ဦးလေးကောက် ဘယ်သူလဲ
Vol. 8 Ch. 76
ဇွဲနပဲကြီးလှသော ကျန်းကျင်းခိုင်၏ မေးမြန်းမှုကြောင့် လွန်ခဲ့သောနှစ်နှစ်ခန့်မှ အရေးကြီး အချက်အလက်တစ်ခုကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း သိလာရ၏။ သိရသလောက်အားရှုသည် လမ်းကြားထဲမှ မိန်းကလေးများကိုသုံး၍ မူးယစ်ဆေးဝါးဖြန့်ဖြူးရေးကွန်ယက်တခုကို ဖွဲ့စည်းခဲ့၏။ ယခုသိရှိရန်လိုအပ်နေသေးသည်မှာ ပါဝင်ပတ်သက်နေသည့်ပြည့်တန်ဆာများ အရေအတွက်နှင့် ရောင်းဝယ်ဖောက်ကားခဲ့သည့် မူးယစ်ဆေးဝါးပမာဏကိုပင် ဖြစ်သည်။
မူးယစ်ဆေးဝါးရောင်းဝယ်မှု၏ ခေါင်းဆောင်မှာ အားရှု ဖြစ်နိုင်သည်။ သို့သော် သူမ၏ လက်ရှိ အခြေအနေမှာ သေဆုံးသွားခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း ဖြစ်နိုင်၏။ လွန်ခဲ့သောနှစ်နှစ်အတွင်း သူမ ဘယ်ရောက်နေမှန်း ဘယ်သူမှ မသိကြချေ။ ယခင်အထောက်အထားများအရ အားရှုသည် လွန်ခဲ့တဲ့ လတချို့က လမ်းကြားလူသတ်မှုတစ်ခုတွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အထောက်အထားသစ်များအရ အားရှုသည် အသက်ရှင်လျက် ရှိနေနိုင်ပြီး ပျောက်ဆုံးနေသည်လည်း ဖြစ်နိုင်၏။ သူမ တကယ် အသက်ရှင်နေသလား၊ သို့မဟုတ် သေဆုံးသွားသလားဟူသည့်မေးခွန်းကို မည်သူမှ တိတိကျကျ မဖြေနိုင်ချေ။
"ဒီနေ့အဖို့တော့ မဆိုးဘူးပြောရမယ် ကျုပ်တို့ ကောင်းကောင်းလေး လုပ်နိုင်ခဲ့ကြတာပဲ"
ကျန်းကျင်းခိုင်က သူ့ဘေးမှ မျက်နှာပျက်နေသော ကျန်းနန်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။
"ဆာဂျင်ကျန်းကလဲဗျာ ဒါ ခင်ဗျား အပြစ် မဟုတ်ပါဘူးဗျ ဒီတော့ ကိုယ့်ကိုယ်ကို ဒီလောက်ကြီး အပြစ်တွေတင်မနေစမ်းပါနဲ့"
"ကျုပ်ဖြင့် ဒီလောက်ကြီးကြိုးစားခဲ့တာတောင် မဖော်ထုတ်နိုင်ခဲ့တဲ့ ကိစ္စကို အင်စပက်တာကျန်းက အလွယ်တကူ ရှာတွေ့ခဲ့တယ်ဆိုတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး"
ကျန်းနန် စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
"ကံကြမ္မာက လူငယ်တွေကို မျက်နှာသာပေးနေတဲ့သဘောပဲ"
"ဟားဟား" ကျန်းနန်၏ စကားကြောင့် ကျန်းကျင်းခိုင် ရယ်မောလိုက်သည်။
"ဆာဂျင်ကျန်းကလဲ ပြောရော့မယ် ကျုပ်နဲ့ခင်ဗျားနဲ့ ဘာမှကွာမနေပါဘူးဗျာ ကျုပ်လဲ ခင်ဗျားလိုပဲ အသက်ကြီးနေပါပြီ သူတို့ကသာ တကယ့်လူငယ်လေးတွေ"
ကျန်းကျင်းခိုင်က စစ်ဆေးခန်းထဲကို ပြန်ရောက်လာသော လူရှောက်ချိန်နှင့်ကောက်ဝေကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
"အင်း ဒါလဲမှန်ပါတယ်လေ"
ကျန်းနန်က စိတ်ပျက်လက်ပျက်ဖြင့် မှတ်စုစာအုပ်ကို ပိတ်လိုက်သည်။ ထို့နောက် သူ ကျန်းကျင်းခိုင်ကို ပြောလိုက်၏။
"ကဲ သွားကြရအောင် ဒီည ကျုပ်ဝယ်တိုက်မယ်"
သဘောတူမည့်ဆဲဆဲမှာပင် ကျန်းကျင်းခိုင်၏ ဖုန်းက ရုတ်တရက် မြည်လာ၏။ သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျန်းနန်းကို ရှက်ပြုံးပြုံးရင်း ပြောလိုက်သည်။
"အားနာပါတယ်ဗျာ ကျုပ် မလိုက်ချင်လို့မဟုတ်ပါဘူး ဒါပေမဲ့ ဒီရက်ပိုင်း ကျုပ် ခြေချုပ်မိနေတယ်ဗျို့"
"ဟားဟား ဆိုးပါ့ဗျာ ဟုတ်တော့လဲဟုတ်ပါတယ် ဒီလောက် လှတဲ့ကောင်မလေး အိမ်မှာ ရှိနေရင် ကျုပ်လည်း အိမ်ကိုမြန်မြန်ပြန်မှာပေါ့ မဟုတ်ဘူးလား"
"စကားကိုကုန်အောင်မပြောနဲ့အုံးနော် ဆာဂျင်ကျန်း"
ကျန်းကျင်းခိုင်က စနောက်လိုက်၏။
"ကျုပ်တို့ထဲက တစ်ယောက်ယောက် ခင်ဗျားမိန်းမကို သွားတိုင်မှာ မကြောက်ဘူးလား ဟားဟား"
"ကောင်းပါပြီဗျာ ကောင်းပါပြီ ကျုပ်မိန်းမနဲ့ တိုင်မှာစိုးလို့ ဒီနေ့ လွှတ်ပေးလိုက်မယ်"
ကျန်းနန်က ထိုသို့ပြောပြီး လူရှောက်ချိန်နှင့်ကောက်ဝေတို့ကို လက်ယပ်ခေါ်လိုက်သည်။
"လာ လာမင်းတို့ နှစ်ယောက်နဲ့ပဲ ဒီည အဖော်လုပ်ရတော့မယ်"
တဖန် သူက အားကျောက်နှင့်ဖုန်းဆက်နေသော ကျန်းကျင်းခိုင်ကို လက်ညိုးထ်ိုးရင်း ပြောလိုက်၏။
"အင်စပက်တာကျန်းက မိတ်ဆွေတွေထက် အချစ်ကိုရွေးချယ်သွားတာပဲ ကဲ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သွားရအောင်"
ထို့နောက် သူတို့ စစ်ကြောရေးခန်းမှ ထွက်ခွာသွားကြ၏။
နာရီဝက်အကြာတွင် ကျန်းကျင်းခိုင်တယောက် ဦးလေးကိုင်၏ ခေါက်ဆွဲဆိုင်သို့ ရောက်ရှိလာသည်။ နွေရာသီဖြစ်သော်လည်း ဤမြို့တွင် မကြာခဏ မိုးရွာတတ်၏။ ထိုနေ့တွင် မိုးအတော်သည်း၏။ မိုးရွာချလိုက်ခြင်းကြောင့် လူတိုင်း အေးမြကာ နေသာထိုင်သာ ရှိသွားကြလေသည်။ ကျန်းကျင်းခိုင် ရောက်လာချိန်တွင် အားကျောက်က ရောက်နှင့်ပြီးသား ဖြစ်နေ၏။
"ဟယ် ဟန်နီ ရှင့်တကိုယ်လုံး ရွှဲနေတာပဲ လာ ကျွန်မ မျက်နှာသုတ်ပေးမယ်"
စိုရွှဲနေသောကျန်းကျင်းခိုင်က်ိုမြင်သည်နှင့် အားကျောက်က သူမ၏လက်ကိုင်ပဝါဖြင့် မိုးရေများကို ကမန်းကတန်း သုတ်ပေးလိုက်၏။
"အိုး ရပါတယ်ကွ"
ကျန်းကျင်းခိုင်က ရယ်မောရင်း ပြောလိုက်သည်။
"ဒီနားလေးမှာ ဆင်းလိုက်တာပဲ ဒါပေမဲ့ မိုးက တအား သည်းလာတော့ အကုန်စိုရွှဲကုန်တယ်"
သူက ပြောရင်း ပလတ်စတစ်အိတ်ရှည်ကြီးကို ဆွဲထုတ်လိုက်၏။ အိတ်ထဲတွင် အားကျောက်၏ ပုံတူပန်းချီကားများ ရှိနေသည်။
"မစိုသေးဘူးဆိုတော့ တော်သေးတာပေါ့"
"ဟွန့် ရှင်ကလဲ"
ကျန်းကျင်းခိုင်က သူ့မထက် ပုံတူပန်းချီကားများကို ပိုဂရုစိုက်နေသည်ကို မြင်လိုက်ရ၍ အားကျောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ဒါတွေ စိုသွားရင် ကျွန်မ ပြန်ဆွဲလို့ရတယ် ဒါပေမဲ့ ရှင် အအေးမိသွားရင် ဘယ်လိုလုပ်မလဲ"
"မင်းပဲ ကျုပ်ကို ဂရုစိုက်ရမှာပေါ့"
ကျန်းကျင်းခိုင်က တိုးတိုးလေး ပြောလိုက်သည်။
"မင်း ဆေးရုံတက်တုန်းက ကျုပ် မင်းကို ဂရုစိုက်ခဲ့သလိုပဲပေါ့ မဟုတ်ဘူးလား"
"ရှင်နော်အရမ်း"
အားကျောက်က ကျန်းကျင်းခိုင်ကို မနာအောင်ထ်ိုးရင်း ပြောလိုက်၏။
"ကျွန်မက ရှင့်ကို ဂရုစိုက်စရာ မလိုပါဘူး ရှင့်ဘာသာ အလိုလို လုပ်ပေးတာပဲကို"
"အိုး ဒါဆို ကျုပ် ဖျားရင် မင်းက ကျုပ်ကို ဂရုစိုက်ပေးမှာ မဟုတ်ဘူးပေါ့ ဟုတ်လား"
"ဟွန့် မလုပ်ပေးပါဘူး ရှင် ကျွန်မကို လုပ်အားခပြန်ပေးမှ လုပ်ပေးမယ်"
ထိုအချိန်မှာပင် ဦးလေးကောက်က သူတို့ထံ လျှောက်လာပြီး ပြောလိုက်လေသည်။
"ဘာတွေများငြင်းနေကြတာတုန်း "
မိုးကြီးနေ၍ ဖောက်သည် နည်းသော်ငြား စားသောက်ဆိုင်တွင် စားသုံးသူဆယ်ဂဏန်းခန့်တော့ ရှိနေသည်။ ဆိုလိုသည်မှာ ဦးလေးကိုင် အလုပ်ရှုပ်နေသည်ဟူသော သဘောပင်။
"အိုး ဘာမှ မဟုတ်ပါဘူး"
အားကျောက်က ဦးလေးကိုင်ကို ပြုံးပြရင်း ရှင်းပြလိုက်သည်။
"သူက ကျွန်မစကား နားမထောင်ပဲ ရွှဲရွှဲစိုလာတယ်လေ ပြီးတော့ သူ ဖျားရင် ကျွန်မကို ဂရုစိုက်ခိုင်းတယ်လေ ဦးလေးကောက် သူ ဒီအတွက် ဂရုစိုက်ခ ပြန်ပေးသင့်တယ်လို့ မထင်ဘူးလား"
"ဟုတ်တာပေါ့ကွာ ဟုတ်တာပေါ့"
ဦးလေးကောက်က အားကျောက်ကို ရယ်မောရင်း ပြောလိုက်၏။
"သူ မင်းပြောသမျှ အကုန် လုပ်ပေးရမှာပေါ့ကွ"
"တွေ့လား ဦးလေးကောက်တောင် ကျွန်မဘက်က ထောက်ခံနေပြီ"
"အေးပေါ့ကွာ ဒီနယ်က မင်းနယ်ဆိုတော့ လုပ်ထားအုံးပေါ့"
ကျန်းကျင်းခိုင်က အားကျောက်ကို စနောက်လိုက်ပြန်သည်။
"ကြည့်နေ ကျုပ် အပြင်ရောက်တာနဲ့ မင်းကို လက်ထိပ်ခတ်ပြီး ဖမ်းချုပ်ပစ်မယ်"
"ဦးလေးကောက် ကြည့်ပါဦး သူ ကျွန်မကို ခြိမ်းခြောက်နေတယ် သူ ကျွန်မကို ဖမ်းမယ်တဲ့"
အားကျောက်က ကျန်းကျင်းခိုင်ကို လက်ညှိုးထိုးပြီး နှုတ်ခမ်းစူကာ ပြောလိုက်၏။
"ဟဲဟဲ သူ လုပ်ရဲရင် လုပ်စမ်းပါစေ"
ဦးလေးကောက်က ခေါက်ဆွဲများကို စားပွဲပေါ် ချရင်း ပြောလိုက်၏။
"သူ ကျုပ်ကို မကြောက်ဘူးလားမသိဘူး ကျုပ်လဲ ငယ်ငယ်တုန်းကလည်း ရဲအရာရှိဟောင်းတစ်ယောက်ပဲလေ ဟဲ ဟဲ "
"တကယ်လား"
ဦးလေးကောက်၏ စကားကိုကြားသည်နှင့် ကျန်းနန်၏ စကားတစ်ခွန်းကို ကျန်းကျင်းခိုင် ရုတ်တရက် သတိရလိုက်သည်။ ကျူအန်းနယ်မြေရဲစခန်းမှ အရင်စခန်းမှုးသည် ပြောင်းရွှေ့ခံရပြီး သူ့နာမည်ကောက်မှာ ကောက်ဖြစ်သည်ဟု ဆိုထားသည်မဟုတ်ပါလား။ သို့ဆိုလျင် ဦးလေးကောက်သည် ကျန်းနန် ပြောခဲ့တဲ့ အငြိမ်းစားစခန်းမှုးပင် ဖြစ်နေလေမည်လား။
"ဟုတ်တာပေါ့"
ဦးလေးကောက်က ရယ်မောရင်း ပြောလိုက်သည်။
"ကျုပ်လို အဖိုးကြီးက ဘာလို့ မင်းကို လိမ်ရမှာလဲ"
ထို့နောက် သူက အောက်ပါအတိုင်း ထပ်ဖြည့်ပြောလိုက်သေး၏။
"ကျုပ် ဒီမြို့မှာ ရဲစခန်းတစ်ခုကို ဦးစီးခဲ့ဖူးသေးတာပေါ့"
တကယ်ပဲ သူပါလား...
ဦးလေးကောက်၏ နောက်ဆုံးစကားကြောင့် ကျန်းကျင်းခိုင်၏ မျက်လုံးအစုံမှာ လင်းလက်သွား၏။ ဦးလေးကိုင်ထံတွင် အလုပ်လုပ်နေသော ဤအဖိုးကြီးသည် သူတို့ လိုက်ရှာနေခဲ့သောကျူအန်းစခန်း၏ အငြိမ်းစားစခန်းမှုဖြစ်နေလိမ့်မည်ဟု မည်သူမှ တွေးမိလိမ့်မည်မဟုတ်ချေ။
"ဘာလို့ ဒီလောက် စိတ်လှုပ်ရှားသွားတာလဲ"
ကျန်းကျင်းခိုင်၏ အမူအရာကိုမြင်သည်နှင့်တစ်ခုခု ထူးခြားနေမှန်း အားကျောက် ချက်ချင်းသိလိုက်သည်။ သို့သော် သူမက ဖြစ်အောင်စနောက်လိုက်သေး၏။
"ဟန်နီ ဦးလေးကောက်က အသက်ကြီးလှပြီနော် ရှင် သူ့ကိုများ စိတ်ဝင်စားသွားတာလား"
"အာ ဒီကောင်မလေးကတော့ကွာ"
ကျန်းကျင်းခိုင်က အားကျောက်ရဲ့ နှာခေါင်းကို ညှစ်လိုက်၏။
"ဒါဆို ဘာလို့ သူ့ကို စိုက်ကြည့်နေတာလဲ"
အားကျောက်၏ မျက်နှာတွင် သဝန်တိုဟန်တဝက်၊ စပ်စုဟန်တဝက် ရှိနေ၏။
"ဒီလိုကွ ဦးလေးကောက်က ကျုပ်တို့ လိုက်ရှာနေတဲ့ အရေးကြီးတဲ့ သက်သေ ဖြစ်နိုင်တယ်"
ကျန်းကျင်းခိုင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အားကျောက်ကို တိုးတိုးလေး ပြောလိုက်၏။
"ဟန်နီ မင်း ကျုပ်ကို ကူညီပေးပါလား"
"ဟိုး ဟိုး ဆရာကြီး"
အားကျောက်က ကျန်းကျင်းခိုင် ပါးစပ်ကို လှမ်းပိတ်လိုက်သည်။
"ရှင် ကျွန်မအကူအညီ လိုနေပြန်ပြီမလား"
"ဟုတ်တယ်"
ကျန်းကျင်းခိုင်က ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
"သိသားပဲ ရှင် ကျွန်မကို ဒီလိုခေါ်ရင် တခုခု လိုနေပြီဆိုတာ"
"ကဲ ကဲ ပြောပါဦး"
ထို့နောက် အားကျောက်နှင့် ကျန်းကျင်းခိုင်တို့ ခေါင်းချင်းဆိုင်ပြီး တိုးတိုး တိတ်တိတ် တိုင်ပင်နေကြလေသည်။ တခနအကြာ အားကျောက်က တိတ်နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူတို့ ညစာကို ဆက်စားနေကြလေသည်။ ညစာစားပြီးသွားသည်နှင့် အားကျောက်က ဦးလေးကောက်ကို ပိုက်ဆံရှင်းရန် လှမ်းခေါ်လိုက်သည်။ တစ်ချိန်တည်းမှာ ကျန်းကျင်းခိုင်က အားကျောက်၏ ပုံတူပန်းချီကားများကို လက်ထဲတွင် ဖွင့်မကြည့်ပဲ ကိုင်ထားလိုက်၏။
"ဦးလေးကောက်တစ်ခု ဟိုဟာလေ တခုလောက် ကူညီပေးပါလား"
အားကျောက်က ဦးလေးကောက်ကို အကူအညီလိုအပ်နေဟန်ဖြင့် ပြောလိုက်သည်ျဟ
"ရတာပေါ့ ကျုပ် တတ်နိုင်သမျှ ကူညီမယ် ဘာအကူအညီလဲ ပြော"
"ဒါဆို ကျွန်မပြောမယ်နော် ကျွန်မရဲ့ညီမလေးတယောက် ပျောက်နေတာလေ သူ ဒီမြို့မှာ ရှိတယ်လို့ ကြားတယ် ကျင်းခိုင်နဲ့ ကျွန်မ သူ့ကို ရှာနေတာ အတော်ကြာပြီ ခုထိမတွေ့သေးဘူး အဲတာ ဦးလေးကောက်များ ကူရှာပေးနိုင်မလားလို့"