← Chapters

နောက်ထပ်ရောင်းချမှုအထွတ်အထိပ်

Vol. 24 Ch. 393

နောက်ထပ်ရောင်းချမှုအထွတ်အထိပ်

Vol. 24 Ch. 393

"၅၀၀၀၀၀?!"

ဖန်းယွီဖေး ရဲ့ယောက်ဖ ဖုန်းလုံဟိုင်နဲ့တခြားသူတွေက အသိပြန်ဝင်လာကြပြီး သူတို့မျက်နှာတွေက မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့သည်။

"ဒီမြေပဲတွေကို ၅၀၀၀၀၀နဲ့ဝယ်ခဲ့တယ်လို့ မင်းပြောတာလား?"

ဖုန်းလုံဟိုင်နဲ့ သူ့ရဲ့ယောက်ဖနှစ်ယောက်သာမကဘဲ ပွဲလာဧည့်သည်တွေကလည်း ၎င်းကို မယုံကြည်နိုင်ဖြစ်သွားကြသည်။

ဖန်းယွီဖေးက ခေါင်းညိတ်လိုက်ပြီး

"ဟုတ်တယ် ယွမ်၅၀၀၀၀၀!"

"အလိမ်အညာကြီး!"

ဖုန်းလုံဟိုင်က အထင်အမြင်သေးစွာနဲ့

"မြေပဲတွေဘယ်လောက်ကျမှန်း ငါတို့မသိဘူးလို့ မင်းထင်နေတာလား? မြေပဲတွေက တစ်ကျင်ကိုတစ်သောင်းကျတာမျိုး ငါတို့ဘယ်တုန်းကမှမကြားဖူးဘူး! ယောက်ဖ မင်းက အဖေကျေနပ်အောင် လိမ်နေတာလား?"

၎င်းကိုပြောရင်း သူက ပမာမထားစွာနဲ့

"ယောက်ဖ မင်းက ဘီလီယံပေါင်းများစွာနဲ့သူဌေးကြီးတစ်ယောက်ပဲ။ ဘာလို့မြေပဲအနည်းငယ်ကို မွေးနေ့လက်ဆောင်အနေနဲ့ပို့ရတာလဲ? မင်းက ယောက္ခမကြီးကို အထင်သေးတာလား?"

ဖန်းယွီဖေးက ကွမ်းမိသားစုမှာ အငယ်ဆုံးဖြစ်သည်။

ဒါပေမယ့် ကိုယ်ထူကိုယ်ထစီးပွားရေးသမားတစ်ယောက်အနေနဲ့ သူက အလွယ်တကူအနိုင်ကျင့်မခံပေ။

အရိုးသာဆုံးဆိုရင် သူက သူ့ယောက္ခမရဲ့ကုမ္ပဏီကို စိတ်မဝင်စားပေ။

သူက ဘီလီယံနာသူဌေးကြီးပဲဖြစ်နေပြီဖြစ်ပြီး သူ့ယောက္ခမရဲ့ကုမ္ပဏီက သန်းကြွယ်ကုမ္ပဏီတစ်ခုသာဖြစ်သည်။

သူက သူ့ယောက္ခမရဲ့ကုမ္ပဏီကို မလိုအပ်ပေ။ နောက်ထပ် ဆယ်နှစ် အနှစ်နှစ်ဆယ်ကျရင် သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီက ဇီလီယံချီဒေါ်လာကုမ္ပဏီတစ်ခုတောင် ဖြစ်နေလောက်ပြီ။

ဒါပေမယ့်လည်း သူ့ရဲ့ယောက်ဖက သူ့ကိုအရမ်း သတိရှိနေသေးသည်။ ဘာလို့လဲဆိုတော့ သူ့မိန်းမက သူ့ယောက္ခမရဲ့ အငယ်ဆုံးသမီးမလို့ဖြစ်သည်။ သူမကငယ်စဉ်ကတည်းက သဘောအကျခံရဆုံးဖြစ်ခဲ့သည်။ သူက သူ့မိန်းမကိုလက်ထပ်ပြီးတဲ့နောက် သူ့ယောက္ခမက သူ့မိန်းမကိုချစ်ပြီး အဆက်အနွယ်အနေနဲ့ သူ့ကိုလည်း ချစ်ခင်နှစ်သက်သည်။ ဒီအချက်နဲ့ဆက်စပ်ပြီးတော့ ဖန်းယွီဖေးက အကူအညီလည်းမဲ့နေသည်။

သူက သူ့ယောက္ခမရဲ့ကုမ္ပဏီမှာ စိတ်မဝင်စားဘူးလို့ပြောဆိုခဲ့ပေမယ့် သူတို့ထဲကဘယ်သူမှ သူ့ကို မယုံကြည်ကြပေ။ သူက ဖေဖေကွမ်းရဲ့သနားမှုကို ရအောင် ကြံရွယ်နေတာလို့ပဲ သူတို့အကုန်ယုံကြည်နေကြသည်။ ဒါကြောင့် သူတို့ကအမြဲတမ်း ဖန်းယွီဖေးကို သံသယဖြစ်နေကြသည်။

ဖန်းယွီဖေးကလည်း ဒါကိုသိသည်။ ဒါကြောင့် သူက သူ့ကိုယ်သူထပ်ပြီးရှင်းပြဖို့ မကြိုးစားတော့ပေ။

ဒါပေမယ့်လည်း သူ့ယောက္ခမကြီးက ဖန်းယွီဖေးနဲ့ သူ့မိန်းမကို အရမ်းချစ်သည်။ ဒါကြောင့် ဖန်းယွီဖေးက သူ့ယောက္ခမကြီးကို ဂရုစိုက်သည်။

သူ့ရဲ့ချမ်းသာမှုနဲ့ဆိုရင် သူ့ယောက္ခမကို ဈေးကြီးတဲ့ရတနာတွေပေးနိုင်တယ်မလား?

ဒါပေါ့ သူပေးနိုင်တယ်လေ!

ဒါပေမယ့် သူ့ယောက္ခမကြီးက မြေပဲတွေရဲ့အရသာကိုလွမ်းနေတဲ့အကြောင်းပြောနေတာ သူကြားခဲ့သည်။ ဒါပေမယ့်လည်း သူ့သွားတွေက မကောင်းပေ။ ဒါကြောင့် သူက ၎င်းတို့ကို ထပ်မစားနိုင်တော့ပေ။ သူ့အသံက အရမ်းနောင်တရပုံပေါ်နေသည်။

ဒါကသူဘာလို့ ၎င်းတို့ကို လက်ဆောင်အနေနဲ့ တုံ့ဆိုင်းခြင်းမရှိဘဲ ဝယ်လာရလဲဆိုတာဖြစ်သည်။

ဖုန်းလုံဟိုင်ရဲ့ ထေ့ငေါ့တဲ့လေသံကိုကြားတော့ ဖန်းယွီဖေးက ရှင်းပြကာ

"ယောက်ဖ၊ ယောက္ခမကြီးက မြေပဲတွေစားချင်လို့ ကျွန်တော်က မြေပဲတွေဝယ်ဖို့ပဲသွားခဲ့တာ။ သူတို့တန်ဖိုးကတော့ အဖေ့မှာ သူ့အတွေးနဲ့သူရှိပါလိမ့်မယ်။"

ဖုန်းလုံဟိုင်က စိတ်ထဲကတော့ မယုံကြည်ခဲ့ပေ။ ဒါပေမယ့် ကွမ်းကျန်းသုန့် ရဲ့ တုံ့ပြန်ချက်ကနေအကဲဖြတ်ကြည့်ရသလောက်တော့ သူက ဖန်းယွီဖေး ကို အရမ်းသဘောကျတာသိသာသည်။ မဟုတ်ရင် သူက ‌အိမ်တော်ထိန်းကို မြေပဲတွေကိုသိမ်းထားခိုင်းမှာ မဟုတ်ဘူးလေ။

"ဒါကသာမန်မြေပဲတွေပဲ။ မင်းက ဒါတွေကို ၅၀၀၀၀၀နဲ့ဝယ်ခဲ့တယ်ဆိုတာကို ဘယ်သူကများ ယုံကြည်မှာလဲ?"

ဖုန်းလုံဟိုင်ရဲ့အသံက အနည်းငယ်ပြတ်သားနေသည်။

"ဒါကိုအတည်ပြုပေးမယ့်တစ်ယောက်ယောက် မင်းမှာမရှိသရွေ့ မင်းကအဖေ့ကို ရှင်းရှင်းလင်းလင်းကြီးကို ညာနေတာပဲ"

ဖုန်းလုံဟိုင်သည် ဖန်းယွီဖေးက မြေပဲတွေရဲ့ အဝယ်ဈေးနှုန်းကို သက်သေပြပေးဖို့အတွက် တစ်ယောက်ယောက်ခေါ်လာစေချင်နေသည်။

ဖန်းယွီဖေး ကလေးလေးနက်နက်နဲ့

"တကယ်တော့ ကျွန်တော့်စိတ်ထဲတော့ တစ်ယောက်ရှိတယ်။ Imperial Palace ဂရုရဲ့ အထူးကိုယ်စားလှယ်လီယွမ်ဟန်လေ"

ဒီလိုလူမရှိမှန်း ဖုန်းလုံဟိုင်က သေချာနေသည်။ ဒါကြောင့် သူက ဖန်းယွီဖေး ရဲ့ အဖြေကို သေသေချာချာနား‌မထောင်ဘဲနဲ့

"ဒီလိုလူမျိုးမရှိမှန်း ငါသေချာတယ်။ ဒီလူကိုအရင်ကဘယ်သူမှ မကြားဖူးဘူး။ မင်း ကြုံရာနာမည်တစ်ခုကို မရွေးလိုက်တာ သေ‌ချာလား?"

ဒီစကားတွေကိုသူပြောတော့ သူ့အမူအယာက အရမ်းဘဝင်ခိုက်နေသည်။ ဒါပေမယ့်လည်း ဖန်းယွီဖေး ရဲ့စကားကိုကြားပြီးတော့ သူ့အနားကလူတွေ နည်းနည်းအံ့ဩသွားတာကို သူသတိမပြုမိလိုက်ပေ။ ပြီးနောက်မှာ တခြားသူတွေက ဖုန်းလုံဟိုင်ကို ထူးဆန်းစွာကြည့်လိုက်ကြသည်။ သူတို့ကြားထဲမှာ သူတို့ဟာသူတို့ တခစ်ခစ်ရယ်လိုက်ကြသည်။

အထူးကိုယ်စားလှယ်လီသာ ဘယ်သူမှမဟုတ်တဲ့ ကြုံရာကျပန်းတစ်ယောက်ဆိုရင် သူတို့ကရောဘယ်သူတွေလဲ?

ဖုန်းလုံဟိုင်က ပျက်ရယ်ပြုနေတဲ့ရယ်သံတွေကိုကြားလိုက်ပြီး သူတို့တွေက ဖန်းယွီဖေး ကိုရယ်နေကြတာလို့ ယူဆလိုက်သည်။ ဒါကြောင့် သူ့အမူအယာက ပိုပြီးဘဝင်ခိုက်သွားသည်။

သူက

"ယောက်ဖ မင်းကြားလား? လူတိုင်းငါနဲ့သဘောတူတယ်"

ဒီတစ်ကြိမ်မှာ ဧည့်သည်တွေရဲ့ပျက်ရယ်ပြုမှုက ပိုပြီးသိသာလာသည်။ တချို့တွေက ဟက်ဟက်ပက်ပက်ကို ရယ်မောခဲ့ကြသည်။

ဖုန်းလုံဟိုင်ရဲ့‌ ဘေးမှာထိုင်နေတဲ့ သတ်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ကွမ်းယင်းယင်း ဒါကိုမြင်တော့ အရမ်းရှက်ရွံ့သွားခဲ့သည်။ သူမ ယောက်ျားရဲ့အင်္ကျီစကိုဆွဲထားလိုက်ပြီး သူ့ကို အသံတိုးတိုးနဲ့

"ပါးစပ်ပိတ်တော့၊ မတ်လေးပြောတဲ့လူက Imperial Palace ဂရုရဲ့ လီယွမ်ဟန်ပဲ။ သူက ဘယ်သူမှမဟုတ်တဲ့သူမဟုတ်ဘူး"

ဖုန်းလုံဟိုင် က သူ့မိန်းမရဲ့စကားကိုကြားတော့ အံ့ဩသွားခဲ့သည်။

Imperial Palace ဂရုရဲ့ လီယွမ်ဟန်?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ဖုန်းလုံဟိုင်က သူမကို ပြန်လည်ချေပတော့မလို့မှာပဲ သူ့ဘေးကလူက ဖုန်းလုံဟိုင်ရဲ့ အံ့ဩသွားတဲ့အမူအယာကိုကြည့်လိုက်ပြီး ရယ်မောကာ

"ဒါဆိုရင် ဥက္ကဌဖုန်းမှာ စံနှုန်းမြင့်မြင့်တစ်ခုရှိတာပဲ။ သူက အထူးကိုယ်စားလှယ်လီ ဘယ်သူမှန်းတောင်မသိဘူး..."

လှောင်ပြောင်နေတာတွေက ပိုပြီးသိသာလာသည်။ သူတို့တွေ တုံးအတဲ့လူတွေတွေ့ဖူးပေမယ့် ဒီလူကတော့ အထူးအခြေအနေပဲဖြစ်သည်။

ဧည့်သည်တွေက ဖန်းမိသားစုအတွင်းက အတွင်းရေးတိုက်ခိုက်မှုတွေကို သိကြပေမယ့် ၎င်းက အတွင်းပိုင်းထဲမှာပဲ လုပ်ရမယ့်ကိစ္စဖြစ်ပြီး လူသိရှင်ကြားလုပ်ရမယ့်ကိစ္စမဟုတ်ပေ။

"ဟီးဟီး အထူးကိုယ်စားလှယ်လီက ကြုံရာဘာမှမဟုတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ငါတို့က ဒီတိုင်း နောက်ခံကာရိုက်တာတွေပဲ"

"ဟားဟား ငါကအဲ့ထက်တောင်ဆိုးဆိုးနေမလားမသိဘူး"

သူ့ဘေးနားက ဧည့်သည်တွေရဲ့သရော်သံတွေကိုကြားတော့ ဖုန်းလုံဟိုင်ရဲ့မျက်နှာက နီရဲသွားသည်။

ကွမ်းကျန်းသုန့်နဲ့ ကျန်တဲ့ ကွမ်းမိသားစုတစ်ခုလုံးတောင် ရှက်ရွံ့ခဲ့ကြသည်။

ကွမ်းကျန်းသုန့် က သူ့အငယ်ဆုံးသမက်ကို ဘက်လိုက်နေတာ မဆန်းတော့ပေ။ အကြီးဆုံးသမက်က သိသိသာသာကို ဉာဏ်နုံ့နေတာကိုး။

ကွမ်းကျန်းသုန့်က သူ့ရဲ့အကြီးဆုံးသမက်ကို အငယ်ဆုံးသမက်ကို တောင်းပန်ခိုင်းတော့မလို့မှာပဲ ဖုန်းလုံဟိုင်က စိတ်မပါလက်မပါနဲ့

"ယောက်ဖ၊ Imperial ဂရုရဲ့ လီယွမ်ဟန်က သက်သေခံပေးမယ်လို့ ပြောခဲ့တယ်နော်။ ဒါဆိုရင် ဘာလို့ သူ့ကိုမဖိတ်လိုက်တာလဲ? သူကဒီမှာမရှိမှတော့ မင်း အမှန်ကို ပြောနေတာဟုတ်မဟုတ်ကို ဘယ်သူကပြောနိုင်မှာလဲ?"

ဖန်းယွီဖေး၊ "..."

လူတိုင်းလည်း၊ "..."

အဲ့ဒီဖုန်းလုံဟိုင်က သူ့ခေါင်းထဲမှာ ချောင်နေတာပဲ။

ဒါနဲ့ပက်သက်ပြီး သံသယကိုမရှိပေ။ ဒါသာအမှန်မဟုတ်ဘူးဆိုရင် ဖန်းယွီဖေးက လီယွမ်ဟန်ရဲ့နာမည်ကို သယ်လာစရာအကြောင်းရှိပါ့မလား?

မရှိဘူးလေ!

ဧည့်သည်အများစုမှာ လီယွမ်ဟန်နဲ့ ဆက်ဆံရေးတစ်ခုတော့ရှိကြသည်။ ဖန်းယွီဖေး လိမ်နေတာ ဟုတ်မဟုတ်ကို သူတို့သိကြမှာပဲ။ ပြီးတော့ လီယွမ်ဟန်က လတ်တလောကမှ မြေပဲဆီရောင်းထားတဲ့ ဖြစ်ရပ်တစ်ခုရှိသည်။

လီယွမ်ဟန်ရဲ့မြေပဲဆီက လုပ်ငန်းရပ်ဝန်းထဲမှာ အတော်လေးပြင်းတဲ့ဂယက်ရိုက်မှုတစ်ခုဖြစ်စေခဲ့သည်။ သူတို့ကိုယ်တိုင်ရဲ့မျက်လုံးတွေနဲ့ကို မြေပဲဆီဈေးနှုန်း မြင့်တက်သွားတာကိုမြင်လိုက်ကြရသည်။ ဒါပေမယ့်လည်း သူဌေးကြီးတွေက ၎င်းအတွက် တိုက်ခိုက်နေကြတုန်းပင်။

သူတို့က လီယွမ်ဟန်ကို မျက်နှာလုပ်ရုံတင်မကဘဲ မြေပဲဆီကလည်းတန်နေသောကြောင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ဒါပေမယ့် လောလောဆယ်မှာ လီယွမ်ဟန်က ဆီတွေထပ်မရောင်းတော့ဘူးလို့ ပြောထားပြီး ၎င်းအစား မြေပဲတွေကိုရောင်းချနေသည်။

ဖန်းယွီဖေးက လီယွမ်ဟန်ဆီက မြေပဲတွေကို တကယ်ဝယ်ခဲ့ရင် မြေပဲကျင်အနည်းငယ်ဝယ်ဖို့ ယွမ်၅၀၀၀၀၀သုံးတာက သာမန်ပဲဖြစ်သည်။

အဲ့ဒီအချိန်မှာ လူတစ်ယောက်ရဲ့အသံကိုကြားလိုက်ကြရသည်။

"ကျွန်တော့်နာမည်ကို အခုလေးတင် တစ်ယောက်ယောက်ခေါ်နေတာကြားလိုက်လို့။ ကျွန်တော့်ကို ဘယ်သူရှာနေတာလဲ?"

အဆင့်မြင့်အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့လီယွမ်ဟန်က ‌တံခါးကနေ လမ်းလျှောက်လာသည်။ သူက လက်တစ်ဖက်မှာ လက်ဆောင်ကိုကိုင်ထားပြီး နောက်တစ်ဖက်မှာ ပလတ်စတစ်အိတ်တစ်လုံးကို ကိုင်ထားသည်။

တချို့လူတွေက မှားမမြင်ဘူးဆိုတာကို သေချာစေဖို့ မျက်လုံးပြူးထားကြသည်။

ဟုတ်တယ် လီယွမ်ဟန်ရဲ့တစ်ခြားဘက်မှာ အနီရောင်ပလတ်စတစ်အိတ်ကို ကိုင်ထားသည်။

ပလတ်စတစ်အိတ်က...မြေပဲတွေပါပုံပေါ်သည်။

"အထူးကိုယ်စားလှယ်လီ!"

"အထူးကိုယ်စားလှယ်လီ!"

လူတိုင်း သူ့ကို နှုတ်ဆက်လိုက်ကြသည်။

လီယွမ်ဟန်က ခေါင်းညိတ်ပြီး ပြန်ဖြေကြားလိုက်သည်။ ဒီတစ်ကြိမ်မှာ လီယွမ်ဟန်က ဒီစားသောက်ပွဲကို တက်ရောက်တဲ့ကုမ္ပဏီအနေနဲ့ ကိုယ်စားပြုသည်။

ဖန်းယွီဖေးက မြေပဲတွေကို လက်ဆောင်အနေနဲ့ ဝယ်ပြီးသွားပြီဖြစ်သည်။ အလိုလိုပဲ လီယွမ်ဟန်က မြေပဲတွေကို လက်ဆောင်အနေနဲ့သုံးဖို့ထိတော့ မမိုက်မဲသေးပေ။

လီယွမ်ဟန်က ပန်းချီကားတစ်ချပ်ယူလာခဲ့သည်။ သူက ၎င်းကို သန်းပေါင်းများစွာနဲ့ ဝယ်ခဲ့သည်။ မြေပဲတွေအတွက်ကတော့ သူ့မှာ တခြားသုံးစရာတွေရှိသည်။

"အထူးကိုယ်စားလှယ်လီ၊ ကြိုဆိုပါတယ် ကြိုဆိုပါတယ်!"

ကွမ်းကျန်းသုန့် လီယွမ်ဟန်ကို မြင်ရလို့ အထူးပျော်ရွှင်သွားသည်။

သူက ကြယ်ပွင့်ဖြစ်ပြီးတော့ လူကြီးတစ်ယောက်လေ။ ပုံမှန်ဆိုရင် သူက ဧည့်သည်တွေကိုကြိုဆိုဖို့ ကိုယ်တိုင်ထွက်မလာတတ်ပေ။ ဒါပေမယ့်လည်း လီယွမ်ဟန်ကတော့ အထူးအခြေအနေပဲဖြစ်သည်။

"အကြီးအကဲကွမ်း၊ ကျွန်တော်တို့ဥက္ကဌကိုယ်စား ကျွန်တော်ကပဲ အသက်ရှည်ရှည်နေပြီး ကျန်းမာစေဖို့ ခင်ဗျားကို ဆုတောင်းပေးပါတယ်!"

လီယွမ်ဟန် ဒါကိုပြောလိုက်တော့ သူဝယ်လာခဲ့တဲ့လက်ဆောင်ကို ပေးလိုက်သည်။

ကွမ်းကျန်းသုန့်က လက်ဆောင်ကို အိမ်တော်ထိန်းကို လက်ခံစေလိုက်ပြီး ပြုံးကာ

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အထူးကိုယ်စားလှယ်လီ။ ပြီးတော့ ကျွန်တော့်အတွက် ဥက္ကဌကုန်းကိုလည်း ကျေးဇူးတင်ပါတယ်!"

ဒီအကြောင်းပြောရင်း ကွမ်းကျန်းသုန့်က တမင်တကာထပ်ပြီးတော့

"အထူးကိုယ်စားလှယ်လီ၊ အခုဥက္ကဌကုန်းဘယ်မှာလဲဆိုတာ ကျွန်တော်သိလို့များ ရမလား?"

အထူးကိုယ်စားလှယ်လီကပြုံးကာ

"ဥက္ကဌကုန်းက စီးပွားရေးခရီးတစ်ခုမှာ ရောက်နေပြီးတော့ သူ့ရဲ့ပြန်လာမယ့်ရက်ကို မသတ်မှတ်ရသေးဘူးဗျ!"

သူက ၎င်းကို ဒီဟာထက်ပိုပြီး မ‌ဖော်ပြချင်တော့တာ ရှင်းလင်းသည်။ ဒါနဲ့ လီယွမ်ဟန်က နားမလည်နိုင်စွာနဲ့

"ကျွန်တော်ဝင်မလာခင် ကျွန်တော့်နာမည်ကို တစ်ယောက်ယောက်ပြောနေတာကြားလိုက်တယ်။ ဘယ်သူများကျွန်တော့်ကိုခေါ်နေလဲဆိုတာ သိချင်မိတယ်?"

လူတိုင်းရဲ့မျက်လုံးတွေက ဖုန်းလုံဟိုင် ဆီ အာရုံရောက်သွားကြသည်။ လူတော်များများရဲ့ပါးစပ်အစွန်းတွေ တရွရွဖြစ်သွားပြီး တခြားသူတွေက လှောင်ပြုံးတောင်ပြုံးနေကြသေးသည်။

သူ့ကိုခေါ်လိုက်တဲ့သူက ဖုန်းလုံဟိုင်မှန်း လီယွမ်ဟန်သိလိုက်သည်။

ဖုန်းလုံဟိုင်ရဲ့မျက်နှာက နီရဲသွားပြီး ရှက်ရွံ့ခဲ့သည်။

ဒါပေမယ့်လည်း လီယွမ်ဟန်က သူ့ကို အနည်းငယ်မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။ ပြီးနောက်မှာ သူက ယဉ်ယဉ်ကျေးကျေးနဲ့

"ခင်ဗျား ဘယ်သူလဲဆိုတာ ကျွန်တော်သိလို့ရမလား?"

'နေပါဦး ဒါဆို လီယွမ်ဟန်က ဖုန်းလုံဟိုင်ကိုမသိဘူးလား? ပြီးတော့ ဖုန်းလုံဟိုင် က လီယွမ်ဟန်ကို ဘာမှမဟုတ်တဲ့သူလို့ခေါ်လိုက်သေးတယ်?'

ပေါ်တင်လှောင်ပြောင်ခံလိုက်ရပြီး ဖုန်းလုံဟိုင်ရဲ့မျက်နှာက ပိုပြီးနီရဲသွားသည်။

အဲ့ဒီအချိန်မှာ ကွမ်းကျန်းသုန့်က ဖုန်းလုံဟိုင်ကို စူးစူးရှရှစိုက်ကြည့်လိုက်ပြီး လီယွမ်ဟန်ကိုပြောကာ

"အထူးကိုယ်စားလှယ်လီ၊ ဒါကျုပ်ရဲ့ သမက်အကြီးဆုံးပါ။ သူက မင်းနာမည်ကို မရည်ရွယ်ဘဲ ပြောမိလိုက်တာ။ ဘာမှမဟုတ်ပါဘူး!"

သူ့ရဲ့အကြီး‌ဆုံးသမက်ကို သဘောမကျပေမယ့်လည်း လီယွမ်ဟန်ရှေ့မှာတော့ မျက်နှာမပျက်ချင်ပေ။ ၎င်းက ကွမ်းမိသားစုတစ်ခုလုံး မျက်နှာပျက်ရလိမ့်မယ်လို့ ဆိုလိုနေသည်။

ဒါပေမယ့်လည်း  ဖုန်းလုံဟိုင်က သူ့ကိုမျက်နှာပေးထားတာကို အသိအမှတ်မပြုလိုက်လိမ့်မယ်လို့ ကွမ်းကျန်းသုန့် မျှော်လင့်မထားခဲ့ပေ။ လီယွမ်ဟန်ရောက်လာတာတောင် ဖန်းယွီဖေးက လီယွမ်ဟန်ဆီကနေ မြေပဲတွေဝယ်ခဲ့တယ်ဆိုတာကို သူမယုံကြည်သေးပေ။

ဒီတစ်ကြိမ်မှာ ဖုန်းလုံဟိုင်က

"အထူးကိုယ်စားလှယ်လီ ကျွန်တော့်ယောက်ဖက မြေပဲကျင်နည်းနည်းလောက်ဝယ်ဖို့ ယွမ်၅၀၀၀၀၀သုံးခဲ့တယ်။ သူကအဖေ့ကိုလိမ်နေတယ်လို့ သံသယရှိလို့ ကျွန်တော်မေးခွန်းထုတ်ခဲ့တယ်။ ဒါပေမယ့်လည်း ခင်ဗျားက သူ့အတွက်သက်သေခံပေးနိုင်တယ်လို့ သူကပြောတယ်"

သူက ထေ့ထေ့ငေါ့ငေါ့နဲ့ရယ်မောလိုက်ပြီး 

"ဘယ်လိုလုပ် အထူးကိုယ်စားလှယ်လီရဲ့အထောက်အထားမျိုးနဲ့ တစ်ယောက်ယောက်က မြေပဲတွေလိုက်ရောင်းနေမှာလဲ ဟုတ်တယ်မလား?"

သူက ဧည့်သည်တွေ သူ့ကိုကြည့်နေတဲ့အကြည့်ကို သတိမထားမိလိုက်ပေ။

'ဘယ်လိုငတုံးကောင်လဲ! အထူးကိုယ်စားလှယ်လီက မြေပဲထုတ်နဲ့လာတာလေ။ ဒါက လုံလောက်အောင် မရှင်းလင်းသေးဘူးလား?'

သူတို့က ရုတ်တရက် အကြီးအကဲကွမ်းအတွက် နည်းနည်းကရုဏာသက်မိသွားကြသည်။

ဒီလိုတုံးအတဲ့သမက်မျိုးနဲ့ သူအရမ်းကို စိတ်ပူ‌ပန်နေရလောက်တယ်။

ဖုန်းလုံဟိုင်က လူတော်တော်များများကို အမှားလုပ်ပြီးလောက်ပြီဖြစ်ရမည်။

ကွမ်းကျန်းသုန့်က လူတွေရဲ့ ကရုဏာကိုအပြည့်အဝလက်ခံလိုက်ရပေမယ့် ပေါ့ပေါ့ဆဆမလုပ်နိုင်ပေ။ သူက ဖုန်းဟိုင်လုံရဲ့မျက်နှာကိုသာ ရိုက်ပစ်လိုက်ချင်တော့သည်။

ဒါပေမယ့် ဒီနေ့ကသူ့မွေးနေ့ဖြစ်ပြီး သူကလည်း မိသားစုတစ်ယောက်ဖြစ်သည်။ ဒါကြောင့် သူက ‌ဒီဒေါသကို အပြည့်အဝအားတင်းပြီး တောင့်ခံထားလိုက်သည်။

ဒါပေမယ့် သူက ဖုန်းဟိုင်လုံကို သင်ခန်းစာ‌မပေးလိုက်နိုင်သေးခင်မှာပဲ အထူးကိုယ်စားလှယ်လီက နှုတ်ခမ်းကွေးလိုက်ပြီး ဆိုးရွားတဲ့အရိပ်အယောင်နဲ့

"ကျွန်တော်စိတ်မကောင်းပါဘူး ဒီက အကြီးအကဲကွမ်းရဲ့ သမက်ဖြစ်သူခင်ဗျား။ ကျွန်တော်က တကယ့်ကိုမြေပဲတွေရောင်းနေတာပါ။ ပြီးတော့ ဥက္ကဌဖန်းက အဲ့ဒါတွေကို ကျွန်‌တော့်ဆီက‌နေ ဝယ်ဖို့ ၅၀၀၀၀၀သုံးခဲ့တာပါ"

သူက ဒီလူရဲ့နာမည်ကိုတောင် မမှတ်မိပေ။

ဖုန်းလုံဟိုင် ရဲ့အမူအယာက ချက်ချင်းတောင့်တင်းသွားသည်။

တခြားဧည့်သည်တွေက ၎င်းကို မျှော်လင့်ထားကြသည်။

"ဒါ...ဘယ်လိုလုပ်ဒါကဖြစ်နိုင်မှာလဲ?"

ဖုန်းလုံဟိုင်က ကြက်သေသေသွားပြီး မယုံသင်္ကာနဲ့ကြည့်လိုက်သည်။

လီယွမ်ဟန်က ဆက်ပြီးတော့

"အမှန်ပါပဲ"

တချို့ဧည့်သည်တွေက အံ့ဩသွားကြသည်။ တခြားသူတွေကတော့ အမှန်တရားကို ခန့်မှန်းထားခဲ့ကြသည်။ မွေးနေ့ပွဲကို မတူညီတဲ့ရပ်ဝန်းတွေအများကြီးက လူတွေကို ဖိတ်ကြားခဲ့သည်။

လီယွမ်ဟန်က ကွမ်းကျန်းသုန့်ကို ကြည့်လိုက်ပြီး 

"အကြီးအကဲကွမ်း၊ ဥက္ကဌဖန်းက ခင်ဗျားမြေပဲတွေစားရတာကြိုက်မှန်းသိတယ်။ ဒါကြောင့် သူက လှည့်ပတ်မေးပြီးတော့ ကျွန်တော့်ကို ဆက်သွယ်ခဲ့တာ။ အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ မြေပဲနဲ့ မြေပဲဆီတွေ နည်းနည်းပဲရှိတော့တာ။ ကျွန်တော့်မှာ ကျင် ရာဂဏန်းပဲရှိတော့တာ။

သူတို့ကို ကျွန်တော့်ကုမ္ပဏီအလုပ်သမားတွေအတွက် ဆုအနေနဲ့ ရည်ရွယ်ထားတာ။ အပြင်လူတွေကို ရောင်းဖို့မဟုတ်ဘူး။

ဒါကြောင့် တစ်နည်းဆိုရင်တော့ သူတို့က တန်ဖိုးမဖြတ်နိုင်ဘူး"

"ဥက္ကဌဖန်းက ကျွန်တော့်ကို အကြာကြီးတောင်းပန်ခဲ့ပြီး နောက်ဆုံးမှာတော့ ဈေးနှုန်းတစ်ခု ကမ်းလှမ်းခဲ့တယ်။ အဆုံးသတ်ကျ ဥက္ကဌဖန်းက အကြီးအကဲကွမ်းကို‌‌ပေးဖို့ ကျွန်တော့်ဆီက‌နေ ဒီမြေပဲတွေကို တစ်ကျင်ကိုယွမ်၅၀၀၀၀ ဈေးအမြင့်နဲ့ ဝယ်သွားခဲ့တယ်"

"‌မြေပဲတွေက ကျွန်တော့်အလုပ်သမားတွေအတွက် ကုမ္ပဏီရဲ့ဆုဆိုပေမယ့် လူကြီးမင်းအတွက်မွေးနေ့လက်ဆောင်ပြင်ဆင်ဖို့ ယွမ်၅၀၀၀၀၀သုံးခဲ့တာပဲ။ သူက တကယ့်ကို သမက်ကောင်းတစ်ယောက်ပဲ"

ဥက္ကဌဖန်းအပါအဝင် လူတိုင်း အံ့ဩသွားသည်။ လီယွမ်ဟန်က တကယ်ပဲ သူ့အတွက်စကားကောင်းပြောပေးလိမ့်မယ်လို့ ထင်မထားခဲ့‌ပေ။ သူက မြေပဲတွေကို တစ်ကျင်ကိုယွမ်၅၀၀၀၀နဲ့ဝယ်ဖို့ ဖိအားပေးခံခဲ့ရပေမယ့် သူ့ယောက္ခမအတွက် ဝယ်ယူဖို့ ဈေးနှုန်းတစ်ခုနဲ့ ကမ်းလှမ်းခဲ့တဲ့ပုံပေါ်အောင် လီယွမ်ဟန်ကလုပ်နေသည်။  သူအရမ်း ခံစားမိသွားသည်။

တခြားသူတွေက ချက်ချင်းပဲ ဖန်းယွီဖေးရဲ့ သိတတ်လိမ္မာပုံကို ချီးမွမ်းခဲ့ကြသည်။

တစ်ခြားဘက်မှာလည်း  ဖုန်းလုံဟိုင်ရဲ့မျက်နှာက ဒါကိုကြားတော့ ညိုမည်းသွားသည်။

ဒါပေမယ့်လည်း ဒီအချိန်မှာ သူ့အကြောင်းကို ဘယ်သူကဂရုစိုက်မှာလဲ?

အဲ့ဒီအချိန်မှာ လီယွမ်ဟန်က ပလတ်စတစ်အိတ်ကို ကွမ်းမိသားစုအိမ်တော်ထိန်းဆီ ပေးလိုက်ပြီး 

"ကျွန်တော့်မြေပဲတွေက ဒီလိုဈေးမြင့်မြင့်နဲ့ပေးရတာ တန်တယ်ဆိုတာကို သက်သေပြဖို့ မြေပဲနည်းနည်းကို အထူးတလှယ်ယူလာခဲ့ပါတယ်။ ဒါဆို လူတိုင်းမြည်းကြည့်လို့ရတာပေါ့။ ဒါက ကျွန်တော်က ဥက္ကဌဖန်း‌ဆီကနေ အမြတ်ထုတ်ဖို့ အင်အားသုံးနေတယ်ဆိုတာမျိုးကို လူတွေပြောဆိုကြတာကနေ တားဆီးပေးပါလိမ့်မယ်"

လူတိုင်း၊ "..."

ဘယ်သူကများ ဒါမျိုးပြောရဲမှာလဲ?

***

All Chapters