← Chapters

လီဟုန်းပင်၏ သဘောတူညီချက်

Vol. 9 Ch. 86

လီဟုန်းပင်၏ သဘောတူညီချက်

Vol. 9 Ch. 86

နိုက်ကလပ်တခုထဲတွင် လီဟုန်းပင်ဦးဆောင်သောအုပ်စုသည် သီးသန့်အခန်းတစ်ခန်းကို အပြတ်ယူလိုက်ကြ၏။ ချွေကျင်းလည်း လီဟုန်းပင်နှင့်အတူ အခန်းထဲ လိုက်ဝင်ရတော့သည်။

မြို့အနှံ့ ပြည့်တန်ဆာလုပ်ငန်းကို အကြီးအကျယ်နှိမ်နင်းနေသောကြောင့် ကွင်းဆက်လူသတ်မှုများ ဖြစ်ပွားရာ လမ်းကြားမှအပ ကျန်နေရာများတွင်ပြည့်တန်ဆာ အလွန်ရှားလာ၏။ ယခင်ကဆိုလျင် ပါးလွှာသောအဝတ်အစားများကိုယ်စီဝတ်ဆင်ထားသည့် မ်ိန်းကလေးတိုင်းလိုလိုသည် ကလပ်အနှံ့ လမ်းသလားနေသည်ကို မြင်ရတတ်သည်။ ယခုတော့ သူတို့အားလုံး ပျောက်ချင််းမလှ ပျောက်ကုန်ကြပေပြီ။ သို့သော် ထိုအချက်ကြောင့် နိုက်ကလပ်သည် ရုတ်တရက် သန့်ရှင်းစင်ကြယ်သော နေရာတစ်ခု ဖြစ်လာသည်ဟုတော့ မဆိုလိုချေ။

သီးသန့်အခန်းတိုင်းတွင် ငွေကြေးနှင့်ခန္ဓာကိုယ် အရောင်းအဝယ်ကတော့ ဆက်လက်ဖြစ်ပွားနေဆဲပင်။ မှန်ပါသည်။ နိုက်ကလပ်များတွင် ဖောက်သည်မျှော်နေသော မိန်းကလေးများ မရှိတော့သည့်တိုင် ကလပ်လာသူများအနေနှင့် သူတို့ အဖော်များ ခေါ်လာခြင်းကိုတော့ တားဆီး၍မရချေ။ ဖောက်သည်တစ်ဦးအနေနှင့် ငွေပေါလျင် ပြည့်တန်ဆာ အဖွဲ့လိုက်ကိုပင် ခေါ်လာနိုင်၏။

အခန်းထဲရောက်သည်နှင့် လီဟုန်းပင်က နိုက်ကလပ်ဝန်ထမ်းတစ်ဦးထံမှ မုန့်ပဲသရေစာမျိုးစုံနှင့် အရက်အဖျော်ယမကာများကို မှာယူပြီးနောက် အကြောင်းပြချက်ရှာကာ အခန်းထဲမှ ထွက်သွား၏။ ထို့ကြောင့် ချွေကျင်းတစ်ယောက်တည်းသာ ဧည့်သည်များနှင့် စကားပြောရင်း ကျန်ရစ်ခဲ့တော့သည်။

တကယ်တော့ လီဟုန်းပင်သည် ချွေကျင်းနှင့်သူ့ဧည့်သည်များ စကားပြောဆိုရန်သက်သက်နှင့် နိုက်ကလပ်ကို ခေါ်လာခြင်းမဟုတ်။ သူတို့အားလုံးသည်လည်း မိန်းကလေးတယောက်နှင့် စကားပြောရုံနှင့် ကိစ္စပြီးသွားမည့်လူစားမျိုး မဟုတ်ကြချေ။ တဖက်တွင်လည်း ချွေကျင်းသည် လီဟုန်းပင်နှင့်ပတ်သက်လျင် အယုံလွယ်လွန်းသော်ငြား မိုက်မဲသူတော့မဟုတ်။ သူမထံမှ ဧည့်သည်များ ဘာကိုလိုချင်နေမှန်းသိ၍ ကြောင်က ကြွက်ကို ကစားသကဲ့သို့ အပျော့ဆွဲနှင့် အီလေးဆွဲထားလေသည်။ သို့သော် သူမ၏စိတ်ထဲတွင်တော့ လီဟုန်းပင် အမြန်ဆုံး ပြန်လာရန် မျှော်လင့်နေ၏။

အခန်းထဲမှ ထွက်လာပြီးနောက် လီဟုန်းပင်က တံခါးအပြင်ဘက်တွင် ခနရပ်ပြီး နားစွင့်လိုက်သေးသည်။ ဧည့်သည်များ ချွေကျင်းနှင့် စနောက်နေသည်ကို သူ အတိုင်းသား ကြားရ၏။ ထို့နောက် သူ ဘားဆီသို့ လျှောက်သွားလိုက်လေသည်။ တကယ်တော့ သူ ချွေကျင်းနှင့်ပတ်သက်၍ လုံးဝ ခံစားချက်ကင်းမဲ့နေခြင်းမျိုးတော့မဟုတ်။ ဤည ချွေကျင်းကို တခြားယောက်ျားများလက်ထဲ ထည့်ပေးလိုက်ရခြင်းအတွက် သူ နှမြောနေ၏။ သို့သော် ဤအခြေအနေမျိုးတွင် သူ နောက်ဆုတ်၍မရတော့။

ဘားသို့ရောက်သည်နှင့် လီဟုန်းပင်က အဖျော်ဆရာတယောက်ကို လက်ဟန်ပြလိုက်၏။ သူတို့နှစ်ယောက် စကားပြောရန်မလို။ မျက်စပစ်လိုက်သည်နှင့် တယောက်နှင့်တယောက် နားလည်သွားလေပြီ။ ထို့နောက် ၎င်းအဖျော်ဆရာသည် ဘေးဘယ်ညာအကဲခတ်လိုက်ပြီး စက္ကူထုပ်လေးတထုပ်ကို လီဟုန်းပင်ထံ တွန်းပို့လိုက်သည်။ လီဟုန်ပင်က ပြုံးပြပြီး အထုပ်ကို ကောက်ယူလိုက်၏။ ထို့နောက် သူ ပိုက်ဆံပေးပြီး သီးသန့်ခန်းသို့ ပြန်လာခဲ့လေသည်။

“ဟာ အားလုံးပျော်နေကြပါလား”

လီဟုန်းပင် အထက်ပါအတိုင်း အော်ဟစ်ပြီး အခန်းထဲသို့ ဝင်လာ၏။ အခန်းထဲတွင်ကား ဧည့်သည်များသည် ချွေကျင်းကို သူတို့ကြားညှပ်ထားပြီး သူမ၏ ကိုယ်အနှံ့ကို လက်သရမ်းနေကြလေသည်။ ချွေကျင်းမှာမူကား ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ကာကွယ်နေရှာသည်။

“ဟားဟား၊ ဟုတ်တာပေါ့"

လီဟုန်းပင်ဝင်လာသည်ကိုမြင်မှ ဧည့်သည်များ အိန္ဒြေဆယ်လိုက်ကြသည်။ သူတို့အားလုံး လီဟုန်ပင်၏နောက်ခံကို ကောင်းကောင်းသိကြသည်မဟုတ်ပါလား။ လီဟုန်းပင်အနေနှင့် သူတို့ထံမှ အကူအညီလိုနေသည်ဆိုသော်ငြား ဤတချက်နှင့် ၎င်းကို အထင်သေးပစ်၍တော့မရချေ။ နောက်ဆုံးတော့ ဧည့်သည်များသည်ပင် လီဟုန်းပင်၏အဖေ ဂန္တဝင်လီကန်းမှန်း သိကြပေသည်။

“ရော့ ရော့ ဒါလေးနည်းနည်းမြည်းကြည့်”

လီဟုန်းပင်က ဗန်းပေါ်မှ အရက်ပုလင်းကို မြှောက်ကာ လူတိုင်းကို တစ်ခွက်စီ ငှဲ့ပေးလိုက်၏။ သို့သော် တချက်တွင် ချော်ထွက်သွားပြီး အရက်ခွက်မှာ ကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့သည်။

"ဟာကွာ"

လီဟုန်းပင် ပုလင်းကို ချက်ချင်းချကာ ဧည့်သည်ကို တောင်းပန်လိုက်၏။

“ကျွန်တော် တောင်းပန်ပါတယ်ဗျာ ကျွန်တော်နည်းနည်းမူးနေတော့ လက်ချော်သွားတယ်"

"ရပါတယ်ဗျာ"

ဧည့်သည် နည်းနည်းတော့ စိတ်ကသိကအောင့် ဖြစ်သွား၏။ သူက ခွက်ကို ကောက်ယူပြီး ပြောလိုက်သည်။

"ရပါတယ် မကွဲပါဘူး"

"ဟာ မလုပ်ပါနဲ့"

လီဟုန်းပင်က ချက်ချင်းထပြောလိုက်သည်။

"ခင်ဗျား အဲဒီခွက် မသုံးတော့နဲ့လေ"

ထို့နောက် သူက ချွေကျင်းကို ကြည့်ပြီး ပြောလိုက်သည်။

"ချွေကျင်းရေ ဘားကိုသွားပြီး မစ္စတာချိန်းအတွက် နောက်ထပ်ခွက်တစ်ခွက် သွားယူခဲ့ပေးပါ"

“အင်း ဟုတ်ပြီ"

လီဟုန်းပင်၏အမိန့်ကြောင့် ချွေကျင်း ဝမ်းသာအားရနှင့် အခန်းထဲမှ ထွက်သွားလေသည်။ ချွေကျင်း ထွက်သွားသည်နှင့် လီဟုန်းပင်က အခန်းထဲမှ ဧည့်သည်များအားလုံးကို ပြုံးပြလိုက်ပြီး သူ့အိတ်ကပ်ထဲမှ စက္ကူထုပ်လေးကို ထုတ်လိုက်၏။ ထို့နောက် သူက အထုပ်ကိုဖွင့်ပြီး ဧည့်သည်များအားလုံးမြင်သာအောင် ပြကာ ချွေကျင်း၏ ခွက်ထဲသို့ ရောထည့်လိုက်သည်။ နောက်ဆုံးတွင် သူက သူမ၏ ခွက်ထဲကို အရက်များအပြည့်ဖြည့်ပြီးပြောလိုက်လေသည်။

"ဘာမှ စိတ်မပူကြပါနဲ့ဗျာ ဒီည ခင်ဗျားတို့ လူကြီးလူကောင်းတွေကို ကျုပ် သေချာ ဂရုစိုက်ပေးပါ့မယ်၊ ဒါပေမဲ့..."

“ဟားဟား မင်းက တည့်တိုးကြီးပါလား မစ္စတာလီ"

ဧည့်သည်များ လီဟုန်းပင် လုပ်သည်ကို ကြည့်ပြီး ရယ်မောလိုက်ကြ၏။ ထို့နောက် တဦးက ပြောလိုက်သည်။

"ဝယ်ယူခွင့်ပြုမိန့်က အရေးမကြီးပါဘူးဗျာ ကျုပ်တို့အနေနဲ့ မစ္စတာလီနဲ့ အလုပ်ရတာ အကောင်းဆုံး ရွေးချယ်မှုလို့ ခံစားရပြီးသားပါ”

“ကြားရတာ သိပ်ကောင်းတယ်”

ထို့နောက် လီဟုန်းပင်က မစ္စတာချိန်းကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒီလိုဆိုရင် စာချုပ်က…”

မစ္စတာချိန်း ခေါင်းညိတ်လိုက်သည်။

"ပြသနာမရှိဘူး ကျုပ်တို့ အခုပဲ စာချုပ်ကို လက်မှတ်ထိုးလိုက်ရအောင်”

"ဒါဆိုရင် ကျုပ်တို့ရဲ့ မိတ်ဖက်အသစ်အတွက် ကန်ပိန်းလုပ်ကြရအောင်"

လီဟုန်းပင်က သူ့ခွက်ကို မြှောက်ရင်း ကြေညာလိုက်၏။ အခန်းထဲရှိ ဧည့်သည်များကလည်း သူတို့၏ခွက်များကို အသီးသီး မြှောက်လိုက်ကြသည်။ ရဲဘော်တိန့်ရှောင်ဖိန်က တိုင်းပြည်အနေနှင့် လူတချို့ကို ဦးစွာ ချမ်းသာခွင့်ပြုသင့်ကြောင်း တစ်ချိန်က ပြောခဲ့ဖူးသော်ငြား ဥပဒေချိုးဖောက်၍ ချမ်းသာခွင့်ပြုကြောင်း ဆိုလိုခဲ့ခြင်းတော့မဟုတ်ပေ။

အချိန်အတော်လေးကြာပြီးနောက် ချွေကျင်းတယောက် ခွက်ကိုင်ပြီး အခန်းထဲ ပြန်ဝင်လာ၏။

"ကြာလှချည်လား ဘာတွေများ ဖြစ်နေပြီလဲလို့"

လီဟုန်းပင်က ချွေကျင်းကိုမြင်သည်နှင့် တမင်တကာ စိုးရိမ်ဟန်ပြလိုက်သည်။

"ဒီမှာ မစ္စတာချိန်း စောင့်နေတာကြာနေပြီ"

“ဟားဟား ရပါတယ်ဗျာ ရပါတယ်”

ထို့နောက် မစ္စတာချိန်းက ချွေကျင်းကို အတူသောက်ရန် ဖိတ်ခေါ်လိုက်လေသည်။

"လာပါ မိန်းကလေးချွေ ကျုပ်တို့ ဒီတစ်ခေါက် တခွက်လောက် အတူသောက်ရအောင်"

"ကျွန်မ တောင်းပန်ပါတယ်”

ချွေကျင်း ငြင်းဆန်ရန် ကြိုးစားလိုက်သေး၏။ သို့သော် လီဟုန်းပင်က အချက်ပြနေ၍ မတတ်သာပဲ သောက်လိုက်ရလေသည်။

အခန်းထဲမှ ယောက်ျားများသည် ချွေကျင်း တစ်ခွက်လုံး သောက်ချလိုက်သည်ကိုမြင်၍ သူမ ထိုင်ရန် နေရာပေးလိုက်ကြ၏။ ထို့နောက် သူတို့အားလုံးသည် သူမရှိနေသည်ကို မေ့သွားသောဟန်ပန်မျိုးနှင့် သူမဘေးနားမှာပင် ဟောင်ဖွာဟောင်ဖွာ စကားဆက်ပြောနေကြ၏။ ချွေကျင်းအဖို့ နည်းနည်းတော့ စိတ်သက်သာရသွား၏။ ထိုအချိန်မှာပင် ရုတ်တရက်ဆိုသလို သူမ၏ ခန္ဓာကိုယ်ထဲတွင် မီးလောင်ကျွမ်းနေသလို ခံစားလိုက်ရသည်။ တဆက်တည်းမှာပင် သူမ၏ အတွေးများ ဝေဝါးလာပြီး သူမ၏ကိုယ်တွင်းမှ ပြင်းထန်သော လိုအင်ဆန္ဒတစ်ခုကို ခံစားလိုက်ရ၏။ ထိုဆန္ဒမှာ တခြားမဟုတ်။ အခန်းထဲရှိ ယောက်ျားတိုင်းနှင့် ချစ်တင်းနှောလိုသည့် ဆန္ဒပင် ဖြစ်သည်။

ချွေကျင်းမသိလိုက်သည်မှာ သူမ၏ ဆန္ဒများ ထိုညက အတိုင်းအတာတစ်ခုအထိ ပြည့်ဝခဲ့ခြင်းကိုပင် ဖြစ်သည်။ သူမသည် အခန်းထဲတွင် ပြေးလွှားခုန်ပေါက်နေခဲ့ပြီး ယောက်ျားတိုင်းက သူမ၏ တောင်းဆိုချက်တိုင်းကို လိုက်လျောခဲ့ကြ၏။ သူတို့သည် သူမနှင့် မနက်ပိုင်းရောက်သည်ထိ ပျော်ပါးခဲ့ကြခဲ့၏။ ဟိုတယ်သို့ပြန်ရောက်သွားသည့်တိုင် ထိန်းချုပ်မရသော လိင်ပိုင်းဆိုင်ရာဆန္ဒများ ဆက်လက်ရှိနေဆဲပင်။

ချွေကျင်းသည် အုပ်စုလိုက်လိင်ဆက်ဆံမှုကြောင့် ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ပဲ ခွေခေါက်လဲကျမတတ် ဖြစ်နေတော့၏။ ထိုအချိန်တွင် လီဟုန်းပင်သည် တောင်ပိုင်းသားဧည့်သည်များကို နှုတ်ဆက်ပြီး နိုက်ကလပ်မှ ထွက်ခွာသွား၏။ တစ်ချိန်က သူပိုင်ဆိုင်ခဲ့ဖူးသော မိန်းကလေးတစ်ယောက် တခြားယောကျာ်းများနှင့် ဖြစ်ချင်တိုင်းဖြစ်နေသည်ကို မြင်ရခြင်းက သူ့အတွက် စိတ်ကသိကအောင့် ဖြစ်စရာပင်။

သို့သော် ထိုညတွင် လီဟုန်းပင်အဖို့ ငွေကြေးအကျိုးအမြတ် အများကြီးရလိုက်၏။ မနက်ဖြန်ဆိုလျင် ချွေကျင်းနောက်တယောက်ကို သူ ရှာဖွေနေလောက်ပေပြီ။

All Chapters