← Chapters

အားဖင်ဟုခေါ်သော ကောင်မလေး

Vol. 9 Ch. 82

အားဖင်ဟုခေါ်သော ကောင်မလေး

Vol. 9 Ch. 82

"ဟေ့ မင်း အဆင်ပြေရဲ့လား"

လဲကျသွားရှာသော မိန်းကလေးနား ပြေးထိုင်ချရင်း လူရှောက်ချိန်က မေးလိုက်သည်။

"ဒဏ်ရာရသွားသေးလား"

"မရပါဘူး..."

မိန်းကလေး ခေါင်းခါပြလိုက်၏။ လဲတဝက်ထောက်တဝက်ရှိသည့်အနေအထားနှင့်ပင် သူမက ကြောက်ရွံ့ဟန်ဖြင့် တောင်းပန်လိုက်ပြန်သည်။

"မ... မသတ်ပါနဲ့ ကျေးဇူးပြုပြီး..မသတ်ပါနဲ့... ကျွန်မ ဘာမှမသိပါဘူးရှင်..."

"မင်းက ကျုပ်ကို လူသတ်သမားလိုထင်နေတာလား"

လူရှောက်ချိန်ခေါင်းယမ်းပြီး ရယ်လိုက်၏။

"ကောင်းပြီလေ အားတီးအကြောင်း ကျုပ်သိချင်တာ ပြောပြရင် မင်းကို မသတ်တော့ဘူး"

လူရှောက်ချိန်၏ ရယ်ကျဲကျဲပုံစံကိုကြည့်ပြီး လူသတ်သမားမဖြစ်နိုင်မှန်း သူမ သဘောပေါက်သွားပုံရသည်။ ထိုအခါ သူမက စိတ်ဆိုးလာဟန်ဖြင့် ငေါက်လိုက်၏။၊

"ရှင်က လူသတ်သမားမှမဟုတ်တာ ကျွန်မက ရှင့်ကို ဘာလို့ပြောပြရမှာလဲ ကျွန်မကို ထူပေးပါဦးရှင် ကြမ်းပြင်ကလဲ အေးလိုက်တာ"

လူရှောက်ချိန်အပေါ် သူမ၏ ကြောက်ရွံ့မှုများ လုံးဝပျောက်ကွယ်သွားသည်မှာ ထင်ရှားနေ၏။

"ကောင်းပြီ!"

လူရှောက်ချိန် ခေါင်းတချက်ညိတ်ပြီး မိန်းကလေးကို ထူပေးလိုက်သည်။ သူမက လူရှောက်ချိန်ကို အားပြုပြီး မတ်တပ်ရပ်လိုက်၏။ ထို့နောက် စပ်စုဟန်ဖြင့် မေးခွန်းထုတ်လိုက်လေသည်။

"ကဲ အစ်ကိုလေး အားတီးက ရှင့်အတွက် ဘယ်လိုလူမျိုးလဲ ရှင့်ရဲ့ချစ်သူဟောင်းလား ဒါမှမဟုတ် ရှင့်ဆီမှာ သူ အကြွေးတင်နေတာလား"

"ဟေ"

မထင်မှတ်သောမေးခွန်းကြောင့် လူရှောက်ချိန် အံ့သြသင့်သွား၏။

"ဘာလဲ၊ နှစ်ခုစလုံးမဟုတ်ဘူးလား"

မိန်းကလေးက ပြန်မေးလိုက်ပြန်သည်။

"နှစ်ခုစလုံးမဟုတ်ရင် ဘာလို့ သူ့ကိုရှာချင်တာလဲ ကျွန်မကရော မလှလို့လား"

"မင်း"

သူမ ပြောသည့်စကားလုံးတိုင်းကို သူ နားလည်သော်လည်း လူရှောက်ချိန် အနည်းငယ်တော့ စိတ်ရှုပ်သွား၏။ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ယောက်အနေနဲ့ လူရှောက်ချိန်တွင် အတွေ့အကြုံ ရှိသင့်သလောက်တော့ ရှိသည်။ သို့သော် စည်းစနစ်ကျနစွာရှင်သန်နေရသော ဘဝကြောင့် စည်းလွတ်ဘောင်လွတ်တော့ မဟုတ်ချေ။

"ဟုတ်တယ်လေ"

မိန်းကလေးက ခပ်တည်တည်နှင့် ထပ်ပြောလိုက်ပြန်သည်။

"သူ လုပ်နိုင်တာ ကျွန်မလည်း လုပ်နိုင်သားပဲ ပြီးတော့ သူ့ထက်ဆိုးစရာတော့လဲ မရှိဘူးလေ"

"အော် အဲလိုလား"

ထိုအခါကျမှ မိန်းကလေး၏စကားကို လူရှောက်ချိန် လုံးစေ့ပတ်စေ့ နားလည်သွားတော့သည်။ ဤမိန်းကလေးက သူ့ကို အားတီး၏ ပုံမှန်ဖောက်သည်တစ်ယောက်ဟု ထင်နေပုံပင်။ ထို့ကြောင့် စျေးတည့်သွားအောင် ကြိုးစားနေပုံရသည်။ တဖက်တွင်လည်း သူ့ရှေ့ရှိမိန်းကလေးသည် သူ့အပေါ်တွင် ခံစားချက်တချို့ရှိနေသည်ဟု လူရှောက်ချိန် ခံစားလိုက်ရ၏။

ပြည့်တန်ဆာများသည်လည်း လူသားများပင် မဟုတ်ပါလား။ ရေရှည်ရည်းစားတယောက် လိုချင်ကြသည်မှာ ဓမ္မတာသာ ဖြစ်လေသည်။

"အားတီးအကြောင်း ကျွန်မသိတာတွေပြောပြရင် ဘယ်လိုဆုချမလဲ"

မိန်းကလေးက လူရှောက်ချိန်နားသို့ တိုးကပ်ပြီး မေးလိုက်၏။

"ကျုပ်.."

လူရှောက်ချိန် ခေတ္တတုံ့ဆိုင်းနေ၏။ ထို့နောက် သူ့အိတ်ကပ်ထဲက ရဲတံဆိပ်ကို ထုတ်ပြီး ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ကွာ ကျုပ်က ရဲပါ"

"ရဲ...ရှင်က ရဲလား"

မိန်းကလေး လူရှောက်ချိန်လက်ထဲမှ တံဆိပ်ကိုကြည့်ပြီး ရပ်သွား၏။ သူမ စက္ကန့်ပိုင်းမျှ ကြောင်တောင်တောင်ဖြစ်နေရှာသည်။ လူရှောက်ချိန် ရဲဖြစ်နေသည်ကို သူမ ကြိုမမြင်ခဲ့ချေတကား။

"ရှင်... ရှင် ကျွန်မကို ဖမ်းတော့မလို့လား"

မိန်းကလေး ကြောက်ရွံ့ဟန်ဖြင့် မေးလိုက်၏။ သို့သော် ဘာကြောင့်မှန်းမသိ သူမ မေးပြီးသည်နှင့် ထရယ်လိုက်ပြန်သည်။

"မဟုတ်ပါဘူး ရှင် ကျွန်မကို မဖမ်းပါဘူး ဒါပေမယ့် ရှင်က ရဲ ကျွန်မက ပြည့်တန်ဆာ ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး ကူညီနိုင်မှာတဲ့လဲ"

"ဒါဆို... မင်း သေသွားတဲ့ ညီမတွေအတွက် လက်စားမချေချင်တော့ဘူးလား"

"ချေချင်တာပေါ့ ကဲပါလေ ရှင် ထိုင်ပါအုံး"

ထိုသို့ပြောပြီး မိန်းကလေးသည် လူရှောက်ချိန်နှင့်အနည်းငယ်ခန့်ခွာပြီး ကုတင်ပေါ်တွင် ထိုင်ချလိုက်သည်။ လူရှောက်ချိန်ကလည်း သူမ၏ ဘေးမှာပင် ထိုင်ချလိုက်၏။

"အားတီးအကြောင်း ပြောပြရင် ဒီပိုက်ဆံ ရှင်တကယ်ပေးမှာလား"

ကုတင်ပေါ်မှ ယွမ်နှစ်ရာကို ကောက်ယူကစားရင်း သူမက မေးလိုက်ပြန်သည်။

"ဟုတ်တယ်"

လူရှောက်ချိန် သေသေချာချာကြီးပင် ခေါင်းညိတ်ပြလိုက်၏။

"တကယ့်ကို သတင်းခေတ်ကြီးပါလားနော်"

မိန်းကလေး၏ လေသံတွင် လှောင်ပြောင်သရော်ဟန်များ ပါဝင်နေသည်။

"အခုခေတ်မှာ သတင်းအချက်အလက်ရောင်းတာက ခန္ဓာကိုယ်ကို ရောင်းစားတာထက် ပိုမြတ်တာပဲ"

"ဟဲဟဲ"

လူရှောက်ချိန် ဘာပြောရမှန်းမသိ၍ မချိသွားဖြဲ ရယ်ပြလိုက်ရသည်။

"ကောင်းပြီလေ ကျွန်မနာမည်က အားဖင်လို့ခေါ်တယ်"

မိန်းကလေးက လူရှောက်ချိန်ကို ကြည့်ရင်းပြောလိုက်သည်။ ပြောပုံမှာ သူ့နာမည်ကို မမေ့စေရန် သတိပေးလိုက်သည်နှင့်ပင် တူနေသေး၏။

"ရှင် ကံကောင်းတယ်လို့ပြောရမယ် ကျွန်မက အားတီးနဲ့အတူ ပြည်နယ်မြို့တော်ကနေ လာတာလေ အဲ့ဒီမှာလည်း ပြည့်တန်ဆာလုပ်ငန်းကို နှိမ်နင်းနေလို့ အသက်မွေးဝမ်းကျောင်းဖို့ အရမ်းခက်လာတယ် ဒါကြောင့် ဒီကို လာခဲ့တာ"

"တကယ်လား"

လူရှောက်ချိန် ပြုံးလိုက်သည်။

"ဘယ်သွားသွား ဘဝက ခက်ခဲမယ်ထင်တာပါပဲကွာ"

"အင်း ကျွန်မတို့ နှစ်ယောက် ပြည်နယ်မြို့တော်ကနေ ဒီကိုရောက်တော့မှ ဒီမြို့က သရဲခြောက်နေမှန်း သိတာ"

အားဖင်က ခေါင်းငုံ့ပြီး ကြမ်းပြင်ကို စိုက်ကြည့်ရင်း ပြောနေသည်။

"ပြီးတော့ ဘယ်ကိုသွားသွား ဒီလမ်းကြားကလွဲလို့ ကျန်တဲ့နေရာတိုင်းမှာ ပြည်နယ်မြို့တော်ထက်တောင် အဖမ်းအဆီးက ကြမ်းနေသေးတယ်"

"ဟေ သရဲခြောက်တယ် ဟုတ်လား"

လူရှောက်ချိန် ပြုံးစေ့စေ့ဖြစ်သွားသည်။ သူသည် ဆင်းရဲသော ကျေးလက်ဒေသမှ လာသူဖြစ်သော်ငြား အယူသီးသူမဟုတ်။

"မဟုတ်လို့လား ဒီလူတွေ အားလုံး ဘယ်လိုသေဆုံးသွားလဲ ရှင်တို့ရဲတွေကရော ခုချိန်ထိ လူသတ်သမားကို ဘာလို့ရှာမတွေ့တာလဲ"

အားဖင်က လူရှောက်ချိန်ကိုကြည့်ရင်း ပြုံးစိစိနှင့် ပြောလိုက်သည်။

"အေးပါကွာ မင်းပြောတာ မှန်ပါတယ်"

လူရှောက်ချိန်က လက်ခံလိုက်သည်။ အကြောင်းမှာ သူမနှင့် မည်သို့မှ ငြင်း၍မရမှန်း သူသိထားသောကြောင့်ပင်။ သူက ထိုပြည့်တန်ဆာအားလုံးကို လူတစ်ယောက်တည်းက သတ်သည်ဟု ဇွတ်ပြောလျင်ပင် လက်ရှိအနေအထားအရ ဘယ်သူမှယုံလိမ့်မည်မဟုတ်။ ၎င်းမှာ ရဲအရာရှိတစ်ယောက်အနေနှင့် ကိုယ့်ကိုယ်ကို အသုံးမကျကြောင်းဝန်ခံမိသလို ဖြစ်နေပေလိမ့်မည်။

" ကျွန်မ နှစ်ယောက်စလုံး ဂွမ်ချီကလေ"

အားဖင်က ဆက်ပြောပြန်သည်။

"ကျွန်မတို့ရွာက အရမ်းဆင်းရဲတယ် ဗီယက်နမ်နယ်စပ်အနားကရွာလေးပေါ့ ရွာကနေ မြို့ပေါ်စရောက်တုန်းက ကျွန်မတို့ စားပွဲထိုးလုပ်ခဲ့ကြတယ် ဒါပေမယ့် ပိုက်ဆံက ဘယ်လိုမှမလုံလောက်ဘူးလေ... ဒါနဲ့ပဲ အလုပ်ပြောင်းဖို့ နောက်ဆုံးမှာ ဆုံးဖြတ်လိုက်ကြတယ်"

"တကယ်လား"

အားဖင်၏ မပြီးဆုံးနိုင်သောရင်ဖွင့်သံများကို နားထောင်ရင်း လုရှောင်ချန်က မေးလိုက်သည်။ သူမ အမှန်အတိုင်း ပြောနေမှန်း သူသဘောပေါက်၏။ ပြဿနာမှာ သူမပြောနေသောစကားများထဲတွင် အမှုနှင့်သက်ဆိုင်သည့်အချက်အလက်များ ပါမနေခြင်းပင်။

"ဟုတ်တယ် တကယ်ပေါ့ရှင့် ဘာလဲ ကျွန်မတို့က ဒီအလုပ်ကိုလုပ်ဖို့ မွေးဖွားလာတယ်လို့ ထင်နေတာလား"

သူမ၏မျက်နှာပေါ်တွင် ဒေါသရိပ်တစ်ခု ဖြတ်ပြေးသွား၏။ သို့သော် ထိုအရိပ်က ချက်ချင်းပျောက်ကွယ်သွားပြီး သူမ၏မျက်နှာမှာ ပကတိအတိုင်း တည်ငြိမ်သွားပြန်သည်။

ထားပါတော့ ရှင် တခြားဘာသိချင်သေးလဲ"

"ဒါဆို မင်းနဲ့ အားတီးက ပြည်နယ်မြို့တော်ကို တိုက်ရိုက်သွားခဲ့တာလား ဒါမှမဟုတ် ဒီကိုအရင်လာခဲ့တာလား"

လူရှောက်ချိန်က တဲ့တိုးမေးလိုက်သည်။

"ပြည်နယ်မြို့တော်ကို တိုက်ရိုက်သွားခဲ့တာပေါ့"

အားဖင်က ချက်ချင်းပြန်ဖြေလိုက်သည်။ သို့သော် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး သူမ ပြန်မေးလိုက်ပြန်၏။

"ရှင်က ကျွန်မတို့ ဒီမြို့ကို ရောက်ဖူးလားလို့ မေးချင်တာလား"

"ဟုတ်တယ်"

လူရှောက်ချိန်က ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ဒီကို မရောက်ဖူးသေးဘူး ဒါပေမယ့်... အားတီးကတော့ ဒီကို လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်လောက်က ရောက်ဖူးတယ်နဲ့တူတယ်"

"သူ ဒီကိုရောက်ဖူးတယ် ဟုတ်လား"

ထိုစကားကိုကြားသည်နှင့် လူရှောက်ချိန်၏ နှလုံးသားက ဖြတ်ခနဲ ခုန်သွား၏။

"ဟုတ်တယ်ရှင့်"

အားဖင်က ခေါင်းညိတ်လိုက်သည်။

"ကျွန်မ မှတ်မိသလောက်ဆိုရင် သူ ကျွန်မကို ဒီနေရာအကြောင်း ပြောဖူးတယ်ထင်တယ် ပြီးတော့ သူ့ကိုကြည့်ရသလောက် ဒီတခေါက် ဒီမြို့ကို သူ လာချင်ပုံမရဘူး"

"တကယ်လား ဒါနဲ့ မင်းတို့ ဘယ်နှစ်ယောက်လာခဲ့ကြတာလဲ"

လူရှောက်ချိန်က ဆက်မေးပြန်သည်။

"ငါးယောက်၊ ခြောက်ယောက်လောက်တော့ ရှိမယ် ဒါပေမယ့် အားတီးသေပြီးနောက် ကျန်တဲ့မိန်းကလေးအားလုံး ဒီနေရာကနေ ထွက်သွားကုန်ကြပြီ သူတို့က တဖွဲ့တည်းလေ ကျွန်မကသာ အားတီးနဲ့အတူလာတာမို့ ကျန်ခဲ့ဖို့ဆုံးဖြတ်လိုက်တာ"

"တဖွဲ့တည်းဆိုတာ ဘာကိုဆိုလိုတာလဲ"

လူရှောက်ချိန် ခေါင်းရှုပ်သွား၏။

"မင်းတို့အားလုံး အတူတူလာခဲ့ကြတာဆို ဒါ တဖွဲ့တည်းပဲမဟုတ်ဘူးလား"

"ဪ ဒီလိုရှင့် ဇာတိရွာမတူကြတာကိုပြောတာ သူတို့က ရွာတစ်ရွာက ကျွန်မတို့ နှစ်ယောက်က တခြားရွာက"

အားဖင်က ရယ်မောရင်း ရှင်းပြလိုက်၏။

"ကျွန်မတို့မှာက မွေးရပ်ဇာတိတူရင် ပိုပြီးတွဲဖြစ်ကြတယ်လေ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ကြတာပေါ့ သူ ဒီမှာသေလိမ့်မယ်မှန်းသိခဲ့ရင် ကျွန်မ သူ့ကို ခေါ်လာမိမှာမဟုတ်ဘူး"

ပြောရင်းနှင့် အားဖင် မျက်ရည်ဝဲစပြုလာ၏။ သူမ၏ ခံစားချက်ကို လူရှောက်ချိန် ကောင်းကောင်းနားလည်သည်။ ထို့ကြောင့် သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

"အားတီးက ဒီကို ဘာလို့မလာချင်တာလဲ သိလား"

"မသိဘူး"

အားဖင်က ခေါင်းခါပြလိုက်သည်။

"သူမ ဘယ်တော့မှ ကျွန်မကို မပြောခဲ့ဘူးလေ ဒါပေမယ့်... ဒီမှာ ညီမတစ်ယောက်ရှိတယ်လို့ တခါပြောဖူးတာကို ကျွန်မ ကြားဖူးတယ်"

"ကောင်းပြီ ကျေးဇူးတင်ပါတယ်ကွာ"

အချက်အလက်များ စုံသွားပေပြီ။ ထိုအခါ

လူရှောက်ချိန်က ထရပ်ပြီး အားဖင်ကို နှုတ်ဆက်လိုက်၏။ ထို့နောက် သူ အခန်းထဲမှ ထွက်ရန်ခြေလှမ်းအပြင်မှာပင် အားဖင်က ရုတ်တရက် ပြေးလာပြီး သူ့ကို နောက်မှသိုင်းဖက်ထားလိုက်၏။

"ကျွန်မကို... ခနလေး ဖက်ထားပေးပါလားရှင်"

All Chapters