← Chapters

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း (၁၁၁၁-၁၁၁၃)

Vol. 75 Ch. 1111-1113

အခန်း(၁၁၁၁)

"ကောင်လေး မင်း ဒီလောက်တောင် သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

သွေးအရိပ်သခင်၏ မျက်လုံးများက အေးစက်နေခဲ့သည်။

"ရွှယ်ဟုန် သူ့ကို သတ်ပစ်လိုက်စမ်း "

မူလက သွေးအရိပ်အရှင်သခင်သည် ရှောင်တုလီကို ကြောက်ရွံ့သောကြောင့် ကျန်းချန်ကို ဤနေရာမှ ထွက်သွားခိုင်းရန် ဆန္ဒရှိခဲ့သည်။

ဆိုရလျှင် သူတို့ သွေးနတ်ဆိုးနန်းတော်၏ ကိစ္စကို ဝင်မစွက်ဖက်သရွေ့ ရှောင်တုလီကို မျက်နှာသာပေးရန် စဥ်းစားထားခဲ့၏။

သို့ရာတွင် ဤကောင်လေးသည် အကောင်းအဆိုးကို နားမလည်ဘဲ သူ့ကိုပင် သတ်ရန် ကြိမ်းဝါးနေခဲ့၏။

သူက သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာ ကတည်းကပင် မြောက်ပိုင်းတောရိုင်းဒေသ၏ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်ခဲ့သည်။

ယခုအခါတွင် ချာတိတ်လေး တစ်ယောက်က သူ့ကို ဤကဲ့သို့ မထီမဲ့မြင်ပြုလုပ်နေခဲ့ရော သွေးအရိပ်အရှင်သခင် အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။

လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်ကသာ ဆိုလျှင် သွေးအရိပ်အရှင်သခင်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်၏ တပည့် ဖြစ်သည့် ကျန်းချန်ကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

သို့သော် ယခုအခါတွင် သူတို့ သွေးနတ်ဆိုးနန်းတော်၏ ခန်းမသခင်သည် နတ်ဝိညာဥ်ဘုရင်နယ်ပယ် အဆင့်ကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထိုအတွက်ကြောင့် ရှောင်တုလီ ကိုယ်တိုင်လာလျှင်ပင် သူတို့သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်း ဒေသအား လွှမ်းမိုးသည်ကို မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

"အမိန့်အတိုင်းပါ"

သွေးအရိပ် အရှင်သခင်၏ စကားကို ကြားလျှင် သွေးနီရောင် ၀တ်စုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ထွားကြိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိးသား တစ်ဦးသည် သွေးအရိပ်အရှင်သခင်၏ အနောက်ကနေ အရှေ့သို့ တက်လာခဲ့၏။

"ကျန်းချန် သတိထား.. ဒီလူက သွေးနတ်ဆိုးနန်းတော်ရဲ့ အကြီးအကဲ ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ရွှယ်ဟုန်ပဲ.. သူက သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တယ်"

ထိုမြင်ကွင်းကိုမြင်လျှင် ရှယွင်ထျန်းသည် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလို ကျန်းချန်ကို သတိပေးလိုက်သည်။

ကျန်းချန်က ရွှယ်ဟုန်ကို ထီမထင်ဟန်ဖြင့် ကြည့်ကာ ရှယွင်ထျန်းကို အေးဆေးစွာ ပြန်ဖြေလိုက်၏။

"ခေါင်းဆောင် စိတ်မပူပါနဲ့.. သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်လောက်ကတော့ ကျွန်တော် လက်တစ်ချက်လေး လှုပ်ရှားလိုက်ရုံနဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်"

သူက သိုင်းသခင်နယ်ပယ် အဆင့်ကို ထိုးဖောက်ခါစ အချိန်မှာပင် သိုင်းသခင်နယ်ပယ်၏ စတုတ္ထအဆင့်အထက်မှ ကျင့်ကြံသူများကို ယှဥ်နိုင်ခဲ့သည်။

ယခုအခါတွင် သူသည် နတ်ဝိညာဥ်ဘုရင် နယ်ပယ်အဆင့်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။

ထို့ကြောင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူတစ်ယောက်မျှကို ဂရုစိုက်နေစရာ မလိုအပ်ပေ။

"ကောင်လေး မင်းငါ့ရှေ့မှာ မာန်တက်မနေနဲ့.. ဒီနေ့ ငါရွှယ်ဟုန်က မင်းအသက်ကို ယူပြမယ်.. ပြီးရင် မင်းရဲ့ စော်ကားမှုအတွက် မင်းရဲ့သွေးကို ခြောက်ကပ်တဲ့အထိ စုပ်ပစ်မယ်"

ချာတိတ်လေးတစ်ယောက်က သူ့ကို ဤမျှအထိ အထင်သေးနေသည်ကို မြင်လျှင် ရွှယ်ဟုန်သည် ဒေါသတကြီး ရေရွတ်လိုက်သည်။

ထို့နောက်တွင် ရွှယ်ဟုန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို သွေးမြူများအဖြစ် ပြောင်းလဲကာ ကျန်းချန်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

"ဟားဟား သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ရဲ့ သွေးကျင့်ကြံသူလေးကများ ငါ့ရဲ့အသက်ကို ယူချင်တယ် ဆိုတော့ မင်းက ထိုက်တန်မှု ရှိလို့လား"

ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်သည်။

ထို့နောက် သူက လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်ရာ ခမ်းနားကြီးကျယ်သော နေရာလွတ် စွမ်းအားသည် ချက်ချင်းပင် ပျံ့နှံ့သွားခဲ့၏။

နောက်ထပ် တစ်ခဏအတွင်း လေထုထဲ၌ နာကျင်စွာအော်ဟစ်လိုက်သော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြိီး အနီရောင် သွေးမှုန်များသည် လေထုထဲကနေ ချက်ချင်းဆိုသလို ပန်းထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အစောပိုင်းက ပျောက်ကွယ်သွားခဲ့သော ရွှယ်ဟုန်၏ ပုံရိပ်သည် ပေါ်ထွက်လာခဲ့ပြီး ဆယ်ပေကျော် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်ကို အားလုံးက တွေ့လိုက်ရသည်။

"မင်း.. မင်း ဘယ်သူလဲ"

ဤအချိန်တွင် ရွှယ်ဟုန်၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့သွားခဲ့သည်။

သူက ကောင်းကင်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို မယုံကြည်န်ိုင်သော အမူအရာဖြင့် ကြည့်လိုက်၏။

ရှယွင်ထျန်းနှင့် ထိုက်ရှဂိုဏ်းမှ အကြီးအကဲများသည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ကြပြီး အချိန်အတော်ကြာအောင် မှင်တက်နေခဲ့ကြသည်။

လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်က မြောက်ပိုင်းတောရိုင်းဒေသ၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ် နေရာကို ရရှိထားသော ဤလူငယ်သည် ရှောင်တုလီ၏ သင်ပြမှုအောက်တွင် ခွန်အားအရာ၌ များစွာ တိုးတက်လာမည်ကို သူတို့က ကြိုတင် တွေးမိခဲ့ပြီးသား ဖြစ်သည်။

သို့သော် တစ်နှစ်ကျော် အတွင်း ဤမျှ ကြောက်စရာ ကောင်းသော အဆင့်အထိ တိုးတက်လာမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ရွှယ်ဟုန် ဆိုသည်မှာ သွေးနတ်ဆိုးနန်းတော်၏ ခန်းမ အကြီးအကဲ ရှစ်ဦးထဲမှ သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ရှိသည့် အင်အားကြီးမားသော ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး မြောက်ပိုင်းတောရိုင်း ဒေသ၏ အထွတ်အထိပ် ဂိုဏ်းကြီး သုံးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့်ပင် ယှဥ်နိုင်သော ကြောက်မက်ဖွယ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ယင်းကဲ့သို့ မြောက်ပိုင်းတောရိုင်းဒေသ၏ အထွတ်အထိပ်နေရာတွင် ရပ်တည်နေသည့် ပုဂ္ဂိုလ်မျိုးပင် ကျန်းချန်ကို ယှဥ်နိုင်ခြင်း မရှိခဲ့ပေ။

"ဒါ.. ဒါက သိပ်ကို ကြောက်ဖို့ကောင်းတဲ့စွမ်းရည်ပဲ"

အခန်း(၁၁၁၁)ပြီး၏။

အခန်း(၁၁၁၂)

"ငါက ထိုက်ရှဂိုဏ်းရဲ့ တပည့် ကျန်းချန်ပဲ.. မင်းတို့ နတ်ဆိုးနန်းတော်က ငါ့ဆရာရဲ့ စကားကို ချိုးဖောက်တဲ့အပြင် ငါ့ရဲ့ ထိုက်ရှဂိုဏ်းကိုပါ လာပြီး ရိုင်းစိုင်းရဲသေးတယ်.. အခု ငါဒီမှာ ရှိနေတုန်း မင်းတို့အသက်ကို ထားခဲ့ဖို့သာ ပြင်ထားလိုက်တော့"

ကျန်းချန်က ကြုံးဝါးလိုက်ပြီး သူ၏ လက်ကို အသာအယာ မြှောက်လိုက်သည်။

ချက်ချင်းဆိုသလို ရွှယ်ဟုန်သည် အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခုက သူ့ကို ထိန်းချုပ်ထားသည်ဟု ခံစားလိုက်ရသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကြောင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် ရုတ်တရက် အေးခဲသွားသည်နှယ် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်များသည် ပိတ်ပင်ခံထားရသကဲ့သို့ ဖြစ်လာခဲ့ပြီး သူ့အတွက် ရွေ့လျားရန်ပင် မဖြစ်နိုင်တော့ပေ။

"ဒါ.. ဒါက ဘယ်လိုစွမ်းအားမျိုးလဲ "

ရွှယ်ဟုန်က ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

သူ၏ ဖြူဖျော့သော မျက်နှာထက်တွင် ထိတ်လန့်သောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

"သွေးအရိပ်အရှင်သခင်.. ကယ်.."

သို့သော် ရွှယ်ဟုန်၏ နှုတ်မှ ကယ်ပါဦး ဟူသော စကားကို အဆုံးထိ မပြောလိုက်ရသေးခင်မှာပင် ဓားအလင်းတန်း တစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ရွှယ်ဟုန်၏ အရှေ့တွင် ရိပ်ကနဲပေါ်လာကာ ရွှယ်ဟုန်၏ မျက်ခုံးနှစ်ခုကြားထဲသို့ တစ်ချက်ထဲဖြင့် ထိုးဖောက်သွားခဲ့သည်။

ထို့နောက်တွင် ရွှယ်ဟုန်၏ မျက်ခုံးနှစ်ခု အလယ်၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာခဲ့ပြီး နီစွေးသော သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာခဲ့၏။

နောက်ထပ် တစ်ခဏအတွင်း ရွှယ်ဟုန်၏ ခန္ဓာကိုယ်သည် လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

သူက ဘယ်တော့မှ နိုးထနိုင်တော့မည် မဟုတ်ပေ။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရလျှင် ပတ်ဝန်းကျင်တစ်ခုလုံးသည် တစပြင်ကဲ့သို့ ငြိမ်သက် တိတ်ဆိတ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသည့် လူတိုင်း၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သည့် အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ဤကောင်လေးသည် သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူကို လွယ်လွယ်ကူကူပင် သတ်ပစ်လိုက်၏။

ထို့ကြောင့် ဤကောင်လေး၏ ခွန်အားက မည်မျှကြောက်စရာကောင်းနေပြီလည်း ဆိုသည်ကို မှန်းဆ၍ပင် မရတော့ပေ။

၎င်းသည် လုံး၀ သာမန် မွန်းစတားတစ်ကောင် မဟုတ်ပေ။

ထိုအချိန်တွင် သွေးအရိပ် အရှင်သခင်၏ အမူအရာသည် လုံး၀ကို တည်ကြည် လေးနက်သွားခဲ့၏။

လက်တစ်ဖက်ကို အသာအယာ လှုပ်ရှားရုံမျှဖြင့် သိုင်းသခင်နယ်ပယ် စတုတ္ထအဆ င့်ကျင့်ကြံသူကို အလွယ်တကူ သတ်ပစ်နိုင်သော ခွန်အားမျိုးသည် သာမန်မဟုတ်ပေ။

"ကျန်းချန် ငါမင်းကို အထင်သေးမိသွားပြီထင်တယ်.. တစ်နှစ်ကျော် ကာလအတွင်း မင်း ဒီအဆင့်ထိ တိုးတက်လာလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. ကောင်းပြီ.. ဒီနေ့ ငါသွေးအရိပ် အရှင်သခင်က မင်းကို မျက်နှာသာပေးတဲ့ အနေနဲ့ ထိုက်ရှဂိုဏ်းကို ပြဿနာ မရှာတော့ဘူး.. ငါတို့သွားကြစို့ "

သွေးအရိပ်အရှင်သခင်က ကျန်းချန်ကို မကျေမနပ် အမူအရာဖြင့် ပြောလိုက်ပြီးနောက် သူ၏ လက်ကိုဝှေ့ယမ်းကာ သွေးနတ်ဆိုး နန်းတော်မှ လူများကို ထိုက်ရှဂိုဏ်းမှ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

ကျန်းချန် အစောပိုင်းက ပြသခဲ့သော ခွန်အားသည် သူ၏ အောက်တွင် လုံးဝ မရှိတော့ပေ။

ထိုကောင်လေး ရှိနေသရွေ့ ထိုက်ရှဂိုဏ်းကို အချိန်တိုအတွင်း ဖျက်ဆီးရန်မှာ သူ့အတွက် မဖြစ်နိုင်သလောက်ပင်။

အကယ်၍ ကြန့်ကြာနေခဲ့လျှင် အကြီးအကဲကျီရှ နှင့်အတူ စစ်ကူများ ရောက်ရှိလာသည်နှင့် သူယနေ့ ခေါ်ဆောင်လာသော သွေးနတ်ဆိုးနန်းတော်မှ အင်အားစုများသည် အပြတ်ရှင်းခံရဖွယ် ရှိသည် မဟုတ်ပါလား။

"ထွက်သွားချင်တာလား.. ဘာလဲ ထိုက်ရှဂိုဏ်းကို မင်းလာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့ နေရာ မှတ်နေတာလား.. မင်းတို့ထဲက ဘယ်သူမှ ဒီနေ့ ဒီနေရာကနေ ထွက်သွားဖို့မစဥ်းစားနဲ့"

စကားဆုံးသည်နှင့် ကျန်းချန်က ခြေထောက်ကို ဆောင့်နင်းလိုက်ရာ သူ၏ ပုံရိပ်သည် သွေးအရိပ် အရှင်သခင်၏ ဦးခေါင်း အထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

"ကျန်းချန် မင်းငါနဲ့တိုက်မလို့လား.. မင်းရဲ့ခွန်အားက ငါ့က်ို အံ့အားသင့်စေတာ ငါဝန်ခံပါတယ်.. ဒါပေမယ့် ငါသာထွက်သွားချင်ရင် ငါ့ကို တားဆီးနိုင်တဲ့သူက ဒီမြောက်ပိုင်းတောရိုင်းဒေသမှာ အနည်းငယ်လောက်ပဲ ရှိတယ်"

သွေးအရိပ် အရှင်သခင်က သူ၏ ဦးခေါင်းအထက်ရှိ ကျန်းချန်ကို ကြည့်ကာ ခနဲ့တဲ့တဲ့ပြုံး၍ ပြောလိုက်သည်။

သူက သွေးနတ်ဆိုးနန်းတော်၏ မဟာအုပ်ထိန်းသူ သုံးဦးထဲမှ တစ်ဦး ဖြစ်ပြီး သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံးကို ကြည့်လျှင်ပင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အထွတ်အထိပ် အကြိိီးအကဲသုံးဦးကသာ သူ့ကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သူသာ ထွက်သွားချင်သည် ဆိုလျှင် သိုင်းသခင်နယ်ပယ် အဌမအဆင့် ကျင့်ကြံသူပင် သူ့ကို အလွယ်တကူ တားဆီးနိုင်မည် မဟုတ်ပေ။

ဤကောင်လေးက သန်မာသော်လည်း သိုင်းသခင်နယ်ပယ်အဌမအဆင့် ကျင့်ကြံသူထက် ပို၍ သန်မာသည်မှာ ဖြစ်နိုင်ပါ၏လော။

အခန်း(၁၁၁၂)ပြီး၏။

အခန်း(၁၁၁၃)

"တကယ်လား"

ကျန်းချန်က သွေးအရိပ်အရှင်သခင်ကို ထီမထင်ဟန်ဖြင့် ကြည့်လိုက်၏။

"ကောင်းပြီလေ မင်းက ငါ့ရဲ့လက်ထဲကနေ ထွက်ပြေးနိုင်တယ်လို့ ယုံကြည်ချက်ရှိရင် မင်းရဲ့ အစွမ်းစတွေကို ထုတ်ပြလိုက်စမ်းပါ"

"ကောင်လေး မင်းသိပ်ပြီး မာန်တက်မနေနဲ့.. သွေးအရိပ်အရှင်သခင် ကျွန်တော်တို့ကို အမ်ိန့်ပေးပါ.. ကျွန်တော်တို့ အတူ တကွ ပူးပေါင်းပြီး အကြီးအကဲရွှယ်ဟုန် အတွက် ဒီကောင်လေးကို လက်စားချေလိုက်ရအောင်"

"ငါတို့ သွေးနတ်ဆိုးနန်းတော်က မြောက်ပိုင်းတောရိုင်း ဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကိုတောင် မကြောက်ခဲ့ဘူး.. မင်းလိုချာတိတ်လေး တစ်ယောက်ကို ကြောက်စရာလား"

"..........."

ကျန်းချန်၏ သူတို့ကို မျက်လုံးထဲပင် မထည့်သည့် စကားများကို ကြားလျှင် သွေးနတ်ဆိုးနန်းတော်၏ အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် ဒေါသအ်ိုးများ ပေါက်ကွဲကုန်ကြသည်။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များသည် မီးတောက်လုမတတ်ပင် ဖြစ်နေခဲ့သည်။

"ကောင်းတယ် သိပ်ကောင်းတယ်.. ကျန်းချန် အစောပိုင်းက ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးချင်ခဲ့သေးတယ်.. ဒါပေမယ့် မင်းကိုယ်တိုင်က ဒီလောက်ထိ သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်.. အားလုံးပဲ ငါ့အမိန့်ကိုနားထောင်.. ဒီကောင်လေးကိုသတ်"

ရွယ်ဝူယင်းက အမိန့်ပေးလိုက်ပြီးသည်နှင့် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်၏ ခွန်အားကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

သူ၏ အနောက်ရှိ သွေးနတ်ဆိုးနန်းတော်မှ အင်အားကြီးမားသော ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့၏ အရှိန်အဝါများသည်လည်း ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။

သူတို့အားလုံးသည် သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သိုင်းသခင်နယ်ပယ်အဆင့်မှ ကျင့်ကြံသူ ဆယ်ယောက်ကျော်တို့၏ အရှိန်အဝါများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသဖြင့် ပတ်ဝန်းကျင်လေထုပင် အနည်းငယ် တုန်ခါသွားခဲ့၏။

"အကြီးအကဲတို့ ကျန်းချန်ကို ကူညီပေးဖို့ ကျွန်တော်နဲ့အတူ တက်ကြစို့"

ထိုမြင်ကွင်းကိုမြင်လျှင် ရှယွင်ထျန်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏အနောက်ရှိ ထိုက်ရှဂိုဏ်းမှ အကြီးအကဲများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

ယခုအခါတွင် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်မှ သိုင်းသခင်နယ်ပယ်အဆင့် ဆယ်ယောက်ကျော်နှင့် တစ်ချိန်တည်းတွင် ယှဥ်ဆိုင်နေရသည့် အပြင် ထိုအထဲတွင် သိုင်းသခင်နယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးပင် ပါဝင်နေခဲ့သည်။

၎င်းတို့ ပူးပေါင်းတိုက်ခိုက်သော ခွန်အားသည် သိုင်းသခင်နယ်ပယ် န၀မအဆင့်ကျင့်ကြံသူကိုပင် လွှမ်းမိုးနိုင်လောက်၏။

"ခေါင်းဆောင်နဲ့ အကြီးအကဲတို့ စိတ်အေးအေးထားပါ.. ဒါက သိုင်းသခင် နယ်ပယ်အဆင့်က ကျင့်ကြံသူ ဆယ်ယောက်ကျော်လေးပါပဲ.. ကျွန်တော်သူတို့ကို ကြက်သတ်သလို အေးအေးဆေးဆေး သတ်ပစ်လို့ ရပါတယ်"

ကျန်းချန်က ရှယွင်ထျန်းတို့ လူစုကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်သည် လေထုထဲတွင် တစ္ဆေကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ဖိအားတစ်ခုသည် မီတာတစ်ရာ ပတ်လည်ရှိ နေရာလွတ်ထဲတွင် ပေါ်လာခဲ့ပြိီး သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ အပေါ်သို့ သက် ရောက်လာခဲ့သည်။

"အားလုံးပဲ သတိထားကြ.. ဒီကောင်လေးက လေဆန္ဒ တတိယအဆင့်ကို နားလည်ထားတဲ့ပုံပဲ"

ကျန်းချန်၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်ကိုမြင်လျှင် သွေးနတ်ဆိုး အရှင်သခင်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ချက်ချင်းဆိုသလို သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို သတိလှမ်းပေးလိုက်သည်။

လေဆန္ဒ တတိယအဆင့်ကို နားလည်ထားသော ကျန်းချန်သည် တကယ်ကို ကြောက်မက်ဖွယ် ကောင်းနေခဲ့၏။

သူ့လို သိုင်းသခင်နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူပင် ကျန်းချန်၏ တည်ရှိမှုကို အာရုံ ခံစားနိုင်ခြင်း မရှိခဲ့ပေ။

"အား.. မသတ်ပါနဲ့"

သို့သော် သွေးနတ်ဆိုး အရှင်သခင်၏ သတိပေးသံ မဆုံးခင်မှာပင် သူ၏ အနောက်ဘက်ကနေ ထိတ်လန့်ဖွယ် အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရွှယ်ဝူယင်းက အနောက်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လေထဲတွင် သွေးမှုန်များ ပန်းထွက်လာသည်ကို တွေ့လိုက်ရသည်။

ထိုသွေးမှုန်များနှင့်အတူ သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူ၏ ဦးခေါင်းသည် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့ပြီး လေထဲကနေ ပြုတ်ကျသွားခဲ့သည်။

သွေးအရိပ်အရှင်သခင် မတုန့်ပြန်နိုင်မီမှာပင် နောက်ထပ်အော်ဟစ်သံ တစ်သံက လေထဲတွင် ပဲ့တင်ထပ်လာပြန်သည်။

အခြေအနေကိုရိပ်စားမိသော ရွှယ်ဝူယင်းသည် သူ၏ စိတ်ထဲတွင် ကြောက်လန့်လာခဲ့၏။

သူ၏ မျက်နှာက အလွန်တရာပင် အကျည်းတန်လာခဲ့သည်။

ဤကောင်လေး၏ ခွန်အားသည် သူ့ထက် မနိမ့်သည့် အပြင် လေဆန္ဒ တတိယအဆင့်ကိုပင် နားလည်နေခဲ့ရာ အမြန်နှုန်းသည် မှန်းဆ၍ မရနိုင်သောအဆင့်သို့ပင် ရောက်ရှိနေ၏။

ထို့ကြောင့် သူသည် ထိုကောင်လေး၏ တည်ရှိနေမှုကို အာရုံခံစား၍ မရခဲ့ပေ။

သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများကို ကြက်သတ်သလို သတ်ပစ်မည် ဟူသော စကားသည် လေလုံးထွား၍ ပြောခဲ့ခြင်း မဟုတ်မှန်း သွေးအရိပ်အရှင်သခင်သည် ယခုအခါတွင် နားလည်သွားခဲ့ချေပြီ။

ဆိုရလျှင် ဤကောင်လေး၏ ခွန်အားသည် တကယ်ကိုပင် အစွမ်းထက်၏။

သာမန် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများပင် ဤကောင်လေး၏ ရှေ့တွင် လုံး၀ ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။

ဤအခြေအနေတိုင်းသာ ဆက်သွားလျှင် သွေးနတ်ဆိုးနန်းတော်မှ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်သည် ကျန်းချန်၏ လက်ထဲတွင် အစုလိုက် အပြုံလိုက် အသတ်ခံရမည်ကို သူ အမှန်တကယ် စိုးရိမ်နေခဲ့သည်။

အခန်း(၁၁၁၃)ပြီး၏။

All Chapters