အပိုင်း (၄၀၄)
Vol. 28 Ch. 404
“ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် ဟုတ်လား”
မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာတို့သည် ထိုမြင်ကွင်းကို မြင်လျက်ရှိနေ၏။ ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်နက် သည် သူတို့နှင့် ရင်းနှီးပြီး ဖြစ်၏။ စဦးပိုင်းသာ ရှိနေသေးသည် ဆိုသော်လည်း နိရယ အင်ပါယာသည် အင်ပါယာသုံးယောက်တို့ကို ဖိနှိပ် အနိုင်ယူနိုင်ရန်အတွက် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်ကိုပင် ထုတ်ဖော်ကာ အသုံးပြုလျက် ရှိနေ၏။
သူမသည် အင်မော်တယ်၏ အဆင့်အောက်တွင် သံသယရှိစရာ မလိုသည့် နံပါတ်တစ် သိုင်းကျင့်ကြံသူပင် ဖြစ်ပေလိမ့်မည်။
“နိရယ လောကရဲ့ စွမ်းအင်က ခန့်မှန်းလို့ မရဘူး။ မြေအင်မော်တယ်လောကမှာ သူမကို ဘယ်သူမှ မတားဆီးနိုင်ဘူး။ အခု လောကနှစ်ခုက ပေါင်းစပ်သွားပြီဆိုပေမဲ့ နိရယ အင်ပါယာရဲ့ ပုံပန်းသွင်ပြင်နဲ့ ပြုမူဆောင်ရွက်ပုံတွေက မပြောင်းလဲသေး။ နိရယလောကဆိုတဲ့ နာမည်နဲ့ ထိုက်တန်အောင် အသက်ရှင် နေထိုင်နေတာပဲ” မြေအင်မော်တယ်လောကတွင် ရှိနေသည့် ကွာစီအင်ပါယာတစ်ယောက်သည် လေးနက်စွာ ပြောဆိုလိုက်၏။
“ဟုတ်တယ်”
သူ၏ ဘေးတွင်တော့ အကြီးအကဲတစ်ယောက်သည် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းသည် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်ကာဖြင့် နက်နဲလှသည့် မျက်လုံးအကြည့်များဖြင့် လှမ်းကာ ကြည့်ရှုနေ၏။ သူက တီးတိုး ပြောလိုက်သည်။ “အခု မြေအင်မော်တယ်လောကက ဘယ်လိုကြောင့် ဒီအရှုပ်အထွေးတွေကြားထဲ ရောက်သွားတယ်ဆိုတာ မရှင်းလင်းသေးဘူး။ နိရယ အင်ပါယာက ရှင်းလင်းတဲ့အထိ မစောင့်ဘဲ ခရမ်းရောင်နက်နဲ လောကထဲကို ကျူးကျော် တိုက်ခိုက်နေပြီ။ သူမကတော့ တကယ့်ကို အချိန်အခါကောင်းမှာ အချိန်ကိုက် လှုပ်ရှားခဲ့ တာပဲ”
“အင်း”
တစ်စုံတစ်ယောက်ကလည်း အေးစက်စက် လှမ်းကာပြောလိုက်၏။ “ဒီခေတ်ကြီးထဲမှ အားကောင်းတဲ့လူတွေကပဲ အရင်ဆုံး တိုက်ခိုက်ကြတာလေ။ မြေအင်မော်တယ်လောကကြီးနဲ့ ခရမ်းရောင်နက်နဲလောကကြီးကို ပေါင်းစပ်လိုက်တဲ့လူက ဘယ်သူဖြစ်တယ်ဆိုတာ ဘယ်သူမှ အာမ မခံနိုင်ဘူး။ အဲလူက ဘယ်မှာမှန်းလည်း မသိဘူး မလား”
ထိုစကားစုကို ကြားသည့်အချိန်မှာတော့ အားလုံးသော သူတို့သည် တွေဝေငေးငိုင်သွားမိကြ၏။
“ဟုတ်တယ်”
သူတို့သည်သာ ခရမ်းရောင်နက်နဲလောကကြီး နိရယ အင်ပါယာလက်ထဲသို့ ကျရောက်သွားသည် အထိ စောင့်မျှော်နေသည်ဆိုပါက တခြားသူရရှိမည့် အရာများအထဲမှ အစိတ်အပိုင်းတချို့ကိုသာ ရရှိမည် ဖြစ်သည်။ ထိုအရာကိုတောင်မှ ခက်ခက်ခဲခဲ သွားရောက်တောင်းဆိုရမှာဖြစ်၏။ ထို့အပြင် နိရယ လောကဆိုသည်မှာ ကျောက်စိမ်းလေဟာနယ်နန်းတော် ကိုပင် မျက်နှာသာပေးသည့် နေရာမျိုး မဟုတ်ချေ။
“လက်ရှိ ခရမ်းရောင်နက်နဲလောကကြီးရဲ့ အခြေအနေက ကျိန်းသေပေါက် ပေါ်သွားခဲ့ပြီလေ။ ဒီလူတွေကို ကြည့်ရတာ သိပ်ပြီး အားကောင်းတဲ့ပုံ မပေါ်ဘူး။ နိရယ အင်ပါယာတစ်ယောက်တည်းကတောင် အရာအားလုံးကို ချိုးဖြတ်နိုင်စွမ်း ရှိနေတယ်။ အခု ကျုပ်တို့မှ မလှုပ်ရှားဘူးဆိုရင် အခွင့်အရေးကို လက်လွှတ်သွားလိမ့်မယ်”
“အလျင်လိုစရာတော့ မရှိပါဘူး။ ခရမ်းရောင်နက်နဲလောကကြီးက ဒီထက်ပိုပြီး ကျယ်ပြန့်တယ်။ နိရယ လောက တစ်ခုတည်းနဲ့ တစ်လောကလုံးကို ဝါးမျိုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ အားလုံးတို့သည် ဆွေးနွေးလျက် ရှိနေကြ၏။ ကြီးမားသည့် တိုက်ပွဲကြီးကို စတင်ရန် စီစဉ်လျက် ရှိနေကြ၏။
ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာလက်ထဲတွင် ရှိနေသည့် ကောင်းကင်ဘုံဓားသည် ဓားအလင်းတန်းများ တောက်ပလျက် ရှိနေပြီး ကောင်းကင်ယံ တစ်ခုလုံးကို ထိုးခွင်းလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြင်ကွင်းသည် အားလုံးသောသူတို့၏ မျက်လုံးရှေ့သို့ ရောက်ရှိလျက် ရှိနေလေ၏။ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အင်ပါယာသုံးယောက်တို့သည် ကောင်းကင်ဘုံ၏ နတ်သားများကဲ့သို့ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်အဆင့်ကို ထုတ်ဖော်ကာ တိုက်ခိုက်နေသည်။
အလယ်ဗဟိုတွင်တော့ မင်ရောင်ရှိသည့် ရထားလုံးကြီးသည် တိုက်ခိုက်မှုပေါင်းများစွာတို့၏ အလယ်တွင် ကြံ့ကြံ့ခံ ရပ်တည်လျက် ရှိနေပြီး တောက်ပသည့် အလင်းတန်းများကို ထုတ်ဖော်လျက် ရှိနေ၏။ ထိုတောက်ပသည့် အလင်းတန်းကြီးသည် လောကကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည့် လက်နက်ကြီး တစ်ခုကဲ့သို့ပင်။
ဘုန်း ....။
စကြဝဠာကြီး တစ်ခုလုံး တုန်ခါသွားပြီး အင်မော်တယ်အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ အင်ပါယာ လေးယောက်တို့သည် တိုက်ခိုက်ချက်ကို မည်သို့မှ မခံနိုင်တော့ဘဲ အနောက်ဘက်သို့ လွင့်စင်သွားခဲ့လေ၏။ ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ထိုသက်ရောက်မှုကို ခံရပြီး အဝေးဆီသို့ လွင့်စင်သွားခဲ့၏။
ခပ်ဝေးဝေး တည်နေရာဆီသို့ လွင့်စင်သွားခဲ့သည်ကိုတောင်မှ ၎င်းတို့၏ ဝိညာဉ်များသည် တုန်ခါလျက် ရှိနေကြောင်း ခံစားမိနေ၏။ မည်သူမှသည် အနားဆီသို့ မချဉ်းကပ်ရဲကြချေ။
“ခရမ်းရောင်နက်နဲလောကကြီးက အင်ပါယာလေးယောက်တို့ လက်ရှိအချိန်မှာ အောက်စည်းကို ရောက်နေတယ်။ ဒီတိုက်ပွဲရဲ့ ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ”
မြေအင်မော်တယ်လောက ... တိမ်များကြားထဲတွင် မားမားမတ်မတ် ရပ်တန့်လျက်ရှိနေသော လူတစ်ယောက်ရှိပြီး ၎င်း၏ ခန္ဓာကိုယ်အား နတ်ဘုရားအလင်းတန်းများက လွှမ်းခြုံထားသည်။ ၎င်းသည် မျက်တောင်တစ်ချက်မှပင် မခတ်ဘဲ တိုက်ခိုက်ရေး တည်နေရာကြီးကို စူးစိုက်ကြည့်ရှုနေသည်။
“နိရယအင်ပါယာဆိုတဲ့ နာမည်က သွေးခင်းလမ်းတွေဆီကနေ ထင်ပေါ်လာတဲ့ နာမည်ပဲ။ ပေါ့ပေါ့ပါးပါး သတ်မှတ်လို့မရဘူး။ အထူးသဖြင့် သူမရဲ့ အမွေအနှစ်တွေက ကြောက်မက်ဖွယ်ရာကောင်းလွန်းတဲ့ အင်အားစု တစ်ခုကနေ ဆင်းသက်လာတာ။ သူမရဲ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်ကလည်း အဲဒီ လောကကြီးဆီကနေ လက်ခံရရှိတာပဲ။ ခရမ်းရောင် နက်နဲ လောကရဲ့ အင်ပါယာ လေးယောက်တို့က ဝိုင်းဝန်း တိုက်ခိုက်မယ် ဆိုရင်တောင်မှ နောက်ဆုံးရလဒ်က ပြန်လည် မွေးဖွားခြင်း လမ်းခြောက်သွယ် လက်နက်အောက်မှ ဝိညာဉ်တွေ ပျောက်ဆုံးသွားတာမျိုးပဲ ဖြစ်လိမ့်မယ်”
လေးနက်လှသည့် အသံတစ်ခုသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်လျက် ရှိနေ၏။ အသံသည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိရသော်လည်း အင်ပါရီယာ စိတ်ဆန္ဒသည် ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွား၏။ ပြောရမည်ဆိုလျှင် နောက်ထပ် အင်ပါယာတစ်ယောက်သည် ခရမ်းရောင်နက်နဲ လောကကြီးဆီသို့ ခြေချလာခဲ့ခြင်းသာဖြစ်၏။
“အင်း... ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်နက်ကို အပြည့်အဝ မသန့်စင်ရသေးဘူး။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအင်အဆင့်ကို ထုတ်ဖော်နိုင်နေပြီ။ အောင်အောင်မြင်မြင်နဲ့သာ သန့်စင်ပြီးသွားပြီ ဆိုရင် ကောင်းကင်နဲ့မြေပြင် တစ်ခုလုံးမှာ ယှဉ်နိုင်တဲ့လူတောင် ရှားလိမ့်မယ်” ထိုသူသည် ကျိုးကြောင်းဆီလျော်လှသည့် စကားလုံးများကို ပြောဆိုလိုက်သည်။
“ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ်က ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းထဲက လမ်းစဉ်တစ်ခုကို ထုတ်ဖော် နိုင်တဲ့အရာပဲ။ ဒီအထဲမှာရှိတဲ့ နိယာမတွေကို သာမန်လူတွေ နားလည်ဖို့ အရမ်းကို ခက်ခဲတယ်။ အစကတည်းက နိရယ အင်ပါယာက အားလုံးသောသူတွေကို ဖိနှိပ်ထားနိုင်စွမ်းရှိတဲ့ လူတစ်ယောက် ဖြစ်ခဲ့ပြီးသားလေ” အသံက ထပ်မံကာ ထွက်ပေါ်လာခဲ့၏။ သို့ပေမဲ့ မည်သည့်နေရာက ပြောဆိုနေမှန်း မည်သူမှ မသိနိုင်ချေ။
“ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါယာတွေ ရေရွတ်နေတဲ့ စကားလုံးတစ်ခုကို ခင်ဗျား သတိထားမိလား”
ထိုသူ သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ခရမ်ရောင်းနက်နဲလောကြီးကို လှမ်းကာ ကြည့်ရှုနေသည်။ သူ၏ အသံသည် လေးနက် တည်ကြည်လျက်ရှိ၏ “အဲဒီ နာမည် ဆီကနေ ကျုပ်မကောင်းတဲ့ ခံစားချက်တွေ ရနေတယ်။ ခရမ်းရောင်နက်နဲလောကြီးမှာ ကျုပ်တို့ မသိသေးတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေပုံပဲ”
“ဒါလှည့်ကွက်လေးတစ်ခုသာသာပါပဲ။ စိတ်ထဲမှ ထားမနေနဲ့။ ခရမ်းရောင် နက်နဲလောက က ဘာလုပ်နိုင်မှာလဲ။ ခြတောင်ပို့မှ နဂါးမပေါက်ဘူး” အထင်အမြင် သေးသည့် အသံတစ်ခုထွက် ပေါ်လာသည်။
“မြေအင်မော်တယ်လောက နဲ့ ပေါင်းစပ်လိုက်တဲ့ သူကရော ..... ဒီလိုလူမျိုးက လောကကြီးတွေကို ပေါင်းစပ်ချိန်မှာ အားအင်စိုက်ထုတ်ခဲ့ပုံမပေါ်ဘူး။ ဒါပေမဲ့ ဘာအကျိုးကျေးဇူးရလို့ ဒီလိုလုပ်နေတာလဲ” ထိုသူက တီးတိုး ရေရွတ်လိုက်၏။
“ဒီလိုလူတွေက အားကောင်းလွန်းတယ်။ ကျုပ်တို့ ပြုမူဆောင်ရွက်နိုင်စွမ်းထက် သာလွန်နေတဲ့သူတွေပဲ။ လောကကြီးနှစ်ခု ပေါင်းစပ်တယ် ဆိုတာ သူ့အတွက် ကလေး ကစားသလိုပဲ။ ကျုပ်တို့အားလုံးက သူ့လက်ထဲက စစ်တုရင် ရုပ်တွေပဲ ဖြစ်တယ်။ ကျုပ်တို့က သူ စိတ်ပျော်ရွှင်စေဖို့အတွက် လုံလုံလောက်လောက် ကစားပေးရမယ်”
အသံပိုင်ရှင်သည် ကိုယ့်အကြောင်းကို ကောင်းကောင်းသိသော သူတစ်ယောက်ဖြစ်သည်။ လောကနှစ်ခုကို ပေါင်းစပ်နိုင်စွမ်းရှိသော ကျင့်ကြံသူသည် သူနှင့် ခြားနားလွန်းသောသူ ဖြစ်ကြောင်း နားလည်သည်။ ကံကြမ္မာ၏ စီစဉ်မှုကို လက်မခံပါက အရာအားလုံးကို လက်ခံသွားရပေလိမ့်မည်။
“ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာလေးယောက်တို့ ရှုံးနိမ့်ခါနီးပြီဆိုရင် ကျုပ်တို့ လှုပ်ရှားသင့်တယ်။ မဟုတ်ရင် ကျောက်စိမ်းလေဟာနယ်နန်းတော်နဲ့ အစစ်အမှန် အင်မော်တယ်အမွေအနှစ်ကို ပိုင်ဆိုင်တဲ့ ဂိုဏ်းတွေက ဝင်လာမယ်ဆိုရင် ကျုပ်တို့ စွပ်ပြုတ်တောင် သောက်လိုက်ရမှာ မဟုတ်ဘူး” အသံပိုင်ရှင်သည် လှမ်းကာ ပြောလိုက်၏။
၎င်း၏စကားသံ ထွက်ပေါ်လာသည့် အချိန်မှာတော့ ကောင်းကင်နှင့်မြေကြီးတွင် ရှိနေသော အင်ပါရီယာအော်ရာ များသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်မှာတော့ ခရမ်းရောင်နက်နဲလောကကြီး၏ အထက်ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။
ခရမ်းရောင်နက်နဲလောကကြီး၏ ရှေးကြယ်စင်စု တစ်ခုပေါ်တွင်တော့ များပြားလှသည့် အင်ပါယာများသည် ဘေးချင်းကပ်ကာ မတ်တပ်ရပ်လျက် ရှိနေပြီး ၎င်းတို့၏ အမူအရာများသည် အေးစက်လျက် ရှိနေလေ၏။ မြေအင်မော်တယ်လောကဆီမှ အင်ပါယာများသည် ကောင်းကင်ဝမ်းနည်းခြင်းအင်ပါယာနှင့် တခြားအင်ပါယာများ လဲပြိုတော့မည် ဖြစ်ကြောင်းကို ကောင်းကောင်းမြင်နိုင်ကြ၏။ သူတို့သည် ဤအရာများကို မမြင်ရလောက်အောင် မျက်စိကန်းနေကြသူများလည်း မဟုတ်ချေ။
“စီနီယာပိုင်လော်”
အင်ပါယာတစ်ယောက်သည် အလျင်စလိုဖြင့် လှမ်းကာ ပြောလိုက်၏။ ဖိနှိပ်ခံထားရသည့် အင်ပါယာမိုယွမ်နှင့် မတူစွာဘဲ ၎င်းသည် အသစ်ဖြစ်တည်ခဲ့သော အင်ပါယာတစ်ယောက် ဖြစ်သည်မို့ လုပ်ဆောင်နိုင်စွမ်း အကန့်အသတ် ရှိနေသည်။
သို့ပေမဲ့ ကောင်းကင်ဝမ်းနည်းခြင်း အင်ပါယာနှင့် တခြားသော အင်ပါယာတို့ ဖိနှိပ်ခံရသည်ဆိုပါက မတူညီသည့် ဇာတ်ကြောင်းများ ဖြစ်လာပေလိမ့်မည်။ ခရမ်းရောင်နက်နဲလောကကြီး၏ အခြေအနေသည် ပိုမိုကာ ဆိုးရွားလာမှာ သေချာ၏။
“စီနီယာပိုင်လော် ..... ကျေးဇူးပြုပြီး” များပြားလှသည့် အင်ပါယာများသည် ဆက်တိုက်ဆိုသလိုပဲ ဦးညွတ်ကာ တောင်းဆိုလျက် ရှိနေကြသည်။