အပိုင်း (၄၀၉)
Vol. 28 Ch. 409
"ဆရာ့ကို ဂါဝရပြုပါတယ်။”
“အကြီးအကဲဟုန်ကို နှုတ်ဆက်ပါတယ်"
ခရမ်းရောင်နက်နဲ လောကမှ အင်ပါယာနှစ်ယောက်နှင့် မတူညီစွာဘဲ ရန်ကျန့် နှင့် သတ်လတ်ပိုင်း ကွာစီအင်ပါယာနှစ်ယောက်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ ၎င်းသည် လေးလေးစာစားနှင့် မြန်မြန်ဆန်ဆန် ဆိုသလို ဦးညွှတ်လိုက်ကြ၏။
“အင်း ….”
ဟောင်ယွင် သည် ခေါင်းကိုညိတ်လိုက်၏။ သူသည် ရန်ကျန် နှင့် သတ်လတ်ပိုင်းလူကို ကြည့်ရှုပြီးနောက် သူ၏ တပည့်ဘာမှမဖြစ်သည်ကို မြင်ရပြီး စိတ်သက်သာရာ ရမိသည်။
"ခရမ်းရောင် နက်နဲလောကကြီးက ကျိန်းသေပေါက် အန္တရာယ်ကြီးကြီးမားမားတွေ ဖြစ်နေတယ်။ ဒါပေမဲ့ မင်းတို့က ကျောက်စိမ်းလေဟာနယ် နန်းတော်ကိုတောင် လာပြီးတော့ ပြဿနာရှာရဲတယ်။ တကယ့်ကို လုပ်ရဲကိုင်ရဲတဲ့ ကောင်တွေပဲ"
ဟောင်ယွင် သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ ပျော်ရွှင်မှု၊ ဒေါသထွက်မှု … ဘာတစ်ခုမှသည် သူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်မလာခဲ့ချေ။ အဆုံးမဲ့ ဆန်းကြယ်လှသည့် အင်ပါရီယန် စွမ်းအင်များသည် တည်နေရာတစ်ခုလုံး ကို ပြန့်နှံ့သွားပြီးနောက် အစီအရင်ကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအစီအရင်ထဲတွင် အင်မော်တယ်တာအို၏ နိယာမများက ဖြစ်တည်နေ၏။
"ဆိုးတာပဲ"
ကြီးမားလှသော ရှေးသားရဲကြီး၏ နှလုံးသားများသည် အေးစက်သွားခဲ့သည်။ "ကျောက်စိမ်းလေဟာနယ်ရဲ့ အင်ပါယာက တကယ့်က်ု လှုပ်ရှားတော့မှာပဲ"
ကွာစီအင်ပါယာနှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်း ဖလှယ်လိုက်မိကြ၏။ တစ်ယောက်၏ မျက်လုံးထဲတွင် ရှိနေသည့် ကြောက်ရွံ့မှုကို တစ်ယောက်က မြင်ရ၏။
ကျောက်စိမ်းလေဟာနယ် နန်းတော်၏ အင်ပါယာ ရောက်လာခြင်းမှာ ပြဿနာတစ်ခု မဟုတ်တော့ချေ။ တစ်ဖက်လူသည် ၎င်းတို့၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့ကြောင့် အရေးကြီးသည့် အရာမှာ အသက်ဘေးမှ လွတ်မြောက်နိုင်ရန် မည်ကဲ့သို့ ထွက်ပြေးရမည်ဟူသော အကြောင်းအရာပင် ဖြစ်၏။ တပည့်တစ်ယောက်ကို နှစ်ပေါင်းများစွာကြာအောင် ပြုစုပျိုးထောင်ခဲ့ပြီးနောက် သာမန်ထက်ပိုသည့် ပါရမီရှင်များ စာရင်းတွင် ပါဝင်သူ ဖြစ်စေခဲ့သည်။ ထိုသူသည် သူ၏ အရေးကြီးသော တပည့်အား လိုက်လံဖြတ်သူများအား မည်သို့မှ လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
"သွားကြရအောင်"
ကြီးမားလွန်းလှသော ရှေးသားရဲကြီးသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ ၎င်း၏ ကြီးမားလွန်းလှသညိ့ လက်သည်းကြီး ကို ဝေ့ယမ်းပြီးသည့်နောက် ၎င်း၏ အင်ပါရီယန်လက်နက်ကြီးသည် ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။ ထို့သို့ လျှပ်တပြက် တိုက်ခိုက်နေရင်းမှ ၎င်းးသည် အလင်းတန်း အဖြစ်အသွင်ပြောင်းကာ ခပ်ဝေးဝေး တည်နေရာဆီသို့ ပြေးသွားခဲ့၏။
တခြားသော ကွာစီအင်ပါယာလည်း တူညီစွာပင် လှုပ်ရှားလိုက်သည်။ နှစ်ယောက်လုံးသည် အားကောင်းလွန်းလှသည့် နတ်ဘုရားနည်းစနစ်များကို ထုတ်ဖော်တိုက်ခိုက်ပြီးသည့်နောက် ချက်ချင်းဆိုသလိုပဲ ထွက်ပြေးကြသည်။ တိုက်ခိုက်ခြင်းဆိုသည်မှာ အယောင်ပြတစ်ခု ဖြစ်ပြီး အင်ပါယာတစ်ယောက်၏ ခြေလှမ်းကို နှောင့်နှေးစေရန် အရင်ဆုံး ကြိုးစားခဲ့ခြင်းသာ ဖြစ်သည်။
“ထွက်ပြေးနိုင်မယ် ထင်တာလား။” ဟောင်ယွင် ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ၎င်း၏ မျက်လုံးဆီမှ စူးရှသည့် အလင်းတန်းနှစ်ခုပင်လျှင် ထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်ပြီး ထွက်ပြေးသွားခဲ့သော ကွာစီအင်ပါယာနှစ်ယောက်ကို ကြည့်ရှုနေ၏။ ၎င်း၏ မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် စူးရှတောက်ပလွန်းလှပြီး အရာအားလုံးကို စတင်ကာ ဖျက်စီးလေ၏။ ပြီးသည့်နောက် ၎င်း၏ရှေ့တွင် တာအို၏ နိယာမများဖြင့် ပိုက်ကွန်တစ်ခုက ဖြစ်တည်လာပြီး တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ဤအရာသည် မျက်လုံးနည်းစနစ်တစ်ခုဖြစ်ပြီး အလွန်လည်း စွမ်းအားကြီးမားလွန်းလှ၏။ သာမန်ကျင့်ကြံသူများအနေဖြင့် ရှောင်ရှားနိုင်ရန်မှာ မည်သို့မှ မဖြစ်နိုင်လုနီးပါးပင်။
ဘုန်း ဘုန်း
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ယင်သွား၏။ အဆုံးအစမဲ့သော တာအို၏ အစီအရင်များသည် ကောင်းကင်မှ ကျဆင်းလာခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ အစီအရင်များသည် ချက်ချင်းပဲ အသက်ဝင်လာခဲ့ပြီး ထွက်ပြေးသွားခဲ့သော ကွာစီအင်ပါယာနှစ်ယောက်အား ထိန်းချုပ်လိုက်၏။
တစ်ဖက်လူများသည် သနားညှာတာရန် တောင်းဆိုမှုကိုပင် မပြုလုပ်ရသေးချေ။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဖိအားဒဏ်သည် မည်သည့်နေရာကမှန်းမသိ ဖြစ်တည်လာခဲ့ပြီးသည့်နောက် ၎င်းတို့နှစ်ယောက် အား သုတ်သင် ရှင်းလင်းလိုက်တော့၏။
"အင်း … ပိုးစုန်းကြူးရဲ့ အလင်းရောင်က လရဲ့တောက်ပမှုကို လာယှဥ်ချင်နေတာလား" ဟောင်ယွင် ထံမှ သဘောမတွေ့သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းသည် ခံစားချက်ကင်းမဲ့သည့် ဟန်ပန်အမူအရာမျိုး တည်ရှိနေပြီး ထိုမျက်နှာသွင်ပြင်ကပင် ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဆီသို့ တွန်းပို့နေသည်။
ကွာစီအင်ပါယာနှစ်ယောက် သေဆုံးသွားသည်ကို အတည်ပြုပြီးနောက် သူသည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ထွက်ခွာသွားရန် မဆုံးဖြတ်ခဲ့ချေ။ ထိုအစား ကောင်းကင်မူလလောကကြီးဘက် သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ဤနေရာသည် ခရမ်းရောင်နက်နဲလောကနှင့် ကောင်းကင်မူလလောကတို့ကြား နယ်စပ် တည်နေရာပင် ဖြစ်၏။ စွမ်းအားကြီးလှသည့် အင်ပါယာတစ်ယောက်အနေဖြင့် ကောင်းကင်မူလလောကကြီး ထဲရှိ မြင်ကွင်းများကို အလုံးစုံ မြင်နေရ၏။ တစ်ချို့သော နတ်နယ်မြေများပင်လျှင် သူ၏ အကြည့်အောက်မှ မလွတ်မြောက်ခဲ့ချေ။
"ဒါလောကသစ်ကြီးတစ်ခုပဲ။ ဒါက မြေအင်မော်တယ်လောကထက် ပိုပြီးတော့ ကြီးမားနေတာလား။ " ဟောင်ယွင်သည် တီးတိုးရေရွတ်လိုက်၏။
လောကကြီးနှစ်ခုသည် ပေါင်းစပ်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် တစ်ခုတည်းအဖြစ်သို့ပင် ဖြစ်တည်နေပြီ ဖြစ်သည်။ ဟောင်ယွင်၏ အဆင့်အရဆိုလျှင်တောင်မှ ဤလောကနှစ်ခုသည် ကွာခြားလျက် ရှိနေသည်ကို သူသည် တစ်ချက်ကလေးမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ များပြားလှသည့် ကြယ်တာရာအစုအဝေးများ တည်ရှိနေပြီး ထိုကြယ်စင်စုများသည် ညကောင်းကင်ယံထက်တွင် ထွန်းလင်းလျက် ရှိနေ၏။ သက်ရှိသတ္တဝါများ အားလုံးကို နွေးထွေးသည့် ခံစားချက်များလည်း ပေးနေ၏။ တခြားတစ်ဖက်တွင် ရှိနေသည့် မြေအင်မော်တယ် လောကမှတော့ ကျယ်ပြောလှသည့် ကုန်းမြေပြင်ကြီးတစ်ခုသာလျှင် ဖြစ်သည်။
"မြေအင်မော်တယ် လောကကလူတွေက ခရမ်းရောင်နက်နဲလောကအပေါ်မှာ အမြင်မကြည်ကြဘူး။ ကျုပ်တို့ ကျောက်စိမ်းလေဟာနယ်နန်းတော်သာ ခရမ်းရောင်နက်နဲလောကကြီးကို ထိန်းချုပ်လိုက်ရင် ခက်ခဲမှုတွေ နဲ့ ကြုံရနိုင်တယ်။" ဟောင်ယွင် က တွေးတောလိုက်မိ၏။
"ဆရာ"
ထိုအချိန်မှာပဲ ရန်ကျန့် သည် ဟောင်ယွင်ဆီသို့ ချဥ်းကပ်လိုက်၏။ ပြီးနောက် ဒူးကိုညွှန့်ကာ ဂါရဝပြုလိုက်သည် "ရှေ့မှာ ကောင်းကင်မူလလောကကြီးပဲ။ လက်ရှိလောကကြီးတွေက စီနီယာနန်းဆောင်သခင် ပေါင်းစပ်ထား တာလေ။ "
"ကောင်းကင်မူလလောကကြီး ဟုတ်လား။ "
ဟောင်ယွင်၏ အမူအရာသည် ပြောင်းလဲသွား၏ သူက အံ့အားသင့်သွား၏။
"တပည့် …. ခရမ်းရောင်နက်နဲလောကကြီး နဲ့ ကောင်းကင်မူလလောကကြီးက အရင်တုန်းက သီးခြား ဖြစ်တည်နေတဲ့ လောကနှစ်ခုလို့ ဆိုလိုချင်တာလား။ "
"ဟုတ်တယ်၊ အဲလိုပါပဲ"
ရန်ကျန့်သည် ခဏလောက်စဥ်စားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။
"ခရမ်းရောင် နက်နဲလောကကြီးနဲ့ ကောင်းကင်မူလလောကကြီးရဲ့ ပေါင်းသပ်မှုက တပည့် အောက်နယ်မြေကို ဆင်းလာတဲ့ အချိန်မှာ ဖြစ်ခဲ့တာလေ။ အသေးစိတ်ကို သေသေချာချာတော့ မသိရှိသေးဘူး။ လောကကြီးနှစ်ခုကို ပေါင်းစပ်တာက စီနီယာ နန်းဆောင်သခင်ပဲ"
ဟောင်ယွင်သည် သည် ခေါင်းမော့ကာ ကောင်းကင်မူလလောကကြီးဆီသို့ ထပ်မံကာ ကြည့်လိုက်၏။ ဤတစ်ကြိမ် ခရမ်းရောင် နက်နဲလောကကြီးဆီသို့ ရောက်ရှိလာခြင်းမှာ သူ၏တပည့်ကို ကယ်တင်ရန်သာ မဟုတ်ဘဲ ခရမ်းရောင်လောကကြီးရှိ အခြေအနေ အကြောင်းအရာများကို စုံစမ်းချင်သောကြောင့်ပင်။
မထင်ထားလောက်အောင်ဘဲ သူ၏ တပည့်ကို ကယ်တင်ပြီးနောက် ကောင်းမွန်လှသည့် သတင်းအချက်အလက် တစ်ခုကို သူရရှိခဲ့၏။ ခရမ်းရောင် နက်နဲလောကကြီးနှင့် ကောင်းကင်မူလောကကြီးကို ပေါင်စပ်ပြီးနောက် မြေအင်မော်တယ် လောကကိုပါ ပေါင်းစပ်နိုင်သည့် လူတစ်ယောက် တည်ရှိနေခြင်းပင်။ ထိုသို့ဆိုလျှင် ကောင်းကင်မူလလောကကြီးကို သေသေချာချာ စုံစမ်းရန် လိုအပ်လာခဲ့၏။
"ဆရာ့ကို အရိုးသားဆုံး ပြောရမယ်ဆိုရင် ခရမ်းရောင် နက်နဲလောက နဲ့ မြေအင်မော်တယ်လောကကြီး ပေါင်းစပ်ခဲ့တာကလည်း စီနီယာနန်းဆောင်သခင်ကြောင့်ပဲ" ရန်ကျန့်သည် လက်ကိုဝေ့ယမ်းကာ ပြောလိုက်သည်။
သူ၏ ဆရာနောက်သို့ လိုက်ပါကာ ကျင့်ကြံခဲ့ပြီးနောက် ရန်ကျန့် သည် သူ့ဆရာ၏ စိတ်နေစိတ်ထားကို သိရှိပြီးသား ဖြစ်၏။ မြေအင်မော်တယ်လောက ၏ တခြားသော လောကတစ်ခုနှင့် ပေါင်းစပ်မှုသည် တကယ့်ကို အရှုပ်အထွေး ကြီး ဖြစ်စေသည့် အချိန်ကာလမျိုးပင်။ ထိုအချိန်မျိုးတွင် ဂိုဏ်းအသီးသီးတို့သည် လှုပ်ရှားလာခဲ့ကြ၏။
ကျောက်စိမ်းလေဟာနယ် နန်းတော်သည် ကျိန်းသေပေါက် လက်လွတ်ထားလိမ့်မည် မဟုတ်ချေ။ ထိပ်တန်း ကျွမ်းကျင်သူများကို ခေါ်ဆောင်ကာဖြင့် မဟာဗျူဟာများကို ရေးဆွဲထားမှာ သေချာ၏။ ကျောက်စိမ်းလေဟာနယ် နန်းတော်သည်သာ လှုပ်ရှားလာပါက သေးငယ်လှသည့် တည်နေရာများကို အကန့်အသတ်အဖြစ် ချန်ထားမည် မဟုတ်ချေ။ ခရမ်းရောင် နက်နဲလောကကြီး၏ တကယ့်ကို တန်ဖိုးကြီးမားလှသည့် နေရာများကို လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးစားမှာ သေချာသည်။
ခရမ်းရောင် နက်နဲလောကကြီးကို အာရုံစိုက်သည် ဆိုမှတော့ ကောင်းကင်မူလောကကြီးလည်း ပါလာမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်သည် ခန့်မှန်း၍ပင် မရနိုင်တော့ချေ။ စီနီယာနန်းဆောင်သခင်သည်သာ အမျက်ထွက်၍ ကျောက်စိမ်းလေဟာနယ် နန်းတော်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပါက သူတို့၏ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် တစ်ညအတွင်း လောကကြီးမှ ပျောက်ကွယ်သွားပေလိမ့်မည်။
ဟမ်
ဟောင်ယွင်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူသည် လေးလေးနက်နက် အသံဖြင့် မေးလိုက်၏။ "တပည့် …. ခရမ်းရောင် နက်နဲလောကနဲ့ မြေအင်မော်တယ် လောကကို ပေါင်းစပ်တာကလည်း အဲဒီ နန်းဆောင်သခင်ပဲလား။ "
"အမှန်ပါပဲ"
ရန်ကျန့်သည် တိကျသေချာစွာဖြင့် ခေါင်းညိတ်လိုက်၏။
"ဒါက …."
"ဟုတ်တယ် …. ခရမ်းရောင် နက်နဲလောကကို ပေါင်းစပ်နိုင်တယ်ဆိုကတည်းက မြေအင်မော်တယ် လောကနဲ့ ပေါင်းစပ်ဖို့ သူကလွဲရင် ဘယ်သူကလုပ်မှာလဲ"
ဟောင်ယွင်၏ အမူအရာသည် ရှုပ်ထွေးလျက် ရှိနေ၏။ သူသည် ကောင်းကင်မူလလောကဘက်သို့ လှမ်းကြည့်ပြီး မျက်လုံးထက်တွင် ကြောက်လန့်ခြင်း၏ အရိပ်အငွေ့များ ဖြစ်တည်လာခဲ့၏။ ကံမကောင်းစွာဖြင့် သူသည် သတင်းကို ပြန်မပို့ရသေးချေ။ အခြေအနေကောင်းသည် ဟူသော သတင်းကိုသာ ပြန်ပို့မိပါက ကျောက်စိမ်းလေဟာနယ် နန်းတော်သည် ခန့်မှန်း၍မရသော အခြေအနေသို့ပင် ရောက်ရှိသွားပေလိမ့်မည်။ ကျောက်စိမ်းလေဟာနယ် နန်းတော်သည် ခန့်မှန်း၍မရသော ရန်သူတစ်ယောက်ကို ရန်စသလို ဖြစ်သွားနိုင်သည်။
မြေအင်မော်တယ် လောကကြီးကို တခြားလောကနှင့် ပေါင်းစပ်နိုင်စွမ်း ရှိနေသည့် ဤကြောက်မက်ဖွယ်ရာ ကောင်းသည့်လူသည် မည်သည့်စိတ်ထားမျိုးရှိကြောင်း သေသေချာချာ မသိနိုင်သေးချေ။ ကျောက်စိမ်း လေဟာနယ် နန်းတော်အနေဖြင့် အဆင်အခြင်မဲ့ မပြုလုပ်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ဆရာ စီနီယာ နန်းဆောင်သခင်က ကြောက်မက်ဖွယ်ရာ ကောင်းပြီးတော့ ခန့်မှန်းလို့မရတဲ့ အားအင်အဆင့်ကို ပိုင်ဆိုင်တယ်။ သူက ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာပဲ နေထိုင်နေတယ် ဆိုပေမဲ့ စကြာဝဠာ တစ်ခုလုံးမှာ ရှိတဲ့ အကြောင်းအရာတွေကို သိရှိနိုင်တယ်။ စီနီယာနန်းဆောင်သခင် တစ်ချက်ကြည့်လိုက်ရင် တော်ဝင်အင်ပါယာ တစ်ယောက်တောင်မှ စိတ်ထဲက အတွေးတွေ အကုန်ပေါ်သွားတာပဲ" ရန်ကျန့် က ထပ်မံ ပြောဆိုလိုက်သည်။