အပိုင်း (၄၂၆)
Vol. 29 Ch. 426
"သတ်စမ်း"
အင်ပါယာ ရန်မိုသည် သူ၏ မဲနက်နေသော ပုဆိန်ကြီးကို ကိုင်ဆောင်ပြီးနောက် ပထမဆုံး တိုက်ခိုက်မှုကို ပြုလုပ်လိုက်၏။ သူသည် သန်မာသော စွမ်းအင်ကို ထုတ်ဖော်ဖြင့် အင်ပါယာယုညိုကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။ ချက်ချင်းဆိုသလိုပဲ ပြိုင်ဖက်ကင်းလှသည့် အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒသည် လောကတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့၏။ ကျင့်ကြံသူတစ်ချို့သည် ခပ်ဝေးဝေးတည်နေရာတွင် ရှိနေသည် ဆိုလျှင်တောင်မှ ထိုအော်ရာများ ၏ လွှမ်းခြုံခြင်းကို ခံနေရ၏။
"ခရမ်းရောင် နက်နဲလောကမှာ အင်ပါယာပိုင်လီတစ်ယောက်ပဲ ကျန်တော့မယ်"
"အဲဒီ အင်ပါယာပိုင်လီကို ကျုပ်အတွက် ထားခဲ့လိုက်"
နောက်ထပ်အင်ပါယာတစ်ယောက်က အော်ဟစ်လိုက်၏။ အင်ပါယာသုံးယောက်တို့သည် ၎င်းတ်ု့၏ ရောင်စဥ်များကို ထုတ်ဖော်ကာဖြင့် တိုက်ခိုက်လျက် ရှိနေ၏။ ၎င်းတို့သည် ဖြိုဖျက်၍မရသော တောင်ကြီးများကဲ့သို့ပင် ကောင်းကင်ယံထက်တွင် မတ်မတ်ရပ်လျက် ရှိ၏။
"ခင်ဗျားက ယုံကြည်ချက်ပြင်းလွန်းနေသလိုပဲ" အင်ပါယာယုညိုက တုံ့ပြန်လိုက်၏။ သူ၏အမူအရာသည် အစွန်းစုံအထိ အေးစက်လျက် ရှိနေသလိုပင်။ ကောင်းကင်ယံထက်တွင် ရပ်တန့်လျက် ရှိနေပြီး အရာအားလုံးက်ု ရင်ဆိုင်နိုင်သည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် တည်ရှိနေသည်။
သူ၏နောက်ဖက်တွင် ရေတွက်၍မရနိုင်သော ခရမ်းရောင် နက်နဲလောကမှ သက်ရှိသတ္တဝါများ တည်ရှိလို့နေ၏။ သူ၏ အရှေ့ဘက်တွင်တော့ ကျယ်ပြောလွန်းလှသော မြေအင်မော်တယ်လောကကြီးက တည်ရှိလို့နေ၏။ မြေအင်မော်တယ်လောကရှိ များပြားလှသော သတ္တဝါများကို သူက သုတ်သင်ရှင်းလင်းပစ်သော်လည်း လုံလောက်ခြင်း မရှိသေးချေ။ ယနေ့အချိန်မှာတော့ ထိုသူတို့အားလုံးအား လက်စားချေရမည်။ မျက်လုံးတစ်လုံး အတွက် မျက်လုံး၊ လက်တစ်ချောင်းအတွက် လက်၊ သွားတစ်ချောင်းအတွက် သွားဖြစ်ရပေလိမ့်မည်။
ဘုန်း .....။
အင်ပါယာယုညိုသည် တွန့်ဆုတ်မနေတော့ချေ။ အင်ပါယာအလင်းတန်းများ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထိုးထွက်လျက် ရှိနေပြီး အရှေ့ဆီသို့ ထိုးထွက်လာခဲ့၏။ ၎င်းသည် အနောက်ဘက်တွင် ၎င်း၏စစ်ရထားလုံးကြီးကို ချန်ခဲ့၏။ လက်တစ်ဖက်ကို အသာမြောက်လိုက်ပြီးသည့်နောက် ကြီးမားလှသည့် လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး အောက်တွင် ရှိနေသည့် အရာအားလုံးကို ရိုက်နှက်လိုက်၏။ ထိုလက်ကြီးသည် အလွန်ကြီးမားပြီး အားလုံးသောသူများကို သိမ်ငယ်စိတ်ပင် ဖြစ်တည်စေခဲ့၏။
"လုပ်ရဲတယ် ဟုတ်လား" အင်ပါယာရန်မိုက အော်ဟစ်လိုက်သည်။
သူသည် အင်ပါယာယုညို၏ လှုပ်ရှားမှုကို မြင်ရသည့် အခါမှာတော့ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးအစုံဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အဆုံးစွန်ထိ ထွက်ပေါ်နေခဲ့၏။
ဤကြယ်စင်စုသည် လွင့်မျောတိမ်တောင် ခဏတာ အခြေချရာ စခန်းတစ်ခုဖြစ်သည်။ မြေအင်မော်တယ် လောကမှ များပြားလှသော တပည့်များသည် ယခု ခရမ်းရောင်နက်နဲလောကဆီသို့ ရောက်ရှိလာသောကြောင့် အင်ပါယာယုညိုသည် ထိုသူတို့အားလုံးကို တစ်ချက်တည်း သုတ်သင်ပစ်လိုက်၏။ အခြေခံအားဖြင့် ထိုသူတို့အားလုံး သေဆုံးသွားခြင်းသည် သိသာထင်ရှားလှသည့် အရာမဟုတ်ဘူး ဆိုလျှင်တောင်မှ ၎င်းတို့အတွက် သိသာလှသည့် ဂုဏ်သိက္ခာတရားကို ကျဆင်းပေလိမ့်မည်။
"ဘာကိုကြောက်နေရမှာလဲ"
အင်ပါယာယုညို၏ မျက်လုံးထဲတွင် အရှိန်အဝါကြီးမားလှသည့် အော်ရာများ တည်ရှိလို့နေခဲ့၏။ ၎င်းသည် ဘယ်တော့မှ အညံ့ခံလိမ့်မည် မဟုတ်ချေ။
"ခင်ဗျားတို့က ဒီလောကထဲကို ရောက်ရှိလာကတည်းက ဒီနေ့လိုနေ့မျိုးကို ကြိုပြီးတွေးထားသင့်တယ်။”
သူသည် ပြောဆိုပြီးသည့်အချိန်မှာပဲ လက်ငါးချောင်းကို အသာဖိနှိပ်လိုက်၏။ မိုးခြိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာခဲ့ပြီး အောက်တွင်ရှိနေသည့် အရာအားလုံးကို စတင်ကာချိုးဖျက်၏။ သက်ရှိအားလုံးတို့သည် အသက်ရှင်သန်နိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
"သေချင်နေတာပဲ" အင်ပါယာရန်မိုက ဒေါသထွက်သွား၏။ သူ၏ဆံနွယ်များသည် လေထုထဲတွင် ပြန့်နှံ့သွား၏။ အင်ပါယာသုံးယောက်နှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်နေရသည် ဆိုလျှင်တောင်မှ အင်ပါယာယုညိုသည် မောက်မာလျက် ရှိနေသေး၏။ ၎င်းသည် သူတို့၏ နောက်ကွယ်ရှိ အင်အားစုများကိုပင် စတင်တိုက်ခိုက်ရဲနေ၏။ ၎င်းတို့၏ပါးကို ပိတ်ရိုက်သကဲ့သို့ပင် ခံစားနေမိ၏။
ဘုန်း ...။
ကြီးမားလွန်းလှသည့် ပုဆိန်ကြီးသည် လေဟာနယ်ကို ထိုးခွင်းသွားခဲ့၏။ ကျယ်ပြောလွန်းလှသည့် တည်နေရာကြီး ဖြစ်လျှင်တောင်မှ အင်ပါယာရန်မိုသည် တိုက်ရိုက်ဆိုသလိုပဲ အရာအားလုံးကို ခုတ်ပိုင်းလေ၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပတ်ဝန်းကျင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်လာခဲ့ပြီး နေရာအားလုံးတွင် သွေးများ ဖုံးလွှမ်းသွားခဲ့၏။ သက်ရှိသတ္တဝါ အားလုံးတို့သည် ခန္ဓာကိုယ်အစိတ်အပိုင်းများ တစစီဖြစ်ကာ အဝေးသို့ လွင့်စင်သွားခဲ့သည်။
"အနာဂတ်မှာ ကျုပ်အင်မော်တယ် ဖြစ်လာရင် ကျိန်းသေပေါက် လွင့်မျောတိမ်တောင်ကို ဖျက်ဆီးပစ်မယ်" အင်ပါယာယုညိုက အော်ဟစ်လိုက်၏။ ၎င်း၏ အသံသည် ကောင်းကင်ယံတစ်ခုလုံးတွင် ပြန့်နှံ့နေခဲ့၏။ သူ့အား ရောင်စဥ်အလင်းတန်းများက လွှမ်းခြုံထားပြီး ဆန်းကြယ်လွန်းလှသော ခန္ဓာကိုယ်သည် အရှိန်တညီးညီးနှင့် ဖြစ်တည်နေ၏။
ဘန်း ....။
ကျယ်လောင်လှသော အသံကြီးသည် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်တုန်ခါခြင်းဓားသည် ပိုင်းဖြတ်၏။ မြေအင်မော်တယ်လောက၏ နယ်စပ် မြေပြင်တစ်ခုလုံးပင်လျှင် ကွဲအက်သွားခဲ့လေ၏။ အင်ပါယာ တော်တော်များများသည် ထိုအရာကြီးကို မည်သို့မှ ခုခံနိုင်ခြင်း မရှိသောကြောင့် ခပ်ဝေးဝေးဆီသို့ လှမ်းဆုတ်လိုက်ကြရသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
အင်ပါယာရန်မိုသည် သွေးများပင် အန်ထွက်လာခဲ့၏။ လက်တစ်ဖက်ဖြင့် ကြီးမားသော ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး အခြားသော လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိအုပ်ထားရ၏။ သူသည် မြန်မြန်ဆန်ဆန်ဖြင့် လေဟာနယ်ထဲသို့ လှမ်းဆုတ်လိုက်ရ၏။ သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများက အထင်းသား ပေါ်ပေါက်လာခဲ့၏။
ပထမဆုံး တိုက်ခိုက်ချက် ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ဖက်သူသည် ဘာမှဖြစ်မသွားဘဲ သူသည်သာ ပြင်းပြင်းထန်ထန် ဒဏ်ရာရှိခဲ့သည်ဆိုခြင်းမှာ ရှက်စရာကောင်းလွန်းလှ၏။ အင်ပါယာတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ ဒဏ်ရာများသည် ပြန်လည်မကုသနိုင်သကဲ့သို့ သွေးတစက်စက်ယိုနေသည်။
"ဒါကောင်းကင်တုန်ခါခြင်းဓားပဲ" အင်ပါယာရန်မိုသည် ရုတ်တရက် နားလည်သွားမိ၏။ သူသည် အင်ပါယာယုညို၏ လက်ထဲရှိ ရှေးဓားကြီးကို လှမ်းမျှော်ကာကြည့်ရှုရင်း မျက်လုံးထဲတွင် ကြောက်လန့်မှုများ ဖြတ်ပြေးသွား၏။ ဤဓားကြီးသည် အင်ပါရီယန်လက်နက်စာရင်း၏ နံပါတ်ငါးနေရာတွင် တည်ရှိနေသောကြောင့် ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်နှင့် မွန်းစတားအင်ပါယာခေါင်းလောင်းတို့နှင့် အဆင့်ခြင်း မတူညီလျှင်တောင်မှ သတ်ဖြတ်ခြင်းကို နှိုင်းယှဥ်မည် ဆိုလျှင်တော့ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် ပင်လျှင် ၎င်းကိုယှဥ်နိုင်မည် မဟုတ်ချေ။
အင်ပါယာရီယန်လက်နက်တိုင်းတွင် ပြိုင်စံရှားသည့် စွမ်းအင်များ ပိုင်ဆိုင်၏။ တစ်ချို့သည် ခုခံမှုတွင် အားကောင်းလှပြီး တစ်ချို့မှာတော့ ရန်သူများကို ချုပ်နှောင်သည့် နေရာတွင် အားကောင်းလှ၏။ သို့ပေမဲ့ ကောင်းကင်တုန်ခါခြင်းဓားမှာတော့ သတ်ဖြတ်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ပြုလုပ်ထား၏။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ကောင်းကင်တုန်ခါခြင်းဓားအောက်တွင် သေဆုံးသွားသည့် အင်ပါယာများ မှာ မရေတွက်နိုင်အောင် များပြားလှ၏။
မြေအင်မော်တယ် လောက၏ ခပ်ဝေးဝေးတည်နေရာတစ်ခုတွင် အသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။ "အင်ပါယာရန်မို ဒဏ်ရာရသွားပြီတဲ့"
ဤသတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွား၏။ တည်နေရာတွင် ရှိနေကြသည့် တော်ဝင်သူတော်စင်များနှင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် မကောင်းသည့်ခံစားချက်များကို စတင်ကာ ခံစားလာမိကြ၏။ အင်ပါယာသွေး ၏ ညှီစို့မှုသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားစေခဲ့ပြီး ကြောက်လန့်ဖွယ်ရာ အခြေအနေတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
မြေအင်မော်တယ်လောကရှိ အင်ပါယာတစ်ယောက်သည် တုန်လှုပ်သွားမိ၏။
"အင်ပါယာရန်မိုက တကယ့်ကို ခန့်မှန်းလို့မရတဲ့အားအင်ကို ပိုင်ဆိုင်ပြီး အဆင့်တူတွေကြားမှာ ပြိုင်ဖက်ကင်းတယ်။ အင်ပါယာစာရင်းရဲ့ နံပါတ်တစ်ဆယ်မှာရှိတဲ့ အင်ပါယာယုညို နဲ့ တိုက်ခိုက်တဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီးတော့ စစခြင်းရှုံးနိမ့်ရတာလဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ရဲ့ ခန့်မှန်းချက်တွေက တကယ်ကို မှန်ကန်နေတာလား။ "
ကောင်းကင်လျှို့ဝှက် နန်းဆောင်၏ အင်ပါယာစာရင်းတွင် ဒုတိယချိတ်သည့်သူသည် နိရယ အင်ပါယာဖြစ်၏။ ဆယ်ယောက်မြောက်သည် အင်ပါယာယုညိုဖြစ်၏။ ဤအင်မော်တယ်နှစ်ယောက်ကြားတွင် ကွာခြားချက်သည် တကယ်ပင် ကြီးမားလှမှာ သေချာ၏။ လက်ရှိအချိန်တွင် အင်ပါယာယုညိုသည် တဖက်၏ အင်ပါယာသုံးယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေသည် ဆိုလျှင်တောင်မှ အသာလွှမ်းမိုး တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။
ကောင်းကင်တုန်ခါခြင်းဓား၏ လက်ချက်ကြောင့် အင်ပါယာသုံးယောက်တို့သည် ဒဏ်ရာများဖြင့် နောက်သို့ ဆုတ်ခဲ့ရ၏။ ဒဏ်ရာများသည် သေစေနိုင်လောက်သည် မဟုတ်လျှင်တောင်မှ အချိန်အတိုင်းအတာတစ်ခုအတွင်း ပြန်လည်ကောင်းမွန်ရန်အတွက်တော့ ခက်ခဲ့ပေလိမ့်မည်။ ခပ်ဝေးဝေးသို့ ထွက်ပြေးနိုင်မှသာလျှင် ထိုအင်ပါယာသုံးယောက်တို့၏ ကံကြမ္မာသည် အသက်ရှင်နိုင်မှာဖြစ်၏။ မဟုတ်ပါက ကောင်းကင်တုန်ခါခြင်းဓား ၏ လက်ထဲတွင် သေဆုံးပျောက်ကွယ်သွားပေလိမ့်မည်။
"ဒါ ကောင်းကင်တုန်ခါခြင်းဓားကြောင့်ပဲ" ကွာစီအင်ပါယာတစ်ယောက်က ပြောလိုက်၏။ သူသည် အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုကို သတိပြုမိသွား၏။ အင်ပါယာယုညို၏ အားအင်အဆင့်သည် တိုက်ပွဲတည်နေရာတွင် တခြားသူတို့ထက် သာလွန်နေသည် ဆိုခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။ ဖြစ်နိုင်သည်မှာ ဤဓားကြောင့်သာ ဖြစ်ပေလိမ့်မည်။ အင်ပါယာသုံးယောက်သည်သာဒဏ်ရာများကို ပြန်လည်ကုသနိုင်ခြင်း မရှိသည် ဆိုပါက ကျိန်းသေပေါက် ဆိုးရွားသည့် အခြေအနေဆီသို့ သက်ရောက်မှာ သေချာ၏။
"အင်ပါယာစာရင်းရဲ့ ဆယ်ယောက်မြောက် နေရာမှာရှိတဲ့လူက အင်ပါရီယန်လက်နက်စာရင်းရဲ့ ငါးခုမြောက်နေရာမှာရှိတဲ့ လက်နက်ကို ကိုင်ဆောင်ထားတယ်ဆိုတော့ ကျိန်းသေပေါက် အင်ပါယာ တော်တော်များများကို ဖိနှိပ်နိုင်မှာပဲလေ။” တစ်စုံတစ်ယောက်သည် လေးနက်တည်ကြည်စွာဖြင့် ဘေးတစ်ဖက်ဆီမှ ဝင်ရောက်ကာ ပြောလိုက်သည်။