အပိုင်း (၄၁၄)
Vol. 28 Ch. 414
နိရယ အင်ပါယာ - ဤစကားစုသည် တခြားသော အင်အားစုများအတွက်တော့ ရည်မှန်းချက်ကြီးမားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ထက် မပိုချေ။ သို့ပေမဲ့ ထာဝရ အစစ်အမှန် အင်မော်တယ် အတွက်တော့ သူမသည် တကယ့်ကို တစ်သက်တာ ရန်သူဖြစ်၏။
ဤကိစ္စသည် လွယ်လွယ်ကူကူနှင့် ပြီးဆုံးသွားမည့် ကိစ္စမျိုးမဟုတ်မှန်း သူက သေသေချာချာ သိရှိ၏။ အမွေအနှစ်များကို နှစ်ဖက်လုံးက ဆက်ခံရရှိပြီးသည့်နောက် ကျိန်းသေပေါက် ငြိမ်ငြိမ်သက်သက်ဖြင့် နေထိုင်မည့် ဟန်ပန်မျိုးလည်း မရှိချေ။ ဤအရာသည် ကံကြမ္မာက သတ်မှတ်ထားခြင်း ဖြစ်သည်။
နိရယ အင်ပါယာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းသည် သာမန်ကိစ္စရပ်မျိုး မဟုတ်ပေ။ ထို့အပြင် သူမသည် ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် တော်ဝင်အင်ပါယာအဆင့် အားအင်ကို ထုတ်ဖော်ပြသခဲ့၏။ စွမ်းအားမြင့် ကျင့်ကြံသူ၊ ဂိုဏ်းဂဏအသီးသီးတို့သည် သူမ၏ အနောက်တွင် ကျန်ရစ်ခဲ့၏။
အားလုံးသောအရာများ၏ နောက်ကွယ်တွင် ထာဝရ အစစ်အမှန် အင်မော်တယ်သည် များပြားလှသည့် လှည့်ကွက်များကို ပြုလုပ်ပြီး ဒုက္ခပေးခဲ့သေး၏။ သို့ပေမဲ့ ကြိုးစားခဲ့သမျှ အရာအားလုံးသည် ရှုံးနိမ့်ခဲ့ရ၏။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ပင်လျှင် သတ်ဖြတ်လိုခြင်းဆန္ဒ အပြည့်ကို ထုတ်ဖော်ကာဖြင့် နိရယ အင်ပါယာဆီသို့ စေလွှတ်ခဲ့ဖူး၏။ သို့ပေမဲ့ ကံဆိုးစွာဖြင့် သူလှုပ်ရှားတိုက်ခိုက်မှု မပြုလုပ်ခဲ့ရချေ။ နိရယ အင်ပါယာ သည် အချိန်ပြည့် သတိနှင့် နေထိုင်နေသောကြောင့် သူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ပြန်လည် ရုတ်သိမ်းခဲ့ရသည်။
တော်ဝင်အင်ပါယာတစ်ယောက်နှင့် အစစ်အမှန် အင်မော်တယ်၏ ကြားထဲတွင် အားအင်ကွာခြားချက်က သိသာ လှသည်ဆိုလျှင်တောင်မှ သူမ၏ ဝှက်ဖဲများသည် တကယ့်ကို များပြားလွန်းလှ၏။
သူမ ယူဆောင်သွားသော အလောင်း၌ မည်မျှ များပြားလှသည့် လျှို့ဝှက်ချက်များ တည်ရှိနေမည်ကို သူက မရှင်းလင်းလှချေ။ အင်မော်တယ်တစ်ယောက် ဖြစ်ခဲ့သည် ဆိုလျှင်တောင် သူသည် ထိုအရာများကို ရှင်းရှင်းလင်းလင်း မသိရှိဟု ပြောဆိုရပေမည်။
အကူအညီမဲ့စွာဖြင့် သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများကို ခဏတာ ဖိနှိပ်ထားရန်သာ ရှိခဲ့၏။ သူ၏ ကိုယ်ပွားရှစ်ခုကို အခြေတည်ပြီးသည့်နောက် တချို့သော ကိုယ်ပွားများအား တံခါးပိတ်ကျင့်ကြံခိုင်းထားပြီး တချို့ကိုတော့ ကိုယ်ပိုင်အင်အားစုများအဖြစ် ဖွဲ့တည်ခိုင်းထား၏။ တချို့ကိုမူ နိရယအင်ပါယာအား ပုန်ကန်သည့် အဖွဲ့များအဖြစ် တည်ဆောက်ခဲ့သည်။
လက်ရှိအခြေအနေ၌ သူသည် အထက်စည်း၌ ရှိနေသည်ဆိုလျှင်တောင်မှ နိရယ အင်ပါယာ၏ လှုပ်ရှားမှုတိုင်းကို သူက စိုးရွံ့လို့ နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် အနာဂတ်သည် မသေချာသောကြောင့်ပင်။ နိရယ အင်ပါယာသည်သာ အင်မော်တယ် ဖြစ်လာသည်ဆိုပါက သူမ၏ လက်ထဲတွင် များပြားလှသည့် စွမ်းအားများကို ပိုင်ဆိုင်လာတော့မှာ သေချာ၏။
ထိုသို့ဆိုလျှင် သူ၏ နတ်ဘုရားမူလ အသွင်ပြောင်းခြင်းကိုးမျိုး နည်းစနစ်သည် နိရယ အင်ပါယာ၏ နည်းစနစ်ကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ဟု ထာဝရ အစစ်အမှန် အင်ပါယာက သိနားလည်ထားသည်။ ထို့အပြင် နှစ်ယောက်လုံးသည် တခြားသောလောကဆီမှ အမွေအနှစ်များကို ဆက်ခံရယူထားခြင်း ဖြစ်၏။ အမွေအနှစ်များ ၏ အမြင်အရဆိုလျှင် သိသာကွာခြားလှခြင်း မရှိချေ။ ကွာခြားချက်သည် ကျင့်ကြံသူ၏ အပေါ်တွင်သာ မူတည်သည်။
နိရယ အင်ပါယာတစ်ယောက် အနာဂတ်တွင် ရန်ငြိုးထားလာမည်ကို ကာကွယ်ရန် အတွက် သူ့တွင် ရွေးချယ်ခွင့် မရှိတော့ချေ။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိလာပြီး ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်၏ စိတ်ဆန္ဒကို လာရောက်မေးမြန်းခြင်းသာလျှင်ဖြစ်၏။ သာမန်ထက် ပိုလွန်းလှသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်တွင် ထူးခြားသည့် နည်းလမ်းများ တည်ရှိနေသည်လား။
တခြားတစ်ဖက်က ကြည့်ရမည်ဆိုလျှင် သူ၏ တည်နေရာကို လွှမ်းမိုးခံရသည့်အကြောင်းနှင့်ပတ်သက်၍ ဂရုစိုက် လိမ့်မည် မဟုတ်ချေ။ များပြားလှသည့် ကိုယ်ပွားများကို ပေါင်းစပ်လိုက်မည်ဆိုပါက မြေအင်မော်တယ်လောက အတွင်း ရှိနေသော အင်အားစု အနည်းငယ်ပင်လျှင် သူ၏ လွှမ်းမိုးမှုကို ကျော်နိုင်လိမ့်မည် မဟုတ်ချေ။ ကျောက်စိမ်းလေဟာနယ်ပင်လျှင် သွေးပျက်သွားပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် မြေအင်မော်တယ်လောကကြီး ခရမ်းရောင်နက်နဲလောကကြီးကို တိုက်ခိုက်သည့်အချိန်၌ မပါဝင်၊ မပတ်သက်ခြင်းပင် ဖြစ်၏။
လောကကြီးနှစ်ခု ပေါင်းစပ်သည့် စဦးအဆင့်တွင်ပင်လျှင် သူက ကောင်းကင်မူလလောကထဲသို့ ရောက်အောင် လာခဲ့၏။ သူ၏ ကိုယ်ပွားများကို အရင်ကတည်းက အဆင့်နိမ့်လောကများထဲသို့ ပေးပို့ခဲ့ဖူးသည် ဖြစ်သောကြောင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သူလာရောက်ခြင်းသည် ဒုတိယအကြိမ် လာရောက်ခြင်း ဟုပင် ခံစားနေမိသည်။
“ကျုပ် စီနီယာကို့ မေးချင်ပါတယ်။ စီနီယာ.. ကျုပ်ရဲ့ အမွေအနှစ် တည်ရှိတဲ့ တည်နေရာက ဘယ်လောကကြီးလဲ ဆိုတာ သိချင်ပါတယ်” တော်ဝင်အင်ပါယာတိုင်ရီသည် သူ၏ အတွင်းစိတ်ထဲတွင် ဖြစ်တည်နေသည့် တုန်လှုပ်မှု များကို ဖိနှိပ်ကာဖြင့် မေးမြန်းလိုက်၏။
“ခင်ဗျား ဘယ်လောက်များများ သိချင်တာလဲ”
လီယွင်က လှမ်းကာ ပြန်ပြောလိုက်၏။ ပြီးနောက် ထပ်ကာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲမှာ ခင်ဗျားအနေနဲ့ တက်နိုင်တဲ့ ပမာဏကို ပေးနိုင်မယ် ဆိုရင် အရာအားလုံးကို သိနိုင်တယ်။ အသင်္ချေ များပြားတဲ့ လောကတွေအကြောင်း၊ ပြီးတော့ အတိတ်တွေ၊ အနာဂတ်တွေ အကြောင်းကိုရောပေါ့”
“အသင်္ချေ များပြားတဲ့လောကတွေ၊ အတိတ်တွေ၊ အနာဂတ်တွေ အကြောင်းဟုတ်လား”
တော်ဝင်အင်ပါယာတိုင်ရီ ၏ နှလုံးသားတစ်ခုလုံးသည် လှုပ်ရှားသွားခဲ့၏။ အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် သူက ပြန်လည်ကာ မေးမြန်းလိုက်၏။
“စီနီယာ... ငရဲအင်ပါယာရဲ့ အနောက်မှာရှိတဲ့ အင်အားစုက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလဲဆိုတာ ကျုပ်ကို ပြောနိုင်မလား။ ပြီးတော့ ဘယ်လောက်တောင် ခန့်မှန်းရခက်လဲ။ ပြီးတော့ သူတို့အထဲက တစ်စုံတစ်ယောက်က အနာဂတ်မှာ မြေအင်မော်တယ်လောကကြီးကို ဆင်းသက်လာနိုင်သေးလား။ ဒါကြောင့်မလို့ ဂုဏ်ယူရပါတဲ့ စီနီယာက လောကကြီးကို ကြိုတင်ကာ ပေါင်းစပ်ခဲ့တာလား”
ပြောနေတုန်းမှာပဲ သူသည် အင်မော်တယ်အဆင့် ဆေးလုံးများကို ထုတ်ယူကာဖြင့် စားပွဲပေါ်သို့ တင်လိုက်သည်။
“ဒါက တကယ့်ကို ရက်ရောတဲ့ ကိစ္စရပ်မျိုးပါပဲ။ ဒါပေမဲ့” လီယွင်သည် မိုးကောင်းကင်ဆေးလုံးများကို အသာ သိမ်းဆည်းပြီးသည့်နောက် ဆက်လက်ကာပြောလိုက်၏။ “တန်ဖိုးက မလုံလောက်သေးဘူး။ ကျုပ်အနေနဲ့ ခင်ဗျားရဲ့ မေးခွန်းသုံးခုထဲက တစ်ခုကိုပဲ ဖြေလို့ရတယ်။ နိရယ အင်ပါယာရဲ့ လက်ထဲမှာ ရှိနေတဲ့ အမွေအနှစ်က ငရဲလောကကနေ မူလ ဖြစ်တည်လာခဲ့တာပဲ။ အဲဒီခေတ်ကာလတုန်းက ငရဲလောကကြီးထဲမှာ အင်မော်တယ် အင်ပါယာ တစ်ယောက် ရှိခဲ့တယ်”
“အင်မော်တယ် အင်ပါယာ ဟုတ်လား”
တော်ဝင်အင်ပါယာတိုင်ရီက အံ့အားသင့်သွား၏။ အင်ပါယာဆိုသည့် စကားလုံးသည် သူ နားလည်ထားသည် အင်ပါယာ နှင့် ကွဲပြားမှု ရှိနေမည်ကို သူက ကောင်းကောင်းနားလည်နေမိ၏။ ထိုလောကကြီးကို သူမကြားဖူးသလို မြင်လည်း မမြင်ဖူးချေ။ သူစိတ်ကူးထား၍ပင် မရနိုင်သည့် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေမှာ သေချာ၏။ အော်ရာသီးသန့်နှင့်ပင် သူကို သေဆုံးသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည့် စွမ်းအားမြင့် ကျင့်ကြံသူများ တည်ရှိနေမှာ အမှန်ပင်။
“အရမ်းကြီး တွေးနေဖို့ မလိုဘူး။ ဒီလို စွမ်းအားမြင့် ကျင့်ကြံသူတွေက အချိန်မြစ်ရေစီးကြောင်းကိုတောင် ကျော်ဖြတ်နိုင်တယ်။ အတိတ်တွေ၊ အနာဂတ်တွေကို ဖျက်ဆီးနိုင်တယ်။ သူတို့ကို ဖျက်ဆီးသုတ်သင်ပစ်လို့ မရနိုင်ဘူးလို့ သုံးသပ်လို့ရတယ်” လီယွင်က ထပ်ကာ ပြောလိုက်၏။
ဤသတင်းအချက်အလက်သည် ယုတ္တိဗေဒ အရဆိုလျှင် အလွန်ပင် တန်ဖိုးကြီးမားသည့် အရာဖြစ်၏။ နိရယ အင်ပါယာသည် ထိုကိစ္စကို သိရှိပြီးသား ဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူသည် တော်ဝင်အင်ပါယာတိုင်ရီဆီမှ အနည်းငယ်သော ငွေကြေးပမာဏကိုသာ ရယူကာ သတင်းကို ပေးအပ်ခဲ့ခြင်းဖြစ်၏။ ငရဲလောက ထိပ်ဆုံးအချိန်၌ ရှိနေသည့် အတောအတွင်း အင်မော်တယ် အင်ပါယာကဲ့သို့သော စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်ထက်မက တည်ရှိနေမည်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
“အချိန်ရဲ့ မြစ်ရေစီးကြောင်းကိုတောင် ကျော်ဖြတ်နိုင်တယ်”
တော်ဝင်အင်ပါယာတိုင်ရီသည် ကြောင်အသွားမိ၏။ ထိုစကားစုကို သူပထမဦးဆုံး ကြားခဲ့ဖူးခြင်းသာဖြစ်၏။ အန္တိမလမ်းစဉ် ဆိုသည်မှာ လူပေါင်းများစွာတို့ လိုချင်သည့် အရာသာလျှင်ဖြစ်၏။ ငရဲလောကကြီးသည် ဤမျှ အားကောင်းသည်ဆိုပါက သူ၏ အနောက်ဘက်တွင်လည်း ကြီးမားလှသည့် ကြောက်မက်ဖွယ်ရာ အင်အားစုကြီး တည်ရှိနေရမည် မဟုတ်ပါလား။
ထို့အပြင် အလောင်းနှစ်ခု ရောက်ရှိလာသည့် အချိန်တွင် တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး လက်ရည်ညီခဲ့သည့်ပုံလည်းပေါ်၏။ ထို့ကြောင့် သူ၏ အနောက်ဘက်တွင်လည်း အင်မော်တယ် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တည်ရှိနေမှာ သေချာ၏။ ထို့ကြောင့် သူသည် စိတ်သက်သာရာ ရသွားသလို ခံစားနေမိ၏။
“အများကြီး တွေးမနေနဲ့။ ငရဲလောကရဲ့ နိယာမတွေက ပြန်လည်မွေးဖွားခြင်းကို ဖန်တီးဖို့ပဲ။ အသင်္ချေများပြားတဲ့ မျိုးနွယ်စုမှာရှိတဲ့ လူတွေက ထာဝရ နေထိုင်နိုင်စွမ်း မရှိဘူး။ ဒီတော့ ပြန်လည်မွေးဖွားခြင်းနည်းလမ်းကို ကျိန်းသေပေါက် သုံးရလိမ့်မယ်။ ဒီနည်းလမ်းက တခြားအဖွဲ့အစည်း တော်တော်များများကို သွားပြီး ထိခိုက်မိ တယ်လေ။ ခင်ဗျားလက်ထဲမှာရှိတဲ့ အမွေဆက်ခံသူအတွက်တော့ အဲဒီအင်အားစုတွေ အများကြီးထဲက တစ်ယောက်သာသာပါပဲ” လီယွင်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
ထိုစကားသည် အင်ပါယာတိုင်ရီအား ရေခဲရေနှင့် ပက်လိုက်သကဲ့သို့ပင် တစ်ကိုယ်လုံး အေးစက်သွားစေ၏။ အလုံးစုံလည်း ဆွံအနေမိ၏။ အင်အားစုနှစ်ခုသည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လျက် ရှိနေ၏။ ပိုမိုအားကောင်းသည့် အဖွဲ့သည် အားနည်းသည့်အဖွဲ့ကို သုတ်သင်ရှင်းလင်းပစ်သည်မှာ သဘာဝပင်ဖြစ်၏။ ဤအရာသည် ခေတ်အဆက်ဆက် မပြောင်းလဲနိုင်ခဲ့သည့် စည်းမျဉ်းနိယာမပင် ဖြစ်၏။
စကားလုံး အလှည့်အပြောင်းကို နားထောင်ပြီးနောက် သူသည် လက်ရှိအချိန်၌ ဘာတစ်ခုမှ မတုံ့ပြန်နိုင်သေးချေ။ ခံစားမှုများလည်း အလွန် မြင့်မားလျက် ရှိနေ၏။ ထို့အပြင် ငရဲလောကကြီး၌ တကယ့်ကို ကြီးမားသည့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက် ရှိခဲ့ပြီး သူ၏လက်ထဲတွင် ရှိနေသည့် အမွေအနှစ် ၏ မြစ်ဖျားခံရာ ကျင့်ကြံသူမှာတော့ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ တစ်ယောက် ဖြစ်လို့နေသည်။ သောက်ကျိုးနည်း ကိစ္စပင်။
တွေးကြည့်ရမည်ဆိုလျှင် သူသည် သန်းထောင်ချီသော ငွေကြေးများကို လက်လွှတ်ခဲ့ရသည့် ဆင်းရဲသား တစ်ယောက်ကဲ့သို့ပင် ခံစားနေမိ၏။ သူ၏ရှေ့တွင် ရှေးဆန်လှသည့် အလောင်းနှစ်ခုက တည်ရှိခဲ့၏။ တစ်ခုကို ရွေးချယ်ခွင့်ရခဲ့၏။ တစ်ခုသည် ငရဲလောကကြီး၏ နောက်ခံဖြစ်ပြီး တခြားတစ်ခုမှာတော့ ဘာမှန်းမသိသည့် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူ မည်မျှ ကံဆိုးလိုက်သနည်း။ သူသည် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူ၏ အမွေအနှစ်ကို ရယူခဲ့သည်။
“ခင်ဗျားရဲ့ ရွေးချယ်မှုကို ခင်ဗျား ကျေးဇူးတင်သင့်တယ်”
လီယွင်က ပြောလိုက်၏။ “ငရဲလောကကြီးက အားကောင်းတယ်ဆိုပေမဲ့ အစောကြီးကတည်းက ပျောက်ကွယ်သွားခဲ့ပြီ။ ခင်ဗျားသာ ငရဲလောကကို ရွေးချယ်ခဲ့မယ်ဆိုရင် လောကအားလုံးရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်။ အခု မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါ တွေက ခင်ဗျားကို လက်ခံနေသေးတယ်။ ငရဲလောက တည်ရှိနေတယ်ဆိုတာကို တခြား စွမ်းအားမြင့် ကျင့်ကြံသူ တွေက သိရှိမယ်ဆိုရင် အကျိုးဆက်ကတော့….။ ကျွတ် ကျွတ် ကျွတ်”
လီယွင်သည် ဆက်လက်ကာ စကားမဆိုပဲ ကျွတ်သာ ထိုးလိုက်၏။
ကျင့်ကြံသူများ အားလုံးသည် အန္တိမ လမ်းစဉ်ကို မျှော်မှန်းကြ၏။ အတွေးအမြင်လည်း ကောင်းမွန်လွန်းလှသည်။ ပြန်လည်မွေးဖွားခြင်း နည်းလမ်းကို အတင်းအသုံးပြုကာ ပြုလုပ်ခြင်း ဆိုသည်မှာ အရာအားလုံးကို ထိန်းချုပ်ရန် ကြိုးစားခြင်းနှင့်ဆင်တူ၏။ ကျင့်ကြံသူများ အားလုံးသည် ထိုကဲ့သို့သာ ပြုလုပ်ခံရမည်ဆိုပါက ကျိန်းသေပေါက် ရူးသွပ်သွားမှာဖြစ်သည်။
သာမန်လူများအတွက် ပြန်လည်မွေးဖွားခြင်းနည်းလမ်းဆိုသည်မှာ ကောင်းမွန်သည့်အရာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ စွမ်းအားမြင့် ကျင့်ကြံသူများ အတွက်တော့ ထိုသို့ မဟုတ်ပေ။