← Chapters

အပိုင်း (၄၂၈)

Vol. 29 Ch. 428

အပိုင်း (၄၂၈)

Vol. 29 Ch. 428

“ဟင်း”

မြေအင်မော်တယ်လောကထဲရှိ တော်ဝင်အင်ပါယာတစ်ယောက် သည် သက်ပြင်းကို အသာ ချလိုက်၏။

နိရယအင်ပါယာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ လက်ရှိအခြေနေတွင် သူမသည် ကူညီ ရမည့်အခြေနေသာ ဖြစ်၏။ သို့သော် သူမ လက်ရှိဘယ်ရောက်နေမှန်းမသိချေ။ လက်ရှိ အင်ပါယာယုညိုသည် ကြမ်းတမ်းလွန်းလှပြီး ၎င်းနှင့် မည်သူမှရင်ဆိုင် မတိုက်ခိုက်ရဲချေ။ ရင်ဆိုင်တိုက်ခိုက်မည် ဆိုပါက အန္ဓရာယ်ကို တားဆီးနိုင်မည် ဆိုလျှင်တောင်မှ ကြီးမားသည့်ဒဏ်ရာကိုရရှိမှာ သေချာသည်။

“ဘုန်း”

ကျယ်ပြောလှသည့် ကောင်းကင်နှင့်မြေပြင်၏ ကြားထဲတွင် ကြီးမားလွန်းသည့် အက်ကွဲကြောင်းကြီးက ဖြစ်တည်လာခဲ့၏။ မီးအလင်းတန်းများသည် ကောင်းကင်ယံထက်တွင် တောက်ပလျက် ရှိနေ၏။

အစစ်အမှန် နတ်ဘုရားတစ်ပါး၏ တိုက်ခိုက်ခြင်းကဲ့သို့ပင် လောကကြီးတစ်ခုလုံးကို ပိုင်းဖြတ်နိုင်စွမ်းရှိသည့် ဓားသည် အရာအားလုံးကို ပိုင်းဖြတ်နိုင်စွမ်းရှိ၏။ နိရယလောကရှိ စစ်သည်တော်တို့ တည်ရှိရာ ကြယ်စင်စု တွင်တော့ များပြားလှသည့်လူများ၏ မျက်နှာသည် ဖြူရော်သွားကြသည်။

၎င်းတို့၏ ၀ိညာဥ်များသည် တည်ရှိလျှက်ရှိနေပြီး မသေဆုံးကြောင်းကို ခံစားမိလျှင်တောင်မှ သူတို့သည် သေမင်းနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ခံစားနေရ၏။ လက်ရှိ သေဆုံးခြင်းဆိုသည်မှာ အရာအားလုံး ဆုံးရှုံးခြင်း ဖြစ်မှန်း သူတို့က ကောင်းကောင်းသိ၏။ ပြန်လည် မွေးဖွားနိုင်သည့်အခွင့်ရေးမရှိသော ဓားချက်၏ အောက်တွင် အရာအားလုံးသည် ပြီးဆုံးသွားနိုင်သည့် အခြေနေမျိုးပင်။ ၀ိညာဥ်မရှိပါက ပြန်လည်မွေးဖွားခြင်းသည် စကားတစ်ခု သက်သက်ပင် ဖြစ်ပေလိမ့်မည်။

နောက်ဆုံး အချိန်မှာတော့ အမဲရောင် လိုက်ကာကဲ့သို့သော အရာကြီးတစ်ခုသည် ၎င်းတို့၏ တည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

တိတိကျကျပြောရမည်ဆိုလျှင် အမဲရောင်လိုက်ကာကြီးတစ်ခု မဟုတ်ချေ။ လောကကြီးတစ်ခုကို ပိုင်းဖြတ် သွားခဲ့ခြင်းသာပင် ဖြစ်၏။ ထိုအမဲရောင် လိုက်ကာကြီးသည် သုန်မှုန်လျှက် ရှိနေသော လောကကြီးတစ်ခုဖြစ်ပြီး ........ များပြားလှသည့် ဝိညာဉ်များ ပျံ့နှံ့သွားလာနေသော မြို့ကြီးတစ်ခု ရှိနေသည့် လောကကြီးဟု ပြောဆိုလျှင် ပိုမှန်ပေလိမ့်မည်။

အကန့်အသတ်မဲ့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အလင်းရောင်စဥ်များနှင့် ထွန်းတောက်နေ၏။ ထိုအထဲတွင်တော့ ပိန်သွယ်ပြီး အလွန်တစ်ရာလှပလှသည့် မိန်းမတစ်ယောက်၏ ပုံပန်းသွင်ပြင်က ပေါ်ပေါက်လာခဲ့၏။ သူမ၏ ၀တ်စုံသည် လေနှင့်အတူ လှုပ်ယမ်းလျက်ရှိနေပြီး သူမ၏ အမဲရောင်ဆံနွယ် များသည် ရေတံခွန်ကဲ့သို့ပင် ကျောအနောက်ဘက်၌ ကျဆင်းနေ၏။ ခြေတစ်လှမ်းကို လှမ်းလိုက်သည်နှင့် တပြိုင်နက် အချိန်မြစ်ရေစီးကို ပြောင်းပြန်လှန်ကာ သွားလာသကဲ့သို့ပင် ချက်ချင်းဆိုသလို ခရမ်းရောင်နက်နဲ လောကကြီးသို့ ရောက်ရှိလာခဲ့၏။

“ဘုန်း”

ချက်ချင်းဆိုသလိုပဲ သူမသည် ကျောက်စိမ်းကဲ့သို့ လှပလွန်းလှသော သူမ၏လက်ကိုမြှောက်ကာဖြင့် ဓား အလင်းတန်းများကို လှမ်းဖမ်းဆီးလိုက်၏။ ရွှီး ဆိုသည့်အသံနှင့်အတူ ဓားအလင်းတန်းကြီးသည် ငြိမ်သက်သွားခဲ့သည်။

အားလုံးသော သူတို့သည်ခဏတာ ဆွံ့အသွားခဲ့ကြ၏။ သူတို့မြင်နေရသည်ကို သူတို့ မယုံကြည်နိုင်သလို ဖြစ်လို့နေ၏။

“နိရယ အင်ပါယာ”

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ မကြာသေးခင်က လေးယောက်တစ်ယောက် တိုက်ပွဲတွင် ခရမ်းရောင်နက်နဲကြီးမှ တော်၀င်အင်ပါယာ မိုယွမ်သည် ၄င်း၏ အားအကောင်းဆုံးသော တိုက်ကွက်ကို ထုတ်ဖော် အသုံးပြုခဲ့ကြ၏။ သို့သော် သူမကို ဘာမှမဖြစ်စေခဲ့ချေ။

သူမအနေနှင့် ခရမ်းရောင်နက်နဲလောကကြီး၏ တည်နေရာအတော်များများ ကိုပင် ကျူးကျော် လွှမ်းမိုးထားခဲ့လေ၏။ နိရယ လောက၏ ပိုင်ရှင်ဆိုသောနာမည်သည် ခရမ်းရောင်နက်နဲလောကကြီးတွင် ကျော်ကြားလွန်းလှသည်။

အားလုံးသောသူတို့သည် ထိုနာမည်ကို ကြားသည်နှင့် တစ်ပြိုက်နက် အသက်ရှုရန်ပင် ခက်ခဲလာခဲ့ကြ၏။ ရက်အနည်းငယ်ကြာပြီးသည့်နောက် သူမသည် ထပ်မံကာ ပေါ်ပေါက်လာခဲ့ပြန်၏။ နိရယ အင်ပါယာသည် ပျောက်ကွယ်သွားခြင်းမဟုတ်ပေ။ တစ်နေရာရာ သို့ ခဏတာ ရောက်ရှိနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ခရမ်းရောင်နက်နဲလောကသို့ရောက်ရှိပြီးနောက် နိရယအင်ပါယာ၏ အာရုံစူးစိုက်မှုကို ရယူနိုင်သူမှာ ကောင်းကင်လျှို့၀ှက်နန်းဆောင်သခင်မှလွဲ၍ တခြားမဟုတ်ကြောင်း အားလုံးက နားလည်ပြီးဖြစ်၏။

ကွာစီအင်ပါယာအဆင့် ကျင့်ကြံသူများအနေနှင့် ခရမ်းရောင်နက်နဲလောကကို ဖြတ်သန်းကာ သွားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ အင်ပါယာများအတွက်တော့ ဤအရာသည်ပြဿနာမရှိချေ။ သူတို့သာသွားချင်သည် ဆိုပါက မည်သူမှ သူတို့ကိုတားဆီးနိုင်မည် မဟုတ်ချေ။ လက်ရှိအခြေနေတွင်မှာတော့ နိရယအင်ပါယာအနေနှင့် ဘာတွေရရှိခဲ့ပြီး ဘာတွေပြောင်းလဲသွား သည်ကို လူပေါင်းများစွာတို့က သိချင်နေမိ၏။ ထို့အပြင် ကောင်းကင် လျှို့၀ှက် နန်းဆောင်အတွင်းသို့ သွားပြီးသည့်နောက် လက်ဗလာနှင့် ပြန်လာခဲ့သည့်လူမျိုး မည်သူမှမရှိသော ကြောင့်ပင်။

“နိရယ အင်ပါယာလား” အင်ပါယာယုညိုက တီးတိုးရေရွတ် လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေ၏။ သုံးယောက် တစ်ယောက် တိုက်ပွဲတွင် သူသည် အနိုင်ယူ တိုက်ခိုက်ခဲ့ပြီးဖြစ်ပြီး သူ၏အရှိန်အဟုန်သည် ပြိုင်ဘက် ကင်းလှ၏။ သူ့အနေနှင့် အင်ပါယာစာရင်း၏ ဒုတိယမြောက်တွင် တည်ရှိနေသည့်လူ၏ အားအင်အဆင့်ကို စမ်းသပ်လိုစိတ် အလွန်အမင်း ပြင်းထန်လာ၏။

သူမနှင့် ဆယ်ယောက်မြောက်နေရာရှိ ကျင့်ကြံသူကြားတွင် မည်မျှကွာခြား သနည်း။ အတိတ်တုန်းက အခွင့်အရေးမရဆိုလျှင်တောင် လက်ရှိအခြေနေတွင် သူ့၌ အခွင့်ရေးတည်ရှိနေသည်။

“တိုက်ခိုက်မယ်” အင်ပါယာယုညိုသည် အသာအော်လိုက်၏။

သူသည် ဓားကို ကောင်းကင်ယံထက်သို့ ထောင့်ဖြတ်အတိုင်း ခုတ်ပိုင်းလိုက်၏။ ဆံနွယ်များသည် လေတွင် လွင့်လျက်ရှိပြီး ထိုဆံနွယ်တစ်ခုချင်းစီတိုင်းကလည်း တောက်ပနေ၏။ ၎င်း၏ မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် နက်ရှိုင်းလှသည်။

ပထမဦးဆုံး လှုပ်ရှားလိုက်ပြီးနောက် လက်ထဲတွင် ရှိနေသည့် ကောင်းကင် တုန်ခါခြင်းဓားသည် အရှေ့သို့ ထိုးထွက်သွားလေ၏။ တော်၀င်အင်ပါယာထိပ်ဆုံး အဆင့်ကျင့်ကြံသူတစ်ယောက် သည် အားအင်အပြည့်ကို ထုတ်ဖော် အသုံးပြုသည့်အချိန်မှာတော့ အမြန်နှုန်း၊ စွမ်းအင်အခြေအနေ၊ အရာအားလုံးလိုလိုသည် ကြောက်ဖွယ်ရာ အခြေနေသို့ ရောက်ရှိနေ၏။

၎င်း၏ အနောက်တွင် ကြီးမားလှသည့်နတ်ဘုရားသားရဲကြီးတစ်ကောင်မှာ အတောင်ပံကိုဖြန့်ကာဖြင့် ခေါင်းမော့ကာ ဟစ်ကြွေးနေ၏။ ထိုအတောင်ပံများသည် တိမ်များကိုပင်ဖုံးအုပ်ထားခဲ့သည်။

ဤအရာသည် အင်ပါယာယုညို၏ အစစ်အမှန်ပုံစံသာ ဖြစ်၏။ ပုံရိပ်ယောင်တစ်ခုဖြစ်သည် ဆိုသော်လည်း ထိုအရာသည် ပြိုင်စံရှားသော စွမ်းအင်ကို ပိုင်ဆိုင်ထား၏။ လူပေါင်းများစွာ၏ နှလုံးသားများသည် တုန်ခါသွားမိကြ၏။

“ဘုန်း”

အင်ပါယာများ၏ တိုက်ပွဲတွင် နိရယအင်ပါယာသည် သူမ၏ ပြန်လည်မွေးဖွားခြင်းစွမ်းအင်များကို ထုတ်ဖော်ကာ ဖြင့် အချိန်နှင့်ရေစီးကြောင်းကို ပြောင်းပြန် စီးဆင်းစေသည်။

“ဘုန်း”

စွမ်းအားမြင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုသည် လေဟာနယ်ထဲတွင် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက် လှိုင်းအဟုန်များသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ ခရမ်းရောင်နက်နဲလောကကြီးသည် ပြိုလဲ လုမတတ်ဖြစ်လို့နေ၏။ ဤအရာသည်တိုက်ပွဲ၏ အစသာရှိသေး၏။

ခရမ်းရောင်နက်နဲလောကကြီးနှင့် မြေအင်မော်တယ်လောကကြီးကြားတွင် ယခုထက် ပိုမိုပြင်းထန်လွန်းသည့် တိုက်ပွဲများ ဆက်လက်ကာ ဖြစ်ပွားတော့မှာ သေချာ၏။ လက်ရှိတိုက်ပွဲသည် လောကနှစ်ခုကြား တိုက်ပွဲဆိုသည်ကို ဖော်ညွှန်းသည့် အပြင် အင်ပါယာစာရင်းတွင်ရှိနေသည့် ကျင့်ကြံ သူအချင်းချင်းတိုက်ခိုက်သည့် တိုက်ပွဲ ဟုလည်းပြောရမှာဖြစ်သည်။

ကောင်းကင်ပါရမီရှင်များ၏ တိုက်ခိုက်မှုကို လူများက မြင်ပြီးခဲ့ပြီဖြစ်၏။ ယခု အင်ပါယာအဆင့်စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ကျိန်းသေပေါက် ကြည့်ရှုရပေတော့မည်။ တိုက်ပွဲသည် မိုင်သန်းချီ အကွာအဝေးတစ်ခုလုံးကို ဖုံးလွှမ်းလျက် ရှိနေ၏။ အင်ပါယာနှစ်ယောက်၏ တိုက်ခိုက်ချက်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းသောကြောင့် တည်နေရာရှိ အရာအားလုံးသည် ပျက်စီးပြီး ကုန်းမြေ တစ်ခုတည်’သာလျှင်ထီးထီးကြီး ကျန်ရှိခဲ့၏။

“အင်ပါယာစာရင်းရဲ့ ဒုတိယမြောက်နဲ့ ဆယ်ယောက်မြောက်တစ်ယောက်တို့ တိုက်ခိုက်တာ သမိုင်းမှတ်တမ်းထဲမှာ ချရေးထားရမဲ့ အကြောင်းအရာပဲ “ မြေအင်မော်တယ်လောကတွင်ရှိသည့် အင်ပါယာတစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။ အင်ပါယာနှစ်ယောက်လုံးသည် တော်၀င်အင်ပါယာ ထိပ်ဆုံးအဆင့်သို့ရောက်ရှိနေကြပြီး ၄င်းတို့၏ အလားအလာများသည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အားလုံးက နားလည်နေပြီ ဖြစ်သည်။

နောက်ထပ် ခြေတစ်လှမ်း လှမ်းနိုင်သူသည် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ ရောက်ရှိပေလိမ့်မည်။

“အင်ပါယာစာရင်းထဲမှာရှိတဲ့ လူတွေရဲ့ တိုက်ခိုက်ပွဲတစ်ခုတင်မဟုတ်ဘူး ဒါအင်ပါရီယာလက်နက်အဆင့်မှာရှိတဲ့ လက်နက်နှစ်ခုရဲ့ တိုက်ခိုက်မှုလည်း ဖြစ်တယ်။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်နဲ့ ကောင်းကင်တုန်ခါခြင်း ဓားတို့က အင်ပါရီယာလက်နက်စာရင်းမှာ အဆင့်အတန်းမြင့်မြင့် တည်ရှိနေကြတယ်။ ဒီတိုက်ပွဲပြီးရင် လူတွေအားလုံးက အင်ပါယာ တိုက်ပွဲတွေရဲ့ ကြားထဲမှာ အင်ပါရီယာလက်နက်တွေကဘယ်လောက် အရေးပါတယ် ဆိုတာကို သိသွားကြလိမ့်မယ်” ရှေးအင်ပါယာ တစ်ယောက်က အသာ၀င်ကာ ပြောဆိုလိုက်၏။

အစစ်အမှန်ပင် ဖြစ်၏။ အင်ပါယာယုညို၏ အားအင်သည် ခန့်မှန်း၍ မရချေ။ သို့ပေမဲ့ ကောင်းကင်တုန်ခါခြင်းဓား ၏ အကူညီကိုသာ မရရှိပါက မြေအင်မော်တယ်လောကဆီမှ အင်ပါယာ သုံးယောက်တို့ကို လွယ်လွယ်ကူကူနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ကောင်းကင်တုန်ခါဓား လက်ထဲတွင် ရှိနေသောကြောင့်သာ အင်ပါယာ သုံးယောက်တို့ကို အနိုင်ယူတိုက်ခိုက် နိုင်ခဲ့ခြင်းဖြစ်၏။ ထိုဓားသည် တစ်ဖက်လူများ၏ ဒဏ်ရာများကို ပြန်လည်မကောင်းမွန်အောင် တိုက်စား နိုင်စွမ်းရှိသည် မဟုတ်ပါလား။

နိရယ အင်ပါယာသည်သာ ၀င်ရောက် ဟန့်တားခြင်း မရှိပါက ထိုအင်ပါယာသုံးယောက်တို့၏ အသက်သည် မသေချာလှချေ။

“ကိစ္စမရှိဘူး။ အင်ပါယာစာရင်းပဲဖြစ်ဖြစ် ၊ အင်ပါရီယာလက်နက်စာရင်းပဲဖြစ်ဖြစ် … မြေအင်မော်တယ် လောကကြီး အနေနဲ့ ခရမ်းရောင်နက်နဲ လောကကြီးထက် သာလွန်ရင်ရပြီ ။ သူတို့ ဘယ်လိုပဲ ရုန်းကန်ပြီး ကြိုးစားကြိုးစား နောက်ဆုံးမှာတော့ ရှုံးနိမ့်မှု ၊ အလုံးစုံ သတ်ဖြတ်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။“ အင်ပါယာရန်မိုသည် ကြီးမားလှသည့် ပုဆိန်ကြီးကို အသာသိမ်းဆည်းပြီး သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် လှမ်းပြောလိုက်၏။

လက်ရှိအခြေနေမှာတော့ သူသည် တိုက်ပွဲနေရာမှ ထွက်ခွာသွားခဲ့ပြီဆိုသော်လည်း သူ၏ ဒဏ်ရာများသည် ပြန်လည်မကောင်းမွန်သေးပေ။ ပိုမို၍ ပင်ဆိုး၀ါးလျက်ရှိနေသည်။

သူ၏ ခန္ဓာကိုယ်တွင် ရှိနေသည့် ဓားရာကြီးသည် ကြောက်မက်ဖွယ်ရာကောင်းအောင် ကြီးမားလွန်းလှပြီး ဓား၏ စိတ်ဆန္ဒများသည် ၎င်း၏ ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို တိုက်စားနေ၏။ နောက်ဆုံးသူ၏ အခြေခံကိုပါ သက်ရောက်နေ၏။

ခဏလောက် စဉ်းစားပြီးနောက် ၎င်းသည် သတ်ဖြတ်လိုခြင်းဆန္ဒများကို အတင်းဖိနှိပ်ပြီး တိုက်ပွဲကို ပြန်လည် ၀င်ရောက်ရန် စဥ်းစားလိုက်၏။ သို့ပေမဲ့ လက်ရှိ သူ၏ ဒဏ်ရာများနှင့် အင်ပါယာယုညို နှင့် နိရယအင် ပါယာတို့ ထုတ်ဖော်ပြသထားသည့် ခန့်မှန်း၍မရနိုင်သော အားအင်များကို ကြည့်ရှုပြီး သူက တွန့်ဆုတ်နေမိသည်။

All Chapters