ်းပန်မျက်နှာပျက် သွားခဲ့သည်။ သူ့ကြည့်ရသည်မှာ အလွန်ကိုမှ မကျေမနပ် ဖြစ်သွားခဲ့ပုံပင်။

ထိုစဉ် တန်ခိုးရှင်ဘုရင်ပထမအဆင့်ကျင့်ကြံသူ တစ်ဦးသည် ခန်းမထဲသို့ ရုတ်တရက်ပြေးဝင်လာပြီး အထိတ်တလန့်ဖြင့် အော်ပြောလိုက်လေသည်။ “ဒုမြို့သခင် အခုလေးတင်ပဲ သင်္ဘောတစ်စီးက မြို့ထဲက စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ဒီအတိုင်း ပျံသန်း ဝင်လာပါတယ်။ သင်္ဘောပေါ်မှာ တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ရှိနေပါတယ်။ အခု ကျုပ်တို့တွေ မတားနိုင်တော့လို့ ဒုမြို့သခင်ကို အကူအညီပေးဖို့ လာရောက်တောင်းဆိုတာပါ”

“သင်္ဘောတစ်စင်း.. တာအိုသခင်အဆင့်ပညာရှင်” ထိုစကားကိုကြားသည့်အခါ ကျွမ်းပန်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

ချက်ချင်းပဲ ထွက်ခွာသွားနေသော ရန်ကိုင့်ဘက်သို့ လှည့်ရင်း ဒေါသတကြီးအော်မေးလိုက်လေ၏။ “ရောင်းရင်း နေပါအုံး”

ပြောပြီးပြီးချင်းမှာပင် ကျွမ်းပန်သည် အရင်းအမြစ်ချီကို လှည့်ပတ်၍ ရန်ကိုင့်နောက်တွင် တစ္ဆေသရဲတစ်ကောင်နှယ် ရုတ်တရက်ပေါ်လာခဲ့သည်။

ထို့နောက် သူ့လက်ကိုဆန့်ထုတ်၍ ရန်ကိုင့်၏ပုခုံးအား လှမ်းရိုက်လိုက်လေသည်။

ကျွမ်းပန်၏လုပ်ရပ်ကို သတိပြုမိသော် ရန်ကိုင်သည် မိုရှောင်ချီအား တွန်းထုတ်လိုက်ပြီး နောက်သို့လှည့်ကာ ကျွမ်းပန်၏လက်ဝါးတည့်တည့်အား ပြန်ရိုက်ချလိုက်သည်။

“ဘုန်း” နားပင်းမတတ်ပေါက်ကွဲသံနှင့်အတူ ပြင်းထန်သည့် လောကနိယာမစွမ်းအင်တို့ပေါက်ကွဲထွက်လာခဲ့လေသည်။

ရန်ကိုင်သည် တောင်တစ်လုံးနှယ် မားမားမတ်မတ် ရပ်နေသေးသော်ငြား ကျွမ်းပန်မှာမူ နောက်သို့ခြေတစ်လှမ်း ဆုတ်လိုက်ရလေ၏။ သူ့အမူအယာမှာ ယခင်ထက်ပို၍ အရုပ်ဆိုးသွားခဲ့လေသည်။

“ခင်ဗျားဘာလုပ်ချင်နေတာလဲ” ရန်ကိုင်သည် ကျွမ်းပန်ဘက်သို့လှည့်၍ ဒေါသတကြီး ပြန်အော်မေးလေ သည်။ သူ့အကြည့်မှာလည်း အလွန်ကိုမှအေးစက်နေခဲ့သည်။

ကျွမ်းပန်မှာမူ အလွန်ကိုမှ ဒေါသပုံထနေလေ၏။ မည်သို့ပင်ဖြစ်စေကာမူ သူသည် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထို့ကြောင့် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ စိတ်ကို တည်ငြိမ်အောင်လုပ်ရင်း အလျင်အမြန်ပြန်ပြောလိုက်လေ သည်။ “ရောင်းရင်း ကျုပ်က မေပယ်မြို့ရဲ့ ဒုမြို့သခင်ဆိုတော့ မြို့ရဲ့ကိစ္စတွေကို ကိုင်တွယ်ဖို့အရည်အချင်းရှိတယ်။ ဒီအစောင့်ပြောလိုက်တာကိုလည်း ရောင်းရင်းကြားတာပဲ။ ဒီကျွမ်းသိချင်တာက”

“ဟုတ်တယ်။ အဲ့သင်္ဘာက ကျုပ်ဟာပဲ” ရန်ကိုင်သည် ကျွမ်းပန်စကားဆုံးမည်ကိုစောင့်မနေဘဲ ဖြတ်ပြောလိုက်လေ သည်။

“ရောင်းရင်းက တစ်ကယ်သတ္တိရှိတာပဲ” ကျွမ်းပန် ဒေါသပုံထသွားခဲ့လေသည်။ “မေပယ်မြို့ထဲမှာ ဘယ်ပျံသန်းရေးမှော်ရတနာတွေကိုမှ ခွင့်မပြုဘူးဆိုတာကို ရောင်းရင်းမသိတာလား။ အဲ့ဒါကို သိသိကြီးနဲ့တောင် မြို့သခင်စံအိမ်ကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်တယ်ဆိုတော့ ရောင်းရင်းကျုပ်ကို ရှင်းပြချက်ပေးဖို့ လိုပြီနဲ့တူတယ်”

ရန်ကိုင်ပြန်မပြောနိုင်သေးခင်မှာပင် ဘေးနားတွင် ရပ်နေသော မိုရှောင်ချီသည် ဒေါသတကြီးခြေဆောင့်ရင်း ပြန်အော်ပြောလေ၏။ “ရှင်က တစ်ကယ်ကိုစိတ်ဝင်စားဖို့ ကောင်းတာပဲနော်။ ပြန့်ထွက်လာနေတဲ့နတ်ဆိုးချီက မေပယ်မြို့နားကို ရောက်နေပြီလို့ပြောတာတောင် မယုံသေးဘဲနဲ့ သင်္ဘောကိစ္စကို လာပြီးအဖက်လုပ်နေတယ်။ မေပယ်မြို့ထဲက သန်းနဲ့ချီတဲ့အသက်တွေကို ရှင်တစ်ကယ် ဂရုမစိုက်တာလား”

ထိုစကားကိုကြားသည့်အခါ ကျွမ်းပန်သည် မျက်လုံး မှေးစင်း၍ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့ရင်း ပြန်ပြောလိုက်လေ၏။ “ဒီကိစ္စမှန်မမှန်က ကိုယ်တိုင်မြင်မှပဲ သိမှာ။ မင်းပြောတိုင်း ငါကယုံရမှာလား။ ပြီးတော့ ဒီရောင်းရင်း မေပယ်မြို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်သွားတာက အမှန်ပဲ။ စည်းမျဉ်းတွေကို ဖောက်ဖျက်ထားမှတော့ ဒီတိုင်းထွက်သွားခွင့်ပေးလို့တော့ လုံးဝမဖြစ်ဘူး။ ထွက်သွားချင်ရင် ဒီကျွမ်းရဲ့ခွင့်ပြုချက်ကို အရင်တောင်းမှပဲရလိမ့်မယ်”

“သေဘေးကနီးနေပါပြီဆိုမှ ခင်ဗျားရဲ့ စောက်စည်းမျဉ်း စည်းကမ်းတွေကို ဘယ်သူက စောက်ဂရုစိုက်နေအုံးမှာလဲ” ရန်ကိုင်က ဒေါသတကြီး ထအော်တော့လေ၏။

“ရှောင်ချီ အဲ့ကောင်တွေကို လေကုန်ခံမနေနဲ့။ ငါတို့ ပြောသင့်တာကို ပြောပြီးသွားပြီ။ လုပ်မလုပ်က သူတို့ကိစ္စပဲ။ မေပယ်မြို့ထဲက သန်းနဲ့ချီတဲ့အသက်တွေ အကုန်သေသွားတော့မှ အဲ့လူတွေအကုန်လုံး သူ့ကို နေ့ရောညပါ လိုက်ခြောက်နေလိမ့်မယ်။ သွားကြရအောင်”

မိုရှောင်ချီကလည်း ခေါင်းငြိမ့်လိုက်လေသည်။ ကျွမ်းပန်အား တစ်ချက်စူးရဲစွာ စိုက်ကြည့်လိုက်ပြီးနောက် ရန်ကိုင့်နောက်သို့ လိုက်သွားလေ၏။

“ငါပြောပြီးသွားပြီလေ။ လူကြီးမင်း ထွက်သွားချင်လို့ရှိရင် ငါ့ရဲ့ခွင့်ပြုချက်ကို အရင်ယူရမယ်လို့” ကျွမ်းပန်က ဒေါသတကြီး အော်ပြောလိုက်လေ၏။

ရုတ်တရက် ဘုရားပုံစံမှော်ရတနာလေးတစ်ခု သူ့လက်ထဲတွင် ပေါ်လာခဲ့လေသည်။ အရင်းအမြစ်ချီကို ထည့်သွင်းလိုက်သည်နှင့် ထိုမှော်ရတနာမှာ ဖြေးဖြေးချင်း လှည့်ပတ်လာပြီး ရန်ကိုင်နှင့်မိုရှောင်ချီဆီသို့ ပျံသန်း ဝင်သွားလေ၏။

ပျံသန်းနေစဉ်အတောအတွင်း မှော်ရတနာ၏ အရွယ်အစားမှာ တဖြေးဖြေးကြီးသထက်ကြီးမားလာခဲ့လေရာ မကြာမီ မီတာရာပေါင်းများစွာအမြင့်သို့ ရောက်ရှိသွားခဲ့လေ သည်။

နိယာမစွမ်းအားတို့ဖြင့် လွှမ်းခြုံထားသော ပိန်းပိန်းပိတ် မဲမှောင်နေသည့် မှော်ရတနာ၏အောက်ခြေသည် ရန်ကိုင်နှင့် မိုရှောင်ချီပေါ်သို့ ကျဆင်းလာခဲ့လေသည်။

“တာအိုသခင်အဆင့်မှော်ရတနာ” မှော်ရတနာဆီမှ ဖြာထွက်နေသည့် စွမ်းအင်လှိုင်းကို ခံစားမိလိုက်သော် ရန်ကိုင်၏မျက်လုံးများ မှေးစင်းသွားခဲ့လေ၏။ ဒေါသလည်း ထွက်သွားခဲ့လေသည်။

အံကြိတ်၍ ချက်ချင်းပဲ အပြာရောင်ဘောလုံးတစ်လုံးကို ထုတ်ယူကာ ထိုထဲသို့ အရင်းအမြစ်ချီထည့်သွင်းလိုက်လေ၏။

အပြာရောင်ဘောလုံးမှာ သိပ်ကြီးမားလှခြင်းမရှိဘဲ တောကြက်မောက်အရွယ်အစားလောက်သာ ရှိပေသည်။ သို့သော် ရန်ကိုင်မှ အရင်းအမြစ်ချီထည့်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် မြင်သူတိုင်းအား သွေးပျက်အောင် ခြောက်ခြားသွားစေနိုင်သော လျှပ်စီးတန်းတစ်ခု ဘောလုံးထဲတွင် ရုတ်တရက်ပေါ်လာခဲ့လေ၏။

မိုရှောင်ချီသည်လည်း ထိုဘောလုံးအား အံ့အားသင့်တကြီး စိုက်ကြည့်လိုက်လေသည်။ အံ့အားသင့်နေသည့် အသံတစ်သံကိုပင် အာမေဋိတ်ပြုမိလိုက်သေး၏။

သူမကြည့်ရသည်မှာ ဤဘောလုံးလေးကိုမြင်ပြီးနောက် အလွန်တရာကိုမှ အံ့အားသင့်သွားသည့်ပုံပင်။

တဖျပ်ဖျပ်မြည်သံများနှင့်အတူ အပြာရောင်ဘောလုံးထဲရှိ လျှပ်စီးတန်းလေးသည် ရေကန်ထဲရှိငါးတစ်ကောင်နှယ် ခုန်ထွက်သွားခဲ့ပြီး တိုးဝင်လာနေသည့် ဘုရားပုံစံ မှော်ရတနာလေးဆီသို့ တိုးဝင်သွားလေသည်။

ထိုမြင်ကွင်းမြင်သော် ကျွမ်းပန်မှာမူ လှောင်ပြုံးသာ ပြုံးနေခဲ့သည်။ သူ့အကြည့်ထဲ အထင်အမြင်သေးမှု၊ ဂရုမစိုက်မှုတို့ အထင်းသားပေါ်လွင်နေခဲ့သည်။

ချက်ချင်းပဲ လက်ကွက်အချို့ဖန်တီးလိုက်ရာ ဘုရားပုံစံ မှော်ရတနာ၏အရွယ်အစားမှာ ပို၍ပင် ကြီးမားလာခဲ့သေး လေသည်။

“ခရက်” လျှပ်စီးတန်းသည် ဘုရားပုံစံမှော်ရတနာအား သွားရောက်ရိုက်ခတ်ပြီးနောက် လုံးဝကိုပျောက်ကွယ်သွားခဲ့ လေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ကျွမ်းပန်က အော်ရယ်မော၍ လှောင်ပြောင်လိုက်လေသည်။ “ရောင်းရင်း မင်းအကွက်ကလည်း ဘာမှမဟုတ်ပါလား”

သို့သော်လည်း ရန်ကိုင်ကမူ လှောင်ပြုံးပြုံး၍သာ တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေ၏။

ရန်ကိုင့်၏အပြုအမူကိုမြင်သော် ကျွမ်းပန်စိတ်ထဲ မကောင်းသောခံစားချက်တို့ရလိုက်လေသည်။

ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိသေးခင်မှာပင် သူ၏ ဘုရားပုံစံမှော်ရတနာအတွင်းပိုင်းဆီမှ အက်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

ချက်ချင်းဆိုသလို ဘုရားပုံစံမှော်ရတနာတစ်ခုလုံးအား တလှပ်လှပ်တောက်ပနေသော လျှပ်ပန်းလျှပ်နွယ်များမှ လွှမ်းခြုံသွားခဲ့လေသည်။

တစ်ချိန်တည်းတွင် မှော်ရတနာဆီမှ ဖြာထွက်နေသည့် အရောင်အဝါမှာလည်း သိသိသာသာကိုမှိန်ကျသွားခဲ့လေ၏။

လျှပ်စီးတန်းလက်သွားသည့်အချိန်တွင် ကျွမ်းပန်မှာ မိုးကြိုးပစ်ချခြင်းခံလိုက်သလို ဖြစ်သွားခဲ့လေ၏။

သူ့မျက်နှာ တစ်ပြင်လုံး ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရကာ သူ့အရှိန်အဝါမှာလည်း သိသိသာသာကို ထိုးကျသွားခဲ့သည်။ ထို့နောက် ထိတ်လန့်တကြားလေသံဖြင့် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

Martial Peak

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၀၇၅)

သူ့မှော်ရတနာ ဆိုးဆိုးရွားရွားထိခိုက်သွားပြီမှန်း ကျွမ်းပန် နားလည်လိုက်သည်။ သူ့မှော်ရတနာသည် တာအိုအဆင့်နိမ့် မှော်ရတနာတစ်ခုဖြစ်သည်။

သူသည် ကောင်းကင်စိတ်အာရုံနှင့်တကွ သွေးချွေးများကို ရင်း၍ နှစ်ပေါင်းများစွာကြာအောင် ဤမှော်ရတနာကို ပြုစုပျိုးထောင်လာခဲ့ခြင်းဖြစ်သည်။

ဤနည်းလမ်းဖြင့် ပြုစုပျိုးထောင်ခြင်းသည် မှော်ရတနာ၏ စွမ်းအားကို အကြီးအကျယ်တိုးတက်စေနိုင်သော်ငြား မှော်ရတနာထိခိုက်သွားမည်ဆိုပါကလည်း သခင်ဖြစ်သည့် သူကိုယ်တိုင်ကလည်း ဆိုးရွားသည့်ဘေးထွက်ဆိုးကျိုးကို ကြုံရနိုင်ပေသည်။

ထို့ကြောင့် မှော်ရတနာထိခိုက်သွားသည်နှင့်တစ်ပြိုင်နက် ကျွမ်းပန်သည်လည်း ဘေးထွက်ဆိုးကျိုးကို ခံစားရတော့သည်။

သူ၏အရင်းအမြစ်ချီအားလုံး ကသောင်းကနင်းဖြစ်လာပြီး ကိုယ်တွင်းစွမ်းအားတစ်ခုလုံး ဗြောင်းဆန်ကာ သွေးတစ်ပွက် ထိုးအန်လိုက်ရလေသည်။

မှော်ရတနာတစ်ဝိုက်တွင် ရစ်သိုင်းနေသော လျှပ်စီးတန်းလေးသည် အချိန်အတော်ကြာမှသာ ဖြေးဖြေးချင်း ပျောက်ကွယ်သွားခဲ့သည်။

မှော်ရတနာသည် အပြင်ပိုင်းတွင် မည်သည့်ထိခိုက်မှုမှ မကြုံထားရသော်ငြား အတွင်းပိုင်းမှာတော့ အတော်လေးကို ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့လေသည်။

လျှပ်စီးတန်း၏တိုက်ခိုက်မှုကြောင့် မှော်ရတနာအတွင်းပိုင်း တစ်ခုလုံး အက်ရာများဖြင့် ပြည့်နေခဲ့သည်။ ကျွမ်းပန်သာ ဤမှော်ရတာကို ပြန်ပြင်ချင်သည်ဆိုပါက အချိန်ရော ရှားပါးသည့်ကုန်ကြမ်းပစ္စည်းများကိုပါ လိုအပ်ပေတော့မည်။

ထိုအကြောင်းကို တွေးလိုက်ရုံဖြင့် ကျွမ်းပန်အလွန်ကိုမှ စိတ်ဓာတ်ကျသွားပြီး ကိုယ်တွင်းစွမ်းအင်များ နောက်တစ်ကြိမ် မငြိမ်မသက်ဖြစ်လာပြန်လေသည်။

တစ်ချိန်တည်းတွင် သူ့ပါးစပ်ထောင့်စွန်းမှ သွေးများ တရစပ်စီးကျလာလေတော့၏။

“ဒုမြို့သခင်” သတင်းလာပို့သောဂိတ်စောင့်သည် ထိုအချင်းအရာကိုမြင်သော် ကြောက်လန့်တကြား ထအော်လေ၏။

ကျွမ်းပန်သည် သူ့ရင်ဘတ်ကိုလက်ဖြင့်ဖိရင်း ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ရန်ကိုင့်အား ကြောက်လန့်တကြား လှမ်းကြည့်လိုက်လေသည်။

ရန်ကိုင်ထုတ်ယူလိုက်သည့် ဓာတ်လုံးကဲ့သို့သော မှော်ရတနာ၏စွမ်းအားအပေါ် ကျွမ်းပန်အလွန်ကိုမှ အံ့အားသင့်နေမိခဲ့သည်။

မည်ကဲ့သို့သောမှော်ရတနာဖြစ်၍များ တာအိုသခင် အဆင့်ဖြစ်သည့် သူ့မှော်ရတနာကိုပင် ထိခိုက်အောင် လုပ်နိုင်ရသနည်း။

‘ငါသာ အဲ့လျှပ်စီးတန်းနဲ့ထိရင် ကျိန်းသေ အသက်ရှင်လောက်တော့မှာမဟုတ်ဘူး’

ရန်ကိုင်ထုတ်ယူလိုက်သည့်ဓာတ်လုံးမှာ ဧကရာဇ်အဆင့် မှော်ရတနာတစ်ခုဖြစ်မှန်းကိုသာ သိခဲ့လျှင် ကျွမ်းပန် စကားပင် ပြောနိုင်ပါဦးမလား။

ကျွမ်းပန်သည် တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်ဖြစ်သလို ရန်ကိုင်ကိုယ်တိုင်ကလည်း အလျင်လိုနေသည့်အတွက် အချိန်မဖြုန်းချင်တော့သည့် အတွက်ကြောင့် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံးကို တစ်ခါတည်း ထုတ်သုံးခဲ့လိုက်ခြင်းဖြစ်သည်။

ယခင်က သူ့အနေဖြင့် သုတ်သင်ခြင်းမိုးကြိုးဓာတ်လုံး၏ စွမ်းအားကို ထုတ်သုံးနိုင်ခဲ့သော်ငြား မှော်ရတနာ၏စွမ်းအား အပြည့်အဝကို အသုံးမချနိုင်ခဲ့ပေ။

ထို့အပြင်မှော်ရတနာကို တစ်ကြိမ်အသုံးချပြီးတိုင်း သူ့ကိုယ်ထဲ စွမ်းအားတစ်စက်မှမကျန်တော့သလို ခံစားခဲ့ရသည်။

သို့သော်ငြားလက်ရှိတွင် သူသည် နိယာမစွမ်းအားအချို့ကို အသုံးပြုနိုင်သော တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေပြီ။

သူ့လက်ရှိခွန်အားအရ ဤဧကရာဇ်မှော်ရတနာ၏ စွမ်းအားအပြည့်အဝကို မထုတ်သုံးနိုင်သေးသော်ငြား ထုတ်ယူနိုင်သည့်စွမ်းအားမှာ အတော်လေးမြင့်မားလာခဲ့ပြီ ဖြစ်သလို သူကိုယ်တိုင်ကလည်း မှော်ရတနာကို သုံးပြီးပြီးချင်း အားနည်းသွားသည့် ခံစားချက်မျိုး မခံစားရတော့ပေ။

“ဒုမြို့သခင်ကျွမ်း ကိုယ့်စည်းနဲ့ကိုယ်နေနော်။ ခင်ဗျား ကျုပ်ကို နောက်တစ်ကြိမ် ထပ်လာတားအုံးမယ်ဆိုရင် ကျုပ်ကို ရက်စက်လို့ဆိုပြီးလာမပြောနဲ့” ရန်ကိုင်သည် ကျွမ်းပန်အား စူးရဲစွာစိုက်ကြည့်ရင်း ဒေါသတကြီး လှမ်းအော်ပြောလိုက်လေသည်။

ရန်ကိုင်၏စကားကြောင့် ကျွမ်းပန်မျက်နှာမဲ့သွားခဲ့သည်။ သူ့စိတ်ထဲ တစ်ခုခုပြောချင်နေသည့်အလား ပါးစပ်အား ဖွင့်လိုက်ပိတ်လိုက်လုပ်နေသော်ငြား မည်သည့်စကားမှ ထွက်မလာခဲ့ပေ။

ရန်ကိုင်အပိုပြောနေခြင်းမဟုတ်မှန်း သူသိနေခဲ့သည်။ သူသာ ရန်ကိုင့်အား တစ်ကယ်ကြီးသွားတားမည်ဆိုပါက ကျိန်းသေ ရန်ကိုင့်လက်ချက်ဖြင့် အသက်ပျောက်ရပေလိမ့် မည်။

“ဟား.ဟား.ဟား. ရောင်းရင်း မင်းဘာလို့ဒီလောက်တောင် ဒေါသထွက်နေတာလဲကွ” ရုတ်တရက် အပြင်ဘက်ဆီမှ အော်ရယ်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ထိုအော်ရယ်သံနှင့်အတူ ပိန်ပိန်ဝဝကျင့်ကြံသူနှစ်ဦး ရုတ်တရက် အခန်းထဲသို့ ဝင်လာခဲ့လေ၏။

ထိုလူနှစ်ယောက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ဝိုင်အနံ့တို့က အခန်းတစ်ခုလုံး ပြည့်နှက်သွားခဲ့လေ၏။

ရန်ကိုင်မျက်မှောင်ကြုတ်သွားခဲ့ပြီး လှမ်းကြည့်လိုက်ရာ သူသိနေသည့်လူနှစ်ဦးဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

ပုပုဝဝကျင့်ကြံသူမှာ အခြားမဟုတ်ဘဲ ဒုမြို့သခင်တစ်ဦးဖြစ်သည့် အရက်သမားဖြစ်ပေသည်။ ထို့ကြောင့် သူဝင်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ဝိုင်နံ့တို့ဖြင့် ပြည့်သွားခဲ့ခြင်းဖြစ်သည်။

သို့သော်ငြား ခန်းမထဲသို့ဝင်လာပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းကိုမြင်သော် အရက်သမား၏ မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။

ထိုသို့ပင်ဖြစ်လင့်ကစား ခဏအကြာတွင် တည်ငြိမ်သွားခဲ့ပြီး သူ့ခါးတွင်ချိတ်ဆွဲထားသော အရက်ပုလင်းကိုဖြုတ်၍ သူ့စိတ်သူတည်ငြိမ်အောင် ကြိုးစားနေသည့်အလား အရက်တစ်ကျိုက်မော့ချလိုက်လေ သည်။

ပိန်ပိန်နှင့်ကျင့်ကြံသူမှာတော့ မေပယ်မြို့၏မြို့သခင် တွမ့်ရန်ရှန်းသာဖြစ်သည်။ သူသည်မေပယ်မြို့ထဲတွင် တစ်ဦးတည်းသော တာအိုသခင်ဒုတိယအဆင့်ကျင့်ကြံသူ ဖြစ်ပေသည်။

လက်ရှိတွင် တွမ့်ရန်ရှန်းသည် ရန်ကိုင့်အား စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ထို့နောက်အော်ရယ်မော၍ မေးလိုက်လေသည်။ “ငါတို့မေပယ်မြို့ထဲမှာ ဘယ်ကတည်းက တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ထပ်ရှိသွားတာလဲ။ အံ့အားသင့်စရာပဲ”

သူ့ကြည့်ရသည်မှာ ရန်ကိုင်မှ ကျွမ်းပန်အား ထိခိုက်အောင်လုပ်သည့်ကိစ္စအပေါ် အပြစ်တင်လိုသည့်စိတ် မရှိဘဲ မေပယ်မြို့ထဲ တာအိုသခင်အဆင့်ကျင့်ကြံသူတစ်ဦး ပေါ်လာသည်ကိုသာ စိတ်ဝင်စားနေသည့်ပုံပင်။

သူတို့နှစ်ယောက် ဤနေရာတွင်ပေါ်လာသည်မှာလည်း အထူးအဆန်းတော့မဟုတ်။

ရန်ကိုင်နှင့်ကျွမ်းပန်တို့ရှိနေသည့်နေရာသည် တွမ့်ရန်ရှန်းနှင့်အရက်သမားတို့နေနေသည့် မြို့သခင်စံအိမ်ထဲတွင်သာ ရှိနေပေသေးသည်။

ထို့ကြောင့် သူတို့နှစ်ဦး၏တိုက်ခိုက်မှုသည် မြို့သခင်နှင့် ဒုမြို့သခင်အရက်သမားအား သတိပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။

“မြို့သခင်နဲ့ ဒုမြို့သခင်ကို နှုတ်ဆက်ပါတယ်” ရန်ကိုင်က မျက်မှောင်ကြုတ်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

အရက်သမားသည် သူ့ပါးစပ်ထောင့်မှစီးကျနေသော ဝိုင်အရက်များကိုသုတ်ရင်း နှုတ်ခမ်းကိုကွေးလိုက်၏။

ဝတ်ကျေတမ်းကျေ လက်သီးပြန်ဆုပ်ပြလိုက်သော်ငြား မည်သည့်စကားမှတော့မပြောခဲ့ပေ။ ထိုအစား ခန်းမထဲ နေရာတစ်ခုထိုင်၍သာ ခြေချိတ်ထိုင်နေလိုက်၏။

တွမ့်ရန်ရှန်းကမူ ရယ်မော၍ “ရောင်းရင်းက တယ်ယဉ်ကျေးပါလား။ ဒါနဲ့ ရောင်းရင်းကို ဘယ်လိုခေါ်ရမလဲ”

“ကျုပ်က ရန်ကိုင်ပါ”

“ဒီတော့ ရောင်းရင်းရန်ပေါ့” တွမ့်ရန်ချန်းက ပြန်မေးလိုက်သည်။

“ဒီမြို့သခင်မှတ်မိရသလောက်ဆို မေပယ်မြို့ထဲမှာ မျိုးရိုးနာမည်ရန်နဲ့ ဘယ်မိသားစုမှမရှိပါဘူး”

“ကျုပ်က မေပယ်မြို့ထဲကမဟုတ်ဘူး။ ဒီတိုင်း လေလွင့်ကျင့်ကြံသူတစ်ယောက်ပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ကလောက်မှ မေပယ်မြို့ကို ရောက်လာတာ။

“အဲ့လိုကိုး..” တွမ့်ရန်ချန်း အနည်းငယ်အံ့အားသင့်သွားခဲ့ လေသည်။

ထို့နောက် ချက်ချင်းပြန်မေးလိုက်လေ၏။ “ရောင်းရင်းရန်နဲ့ ရောင်းရင်းကျွမ်းတို့ ဘာလို့တိုက်ခိုက်နေလဲ ဆိုတာကို သိလို့ရမလား။ အကုန်လုံးက တာအိုသခင်အဆင့် ကျင့်ကြံသူတွေပဲလေ။ ဘာလို့ ပြေရာပြေကြောင်း စကားထိုင်မပြောကြတာလဲ။ ဒေါသထွက်ပြီး တိုက်ခိုက်နေလို့လဲ အကျိုးရှိတာမှမဟုတ်တာ”

“မြို့သခင် ဒီကောင်ကအရမ်းမောက်မာလွန်းတယ်။ မေပယ်မြို့ထဲမှာ ပျံသန်းရေးမှော်ရတနာတွေကို မသုံးရဘူးဆိုတာသိရက်နဲ့ကို သူ့သင်္ဘောကို မေပယ်မြို့ထဲကို စီးဝင်လာတယ်။ ဒီကျွမ်းက အဲ့အကြောင်းကို မေးလည်းမေးရော ခပ်မာမာပဲပြန်ပြောတာ။ အဲ့ဒါနဲ့ပဲ အခုလိုတိုက်ခိုက်ရတာတွေ ဖြစ်ကုန်တာ။ ကျေးဇူးပြုပြီး မြို့သခင် ဒီကိစ္စကိုစစ်ဆေးပေးပါ” ရန်ကိုင်မပြောနိုင်သေးခင်မှာပင် ကျွမ်းပန်သည် ချက်ချင်းပဲ ဝင်ရောက်ပြောဆိုလိုက်လေသည်။

သူပြောသည်မှာအမှန်ဖြစ်သော်ငြား အကုန်လုံးမှာတော့ အမှန်မဟုတ်ခဲ့ချေ။

“အဲ့ဒါအမှန်ပဲလား” တွမ့်ရန်ရှန်းသည် မျက်မှောင်ကြုတ်၍ ရန်ကိုင့်ဘက်သို့လှည့်ကာမေးလိုက်လေသည်။

“ဟုတ်တယ် အမှန်ပဲ” ရန်ကိုင်က ခေါင်းငြိမ့်ပြလိုက်သည်။

ကျွမ်းပန်က ချက်ချင်းဝင်ပြောလိုက်လေသည်။ “မြို့သခင် မေပယ်မြို့က စည်းမျဉ်းစည်းကမ်းတွေကို မြို့သခင်ကိုယ်တိုင် သတ်မှတ်ထားတာနော်။ ဒီကောင် အခုလိုမျိုးစည်းမျဉ်းကို ချိုးဖျက်တယ်ဆိုတာ မြို့သခင်ကို မလေးစားတာနဲ့အတူတူပဲ။ သူ့ကြည့်ရတာ တာအိုသခင်အဆင့်ဖြစ်တာနဲ့ လုပ်ချင်တိုင်းလုပ်လို့ရပြီ ထင်နေတယ်နဲ့တူတယ်။ မြို့သခင် ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်ဖို့မျှော်လင့်တယ်”

ကျွမ်းပန်သည် ရန်ကိုင့်ကြောင့်ဒဏ်ရာရခဲ့သလို သူ့မှော်ရတနာမှာလည်း ဆိုးဆိုးရွားရွားထိခိုက်သွားခဲ့လေသည်။ ထို့ကြောင့် ရန်ကိုင့်အား အလွန်ကိုမှမုန်းတီးနေခဲ့သည်။

ယခု တွမ့်ရန်ရှန်းနှင့် အရက်သမားတို့ရောက်လာသည်ကို မြင်သော် အပြစ်အားလုံးကို ရန်ကိုင့်ပေါ်သို့ပုံချရန် ကြိုးစားတော့လေသည်။

“အာ… ဘာလို့အခုလိုတွေဖြစ်ရတာလဲဆိုတာကို မြို့သခင်ကြားပြီးမှ အပြစ်ပေးချင်တယ်ဆိုရင်လည်း ပေးပေါ့။ အဲ့လိုမျိုးဆိုရင်တော့ ဒီရန် ကန့်ကွက်မှာမဟုတ်ပါဘူး” တွမ့်ရန်ချန်း ပြန်မပြောနိုင်သေးခင် ရန်ကိုင်က လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်သည်။

“ဘာတွေဖြစ်သွားခဲ့တာလဲ” ရန်ကိုင်၏အမူအယာကို မြင်သော် တွမ့်ရန်ရှန်စိတ်ထဲ မယုံသင်္ကာဖြစ်သွားခဲ့လေသည်။

“ဒီကနေ မိုင်နှစ်ထောင်အကွာမှာ ရှေးဟောင်းမဟာနတ်ဆိုး တစ်ကောင်ကို ချိပ်ပိတ်ထားတဲ့စည်းတစ်ခုရှိတယ်။ အခု အဲ့စည်းကပေါက်ထွက်သွားပြီး အဲ့ထဲကနေ နတ်ဆိုးချီတွေ အပြင်ကိုစိမ့်ထွက်လာနေတာ။ အခုဆိုရင် အဲ့နတ်ဆိုးချီတွေ မေပယ်မြို့ကိုရောက်ဖို့ သိပ်မကြာတော့ဘူး” ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်သည်။

“ဘယ်လို” ထိုစကားကိုကြားပြီးနောက် တွမ့်ရန်ချန်း အလန့်တကြားဖြစ်သွားခဲ့လေသည်။ “ရှေးဟောင်း မဟာနတ်ဆိုးကို ချိပ်ပိတ်ထားတဲ့စည်းက ပျက်စီးသွားတာလား။ နတ်ဆိုးချီတွေစိမ့်ထွက်လာနေတာ”

ဘယ်သူမှဂရုမစိုက်သည့်အလား အနီးအနားတွင် ရပ်နေသော အရက်သမားပင်လျှင် ချက်ချင်းပဲ အမူးပြယ်သွားခဲ့ပြီး မှင်သက်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင့်အား မျက်လုံးအပြူးသားဖြင့် လှည့်ကြည့်လာခဲ့သည်။

“အပိုတွေလျှောက်ပြောနေတာ” ကျွမ်းပန်က ချက်ချင်း ဒေါသတကြီးအော်ပြောလိုက်လေသည်။ “မြို့သခင် သူမဟုတ်သုက္ခပြောတာတွေကို လျှောက်ယုံမနေနဲ့။ သူ..”

တွမ့်ရန်ရှန်းသည် ကျွမ်းပန်အား ဆက်မပြောရန် သူ့လက်ကိုမြှောက်၍တားလိုက်သည်။ ထို့နောက် ရန်ကိုင့်တည့်တည့်သို့ကြည့်၍ အလေးအနက်အမူအယာဖြင့် မေးလိုက်လေသည်။ “ဒါအမှန်ပဲလား။ ရောင်းရင်းရန် ဒီသတင်းကို ဘယ်ကရလာတာလဲ။ သက်သေကောရှိလား”

“ကျုပ်ကိုယ်တိုင်မြင်ခဲ့တာ။ အဲ့ဒါကြောင့်ပဲ မေပယ်မြို့ကို အကြောင်းကြားဖို့ ဒီကိုချက်ချင်းပြန်ပြေးလာခဲ့တာ” ရန်ကိုင်သည် ကျွမ်းပန်အားကြည့်၍ လှောင်ပြုံးပြုံးလိုက်လေ သည်။

ထို့နောက် မိုရှောင်ချီကို လက်ညိုးထိုး၍ ဆက်ပြောလိုက် သည်။ “ကျုပ်မိတ်ဆွေက ဒီကိစ္စနဲ့ပတ်သက်လို့ မေပယ်မြို့သူမြို့သားတွေအသက်ကို စိုးရိမ်ပြီး မြို့သခင်စံအိမ်ဆီ အပြေးလာပြီးသတိပေးတယ်။ ဒါပေမယ့် ဒုမြို့သခင်ကျွမ်းကတော့ ဂရုကိုမစိုက်ဘူး။ လူလွှတ်ပြီးတော့တောင် စုံစမ်းဖို့မကြိုးစားဘူး။ အဲ့ဒီအစား ကျုပ်ရဲ့သင်္ဘောက ဒီမေပယ်မြို့မှာချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုပြီးတော့ အဲ့ကိစ္စကိုပဲ လိုက်ပြီးအရေးတယူလုပ်နေတယ်။ နောက်ဆုံးမကျေနပ်လို့ ကျုပ်ကိုတောင် လာပြီးတိုက်ခိုက်လိုက်သေးတယ်။ သက်သေကတော့..အင်း.. မြို့သခင်လိုချင်ရင်တော့ ကိုယ်တိုင်သွားစစ်ဆေးကြည့်လိုက်လေ။ မိုင်နှစ်ထောင်ဆိုတာ ဒီလောက်ဝေးတာမှ မဟုတ်တာ”

“ကျုပ်သွားစစ်ဆေးကြည့်လိုက်မယ်” ထိုစကားကို ကြားပြီးသည့်နောက်တွင် အနားတွင်ရှိနေသော အရက်သမားသည် နည်းနည်းလေးမှပေါ့ပေါ့ဆဆ မနေရဲတော့ပေ။ ချက်ချင်းပဲ ဝိုင်ပုလင်းကို ခါးတွင်ချိတ်၍ ပျံသန်းထွက်ခွာသွားလေ၏။

“ပြောစရာရှိတာတွေအားလုံးကိုတော့ ကျုပ်‌ ပြောပြီးသွားပြီဆိုတော့ မြို့သခင် ကျုပ်သွားပါတော့မယ်” ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် မိုရှောင်ချီအား သူ့မျက်လုံးဖြင့် အချက်ပြလိုက်လေသည်။

မိုရှောင်ချီသည် ရန်ကိုင်၏သဘောထားကို ချက်ချင်း နားလည်သွားပြီး အလျင်အမြန်ပဲ ဝင်ပေါက်သို့ ထွက်သွားလေ၏။

“မင်းတို့ထွက်သွားလို့မရသေးဘူး။ ငါတို့ မင်းတို့ပြောတာကို အတည်မပြုရသေးဘူး” ကျွမ်းပန်သည် ရန်ကိုင့်အား ထပ်တားချင်နေပေသေးသည်။

“ခင်ဗျား လာတားရဲတားကြည့်၊ ကျုပ်ခင်ဗျားကို သတ်မှာ”

“ခင်ဗျားကျုပ်ကိုထပ်လာတားရဲရင် ကျုပ်ခင်ဗျားကို သတ်မှာနော်” ရန်ကိုင်သည် နောက်သို့ပင်လှည့်မကြည့်ဘဲ နောက်ဆုံးအကြိမ်အဖြစ် သတိပေးလိုက်လေသည်။

ထို့နောက် သူနှင့်မိုရှောင်ချီသည် ခန်းမထဲမှ ပျောက်ကွယ်သွားလေ၏။

“မြို့သခင် ကြည့်။ ဒီကောင်ကိုယ်တိုင်က အရမ်းကို မောက်မာလွန်းအားကြီးတယ်” ကျွမ်းပန်သည် ရန်ကိုင့်အား ကိုယ်တိုင်သွားမတားရဲသဖြင့် မြို့သခင်တွမ့်ရန်ရှန်းသာ အပူကပ်ရတော့လေသည်။

သို့သော်ငြား တွမ့်ရန်ချန်းမှာမူ သူ့အားထူးမခြားနားဖြင့် ကြည့်လာလျက် ပြန်ပြောလိုက်လေ၏။ “သူပြောတာသာ အမှန်ဆိုရင် မေပယ်မြို့ လုံးဝဒုက္ခရောက်ပြီ”

ထိုစကားကိုကြားပြီးသည့်နောက်တွင် ကျွမ်းပန်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား လုံးဝကိုမှင်သက်သွားခဲ့ သည်။ စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

တွမ့်ရန်ချန်း ဘာမှပြန်မပြောခဲ့သော်ငြား မြို့သခင်၏ မျက်လုံးမှတစ်ဆင့် သူ့လုပ်ရပ်အပေါ်မကျေမနပ်ဖြစ်နေသည်ကို ကျွမ်းပန်မြင်နေပေသည်။

လက်ရှိကိစ္စနှင့်ပတ်သက်၍ တွမ့်ရန်ချန်းအလွန်ကိုမှ စိုးရိမ်နေမှန်း ကျွမ်းပန်သိနေသည်။

‘ဒါပေမယ့် မင်းတို့တွေက ဘယ်လိုလုပ်ပြီး ရှေဂဟောင်းမဟာနတ်ဆိုးရဲ့ နတ်ဆိုးချီတွေ စိမ့်ထွက်လာနေတယ် ဆိုတာကို ယုံစားနိုင်ကြတာလဲ’

ခဏအကြာတွင် တွမ့်ရန်ချန်းသည် ဆက်သွယ်ရေး မှော်ရတနာတစ်ခုကို ထုတ်ယူလျက် ထိုထဲသို့ သူ့ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်လေသည်။

ကျွမ်းပန်သည်လည်း အရက်သမားပြောလာမည့်သတင်းကို မျှော်လင့်တကြီးစောင့်စားနေခဲ့သည်။ ရန်ကိုင်နှင့်မိုရှောင်ချီတို့ လိမ်နေပါစေဟုသာ သူ့စိတ်ထဲ ဆုတောင်းနေခဲ့လေ၏။

ထိုသို့သာ တစ်ကယ်ဖြစ်မည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်နှင့်မိုရှောင်ချီတို့အား တရားဝင်ပြဿနာရှာ၍ ရပေသည်။

သို့သော်ငြား ကျွမ်းပန်၏မျှော်လင့်တကြီး အကြည့်အောက်တွင် တွမ့်ရန်ရှန်း၏မျက်နှာ ရုတ်ခြည်း ဖြူလျော်သွားပြီး သူ့တစ်ကိုယ်လုံးဟာလည်း အနည်းငယ် တုန်ရီသွားခဲ့လေသည်။

“မြို့သခင်” ကျွမ်းပန်စိုးရိမ်တကြီး ထအော်လေ၏။

“အခုချက်ချင်း ငါ့အမိန့်ကိုထုတ်လိုက်။ မြို့ထဲက အကာအကွယ်အစီအရင်တွေအားလုံးကို အသက်သွင်းဖို့။ ပြီးရင်အကာအကွယ်အစီအရင်တွေအကုန်လုံးရဲ့ စွမ်းအားကို အမြင့်ဆုံးထိတင်ထားလိုက်” တွမ့်ရန်ချန်းမှ ရုတ်တရက် အသံကုန်ထအော်လေသည်။

“မဖြစ်နိုင်ဘူး” ကျွမ်းပန်မျက်နှာ ချက်ချင်းဖြူလျော်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်လဲကျသွားလေ၏။

တွမ့်ရန်ချန်းမှာတော့ ကျွမ်းပန်အား ဒေါသတကြီးသာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူ့ပုံရိပ်သည် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့လေ၏။

ဆက်သွယ်ရေးမှော်ရတနာမှတစ်ဆင့် တွမ့်ရန်ချန်းသည် သူ့လက်အောက်ငယ်သားများအား အမိန့်အသီးသီးကို ပေးလိုက်လေ၏။

ခဏအကြာတွင် တဝီဝီမြည်သံနှင့်အတူ မေပယ်မြို့၏ မြို့နံရံများဆီမှ နှစ်ပေါင်းများစွာကြာအောင် အသက်မသွင်းခဲ့ပြီဖြစ်သော အကာအကွယ်အစီအရင်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

All Chapters