← Chapters

အနက်ရောင်အစက်အပျောက်များကို ရှာဖွေခြင်း

Vol. 7 Ch. 63

အနက်ရောင်အစက်အပျောက်များကို ရှာဖွေခြင်း

Vol. 7 Ch. 63

အားကျောက် မူကြိုကျောင်း နေ့လည်စာစားနေ၏။ ထိုအချိန်မှာပင် သူမ ကျန်းကျင်းခိုင်အကြောင် စဥ်းစားမိလေသည်၊

သူ အခု ဘာလုပ်နေမလဲမသိဘူး...

သူမ စဉ်းစားရင်း ဖုန်းထုတ်လိုက်သည်။ အမျိုးသားတစ်ယောက်အပေါ် အချစ်လွန်သော မိန်းကလေးတိုင်းက ဤအတိုင်းသာ။ ကိုယ်ချစ်ရသူ ဘေးနားတွင်မရှိလျင် နေမထိထိုင်မသာဖြစ်တတ်ကြ၏။

“ဟန်နီ ရှင်ဘာလုပ်နေတာလဲ”

ဖုန်းထဲမှ အားကျောက်၏အသံက ကလေးဆန်နေ၏။

“ရှင် ဒီတစ်မနက်လုံးလဲ ကျွန်မကို ဖုန်းမခေါ်ဘူး"

"ဟဲ ဟဲ ဘာလဲ ခနလေးပဲ ခွဲရသေးတာကို လွမ်းနေပြီလား”

ကျန်းကျင်းခိုင်က စနောက်လိုက်သည်။

“ဒီနေ့ ကျုပ် အရမ်းအလုပ်များနေတာ သိလားဒါပေမဲ့ နောက်ဆို မနက်တိုင်း မင်းဆီ ဖုန်းဆက်ဖို့ မှတ်ထားပါ့မယ်ကွာ”

ကျန်းကျင်းခိုင် နှုတ်ဆိတ်သွား၏။ ပြီးမှ သူက အသံကိုနှိမ့်၍ ပြောလိုက်သည်။၊

"မနေ့ညက လမ်းကြားထဲမှာ လူသတ်မှုတစ်ခု ထပ်ဖြစ်တယ်လေ အရင်အမှုတွေအတိုင်းပဲ"

“အင်း ဒါဆိုလဲ ကောင်းပါပြီရှင်”

အားကျောက် စိတ်ပျက်သွား၏။ ကျန်းကျင်းခိုင် အလုပ်များနေ၍ သူမနှင့် စကားပြောရန် အချိန်မရှိမှန်း သူမ သဘောပေါက်လိုက်ပေပြီ။

“ဒါဆို ဒီည… …”

အားကျောက်၏ မဝံ့မရဲအသံ ထွက်ပေါ်လာသည်။ သူမကို အလုပ်သို့ ခေါ်သွားနိုင်မလားလို့ မေးချင်စိတ်ပေါက်နေသော်လည်း မမေးတာ ပိုကောင်းမည်ဟု သူမ တွေးမိလေသည်။

“ဒီည မင်းကို လာကြိုမယ်လေ ဒီည ကျောင်းမှာ အတန်းရှိတယ်မလား”

ကျန်းကျင်းခိုင်က မေးလိုက်ပြန်၏။

"အင်း ဟုတ်ပြီလေ"

အားကျောက်က မြန်မြန်ဆန်ဆန်ပင် သဘောတူလိုက်သည်။

"ဒီည ဦးလေးကိုင်ရဲ့ဆိုင်မှာ ညစာစားချင်တယ် ရှင်လဲအချိန်ရရင် ကျွန်မနဲ့လာစားလေ အတန်းပြီးသွားရင်တော့ ကျောင်းမှာပဲ ရှင့်ကိုစောင့်နေမယ် ရှင် ညစာစားဖို့ မမေ့နဲ့နော်"

“သိပါပြီဗျ”

ကျန်းကျင်းခိုင်၏ အသံကလည်း ကြည်နူးဟန်အတိုင်းသား ပေါ်လွင်နေသည်။ အမျိုးသမီးများသည် သူတို့ချစ်ရသူနှင့်ဆိုလျင် စကားများတတ်ကြ၏။ ၎င်းကို နားလည်ထားရန် လိုအပ်ပေသည်။

အားကျောက် ဖုန်းချလိုက်၏။ သူမ နည်းနည်းတော့စိတ်ပျက်သွားသည်မဟုတ်ပါလား။ ထို့နောက် သူမ ပန်းချီစတူဒီယိုထဲ လျှောက်ဝင်လာခဲ့သည်။ ဤရက်ပိုင်း အာကျောက်အနေနှင့် ပန်းချီဆွဲရသည်ကို အတော်လေး စျန်ဝင်နေ၏။ သို့သော် သူမ ငွေလိုနေ၍ ပန်းချီဆွဲနေခြင်းတော့မဟုတ်။ ဤရက်ပိုင်းမှစပြီး သူမသည် ရောင်းပြီးသား ကုန်ပစ္စည်းတစ်ခုသဖွယ် ဖြစ်သွားလေပြီ။

ဖုန်းတဖက်ခြမ်းတွင်လည်း ကျန်းကျင်းခိုင်က ဖုန်းချပြီး သက်ပြင်းချလိုက်သည်။ အားကျောက်သည် သူ့ကို မေတ္တာစစ်နှင့် ချစ်ကြောင်း သူ သိ၏။ သူသည်လည်း အလားတူ အားကျောက်ကို ချစ်မြတ်နိုးပေသည်။ သို့သော် သူ ဖုန်းပြောစဥ်က အားကျောက်ကို မဆိုစလောက်လေး လိမ်ညာခဲ့၏။ လမ်းကြားထဲတွင် လူသတ်မှုတစ်ခု ထပ်ဖြစ်သည်မှာ အမှန်ပင်။ သို့စေကာမူ သူ အလုပ်များနေခြင်းတော့မရှိ။ သူ ချင့်ချိန်တွေးတောနေခြင်းသာ ဖြစ်သည်။ ကျန်းကျင်းခိုင်အနေနှင့် လမ်းကြားထဲမှ ကိစ္စများနှင့်ပတ်သက်၍ အားကျောက်ကို တိုက်ရိုက်မေးမြန်းလိုခြင်းမရှိ။ သူ့အနေနှင့် သူမကို နာကြင်လိုစိတ်မရှိပေ။ တဖက်တွင်လည်း သူမကို မမေးလျင် အမှုကို လက်လျော့ရတော့မလို ဖြစ်နေ၏။ ဤကိစ္စနဲ့ပတ်သက်ပြီး သူ့စိတ်ထဲတွင် ဘာလုပ်ရမည်ကို ချင့်ချိန်တွေးတောနေခြင်း ဖြစ်လေသည်။ အားကျောက်ကိုယ်တိုင် လိုလိုလားလားကူညီလျင် ကောင်းမည်ဟု သူ မျှော်လင့်နေမိလေသည်။ မည်သို့ဆိုစေ သူသည် အားကျောက်ကို ယုံကြည်၏။ သူချစ်သောမိန်းမသည် ဤလူသတ်မှုများတွင် မည်သည့်နည်းနှင့်မှ ပါဝင်ပတ်သက်စရာအကြောင်းမရှိ။

“အင်စပက်တာကျန်း ကျွန်တော်တို့ သွားကြမလား”

လူရှောက်ချိန် အခန်းထဲဝင်လာရင်း မေးလိုက်၏။

"ဆာဂျင်ကျန်းကတော့ အသင့်ဖြစ်နေပါပြီလို့ ပြောပါတယ်”

"ကောင်းပြီလေ ကဲ အခင်းဖြစ်တဲ့နေရာကိုသွားကြည့်ရအောင်"

သတ္တမမြောက် လူသတ်မှုဖြစ်ပွားရာနေရာတွင် ဖြစ်သည်။ အခင်းဖြစ်ပွားခဲ့ရာအခန်းထဲတွင် ကျန်းကျင်းခိုင်၊ ကျန်းနန်၊ လူရှောင်ချိန်နဲ့ သက်သေရှာဖွေရေးဌာနမှ မုမင်းယွမ်တို့ ရှိနေကြ၏။ သူတို့ မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံကို သေသေချာချာ လေ့လာနေကြလေသည်။ ဝူရှုပင်၏ ယူဆချက်အရ အစက်အပျောက်များသည် သူတို့ရှိနေသော အဆောက်အအုံနှင့် မျက်နှာချင်းဆိုင် အဆောက်အအုံမှ ရောင်ပြန်ဟပ်လာခြင်း ဖြစ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။ ဤယူဆချက်သည် ကျန်ကျင်းခိုင်အတွက်သာမက သက်သေရှာဖွေရေးဌာနခွဲမှ ခွဲခြမ်းစိတ်ဖြာသူများအတွက်ပါ လက်ခံနိုင်လောက်စရာ ဖြစ်နေပေသည်။ သို့သော် ယူဆချက်ဟူသည်မှာ ယူဆချက်သာဖြစ်သည်။ ၎င်းကိုအတည်ပြုရန် သက်သေအထောက်အထားများ လိုအပ်နေသေး၏။

“မြင်ရသလောက်ကတော့ ဒီပြတင်းပေါက်တွေက သံသယဖြစ်စရာအကောင်းဆုံး ဖြစ်နေတယ်"

မုမင်းယွမ်က ကျန်ကျင်းခိုင် လက်ထဲရှိ ဓာတ်ပုံကို ထောက်ပြရင်း ပြောလိုက်သည်။

"အင်စပက်တာကျန်းနဲ့ ဆာဂျင်ကျန်းတို့ ကျုပ်တို့အနေနဲ့ ဒီအခန်းမှာ နေထိုင်သူတွေရဲ့ နောက်ခံအချက်အလက်တွေကို စုံစမ်းဖို့လိုအပ်မယ်ထင်တယ် လူတချို့လွှတ်ပေးလို့ရနိုင်မလား"

“ကျုပ်တို့ လုပ်ပြီးပါပြီ”

မုမင်းယွမ်၏တောင်းဆိုချက်ကြောင့် ကျန်းကျင်းခိုင်နှင့် ကျန်းနန် နှစ်ဦးလုံး ပြိုင်တူဖြေလိုက်ကြသည်။ ကျန်းနန်ကမူ မုမင်းယွမ် ထောက်ပြခဲ့သော ပြတင်းပေါက်များ၏ တည်နေရာများကို ချရေးပြီး သူ့လူတယောက်က်ိုထပ်မံ ညွှန်ကြားလိုက်၏။

“ကောက်ဝေ အဖွဲ့သားတွေ ခေါ်သွားပြီး ဒီအခန်းတွေကို ရှာပါ ရှောင်တခင်ဝင်ရှာနော် လူတွေ အုတ်အော်သောင်းနင်း မဖြစ်စေနဲ့”

“ဟုတ်ကဲ့ ဆာဂျင်ကျန်း”

ကောက်ဝေက ခေါင်းတချက်ညိတ်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။

ထိုနေ့တနေ့လုံး ကျူအန်းရဲစခန်းမှ ရဲများသည် သတ်မှတ်ထားသည့် အခန်းတိုင်းကို ရှာဖွေပြီး နေထိုင်သူများကို မေးမြန်းနေကြ၏။ မုမင်းယွမ် ဝိုင်းထားသော ပြတင်းပေါက် ခုနှစ်ပေါက်အနက် ငါးပေါက်မှာ တံခါးဖွင့်ပေးမည့်လူမရှိသည့် အခန်းများ ဖြစ်ကြပြီး ကျန်နှစ်ခန်းမှာ အဖိုးကြီးအဖွားကြီးစုံတွဲများ နေထိုင်ရာအခန်းများဖြစ်သည်။ အဆိုပါ အဖိုးကြီးအဖွားကြီးများသည် ရဲများကို နွေးနွေးထွေးထွေးပင် ကြိုဆိုကြ၏။ ထို့နောက် ရဲများက အဆိုပါမိသားစုနှစ်စုကို သံသယရှိသူစာရင်းမှ ဖယ်ရှားလိုက်လေသည်။ အကြောင်းမှာ သူတို့၏ ခန္ဓာကိုယ်အချိုးအစားသည် ဓာတ်ပုံထဲမှ အမည်းစက်များနှင့် ကိုက်ညီမှုမရှိခြင်းကြောင့်ပင်။ ထို့ပြင် သက်ကြီးရွယ်အိုတစ်ဦးအနေနှင့် သူ့ထက်ငယ်ရွယ်သူ စုံတွဲတတွဲကို အနိုင်ယူဖို့ဟူသည်မှာ ဖြစ်နိုင်ချေမရှိချေ။ ထို့ပြင် အနှီသက်ကြီးစုံတွဲများ၏ ကျန်ထွက်ဆိုချက်များနှင့် အချက်အလက်များကို ရပ်ကွက်စောင့်ကြည့်ရေးစနစ်၊ အဆောက်အဦးမန်နေဂျာထွက်ဆိုချက်များနှင့် တိုက်ဆိုင်စစ်ဆေးခဲ့သေးသည်။ အလုံးစုံ သံသယဖြစ်ဖွယ်မရှိ၍ သက်ကြီးစုံတွဲများကို ရဲများက သံသယတရားခံစာရင်းမှ ထုတ်ပယ်လိုက်ကြခြင်းပင်။

ကျန်အခန်းငါးခန်းအနက် နှစ်ခန်းတွင် ရပ်ကွက်နေပြည်သူများနေထိုင်ပြီး ကျန်အခန်းသုံးခန်းမှာ ပြည့်တန်ဆာခေါင်းများက စီးပွားရေးလုပ်ကိုင်ရန် ငှားရမ်းထားခြင်းပင်။ ထို့ကြောင့် ဤလမ်းကြားထဲတွင် ဝူရှုပင်ကဲ့သို့ အမှန်တကယ် နေထိုင်သူများ ငှားရမ်းထားခြင်းမှာ အလွန်ရှား၏။

အခြေအနေအရ ပြည်တန်ဆာခေါင်းများ ငှားရမ်းထားသည့်အခန်းများမှာ စစ်ဆေးရပို၍ လွယ်ကူနေ၏။ ခေါင်းများအား အမိန့်ပေးလိုက်ရုံနှင့် ဤအခန်းများကို အလွယ်တကူ ဝင်ရောက်စစ်ဆေးနိုင်သည် မဟုတ်ပါလား။ ထိုအခါ ရဲများ စစ်ဆေးနိုင်ခြင်းမရှိသောအခန်းများဟူ၍ အရပ်သားပြည်သူများ နေထိုင်သော အခန်းနှစ်ခန်းသာ ကျန်တော့သည်။ သို့တိုင်အောင် ရဲစခန်းတွင် ၎င်းတို့၏ အိမ်ထောင်စုစာရင်းမှတ်တမ်းများ ရှိနေ၏။ အဆောက်အဦးမန်နေဂျာ၏ ထွက်ဆိုချက်အရ မိသားစုနှစ်စုလုံးသည် နေ့ဘက်တွင် အလုပ်သွားပြီး ညဘက်တွင် ပြန်လာကြောင်း သိရသည်။ ထို့ကြောင့် ရဲများအနေနှင့် ညဘက်တွင် ထိုလူများကို လာရောက်စစ်ကြောနိုင်ပေသည်။

အဆိုပါ သတင်းအချက်အလက်များ ကျန်းကျင်းခိုင်ဆီ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။ သူ စာရွက်စာတမ်းများကို သေသေချာချာ ပြန်လည်စစ်ဆေးလိုက်သည်။ ပထမတခန်းတွင် နေထိုင်သူ မျိုးသားမှာ ပို့ကုန်သွင်းကုန်ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းဖြစ်ပြီး ကျန်တခန်းရှိ အမျိုးသားမှာ သားငါးကုန်သည်ဖြစ်သည်။

အမျိုးသမီးများနှင့် ပတ်သက်၍ကတော့ ကျန်းကျင်းခိုင်က သမန်ကာရှန်ကာမျှသာ ကြည့်လိုက်၏။ ၎င်းတို့၏ အလုပ်များ လူသတ်မှုများနှင့် ပတ်သက်မှုရှိသည်ဟု သူ မထင်။ ကွင်းဆက်လူသတ်သမားတဦးဖြစ်ရန် သာမာန်ထက် ခန္ဓာကိုယ်ကြံ့ခိုင်မှုရန်နှင့် ခံစားချက်ကင်းမဲ့ရန် လိုအပ်သည် မဟုတ်ပါလား။ ၎င်းမှာ အမျိုးသမီးများ ပိုင်ဆိုင်သည့် အရည်အချင်းမျိုး မဟုတ်။ထို့ကြောင့် သူ့အနေနှင့် အမျိုးသမီးနှစ်ဦး၏ ပုံပန်းသဏ္ဌာန်ကို ဓာတ်ပုံများရှိ အစက်အပျောက်များနှင့် နှိုင်းရုံမျှသာ နှိိုင်းကြည့်ခဲ့၏။

“မဖြစ်နိုင်ဘူး ပုံစံချင်းက တခြားစီပဲ”

ကျန်းကျင်းခိုင်က ရေရွတ်ရင်း စာရွက်စာတမ်းများကို မုမင်းယွမ်လက်ထဲ ထည့်ပေးလိုက်သည်။ မုမင်းယွမ်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျန်းကျင်းခိုင်က ကျန်းနန်ကို မေးလိုက်ပြန်သည်။

“အားချွန်ဆီက ဘာသတင်းရသေးလဲ”

“မရသေးဘူးအင်စပက်တာ အားချွန်ပြောပုံအရ အဲဒီညက ပြည့်တန်ဆာတွေ အများကြီး အလုပ်လုပ်နေတယ်လို့ဆိုတယ် ဒါကြောင့် ဒီအခန်းသုံးခန်းမှာ ဘယ်သူတွေရှိနေမှန်း သူ မမှတ်မိတော့ဘူးလို့ ပြောတယ်"

“ကောင်းပြီ ဒါဆိုလဲ ဒီည ကျန်နှစ်ခန်းကို စစ်ဖို့ ကျုပ်တို့လူတွေ လွှတ်လိုက်ပါ"

ကျန်းကျင်းခိုင်က အမိန့်ပေးလိုက်သည်။ ထို့နောက် သူ မုမင်းယွမ်ကို ကြည့်ရင်း ပြောလိုက်ပြန်သည်။

“ညသန်းခေါင်လောက် ပြန်လာပြီး ဒီနေရာကို တချက်လောက် ပြန်စစ်ရအောင် ကျုပ်တို့ လွတ်သွားတာများ ရှိအုံးမလားလို့"

ထိုစဥ် ကျန်းနန်က ဝင်ပြောလိုက်၏။

"နောက်ကျနေပြီ ကျွန်တော်တို့ အားလုံး ညစာ သွားစားကြမလား”

“ကောင်းသားပဲ"

ကျန်းကျင်းခိုင် လက်ခံမလိုပြုပြီးမှ ခေါင်းခါလိုက်သည်။

“နေဦးဗျ ကျုပ် မလိုက်နိုင်သေးဘူး သွားစရာတခုရှိသေးတယ် ဒီလိုလုပ်ဗျာ ရှောက်ချိန် မင်း ဆာဂျင်ကျန်းနဲ့ မင်းယွမ်ကို ညစာလိုက်ကျွေးလိုက် ဘောက်ချာကို ပြန်ယူလာခဲ့ ကျုပ်ရှင်းပေးမယ် ဒါကို ကျုပ် ညစာကျွေးတယ်လို့ပဲ သဘောထားလိုက်ပေါ့ဗျာ"

သို့သော် ကျန်းနန်က အတင်းပင် ဇွတ်ခေါ်နေ၏။

ထိုအခါ ကျန်းကျင်းခိုင်၏ အမူအရာကို အကဲခတ်နေသော လူရှောက်ချိန်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ သွားစားကြမယ်လေ မကောင်းဘူးလား"

သို့တိုင်အောင် ကျန်းနန်က ပြောဖြစ်အောင် ပြောလိုက်သေးသည်။

"ဒါဆိုလဲ ညတွေ့ကျရအောင်"

“ဟုတ်ပြီလေ ကျုပ်တို့ ည တွေ့ကြတာပေါ့”

ထို့နောက် သူတို့ အသီးသီး ထွက်ခွာသွားကြလေသည်။

All Chapters