← Chapters

အကုန် အပြောင်သိမ်းခြင်း

Vol. 27 Ch. 374

အကုန် အပြောင်သိမ်းခြင်း

Vol. 27 Ch. 374

" သခင်ကြီး ချန် "

ဝမ်ချွီမှာ ထိုမြင်ကွင်းကို ကြည့်ကာ အလွန်အံ့သြ တုန်လှုပ်သွားပြီး ချက်ချင်း ထရပ်လိုက်သည်။

ချန်ထျဲယီသည် မသေမျိုးအဆင့် ကျင့်ကြံသုတစ်ယောက် ဖြစ်ပါသည်။ သူသည် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် မဟုတ်သည့်တိုင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိသူပင် ။

ထိုသို့သော ကျင့်ကြံခြင်း အဆင့်မျိုးနှင့်ပင် လောထျန်း၏ ခွေးတစ်ကောင်လို ဆက်ဆံခြင်းကို ခံရသတဲ့လား ။

" ကောင်လေး .. မင်းက ငါ့ကို တကယ်ကြီး တိုက်ခိုက်ရဲတယ်ပေါ့လေ "

ချန်ထျဲယီကလည်း လောထျန်းအား ဒေါသတကြီး ကြည့်လာ၏။

အစပိုင်းတွင် သူသည် ပျောင်ပိုင်မြို့ ခရီးစဥ်၌ မည်သို့သော အခက်အခဲနှင့်မှ မကြုံနိုင်ဟုသာ တွက်ထားခဲ့ပါသည်။

သို့သော် သူ ရောက်ပြီး မကြာခင်တွင်ပင် ယခုလို အဖြစ်မျိုးနှင့် ကြုံနေရသည်လား ။

" ခင်ဗျားကြီးကို ဘယ်သူက စကားပြောခွင့် ပေးလို့လဲ "

လောထျန်းက အေးစက်စက် ပြောကာ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။

ဝုန်း ..

သူ့ ရွှေရောင် လက်ဝါးကြီးက ချန်ထျဲယီ၏ လည်မျိုကို ဆုပ်ကိုင်လာပြီး ချန်ထျဲယီအား အပေါ်သို့ မြှောက်လိုက်၏။

" ဒီ နဂါးသင်္ချိုင်းမြေကို သွားခဲ့တဲ့ ခရီးစဥ်က ခင်ဗျားတို့ ထျန်းယွမ်ကျောင်းတော်က တောင်းဆိုလို့ သွားခဲ့ရတာ ။ ဒီတော့ ကျုပ် အောင်မြင်တာပဲ ဖြစ်ဖြစ် ၊ ကျရှုံးတာပဲ ဖြစ်ဖြစ်  ထျန်းယွမ်ကျောင်းတော်က ကျုပ်အပေါ်တောင် အကြွေးတင်နေသေးတယ် "

" ဒါပေမယ့် အခုတော့ ဘယ်လိုလဲ .. ကျုပ်အပေါ် အကြွေးတင်နေတဲ့ ခင်ဗျားလို အရှက်မရှိတဲ့ အဘိုးကြီးကများ ကျုပ်တို့ မိသားစုရဲ့ အဓိက ခုံမှာ ထိုင်ပြီး ကျုပ်ရဲ့ စိတ်ဝိဥာဥ်ကိုတောင် ရှာချင်သေးတယ်ပေါ့လေ ။ ဒါကို တရားမျှတတယ်လို့ ခေါ်လား "

လောထျန်းက အေးစက်စက် အော်လိုက်သည်။

ထိုစကားကို ကြားသည်နှင့် အစောက ခုံတွင် ထိုင်နေခဲ့သော သက်လတ်ပိုင်းအရွယ် လူကြီးမှာ ဆက်မထိုင်ရဲတော့ဘဲ ကြောက်ကြောက်လန့်လန့်ဖြင့် ချက်ချင်း ထရပ်၏။

" လောထျန်း ၊ ဒီကိစ္စမှာ ငါ မှားသွားခဲ့ပါတယ်ကွာ။  အခု ငါ့ကို လွှတ်ပေးလိုက်ပါ ၊ မဟုတ်လို့ကတော့ ငါတို့ ထျန်းဟွမ်ကျောင်းတော်က မင်းကို ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး "

ချန်ထျဲယီက လောထျန်းလက်ထဲ ရောက်နေသ ည့်တိုင်  ခက်ခက်ခဲခဲ ပြောလာသည်။

" ဟုတ်တယ် .. သခင်ကြီး ချန်ထျဲယီကို မြန်မြန်လွတ်ပေးလိုက်ပါ လောထျန်း ။ သူသာ တကယ်ကြီး ဒဏ်ရာ ရသွားခဲ့ရင် ဖြစ်လာမယ့် အကျိုးဆက်ကို မင်းရော ၊ မင်းတို့ ပျောင်ပိုင်မြို့ရော ခံနိုင်မှာ မဟုတ်ဘူး "

ဝမ်ချွီကလည်း ခါးကို ပြန်မတ်ကာ အသံကျယ်ဖြင့် အော်ပြောလာ၏။

ထိုကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ အရောင်လက်သွားတော့သည်။

" ဒီလို အခြေအနေ ရောက်နေတာတောင် ကျုပ်ကို ခြိမ်းခြောက် ချင်နေသေးတယ်ပေါ့လေ "

သူက ပြောပြောဆိုဆိုပင် လက်ထဲ အစွမ်းထပ်ထည့်လိုက်သည်။

ဂျွတ် ..

ချန်ထျဲယီ၏ လည်ပင်းက  ရုတ်ချည်း ကျိုးသွားတော့၏။

ထိုမျှမက ကြောက်မက်ဖွယ် စွမ်းအင်တန်းတစ်ခုကလည်း ချန်ထျဲယီ၏ ခန္ဓာကိုယ်ထဲ စီးဝင်သွားပြီး သူ့ကိုယ်ထဲမှ အသက်အစွမ်းများ အားလုံးကို ငြိမ်းသတ်လိုက်သည်။

ချန်ထျဲယီ၏ လည်ပင်း လိမ်ကျသွားကာ သေဆုံးသွားရတော့၏။

" ဘယ်လိုဖြစ်ပြီး ... "

ထိုမြင်ကွင်းကို ကြည့်နေသော ဝမ်ချွီထံမှ တအံ့တသြ ရေရွတ်သံ ထွက်ပေါ်လာပြီး လောထျန်းအား အော်ဟစ်ဆဲဆိုရန် ပြင်လိုက်သည်။

သို့သော် သူ့ဘေးမှ သက်လတ်ပိုင်းအရွယ်လူကြီး နောက်တစ်ယောက်က အသိဝင်လာကာ ချက်ချင်း တား၏။

ထိုလူကြီးက လောထျန်းအ လက်ညိုးတထိုးထိုးဖြင့် တုန်ယင်စွာ ပြောသည်။

" မင်း ... မင်းက ..  ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်လား .. "

မသေမျိုးများကို အလွယ်တကူ သတ်နိုင်သူမှာ ကမ္ဘာပေါ်မှ မသေမျိုးများသာ ရှိသည် မဟုတ်ပါလား ။

ထိုကားကို ကြားမှသာ ဝမ်ချွီတစ်ယောက်လည်း ချက်ချင်း အသိဝင်လာ၏။

လောထျန်းက မသေမျိုးတစ်ယောက်ကိုပင် အလွယ်တကူ သတ်နိုင်နေသည် ဖြစ်ရာ သူ့ကိုဆိုလျှင် စကားထဲ ထည့်ပြောစရာပင် လိုမည် မဟုတ်ပေ ။

အကယ်၍ လောထျန်းသည်သာ ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် အမှန်တကယ် ဖြစ်နေခဲ့ပါက သူတို့အတွက် ပြဿနာ များလေပြီ ။

ကမ္ဘာပေါ်မှ မသေမျိုး ဆိုသည့် ဂုဏ်ပုဒ်မှာ ပေါ့သေးသေး မဟုတ်ပါချေ ။

သူတို့ ထျန်းယွမ်ကျောင်းတော်၏ ဂိုဏ်းချုပ်ကြီးသည်ပင် သူတို့အတွက်နှင့် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက်အား တိုက်ခိုက်မည် မဟုတ်ပါ ။

သေချာ တွေးပြီးနောက်တွင်မူ ဝမ်ချွီတစ်ယောက် ခြေထောက်များ တုန်လာပြီး ခြေခိုင်ခိုင် မရပ်နိုင်တော့ဘဲ ဖြစ်သွား၏။

" လောထျန်း ၊ ငါတို့ မှားသွားပါတယ်ကွာ ။ ငါတို့ ခုပဲ ထွက်သွားပါ့မယ် "

ဝမ်ချွီက ထိုသို့ ပြောကာ ခေါင်းငုံ့၍ အလျင်အမြန် လှည့်ထွက်သွားရန် ပြင်လိုက်သည်။

" သွားမယ် ဟုတ်လား .. ခင်ဗျားကြီးကို ကျုပ်က သွားခွင့် ပေးလို့လား "

လောထျန်းက ခေါင်းလှည့်လာပြီး ဝမ်ချွီအား အေးစက်စက် ကြည့်၏။

ဝန်ချွီတစ်ယောက် တုန့်ခနဲ ရပ်သွားသည်။

ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် လို လူနှင့် ရင်ဆိုင်နေရချိိန်တွင် သူ မည်သို့ ထွက်ပြေးရဲပါမည်နည်း ။

" သခင်လေး လောထျန်း ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ "

ဝမ်ချွီ အသံများပင် တုန်လာ၏။

" တောင်းပန်ပါတယ်လို့ ပြောရုံနဲ့ အားလုံး ပြီးသွားရောပေါ့လေ ။ ခုနကတော့ ခင်ဗျားကြီးက သိပ်ကို မောက်မာရိုင်းစိုင်းနေခဲ့တာ မဟုတ်လား ။ ခုကျ ဘာလို့ အဲ့လို ဟုတ်မနေတော့တာလဲ "

လောထျန်းက သူ့ကို ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

ဝမ်ချွီမှာ တစ်ခုခု ပြောတော့မလို နှုတ်ခမ်းများ လှုပ်သွားသေးသော်လည်း နောက်ဆုံးတွင် မည်သည့်စကားမှ မဆိုဘဲ ခေါင်းသာ ငုံ့သွား၏။

လောထျန်းက သူ့ကို တစ်ချက်သာ ကြည့်ပြီး ထပ်မကြည့်လိုတော့ဟန်ဖြင့် မျက်နှာလွှဲလိုက်သည်။

ထို့နောက် လက်နောက်ပြန်ရိုက်၍ ဝမ်ချွီအား သတ်ကာ စိတ်ဝိဥာဥ် ပုလဲလုံး ထုတ်ယူလိုက်သည်။

သူတို့၏ မသေမျိုး သခင်ကြီးတစ်ယောက်ဖြစ်သော ချန်ထျဲယီအပြင် ကောင်းကင်ဘုံ တံခါးဝအဆင့် ရှိထားသည့် ဝမ်ချွီကပါ အလွယ်တကူ အသတ်ခံလိုက်ရသည်ကို ကြည့်ကာ နောက်ဆုံးကျန်သည့် သက်လတ်ပိုင်းအရွယ် လူကြီး ခွေကျသွားတော့၏။

သူ ဤပျောင်ပိုင်မြို့သို့ လာစဥ်က အပျော်ခရီးတစ်ခု ဟုသာ သဘောထားပြီး လာခဲ့သော်လည်း ..

ယခုလို ကြောက်မက်ဖွယ် အခြေအနေမျိုးနှင့် ကြုံနေရလေပြီ ။

သို့သော် ချန်ထျဲယီ နှင့် ၊ ဝမ်ချွီတို့ နှစ်ယောက်လုံက အစောကတည်းက တဖက်သားအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပြီး ကိုယ့်သေတွင်းကိုယ် တူးခဲ့ကြမှန်း သူ နားလည်ပါသည်။

သူတို့က ကမ္ဘာပေါ်က မသေမျိုးတစ်ယောက်ကို အဘယ့်ကြောင့် ရန်စ စော်ကားခဲ့ကြပါသနည်း ။ ကမ္ဘာပေါ်မှ မသေမျိုးများ၏ လုပ်နိုင်စွမ်းကို မသိလေရော့သလား ။

" သခင်လေး .. ကျုပ် တောင်းပန်ပါတယ်ဗျာ ။ ကျုပ်ကို သွားခွင့်ပေးပါ "

သူ ငိုသံကြီးဖြင့် ပြောလိုက်တော့သည်။

လောထျန်းက သူ့ကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ဟို နှစ်ယောက်က ကိုယ့်သေလမ်းကိုယ် ရှာခဲ့ကြတာလေ။ ခင်ဗျားဘက်က ဘာမှ မပြောထားဘူးဆိုတော့ ကျုပ်ကလဲ ခင်ဗျားကို သတ်စရာ မလိုပါဘူး "

ထိုစကားကို ကြားမှသာ သက်လတ်ပိုင်းအရွယ် လူကြီး သက်ပြင်းရှည်ကြီး ချနိုင်သွားသည်။ သူ ငရဲ တံခါးဝမှ လွတ်မြောက်လာခဲ့လေပြီ ။

" ဒါပေမယ့် ... "

ထိုအချိန်မှာပင် လောထျန်းက စကားဆက်လာသဖြင့် သူ့ နှလုံးက လည်မျိုတွင် တစ်နေသကဲ့သို့ ခံစားလိုက်ရပြန်၏။

" အသက်ကို ချမ်းသာပေးမယ် ဆိုပေမယ့် .. အပြစ်တော့ ပေးမှ ဖြစ်မှာ ။ ခင်ဗျားတို့ ထျန်းယွမ်ကျောင်းတော်က လူတွေက ကျုပ်ရဲ့ ပျောင်ပိုင်မြို့ကို လာပြီးတော့ အဓိက ထိုင်ခုံတွေမှာ ကျုပ်ရဲ့ ခွင့်ပြုချက် မရဘဲ ထိုင်ခဲ့ကြတာလေ။ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ခင်ဗျား ထင်သလဲ "

လောထျန်းက ထိုလူကို ကြည့်ကာ အေးစက်စက် အသံဖြင့် ​မေးခွန်းထုတ်လိုက်သည်။

ဘယ်လို ကိုင်တွယ်ရမလဲ တဲ့လား ..

သက်လတ်ပိုင်း လူကြီးမှာ အလျင်စလို စဥ်းစားလိုက်သော်လည်း အဖြေကောင်းကို လုံးဝ ရှာမတွေ့သဖြင့် တွန့်ဆုတ်ဆုတ် ပြန်မေးလိုက်၏။

" ကျုပ် .. ပိုက်ဆံ ပေးရမှာလား .. "

လောထျန်းက ခေါင်းညိတ်သည်။

" အင်းလေ .. ဒါ အကျိုးအကြောင်းသင့်ပါတယ် ။ ခင်ဗျားက ဘယ်လောက်ပေးဖို့ စဥ်းစားထားလဲ "

လူကြီးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး အံကြိတ်၍ သူ့နောက်ကျောတွင် လွယ်ထားသည့် ဓားကို ထုတ်လိုက်သည်။

" သခင်လေး လောထျန်း ၊ ဒီ ဓားက မသေမျိုး ဓားတစ်လက်ပါ ။ ဒါကို လက်ခံပေးမလားဗျာ "

သူ သတိထား မေး၏။

" မသေမျိုးဓား .. ဟုတ်လား .. "

လောထျန်းက ခေါင်းအသာညိတ်သည် ။

" ကောင်းပြီလေ ၊ ဒါဆို ဒီဓားနဲ့ အစောက စိတ်စွမ်းအင် ကျောက်တုံးတွေကို အရင်လက်ခံလိုက်မယ် ။ ဒါပေမယ့် .. ကျုပ်က ထျန်းယွမ်ကျောင်းတော်ကို ကူညီပေးတဲ့ အနေနဲ့ နဂါသင်္ချိုင်းမြေကို သွားခဲ့တာ ဆိုတော့ အဲ့အတွက် ကျုပ်ကို ဘာမှ မပေးရင် ဘယ်ကောင်းမလဲ .. ဟုတ်တယ်မလား "

သက်လတ်ပိုင်းအရွယ်လူကြီးက အပြုံးဖြင့် ပြန်ပြောသည်။

" ဒါပေါ့ဗျာ .. ဒါ လက်ခံနိုင်စရာ မဟုတ်ဘူး .. "

သူက ပြောပြောဆိုဆိုပင် အင်္ကျီလက်ထဲမှ ကျောက်စိမ်းပုလွေ တစ်လက်ကို ထုတ်ကာ ရင်နာနာဖြင့် ပြော၏။

" ဒီဟာက မသေမျိုးလက်နက် တစ်ခုပါ သခင်လေး ၊ သခင်လေးအတွက် အသုံးဝင်နိုင်မလား .. "

လောထျန်းက ခေါင်းညိတ်သည်။

" ကောင်းပြီလေ ၊ သိပ်မကာင်းပေမယ့် လက်ခံလိုက်ပါမယ် ။ နောက်တစ်ခုက ကျုပ်ဘက်က အကူအညီ ပေးခဲ့တာကိုတောင် ခင်ဗျားတို့ ထျန်းယွမ်ကျောင်းတော်က လူတွေက ဒီကို လာပြီးတော့ လူစကား မပြောခဲ့ကြဘူး ။ အဲ့တော့ ကျုပ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးအနေနဲ့ ဘာပေးမှာလဲ "

သက်လတ်ပိုင်းအရွယ် လူကြီးမှာ အောင့်သက်သက် ခံစားလိုက်ရကာ မျက်နှာ အနည်းငယ် ပျက်သွား၏။ သို့သော် သူ ဘာများ ပြော၍ ရပါမည်နည်း ။

" သခင်လေး ၊ ကျုပ် ဆီမှာ ခက်ခက်ခဲခဲ ကြိုးစားပြီး ရခဲ့တဲ့ မသေမျိုးအဆင့် ကျင့်စဥ်တစ်ခု ရှိပါတယ် "

သူ အံကြိတ်ကာ ဆိုလိုက်သည်။

အမှန်တွင်မူ သူသည်ပင် ထိုကျင့်စဥ်ကို အပြီးထိ မကျင့်ကြံရသေးပါချေ ။

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ကျင့်စဥ်ကို လှမ်းယူပြီး ပြော၏။

" ပြီးတော့ ခင်ဗျားလူတွေက ကျုပ်တို့ လောမိသားစု အိမ်တော်ရဲ့ ခေါင်မိုးကိုလဲ ထိခိုက်ပျက်စီးအောင် လုပ်သွားခဲ့သေးတယ် ။ အဲ့အတွက်လဲ လျော်ကြေး ပြန်ပေးမယ် မဟုတ်လား "

သက်လတ်ပိုင်းအရွယ် လူကြီးမှာ ရင်ထဲမှ ဆဲဆိုလိုက်တော့သည်။

ခေါင်မိုးပျက်စီးသွားတဲ့အတွက် လျော်ကြေးတဲ့လား ...

ထိုခေါင်မိုးကို လောထျန်းကိုယ်တိုင် ဖျက်ဆီးခဲ့သည် မဟုတ်ပါလား ။

ထိုကိစ္စကိုပါ အဘယ့်ကြောင့် အပြစ်လာလွှဲချနေရပါသနည်း ။

သို့သော် .. ယခုလို အခြေနေပင် ရောက်လာပြီဖြစ်ရာ သူ ထိုစကားများကို မည်သို့ ထုတ်ပြောရဲပါမည်နည်း ။

သူ အံကြိတ်ပြီး ဟင်းလင်းပြင်လက်စွပ်ကို ထုတ်၍သာ မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

" သခင်လေး လောထျန်း ၊ ဒါ ကျုပ် ပိုင်ဆိုင်သမျှ စည်းစိမ် အကုန်ပါပဲဗျာ ။ ဒါနဲ့ ခေါင်မိုးပြင်ဖို့ လုံလောက်နိုင်မလားဗျ "

လောထျန်းက လက်စွပ်ကို ယူကာ စစ်ဆေးကြည့်လိုက်သည်။ ပြီးမှသာ သူ့မျက်လုံးများ အရောင်လက်သွား၏။

ကောင်းကင်ဘုံ တံခါးဝအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို မျှော်လင့်ထားသည့်အတိုင်းပါပင် .. လက်စွပ်ထဲမှ ပိုင်ဆိုင်မှုက တော်တော် များပါသည်။

" ကောင်းပြီလေ ၊ ဒါဆို ခေါင်မိုးကိစ္စကို မေ့လိုက်ကြတာပေါ့ ။ နေဦး .. တခြား ဘာအကြောင်းရင်းတွေ ရှိသေးလဲ ကျုပ် စဥ်းစားလိုက်ဦးမယ် "

လောထျန်းက ထိုသို့ပြောကာ မေးစေ့ကို လက်ဖြင့်ပွတ်၍ စဥ်းစားလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးမှာ ရင်တစ်ခုလုံး လေးလံသွားတော့၏။

တခြား ဘာအကြောင်းရင်းရှိလဲ ထပ်စဥ်းစားဦးမယ်တဲ့လား ..

လောထျန်းက သူ့တစ်ကိုယ်လုံး ပြောင်သွားအောင် လုပ်ချင်နေပါသလား ...

" သခင်လေး လောထျန်း ၊ ကျုပ်မှာ တကယ်ကို ဘာမှ မရှိတော့ပါဘူးဗျာ ။ ကျုပ်ရဲ့ ပိုင်ဆိုင်မှုတွေအားလုံး သခင်လေးလက်ထဲ ရောက်နေပါပြီ ။ ဒါပေမယ့် အဲ့ဒါနဲ့  မလုံလောက်သေးဘူး ဆိုရင်တော့ ကျုပ်ဆီမှာ သခင်လေး စိတ်ဝင်စားလောက်မယ့် သတင်းတစ်ခု ရှိပါတယ် "

လူကြီးက ပြောလိုက်သည်။

" သတင်း ဟုတ်လား ..ဘာသတင်းလဲ "

လောထျန်းက မျက်မှောင်ကြုံ့ပြီး ပြန်မေး၏။

" သိဒ္ဓိဝင် ဆေးပင်နဲ့  ပတ်သက်တဲ့ သတင်းပါ "

လူကြီးက ပြန်ဖြေသည်။

All Chapters