အပိုင်း (၄၃၂)
Vol. 29 Ch. 432
ကြီးမားလွန်းလှသည့် အရှိန်အဟုန်သည် ဘုံကိုးပါး၏ အထက်တွင် တည်ရှိနေသည့် နဂါးကြီးတစ်ကောင် သေမျိုးလောကထဲတွင် ရှိနေသည့် ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသကဲ့သို့ပင်။ များပြားလွန်းလှသည့် အော်ရာများ သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှပြီး သာမန်ကျင့်ကြံသူများသည် ထိုအရာကို ခုခံနိုင်ခြင်း မရှိကြချေ။
ဘုန်း ဘုန်း ဘုန်း
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မိုးကြိုး၏ ရောင်စဉ်များသည် အင်မော်တယ်အလင်းတန်းများနှင့်အတူ အပြိုင် ဖြစ်တည်လာခဲ့ပြီး စကြဝဠာကြီး တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့၏။ များပြားလှသည့် တည်နေရာ အသီးသီးတွင် အဆုံးအစမဲ့လွန်းလှသည့် ကပ်ဘေးတိမ်များ ပေါ်ပေါက်လာခဲ့သည်။
ထိုနေရာများ၏ အောက်တွင်တော့ နတ်ဆိုးကဲ့သို့သော လူတစ်ယောက်သည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ ဆံနွယ်များသည် မိုးကြိုးတန်းများကဲ့သို့ပင် လင်းလက်တောက်ပလျက် ရှိနေ၏။
အင်ပါယာတစ်ယောက် သို့မဟုတ် အင်မော်တယ်တစ်ယောက် ဖြစ်လာရန်အတွက် ကပ်ဘေးကို ကျော်ဖြတ်ဖို့ လိုအပ်၏။ သို့ပေမဲ့ ကွာခြားချက်သည် တကယ့်ကို အလုံးစုံ ကြီးမားလွန်းလျက် ရှိနေ၏။ အားအင်အဆင့်သည် ဆက်တိုက် တိုးတက်လာခဲ့သည်သာမက တခြားသောအဆင့်တစ်ခုဆီသို့ ရောက်ရှိနေသကဲ့သို့ပင် ပြင်းထန်လွန်းလှသည့် ကပ်ဘေးကို ရင်ဆိုင်ရမှာ ဖြစ်သည်။
အင်ပါယာတစ်ယောက် ဆိုသည်မှာ လူသားလောက၏ အုပ်စိုးသူအဖြစ် သတ်မှတ်၍ ရနိုင်သည့်လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း အစစ်အမှန် အင်မော်တယ်မှာတော့ ထာဝရလမ်းစဉ်၏ သုံးပုံတစ်ပုံဆီသို့ လှမ်းတက် လိုက်သည်နှင့် ဆင်တူ၏။
ခလွပ်
ကပ်ဘေးတိမ်များ ဖြစ်တည်လာခဲ့ပြီးသည့်နောက် တည်နေရာတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါကြီးက စိုးမိုးလာခဲ့ပြီး လူပေါင်းများစွာတို့သည် အသက်ရှူမရသလိုပင် ဖြစ်လာခဲ့၏။ ပိုမို၍ ဆိုးရွားသည်မှာ ဤကပ်ဘေးကြီး၏ တိမ်များသည် ပိုမိုကာ ချဲ့ထွင်လာခဲ့ပြီး ရပ်တန့်မည့် အရိပ်သင်္ကေတ မျိုးပင် မရှိကြချေ။ ဤအင်မော်တယ်ကပ်ဘေးကြီးသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းမည်ဆိုသည်ကို မည်သူကမှ မသိရှိကြချေ။
လျှပ်စီးတန်းများ တဖျတ်ဖျတ် လင်းလက်လျက် ရှိနေပြီး စကြဝဠာတစ်ခုလုံးတွင် အလင်းတန်းများသည် နဂါးများ ကဲ့သို့ပင် လိမ်ယှက်လျက် ရှိနေ၏။ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် အခြေအနေမျိုးတွင် ဆန်းကြယ်လွန်းလှသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ဘုံကပ်ဘေးကို ရဲရဲရင့်ရင့် ရင်ဆိုင်လျက် ရှိနေသည်ကို သက်ရှိသတ္တဝါပေါင်း များစွာတို့က မြင်လိုက်ရ၏။
ဘုန်း
နောက်ထပ် ကျယ်လောင်သည့်အသံကြီး တစ်ခုက ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံကပ်ဘေးကြီး အတွင်းမှာတော့ အနီရောင်မိုးကြိုးလှိုင်းများ ဆင်းသက်လာခဲ့သည်။ ထိုအရာသည် အောက်ဘက်တွင် ရှိနေသည့် လူအား အလုံးစုံသော ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိရန် ကျဆင်းလာခဲ့ခြင်းပင် ဖြစ်၏။ ဤမြင်ကွင်းသည် လူပေါင်းများစွာတို့အား ဆွံ့အပြီး ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်။
“နတ်ဘုရား... နတ်ဘုရား အပြစ်ပေးမှုလား” မြေအင်မော်တယ်လောကတွင် ရှိနေသည့် တော်ဝင်အင်ပါယာ တစ်ယောက်က ထအော်လိုက်၏။
ကျင့်ကြံသူတစ်ယောက်အနေနှင့် ကပ်ဘေးကို ကျော်ဖြတ်ရသည် ဆိုသည်မှာ သာမန်ထက် ထူးခြားနေပြီဖြစ်၏။ သို့ပေမဲ့ ထိုကပ်ဘေးထဲတွင် နတ်ဘုရားအပြစ်ပေးမှုများ ပါဝင်နေမည်ဟု မည်သူက ထင်မှတ်နေမည်နည်း။ ထို့အပြင် ဤလူသည် အဘယ်ကြောင့် နတ်ဘုရားအပြစ်ပေးမှုကို ဆွဲဆောင်နိုင်သနည်း။
“ဒီလူရဲ့ အားအင်က အရမ်းကို ကြောက်မက်ဖွယ်ရာကောင်းပြီး ငါ့ထက်သာရမယ်” မြေအင်မော်တယ်လောက အင်ပါယာရန်မို၏ ဘေးတွင်ရှိနေသော အမဲရောင်များနှင့် ဖုံးလွှမ်းလျက်ရှိနေသည့်လူက ပြောလိုက်၏။ ၎င်း၏ အမူအရာသည် တည်ကြည်လေးနက်လျက် ရှိနေပြီး ကောင်းကင်ဘုံကပ်ဘေးကြီးကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်ရှုနေမိ၏။။ ကပ်ဘေးကြီးကို ကျော်ဖြတ်နေသည့်လူသည် မည်သူဖြစ်ကြောင်း သူ တကယ်တမ်း သိချင်နေမိသည်။
“တာအိုရောင်းရင်း... ဒီစကားက ခင်ဗျားရဲ့ ပါးစပ်ထဲက ထွက်လာတဲ့အသံနဲ့တောင် မတူဘူး ဖြစ်နေတယ်” အင်ပါယာရန်မိုက ပြောဆိုလိုက်၏။ သူတို့သည် နှစ်ပေါင်းများစွာ တစ်ယောက်နှင့်တစ်ယောက် သိရှိခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် တစ်ယောက်၏ အကျင့်နှင့် စိတ်နေစိတ်ထားကို တစ်ယောက်က သိရှိပြီး ဖြစ်နေသည်။ ဤတာအိုရောင်းရင်းသည် တကယ်ပင် မောက်မာပြီး တခြားသောသူများကို ၎င်းနှင့် အဆင့်တူဟူ၍ ထင်မှတ်ထား ခဲ့သည်မဟုတ်ပေ။ အင်ပါယာစာရင်းတွင် ၎င်း၏အထက်၌ ရှိနေသည့် လူများကိုသာလျှင် ၎င်းက ဂရုစိုက်၏။
“အင်ပါယာတိုင်ရီများလား” အင်ပါယာရန်မိုသည် တစ်စုံတစ်ခုကို စဉ်းစားမိပုံဖြင့် ပြောလိုက်သည်။
“နိရယအင်ပါယာရဲ့ အားအင်အဆင့်က ကျိန်းသေပေါက် အရှေ့မှာရှိတဲ့ တာအိုရောင်းရင်းထက် ပိုပြီး အားကောင်းမှာပဲ။ ဒါပေမဲ့ နိရယအင်ပါယာက အခုမှ ထွက်သွားတာလေ။ ဒီတော့ အချိန်တိုအတွင်း မြေအင်မော်တယ် လောကရဲ့အတွင်းပိုင်းကို တည်နေရာရွေ့ပြောင်းပြီးတော့ ဝင်ရောက်သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု တာအိုရောင်းရင်းတိုင်ရီက အစစ်အမှန် အင်မော်တယ် ဖြစ်လာဖို့ လိုအပ်တဲ့ အကြောင်းအရာတွေနဲ့ တိုက်ဆိုင် နေတယ်လေ”
“အဲလိုတော့ မဟုတ်ပါဘူး”
အမဲရောင်မြူများ ဖုံးလွှမ်းလျက် ရှိနေသည့် လူသည် ခေါင်းကို အသာခါယမ်းကာဖြင့် ပြောလိုက်၏။ “ကျုပ် အင်ပါယာတိုင်ရီနဲ့ တစ်ခါတုန်းက ဆုံခဲ့ဖူးတယ်။ သူ့ရဲ့အော်ရာတွေကို ကျုပ်ရင်းနှီးပြီးသား။ ဒီလူက ကျန်းသေပေါက် အင်ပါယာတိုင်ရီ မဟုတ်ဘူး။ ပြီးတော့ အင်ပါယာတိုင်ရီက ဘယ်နေရာမှာ ရှိနေလဲဆိုတာ အရမ်းကို ဆန်းကြယ်လွန်းတယ်။ လောကကြီးတစ်ခုလုံးကတောင် သူ့ကို လျစ်လျှူရှုထားရသလိုပဲလေ”
“အင်ပါယာဖြစ်ဖို့ လမ်းစဉ်က သူ့ဆီမှာ တကယ့်ကို အဆင်ပြေချောမွေ့တဲ့ ခရီးတစ်ခုအဖြစ် တည်ရှိနေပြီးသား။ သူက ဘယ်သူ့ကိုမှ သတ်ဖြတ်ဖို့ မလိုဘဲ အင်ပါယာတစ်ယောက် ဖြစ်လာခဲ့တာ။ အစစ်အမှန် အင်မော်တယ်တစ်ယောက် ဖြစ်မယ်ဆိုရင် နတ်ဘုရားအပြစ်ပေးမှုကို ခံရမှာ မဟုတ်ဘူး”
“ဒီလူက ထူးဆန်းတယ်။ အင်ပါယာတိုင်ရီ မဟုတ်ဘူးဆိုရင် ကျုပ်တို့ မြေအင်မော်တယ်လောကမှ ဒီလို အရည်အချင်းနဲ့ ပြည့်စုံတဲ့လူက ဘယ်သူ ရှိသေးလို့လဲ” အင်ပါယာရန်မိုက အတွေးနက်သွားမိသည်။
နိရယအင်ပါယာသည် ဤအခြေအနေများနှင့် ကိုက်ညီလျက် ရှိနေသည်ဆိုသော်လည်း ယခုမှ ထွက်ခွာသွားခဲ့သည်မှာ နာရီဝက်ပင် မပြည့်သေးသောကြောင့် အစစ်အမှန် အင်မော်တယ်တစ်ယောက် ရုတ်တရက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ယခုပေါ်ပေါက်လာခဲ့သည့် လူသည် ယောက်ျားတစ်ယောက်ဖြစ်မှန်း သေချာလှ၏။ ထို့ကြောင့် နိရယ အင်ပါယာ မဟုတ်ချေ။
“တာအိုရောင်းရင်း...”
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး၏ ဒေါသတရားမျိုးစေ့ကို စိုက်ပျိုးထားနိုင်စွမ်းရှိတဲ့ သက်ရှိ တစ်ယောက် -
တွေးနေရင်းမှပဲ အင်မော်တယ်ရန်မိုသည် သူ၏ လက်ထဲတွင် ရှိနေသည့် ကျောက်စိမ်းပြားကို လှမ်းကာ ကြည့်လိုက်၏။ ပါဝင်သည့် အကြောင်းအရာကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက် သူ၏ နှလုံးသားထဲတွင် မကောင်းသည့် ခံစားချက်များ ဖြစ်တည်လာခဲ့သည်။
“တာအိုရောင်းရင်း... အခု အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားနိုင်တဲ့လူက ကျုပ်တို့ မြေအင်မော်တယ်လောကက မဟုတ်ဘူးလား မသိဘူး”
“ဘယ်လိုထင်လို့လဲ”
အမဲရောင်မြူများ ဖုံးလွှမ်းလျက် ရှိနေသည့်လူသည် မျက်မှောင်ကိုကုတ်ကာ ဇဝေဇဝါဖြင့် ပြန်လည်ကာ မေးမြန်းလိုက်၏။
“အခု ဒီလူရဲ့ အားအင်အဆင့်ကိုပြောမယ်ဆိုရင် ခင်ဗျားထက်ပိုပြီး အားကောင်းတယ်လို့ ပြောလို့ရတယ်တယ်။ ဒီတော့ သူက ခရမ်းရောင်နက်နဲလောကရဲ့ ပိုင်လီ မဖြစ်နိုင်ဘူးမလား” အင်ပါယာရန်မိုက ပြောလိုက်သည်။
အင်ပါယာပိုင်လီသည် အင်မော်တယ်တစ်ယောက် ဖြစ်လာရန်အတွက် မည်ကဲ့သို့သောအရာများကို သွား၍ ပြုလုပ်နေသည်ဖြစ်ကြောင်းကို မည်သူမှ မသိရှိပေ။ သို့ပေမဲ့ တော်ဝင်အင်ပါယာများထဲတွင် အင်မော်တယ် ဖြစ်လာနိုင်သည့်လူဟူသည်မှာတော့ သေချာလှ၏။
“ခရမ်းရောင်နက်နဲလောကကြီးရဲ့ အင်ပါယာပိုင်လီ မဟုတ်ဘူး။ ဒီလူရဲ့အဆင့်က ခင်ဗျားထက်ပိုပြီး သာနေတယ် ဆိုတော့ အင်ပါယာစာရင်းရဲ့ အထက်ပိုင်း ငါးယောက်စာရင်းထဲကပဲ ရှိတော့တယ်။ ငရဲအင်ပါယာကို ဖယ်လိုက်မယ်ဆိုရင် ကျုပ်တို့ မြေအင်မော်တယ်လောကက တခြားအင်ပါယာသုံးယောက်ပဲ ရှိတယ်။ ကျုပ်တို့ မြေအင်မော်တယ်လောကက တော်ဝင်အင်ပါယာတစ်ယောက်သာ အင်မော်တယ် ဖြစ်လာပြီ ဆိုရင် ကျုပ်တို့ သေချာ သိရှိရမှာပေါ့။ မမှားနိုင်ဘူးလေ”
အင်ပါယာရန်မိုသည် ခဏလောက် ရပ်တန့်ပြီးသည့်နောက် ဆက်ပြောလိုက်သည်။ “ဖြစ်နိုင်တာ ဒီလူက”
“အင်ပါယာ စာရင်းရဲ့ ပထမနေရာက အင်ပါယာကျန်းထျန်လား” အမဲရောင်မြူများ ရစ်သိုင်းလျက် ရှိနေသည့်လူသည် ဖြည်းညှင်းစွာဖြင့် ဤစကားလုံးများကို ဆက်ပြောလိုက်၏။