← Chapters

အားရှာ၏ ထွက်ဆိုချက်

Vol. 7 Ch. 68

အားရှာ၏ ထွက်ဆိုချက်

Vol. 7 Ch. 68

ကျူအန်းနယ်မြေရဲစခန်း၏ စစ်ကြောရေးအခန်းထဲ၌ ကျန်းကျင်းခိုင် နှင့် လူရှောက်ချိန်တို့ ထိုင်နေကြသည်။ ၎င်းတို့ မျက်နှာချင်းဆိုင်တွင်မူ ဆွဲဆောင်မှုရှိသောအဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ထိုင်နေ၏။ ထိုအမျိုးသမီးမှာ အားရှာ ဖြစ်သည်။

“မင်းနာမည် အားရှာလား”

ကျန်းကျင်းခိုင်က သူမ၏ရဲမှတ်တမ်းဖိုင်ကို ကြည့်ရင်း မေးလိုက်သည်။ ဖိုင်ထဲတွင် အားရှာနှင့်ပတ်သက်သမျှ အသေးစိတ်အချက်အလက်များ ပါပြီးဖြစ်၍ ကျန်းကျင်းခိုင်အနေနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ် မေးခွန်းများ မေးနေစရာမလိုတော့။

“ဟုတ်ပါတယ်ရှင်”

အားရှာက ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်လုံးများမှာမူ အခန်းတစ်ဝိုက်ကို ပြူးပြဲကြည့်နေ၏။ ကျန်းကျင်းခိုင်၏ မေးခွန်းများကြောင့် သူမ စိတ်လှုပ်ရှားနေမှန်း သိသာနေသည်။

“ပြီးခဲ့တဲ့လက လူသတ်မှုတွေဖြစ်တဲ့ည အားရှု ဒီအခန်းထဲ ဝင်သွားတာကို မင်း မြင်ခဲ့တယ်လို့ ပြောခဲ့တယ်နော် ဟုတ်လား”

ကျန်းကျင်းခိုင် လမ်းကြားပုံကြမ်းကို စားပွဲပေါ် တင်လိုက်ပြီး နံပါတ်သုံး ပြတင်းပေါက်ရှိသည့် အခန်းကို ညွှန်ပြရင်း မေးလိုက်၏။

“ကျွန်မ… ကျွန်မက… တကယ်တော့… ဒီတိုင်းပဲ ပြောမ်ိသွားတာပါ"

အားရှာ ထိတ်လန့်သွားဟန်ရှိလေသည်။

"သူ ဝင်သွားတာကို ကျွန်မ သေသေချာချာကြီး မြင်ခဲ့တာတော့မဟုတ်ဘူးရှင့် တကယ်တော့ အဲဒီညမှာ အားရှုနဲ့ ကျွန်မ အဲဒီအဆောက်အဦးအောက် လမ်းကြားမှာ အလုပ်လုပ်နေခဲ့ကြတာပေါ့ ကျွန်မတို့သုံးဖို့ အခန်းက နှစ်ခန်းပဲရှိတယ်လေ ဒါနဲ့ ကျွန်မကတစ်ခန်းသုံးတော့ အားရှုက ကျန်တစ်ခန်းကို သုံးဖို့ပဲ ဖြစ်သွားတော့တာပေါ့ ဖောက်သည်ရပြီဆိုရင် သူ့မှာ သွားစရာတခြားအခန်းမှ မရှိတော့တာပဲကို”

သူမ၏ ထွက်ဆိုချက အဖြေပါပြီးသား ဖြစ်နေ၏။

“အဲဒီလိုလား”

ကျန်းကျင်းခိုင်က စကားထောက်ပေးလိုက်သည်။ထို့နောက် သူ အားရှာ၏ မျက်လုံးကို စိုက်ကြည့်ကာ မေးလိုက်ပြန်၏။

“ဒါဆို မင်း သူဝင်သွားတာကို တကယ်ကြီး မမြင်ခဲ့ဘူးပေါ့ ဟုတ်သလား"

“အင်စပက်တာ… ကျွန်မ…”

သူမ၏ မျက်နှာတွင် စိုးရိမ်ပူပန်ဟန်များ အတိုင်းသားပေါ်လွင်လာပြီး စကားပြောပုံမှာလည်း အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။

“ကျွန်မ… ကျွန်မ သေချာတော့ မပြောနိုင်ဘူးရှင့်

ထို့နောက် သူမ တံတွေးတချက်မြိုချပြီး စိုးရိမ်တကြီးနှင့် ဆက်ပြောပြန်သည်။

“ကျွန်မတို့… ကျွန်မတို့ ဖောက်သည်တချို့ကို အတူတူ ခေါ်ခဲ့ကြတယ်လေ ပြီးတော့ သူ… သူက ကျွန်မရှေ့မှာပဲ… အဲဒီအခန်းထဲ ဝင်သွားခဲ့တယ်…”

သူမ ပို၍စိတ်လှုပ်ရှားလာဟန်ဖြင့် တကိုယ်လုံး တုန်ရီစပြုလာ၏။

"အင်စပက်တာ ရှုအာဟာ ကျွန်မညီမလေးလိုပါပဲ ကျွန်မ သူ့ကို မသတ်ခဲ့ဘူး ကျွန်မ မသတ်ခဲ့ဘူးလို့ ကျိန်ဆိုရဲပါတယ် ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး ကျွန်မကို ဒီလူသတ်မှုအတွက် မဖမ်းပါနဲ့ရှင်"

သူမ အကြီးအကျယ် ကြောက်လန့်လာဟန်ရှိသည်။ ကျန်းကျင်းခိုင်က အားရှုကိုသတ်ခဲ့သည့်အမှုကြောင့် သူမအား ခေါ်လာသည်ဟု ထင်နေပုံရလေသည်။

“အော်”

ကျန်းကျင်းခိုင် အကြည့်လွှဲလိုက်၏။ သူ့ရှေ့ရှိ အမျိုးသမီးသည် စိတ်ဖိစီးမှုကြောင့် လဲကျလုနီးနီး ဖြစ်နေလေပြီ။ သူမ အားရှုကို သတ်မသတ်မှာ လက်ရှိတွင် အတည်ပြုရန် မလ်ိုသေးဟု ကျန်းကျင်းခိုင် ယူဆထား၏။ ထို့အပြင် သူ့ ဗီဇစိတ်က ဤအမျိုးသမီးသည် လူသတ်သမား မဟုတ်ကြောင်း ပြောပြနေပေသည်။ ပြည့်တန်ဆာတစ်ဦးဖြစ်နေ၍ အားရှာသည် ဥပဒေလိုက်နာသူ မဟုတ်။ သို့သော် သူမတွင် လူသတ်သမားဗီဇလည်း မရှိပေ။ သူမသည် ကြောက်တတ်သူတဦးသာ ဖြစ်လေသည်။

“ကျွန်မအခု ပြောနေတာတွေအားလုံးက အမှန်တွေပါပဲရှင်”

အားရှာ၏မျက်နှာသည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူလျော်နေပြီဖြစ်သည်။

"ကျွန်မ… ကျွန်မ… ကျွန်မ အားရှု ကို မသတ်ခဲ့ပါဘူး… သူ… သူ…”

“ကောင်းပြီ ကောင်းပြီ မင်းကို ကျုပ်ယုံတယ်!”

ကျန်းကျင်းခိုင် ကြည်လင်သောအသံနှင့် နှစ်သိမ့်လိုက်၏။ ထို့နောက် သူ အားရှာကို မေးလိုက်ပြန်သည်။

"ဒါပေမယ့် အားရှု အဲဒီအခန်းထဲ ဝင်တာ မင်း မြင်ခဲ့လား မမြင်ခဲ့ဘူးလား အဲဒါကိုတော့ ကျုပ်သိချင်တယ်"

“ဟုတ်ကဲ့"

အားရှာ၏ လေသံမှာတည်ငြိမ်လာသော်လည်း သူမ၏ကိုယ်ခန္ဓာမှာ တုန်ယင်နေဆဲပင်။

“အင်စပက်တာ ကျွန်မ… ကျွန်မ အရင်ဆုံး အိမ်သာလေးသွားပါရစေ”

“ကောင်းပါပြီ သွားပါ"

ကျန်းကျင်းခိုင် ခေါင်းညိတ်ပြီး အမျိုးသမီးအရာရှိနှစ်ဦးကို အမိန့်ပေးလိုက်သည်။

"သူ့ကို ဂရုစိုက်ပါ”

ဆိုလိုသည်မှာ အမျိုးသမီးရဲအရာရှိများက အားရှာ စောင့်ကြည့်ထားရန်ပင်ဖြစ်လေသည်။

သိပ်မကြာမီ အားရှာသည် အမျိုးသမီးအရာရှိနှစ်ဦးအစောင့်အရှောက်ဖြင့် အိမ်သာမှ ပြန်လာ၏။ အားရှာ ကုလားထိုင်တွင် ဝင်ထ်ိုင်လိုက်သည်။ သူမ၏ကိုယ်လုံး အနည်းငယ်တုန်ယင်နေသေးသော်လည်း စိတ်အခြေအနေကတော့ အတော်အသင့် တည်ငြိမ်သွားခဲ့လေပြီ။

ထို့နောက် သူမ ခေါင်းမောပြီး ကျန်းကျင်းခိုင် ကို ခဏမျှ စိုက်ကြည့်လိုက်၏။ တဖန် ခေါင်းငုံ့သွားပြန်သည်။ နောက်ဆုံးတော့ သူမ သတ္တိမွေးရင်း စကားစလိုက်၏။

“အင်စပက်တာ အဲဒီညက အားရှု အဲဒီအခန်းထဲ ဝင်သွားတာ ကျွန်မ မြင်ခဲ့ပါတယ် ပြီးတော့ သူ ပြန်ထွက်လာတာကိုလည်း မြင်ခဲ့တယ် အားရှု...အဲဒီညက သူ အခန်းထဲကထွက်လာပြီး ကျွန်မကိုပြောတယ် အဲဒီည အခင်းဖြစ်သွားတဲ့အခန်းထဲက ညီမလေး မသေသေးဘူး ရူးသွားရှာပြီတဲ့"

အားရှာ၏စကားကို ကြားသောအခါ ကျန်းကျင်းခိုင်၏ ရင်ထဲတွင် ရုတ်တရက်ကြောက်ရွံ့စိတ်များ ပေါ်ပေါက်လာလေသည်။ ဤလူသတ်မှုများတွင် သက်သေမခံလိုသော တခြားသက်သေများ ရှိနေနိုင်သလား။ အားရှာသည် တကယ်တမ်း မျက်မြင်သက်သေတစ်ဦး ဖြစ်နိုင်ခြေကို သဘောပေါက်လိုက်၍ ကျန်းကျင်းခိုင်၏လေသံက ပိုမိုဖော်ရွေလာ၏။

“အားရှာ မင်းဘာမှ စိတ်မပူပါနဲ့ မင်း အားရှု ကို မသတ်ခဲ့ဘူးဆိုတာ ကျုပ်သိတယ် ဒီတော့ဆက်ပြောပါအုံး အားရှု က အခန်းထဲက ကောင်မလေး မသေဘူးဆိုတာကို မြင်ခဲ့တယ်ပေါ့ ဟုတ်လား သူ မင်းကို ဘာလို့ ဒီလိုပြောရတာလဲ ပြီးတော့ အခန်းထဲမှာ တခြားဘာတွေရောမြင်ခဲ့သေးတာတဲ့လဲ"

"ကျွန်မတို့နှစ်ယောက်က ညီအစ်မတွေလိုပါပဲ"

အားရှားက တချက်ရှိုက်ရင်း စကားဆက်လိုက်သည်။

"ကျွန်မတို့ အတူတူ စားခဲ့ကြတယ် အတူတူ ပျော်ပျော်ကြီးနေခဲ့ကြတယ် ကုန်ကုန်ပြောရရင် ဒီမြို့ကို ရောက်လာတာတောင် ကျွန်မတို့ဟာ အတူတူပဲ ဒီလောက်ရင်းနှီးနေတာကြီးကို ကျွန်မ သူ့ကို ဘယ်သတ်ရက်ပါမလဲ”

အားရှာက သူမ အားရှု ကို မသတ်ခဲ့မှန်း ထပ်ပြောပြန်သည်။

"သူ့မှာ ကျွန်မကလွဲလို့ တခြားပြောစရာလူကလဲ မရှိဘူးလေ တကယ်တော့ သူ အဲဒီမိန်းကလေးကို မသိဘူးရှင့် ဒါပေမယ့် အခန်းထဲက မြင်ကွင်းက ကြောက်စရာကောင်းတယ်လို့တော့ သူ ကျွန်မကို ပြောပြတယ်"

ထို့နောက် သူမက အားရှု ပြောခဲ့သည့်စကားများကို ပြန်ပြောပြလိုက်၏။ ၎င်းမှာ ဝူရှုပင် မြင်ခဲ့သည်နှင့် အတူတူဖြစ်နေလေသည်။

“အခန်းထဲမှာ တခြားလူ ဒါမှမဟုတ် တခြားအရာတစ်ခုခု ရှိခဲ့သလား သူ ဘာပြောခဲ့သေးလဲ"

ကျန်းကျင်းခိုင် ထပ်မေးလိုက်ပြန်၏။

“အားရှု အရမ်းကြောက်နေခဲ့တယ် သူပြောတာက အခန်းထဲမှာ ဘယ်သူမှ မရှိဘူးတဲ့ ဒါပေမဲ့ တစ်ခုခုက သူ့ကို စိုက်ကြည့်နေတဲ့ ခံစားချက်မျိုးလဲ သူ ရနေတယ်တဲ့ရှင့်"

“ဘယ်သူမှ မရှိဘူး ဒါပေမယ့် တစ်ခုခုရှိနေတဲ့ ခံစားချက်မျိုး ဟုတ်လား”

ကျန်းကျင်းခိုင် တကယ်ကြီး အံ့သြသင့်သွား၏။

“မှန်ပါတယ်ရှင် သူကတော့ အဲဒီလိုပြောခဲ့တာပဲ အဲဒီအချိန်က ကျွန်မ သူ့ကို မယုံခဲ့ဘူး ဒါပေမယ့်… ဒါပေမယ့် နှစ်ရက်အကြာမှာ အားရှု… သူ အသတ်ခံလိုက်ရတယ်…”

ထို့နောက် အားရှာ ထိန်းမနိုင်သိမ်းမရ ငိုကြွေးတော့သည်။

နောက်ဆုံးတော့ ကျန်းကျင်းခိုင်က ငိုနေသော သနားစရာအမျိုးသမီးကို မေးလိုက်လေသည်။

“အားရှာ … ဒီလိုလုပ်ပါလား မင်း စခန်းမှာ တရက်နှစ်ရက်လောက် နေလိုက်လေ"

အားရှာ ထိတ်လန့်သွားပြန်သည်။

“အင်စပက်တာ… ဒါပေမယ့် ကျွန်မ… ကျွန်မ ရှုအာ ကို မသတ်ခဲ့ပါဘူးရှင်…”

“သိတယ် ကျုပ်သိပါတယ်”

ကျန်းကျင်းခိုင် လက်ကာပြရင်း ရှင်းပြလိုက်လေသည်။

"မင်းကို ဖမ်းတာမဟုတ်ရပါဘူးကွာ မင်း ဒီမှာနေခြင်းမနေခြင်းဟာ မင်းသဘောပဲ မင်း ဘယ်အချိန်မဆို ထွက်သွားလို့ရတယ် အားရှု ဖြစ်သွားတာမျိုး မင်းမဖြစ်အောင် ကျုပ်တို့က ကာကွယ်တဲ့သဘောပါ"

“ဟုတ်ကဲ့ ဒီလိုဆိုရင်တော့…”

အားရှာ အငိုရပ်သွားပြီး ကျန်းကျင်းခိုင် ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင် ကျွန်မ အင်စပက်တာပြောတဲ့အတိုင်း လုပ်ပါ့မယ်”

သူမ ကျန်းကျင်းခိုင် အပေါ် တကယ်ပင် ကျေးဇူးတင်မိနေ၏။ သူမ ပြည့်တန်ဆာတစ်ဦးဖြစ်၍ သူမ ရှင်ခြင်းသေခြင်းကို မည်သူမှ ဂရုမစိုက်ချေ။

အားရှာထွက်သွားသည်နှင့် ကျန်းကျင်းခိုင်က လူရှောက်ချိန်ကို တီးတိုးပြောလိုက်သည်။ လူရှောက်ချိန်က ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွား၏။ သူ့တာဝန်မှာ အားရှာအတွက် သင့်လျော်သောနေစရာတနေရာနှင့် အစားအသောက်များ စီမံပေးရန်ပင် ဖြစ်သည်။

လူရှောက်ချိန် စစ်ကြောရေးအခန်းကို ပြန်ရောက်ချိန်တွင် ပြည့်တန်ဆာခေါင်းအားချွန်တယောက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ကျန်းကျင်းခိုင်က စတင်နှုတ်ဆက်လိုက်၏။

“အားချွန် မင်းကလေး ဘယ်လိုလဲ နေကောင်းလာပြီလား"

ကျန်းကျင်းခိုင် က လမ်းကြားအကြောင်း မမေးပဲ အားချွန်၏ကလေး နေကောင်းကျန်းမာကြောင်း စတင်မေးမြန်းလိုက်သည်။

“ပိုကောင်းလာပါတယ် အင်စပက်တာကျန်း”

အားချွန် ကျေးဇူးတင်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

ရဲတစ်ဦးက ပြည့်တန်ဆာခေါင်းတဦး၏ ကလေးကို ဂရုစိုက်သည်မှာ ရှားရှားပါးပါးပင် ဖြစ်လိမ့်မည်။

“ကောင်းတယ်”

ကျန်းကျင်းခိုင်က အထက်ပါအတိုင်း ပြောပြီး လူရှောက်ချိန်ကို အားချွန်အား ဆေးလိပ်တစ်လိပ်ရန် လက်ဟန်ပြလိုက်သည်။ ပြီးမှ သူ စကားဆက်လိုက်၏။

"ဒီနေ့ ကျုပ်တို့ ပေါ့ပေါ့ပါးပါးပဲ စကားပြောကြတာပေါ့ ပတ်ဝန်းကျင်က အဆင်မပြေပေမယ့် မင်း စိတ်မဆိုးဘူးလောက်ဘူးမလား"

“နားလည်ပါတယ်”

အားချွန်က ပြန်ဖြေလိုက်သည်။

“အင်စပက်တာကျန်း ဘာသိချင်လဲဆိုတာသာ ကျွန်တော့်ကို မေးလိုက်ပါ ကျွန်တော် သိတာတစ်ခုခု ရှိရင် ခင်ဗျားကို သေချာပေါက် ပြောပြမှာပါ"

All Chapters