← Chapters

အပိုင်း (၄၁၉)

Vol. 29 Ch. 419

အပိုင်း (၄၁၉)

Vol. 29 Ch. 419

“သူများတွေရဲ့ အသက်ကိုယူတာ အကျိုးအကြောင်း ဆီလျော်မှုရှိတယ် ဟုတ်လား” အင်ပါယာမိုယွမ်သည် အေးစက်စက်ဖြင့် မေးမြန်းလိုက်မိ၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ မဝင်ရောက်ခင်က သူသည် ထိုကဲ့သို့သော အတွေးအခေါ်နှင့် ယုံကြည်ချက်မျိုး မရှိချေ။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီမှ ပြန်လည်ထွက်ခွာလာသည့်အချိန် မှာတော့ သူ၏ အတွေးများသည် တစ်ရာရှစ်ဆယ့် ဒီဂရီဆီသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ လုံးလုံး ဆန့်ကျင်ဘက်ပင်။ သူ၏ မျက်လုံးထဲတွင် လက်ရှိ နိရယအင်ပါယာဆိုသည်မှာ အတိတ်က သူ့ကိုယ်သူ ပြန်လည် မြင်နေရသကဲ့သို့ပင်။

“ငရဲလောကကြီးရဲ့ မူရင်းအရင်းအမြစ်ကို ကျုပ်မသိဘူး။ ပြီးတော့ သိလည်း မသိချင်ဘူး။ ဒီတော့ ကျုပ်သိတာ တစ်ခုက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ မူလအရင်းအမြစ်က ခင်ဗျားတွေးခေါ်ထားတာထက် ပိုပြီး ကြောက်မက်ဖို့ ကောင်းတယ်ဆိုတာပဲ”

အင်ပါယာမိုယွမ်၏ မျက်နှာသွင်ပြင်သည် အေးစက်လျက် ရှိနေ၏။ “နိရယလောက(ပြည်) ရဲ့ လက်ရှိ ပြုမူဆောင်ရွက်ပုံက အနှေးနဲ့အမြန်ဆိုသလို ဖျက်ဆီးခံရခြင်းနဲ့ ကြုံလိမ့်မယ်”

“ဟုတ်လား”

ခမ်းနားလွန်းလှသည့် ဟောခန်းကြီး၏ အတွင်းဘက်ဆီမှ လေးနက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုအသံသည် ငြင်းပယ်ခြင်း မဟုတ်သလို အတည်ပြုခြင်းလည်း မဟုတ်ပေ။ လက်တစ်ချောင်းကို အသာ တောက်ထုတ်လိုက်ပြီးသည့်နောက် ကြမ်းတမ်းလှသည့်ရောင်စဉ်များ ဖြစ်ပေါ်လာခဲ့ပြီး အင်ပါယာမိုယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့၏။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၊ ကောင်းကင်လျှို့ဝှက်နန်းဆောင်... ကျွန်မ သွားလည်မယ်”

“ဟမ်” အင်ပါယာမိုယွမ်သည် မျက်မှောင်ကုတ်လိုက်၏။ သူသည် နိရယအင်ပါယာ ချန်ထားခဲ့သည့် အမှတ်စည်း သင်္ကေတကို ကြည့်ရှုကာ တုန်လှုပ်နေမိ၏။ နောက်ဘက်သို့ ခြေနှစ်လှမ်း လှမ်းပြီးသည့်နောက် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားခဲ့တာလဲ”

“ဘာမှ မဟုတ်ပါဘူး။ ကျွန်မ ပိုင်ဆိုင်တဲ့ အရာတစ်ခုဖြစ်ကြောင်း သတ်မှတ်ခဲ့တာလေ” နိရယ အင်ပါယာသည် ထူးမခြားနားသလို ပြန်လည်ကာ ဖြေဆိုလိုက်သည်။

သင်္ကေတတစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် နှိုင်းယှဉ်၍ မရနိုင်သည့် နတ်ဘုရားအသိစိတ်များ ပါဝင်လျက် ရှိနေပြီး လောကကြီးတစ်ခုလုံး တုန်ခါသွားစေခဲ့၏။ အင်မော်တယ်အလင်းတန်းများ ထွန်းတောက်လာပြီး သည့်နောက် ထိုအလင်းတန်းများသည် အင်ပါယာမိုယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ဟောခန်းကြီး တစ်ခုလုံးသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် အသံများ ထွက်ပေါ်လာခဲ့၏။ ခဏ အတွင်းမှာပဲ အင်ပါယာမိုယွမ်၏ ခန္ဓာကိုယ်အတွင်းဘက်တွင် ရှေးအဆောင်ပြားကဲ့သို့ အရာတစ်ခုက ပေါ်ပေါက်လာခဲ့၏။

“ဒါ... အသိအမှတ်ပြု ကတ်ပြားတစ်ခုလား” အင်ပါယာမိုယွမ်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့၏။ သူသည် တစ်စုံတစ်ခု ဖြစ်တော့မည်ဟု အာရုံခံမိ၏။ နိရယအင်ပါယာအနေနှင့် သူ၏စွမ်းအင်များ ဆုံးရှုံးပြီးသည့်နောက် သူ့ကို ဖမ်းဆီးတော့မည်ဖြစ်ကြောင်း တွေးတောထားပြီးသားဖြစ်၏။ နောက်ဆုံးမှာတော့ သူက နားလည်သွား ခဲ့ပြီဖြစ်သည်။ မြေအင်မော်တယ်လောကတွင်ရှိသော သက်ရှိသတ္တဝါများ အားလုံးသည် နိရယ အင်ပါယာ သတ်ဖြတ်ရန်အတွက် ချမှတ်ထားသည့် သားကောင်များ ကဲ့သို့ပင်။

“ရှင် သိတာ နောက်ကျသွားပြီ” နိရယ အင်ပါယာက တီးတိုးရေရွတ်လိုက်၏။

မြေအင်မော်တယ်လောကနှင့် ခရမ်းရောင်နက်နဲလောကတို့ ပေါင်းစပ်မှု မပြုလုပ်ခင်ကတည်းက သူမသည် ကြိုတင်ကာ ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ ထို့အပြင် ဤကတ်ပြားသည် များပြားလှသည့် လုပ်ဆောင်မှုများလည်း ပါဝင်လျက် ရှိ၏။ ယခု လောကကြီးနှစ်ခု ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ဤကတ်ပြား၏ လုပ်ဆောင်နိုင်မှုသည် ပိုမိုကာ တိုးတက်လာခဲ့၏။ နောက်ထပ်သွားရမည့် ခရီးစဉ်တွင် ထိုအရာသည် တကယ့်ကို ပြည့်စုံလှသည့် အရာအဖြစ်သို့ သန့်စင်ရန်ပင်။

“အခု နိရယပြည်နဲ့ ရှင်ပူးပေါင်းချင်သေးလား” ငရဲအင်ပါယာ၏ အသံသည် နူးညံ့လျက် ရှိနေ၏။ သူမ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေပြီး အင်ပါယာမိုယွမ်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။ အမူအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

“ခင်ဗျား စိတ်ပျက်သွားမှာ စိုးရတယ်”

အင်ပါယာမိုယွမ်သည် ယုံကြည်ချက်ရှိရှိဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ကျုပ်က တခြားသူတစ်ယောက် ကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး”

ထိုစကားစုကို ပြောဆိုပြီးသည့်နောက် သတ်ဖြတ်လိုခြင်းဆန္ဒများ ဖြစ်တည်လာပြီး လောကကြီး တစ်ခုလုံး တုန်ခါသွား၏။ အင်ပါယာမိုယွမ်သည် ကြက်သီးမွှေးညှင်းများပင် ထသွားခဲ့၏။ သူ့အနေနှင့် အေးစက်သည် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသကဲ့သို့ပင်။ သူမသည် သူ့ကို သတ်ဖြတ်ရန် ကြံစည်နေလေသည်လား။ ထိုအတွေး တွေး၍ မပြီးသေးခင်မှာပဲ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် ချက်ချင်း ပျောက်ကွယ်သွား၏။ အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာ၏။ “သူ့ကို ခေါ်ပြီး ထိန်းသိမ်းထားလိုက်”

“ကောင်းပါပြီ”

အရိပ်ကဲ့သို့ ပုံသဏ္ဍာန်နှစ်ခုက ပေါ်ပေါက်လာခဲ့ပြီးသည့်နောက် ထိုသူများသည် လေးလေးစားစား ဦးညွတ်ကာ တစ်ဖက်လူကို ဂါရဝပြုလိုက်၏။ ပြီးနောက် အမိန့်ကို လိုက်နာကာဖြင့် အင်ပါယာမိုယွမ်ကို ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့သည်။

ဟောခန်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဟောခန်း၏ ဟိုးအတွင်းဘက်တွင် ရှိနေသည့် အမဲရောင်အရိပ်သည် ခရမ်းရောင်နက်နဲလောက၏ အဆုံးတစ်ဖက်ဆီသို့ လှမ်းကာ ကြည့်ရှုနေ၏။ “ကောင်းကင် လျှို့ဝှက်နန်းဆောင်”

“အင်း” အသံတစ်ခုက ထွက်ပေါ်လာ၏။ ပြီးနောက် ဟောခန်းထဲမှ ထိုလူက ပျောက်ကွယ်သွားသည်။

တခြားသောဘက်ခြမ်း မြေအင်မော်တယ်လောက၏ နန်းတော်အတွင်းမှာတော့ များပြားလှသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဝိုင်းရံလျက် ရှိနေ၏။ ၎င်းတို့သည် စုစည်းလျက် ရှိနေ၏။ ၎င်းတို့အား အင်မော်တယ် စွမ်းအင်များက လွှမ်းခြုံထားလေ၏။

“နန်းတော်အရှင်... လောကကြီးနှစ်ခုရဲ့ ပေါင်းစပ်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးသွားပါပြီ။ ကျုပ်တပည့် ရန်ကျန့်ရဲ့ ပြောဆိုပုံအရ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကောင်းကောင်း တွက်ချက်နိုင်စွမ်း ရှိနေတယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာ ထိုင်ပြီးတော့ သူက အရာအားလုံးကို သိရှိနေတယ်။ အရင်တုန်းက ခရမ်းရောင်နက်နဲလောကကြီးရဲ့ ပေါင်းစပ်မှုကလည်း ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ လက်ချက်ပဲ”

ဟောင်ဟွမ်သည် အသေးစိတ် အချက်အလက်များကို ပြန်လည်ကာ သတင်းပေးပို့လိုက်၏။ သူသည် စုစည်းထားသမျှသော သတင်းအချက်အလက် အကုန်ကို ပြန်လည်ကာ ပေးအပ်နေခြင်းဖြစ်သည်။

“ဒီလိုကိစ္စမျိုး ရှိသေးတာလား”

ကျောက်စိမ်းလေဟာနယ်နန်းတော်ထဲမှာတော့ ချောမောလှသည့် မျက်နှာ သွင်ပြင်နှင့် လူငယ်တစ်ယောက်သည် ထိုင်လျက် ရှိနေ၏။ သူသည် တကယ့်ကို နက်နဲလှသည့် အတွေ့အကြုံများကို ပိုင်ဆိုင်သည့်လူဖြစ်မှန်း မျက်လုံးများ၌ သိသာထင်ရှားလျက် ရှိ၏။ သူ၏ ခန္ဓာကိုယ်ကို တော်ဝင်တာအို အရိပ်အယောင်များက ဝိုင်းရံလျက် ရှိနေ၏။

“တကယ်လို့ အမှန်သာဆိုရင် အခြေအနေက နည်းနည်းတော့ အလှည့်အပြောင်း ရှိမှာပဲ” ကျောက်စိမ်းလေဟာနယ် နန်းတော်အရှင်သည် မျက်မှောင်ကို ကုတ်လိုက်မိသည်။

လောကကြီးနှစ်ခု ပေါင်းစပ်ပြီးသည့်နောက် နယ်မြေဖြတ်သန်းကာ တိုက်ခိုက်သည့် တိုက်ပွဲများ ဖြစ်တည်လာခဲ့၏။ ကျောက်စိမ်းလေဟာနယ်နန်းတော် အပါအဝင် အရာအားလုံးတို့သည် အလုပ်ရှုပ်ကုန်ကြ၏။

“ဂျူနီယာညီလေး ယူလာတဲ့ သတင်းအချက်အလက်တွေက ကျုပ်ရင်ဝကို တူကြီးနဲ့ ထုလိုက်သလိုပဲ။ တည်ငြိမ်ဖို့တောင် ခက်ခဲစေတယ်”

“နန်းတော်အရှင်... စိတ်ပူစရာ မလိုပါဘူး။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တခြားသူတွေ၊ တခြားဂိုဏ်းတွေ အသီးသီးရဲ့ ကိစ္စရပ်တွေကို ပါဝင်ဖို့အတွက် စိတ်ဆန္ဒရှိတဲ့လူတစ်ယောက် မဟုတ်ဘူး။ ကျုပ်တို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ပြဿနာ မရှာသရွေ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ ကျောက်စိမ်း လေဟာနယ် နန်းတော်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး” ဟောင်ယွင်၏ လေသံသည် တည်ငြိမ်လျက် ရှိနေလေ၏။

“ဂျူနီယာညီလေး ပြောတဲ့ကိစ္စကို ကျုပ် သဘောမတူဘူး”

ဟောခန်းထဲမှာတော့ အကြီးအကဲ တစ်ယောက်သည် မုတ်ဆိတ်မွှေးများကို အသာပွတ်သပ်ကာဖြင့် ပြောဆိုလိုက်၏။ “ကောင်းကင်လျှို့ဝှက် နန်းဆောင်က တခြားဂိုဏ်းဂဏ အသီးသီးရဲ့ ကြားမှာရှိတဲ့ ပြဿနာတွေကို ပါဝင် မပတ်သက်ဘူး ဆိုပေမဲ့ သူက တခြားသောလောကကြီးတစ်ခုနဲ့ ထပ်ပြီး ပေါင်းစပ်ဖို့ အခြေအနေကလည်း ရှိနေသေးတယ်။ ကျုပ်တို့ မြေအင်မော်တယ်လောကက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် နောက်ဆုံး ပေါင်းစပ်တဲ့ လောကတစ်ခု ဖြစ်တယ်လို့ ဂျူနီယာညီလေးက အာမခံနိုင်လို့လား”

“ဒါက”

ဟောင်ယွင်၏ အမူအရာသည် အေးခဲသွားခဲ့လေ၏။ သူ့အနေနှင့် ဤမေးခွန်းကို စဉ်းစားဆုံးဖြတ် ခဲ့ပြီးသား ဖြစ်လေ၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် ခန့်မှန်း၍ မရနိုင်ခဲ့ချေ။ လောကတစ်ခုနှင့် ပေါင်းစပ်ချင်သည်ဆိုပါက မည်သူက သူ့ကို တားဆီးရဲသနည်း။

“ဒီနေ့ ကျောက်စိမ်းလေဟာနယ်နန်းတော်က ခရမ်းရောင်နက်နဲလောကနဲ့ ပတ်သက်ပြီး လှုပ်ရှားတိုက်ခိုက် မယ်ဆိုရင် အနာဂတ်မှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ လောကကြီးတွေနဲ့ ပေါင်းစပ်မှုကို ကျုပ်တို့ ရှောင်လွဲလို့ ရမှာ မဟုတ်ဘူး။ ဒီတော့ သူတို့ကလည်း မြေအင်မော်တယ်လောကကို အခွင့်အရေးယူပြီးတော့ ပထမဦးဆုံး တိုက်ခိုက်လာလိမ့်မယ်။ ဒါဆိုရင် ကျုပ်တို့ မြေအင်မော်တယ်လောကရဲ့ အဖြစ်ကလည်း ဒီနေ့ ခရမ်းရောင် နက်နဲလောကကြီး ကြုံရတဲ့ အရာမျိုးနဲ့ ဘာကွာခြားတော့မှာလဲ” အကြီးအကဲ တစ်ယောက်သည် လေးလေးနက်နက် ပြောဆိုလိုက်၏။

ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း တခြားသော ဂိုဏ်းများနှင့် ခြားနားလွန်းလှ၏။ အားနည်းသည့် လောကများနှင့် သူတို့ ရင်ဆိုင်ရမည် ဆိုပါက တည်ငြိမ်လျက် ရှိနေသည် ဆိုသော်လည်း အလွန်အားကောင်းလှသည့် လောကများနှင့် ပေါင်းစပ်မည်ဆိုပါက သူတို့၏ အားအင်အဆင့်သည် လုံလောက်လိမ့်မည် မဟုတ်ချေ။ တခြားသော လောကထဲတွင် အစစ်အမှန် အင်မော်တယ် အများအပြား တည်ရှိနေသည့် လောကများ တည်ရှိနေသည် မဟုတ်ပါလား။

“ဒီတော့ ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနဲ့ တစ်ခုခုကို မလုပ်ခင် သေသေချာချာ စဉ်းစားဆုံးဖြတ် သင့်တယ်လို့ စီနီယာအစ်ကိုက ပြောချင်တာလား” ဟောင်ယွင်၏ အမူအရာသည် သဘောမတွေ့သလို ဖြစ်သွား၏။ သူ၏ စီနီယာအစ်ကိုသည် အားမနည်းလှချေ။ သို့ပေမဲ့ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းသည် သတိ အထားလွန်လွန်းလှ၏။ ၎င်းပြင်ဆင်ထားခဲ့သည့် လမ်းစဉ်ကပင်လျှင် တခြားသော ကျင့်ကြံသူများနှင့် ခြားနား၏။

“အဲလိုတော့ မဟုတ်ဘူး” အကြီးအကဲသည် ခေါင်းကို ခါယမ်းကာဖြင့် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ “ကျုပ် ဆိုလိုတာက ကျောက်စိမ်းလေဟာနယ်နန်းတော်အနေနဲ့ တစ်ခုခုကို မလုပ်ခင် အစီအစဉ် ချမှတ်ထားဖို့ သင့်တယ်”

ကျောက်စိမ်းလေဟာနယ်နန်းတော်တွင် အစစ်အမှန် အင်မော်တယ်တစ်ယောက် ရှိ၏။ တာအိုရောင်းရင်း ကျိရှုပင်။

မြေအင်မော်တယ်လောကတွင် တာအိုရောင်းရင်းကျိရှုသည် တာအိုကို လက်ခံရယူထားသော အင်မော်တယ် တစ်ယောက်ဖြစ်၏။ သို့သော်ငြား လက်ရှိအခြေအနေတွင် အစစ်အမှန် အင်မော်တယ်တစ်ယောက်၏ စဦးပိုင်း အဆင့်တွင်သာ ရှိနေသေးသော ကျင့်ကြံသူတစ်ယောက်လည်းဖြစ်၏။ ထို့ကြောင့် ထာဝရ အစစ်အမှန် အင်မော်တယ် ကဲ့သို့ ယုံကြည်ချက်မျိုး လွတ်ကင်းလို့နေသည်။

ထို့အပြင် ထာဝရ အစစ်အမှန် အင်မော်တယ်၏ အမွေအနှစ်များသည် မယုံကြည်နိုင်လောက်အောင် ရှေးကျလွန်း လှ၏။ ထာဝရ အစစ်အမှန် အင်မော်တယ်သည် အင်မော်တယ် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေနှင့်ပြီးသား ဖြစ်၏။ ထို့အပြင် ၎င်း၏ အားယားနေသော အချိန်များတွင် ကိုယ်ပွား ရှစ်ခုကိုပင် ဖန်တီးခဲ့သေး၏။ တစ်ယောက်ချင်းစီတိုင်း ကလည်း အင်ပါယာဖြစ်လာခဲ့ပြီဖြစ်၏။

ထို့အပြင် နိရယပြည်ကြီးသည်လည်း လက်ရှိအချိန်မှာတော့ တာအိုရောင်းရင်းကျိရှု ယှဉ်ပြိုင်နိုင်သည့် အရာမျိုး မဟုတ်ချေ။ နိရယအင်ပါယာသည် ငရဲလောက၏ အမွေအနှစ်များကို ကိုင်ဆောင်ထားပြီးသည့်နောက် ကျိန်းသေပေါက် တခြားသောသူများကို ဖိနှိပ်နိုင်သောသူ ဖြစ်လာခဲ့၏။ သူမ၏ သာမန်ထက်ပိုကာ ထူးခြားလှသော ပါရမီသည် အချိန်ကာလ တစ်ခု၌ အင်မော်တယ်ဖြစ်လာမှာ သေချာသလောက်ပင်။

ကျောက်စိမ်းလေဟာနယ်နန်းတော် အနေနှင့် ခရမ်းရောင်နက်နဲလောကကြီးနှင့် ရင်ဆိုင်သည့်နေရာတွင် သေသေချာချာ ဂရုစိုက်သင့်၏။ ခရမ်းရောင်နက်နဲလောကကြီးနှင် ရင်ဆိုင်သည့် နေရာတွင်သာမကဘဲ နောင် ပေါင်းစပ်ရောက်ရှိလာမည့် လောကများအတွက်ပါ ကြိုတင်ကာ ပြင်ဆင်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု သူက တွေးထင်ထားသည်။

All Chapters