အပိုင်း (၄၁၃)
Vol. 28 Ch. 413
“တော်ဝင်အင်ပါယာတိုင်ရီ ဟုတ်လား”
သူတော်စင်သည် သူ၏ မျက်လုံးကို အသာပွတ်သပ်ပြီးသည့်နောက် မယုံကြည်နိုင်သလို ခံစားနေမိ၏။ အင်ပါယာစာရင်းကို ထပ်မံကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကျန်းထျန်နှင့် နိရယအင်ပါယာတို့၏ အောက်တွင် တော်ဝင်အင်ပါယာတိုင်ရီ ဆိုသည့် စာလုံးကို သူက ထင်းထင်းကြီး မြင်လိုက်ရ၏။
“တော်ဝင်အင်ပါယာတိုင်ရီက ကောင်းကင်မူလလောကကြီးရဲ့ တော်ဝင်သဲကန္တာရမြို့ဆီကို လာခဲ့တာလား”
သူတော်စင်က တီးတိုးရေရွတ်လိုက်သည်။ “ကြည့်ရတာ မယုံကြည်နိုင်ဖွယ်ရာပဲ”
ခရမ်းရောင်နက်နဲလောကကြီးနှင့် ကောင်းကင်မူလလောကကြီးသည် ပေါင်းစပ်ကာစသာ ရှိသေး၏။ လောကနှစ်ခု သည် အတူယှဉ်တွဲနေထိုင်ဖို့ ဆိုသည်မှာ ခက်ခဲမှုတော့ တည်ရှိနေသေး၏။ အဘယ်ကြောင့် တော်ဝင်အင်ပါယာ တစ်ယောက်သည် ကောင်းကင်မူလလောကကြီးဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာရသနည်း။
ထိုအင်ပါယာသည် လက်ရှိအချိန်၌ အားနေသည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မြေအင်မော်တယ်လောက မှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ခရမ်းရောင်နက်နဲလောကမှ အင်ပါယာများနှင့် တိုက်ခိုက်လျက် ရှိနေသောကြောင့်ပင်။
“ငါ အမြင်မှားတာပဲ နေမှာပါ”
သူတော်စင်သည် ခေါင်းကို ခါယမ်းပြီးသည့်နောက် ထိုသူ ထွက်ခွာသွားသည့် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ဤတစ်ကြိမ်မှာတော့ လမ်းတစ်ခုလုံးသည် လမ်းသွားလမ်းလာ များနှင့် ရှုပ်ထွေးနေသည်ဖြစ်ပြီး ထီးနှင့်လူသည် ရုတ်တရက် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူသည် ၎င်း၏ အပြာဖျော့ရောင်ထီးကို သိမ်းဆည်းလိုက်၏။ ၎င်း၏ ကြင်နာပြီး ကျောက်စိမ်းကဲ့သို့ သပ်ရပ်လှသည့် မျက်နှာနှင့် ခန္ဓာကိုယ်သွင်ပြင်သည် ကျောင်းတော်သားတစ်ယောက်နှင့် ဆင်တူလှ၏။ တော်ဝင်အင်ပါယာတစ်ယောက်၏ ဟိတ်ဟန်နှင့် အော်ရာမျိုး ထွက်ပေါ်မနေခဲ့ချေ။
၎င်းသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်အတွင်သို့ စစ်ဆေး ကြည့်ရှုပြီးသည့်နောက် တိတ်တဆိတ် ကြိတ်ကာ တုန်လှုပ်နေမိ၏။ ဤအရာသည် ကောင်းကင်လျှို့ဝှက်နန်းဆောင် ဖြစ်နေသည်လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ဂုဏ်သိက္ခာတရားကို မြေအင်မော်တယ်လောကထဲမှာတည်းက သူက ကြားခဲ့ပြီးပြီဖြစ်၏။ ယနေ့ ကိုယ်တိုင်တွေ့ရသည့် အချိန်မှာတော့ တကယ့်ကို ကောလဟလများထက် သာလွန်လျက် ရှိ၏။ သူ၏ လက်ရှိ အားအင်အဆင့်နှင့် ဆိုလျှင်တောင်မှ ဤနန်းဆောင်ကြီး၏ ထူးခြားမှုကို တစ်ချက်ကလေးမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။
“အင်း... ထာဝရ အစစ်အမှန် အင်မော်တယ် …. အ ခြေအနေ ဘယ်လိုလဲ”
လီယွင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ခုံတန်းရှည်တစ်ခုပေါ်တွင် လဲလျောင်းလျက် ရှိနေ၏။ ၎င်း၏ ဆံနွယ်များသည် အောက်သို့ ကျဆင်းလျက် ရှိနေပြီး အလွန်ပင် ကြည့်ကောင်းလွန်းလှ၏။ အပြုံးဖျော့တစ်ခုကို ပြုံးပြီးသည့်နောက် ၎င်း၏ မျက်လုံးများသည် အရာ အားလုံးကို မြင်နေရသကဲ့သို့ပင်။
အင်ပါယာတိုင်ရီသည် ပဟေဠိဆန်သော အမူအရာမျိုး ဖြစ်သွားသည်။ သတိပြန်ဝင်လာပြီးနောက် သူသည် ပြုံးကာပြောလိုက်၏။ “ဂျူနီယာတိုင်ရီက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
“စီနီယာ ဘာလို့ ထာဝရ အစစ်အမှန် အင်မော်တယ်ဆိုတဲ့ စကားကို ပြောဆိုခဲ့တာလဲ ဆိုတာကို ဂျူနီယာ သိချင်မိတယ်။ မြေအင်မော်တယ်လောကကြီး ရဲ့ အစစ်အမှန် အင်မော်တယ်တွေထဲက တစ်ယောက်၊ ဂုဏ်သိက္ခာတရား ကလည်း ခေတ်အဆက်ဆက် ကြီးကျယ်မြင့်မြတ်ခဲ့သေးတယ်။ ကျုပ် သူ့ကို အချိန်အတော်ကြာတည်းက ချီးကျုးမိတယ်။ ဘဝ တစ်သက်တာမှာ သူနဲ့ တွေ့ရမယ်ဆိုရင် နောင်တတရားဆိုတာ မရှိတော့ပါဘူး။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ ထာဝရ အစစ်အမှန် အင်မော်တယ် ရောက်ရှိနေတယ်ဆိုရင် ကျုပ် နဲ့ မိတ်ဆက်ပေးဖို့ စီနီယာ့ကို တောင်းဆိုချင်ပါတယ်။”
“ဪ”
လီယွင်၏ အမူအရာသည် မပြောင်းလဲချေ။ ရုတ်တရက် သူသည် ထထိုင်လိုက်ပြီးသည့်နောက် တော်ဝင် အင်ပါယာတိုင်ရီကို လှမ်းကာ ကြည့်ရှုလိုက်၏။ “နဂါးမူလအသွင်ပြောင်းခြင်း ကိုးမျိုးက တကယ့်ကို နက်နဲတဲ့ နည်းလမ်းတစ်ခုပဲလေ။ ဒါက ခန္ဓာကိုယ်ကိုးခုကြားမှာ ဆက်သွယ်မှု ပြုလုပ်ရတာမျိုး။ ဒါက ထူးခြားတဲ့ စွမ်းရည်ဖြစ်တယ်ဆိုပေမဲ့ ကျုပ်ရဲ့မျက်လုံးအောက်မှာ လှည့်စားလို့ ရနိုင်မယ် ထင်နေတာလား”
“ဟမ်”
တော်ဝင်အင်ပါယာတိုင်ရီသည် ရှက်ရွံ့သလို ဖြစ်သွားမိ၏။ သူသည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ “စီနီယာပြောသလို မဟုတ်ပါဘူး”
“ဪ”
လီယွင်သည် တည်ငြိမ်လျက် ရှိနေတုန်းပင်။ ၎င်းသည် အသာပင် ပြောလိုက်သည်။ “ကျုပ်ပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ခင်ဗျား မရှင်းသေးဘူးနဲ့တူတယ်။ ဒီတော့ ဒီအတိုင်းပဲ ထားလိုက်ပါတော့။ မြေအင်မော်တယ် လောကကြီးက နိရယ အင်ပါယာအကြောင်းကို ခင်ဗျားသိလား”
“ပုံမှန်အားဖြင့် ကျုပ်သိပြီးသားပါ”
တော်ဝင်အင်ပါယာတိုင်ရီသည် လေးလေးနက်နက်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ “နိရယ အင်ပါယာက သာမန်ထက် ပိုတယ်လေ။ သူက တော်ဝင်အင်ပါယာထိပ်ဆုံးအဆင့်ကို ရောက်ရှိနေတာ မကြာသေးဘူး။ စီနီယာနန်းဆောင်သခင်အနေနဲ့ သူ့ကို တကယ့်ကို အထင်အမြင်ကြီးကြီး ထားလို့လည်း အင်ပါယာစာရင်းထဲမှာ ဒုတိယနေရာ ပေးထားတာ မဟုတ်လား။ ဒီဂျူနီယာ ကတော့ တတိယနေရာမှာပဲ ရှိပါတယ်”
“ဟား ဟား ဟား ဟား”
လီယွင်သည် အသာရယ်လိုက်၏။ သူ၏ မျက်လုံးထဲတွင် စိတ်ချမ်းသာသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ “တကယ်လို့ အဆင့်ခြောက်မှာရှိတဲ့ ပုံရိပ်ယောင်အင်ပါယာသာ ရောက်လာမယ်ဆိုရင် ဒီကိစ္စက မတူညီတဲ့ အကြောင်းအရာတွေ ဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ဒီတော့ နတ်ဘုရားမူလ အသွင်ပြောင်း ကိုးမျိုး နည်းစနစ်အရဆိုရင် အစစ်အမှန် ခန္ဓာကိုယ်အပြင် ကိုယ်ပွားရှစ်ခုလည်း ရှိသေးတယ်။ တစ်ယောက်ချင်းစီတိုင်းကလည်း အင်ပါယာတွေပဲ။ အင်ပါယာအဆင့်စာရင်းမှာ နှစ်နေရာစာ သိမ်းပိုက် ထားနိုင်တာပေါ့။ တစ်ယောက်က ပုံရိပ်ယောင်အင်ပါယာ - ငရဲအင်ပါယာရဲ့ ရန်သူစစ်စစ်ပေါ့။ နောက်တစ်ယောက် ကတော့ တိုင်ရီလို့ခေါ်တယ်။ ဟုတ်တယ်မလား”
“အင်း ဟုတ်ပါတယ်”
“အခြားတစ်ယောက်အကြောင်းပြောရမယ်ဆိုရင် ခရမ်းရောင်နက်နဲလောကထဲကို ဖန်းကလန် ချန်ခဲ့တဲ့ အမွေအနှစ်တွေအတွက် ရောက်ရှိနေတယ် မဟုတ်လား။ အဲလူက လက်ရှိအချိန် ရှုပ်ထွေးကြယ်ပင်လယ်ထဲမှာ မုန့်ရှင်းကျီနဲ့ တိုက်ခိုက်နေတယ်”
“အင်း” တော်ဝင်အင်ပါယာတိုင်ရီသည် တွန့်ဆုတ်သွားမိ၏။ သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် ဇဝေဇဝါ အမူအရာများ ပျောက်ကွယ်သွားခဲ့၏။ အချက်အလက်အားဖြင့် သူသည် သူ၏ ခန္ဓာကိုယ်ကို ကိုးခုအဖြစ် ပိုင်းခြား နိုင်စွမ်းရှိနေသည် ဆိုခြင်းမှာ သူ၏ လျှို့ဝှက်ချက်သာလျှင်ဖြစ်၏။ သူနှင့် သူ၏ တခြားသော ခန္ဓာကိုယ် ရှစ်ခုသာလျှင် သိရှိ၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ထိုအရာကို သိရှိလို့ နေခဲ့၏။ ထို့ကြောင့် သူသည် မသက်မသာ ခံစားနေမိ၏။
မူလအားဖြင့် တော်ဝင်အင်ပါယာတိုင်ရီဟူသည့် နာမည်ကို အသုံးပြုကာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာခဲ့ပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကကြီး နှစ်ခုကို ပေါင်းစပ် ခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူကြီး တစ်ယောက်ကို လာရောက်ကာ ကြည့်ရှုခြင်းပင်။ မထင်မှတ်ဘဲ နန်းဆောင် ထဲသို့ ဝင်ရောက်ပြီးသည့်နောက် သူသည် မည်သည့် လျှို့ဝှက်ချက်ကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။
“စီနီယာက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်တယ်။ ဂျူနီယာက တကယ့်ကို ဝန်ခံလိုက်ပါပြီ” တော်ဝင်အင်ပါယာတိုင်ရီသည် အသာသက်ပြင်းချလိုက်၏။ သူသည် အကူအညီမဲ့စွာဖြင့် ခေါင်းကို ကုတ်လျက် ရှိသည်။
“အင်း.. ခင်ဗျားရခဲ့တဲ့ အမွေအနှစ်တွေက နိရယအင်ပါယာ ရခဲ့တဲ့ အမွေအနှစ်တွေနဲ့ တူညီတဲ့နေရာကပဲ။ အဲအမွေအနှစ်တွေရဲ့ နောက်ဘက်မှာရှိတဲ့ လောကကြီးက ကျုပ်မျက်စိထဲမှာ သာမန်လောက်ပါပဲ” လီယွင်သည် မှတ်ချက်ပြုလိုက်၏။
ထိုစဉ်တုန်းက မြေအင်မော်လောကကြီး၏ အနီးအနား ရှုပ်ထွေးလှသည့် လေဟာနယ်ထဲတွင် ရှေးဆန်သည့် အလောင်းနှစ်ခုက လွင့်မျောလာခဲ့၏။ ၎င်းတို့သည် နှစ်ပေါင်းများစွာကတည်းက သေဆုံးထားခဲ့သည် ဖြစ်သော်လည်း ခန္ဓာကိုယ်များမှာ အင်မော်တယ်တစ်ယောက်ဖြစ်သည်မို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ထွက်ပေါ်နေတုန်းပင်။ ၎င်းတို့၏ သွေးတစ်စက်ချင်းစီတိုင်းသည် လောကကိုပင် ထွင်းဖောက်သွားနိုင်စွမ်း ရှိနေသည်။
ထိုသူတို့သည် အလောင်းများ ဖြစ်သည်ဆိုလျှင်တောင်မှ မြေအင်မော်တယ်လောကကြီးကို တစ်ခါတည်း ဖျက်ဆီးနိုင်စွမ်း ရှိနေလောက်၏။ လက်ရှိအခြေအနေမှာတော့ တော်ဝင်အင်ပါယာစဦးအဆင့်သာ ရှိနေသေးသည့် ရှန်းရှန်သည် ရုတ်တရက် အလိုလို နားလည်သည့် စိတ်ခံစားချက် တစ်ခုကို ရရှိခဲ့၏။ ထို့ကြောင့် ထိုရှုပ်ထွေးလျက် ရှိနေသည့် လေဟာနယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ရှေးဆန်လှသည့် အလောင်းနှစ်ခုကို ရှာဖွေ တွေ့ရှိ၏။
ထို့ကြောင့် အလောင်းနှစ်ခုထဲမှ တစ်ခု၏ အမွေအနှစ်ကို သူက ရရှိခဲ့၏။ သို့ပေမဲ့ သူ့အနေနှင့် ဒုတိယအလောင်းကို ရှာဖွေရန် ပြုလုပ်သည့်အချိန်တွင် တခြားသော တစ်စုံတစ်ယောက်သည် ချက်ချင်း ဆိုသလိုပဲ ရောက်ရှိလာခဲ့ပြီးသည့်နောက် ထိုအလောင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်တုန်းက သူသည် လောကထဲတွင် များပြားလှသည့် ကြောက်မက်ဖွယ်ရာ လောကများ တည်ရှိနေကြောင်း သိရှိခဲ့ရသည်။
မြေအင်မော်တယ်လောကအနေနှင့် ထိုမျှ များပြားလှသော လောကအသီးသီးထဲမှ တစ်ခုသာသာမျှသာဖြစ်သည်။ ဤအလောင်းနှစ်ခု ရောက်ရှိလာခဲ့သည့် မူလလောကကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် လောကကြီး တစ်ခုဖြစ်မှန်း သူက ခံစားမိ၏။ အလောင်းများ ဖြစ်သည်ဆိုလျှင်တောင်မှ သူသည် ထိုအရာများ၏ အနောက်ဘက်တွင် ရှိနေသည့် လောကကြီးကို ရှာဖွေချင်မိ၏။ သို့ပေမဲ့ ရလဒ်သည် သူ့အား စိတ်ပျက်စေခဲ့၏။
အလောင်းနှစ်ခုသည် ပတ်သက်ဆက်နွယ်မှု တည်ရှိနေသည် ဆိုလျှင်တောင်မှ ကြီးကြီးမားမား တိုက်ခိုက်ခဲ့ပြီး နှစ်ယောက်လုံး သေဆုံးခဲ့ပြီဖြစ်၏။ ထို့အပြင် နှစ်ပေါင်းများစွာအတွင်း လေဟာနယ်ထဲသို့ လွင့်မျောလာခဲ့ခြင်း သာလျှင်ဖြစ်၏။ ၎င်းတို့နှစ်ယောက်ထဲမှ တစ်ယောက်၏ အမွေအနှစ်ကို ရရှိပြီးသည့်နောက် သူသည် တော်ဝင်အင်ပါယာ စဦးအဆင့်မှသည် အချိန်အတိုင်းအတာတိုအတွင်း အစစ်အမှန် အင်မော်တယ်အဆင့်သို့ ရောက်ရှိခဲ့သည်။
မြေအင်မော်တယ်လောက၏ ပြိုင်ဘက်ကင်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပြီး သူ၏ ခြေထောက်ဖြင့် မြေအင်မော်တယ်လောကကြီး တစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိအောင် ပြုလုပ်နိုင်၏။ အလောင်းမှ ချန်ခဲ့သည့် အမွေအနှစ်များကို အားကိုးပြီး လောကရှိ သက်ရှိသတ္တဝါအားလုံးကို ဆော့ကစားခဲ့၏။
သူသည် ပျင်းရိသည့် အချိန်မျိုးတွင် အမွေအနှစ်ဆီမှ ကျန်ရစ်ခဲ့သည့် နည်းစနစ်များကို အသုံးပြု၍ ကိုယ်ပွားကိုးခုကို ဖွဲ့တည်ခဲ့၏။ ကိုယ်ပွားတစ်ခုချင်းစီတိုင်းသည် ကိုယ်ပိုင်ဂုဏ်ပုဒ် တစ်ခုစီရှိ၏။ မတူညီသည့် ဂိုဏ်းဂဏ အသီးသီး ကိုလည်း ပိုင်ဆိုင်ကြ၏။ သူသည် ဤနည်းလမ်းကို အသုံးပြု၍ မြေအင်မော်တယ်လောက တွင် ရှိနေသည့် သက်ရှိ သတ္တဝါပေါင်းများစွာကို အရုပ်ကဲ့သို့ပင် ဆော့ကစားခဲ့လေသည်။
မူလအားဖြင့် အစစ်အမှန် အင်မော်တယ်အဆင့်တွင် သူသည် ရပ်တန့်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့၏။ မြေအင်မော်တယ်လောကထဲတွင် နေထိုင်ပြီး အသက်အရွယ် ကြီးရင့်ကာ သေဆုံးသွားမည့် အချိန်မျိုးကို စောင့်စားလျက် ရှိနေ၏။ သို့ပေမဲ့ ရုတ်တရက်ဆိုသလိုပဲ နိရယ အင်ပါယာဆိုသော အမျိုးသမီးတစ်ယောက် ပေါ်ပေါက် လာခဲ့၏။
ထိုအချိန်မှ သူသည် သတိပြန်ဝင်လာခဲ့၏။ မြေအင်မော်တယ်လောကတွင် ချန်ခဲ့သော တခြားသော အလောင်းကို ရရှိခဲ့သည့်သူသာလျှင် ဖြစ်ပေလိမ့်မည်။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် ထိုအလောင်း၏ ဆက်ခံသူကို သူရှာဖွေ တွေ့ရှိခဲ့သည်။