အပိုင်း (၄၃၀)
Vol. 29 Ch. 430
“အင်မော်တယ်တစ်ယောက်ဖြစ်လာဖို့ဟုတ်လား” အင်ပါယာရန်မိုသည် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ သူသည် နိရယအင်ပါယာ ကို လှမ်းကာကြည့်ရှုပြီးနောက် စိုးရွံ့မှုများနှင့် ပြည့်နှက်သွားသည်။ ထို့ပြင် နိရယအင်ပါယာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရသည့်အကြောင်းအရာသည် ဤဖြစ်နိုင်ချေ တစ်ခုတည်းသာလျှင် ရှိ၏။
သူမသည် အင်ပါယာအဆင့်စာရင်းတွင် ဒုတိယနေရာမြောက်ချိတ်၏။ သူမ၏အထက်တွင် အင်ပါယာကျန်းထျန် တစ်ယောက်တည်းသာလျှင်ရှိ၏။ အင်ပါယာကျန်းထျန်၏ လက်ရှိအခြေအနေသည် မည်သည့်နေရာတွင် ရှိနေကြောင်း မသေချာပေ။ ထို့ပြင် ၎င်း၏ အားအင်အဆင့်ကို ကောင်းကင်လျှို့ဝှက ်နန်းဆောင်သခင် သာလျှင် သိရှိသည်။
လောကကြီးတစ်ခုလုံးကိုပင် စတေးပစ်နိုင်စွမ်းရှိနေသည့် အားအင်အဆင့်ကို ကြည့်ရှုရမည်ဆိုလျှင် အင်ပါယာ ကျန်းထျန်သည် အစစ်အမှန် အင်မော်တယ်အဆင့်ကို နီးကပ်နေသည့် လူတစ်ယောက်ဖြစ်ပေလိမ့်မည်။ အင်ပါယာအဆင့် စွမ်းအားမြင့်ကျင့်ကြံသူပေါင်းများစွာ တည်ရှိနေသည်ဆိုသော်လည်း အင်ပါယာစာရင်းရှိ လူဆယ်ယောက်တို့သည်သာလျှင် အစစ်အမှန်အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်သည့် လူများ ဖြစ်ပေလိမ့်မည်။
နိရယအင်ပါယာသည် အားလုံးသောသူတို့၏ ရှေ့၌ ဦးဆောင်ကာဖြင့် အင်မော်တယ်အဆင့်ဆီသို့ ပထမဦးဆုံးတက်လှမ်းရန် ကြံရွယ်ထားလေသည်လား။
ဘုန်း ......။
ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်လှိုင်းများသည် ပျံ့နှံ့သွားခဲ့၏။ တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်လျက် ရှိနေသည်။ ပြန်လည်မွေးဖွားခြင်းစွမ်းအင်များသည် လေဟာနယ်တစ်ခုလုံးကို ကွဲအက်လာ ခဲ့၏။ ပိုမိုကာကြမ်းတမ်းလာခဲ့ပြီး အရှိန်တငြီးငြီးနှင့့် တောက်လောင်လာခဲ့၏။
အင်ပါယာစာရင်း၏ အဆင့်ကိုး နှင့် အဆင့်နှစ် တို့ကြား၏ ကွာခြားချက်သည် ကြီးမားလှသည်ဆိုသော်လည်း နိရယအင်ပါယာသည် အင်ပါယာယုညိုကို မြန်မြန်ဆန်ဆန်နှင့် အနိုင်ယူတိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူသည် ကောင်းကင်တုန်ခါခြင်းဓားကို ကိုင်ဆောင်ထားခဲ့သောကြောင့်ပင်။
အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် အင်ပါယာယုညိုသည် နိရယအင်ပါယာတစ်ယောက် မြန်မြန်ဆန်ဆန်နှင့် အဆုံးသတ်ချင်သည်ဖြစ်ကြောင်းကို အာရုံခံမိ၏။ အဘယ့်ကြောင့်ဆိုသည်ကို သူ မသိရှိသော်လည်း တစ်ဖက်လူ၏ အကြံအစည်ကို တားဆီးရန်အလို့ငှာ အချိန်ဆွဲထားရန် သူက ရည်ရွယ်ချက်ရှိ၏။
အင်ပါယာယုညို၏ နည်းဗျူဟာများအရဆိုလျှင် တစ်ဖက်လူ၏ လက်ချက်မှ လွတ်မြောက်အောင် ထွက်ပြေး သွားလိမ့်မည် မဟုတ်ဘဲ တစ်ဖက်လူကို နောက်ဆုံးအချိန်ထိ အချိန်ဆွဲကာ တိုက်ခိုက်ရန် စဉ်းစားထားခြင်း ပင်။
ချလွမ် ချလွမ် ချလွမ်
ရှုပ်ထွေးလွန်းလှသည့် ဓားစွမ်းရည်များ ရစ်သိုင်းလျက်ရှိနေပြီး တောက်ပလှသည့် တိုက်ခိုက်မှုနှစ်ခု အောက်တွင် ဓားအလင်းတန်းများက ဖုံးလွှမ်းသွားခဲ့ပြန်၏။ နတ်ဘုရားငှက်ကဲ့သို့ အသွင်ဖြစ်တည်နေသည့် အင်ပါယာယုညိုသည် ၎င်း၏နောက်ဘက်တွင် ဓားအတောင်ပံများကို သယ်ဆောင်ကာဖြင့် တိုက်ခိုက်မှုကို ပြုလုပ်နေ၏။
နိရယအင်ပါယာသည်လည်း မဲနက်သည့် နေလုံးကြီးတစ်စင်းကို ထုတ်ဖော်ကာဖြင့် အရာအားလုံးကို လွှမ်းခြုံရန် ကြိုးစားလာခဲ့၏။ ထိုနေလုံး၏အထဲတွင် အေးစက်ပြီး ကြောက်မက်ဖွယ်ရာကောင်းလှသည့် သတ်ဖြတ်လိုခြင်းဆန္ဒများက အပြည့်အဝ ဖြစ်တည်နေသည်။
ဘုန်း
ရက်အနည်းငယ်ကြာပြီးသည့်နောက် အင်ပါယာယုညိုသည် ဒဏ်ရာထပ်မံကာ ရရှိခဲ့ပြန်၏။ သူ၏ ပခုံးထက်တွင် သွေးများပန်းထွက်လာ၏။ ရောင်စဉ်အလင်းတန်းတစ်ခုသည် သူ၏ပခုံးကို ပိုင်းဖြတ်သွားခြင်းပင်။
သူသာ မြန်မြန်ဆန်ဆန် မရှောင်နိုင်ပါက ကျိန်းသေပေါက် သူ၏ ဦးခေါင်းသည် ထိုးခွင်းခံရမှာ သေချာ၏။ အင်ပါယာတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဦးခေါင်းကို ထိုးနှက် တိုက်ခိုက်ခံရပါက ကျိန်းသေပေါက် ကြီးကြီးမားမား ထိခိုက်မှာ သေချာသည်။ သူ၏ ဝိညာဉ်ကျန်ရှိမလား ဆိုသည်ကပင်လျှင် မသေချာလှချေ။
“တာအိုရောင်းရင်းယုညို”
“ဘိုးဘေး”
ခရမ်းရောင်နယ်မြေအတွင်းမှာတော့ တချို့သောအင်ပါယာများက ထအော်လိုက်သလို၊ အင်ပါယာယုညို၏ နောက်မျိုးဆက်များကလည်း မည်သို့မျှမနေနိုင်ဘဲ ထကာအော်ဟစ်လိုက်ကြ၏။ ၎င်းတို့၏အသိအမြင်သည် အကန့်အသက် တည်ရှိနေ၏။ အင်ပါယာယုညို၏ ရည်ရွယ်ချက်ကို ကောင်းကောင်းမသိရှိနိုင်ခဲ့ချေ။
သူတို့အနေနှင့် ရက်ပေါင်းများစွာ ကြာမြင့်သည်အထိ အင်ပါယာယုညိုသည် ပြင်းပြင်းထန်ထန် ဇွဲကောင်းကောင်းနှင့် ခုခံတိုက်ခိုက်လျက်ရှိနေပြီး ဒဏ်ရာများ ထပ်တလဲလဲ ရရှိခဲ့သည်ကိုသာမြင်၏။ ဇွဲကောင်းကောင်းနှင့် ဆက်လက်ကာ တိုက်ခိုက်ခြင်းသည် ယောကျ်ားကောင်းတစ်ယောက်၏ မာနနှင့် သတ္တိတရားကို ထုတ်ဖော်ကာပြသခြင်းဖြစ်သည်ဆိုသော်လည်း အချိန်ကာလတစ်ခုအကြာတွင် မကြာခင် ကျိန်းသေပေါက် ပြိုလဲသွားမှာသေချာ၏။
“စိတ်မပူနဲ့ အားလုံးပဲ... အင်ပါယာယုညိုက သူ့ရဲ့ကိုယ်ပိုင်အကြံရှိတယ်” အင်ပါယာပိုင်လောင်က ပြောဆိုလိုက်၏။ သူ၏ အိုမင်းရင့်ရော်လျက် ရှိနေသည့်မျက်နှာထက်၌ ထီးထီးကြီး တည်ရှိနေသည့် မျက်လုံးတစ်စုံတို့သည် အရာအားလုံးကို ထွင်းဖောက်မြင်နေရသကဲ့သို့ပင်။
သူသည် ရှေးအင်ပါယာတစ်ယောက်ဖြစ်သည်မို့ အင်ပါယာယုညို၏ ရည်ရွယ်ချက်ကို ကောင်းကောင်း ခန့်မှန်းနိုင်၏။ ထို့ကြောင့်ပင်လျှင် ခရမ်းရောင်နက်နဲလောကတွင်ရှိနေသည့် လူပေါင်းများစွာတို့ စိတ်အေးချမ်းသာစေရန် ဘေးတစ်ဖက်၌ ပြောဆို နှစ်သိမ့်လိုက်ခြင်းသာလျှင်ဖြစ်သည်။
အချိန်များသည် မြန်မြန်ဆန်ဆန် ကုန်လွန်သွားခဲ့၏။ သုံးလဆိုသည်မှာ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားခဲ့လေ၏။ အင်ပါယာများ၏ တိုက်ပွဲသည် မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေဖြစ်ကြောင်း သိသာ ထင်ရှားသည်မှာ တည်နေရာကြီး တစ်ခုလုံး ပျက်စီးပြီး ကုန်းပြင်မြင့်ကြီး တစ်ခုကဲ့သို့ ဖြစ်တည်နေခဲ့ခြင်းက သက်သေပြနေ၏။
“အင်း... ရှင့်ရဲ့လမ်းက အဆုံးသတ်တော့မယ်” သုံးလခန့် ကြာမြင့်ပြီးသည့်နောက် နိရယအင်ပါယာ သည် ပထမဦးဆုံးအကြိမ် ပြောဆိုလိုက်၏။ သူမ၏ အသံ၌ ပျော်ရွှင်ခြင်းနှင့် ဒေါသတရားဟူ၍ မရှိချေ။ မည်သည့် စိတ်ခံစားချက်မှ မပါသည့် အသံသည် အေးစက်လျက် ရှိနေပြီး ကြားရသူများ အားလုံး၏ ကျောရိုးမကြီးမားကိုပင် စိမ့်တက်သွားစေခဲ့၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်က ပြောဆိုခဲ့သည်။ သူမသည် တစ်နှစ်ကြာမြင့်ပြီးလျှင် အင်မော်တယ် ဖြစ်လာမှာ ဖြစ်၏။ သို့ပေမဲ့ သူမ မထင်မှတ်ထားခဲ့သည်မှာ ခရမ်းရောင်နက်နဲလောကကြီး၏ တိုက်ပွဲတွင် သုံးလတိုင်တိုင် အချိန်ဖြုန်းခဲ့ခြင်းပင်။
သူမ ဒေါသမထွက်ဘူးဆိုလျှင် လိမ်ညာခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ အချိန်အတော်ကြာ မြင့်မားသည့် ကျင့်ကြံခြင်း အဆင့်တွင် တည်ရှိနေခဲ့သည့် လူတစ်ယောက် ဖြစ်သည်မို့ ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံဆုံနေရသည်ဆိုလျှင်တောင်မှ သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားနိုင်စွမ်းတော့ ရှိ၏။ အခွင့်အရေးရရှိရန် အချိန်သာ ပိုင်ဆိုင်မည်ဆိုပါက မြန်မြန်ဆန်ဆန်ဖြင့် အစစ်အမှန် အင်မော်တယ်အဆင့်ထိ တက်လှမ်းနိုင်မည်ဟု သူမက ယုံကြည်ချက်ရှိသည်။
“ဟုတ်လား”
အင်ပါယာယုညိုသည် အင်ပါယာရန်မိုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီးပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် တုန်ယင်လျက် ရှိနေ၏။ ၎င်း၏ ခန္ဓာကိုယ်သည် လေဟာနယ်ဆီမှ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေရ၏။ လေဟာနယ်တစ်ခုလုံးတွင် အင်ပါယာ၏ သွေးများသည် စွန်းထင်းနေ၏။
လက်ရှိအချိန်မှာတော့ သူသည် အကန့်အသတ်သို့ ရောက်ရှိလုမတတ် ဖြစ်နေ၏။ သူ၏ ခန္ဓာကိုယ် နေရာတိုင်းတွင် အက်ကွဲကြောင်းများနှင့် ဒဏ်ရာများ ပြည့်နှက်နေ၏။ အင်ပါယာတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်သည် ဆိုလျှင်တောင်မှ လက်ရှိအခြေအနေတွင် အလျော့ပေးရမည့် အခြေအနေမျိုးပင်။ ဒဏ်ရာများ၏ ပြန်လည် ကောင်းမွန်မှုနှုန်းကလည်း တဖြည်းဖြည်း နှေးကွေးလာခဲ့ပြီး သူ၏ အားအင်အဆင့်နှင့် သက်လုံများသည် ကျဆင်း လာခဲ့သည်။
တခြားတစ်ဘက်က ကြည့်ရှုရမည်ဆိုလျှင်တော့ နိရယအင်ပါယာသည် ယခင်ကအတိုင်း တည်ငြိမ်လျက် ရှိနေတုန်းပင်။ မည်သည့် မောပန်းမှုမှ မရှိဘဲ ကြောက်မက်ဖွယ်ရာကောင်းသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ တိုက်ပွဲသည် စကြဝဠာ၏ အဆုံးဘက်ဆီသို့ပင် ရောက်ရှိလျက် ရှိနေပြီး ကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်စင်စုများ အားလုံးသည် တစ်ခုပြီးတစ်ခု ပျောက်ကွယ်ကုန်၏။ မြေအင်မော်တယ်လောကပင်လျှင် တိုက်ပွဲ၏ သက်ရောက်မှုကို ခံခဲ့ရပြီး တိုက်ပွဲသည် အဆုံးမသတ်သေးချေ။
“အင်း... နောက်ဘဝကိုသာ သွားလိုက်တော့” နိရယအင်ပါယာက ပြောဆိုလိုက်၏။ သူမသည် အသာ ခြေလှမ်းလိုက်ပြီးနောက် နောက်ဘက်တွင် ရှိနေသည့် အမဲရောင်လောကကြီးက ပိုမိုကာ ချဲ့ထွင်လာခဲ့ပြီး တည်နေရာအနှံ့ကိုပင် လွှမ်းခြုံလာခဲ့လေသည်။ ဤလောကကြီးတွင် မည်သည့် အသက်ဓာတ်မှ မရှိသလို မည်သည့် ရောင်စဉ် ရောင်ဝါမှလည်း မရှိချေ။ အဆုံးမဲ့သော မဲမှောင်မှုတရားသာလျှင် ရှိလေ၏။ ကြယ်ဥက္ကာခဲများထက်ပင် ပိုမိုကာ ကြီးမားလွန်းလှသည့် အလောင်းကြီးများလည်း ပေါပေါသီသီပင်။
လောက၏ အဆုံးဘက်ကို ကြည့်ရှုရမည်ဆိုလျှင် ကြည့်ရှုလိုက်သည်နှင့် ကျောက်တုံးကျောက်ခဲများကိုသာ မြင်ရပြီး အရာအားလုံးသည် ကမ္ဘာပျက်နေသကဲ့သို့ အော်ရာမျိုးကို ထုတ်ဖော်လျက် ရှိနေ၏။ ဤနေရာမှ ထွက်ပေါ်လျက် ရှိနေသည့် ကျန်းချီအမျှင်အစများသည် အားလုံးသော သူတို့အား ကြက်သီးမွှေးညှင်းများပင် ထစေခဲ့၏။
ဘုန်း
လောကကြီးထဲတွင် သွေးကဲ့သို့ နီရဲနေသည့် မိုးကြိုးများ ပစ်ချနေ၏။ ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးသည် တုန်ခါလျက် ရှိနေပြီး ခြောက်ခြားစရာ အရိပ်အာဝါသအောက်သို့ ရောက်ရှိနေ၏။ သွေးမိုးများ ရွာချလာခဲ့ပြီး အရာအားလုံးသည် အရည်ပျော်မတတ်ပင်။
လက်ရှိ မိုးများကြားထဲတွင်တော့ မတ်မတ်ရပ်လျက် ရှိနေသည့် ရေတွက်လို့ မရအောင် များပြားလှသော စစ်သည်များကို မြင်ရမှာဖြစ်၏။ ၎င်းတို့သည် အဆုံးမဲ့သော စွမ်းအင်များနှင့် ထွန်းတောက်လျက် ရှိနေလေပြီး ၎င်းတို့သည့် အစစ်အမှန် ခန္ဓာကိုယ် တည်ရှိခြင်း မဟုတ်သလို ဝိညာဉ်ကြီးပဲလည်း မဟုတ်လှပေ။ ဘာမှန်းမသိသည့် အခြေအနေ တစ်ခု၌ တည်ရှိလို့ နေသလိုပင်။ အချိန်၏ မြစ်ရေစီးကြောင်းရှေ့တွင် ပြန်လည်ကာ အသက်ရှင်သန် လာခဲ့သည့် လူလိုလို၊ ဘာလိုလိုပင်။
“ဘာကြီးလဲ။ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ်လား။ မဟုတ်သေးဘူး။ ဒါက အစစ်အမှန် ပုံစံတွေလည်း မဟုတ်ဘူး။ ပုံရိပ်ယောင်တွေလည်း မဟုတ်ပြန်ဘူး” အင်ပါယာယုညိုသည် မြင်ကွင်းကို မြင်ရပြီးသည့်နောက် သေသေချာချာ ပြန်လည် ကြည့်ရှုလိုက်၏။
နိရယလောကဆိုသည့် နာမည်သည် သူနှင့် လက်ရှိအချိန်အထိ မရင်းနှီးသေးချေ။ ယခင်တုန်းကလည်း နိရယလောကက နှင့် ပတ်သက်၍ အသိပညာဗဟုသုတဟူ၍ သူ့၌ မရှိပေ။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ နိရယလောက ဆိုသည်မှာ ကြည့်ရှုလိုက်သည်နှင့် ရိုးရှင်းလှသည့်အရာ မဟုတ်ကြောင်း သိသာ ထင်ရှားလှသည်။
အထဲတွင် တည်ရှိနေသည့် စစ်သည်များသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အနိမ့်ဆုံးအဆင့် စွမ်းအားသည် တော်ဝင်သူတော်စင် အဆင့်တွင် တည်ရှိနေခဲ့၏။ အားလုံးသော သူတို့သည် ကြယ်နယ်မြေတစ်ခုချင်းစီကို သွားရောက်လွှမ်းမိုး ဖျက်ဆီးနိုင်စွမ်းရှိသည့် လူများသာလျှင်ဖြစ်၏။ ထိုသူများကြားထဲတွင် ဦးဆောင်နေသော ခေါင်းဆောင်သည် အင်ပါယာအဆင့် အားအင်နီးပါးမျှပင် ရှိနေ၏။ အင်ပါယာယုညို ကဲ့သို့သော အင်ပါယာ တစ်ယောက်ပင်လျှင် ထိုသူတို့ အားလုံး၏ လေးနက်မှုကို သေသေချာချာ မကြည့်ရှုနိုင်ခဲ့ချေ။
“နိရယလောကဆိုတာ ဘယ်လိုအင်အားစုလဲ” အင်ပါယာယုညိုသည် မျက်လုံးပြူးသွားမိ၏။ သူသည် ခပ်ဝေးဝေး တည်နေရာတွင် တည်ရှိနေသည့် အမဲရောင်လောကကြီးကို လှမ်းကြည့်ပြီး ဘာဖြစ်သည်မှန်း စဉ်းစားရန် မတတ်နိုင်တော့ချေ။
နိရယအင်ပါယာကို အချိန်သုံးလကြာ နှောင့်နှေးအောင် ပြုလုပ်ထားခြင်းမှာ လုံလောက်ပြီဖြစ်၏။ သူ၏ရန်သူသည် အစောကြီးကတည်းက ဝှက်ဖဲများကို ထုတ်ဖော်အသုံးပြုခဲ့ပြီးပြီဖြစ်၏။ သူသာ လက်ရှိအခြေအနေ၌ ထွက်ခွာမသွားဘူးဆိုရင် ဘယ်သောအခါမှ ထွက်ခွာသွားနိုင်လိမ့်မည် မဟုတ်ချေ
အင်ပါယာစာရင်း၏ နံပါတ်ကိုးယောက်မြောက်တွင် ရှိနေသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် အင်မော်တယ်တစ်ယောက် မဟုတ်ချေ။ ထိုအမဲရောင်လောကကြီး၏ ဆွဲယူခြင်းကိုသာ ခံရသည်ဆိုပါက သူ့အနေနှင့် သေဆုံးမှာ သေချာလေ၏။
ထိုအရာကို တွေးပြီးသည့်နောက် အင်ပါယာယုညိုသည် ကောင်းကင်တုန်ခါခြင်းဓားနှင့်အတူ တိုက်ရိုက်ဆိုသလိုပဲ ခုတ်ပိုင်းလိုက်လေ၏။ တည်နေရာတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာကောင်းလှသည့် စွမ်းအင်များသည် ထပ်မံကာ လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်ယံတစ်ခုလုံးကို ထိုးခွင်းပြန်သည်။
ပြီးနောက် တိုက်ခိုက်မှုကို အခွင့်ကောင်းယူပြီး သူ၏ အတောင်ပံများကို ဖြန့်ကျက်ကာဖြင့် အဝေးဆုံးသို့ အမြန်ဆုံး ပြေးလေတော့၏။