← Chapters

အပိုင်း (၄၃၃)

Vol. 29 Ch. 433

အပိုင်း (၄၃၃)

Vol. 29 Ch. 433

“စီနီယာ”

ခရမ်းရောင်နက်နဲလောကကြီး၏အထက် ကျယ်ပြောလှသော လေဟာနယ်ထဲမှာတော့ တော်ဝင် အင်ပါယာတစ်ယောက်သည် ပျော်ရွှင်စွာဖြင့် လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုအထဲတွင် ကောင်းကင်မူလလောကကြီးဆီမှ ရရှိလာသည့် သတင်းအချက်အလက်များ ပါဝင်နေသည်။

“ဘာကိစ္စလဲ” အင်ပါယာပိုင်လော်သည် ဇဝေဇဝါဖြင့် ဖြစ်မိနေ၏။ သူ၏ ရှေးဆန်လှသည့် မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်လျက် ရှိနေ၏။

“သတင်းကောင်းပဲ။ သတင်းကောင်းပဲ”

စိတ်လှုပ်ရှားလျက် ရှိနေသည့် ထိုအင်ပါယာသည် မြန်မြန်ဆန်ဆန်ပဲ ပြောဆိုလိုက်သည်။ “အခု စီနီယာနန်းဆောင်သခင် ထုတ်ဖော်ထားတဲ့ ကောင်းကင်ပါရမီရှင်စာရင်းမှာ ပြောင်းလဲမှု တစ်ခုပေါ်လာတယ်”

“ဟမ်” အင်ပါယာပိုင်လော်သည် အရူးတစ်ယောက် မဟုတ်ချေ။ ကောင်းကင်ပါရမီရှင်စာရင်း၏ ပြောင်းလဲမှု ဆိုသည်မှာ အဓိပ္ပာယ်နှစ်ခုသာ တည်ရှိ၏။ တော်ဝင်အင်ပါယာတစ်ယောက် စာရင်းထဲမှ ပျောက်ဆုံးသွားခြင်း ဆိုသည်မှာ သေဆုံးသွားခြင်း သို့မဟုတ် အင်မော်တယ်အဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်ပေလိမ့်မည်။

အင်ပါယာစာရင်းသည် ဆယ်နေရာစာသာရှိ၏။ ၎င်းတို့အထဲမှ ကိုးယောက်သည် ခရမ်းရောင်နက်နဲလောကနှင့် မြေအင်မော်တယ်လောကမှလူများ မျှဝေကာ ရယူထားခဲ့ခြင်းဖြစ်၏။ ကျန်သည့်တစ်ယောက်မှာတော့ အင်ပါယာ ကျန်းထျန်ပင် ဖြစ်လို့နေ၏။

ယခု အင်ပါယာစာရင်းတွင် ရှိလို့နေသည့် လောကနှစ်ခုလုံးရှိ အင်ပါယာ တစ်ချို့သည် တိုက်ခိုက်ရေး တည်နေရာတွင် မရှိဘူး ဆိုလျှင်တောင်မှ အနည်းဆုံး အားလုံးကို လေ့လာ သုံးသပ်လျက် ရှိနေ၏။ တချို့သည် တိုက်ပွဲ၏ ရှေ့တွင် မားမားမတ်မတ် ရပ်တည်လို့နေကြသည်။

တော်ဝင်အင်ပါယာစာရင်းမှ ကျဆင်းသွားသည်ဆိုပါက သူတို့ သေသေချာချာ သိရှိမှာဖြစ်၏။ သို့ပေမဲ့ ထိုလူများ သေဆုံးသွားသည့် သတင်းလက်ခံရရှိခဲ့ခြင်း မရှိချေ။ ထို့ကြောင့် ဖြစ်နိုင်စရာမှာ တစ်ခုတည်းသာလျှင်ရှိ၏။ တစ်စုံတစ်ယောက်သည် အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းသွားနိုင်ခြင်းပင်။

ထိုအင်ပါယာသည် မြေအင်မော်တယ်လောကထဲတွင် ရှိနေသည့် ကပ်ဘေးကျော်ဖြတ်နေသည့် အခြေအနေကို လှမ်းကာကြည့်ရှုရင်း အင်မော်တယ်စာရင်း၏ ပြောင်းလဲမှုကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ၎င်း၏ နှလုံးသားအား ကြီးမားလှသည့် ကျောက်တုံးကြီးနှင့် ထုနှက်ထားသလို လေးပင်စွာဖြင့် မေးမြန်းလိုက်၏။ “မြေအင်မော်တယ်လောကက တော်ဝင်အင်ပါယာတစ်ယောက်က အဆင့်တက်ဖို့ ကြိုးစားနေတာလား”

“မြေအင်မော်တယ်လောကက တော်ဝင်အင်ပါယာ မဟုတ်ဘူး”

သတင်းကို လက်ခံရရှိခဲ့သည့် အင်ပါယာသည် ထူးဆန်းသည့် မျက်နှာသွင်ပြင်မျိုးနှင့် ဖြစ်လို့နေ၏။ ၎င်းက တီးတိုးပြောလိုက်သည်။ “သွေးနတ်ဆိုးလောကကြီးရဲ့ တော်ဝင်အင်ပါယာကျန်းထျန်က အင်ပါယာစာရင်းထဲကနေ ပျောက်ကွယ်သွားတယ်တဲ့”

အင်ပါယာပိုင်လော်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားခဲ့၏။ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် မေးမြန်းလိုက်၏။ “ဒီသတင်းက အမှန်ပဲလား”

တော်ဝင်အင်ပါယာကျန်းထျန် - ဤနာမည်သည် ကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးဟူသည့် သင်္ကေတကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်၏။ ၎င်းသည် နိရယ အင်ပါယာထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ထို့အပြင် နိရယအင်ပါယာသည် သူမ၏ လွှမ်းမိုးနိုင်စွမ်းကိုသာ ချဲ့ထွင်ခဲ့ခြင်းဖြစ်ပြီး တော်ဝင်အင်ပါယာ ကျန်းထျန် မှာတော့ သူ့အတွက် လောကကြီး တစ်ခုလုံးကို ဖျက်ဆီးခဲ့သည့် လူမျိုးဖြစ်၏။ ၎င်းသည်သာ အစစ်အမှန် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းသွားနိုင်သည်ဆိုပါက မည်သူမှ တွေးထင်ထားနိုင်စွမ်း မရှိသော အကြောင်းအရာများ ဖြစ်တည်လာနိုင်၏။ မည်သည့်လောကတွင်မဆို ကြီးမားလှသည့် ကပ်ဘေးကြီးများ ကျရောက်လာနိုင်၏။

အကယ်၍ ၎င်းသည်သာ တိုက်ပွဲကို ဝင်ရောက်ပူးပေါင်းသည်ဆိုပါက ခရမ်းရောင်နက်နဲလောက်ကြီးသည် အခွင့်အရေး လုံးဝရနိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် တော်ဝင်အင်ပါယာကျန်းထျန်သည် မိမိအလိုလောဘ အတွက်သာ မိမိလုပ်ခြင်းဖြစ်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှလွဲလျှင် ၎င်းအား မည်သူကမှ ခြိမ်းခြောက်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအမြင်ကို ကြည့်ရှုရမည်ဆိုလျှင် တော်ဝင်အင်ပါယာ ကျန်းထျန်သည် ခရမ်းရောင်နက်နဲလောကထဲတွင် ကောင်းမွန်သည့်အရာများကို ရရှိပြီး အစစ်အမှန် အင်မော်တယ် အဆင့်သို့ တက်လှမ်းနေပုံရသည်။

အနည်းဆုံးအနေနှင့် ယခု တက်လှမ်းလာသူသည် မြေအင်မော်တယ်လောကဆီမှ တော်ဝင်အင်ပါယာ မဟုတ်ခြင်းပင်။

တော်ဝင်အင်ပါယာကျန်းထျန်ဘက်၌ မသေချာ၊ မရေရာမှုများ ပြည့်နှက်လျက်ရှိ၏။ ၎င်းသည် မြေအင်မော်တယ်လောကဆီတွင် တက်လှမ်းရန် ရည်ရွယ်ခဲ့သည်ဆိုပါက မြေအင်မော်တယ် လောကကြီးသည် ခေါင်းကိုက်စရာများကို ကြုံတွေ့ရမှာဖြစ်၏။ ခရမ်းရောင်နက်နဲလောကကြီးမှာတော့ သက်တောင့် သက်သာ ရှိလို့နေခဲ့၏။ ဆိုးသွမ်းလွန်းသည့် တစ်စုံတစ်ယောက်အား တခြားသော တည်နေရာဆီသို့ ပို့ဆောင်နိုင် လိုက်ခြင်းဆိုသည်မှာ တကယ့်ကို ကောင်းမွန်လှသည့်အရာပင် ဖြစ်၏။

“ကျိန်းသေပေါက် မှန်တယ်”

ထိုအင်ပါယာသည် ခေါင်းကိုညိတ်ကာဖြင့် တိတိကျကျ ပြောဆိုလိုက်သည်။ “တော်ဝင် အင်ပါယာကျန်းထျန်က မြေအင်မော်တယ်လောကဆီမှာ အဆင့်တက်နေတာပဲ။ ဒီကိစ္စက ဘယ်သူမှ ထင်မှတ်ထားတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ အစပိုင်းတုန်းက သူ့ကို ဖိနှိပ်ဖို့အတွက် စီနီယာနန်းဆောင်သခင်ကိုယ်တိုင် လှုပ်ရှားတိုက်ခိုက်ခဲ့ရသေးတယ်လေ။ အခု စီနီယာက သူ့ကို ထပ်ပြီး လွှတ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒီလိုမျိုး ဥပဒေမရှိ၊ အဆင်ခြင်မဲ့တဲ့ လူမျိုးကို...”

“သူသာ အဆင့်မတတ်နိုင်ရင် တော်သေးတယ်လေ။ အခု အင်မော်တယ်အဆင့်ကို တက်သွားပြီဆိုတော့ မြေအင်မော်တယ်လောကကြီးက တကယ့်ကို သတိထားသင့်နေပြီလေ” ခရမ်းရောင်နက်နဲလောကတွင် ရှိနေသည့် တစ်စုံတစ်ယောက်သည် သဘောတကျဖြင့် အော်ဟစ်ကာ ပြောလိုက်၏။

ဤရက်ပိုင်းအတွင်း ခရမ်းရောင်နက်နဲလောကကြီးသည် တဖြည်းဖြည်းနှင့် ကြိုးစားကာ အနောက်သို့ ဆုတ်နေရ၏။ အင်ပါယာယုညို ပေါ်ပေါက်လာခဲ့ခြင်းသည် ၎င်းတို့အား စိတ်သက်သာရာ ရစေခဲ့သည် ဆိုသော်လည်း ယခု အင်ပါယာကျန်းထျန် အဆင့်တက်ခြင်းသည် ၎င်းတို့၏ ပျော်ရွှင်မှုကို ပိုမိုကာ တိုးတက်စေခဲ့သည်။

“တော်ဝင်အင်ပါယာကျန်းထန်က အင်ပါယာစာရင်းရဲ့ ပထမနေရာမှာ ရှိနေတာလေ။ သူသာ အစစ်အမှန် အင်မော်တယ်အဆင့်ကို တက်လှမ်းသွားနိုင်မယ်ဆိုရင် သူ့ရဲ့အားအင်အဆင့်က ကျိန်းသေပေါက် အထင်အမြင် သေးလို့ရတဲ့လူ မဟုတ်တော့ဘူး” တခြားသော တော်ဝင်အင်ပါယာတစ်ယောက်က တီးတိုး ပြောဆိုလိုက်၏။

“အင်း... ကျုပ်တို့ ခရမ်းရောင်နက်နဲလောကကြီးက ကိုယ်ပိုင် အစစ်အမှန် အင်မော်တယ်တစ်ယောက်ကို ဘယ်အချိန်မှာ မွေးထုတ်နိုင်မလဲဆိုတာ မသိတာ ဆိုးတာပဲ” ထိုစကားစုကို ရေရွတ်လိုက်သည့် အချိန်မှာတော့ လူပေါင်းများစွာတို့၏ မျက်နှာသွင်ပြင်များသည် ပျက်ယွင်းသွားခဲ့၏။ ၎င်းတို့သည် ခရမ်းရောင်နက်နဲလောကကြီး၏ အတွင်းဘက်ဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်၏။

လက်ရှိအချိန်၌ တော်ဝင်အင်ပါယာပိုင်လီသည် အင်မော်တယ်အဆင့်ဆီသို့ တက်လှမ်းသွားနိုင်သည့် အရိပ်အယောင် သင်္ကေတမျိုး မရှိသေးချေ။ သို့ပေမဲ့ ရက်များကို ရေတွက်ရမည်ဆိုလျှင် မကြာမီတော့ ဖြစ်လာမှာ သေချာ၏။

ဂျိန်း

မြေအင်မော်တယ်လောက၏ အတွင်းတွင် လျှပ်စီးတန်းများသည် တလက်လက်နှင့် လင်းလက်လျက် ရှိနေပြီး မိုးကြိုးများက ပစ်ချနေခဲ့၏။ နဂါးအော်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး မိုးကြိုးပင်လယ်ထဲတွင် များပြားလှသည့် နဂါးများ ကူးလူးကာ ကြွေးကြော်နေသကဲ့သို့ပင်။

“ကောင်းကင်ဘုံကပ်ဘေးက အစစ်အမှန်နဂါးတွေအဖြစ် ပြောင်းလဲသွားခဲ့တာလား။ ဒါက အဆင့်တက်ဖို့ တားဆီးထားတဲ့ ကောင်းကင်ဘုံကပ်ဘေးရဲ့ စွမ်းအင်တွေလား” လူပေါင်းများစွာတို့က တုန်လှုပ်သွားခဲ့ကြ၏။

ခပ်ဝေးဝေးတည်နေရာတွင် တည်ရှိနေသည်ဆိုလျှင်တောင်မှ အားလုံးသောသူတို့သည် တုန်ယင်လျက်ရှိပြီး ခန္ဓာကိုယ်တွင် ရှိနေသည့် အမွေးအမျှင်များသည် ထောင်ထလျက် ရှိနေလေ၏။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။

ကပ်ဘေးနဂါးများဆီမှ ထွက်ပေါ်နေသည့် နတ်ဘုရားစိတ်ဆန္ဒများ အားလုံးသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို ထိုးခွင်းလျက် ရှိနေပြီး အရာအားလုံးကို ဖျက်ဆီးမည့် အရိပ်အယောင်များကို ထင်ထင်ပေါ်ပေါ် ပြသနေ၏။ ဤအရာသည် စမ်းသပ်မှုတစ်ခုဖြစ်၏။ ကောင်းကင်၏ စမ်းသပ်မှုသာလျှင်ဖြစ်သည်။

အင်မော်တယ်အဆင့်သို့ တက်လှမ်းရန် ကြိုးစားသည့်လူသည် အောင်မြင်သွားခြင်း သို့မဟုတ် သေဆုံးသွားခြင်း သည်သာ ရှိ၏။ တတိယ ဖြစ်နိုင်ချေဟူ၍ မရှိချေ။ သေခြင်း၊ အသက်ရှင်ခြင်း နှစ်ခုတည်းသာလျှင်ရှိ၏။ တော်ဝင်အင်ပါယာကျန်းထျန်သည် မတ်မတ်ရပ်လျက် ရှိနေပြီး ၎င်း၏ သွေးချီများသည် ကြီးမားလွန်းလှသည့် မြစ်ကြီးတစ်ခုကဲ့သို့ပင် ၎င်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံကာ တားဆီးထား၏။

ဤအရာသည် ကောင်းကင်၏ စမ်းသပ်မှုတစ်ခုသာလျှင်ဖြစ်၏။ ကျန်းထျန်သည် သူ၏ ဘဝ တစ်သက်တာလုံး တောင့်တ မျှော်မှန်းလျက်ရှိသည့် ရည်မှန်းချက်ကို ပြည့်စုံနိုင်ရန် အတွက် ကြိုးစားနေခြင်းဖြစ်သည်။ ကိုးဘဝတိတိ စုဆောင်းခဲ့ရသည့် စွမ်းရည်များကို စုစည်းကာ သူသည် ဤအခြေအနေကို ကျော်ဖြတ်ရပေလိမ့်မည်။

မည်သူမှသည် သူ၏ လက်ရှိ ဖြစ်တည်နေသည့် ခံစားချက်များကို နားလည်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ်တစ်ယောက် ဖြစ်လာရန်အတွက် သူသည် မည်မျှအလျင်စလိုဖြင့် လိုချင်တောင့်တလျက် ရှိနေသည်ကို သူတစ်ယောက်တည်းသာလျှင် နားလည်နိုင်၏။

“ချိုးဖြတ်စမ်း”

အင်ပါယာကျန်းထျန်သည် အကန့်အသတ်မဲ့ ရောင်စဉ်ရောင်ဝါတန်းများ ထွန်းတောက်လျက် ရှိနေပြီး အထက်ကောင်းကင်ယံ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့၏။ ၎င်းသည် တားဆီးရပ်တန့်၍ မရနိုင်သည့် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။ ဆန်းကြယ်လွန်းလှသည့် တည်ရှိမှု၏ အော်ရာများသည် ကြည့်ရှုနေသူ အားလုံးကို တုန်ခါသွားစေခဲ့သည်။

တစ်စုံတစ်ယောက်သည် မည်သည့် လက်နက်ပစ္စည်းကိုမှ ဆင့်ခေါ်ခြင်းမရှိဘဲ ကပ်ဘေးကြီးကို ရဲရဲရင့်ရင့် ရင်ဆိုင်လျက် ရှိနေ၏။ ဤအရာသည် ကျိန်းသေပေါက် အဆင့်တက်သည့် ကောင်းကင်ဘုံ ကပ်ဘေးကြီးသာလျှင် ဖြစ်၏။ အင်ပါယာတစ်ယောက် အနေနှင့် ထိုအရာကို ကျိန်းသေပေါက် ရင်ဆိုင်ရပေမည်။ အင်ပါယာကျန်းထျန်၏ လက်ထဲတွင် ရှိနေသည့် စွမ်းအားမြင့် လက်နက်သည် လီယွင်၏ လက်ထဲသို့ ရောက်ရှိပြီး ကောင်းကင်လျှို့ဝှက် အမှတ်များ အဖြစ် အသွင်ပြောင်းခဲ့ပြီးဖြစ်၏။

ဟူး........

မြေအင်မော်တယ်လောကတွင်တော့ တစ်စုံတစ်ယောက်သည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ “ဒီအင်ပါယာရဲ့ အားအင်အဆင့်က တကယ့်ကို ကြောက်စရာပဲ။ သူသာ အင်မော်တယ်ဖြစ်လာမယ်ဆိုရင်တော့ အင်မော်တယ်တွေ ကြားထဲမှာ အားနည်းတဲ့ အင်မော်တယ်တစ်ယောက် ကျိန်းသေပေါက် မဖြစ်နိုင်ဘူး”

လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ တချို့သော သတင်းများသည် မြေအင်မော်တယ် လောကထဲသို့ မပျံ့နှံ့သေးချေ။ အဆင့်နိမ့်ကျင့်ကြံသူများ အားလုံးသည် အစစ်အမှန် အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေသည့် ဤလူသည် မည်သူဖြစ်မည်ဆိုခြင်းကို ဆွေးနွေးလျက် ရှိနေကြ၏။ သို့ပေမဲ့ မြေအင်မော်တယ်လောကတွင် ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူများမှာတော့ ထိုသို့ မဟုတ်ပေ။ သူတို့သည် သတင်းအချက်အလက်များကို သိရှိခဲ့ပြီးသားဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းလှသည့်လူသည် ကပ်ဘေးကို ကျော်ဖြတ်ရန် ကြိုးစားလျက်ရှိ၏။ လက်ရှိ အင်ပါယာ ကျန်းထျန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသော စွမ်းရည်များကို ထုတ်ဖော်ကာ ပြသလျက်ရှိနေ၏။ ထိုသူသည် ကျိန်းသေပေါက် သူတို့၏ အနာဂတ် အန္တရာယ်ကောင်ကြီးပင်။

“မြေအင်မော်တယ်လောကဆီမှ တိုက်ပွဲကြီး စဖြစ်တော့မှာလား” ဆန်းကြယ်လွန်းလှသည့် တည်နေရာ တစ်ခုတွင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်က ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ ၎င်း၏ အဖြူရောင်ဆံပင်နှင့် မုတ်ဆိတ်မွှေးများသည် လေနှင့်အတူ လွင့်မျောလျက်ရှိ၏။ ၎င်းသည် တာအိုဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ် အနီးတဝိုက်တွင် ရွှေရောင်ကြာပန်းများက လွှမ်းခြုံလျက် ရှိနေ၏။

တော်ဝင်တာအို၏ တေးဂီတအသံများသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့နေ၏။ ထိုသူသည် မျက်လုံးကို ဖွင့်ပြီးသည့်နောက် လေဟာနယ်ထဲကို ထိုးထွင်းကာဖြင့် ကောင်းကင်ဘုံကပ်ဘေးကြီးကို လှမ်းကာ ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးထဲတွင်တော့ လေးနက်မှုများနှင့် ပြည့်နှက်နေလေသည်။

All Chapters