← Chapters

ဆေးရုံသို့

Vol. 6 Ch. 53

ဆေးရုံသို့

Vol. 6 Ch. 53

ဆေးရုံထဲတွင် ဖြစ်သည်။ ကျန်းကျင်းခိုင်သည် အားကျောက်အား ဒေါက်တာဝမ်၏ အခေါ်ကို စောင့်နေ၏။ ထိုအချိန်မှာပင် အားကျောက်က ဒေါက်တာဝမ်၏ အခန်းထဲသို့ ခပ်တည်တည်နှင့် ဝင်သွားလေသည်။ ထို့နောက် သူမက အခန်းထဲရှိ တခြားသူများကို ဂရုမစိုက်ဘဲ ဒေါက်တာဝမ်ကို နှုတ်ဆက်လိုက်၏။

"နေကောင်းရဲ့လား ဖွားဖွားဝမ်"

"ဒီကလေးမက မကြီးမငယ်နဲ့ လုပ်ပြန်ပြီ"

ဒေါက်တာဝမ်က မြည်တွမ်တောက်တီးလိုက်၏။ သူမကလက်ထောက်ဆရာဝန်မလေးတစ်ဦးနှင့် တစ်ခုခုကို ဆွေးနွေးနေစဉ် အားကျောက် ရုတ်တရက်ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရ၏။ အားကျောက်ကို မြင်သည်နှင့် ဤမိန်းကလေး သူမ၏ အသက်အရွယ်ကိုအကြောင်းပြု၍ စနောက်တော့မည်မှန်း ဒေါက်တာဝမ် ချက်ချင်းသိလိုက်သည်။

"ဒေါက်တာဝမ် လူနာတွေနဲ့ အလုပ်ရှုပ်နေတယ်ထင်ိယ် ဒါဆိုလဲ ကျွန်မ သွားလိုက်ပါအုံးမယ်"

ဆရာဝန်မလေးက ထိုသို့ပြောပြီး အားကျောက်ကို တချက်ကြည့်လိုက်သည်။ တဖန် သူမက ဒေါက်တာဝမ်ကို ပြုံးပြပြီး အခန်းထဲမှ ထွက်သွားလေသည်။

"ဒီနေ့လာတာ ဘာကိစ္စရှိလို့လဲ"

ဒေါက်တာဝမ်က တမင်တကာ မျက်နှာကို တည်တည်ခန့်ခန့်လုပ်ကာ မေးလိုက်၏။

"ကျွန်မ ဒီကို ဆေးစစ်ဖို့လာတာလေ ဖွားဖွားဝမ်ကို သတိရပြီး လာတယ်များမထင်နဲ့နော်"

အားကျောက်က ပြက်လုံးထုတ်လိုက်၏။ သူမ၏ပုံစံမှာ မြူးထူးသွက်လက်နေပြီး အလယ်တန်းကျောင်းသူတဦးနှင့်ပင် ဆင်ဆင်တူနေသည်။

"မင်းဟာ တရက်ထက်တရက် ပိုပြီးကလေးဆန်လာပါလား"

ဒေါက်တာဝမ်က အားကျောက်၏ပုံစံကိုကြည့်ရင်း စိတ်ဆိုးမာန်ဆိုးနှင့် ပြောလိုက်သည်။

"ဒီအတိုင်းသာသွား နောက်နှစ်နည်းနည်းဆိုရင် မင်း မူကြိုပြန်တက်လို့ရပြီ"

"ဖွားဖွားဝမ် ဘယ်လိုလုပ်သိနေတာလဲ"

အားကျောက်က ပြောင်စပ်စပ်နှင့် ပြောလိုက်ပြန်၏။ တကယ်တော့ သူမသည် ပုံမှန်ဆေးလာစစ်သော်လည်း ဘာလုပ်နေမှန်းတော့ တခါမှ မပြောပြဖူးချေ။ ဒေါက်တာဝမ်က မေးမြန်းသည့်တိုင် အားကျောက်က မျိုးစုံ ငြင်းဆန်နေခဲ့လေသည်။ နောက်ဆုံးတွင် ဒေါက်တာဝမ်က အတင်းအကျပ်မမေးတော့ပဲ လူနာ၏ သီးသန့်ကိစ္စဟု ယူဆကာ လက်လျှော့လိုက်၏။ သူမအနေနှင့် အားကျောက် ယခင်အလုပ်ကို ပြန်မလုပ်လျင် တော်ပြီဟုသာ သဘောထားလိုက်တော့သည်။

"ငြိမ်ငြိမ်နေစမ်း"

ဒေါက်တာဝမ်က လူနာကုတင်ကို ညွှန်ပြရင်း ပြောလိုက်၏။

"ကုတင်ပေါ်တက်စမ်း"

"ဟုတ်ကဲ့ပါရှင်"

အားကျောက် မျက်နှာငယ်ငယ်နှင့်ပြောရင်း ကုတင်ပေါ် တက်လိုက်ရှာသည်။

ထိုအခိုက်မှာပင် ကျန်းကျင်းခိုင်က ဒေါက်တာဝမ်၏ အခန်းထဲသို့ ဝင်လာပြီး ပြောလိုက်သည်။

"ဒေါက်တာဝမ် ဒီမှာ ကျီး...အဲ...အားကျောက်ရဲ့နံပါတ်"

"အော် မင်းတို့နှစ်ယောက် အတူတူလာကြတာလား"

ဒေါက်တာဝမ်က ကျန်းကျင်းခိုင်ကို ကြည့်ပြီး အားကျောက်ဆီသို့ ပြန်လှည့်သွား၏။ သူမကိုကြည့်ရသည်မှာ နားလည်သဘောပေါက်သွားပုံရသည်။ သူမ၏အသက်အရွယ်အရ အခြေအနေကို မသုံးသပ်နိုင်စရာ အကြောင်းမရှိချေ။

"ဟုတ်ကဲ့ ဒေါက်တာဝမ်"

ကျန်းကျင်းခိုင် ရှက်အမ်းအမ်းဟန်ဖြင့် ပြုံးလိုက်၏။

"သူ့အခြေအနေ ဘယ်လိုရှိသလဲ"

ဒေါက်တာဝမ်က ကျန်းကျင်းခိုင်ကို စူးစမ်းဟန်ဖြင့်ကြည့်ပြီး ပြောလိုက်၏။

"ဘာလဲ မင်းကိုယ်တိုင် မစစ်ဆေးခဲ့ဘူးလား"

"ကျွန်တော်... မလုပ်... မစစ်ဆေးမိပါဘူး ဒေါက်တာဝမ်"

ကျန်းကျင်းခိုင်အနေနှင့် ဒေါက်တာဝမ်ရှေ့တွင် စည်းမဲ့ကမ်းမဲ့ မလုပ်ရဲပဲ အပြင်းအထန်ပင် ခေါင်းခါငြင်းဆန်လိုက်၏။သူမသည် ကော်မရှင်နာနှင့် ဆွေမျိုးတော်စပ်နေသည် မဟုတ်ပါလား။

"ဒါဆို ဒီမှာပဲ စောင့်နေ"

ဒေါက်တာဝမ်က အမိန့်ပေးလိုက်သည်။ ထို့နောက် သူမသည် ကျန်းကျန်းကိုင်ကို သံသယဖြင့် ကြည့်ပြီး လိုက်ကာကို ဆွဲလိုက်၏။ ကျန်းကျင်းကိုင်နှင့် အားကျောက်တို့၏ ဆက်ဆံရေးကို သူမ မသိ၍ စည်းကမ်းအတိုင်းတော့ လုပ်ရမည်သာ။

ငါထင်တာများ မှားနေသလားမသိပါဘူး...

ဆယ်မိနစ်ခန့်အကြာတွင် ဒေါက်တာဝမ်နှင့် အားကျောက်တို့ လိုက်ကာနောက်မှ ပြန်ထွက်လာသည်။

"အခြေအနေက တော်တော်ကောင်းနေပြီ ဒါနဲ့ ကျင်းခိုင် ခနလောက် အပြင်မှာ စောင့်ပေးပါလား"

သူမအနေနှင့် နောက်စကားများကို ကျန်းကျင်းခိုင် ကြားရန် မသင့်တော်ဟု ယူဆမိနေ၏။

"အဆင်ပြေပါတယ်ဒေါက်တာဝမ်"

အားကျောက်က ဒေါက်တာဝမ်ကို နှုတ်ခမ်းစူပြီး ပြောလိုက်၏။

"ပြီးတော့ ဒီနေ့ညနေ ကျွန်မက သူ့အိမ်မှာ အလုပ်လုပ်ရမှာလေ"

"အိုး"

ဒေါက်တာဝမ် အံ့သြသင့်သွား၏။

"သူ့အိမ်မှာ အလုပ်လုပ်မှာ ဟုတ်လား"

"ဟုတ်တယ် အမှန်ပါပဲရှင့် သူ့အိမ်မှာ အစေခံမိန်းမ လိုအပ်နေတယ် ပြီးတော့ အဲဒီအလုပ်က ကျွန်မနဲ့ အသင့်တော်ဆုံးပဲလေ"

"ဒေါက်တာဝမ် သူ လျှောက်ပြောနေတာ သူ ပြောနေတာတွေကို မယုံနဲ့"

ကျန်းကျင်းခိုင်က အားကျောက်၏ နှုတ်ခမ်းကို လက်ဖြင့် ပိတ်ပြီး ကြားဖြတ်ပြောလိုက်သည်။ အားကျောက် မပြောသင့်သည်များကို ပြောမိမှာ သူ စိုးရိမ်နေသည် မဟုတ်ပါလား။

"ဟား ဟား အံမလေးနော် ကျုပ်ကလဲ အလုပ်ရှုပ်နေတယ် မင်းတို့ကိစ္စတွေ အရေးမစိုက်နိုင်ပါဘူးတော်"

ဒေါက်တာဝမ်က သူတို့ မျက်နှာအမူအရာကို ကြည့်ပြီး ရယ်မောလိုက်သည်။

"ပြီးတော့ အားကျောက် မင်းအနေနဲ့ အနားယူဖို့ မမေ့နဲ့ မင်းဟာ ကောင်းကောင်းပြန်နာလန်ထနေပြီ ဒါပေမယ့် မကြာခန လိင်ဆက်ဆံမှုတာမျိုးကို ရှောင်ပါ ဟုတ်ပြီလား"

ထို့နောက် ဒေါက်တာဝမ်က ကျန်းကျင်းခိုင်ဘက်သို့ လှည့်ပြီး ပြောလိုက်ပြန်သည်။

"မင်းလဲ တကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်"

"တကိုယ်ရေသန့်ရှင်းရေး"

ကျန်းကျင်းခိုင် စိတ်ရှုပ်ထွေးသွား၏။

"ဟုတ်တယ် တကိုယ်ရေသန့်ရှင်းရေး အားကျောက်ရဲ့ အောက်ပိုင်းက ခုမှ နာလန်ထခါစဖြစ်နေတယ် ဒါကြောင့် ဘက်တီးရီးယားပိုးမဝင်အောင် သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုတယ်"

"ဖွားဖွားဝမ်ရေ ဒါကိုတော့ စိတ်မပူပါနဲ့ ကျွန်မတို့ဦးရဲကြီးက အရမ်းသန့်ရှင်းတာရှင့် ကိစ္စဝိစ္စတွေပြီးသွားတိုင်း ကျွန်မက သူ့ကို ဘရက်ရှ်နဲ့တိုက်ပြီး သန့်ရှင်းရေးလုပ်ပေးရတယ်လေ"

ထို့နောက် သူမ အခန်းပြင်သို့ ထွက်ပြေးသွားလေသည်။

"ဟား ဟား ဟား "

ဒေါက်တာဝမ်က အားကျောက်၏ စကားကို ကြားရသည်နှင့် ရယ်မောလိုက်သည်။

"ဟုတ်ပြီ ဒီမှာ သူ့ ဆေးမှတ်တမ်း သွားပေတော့ သူ့ကို ဂရုစိုက် ဒီမိန်းကလေး ဒီနေ့ အရမ်းပျော်နေတာ သိသာတယ်"

"ကျေးဇူးတင်ပါတယ်၊ ဒေါက်တာဝမ်"

အလွန်ရှက်နေသော ကျန်းကျင်းခိုင် အခန်းထဲမှ ခြေကုန်သုတ်ခဲ့လေသည်။

"နောက်တစ်ခါ ပြန်လာဖို့မမေ့နဲ့နော်"

ဒေါက်တာဝမ် နောက်မှ လှမ်းအော်လိုက်သေးသည်။ ထို့နောက် သူမ သက်ပြင်းချလိုက်၏။ ဤဘက်နှစ်များအတွင်း ကျန်းကျင်းခိုင် ဤမျှ ပျော်နေသည်ကို သူမ မမြင်ဖူးသည်မှာ ကြာခဲ့ချေပြီ။ ကြည့်ရသလောက် အားကျောက်သည် ကျန်းကျင်းခိုင်၏ နှလုံးသားထဲရှိ စုကျင်း ချန်ထားခဲ့သည့် ကွက်လပ်ကို ဖြည့်ပေးနိုင်ခဲ့ပုံရ၏။

ပန်းခြံထဲတွင် ကျန်းကျင်းခိုင်က အားကျောက်ကို လိုက်မီသွား၏။

"ဒေါက်တာဝမ်ရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ အရူးမ"

ကျန်းကျင်းခိုင် မကျေမနပ်နှင့် ဆူပူလိုက်သည်။

"ဘာပြောမိလို့လဲလို့"

အားကျောက်က ဝမ်းနည်းသွားဟန်ဖြင့် ပြန်ပြောလိုက်ပြန်၏။

"ဒေါက်တာဝမ်ရှေ့မှာ ဒီလိုရူးနှမ်းနှမ်းပုံစံတွေ မလုပ်တော့နဲ့"

အားကျောက်၏ နှာခေါင်းကို ဆွဲလိမ်ရင်း ကျန်းကျင်းခိုင်က ဆူလိုက်သည်။

"သူက ကော်မရှင်နာရဲ့ မရီးကွ"

"ဟင် တကယ်ကြီးလား ရှင်မှ ကျွန်မကို မပြောပြတာ ကျွန်မ ဘယ်လိုသိမှာလဲလို့"

အားကျောက် မျက်ရည်များစီးကျလာပြီး ပြန်အော်လိုက်သည်။

"အင်း ဟုတ်တယ် မင်းက မမေးလို့ မပြောမိတာပါ"

ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။ သို့သော် အားကျောက်၏ မျက်နှာကို ကြည့်ရင်း သူ့နှလုံးသားတခုလုံး နာကျင်သွား၏။။ ထိုအခါ သူက အားကျောက်က်ို ဖက်ပြီး နှစ်သိမ့်လိုက်လေသည်။

"စိတ်မပူပါနဲ့ သူက ကော်မရှင်နာကို ပြန်မပြောလောက်ပါဘူးကွ"

"ဒါပေမယ့်... ဒါပေမယ့် သူက ကျွန်မတို့ကို အတူမနေရဘူးဆိုရင်.. ဘာလုပ်ရမလဲ"

အားကျောက်၏ မျက်ရည်များသည် ပုလဲလုံးများသဖွယ် တသွင်သွင်စီးကျလာ၏။ ကျန်းကျင်းခိုင် ဆေးရုံသို့ မလာသည့်အကြောင်းရင်းကို ဝေစင်းထံမှ သူမ သိခဲ့ရသည် မဟုတ်ပါလား။

"စိတ်မပူနဲ့ သူက ကျုပ်တို့ကို အတူနေခွင့်မပြုဘူးဆိုရင် ကျုပ်က အလုပ်ထွက်ပြီး ဦးလေးကိုင်ရဲ့ ခေါက်ဆွဲဆိုင်မှာ ဝင်ရောင်းမယ်"

ကျန်းကျင်းခိုင်က ပြတ်သားစွာ ပြောလိုက်၏။ ယခုအချိန်တွင် သူ့အနေနှင့် သူတို့နှစ်ဦးကြားရှိ အတားအဆီးများကို ဖယ်ရှားရန် အသင့်ဖြစ်နေခဲ့လေပြီ။

"ဟုတ်ပြီ... .. ကျွန်မ နောက်ထပ် ရူးနှမ်းနှမ်းအပြုအမူတွေ မလုပ်တော့ဘူးလေ နော်"

အားကျောက် စိတ်ထိခိုက်သွားကြောင်း ကျန်းကျင်းခိုင် သိ၏။ ဤအချိန်တွင် နှစ်သိမ့်ခြင်းမှာ အကျိုးမရှိမှန်း သူ သဘောပေါက်၏။ သူ နှစ်သိမ့်လေလေ အားကျောက်မှာ ပို၍ဝမ်းနည်းလေလေ ဖြစ်နေပေလိမ့်မည်။ အကြောင်းမှာ ထိုဝမ်းနည်းမှုသည် သူမ၏အပြစ်မကင်းမှုမှ လာသောကြောင့်ပင်။

ထိုအခါ ကျန်းကျင်းခိုင်သည် အားကျောက်ကို ဤအတိုင်းပင် ပွေ့ဖက်ထား၏။ သူမ ငိုသံများ စဲသွားသောအခါမှ သူက ရုတ်တရက် အားကျောက်ကို ပုခုံးပေါ်ထမ်းပြီး အပြင်သို့ ပြေးထွက်လိုက်လေသည်။

"ရှင်... ဘာလုပ်နေတာလဲ"

အားကျောက် ငိုတဝက်ရယ်တဝက်နှင့် အော်ဟစ်နေ၏။

"ဟားဟား ခုမှ ဘာကိုကြောက်ပါပြီတဲ့လဲ"

"ရှင်နော်..အရမ်းဆိုးတာပဲ"

အားကျောက်၏မျက်နှာမှာ ရှက်သွေးနှင့် နီမြန်းနေလေသည်။

"ကျွန်မကို ကျောပိုးထားပါလားဟင်"

"သိပ်ရတာပေါ့"

ထို့နောက် ကျန်းကျင်းခိုင်က အားကျောက်ကို ကျောပိုးပြီး ရဲစခန်းဆီသို့ ဦးတည်လျှောက်သွားလေသည်။ သေချာသည်မှာ ကျန်းကျင်းခိုင်၏ နှလုံးသားထဲမှ စုကျင်း၏ အမှတ်တရများသည် အလျင်အမြန် မှေးမှိန်လာခဲ့ပြီသည်။ ယခုမှစ၍ အားကျောက်သည် ကျန်းကျင်းခိုင်၏ ဘဝအတွက် အရေးကြီးဆုံးသူ ဖြစ်လာခဲ့လေပြီတည်း။

All Chapters