ထိုမနက်ဝယ်
Vol. 6 Ch. 52
အားကျောက်နှင့် ကျန်းကျင်းခိုင်တို့သည် အိပ်ယာပေါ်တွင် အတူတကွ လဲလျောင်းနေကြ၏။ အားကျောက်သည် ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ်တွင် ခေါင်းတင်ပြီး ရင်ဘတ်မွှေးများကို ဆော့ကစားနေလေသည်။ အားကျောက်၏မျက်လုံးများသည် မှေးစင်းနေ၏။ ပျော်ရွှင်ဖွယ်ရာအခိုက်အတန့်ကို ခံစားနေသည့် ပုံပင်။
"ဟန်နီရေ ရှင် ကျွန်မကို လိုချင်လားဟင်"
အားကျောက်က ညင်သာစွာ မေးလိုက်၏။
"လိုချင်တာပေါ့ကွာ"
ကျန်းကျင်းခိုင် ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။ ယောကျာ်းတဦး၏ ဆန္ဒရမ္မက်သည် မိန်းမတဦးထက် ပို၍ပြင်းထန်သည် မဟုတ်ပါလား။ ကျန်းကျင်းခိုင်သည်လည်း ယောကျာ်းတဦးမို့ အတူတူသာ။ သူ့လက်များသည် အားကျောက်၏ကိုယ်ပေါ်တွင် စုန်ဆန်ကူးခတ်လျက်ရှိသည်။
"နက်ဖြန် ဒေါက်တာဝမ် သိသွားမှာမစိုးဘူးလား"
အားကျောက်က စိတ်ပူဟန်ဖြင့် မေးလိုက်သည်။
"ကျွန်မ နက်ဖြန် ဆေးစစ်ရအုံးမှာလေ"
ပြောသာပြောလိုက်သည်။ သူမ၏လက်များကတော့ ကျန်းကျင်းခိုင်၏ ကိုယ်အောက်ပိုင်းသို့ ရောက်နေလေပြီ။
"ဒါဆိုလဲ နက်ဖြန်ထိ စောင့်လိုက်ရအောင်"
ကျန်းကျင်းခိုင်က အားကျောက်၏ လက်ကို ဖမ်းဆုတ်ရင်း ပြောလိုက်သည်။
"ဒီညတော့ အိပ်လိုက်ကြတာပေါ့ တော်ကြာ ဒေါက်တာဝမ်သိသွားရင် မကောင်းဘူးလေ"
"အင်း ကောင်းသားပဲ ဒါပေမဲ့ နက်ဖြန်ဆေးစစ်ရမဲ့လူက ရှင်မဟုတ်ဘူးဆိုတော့ ကျွန်မက ရှင့်ကို ထိလို့ရတယ်နော်"
ပြောပြောဆိုဆို အားကျောက်၏လက်သည် ရှေ့တိုးနောက်ငင် ငြင်သာစွာ လှုပ်ရှားနေ၏။
"ဟဲ ဟဲ တော်ကြာ ကျုပ် မထိန်းနိုင်တော့မှာ မင်း မကြောက်ဘူးလား"
အားကျောက်၏ ကိုယ်ထိလက်ရောက်လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကို မနည်းထိမ်းသိမ်းနေရသော ကျန်းကျင်းခိုင်က ပြောလိုက်၏။ အခြေအနေမှာ အားကျောက်ကို ယင်ကျီးယွမ်ဟု ထင်နေစဥ်က အခြေအနေနှင့် ကွာခြားလှသည်။ ထ််ိုစဥ်က အားကျောက်ကို သစ္စာဖောက်မိမှာ စိုးရိမ်သောအတွေးက ကျန်းကျင်းခိုင်တွင် ရှိနေသေး၏။ ကန့်သတ်ချုပ်နှောင်မှုများ ကျိုးပျက်သွားပြီးနောက်တွင်တော့ ကျန်းကျင်းခိုင်၏ ထိမ်းသိမ်းနိုင်စွမ်းသည် ၃နှစ်သားကလေးငယ်နှင့် ဘာမှခြားမနေတော့။
ကျန်းကျင်းခိုင်ကိုကြည့်နေရင်း အားကျောက်၏ မျက်နှာသည် ဆေးဆိုးထားသကဲ့သို့ ရဲရဲနီလာ၏။ ပြည့်တန်ဆာတဦးလုပ်ခဲ့ဖူးသူပီပီ သူ့ဘေးနားရှိ ယောကျာ်းသည် သူမကို လိုချင်နေမှန်း သူမ ခံစားမိသည် မဟုတ်ပါလား။ သို့သော် သူမ လက်ကိုပြန်မရုတ်သိမ်းမိချေ။ ချစ်ရသူ အထွတ်အထိပ်သို့ ရောက်သွားစေလိုသောဆန္ဒ သူမတွင် အပြည့်ရှိနေ၏။
"ဒါမှမဟုတ် ကျွန်မ ပါးစပ်နဲ့...."
"မလုပ်နဲ့"
ကျန်းကျင်းခိုင် ချက်ချင်းဟန့်တားလိုက်သည်။ အားကျောက်သည် ပြည့်တန်ဆာမဟုတ်တော့။ ထို့ကြောင့် သူမထံမှာ ဤဝန်ဆောင်မှုမျိုးကို သူ မလိုအပ်။ ဂျပန်လူမျိုးများအနေနှင့် ဤအရသာမျိုးကို ကြိုက်ကောင်းကြိုက်ပေလိမ့်မည်။ သို့သော် ကျန်းကျင်းခိုင်ကတော့ ချစ်ရသူကို ဤသို့မခိုင်းရက်ချေ။
"ဟုတ်ပြီလေ"
ထို့နောက် အားကျောက်က ကျန်းကျင်းခိုင်၏ အောက်ပိုင်းမှ လက်က်ိုပြန်ရုတ်လိုက်သည်။ ထိုအခါ ကျန်းကျင်းခိုင်သည် ကုတင်ပေါ်မှ လူးလိမ့်ထပြီး အားကျောက်ကို ငြင်သာစွာ နမ်းလိုက်၏။ ထို့နောက် သူ ရေချိုးခန်းသို့ ဝင်သွားပြီး ဆာလောင်နေသော ဆန္ဒကို ကိုယ့်နည်းလမ်းနှင့်ကိုယ် ဖြေဖျောက်လိုက်လေသည်။ အားကျောက်ကား ကျန်းကျင်းခိုင်ကို လုံးဝဟန့်တားခြင်းမပြုပဲ စိတ်အေးလက်အေးနှင့် စောင့်ဆိုင်းနေ၏။ ထိုအခိုက်အတန့်တွင် သူမကိုယ်ခန္ဓာသည် ဤယောကျာ်းတယောက်တည်းအတွက်သာ ဖြစ်ရတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့သည်။
နောက်တနေ့မနက်တွင် နှစ်ဦးလုံး အိပ်ယာမှ နိုးထလာကြ၏။ အိပ်ယာမထသေးခင် နှစ်ဦးသား အရူးများသဖွယ် တဦးကိုတဦး ပွေ့ဖက်စနောက်နေကြသေးလေသည်။ ကျန်းကျင်းခိုင် ရှိနေခြင်းကြောင့် အားကျောက်၏စိတ်ထဲတွင် သူ့ကိုယ်သူ အလွန်ပျော်ရွှင်နေသော အိမ်ရှင်မတဦးသဖွယ် ခံစားနေရသည်။ ကျန်းကျင်းခိုင်၏ အရယ်၊ အပြုံး၊ စကားများသည် သူ့အား အဆုံးစွန်သော ပီတိကို ဖြစ်ပေါ်စေလေသည်။ ချွေကျင်းတယောက် လီဟုန်းပိုင်ကဲ့သို့ မျက်နှာများသူကို အဘယ်ကြောင့် လက်ခံနေမှန်း ထိုအခါ သူ နားလည်လာတော့သည်။ သူမသည် လီဟုန်းပိုင်ကို ချစ်နေ၍ ၎င်း၏ အလိမ်အညာများကို မျက်စေ့မှိတ်ယုံကြည်နေခြင်းပေတကား။
"ဟန်နီရေ မနက်စာရပါပြီရှင့် မြန်မြန်လာပြီး စားလိုက်တော့"
ဖိလစ်ပိုင်အိမ်အကူတယောက်သဖွယ် ဝတ်ဆင်ထားသော အားကျောက်၏ပုံစံမှာ အလွန်ချစ်စရာကောင်းနေ၏။ ထို့နောက် သူမက ရေချိုးခန်းထဲသို့ ဝင်လိုက်ရာ ကျန်းကျင်းခိုင် မုတ်ဆိတ်ရိတ်နေသည်နှင့် ပက်ပင်းတိုးလေသည်။ ထိုအခါ သူမက စူးစမ်းဟန်ဖြင့်ကြည့်ပြီး မေးလိုက်သည်။
"ကျွန်မရိတ်ပေးရမလား"
"အင်း."
ကျန်းကျင်းခိုင် ခေတ္တတုံ့ဆိုင်းသွားပြီးမှ အားကျောက်ထံသို့ မုတ်ဆိတ်ရိတ်စက်ကို ကမ်းပေးလိုက်သည်။ အားကျောက် ဘာကြောင့် သူ့ကို မုတ်ဆိတ်ရိတ်ပေးချင်နေမှန်း သူနားမလည်ချေ။ အမှန်တွင် အားကျောက်ကလည်း မလုပ်ဖူးသောအရာတခုကို စူးစမ်းလို၍သာ ဖြစ်သည်။ သူမမျက်နှာပေါ်တွင် ဘယ်တော့မှ မုတ်ဆိတ်မွေးမပေါက်ဖူးချေ။ လူသားများသည်၊ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့မကြုံဖူးသောအရာများကို အလွန်စူးစမ်းလိုကြသည် မဟုတ်ပါလား။
အားကျောက်သည် မုတ်ဆိတ်ရိတ်စက်ကို ယူကာ ကျန်းကျင်းခိုင်၏မျက်နှာကို အားရုံစိုက်၍ ရိတ်ပေးလိုက်သည်။ သူမအနေနှင့် ပြီးစလွယ်မလုပ်။ တဖက်တွင်လည်း သူမသည် ကျန်းကျင်းခိုင်ကို ပို၍ငယ်ရွယ်နုပျိုသွားစေရန် ရည်ရွယ်ထား၏။ သူငယ်စဉ်က သူ၏ပုံရိပ်ကိုပင် သူမစဉ်းစားမိသည်။ တကယ်တော့ ကျန်းကျင်းခိုင်သည် အားကျောက်ထက် ၁၅နှစ်ခန့် ပို၍ကြီးပေသည်။
"ကဲ ပြီးသွားပြီ ဘယ်လိုနေလဲ မိုက်တယ်မလား"
အားကျောက်က မေးလိုက်၏။ ထို့နောက် သူမသည် ကျန်းကျင်းခိုင်၏ မျက်နှာအား ပန်းချီကားတစ်ချပ်ကို ငေးကြည့်နေရသကဲ့သို့ အားရပါးရ ကြည့်နေလသည်။
"အရမ်းကောင်းတာပဲ"
ကျန်းကျင်းခိုင်က မှန်ထဲတွင် ကိုယ့်ကိုယ်ကို ကြည့်ရင်း ချီးမွမ်းလိုက်သည်၊
"ကျုပ်မျက်နှာက ကိုယ့်ဘာသာရိတ်တာထက်တောင် ပိုချောသွားသေးတယ်"
ကျန်းကျင်းခိုင်သည် အမျိုးသမီးများနှင့် အတွေ့အကြုံမများသော်လည်း အမျိုးသမီးတစ်ဦး ပျော်ရွှင်စေရန် မည်သို့ပြောရမည်မှန်းကိုတော့ သိထား၏။ ချစ်စခင်စ အမျိုးသမီးတစ်ဦးသည် သူမ၏ချစ်သူ ချီးမွမ်းစကားကို နှစ်သက်တတ်ကြသည် မဟုတ်ပါလား။
"တကယ်လား ဒါဆို ကျွန်မက ရှင့်ကို နေ့တိုင်း မုတ်ဆိတ်ရိတ်ပေးမယ်"
ထိုသို့ပြောရင်း သူမ နှစ်သိမ့်ကျေနပ်နေလေသည်။
"အခု ထွက်လာပြီး မနက်စာစားလိုက် ဒီနေ့ ဆေးရုံကို ကျွန်မနဲ့အတူ တကယ်လိုက်မှာလား"
"ဒါပေါ့ လိုက်မှာပေါ့ ကျုပ် ကတိပေးထားတာပဲလေ"
ကျန်းကျင်းခိုင်က ခေါင်းညိတ်ရင်း ပြောလိုက်သည်၊
"ပြီးတော့ ဒီနေ့က တနင်္ဂနွေနေ့နေ ရုံးချိန်မှန်စရာမလိုဘူး"
"ရှင်က အမြဲတမ်း အလုပ် အလုပ်နဲ့ တနင်္ဂနွေနေ့ဆိုတာ ရှင်မှတ်မိနေသေးတာတောင် အံ့သြစရာပဲ သိလား"
အမှန်မှာ ကျန်းကျင်းခိုင်သာ မပြောမိခဲ့လျှင်တနင်္ဂနွေနေ့ဆိုသည်ကို အားကျောက် လုံးဝမေ့နေပေလိမ့်မည်။ ယခင်အလုပ်အကိုင်၏ သဘောသဘာဝအရ တနင်္ဂနွေနေ့များတွင် သူမတို့အားလုံး အလုပ်များလှပေသည်။
"ကောင်းပြီ ကောင်းပြီ နောက်တနင်္ဂနွေနေ့တိုင်း ကျုပ်က မင်းနဲ့အတူ အချိန်ကုန်ဆုံးမယ်လို့ ကတိပေးပါတယ်ကွာ ဒါပေမယ့် အခုတော့ အလုပ်များနေတယ်ကွ"
ကျန်းကျင်းခိုင်က အားကျောက်ကို နမ်းရင်း ချော့လိုက်သည်။ သူ့အသံသည် စိတ်ဆိုးနေသော ကလေးတစ်ဦးကို နှစ်သိမ့်နေသော လူကြီးတစ်ဦး၏အသံနှင့် တူနေ၏။ အမျိုးသမီးတစ်ဦးအနေနှင့် အသက်အရွယ်မည်မျှပင် ကြီးနေစေကာမူ ချစ်သူ၏ နှစ်သိမ့်မှုနှင့် ချစ်ခြင်းမေတ္တာကို နှစ်သက်တတ်ကြပေသည်။
"ဒါဆို ဒီနေ့ ရှင့်ရုံးကို ကျွန်မလိုက်လာလို့ရမလား"
အားကျောက်က ကျန်းကျင်းခိုင်ကို မျှော်လင့်ချက်ပါဝင်သောအကြည့်နှင့် ကြည့်ရင်း မေးလိုက်ပြန်သည်။
"ဟုတ်ပြီလေ ဒါနဲ့ ဒီလိုဆိုရင်ရော"
ကျန်းကျင်းခိုင်၏ မျက်နှာပေါ်တွင် ညစ်တီးညစ်ကန်နိုင်သော အပြုံးတရပ် ပေါ်ပေါက်နေ၏။
"မင်း လိုက်လာလို့ရတယ် ဒါပေမယ့် ဌာနခွဲမှာ ရဲတွေကလွဲရင် ကျန်တာက သက်သေတွေနဲ့ တရားခံတွေပဲ ရှိတယ်ကွ ဒီတော့ မင်းက ဒီနေ့ သက်သေလား ဒါမှမဟုတ် တရားခံလား"
"သက်သေ"
အားကျောက်က ချက်ချင်း ဖြေလိုက်သည်။ ဖြေပြီးမှ သူမ လှည့်စားခံလိုက်ရသည်ကို ချက်ချင်းသိသွား၏။
"ရှင် မကောင်းဘူး ဘာသက်သေလဲ ကျွန်မမှ အမှုဖြစ်တာတွေကို မမြင်ဖူးတာ"
ထို့နောက် သူမက ကျန်းကျင်းခိုင်ကို လက်သီးဆုပ်များနှင့် ဖွဖွလေး ထုလိုက်၏။
"ဟား ဟား မင်းဟာလေ တော်တော်လေး ညဏ်ကောင်းတဲ့ မိန်းကလေးပါလား ကျုပ်မပြောခင်တည်းက ကျုပ် ဘာဆက်ပြောမယ်ဆိုတာ သိသွားပြီပေါ့ ဟုတ်လား"
တကယ်တော့ ကျန်းကျင်းခိုင်တွင် အားကျောက်ကို မေးမြန်းရန် မေးခွန်းများစွာ ရှိနေ၏။ ဆက်တိုက်လူသတ်မှုများမှ အားကျောက်ကို ညွှန်ပြနေသည့် အချက်အလက်များစွာ ရှိနေသည် မဟုတ်ပါလား။
"ကောင်းပြီလေ ကျွန်မလုပ်မယ်"
အားကျောက်က သဘောတူလိုက်ပြီး ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ် သူမ၏ ခေါင်းကို မှီထားလိုက်ပြန်၏။
"ဒါပေမယ့် ဒါက ရှင်ဟာ ကျွန်မရည်းစားဖြစ်နေလို့နော်"
ထို့နောက် သူမက ခေါင်းပြန်မော့ရင်း တောင်းဆိုလိုက်ပြန်သည်။
"ဒါပေမယ့် ကျွန်မက ရဲကားနောက်ခန်းမှာ မထိုင်ဘူးနော် ပြီးတော့ နေ့လည်စာကိုလည်း ရှင်ကျွေးရမယ်"
"ဟား ဟား စိတ်မပူပါနဲ့ကွာ ကျုပ်တို့က သက်သေတွေကို နောက်ခန်းမှာ မထိုင်ခိုင်းပါဘူး"
ကျန်းကျင်းခိုင်က ရယ်မောရင်း ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် မင်းက အဖမ်းခံထားရတာမဟုတ်တဲ့အတွက် ကျုပ်တို့ရဲ့အကျဥ်းသားစွပ်ပြုတ်တော့ မတိုက်နိုင်ဘူးကွာ ဒီအတွက် ဝမ်းနည်းပါတယ်"
"ဟွန့် ရွံစရာကြီး အဲဒီစွပ်ပြုတ် ရှင်ပဲသောက်"
ကျန်းကျင်းခိုင်၏စကားကြောင့် အားကျောက်၏ ထုရိုက်မှုများမှာ ပိုမိုပြင်းထန်လာ၏။ သို့သော် ကျန်းကျင်းခိုင် ရှောင်တိမ်းရန် မကြိုးစား။ အားရပါးရ ထုရိုက်စေရန် ခွင့်ပြုထားပြီးမှ သူက သူမကို ပွေ့ဖက်လိုက်လေသည်။ ဤအမျိုးသမီးနှင့်အတူရှိခြင်းသည် သူ့ကို ငယ်ရွယ်သွားစေသည်ဟု ခံစားရ၏။
"ရှင်ဟာလေ တော်တော်စိတ်ရှုပ်စရာကောင်းတာပဲ ရှင့်အတွက် ပြင်ဆင်ထားတဲ့ မနက်စာတောင် အေးသွားပြီထင်တယ်"
အားကျောက် ငြီးငြူလိုက်သော်လည်း ကျန်းကျင်းခိုင်လက်ထဲမှ ရုန်းထွက်ရန် အနည်းငယ်မျှ မကြိုးစားမိချေ။ မိနစ်အနည်းငယ်ကြာသွားမှ သူမက ပြောလိုက်လေသည်။
"ဟန်နီရေ ကျွန်မတို့ မနက်စာသွားစားကြရအောင် ကျွန်မဗိုက်ဆာနေပြီ"