အပိုင်း (၄၁၁)
Vol. 28 Ch. 411
“အင်ပါယာဖြစ်လာလို့ဆိုရင် သေသေချာချာ စဉ်းစားဖို့လိုမယ်” ဟောင်ယွင် က စဉ်းစားလိုက်သည်။
အခြေအနေသည် ပြုလုပ်ပေးရန် အလွန်ခက်ခဲနေသည်။ ထို့ကြောင့် အခြေအနေကို ပြောင်းလဲပြီး တောင်းဆို ကြည့်ရန် ဟောင်ယွမ်က အကြံပြုနေခြင်းသာ ဖြစ်သည်။ ကျောက်စိမ်းလေဟာနယ် နန်းတော်သည် အလွန်အားကောင်းလာသည် ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်ကို အလိုရှိတိုင်း အင်ပါယာဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိသည်ဟု မဆိုလိုပေ။ ကျောက်စိမ်းလေဟာနယ်နတ်နန်းတော်၌ စွမ်းအင်တချို့ရှိနေမည်ဆိုပါက လောကကြီးတစ်ခုလုံး ၎င်းတို့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေမှာသေချာ၏။
"အကြီးကဲဟောင်"
သက်လတ်ပိုင်းအရွယ်ကွာစီအင်ပါယာသည် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်၏။ ပြီးနောက်လေးလေးနက်နက်ပြောလိုက်၏။ "ဒီတလောအတွင်းမှာ ကျုပ် တော်တော်များများကို စုဆောင်းခဲ့တယ် အင်ပါယာဖြစ်ဖို့အတွက် ကျုပ်လိုနေတာ တချို့အရင်းအမြစ် အနည်းငယ်ပါပဲ"
"ခင်ဗျားဘာကိုဆိုလိုတာလဲ"
ဟောင်ယမ် သည် ဇဝေဇဝါ ဖြစ်သွားမိသည်။ အင်ပါယာဖြစ်ရန်အတွက် အရင်းအမြစ်များ စုဆောင်းထားသည် ဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ချမ်းသာသည့်မိသားစုများမှ ပေါက်ဖွားလာသူများသည် အင်ပါယာဖြစ်မည် ဟု ဆိုလိုနေသည်လား။
“အရိုးသားဆုံး ပြောရမယ်ဆိုရင် အကြီးကဲဟောင် ….. ကောင်းကင်လျှို့ဝှက်နန်းဆောင် ထဲမှာ အင်ပါယာ တစ်ယောက် ဖြစ်ဖို့အတွက် အခွင့်အရေးရှိတယ်။ ဒါပေမဲ့ အဲတာအတွက် လုံလောက်တဲ့ လဲလှယ်မှုမျိုး ပြုလုပ်ရတယ် ။ လက်ရှိ ကျုပ်ရဲ့ အရင်းအမြစ်နဲ့ဆိုရင် ဒါက လုံလောက်မှု မရှိသေးဘူး။ ဒါကြောင့် ……"
သက်လတ်ပိုင်းအရွယ်ကွာစီ အင်ပါယာ သည် ဟောင်ယွမ် ကိုအနောက်မှ ကြည့်ရှုရင်း မသေချာ မရေရာသလို ခံစားနေမိ၏။ သူ၏ အဆိုပြုချက်ကို ဟောင်ယွမ် တစ်ယောက် ငြင်းပယ်မည်လား ဆိုတာ မသေချာချေ။ ဟောင်ယွမ်သာ သဘောမတူည် ဆိုပါက ကျောက်စိမ်း လေဟာနယ်နန်းတော်သည် သူ၏ တောင်းဆိုချက်ကို လုံး၀ စဥ်းစားလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဟောင်ယွမ်သည် ကျောက်စိမ်း လေဟာနယ်နန်းတော်၌ ပြောခွင့်ဆိုခွင့် ရှိသူ တစ်ယောက်လည်း ဖြစ်၏။
“အင်ပါယာဖြစ်ဖို့ အခွင့်ရေး ဟုတ်လား "
ဟောင်ယွမ် မျက်လုံးများသည် ကျဥ်းမြောင်းသွား၏။ သူသည် သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာ ကိုလှမ်းကြည့်ကာ လှောင်သလို ပြောင်သလို ပြောလိုက်မိသည်။
"စီနီယာနန်းဆောင်သခင်က အင်ပါယာ ဖြစ်ဖို့အတွက် လမ်းညွှန်ပေးနိုင်တယ်လို့ ဆိုလိုတာလား။ အဲ့ဒီအတွက် လုံလောက်တဲ့ အရင်းအမြစ် ပမာဏ တစ်ခုခု ကို ပြန်ပေးရမယ်ပေါ့"
ဤ အရာသည် သူ့အား အံ့အားမသင့်စေချေ။ စီနီယာ နန်းဆောင်သခင်အပေါ် သူ၏ နားလည်မှုအရဆိုလျှင် စွမ်းအားကြီးမားလွန်းလှသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တခြားသော သူများကို အင်ပါယာတစ်ယောက် ဖြစ်အောင် မိနစ်ပိုင်း အတွင်း လမ်းညွှန်ပေးနိုင်မှာ သေချာ၏။ တော်ဝင်အင်ပါယာ တစ်ယောက်သည် သူတော်စင် တစ်ယောက်အား လမ်းညွှန် ပြသသလိုပင်။ မခက်ခဲချေ။
"အင်း လုံလောက်တဲ့ပမာဏ တစ်ခုတော့ လိုအပ်သေးတယ်"
သက်လတ်ပိုင်းအရွယ် ကွာစီအင်ပါယာသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ "ဒါပေမဲ့ စီနီယာ နန်းဆောင်သခင်က ကိုယ်တိုင် သင်ပြပေးတာမဟုတ်ဘူး ။ အဲ့အစား စီနီယာက သင့်တော်တဲ့နေရာ တစ်ခုကို လမ်းညွှန်ပေးတာ ။ အဲ့ဒီ့နေရာမှာ အင်ပါယာ ဖြစ်နိုင်တဲ့အခွင့်ရေးတွေ တည်ရှိနေတယ်။ မကြာသေးခင်က ကောင်းကင်လျှို့၀ှက်နန်းဆောင်ထဲကို ၀င်သွားတဲ့ လေးယောက်၊ငါးယောက်လောက်က အင်ပါယာ ဖြစ်လာခဲ့ကြ တယ် "
"ဟမ်"
ဟောင်ယွမ်သည် မျက်ခုံးပင့်လိုက်မိ၏။ သူ၏ နှလုံးသားထဲတွင် ပြင်းပြသည့် စိတ်ခံစားချက်များ ဖြစ်တည်လာခဲ့၏။ အင်ပါယာလေးယောက်၊ ငါးယောက်။ မည်ကဲ့သို့သော ယုတ္တိဗေဒ ဖြင့် စီနီယာနန်းဆောင်သခင်သည် တကယ့်ကို စွမ်းအားကြီးမားလှသည့် စွမ်းအားမြင့်ကျင့်ကြံသူများကို ဖန်တီးပေးနေရသနည်း။ အင်ပါယာ တစ်ယောက်ချင်းသည် မည်သည့် ဂိုဏ်းကဏ္ဏတွင်မဆို ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအင်များပိုင်ဆိုင်ကြသူများ ဖြစ်ကြောင်းကို သံသယရှိရန်မလိုပေ။
စီနီယာနန်းဆောင်သခင် သည် စိတ်ရှိသည် ဆိုပါက ကျောက်စိမ်းလေဟာနယ် နန်းဆောင်ထက် ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအားမြင့်ဂိုဏ်းကဏ္ဏတစ်ခုကို ဖန်တီးနိုင်နေမည် မဟုတ်ပါလား။ ဤအရာသည် ကြောက်မက်ဖွယ်ရာကောင်းလှ၏။
"ဆရာ …. ကောင်းကင်လျှို့၀ှက်နန်းဆောင်ထဲမှာ အင်ပါယာဖြစ်ဖို့ အခွင့်အရေးတင်မကဘူး။ အင်မော်တယ်ဖြစ်ဖို့ အခွင့်ရေးပါရှိတယ် " ရန်ကျန့်သည် အချိန်ကိုက်ပြီး ၀င်ရောက်ပြောဆိုလိုက်သည်။
ဟောင်ယွမ်သည် ခဏလောက်ကြောင်သွား၏။ သူသည် ငေးငိုင်စွာဖြင့် စဥ်းစားနေမိပြီး အချိန်အတော်ကြာထိ မတုံ့ပြန်နိုင်ခဲ့ချေ။ ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ထကာပြောလိုက်၏။ "တပည့် … အင်မော်တယ်ဖြစ်ဖို့ အခွင့်ရေး နည်းလမ်းလို့ မင်းပြောနေတာလား"
"ဟုတ်ပါတယ်" ရန်ကျန့်က ခေါင်းညိတ်လိုက်သည်။
"ဒါက"
ဟောင်ယွမ်သည် ရန်ကျန့်ကို လှမ်းကြည့်လိုက်၏။ ပြီးနောက်လက်ထဲတွင် ရှိနေသည့် အင်မော်တယ် အသိအမြင် ကို လှမ်းကြည့်လိုက်၏။ လက်ထဲတွင်ရှိနေသော အစစ်အမှန် အင်မော်တယ်၏ အသိအမြင်သည် မမွှေးပျံ့တော့ သလိုတောင် ခံစားနေမိ၏။
"ဒီကိစ္စက သေသေချာချာဆုံးဖြတ်ဖို့ လိုလိမ့်မယ်"
ဟောင်ယွမ်၏ မျက်နှာပေါ်တွင် တွေးတွေး ဆဆ အမူအရာတစ်ခု ဖြစ်တည်လာခဲ့၏။ သူသည် ကောင်းကင်မူလလောက ဆီသို့ လှမ်းကာကြည့်နေမိ၏။ အချိန်အတော်ကြာပြီးသည့်နောက် သူ၏ အကြည့်ကို ပြန်လည် ရုတ်သိမ်းရင်း စိတ်ဆုံးဖြတ်ချက် ချပြီးသလို ပြောလိုက်သည်။
"မြေအင်မော်တယ်လောက နဲ့ ခရမ်းရောင်နက်နဲလောကတို့က အခုမှ ပေါင်းစည်းကာစပဲ ရှိသေးတယ်။ ဒီတော့ လုပ်စရာတွေ အများကြီး ရှိသေးတယ်။ မင်းတို့နှစ်ယောက် ငါနဲ့အတူ ကျောက်စိမ်းလေဟာနယ်နန်းတော်ထဲကို လိုက်ခဲ့ကြ။ ဒီနေ့ဖြစ်ခဲ့သမျှ အဖြစ်အပျက် အကုန်လုံးကို နန်းတော်သခင်ဆီအရင်ဆုံး သတင်းပို့ရမယ် "
အင်ပါယာဖြစ်ရန် လမ်းညွှန်နိုင်စွမ်း ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် … ထိုသည်သာ မကသေးချေ။ အင်မော်တယ် ဖြစ်အောင်ပါ လမ်းညွှန်နိုင်စွမ်း ရှိနေသည်။ ကျောက်စိမ်းလေ ဟာနယ် နန်းတော်အနေနှင့် ထိုကဲ့သို့သောသူမျိုးကိုသွားကာ အဆင်အခြင်မဲ့ တောင်းဆို၍ ရနိုင်မည်မဟုတ်ချေ။
"ဒါနဲ့"
ဟောင်ယွမ်သည် တစ်စုံတစ်ခုကို စဥ်းစားမိသွား၏။ ပြီးနောက်ပြောလိုက်၏။ "ကောင်းကင်လျှို့၀ှက်နန်းဆောင် က အင်ပါယာဖြစ်ဖို့အတွက် လမ်းညွှန်ပေးနိုင်တယ် ။ အင်မော်တယ်တွေ ဖြစ်အောင် လမ်းညွှန်ပေးနိုင်တယ် ဆိုတဲ့ အကြောင်းကို သိတဲ့သူ ဘယ်လောက်ရှိလဲ"
"ဟင်"
ရန်ကျန့်၏ အမူအရာသည် အေးခဲသွား၏။ သူ့ဆရာ၏ မေးခွန်းသည် ပြန်လည် ဖြေဆိုရသည်မှာ ကြောင်တောင်တောင် နိုင်လွန်း၏။ ခရမ်းရောင်နက်နဲ လောကနှင့် ကောင်းကင်လျှို့၀ှက်နန်းတော်ထဲတွင် ဤကိစ္စကိုမသိသေးသူ ဟူ၍ မည်သူရှိသနည်း။
"အင်း အားလုံး သိပြီးသားအကြောင်းရာပါပဲ" ရန်ကျန့်က ပြန်ပြောလိုက်၏။
"အားလုံးသိပြီးသားအကြောင်းအရာဟုတ်လား" ဟောင်ယွမ်ကမျက်မှောင်ကုတ်လိုက်မိ၏။ ထိုစကားလုံးသည် သူ၏ စိတ်နှလုံးတစ်ခုလုံးကို တိုက်စားသွားခဲ့၏။ ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလနန်းတော်ကြီး တွင် ရှိနေသည့် လောကသားများသည် ထိုကဲ့သို့သော အရာမျိုးကို သိရှိသည် ဆိုလျှင် အဘယ့်ကြောင့် ထိုင်နေရသနည်း။ အင်ပါယာဖြစ်ရန်အခွင့်ရေးကို ရရှိရန် သွားရောက်ကာ အုတ်အုတ်ကြွကြွ တောင်းခံနေသင့်သည် မဟုတ်ပါလား။
အထူးသဖြင့် အင်ပါယာဖြစ်လာပြီးနောက် သက်တမ်းကုန်ဆုံးခါနီးလူများပင် ဖြစ်၏။ ဟောင်ယွမ်သည် တစ်စုံတစ်ခုကို စဥ်းစားပြီးသည့်နောက် လက်ထဲရှိ ကျောက်စိမ်းပြား အသာကိုင်ကာ အင်ပါယာစာရင်းကို ကြည့်ရှုလိုက်၏။ သူသည် ထိပ်မှ အောက်ထိ စာတစ်လုံးချင်းစီကို သေသေ ချာချာ ကြည့်ရှုလိုက်သည်။
အင်ပါယာ စာရင်း၏ နံပါတ်ကိုး အင်ပါယာ ပိုင်လီ ။
နံပါတ်တစ်ဆယ် အင်ပါယာယုညို။
ထိုအချိန်မှာတော့ ဟောင်ယွမ်သည် ရုတ်တရက် ဥာဏ်အလင်းပေါက်သွား ၏။ သူတို့ ကျောက်စိမ်းလေဟာနယ်နန်းတော်သည် တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ခြင်း မရှိဘူးဆိုလျှင်တောင်မှ တိုက်ပွဲစဖြစ်တည်းက အကြောင်းအရာအားလုံး ကိုသိရှိပြီး ဖြစ်၏။ အစဦးပိုင်း က ခရမ်းရောင်နက်နဲ လောကကြီးသည် ဘာမှ မထူးခြားဟု တွေးတောထားခဲ့ပြီး နိရယလောကတစ်ခုတည်းနှင့် အရာအားလုံး ကို သိမ်းပိုက်နိုင်လိမ့်မည် ဟု တွေးထားခဲ့၏။ သို့သော်လည်း လက်ရှိအချိန်တွင် နိရယလောကမှ နိရယအဖွဲ့သားများအပြင် တခြားသော ဂိုဏ်းကဏ္ဏအသီးသီးတို့ကပါ တိုက်ပွဲသို့ ၀င်ရောက် တိုက်ခိုက်နေကြပြီ ဖြစ်၏။
တိုက်ပွဲတည်နရာတွင် မြေအင်မော်တယ်လောကသည် အရှိန်အဟုန် ကြီးကြီးဖြင့် စတင် တိုက်ခိုက်နေကြပြီ ဖြစ်သောကြောင့် ခရမ်းရောင်နက်နဲလောက အနေဖြင့် ခုခံရန်ပင် စွမ်းအားမကျန်တော့သလို ဖြစ်နေသည်။ သို့ပေမဲ့ ကြည့်ရှုရမည် ဆိုလျှင် အခြေအနေသည် ထင်ထားသလို မရိုးရှင်းပေ။
ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် အင်ပါယာ အတော်များများသည် ပေါ်မလာသေးပေ။ အနည်းဆုံးတော့ အားအကောင်းဆုံး ဟူသည့် အင်ပါယာနှစ်ယောက် ပေါ်မလာခြင်းပင်။ ၄င်းတို့သည် အင်မော်တယ်ဖြစ်ရန်အတွက် အခွင့်ရေးတစ်ခုဆီသို့ သွားရောက်နေကြသည်လား။
ခရမ်းရောင်နက်နဲလောကကြီးတွင် ဤအင်ပါယာနှစ်ယောက်သာ တည်ရှိမည်ဆိုပါက တွန်းလှန် တိုက်ခိုက်လာနိုင်မည် ဖြစ်သည်။ ပြောရမည် ဆိုလျှင် ဤအင်ပါယာနှစ်ယောက်သည်သာ အင်မော်တယ် အဖြစ် ပြန်ရောက်လာနိုင်မည် ဆိုပါက လက်ရှိဖြစ်နေသော မြင်ကွင်းသည် ပြောင်းလဲသွားမှာဖြစ်၏။
အင်မော်တယ်တစ်ယောက်တည်း ပြန်ရောက်လာမည်ဆိုလျှင်တောင်မှ ခရမ်းရောင်နက်နဲလောကကြီး ၏ အားအင်အဆင့်သည် ကျိန်းသေပေါက် ပိုမိုတိုးတက်သွားမှာ သေချာသည်။
"ခရမ်းရောင်နက်နဲလောကကြီးက မြင်ရသလောက် မရိုးရှင်းဘူးပဲ။ ရှေးအင်မော်တယ် ရွှမ်မို ထွက်ပေါ်လာခဲ့တဲ့ နေရာပီသပါတယ်။” "
ဟောင်ယွမ်၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်သွား၏။ သူသည် လက်ထဲတွင်ရှိသော ကျောက်စိမ်းပြားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိ၏။ ဤသတင်းအချက်အလက်သည် ကျောက်စိမ်းလေဟာနယ်နန်းတော် အတွက် တကယ်ပင်အရေးကြီးလှ၏။ ထို့ကြောင့် သူသည် ချက်ချင်းပဲ နန်းတော်သခင်ဆီသို့ သတင်းပို့ရန် လိုအပ်လာခဲ့၏။ ကျောက်စိမ်းလေဟာနယ် နန်းတော်အနေနှင့် ချမှတ်ထားသည့် မဟာဗျူဟာများကို ပြန်လည် စဥ်းစားရန်လိုအပ်နေပြီ ဖြစ်၏။
မဟုတ်ပါက ကျောက်စိမ်းလေဟာနယ်နန်းတော်နှင့် ခရမ်းရောင်နက်နဲလောက ကြားတွင် ရှိနေသည့် ပြဿနာများ သည် ပိုမိုကာ ကြီးထွားလာမှာ ဖြစ်ပြီး ဆုံးရှုံးမှုများ ကျရောက်လာပေလိမ့်မည်။ ထို့အပြင် တစ်ဖက်မှလည်း အစစ်အမှန် အင်မော်တယ်များ ပေါ်ပေါက်လာနိုင်သည်မဟုတ်ပါလား။
"ဒါဆိုရင် ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင်က အမှောင်ထဲကနေ အရာအားလုံးကို စီမံနေခဲ့တာလား"
ဟောင်ယွမ်သည် ကောင်းကင်မူလလောကကြီးထဲသို့ ကြောက်ရွံ့စွာ ကြည့်ရှုလိုက်မိ၏။ ၄င်း၏ ကျောတွင် ချွေးစီးများပင် ပျံလာခဲ့၏။ လက်ရှိအချိန်၌ သူသည် တော်၀င်အင်ပါယာတစ်ယောက်ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ လက်ထဲတွင်ရွှေ့ပြောင်း၊ ဆော့ကစားခြင်းခံနေရသော စစ်တုရင်ရုပ်တစ်ခုလို ခံစားနေမိ၏။
သူ့ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူသည် တစ်ဖက်လူ၏ လက်ထဲ၌ ထားရာနေ၊ စေရာသွား ဆိုသည့် အခြေအနေသို့ ရောက်ရှိနေသည်။ သေသေချာချာ ဂရုပြုဆောင်ရွက်ခြင်း မရှိပါက ကျိန်းသေပေါက် ဘ၀တစ်ဆစ်ချိုးသို့ ပြောင်းလဲသွားနိုင်၏။
ယခုလို သတင်းအချက်အလက်များကို မသိရှိပါက ခရမ်းရောင်နက်နဲ လောကကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းသော ၀ှက်ဖဲတစ်ခုတည်ရှိနေမည် ဟု မည်သူကထင်မည်နည်း။