ပျော်ရွှင်ဖွယ်ညနေခင်း
Vol. 6 Ch. 56
ထိုနေ့တနေ့လုံး ကျန်းကျင်းခိုင်နှင့်အားကျောက်တို့သည် တယောက်နှင့်တယောက် ပူးကပ်လျက်ရှိနေကြသည်။ အားကျောက်အဖို့ကား ဤသို့နေရခြင်းကို ကလေးလေးတစ်ယောက် မိဘနဲ့ကပ်နေရခြင်းကို သဘောကျသည့်နှယ် ကျေနပ်နေ၏။ ကျန်းကျင်းခိုင်ကလည်း သူမ၏ ဤအပြုအမူကို သည်းခံပေးနိုင်ပေသည်။ ဆီပြန်ဝက်သားဟင်းကို အမြဲစားနေရလျင် ငြီးငွေ့သွားပေလိမ့်မည်။ သို့သော် တခါတရံစားရလျင်တော့ လွန်စွာ အရသာရှိတတ်ပေသည်။
"ဟန်နီ... ကျွန်မအတိတ်ကို ရှင်တကယ်ပဲဂရုမစိုက်ဘူးလား"
အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ခွင်ကြားမှ ခေါင်းထောင်ရင်း ငြင်သာစွာ ပြောလိုက်သည်။
"ကျွန်မ...ကျွန်မ..."
"မင်းကျတော့ကော ဂရုစိုက်လို့လား"
ကျန်းကျင်းခိုင်က အားကျောက်၏ ဆံပင်ကို ညင်သာစွာပွတ်သပ်ရင်း မေးလိုက်သည်။
"မင်းအကြောင်း ကျုပ် အကုန်သိပြီးပါပြီကွာ"
တကယ်တော့ ထိုစကားက အားကျောက်စိတ်သက်သာရာရအောင် ပြောလိုက်ခြင်းပင်။ တကယ်တမ်းသာသိလျင် သူမအား ရဲစခန်းသို့ အလျင်အမြန်ခေါ်သွားရန် လိုအပ်မည်မဟုတ်ချေ။
အားကျောက် သက်ပြင်းချရင်း တိုးတိုးလေးပြောလိုက်လေသည်။
"တကယ်တော့ ကျွန်မ...ကျွန်မလေ...အရင်က ကိုယ်ဝန်ရဖူးတယ်ရှင့်..."
ထိုစကားကြောင့် ကျန်းကျင်းခိုင် အတော်လေး အံ့အားသင့်သွားသည်ဆိုသော်ငြား အလွန်အမင်း တုန်လှုပ်သွားခြင်းတော့ မရှိ။ သူသည် စိတ်ထားတည်ငြိမ်သူဖြစ်၏။ ထို့ပြင် သူ့အနေနှင့် အားကျောက်အား ယခင်က ပြည့်တန်ဆာတဦးဖြစ်ဖူးသည်ကို လက်ခံနိုင်လျင် ကိုယ်ဝန်ရဖူးသည့်အတွက်လည်း ထူးထူးခြားခြား ပြောစရာမရှိချေ။ သို့သော် သူ စဉ်းစားနေသည်မှာ အားကျောက် ဘာကြောင့်ဤအကြောင်းကို ယခုကျမှ ပြောလေသနည်း။ တရားမဝင်သားသမီးရှိနေသည်လား သို့မဟုတ် နောက်ထပ်ကလေးမရနိုင်ခြင်းကြောင့်ပေလား။
ထိူ့နောက် အားကျောက်သည် ကျန်းကျင်းခိုင် ဒေါသထွက်မည်ကို မျှော်လင့်စောင့်စားနေ၏။ သို့သော် ကျန်းကျင်းခိုင်ကား ဒေါသထွက်ခြင်းမရှိပဲ ပကတိအတိုင်းရှိလေသည်။ ထိုအခါ သူမက မေးလိုက်၏။
"ဟန်နီ... ဒါကို..ရှင် တကယ်ပဲ ဂရုမစိုက်ဘူးလား"
သူမ၏ အသံမှာ တုန်ရီနေလေသည်။
အားကျောက်၏ အမူအရာကိုမြင်သည်နှင့် ကျန်းကျင်းခိုင်က သူမကို ဆွဲဖက်ရင်း ပြောလိုက်သည်။
"ကျီးယွမ် အတိတ်အကြောင်းတွေကို ပြောမနေနဲ့တော့ အရင်တုန်းကဖြစ်ပြီးသွားပြီဆိုတော့ ကျုပ်တို့နဲ့မဆိုင်တော့ဘူး မင်းအတိတ်မှာဘာဖြစ်ဖြစ် ကျန်းမာတဲ့ကလေးရနိုင်မရနိုင် ကျုပ် တကယ်ဂရုမစိုက်ဘူး ကျုပ်ဂရုစိုက်တာက ကျုပ်တို့ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ပဲ"
အားကျောက်၏ အတိတ်ကကိုယ်ဝန် မည်သို့ရှိစေ သူတို့၏ ဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ကြောင်း သူက ပါးပါးနပ်နပ်ပင် ပြောလိုက်လေသည်။
ထိုစကားကြောင့် အားကျောက် အင့်ခနဲ ငိုချလိုက်၏။
"ဟန်နီ ရှင်ကအရမ်းကောင်းတာပဲ"
ကျန်းကျင်းခိုင် မနေနိုင်တော့ပဲ ကုတင်ပေါ်ထထိုင်ပြီး အားကျောက်၏ မျက်ရည်များကို ပွတ်သပ်နမ်းရှိုက်လိုက်လေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ဟန်နီ စိတ်မပူနဲ့ ဒီနေ့ကစပြီး ကျုပ်မှာ မင်းတယောက်ပဲ ရှိနေတော့မှာပါကွာ"
"ဟွန့် တခြားတယောက်ကို ချစ်ကြည့်ပါလား"
ထို့နောက် အားကျောက်က ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲ ခေါင်းမှီလိုက်ပြန်သည်။ တဖန် သူမက နှုတ်ခမ်းစူရင်း ပြောပြန်၏။
"ဟန်နီ... တကယ်တော့ ရှင် ကျွန်မကိုဂရုမစိုက်ပါဘူး ကျွန်မ ဘယ်လိုကိုယ်ဝန်ရသွားတာလဲတောင် မမေးဘူး ကြည့်ပါလား"
"ဟင် လုပ်ပြန်ပြီ"
ကျန်းကျင်းခိုင် ပါးစပ်ပြဲသွားလေသည်။ တကယ်လည်း ဤကိစ္စက သူ့အတွက် အရေးမကြီးလှပေ။ သို့သော် အားကျောက်၏ စိတ်ထဲတွင်တော့ ဤကိစ္စသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးအရာဖြစ်နေ၏။ ဒါသည်ပင် ယောက်ျားနဲ့မိန်းမတို့၏ ကွာခြားချက်ဟု ဆိုနိုင်သည်။ မိန်းမတစ်ယောက်သည် ယောက်ျားတစ်ယောက်နှင့် အလွယ်တကူအတူနေနိုင်သော်ငြား ယောက်ျားတစ်ယောက်၏ ကလေးကိုတော့ အလွယ်တကူမယူနိုင်ချေ။
"ဟွန့်"
အားကျောက် ချက်ချင်းပင် ထထိုင်ပြီး ကျန်းကျင်းခိုင်ကိုကြည့်ကာ မေးလိုက်၏။
"ကဲ ပြောစမ်းပါအုံး ရှင် ကျွန်မကို တကယ်ချစ်သလား ဒါမှမဟုတ် မချစ်ဘူးလား"
"ဟဲ ဟဲ မင်း ဘယ်လိုထင်လဲ"
ကျန်းကျင်းခိုင် ညစ်ကျယ်ကျယ်နိုင်သော အပြုံးနှင့် အားကျောက်ကို ကြည့်နေ၏။ တကယ်တော့ ဤအပြုံးမျိုးကို တချို့ ရင်းနှီးကောင်းရင်းနှီးနေပေလိမိ့မည်။ ယခင်က ဤအပြုံးနှင့် အကြည့်ခံရသူမှာ စုကျင်း ဖြစ်ခဲ့ဖူး၏။ ယခုတော့ စုကျင်းနေရာတွင် အားကျောက်က အစားဝင်သွားလေပြီတည်း။
"ရှင်နော်"
သူမအမေးကို ကျန်းကျင်းခိုင်က တိုက်ရိုက်မဖြေ၍ အားကျောက် ဒေါသတကြီးနှင့် တခုခု ပြောရန် ဟန်ပြင်လိုက်သည်။ သို့သော် ကျန်းကျင်းခိုင် သူမကို ပြောခွင့်မပေးတော့။ သူ အားကျောက်ကို ကုတင်ပေါ်တွန်းလှဲပြီး သူမ၏ လည်ပင်း၊ နှုတ်ခမ်းတို့ကို ခပ်ကြမ်းကြမ်းပင် နမ်းရှိုက်လိုက်တော့သည်။ ထို့နောက်တွင်တော့ အားကျောက်နှင့် ကျန်းကျင်းခိုင်တို့သည် အချစ်ရေယာဥ်ကြောဝယ် မောကြောဆိုက်သည်အထိ အပြန်အလှန် ကူးခတ်ကြလေတော့သည်။
နှစ်ဦးလုံး မောပန်းသွားတော့မှ ကျန်းကျင်းခိုင်က သူ့ဘေးနားရှိ အားကျောက်ကို ပြောလိုက်သည်။
"ကျီးယွမ် ကျုပ် မင်းကို ချစ်တယ်"
"ကျွန်မလဲ ရှင့်ကိုချစ်ပါတယ်ရှင်"
ကျန်းကျင်းခိုင်၏ ရင်ခွင်ထဲမှ အားကျောက်က ပြောလိုက်၏။
"ဟန်နီ ကျွန်မတို့မှာ ကျန်းမာသန်စွန်းတဲ့ ကလေးတယောက် မွေးလာမယ် သူကလဲ ရှင်နဲ့အရမ်းတူမှာ သိလား ပြီးတော့ ရှင့်ကို ပြောစရာရှိတယ် ကျွန်မ အသက်၂၀တုန်းကပေါ့..."
ထို့နောက် အားကျောက်သည် သူမနာကျင်ခဲ့ရသည့် အတိတ်ဇာတ်ကြောင်းကို ကျန်းကျင်းခိုင်အား ပြောပြလိုက်လေသည်။ ထိုဇာတ်ကြောင်းမှာ ဝေစင်းကို ပြောပြခဲ့သည်နှင့် အတူတူပင်။ သို့သော် ချစ်ရသူအား မိမိတွင် ယခင်က ချစ်သူရှိခဲ့ဖူးကြောင်း ပြောပြရခြင်းဖြစ်လေရာ ဤတကြိမ် ပြောပြရသည်မှာ အားကျောက်အတွက် နာကျင်စရာကောင်းနေသည်မှာ အမှန်ပင်။
"အင်း.."
ကျန်းကျင်းခိုင်သည် အားကျောက်၏ အတိတ်ကိုနားထောင်ပြီး သက်ပြင်းချလိုက်သည်။ အားကျောက်၏ အတိတ်က ဤသို့ပါကလား။ သို့သော် ယခုအခါ သူ ပို၍ စိတ်သက်သာသွားသည်မှာ အမှန်ပင်။ အကြောင်းမှာ အားကျောက်သည် တကယ်တမ်းတွင် ကလေးမမွေးဖူးသေးသလို ကလေးယူနိုင်စွမ်းလည်း မဆုံးရှုံးသေးချေ။ မှန်ပါသည်။ ယောက်ျားများ စိုးရိမ်တတ်သည့်အရာသည် မိန်းမများ စိုးရိမ်တတ်သည့်အရာနှင့် အနည်းငယ်ကွဲပြားနေတတ်သည်။
"ဟန်နီ.. ရှင် ကျွန်မကို စိတ်မဆိုးဘူးလား..."
အားကျောက် ပြောရင်းနှင့် ကျန်းကျင်းခိုင်၏ ရင်ဘတ်ပေါ်သို့ ခေါင်းချလိုက်သည်။ နှစ်ဦးစလုံး အဝတ်မပါပဲ ကိုယ်ချင်းထိမိနေလေရာ သူမ၏မျက်ရည်များ စိုစွတ်လာသည် ကျန်းကျင်းခိုင် ကောင်းစွာ ခံစားမိ၏။
"ဘယ်နည်းနဲ့မှ ဒေါသမထွက်ပါဘူးကွာ တကယ်တော့ သူ့ကိုတောင် ကျေးဇူးတင်ရမယ်...သိရဲ့လားအရူးမလေး... သူ မရှိခဲ့ရင် မင်းလည်း ကျုပ်ကိုလက်ထပ်ဖို့ ဒီနေရာမှာ ရောက်မှာမဟုတ်ဘူးလေ"
"အင်း... ရှင်ကတော့ အပြောကောင်းနော် အရမ်းချစ်တယ်ဟန်နီ ရှင့်အတွက် ကျွန်မကလေးတစ်ယောက် မွေးပေးမယ်..."
ထို့နောက် အားကျောက် မျက်လုံးမှိတ်လိုက်သည်။ သူမ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။ လူတစ်ဦးသည် နှစ်ပေါင်းများစွာ ထမ်းပိုးလာရသည့် ဝန်ထုပ်ဝန်ပိုးကြီးကို ချလိုက်သည့်အခါတွင် ပင်ပန်းထိုင်းမှိုင်းမှု၊ အိပ်ငိုက်မှုတို့ကို ခံစားရတတ်သည်။ အားကျောက်လည်း ထိုနည်းတူပင်။ ထို့နောက် သူမ မြန်မြန်ဆန်ဆန်ပင် အိပ်ပျော်သွားတော့၏။
ကျန်းကျင်းခိုင်သည် အားကျောက်၏ ကိုယ်ခန္ဓာကို ဆက်လက်ပွပ်သပ်ပေးနေ၏။ သူသည် အားကျောက်၏ ကိုယ်သင်းနံ့ကို နှစ်သက်သည်။ ထိုရနံ့သည် ကျန်းကျင်းခိုင်အား ပျော်ရွှင်စေသည့်အပြင် ကာမစိတ်ကိုလည်း နှိုးဆွနေသလိုရှိသည်။ အားကျောက်သာ မအိပ်ခဲ့လျင် သူ နောက်တကြိမ် ကြိုးစားမိမည်မှာ သေချာနေ၏။
ကျန်းကျင်းခိုင်သည် အိပ်ပျော်နေသောအားကျောက်ကိုကြည့်ရင်း အချက်အလက်များကို ပြန်လည်ဆန်းစစ်နေ၏။ အားရှုသည် အားကျောက် အဆုံးစီရင်ရန်ကြိုးစားမှုကို တားဆီးပေးသူဖြစ်ပြီး သူမအား ဖျော်ဖြေရေးလောကထဲသို့ခေါိဆောင်ခဲ့သူလည်း ဖြစ်သည်။ အားကျောက်၏ ပြောပြချက်အရ အားရှုသည် စိတ်ရင်းကောင်းသူ ဖြစ်နေ၏။ သူမသည် ကူညီရိုင်းပင်းတတ်သူလည်း ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော အမျိုးသမီးတစ်ဦးကို အဘယ်ကြောင့် သတ်ဖြတ်ခဲ့လေသနည်း။ အဖမ်းခံရပြီးနောက် သူမ အဘယ်ကြောင့် လမ်းကြားထဲမှ ထွက်ပြေးသွားလေသနည်း။ ဤမေးခွန်းနှစ်ခုကို အဖြေရှာရန် အားကျောက် နိုးလာသည်အထိ သူ စောင့်ရပေလိမ့်မည်။
အားကျောက်၏ အိမ်အပြင်ဘက် အမှောင်ရိပ်သန်းသောနေရာတွင် အားမင်သည် နံရံကို မှီ၍ ရပ်နေ၏။ သူ ကျန်းကျင်းခိုင် ထွက်ခွာသွားမည့်အချိန်ကို စောင့်နေသည်မှာ တနေကုန်ခဲ့လေပြီ။ စစ်သားဟောင်းဖြစ်သော အားမင်သည် သစ္စာရှိပြီး အမိန်နာခံတတ်သူ ဖြစ်သည်။။ သို့သော် သူ သစ္စာစောင့်သိသောအရာမှာ တိုင်းပြည်မဟုတ်ဘဲ အားတောက် ဖြစ်နေ၏။
အားကျောက် အိပ်ယာမှ နိုးထလာသည့်အချိန်တွင် အမှောင်ထု ဖုံးလွှမ်းနေခဲ့လေပြီ။
"ဟန်နီရေ... ဘယ်နှစ်နာရီရှိသွားပြီလဲ..."
သူမက ကျန်းကျင်းခိုင်ကို ဖက်ထားရင်း တိုးတိုးလေး မေးလိုက်သည်။
"ခြောက်နာရီရှိပြီ ဗိုက်ဆာနေပြီလား"
ကျန်းကျင်းခိုင်က ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် အားကျောက်ကို အနုပညာလက်ရာတစ်ခုအား ငေးကြည့်နေသကဲ့သို့ ကြည့်နေ၏။
"အပြင်ထွက်စားချင်လား ဒါမှမဟုတ် အိမ်မှာပဲနေမလား ကျုပ်က ဟင်းချက်ပေးမယ်လေ"
"ဟန်နီ ရှင် ဟင်းချက်တတ်တယ်လား"
ကျန်းကျင်းခိုင်၏ မေးခွန်းကြောင့် အားကျောက် စိတ်လှုပ်ရှားသွား၏။ ထို့နောက် သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြန်ပြောလိုက်လေသည်။
"စားမယ် ကျွန်မ ရှင်ချက်ပေးတဲ့ဟင်း စားချင်တယ်"