ဖမ်းဆီးမှု
Vol. 24 Ch. 408
နောက်နေ့ကျတော့ ရဲစခန်းကလူတွေက ထောင်ယွမ်ရွာကို ထပ်လာခဲ့ကြသည်။
နွားနှစ်ကောင်ကို ရှာတွေ့တာက သူတို့ကို အနည်းငယ် အံ့ဩသွားစေခဲ့သည်။ ရွာသားတွေရဲ့ အပြောအရတော့ နွားတွေကို အရင်ညက လေယာဉ်နဲ့ပြန်ခေါ်လာခဲ့ခြင်းပင်။ ဒါက သူတို့ကိုပိုပြီးတော့တောင် အံ့ဩသွားစေခဲ့သည်။
အရာရှိတွေက ကိုယ်ပိုင်လေယာဉ်မပြောနဲ့ ပုံမှန်လေကြောင်းလိုင်းကိုတောင် မစီးဖူးကြပေပေမယ့် နွားတွေက အထူးအခွင့်အရေးကို သူတို့မရခင် အရင်ပျော်မွေ့နေကြသည်။ အရေးပါတဲ့လူတစ်မျိုးမျိုးက ထောင်ယွမ်ရွာမှာ ပုန်းနေတယ်ဆိုတာကို သူတို့နားလည်လိုက်သည်။ ဒါကြောင့် သူတို့က ဒီကိစ္စကို အထူးအလေးပေးခဲ့သည်။
သူတို့ရဲ့စုံစမ်းစစ်ဆေးမှုတွေနဲ့ နွားတွေကိုပြန်ပို့လိုက်တဲ့လူတွေဆီက သဲလွန်စတွေကိုရပြီးတော့ အပြင်လူတွေနဲ့တွဲပြီးလုပ်ဆောင်ခဲ့တဲ့ အတွင်းလူတစ်ယောက်ရှိကြောင်းကို အရာရှိလီက အတည်ပြုလိုက်သည်။ အရာရှိလီရဲ့သုံးသပ်ချက်ကိုကြားပြီး ရွာသားတွေက စတင်ဆွေးနွေးကာ ခန့်မှန်းခဲ့ကြသည်။
“တစ်ယောက်ယောက်ကတော့ နွားဘုရင်ငယ်လေးကို ထပ်ရောင်းစားလိုက်ပြန်ပြီပဲ။ အမှန်ရောဟုတ်ပါ့မလား?”
ရွာသားတွေက ဒီလိုအချက်မျိုးကို အလွယ်တကူမယုံကြည်နိုင်ပေ။
“ရဲတွေက ဒါကိုပြောတာပဲ။ ဒီတော့ ရဲတွေက ငါတို့ကိုတော့ မလိမ်လောက်ပါဘူး”
သူတို့အတွက်တော့ ရဲတွေမှာ ဩဇာများစွာရှိသေးသည်။
“ဒါဆို သသစ္စာဖောက်ကဘယ်သူလဲ?”
ဖာသိဖာသာအနေကြဆုံးရွာသားတွေတောင် ဒါကပြစ်မှုတစ်ခုမှန်း သိကြသည်။ သူတို့ကိုသာဖမ်းမိသွားရင် ထောင်ထဲသွားကြရလိမ့်မည်။
ဒါက ခိုးမှုပဲလေ!
ထောင်ယွမ်ရွာကလူတစ်ယောက်က ထောင်ထဲမှာရှိနေပြီ။ ရွာရဲ့ဂုဏ်သတင်းကို ထိခိုက်စေဖို့ နောက်တစ်ယောက်အထိတော့ သူတို့လည်းမတတ်နိုင်တော့ပေ။
ထောင်ယွမ်ရွာကလူတွေရဲ့ဘဝက ပိုပိုပြီးတော့ ကောင်းမွန်လာသည်။ အိမ်ထောင်စုတိုင်းက ငွေပမာဏအများကြီး ရရှိကြသည်။ ဒါက အနီးအနားကရွာတွေကို အရမ်းမနာလိုစေခဲ့သည်။
မနာလိုနေတဲ့ရွာသားတချို့က မကြည်မသာနဲ့
“ဟင်း၊ အဲ့ဒီတော့ သူတို့ဘဝတွေပိုကောင်းလာတော့ရော? အဲ့ဒီလို အိမ်မျိုးနဲ့ ဘယ်သူကများ အိမ်ထောင်ပြုချင်မှာလဲ?”
“အတိအကျပဲ၊ သူတို့ရဲ့နာမည်ကြီးတက္ကသိုလ်ဘွဲ့ရကလည်း လက်မထပ်သေးခင် ကိုယ်ဝန်ရသွားတယ်ပြောတယ်။ ကလေးရဲ့အဖေက ဘယ်သူမှန်းတောင် သူမသိဘူးတဲ့”
“ဟီးဟီး ပိုပြီးရယ်ဖို့ကောင်းတာက သူကတကယ် အကောင်လေးကို သယ်ထားတာပဲ။ နောက်ကျရင် သူဘယ်လိုများ လက်ထပ်မှာလဲ?”
ကျေးလက်ဘက်မှာတော့ ဒီလိုပဲဖြစ်သည်။ လူတစ်ယောက်က ပြစ်မှုတစ်ခုကျူးလွန်လိုက်တာနဲ့ တစ်ရွာလုံးရဲ့ အမှားအမှန်ခွဲခြားနိုင်တဲ့ကိုယ်ကျင့်တရားက တစ်ခုခုမှားနေတယ်လို့ သူတို့ထင်ကြသည်။
“ငါတို့ရွာက လူနောက်တစ်ယောက်သာ ထောင်ထဲအပို့ခံလိုက်ရရင် ငါတို့ဂုဏ်သတင်းတော့ ပိုဆိုးလာမှာပဲ”
တချို့ရွာသားတွေက စိုးရိမ်တကြီးပြောကာ
“နောက်ကျရင် ငါတို့ကလေးတွေ ဘယ်လိုအိမ်ထောင်ပြုရတော့မှာလဲ?”
အနားပတ်လည်ကလူတွေ ခနလောက် တိတ်ဆိတ်သွားကြသည်။
“ဒီသစ္စာဖောက်က ဘယ်သူလို့ နင်ထင်လဲ?”
“ရှောင်ချန်းချိုင်လို့ထင်လား?”
တစ်ယောက်က ဂရုတစိုက် ချက်ကျလက်ကျလုပ်ပြီး ခန့်မှန်းကာ
“ပြီးတော့ ရှောင်ချန်းချိုင်နဲ့ ရှောင်ကျန်းယန်တို့်မိသားစုကြားက မကျေမချမ်းမှုက ပိုပိုပြီးကြီးလာတယ်။ ရှောင်လင်းယွီက ရှောင်ချန်းချိုင်ရဲ့မိသားစုရသင့်တဲ့ တောင်ငှားရမ်းခကို ယူသွားခဲ့တယ်လေ”
“ရှောင်ချန်းချိုင်ရဲ့အမေက အရမ်းစိတ်ဆိုးပြီး မြေကြီးပေါ်မှာ လှိမ့်ပြီး ရှောင်မိသားစုကို ရက်ချီပြီး ကြိမ်းမောင်းနေခဲ့တာ”
“ဒါပေမယ့် သူဘာလုပ်နိုင်မှာတဲ့လဲ? သူသာ အင်တင်တင်နဲ့ ပိုက်ဆံကိုမပေးလိုက်ရင် ရှောင်ချန်းချိုင် ထောင်ထဲသွားရမှာပေါ့။ ရှောင်ချန်းချိုင်ရဲ့အမေက သူ့အငယ်ဆုံသားလေးကို တုန်အောင်ချစ်ပေမယ့် ရှောင်ချန်းချိုင်မရှိရင် မိသားစုကို ဘယ်သူက ထောက်ပံ့မှာလဲ? သူအလုပ်လုပ်နိုင်တော့မှာ မဟုတ်ဘူး”
“တရားခံက ရှောင်ချန်းချိုင်နဲ့ ဆက်စပ်နေဖို့များတယ်”
“ဒါက အထောက်အထားတော့မဟုတ်နိုင်ဘူး။ ရှောင်ချန်းချိုင်ရဲ့မိသားစုက ရှောင်ကျန်းယန်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ တစ်ခုတည်းသောမိသားစုမဟုတ်ဘူး”
တစ်ယောက်က ခန့်မှန်းလိုက်သည်။
“အမှန်ပဲ”
ခန့်မှန်းချက်တွေက အဲ့ဒီမိသားစုတွေကြားထဲ ပြန်လည်ပတ်နေသည်။ ဒါပေမယ့် ၎င်းက ရှောင်ချန်းချိုင်ပဲလို့ လူတော်တော်များများ ခန့်မှန်းခဲ့ကြသည်။
ရှောင်ချန်းချိုင်က ဒါကိုကြားတော့ ဒေါသထွက်သွားပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာသည်။ သူက အသံကျယ်ကျယ်ရှင်းပြကာ
“ငါမဟုတ်ဘူးကွ။ ဒါအတွက် ငါ့ကိုအပြစ်မတင်ကြနဲ့”
တစ်ယောက်က ထေ့ငေါ့ကာ
“ဒါပေမယ့် ခင်ဗျားမှာ ပြစ်မှုမှတ်တမ်းရှိတာပဲ။ ဒါကခင်ဗျားလို့ပဲ လူတိုင်းက အလိုလိုခန့်မှန်းကြမှာ။ ဒါပေါ့ ခင်ဗျား ဘာမှမှားတာမလုပ်သရွေ့ ရဲတွေက ဖမ်းမှာမဟုတ်ပါဘူး”
ရှောင်ချန်းချိုင်က ဒါကိုကြားတော့ ရှက်သွားပြီး ဒေါသထွက်သွားကာ ကူကယ်ရာမဲ့နေသည်။ သူက တစ်ရွာလုံးရဲ့ အထင်သေးခြင်းနဲ့ စိတ်ပျက်ခြင်းတို့ရဲ့ ပစ်မှတ်ဖြစ်လာသည်။ သူက သူ့မိသားစုရဲ့ကလေးတွေအကျိုးအတွက်နဲ့ မိသားစုရဲ့ ဝန်ကိုပေါ့ပါးစေဖို့ ကျန်းရှောင်လန်ကို ကွာရှင်းခဲ့တာလေ။
ဒီတော့ ဘာလို့ လူတိုင်းက သူ့ကိုအထင်သေးရတာလဲ?
ရှောင်ချန်းချိုင်က ရှောင်မိသားစုကို မမုန်းပေမယ့် သူက ရှင်သန်မှုအတွက် ကြိုးပမ်းခြင်းကို သိသည်။ ဒီတော့ သူက ဒီတစ်ကြိမ်တော့ တကယ့်ကို မပါဝင်ခဲ့ပေ။
ဘာလို့ ဘယ်သူမှ သူ့ကိုမယုံကြတာလဲ?
အဲ့ဒီအချိန်မှာ ရှောင်ချန်းချိုင်က ကူကယ်ရာမဲ့ပြီး မှားယွင်းသွားတယ်လို့ ခံစားလိုက်ရသည်။
ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်က ရွာသားတွေရဲ့ အတွေးအမြင်တွေအကြောင်းကို အလိုလိုကို ဂရုမစိုက်ပေ။ ကျန်းချွမ်းကျောင်းက တရားခံမှန်း သူတို့သိမှတော့ သက်သေတွေနဲ့ သဲလွန်စတွေအားလုံးကို ရဲကိုပဲ ပေးလိုက်ကြသည်။ တကယ့်နွားသူခိုးတွေအတွက်ကတော့ ကုန်းထျန်းဟောက်က ၎င်းကိစ္စကို စဉ်းစားထားပြီး သူတို့ကို ရဲတွေဆီ မလွှဲပေးခဲ့ပေ။
ပြီးတော့ ဒီဟာမှာ ရှောင်လင်းယွီနဲ့ နွားဘုရင်ငယ်လေးအကြောင်း ထောင်ယွမ်ရွာရဲ့လျှို့ဝှက်ချက် ပါဝင်နေသည်။ ဒီအကြောင်းကို လူနည်းနည်းပဲသိလေ ပိုကောင်းလေဖြစ်သည်။ ဒါကြောင့် ဒီလူတွေကို ကုန်းထျန်းဟောက်က တစ်ခြားနေရာတွေကို ပြောင်းရွှေ့လိုက်သည်။
ကုန်းထျန်းဟောက်က သူခိုးတွေက စစ်မေးခံရပြီးတော့ ထွက်ပြေးသွားကြတယ်လို့ ရှင်းအန်းမြို့က ရဲတွေကို ပြောကြားခဲ့သည်။ အရာရှိလီနဲ့ တခြားနှစ်ယောက်က ဒါကိုကြားတော့ သူတို့ပါးစပ်အစွန်းတွေ တရွရွဖြစ်သွားသည်။
‘ဒါက လိမ်နေတာ အရှင်းကြီး!’
ဒါပေမယ့်လည်း သူတို့မှာ ၎င်းကိုယုံဖို့ကလွဲရင် ရွေးချယ်စရာမရှိပေ။ ဒီအရေးကြီးပုဂ္ဂိုလ်မှာ သူ့အကြောင်းရင်းရှိပြီး ၎င်းက သူတို့မေးခွန်းထုတ်နိုင်တဲ့ တစ်စုံတစ်ခုမဟုတ်ကြောင်း သိသာသည်။
စစ်ထူရှင်း ပေးထားတဲ့ သက်သေတွေအရ အရာရှိလီက ရှောင်ဖုချီရဲ့အိမ်ကို တိုက်ရိုက်ပဲသွားခဲ့သည်။
တချို့စပ်စုသူတွေက ချက်ချင်း အံ့ဩတကြီးပြောကာ
“ဒါကို တကယ် ရှောင်ဖုချီ လုပ်တာများလား?”
“အဲ့လိုပဲဖြစ်မှာပေါ့။ မဟုတ်ရင် ဘာလို့ရဲတွေက သူ့နေရာကိုသွားမှာလဲ?”
“အင်းလေ မိသားစုနှစ်ခုမှာလည်း နက်ရှိုင်းတဲ့အာဃာတကြီးတွေရှိတာကိုး။ ဒီတော့ မအံ့ဩတော့ပါဘူး”
လူတွေအများကြီး လိုက်လာကြသည်။ သူတို့တွေဝင်သွားပြီး ခြံထဲက မြင်ကွင်းကိုမြင်တော့ လူတော်တော်များများ အံ့ဩသွားကြသည်။
“ချီး ဘာတွေဖြစ်နေတာလဲဟ?”
အရာရှိလီက ကျန်းချွမ်းကျောင်းက သစ်ပင်အောက်မှာ အချည်ခံထားရတာကိုမြင်တော့ မျက်လုံးကျုံ့လိုက်သည်။ သူမရဲ့အဝတ်တွေက ဖရိုဖရဲဖြစ်နေပြီး မျက်နှာက ပွန်းပဲ့ထားပြီး ဖူးယောင်နေသည်။
သူက ခပ်တင်းတင်းမေးလိုက်ကာ
“ဘာတွေဖြစ်နေတာလဲ?”
မိန်းမတစ်ယောက်က ဒေါ်လေးကျန်းချွမ်းကျောင်းဆီ တည့်တည့်သွားလိုက်သည်။ ပြီးတော့ ၎င်းက လှပတဲ့မြင်ကွင်းတစ်ခုမဟုတ်ပေ။ ရှောင်ဖုချီက ခြံထဲမှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေသည့်တိုင် အပြင်ထွက်မလာပေ။ ဒီတော့ တချို့ရွာသားတွေက သူ့ကို လိုက်ရှာခဲ့ကြသည်။
ရှောင်ဖုချီက သူ့ပိုက်ဆံတွေကိုဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည်။ တစ်ယောက်ယောက်က သူ့ကိုခေါ်တာကိုကြားလိုက်တော့ မျက်လုံးတွေကို မူးမိုက်မိုက်နဲ့ဖွင့်လိုက်ကာ ရေရွတ်လိုက်သည်။
“ဘယ်သူလဲ? ဒီလောက်အစောကြီးရှိသေးတာ!”
သူက ဘယ်ဘက်နဲ့ ညာဘက်မှာ အရမ်းလှပတဲ့မိန်းမနှစ်ယောက်ကို ဖက်ပြီး ပျော်မွေ့နေတာလို့ အိပ်မက်မက်နေခဲ့သည်။ သူ့တံခါးအပြင်ဘက်ကနေ တခြားရွာသားတွေက အော်ဟစ်ကာ မိန်းမတွေလည်း ပျောက်သွားခဲ့သည်။ သူက ဒေါသတကြီးအော်ကာ
“ဘယ်သူအပြင်ကနေအော်နေတာလဲ? တစ်ယောက်ယောက်ရဲ့အိပ်မက်ချိုချိုလေးကို နှောင့်ယှက်ပြီးရင် မိုးကြိုးပစ်ချခံရမယ်မှန်း မသိဘူးလားကွ?”
အပြင်ကလူက ဒါကိုကြားတော့ အရမ်းဒေါသထွက်သွားသည်။ သူက ထေ့ငေါ့ကာ
“ရှောင်ဖုချီ၊ နေတောင်ထွက်တော့မှာ။ မင်းဘာလို့အိမ်မက် ဆက်မက်နေသေးတာလဲ? ရဲတွေ ဒီမှာမှန်း မင်းမသိဘူးလား?”
ရဲတွေဆိုတဲ့စကားကို သူကြားလိုက်တော့ ရှောင်ဖုချီက သိမ့်သိမ့်တုန်သွားသည်။ သူက သင်္ကာမကင်းနဲ့
“ရဲတွေ? သူတို့က ဘာလို့ဒီမှာရှိနေတာလဲ?”
“ဘာလို့လဲဆိုတဲ့အကြောင်းရင်းကို မင်းမသိသင့်ဘူးလား? မင်း နွားဘုရင်ငယ်လေးကို ရောင်းထုတ်ဖို့ မင်းအပြင်လူတွေနဲ့ မကြံစည်ခဲ့ဘူးလား?”
ရဲတွေက အဲ့ဒီမှာဆိုမှတော့ ရှောင်ဖုချီရဲ့မိသားစုက ရာဇဝတ်သားဖြစ်ဖို့များသည်။ ဒါကကြောင့် ဒီလူက ၎င်းကိုထောက်ပြဖို့ ကြောက်မနေခဲ့ပေ။ ရှောင်ဖုချီက ဒါကိုကြားတော့ ချက်ချင်းဒေါသထွက်သွားသည်။ သူက အိပ်ယာထဲကနေ စိတ်ဆိုးမာန်ဆိုးထလိုက်ကာ တံခါးဆီ လမ်းလျှောက်လာသည်။
“ရှောင်ချန်းလင်။ မင်းဘာတွေပြောနေတာလဲ? မင်းက ဒါကို ငါ့ခေါင်းပေါ်ပုံချလို့မရဘူး! မဟုတ်ရင် ငါမင်းကို ယဉ်ကျေးနေမှာမဟုတ်ဘူး”
ရှောင်ဖုချီက တွန့်တိုကပ်စေးနှဲရင်တောင် ခိုးမှုလိုမျိုး ပြစ်မှုတစ်ခုကိုတော့ သူဘယ်တော့မှ ကျူးလွန်မှာမဟုတ်ပေ။
“ရှောင်ဖုချီ၊ မင်းဘာလို့ ငါ့ကိုလာစိတ်တိုနေတာလဲ?”
ရှောင်ချန်းလင်က တခစ်ခစ်ရယ်လိုက်သည်။
“မင်း ရဲအရာရှိတွေကို စိတ်တိုသင့်တာ။ သူတို့က အခုမင်းခြံထဲမှာ”
“ဘာ?”
ရှောင်ဖုချီရဲ့မျက်နှာထားက ရုတ်တရက်ပြောင်းသွားကာ သူ့ခြံထဲကို တည့်တည့်လျှောက်သွားလိုက်သည်။
ခြံဝင်းထဲမှာ ရွာသားတွေက ကျန်းချွမ်းကျောင်းကို ကြိုးဖြည်လိုက်ကြပြီးတော့ တစ်ယောက်က မေးကာ
“ချွန်းကျောင်း ဘာဖြစ်တာလဲ?”
မနေ့ညကဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရတဲ့တစ်ယောက်က
“သုန့်ရှို့၊ မင်းမသိဘူးလား? သူက မနေ့ကညတုန်းက ရှောင်ဖုချီဆီကနေ အရိုက်ခံထားရတာလေ”
“ရှောင်ဖုချီက ညတုန်းက သောက်ထားလို့လား?”
သုန့်ရှို့က နားမလည်နိုင်ကာ
“ဒါပေမယ့် ဘာလို့သူ့ကို သစ်ပင်အောက်မှာ ချည်ထားရတာလဲ? နင်ဒီမှာ ဘယ်တုန်းကတည်းက ချည်ခံထားရတာလဲ?”
ကျန်းချွမ်းကျောင်းက တစ်ညလုံးအချည်ခံထားရပြီး မလှုပ်ရှားနိုင်ပေ။ အခု သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်းပြီး ထုံနေသည်။ သူမခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ကုသပေးခြင်းမခံရတာကြောင့် တစ်ညလုံး ခြင်တွေရဲ့အစာဖြစ်ခဲ့ရသည်။
ညတာက ကြောက်ဖို့ကောင်းလှသည်။ သူမရဲ့အနာတွေက အနည်းငယ်နီရဲနေပြီး ခန္ဓာကိုယ်က အနည်းငယ်ပူသလို ခံစားနေရသည်။ ကြိုးဖြည်လိုက်တာနဲ့ သူမက ချက်ချင်းပဲ မြေကြီးပေါ်ကို လဲကျသွားသည်။ ကျန်းချွမ်းကျောင်းရဲ့လက်ရှိသဏ္ဍာန်က တချို့သူတွေကို သူမအတွက် စာနာသနားမိစေသည်။
“ချွန်းကျောင်း နင်အဆင်ပြေရဲ့လား? မတ်တပ်ရောရပ်နိုင်လား?”
သုန့်ရှို့က သူမကို ကူညီလိုက်ပြီး ချက်ချင်းဆူပူကာ
“ရှောင်ဖုချီရူးနေတာလား? ဘယ်လိုလုပ် သူ့မိန်းမကို ဒီလိုမျိုးရိုက်နှက်နိုင်ရတာလဲ? သူက ယောက်ျားမှဟုတ်ရဲ့လား?”
သူမ ဘေးကတစ်ယောက်က
“သုန့်ရှို့၊ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတာပေါ် မူတည်ရရင်တော့ ဒါကနားလည်နိုင်တယ်ဟ”
တစ်ယောက်က အနည်းငယ်မျက်မှောင်ကျုံ့လိုက်ပြီး နားမလည်နိုင်ခဲ့ပေ။
ရွာသားက ရှင်းပြလိုက်ကာ
“ရှောင်မိသားစုက နွားတွေကိုရှာတွေ့ပြီး မနေ့ညတုန်းက နေရာကို သူတို့ကို ပြန်ပို့လိုက်တယ်မဟုတ်ဘူးလား?”
“ဟုတ်တယ် ငါလည်းနေလှန်းကွင်းမှာရှိတယ်”
ရွာသားတစ်ယောက်က ချက်ချင်းသဘောတူစွာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ် ငါတို့အများစု အဲ့ဒီမှာရှိနေခဲ့ကြတာ… ဒါပေမယ့် အဲ့ဒီအချိန်က ကျန်းချွမ်းကျောင်းက အိမ်ကနေထွက်ပြေးဖို့ ပိုက်ဆံတွေအားလုံးကို သိမ်းဆည်းဖို့ကြိုးစားရင်း အိမ်မှာရှိနေခဲ့တာ။ သူက ရှောင်ဖုချီဆီကနေ အဖမ်းခံလိုက်ရတာ။ ဒါဘာလို့ သူအရမ်းဒေါသထွက်နေရလဲဆိုတာပဲ”
“အမ်! ချွန်းကျောင်း ဒါအမှန်ပဲလား?”
သုန့်ရှို့က မေးကာ
“ဘာလို့နင် ရုတ်တရက်ကြီး ထွက်သွားချင်ရတာလဲ? ဘာလို့ ပိုက်ဆံတွေအားလုံးကို ယူသွားရတာလဲ? နင့်သမီးနဲ့ သားအတွက်ကရော?”
ကျန်းချွမ်းကျောင်းရဲ့မျက်လုံးတွေ မှုန်ဝါးလားကာ အပြစ်ရှိတဲ့အကြည့်တစ်ခုက သူမမျက်လုံးထဲ ဖြတ်ပြေးသွားသည်။ သူမက အားနည်းစွာနဲ့
“ငါ..ငါလည်းထွက်မသွားချင်ပါဘူး။ ဒါပေမယ့် ရှောင်ဖုချီက ငါ့ကို နေ့တိုင်းရိုက်နေတာ။ ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး”
ဒီစကားတွေက တချို့လူတွေအတွက် စာနာမှုကို အနိုင်ရသွားစေသည်။ အဲ့ဒီအချိန်မှာ ရှောင်ဖုချီက အပြေးရောက်လာပြီး ကျန်းချွမ်းကျောင်းကိုလေးနက်တဲ့မျက်နှာနဲ့ကြည့်နေတဲ့ ခြံထဲမှာရပ်နေတဲ့ရဲဝတ်စုံနဲ့ ရဲတစ်ယောက်ကို မြင်လိုက်သည်။
ရှောင်ဖုချီက နှလုံးခုန်ရပ်မတတ်ဖြစ်သွားသည်။ သူ့မှာ ဆိုးရွားတဲ့စိတ်ထင့်မှုတစ်ခုရှိနေပြီး စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုတို့ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ရှောင်ဖုချီက သူတို့ဆီ လျှောက်သွားလိုက်ပြီး ဂရုတစိုက် ခေါ်လိုက်သည်။
“အရာရှိကြီး၊ ဘာလို့ ဒီမှာရောက်နေလဲဆိုတာကို ကျွန်တော်မေးလို့များရမလား?”
“ရဲတွေရောက်နေတာလား?!”
စူးရှတဲ့အသံတစ်ခု ထွက်လာသည်။
ရှောင်ဖုချီရောက်လာပြီးတဲ့နောက် ခြံထဲမှာရပ်နေတဲ့ အရာရှိတချို့ကို ကျန်းချွမ်းကျောင်းက နောက်ဆုံးမှာ သတိပြုမိသွားသည်။ အပြစ်ရှိသလိုခံစားလိုက်ရပြီး ရုတ်တရက် သူမစိုးရိမ် ကြောက်ရွံ့ပြီး ထိတ်လန့်သွားခဲ့သည်။ သူမ မထိန်းချုပ်နိုင်ဘဲ အော်ဟစ်လိုက်သည်။ ၎င်းက သူမအပေါ် လူများစွာရဲ့ နားမလည်နိုင်တဲ့အကြည့်ကို ရရှိစေခဲ့သည်။
အဲ့ဒီအချိန်မှာ အရာရှိလီက သက်ဆိုင်တဲ့စာရွက်စာတမ်းတွေကိုထုတ်လိုက်ပြီး လေးနက်တဲ့မျက်နှာနဲ့
“ကျန်းချွမ်းကျောင်း၊ ခင်ဗျားကို ခိုးမှုကျူးလွန်မှုနဲ့ သံသယရှိပါတယ်။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”
လူတိုင်း အံ့ဩသွားကြသည်။
ဒီတော့ ဒါကတကယ်ပဲ ကျန်းချွမ်းကျောင်းပေါ့။
တရားခံက ရှောင်ဖုချီလို့ သူတို့ထင်ခဲ့ကြသည်။ ဒါပေမယ့် တကယ့်အနိုင်ရသူက သူ့မိန်းမဖြစ်နေသည်။ ပြီးတော့ထပ်ပြီး သူတို့တွေ ကျန်းချွန်းကျောင်းရဲ့အကျင့်စရိုက်ကို ပြန်မှတ်မိသွားကြတော့ ၎င်းက အံ့ဩဖို့တော့ မကောင်းတော့ပေ။
“မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မ နွားတွေကို မခိုးခဲ့ဘူးလေ။ ကျွန်မကို ရှင်တို့ ဖမ်းလို့မရဘူး!”
ကျန်းချွမ်းကျောင်းက ချက်ချင်းပဲ ကြမ်းကြမ်းတမ်းတမ်း ပေါက်ကွဲလာသည်။ သူမက ရုန်းကန်နေပြီး စိတ်ဆိုးမာန်ဆိုး ရှင်းပြနေသည်။ ဒါပေမယ့်လည်း သူမရဲ့ရှင်းပြချက်က အရာရှိတွေမပြောနဲ့ ရွာသားတွေအတွက်တောင် နည်းပါးနေတုန်းပဲလို့ ခံစားရသည်။
“မင်း မကောင်းတဲ့ကောင်မ”
ရှောင်ဖုချီက တုံ့ပြန်လိုက်ကာ ကျန်းချွမ်းကျောင်းကို ချက်ချင်းပဲ စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းလျက်
“မင်းဘာလို့ ရုတ်တရက် အထုပ်တွေ ထုပ်ပြီး ပြေးဖို့ကြိုးစားလဲဆိုတာကို ငါအံ့ဩနေတာ။ ဒီတော့ မင်းက ကြောက်စရာကောင်းတာတစ်ခုကို လုပ်ခဲ့တာပဲ။ ငါမင်းကို သေအောင်ရိုက်ပစ်မယ်!”
ဒါကိုပြောပြီးတော့ ရှောင်ဖုချီက ကျန်းချွမ်းကျောင်းဆီ မြန်မြန်ဆန်ဆန်လျှောက်သွားလိုက်ပြီး သူမရဲ့ဆံပင်ကိုဆွဲကာ ပါးတစ်ချက်ရိုက်ပစ်လိုက်သည်။ ခုနတုန်းက ကျန်းချွမ်းကျောင်းကို ကူညီနေတဲ့ သုန့်ရှို့က အဝေးကို ရွှေ့သွားပြီဖြစ်သည်။
အရာရှိတွေက ကျန်းချွမ်းကျောင်းကို ဖမ်းဖို့လာခဲ့ကြသည်။ ကျန်းချွမ်းကျောင်းက ပြင်းထန်တဲ့အမှားတစ်ခုကျူးလွန်ခဲ့ပြီး ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတာ ရှင်းလင်းနေသည်။ သုန့်ရှို့ကလည်း မပါဝင်ချင်ပေ။
ကျန်းချွမ်းကျောင်းမှာ ဘာအကူအညီမှ မရှိပေ။ သူမက ရှောင်ဖုချီရဲ့ရိုက်ချက်ကို တားဖို့ ချက်ချင်းလက်မြှောက်လိုက်သည်။
ရှောင်ဖုချီက သူမကို နောက်ထပ် ရိုက်ချက်ကြီးတစ်ခုပေးချင်တော့ ရဲအရာရှိလီက ၎င်းကို သည်းမခံနိုင်တော့ဘဲ အော်ဟစ်ကာ
“ရပ်တော့!”
***