← Chapters

အပိုင်း (၄၁၇)

Vol. 28 Ch. 417

အပိုင်း (၄၁၇)

Vol. 28 Ch. 417

တိုက်ပွဲတည်နေရာထဲမှာတော့ အလုံးစုံ ငြိမ်သက်သွားခဲ့၏။ အင်ပါယာတိုင်းသည် သဘောတူညီမှုများ ပြုလုပ်ထားသလိုပင် ၎င်းတို့၏ တိုက်ခိုက်ချက်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြ၏။ မျက်လုံးပေါင်း များစွာတို့သည် အောင်းရွှမ်ဆီသို့ ရောက်ရှိလာခဲ့၏။

အောင်းရွှမ်အနေဖြင့် ကြီးမားလှသည့် ဖိအားကြီး ကိုပင် ခံစားလာမိခဲ့၏။ လက်ရှိ ရောက်ရှိနေသည့် အင်ပါယာတိုင်း သည် သူ့အားလွယ်လွယ်ကူကူနှင့် ဖိနှိပ်နိုင်စွမ်း ရှိနေ၏။ အင်ပါယာတိုင်းသည် သူ့၌ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ပေးအပ်ရန် ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခု လိုအပ်နေကြောင်းကို သိရှိပြီးဖြစ်၏။ ထို့ကြောင့် ကြုံလာနိုင်သည့် အကျိုးဆက်ကို နားလည်ပြီးသား ဖြစ်လိမ့်မည်။ ထို့ပြင် ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခုသာဖြစ်၏။ ထိုအရာသည် မည်သည့်အင်ပါယာမဆို လွယ်လွယ်ကူကူနှင့် တတ်နိုင်သော အရာဖြစ်၏။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က တကယ့်ကိုခန့်မှန်းလို့မရတဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားလို လူတစ်ယောက် ရဲ့ တည်ရှိမှုကို ဘယ်လိုလုပ်ပြီး ဂရုစိုက်နေရမှာလဲ" တိုက်ပွဲဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည် အင်ပါယာသည် အောင်းရွှမ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ပြီးတော့ ခင်ဗျားက အခုမှ အင်ပါယာဖြစ်လာတာလေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ဘယ်လိုအကြွေးမျိုး တင်နေတာလဲ"

"ခင်ဗျားစမ်းကြည့်လိုက်လေ။ "

အောင်းရွှမ်သည် စိတ်ထဲတွင် တုန်ယင်နေသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ကာ ပြောလိုက်၏။

"ကောင်းပြီ"

အစောက အင်ပါယာတစ်ယောက်သည် ပြန်ပြောရန် ပြင်လိုက်သည့် အချိန်မှာပဲ အလင်းတန်းတစ်ခုက ပျံသန်းလာ၏။ သူသည် ထိုအရာကို ဖမ်းယူပြီး ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုကြည့်လိုက်၏။ သူ၏ မျက်နှာအသွင်အပြင်သည် ရုတ်တရက်ဆိုသလိုပဲ အေးစက်သွားလေ၏။ ပြီးနောက် လေသံ ပြောင်းလဲသွားသည်။

"ဒီနေ့မှာ ကျုပ် ခင်ဗျားရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်။ ခင်ဗျားကြောင့်တော့ မဟုတ်ဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင် အပေါ် လေးစားမှုကြောင့်ပဲ။ ဒီတစ်ကြိမ်တော့ ခင်ဗျားကို လက်လွတ်ပေးလိုက်မယ်"

ထာဝရအစစ်အမှန် အင်မော်တယ်သည် နတ်ဘုရားအသွင်ပြောင်းနည်း ကိုးမျိုးကို ကျင့်ကြံခဲ့၏။ ထို့ကြောင့် ၎င်းသည် ကိုးပွားရှစ်ခုကို သန့်စင်နိုင်စွမ်း ရှိနေ၏။ တစ်ယောက်ချင်းစီတိုင်းတွင် အသွေးအသားနှင့် ခန္ဓာကိုယ်တို့ တည်ရှိနေပြီး မတူညီပဲ ခြားနားသည့် အတွေးအခေါ်များလည်း တည်ရှိနေ၏။

လက်ရှိအချိန်မှာတော့ တိုက်ပွဲဝင်ချပ်ဝန်ကို ဝတ်ဆင်ထားသည့် အင်ပါယာသည် အင်ပါယာတိုင်ရီ ဆီမှ သတင်း အချက်အလက်ကို ရရှိခဲ့၏။ ထာဝရအစစ်အမှန် အင်မော်တယ်၏ အစစ်အမှန် ခန္ဓာကိုယ်သည် တံခါးပိတ်ကျင့်ကြံလျက် ရှိနေပြီး ကိုယ်ပွားရှစ်ယောက်တို့အနေဖြင့် မြေအင်မော်တယ် လောကဆီသို့ အလျင်အမြန် ပြန်လာရန် လိုအပ်နေ၏။ နိရယအင်ပါယာဖန်တီးထားသော အစီအရင်များကို ဖျက်ဆီးရန် လိုအပ်နေသည်။

သူတို့သည်သာ ပူးပေါင်းပြီး တိုက်ခိုက်ပါက ကျိန်းသေပေါက် အခြေအနေတစ်ခုဆီသို့ ပြောင်းလဲသွားမှာ သေချာ၏။ ထာဝရအစစ်အမှန် အင်မော်တယ်၏ နည်းဗျူဟာသည် ဤအရာပင် ဖြစ်၏။

"အနာဂတ်မှာ ကျုပ်တို့ထပ်ပြီး တွေ့ကြမယ်"

ချပ်ဝတ်နှင့် အင်ပါဟာသည် ခပ်တည်တည်နှင့် ပြောဆိုလိုက်၏။ သူ၏အသံသည် ခပ်ဝေးဝေး တည်နေရာဆီသို့ မရောက်ခင်မှာပဲ သူသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကြည့်ရှုနေသူများ အားလုံးတို့သည် ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်မိကြသည်။

ဒါက

ခရမ်းရောင် နက်နဲလောကကမှ အင်ပါယာသည်လည်း နဝေတိမ်တောင် ဖြစ်လို့နေ၏။ လက်ရှိအချိန်တွင် ဘာတွေ ဖြစ်နေသည်ကို သေသေချာချာ မသိရှိချေ။ မြေအင်မော်တယ် လောကမှ အင်ပါယာသည် အဘယ့်ကြောင့် ရုတ်တရက် ထွက်ခွာသွားရသနည်း။ မည်မျှအရေးကြီးသည့် သတင်းအချက်အလက်ကို ရရှိသောကြောင့် ထွက်ခွာသွားရသနည်း။

ကောင်းကင်လျို့ဝှက် နန်းဆောင်ဆီမှ သတင်းအချက်အလက်များလား။ ဤကဲ့သို့သော မှန်းဆမှုများသည် သူတို့၏ နှလုံးသားထဲတွင် ဖြစ်တည်လာခဲ့၏။ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် အထူးသဖြင့် အားနည်းလွန်းလျက် ရှိ၏။ သို့ပေမဲ့ ၎င်းတို့အနေဖြင့် ပြုလုပ်မည့် အရာများကို သေသေချာချာ စဥ်းစားရန် လိုအပ်နေ၏။ ကံကြမ္မာကို ငြင်းပယ်ခြင်း သို့မဟုတ် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ပုန်ကန်ခြင်း ဆိုသည်မှာ သေဆုံးခြင်းအဖြစ်သို့ပင် ရောက်ရှိနိုင်၏။

ရှုပ်ထွေးကြယ်ပင်လယ်သည် သီးခြားတည်ရှိနေသည့် နေရာဖြစ်လျှင်တောင်မှ သတင်းရောက်ရှိရန်မှာတော့ ခက်ခဲလှသည် မဟုတ်ချေ။ ထို့ပြင် အင်ပါယာများအနေဖြင့် လွယ်လွယ်ကူကူ လမ်းပျာက်နိုင်သော်လည်း ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွက်တော့ ထိုအရာသည် အဓိပ္ပာယ် မရှိလှချေ။ အောင်းရွှမ်သည်သာ တကယ်တမ်း ကောင်းကင်လျို့ဝှက် နန်းဆောင်နှင့် ချိတ်ဆက်မှု တည်ရှိသည် ဆိုပါက ၎င်းကို သတ်ဖြတ်ပေလိမ့်မည်။

"ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ" ခရမ်းရောင် နက်နဲလောက ၏ အင်ပါယာသည် လေးနက်စွာဖြင့် မေးမြန်းလိုက်၏။ သူ၏ဘေးတွင်တော့ လင်းရှောင်နှင့် တခြားသော တားမြစ်တည်နေရာမှ အင်ပါယာများ တည်ရှိလို့နေခဲ့သည်။

ကောင်းကင်မူလလောကကြီး၏ အင်ပါယာများသည်လည်း အတွေးနက်လျက် ရှိနေကြ၏။ တစ်ယောက်ချင်း စီတိုင်း သည် လက်ရှိအခြေအနေ၏ လေးနက်ပုံကို သိရှိပြီးဖြစ်၏။ ကောင်းကင်မူလလောကကြီး ၏ အင်ပါယာသည် လေဟာနယ်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ ၎င်း၏ အထက်တွင် အဆုံးမဲ့ မဲမှောင်သည့် အရာများသာ တည်ရှိနေပြီး မည်သည့်အသံမှ မကြားရချေ။

"နောက်ကိုဆုတ်ရအောင်" အင်ပါယာ တစ်ယောက်သည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။

ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ အားအင်အဆင့်ကို အားလုံးက သိရှိပြီးဖြစ်၏။ အောင်းရွှမ်အနေဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်၏ နာမည်ကို ကြုံသလို အသုံးပြု၍ ရနိုင်သည့် လူမျိုး မဟုတ်ချေ။ ယခု ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီမှ တုံ့ပြန်မှုကို ပြန်လည် မရရှိသောကြောင့် ကျိန်းသေပေါက် သဘောတူပြီးသား ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဝင်ရောက်ကာ လှုပ်ရှားခြင်း ဆိုသည်မှာ လွန်ကဲသည့် အခြေအနေဆီသို့ ရောက်ရှိနိုင်သည့် အရာမျိုးပင်။

ထိုစကားကို ပြောဆိုပြီးသည့်နောက် အင်ပါယာတစ်ယောက်ချင်းစီတိုင်းသည် ထွက်ခွာသွားခဲ့ကြ၏။ တည်နေရာ မှာတော့ မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့သည် စိတ်သက်သာရာ ရသလို သက်ပြင်းချကာ ကျန်ရှိခဲ့ကြ၏။

"တာအိုရောင်းရင်း အောင်းရွှမ် …. ခင်ဗျား ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ဘာတွေ အကြွေးတင်ခဲ့တာလဲ"

အစီအရင်ထဲမှာတော့ မုန့်ရှင်းကျီသည် ဒဏ်ရာများကို ပွတ်သပ်ကာဖြင့် စိတ်ဝင်တစား မေးမြန်းလိုက်သည်။

“အင်း …”

အောင်းရွှမ်က တွန့်ဆုတ်နေ၏။ ပြီးနောက် သူသည် တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "တန်ဖိုးကြီးရတနာတစ်ခုပါပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသွားဖို့ ကျုပ်အလုပ်များနေလို့လေ။ အဲတာကြောင့် နှောင့်နှေးနေတာပေါ့။ "

“ဪ”

မုန့်ရှင်းကျီသည် အမှတ်မထင်ဘဲ ပြန်လည်ကာ ပြောဆိုလိုက်သည်။ "ဒီတစ်ကြိမ်မှာ တာအိုရောင်းရင်း အောင်းရွှမ်ရဲ့ အချိန်ကိုက်ဝင်ရောက် ကူညီမှုကို ကျေးဇူးတင်ရမယ်။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို အတူတူသွားတာပေါ့"

"ကောင်းတာပေါ့"

အောင်းရွှမ်သည် ငြင်းပယ်မနေခဲ့ချေ။ သူသည် ကျိန်းသေပေါက် ကောင်းကင်လျှို့ဝှက် နန်းဆောင်ဆီသို့ သွားရ ပေလိမ့်မည်။ ကွာစီအင်ပါယာအဆင့် ပစ္စည်းနှစ်ခုကို ပေးအပ်ရန် နှောင့်နှေးနေခြင်းသည် ကျိန်းသေပေါက် နန်းဆောင်သခင် သဘောမတွေ့မည့် အရာမျိုးပင်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်နောက်ခံရှိသည်ဟု ပြောဆိုခဲ့ခြင်း သည် တစ်ကြိမ်တည်းသာ အသုံးပြု၍သည့် အရာဖြစ်၏။ ထပ်မံကာ အသုံးပြုပါက ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် သည် ကျိန်းသေပေါက် မျက်နှာသာ ပေးလိမ့်မည် မဟုတ်ချေ။

"ဒါနဲ့ မြေအင်မော်တယ်လောကရဲ့ အင်ပါယာက ဘယ်လိုသတင်းအချက်အလက်တွေ ရရှိခဲ့လဲ ဆိုတာ သိလား။"

ရှုပ်ထွေးကြယ်ပင်လယ်ထဲတွင် အရာအားလုံးသောသူတို့သည် လမ်းပျောက်နိုင်၏။ သို့ပေမဲ့ တစ်စုံတစ်ယောက် သည် သတင်းအချက်အလက်ကို ပေးပို့နိုင်စွမ်း ရှိနေ၏။ မယုံကြည်နိုင်စရာပင်။ သူသိရှိသလောက် ကောင်းကင်လျှို့ဝှကိ နန်းဆောင်မှလွဲလျှင် ထိုကဲ့သို့သော အရာမျိုးကို မည်သူမှ မပြုလုပ်နိုင်ချေ။ သို့ပေမဲ့ နန်းဆောင်သခင် သည် ဤမျှ ဒုက္ခခံလိမ့်မည် မဟုတ်ချေ။

"မြေအင်မော်တယ်လောကက အင်မော်တယ်တွေ ပြည့်နေတဲ့ လောကလေ။ ဒီတော့ ဆန်းကြယ်တဲ့အရာ မဟုတ်ဘူး”

အောင်းရွှမ်သည် စိတ်ထဲမထားချေ။ သူသည် ခပ်ဝေးဝေး တည်နေရာဆီသို့ လှမ်းလျှောက်ရင်း မှတ်ချက်ပေးလိုက်၏။ ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် သူ၏ဒဏ်ရာများသည် ကောင်းမွန်လာခဲ့၏။

"ဟုတ်လား"

မုန့်ရှင်းကျီသညိ မျက်မှောင်ကုတ်လိုက်၏။ ဘာမှန်းမသိဘဲ သူသည် သာမန်ထက်ပိုသည့် အကြောင်းအရာများကို ခံစားမိ၏။ သို့ပေမဲ့ ဘာဖြစ်သည်ကို သေသေချာချာ မသိရှိချေ။ ရှုပ်ထွေးကြယ်ပင်လယ်ထဲမှ ထွက်ခွာသွားပြီးမှသာလျှင် ဘာတွေဖြစ်နေသည်ကို သူရှာဖွေနိုင်ပေလိမ့်မည်။

မုန့်ရှင်းကျီနှင့် အောင်းရွှမ်တို့ ဒဏ်ရာများ ကို ကုသလျက် ရှိနေတုန်းမှာပဲ ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ ကြယ်ပင်လယ်တစ်ခုတွင် အင်ပါရီယန် နန်းဆောင်ကြီးတစ်ခုက တည်ရှိနေ၏။ ထိုနန်းဆောင်ကြီးဆီမှ တော်ဝင်တာအို၏ အရိပ်အာဝါသများ ထွက်ပေါ်လျက် ရှိနေပြီး များပြားလှသည့် အင်မော်တယ် နိယာမများသည် လိမ်ယှက်ကာ ဖြစ်တည်နေ၏။

အဓိကဟောခန်း၏ ထဲတွင်တော့ အင်ပါယာမိုယွမ်သည် အလယ်ဗဟို၌ မတ်မတ်ရပ်လျက် ရှိ၏။ ၎င်း၏ ခန္ဓာကိုယ် သည် သွေးများစွန်းထင်နေပြီး စုတ်ပြတ်သပ်လို့နေ၏။ မည်သူမှ မချဥ်းကပ်ရဲချေ။ ၎င်း၏အရှေ့ တည်နေရာ ထဲတွင်တော့ ကြောက်မက်ဖွယ် ကောင်းလှသည့် လူတစ်ယောက်သည် ငြိမ်ငြိမ်သက်သက်နှင့် ထိုင်လျက် ရှိနေ၏။ ၎င်းဿည် ရှိရှိသမျှကို ဖိနှိမ့်ထားပြီး လှုပ်ရှားမှု တစ်ခုတည်းကပင်လျှင် မောက်မာလွန်းလှ၏။

"ခရမ်းရောင်နက်နဲလောကကြီးက ပျက်စီးသွားပြီ"

အေးစက်လှသည့် အသံတစ်ခုက ပြန့်နှံ့သွားတော့၏။ ၎င်း၏ အသံနောက်တွင် ဝိညာဥ်များ၏ အော်ငြီးသံကဲ့သို့ပင် ထွက်ပေါ်နေလေသည်။

All Chapters