← Chapters

အပိုင်း (၄၂၅)

Vol. 29 Ch. 425

အပိုင်း (၄၂၅)

Vol. 29 Ch. 425

ချလွမ်

ဓားပိုင်းဖြတ်သည့်အသံသည် လောကကြီးတစ်ခုလုံးသို့ ပဲ့တင်ထပ်လျက် ရှိနေ၏။ များပြားလွန်းလှသည့် ဓား၏ ရောင်စဉ်များသည် လောကကြီး တစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေသည်။

ဘုန်း

စကြဝဠာကြီးတစ်ခုလုံးသည် စာရွက်လိပ်လေးတစ်ခု လိပ်တက်သွားသကဲ့သို့ပင် တွန့်ကာ လိပ်သွားသည်။ ဓားတိုက်ခိုက်ချက် တစ်ခု၏ အောက်တွင် အရာအားလုံး သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရပြီး မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်ကုန်၏။ ကျယ်ပြောလွန်းလှသည့် ခရမ်းရောင်နက်နဲလောကကြီး၏ လေဟာနယ်ထဲတွင် ရှိနေသော ကြယ်စင်စုများပင်လျှင် ပျောက်ကွယ်ကုန်၏။

လောကကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သော မြေအင်မော်တယ်လောကဆီမှ သက်ရှိသတ္တဝါ အားလုံးတို့သည် ဤဓားချက်ကြီးသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလှသည်ဖြစ်ကြောင်း မသိရှိခဲ့ချေ။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့် အချိန်မှာတော့ သူတို့သည် အော်ဟစ်ရန် အချိန်ပင် မရလိုက်ခဲ့ချေ။ တစ်ခါတည်း အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ သေဆုံးကုန်ကြသည်။

ကောင်းကင်ယံတွင် ရှိနေသည့် ကြယ်စင်စု တော်တော်များများ၏ အလင်းများသည် မှေးမှိန်သွားခဲ့၏။ လောကကြီး တစ်ခုလုံးသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ရှုပ်ထွေးလှသည့် လောကကြီးထဲတွင် တစ်စုံတစ်ယောက်သည်သာလျှင် မတ်မတ်ရပ်လျက် ရှိနေ၏။ အောက်တွင် ရှိနေသည့် အရာအားလုံးတို့သည် ပျက်စီး ပျောက်ကွယ်ကုန်၏။

“ဒါက”

ခရမ်းရောင်နက်နဲလောကကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ မြေအင်မော်တယ်လောကကြီး ရှိ လူများကလည်း ကြောက်လန့်သွားခဲ့၏။ အရာအားလုံးသောသူတို့သည် တုန်လှုပ်လျက် ရှိနေကြ၏။ အင်ပါယာယုညို ပြန်လည်ရောက်ရှိလာပြီးသည့်နောက် သူ၏ ပထမဦးဆုံးသော တိုက်ခိုက်ချက်သည် များပြားလှသည့် ကြယ်စင်စုများကို ပြိုကွဲပျက်စီးစေခဲ့သည်။

ဓားတိုက်ခိုက်ချက် တစ်ခုတည်းနှင့် မြေအင်မော်တယ်လောကတွင် ရှိနေသည့် စွမ်းအားမြင့်ဂိုဏ်း တော်တော် များများတို့သည် ထိတ်လန့်ကြောက်ရွံ့ရန် လုံလောက်နေပြီဖြစ်၏။ ပိုမို၍ အရေးကြီးသည်မှာ မြေအင်မော်တယ် လောကဆီမှ အရေးတကြီး မှတ်သား ၊ သတိပြုရမည့် အကြောင်းအရာလည်း ဖြစ်လို့လာခဲ့၏။

တော်တော်များများတို့သည် အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ ပါဝင်လာခဲ့ကြသည်။ သို့ပေမဲ့ ဤဓားနှင့် ရင်ဆိုင်ရသည့်အချိန်မှာတော့ တစ်ချက်ကလေးမှ မခုခံနိုင်ခဲ့ကြချေ။ ထို့ကြောင့် အကုန်လုံး သုတ်သင်ခံလိုက်ရသည်ဟု ပြောဆိုမည်ဆိုပါက လွန်မည်မထင်ပေ။

“အင်း... အဆုံးမဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မင်းတို့က ချောင်ပိတ်မိနေတဲ့ သားရဲတစ်ကောင်လိုပဲ။ ဆက်ပြီး တိုက်ခိုက်ချင်သေးလို့လား” တခြားတစ်ဖက်တွင်တော့ အေးစက်သည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပေါ်ပေါက်လာခဲ့၏။ ထိုသူသည် ကြီးမားလွန်းလှသည့် နတ်ဘုရားကျားကြီးပေါ်တွင် ထိုင်လျက် ရှိနေ၏။ ထိုနတ်ဘုရားကျားကြီးသည် အမွေးအမှင်ဟူ၍ တစ်ခုမှ မရှိလှချေ။ ကြောက်မက်ဖွယ်ရာကောင်းလှသော အော်ရာများနှင့်အတူ စတီးကဲ့သို့ လင်းလက်သည့် အရောင်အဆင်းများကိုသာ ထုတ်ဖော်နေ၏။

“ဟမ့်”

လက်တစ်ဖက်ကို မြှောက်ပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကို ဖမ်းဆုပ်လိုက်၏။ မဲနက်လှသည့် ပုဆိန်ကြီးတစ်ခုသည် ထိုသူ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။

ဘုန်း

ကြီးမားလှသည့် ပုဆိန်ကြီး ဆင်းသက်လာချိန်မှာတော့ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် ရှိနေသည့် သက်ရှိသတ္တဝါပေါင်းများစွာတို့၏ နှလုံးသားထဲ၌ အားကောင်းသည့် ခံစားချက်များ ပေါ်ပေါက်လာခဲ့ကြ၏။ ၎င်းသည် ပြန်လည်ရှင်သန်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင်။

မြေအင်မော်တယ်လောကဆီမှ သေဆုံးသွားခဲ့သည် သက်ရှိသတ္တဝါများနှင့်ပတ်သက်၍ တစ်ချက်ကလေးမှ သနား ညှာတာမှုကို မပြသခဲ့ချေ။ တစ်စုံတစ်ယောက်သည် သူ၏ရှေ့၌ သူ၏နောက်လိုက်များကို သတ်ဖြတ်ခဲ့ခြင်းကိုသာ ဒေါသထွက်နေခြင်းဖြစ်သည်။ ထို့အပြင် သူသည် စောဏတုန်းက မတားဆီးနိုင်ခဲ့ချေ။ ဤအရာကို ပြန်လည်ချေပနိုင်ရန်အတွက် တစ်ဖက်လူ၏ သွေးများနှင့် သူ၏ ဂုဏ်သိက္ခာကို ပြန်လည်ကာ မြှင့်တင်ရပေမည်။

“ခင်ဗျား ဘယ်သူလဲ”

အင်ပါယာယုညိုသည် စစ်ရထားလုံးပေါ်တွင် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ မျက်လုံးများ သည် ကြည်လင်လေးနက်လျက် ရှိနေ၏။

“မြေအင်မော်တယ်လောက၊ လွင့်မျောတိမ်တောင် ရန်မို” ထိုလူက ပြန်လည်ကာ ပြောဆိုလိုက်၏။ ၎င်း၏ အသံသည် ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများ ပါဝင်လျက် ရှိနေလေ၏။ သူ၏ ဖိနှိပ်မှုအောက်တွင် အားလုံးသောသူတို့သည် ဒူးများပင် ခွေယိုင်လျက်ရှိသည်။

“အင်ပါယာရန်မိုပဲ” မနီးမဝေးတွင် တည်ရှိနေသည့် မြေအင်မော်တယ်လောကမှ တပ်ကူ အားလုံးတို့သည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ စိတ်အားတက်ကြွမှုများ ဖြစ်တည်လာခဲ့၏။ ၎င်းတို့အားလုံးသည် စောဏတုန်းက အသက်ဘေးမှ မနည်း ကျဉ်းမြောင်းစွာဖြင့် လွတ်မြောက်ခဲ့ကြသူများလည်း ဖြစ်၏။

အင်ပါယာရန်မိုအနေနှင့် မြေအင်မော်တယ်လောကကြီးတွင် နိရယ အင်ပါယာလောက် ကျော်ကြားလှသူ မဟုတ်ပေ။ သို့ပေမဲ့ သာမန်ကျင့်ကြံသူလည်း မဟုတ်ပေ။ လွင့်မျောတိမ်တောင်၏ အင်ပါယာတစ်ယောက် ဖြစ်၏။ သူ တစ်ယောက်တည်းဖြင့် ဖန်းကလန် တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိသည့် စွမ်းအင်ကို ပိုင်ဆိုင်သည် ဟူ၍လည်း ပြောရမည်။

ဖန်းကလန်ကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် သူသည် ဖန်းကလန်၏ အင်ပါယာတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့ပြီး ဖန်းကလန်၏ အဖွဲ့ဝင်ပေါင်း တစ်သိန်းလောက်ကို မြေမြှုပ်သင်္ဂြိုဟ်ခဲ့သူလည်း ဖြစ်၏။ အမှန်ပင် အဆုံးစွန်အထိ ရက်စက်မှုကို ထုတ်ဖော်ပြသခဲ့သည့် လူတစ်ယောက်လည်းဖြစ်၏။ ဖန်းကလန်၏ နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် အမွေအနှစ်များကို ရယူခဲ့ပြီးသည့်နောက် လွင့်မျောတိမ်တောင်သည် မြင့်မားသည့်အခြေအနေတစ်ခုဆီသို့ တက်လှမ်းသွားနိုင်ခဲ့သည် ဆိုခြင်းမှာ ယုံမှား သံသယရှိစရာ မဟုတ်ပေ။

ထိုကဲ့သို့သော အရာများကို ပြုလုပ်အောင် ဦးဆောင်တိုက်ခိုက်ခဲ့သော အင်ပါယာရန်မိုအနေနှင့် လုံလောက်သည့် အကျိုးကျေးဇူးများကို ရရှိခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် အင်ပါယာစာရင်းတွင် ပါဝင်ခြင်း မရှိဘူးဆိုလျှင် တောင်မှ အင်ပါယာစာရင်း၏ ဆယ့်တစ်ယောက်မြောက်တွင် တည်ရှိနေသည့် လူတစ်ယောက် ဖြစ်ကောင်း ဖြစ်လိမ့်မည်ဟု အားလုံးက တွက်ချက်ပြီးသားဖြစ်၏။ ၎င်းနှင့် စာရင်းထဲတွင် နံပါတ်တစ်ဆယ်၍ ချိတ်နေသော အင်ပါယာယုညိုတို့၏ကြား ကွာခြားချက်သည် သိသာစွာ ကွာခြားလိမ့်မည် မဟုတ်ချေ။

“အရမ်းကောင်းတယ် …. အင်ပါယာရန်မို ရောက်လာပြီဆိုတော့ ခရမ်းရောင်နက်နဲလောကကြီးက အနိုင်ရဖို့ အခြေအနေ မရှိတော့ဘူး”

“ဓားတစ်ချက်နဲ့ မြေအင်မော်တယ်လောကမှာရှိတဲ့ သက်ရှိသတ္တဝါအားလုံးကို သတ်ဖြတ်ပစ်ခဲ့တယ်။ ခရမ်းရောင် နက်နဲလောကရဲ့ အင်ပါယာယုညိုက ကျိန်းသေပေါက် ပြန်ပြီး ပေးဆပ်ရတော့မယ်”

“အမှန်ပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ခရမ်းရောင်နက်နဲလောကထဲမှာ အင်ပါယာ တော်တော်များများ သေဆုံး ခဲ့ကြတယ်။ အင်ပါယာယုညိုကတော့ ထူးမခြားနားသလို သေမှာပဲ”

“ပြောဖို့တော့ခက်တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ရဲ့ အင်ပါယာစာရင်းထဲမှာ အင်ပါယာယုညိုက နံပါတ် တစ်ဆယ်ချိတ်တယ်။ အင်ပါယာရန်မိုက စာရင်းထဲမှာ မရှိဘူး။ သူတို့ရဲ့ အားအင်အဆင့်က ကွာခြားနေတာ မဟုတ်ဘူးလား။ ပြီးတော့ တစ်ဖက်လူရဲ့ လက်ထဲမှာ ကောင်းကင်တုန်ခါခြင်းဓားကလည်း ရှိနေသေးတယ်”

“အဲတော့ ဘာဖြစ်လဲ။ မြေအင်မော်တယ်လောကမှာရှိတဲ့ အင်ပါယာတွေရဲ့ အရေအတွက်က ခရမ်းရောင်နက်နဲ လောကကြီးနဲ့ နှိုင်းယှဉ်လို့ မရဘူးလား” မြေအင်မော်တယ်လောကတွင် ရှိနေသည့် သက်ရှိသတ္တဝါ တစ်ယောက်သည် လေဟာနယ်ထဲသို့ လှမ်း၍ ကြည့်ရှုကာဖြင့် အငြှိုးအတေးကြီးမားစွာ ပြောဆိုလိုက်၏။

ခဏအတွင်းမှာပဲ မြေအင်မော်တယ်လောက၏ တည်နေရာဘက်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာနှစ်ခု ပေါ်ပေါက်လာခဲ့ပြီး ကောင်းကင်ကြီးအနှံ့ မီးတောင်ကြီး ပေါက်ကွဲသကဲ့သို့ပင် ဖြစ်တည်လာခဲ့သည်။

တိမ်များသည် အထပ်ထပ် ဖြစ်တည်လာခဲ့ပြီး ထိုတိမ်များအပေါ်၌ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားမြင့် ကျင့်ကြံသူ နှစ်ယောက်တို့သည် လှမ်းတက်ကာ လျှောက်လှမ်းလာခဲ့၏။ ဤနှစ်ယောက်တို့သည် အင်ပါယာရန်မို၏ ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး လောကကြီး တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်စေနိုင်သော အရှိန်အဝါ များကို ထုတ်ဖော်နေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် အတိတ်နှင့်အနာဂတ် တစ်ခုလုံး ထိုးခွင်းသွားသကဲ့သို့ပင်။

လက်ရှိအခြေအနေမှာတော့ ခရမ်းရောင်နက်နဲလောကကြီး၏ မျိုးရင်းများ သို့မဟုတ် မြေအင်မော်တယ်လောက အားလုံးသောသူတို့သည် ရွေးချယ်မနေခဲ့ကြချေ။ မြန်မြန်ဆန်ဆန်ပဲ အနောက်သို့ ဆုတ်လိုက်ကြ၏။ အင်ပါယာများ၏ ကြီးကျယ်သော တိုက်ခိုက်ပွဲကြီးသည် စတင်တော့မည်ဖြစ်ကြောင်း သူတို့က အလိုလို နားလည်လိုက်၏။

ယခင်တုန်းကနှင့် ဤတစ်ကြိမ်က ကွာခြားလှ၏။ အင်ပါယာယုညိုသည် ခရမ်းရောင်နက်နဲလောကကြီး၏ အစစ်အမှန် အခြေခံကို ပိုင်ဆိုင်သူတစ်ယောက်ဟု ပြောဆိုရမည်။ အင်ပါယာယုညိုကိုသာ သူတို့ သတ်ဖြတ် နိုင်သည်ဆိုပါက ခရမ်းရောင်နက်နဲလောကကြီး တစ်ခုလုံးသည် ကြီးကြီးမားမား ထိခိုက်ခံစားရမှာဖြစ်သည်။

အင်ပါယာယုညို သေဆုံးသွားသည်နှင့်တပြိုင်နက် ခရမ်းရောင်နက်နဲလောကကြီးတွင် အင်ပါယာပိုင်လီ ဆိုသော ဝှက်ဖဲတစ်ခုသာလျှင် ကျန်ရှိတော့မည်။ ခန့်မှန်း၍ မရနိုင်သည့် ရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရမည်ဆိုပါက အင်ပါယာစာရင်းတွင် ရှိနေသည့် နံပါတ်ကိုးယောက်မြောက် ကျင့်ကြံသူပင်လျှင် သေဆုံးရမှာ သေချာ၏။

အင်ပါယာပေါင်း မြောက်များစွာတို့ ဝိုင်းဝန်းတိုက်ခိုက်သည်ဆိုပါက အင်ပါယာပိုင်လီကိုပင် မဆိုနှင့် နိရယ အင်ပါယာ၊ အင်ပါယာကျန်းထျန်တို့ပင်လျှင် ကျိန်းသေပေါက် ကြောက်ဒူးတုန်မှာ သေချာလေသည်။

“အင်း.. တာအိုရောင်းရင်းနှစ်ယောက်တို့ ရောက်လာပြီလား။ ကျုပ်တို့သာ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် တကယ့်ကို အရှုံးဆိုတာ မရှိနိုင်ဘူး” အင်ပါယာရန်မိုက ပြောဆိုလိုက်၏။ သူသည် ကြီးမားလွန်းလှသည့် နတ်ဘုရားကျားကြီး အပေါ်တွင် ထိုင်လျက်ရှိနေပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားနိုင်စွမ်းရှိသည့် ပုဆိန်ကြီးကို ကိုင်ဆွဲထားလေ၏။

တခြားသောအင်ပါယာနှစ်ယောက်သည် သူ၏ ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့၏ အသွင်အပြင်များသည် နှိုင်းယှဉ်၍ မရနိုင်သည့် နတ်ဘုရားစိတ်ဆန္ဒများကို ထုတ်ဖော်လျက် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူများပင်။

မိုးကုတ်စက်ဝိုင်း အဝေးတစ်ဖက်တွင် များပြားလှသည့် ကျင့်ကြံသူများကလည်း မတ်မတ်ရပ်လျက်ရှိ၏။ ခြွင်းချက် မရှိချေ။ ထိုသူများအားလုံးသည် အင်ပါယာများသာလျှင်ဖြစ်၏။ သို့ပေမဲ့ မည်သူမှသည် တိုက်ပွဲကို ဝင်ရောက် မပူးပေါင်းခဲ့ကြချေ။ ထိုအစား သူတို့ရှေ့တွင် ဖြစ်တည်လျက် ရှိနေသည့် အကြောင်းအရာများကိုသာ ငြိမ်ငြိမ်သက်သက်ဖြင့် ကြည့်ရှုရန် ပြင်နေကြသည်။

သူတို့သည် တိုက်ပွဲတွင် တက်တက်ကြွကြွဖြင့် ဝင်ရောက် တိုက်ခိုက်ခြင်း မရှိသည် ဆိုလျှင်တောင်မှ များပြားလှသော အရှိန်အဝါများကို ထုတ်ဖော်ကာ ဖိနှိပ်ထားခဲ့ကြ၏။ ထို့ကြောင့် ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် သက်ရှိသတ္တဝါများ၏ နှလုံးသားများသည် ခဲဆွဲထားသကဲ့သို့ပင် လေးလံလျက် ရှိနေလေ၏။ မြေအင်မော်တယ်လောက၏ နက်နဲလွန်းလှသည့် အမွေအနှစ်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

တခြားတစ်ဖက်တွင်တော့ အင်ပါယာယုညိုဆိုသည့် ကျင့်ကြံသူတစ်ယောက်က ပေါ်ပေါက်လာပြီး တခြာသော တစ်ဖက်တွင်တော့ အင်ပါယာပေါင်းမြောက်များစွာတို့ ပေါ်ပေါက်လာခဲ့၏။ ခြားနားလွန်းလှချေသည်။ ကြည့်ရသည်မှာ တစ်ဖက်လောက၌ အင်ပါယာပေါင်း မြောက်များစွာ တည်ရှိနေပြီး ကြိုက်သလို ခေါ်ထုတ်၍ ရသည့် အခြေအနေမျိုးတွင် တည်ရှိနေသည့်ပုံပင်။ ထို့အပြင် မြေအင်မော်တယ်လောက၌လည်း လက်ကျန် အင်ပါယာများ မည်မျှ များများစားစား ကျန်ရှိနေသေးကြောင်း မည်သူမှ သေသေချာချာ မသိရှိကြချေ။

All Chapters