← Chapters

အပိုင်း (၄၂၁)

Vol. 29 Ch. 421

အပိုင်း (၄၂၁)

Vol. 29 Ch. 421

လက်ရှိ ကောင်းကင်မူလလောကကြီး တွင် အရာအားလုံးသည် ငြိမ်သက် တိတ်ဆိတ်လို့ နေ၏။ ကျင့်ကြံသူပေါင်းများစွာတို့သည် ခရမ်းရောင်နတ်နယ်မြေလောကကြီးတွင် ဖြစ်နေသည့် အကြောင်းအရာများကို စဥ်းစားတွေးတောလျက် ရှိနေကြ၏။ လောကကြီးတစ်ခုနှင့် ပေါင်းစပ်ခြင်းဆိုသည်မှာ ကိစ္စရပ် သေးသေးလေး မဟုတ်ပေ။ ကောင်းကင်မူလလောကကြီး အတွက်တော့ ၄င်းတို့သည် လောကကြီးတစ်ခုနှင့် ပေါင်းစပ်ပြီးသား ဖြစ်၏။ ထိုအရာသည် သွေးနတ်ဆိုးလောကဟု သိရှိပြီးဖြစ်ပေမည်။

ခရမ်းရောင်နက်နဲလောကကြီးနှင့် မတူစွာဘဲ ကောင်းကင်မူလ လောကကြီးသည် မည်သည့်ပြဿနာကိုမှ မခံစားရခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် သွေးနတ်ဆိုးလောကကြီးသည် မည်သည့် သတ္တ၀ါမှ မရှိခြင်းကြောင့်ပင်။ သွေးနတ်ဆိုးလောကကြီးထဲသို့ ၀င်ရောက်ပြီးသည့်နောက် တချို့သောသူများသည် အမှတ်မထင် ဆိုသလိုဘဲ တားမြစ်တည်နေရာအတွင်းသို့ ၀င်ရောက်ပြီး သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် သေဆုံးခြင်း အဖြစ်သို့ ရောက်ရှိကုန်၏။ တချို့သောသူများသည် သွေးနတ်ဆိုးလောက၌ သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီး တစ်ချို့သောသူများမှာမူ ဂိုဏ်းကဏ္ဏတစ်ချို့၏ အမွေအနှစ်များကို ရရှိခဲ့၏။ ပြီးနောက် ထိုသူတို့သည် အဆင့်တန်းတစ်ခုဆီသို့ တိုးတက်သွား၏။

ထို့အပြင် သွေးနတ်ဆိုးလောကြီးထဲတွင်ရှိသည့် အင်ပါရီယာလက်နက်တစ်ချို့ကို ရှာဖွေတွေ့ရှိခဲ့သော ဂိုဏ်းကဏ္ဏတစ်ချို့တွင် တည်ရှိနေသေး၏။ တစ်ချို့သည် တော်၀င်သူတော်စင် ဆေးပင်များသာ ပေါက်ရောက်သည့်ဆေး၀င်းကြီးတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုသတင်း ပေါက်ကြားသွားသောအချိန်တွင် အားလုံးသောသူတို့သည် ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်ကုန်ခဲ့ကြ၏။ ရေတွက်၍ မရအောင်များပြားသည့် ကျင့်ကြံသူများသည် တော်၀င်သူတော်စင် အဆင့် ဆေးပင်တစ်ပင် ရရန် အတွက် ၄င်းတို့၏ အသက်ကိုပင် စွန့်လွှတ်စတေးရန် အဆင်သင့်ဖြစ်နေတတ်ကြ၏။

ကောင်းကင်လျှို့၀ှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ …..

လီယွင်သည် ဇိမ်ကျပန်ကျနှင့် ထိုင်လျက်ရှိနေ၏။ သူသည် ကောင်းကင်လျှို့၀ှက်နန်းဆောင်ထဲသို့ သတင်းအချက်အလက် လာရောက်၀ယ်ယူသည့်သူများကို နှုတ်ဆက် ပို့ဆောင်ခဲ့ပြီး ဖြစ်၏။ လာရောက်ခဲ့သူသည် တော်၀င်ရင်နိုင်ငံမှ ပိုင်ချမ်းဟန်မှလွဲ၍ တခြားသူ မဟုတ်ချေ။

ဤအတောအတွင်း တော်၀င်ရင်နိုင်ငံသည် သွေးနတ်ဆိုးလောက ၌ ကံကောင်းခြင်းများကိုရရှိခဲ့သည်။ သူတို့ နိုင်ငံတစ်ခုလုံး ၏ အမွေအနှစ်နှင့် စွမ်းအင်များသည်လည်း ပိုမိုတိုးတက်လာခဲ့၏။ တော်၀င်ရင်နိုင်ငံ၏ ဘိုးဘေးကြီးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ကွာစီ အင်ပါယာအဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့သည်။ ထို့ကြောင့်ပင် တော်၀င်ရင်နိုင်ငံတော်သည် ကြီးမားလွန်းသည့်စားပွဲကြီးကို ပြုလုပ်ခဲ့ပြီး သုံးလတိုင်တိုင် ထိုစားပွဲကြီးကို ကျင်းပခဲ့၏။

သန်းနှင့်ချီသော မိုင်ပတ်လည်အတွင်းတွင် တော်၀င်ရင်နိုင်ငံ၏ ဂုဏ်သိက္ခာသည် တမဟုတ်ချင်း တိုးတက်လာခဲ့၏။ အတိတ်တုန်းကအောင်မြင်မှုများကို ပြန်လည်ရရှိမည်ဟုလည်း ခံစားချက်များကို ရရှိနေကြသည်။

ပိုင်ချမ်းဟန်ထွက်ခွာသွားပြီးနောက် ကောင်းကင် လျှို့၀ှက်နန်းဆောင်ရှေ့ဆီသို့ အမဲရောင် ၀တ်စုံ ၀တ်ဆင်ထားသော လူတစ်ယောက် ရောက်ရှိလာ၏။ သူမ၏ ခန္တာကိုယ်တစ်ခုလုံးသည် မြူခိုးများနှင့် လွှမ်းခြုံလျှက် ရှိနေပြီး တကယ်ရှိနေသည်လား ၊ ပုံရိပ်ယောင်လားပင် ဝေခွဲ၍ မရနိုင်ချေ။

ကောင်းကင်လျှို့၀ှက်နန်းတော်၏ တံခါးဆီသို့ရောက်ရှိပြီးသည့်နောက် သူမသည် တဖြေးဖြေးနှင့် ခန္ဓာကိုယ် အကောင်အထည် ဖြစ်တည်လာခဲ့၏။ သူမသည် အမျိုးသမီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြစ်ပြီး တစ်လောကလုံးကိုငုံ့ကာ ကြည့်ရှုရသည့် ဟန်ပန် အမူအရာမျိုး တည်ရှိ၏။ သူမ၏ ၀တ်စုံများသည် လေထဲ၌ လွင့်မျောလျက် ရှိနေပြီး ကမ္ဘာတစ်ခြားမှ နတ်မိမယ်တစ်ပါးကဲ့သို့ပင်။

"ကောင်းကင်လျှို့၀ှက်နန်းဆောင်"

တီးတိုးရွတ်ဆိုသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ သူမသည် မည်သည့်ခံစားချက်မှမရှိဘဲ ပြောဆိုလိုက်ခြင်းသာဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ငရဲလောကသည် လောကပေါင်းများစွာကို အုပ်စိုးခဲ့၏။ ငရဲလောက၏ အရိပ်သည် ကြောက်မယ်ဖွယ်ရာကောင်းလှသော လောကအသီးသီးတွင် ရှာဖွေတွေ့ရှိနိုင်၏။ ကောင်းကင်လျှို့၀ှက်နန်းဆောင် သည် ဟိုးယခင်တည်းက တည်ရှိခဲ့သော အရာတစ်ခု ဖြစ်သည် ဆိုပါက ကျိန်းသေပေါက် ငရဲလောကနှင့် ပတ်သက်သည့် သိရှိသင့်သည်များကို သိရှိမှာ သေချာသည်။

သို့ပေမဲ့ ရလဒ်သည် သူမအား တကယ် စိတ်ပျက်စေခဲ့၏။ ကောင်းကင်မူလနန်းတော်ကြီးထဲတွင် ကောင်းကင်လျှို့၀ှက်နန်းဆောင် ဆိုသည်မှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး သမိုင်း မှတ်တမ်းများတွင်လည်း မရှိချေ။ မည်သည့်လောကမှ ပိုင်ဆိုင်သည့်အရာ ဖြစ်မှန်းလည်း မည်သူမှမသိချေ။ ငရဲလောကကြီး၏ မှတ်တမ်းမှတ်ရာများ ပိုင်ဆိုင်ဖို့ဆိုလျှင် ဝေလာဝေးပင် ဖြစ်ပေမည်။

“အားကောင်းတာလား ၊ အားနည်းတာလား”

သူမ၏ အမူအရာသည် ဘာမှရေရေရာရာ ဝေခွဲမရပုံပင်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာများနှင့် လှပသည့်မိန်းကလေးအဖြစ် တည်ရှိနေသေး၏။

လက်ရှိအချိန်မှာတော့ သူမသည် အချိန်မရွေး အစစ်အမှန်အင်မော်တယ်အစစ်ဆီကို တက်လှမ်းနိုင်သော စွမ်းအင်မျိုးကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ကောင်းကင်လျှို့၀ှက်နန်းဆောင်၏ အပြင်ဘက်တွင် မတ်မတ်ရပ်လျက် ရှိနေသည် ဆိုသော်လည်း သူမ၏ အစစ်အမှန် ခန္ဓာကိုယ်မှာတော့ တခြားသောတည်နေရာ၌ တည်ရှိနေသည်။

တခြားသောသ ူများအနေနှင့် ကောင်းကင်လျှို့၀ှက်နန်းဆောင်ထဲသို့ စိုးရိမ်ပူပန်မှုမရှိ ၀င်သွားနိုင်သည် ဆိုသော်လည်း သူမက မ၀င်နိုင်ချေ။ သူမ၏ ခန္ဓာကိုယ်တွင်ရှိနေသော အမွေအနှစ်များသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းကြောင်း သူမ သာသိရှိ၏။ ထိုအရာများပေါ်ပေါက်သွားသည်ဆိုသည်နှင့် သူမသည် များပြားလှသော လောကများထဲတွင် နေစရာဟူ၍ ရှိမည်မဟုတ်ချေ။

ဆန်းကြယ်လှသော ကောင်းကင်လျှို့၀ှက်နန်းဆောင်၏ စိတ်နေစိတ်ထားက ဘာဖြစ်မည်ဖြစ်ကြောင်း သူမ မသိရှိချေ။ ကောင်းကင်လျှို့၀ှက်နန်းဆောင်သည်သာ ငရဲလောကနှင့်ပတ်သက်၍ ရန်ငြိုးသို့မဟုတ် တစ်စုံတစ်ခု သော မကျေနပ်ချက်များတည်ရှိသည်ဆိုပါက ကျိန်းသေပေါက်ကြီးမားလှသည့် တိုက်ပွဲကြီးကို ဆင်နွှဲရမှာဖြစ်၏။

တကယ့်ကို အေးစက်ပြီး ရက်စက်လွန်း မောက်မာလွန်းလှပါသည် ဟူသော နိရယ အင်ပါယာသည် ကောင်းကင်လျှို့၀ှက်နန်းဆောင်၏ ရှေ့သို့ရောက်ရှိသည့်အချိန်မှာတော့ ရှားရှားပါးပါး တွန့်ဆုတ်သွား၏။ အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် သူမသည် ကောင်းကင်လျှို့၀ှက် နန်းတော်ထဲသို့ ဝှေ့ကြည့်လိုက်သည်။ သူမ စုဆောင်းထားသော သတင်းအချက်အလက်များအရဆိုလျှင် အထဲ၌ အင်မော်တယ်တစ်ယောက်မြန်မြန် ဖြစ်လာစေရန် အကူညီပေးနိုင်သော သူမ လိုအပ်သော အခွင့်အရေးများ တည်ရှိသည်ကို သိရှိ၏။ ထို့အပြင် အားအင်အဆင့် ဆိုသည်မှာ အသင်္ချေ များပြားလှသော လောကထဲတွင် ပထမဦးစားပေး အရေးကြီးသည့် အရာပင်။

သူမသည် အဓိကစွမ်းအားစု တော်တော်များများနှင့် တိုက်ခိုက်ခဲ့၏။ ထိုအရာသည် နိရယလောက (ပြည်) ကြီး၏ အခြေခံကို ပြည့်စုံအောင် ဖန်တီးချင်ခြင်းသာ ဖြစ်၏။ ဒုတိယအားဖြင့် သူမ၏ အားအင်အဆင့်ကို တိုးတက်စေချင်သည်။ ထို့သို့ဆိုလျှင် အရင်းအမြစ်များကို မြန်မြန်ဆန်ဆန်ရရှိရမည်။

ထို့ကြောင့် နိရယလောကကြီးသည် တခြားသူအားလုံးနှင့် ရန်ဘက်ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ အားလုံး၏ မုန်းတီးခြင်းကို ခံရလောက်အောင် တိုက်ခိုက်ပြီးနောက် အားအင်အဆင့်သည် နိမ့်ပါးနေမည်ဆိုပါက ကြိုးစားသမျှသည် သဲထဲရေသွန် ဖြစ်သွားမည် မဟုတ်ပါလား။

အခြားသောတစ်ဘက်၌ လျှို့၀ှက်နန်းဆောင်သခင်သည် မည်သို့သောသူဖြစ်သည်ဟု သူမ သေချာ မခန့်မှန်းနိုင်ချေ။ အတိအကျ ပြောရလျှင် ကောင်းကင်လျှို့၀ှက်နန်းဆောင်၏ အရှေ့သို့ ရောက်ရှိနေသည် ဆိုလျှင်တောင်မှ သူမသည် ထိုအရာကို ခန့်မှန်းကြည့်ရှု၍ မရနိုင်ချေ။ ကောင်းကင်နန်းဆောင်သခင်သည် နိရယလောကတည်ရှိမှုကို သိရှိပြီး သူမအပေါ်တွင် ကောင်းမွန်သော စိတ်ထားမျိုး မရှိဘူးဆိုပါက ထွက်ပြေး လွတ်မြောက်ရန် အခွင့်ရေးလည်း မရှိလောက်ဟု တွေးထားသည်။

ယခင်တုန်းက ငရဲလောကသည် အင်ပါယာတစ်ယောက်ကိုပိုင်ဆိုင်သည် ဆိုသော်လည်း ထိုသူသည် သူမ မဟုတ်ချေ။ ကောင်းကင်လျှို့၀ှက်နန်းဆောင် နှင့် ရင်ဆိုင်ရမည့်အချိန်မျိုးတွင် သူမသည် ယုံကြည်ချက်မရှိချေ။ ထို့ကြောင့်ပင်လျှင် တွန့်ဆုတ်လျက်ရှိနေ၏။

ထိုကဲ့သို့ စဥ်းစားတွေးခေါ်နေတုန်းမှာပဲ ကြည်လင် ရှင်းလင်းသည့် အသံတစ်ခုသည် သူမ၏ နားထဲသို့ ၀င်ရောက်လာသည်။ "ရောက်နေပြီဆိုမှတော့ ဘာတွေ တွန့်ဆုတ်နေတာလဲ"

သူမ မတုံ့ပြန်နိုင်သေးခင်မှာပဲ ပတ်၀န်းကျင်တစ်ခုလုံး ပြောင်းလဲသွား၏။ သတိပြန်၀င်လာသည့်အချိန်မှာတော့ သူမသည် ကောင်းကင်လျှို့၀ှက်နန်းဆောင်ထဲသို့ ရောက်ရှိနှင့်နေပြီဖြစ်၏။ သို့ပေမဲ့ သူမ၏ စိတ်၀ိညာဥ်ကိုယ်ပွား မဟုတ်ချေ။ သူမ၏အစစ်အမှန် ခန္ဓာကိုယ် ရောက်ရှိလာခဲ့ခြင်းပင်။

"ရှင်"

နိရယအင်ပါယာ၏ မျက်နှာသွင်ပြင်က ရုတ်တရက် ပြောင်းလဲသွားခဲ့၏။ သူမ၏ အစစ်အမှန် ခန္ဓာကိုယ်သည် တခြားသော တည်နေရာတစ်ခုတွင် တည်ရှိနေသည်မှာ ရှင်းလင်းလှ၏။ အဘယ့်ကြောင့် လေထုထဲမှနေ၍ ကောင်းကင် လျှို့၀ှက်နန်းဆောင်၏ အတွင်းဘက်၌ ပေါ်ပေါက်လာရသနည်း။

"စီနီယာနန်းဆောင်သခင် ဘာလုပ်ချင်တာလဲ" နိရယ အင်ပါယာ၏ ခန္ဓာကိုယ်ပေါ်ရှိ အမဲရောင်မြူခိုးများသည် ပျောက်ကွယ်သွားခဲ့ပြီး သူမ၏အမဲရောင်၀တ်စုံသည် ပေါ်ပေါက်လာခဲ့၏။

သူမသည် အဝေးတည်နေရာတွင် ရှိနေခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်၌ ကောင်းကင်လျှို့ဝှက်နန်းဆောင် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နိရယအင်ပါယာသည် များပြားလွန်းလှသည့် အတွေ့အကြုံများကို ရရှိခဲ့သူ တစ်ယောက် ဖြစ်သည်မို့ ချက်ချင်းပဲ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

သူမ၏ ဆံနွယ်များသည် လေနှင့်အတူ လွင့်မျောလျက်ရှိနေ၏။ မျက်နှာ သွင်ပြင်တစ်ခုလုံးသည် တကယ်ပင် ကြည့်ကောင်းလွန်းလှ၏။ အမဲရောင်၀တ်စုံသည် သူမကိုပိုမိုကာ လှပစေခဲ့၏။ သူမ၏အသားအရေသည် ကျောက်စိမ်းတစ်ခုလိုပင် သပ်ရပ်လှပလွန်းနေ၏။

"ထိုင်ပါ"

လီယွင်သည် သူမကို လှမ်းကြည့်ပြီးသည့်နောက် အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။ နိရယအင်ပါယာသည် တကယ့်ကို ပြိုင်စံရှားအလှပစာရင်းတွင် နံပါတ်တစ်ချိတ်လောက်အောင် လှပလွန်းသူတစ်ယောက်ဖြစ်သည်။

ယုရှင်းချန်နှင့်ပင် နှိုင်းယှဥ်၍ ရနိုင်သည်။ တခြားသောသူများသည် သူမ၏ အသွင်အပြင်အမူအရာကို ပထမဦးဆုံးအကြိမ်သာ မြင်သည်ဆိုပါက ကျိန်းသေပေါက်ဆွံ့အ၍ ဘာတစ်ခုမှပြောဆိုနိုင်လိမ့်မည်မဟုတ်ချေ။

သို့ပေမဲ့ သူ့အတွက်တော့ ငရဲအင်ပါယာသို့မဟုတ် တခြားသောသူများသည် နေ့စဥ်မြင်နေကျ အရာများကဲ့သို့ပင်။ နိရယ အင်ပါယာ သို့မဟုတ် မည်သည့်လှပမှုကမဆို သူ့အတွက် အတားအဆီးမဟုတ်ချေ။

"မေးချင်ပါတယ်စီနီယာ ဘယ်လောကကနေ လာခဲ့တာပါလဲ" နိရယအင်ပါယာသည် ထိုင်မချချေ။ အံ့အားသင့်သည့် အရိပ်အယောင်များနှင့် မတ်မတ်ရပ်လျက်ရှိနေ၏။ သူမသည် တည်ငြိမ်သည့် အခြေနေတစ်ခု ဖြစ်အောင် ထိန်းသိမ်းထားသည် ဆိုသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှသည့် ကောင်းကင်လျှို့၀ှက် နန်းဆောင်သခင်၏ ရှေ့တွင်တော့မည်သို့မှမတည်ငြိမ်နိုင်ခဲ့ချေ။

"သတင်းအချက်လက်တွေကတန်ဖိုးကြီးမားတယ်"

လီယွင်က အသာပြောဆိုလိုက်၏။ သူ၏ မူလအရင်းအမြစ် ဘာဖြစ်သည်ဆိုခြင်းသည် အားလုံးသော သူများထက် အရေးကြီးသည့်အရာဖြစ်၏။ သူ၏ လက်ရှိအားအင်အဆင့်အရ ဆိုလျှင် တခြားသောသူများသိရှိသွားမည်ကို ကြောက်လန့်ရန်မလိုအပ်ပေ။ ထို့အပြင် ဤသူများအားလုံးသည် သူ၏ ယခင်လောကကြီးကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည်မဟုတ်ချေ။

"တန်ဖိုးကြီးမားတယ်ဟုတ်လား" နိရယအင်ပါယာသည် တီးတိုးရေရွတ်လိုက်မိ၏။ ထပ်မံကာ မပြောဆိုတော့ချေ။

ကောင်းကင်လျှို့၀ှက်နန်းဆောင်အနေနှင့် နိရယ လောကအပေါ်တွင် မကောင်းသည့် ရည်ရွယ်ချက်များ ရှိသလား ဆိုသည်ကို လာရောက် အတည်ပြုခြင်းဖြစ်၏။ သူမရှေ့တွင် ရှိနေသည့် ကောင်းကင်နန်းဆောင်သခင်သည် မည်သည့်လောကဆီမှဖြစ်ဖြစ် သူမနှင့် မဆိုင်လှချေ။ လက်ရှိအခြေနေမှာတော့ သူမအနေနှင့် မည်သည့်နေရာ၌ မည်သူနှင့်မဆို ရန်သူပြုလုပ်နိုင်သည်ဆိုသော်လည်း ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင်ကိုတော့ အလွယ်တကူ ရန်ငြိုးထား၍မရနိုင်ကြောင်း နားလည်သွားခဲ့လေပြီ။

All Chapters