← Chapters

အပိုင်း (၄၂၇)

Vol. 29 Ch. 427

အပိုင်း (၄၂၇)

Vol. 29 Ch. 427

ဘုန်း ဘုန်း ဘုန်း ….။

နားကွဲလောက်စရာ အသံကြီးသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့လျက်ရှိပြီး တည်နေရာတစ်ခုလုံးသည် တုန်ခါနေ၏။ အင်ပါယာလေးယောက်တို့သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် တည်နေရာကြီး တစ်ခုလုံးသည် ကြမ်းတမ်းလှသည့် နေရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

များပြားလှသည့် သက်ရှိသတ္တဝါများ၏ ဝိညာဥ်များသည် ပျောက်ကွယ်သွားခဲ့ပြီး ထိုဝိညာဥ်များဆီမှ အော်ငြီးသံများ ထွက်ပေါ်နေသည်။ သန်းချီသော အကွာအဝေးတွင် တည်ရှိနေသည့် တိုက်ပွဲ၏ တည်နေရာကြီး သည် ရုတ်တရက် ဆူဝေလာခဲ့၏။ ဤတိုက်ပွဲကြီးသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် ထုတ်ပြန်ထားသည့် အင်ပါရီယန် လက်နက်စာရင်း၏ ငါးခုမြောက်လက်နက်ကို ကိုင်ဆောင်ထားသော အင်ပါယာစာရင်း၏ ဆယ်ယောက်မြောက် အင်ပါယာတစ်ယောက် အစွမ်းအစကို ထုတ်ဖော်ပြသနေသည့် တိုက်ပွဲပင် ဖြစ်လေသည်။

ကောင်းကင်တုန်ခါခြင်းဓားကို ကိုင်ဆောင်ထားသော အင်ပါယာယုညိုကို မည်သူကတိုက်ခိုက်မည်နည်း။ တစ်ဖက်လူသည် တစ်ယောက်တည်း တိုက်ခိုက်နေသည် ဆိုလျှင်တောင်မှ အင်ပါယာသုံးယောက်တို့ကို အသာစီးမှယူကာ တိုက်ခိုက်လျက် ရှိနေ၏။ မြေအင်မော်တယ်လောကရှိ သက်ဆိုင်ရာ ဂိုဏ်းအသီးသီးတွင် ဤအင်ပါယာသုံးယောက်တို့သည် တကယ့်ကို ကျော်ကြားလှသည့် လူများ ဖြစ်ကြောင်း သတိပြုရပေမည်။ ၎င်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုသည် တကယ့်ကိုကြောက်မက်ဖွယ်ရာ အခြေအနေကို ရောက်ရှိနေ၏။ သို့ပေမဲ့ အင်ပါယာယုညိုသည် ထိုသူတို့အားလုံးကို ဖိနှိပ်ကာ တိုက်ခိုက်လျက် ရှိနေ၏။ ထိုသူတို့သည် အင်ပါယာယုညို၏ ပြိုင်ဖက်မဟုတ်ကြချေ။

"အင်ပါယာယုညိုပြန်လာပြီ။ ကောင်းကင်တုန်ခါခြင်းဓားကိုလည်း ကိုင်ဆောင်ထားတယ်ဆိုတော့ ကြည့်ရတာ ကျုပ်တို့ ခရမ်းရောင် နက်နဲလောကအတွက်တော့ မျှော်လင့်ချက်ကြီးပဲ"

အသက်အရွယ်ကြီးမြင့်လှပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖုံးလွှမ်းနေသော အင်ပါယာပိုင်လော်သည် ရှေ့ဆီသို့ လှမ်းတိုးလိုက်၏။

"အင်ပါယာယုညိုက အင်ပါယာပိုင်လီနဲ့အတူ သွားခဲ့တာလေ။ အင်ပါယာပိုင်လီက အဆင့်တက်တော့မယ့် အခြေအနေမှာ ရှိနေတာ ထင်တယ်"

ဦးခေါင်းတွင် ဦးချိုကြီးရှိသော အခြားအင်ပါယာတစ်ယောက်သည် လေလေးနက်နက် ဝင်ရောက်ကာ ပြောဆိုလိုက်သည်။

ခရမ်းရောင် နက်နဲလောကကြီး၏ နက်ရှိုင်းမှုကို အလုံးစုံ ထုတ်ဖော်မပြသသေးချေ။ မြေအင်မော်တယ်လောက သည်ကလည်း ၎င်းတို့၏ အပေါ်ယံကိုသာ ထုတ်ဖော်ပြသသေး၏။ အနည်းဆုံးအနေဖြင့် မြေအင်မော်တယ် လောကထဲတွင် အစစ်အမှန်အင်မော်တယ်များ တည်ရှိလို့နေ၏။ သို့ပေမဲ့ ထိုသူများသည် ဝင်ရောက်ကာ မလှုပ်ရှားခဲ့ချေ။ ထိုသူများသာ ဝင်ရောက်လာပါက ခရမ်းရောင် နက်နဲလောကကြီးကို အားအင် စိုက်ထုတ်မှု ကင်းကင်းဖြင့် ချိုးဖျက်နိုင်မှာ သေချာ၏။

ထို့ကြောင့် ခရမ်းရောင် နက်နဲလောကကြီးအနေဖြင့် ကျောက်စိမ်းလေဟာနယ် နန်းတော်ကဲ့သို့သော အင်အားစုများကြီးများ တိုက်ခိုက်သည်ကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ လိုအပ်နေ၏။ ထိုကဲ့သို့သော အရာမျိုးကို ခုခံနိုင်ဖို့ ဆိုသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက် တည်ရှိရန်လည်း လိုအပ်နေသေး၏။ နှစ်သောင်းပေါင်းများစွာ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းပြီးသည့်နောက် ခရမ်းရောင်နက်နဲလောကကြီးသည် ၎င်းတို့၏ အားအင်အဆင့်မှာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

"အင်ပါယာယုညိုသာ နည်းနည်းလေး ပိုပြီးတော့ တောင့်ခံနိုင်မယ်ဆိုရင်"

တိုက်ခိုက်ရေး တည်နေရာထဲတွင် ရှိနေသော အင်ပါယာတစ်ယောက်သည် တီးတိုးရေရွတ်လိုက်၏။ ကြီးမားလှသည့် တိုက်ပွဲကြီးအလယ်တွင် အင်ပါယာယုညိုသည် ကောင်းကင်တုန်ခါခြင်းဓားကို ကိုင်ဆောင်ကာဖြင့် လေဟာနယ်ထဲကို ခုတ်ပိုင်းလျက် ရှိနေ၏။ ၎င်းသည် မြေအင်မော်တယ် လောကဆီမှ စွမ်းအားမြင့်လှပါသည်ဆိုသော အင်ပါယာများကို ဓားဖြင့် လိုက်ခုတ်နေ၏။

ရှလွမ်

လေဟာနယ်ကြီးတစ်ခုလုံးသည် ပိုင်းဖြတ်သွားခဲ့လေ၏။ ကောင်းကင်တုန်ခါခြင်းဓားသည် မည်သည့်အရာနှင့် ပြုလုပ်ထားမှန်း မသိသော်လည်း တည်နေရာထဲတွင် ရှိနေသည့် အရာအားလုံးကို ခုတ်ပိုင်းနိုင်သည် ဆိုခြင်းမှာတော့ ၎င်း၏ ထူးခြားမှုပင်။

ဇွီ ဇွီ ....။

ခပ်ဝေးဝေး တည်နေရာအတွင်းမှာတော့ ……

လေထုထဲတွင် ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပြီး ထိုအသံကို အားလုံးသောသူတို့က ကြားရ၏။ မြေအင်မော်တယ်လောကမှ တော်ဝင်အင်ပါယာတစ်ယောက်၏ ဒေါသတကြီး အော်ဟစ်သံက ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ၎င်း၏ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွား၏။ ၎င်း၏အရိုးများသည် ပိုင်းပြတ်သွားလေ၏။

မြင်ကွင်းသည် ကြောက်မက်ဖွယ်ရာကောင်းလှ၏။ အင်ပါယာတစ်ယောက် အနေဖြင့် ဤမျှဆိုးရွားလှသည့် အခြေအနေကို ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားမိချေ။ ရှက်ရွံ့စရာ ကောင်းလောက်အောင်ပင် သုံးယောက် တစ်ယောက် တိုက်ခိုက်သည့်အချိန်၌ ၎င်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့၏။ ထို့ကြောင့် မကျေမနပ်ဖြင့် နာကျဉ်းစွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ၎င်း၏ လက်သည် ခုတ်ပိုင်းခံလိုက်ရပြီ ဖြစ်၏။ ထိုလက်သည် များပြားလှသည့် ရောင်စဥ်အလင်းများကြားထဲတွင် ပျောက်ကွယ်သွား၏။

အား ….။

ရူးသွပ်မှု၊ အမုန်းတရား အရာအားလုံးက ထင်ပေါ်လာခဲ့လေ၏။ ၎င်း၏ ဆံနွယ်များသည် လေထုထဲတွင် လွင့်မျောနေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ ဖုံးလွှမ်းနေ၏။ ဓားဆန္ဒများသည် ၎င်း၏ ဒဏ်ရာများကို ပြန်လည်ကုစားနိုင်ခြင်း မရှိအောင် တိုက်စားလျက် ရှိနေသည်။

"ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ခိုင်းမယ်"

အင်ပါယာ၏ မျက်လုံးများသည် ကြက်သွေးရောင်ကဲ့သို့ပင် နီရဲလျက် ရှိနေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းစွာဖြင့် ၎င်းသည် သူ၏လက်ကို ဆုံးရှုံးခဲ့ရသည် ဆိုလျှင်တောင်မှ မည်သို့မှ ဒေါသကို မထိန်းချုပ်နိုင်ဘဲ အင်ပါယာယုညိုဆီသို့ လှမ်းဝင်သွားခဲ့၏။ ၎င်း၏ လက်ထဲတွင်တော့ အင်ပါရီယန်လက်နက်တစ်ခုက ထွက်ပေါ်လာခဲ့၏။ ထိုလက်နက်ကြီးသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်ဖော်ပြသနေ၏။

"အင်း …. ဘာမှပိုပြီး ထူးခြားလာမှာ မဟုတ်ပါဘူး"

အင်ပါယာယုညိုက နှာခေါင်းရှုံ့လိုက်၏။ သူ၏လက်ထဲရှိ ကောင်းကင်တုန်ခါခြင်းဓားသည် အလင်းတန်းများဖြင့် ထွန်းတောက်လာလေပြန်သည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဘုရားနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီးနောက် ဓားအလင်းတန်းများသည် တခြားမည်သူ့ကိုမှ အခွင့်အရေးမပေးဘဲ ဖိနှိပ်လေသည်။

"မကောင်းတော့ဘူး"

ဓားအလင်းတန်းများ၏ တိုက်စားမှုကို မြန်မြန်ဆန်ဆန်နှင့် ခုခံနေရသော အင်ပါယာသည် ကြီးမားသည့် ခံစားချက်ကို ရရှိလိုက်၏။ သူသည် ဒေါသထွက်နေသည် ဆိုလျှင်တောင်မှ သူ၏ အကန့်အသတ်ကို သူသိရှိ၏။ သူ့လက်ကို ပေးဆပ်ခဲ့ရပြီး ဖြစ်သောကြောင့် နောက်ထပ်ဖြစ်တည်လာမည့် အရာသည် သေဆုံးခြင်းသာ ဖြစ်ပေလိမ့်မည်။

မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပြီးသည့်နောက် လေယာနယ်ထဲသို့ လှမ်းတက်ကာဖြင့် အလင်းတန်းအသွင်ပြောင်းကာ မိုင်ခပ်ဝေးဝေး တည်နေရာဆီသို့ ထွက်ပြေးသွားလေတော့၏။

ထွက်ပြေးသွားသည့် အချိန်အတွင်းမှာပဲ များပြားလွန်းလှသော ကြယ်စင်စုအားလုံးသည် မီးပန်းများ ပေါက်ကွဲသကဲ့သို့ တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်လေသည်။

ကြယ်စင်စုများ၏ ပေါက်ကွဲမှုများကြားတွင် သက်ရှိသတ္တ၀ါများသည် ပေါက်ကွဲကာ သေဆုံးကုန်၏။ တိုက်ပွဲ ဆင်နွှဲလျက်ရှိသော အင်ပါယာ တော်တော် များများတို့သည် ချက်ချင်းပဲ ကြောင်အသွားခဲ့ကြ၏။

မကြာခင်မှာပဲ မြေအင်မော်တယ်လောကဘက်အခြမ်းတွင်ရှိနေသည့် များပြားလှသော အင်ပါယာများသည် ဒေါသတရားများနှင့် ပြည့်နှက်သွားကြ၏။ ပေါက်ကွဲထွက်သွားသော ကြယ်စင်စု များသည် ၄င်းတို့၏ ထိန်းချုပ်မှုအောက်တွင်တည်ရှိနေပြီး တချို့ဆိုလျှင်၄င်းတို့၏ မျိုးဆက်များပင်ဖြစ်ကြသည်။

အင်ပါယာယုညို၏ တိုက်ခိုက်ချက် တစ်ခုတည်းနဲ့ပင် အရာအားလုံးသည် ပျက်စီးသွားခဲ့၏။

“ဒီလိုလုပ်ခဲ့တာ တကယ့်ကို တရား လွန်သွားပြီ။ “

အင်ပါယာတစ်ယောက်သည် မှတ်ချက်ပြုလိုက်သည်။ “ဒီလိုလုပ်ခြင်းအားဖြင့် ခင်ဗျားရဲ့ အနာဂတ်က ပိုပြီးဆိုး၀ါးလိမ့်မယ်။”

“ သွားတစ်ချောင်းအတွက်သွား၊ သွေးတစ်စက်အတွက်သွေး” အင်ပါယာယုညိုသည် ခပ်တည်တည်ပင် ပြောဆိုလိုက်၏။ ၄င်း၏ ခန္ဓာကိုယ် တွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်လိုစိတ်များသည် အလျှံ တငြီးငြီး နှင့် ထွက်ပေါ်လျက်ရှိနေ၏။

လေဟာနယ်ထဲသို့ လှမ်းကာ ကြည့်ရှုပြီးနောက် ထိုလေဟာနယ်ထဲတွင် ကြီးမားလှသည့် နန်းတော်ကြီးတစ်ခု လွင့်မျောနေသည်ကို မြင်လိုက်ရ၏။ ဤအရာသည် များပြားလှသော တပည့် နောက်လိုက်များ တည်ရှိနေသော ခန့်မှန်း၍မရနိုင်သည့် အင်အားစုတစ်စုကို ဖော်ညွှန်းပြသနေသည်။

သို့ပေမဲ့ အင်ပါယာယုညို၏ ပစ်မှတ်ထားခြင်းကိုခံရသည့်အချိန်မှာတော့ ထိုသူတို့ အားလုံးတို့သည် ကျောရိုးမကြီး တစ်ခုလုံး စိမ့်တက်သွားခဲ့ကြ၏။ အင်ပါယာ တစ်ယောက်၏ တိုက်ခိုက်လိုခြင်းဆန္ဒ ၄င်းတို့ကို လွှမ်းခြုံသွားသည် ဆိုခြင်းမှာ ပေါ့သေးသေး ကိစ္စရပ်မဟုတ်ပေ။ အားလုံးသော သူတို့ သည် ချက်ချင်းဆိုသလိုပင် မြေပေါ်သို့ ဒူးထောက်ထိုင်ချမိလိုက်ကြ၏။

“သေစမ်း”

အင်ပါယာယုညိုသည် ထိုစကားတစ်ခုတည်း ကိုသာပြောဆိုလိုက်၏။ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်းဆန္ဒ များသည် အရာအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

သူသည် လက်စည်းသင်္ကေတတစ်ခုကို ဖန်တီးကာဖြင့် ချက်ချင်းဆိုသလိုပင် တည်နေရာကြီးတစ်ခုလုံးကို ထိုးနှက်လိုက်၏။ ပထမဦးဆုံးလက်စည်းသင်္ကေတသည် အရာအားလုံးကို စတင်ကာ ချိုးဖျက်လာခဲ့၏။ ပြီးနောက် အနောက်ဘက်တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် လက်သီးထိုးချက်ကြီး တစ်ခုကပါ၀င်လာခဲ့၏။

အလုံးစုံသော ဖျက်ဆီးမှုစွမ်းအားများကို ထုတ်ဖော်ပြီးသော်လည်း အင်ပါယာယုညိုသည်မ ရပ်တန့်သေးချေ။ ထိုအစား တခြားသောတည်နေရာဆီသို့ လှမ်းကာ ကြည့်ရှုလိုက်သည်။

ကြယ်ကောင်းကင်ယံထက်တွင် မည်းနက်လျက်ရှိနေသည့် တည်နေရာ အစုအဝေးတစ်ခုကို သူမြင်လိုက်ရ၏။ ထိုအပေါ်တွင် အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားသော စစ်သည်များသည် ငြိမ်ငြိမ်သက်သက်ဖြင့် စီတန်းကာရှိနေပြီး ရန်သူကိုတိုက်ခိုက်ရန် အဆင်သင့်ရှိနေသည့်ပုံပင်။

“နိရယ လောက”

အင်ပါယာယုညို၏ လေသံသည် ထူးမခြားနားသကဲ့သို့ပင် အေးစက်လျက်ရှိနေ၏။ ၄င်းသည် စကြာ၀ဠာတစ်ခုလုံးကို အေးခဲသွားအောင် ပြုလုပ်ချင်သည့် ပုံပေါ်၏။

“အဆုံးသတ်စမ်း”

ပေါ့ပေါ့ပါးပါး အော်ဟစ်ပြီးနောက် အင်ပါယာယုညိုသည် ကောင်းကင်တုန်ခါခြင်းဓားကို မြှောက်ကိုင်ကာ ခုတ်ပိုင်းလိုက်၏။ ရှုပ်ထွေးလှသော ဓားအလင်းတန်းများသည် တည်နေရာကို ဖြတ်သန်းကာဖြင့် ထိုအင်အားစုကို သွားရောက်ကာ ခုတ်ပိုင်းသည်။

“ဘုန်း”

ချက်ချင်းဆိုသလိုပဲ ဓားအလင်းတန်း မရောက်ခင် အရာအားလုံးသည် ပျောက်ကွယ်သွားကုန်၏။ တော်၀င်အင်ပါယာများပင် ထိုအရာကို တားဆီးရန် မ၀ံ့ရဲကြသည် ဖြစ်သောကြောင့် ကြောက်မက်ဖွယ်ရာကောင်း သော အခြေအနေဆီသို့ ရောက်ရှိသွားသည်မှာ သေချာ၏။

အားလုံးသောသူတို့၏ မျက်လုံးများသည် နိရယ လောကဆီသို့ လှမ်း၍ ကြည့်လိုက်၏။ ဤ တိုက်ခိုက်ချက်သည် နိရယအင်ပါယာသာ ၀င်ရောက်တားဆီးခြင်းမရှိပါက အားလုံးသောသူတို့သည် ကျိန်းသေပေါက် သေဆုံးခြင်း အဖြစ်သို့ ရောက်ရှိမှာ သေချာသည်။ သို့ပေမဲ့ နိရယအင်ပါယာသည် တိတ်ဆိတ်ငြိမ်သက်စွာရှိနေ၏။ ဆိုလိုသည်မှာ နိရယအင်ပါယာသည် ဤ နေရာတွင် မရှိခြင်းသာ ဖြစ်ရမည်။

All Chapters